ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 555 名订阅者,在 新闻与媒体 类别中位列第 16 071,并在 缅甸 地区排名第 10 062

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 555 名订阅者。

根据 16 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -270,过去 24 小时变化为 -12,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.40%。内容发布后 24 小时内通常能获得 9.94% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 929 次浏览,首日通常累积 1 248 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 17

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 17 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 555
订阅者
-1224 小时
-597
-27030
帖子存档
အိုမန်ကမ်းလွန်တွင် Marivex သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယသင်္ဘောသား ၂၄ ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရ အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ သင်္ဘောသားများသည် ပင်လယ်ပြင်တွင် အသက်ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ကြရပြီးနောက် ပျက်စီးသွားသော အဆိုပါသင်္ဘောပေါ်မှ ၎င်းတို့အား (ရဟတ်ယာဉ်ဖြင့်) မတင်ကယ်ဆယ်နေသည်ကို မြင်တွေ့ရသည်။ NOM

တရုတ်-မြောက်ကိုရီးယားချစ်ကြည်ရေးသည် ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင် ထပ်လောင်းအတည်ပြု — ဆင်ဟွာ ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအွန်တို့က နိုင်ငံရေးအရ ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းမောင်သန် လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြသည်။ NOM

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူအား ဖော်ထုတ်အရေးယူ ဇွန် ၈၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Nang Akari” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညောင်ဖြူစခန်းရပ်ကွက်၊ စဝ်စံထွန်းဈေး (အောက်ဘက်)တေဇလမ်းနေ ဧကရီကျော် (ခ) နန်းဧကရီကျော် အား ည ၁၀ နာရီ ၄၀ မိနစ်တွင် တောင်ကြီးနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NO
+1
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဇွန် ၈၊ ၂၀၂၆ ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ လမ်းဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားရှိ မဏိပူရမြစ်အား ဖြတ်သန်း၍ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့သို့ ဆက်သွယ်ထားသည့် "မံဆောင်" သံကူကွန်ကရစ်တံတားအသစ်အား ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီအချိန်၌ အကြမ်းဖက် အဖွဲ့ (စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အဆိုပါတံတား၏ ရေလယ်တိုင်အမှတ် P1 ရှိ တိုင် နှစ်လုံးတွင် အောက်ခြေပိုင်းပျက်စီးသွားခဲ့ပြီး လူနှင့် မော်တော်ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင် ကြောင်းနှင့် မော်တော်ယာဉ်များမှာ အနီးရှိ တံတားအဟောင်းမှ ဖြတ်သွားလာလျက်ရှိကြောင်းသိရသည်။ NOM

ဇေကမ္ဘာစက်မှုဇုန်အတွင်း ဓာတုပစွည်းများသိုလောင်ထားသည့် ဂိုဒေါင်တစ်လုံး Level 1အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇွန်၈၊၂၀၂၆ ရန်ကုန်တ
ဇေကမ္ဘာစက်မှုဇုန်အတွင်း ဓာတုပစွည်းများသိုလောင်ထားသည့် ဂိုဒေါင်တစ်လုံး Level 1အဆင့်မီးလောင်မှုဖြစ်ပွား NOM၊ဇွန်၈၊၂၀၂၆ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်မှုဇုန်အတွင်းယနေ့ (ဇွန်၈ရက်) နံနက် ၉နာရီ၂၂မိနစ်က ဓာတုပစွည်းများသိုလောင်ထားသည့် ဂိုဒေါင်တစ်လုံး Level 1အဆင့်မီး လောင်မှုဖြစ်ပွါးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ ဇေကမ္ဘာစက်မှုဇုန်အတွင်းရှိ ဓာတုပသ္စည်းများထားရှိသည့်ဂိုဒေါင်တွင် မီးခိုငွေ့များထွက်လာသည့်အတွက် မီးသတ်တပ်ဖွဲ့မှအချိန်မီသွားရောက်ပြီးငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်အုပ်စုများ၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် လူမှုကူညီရေးအသင်းများမှသွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်၁၀နာရီ ၂၉မိနစ်တွင် မီးငြိမ်းကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး NOM၊ဇွန်၈၊၂၀၂၆ ရှမ်းပြည်နယ
တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး NOM၊ဇွန်၈၊၂၀၂၆ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ရပ်ကွက်(၆)အုပ်စု(၅)တွင် ယနေ့(ဇွန်၈ရက်)နံနက် ၇နာရီ ၃၀မိနစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည့်ဟုတန့်ယန်း အရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲရာ နေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ မြေထိန်းနံရံပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အသက်၄၉နှစ်အရွယ်အမျိုးသမီးပေါ်သို့ပိမီပြီးနေရာတွင်သေဆုံးသွားခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအမျိုးသမီးအား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်တွင်ပြင်းထန်သောငလျင်ကြီးလှုတ် NOM ယနေ့နံနက်ဒေသစံတော်ချိန်နံနက်၇း၄၀နာရီတွင်ဖိလစ်ပိုင်န်ုင်ငံမင်ဒါနာအိုကျွန်းကိုဗဟိုပြုပြီးပြင်းအား၈.၂မဂ္ဂနီကျုရှိငလျင်ကြီးလှုတ်ခတ်သဖြင့်အဆောက်အဦးများပြိုကျပြီးဖိလစ်ပ်ုင်၊အင်ဒိုနီးရှားနှင့်ဂျပန်တွင်ဆူနာမီသတိပေးချက်များထုတ်ပြန်ထားသည်။

ဒိုမီနီကန်တွင်လေယာဉ်မီးလောင် NOM ဒိုမီနီကန်နိုင်ငံလာရာမန်နာလေဆိပ်တွင်လေယာဉ်တစ်စီးတင်းသက်စဉ်မီးလောင်ပေါက်ကွဲခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာ NOM၊ဇွန်၇၊၂၀၂၆ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်သည် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ မြင့်တက်ခဲ့ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၆ ပေကျော် လိုအပ်နေသေးကြောင်း သိရသည်။ ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေသည် ဇွန် ၆ ရက်နောက်ပိုင်းမှစတင်၍ သိသိသာသာမြင့်တက်လာကြောင်းနှင့် ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ယခုမိုးရာသီ၏ ပထမဆုံး အမြင့်ဆုံးရေစီးဆင်းမှုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် မိုးဇလက ပဲခူးတိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ်ထိန်
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ ဇွန် ၇၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားနှစ်ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၄၇၀၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၈၂ ဦးတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၅၂၀ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟစ်ဇဘိုလာအဖွဲ့သည် နာဘာတီးယား (Nabatieh) ကောင်းကင်ယံရှိ အစ္စရေး တိုက်လေယာဉ်တစ်စင်းအား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာအဆိုပါ တိုက်လေယာဉ်မှာ မီးကျည်များ ထုတ်လွှတ်ပြီး လက်ဘနွန် လေပိုင်နက်အတွင်းမှ ဆုတ်ခွာသွားခဲ့ရသည်။ NOM

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦး‌ေသဆုံး NOM၊ဇွန်၇၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်ပွားတစ်ဦး‌ေသဆုံး NOM၊ဇွန်၇၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် ဇွန်၇ရက်ည‌ေန၄နာရီ၅၀မီနစ်ခန့်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့‌ေကြာင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး‌ သေဆုံးပြီး ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်က္ကလာပဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့‌ေကြာင်းသိရသည်။

ယနေ့နံနက်ပိုင်းမှစ၍ ငါးကြိမ်မြောက်အဖြစ် အာဘီလ် (Erbil) မြို့ရှိ အီရန်-ကုဒ် အကြမ်းဖက်ပါတီများ (အမေရိကန်က ငွေကြေးထောက်ပံ့ထားသော အကြမ်းဖက်သမားများ) ၏ ဌာနချုပ်များကို အီရန်ကဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ NOM

နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနို
နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် ဖိတ်ခေါ်ခြင်း

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဂျက်လေယာဉ်ဆီစျေးနှုန်းများ မြင့်တက်လာခြင်းသည် လေကြောင်းလိုင်းများကို ဒေဝါလီခံရမည့်အခြေအနေသို့ တွန်းပို့နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ၏ အကြီးအကဲဖြစ်သူ ဝီလီဝေါ့ရှ် (Willie Walsh) က သတိပေးလိုက်သည်။ အသေးစားနှင့် ဘဏ္ဍာရေးအခြေအနေအားနည်းသော လေကြောင်းလိုင်းများသည် အကြီးမားဆုံးသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး အချို့မှာ စျေးကွက်အတွင်းမှ ထွက်ခွာသွားရနိုင်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိုမိုကြီးမားသော ပြိုင်ဘက်လေကြောင်းလိုင်းများက ဝါးမြိုသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် မြင့်တက်လာသော စက်သုံးဆီကုန်ကျစရိတ်များကို ကာမိစေရန်အတွက် လေကြောင်းလိုင်းများသည် အမြတ်မကျန်သော ခရီးစဉ်လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် လေယာဉ်လက်မှတ်စျေးနှုန်းများကို မြင့်မားစွာ ဆက်လက်ထိန်းသိမ်းထားရန် ဖိအားပေးခံရလိမ့်မည်ဖြစ်ကြောင်း ဝေါ့ရှ်က ထောက်ပြခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ NOM

အီရန်နိုင်ငံ၏ ဟော်မုဇ်ရေလက်ကြား အသုံးပြုခ ဝန်ဆောင်မှုကြေးများကို ယခုအခါ စတင်ကောက်ခံနေပြီဖြစ်သည်။ ရေယာဉ်တစ်စီးလျှင် ဖြတ်သန်းခ
အီရန်နိုင်ငံ၏ ဟော်မုဇ်ရေလက်ကြား အသုံးပြုခ ဝန်ဆောင်မှုကြေးများကို ယခုအခါ စတင်ကောက်ခံနေပြီဖြစ်သည်။ ရေယာဉ်တစ်စီးလျှင် ဖြတ်သန်းခ အမေရိကန်ဒေါ်လာ ၁.၅ သန်းမှ ၂ သန်းအထိ ပျမ်းမျှကျသင့်မည်ဖြစ်သည်။ ပေးချေမှုပုံစံများတွင် ငွေသား၊ USDT (Tether)၊ ကုန်စည် သို့မဟုတ် အလဲအလှ်စနစ် (Barter) (သင်္ဘောများမှ ငွေအစား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဖြင့် ပေးချေခြင်းကို ကျသင့်ငွေထဲမှ ပြန်နုတ်ခြင်း) တို့ ပါဝင်ကြောင်း Fars သတင်းဌာနက ဖော်ပြသည်။ NOM

+1
ဂျပန်နိုင်ငံ၏ လှုပ်ရှားမှုအအရှိဆုံး ဆာကူရာဂျီးမား (Sakurajima) မီးတောင် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ကာဂိုရှီးမား (Kagoshima) မြို့တစ်ခွင်တွင် မီးတောင်ပြာများ ဖုံးလွှမ်းသွားခဲ့ပြီး မြို့တွင်း မြင်ကွင်း ကြည့်ရှုနိုင်စွမ်းကို လျော့ကျသွားစေခဲ့သည်။ NOM

ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိအထက (ကျော) ကျောင်းဝန်းအတွင် ၍ ကျောင်းအကျိုးပြုဆောင်ရွက်နေသူများကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သဖြ
ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိအထက (ကျော) ကျောင်းဝန်းအတွင် ၍ ကျောင်းအကျိုးပြုဆောင်ရွက်နေသူများကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားတစ်ဦးပြင်းထန်ရရှိ NOM ဇွန် ၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့ရှိအထက (ကျော) ကျောင်းဝန်းအတွင် ယမန်နေ့(ဇွန် ၆ ရက်) နံနက် ၉ နာရီ ၂၆ မိနစ်ခန့်ကကျောင်းသားများစုပေါင်း၍ ကျောင်းအကျိုးပြုဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဂန့်ဂေါခရိုင် ကျောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျော)၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် လူမှုဝန်ထမ်းပြုလုပ်နေသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အဆိုပါကျောင်း၏ အရှေ့တောင်ဘက် မီတာ ၂၂၀ ခန့်အကွာရှိ ရထားသံလမ်းလမ်းဆုံမှ အကြမ်းဖက်သမားများကလက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ပစ်ခက်မှုများကြောင့်အထက(ကျော)မှမောင်ဝေယံဖြိုး (၁၈)နှစ်၊ (G-11) (ဘ)ဦးထွန်းထွန်းလင်းတွင် ဝဲဘက်နောက်ကျောမှ ယာရင်ဘက်သို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ သွေးထွက်လွန် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ကျောမြို့ဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိ ကြောင်းသိရသည်။ NOM

မောရဝတီရေတပ်စခန်းဌာနချုပ်မှ လက်နက်ကြီးများလေ့ကျင့် ပစ်ခတ်ရန် စီစဉ်ထားသဖြင့်နှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊သဗ္ဗာန်များသက်မှတ်ဧရိယာအတွင်းဝင်ရောက်မှုမရှိစေရေး သက်ဆိုင်ဖွဲ့များထံသို့စာများပေး NOM၊ဇွန်၇၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သံလွင်မြစ်ကြောင်းအတွင်း၊ ကော့လိုက် ကျွန်းအနီး မောရဝတီရေတပ်စခန်းဌာနချုပ်မှလက်နက် ကြီးများလေ့ကျင့်ပစ်ခတ်ရန် စီစဉ်ထားသဖြင့် ဇွန်၁၀ရက်နေ့တွင်လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ/သဗ္ဗာန်များသက်မှတ်ဧရိယာအတွင်းဝင်ရောက်မှုမရှိစေရေး သက်ဆိုင်အဖွဲ့များထံသို့စာများပေးပို့ထားသည့်ဟု စစ်ရေယာဉ်မှူး မြစ်တွင်းတိုက်ရေယာဉ်(၃၀၃) မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆) စစ်ရေယာဉ်စု၊ ကွပ်ကဲမှုအောက် သံလွင်မြစ်ကြောင်းအတွင်း စစ်ဆင်ရေး၊ လုံခြုံရေးနှင့် မြစ်ကြောင်း ပိတ်ဆို့ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော မြစ်တွင်းတိုက်ရေယာဉ်(၃၀၃) သည် ဇွန်လ ၁ဝ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊သံလွင်မြစ်ကြောင်းအတွင်း၊ ကော့လိုက် ကျွန်းအနီး မြောက်လက်တီတွဒ် ၁၆ ဒီဂရီ ၄၇ ဒသမ ၉ မိနစ်(မြောက်)၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၅ ဒသမ ၉ မိနစ်တွင် ရေပြင်ပစ်မှတ်ပြုလုပ်၍ လက်နက်ကြီးများ လေ့ကျင့်ပစ်ခတ်ရန် စီစဉ်ထားကြောင်းသိရသည်။ လက်နက်ကြီးများလေ့ကျင့်ပစ်ခတ် နေစဉ်အတွင်းဧရိယာနှင့် ၃ မိုင် ပတ်လည်အတွင်း လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊ သဗ္ဗာန်များဝင်ရောက်မှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးတို့အတွက် လိုအပ်သည်များ ကြိုတင်စီစဉ်ထားနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရသည်။ မောရဝတီရေတပ်စခန်းဌာနချုပ်မှလက်နက် ကြီးများလေ့ကျင့်ပစ်ခတ်စဥ်အတွင်း လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေ၊ သဗ္ဗာန်များဝင်ရောက်မှုမရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်ဘားအံမြို့နယ်အတွင်းရှိ ထုံးအိုင်ကျေးရွာရှိစခန်းမှူး၊ နယ်မြေရဲစခန်း၊ ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ ကော့လှိုက်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့အားစာများပေးပို့ထားကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တောင်ငူမြိုရှိ ပြည်သူ့ဆေးရုံနှင့
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တောင်ငူမြိုရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသူများအား သွားရောက်ကြည့်ရှုအားပေး။ ဇွန် ၆၊ ၂၀၂၆။