Tr. Hpone’s Sharing Era✨
Hello Everyone! Warmly Welcome to my channel.🌥 Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋 Stay Tuned for more.🎐 👩🏻💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞
إظهار المزيد📈 نظرة تحليلية على قناة تيليجرام Tr. Hpone’s Sharing Era✨
تُعد قناة Tr. Hpone’s Sharing Era✨ (@mygedexperience) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 045 مشتركاً، محتلاً المرتبة 16 502 في فئة التعليم والمرتبة 10 226 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 045 مشتركاً.
بحسب آخر البيانات بتاريخ 04 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 52، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 28.57%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 10.68% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 3 442 مشاهدة. وخلال اليوم الأول يجمع عادةً 1 287 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 41.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Hello Everyone!
Warmly Welcome to my channel.🌥
Here, I will share my experience, knowledge, and study tips along my journey of GED & English self-study learning pathway! 🦋
Stay Tuned for more.🎐
👩🏻💻Channel by - 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐩𝐨𝐧𝐞”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 05 سبتمبر | 0 | |||
| 04 سبتمبر | 0 | |||
| 03 سبتمبر | +5 | |||
| 02 سبتمبر | 0 | |||
| 01 سبتمبر | 0 |
| 2 | GED နှင့်ပတ်သတ်ပြီး သိသင့်သမျှ အကြောင်းအရာပေါင်းချုပ်📍
🔷အခန်း (1): GED အကြောင်း မိတ်ဆက်
🔷အခန်း (2): GED မှာ လေ့လာရမည့် ဘာသာရပ်များ
🔷အခန်း (3): GED စာမေးပွဲအကြောင်းအသေးစိတ်
🔷အခန်း (4): GED အတွက် လေ့လာရေးနည်းလမ်းများ
🔷အခန်း (5): GED နှင့် ပတ်သတ်၍ အမေးများသောမေးခွန်းများ (FAQ)
စတဲ့ Total Chapter (5)ခန်းကို ရှင်းလင်းပြောပြပေးမှုများ ပါဝင်မှာဖြစ်ပါတယ်။
တီချယ်ကိုယ်တိုင် သေချာလေးစိတ်ရှည်လက်ရှည်နဲ့ video ထဲမှာပါဝင်တဲ့ slide တစ်ခုချင်းစီကို အားစိုက်ပြီးဖန်တီးပေးထားပါတယ်။
Video ရှည်တယ်ဆိုပေမယ့် knowledge အနှစ်သာရတွေ အများကြီးပါဝင်တာမို့ အချိန်ပေးပြီးကြည့်စေချင်ပါတယ်ရှင်။
🖇Video ကြည့်ရန် - https://youtu.be/HLOufvNKlJI?si=3ZKjKGC9Rgx0QJkC
✍🏻Tr. Hpone🌷
https://t.me/TrHponeClass | 2 833 |
| 3 | GED နှင့်ပတ်သတ်ပြီး သိသင့်သမျှ အကြောင်းအရာပေါင်းချုပ်📍
🔷အခန်း (1): GED အကြောင်း မိတ်ဆက်
🔷အခန်း (2): GED မှာ လေ့လာရမည့် ဘာသာရပ်များ
🔷အခန်း (3): GED စာမေးပွဲအကြောင်းအသေးစိတ်
🔷အခန်း (4): GED အတွက် လေ့လာရေးနည်းလမ်းများ
🔷အခန်း (5): GED နှင့် ပတ်သတ်၍ အမေးများသောမေးခွန်းများ (FAQ)
စတဲ့ Total Chapter (5)ခန်းကို ရှင်းလင်းပြောပြပေးမှုများ ပါဝင်မှာဖြစ်ပါတယ်။
တီချယ်ကိုယ်တိုင် သေချာလေးစိတ်ရှည်လက်ရှည်နဲ့ video ထဲမှာပါဝင်တဲ့ slide တစ်ခုချင်းစီကို အားစိုက်ပြီးဖန်တီးပေးထားပါတယ်။
Video ရှည်တယ်ဆိုပေမယ့် knowledge အနှစ်သာရတွေ အများကြီးပါဝင်တာမို့ အချိန်ပေးပြီးကြည့်စေချင်ပါတယ်ရှင်။
🖇Video ကြည့်ရန် - https://youtu.be/HLOufvNKlJI?si=3ZKjKGC9Rgx0QJkC
✍🏻Tr. Hpone🌷
https://t.me/TrHponeClass | 1 |
| 4 | لا يوجد نص... | 3 260 |
| 5 | 🗓2026 နှစ်မကုန်ခင် GED ကို အပြီးဖြေချင်ကြတဲ့ကျောင်းသားများအတွက်
(Preparation + Intensive) class လေးကို လာမယ့် September 9ရက်နေ့မှာ ဖွင့်လှစ်ပေးသွားပါတော့မယ်။
🔔Social Studies နှင့် RLA (2)ဘာသာအတွက်
▪️အခြေခံအားဖြင့်သင်ယူဖို့ လိုအပ်တဲ့ [background knowledge + essential concepts] အနှစ်တွေကို အတန်းပြီးတာနဲ့ အားလုံးသင်ယူပြီးသားဖြစ်မယ်။
▪️အတန်းထဲမှာ လက်တွေ့ [question practice] များ အမြဲပုံမှန်လုပ်ပေးတာကြောင့် Real Exam ဖြေဖို့ အလိုအပ်ဆုံးဖြစ်တဲ့ စာဖတ်နည်း၊ မေးခွန်းဖြေနည်း၊ အဖြေမှန်ရွေးချယ်နည်း techniques တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခွင့်ရရှိမယ်။
Tr. Hpone ကိုယ်တိုင်ဆွဲထားတဲ့ သင်ရိုး [PowerPoint lessons] များနှင့် (Background Knowledge + Question Practice) ကို ထိထိမိမိ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
📌အတန်းအကြောင်းအပြည့်အစုံဖတ်ရန်
: https://t.me/ResourcesbyTreasure/1352
အများကြီးမပြောတော့ဘူးနော်။ အတန်းရဲ့ quality ကို သိချင်ရင် တီချယ့်ရဲ့
🎀Class Telegram Channel
https://t.me/TrHponeClass
မှ ကျောင်းသားတွေရဲ့အမှတ်များ၊ feedback များနှင့်
🎀YouTube Channel
https://youtube.com/@learnwith_trhpone?si=6vUsVgwEFUhuxNHX
မှာ တင်ပေးထားတဲ့ video content များကို လေ့လာကြည့်ပြီး
ယုံကြည်တယ်ဆိုမှ အတန်းကိုလာရောက်အပ်နှံနိုင်ပါတယ်။ သင်တန်းကြေးလွှဲ၍ အတန်းအပ်နှံရန် @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်။ | 3 282 |
| 6 | GED (4) ဘာသာလုံးကို YouTube ကနေလေ့ကျင့်ဖို့ Video တွေစုစည်းပေးထားသော Playlist များ🎞
GED Real Exam ကို ဖြေကြတော့မယ့်ကျောင်းသားများအနေနဲ့ Textbook တွေ၊ Workbook တွေ အကုန်လေ့ကျင့်ပြီးသွားလို့ စာမေးပွဲဖြေခါနီးပြီမို့ အရမ်း heavy ဖြစ်တာကြီးတွေမလုပ်တော့ပဲ မေးခွန်းလေးတွေပေါ့ပေါ့ပါးပါးလေ့ကျင့်ချင်တယ်ဆိုရင် YouTube က မေးခွန်းတွေက လေ့ကျင့်ဖို့ကွက်တိပါပဲ။
Get Sum Maths | Test Prep Champions စတဲ့ ချန်နယ်တွေကတင်ပေးထားတဲ့ တစ်ချို့မေးခွန်းတွေက စာမေးပွဲမေးခွန်းနဲ့ ပုံစံအတော်လေးဆင်တာမို့ ဒါတွေကိုလည်း ချန်မထားပဲ ကျိန်းသေလုပ်သွားကြည့်နိုင်ဖို့ (practice test video) တွေကို တစ်ဘာသာစီအတွက် စနစ်တကျလေးစုစည်းပေးလိုက်ပါတယ်။
🎯Mathematical Reasoning
GED Math Practice Test Collection
🎯Social Studies
GED Social Studies Practice Test Collection
🎯Science
GED Science Practice Test Collection
🎯Reasoning through Language Arts
GED RLA Practice Test Collection
————————————————————————
📍My Socials
🖇Telegram Channel 01
https://t.me/ResourcesbyTreasure
🖇Telegram Channel 02
https://t.me/TrHponeClass
📝Tr. Hpone🌷 | 4 808 |
| 7 | GED လေ့လာနေကြသူအများစု ကြုံတွေ့ကြရတဲ့ အခက်အခဲတွေထဲကတစ်ခုဟာဆိုရင် "Reading" ပိုင်းကို improve ဖြစ်အောင် ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကို မသိတာပါပဲ…။
ဒီနေ့မှာတော့ အဲ့ဒီ့အခက်အခဲကိုဖြေရှင်းနိုင်ဖိုအတွက်…
🔑စာပိုဒ်တွေအများကြီးကိုလည်း ဖတ်လို့ရမယ်၊
🔑Reading Comprehension တိုးတက်အောင် မေးခွန်းတွေကိုလည်း တစ်ခါတည်းလေ့ကျင့်လိုရမယ့်
စာအုပ်နှင့် Website — [5] မျိုးကို
တစုတစည်းတည်း sharing လုပ်ပေးသွားပါမယ်။ စာအုပ်တစ်အုပ်ချင်းစီ၊ Website တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံအသေးစိတ်ကိုပါ video ထဲမှာ သေချာလေးပြောပြပေးထားတာမို့ စိတ်ဝင်စားသူများဝင်ကြည့်နိုင်ပါတယ်ရှင်။
ဒါလေးက ပထမဦးဆုံးစလုပ်ပေးဖြစ်တဲ့ (Knowledge Sharing Video) လည်းဖြစ်တာမို့ တီချယ့်ရဲ့အသံကို တစ်ခါမှမကြားဖူးသေးသူများလည်း သွားနားထောင်နိုင်ပါပြီ👀💗
Video ကြည့်ရန် - https://youtu.be/3ORv5eddbEI?si=-SGD8n9FjEbsMkyS | 6 077 |
| 8 | Congratulations🥳✨
Spain truly deserves it!!!🏆
အိပ်ရေးပျက်ရကျိုးနပ်သောပွဲပါပဲ…။ | 5 360 |
| 9 | GED လေးဘာသာလုံးကို လေ့ကျင့်ဖို့ practice websites တွေလိုချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်🌐
🔗Post Link: https://t.me/ResourcesbyTreasure/1337
Website ပေါင်း [22] ခုကို description အကျဉ်းနှင့်အတူ တီချယ့်ရဲ့ main channel မှာတင်ပေးထားပါတယ်ရှင်။
📝Tr. Hpone🌷
https://t.me/TrHponeClass | 6 397 |
| 10 | ငလျင်လှုပ်သွားသေးလားဟင်🥺
ရန်ကုန်မှာပါ | 6 413 |
| 11 | RLA Class Sold Out🤭🎉
✨Tr. Hpone ရဲ့ July intakte အတွက် RLA Class လေးလူပြည့်သွားပါပြီ။ လူအကန့်အသတ်နှင့်သာလက်ခံမှာဖြစ်တာမို့ (RLA) class အတွက် အတန်းအပ်လက်ခံတာ ရပ်လိုက်ပါပြီနော်။
✨Social Studies class လေးကတော့ အတန်းအပ်လက်ခံပေးနေပါသေးတယ်။ လူပြည့်ဖို့က 4️⃣ ယောက်သာလိုပါတော့တယ်။ နောက်တစ်ခေါက်အတန်းသစ်ပြန်ဖွင့်ဖို့က [2] လခွဲကျော်ကြာဦးမှာမို့ အပ်ချင်ရင် လာခဲ့လိုက်တော့နော်😉
Social Studies အတန်းအပ်နှံရန် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်။ | 7 282 |
| 12 | Tr. Hpone ရဲ့ [Social Studies & RLA] April intake group class မှာ နှစ်ဘာသာလုံးတက်ရောက်ခဲ့ကြတဲ့ ကျောင်းသူညီမငယ်လေးနှစ်ယောက်မှရေးပေးထားသော feedback လေးတွေ💌🎀
ဒါအကုန်မဟုတ်သေးပါဘူး၊ နောက်ထပ်ကျောင်းသားတွေရေးပေးထားကြတဲ့ feedback တွေလည်း အများကြီးကျန်ပါသေးတယ်။
ဒီဖက်ချန်နယ်မှာ feedback လေးတွေမတင်ဖြစ်တာကြာလို့ sharing လုပ်လိုက်ပါတယ်ရှင်💖
📍ဒါနဲ့ July intake အတန်းတွေလည်း လူပြည့်တော့မယ်နော်။ အတန်းအကြောင်းအပြည့်အစုံဖတ်ရန် ဒီ Link ကိုနှိပ်ပါ။
Social Studies / RLA (2) ဘာသာလုံးအတွက် အတန်းအပ်လက်ခံပေးနေပါသေးတယ်။ နှစ်တန်းလုံးအတွက် လူပြည့်ဖို့ပိစိလေးပဲ လိုပါတော့တယ်😉
အတန်းအပ်နှံရန်အတွက် - @TreasureEduphoria သို့ဆက်သွယ်နိုင်ပါတယ်ရှင်🎀 | 6 182 |
| 13 | [President Speech Questions] တွေကို ဘယ်နေရာမှာလေ့ကျင့်ရမလဲ? လို့🗽
လာမေးနေကြသူလေးတွေအတွက် တီချယ်အရင်တင်ပေးထားလေးရှိပါတယ်နော်။ အပေါ်က post ကို reply လုပ်ပေးထားပါတယ်ရှင်။
🎯အပုဒ်ပေါင်း (120) ကို (timeline) အလိုက်အစဉ်အတိုင်း Test (4) ခုခွဲပြီး စနစ်တကျစုစည်းပေးထားပါတယ်။
🎯google form နှင့်သေချာစီစဉ်ပေးထားတာမို့ တစ်ခါတည်းဝင်ဖြေပြီး အဖြေပါတစ်ခါတည်းတိုက်စစ်ရုံပါပဲ။
Kindly reminder for those who may need this information💌💖
🖇Telegram Channel 01
https://t.me/ResourcesbyTreasure
🖇Telegram Channel 02
https://t.me/TrHponeClass
📝Tr. Hpone🌷 | 4 676 |
| 14 | لا يوجد نص... | 5 128 |
| 15 | 🗓 2လခွဲနှင့် Real Exam ဖြေနိုင်တဲ့အထိသင်ကြားပေးသွားမည့် GED [Social Studies & RLA] All-in-One Class (July Intake)
July 1 ရက်နေ့မှာစသင်မယ့် တီချယ့်ရဲ့အတန်းလေးတွေ အတန်းအပ်လက်ခံပေးနေပြီနော်။ တီချယ်တစ်ယောက်ထဲ နိုင်နိုင်နင်းနင်းသင်ကြားပေးတာမို့ (Social Studies) & (RLA) နှစ်ဘာသာအတွက်ပဲ အတန်းရှိပါမယ်။
✅(2) လခွဲအတွင်း Camp*** ဝင်တဲ့ပုံစံမျိုးနဲ့ ဘာသာရပ်တစ်ခုစီရဲ့သိသင့်သိထိုက်သမျှသင်ခန်းစာတွေနဲ့ Real Exam ဖြေဖို့ လိုအပ်သမျှ skills တွေကို စနစ်တကျနဲ့ ဖိဖိစီးစီးသင်ကြားပေးသွားမှာပါ၊
✅အတန်းတက်ရတဲ့တစ်ရက်စီ၊ တစ်ချိန်စီတိုင်းမှာ သင်ခန်းစာအနှစ်တွေကို အပြည့်အဝအပိုအလိုမရှိရရှိမယ်၊
✅တစ်ပတ်တစ်ခါ သင်ပြီးတာတွေနဲ့သက်ဆိုင်တဲ့ အိမ်စာတွေပုံမှန်လုပ်ရမယ်၊
✅ဒီအတန်းတက်ပြီးတာနဲ့ အခြားဘယ်အတန်းကိုမှ ထပ်ပြီးတက်စရာမလိုအောင် GED စာအုပ် (4) အုပ်နီးပါးလုံးစာကို ပြီးအောင်သင်ပေးသွားမယ်၊
✅အတန်းပြီးတာနဲ့ လုပ်ဖို့ကျန်နေသေးတာတွေကို စနစ်တကျလေ့လာနိုင်အောင် (Study Plan) လည်း တီချယ်ကိုယ်တိုင်ဆွဲပေးဦးမှာဖြစ်ပါတယ်၊
✅ဒါ့အပြင် နေ့စဉ် Class Recording တွေကိုလည်း ပုံမှန်ပေးသွားဦးမှာပါ။
ကဲဘာလိုသေးလဲ?😉
📍ဒီဘာသာရပ်တွေကို တစ်ခါမှမသင်ဖူးတဲ့ကျောင်းသားတွေကစပြီး စာမပိုင်ခဲ့လို့ စနစ်တကျပြန်လေ့လာချင်တဲ့ကျောင်းသား အကုန်တက်လို့ရအောင် သင်ရိုးကိုပြင်ဆင်ပေးထားပါတယ်။
အတန်းအကြောင်းအပြည့်အစုံကို ဒီ Link ကနေတစ်ဆင့်ဖတ်ရှုနိုင်ပါတယ်။
🔗 https://t.me/ResourcesbyTreasure/1308
Timetable အပြည့်အစုံကိုတော့ အောက်ကပုံမှာဝင်ကြည့်ပါနော်။
════════════════════
📌Tr. Hpone စီမှာ အရင်တက်ခဲ့တဲ့ကျောင်းသားတွေရဲ့ Feedback များနဲ့ ရမှတ်များကိုကြည့်ပြီး ယုံကြည်တယ်ဆိုမှ အတန်းအပ်နိုင်ပါတယ်ရှင်။ ကြည့်ရှုရန် - https://t.me/TrHponeClass
✔️Social Studies နှင့် RLA (2) တန်းလုံးကို 2026, July 1 ရက်နေ့မှာ စပါမယ်။ လူအကန့်နှင့်သာ လက်ခံမှာဖြစ်တာကြောင့် အရင်ငွေလွှဲပြီးအပ်နှံထားသူများသာ အတည်ဖြစ်ပါမယ်ရှင်။
အတန်းအပ်နှံရန် @TreasureEduphoria သို့ဆက်သွယ်ပေးပါရှင့်🎀 | 4 977 |
| 16 | 503. Privilege – အထူးအခွင့်အရေး
504. Prohibition – တားမြစ်ချက်
505. Prohibit – တားမြစ်သည်
506. Progressive – ပြုပြင်ပြောင်းလဲရေးဝါဒ
507. Propaganda – ဝါဒဖြန့်ခြင်း
508. Prosecution – တရားစွဲဆိုခြင်း
509. Protest – ဆန္ဒပြခြင်း
510. Province – ပြည်နယ် / ဒေသ
511. Provision – ပြဋ္ဌာန်းချက် / ဖြည့်ဆည်းပေးခြင်း
512. Proxy War – ကိုယ်စားလှယ်၊ ကြားခံစစ်ပွဲ
513. Public Policy – ပြည်သူ့မူဝါဒ
514. Pursuit of Happiness – ပျော်ရွှင်မှုကို ရှာဖွေလိုက်စားခွင့်
━━━━━━━━━━━━━━━ Q ━━━━━━━━━━━━━━━
515. Quantity – အရေအတွက်
516. Quarter – လေးပုံတစ်ပုံ
517. Quotation – ကိုးကားချက်
━━━━━━━━━━━━━━━ R ━━━━━━━━━━━━━━━
518. Racism – လူမျိုးရေးခွဲခြားမှု
519. Radical – အစွန်းရောက်အယူအဆရှိသော
520. Rally – စုဝေးပွဲ
521. Ratification – အတည်ပြုခြင်း
522. Ratify – အတည်ပြုသည်
523. Rebellion – ပုန်ကန်မှု
524. Recession – စီးပွားရေးကျဆင်းမှု
525. Reciprocal – အပြန်အလှန်သက်ဆိုင်သော
526. Recognition – အသိအမှတ်ပြုခြင်း
527. Recruitment – စုဆောင်းခြင်း
528. Reconstruction – ပြန်လည်တည်ဆောက်ရေး
529. Referendum – ပြည်သူ့ဆန္ဒခံယူပွဲ
530. Reform – ပြုပြင်ပြောင်းလဲမှု
531. Refugee – ဒုက္ခသည်
532. Registration – စာရင်းသွင်းခြင်း
533. Regime – အုပ်ချုပ်ရေးစနစ်
534. Reimbursement – ကုန်ကျငွေပြန်ပေးခြင်း
535. Reparation – လျော်ကြေး
536. Representative – ကိုယ်စားလှယ်
537. Representative Democracy – ပြည်သူ့ကိုယ်စားပြုဒီမိုကရေစီ
538. Republic – ပြည်သူကရွေးချယ်တင်မြှောက်သူမှ အုပ်ချုပ်သောစနစ်
539. Resignation – ရာထူးမှနှုတ်ထွက်ခြင်း
540. Resistance – ခုခံကာကွယ်မှု
541. Retaliate – လက်တုံ့ပြန်အရေးယူခြင်း
542. Revenue – ဝင်ငွေ
543. Riot – အဓိကရုဏ်း
544. Rule of Law – တရားဥပဒေစိုးမိုးရေး
545. Rural – ကျေးလက်ဒေသ
546. Revolution – တော်လှန်ရေး
━━━━━━━━━━━━━━━ S ━━━━━━━━━━━━━━━
547. Sanction – ပိတ်ဆို့အရေးယူမှု
548. Scarcity – ရှားပါးမှု
549. Secede – ခွဲထွက်သည်
550. Secession – ခွဲထွက်ခြင်း
551. Sectionalism – ဒေသအလိုက်အကျိုးစီးပွားကိုဦးစားပေးမှု
552. Sector – ကဏ္ဍ
553. Segregation – သီးသန့်ခွဲခြားထားခြင်း
554. Senate – အထက်လွှတ်တော်
555. Senator – အထက်လွှတ်တော်အမတ်
556. Separation of Powers – အာဏာခွဲဝေမှုစနစ်
557. Settlement – အခြေချနေထိုင်ခြင်း
558. Socialism – အရင်းအမြစ်တွေကို လူထုအကျိုးအတွက် မျှဝေခံစားတဲ့စနစ်
559. Social Welfare – လူမှုဖူလုံရေး
560. Sovereignty – အချုပ်အခြာအာဏာ
561. Speaker of the House – အောက်လွှတ်တော်ဥက္ကဋ္ဌ
562. Statute – ဥပဒေ
563. Strike – သပိတ်မှောက်ခြင်း
564. Subsidy – အထောက်အပံ့ငွေ
565. Suffrage – မဲပေးခွင့်
566. Supreme Court – တရားရုံးချုပ်
567. Supply – ထောက်ပံ့ပစ္စည်း / ရောင်းလိုအား
568. Surplus – ပိုလျှံမှု
━━━━━━━━━━━━━━━ T ━━━━━━━━━━━━━━━
569. Tariff – တင်သွင်းကုန်အခွန်
570. Tax Revenue – အခွန်ဝင်ငွေ
571. Taxation – အခွန်ကောက်ခံမှု
572. Territory – နယ်မြေ
573. Terrorism – အကြမ်းဖက်မှု
574. Testify – သက်သေထွက်ဆိုခြင်း
575. Testimony – သက်သေထွက်ဆိုချက်
576. Theocracy – ဘာသာရေးအခြေပြုအစိုးရစနစ်
577. Totalitarianism – အကြွင်းမဲ့အာဏာရှင်စနစ်
578. Trade Deficit – ကုန်သွယ်ရေးလိုငွေ
579. Trade Surplus – ကုန်သွယ်ရေးပိုငွေ
580. Traditional Economy – ရိုးရာစီးပွားရေးစနစ်
581. Treaty – သဘောတူစာချုပ်
582. Trial – တရားစီရင်မှု
583. Tribe – မျိုးနွယ်စု
584. Tribunal – တရားခုံရုံး
585. Two-Party System – နှစ်ပါတီစနစ်
586. Treason – နိုင်ငံကို သစ္စာဖောက်မှု
587. Turmoil – မငြိမ်မသက်အခြေအနေ
588. Tyranny – မင်းဆိုးမင်းညစ်၏အုပ်ချုပ်မှု
━━━━━━━━━━━━━━━ U, V, W, Y, Z ━━━━━━━━━━━━━━━
589. Unemployment – အလုပ်လက်မဲ့
590. Unrest – မငြိမ်သက်မှု
591. United Nations (UN) – ကုလသမဂ္ဂ
592. United States Constitution – အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ
593. Urban – မြို့ပြ
594. Utility – အသုံးဝင်မှု
595. Veto – တစ်ချက်လွှတ်ပိတ်ပင်တားဆီသည့် အာဏာ
596. Veto Override – ဗီတိုအာဏာကို ပယ်ချခြင်း
597. Veteran – စစ်မှုထမ်းဟောင်း
598. Victory – အောင်ပွဲ
599. Vice President – ဒုသမ္မတ
600. Violation – ချိုးဖောက်မှု
601. Warfare – စစ်ပွဲနည်းဗျူဟာ
602. Wages – လုပ်အားခ
603. Weapon – လက်နက်
604. Withdrawal – ထုတ်ယူခြင်း / ဆုတ်ခွာခြင်း
605. Yield – အရှုံးပေးသည်
606. Zoning Law – မြေယာစည်းမျဉ်းဥပဒေ
Social Studies အတွက် လိုအပ်တဲ့ vocabularies တွေကို ဘယ်နေရာကနေမှထပ်ရှာစရာမလိုပဲ တစ်နေရာတည်းမှာတစုတစည်းတည်းလေ့လာလို့ရအောင် စုစုပေါင်း စကားလုံးရေ (606) လုံးကို အပိုင်း (6) ပိုင်းခွဲပြီး တင်ပေးထားပါတယ်။
📍Pin ထောက်ထားကနေစပြီး အစအဆုံးပြန်လေ့လာနိုင်ပါပြီ🥳
📝Tr. Hpone
https://t.me/TrHponeClass | 3 693 |
| 17 | 📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 6)
━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━
410. Migration Pattern – ရွှေ့ပြောင်းနေထိုင်မှုပုံစံ
411. Military – စစ်တပ်
412. Military Alliance – စစ်မဟာမိတ်
413. Military Draft – စစ်မှုထမ်းရန် ရွေးချယ်ခေါ်ယူခြင်း
414. Militarism – စစ်အင်အားကို အလေးပေးသောမူဝါဒ
415. Militia – ပြည်သူ့စစ် / အရန်စစ်တပ်
416. Minimum Wage – အနည်းဆုံးလုပ်အားခ
417. Minority – လူနည်းစု
418. Minority Rights – လူနည်းစုအတွက်အခွင့်အရေးများ
419. Monarchy – ဘုရင်စနစ်
420. Monetary Policy – ငွေကြေးမူဝါဒ
421. Money Supply – ငွေကြေးပမာဏ
422. Monopoly – တစ်ဦးတည်းမှ လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်း
423. Monroe Doctrine – ဥရောပနိုင်ငံတွေက အမေရိကတိုက်ထဲမှာ ကိုလိုနီလုပ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းများမလုပ်ရဟူသည့် မူဝါဒ
424. Moral – ကိုယ်ကျင့်တရား
425. Mortgage – အပေါင်စာချုပ်
426. Municipal Government – ဒေသန္တရအစိုးရ
427. Mutiny – စစ်တပ်အတွင်းပုန်ကန်မှု
━━━━━━━━━━━━━━━ N ━━━━━━━━━━━━━━━
428. Nationalism – နိုင်ငံချစ်စိတ်
429. Natural Rights – အခြေခံလူ့အခွင့်အရေးများ
430. Naturalization – နိုင်ငံသားအဖြစ်ခံယူခြင်း
431. Naturalize – နိုင်ငံသားအဖြစ်ခံယူသည်
432. Native Americans – ဒေသခံအမေရိကန်များ
433. NATO (North Atlantic Treaty Organization) – မြောက်အတ္တလန္တိတ်စစ်မဟာမိတ်အဖွဲ့
434. Navy – ရေတပ်
435. Nazi – နာဇီဂျာမဏီ
436. Negotiation – ဆွေးနွေးညှိနှိုင်းခြင်း
437. Neutral – ကြားနေသော
438. Neutrality – ကြားနေမှု
439. New Deal – အမေရိကန်၏ စီးပွါးရေးအားပြုပြင်ပြောင်းလဲရေးအစီအစဉ်
440. Nominate – ရွေးချယ်အဆိုပြုသည်
441. Nomination – အမည်စာရင်းတင်သွင်းခြင်း
442. Noncitizen – နိုင်ငံသားမဟုတ်သူ
443. Nonviolence – အကြမ်းမဖက်ရေးလှုပ်ရှားမှု
━━━━━━━━━━━━━━━ O ━━━━━━━━━━━━━━━
444. Oath – ကျမ်းသစ္စာကျိန်ဆိုခြင်း
445. Obey – လိုက်နာသည်၊ နာခံသည်
446. Objective – ရည်မှန်းချက်
447. Observation – လေ့လာစောင့်ကြည့်မှု
448. Obligation – တာဝန်ဝတ္တရား
449. Obsolete – ခေတ်မမှီတော့သော
450. Occupation – အလုပ်အကိုင် / စစ်တပ်အုပ်ချုပ်မှု
451. Occupy – သိမ်းပိုက်သည်
452. Offense – ပြစ်မှု
453. Officeholder – ရာထူးတာဝန်ထမ်းဆောင်သူ
454. Oligarchy – လူနည်းစုအုပ်ချုပ်မှုစနစ်
455. Opposition – ဆန့်ကျင်ဘက်
456. Oppression – ဖိနှိပ်မှု
457. Oppressor – ဖိနှိပ်သူ
458. Opportunity – အခွင့်အလမ်း
459. Opportunity Cost – ရွေးချယ်မှုတစ်ခုကြောင့် တစ်ဖက်တွင်လက်လွှတ်ဆုံးရှုံးရသော တန်ဖိုး
460. Ordinance – အမိန့်၊ ဥပဒေ
461. Ordinance Law – ဒေသဆိုင်ရာဥပဒေ
462. Outbreak – ရောဂါ/ပဋိပက္ခ ပေါ်ပေါက်ခြင်း၊ ဖြစ်ပွါးခြင်း
463. Outlaw – တရားမဝင်ကြောင်း ကြေငြာသည်
464. Outreach – ဝေးလံသည့်နေရာများသို့ သွားရောက်ကူညီသည်
465. Override – ပယ်ဖျက်သည်
466. Overrule – အာဏာသုံး၍ပယ်ချသည်
467. Oversee – ကြီးကြပ်ကွပ်ကဲသည်
468. Oversight – ကြီးကြပ်စောင့်ကြည့်ခြင်း
469. Overthrow – အာဏာဖယ်ရှားသည်၊ အစိုးရကိုဖြုတ်ချသည်
━━━━━━━━━━━━━━━ P ━━━━━━━━━━━━━━━
470. Pact – သဘောတူစာချုပ်
471. Pacifism – ငြိမ်းချမ်းရေးဝါဒ / စစ်မလိုလားမှု
472. Pardon – ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း
473. Parliament – လွှတ်တော်
474. Parole – အကျဉ်းထောင်မှ ခံဝန်ကတိဖြင့် လွတ်မြောက်ခွင့်
475. Partisanship – ဘက်လိုက်မှု
476. Partition – နယ်မြေခွဲခြားခြင်း
477. Patriot – မျိုးချစ်ပုဂ္ဂိုလ်
478. Patriotism – မျိုးချစ်စိတ်
479. Penalty – ပြစ်ဒဏ်
480. Pension – အလုပ်မှအနားယူပြီးနောက် ပင်စင်ငွေ
481. Per Capita Income – လူတစ်ဦးချင်း၏ဝင်ငွေ
482. Persecution – ဖိနှိပ်ညှဉ်းပန်းမှု
483. Petition – တောင်းဆိုစာ
484. Petroleum – ရေနံ
485. Pilgrims – ဘာသာရေးလွတ်လပ်ခွင့်အတွက် ရွှေ့ပြောင်းအခြေချသူများ
486. Political Campaign – မဲဆွယ်လှုပ်ရှားမှု
487. Political Corruption – နိုင်ငံရေးအကျင့်ပျက်ခြစားမှု
488. Political Party – နိုင်ငံရေးပါတီ
489. Politics – နိုင်ငံရေး
490. Poll – မဲပေးမှု / စစ်တမ်း
491. Poll Tax – မဲအခွန်
492. Popular Sovereignty – အစိုးရ၏အာဏာသည် ပြည်သူများ၏လက်ထဲတွင်သာရှိနေမှု
493. Popular Vote – ပြည်သူ့မဲ
494. Population – လူဦးရေ
495. Population Density – လူဦးရေထူထပ်မှု
496. Poverty – ဆင်းရဲမွဲတေမှု
497. Preamble – ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း
498. Precedent – စံနမူနာ၊ သာဓက
499. Prejudice – မျက်စိမှိတ်ဘက်လိုက်ခြင်း
500. President – သမ္မတ
501. Primary Election – အကြိုရွေးကောက်ပွဲ
502. Private Property – ပုဂ္ဂလိကပိုင်ဆိုင်မှု
နောက်ဆုံးကျန်နေတဲ့ ဒုတိယတစ်ဖြတ်ကို ဒီည (8:00 PM) မှာထပ်တင်ပေးသွားမယ်နော်🌸✨
📝Tr. Hpone
https://t.me/TrHponeClass | 3 445 |
| 18 | မနက်ဖြန်ညနေ (6:00 PM) မှာ Social Studies အတွက် vocabulary usage စုစည်းပေးမှု နောက်ဆုံး Part-6 ထပ်လာမယ်နော်…။
နောက်ဆုံးပိတ်, အိတ်နဲ့လွယ်ဆိုသလို စကားလုံးရေစုစုပေါင်းက အများကြီးဖြစ်သွားတာမို့ word limit ရှိတဲ့အတွက် 2ပိုင်းခွဲပြီးတင်ပေးပါမယ်🙂↔️
Tomorrow 6:00 PM🕕
Stay Tuned everyone⛅️🎀
Join our GED community💌
https://t.me/GEDdiscussion | 3 654 |
| 19 | စာမလုပ်ချင်ဘူးဆိုတဲ့ကျောင်းသားတွေအတွက်☺️
#justforfun | 5 219 |
| 20 | 📍GED Social Studies အတွက် မဖြစ်မနေမှတ်ထားသင့်သည့် Vocabulary usage များစုစည်းပေးမှု — (Part 5)
━━━━━━━━━━━━━━━ I ━━━━━━━━━━━━━━━
331. Innovation – တီထွင်ဖန်တီးမှု
332. Insurrection – ပုန်ကန်ထကြွမှု၊ ဆူပူသောင်းကျန်းမှု
333. Inquisition – တရားဝင်စစ်ဆေးမေးမြန်းခြင်း၊ စစ်ကြောရေး
334. Institution – အဖွဲ့အစည်း
335. Integration – ပေါင်းစည်းခြင်း
336. Interest – အတိုး၊ အကျိုးအမြတ်
337. Interest Group – တူညီတဲ့အကျိုးစီးပွါးကို လိုလားသူများမှ စုဖွဲ့ထားသောအုပ်စု
338. Interdependence – အပြန်အလှန်မှီခိုမှု
339. Internal Conflict – ပြည်တွင်းပဋိပက္ခ
340. Intervention – ဝင်ရောက်စွက်ဖက်မှု၊ ကြားဝင်ခြင်း
341. Iron Curtain – စစ်အေးခေတ်ကာလအတွင်း (အရှေ့)ဥရောပနှင့် (အနောက်)ဥရောပကို ခွဲခြားထားသော နိုင်ငံရေးနယ်နိမိတ်ကန့်သတ်ချက်
342. Isolationism – တံခါးပိတ်ဝါဒီ၊ တစ်ကိုယ်တော်ဝါဒီ
━━━━━━━━━━━━━━━ J ━━━━━━━━━━━━━━━
343. Jail – အကျဉ်းထောင်
344. Jim Crow Laws – လူဖြူနှင့်လူမဲ ခွဲခြားရေးဥပဒေများ
345. Joint Resolution – ပူးတွဲဆုံးဖြတ်ချက် (လွှတ်တော်နှစ်ရပ်ပူးပေါင်း၍ ချမှတ်သော ဆုံးဖြတ်ချက်)
346. Judge – တရားသူကြီး
347. Judgment – တရားရေးရာစီရင်ချက်
348. Judicial Branch – တရားစီရင်ရေးဌာနခွဲ
349. Judicial Court – တရားရုံး
350. Judicial Review – တရားရုံးမှ ဥပဒေ (သို့) အစိုးရ၏လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်စစ်ဆေးခြင်း
351. Judiciary – တရားစီရင်ရေးစနစ် / တရားသူကြီးအဖွဲ့
352. Junta – စစ်အုပ်ချုပ်ရေးကောင်စီ
353. Jurisdiction – တရားစီရင်ပိုင်ခွင့်
354. Juror – ဂျူရီအဖွဲ့ဝင်
355. Jury – ဂျူရီအဖွဲ့ (အမှုဆုံးဖြတ်ရန် ရွေးချယ်ထားသော အကဲဖြတ်ပြည်သူများအဖွဲ့)
356. Justice – တရားမျှတမှု
357. Justification – အကြောင်းပြချက် / ထောက်ခံရှင်းလင်းချက်
358. Juvenile – လူငယ် / အရွယ်မရောက်သေးသူ
━━━━━━━━━━━━━━━ K ━━━━━━━━━━━━━━━
359. King – ဘုရင်
360. Kingdom – ဘုရင်အုပ်ချုပ်သည့် နိုင်ငံတော်
361. Ku Klux Klan (KKK) – အမေရိကန်သမိုင်းရှိ လူမျိုးရေးအစွန်းရောက်အဖွဲ့
━━━━━━━━━━━━━━━ L ━━━━━━━━━━━━━━━
362. Labor – အလုပ်သမား / လုပ်အား
363. Labor Force – အလုပ်သမားအင်အားစု
364. Labor Union – အလုပ်သမားသမဂ္ဂ (အဖွဲ့)
365. Laissez-Faire Economics – အစိုးရမှဝင်ရောက်စွက်ဖက်မှုနည်းသော စီးပွားရေးစနစ်
366. Land Reform – မြေယာပြုပြင်ပြောင်းလဲရေး
367. Landmark Case – အထင်ကရတရားရုံးအမှု
368. Law – ဥပဒေ
369. Law Enforcement – ဥပဒေစိုးမိုးရေး
370. Lawmaker – ဥပဒေပြုအမတ်
371. Lawsuit – တရားစွဲဆိုမှု
372. Lease – ငှားရမ်းစာချုပ်
373. League of Nations – ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဖွဲ့စည်းထားသော နိုင်ငံများအဖွဲ့ (ကုလသမဂ္ဂ UN မတိုင်မီ)
374. Legislation – ဥပဒေပြဋ္ဌာန်းချက်
375. Legislative Branch – ဥပဒေပြုရေးဌာနခွဲ
376. Legislator – ဥပဒေပြုအမတ်
377. Legitimacy – တရားဝင်ဖြစ်မှု
378. Lender – ငွေချေးပေးသူ
379. Liberalism – လွတ်လပ်ခွင့်နှင့် တန်းတူအခွင့်အရေးကို အလေးထားသော အတွေးအခေါ်ဝါဒ
380. Liberty – လွတ်လပ်ခွင့်
381. Liability – ဥပဒေဆိုင်ရာ တာဝန်ရှိမှု
382. Life Expectancy – ပျမ်းမျှအသက်ရှင်နိုင်နှုန်း (သက်တမ်း)
383. Limited Government – အာဏာကန့်သတ်ထားသော အစိုးရ
384. Line of Succession – အာဏာဆက်ခံမည့် အစဉ်အဆက်
385. Literacy – စာတတ်မြောက်မှု
386. Loan – ချေးငွေ
387. Lobbying – မူဝါဒအပေါ် သြဇာလွှမ်းမိုးရန် စည်းရုံးလှုံ့ဆော်ခြင်း
388. Lobbyist – မူဝါဒအပေါ် ဩဇာသက်ရောက်မှုရှိရန် စည်းရုံးလှုံ့ဆော်သူ
389. Local Election – ဒေသန္တရရွေးကောက်ပွဲ
390. Local Government – ဒေသန္တရအစိုးရ
391. Lockout – အလုပ်ရှင်က အလုပ်သမားများကို ယာယီအလုပ်မပေးခြင်း
392. Long-Term Debt – ရေရှည်ကြွေးမြီ
393. Louisiana Purchase – အမေရိကန်နိုင်ငံ၏ Louisiana နယ်မြေ ဝယ်ယူမှု
394. Levy – အခွန်ကောက်ခံခြင်း / အခွန်
━━━━━━━━━━━━━━━ M ━━━━━━━━━━━━━━━
395. Magna Carta – အင်္ဂလန်နိုင်ငံ၏ အခြေခံလူ့အခွင့်အရေးစာချုပ်
396. Mandate – အမိန့်ပေးအာဏာ / တာဝန်ပေးချက်
397. Manifest Destiny – အမေရိကန်နိုင်ငံ၏ နယ်မြေချဲ့ထွင်ရေးအယူဝါဒ
398. Manifesto – နိုင်ငံပါတီ၏ မူဝါဒကြေညာစာတမ်း
399. Market – ဈေးကွက်
400. Market Economy – ဈေးကွက်စီးပွားရေးစနစ်
401. Marshall Plan – ဒုတိယကမ္ဘာစစ်အပြီး ဥရောပအားပြန်လည်တည်ဆောက်ရေးအစီအစဉ်
402. Mayor – မြို့တော်ဝန်
403. Mediation – ကြားဝင်ညှိနှိုင်းဖြေရှင်းခြင်း
404. Medicaid – ဆင်းရဲသားများအတွက် ဆေးဝါးအကူအညီ
405. Medicare – သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးအာမခံကူညီမှု
406. Mercantilism – ကုန်တင်ပို့မှုကို အဓိကဦးစားပေးသည့် စီးပွားရေးဝါဒ
407. Merchant – ကုန်သည်
408. Metropolis – မြို့ကြီး
409. Migration – နေရာရွှေ့ပြောင်းခြင်း
📝Tr. Hpone
https://t.me/TrHponeClass
နောက်ဆုံးကျန်နေတဲ့ (Part 6) ကို တစ်ရက်ထပ်တင်ပေးသွားပါမယ်နော်😽 | 4 796 |
