Our President 🇲🇲
Kanalga Telegram’da o‘tish
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
216
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-230 kun
Postlar arxiv
+9
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့် ရောင်တော်ဖွင့် ဆေးသင်္ကန်း ကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၃)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။
#HOS
+9
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၂၄
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့် ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည်ညိုသည်။
#PPIB
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် - ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၆ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတို တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
#PPIB
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၉-၇-၂၀၂၆ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုခြင်းနှင့် ပစ္စက္ခကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများ ဖြေကြားချက်မှ ကောက်နုတ်ချက်
စုစည်းညီညွတ်သည့် တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စုစည်းညီညွတ်သည့် တိုင်းပြည်တစ်ခုဖြစ်ရန် အားလုံးညီညွတ်ရန်လိုကြောင်း၊ တိုင်းပြည်အတွက် အလုပ်လုပ်ရန်နှင့် စည်းကမ်းရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်ဖြင့် စွမ်းအားရှိသမျှ အလုပ်လုပ်ဆောင်ပါက မြန်မာနိုင်ငံ တိုးတက်မလာစရာ အကြောင်းမရှိကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအားလုံးတွင် စွမ်းအားရှိပြီး မိမိတို့၏စွမ်းအားကို ထိရောက်စွာအသုံးချနိုင်ရန်သာ လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုပြီးနောက် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
#Our
+1
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ဒီမိုကရေစီနည်းလမ်းဖြင့် ဖြေရှင်းရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံရေးအရ ဖြစ်ပေါ်ခဲ့သည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ်ထားသည့် ရွေးကောက်ခံအစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
#SN
Repost from Dr Khaing Khaing Soe
+2
Press Statement on the ASEAN Five-Point Statement, known as the ASEAN Five-Point Consensus
Repost from Dr Khaing Khaing Soe
+2
အာဆီယံတူညီဆန္ဒ (၅)ရပ်ဟုဆိုသော အာဆီယံထုတ်ပြန်ချက် (၅)ရပ်နှင့် စပ်လျဉ်းသည့်သတင်းထုတ်ပြန်ချက်
Repost from Dr Khaing Khaing Soe
+3
မြန်မာနိုင်ငံတော်သမ္မတထံ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ငုယင်အန်းဒပ်က ယနေ့တွင် သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုမီ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ်သည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော် ဂုဏ်ပြုဆောင်ခန်းမသို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအလံတို့အား အလေးပြုခဲ့သည်။
ယင်းနောက် သံအမတ်ကြီးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
+4
အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
===================
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဇူလိုင်လ ၂၁ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့်လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် နိုင်ငံ၏အနာဂတ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
+3
မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြိုအခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတိုကို ဆွေးနွေးခဲ့ကြသည်။
ထိုပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတိုသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
#HOS
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် H.E. Mr. Margulan Baimukhan က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
#HOS
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်
President U Min Aung Hlaing accepted the Credentials from newly accredited Ambassador Extraordinary and Plenipotentiary of the Republic of Kazakhstan H.E Mr Margulan Baimukhan to the Republic of the Union of Myanmar at the Presidential Reception Hall in Nay Pyi Taw, on July 22.
#PPIB
Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ် သည့် မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
ဥပဒေကဲ့သိုအာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၏ ကြေညာချက်
Repost from Dr Khaing Khaing Soe
ရန်ကုန်၊ ပဲခူးတိုင်းတို့၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား
နိုင်ငံတော်သမ္မတသည် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ရက်(၁၀၀)စီမံချက်အကောင်အထည်ဖော်ရာ၌ စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေးနှင့် မြို့ပြစီမံခန့်ခွဲမှုတို့ကို အလေးထားဆောင်ရွက်ရန် အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
၁။ ရန်ကုန်နှင့် ပဲခူးတိုင်းသည် နိုင်ငံ၏ အဓိကစီးပွားရေးအင်အားစုများဖြစ်သဖြင့် ဆန်၊ ဆီ၊ ပဲ စားနပ်ရိက္ခာဖူလုံမှုကို တိုးမြှင့်ရန်။
၂။ ထုတ်လုပ်မှုပမာဏထက် အရည်အသွေးကို ပိုမိုအလေးထားပြီး Human Resources နှင့် နည်းပညာဖွံ့ဖြိုးရေးကို အရှိန်မြှင့်ရန်။
၃။ Demand–Supply မျှတရေး ဆောင်ရွက်၍ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချကာ ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရန်။
၄။ GDP၊ ထုတ်လုပ်မှုနှင့် စားသုံးမှုဆိုင်ရာ စာရင်းဇယားများ မှန်ကန်တိကျစွာ ကောက်ယူအသုံးပြုရန်။
၅။ ရန်ကုန်တိုင်း၏ ဆန်နှင့် စားသုံးဆီဆိုင်ရာ အချက်အလက်များ ကို စိစစ်၍ အမှန်တကယ်ဖူလုံမှုကို တိတိကျကျသိရှိနိုင်ရန်။
၆။ စားသုံးဆီစားသုံးမှု လျှော့ချရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးမှုအလေ့အထများ မြှင့်တင်ရန်။
၇။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ အားကစားနှင့် စာကြည့်တိုက်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်။
၈။ ကလေးများ ခန္တာကိုယ်သေးငယ်ခြင်းနှင့် ပုညှက်ခြင်း၊ အားကစားသမားများ နိုင်ငံခြားပြိုင်ပွဲတွင် မယှဉ်နိုင်ခြင်းတို့သည် အာဟာရနှင့် သက်ဆိုင်သဖြင့် ကျောင်းကျန်းမာရေး၊ အာဟာရနှင့် ကလေးဖွံ့ဖြိုးရေးကို အထူးဂရုပြု၍ စံချိန်စံညွှန်းပြည့်မီသော ကျောင်းများနှင့် အားကစားကွင်းများ ဖော်ဆောင်ရန်။
၉။ မြေယာအသုံးချမှုကို စနစ်တကျစီမံပြီး အကျိုးရှိစွာအသုံးပြုရန်၊ မြေယာအမြတ်ထုတ်ရောင်းချမှု မဖြစ်စေရန်။
၁၀။ လမ်း၊ ဓာတ်တိုင်နှင့် မြို့ပြအခြေခံအဆောက်အအုံများကို ရေရှည်စီမံကိန်းဖြင့် စနစ်တကျ အကောင်အထည်ဖော်ရန်။
၁၁။ စက်မှုဇုန်၊ ခရီးသွားလုပ်ငန်းနှင့် ပဲခူးတိုင်း၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရန်။
၁၂။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ရေမြောင်းစနစ်များကို စနစ်တကျထိန်းသိမ်းပြီး မြို့ပြပတ်ဝန်းကျင်ကောင်းမွန်ရေး ဆောင်ရွက်ရန်။
၁၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လူဦးရေနှင့် စားသုံးမှုလိုအပ်ချက်ပေါ်မူတည်၍ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန်။
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား
အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မှသာလျင် ဖွံဖြိုးတိုးတက်ကောင်းမွန်သည့်အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်
နေပြည်တော်၊ ဇူလိုင် - ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရ အဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား သည်။
#PPIB
#Our
