uz
Feedback
Department of Traditional Medicine, Myanmar

Department of Traditional Medicine, Myanmar

Kanalga Telegram’da o‘tish

DTM website တွင် ဖော်ပြသောသတင်းများ (ယခင် Channel Name = View of TM)

Ko'proq ko'rsatish
752
Obunachilar
-124 soatlar
+57 kunlar
+2130 kunlar
Postlar arxiv
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ၂၇-၇-၂၀၂၆ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဆေးဖက်ဝင်အပင်များ၏ အသုံးဝင်ပုံများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက်ရာ ဟောပြောလူဦးရေ ၇၀ ဦး နှင့် လူနာဦးရေ ကျား ၆ ဦး၊ မ ၁၇ ဦး စုစုပေါင်း ၂၃ ဦးအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ့တိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်ဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်ကျင်းပသော တိုင်းရင်ဆေးပညာစဉ်ဆက် မပြတ်ပညာပေးရေးအစီအစဉ် CTME အခမ်းအနားကို ဇူလိုင်လ ၂၄ရက် မွန်းလွှဲ(၂)နာရီက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်၊ အိုးဘို ရွှေကျင်ရပ်ကွက်ရှိ ခုတငိ(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ CTME အခမ်းအနားတွင် သဘာပတိများအဖြစ် ဦးစန်းလွင်(တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး-ငြိမ်း၊မန္တလေးမြို့)၊ဦးသံချောင်း ဆေးရုံအုပ်ကြီး(ငြိမ်း) (ခုတင်(၁၀၀)ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီး မန္တလေးမြို့) တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးသံချောင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် CTME အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီသော ဦးအောင်မြင့်ကျော်-ဒေါ်ထူးထူးဝါ (သဗ္ဗဇေယျဆေးတိုက် မန္တလေးမြို့) အား ဆေးရုံအုပ်ကြီး ဒေါ်မီမီက ဂုဏ်ပြုချီးမြှင်လွှာ ပေးအပ်ခဲ့ ပါသည်။ ဆကိလက်ပြီး ဆရာမ ဒေါ်မာမာချို အကြီးတန်းတိုင်းရင်းဆေးမှူး ကထုံနာကျဉ်နာရောဂါအကြောင်းဟောပြောပြီး တတ်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပေးခြင်း၊ ဒေါ်မာမာချိုအား တာဝန်ရှိသူ တစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ CTME အခမ်းမနားသို့ ဒုတိယဆေးရုံအုပ်ဒေါ်သိန်းထိုက်နှင့် ဆရာ၊ဆရာမများ၊ တိုင်းရင်းဆေးမှူး၊ဒု တိယတိုင်းရင်းဆေးမှူး၊ လက်ထောက်တိုင်းရင်း၊ ဆရာ၊ ဆရာမများ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)အလုပ်အမှုဆောင် ဦးသင်း၊ဦးကျော်ကျော်ဦးနှင့် နှီးနွယ်သူများ တတ်ရောက်ကြပါသည်။ တက်ရောက်သူဦးရေ စုစုပေါင်း (၇၅)ဦး တတ်ရောက်ပြီး အခမ်းအနားကို နေ့လည် (၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၂၆.၇.၂၀၂၆)ရက်‌နေ့ တနင်္ဂနွေနေ့တွင် ဆေးရုံအုပ်နှင့် အဖွဲ့ဝင် ၆ ဦးတို့သည် လွိုင်လင်မြို့၊ ဟိုခိုက်ကျေးရွာ၊ စိန်မာတင်ဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုးဘွား ကျား (၂၀)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း(၄၅)ဦး တို့အားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၆.၇.၂၀၂၆) ရက်နေ့တွင်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်သည် ဒလမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ဆယ်အိမ်စုမှူးဆင့်ပွားသင်တန်းတွင် ဒေသပေါက်ဆေးဖက်ဝင်အပင်များအကြောင်းကို သင်တန်းသူ ( ၅၀) ဦး ကိုဟောပြောခဲ့ပြီး သင်တန်းသူ ( ၂၉ ) ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခဲ့ပါသည်။ ထို့အပြင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း သိရှိလာစေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်းဆောင်းပါးကို သင်တန်းသူများကို ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးစီးလမ်းညွန်မှုဖြင့် တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ်(CTME)ကို ၂၅.၇.၂၀၂၆ ရက်နေ့တွင် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီးတွင်ကျင်းပရာ သဘာပတိအဖြစ် ဆရာကြီး ဦးအောင်ကျော်မင်း စက်ရုံမှူး(ငြိမ်း)ကဆောင်ရွက်ခဲ့ပြီး ဒေါ်ထက်ထက်ဖြိုးလက်ထောက်တိုင်းရင်းဆေးမှူးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားကို နံက် ၁၀:၀၀ နာရီတွင်နဝရတ်ဂတိသစ္စာရွတ်ဆို၍ဖွင့်လှစ်ခဲ့ပါသည်။ ထုံကျဥ်ရောဂါ စာတမ်းကို ဒေါ်ယမင်းသိန်း လက်ထောက်ဆေးမှူးက ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသော ဆရာ/ဆရာမ များမှဝိုင်းဝန်း အကြံပေးဆွေးနွေး ကြပြီး စာတ်းရှင်မှပြန်လည်ဖြေကြားပေးခဲ့ပါသည်။ဆရာ/ဆရာမနှင့်ဝန်ထမ်း (၄၂)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားကို နေ့လည် ၁၁:၃၀ မီးနစ်တွင် ပြီးမြောက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၂၄-၇-၂၀၂၆) ရက်နေ့တွင် ပြည်နယ်ဦးစီဌာနမှူး ဦးဆောင်သောအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ အငြိမ်းစားဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကျား (၂၁)ဦး၊ မ (၄၂)ဦး၊ လူနာ စုစုပေါင်း (၆၃) ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် (၉:၃၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ပုသိမ်မြို့နယ်တိုင်းရင်း ဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးသိန်းထွန်းဝင်း ကဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ညောင်တုန်းမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်သန္တာဦး မှဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် “ထုံနာ၊ကျဉ်နာရောဂါစာတမ်း” ကို မအူပင်ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဇော်လင်းမှ ဖတ်ကြားပြီး တက်ရောက်လာ သူများမှ စာတမ်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပြီး အခမ်းအနားသို့ ဌာနဝန်ထမ်းများ၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၄၃)ဦး ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ ‎

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် မွန်ပြည်နယ်ဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ကိုခံယူ၍ ကျိုက်မရောမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၄-၇-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယဉ်မင်းလတ်သည် မိခင်နှင့်ကလေးအမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ အ.မ.က မြို့သစ်ကျောင်းသို့သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၃၀)ဦးအား “တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း” ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကျား (၂၈)ဦး၊ မ (၃၂)ဦး၊ စုစုပေါင်း (၆၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် “ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို (၂၃-၇-၂၀၂၆) ရက်၊ ကြာသပတေးနေ့၊ နံနက် (၉:၀၀) နာရီ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာ အလယ်တန်း (လေ့ကျင့်ရေး)ကျောင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးဆောင်သောအဖွဲ့သည် တိုင်းရင်းဆေးပညာ ပြခန်းအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၂၃-၇-၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) အချိန်တွင် ဒုတိယဆေးရုံအုပ် ဦးဆောင်၍ ဆရာ၊ ဆရာမ (၁၈)ဦး ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဖောင်း လောင်ကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျေးရွာပြည်သူ လူထု စုစုပေါင်း (၁၃၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းပညာအရ လိုက်နာဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေးဆောင်ရွက်မှု အကျိုးကျေးဇူး များနှင့် ကျောင်းဝင်းအတွင်းစိုက်ပျိုးထားသော ဆေးဘက်ဝင်အပင်များအကြောင်း အသိပညာရရှိရန် ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင်ကလေးစောင့် ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး ဥတ္တရသီရိမြို့နယ် ပညာရေးမှူးမှလည်း လာရောက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။