ဖိုးမှန်
الذهاب إلى القناة على Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
إظهار المزيدلم يتم تحديد البلدالفئة غير محددة
4 714
المشتركون
-324 ساعات
-677 أيام
-30830 أيام
أرشيف المشاركات
4 715
အစိုးရဝန်ထမ်းအင်အား တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ထိုင်းနိုင်ငံတွင် စောစီးစွာအငြိမ်းစားယူရေးအစီအစဉ် ကျင့်သုံးမည်
ထိုင်းနိုင်ငံတွင် အစိုးရအသုံးစရိတ် လျှော့ချနိုင်ရေးအတွက် အစိုးရဝန်ထမ်းအင်အားကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းခန့် လျှော့ချရန် ရည်ရွယ်၍ ဝန်ထမ်းများ စောစီးစွာအငြိမ်းစားယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ရန် စီစဉ်နေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ပခွန်း နီးလ်ပရာပန့်က ပြောကြားသည်။|
အဆိုပါအစီအစဉ်တွင် ကနဦးအနေဖြင့် အသက် ၅၀ နှင့်အထက် အစိုးရဝန်ထမ်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေ သိုမဟုတ် မိသားစုဝင်များအား ပြုစုစောင့်ရှောက်ရန် လိုအပ်ချက်ရှိသည့် အသက် ၄၀ နှင့်အထက် ဝန်ထမ်းများကိုလည်း ပါဝင်ခွင့်ပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အစီအစဉ်၏ ပထမအဆင့်အတွက် အစိုးရက ဘတ် ၇ ဘီလျံခန့် သုံးစွဲရမည်ဟု ခန့်မှန်းထားပြီး စောစီးစွာအငြိမ်းစားယူမည့် ဝန်ထမ်းများအား လစဉ်လစာ၏ ၁၂ ဆထက်ပိုသော လျော်ကြေးငွေ ပေးအပ်နိုင်ရန် စဉ်းစားလျက်ရှိသည်။
4 715
နီပေါအလယ်ပိုင်း၌ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး အိမ်များ၊တံတားများ မျောပါ
အောက်တိုဘာ ၁၁ ရက်က နီပေါနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသတွင် အင်အားပြင်းသည့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားရာ မြစ်တစ်စင်းရေလျှံသွားခဲ့ပြီး အိမ်အများအပြား မျောပါသွားခဲ့သည်။
ကားလမ်းများ ပျက်စီးသွားသည့်အပြင်တံဝာားများနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများကပြောကြားသည်။
ဘူဒီဂန်ဒါကီမြစ်ရေကြီးမှုသည် မြစ်ညာပိုင်း၌ မြေပြိုခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာခဲ့သည်ဟု နီပေါရဲတပ်ဖွဲပြောရေးဆိုခွင့်ရှိသူ အဘီနာရာယန်ကာဖယ်က ပြောကြားခဲ့သည်။
4 715
ရုရှားသမ္မတဗလာဒီမာပူတင်က ယူရိန်းစစ်ပွဲကို ပြေငြိမ်းလိုနေသည်ဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကရုရှားသမ္မတ ဗလာဒီမာပူတင်သည်ယူကရိန်းစစ်ပွဲတွင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလိုသော်လည်းယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန် ငြင်းဆန်နေသည်ဟု ပြောကြားခဲ့သည်။
4 715
ရွှေရောင်ကိုယ်လုံးတီးပုံဖြင့် ထရန့်ရုပ်တုကို ဥရောပပါလီမန်တွင် ပြသ
ပြင်သစ်နိုင်ငံ စထရာ့စ်ဘတ်မြိုရှိ ဥရောပပါလီမန် အဆောက်အအုံအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သရော်ထားသည့် ရွှေရောင်ရုပ်တုတစ်ခုကို ပြသခဲ့သည်။
ဒိန်းမတ်အနုပညာရှင် ယန်းစ်ဂဲလ်ရွှတ်၏ လက်ရာဖြစ်ပြီး အမြင့် ၂ ဒသမ ၅ မီတာရှိ အဆိုပါရုပ်တုကို “Orange Plague” ဟု အမည်ပေးထားသည်။ ထိုရုပ်တုကို ရွှေ ၂၃ ကာရက်ဖြင့် အုပ်ထားကြောင်း ဖန်တီးသူကဆိုပြီး “မတရားမှုတို၏ဘုရင်” ဟုလည်း ခေါ်သည်။
ရုပ်တုတွင် အမေရိကန်သမ္မတ ထရန့်က ပိန်လှီပြီး လူကောင်သေးငယ်သည့် လူတစ်ဦး၏ပခုံးပေါ်တွင် ခွထိုင်နေပုံကို ပုံဖော်ထားသည်။ ထရန့်၏ ပေါင်နှင့် တွဲကျနေသည့်ဗိုက်က ထိုလူ၏ဦးခေါင်းကို တင်းတင်းကျပ်ကျပ် ချုပ်မိုးထားပြီး လက်တစ်ဖက်က ဂေါက်ရိုက်တံရှည်တစ်ချောင်းနှင့် နောက်လက်တစ်ဖက်က တရားမျှတမှုကို ကိုယ်စားပြုသည့်ချိန်ခွင်ကို ကိုင်ထားသည်။
4 715
ရန်ကုန်မြိုတွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို အောက်တိုဘာ ၁၂ ရက်မှစတင်၍ အရေးယူမည်
4 715
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ရေး နှင့်မိသားစုလွှဲပို့ငွေအား တရားဝင်လမ်းကြောင်းမှ ပိုမိုလွှဲပို့စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်တိုက်တွန်း
11 October 2026
ပြည်ပသို သွားရောက်လုပ်ကိုင်ရာတွင် တရားမဝင်လမ်းကြောင်းမှ ရွှေ့ပြောင်းသွားလာမှု လျော့ကျစေပြီး တရားဝင် ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်အတွက် စနစ်တကျစီမံခန့်ခွဲခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ပြည်ပတွင်ရောက်ရှိနေသည့် လုပ်သားများကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က ပြောကြားခဲ့သည်။
4 715
ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်လေဆိပ်ကို ဟူသီအဖွဲ တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံး၊ ၃၀၉ ဦး ဒဏ်ရာရရှိဟုဆို
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြိုရှိ King Khalid နိုင်ငံတကာလေဆိပ်ကို အောက်တိုဘာ ၁၀ ရက်တွင် ဟူသီအဖွဲက တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၃၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Straits Times သတင်းတွင် ဖော်ပြထားသည်။
4 715
အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်ပေါ်ပါက ဆေးရုံ၊ဆေးခန်းသိုချက်ချင်းပိုဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း
11 October 2026
အပူဒဏ်ကြောင့် သတိလစ်ခြင်း ပြဿနာများ ပေါ်ပေါက်ပါက အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသိုချက်ချင်းပိုဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနကအသိပေးချက်ထုတ်ပြန်၍တိုက်တွန်းထားသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ဖြစ်ပွားပါက နုံးချိခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတိုဖြစ်ပေါ်နိုင်ကြောင်း ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) အဆင့်သို ရောက်ရှိပါက ခန္ဓာကိုယ်အပူချိန် အလွန်အမင်းမြင့်တက်ခြင်း၊ အရေပြားပူပြင်းခြောက်သွေ့ခြင်း သိုမဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
4 715
မန္တလေးမြိုတွင် MNBC ၂၀၂၅ ကို စတင်ကျင့်သုံးလျက်ရှိပြီး ယင်းစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း ဆောက်လုပ်နေသည့်အဆောက်အအုံများအား စစ်ဆေး
မန္တလေးမြိုတွင် MNBC ၂၀၂၅ ကို စတင်ကျင့်သုံးလျက်ရှိပြီး ယင်းစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း ဆောက်လုပ်နေသည့်အဆောက်အအုံများကို စစ်ဆေးနေကြောင်း မြိုတော်ဝန်ဦးခင်မောင်အေး၏ ပြောကြားချက်အရ သိရသည်။
4 715
နဂါးရစ်တောင် ဆရာတော်ရတနာသိင်္ဂီကျောင်းတွင် တရားပွဲ ကျင်းပပြုလုပ်
(ရန်ကုန်) ထန်းတပင်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြိုနယ်၊ ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်းတွင် နံနက်( ၀၉း၃၀)အချိန်၌ နဂါးရစ်တောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိသုဒ္ဒ မဟာထေရ် ၏ ဓမ္မပူဇာသဘင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
4 715
မြန်မာ - ဟောင်ကောင် ယူ-၁၇ အမျိုးသမီးဘောလုံးပွဲ ပထမပိုင်းတွင် သရေရလဒ်ထွက်ပေါ်
ရန်ကုန်၊အောက်တိုဘာ ၁၁
၂၀၂၇ အာရှယူ-၁၇ အမျိုးသမီးဖလား ခြေစစ်ပွဲ အုပ်စု (G) ၏ အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယနေ့ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်နေသည့်မြန်မာ နှင့် ဟောင်ကောင် (တရုတ်) အသင်းတို၏ ပထမပိုင်းပွဲချိန်တွင် သရေရလဒ်ထွက်ပေါ်နေသည်။
4 715
ပိုလန်တွင် တစ်ပတ်အတွင်း ကျောင်းတွင်းဓားဖြင့်တိုက်ခိုက်မှု တတိယအကြိမ် ဖြစ်ပွား
ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တွင် အောက်တိုဘာ ၁၀ ရက်က စာသင်ကျောင်းတစ်ခုအတွင်း ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦးဒဏ်ရာရခဲ့ပြီး ကျူးလွန်သူအသက် ၂၁ နှစ်အရွယ်အမျိုးသမီးကို ဖမ်းဆီးထိန်း သိမ်းထားသည်။
ယင်းတိုက်ခိုက်မှုသည် တစ်ပတ်အတွင်း ပိုလန်စာသင်ကျောင်းများ၌ တတိယအကြိမ် ဓားဖြင့်တိုက်ခိုက်မှုလည်း ဖြစ်သည်။
4 715
အယ်လ်နီညိုဖြစ်စဥ်အတွက် သံဖြူဇရပ်မြို့နယ်၌ အပူရှောင်စခန်း(၅)ခုဖွင့်လှစ်မည်
အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် ဒေသခံများအပူဒဏ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အပူရှောင်စခန်း(၅)ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းများဖွင့်လှစ်နိုင်ရေးအတွက် သံဖြူဇရပ်မြို့နယ်ထွေအုပ်ရုံး၌ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး အပူဒဏ်အန္တရာယ်ကိုကြိုတင်ကာကွယ် ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်မှုမရှိစေရေး၊ ရေအရင်းအမြစ်များထိန်းသိမ်းရေးနှင့် ရေလုံလောက်စွာဖြန့်ဝေပေးနိုင်ရေးတို့ကိုကြိုတင်စီမံဆောင် ရွက်ရန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
4 715
အပူဒဏ်ကြောင့် သတိလစ်ခြင်းမှ အသက်အန္တရာယ်အထိ ဖြစ်ပွားနိုင်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းရှောင်ရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး
အပူချိန်မြင့်တက်ချိန်တွင် အပူဒဏ်ကြောင့် ခေါင်းမူးခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းမှ အသက်အန္တရာယ်ထိခိုက်ခြင်းအထိ ဖြစ်ပွားနိုင်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းနှင့် ပူပြင်းသည့်နေရာများတွင် အလုပ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသတိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အသိပညာပေးထုတ်ပြန်ချက်အရ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် အရိပ်ရပြီး အေးမြသောနေရာများတွင် နေထိုင်ခြင်း၊ ရေများများသောက်ခြင်း၊ အပြင်ထွက်သည့်အခါ ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိသော ချည်ထည်များ ဝတ်ဆင်ခြင်းတို့ ပြုလုပ်ရန် တိုက်တွန်းထားသည်။
4 715
ဦးနှောက်စွမ်းဆောင်ရည်မြှင့် သောက်ဆေးတချို့ကြောင့် အမျိုးသားများအသက်တိုနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိ
++++++++++++++++++++++++++++++++
11 October 2026
■ သုတေသနအသစ်တွေအရ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကောင်းမွန်ဖို့ ရေပန်းစားနေတဲ့ ဖြည့်စွက်စာ ပါဝင်ပစ္စည်းတစ်ခုဟာ ထင်မှတ်မထားတဲ့ ဘေးထွက်ဆိုးကျိုး ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
■ သွေးထဲမှာ အဲဒီဓာတ်မြင့်မားစွာ ပါဝင်တဲ့ အမျိုးသားတွေဟာ အသက်တိုလေ့ရှိပြီး အမျိုးသမီးတွေမှာတော့ အဲဒီလို သက်ရောက်မှုမျိုး မတွေ့ရပါဘူး။
■ ဟောင်ကောင်တက္ကသိုလ်နဲ့ ဂျော်ဂျီယာတက္ကသိုလ်က သုတေသီတွေဟာ ဗြိတိန် ရဲ့ လူပေါင်း ၂၇၀,၀၀၀ ကျော်ရဲ့ ကျန်းမာရေးနဲ့ မျိုးဗီဇအချက်အလက်တွေကို လေ့လာစစ်ဆေးခဲ့တာဖြစ်ပါတယ်။
သုတေသီတွေက Phenylalanine နဲ့ Tyrosine ဆိုတဲ့ အမိုင်နိုအက်ဆစ်နှစ်မျိုးဟာ အိုမင်းရင့်ရော်မှုမှာ ပါဝင်ပတ်သက်နေသလားဆိုတာကို အဓိကထား လေ့လာခဲ့ကြတာပါ။
4 715
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများဖြစ်သဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အသိပညာနှင့်အတွေ့အကြုံများမျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ရန် လိုအပ်
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများဖြစ်သဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အသိပညာနှင့် အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာ စွမ်းရည်များ မြှင့်တင်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။
4 715
၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုကြောင့် လူ ၉၃၂ ဦး သေဆုံး၊ ရန်ကုန်တွင် ၁၂၅ ဦး သေဆုံးခဲ့
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမခြောက်လအတွင်း မြန်မာနိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုများကြောင့် လူ ၉၃၂ ဦး သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၅၅ မှု ဖြစ်ပွားကာ ၁၂၅ ဦး သေဆုံးခဲ့ကြောင်း နေပြည်တော်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
4 715
■ယူကရိန်းသမ္မတ ဇယ်လန်းစကီးနေရာတွင် ခေါင်းဆောင်သစ်တစ်ဦး အစားထိုးတင်မြှောက်ရန် ထရန့် ပြောကြား
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏နေရာတွင် ခေါင်းဆောင်သစ်တစ်ဦး အစားထိုးတင်မြှောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်အနည်းငယ်အလိုတွင် အမေရိကန်၌ လောင်စာဆီစျေးနှုန်းများ မြင့်တက်နေသည့် ဖိအားများနှင့် ရင်ဆိုင်နေရသော ထရန့်သည် ရုရှား၏ ဒီဇယ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခဲ့ခြင်းကို ဇယ်လန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ပြီးနောက် ထရန့်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
