ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Our President 🇲🇲

Our President 🇲🇲

前往频道在 Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

显示更多
未指定国家未指定类别
216
订阅者
无数据24 小时
-17 天
-230 天
帖子存档
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ရောက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ရောက်ရှိ   နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။   ထိုသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ #HOS

မြန်မာနိုင်ငံတော်သမ္မတနှင့် ဇနီးအား လာအိုနိုင်ငံ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို July 3rd လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ နိုင
+2
မြန်မာနိုင်ငံတော်သမ္မတနှင့် ဇနီးအား လာအိုနိုင်ငံ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို July 3rd လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြင့် လာအိုနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံ တာဝန်ရှိသူများက ကော်ဇောနီခင်း၍ တရားဝင်ကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုဂုဏ်ပြုခဲ့သည်။ ထို့ပြင် လေဆိပ်အတွင်း ကြိုဆိုဆိုင်းဘုတ်များ စိုက်ထူထားကာ မြန်မာ-လာအို နှစ်နိုင်ငံအလံများ လွှင့်ထူထားပြီး လမ်းတစ်လျှောက်တွင်လည်း လာအိုလူငယ်များက လှိုက်လှဲစွာ နှုတ်ဆက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။ #SN

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ #PPIB #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။ At the invitation of the President of the Lao People's Democratic Republic, Mr. Thongloun Sisoulith, a high-level Myanmar delegation led by the President of the Republic of the Union of Myanmar, U Min Aung Hlaing and His wife, Daw Kyu Kyu Hla, departed from Nay Pyi Taw Tatmadaw Airport by special aircraft this morning to pay a State Visit to the Lao People's Democratic Republic.

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ ဇူလ
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ နေပြည်တော်၊ ဇူလိုင် ၃ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထွက်ခွာသွားခဲ့သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့အား တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြသည်။ #Our

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတအိမ်တော်မှ ပြ
+3
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဇူလိူင်လ ၂ ရက်ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ က သမ္မတအိမ်တော်၊ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ သည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် အဖွဲ့ဝင်များအား နိုင်ငံတော် သမ္မတအိမ်တော်တွင် ညစာစားပွဲဖြင့် ရင်းနှီးနွေးထွေးစွာ တည်ခင်းဧည့်ခံပါတယ်။ ညစာစားပွဲအပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာကြရာ နိုင်ငံတော်သမ္မတ က ရင်းနှီးနွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတလူကာရှန်ကို၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားဖြစ်စေမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား နိုင်ငံ
သမ္မတလူကာရှန်ကို၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားဖြစ်စေမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို တို့သည် ဇူလိုင်လ ၂ ရက်ညနေပိုင်းတွင် တစ်ဦးချင်းသီးသန့် (One-on-One) တွေ့ဆုံဆွေးနွေးမှုကို သမ္မတအိမ်တော်၊ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဘီလာရုစ်သမ္မတ လူကာရှန်ကို၏ ယခုခရီးစဉ်သည် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာတိုးတက်စေရန် အားကောင်းသည့် တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု ပြောကြားခဲ့ပါတယ်။ ထို့ပြင် ဘီလာရုစ်သမ္မတ လူကာရှန်ကို ကလည်း မြန်မာနှင့် ဘီလာရုစ်တို့အကြား ဆက်ဆံရေးကို ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် စံနမူနာပြုနိုင်မည့် အဆင့်သို့ ရောက်ရှိအောင် အတူတကွ တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ။ မွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သက်ရှည်အောင်မြင်ပါစေကြောင်း လေးစားစွာ ဆုမွန်က
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ။ မွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး သက်ရှည်အောင်မြင်ပါစေကြောင်း လေးစားစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ နိုင်ငံနှင့် ပြည်သူများအကျိုးအတွက် ထမ်းဆောင်လျက်ရှိသော တာဝန်များတွင် အောင်မြင်မှုများ ပိုမိုရရှိပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဦးဆောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ မွန်မြတ်သောစိတ်ဓာတ်၊ ခိုင်မာသောခံယူချက်များဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း မွေးနေ့အခါသမယတွင် အလေးအနက် ဂုဏ်ပြုဆုတောင်းအပ်ပါသည်။ Happy Birthday Our President 💐 💐 💐 3-7-2026(Fri-12:11Am)

+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နှင့် တွေ့ဆုံဆွေးနွေး၊ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ပါတယ်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နှင့် တွေ့ဆုံဆွေးနွေး  နေပြည်တော်၊ ဇူလိုင် - ၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို အလုပ်သဘောခရီး ရောက်ရှိလာသည့် ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲဝင်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်၊ ဧည့် ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ President U Min Aung Hlaing Holds Talks with President of the Republic of Belarus, H.E. Mr. Aleksandr Lukashenko Nay Pyi Taw, July 2 The President of the Republic of the Union of Myanmar, U Min Aung Hlaing held talks with the delegation led by the President of the Republic of Belarus, H.E. Mr. Aleksandr Lukashenko, who arrived in Myanmar for a working visit at the invitation of The President of the Republic of the Union of Myanmar, U Min Aung Hlaing, at the Reception Hall of the Presidential Palace this evening. #PPIB

🇲🇲🤝🇧🇾 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H
+2
🇲🇲🤝🇧🇾 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H. E. Mr. Alexander Gregoryevich Lukashenko ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိလာသည်။ ခရီးစဉ်သည် နှစ်နိုင်ငံ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ခိုင်မာစေရန် ရည်ရွယ်သည်။ 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 At the invitation of H.E. U Min Aung Hlaing, President of the Republic of the Union of Myanmar, H.E. Mr. Alexander G. Lukashenko, President of the Republic of Belarus, arrived in Myanmar on a working visit, leading a high-level delegation to further strengthen bilateral partnership and cooperation. 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲 По приглашению Президента Республики Союз Мьянма Его Превосходительства У Мин Аун Хлайна Президент Республики Беларусь Его Превосходительство Александр Григорьевич Лукашенко прибыл в Мьянму с рабочим визитом во главе высокопоставленной делегации для дальнейшего укрепления двустороннего партнёрства и сотрудничества. #SN

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတေ
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံမှ စတင်ထွက်ခွာလာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်ဖြင့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ လာရောက်လျက်ရှိပြီး၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့သည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးပွဲ (One-on-One Meeting) ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အရေးပါသည့်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် ပူးတွဲအကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတတို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် အစဉ်အလာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လျက်ရှိပါသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင
+4
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ”ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကျင်းပ ဇူလိုင်  ၂ ၂၀၂၆ခုနှစ် ဇူလိုင်လ ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကစီစဉ်တင်ဆက်သည့် “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ”ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကိုယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I) ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ၏ဇနီး  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။ #Our

"နူးညံ့မှုထဲကခွန်အား၊မြန်မာအမျိုးသမီးများ၏ အလှတရား" ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုကြိုဆိုပါသည်။ #PPIB

နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင
+8
နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှု ပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတ ဖျော်ဖြေပွဲသို တက်ရောက်ချီးမြှင့်။ #Our

ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ==========
+4
ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ========================== အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင်တွန်းပို့ ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဒေသပျက်စီးရေးဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇွန်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတရုံးတော်၊အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးမ
+7
မြန်မာအမျိုးသမီးများနေ့အကြို ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဖျော်ဖြေပွဲ ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲကို ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များနှင့် သဘင်ပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှု “ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ” ဝတ်စားဆင်ယင်မှု ပြပွဲနှင့် ရုပ်ရှင်သဘင်ဂီတ ဖျော်ဖြေပွဲသို တက်ရောက်ချီးမြှင့် #SN

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာအလက်ဇန္
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတမစ္စတာအလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ်ပါသည်။