ဖိုးမှန်
Open in Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Show moreThe country is not specifiedThe category is not specified
1 367
Subscribers
+124 hours
+17 days
+130 days
Posts Archive
1 371
+1
ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
1 371
+1
မိုးကြီးမည့် သတိပေးချက် အကျဉ်းချုပ် (ဇူလိုင် ၂၀ ရက်၊ နံနက် ၈ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ယနေ့နံနက်မှ ဇူလိုင်လ ၂၈ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
🌧သတိပြုရန် (သဘာဝဘေးအန္တရာယ်): မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်/သင်္ဘောများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်မှုများကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
https://t.me/phoehmann007
#ဖိုးမှန်
1 371
ရှားပါး မှတ်တမ်းလေးပါ
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနား
https://t.me/phoehmann007
#ဖိုးမှန်
1 371
+5
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 စစ်တောင်းမြစ်ရေ မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်။
☔️ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးပိုလာနိုင်။
🌊 မိုးကြီးမည့် သတိပေးချက်။
https://t.me/phoehmann007
#ဖိုးမှန်
1 371
+1
မိုးလေဝသသတင်း အကျဉ်းချုပ် (ဇူလိုင် ၁၉ ရက်၊ နံနက် ၇ နာရီ)
⛈မိုးကြီးနိုင်သော ဒေသများ: ယနေ့ညနေအထိ မန္တလေး၊ စစ်ကိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ ကချင်၊ ကရင်၊ ချင်းနှင့် မွန်တို့တွင် မိုးပိုလာနိုင်ပါသည်)
🌧သတိပြုရန် (မိုးတိမ်တောင်): စစ်ကိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ၎င်းတို့ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး တစ်ခါတစ်ရံ မိုးသက်လေပြင်းကျကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ (လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၇ ပေ မှ ၉ ပေခန့် ရှိနိုင်ပါသည်)
မြို့ကြီးများ: နေပြည်တော်တွင် မိုး (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ရွာမည်ဖြစ်ပြီး၊ ရန်ကုန်နှင့် မန္တလေးတွင် နေရာကွက်ကျား မိုးရွာပါမည်။ (ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်)
https://t.me/phoehmann007
#ဖိုးမှန်
1 371
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ
အာဇာနည်ကြီးများ၏ မိသားစုဝင်များအား နွေးထွေးဖော်ရွေစွာတွေ့ဆုံနှုတ်ဆက်
1 371
၂၀၂၆ ခုနှစ် ( ၇၉ ) နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကျင်းပရာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂူဗိမာန်တွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ လွမ်းသူပန်းခွေချဂါရဝပြုခြင်း
1 371
+7
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 စစ်တောင်းမြစ်ရေ မဒေါက်မြို့၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်။
🌊 မိုးကြီးမည့် သတိပေးချက်။
https://t.me/phoehmann007
#ဖိုးမှန်
1 371
PDF အတွင်း သတင်းပေးရဲ့ ပြောကြားချက်အရ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ စာသင်ကျောင်းကို ကျောင်းဖွင့်ရက်အတွင်း မြိတ် PDF အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။
ဒီလုပ်ရပ်ဟာ တကယ်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အောက်တန်းကျလွန်းတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။
အပြစ်မဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေ ရှိနေမှန်း သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ အခုလို ရက်စက်ယုတ်မာဖို့ ကြိုးပမ်းတာဟာ လူမဆန်ရုံတင်မကဘဲ ကမ်းကုန်အောင် ယုတ်မာတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ကလေးသူငယ်တွေရဲ့ အသက်ကိုပါ မချန်ဘဲ ဒုက္ခပေးဖို့ ကြံစည်နေတဲ့ ဒီလို စက်ဆုပ်ဖွယ် အပြုအမူတွေကို ပြည်သူတစ်ရပ်လုံးက ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချရမှာဖြစ်ပြီး နောက်နောင် ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားအောင် လူ့တိရစ္ဆာန် PDF တွေကိုလည်း ထိထိရောက်ရောက် ချေမှုန်းသွားသင့်ပါတယ်။
https://t.me/phoehmann007
#ဖိုးမှန်
1 371
ရန်ကုန်တိုင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကာ အထွက်နှုန်းတိုးမြှင့်ရေး၊ MSME အခြေပြု ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် မြေယာများကို အကျိုးရှိစွာ အသုံးချရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ လမ်းညွှန်မှကြားချက်များမှာ -
၁။ ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားရေးဖူလုံမှသာ အခြားသော ကဏ္ဍများတည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း။
၂။ ရန်ကုန်တွင် လူဦးရေ (၇) သန်းရှိသဖြင့် ငါး၊ အသားနှင့် ဆန် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
၃။ ရွှေမုယင်းငါးမွေးမြူရေး၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်-မှော်ဘီ၊ တိုက်ကြီး၊ တွံတေးတို့တွင် မွေးမြူရေးဇုန်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။
၄။ မွေးမြူရေးလုပ်ငန်းများ ရေရှည်အောင်မြင်ရေးအတွက် တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၅။ မြေယာတိုးချဲ့နိုင်မှု အကန့်အသတ်ရှိသဖြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး အထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၆။ MSME အခြေပြု လုပ်ငန်းများကို မြှင့်တင်၍ လယ်ယာသုံးပစ္စည်းများ၊ စက်ရုံအပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
၇။ ထုတ်လုပ်မှုစီမံကိန်းများကို Demand နှင့် Supply ကို သေချာတွက်ချက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီးအစိုးရက ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၈။ ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ Cost of Production လျှော့ချနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေးကို တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
