en
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

Open in Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

Show more
The country is not specifiedThe category is not specified
3 664
Subscribers
-224 hours
-117 days
+15930 days
Posts Archive
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာ
မြန်မာ–ဘယ်လာရုစ် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဖိတ်ခေါ် မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ - ၁။ မြန်မာ–ဘယ်လာရုစ် မိတ်ဖက်ဆက်ဆံရေး နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ကြောင်း။ မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း။ ချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်း။ ၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း။ စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။ B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်း။ ၃။ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းရာတွင် ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း။။ Farming မှ Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း။ ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်း။ နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်း။ ၄။ စွမ်းအင်နှင့် အခြေခံအဆောက်အအုံ ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ကြောင်း။ ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။ အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း။ ၅။ Digital Economy & Technology ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ကြောင်း။ ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်း။ ၆။ အထူးစီးပွားရေးဇုန်နှင့် အကြီးစားစက်မှု သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း။ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း။ တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။ ၇။ ASEAN–EAEU ချိတ်ဆက်မှု မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ကြောင်း။ မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူး
မြန်မာ–ရုရှား မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေး၊ နည်းပညာနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရှိရင်းစွဲမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအထိ ပိုမိုနက်ရှိုင်းစွာ တိုးချဲ့သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် အလားအလာရှိသည့်ကဏ္ဍများတွင် ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ မိန့်ခွန်းကောက်နုတ်ချက်များမှာ - ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ–ရုရှား သံတမန်ဆက်ဆံရေးသည် ယခုအခါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မည်ဖြစ်ကြောင်း။ လက်ရှိ မြန်မာနိုင်ငံမှ သရက်သီးအနှစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် အဝတ်အထည်များကို ရုရှားသို့ တင်ပို့နေပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပစ္စည်းများကိုပါ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း။ ရုရှားနိုင်ငံက မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း။ စိုက်ပျိုးရေးစက်ယန္တရား၊ မျိုးစေ့နည်းပညာ၊ သုတေသန၊ မွေးမြူရေး၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ရေးအပါအဝင် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း။ ရေနံတူးဖော်ရေးနှင့် ရေနံသန့်စင်ရေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာရှိကြောင်း။ မြန်မာ–ရုရှား ပူးပေါင်းအကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မဟာဗျူဟာမြောက် စီမံကိန်းတစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း။ ထားဝယ်စီမံကိန်းနှင့် ဆက်စပ်၍ LNG Terminal၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့အခြေခံ အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများအဖြစ် သတ်မှတ်ထားကြောင်း။ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် High-Tech လုပ်ငန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း။ Mir Card System နှင့် Myanmar Payment Union (MPU) ကွန်ရက်ကို ချိတ်ဆက်ထားပြီး ကျပ်–ရူဘယ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုများလည်း စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။ မြန်မာ–ရုရှား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး MoU ကို ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။ မြန်မာထုတ်ကုန်များကို ဥရောပ–အာရှစီးပွားရေးသမဂ္ဂ (EAEU) ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် မြန်မာ–ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း၊ မြန်မာ–ရုရှား ပညာရေး၊ သုတေသနနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ယနေ့ ဩဂုတ် ၁၉ ရက်တွင် တက္ကသိုလ်ဘုတ်အဖွဲ့၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်ချက်ဖြင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသန၊ ပညာရပ်ဖလှယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန် ရည်မှန်းထားပါသည်။ ရုရှားနိုင်ငံ၏ ပညာရေးကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ ■ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ Plekhanov Russian University of Economics ဘုတ်အဖွဲ့က တစ်ညီတစ်ညွတ်တည်း ထောက်ခံဆုံးဖြတ်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပြီး ယင်းဂုဏ်ပြုမှုသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ထင်ဟပ်စေပါသည်။ ■ နှစ်နိုင်ငံ ပညာရေးဆက်ဆံမှု မြန်မာ–ရုရှား ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ဆိုဗီယက်ယူနီယံခေတ်ကတည်းက စတင်ခဲ့ပြီး မြန်မာကျောင်းသား ၄,၀၀၀ ကျော် ပညာသင်ကြားခဲ့ကာ လက်ရှိတွင်လည်း ပညာသင်ဆုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နေပါသည်။ ■ ပညာရေးနှင့် လူသားအရင်းအမြစ် နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား၍ အခြေခံပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်နေပါသည်။ ■ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုမှုကို ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၂၀၂၇–၂၀၂၈ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်းထက်မနည်းနှင့် ၂၀၂၈–၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားသည်။ ■ ပညာရပ်နှင့် သုတေသနပူးပေါင်းမှု မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ပညာရပ်ဖလှယ်မှု၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်မှုနှင့် တက္ကသိုလ်ချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။ ■ အာကာသသိပ္ပံနှင့် နည်းပညာ မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ယင်းကိုအခြေခံ၍ မြန်မာတက္ကသိုလ်များနှင့် အာကာသဆိုင်ရာကိစ္စရပ်များအပါအဝင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားပါသည်။ ■ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ယခုဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းမှုနှင့် ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် Plekhanov University နှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေး၊ သုတေသန၊ လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍများ၌ ရေရှည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုချဲ့ထွင်သွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခြင်းသည် မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ရှည်လျားစွာတည်ရှိလာသည့် ပညာရေးဆက်ဆံမှုကို ပိုမိုခိုင်မာစေသည့် အဆင့်တစ်ရပ်ဖြစ်ပြီး ပညာရပ်ဖလှယ်ရေး၊ ပူးတွဲသုတေသန၊ ပညာတော်သင်စေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပြင် အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍအထိ တက္ကသိုလ်နှင့် အဖွဲ့အစည်းချင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် အခြေခံတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။

နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်င
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။ သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။ ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

မြန်မာ-ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍစုံဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး ပြည်ထောင်စုသမ္
မြန်မာ-ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍစုံဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၈ နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းနိုင်ခဲ့မှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင်လည်း အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး သဘောထားဖလှယ်ခဲ့ကြပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် လက်ရှိကုန်သွယ်မှုပမာဏကို တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းပါဝင်နိုင်ရေး၊ ဆိပ်ကမ်းနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ စွမ်းအင်ကဏ္ဍ၌ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG တင်သွင်းအသုံးပြုရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအပြင် နှစ်နိုင်ငံအကြား လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ဆက်လက်ဖော်ဆောင်သွားရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ နည်းပညာကဏ္ဍတွင် High-Tech နည်းပညာများ၊ Digital နည်းပညာနှင့် Cyber Security အပါအဝင် ခေတ်မီနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နည်းပညာလွှဲပြောင်းမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ဆုနှင့် သင်တန်းအခွင့်အလမ်းများ ပိုမိုရရှိရေး၊ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးတို့ကို ဆောင်ရွက်ကာ အာကာသနည်းပညာကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့အသုံးချနိုင်ရန် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဖလှယ်မှုများ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံရှိ ရုရှား Orthodox ခရစ်ယာန်ဘာသာတို့နှင့် ဆက်စပ်သည့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်သွားရန် သဘောထားဖလှယ်ခဲ့ကြပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ရုရှားဆက်ဆံရေးကို ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုမြှင့်တင်နိုင်ရန် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍများတွင်ပါ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

ပူတင်နဲ့သတင်းလည်း တင်ပါအုန်း

EAEU နှင့် BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ရုရှား၏ ထောက်ခံကူညီမှု ရယူရေး။ ASEAN အခြေခံမူဝါဒများနှင့်အညီ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံပူးပေါင်းရေး။

မြန်မာ-ရုရှား စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး၊ နျူကလီးယား၊ LNG နှင့် ထားဝယ်စီမံကိန်းများ အဓိကပါဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ထားဝယ် အထူးစီးပွားရေးဇုန်၊ စိုက်ပျိုးရေး၊ နည်းပညာ၊ အာကာသ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍအလိုက် ဆွေးနွေးချက်များမှာ - စွမ်းအင်နှင့် မဟာဗျူဟာစီမံကိန်း အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး၊ ရုရှားအရှေ့ဖျားဒေသမှ LNG ကို မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ ပါဝင်နိုင်ရေး၊ ပင်းပက်စီမံကိန်းနှင့် တွင်းထွက် သယံဇာတ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ ဆက်လက်ဖော်ထုတ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် ရုရှားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မော်စကိုမြို့တွင် မြန်မာ-ရုရှား ကုန်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ရေး၊ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးများ ဆက်လက်ကျင်းပရေး၊ အရှေ့ဖျား စီးပွားရေးဖိုရမ်မှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး။ နည်းပညာ၊ Digital နှင့် AI High-tech၊ Telecommunications၊ IT နှင့် Artificial Intelligence ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ Smart City နှင့် Digital Security ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှား၏ AI နည်းပညာနှင့် မော်ဒယ်များကို အသုံးချနိုင်မည့် အလားအလာများ။ အာကာသကဏ္ဍ မြန်မာအာကာသအေဂျင်စီနှင့် Roscosmos တို့အကြား ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး၊ Earth Remote Sensing နှင့် ဂြိုလ်တုအခြေပြုနည်းပညာများ ဖွံ့ဖြိုးရေး၊ မြန်မာကျောင်းသားများအတွက် အာကာသနည်းပညာ ပညာသင်ဆုနှင့် လေ့ကျင့်ရေးအစီအစဉ်များ တိုးချဲ့ရေး၊ မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ သဘာဝရွက်ဖျန်းမြေဩဇာနှင့် ဓာတ်မြေဩဇာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အာလူးမျိုးသစ်များနှင့် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး၊ မြန်မာ့ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာနိုင်ငံသား ၇,၀၀၀ နီးပါး/ကျော်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးပြုလျက်ရှိသည့်အတွက် ပညာသင်ဆုနှင့် အဆင့်မြင့်ပညာရေး အစီအစဉ်များ ပိုမိုတိုးချဲ့ပေးရေး၊ ရုရှားဘာသာစကား သင်ကြားရေးနှင့် ဘာသာစကား သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး။ ကျန်းမာရေး ကင်ဆာကုသရေးဆေးဝါးနှင့် နျူကလီးယားဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အတွက် သင်တန်းနှင့် ပညာသင်ဆုများ တိုးမြှင့်ရေး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံနှင့် ကင်ဆာကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-ရုရှား ချစ်ကြည်ရေး ပြယုဂ်အဖြစ် ဖော်ဆောင်နိုင်ရေး။ ဘဏ္ဍာရေးနှင့် ငွေပေးချေမှု ရူဘယ်-ကျပ် တိုက်ရိုက်ငွေစာရင်းနှင့် ငွေပေးချေမှုစနစ်များ တိုးမြှင့်ရေး၊ ရုရှားငွေပေးချေမှုကတ်စနစ်ကို မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးများ အသုံးပြုနိုင်ရေး။ အလုပ်သမားနှင့် ခရီးသွားလုပ်ငန်း မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးနှင့် ရုရှားဘာသာစကား သင်ကြားပေးရေး၊ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံခရီးသွားလာမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ကမ်းခြေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များသို့ ရုရှားခရီးသွားများ လာရောက်ရေး။ အားကစားနှင့် ယဉ်ကျေးမှု အားကစားဆိုင်ရာ MoU အရ လှေလှော်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ရေး။ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး မြန်မာ-ရုရှား န
+2
မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့ပါသည်။ နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့ပါသည်။ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ Maxim Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံသံတမန်ရေးရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတအား ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုလည်း ခံယူခဲ့ပါသည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ တွေ့ဆုံမှုများတွင် မြန်မာ-ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန
+1
မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ
+3
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ဇွန်လအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်ရေး ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဂျေပူရ်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထ
+3
မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ နေပြည်တော်၊ ဩဂုတ် ၁၇ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွါခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွါခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး သစ်ပင်စိုက်ပျိုးခြင်းကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး သစ်ပင်စိုက်ပျိုးခြင်းကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၅ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်မြောက်ဘက်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်စဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများမှာ ရာသီဥတုပြောင်းလဲမှု (Climate Change) နှင့် ကမ္ဘာကြီးပူနွေးလာမှု (Global Warming) တို့ဖြစ်ပြီး ယင်းတို့ကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ပြင်းထန်သည့် မုန်တိုင်းများအပါအဝင် သဘာဝဘေးအန္တရာယ်များကို ပိုမိုရင်ဆိုင်လာရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် စူပါတိုင်ဖွန်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ကြုံတွေ့ခဲ့ရသကဲ့သို့ လက်ရှိတွင်လည်း ဧရာဝတီ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် လူတိုင်းပါဝင်ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်အသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါသည်။ သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအပြင် ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး၊ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသည့်အတွက် စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်း စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့အတူ လမ်းမကြီးများ၏ ဘေးဝဲယာ၊ သစ်ပင်ကျဲပါးသည့် တောင်ကုန်းများနှင့် မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများတွင် သစ်ပင်များ တိုးချဲ့စိုက်ပျိုးရန်၊ မြို့ပြနှင့် ကျေးလက်ဒေသများ စိမ်းလန်းစိုပြည်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် သစ်ပင်စိုက်ပျိုးရာတွင် “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” ကို အထူးအလေးထားကြရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်းကျင်များ ဖန်တီးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရှိစေရေး ရည်မှန်းချက်ကိုလည်း အောင်မြင်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများကလည်း သစ်မျိုးနှင့် ပန်းအလှပင်မျိုးစုံ စုစုပေါင်း ပျိုးပင် ၃,၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီနည်းပညာတတ်ကျွမ်းမှုတို့ကို ဖြည့်ဆည်းပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပါဝင်ကြရန် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၂ မျိုးဆက်သစ်လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များနှင့် အဓိကမောင်းနှင်အားများဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ခေတ်မီနည်းပညာတတ်ကျွမ်းမှုများ ပြည့်စုံအောင် ကြိုးပမ်းကြရန်၊ မိမိတို့၏ စွမ်းရည်များကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တက်ကြွစွာ ပါဝင်အသုံးချကြရန်နှင့် အနာဂတ်နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူနိုင်သည့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် အောက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့သည် - လူငယ်အင်အားသည် နိုင်ငံတော်အနာဂတ်၏ အဓိကမောင်းနှင်အား — မြန်မာနိုင်ငံတွင် လူငယ်အင်အားအများအပြားရှိပြီး ယင်းအင်အားကို အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် ဖော်ဆောင်ရန်။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး — အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် ၈ ဒသမ ၄ သန်းကျော်ရှိသဖြင့် ကျောင်းနေနှုန်းမြင့်မားရေးနှင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးရေးကို အလေးထားဆောင်ရွက်ရန်။ လူငယ်ကဏ္ဍကို သီးခြားအလေးထား — လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းထားပြီး လူငယ်များ၏ စွမ်းရည်နှင့် အလားအလာများ ဖော်ထုတ်ပေးရန်။ ဗလငါးတန်ပြည့်ဝသည့် မျိုးဆက်သစ်များ မွေးထုတ်ရေး — နိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုးမှု၊ မှန်ကန်သည့်အတွေးအခေါ်နှင့် အလေ့အကျင့်ကောင်းများရှိသော လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရန်။ ၂၁ ရာစု ကျွမ်းကျင်မှုများ ဖြည့်ဆည်းရေး — Digital Technology၊ AI၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် အခွင့်အလမ်းများ ဖန်တီးပေးရန်။ Responsible Digital Citizen ဖြစ်ရေး — လူငယ်များအနေဖြင့် သတင်းအချက်အလက်များကို အမှားအမှန် ခွဲခြားနိုင်သည့် Critical Thinking ရှိရန်၊ AI Ethics နှင့် Cybersecurity ကို သိရှိနားလည်ပြီး နည်းပညာကို တာဝန်သိစွာ အသုံးချရန်။ ခေတ်မီတိုးတက်မှုနှင့် အမျိုးသားရေးလက္ခဏာကို ဟန်ချက်ညီစေရေး — ခေတ်မီနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်သကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထိန်းသိမ်းမြှင့်တင်ရန်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် လူငယ်များဖြစ်ရေး — မြန်မာလူငယ်များကို နိုင်ငံတော်၏ အပြုသဘောဆောင်သည့် ကိုယ်စားလှယ်များအဖြစ် ဒေသတွင်းနှင့် ကမ္ဘာ့အသိုက်အဝန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေး အားပေးရန်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်ပါဝင်မှု — လူငယ်များ၏ ရင့်ကျက်သောအတွေးအခေါ်၊ မှန်ကန်သောလုပ်ရပ်နှင့် ပေါင်းစည်းအားတို့ကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံဖွံ့ဖြိုးရေးတွင် အသုံးချရန်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်နှင့်အညီ ပေါင်းစည်းဆောင်ရွက်ရေး — “နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား – Different Contexts, Common Aspirations” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မတူကွဲပြားသည့် လူငယ်အတွေးအမြင်နှင့် စွမ်းရည်များကို စုစည်း၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းတို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းတို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှု၊ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံစဉ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် NDAA အဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ NDAA မိုင်းလားအဖွဲ့အနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းလာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုင်းလားဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အစိုးရက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မိုင်းလားဒေသ၌ လတ်တလောလိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် မိုင်းလားဒေသ၌ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ NDAA အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များကို မိုင်းလားဒေသခံပြည်သူများထံ ချပြဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ၊ မှော်ဘီ ရကသ (၄) တွင် သင်တန်းဖွင့်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ် လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲံ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်။ ဒါ့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတေ
ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေဟု နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဩဂုတ် ၁၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာများမှာ - မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ငလျင်ဘေးဒဏ်ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးနိုင်ရေး နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၁၀ ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတက အဓိကထား ပြောကြားခဲ့သည့် အကြောင်းအရာများမှာ - ▪️ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။ ▪️ “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ကလေးဘဝမှစ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံနှင့် အမူအကျင့်ကောင်းများ စွဲမြဲလာစေရေး လေ့ကျင့်ပေးရန်နှင့် ကျောင်းသားများမှတစ်ဆင့် မိသားစုနှင့် လူမှုအသိုက်အဝန်းအထိ ကျန်းမာရေးအသိ ပျံ့နှံ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ▪️ KG မှ Grade-12 အထိ ကျန်းမာရေးမှတ်တမ်း လွှမ်းခြုံရန် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ KG ကျောင်းသားများအတွက် စတင်ဆောင်ရွက်ခဲ့သည့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်စနစ်ကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ Grade-12 အထိ စဉ်ဆက်မပြတ် လွှမ်းခြုံနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ▪️ ကျောင်းတွင်းအာဟာရအတွက် ကျပ် ၂ ဒသမ ၈၂ ဘီလီယံ KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း။ ▪️ ဆယ်ကျော်သက် ကျန်းမာရေးအခြေအနေကို အလေးထားရန် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ ၁,၁၅၅ ဦးကို လေ့လာဆန်းစစ်ရာ ၂၃ ရာခိုင်နှုန်း ကိုယ်အလေးချိန်လျော့နည်းပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အဝလွန်နေသည်ကို တွေ့ရှိရကြောင်း။ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဆယ်ပုံတစ်ပုံခန့်မှာ စိတ်ဖိစီးမှုခံစားနေရသည်ကို တွေ့ရှိရကြောင်း။ ▪️ Vape၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကို ထိရောက်စွာ တားဆီးရန် ဆယ်ကျော်သက်ကျောင်းသားများအကြား Vape အပါအဝင် ဆေးလိပ်၊ အရက်ပါဝင်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေး စမ်းသပ်သုံးစွဲမှုများရှိနေသဖြင့် ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများ အဖြစ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းပတ်ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ရောင်းချခြင်း၊ ကြော်ငြာခြင်း တားမြစ်ချက်နှင့် Vape ဆိုင်ရာ တားမြစ်ချက်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်၍ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း။ ▪️ ကျောင်းမုန့်ဈေးတန်းနှင့် အစားအသောက်ဘေးကင်းရေး ကြပ်မတ်ရန် ကျောင်းမုန့်ဈေးတန်းများကို ပုံမှန်စစ်ဆေး၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများသာ ရောင်းချစေရန်နှင့် အစားအစာရောင်းချသူများကို ကျန်းမာရေးစစ်ဆေးရန် လိုအပ်ကြောင်း။ ▪️ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကိုပါ အလေးထားရန် လုံလောက်သည့် အိပ်စက်ချိန်ရရှိရေး၊ စိတ်ဖိစီးမှုခံစားနေရသည့် ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်း၍ ပံ့ပိုးကူညီနိုင်သည့် ပတ်ဝန်းကျင်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးများ ဖန်တီးပေးရန် လိုအပ်ကြောင်း။ ▪️ ၂၀၃၀ မျှော်မှန်းသက်တမ်း တိုးမြှင့်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်လာရေးနှင့် အရွယ်မတိုင်မီသေဆုံးမှု လျှော့ချရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျောင်းနေအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း။ ▪️ ဝန်ကြီးဌာနများ ပူးပေါင်းအကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းတို့ ဖြစ်ပါသည်။

မအူပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ဧရာဝတီ ဩဂုတ် ၉ အောက်မြန်မာပြည်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်ကြားရေးနှင့် ပညာရေးအရည်အသွေးများ မြှင့်တင်ကာ အနာဂတ်တွင် မဟာဘွဲ့ (Master) နှင့် ဒေါက်တာဘွဲ့ (Ph.D) များအထိ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မအူပင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် - အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့လွန်သင်တန်းများ ရည်မှန်းဆောင်ရွက်ရေး - “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေး အရည်အသွေး (Quality) ကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ပေးအပ်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်နှင့် အယူအဆဆိုင်ရာ သင်ကြားရေး - စပါး၊ ပြောင်း၊ ပဲနှင့် နှစ်ရှည်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သီးသန့် အထူးပြုရမည့် သီးနှံများနှင့် နှစ်ရှည်ပင်များကို သေချာစွာ သင်ကြားပေးရန်လိုကြောင်း၊ “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံအချက်များအနက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ရေအရင်းအမြစ် အသုံးချရေးတို့ကို သာမန်သင်ကြားပေးရုံမကဘဲ အတွေးအခေါ်နှင့် အိုင်ဒီယာပါ ရရှိအောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ လက်တွေ့ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေး - ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ကျွဲ၊ ငါး အစရှိသည့် မွေးမြူရေးနည်းလမ်းများအပြင် ဘဲသားနှင့် ဘဲဥ ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများကိုပါ သေချာစွာ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် သရက်၊ သီဟိုဠ်နှင့် ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို လက်တွေ့ကျကျ ဆောင်ရွက်စေလိုပြီး ဖြစ်နိုင်ပါက ကျောင်းသားများအနေဖြင့် မဟာတန်းအထိ ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဗဟုသုတများ - သစ်ပင်စိုက်ပျိုးရာတွင် တွက်ချက်စိုက်ပျိုးနည်း၊ အရိပ်ရပင်နှင့် နေကာပင် စိုက်ပျိုးပုံများကို ဗဟုသုတ (Knowledge) တစ်ခုအနေဖြင့် သင်ကြားပေးရန်၊ ပန်းဥယျာဉ် ပြုပြင်ဖန်တီးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးရန် လိုကြောင်း၊ ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကို မြတ်နိုးဂုဏ်ယူတတ်စေရန်နှင့် အတွေးအခေါ်၊ အသိအမြင်ကောင်းများ ရရှိစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စာသင်ဆောင်များနှင့် အိပ်ဆောင်များကို စနစ်တကျ ပြုပြင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တိုးချဲ့ရေး - ကျောင်းသားဦးရေ တိုးတက်လာရေး ဆောင်ရွက်ရန်လိုပြီး အမှန်တကယ် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် အဆောက်အအုံများကို စနစ်တကျ တွက်ချက်တောင်းခံပါက သီးခြားဘတ်ဂျက်ဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ တိုးချဲ့ရေး - တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတိုင်း၌ စိုက်ပျိုး/မွေးမြူရေး သိပ္ပံများကို မဖြစ်မနေ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။