fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Dr Khaing Khaing Soe

Dr Khaing Khaing Soe

رفتن به کانال در Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
4 488
مشترکین
+5824 ساعت
+1847 روز
+66330 روز
آرشیو پست ها
မြန်မာ-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ နှစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း

မြန်မာ-မလေးရှား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားအရေးနှင့် ဒေသတွင်းလုံခြုံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး
မြန်မာ-မလေးရှား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်သမားအရေးနှင့် ဒေသတွင်းလုံခြုံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီ အန်ဝါ ဘင် အီဘရာဟင်တို့သည် အောက်တိုဘာ ၈ ရက်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ မလေးရှားရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးကာကွယ်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များမှ ပြောကြားခဲ့သည်များမှာ - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားချက်များ ၁။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများအနက် အဆင့် ၄ နှင့် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၉ ၌ ရပ်တည်ကြောင်း ပြောကြားခဲ့ပြီး ကုန်သွယ်မှုအဟန့်အတားများ လျှော့ချရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေးနှင့် ကမ္ဘာ့ Halal ဈေးကွက်သို့ ပူးပေါင်းဝင်ရောက်ရေး ဆွေးနွေးခဲ့ကြောင်း။ ၂။ စိုက်ပျိုးရေး၊ စက်မှုနှင့် နည်းပညာ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ဆီအုန်း၊ ရာဘာနှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် မလေးရှား၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်းနှင့် နှစ်နိုင်ငံ MSME လုပ်ငန်းများ ချိတ်ဆက်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း။ ၃။ ပို့ဆောင်ဆက်သွယ်ရေး ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်မည်ဖြစ်ကြောင်းနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးတို့ကို ဆွေးနွေးခဲ့ကြောင်း။ ၄။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးကာကွယ်ရေးနှင့် လူမှုဖူလုံရေး တိုးမြှင့်ရေးနှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်၊ ဗီဇာနှင့် အလုပ်လုပ်ခွင့်ပါမစ်ဆိုင်ရာ လုပ်ငန်းစဉ်များ ချောမွေ့ရေး ဆွေးနွေးခဲ့ကြောင်း။ ထို့အပြင် မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူများ နေရပ်ပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း။ ၅။ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံလုံခြုံရေးအဖွဲ့အစည်းများအကြား သတင်းအချက်အလက်ဖလှယ်ရေးနှင့် ပူးတွဲစုံစမ်းစစ်ဆေးရေး ဆွေးနွေးခဲ့ကြောင်း။ ၆။ ပညာရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး လွှတ်တော်၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီ အန်ဝါ ဘင် အီဘရာဟင်၏ ပြောကြားချက်များ ၁။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆက်ဆံရေးရှိခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း အဟန့်အတားအချို့ရှိခဲ့ပြီး ယခုအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့်အဆင့်သို့ တိုးမြှင့်လိုကြောင်း။ ၂။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ၊ စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း။ ၃။ မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေ မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ မလေးရှား၏ စိုးရိမ်ချက်များကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုံပါဝင်မှုနှင့် ပြည်တွင်းအခြေအနေများ၏ ရှုပ်ထွေးမှုကို နားလည်လေးစားရန် လိုအပ်ကြောင်း၊ မြန်မာအစိုးရ၏ မူဝါဒပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းချက်များကို အသိအမှတ်ပြုကြောင်း။ ၄။ အာဆီယံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံလုပ်ငန်းစဉ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အာဆီယံအသိုက်အဝန်းအတွင်း မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံမှုမရှိဘဲ ဆက်လက်ပါဝင်နိုင်စေရေး အလေးထားကြောင်း။ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် မလေးရှားနိုင်ငံအနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ၅။ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုအပေါ် သုံးသပ်ချက် နှစ်ဖက်သဘောထားအမြင်များကို ပွင့်လင်းရိုးသားစွာ ဖလှယ်နိုင်ခဲ့ကြောင်း နှင့် နိုင်ငံတော်သမ္မတ၏ မလေးရှားခရီးစဉ်သည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ အရေးပါကြောင်း ပြောကြားခဲ့ပါသည်။

■ အစိုးရ၊ ပုဂ္ဂလိကနှင့် သုတေသနအဖွဲ့အစည်းများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အစားအစာလုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၊ ဒီဂျစ်တယ်စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အလုပ်သမားရေးရာနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေး၍ လက်တွေ့ကျသည့် အဖြေများ ရှာဖွေရန် တိုက်တွန်းခဲ့သည်။ ■ ဆွေးနွေးမှုရလဒ်များကို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ဖော်ဆောင်ရေး ယခုဆွေးနွေးပွဲမှ ရရှိသည့် အမြင်ဖလှယ်မှုများနှင့် အကြံပြုချက်များကို ဆွေးနွေးမှုအဆင့်တွင်သာ ရပ်တန့်မထားဘဲ အစိုးရချင်း၊ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းနှင့် Think Tank အဖွဲ့အစည်းများအကြား ပိုမိုခိုင်မာသည့် ဆက်ဆံရေးနှင့် ပူးတွဲသုတေသနလုပ်ငန်းများအဖြစ် ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ပြောကြားချက် ■ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုရလဒ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ နှစ်နိုင်ငံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ■ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံခြားရေးကဏ္ဍများသာမက လုံခြုံရေး၊ ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ■ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး မြန်မာနှင့် မလေးရှား နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးသည် အရေးကြီးကြောင်းနှင့် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းမွန်သည့် အလေ့အထတစ်ရပ်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ■ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံကောင်းများ ရရှိခြင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုနှင့် Think Tank အဖွဲ့အစည်းများ၏ ဆွေးနွေးအကြံပြုမှုများကို အခြေခံ၍ ယခုဆွေးနွေးပွဲမှ ရရှိလာသည့် အယူအဆများနှင့် အခွင့်အလမ်းများကို လက်တွေ့အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား အကျိုးစီးပွားတူညီသည့် နယ်ပယ်များကို ဖော်ထုတ်နိုင်ခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်ရေးအတွက် ဦးတည်ချက်များ ရရှိခဲ့ကြောင်း၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရန်နှင့် အစိုးရအချင်းချင်း၊ စီးပွားရေးအသိုက်အဝန်းအချင်းချင
မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရန်နှင့် အစိုးရအချင်းချင်း၊ စီးပွားရေးအသိုက်အဝန်းအချင်းချင်း၊ Think Tank အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေးတွေကို စတင်ပေးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေးတစ်ခုတည်းတွင် ကန့်သတ်မထားဘဲ ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် Think Tank အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်၍ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ် (Next Level of Bilateral Engagement) သို့ မြှင့်တင်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်တွင် ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။ ■ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ရေး မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရချင်း ဆက်ဆံရေးသာမက စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပြည်သူများအကြား ဆက်ဆံရေးပါ တိုးမြှင့်၍ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအတွက် အစိုးရမဟုတ်သည့် Track-II ဆွေးနွေးမှုလမ်းကြောင်းများကို ပိုမိုထိရောက်စွာ အသုံးချရန် တိုက်တွန်းခဲ့သည်။ ■ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိ၊ နှစ်နိုင်ငံကုန်သွယ်မှုကွာဟချက် လျှော့ချနိုင်ရေး မြန်မာ-မလေးရှား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဩဂုတ်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုကွာဟချက် လျှော့ချနိုင်ရေးအတွက် မြန်မာ့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် ရာဘာအပါအဝင် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ မလေးရှားဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဒီဂျစ်တယ်ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စားအုန်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှု၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ အအေးခန်းသိုလှောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Digital Payment၊ Remittance နှင့် ရေရှည်တည်တံ့သည့် ထောက်ပံ့ရေးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ ပထဝီဝင်အားသာချက်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲအသုံးချရေး လက်ရှိကမ္ဘာ့အခြေအနေတွင် ပထဝီနိုင်ငံရေး (Geopolitics) နှင့် ပထဝီစီးပွားရေး (Geoeconomics) တို့ ပိုမိုဆက်စပ်လာကြောင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အိန္ဒိယသမုဒ္ဒရာနှင့် အာဆီယံစီးပွားရေးဗဟိုဒေသကို ချိတ်ဆက်နိုင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။ ပထဝီဝင်အားသာချက်များကို အခြေခံ၍ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ■ မြန်မာ-မလေးရှား Think Tank အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မြန်မာနိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် မလေးရှားနိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (ISIS Malaysia) တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် တိုက်တွန်းခဲ့သည်။ ASEAN-ISIS နှင့် CSCAP ကွန်ရက်များမှတစ်ဆင့် ပုံမှန်ဆွေးနွေးပွဲများ၊ ပူးတွဲသုတေသနလုပ်ငန်းများ၊ Policy Dialogue များနှင့် လူငယ်ပညာရှင်၊ သုတေသီများ အပြန်အလှန်ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် နေရပ်ပြန်လည်ခေါ်ဆောင်ရေး ဆောင်ရွက်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်သွားရေး ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားများအရေးကြောင့် မလေးရှားနိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်မည် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား သတင်းအချက်အလက်မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လုံးဝလက်မခံသည့်မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများအား စိစစ်ဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။ ■ အာဆီယံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာကိစ္စများ ဆွေးနွေး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမြင်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကိစ္စများနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထိန်းသိမ်းရေးနှင့် အာဆီယံမူဘောင်အတွင်း လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများ ရှာဖွေဖော်ဆောင်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ■ သဘာဝဘေးနှင့် လူသားချင်းစာနာမှု ပူးပေါင်းရေး ၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံသားဖြစ်မှုစိစစ်ရေးဆိုင်ရာ အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်သူများအား ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ရေး နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ သံတမန်ရေးရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအကြား ဆက်လက်ထိတွေ့ဆက်ဆံ၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး သဘောထားဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံမှုမှတစ်ဆင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီအန်နဝါ ဘင် အီဘရာဟင်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး၊ က
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီအန်နဝါ ဘင် အီဘရာဟင်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မည် ကွာလာလမ်ပူ၊ အောက်တိုဘာ ၈ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ■ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံအတွက် အရေးပါသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ အာဆီယံအတွက်လည်း အရေးပါကြောင်း၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သော်လည်း ထိတွေ့ဆက်ဆံမှုများ လျော့နည်းခဲ့သဖြင့် ရှိရင်းစွဲချစ်ကြည်ရေးကို ပြန်လည်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး နှစ် ၇၀ ပြည့်မည့် ၂၀၂၈ ခုနှစ်တွင် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် သံတမန်ရေး၊ လွှတ်တော်နှင့် ကဏ္ဍစုံဆက်ဆံရေးများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း (G to G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B to B) ဆက်ဆံရေး တိုးမြှင့်ရေးနှင့် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ သံတမန်နယ်မြေတွင် မြန်မာနိုင်ငံ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် နေရာရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။ ■ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့သည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရှိရင်းစွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ■ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် နည်းပညာ ပူးပေါင်းရေး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများတွင် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ မလေးရှားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ ■ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူချင်းဆက်ဆံမှု မြှင့်တင်မည် မလေးရှားနိုင်ငံတွင် မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနပူးပေါင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ကျန်းမာရေးကဏ္ဍတွင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးအပြင် မီဒီယာကဏ္ဍ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ရန်ကုန်–ကွာလာလမ်ပူနှင့် ရန်ကုန်–ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ၊ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များကို အသုံးချ၍ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ ■ မြန်မာအလုပ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် နေရပ်ပြန်ခေါ်ဆောင်ရေး မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနှင့် လူမှုဖူလုံရေး ပိုမိုကောင်းမွန်စေရေး၊ တရားဝင်လမ်းကြောင်းမှ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေးနှင့် ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စများ ချောမွေ့စေရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆု
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား ကွာလာလမ်ပူ၊ အောက်တိုဘာ ၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထားပြောကြားခဲ့သည်များမှာ — နှစ်နိုင်ငံအကြား သမိုင်းအစဉ်အလာဆက်နွှယ်မှုကို အခြေခံ၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန်။ အာဆီယံအခြေခံမူများနှင့်အညီ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။ နှစ်နိုင်ငံ၏ အားသာချက်များကို အသုံးချ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းမှုများ တိုးမြှင့်ရန်။ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်။ မြန်မာအလုပ်သမားရေးရာ၊ ပညာရေးနှင့် ပညာတော်သင်စေလွှတ်ရေးကိစ္စများကို ဘက်ပေါင်းစုံမှ ချင့်ချိန်ညှိနှိုင်း ဆောင်ရွက်ရန်။ ပြည်သူအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေပြီး မြန်မာနိုင်ငံသားများအနေဖြင့် မိမိနိုင်ငံကို ချစ်ခင်ဂုဏ်ယူစိတ်ဖြင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားခဲ့ပါသည်။

မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ တင်ပြဆွေးနွေးခဲ့ကြသည်မှာ— ■ MMC Ports က ဆိပ်ကမ်းစီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ■ IOI Corporation Berhad က စိုက်ပျိုးရေးနှင့် စားအုန်းဆီကဏ္ဍ၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုမှ ဈေးကွက်အထိ Supply Chain ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ■ FMM က Agro-processing၊ Automation၊ Packaging၊ Cold Chain နှင့် Logistics ကဏ္ဍများတွင် ပူးပေါင်း၍ Local Assembly၊ Joint Production နှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှု တိုးမြှင့်နိုင်ရေး အခြေအနေများ ■ Revolution Technology Group က Smart Factory၊ Automation၊ Robotics နှင့် Digitalisation နည်းပညာများ အသုံးချရေးအပြင် Renewable Energy နှင့် Battery Energy Storage System (BESS) တို့ဖြင့် စက်မှုလုပ်ငန်းများ၏ စွမ်းအင်တည်ငြိမ်မှုနှင့် ထိရောက်မှု မြှင့်တင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်သုံးသပ်အမှာစကား ပြောကြားရာတွင်— ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်၍ အာမခံချက်ရှိသကဲ့သို့ စီးပွားရေးတည်ငြိမ်မှုအတွက် တည်ငြိမ်အေးချမ်းရေးကိုလည်း ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။ ■ မလေးရှားနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သံမဏိနှင့် ဘိလပ်မြေကဏ္ဍများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်ကြမ်းနှင့် မလေးရှား၏ နည်းပညာတို့ကို ပေါင်းစပ်ထုတ်လုပ်၍ မြန်မာနိုင်ငံကို အခြေပြုကာ တရုတ်၊ အိန္ဒိယအပါအဝင် ဈေးကွက်ကြီးများသို့ တိုးချဲ့နိုင်ကြောင်း။ ■ မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်သည့် အခြေအနေသို့ တိုးတက်လိုကြောင်းနှင့် ယခု Business-to-Business ဆွေးနွေးမှုမှ ထိရောက်သည့်ရလဒ်များ ရရှိခဲ့သဖြင့် နောင်တွင် ပိုမိုကျယ်ပြန့်သည့် Myanmar–Malaysia Business Forum ကို နှစ်နိုင်ငံအနက် သင့်လျော်ရာနိုင်ငံ၌ ကျင်းပသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

မြန်မာ–မလေးရှား ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင
မြန်မာ–မလေးရှား ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်မှုအထိ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ကွာလာလမ်ပူ အောက်တိုဘာ ၇ မြန်မာနိုင်ငံကို ဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုအတွက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကာ ရေရှည်အကျိုးတူပူးပေါင်းဆောင်ရွက်ကြရန် မလေးရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ - ■ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိခဲ့ကာ ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော်ရှိခဲ့ကြောင်းနှင့် မလေးရှားသည် မြန်မာနိုင်ငံတွင် နဝမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ လုပ်ငန်း ၃၂ ခု ဆောင်ရွက်လျက်ရှိကြောင်း။ ■ လယ်ယာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု ပူးပေါင်းမည် လယ်ယာ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေး မလေးရှား၏ နည်းပညာ၊ အရည်အသွေးစံနှုန်းနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို ပေါင်းစပ်ကာ Joint Venture နှင့် Business-to-Business ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည်ဖြစ်ပြီး အထူးသဖြင့် စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှု၊ Halal အစားအစာ၊ ရေထွက်ကုန်၊ ရာဘာ၊ အအေးခန်းနှင့် Logistics ကဏ္ဍများတွင် နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်အသုံးချနိုင်မည်ဖြစ်ကြောင်း။ ■ SEZ၊ MSME နှင့် ဘဏ္ဍာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များအပါအဝင် စက်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် မလေးရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး MSME များအကြား Business Matching၊ E-commerce နှင့် နည်းပညာပူးပေါင်းမှုများ တိုးမြှင့်ရေးအပြင် နှစ်နိုင်ငံဘဏ်များနှင့် FinTech ကုမ္ပဏီများ ပူးပေါင်း၍ Digital Payment၊ Remittance နှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးရေးကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ ■ AI နှင့် Digital Technology ကဏ္ဍအထိ ပူးပေါင်းမည် မလေးရှား၏ Electrical and Electronics၊ Semiconductor၊ AI နှင့် Digital Technology အတွေ့အကြုံများကို မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု၊ လုပ်သားအင်အားနှင့် ဈေးကွက်အခြေခံတို့နှင့် ပေါင်းစပ်၍ Technology Transfer၊ Technical Training နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ ■ ဒေသတွင်းဈေးကွက် ချိတ်ဆက်မှုမြှင့်တင်မည် ASEAN နှင့် RCEP မူဘောင်များကို အသုံးချ၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ကာ ဒေသတွင်း Supply Chain များနှင့် ပိုမိုချိတ်ဆက်သွားရန် ရည်ရွယ်ထားပြီး Business Dialogue နှင့် Business Matching များမှတစ်ဆင့် ဆွေးနွေးမှုများကို Investment Project၊ Joint Venture၊ Export Contract နှင့် Technology Partnership များအဖြစ် လက်တွေ့အကောင်အထည်ဖော်သွားရန်လည်း တိုက်တွန်းကြောင်း။ ■ ရေရှည်အကျိုးတူ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မည် မြန်မာနိုင်ငံ၏ သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ပထဝီအနေအထားအားသာချက်တို့ကို မလေးရှား၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့နှင့် ပေါင်းစပ်၍ “ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှု၊ ရင်းနှီးမြှုပ်နှံမှုမှ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုမှ ဒေသတွင်းဈေးကွက်ချိတ်ဆက်မှု” ဟူသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကွင်းဆက် တည်ဆောက်သွားရန်နှင့် မလေးရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံကို ရေရှည်အကျိုးတူ မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ပူးပေါင်းကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ အောက်တိုဘာ ၇ န
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ အောက်တိုဘာ ၇ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြန်မာ-မလေးရှား နှစ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့က ဦးစီးကျင်းပသည့် အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်၍ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားပါသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ အန်ဝါ အီဘရာဟင် (Dato’ Seri Anwar Ibrahim) ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ အန်ဝါ အီဘရာဟင် (Dato’ Seri Anwar Ibrahim) နှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဆွေးနွေးမည့်အကြောင်းအရာများတွင် မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့ရေးကိစ္စအပြင် အာဆီယံယန္တရားများအောက်တွင် လက်ရှိဆောင်ရွက်နေသည့် ကြိုးပမ်းမှုများကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ပါသည်။

စီးပွားရေးတိုးတက်ရေးအတွက် ထုတ်လုပ်မှုမြှင့်တင်ပြီး စားသုံးဆီဖူလုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် နိုင်ငံတော်သမ္မတ မှာကြား နေပြည်တော်၊ အောက်တိုဘာ ၅ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ပြီး ပြည်တွင်းထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် စီးပွားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲ၌ မှာကြားခဲ့ပါသည်။ လက်ရှိတွင် GDP တိုးတက်မှုမှာ ၃ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ ထုတ်လုပ်မှုအခက်အခဲများနှင့် အဖျက်လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် ပြန်လည်ပြုပြင်ရသည့် ကုန်ကျစရိတ်များက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကြောင်းလည်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ - • ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်၊ KG+9 အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တက္ကသိုလ်များတွင် ဘွဲ့လက်မှတ်ရရှိရေးထက် အမှန်တကယ် စာတတ်မြောက်ပြီး အသိပညာနှင့် ကျွမ်းကျင်မှုရရှိရေးကို ဦးစားပေးရန် • အဝေးသင်ပညာရေးကို စရိတ်သက်သာမှုကြောင့် ပိုမိုရွေးချယ်လာသော်လည်း ပညာရေးအရည်အသွေးနှင့် သင်ယူမှုထိရောက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် • ပြည်သူများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရန်၊ ပြည်သူများ ကျန်းမာရေးမကောင်းမွန်ပါက အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်သဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်ရေးမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ့ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူပြုစေရန် • ပြည်တွင်းထုတ်လုပ်မှုနှင့် အလုပ်အကိုင် တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ရရှိနိုင်သမျှ အပြည့်အဝဆောင်ရွက်ပြီး ထုတ်လုပ်မှုမှ အမြတ်အစွန်းရရှိနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားရန် • သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သူ ၃၃ သန်းခန့်ရှိသော်လည်း ပြည်တွင်း၌ အလုပ်သမားလိုအပ်ချက်များ ရှိနေသဖြင့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန် • လယ်ယာထွက်ကုန်နှင့် ဈေးကွက်ချဲ့ထွင်ရေး အတွက် ဆန်စက်များ အဆင့်မြှင့်တင်ခြင်း၊ မျိုးကောင်းမျိုးသန့်အသုံးပြုခြင်းနှင့် ပြောင်း၊ ပဲအပါအဝင် လယ်ယာထွက်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် • ရာဘာ၊ ဝါဂွမ်း၊ ကြက်သွန်၊ အာလူး၊ ငါး၊ ပုစွန်နှင့် ကော်ဖီတို့ကို ကုန်ကြမ်းအဖြစ်သာ မရောင်းချဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များ ရှာဖွေတင်ပို့ရန် • ငါးလုပ်ငန်းကဏ္ဍ တွင် လက်ရှိဖမ်းဆီးမှု ၇၀ ရာခိုင်နှုန်းနှင့် မွေးမြူမှု ၃၀ ရာခိုင်နှုန်းရှိသည့် အခြေအနေမှ ဖမ်းဆီးမှုနှင့် မွေးမြူမှု ၅၀ ရာခိုင်နှုန်းစီ ဖြစ်လာရေး ဆောင်ရွက်ရန် • စားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေး အတွက် နေကြာ၊ ဆီအုန်းနှင့် အခြားဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားသုံးဆီဖူလုံပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် သက်သာနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ရန် • စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဆီထွက်သီးနှံစိုက်ပျိုးရေးကို ပိုမိုအားစိုက်ဆောင်ရွက်ရန် • ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အရင်းအနှီးများကို ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးချရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်တွင်း၌ တိုးချဲ့လုပ်ကိုင်ရန် • ငွေရလွယ်သည့် နေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံအတွက် တန်ဖိုးရှိသဖြင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်လုပ်ကိုင်ရန် • ယခင်က အိမ်ခြံမြေကဏ္ဍအပါအဝင် အခွန်စိစစ်မှုများမှ ဝင်ငွေပြန်လည်ရရှိလာပြီး အိမ်ခြံမြေဈေးများ ကျဆင်းခဲ့သကဲ့သို့ ယခုလည်း သက်ဆိုင်ရာကဏ္ဍများကို စိစစ်ဆောင်ရွက်ရန် • အယ်လ်နီညိုအခြေအနေကြောင့် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် မြို့နယ်များရှိ နေသဖြင့် ရေချွေတာသုံးစွဲရေး၊ ဆိုလာစနစ်များ တိုးမြှင့်အသုံးပြုရေးနှင့် မြေအောက်ရေ ရယူရေးတို့ကို ဆောင်ရွက်ရန်၊ အပူရှောင်စခန်းများ ကြိုတင်ပြင်ဆင်ထားကြရန် အာလူး၊ ဘူးသီး၊ ဝဥ၊ ကျောက်ဖရုံသီးနှင့် ကြက်သွန်ကဲ့သို့ တာရှည်ခံသီးနှံများကို အရှိန်မြှင့်ထုတ်လုပ်ပြီး အစားအစာ မပြတ်လပ်ရေး အလေးထား ဆောင်ရွက်ရန် ထိုမှသာ ရေ နှင့် စားရေရိက္ခာပြတ်လတ်မှုမကြုံဘဲ အယ်နီညိုကို ကျော်လွှားနိုင်မှာဖြစ်ပါကြောင်း အလေးအနက်ထား မှာကြားခဲ့ပါသည်။

အခွန်တိုးကောက်ခြင်းထက် ကောက်ခံရမည့်အခွန်များ အပြည့်အဝရရှိရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတပြောကြား နေပြည်တော်၊ အောက်တိုဘာ ၅ နိုင်ငံတော်၏ အခွန်အခများ ပိုမိုရရှိစေရေးအတွက် အခွန်ငွေတိုးမြှင့်ကောက်ခံခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို မှန်မှန်ကန်ကန် အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် ဘဏ္ဍာငွေသုံးစွဲရာတွင် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိစေရေးနှင့် မကုန်သင့်သည့်နေရာများတွင် အပိုသုံးစွဲမှုမဖြစ်စေရေး စနစ်တကျစိစစ်ရန်လည်း မှာကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ - • ဖြည့်စွက်ခွင့်ပြုငွေများကို မူလခွင့်ပြုငွေဖြင့် မလုံလောက်သည့် မဖြစ်မနေဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းများအတွက်သာ စိစစ်ခွင့်ပြုပေးခြင်းဖြစ်ပြီး အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်၊ • ဖြည့်စွက်ခွင့်ပြုငွေကို သုံးစွဲနိုင်မည့်ကာလမှာ (၄) လခန့်သာရှိသဖြင့် သက်ဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန်၊ • နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် Agro-based Industries များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ • လယ်ယာထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ MSME လုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်အောင် ဆောင်ရွက်ကြရန်၊ • စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ထုတ်လုပ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းတင်ပို့နိုင်ရေး ကြိုးပမ်းကြရန်၊ • ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်ရေးတွင် လူသားအရင်းအမြစ်သည် အဓိကကျသဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို ဘက်စုံမြှင့်တင်ကြရန်၊ • “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် ခံယူချက်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့်မူဝါဒများဖြင့် အကောင်အထည်ဖော်ကြရန်၊ • ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများအတွက် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို စနစ်တကျ၊ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်၊ • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားသည့် လုပ်ငန်းများကို အချိန်မဆွဲဘဲ အမြန်အကောင်အထည်ဖော်၍ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝင်ငွေတိုးတက်ရေးအတွက် သတ်မှတ်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်။ • နိုင်ငံတော်၏ အခွန်ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွန်နှုန်းထားတိုးမြှင့်ခြင်းထက် အမှန်တကယ်ကောက်ခံရရှိရမည့် အခွန်ငွေများကို အပြည့်အဝ၊ မှန်မှန်ကန်ကန် ကောက်ခံရရှိအောင် ဆောင်ရွက်ကြရန်၊ • တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မိမိတို့ဒေသ၏ အားသာချက်များကို အသုံးချ၍ ကုန်ထုတ်လုပ်ငန်းများ ပုံမှန်တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ • နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့် သုံးစွဲမှုများဖြစ်စေရေးနှင့် မကုန်သင့်သည့်နေရာများတွင် အပိုသုံးစွဲမှုမရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်ကြရန်၊ • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီပေါင်းစပ်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန်၊ • လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးကဏ္ဍဖြစ်သဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ • ရငွေများကို လျာထားချက်အတိုင်း အပြည့်အဝကောက်ခံရရှိရေးနှင့် ခွင့်ပြုပေးထားသည့် အသုံးစရိတ်များ၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်ဝစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန်၊ • လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပြီး ဘဏ္ဍာငွေသုံးစွဲမှုများကို စနစ်တကျ စာရင်းစစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ကြရန်၊ • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျ၊ အကျိုးရှိရှိ၊ ထိထိရောက်ရောက် သုံးစွဲပြီး ပိုလျှံငွေအများအပြား ပြန်လည်အပ်နှံရမှု မဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်း၊ ထပ်မံထောက်ပံ့ပေးရမည့် ဘဏ္ဍာငွေများနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုခဲ့ပြီး ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ယနေ့ ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည် ရန်ကုန်၊ အောက်တိုဘာ ၄
+3
မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ယနေ့ ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည် ရန်ကုန်၊ အောက်တိုဘာ ၄ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး လေယာဉ်စရိတ် မတတ်နိုင်သည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တို့ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကာ ပြည်ပရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ၊ ဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ နှစ်နိုင်ငံအစိုးရများအကြား ညှိနှိုင်းကာ လူသားချင်းစာနာထောက်ထားမှုအရ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ ၈,၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအနက် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ စုစုပေါင်း ၁,၉၀၅ ဦးကို တပ်မတော်လေယာဉ်၊ စင်ကာပူလေယာဉ်၊ ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် AirAsia လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။ အိန္ဒိယရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့တွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပါသည်။ တစ်ဖက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူပွဲစားများ၏ မဟုတ်မမှန် ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာခြင်းကို ရှောင်ကြဉ်ရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုကြရန် နှိုးဆော်တိုက်တွန်းလိုပါသည်။ နောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ပြီး မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။

မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်သို့ စတင်ဝင်ရောက်လာ ရန်ကုန်၊ အောက်တိုဘာ ၁ မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် နေရပ်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယခုအခါ မြန်မာ့ရေပိုင်နက်ထဲသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါသည်။ အဆိုပါ မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်ရေယာဉ် သုံးစီးသည် စက်တင်ဘာ ၂၈ ရက် မလေးရှားစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် မလေးရှားနိုင်ငံ Lumut Naval Base သို့ ဆိုက်ကပ်ရောက်ရှိခဲ့ပါသည်။ ရေယာဉ်များ ရောက်ရှိချိန်တွင် မလေးရှားနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ညီညီဦး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊ လေ) မှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာစခန်းတာဝန်ခံများက ကြိုဆိုခဲ့ကြပါသည်။ စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှစတင်၍ သံရုံးတာဝန်ရှိသူများသည် နေရပ်ပြန်မြန်မာနိုင်ငံသားများအား ခေတ္တထားရှိသည့် Stadium Manjung သို့ သွားရောက်ကာ လူဦးရေစစ်ဆေးခြင်းနှင့် ၎င်းတို့သယ်ဆောင်မည့် ပစ္စည်းများကို စခန်းအလိုက် စာရင်းပြုစုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် နံနက် ၈ နာရီ ၁၀ မိနစ်မှစတင်ကာ မြန်မာနိုင်ငံသားများကို ဘတ်စ်ကား ၄၄ စီးဖြင့် အသုတ် ၁၀ သုတ်ခွဲ၍ ရှေ့ပြေးယာဉ်တန်းများဖြင့် Lumut Naval Base သို့ ပို့ဆောင်ခဲ့ပြီး တပ်မတော်ရေယာဉ် မုတ္တမနှင့် သံလွင်တို့ပေါ်တွင် နေရာချထားခဲ့ရာ မွန်းလွဲ ၃ နာရီတွင် အားလုံးပြီးစီးခဲ့ပါသည်။ တပ်မတော်ရေယာဉ် မုတ္တမတွင် မြန်မာနိုင်ငံသား ၁,၁၃၂ ဦးနှင့် သံလွင်တွင် ၃၄၄ ဦး၊ စုစုပေါင်း ၁,၄၇၆ ဦး လိုက်ပါခဲ့ပြီး ယင်းတို့အနက် အမျိုးသား ၁,၃၉၀ ဦးနှင့် အမျိုးသမီး ၈၆ ဦး ပါဝင်ပါသည်။ မြန်မာနိုင်ငံသားများကို တင်ဆောင်ထားသည့် တပ်မတော်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၄ နာရီခွဲတွင် Lumut ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာခဲ့ရာ မလေးရှားတပ်မတော်ရေယာဉ် နှစ်စီးက ပင်လယ်ဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသား ၁,၄၇၆ ဦးသည် ယခုအခါ တပ်မတော်ရေယာဉ်များဖြင့် မြန်မာ့ရေပိုင်နက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အမှတ်(၃) ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ရောက်ရှိချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက လွှဲပြောင်းလက်ခံကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

■ ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြု နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ■ “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” နိဂုံးချုပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ပါသည်။

နိုင်ငံတော်နှင့် ပြည်သူ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း၊ နိုင်ငံဖြတ်ကျော်မှုခင်
နိုင်ငံတော်နှင့် ပြည်သူ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း၊ နိုင်ငံဖြတ်ကျော်မှုခင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးမှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရန် မှာကြား နေပြည်တော်၊ အောက်တိုဘာ ၁ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ ယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား တွင် အမှာစကားပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ■ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် မှာကြားခဲ့ပါသည်။ ■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတားဆီးရန် Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပိုမိုရှုပ်ထွေးလာသဖြင့် နည်းပညာစွမ်းရည်နှင့် မှုခင်းသတင်းအချက်အလက် စုဆောင်းသုံးသပ်မှု မြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှု ၇၀၄ မှု၊ ငွေကြေးခဝါချမှု ၄ မှု၊ လူကုန်ကူးမှု ၄၁ မှု၊ လက်နက်မှောင်ခိုမှု ၅ မှုနှင့် ဆိုက်ဘာမှုခင်း ၃၁၂ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ■ အွန်လိုင်းလိမ်လည်မှုများကို Zero Tolerance ဖြင့် နှိမ်နင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့် နှိမ်နင်းနေပြီး ၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော KK Park ရှိ အဆောက်အအုံ ၆၃၅ လုံးနှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ အွန်လိုင်း လိမ်လည်မှုနှင့် ဆက်စပ်သည့်နိုင်ငံခြားသား ၇၃,၂၅၈ ဦး ကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ■ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆက်လက်အရှိန်မြှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့သည့်အပြင် “Operation 42” ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ ကျပ် ၂,၂၀၉ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ ပြည်သူဗဟိုပြုရဲလုပ်ငန်းနှင့် Digital Policing မြှင့်တင်ရန် ပြည်သူများ၏ တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပြီး လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကာ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် မြှင့်တင်ရန် မှာကြားခဲ့ပါသည်။ ထို့ပြင် Digital Policing၊ Police Technology၊ Forensic Science နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ကို ထိရောက်စွာ အသုံးချ၍ အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ■ ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြု နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ■ “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” နိဂုံးချုပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ အား