Our President 🇲🇲
Open in Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Show moreThe country is not specifiedThe category is not specified
216
Subscribers
No data24 hours
-17 days
-230 days
Posts Archive
+4
အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
===================
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဇူလိုင်လ ၂၁ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့်လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် နိုင်ငံ၏အနာဂတ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
+3
မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြိုအခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတိုကို ဆွေးနွေးခဲ့ကြသည်။
ထိုပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတိုသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
#HOS
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
#HOS
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်
President U Min Aung Hlaing accepted the Credentials from newly accredited Ambassador Extraordinary and Plenipotentiary of the Republic of Kazakhstan H.E Mr Margulan Baimukhan to the Republic of the Union of Myanmar at the Presidential Reception Hall in Nay Pyi Taw, on July 22.
#PPIB
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ် သည့် မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
ဥပဒေကဲ့သိုအာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၏ ကြေညာချက်
Repost from Dr Khaing Khaing Soe
ရန်ကုန်၊ ပဲခူးတိုင်းတို့၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား
နိုင်ငံတော်သမ္မတသည် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ရက်(၁၀၀)စီမံချက်အကောင်အထည်ဖော်ရာ၌ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေးနှင့် မြို့ပြစီမံခန့်ခွဲမှုတို့ကို အလေးထားဆောင်ရွက်ရန် အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
၁။ ရန်ကုန်နှင့် ပဲခူးတိုင်းသည် နိုင်ငံ၏ အဓိကစီးပွားရေးအင်အားစုများဖြစ်သဖြင့် ဆန်၊ ဆီ၊ ပဲ စားနပ်ရိက္ခာဖူလုံမှုကို တိုးမြှင့်ရန်။
၂။ ထုတ်လုပ်မှုပမာဏထက် အရည်အသွေးကို ပိုမိုအလေးထားပြီး Human Resources နှင့် နည်းပညာဖွံ့ဖြိုးရေးကို အရှိန်မြှင့်ရန်။
၃။ Demand–Supply မျှတရေး ဆောင်ရွက်၍ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချကာ ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရန်။
၄။ GDP၊ ထုတ်လုပ်မှုနှင့် စားသုံးမှုဆိုင်ရာ စာရင်းဇယားများ မှန်ကန်တိကျစွာ ကောက်ယူအသုံးပြုရန်။
၅။ ရန်ကုန်တိုင်း၏ ဆန်နှင့် စားသုံးဆီဆိုင်ရာ အချက်အလက်များ ကို စိစစ်၍ အမှန်တကယ်ဖူလုံမှုကို တိတိကျကျသိရှိနိုင်ရန်။
၆။ စားသုံးဆီစားသုံးမှု လျှော့ချရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအလေ့အထများ မြှင့်တင်ရန်။
၇။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ အားကစားနှင့် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်။
၈။ ကလေးများ ခန္တာကိုယ်သေးငယ်ခြင်းနှင့် ပုညှက်ခြင်း၊ အားကစားသမားများ နိုင်ငံခြားပြိုင်ပွဲတွင် မယှဉ်နိုင်ခြင်းတို့သည် အာဟာရနှင့် သက်ဆိုင်သဖြင့် ကျောင်းကျန်းမာရေး၊ အာဟာရနှင့် ကလေးဖွံ့ဖြိုးရေးကို အထူးဂရုပြု၍ စံချိန်စံညွှန်းပြည့်မီသော ကျောင်းများနှင့် အားကစားကွင်းများ ဖော်ဆောင်ရန်။
၉။ မြေယာအသုံးချမှုကို စနစ်တကျစီမံပြီး အကျိုးရှိစွာအသုံးပြုရန်၊ မြေယာအမြတ်ထုတ်ရောင်းချမှု မဖြစ်စေရန်။
၁၀။ လမ်း၊ ဓာတ်တိုင်နှင့် မြို့ပြအခြေခံအဆောက်အအုံများကို ရေရှည်စီမံကိန်းဖြင့် စနစ်တကျ အကောင်အထည်ဖော်ရန်။
၁၁။ စက်မှုဇုန်၊ ခရီးသွားလုပ်ငန်းနှင့် ပဲခူးတိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။
၁၂။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ရေမြောင်းစနစ်များကို စနစ်တကျထိန်းသိမ်းပြီး မြို့ပြပတ်ဝန်းကျင်ကောင်းမွန်ရေး ဆောင်ရွက်ရန်။
၁၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လူဦးရေနှင့် စားသုံးမှုလိုအပ်ချက်ပေါ်မူတည်၍ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန်။
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရ အဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား သည်။
#PPIB
#Our
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို နွေးထွေးဖော်ရွေစွာ တွေ့ဆုံနှုတ်ဆက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်လာကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်များ၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့၏ မိသားစုဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
#Our
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြု
#Our
စုစည်းညီညွတ်သည့်တိုင်းပြည်ဖြစ်ရန် အားလုံးညီညွတ်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ရန်လိုဟု နိုင်ငံတော်သမ္မတ ပြောကြား
ရန်ကုန်၊ ဇူလိုင် ၁၉
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၉ ရက်တွင် ကျင်းပသည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား တွေ့ဆုံစဉ် စုစည်းညီညွတ်သည့် တိုင်းပြည်တစ်ခုဖြစ်စေရေးအတွက် အားလုံးညီညွတ်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ နိုင်ငံတည်ဆောက်ရေး မျှော်မှန်းချက်များ၊ စည်းလုံးညီညွတ်သည့် တိုင်းပြည်တစ်ခု တည်ဆောက်ခဲ့ပုံများကို အမြဲလေ့လာ၍ တန်ဖိုးထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် “စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့ အားလုံးက ညီညွတ်ဖို့လိုတယ်။ ညီညွတ်ရုံနဲ့ မရသေးဘူး။ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်” ဟု ပြောကြားခဲ့ပြီး နိုင်ငံအတွင်း စည်းကမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
#Our
Repost from PPIB.Official
(၇၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးမှ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ဖြေကြားချက်
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား နွေးထွေးဖော်ရွေစွာ တွေ့ဆုံနှုတ်ဆက်
