ch
Feedback
Department of Traditional Medicine, Myanmar

Department of Traditional Medicine, Myanmar

前往频道在 Telegram

DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)

显示更多
733
订阅者
无数据24 小时
+67
+2430
帖子存档
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ၃-၇-၂၀၂၆ နေပြည်တော် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန် မှုဖြင့် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “လူငယ်ရေးရာဟောပြောပွဲ”ကို (၂-၇-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် အ.ထ.က (၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးမှ “လူငယ်များနှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကျား (၁၇)ဦး၊ မ (၂၂)ဦး၊ စုစုပေါင်း (၃၉)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) (၁၇)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) (၁၇)စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ် များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်(သက်တမ်းတိုး)ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၁)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း- ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၁)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ် များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်(ဖြည့်စွက်)ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း- ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ် များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်(သက်တမ်းတိုး)ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း- ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ ပြည်နယ် များက အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်(သက်တမ်းတိုး)ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း- ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၁)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ပြည်နယ် များက အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၂)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း- ၂-၇-၂၀၂၆ နေပြည်တော် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၂)စောင်အား ထုတ်ပြန်ကြော်ငြာ အပ်ပါသည်- ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ ကတ်ပြားထုတ်ယူရန် တိုင်းဒေသကြီး/ပြည်နယ် များက အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ၂-၇-၂၀၂၆ နေပြည်တော် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီး ၌ မြို့နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူးက သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦး နှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၁-၇-၂၀၂၆)ရက်နေ့၊ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀)နာရီအထိ သက်ကြီး ပုဂ္ဂိုလ်(၁၈)ဦး တို့အား “ဆီးချိုရောဂါအကြောင်း” သိကောင်းစရာများ ဟောပြောခဲ့ပြီး ကျား(၁၀)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၅၅)ဦးတို့ အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ကုထုံးစွမ်းရည်မြင့်မားရေး အထွေထွေရောဂါ ကုထုံးလက်တွေ့ သင်တန်း (၂/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ ၁-၇-၂၀၂၆ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ အစည်းအဝေးခန်းမ၌ (၂၉-၆-၂၀၂၆)ရက်နေ့၊ နံနက် (၉:၀၀)နာရီ၌ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာကုထုံးစွမ်းရည်မြင့်မားရေးအထွေထွေရောဂါကုထုံးလက်တွေ့ သင်တန်း (၂/၂၀ ၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နဝရတ်ကတိသစ္စာရွတ်ဆို၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဌေးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းပို့ချသူ ဆရာကြီး ဦးဝင်းနိုင် Professor Emeritus, Pro-rector (Academic affairs) (Retired) ကနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။သင်တန်း သား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး နံနက် (၁၀:၀၀)နာရီတွင် အခမ်း အနားအောင်မြင်စွာကျင်းပပြီးစီးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပါသည်။ နံနက်စာဆီချက်ခေါက်ဆွဲ၊ကော်ဖီများသုံးဆောင်ပြီး သင်တန်းအားဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊လွှတ်တော် တတိယအကြိမ်၊ ဒုတိယပုံမှန် အစည်းအဝေး၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှတိုင်းရင်းဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၁-၇-၂၀၂၆ နေပြည်တော် ရန်ကုန်တိုင်းဒေသကြီး၊လွှတ်တော် တတိယအကြိမ်၊ ဒုတိယပုံမှန် အစည်းအဝေး၌ တိုင်းရင်းဆေးခန်းဖွင့်လှစ်၍ ခုတင် (၁၀၀)ဆံ့ တိုင်းရငးဆေးရုံ၊ ရန်ကုန်မှ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးထက်ခိုင်တို့သည် (၉-၆-၂၀၂၆)ရက်နေ့မှ (၂၆-၆-၂၀၂၆) ရက်နေ့အထိ ကျား (၃၇)ဦး၊ မ (၉၅)ဦး၊ လူနာဦးရေ စုစုပေါင်း (၁၃၂)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။