Department of Traditional Medicine, Myanmar
رفتن به کانال در Telegram
DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)
نمایش بیشتر720
مشترکین
اطلاعاتی وجود ندارد24 ساعت
+67 روز
+8330 روز
آرشیو پست ها
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၁၄-၆-၂၀၂၆) ရက်၊ တနင်္ဂနွေနေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ သီရိဝဏ္ဏ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ အဘိုး (၁၅)ဦး၊ အဘွား (၃၂)ဦး၊ စုစုပေါင်း (၄၇)ဦးတို့ အား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့ပြီး “မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ” အကြောင်း ကို ကျား (၁၀)ဦး၊ မ (၂၅) ဦး၊ စုစုပေါင်း (၃၅)ဦး တို့အား ကျန်းမာရေးပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး မှ (၁၄-၆-၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) နာရီတွင် ဒုတိယဆေးရုံအုပ် ဦးဆောင်ပြီး ဆရာ၊ ဆရာမ (၁၈) ဦး ပါဝင်သော ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် ပျဉ်းမနားမြို့နယ် သဲကျွန်းကျေးရွာသို့ ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူ လူထု ကျား (၃၂)ဦး၊ မ (၈၈)ဦး၊ ကျား ကလေး (၁)ဦး၊ မ ကလေး (၄)ဦး၊ စုစုပေါင်း (၁၂၅)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အကြီးတန်းတိုင်းရင်းဆေးမှူး ဦးကျော်စွာဝင်းမှ နေပြည်တော်တိုင်းရင်းဆေးရုံတွင် ကုသနိုင်သောရောဂါဌာန အသီးသီးအကြောင်းနှင့် မိုးရာသီအဖြစ်များသော ရောဂါများကို တိုင်းရင်းဆေးပညာအရလိုက်နာ ဆောင်ရွက်ရန် အကြောင်းများအား ပြည်သူလူထု ကျန်းမာရေးအသိပညာရရှိရန် ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ပါသည်။ ဆေးကုသမှုဆောင်ရွက်ခြင်းအား ပျဉ်းမနားခရိုင် အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခြင်း ဆေးကုသမှုများအား ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်း များဆောင်ရွက် ပေးခဲ့ကြပြီး ဆေးကုသမှုလုပ်ငန်းအား နံနက် (၉:၀၀) နာရီမှ နေ့လယ် (၁:၀၀) နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာန၊ သာကေတမြို့နယ် တိုင်းရင်းဆေး ကုဌာနနှင့် သာကေတမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းပိတ်ပွဲ အခမ်းအနားကျင်းပခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာန၊ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် သာကေတမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ “အခြေခံတိုင်းရင်းဆေးပညာ ပေးသင်တန်း” ပိတ်ပွဲအခမ်းအနားကို (၁၄-၆-၂၀၂၆) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီတွင် သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တိုင်းရင်းဆေးမှူး ဒေါ်မာစီက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး သာကေတမြို့နယ် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ တာဝန်ရှိသူက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူအား မြန်မာ့ဟန် တိုင်းဆေးဝါးမှ ဆေးခေါင်းအုံး၊ ဝုန်ဝမ်းတိုင်းရင်းဆေး၊ ရွှင်ပြုံးတိုင်းရင်းဆေးတို့မှ တိုင်းရင်း ဆေးဝါးများအား လက်ဆောင်ပေးအပ်ခဲ့ခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား ဆေးဝါးများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ကာ နေ့လယ် (၂:၀၀) နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချူပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး ၏လမ်းညွှန်မှုဖြင့် (၁၂-၆-၂၀၂၆) ရက်နေ့တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံကြို့ပင်ကောက်မြို့မှ ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်နှင့် စာရေးဝန်ထမ်း (၃)ဦးတို့သည် ကြို့ပင်ကောက်မြို့ ရွှေကြို့မြေဘိုးဘွားရိပ် သာသို့သွားရောက်၍ ကျား (၁၂)ဦး၊ မ (၁၆)ဦး၊ စုစုပေါင်း (၂၈)ဦး တို့အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုးမှ “မိုးရာသီတွင် ဖြစ်တတ်သော လေထိုးလေအောင့် ရောဂါနှင့် ဆောင်ရန်၊ရှောင်ရန်များအကြောင်း” အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ TALK SHOW ဆောင်ရွက်ခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချူပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၄-၆-၂၀၂၆) ရက်နေ့တွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “ကျန်းမာသက်ရှည်နေရအောင်တိုင်းရင်းနည်းကိုဆောင်” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချူပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီး ဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၄-၆-၂၀၂၆) ရက်နေ့တွင် ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ စာရေးဝန်ထမ်း (၁) ဦးနှင့် မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေး နှင်အဖွဲ့သည် ဖြူးမြို့မိုးကုတ် ဝိပဿနာတရား စခန်းဝင်ယောဂီများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ ကျား ( ၂၃) ဦး၊ မ (၄၅) ဦး၊ စုစုပေါင်း (၆၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံအုပ် ဒေါ်စိုးလက်မီမှ “သွေးတိုးရောဂါနှင့်ဆောင်ရန်၊ရှောင်ရန်များအကြောင်း” အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ခရိုင်တိုင်းရင်းဆေးကုဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးကုဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ စျေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေး ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ နံနက် (၈:၃၀) အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ခရိုင်တိုင်းရင်းဆေးကုဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးကုဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ စျေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ စီမံကိန်း မန်နေဂျာ၊ သစ်တောသုတေသနဌာနမှ ဒေါက်တာသီတာဆွေ၊ ခရိုင်တိုင်းရင်းဆေးမှူး ဦးမင်းဟန်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူနှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြား ဖိတ်ကြားထားသည့် ဒေသခံအာခါ မျိုးနွယ်စုအကြီးအကဲနှင့် အခြားတိုင်းရင်းသားများဆေးဆရာများနှင့် စိုက်ပျိုးလုပ်ကိုင်သည့် တိုင်းရင်းသားများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အဖွင့်အမှာစကားပြောခဲ့ကြားပြီး စီမံကိန်းမန်နေဂျာ သစ်တောသုတေသနဌာနမှ ဒေါက်တာ သီတာဆွေက စျေးကွက်လည်းတွင် ဆေးဖက်ဝင်အပင်မျိုးစိတ်များ၏အသုံးပြုမှုဆိုင်ရာများကို ဟောပြောခြင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးမင်းဟန်နှင့် တာဝန်ရှိသူများမှ ဆေးဖက်ဝင် အပင်များနှင့်ပတ်သက်သော တိုင်းရင်းဆေးပညာ အသိပေးဟောပြော၍ တက်ရောက်လာသူများမှလည်း သိလိုသည်များကို အထွေထွေဆွေးနွေး ဆောင်ရွက်ခဲ့ရာ နေ့လယ် (၁၂:၃၀)အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် နေပြည်တော် တိုင်းဦးစီး ဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်း ဆေးမှူး ဒေါ်ဖြူဖြူလွင်သည် ရပ်ကျေးကြီးကြပ်ဖွဲ့ရန်အဖွဲ့များနှင့် အတူ (၁၃-၆-၂၀၂၆) ရက်နေ့ တွင် တပ်ကုန်းမြို့နယ်၊ လက်ပန်အုပ်စု လက်ပန်ကျေးရွာသို့သွားရောက်၍ “တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကိုစောင့်ရှောက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ရာ အများဆုံးကုသရသောရောဂါမှာ နှာစေး၊ ချောင်းဆိုး ခြင်းများဖြစ်ပြီးလူနာ (၁၀၅)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာန မှ (၁၃-၆-၂၀၂၆) ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံဖြိုးရေးသင်တန်းကျောင်းတွင် ကွင်းဆင်းဆေး ကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကလေး ကျား (၂၉) ဦး၊ ကလေး မ (၃၄) ဦး၊ စုစုပေါင်း လူနာ (၆၃)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ပြီး “ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ဆောင်ရန် ၊ရှောင်ရန် များနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်” သိကောင်းစရာများ ခေါင်းစဉ်ဖြင့် လူဦးရေ (၁၃၀) ဦးအား ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း
၁၅-၆-၂၀၂၆ နေပြည်တော်
တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးကျော်စိုးဝင်းဦးဆောင်၍ ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မော်မော်ဝေနှင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဦးသက် တို့သည် (၁၂-၆-၂၀၂၆) ရက်နေ့တွင် အ-ထ-က (၈) ကျောက်မော်ကြီးရပ် ထားဝယ်မြို့၌ တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာများအား (၉၃)ဦး အသိပညာပေးဟောပြော ခဲ့ပြီး ကျား (၅)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၂၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
