ဖိုးမှန်
前往频道在 Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
显示更多未指定国家未指定类别
4 714
订阅者
-324 小时
-677 天
-30830 天
帖子存档
4 711
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးကို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို လေ့လာရေးခရီး ပိုဆောင်မည်
========================
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတိုတွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ် ဆရာ၊ ဆရာမ ၃ ဦးတိုကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို လေ့လာရေးခရီးစဉ်အဖြစ် ပိုဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
4 711
ဆေးထိုးသတ်လို မသေတဲ့ အမျိုးသမီးကို ထောင်ထဲကို ပြန်ပို
အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာ သေဒဏ်ပေးဖို ကြိုးပမ်းမှု မအောင်မြင်ဘဲ အသက်ရှင် လွတ်မြောက်လာခဲ့တဲ့ သေဒဏ်ကျခံရသူ ခရစ္စတာ ပိုက် ဟာ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ အဆိပ်ထိုးသွင်းပြီး သေဒဏ်ပေးဖို လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ လမ်းလျှောက်နိုင်၊ စကားပြောနိုင်လာပြီဖြစ်ပြီး စနေနေ့ကတည်းက သူမကို အကျဉ်းထောင်ကို ပြန်လည်ပိုဆောင်ခဲ့ပြီလို ရှေ့နေတွေက ပြောပါတယ်။
အသက် ၅၀ အရွယ် ပိုက် ဟာ ၁၉၉၅ ခုနှစ်တုန်းက နော့ဗီးလ်မြိုမှာ ကျောင်းသားချင်းဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုလင်း စလမ်မာ ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ လုပ်ဆောင်ဖိုရာ ချိန်းဆိုထားတဲ့ သူမရဲ့ သေဒဏ်စီရင်မှုဟာ တန်နက်ဆီပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
4 711
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ပုလဲအတွဲပေါင်း၂၂၈ တွဲ ရောင်းချခဲ့
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက် စိမ်းခန်းမအတွင်းအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
4 711
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ 4th Runner Up ဆုနဲ့ Title ဆုတွေကို မြန်မာ့ဂုဏ်ဆောင် အလှမယ် ကျော်ကျော်အိန္ဒြာ ဆွတ်ခူးရရှိ
၁၂.၁၀.၂၀၂၆
ထိုင်းနိုင်ငံမှာ အိမ်ရှင်အနေနဲ့ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ကျော်ကျော်အိန္ဒြာက Miss Global 2026 ရဲ့ 4th Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
4 711
Flydubai လေယာဥ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဥ်မှူးနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို သြစတြေးလျနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲအစည်းတစ်ခုက ငြင်းဆို
စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် Flydubai လေယာဉ်ဖြစ်စဉ်တွင် လေယာဉ်ကို ပြန်ပေးဆွဲရန် ကြံစည်ခဲ့သူဟု စွပ်စွဲခံထားရသည့် တွဲဖက်လေယာဉ်မှူး ဟာမမ် အယ်လ် ဟာမာမီသည် မဲလ်ဘုန်းမြိုရှိ My Centre အမည်ရှိ အစ္စလာမ်မစ်အဖွဲအစည်းနှင့် ဆက်စပ်နေကြောင်း ယူအေအီး အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီးနောက် အဆိုပါ အစ္စလာမမစ်အဖွဲကို စီမံခန့်ခွဲသည့် အမျိုးသားတစ်ဦးက စွပ်စွဲချက်များသည် မှားယွင်းနေကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
4 711
USDP ပါတီဝင်များ၏ သားသမီးများကို တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) က ပါတီဝင်များ၏ သားသမီးများအတွက် တတိယအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
4 711
စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း ၁၄ ဦး ဖမ်းဆီးရမိ
=================
ရန်ကုန်မြိုတွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသည့် စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ဖမ်းဆီးအရေးယူလျက်ရှိရာ ကျောက်တံတားမြိုနယ်၊ ဆူးလေခုံးကျော်တံတားအောက်၌ တစ်နာရီအတွင်း စည်းကမ်းဖောက်ဖျက်သူ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆူးလေခုံးကျော်တံတားအောက်တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို စစ်ဆေးဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၄ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
4 711
ဆော်ဒီလေဆိပ်ကို ဟူသီထပ်မံတိုက်ခိုက်၊ လူ ၁ ဦး သေဆုံး
12 October 2026
■ စနေနေ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် တနင်္ဂနွေနံနက်မှာလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုက်ခိုက်မှုအသစ် ထပ်ဖြစ်ခဲ့လို လူ ၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရသွားတယ်လို ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
4 711
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို အဆိုပြုတင်ပြ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံသို အမည်စာရင်းပေးပိုထားကြောင်း ယနေ့(အောက်တိုဘာ ၁၂ ရက်)တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက ဦးအောင်လင်းဒွေးက အသိပေးခဲ့သည်။
4 711
ရန်ကုန်မြိုတွင် "Myanmar Coffee Festival 2026" နှင့် "Myanmar National Barista Championship 2026" ပွဲတော်ကြီး ကျင်းပမည်
မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association - MCA) ၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးနှင့် မျိုးဆက်သစ်လူငယ် ဘာရီစတာများပေါ်ထွက်လာစေရန် ရည်ရွယ်၍ "Myanmar Coffee Festival 2026: Brewing the Future" နှင့် "Myanmar National Barista Championship 2026" ပြိုင်ပွဲကြီးကို ရန်ကုန်မြို၊ Chatrium Hotel Royal Lake Yangon တွင် ၂၀၂၆ ခုနှစ်၊
အောက်တိုဘာလ (၁၇) ရက်နှင့် (၁၈) ရက်နေ့တိုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
4 711
ငံပြာရည်နှင့်ပဲငံပြာရည် အမှတ်တံဆိပ်နှစ်မျိုးကို ဈေးကွက်မှပြန်ရုပ်သိမ်းရန် အသိပေးထုတ်ပြန်
12 October 2026
■ ကျားနဂါးမြိတ်ငံပြာရည်နှင့် ကင်းမွန်အဆင့်မြင့်ပဲငံပြာရည်တိုသည် စံချိန်စံညွှန်း မမီသည့်အတွက် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားသည်။
■ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြိုနယ်ရှိ ကျားနဂါးမြိတ်ငံပြာရည်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကျားနဂါး’ အမှတ်တံဆိပ်မြိတ်ငံပြာရည် (၁၀၀၀) ml ဘူးတွင် နိုက်ထရိုဂျင်ပါဝင်မှုသည် သတ်မှတ်စံနှုန်းအောက်လျော့နည်းနေသကဲ့သို ၎င်းငံပြာရည်ဘူး၌ ထုတ်လုပ်သည့်ရက်စွဲအမှတ်အသားဖော်ပြထားခြင်းမရှိကြောင်း ၊ ၎င်းစစ်ဆေးခဲ့သည့်နမူနာကို ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူဈေးရှိ မချစ်ချစ်ဆိုင်မှကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
4 711
လပေါ်တွင် မီးတောင်ခေါင်းသဖွယ် ချိုင့်ခွက်ကြီးတစ်ခုကို NASA တွေ့ရှိ
++++++++++++++++++++++++++++++++
12 October 2026
■ လမျက်နှာပြင်ပေါ်ကို ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်ပဲ ကြုံရလေ့ရှိတဲ့ ကြီးမားတဲ့ အာကာသကျောက်တုံးကြီးတစ်ခု ကျရောက်ရိုက်ခတ်ခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်ကြီး အသစ်တစ်ခုကို NASA က တွေ့ရှိခဲ့ပါတယ်။
■ ဒါဟာ မကြာသေးမီနှစ်တွေအတွင်း နေအဖွဲအစည်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ အကြီးဆုံး မီးတောင်ခေါင်းပုံစံ ချိုင့်ခွက်အသစ်ပဲဖြစ်ပါတယ်။
4 711
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး အပါအဝင် စုစုပေါင်း ၁၉၈ ဦး အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုထားဟုဆို
နေပြည်တော်၊ အော်တိုဘာ ၁၂
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် ဆယ်စုနှစ်ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိင်းစွာ အမြစ်တွယ်နေသည့် ပြဿနာကြီးတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို တိုင်ကြားစာစုစုပေါင်း ၇၀၄၅ စောင် ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၆ ဦး၊ အဆင့်မြင့်အရာရှိ ၁၃ ဦး၊ အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၁၂ ဦး၊ အခြား ပုဂ္ဂိုလ် ၃၉ ဦး စုစုပေါင်း ၁၉၈ ဦးတိုကို ရာထူးအဆင့်အလိုက် တရားစွဲဆို အရေးယူခဲ့ကြောင်း မြန်မာ့အလင်း အယ်ဒီတာအာဘော်တွင် ဖော်ပြထားချက်အရ သိရသည်။
4 711
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေ
ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များကြောင့် ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်လမ်းအပိုင်း ဆိုးရွားစွာပျက်စီးနေပြီး ခက်ခဲစွာသွားလာနေရကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မြိတ်နှင့် ထားဝယ်ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းအပိုင်းမှာ သွားလာ၍မရသည်အထိ ပျက်စီးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၈ ရက်မှစပြီး ယာဉ်ငယ်များ စမ်းသပ်သွားလာခဲ့ပြီး ကားကြီးများက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ထွက်ခွာနေသော်လည်း လမ်းခရီးအခြေအနေမှာ ဆိုးရွားနေကြောင်း သိရသည်။
Noted: PDF ကျန်နေသေးတော့ လမ်းခင်းရင်လည်း အစိုးရအလုပ်တွေဖျက်စီးတယ်ဆိုပြီး နှောင့်ယှက်နေကြတာ မျက်မြင်ပါပဲ။ ဘာပဲပြောပြော ဒေသတည်ငြိမ်အေးချမ်းမှု မရှိရင်တော့ မလွယ်တဲ့ အခြေအနေတွေပါ။
4 711
ချင်းမိုင်ရှိ အဆောင်ခန်းတစ်ခုမှ အိုက်စ် ၂၈၇ ကီလိုဂရမ် သိမ်းဆည်းရမိ၊ အခန်းငှားနေထိုင်သူ မြန်မာနိုင်ငံသား ထွက်ပြေးတိမ်းရှောင်
𝙊𝘾𝙏~𝟏𝟐
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းမြိုနယ်ရှိ အဆောင်ခန်းတစ်ခုကို ရဲတပ်ဖွဲက ဝင်ရောက်ရှာဖွေရာမှ အိုက်စ်မူးယစ်ဆေးဝါး ၂၈၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး အခန်းငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထိုင်းသတင်းဌာနများက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြထားသည်။
4 711
ထရမ့်စတိုင်နဲ့ ရုရှားဒီဇယ်ကို ဝယ်ဖိုအတွက် ဂျာမန်အတိုက်အခံပါတီတွေပြောပြီ
အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
ဂျာမနီနိုင်ငံရဲ့ အတိုက်အခံပါတီ နှစ်ခုဖြစ်တဲ့ လက်ယာစွန်း AfD ပါတီနဲ့ လက်ဝဲစွန်း BSW ပါတီတိုက ရုရှားနဲ့ စီးပွားရေးဆက်ဆံမှုတွေ ပြန်စကြဖို တောင်းဆိုလာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားနဲ့ ဒီဇယ်တင်သွင်းတဲ့ သဘောတူညီချက် လုပ်လိုက်တာကို အတုယူပြီး လုပ်သင့်တယ်လို ဆိုပါတယ်။ ဂျာမနီမှာ စက်သုံးဆီဈေးတွေ အရမ်းကြီးလာပြီး ဥရောပရဲ့ အကြီးဆုံးစီးပွားရေးကိုပါ ထိခိုက်လာနေတာကြောင့် ဝန်ကြီးချုပ် ဖရိုင်ဒရစ်မားဇ် ရဲ့ ပိတ်ဆိုအရေးယူမှု မူဝါဒကို အခုလို စိန်ခေါ်လာကြတာပါ။
4 711
တစ်နေ့ကို ကော်ဖီ ၅ ခွက်သောက်ပေးလျှင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာတွေ့ရှိ
12 October 2026
■ American Heart Association - AHA ရဲ့ နောက်ဆုံးလေ့လာသုံးသပ်ချက်အရ သာမန်လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ အထိ သောက်သုံးပေးတာဟာ ဘေးကင်းမှုရှိတယ်လို သိရပါတယ်။
■ "ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ လူသန်းပေါင်းများစွာရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" လို သုတေသီ Dr. Gregory M. Marcus က ပြောပါတယ်။
■ "သကြားနဲ့ တခြားဖြည့်စွက်စာတွေ မပါတဲ့ ကော်ဖီကို တစ်နေ့ ၅ ခွက်အထိ (ကဖိန်းဓာတ် မီလီဂရမ် ၄၀၀ ခန့်) သောက်ပေးတာဟာ စိတ်ချရပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း မမြင့်တက်စေပါဘူး။"
■ လေ့လာမှုတွေအရ ကော်ဖီကို သင့်တော်ရုံ သောက်သုံးပေးတာဟာ နှလုံးပျက်စီးမှု၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်တာနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
4 711
မြန်မာ (ယူ-၁၇)သမီးငယ်များ အပြင်းအထန်ကြိုးစားရလိမ့်မည်
မြန်မာ (ယူ-၁၇)သမီးငယ်များဟာ ခြေစစ်ပွဲမှာ ဂူအမ် ကို (၉)ဂိုးပြတ်၊ ထိုင်ဝမ်ကို (၂-၁)နဲ့ နိုင်ပြီး AFC U17 Women's Asian Cup ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရသွားပါပြီ။
မြန်မာ - ထိုင်ဝမ် ပွဲစဉ်မှာလည်း ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ကနေ အသည်းအသန် ကြိုးစားရုန်းကန်ပြီး အနိုင်ဂိုး ရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။
မြန်မာ (ယူ-၁၇) သမီးငယ်လေးများမှာ တစ်ယောက်ချင်းစွမ်းရည်တွေ ရှိကြသလို စုစည်းမှုလည်း အထိုက်အလျှောက် ကောင်းတယ်လို ဆိုရပါမယ်။
သိုသော် ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းက ဆီနီယာအမျိုးသမီးလက်ရွေးစင်အသင်းကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို သင်ခန်းစာယူရမှာပါ။ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ခြေစွမ်းပိုင်း၊ သက်လုံပိုင်း၊ တစ်ဦးချင်းစွမ်းရည်ပိုင်း လိုက်လိုမမီသေးတာကို အထင်အရှား တွေ့ခဲ့ရတယ်။
ဒါကြောင့် တိုတိုကျဉ်းကျဉ်း တိုက်တွန်းအားပေးစကား ပြောလိုတာက ဒေသတွင်း ပြိုင်ဘက်တွေမှာ သူတင် ကိုယ်တင် ခြေစွမ်းမျိုးရှိပါတယ်။ သိုသော် အာရှထိပ်သီးအသင်းတွေရဲ့ ခြေစွမ်းပိုင်းကို လေ့လာပြီး ပြင်ဆင်ထားမှ နောက်တစ်ဆင့်မှာ အကောင်းဆုံးရလဒ်တွေ ရယူနိုင်လိမ့်မယ်။ အဓိကအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တိုကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အခြေအနေမျိုးကို ရောက်အောင် ကြိုးစားပြင်ဆင်ထားမှသာ အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မယ်။
4 711
အင်းလေးဖောင်တော်ဦးပွဲတော် စတင်ပြီ
ညောင်ရွှေ၊ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြိုနယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားပွဲတော်သည် ယနေ့ (အောက်တိုဘာ ၁၂)၌ စတင်ကျင်းပနေပြီဖြစ်သည်။
ယနေ့တွင် ဖောင်တော်ဦးကျောင်းတော်မှ ရွှေအင်းတိန်သိုဒေသစာရီ ကြွချီတော်မူမည် ဖြစ်သည်။ ပွဲတော်သည် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
