ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

الذهاب إلى القناة على Telegram
1 030
المشتركون
-224 ساعات
-27 أيام
-1330 أيام
أرشيف المشاركات
******* အနီရင့်က စာအုပ်တွေကို လိုက်ကြည့်ပြီး လိုအပ်တာတွေကို စာရေးမလေးကို လိုက်မှတ်ခိုင်းလိုက်တယ်။ အနီရင့်ရဲ့ စာအုပ်ဆိုင်လေးက တစ်နေ့တစ်နေ့ သိန်းချီ မြတ်အောင် ရောင်းနေရတာမဟုတ်ပေမဲ့ ပုံမှန်လေးတော့ ရောင်းနေရတယ်။ဆိုင်မှာ ကလေးတွေဖတ်ဖို့ စာအုပ်ကနေ ပြီး လူကြီးတွေ ဖတ်ဖို့အထိ စာအုပ်တော်တော်စုံစုံရှိတယ်။အဓိက က အနီရင့်က စာဖတ်ဝါသနာပါလို့ ဝါသနာကိုက်ညီတဲ့ အလုပ်ကို ရွေးခဲ့တာ။ စာအုပ်ဆိုင်လုပ်နေရင်းကနေ အနီရင့်စာ စရေးပြီး ဆိုတော့မှ ဆိုင်ကို အရောင်းမန်နေဂျာဆီကိုလွှဲထားလိုက်တာ။ ဒါပေမဲ့ စာအုပ်ဆိုင်နဲ့ အနီရင့်တိုက်ခန်းက သိပ်မဝေးလို့ ဆိုင်ကို အနီရင့် အချိန်မရွေး သွားလို့လာလို့လွယ်တယ်။ခုရက်ပိုင်းတွေမှာ အနီရင့် စိတ်တွေ ရှုပ်ပြီး စာရေးလို့မရတာမို့ အရောင်းထိုင်းတဲ့ စာအုပ်တွေကို ဖုန်သုတ် သန့်ရှင်းရေးလုပ်နေခဲ့တာ။ " မမ ...ကိုမြတ်ဘုန်း ရောက်နေတယ် " စာရေးမလေးရဲ့ အသံကြောင့် အနီရင့် စာအုပ်စင်ကြားကနေ ခေါင်းပြူကြည့်လိုက်တယ်။ အနီရင့် ကြည့်နေတုန်းမှာပဲ ကိုဘုန်းက အတွင်းခန်းထဲအထိ ၀င်လာတာကို တွေ့လိုက်ရတယ်။ မှတ်မှတ်ရရ ဒီနေ့ အပါဆိုရင် ကိုဘုန်းနဲ့ အနီရင့် မတွေ့တာ ရက်အတန်ကြာခဲ့ပြီလေ။ကိုဘုန်းက ဖုန်းဆက်တဲ့ အခါ အနီရင့် ဖုန်းကိုင်ပေမဲ့ လူချင်း တွေ့ဖို့ချိန်းတဲ့အခါတိုင်း အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေခဲ့မိတယ်။ကိုဘုန်းအိမ်ကိုလာရင်လည်း ထွက်မတွေ့။တံခါးဖွင့်မပေးခဲ့။ခုတလော အနီရင့် စဉ်းစားမိနေတာက အနီရင့်က ဇိမ်မယ်တစ်ယောက်များဖြစ်နေပြီးလားဟုပင်။ဇိမ်မယ်မှ ပိုက်ဆံမရတဲ့ ဇိမ်မယ်မျိုးပေါ့။အများအမြင်မှာ အပျိုစင်တစ်ယောက် အဖြစ်တင့််တယ်နေပေမဲ့ တကယ်လက်တွေ့ဘဝက ကိုဘုန်းရဲ့ တိတ်တိတ်ပုန်း အပျော်မယားတစ်ယောက် ပမာ ပါပင်။လက်ထပ်ဖို့ မပြောရဲ။ မပြောထွက်။လက်ထပ်ဖို့ပြောလိုက်ရင် စိတ်များ ညစ်သွားမလားလို့ တွေးပြီး ထိတ်လန့်ခဲ့ရတာလည်း အခါခါ။ ဒီကြားထဲ ချစ်သူရဲ့ အလိုဆန္ဒကို မလိုက်လျောပြန်ရင် ကိုယ့်ကို ထားခဲ့လေမလား ။ကိုယ်နောက်ကွယ်မှာ အပျော်အပါး လိုက်စားနေလေမလား တွေးပြီး အကုန်လိုက်လျောခဲ့မိတာတွေက နောက်ဆုံးတော့ အလေးထားမခံရတဲ့ တန်ဖိုးမဲ့မိန်းမတစ်ယောက် ဘဝကို ရောက်မှန်းမသိရောက်ခဲ့ရတော့တဲ့အထိ ဖြစ်လာခဲ့တယ်။ " နီ ...မင်း ကိုယ်ကို တမင်ရှောင်နေတာလား " ကိုဘုန်းက မေးရင်း အနီရင့် နားကို လျှောက်လာတယ် ။ဆိုင်ထဲမှာဖြစ်နေမို့ အနီရင့်ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တယ်။ "မဟုတ်ပါဘူး ... ခုတလော ဆိုင်ကို သေချာ လုပ်နေ လို့ပါ ..." " အဲ့ဒါဆို အပြင်သွားရအောင်လေ .." ပြောပြောဆိုဆိုနဲ့ ကိုဘုန်းက အနီရင့်ရဲ့လက်ကို လှမ်းဆွဲတယ်။ ကိုဘုန်းရဲ့အပြုအမူကြောင့် အနီရင့်ရဲ့အမှတ်မရှိတဲ့ နှလုံးသားက ဒိန်းခနဲ ဆောင့်ခုန်သွားရပြန်တယ်။ အနီရင့်လက်ကို မသိမသာပြန်ရုန်းလိုက်တယ်။ ******* " နီ ဘာလိုချင်လဲ ...ကြိုက်တာယူလေ " ကုန်တိုက်ထဲမှာ လျှောက်နေရင်း ကိုဘုန်းကပြောတယ်။အနီရင့် ခေါင်းကို ခါပြလိုက်မိတယ်။မိန်းမပီပီ ချစ်သူပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားတတ်ပေးမဲ့ ဘာဝယ်ပေးပါ။ ညာဝယ်ပေးပါလို့ အနီရင့် ကတောင်းဆိုလေ့မရှိဘူး။ပြီးတော့ အနီရင့်ရဲ့ အကျင့်ကလည်း အလိုချင်ဆုံးဆိုတဲ့ အရာလောက်ကို သာဝယ်တတ်တဲ့ အကျင့်ရှိတာ။တွေ့သမျှ ၊ မြင်သမျှ ၊ အသစ်အဆန်း မှန်သမျှ နှစ်သက်တတ်သူမျိုး မဟုတ်ဘူးလေ။ " ဘုတ် " " အမေ့ " အနီရင့် ဟိုငေးဒီငေးနဲ့ တွေးချင်ရာတွေးပြီး လျှောက်လာရင်းနဲ့ ထောင့်ချိုးအကွေ့တစ်ခု ရောက်တော့ တစ်ဖက်ကထွက်လာတဲ့လူနဲ့ "ဘုတ် ခနဲ "မြည်အောင် တိုက်မိပါလေရော။တစ်ဖက်လူရဲ့လက်ထဲက အထုတ်တွေက ပြုတ်ကျလာတယ်။အထုတ်တွေ ပြုတ်ကျသွားတော့ တစ်ဖက်လူကလည်း ခပ်သွက်သွက်ပြန်ကောက်သလို အနီရင့်ကလည်း တောင်းပန်စကားဆိုရင်း ဝိုင်းကူ ကောက်ပေးလိုက်တယ်။ " တောင်း ... တောင်းပန်ပါတယ်နော် ...ဟင် " အနီရင့် တောင်းပန်စကားဆိုရင် တစ်ဖက်လူကို တွေ့လိုက်ရတော့ အံ့သြသွားမိပြီး နှုတ်ဆက်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူ့က ခေါင်းလေးကို မသိမသာ ယမ်းပြပြီး ခေါင်းငုံ့သွားတာမို့ အနီရင့် ကိုယ့်နှုတ်ခမ်းလေးကို ပြန်ကိုက်လိုက်ရတယ်။သူ့ပုံစံက ရှပ်အင်္ကျီအနက်ရောင်နဲ့ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားပြီး အတော်လေးကြည့်ကောင်းနေတယ်။ပြီးတော့ ထုံးစံအတိုင်း အနက်ရောင် ဦးထုပ်လေးနဲ့ပေါ့။ " နီ ဘာတွေ လုပ်နေတာလဲ သွားမယ် " ကိုဘုန်းက သူ့အနားမှား ထိုင်ပြီး အထုတ်တွေကူကောက်ပေးတဲ့ အနီရင့်ကို ခေါ်ပြီး လက်ကို ဆွဲယူလိုက်တယ် ။ပြီးတော့ ငုတ်တုတ်ထိုင်ပြီး ကျသွားတဲ့ အထုတ်တွေကို ပြန်ကောက်နေတဲ့ လင်းရိပ်ကို မနှစ်မြို့ သလို တစ်ချက်ကြည့်လိုက်တယ်။ " မောင် ဘာဖြစ်တာလဲ ... မမက မောင် ပါလာတယ်ထင်ပြီး စကားတွေပြောနေတာ " အနီရင့်ကို ကိုဘုန်းက ဆွဲခေါ်နေတုန်းမှာ အသက်ငါးဆယ်ကျော် အန်တီကြီး တစ်ယောက် အနီရင့်တို့ နားကိုလျှောက်လာပြီး ပြောပြောဆိုဆိုနဲ့ လင်းရိပ် ရဲ့လက်ကို လှမ်းကိုင်လိုက်တယ်။ပြီးတော့ အနီရင့်ကို မျက်စောင်း တစ်ချက် ဒိုင်းခနဲ လှမ်းထိုးတယ်။ လင်းရိပ်က ဖျတ်ခနဲ အနီရင့်ကို တစ်ချက်မော့ကြည့်လိုက်ပြီ အန်တီကြီးရဲ့ခါးကိုဖက်ပြီး ကျောခိုင်း ထွက်သွားတယ်။ ***** အပိုင်း ( ၁၀ ) ဆက်ရန် ဧကြည်ဖြူ

လင်းရိပ်က မျက်နှာပျက်ချင်နေတဲ့ ချစ်သူကို စကားလမ်းကြောင်းလွှဲပစ်လိုက်တယ်။ သူမလည်း စိတ်ပူနေမယ်ဆိုတာ လင်းရိပ် သိပါတယ်။သူမရတဲ့လစာငွေနဲ့ လင်းရိပ်ကို ကူညီမပေးနိုင်လို့ သူမကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေမှာကို လင်းရိပ် မလိုချင်။ဖြစ်နိုင်ရင် လင်းရိပ်ဘက်ကသာ ယောက်ျားပီပီ သသနဲ့ ကိုယ့်ချစ်သူကို တာဝန်ယူပေးလိုက်ချင်တာ။ " လာလေ ..သွားကြမယ်လေ နှင်း " လင်းရိပ်က ချစ်သူရဲ့လက်ဖျားလေးကို ဆွဲယူဆုပ်ကိုင်ပြီး ထိုင်ရာ ကနေ ထလိုက်တယ်။အင်းလျား ရေပြင်က ငြိမ်သက်လို့။ကောင်းကင်ကြီးကလဲ ပြာလဲ့လဲ့နဲ့ကြည်လင်တောက်ပလို့။နှင်းသီရိရဲ့ရင်ထဲမှာတော့ စိတ်တွေက အုံ့ဆိုင်းမှိုင်းညို့လို့ ပေါ့။" နှင်းဘာကူညီပေးရမလဲ ...ဆေးရုံကို လာခဲ့ရမလား မောင် ...နှင်းလဲ မောင် အမေ့ကို ဝိုင်းကူပြုစုပေးရမလား " စသဖြင့် ဒီလိုစကားတွေကို နှင်းသီရိဘက်က ပြောသင့်မှန်းသိပါရဲ့နဲ့ နှင်းသီရိရဲ့ ပါးစပ်က ထွက်မလာခဲ့ပါလေ။နှင်းသီရိကချစ်သူလင်းရိပ်ကို အကြောင်သားပဲ ကြည့်နေမီခဲ့တယ်။ လင်းရိပ်ရဲ့မျက်နှာက နွမ်းလျ ပုံပေါ်နေပေမဲ့ ချောမော ကြည့်ကောင်းနေဆဲပါပင်။အဖြူရောင်ရှပ်လက်ရှည်၊အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီနဲ့ပင် သန့်ပြန့်နေတဲ့ချစ်သူ။ ဘေးကိုသိမ်းထားတဲ့ ဆံပင်တွေက ခေါင်းလိမ်းဆီ မတင်ထား၍ ထင်ပါရဲ့ တစ်ချက်တစ်ချက် နဖူးပြင်ပေါ် ဆံပင်တွေဝဲခနဲကျလာပုံက ကြည့်၍ပင် ကောင်းနေသေးတယ်။အရက်နဲ့ဆေးလိပ် သောက်လေ့မရှိတဲ့ နှုတ်ခမ်းတွေက နီနီထွေးထွေး။စူးရှတောက်ပတဲ့မျက်ဝန်းနက်နက်တွေ မျက်ခုံးထူထူတွေ။ကျစ်လျစ်တဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်လှတဲ့ အရပ်အမောင်းလည်း သူ့မှာရှိနေပြန်တယ်။ ဒီ ယောကျာ်းက အရေပြားအလှအပမှာတော့ မိန်းမလှလေးတွေထက်တောင် ကံကောင်းတဲ့သူလို့ နှင်းသီရိ တွေးလိုက်မိတယ်။ ဒီလို ချောမော ကြည့်ကောင်းနေ့တာကြောင့်ပဲ သူ့ကို နှင်းသီရိရွေးခဲ့မိပါလေသလားမသိတော့။အရင်ကတော့ သူ့ရဲ့လက်ကို တွဲပြီး ဟိုသွား ဒီသွားသွားရတာကို နှင်းသီရိ ပျော်ခဲ့တယ်။သူငယ်ချင်းတွေနဲ့ အခြားသူတွေက အားကျသလို ကြည်ကြတဲ့အခါ နှင်းသီရိ စိတ်ထဲက ကျေနပ်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ နှင်းသီရိအတွက် ငွေကြေးကသာ အဓိကဖြစ်နေခဲ့တယ်လေ။ ***** လင်းရိပ်နဲ့ နှင်းသီရိ မုန့်စားပြီးတော့ အသီးသီး ပြန်ဖို့ပြင်ကြတယ်။ လင်းရိပ်ကချစ်သူကို ကားလမ်း တစ်ဘက်ခြမ်းထိ လိုက်ပို့ရင်း ဒီနေ့ ချစ်သူကို ဘာမှမဝယ်ပေးလိုက်ရလို့ စိတ်မကောင်းဖြစ်နေမိတယ်။နှင်းသီရိရဲ့ မျက်နှာကို ကြည့်ရတာလည်း သိပ်ပြီး ရွှင်ရွှင်လန်းလန်း မရှိလှတာမို့ လင်းရိပ်စိတ်ထဲ ပူပန်နေမိတယ်။ချစ်သူမှာ ဘာအခက်အခဲတွေရှိနေလဲ မမေးထွက်။မေးပြီးရင် ရော လင်းရိပ်ကူညီနိုင်မှာတဲ့လား။ချစ်သူကို သူ့ရဲ့အခက်အခဲတွေကိုပဲ ပြောပြနေမိတဲ့အတွက် လင်းရိပ် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။ နှင်းသီရိ ကားပေါ်တက်သွားပြီး တော့မှ လင်းရိပ်လည်း ကားလမ်းရဲ့တစ်ဘက်ခြမ်းကို ပြန်ကူးလာခဲ့ပြီး ကားစီးဖို့ပြင်လိုက်တယ်။အတူဆုံပြီးတဲ့အခါတိုင်း အမြဲဒီလို လမ်းခွဲနေကြ ဖြစ်ပေမဲ့ ဒီနေ့မှ လင်းရိပ်ရဲ့ရင်ထဲမှာ ပိုပြီး ထိထိခိုက်ခိုက်ခံစားနေရတယ်။ ဘ၀ရယ်မဟုတ်တဲ့ အတွေးတွေက လင်းရိပ်ကို ဖိစိးနေတယ်။နောက်ဆုံးတော့ လင်းရိပ်စိပ်ထဲ မတင်မကျဖြစ်နေတာမို့ နှင်းဆီကို ငွေသုံးသောင်းလွှဲလိုက်တယ်။ ချစ်သူဆီ ငွေလွှဲလိုက်ပြီးတာနဲ့ ကားရောက်လာတာအချိန်ကိုက်ဖြစ်သွားတာမို့ လင်းရိပ်ကားပေါ်ကိုတက်ခဲ့လိုက်တယ်။ လင်းရိပ် ကားပေါ်ရောက်ပြီး မကြာခင်မှာပဲ လင်းရိပ်ရဲ့ဖုန်းသံကမြည်လာတာမို့ ကြည့်လိုက်တော့ ချစ်သူနှင်းသီရိ ဆီက ဖုန်းဖြစ်နေတာကို လင်းရိပ်တွေ့လိုက်ရတယ် ။လင်းရိပ်ဖုန်းကိုကိုင်လိုက်တယ်။ " ဟယ်လို ... ပြောလေ နှင်း " " နှင်းဆီကို ငွေလွှဲလိုက်တာလား မောင်... နောက်ကို နှင်းကို မပြောဘဲ ငွေမပို့ပါနဲ့....ခု အဲ့ဒီငွေကို မောင့်ဆီ ပြန်လွှဲပေးလိုက်မယ် " ချစ်သူရဲ့ စကားကြောင့် လင်းရိပ်ရဲ့ရင်ထဲမှာ ဟာခနဲ ခံစားလိုက်ရတယ်။ဆက်ပြောဖို့အတွက်လည်း စကားလုံးတွေ ပျောက်ဆုံးသွားရတယ်။ လူတွေကြားထဲမို့ မေးချင်ပြောချင်စိတ်တွေကို လင်းမျိုချလိုက်ပြီး ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်။ ******* နှင်းသီရိ ကားပေါ်မှာထိုင်လိုက်လာရင်း လင်းရိပ်ဆီကို ငွေပြန်လွှဲပေးလိုက်တယ်။အရင်ကတော့ ဒီလိုမျိုးတွေကို သဘောကျ ကျေနပ်ခဲ့တာပေါ့။ချစ်သူဆီက ရသမျှတွေကို သူငယ်ချင်းတွေကြားထဲမှာကြွားဝါပြောဆိုရင်း သိပ်ကို ဂုဏ်ယူခဲ့တာပေါ့။ ငါ့ချစ်သူဝယ်ပေးတာလေ...ငါ့ချစ်သူက မုန့် ဖိုးပေးတာ"လို့ ကြွားလည်းကြွား ပေါ့။ လူရှေ့သူရှေ့ရောက်ရင် ချစ်သူကိုနိုင်စားပြပြီး နောက်ကွယ်ကျမှ " မောင်ကလဲကွာ " ဆိုပြီး ချွဲချွဲပျစ်ပျစ် ချော့ရတာကို သိပ်ကို ကြည်နူးခဲ့တာလေ။ ခုတော့ ဒီလို ကျေနပ်ကြည်နူးစရာတွေ ထက် ငွေကို ရေလိုသုံး ၊ ဘယ်သွားသွားကိုယ်ပိုင်ကားလေးနဲ့သွားရတာကို နှင်းသီရိ ပိုသဘောကျနေပြီ။ပြီးတော့ မတုန်မလှုပ် ချစ်သူထက် လက်ရဲဇက်ရဲရှိတဲ့ ချစ်သူသစ်ကို နှင်းသီရိ ပိုပြီး မက်မောတွယ်တာနေမိပြီလေ။

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၉ ) **** မြောက်ဥက္ကလာ ဆေးရုံမှာ အမေနဲ့ ညီမလေးကို ထားခဲ့ပြီးတော့ လင်းရိပ် အလုပ်ကို သူပြန်ရောက်ပြီဖြစ်တဲ့ အကြောင်း ဝင်ပြီး အကြောင်းကြားလိုက်တယ်။ပြီးတော့ ထပ်ပြီး ခွင့်ပေးဖို့ ခွင့်တောင်းရပြန်တယ်။ပိုင်ရှင်က သိပ်မကျေနပ်။ ဒါပေမဲ့ လင်းရိပ်အခြေအနေက ခွင့်မပေးရင်လဲ အလုပ်ကထွက်ရမှာဆိုတော့ မျက်နှာပုတ်ပုတ်နဲ့ ပဲပိုင်ရှင်ကခွင့် ပြုပေးလိုက်တယ်။အလုပ်ရှင်ဘက်က စဉ်းစားကြည့်တော့လည်း မလွန်ဘူးဆိုတာလင်းရိပ်နားလည်ပါတယ်။၀န်ထမ်းသိပ်မများတဲ့သူတို့ဆိုင်မှာ ၀န်ထမ်းတစ်ယောက် လျော့သွားတော့ ဘယ်အဆင်ပြေပါ့မလဲ။ သူတို့ဘက်က အပြီးတိုင် အလုပ်ထုတ်ပစ်လိုက်မယ်ဆိုရင်လည်း လင်းရိပ်က ကျေနပ်လက်ခံပြီးသားပါ။ဒါပေမဲ့ လင်းရိပ်ရဲ့ အရောင်းမြှင့်တင်နိုင်စွမ်းအားကို သိနေတဲ့ အလုပ်ရှင်က လင်းရိပ်ကို အလုပ် မထုတ်ဘူး။ တစ်လစာငွေကြို ထုတ်ပေးလိုက်တယ်။ လင်းရိပ် သူ့မှာ ရှိသမျှ ငွေအားလုံးကို တွက်ချက်လိုက်တယ်။ဘဏ်မှာ စုထားတဲ့ငွေနဲ့အကောင့်ထဲရှိသမျှ ငွေရော ယုတ်စွအဆုံး ခေါင်းအုံးအောက်က ငွေပါမကျန် ပေါင်းလိုက်တော့ ဆယ်သိန်းကျော်ကျော်လောက်ရှိတယ်။ကြိုငွေ တစ်လစာနဲ့ဆို ဆေးရုံစရိတ်တော့ ကောင်းကောင်းရတယ်။ခက်တာက ခွဲစိတ်စရိတ်ပဲ။ခွဲစိတ်ဖို့ သိန်းလေးငါးဆယ်ရှိမှ ဖြစ်မှာ။ပြီးရင် အမေတို့ကို ဆေးရုံနဲ့ နီးနီးနားနားဖြစ်အောင် ရန်ကုန်မှာပဲ လင်းရိပ်ထားချင်တော့တာ။အိမ်ငှားခတွေကလဲ ခေါင်းခိုက် နေတာ။ပြီးတော့ အိမ်ငှားခကိုခြောက်လစာ တောင်းတဲ့ အိမ်တွေက ပိုများတယ်။ လင်းရိပ် အဆောင်ခက သုံးသောင်းခွဲ အဲ့ဒါကို ငွေထပ်ဖြည့်ပြီး အိမ်ငှားမယ်ဆိုရင်တော့ မြို့သစ်ဘက်လောက်တော့ ငှားဖို့အဆင်ပြေလောက်တယ်။ ဒါပေမဲ့ အလုပ်သွားအလုပ်ပြန်စရိတ်နဲ့ လင်းရိပ်ရဲ့လူမသိ သူမသိအလုပ်အတွက် အဆင်မပြေနိုင်တော့ဘူး။မတော်လို့ လင်းရိပ်လုပ်နေတာတွေကို အိမ်က ရိပ်စားမိသွားခဲ့ရင် လင်းရိပ် ရှေ့ဆက်မတွေးရဲတော့။တွေးကြည့်လိုက်တော့ လင်းရိပ် ယောက်ျားတန်မဲ့နေရာမှာတင် ချုံးပွဲချ ငိုချပစ်ချင်လိုက် တော့တယ်။ဘ၀က ချောင်ပိတ်အရိုက်ခံနေရသလိုပင် ။ ထွက်ပေါက်က ဘယ်ဆီမှာပါလဲ လင်းရိပ်မတွေးတောတတ်တော့ ။ ဒီဒုက္ခတွေကို လင်းရိပ် ဘယ်လို ကျော်လွှားရမလဲ။ သူ့ပခုံးပေါ်မှာ ပိနေတဲ့ မိသားစုတာဝန်တွေ။လူသားတစ်ယောက်ပီပီ လင်းရိပ် ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာပဲပေါ့။လင်းရိပ် အတွက်တော့ ဒုက္ခဆိုတာ ငယ်ပေါင်းကြီးဖော် အရိပ်တစ်ခုလို အမြဲလိုက်ပါနေတာပဲမဟုတ်ပါလား။ လင်းရိပ် ထူးပြီး တုန်လှုပ်မနေချင်တော့ပါ။ **** လင်းရိပ် လျှို့ဝှက်ဖုန်းကိုထုတ်ပြီး အလုပ်ရှာလိုက်တယ်။အရင်ဆို လင်းရိပ်က နေ့လည်နေ့ခင်း ဒီအလုပ်ကိုလုံးဝ လုပ်လေ့မရှိဘူး။ အခုတော့ နေ့ခင်း ရောညအတွက်ပါ နာရီပိုင်းနဲ့ အလုပ်ရှာလိုက်တယ်။ အားလပ်ချိန်မှာ အမေနဲ့ ညီမလေးရှိတဲ့ ဆေးရုံကို သွားရမယ်။ အချိန်ပြည့် အလုပ်လုပ်နေလို့ မဖြစ်ဘူး ။ အဲ့ဒါကြောင့် အလုပ်ကနေ နားလိုက်ရတာ။ တစ်ပတ် အတွင်းမှာ သိန်းလေးငါးဆယ် ရဖို့တော့ ဖြစ်နိုင်မှာမဟုတ်ပေမဲ့ လောလောဆယ် အမေတို့ကို မြို့သစ်ဘက်မှာ အိမ်ငှားနဲ့ ထား ထားပြီး ဆေးရုံကို အမြဲမပြတ်သွားပြနေရင်း ခွဲစိတ်ဖို့ အချိန်ည်းနည်း ယူလိုက်ရင်တော့ ငွေများ ပြည်နိုင်မလားပေါ့။ညီလေးလည်း နယ်မှာ ကျောင်းတက်ရင်း ကလေးတွေကို စာပြပေးနေတာ အိမ်စရိတ် နည်းနည်းပါးပါးတော့ ရတယ်တဲ့။မကြာခင် ကျောင်းလည်း ပိတ်တော့မှာပဲမို့ အငယ်ကောင်ကို ရန်ကုန်မှာ အလုပ်သွင်းပေးလိုက်ရင် စားစရိတ်အတွက် အသက်ရှူပေါက်များရလေမလား တွေးလိုက်မိပြန်တယ်။ခက်တာက အငယ်ကောင်က ယောကျာ်ချင်းမို့ လင်းရိပ်ရဲ့ အလုပ်ကို များ ရိပ်မိသွားမလား တွေးပူရပြန်ရော။အစစအရာရာ တွေးတောရင်း လင်းရိပ် ခေါင်းတွေ ပူပြီး ခြောက်လာမိတယ်။လင်းရိပ် ရင်ထဲမှာ မွန်းကြပ်နေတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ချင်မိတယ်။ဒီလို အချိန်မှာ ပထမဆုံး ပြေးမြင်မိတာက ချစ်ရသူနှင်း ဆိုပေမဲ့ ချစ်သူကို အပူတွေ မကူးစက်စေလိုမိ။ လင်းရိပ် ချစ်ရသူအားလုံးကို ပျော်ရွှင်စရာတွေပဲ ခွဲဝေပေးချင်တာလေ။ ****** လင်းရိပ်ရဲ့ စကားဆုံးတော့ နှင်းသီရိက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေတယ်။ ခဏကြာမှ ပင့်သက်ကိုချပြီး လင်းရိပ်ကို မေးလိုက်တယ်။ " ဒီလိုဆို မောင်မှာ ပိုက်ဆံရောရှိရဲ့လား " နှင်းသီရိက မေးပြီး လင်းရိပ်မျက်နှာကို ငေးကြည့်နေမိတယ်။သေချာတာက လင်းရိပ်နဲ့ နှင်းသီရိရဲ့ အနာဂတ်ခရီးက ပိုပြီး ဝေးကွာသွားပြီး ဆိုတာကိုလည်း နှင်းသီရိ သိလိုက်တယ်။ " ရှိပါတယ် နှင်းရဲ့ ....အမေကိုခွဲစိတ်ပေးဖို့ စုထားတဲ့ ငွေရှိတယ် ...လောလောဆယ် အဲ့ဒီငွေနဲ့ပဲသုံးရမှာပေါ့ ....." " အင်း ... တော်သေးတာပေါ့ " "အဆင်ပြေရဲ့လား "လို့ နှင်းသီရိမမေးချင်။ မမေးမိပါလေတော့ ။ချစ်သူဘ၀မှာပင် ဒီလို ဒုက္ခတွေကို နှင်းသီရိ မခံစားချင်ပါ။ ဘ၀ကို လှလှပပ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းချင်မိတာ နှင်းသီရိရဲ့ အပြစ်လား။ "ကဲပါ နှင်းရယ် ... နောက်ဆို နှင်းဆီကို မောင်သိပ်လာဖြစ်မှာ မဟုတ်လို့ လာပြောပြတာ ...မောင်တို့ မုန့်သွားစားရအောင်လေ "

" ဟုတ်ကဲ့ မကေဇင် ... တွေ့လို့ လာနှုတ်ဆက်တာပါ ...ကိုဘုန်းက အနီရင့် ဖုန်းဆက်တော့ အလုပ်မအားဘူးဆို ...ဘာလဲ မကေဇင်နဲ့ စျေးဝယ်ထွက်ရမှာမို့ မအားတာလား ...ဈေးဆက် ဝယ်ကြပါ ...အနီရင့် မနှောက်ယှက်ပါဘူး သွားတော့မယ်နော် " ပြောပြီးတာနဲ့ အနီရင့် ချာခနဲ ကျောခိုင်းထွက်ခဲ့လိုက်တယ်။ တစ်ယောက်ကချစ်ရသူ။ တစ်ယောက်က အစ်မတစ်ဝမ်းကွဲ။အနီရင့် စိတ်ထဲ ဒေါသထွက်လွန်းတာမို့ အသားတွေပါ တဆတ်ဆတ် တုန်လာမိတယ်။ " နီ ခဏနေအုံး ... " " ဘာလဲ ... ဘာလုပ်ဖို့ နေရမှာလဲ..." မြတ်ဘုန်းက အနီရင့်နောက်ကို အပြေးတစ်ပိုင်းလိုက်လာရင်း အနီရင့်လက်ကို လှမ်းဆွဲပြီး ခေါ်လိုက်တယ်။ အနီရင့် ကလဲ စိတ်တိုနေတုန်းမို့ လက်ကိုဆတ်ခနဲ ဆောင့် ရုန်းလိုက်ပြီး အသံခပ်မာမာနဲ့ ပြန်ပြောလိုက်တယ်။ အနီရင့်ရဲ့ ပုံစံကိုကြည့်ပြီး မြတ်ဘုန်းလည်း ရုတ်တရက်တော့ အံ့သြကြောင် အသွားတယ်။ " နီ မင်းဘာဖြစ်နေတာလဲ " " ဘာလဲ ..ဘာမှမဖြစ်ဘူး" "ဘာမှ မဖြစ်ရင် မင်းရဲ့အစ်မကို ဘယ်လိုပြောသွားတာလဲ ... အသက်လဲ မငယ်တော့ဘူး ခုထိ ကလေးဆန်တုန်းလား " မြတ်ဘုန်းစကားကြောင့် အနီရင့် မြတ်ဘုန်းကို စိတ်တိုတိုနဲ့ မော့ကြည့်လိုက်မိတယ်။ "ကလေး ဆန်တယ် ဟုတ်လား ... ဘယ်သူက ကလေးဆန်တာလဲ ...ကိုဘုန်းတို့သာ လူကြီး ဆန်ဆန် ပြုမူနေထိုင်သင့်ကြတာသိရဲ့လား " " နီ မင်းစကားပြောပုံတွေ မဟုတ်သေးဘူး ...ကိုယ်စိတ်တိုလာပီ ... အေးပါ ...ကိုယ်မင်းနဲ့ စကားမများချင်ဘူး... မင်းဆီကို ညမှ ကိုလာခဲ့မယ် ... ခု ကေဇင့်ကိုလိုက် ပို့လိုက်အုံးမယ် ..." ပြောပြီးတာနဲ့ ပြန်လှည့်ထွက်သွားတဲ့ ကိုဘုန်းကို ကြည့်ပြီး အနီရင့် ရင်ထဲစူးခနဲဖြစ်သွားပြီးအောင့််တက်လာတယ်။ကိုဘုန်းလုပ်သွားပုံက မယုံကြည်နိုင်လောက်အောင်ပါ ပင် ။ကျောခိုင်းထွက်သွားပြီး အနီရင့်ကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားခဲ့။အနီရင့် အံကိုတင်းတင်းကြိတ်ပြီး ကျောခိုင်းထွက်ခဲ့လိုက်တယ်။ **** ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ် ဖျတ်ခနဲ အခြားဘက်ကို မျက်နှာလွှဲလိုက်တယ်။ခပ်စောစောက အနီရင့်တို့ အခြေအနေကို လင်းရိပ် အစအဆုံး မြင်လိုက်ရတာမို့ မသိချင်ယောင်ဆောင်လိုက်ရတာ။ အံကိုတင်းတင်းကြိတ်ထားပြီး ငိုတော့မယောင် သူမကို ကြည့်ပြီး လင်းရိပ် သနားသွားမိတယ်။ဟိုဘက်က လူကလဲ ထွက်သွားလိုက်တာ လှည့်တောင်ကြည့်မသွားဘူး။ လင်းရိပ်က သူမဘ၀ကို ပြည့်စုံသူတစ်ယောက်လို့ ထင်ခဲ့မိတာလေ။ ခုလိုမြင်လိုက်ရတော့ သူမအတွက် လင်းရိပ် အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။ **** လင်းရိပ် ဆိုင်ထဲမှာ ပစ္စည်းသစ်တွေ နေရာချနေတုန်း ဖုန်းသံ မြည်လာတာမို့ ဖုန်းကို ယူကြည့်လိုက်တော့ အိမ်က ဆက်တဲ့ ဖုန်းဖြစ်နေတာမို့ ထုတ်ကိုင်လိုက်တယ်။ " ဟယ်လို့ ....အလတ်မ ပြောလေ...အမေသက်သာရဲ့လား " လင်းရိပ်မေးလိုက်တော့ တစ်ဖက်က ညီမဖြစ်သူရဲ့ အသံက တိတ်သွားတာမို့ လင်းရိပ်ရင်ထဲ ထိတ်ခနဲခုန်လှုပ်သွားမိတယ်။ " အမေ့ကို ဆေးရုံတင်လိုက်ရတယ် အစ်ကို ... အလုပ်က ခွင့်ယူလို့ရရင် အစ်ကို ပြန်လာခဲ့ပါနော် ... ခုတလော အမေ အရမ်း မော မောနေတယ် .. ရန်ကုန် ဆေးရုံပြောင်းရမယ်လို့ပြောတယ် အစ်ကို .. ဘယ်လိုလုပ်ကြမ်မလဲဟင် ..." လင်းရိပ် ဖုန်းကို ကိုင်ပြီး ဒူတွေ ညွှတ်ခနဲ ခွေကျ ချင်သလို ဖြစ်သွားမိတယ် ။ ############### အပိုင်း (၉) ဆက်ရန် ဧကြည်ဖြူ

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း (၈) ******* "ကိုထက်က ချမ်းသာတယ် သဲရဲ့ ...မောင်က နှင်းကို ချစ်တာပဲရှိတာ ချမ်းသာဖို့နေနေသာသာ အိပိုင် တောင်ရှိတာမဟုတ်...မောင်နဲ့ လက်ထပ်ရင် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သလိုပဲဖြစ်မှာလေ " နှင်းသီရိ အချစ်သူယေးချင်းကို ရင်ထဲရှိတာကို ပြောပြလိုက်တယ်။ "အဲ့ဒါတော့ ဟုတ်တယ် နှင်း ... အချစ်က အရေးမပါပါဘူးကွာ ... ကိုယ့်ဘ၀နောင်ရေး စိတ်ချရဖို့အဓိကပဲ ...သဲဆိုရင်လဲ ကိုထက်ကိုပဲ ရွေးမှာ..." "နှင်းလဲ အဲ့လိုပဲ တွေးထားတယ် ... ကိုထက်က တရားဝင်လက်ထပ်ခွင့် တောင်းလာရင်တော့ မောင်နဲ့ လမ်းခွဲရမှာပေါ့ " နှင်းသီရိနဲ့ သဲသဲတို့ စကားပြောနေကြတုန်း နှင်းသီရိ ဖုန်းက ထမြည်လာတာမို့ နှင်းသီရိက ကောက်ကိုင်လိုက်တယ်။ "ဟယ်လို " " နှင်း ..ဒီရက်ပိုင်းဆိုင်မှာ အလုပ်များနေတာလား ... ဖုန်းခေါ်လို့လဲ မရဘူး...မောင့် ဆီလဲ ဖုန်းမဆက်ပါလား ..." " အရောင်းတွေတက်ပြီး အချိန်ပိုတွေပါ ဆင်းနေရလို့ ပါမောင် ... ဒီကြာထဲ မာကတ်တင်း ဆင်းရရင် အပြန်ပါ နောက်ကျနေလို့လေ ... မတွေ့ရပေမဲ့ အချိန်ပြည့်မောင့််ကို သတိရနေတာပါ..." နှင်းသီရိက အသံချိုချိုလေးနဲ့ ချွဲချွဲပျစ်ပျစ်လေး ပြောလိုက်တယ်။ " မောင်လဲ သတိရ နေတာပါကွာ ...ဒီပိတ်ရက်တွေ့ကြမယ်လေ ... ဒါနဲ့ ဒီလ ရော အိမ်ကိုပေးဖို့ ငွေပြည့်ရဲ့လား နှင်း ..." လင်းရိပ်ရဲ့ အမေးကြောင့် နှင်းသီရိက နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ " ပြည့်အောင် အသုံး စရိတ်လျှော့ရမှာပေါ့ မောင် ...ခုဆို လက်သည်းနီတွေ ကုန်နေတာတောင် ဝယ်ဖို့ စိတ်မကူးရဲသေးဘူး ...အစားအသောက်တန်းဘက်ဆို မရောက်ဖြစ်တာကြာပေါ့ ... ဒါပဲနော် မောင် ....ဆိုင်မှာ လူပါးမှ နှင်းပြန် ဆက်လိုက်မယ် ..." လင်းရိပ်နဲ့ ဖုန်းပြောနေရင်း ကိုတ်ဆီက ဖုန်းဝင်လာတာမို့ နှင်းသီရိ လင်းရိပ်ဖုန်းကို ချလိုက်တယ်။ " ဟယ်လို ...ကိုထက် " "နှင်းလေး ... ညနေ အလုပ်ဆင်းရင်း ကိုယ့်ကို စောင့်နေနော် ...ကိုယ်လာကြိုမယ် ....'' **** လင်းရိပ်မှာ ချစ်သူဆီမှ ဖုန်းချသွားတော့ ချစ်သူပြောတဲ့ စကားတွေကို ပြန်ကြားယောင်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။ ဒီလထဲမှာ နှင်းအတွက်ရယ်လို့ လင်းရိပ် မယ်မယ်ရရ ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုလည်း တွေးလိုက်မိ၏။ အျိန်ပြည့် အိမ့်အတွက်ပဲပူပင်ပြီး ချစ်သူကိုပင် ဂရုမစိုက်မိခဲ့။လင်းရိပ် သူ့မှာရှိတဲ့ငွေကို စိတ်မှန်းနဲ့ တွက်ကြည့်လိုက်တယ်။မိခင်ကြီး ခွဲစိတ်ဖို့အတွက် စုငွေရယ်၊အိမ်ကို ပေးဖို့စရိတ် ဖယ်လိုက်တော့ လင်းရိပ်အသုံးအတွက် အသုံးစရိတ် နည်းနည်းပါးပါး ကျန်တယ်။ မဖြစ်မနေ ဖိနပ်တစ်ရံနဲ့ အဝတ်တစ်စုံလောက်လည်း ဝယ်ရပေးလိမ့်မယ်။ညဘက် အလုပ်ရတဲ့အခါ လူပုံစံက မသားမနားဖြစ်နေရင် ဖောက်သည်တွေက သိပ်သဘောကျကြတာမဟုတ်ဘူး။ ဒါက သူတို့ အလွန်တော့လည်း မဟုတ်ဘူး ။ သူတို့လည်း ငွေရော ခန္ဓာကိုယ်ကိုပါရင်းပြီး စိတ်ဆန္ဒတွေကို ရဲဆေးတင်ပြီး ဖြည့်နေကြရတာမို့ အကောင်းဆုံးဆိုတာမျိုးကို လိုချင်လိမ့်မှာပင်။ဖောက်သည် တွေ အမျိုးမျိုးအထွေထွေရှိကြပေမဲ့ အားလုံးကတော့ အပေါ်ယံ အလှအပနဲ့ ဝတ်စားဆင်ယင်ပုံကို အရင်ဆုံး ကြည့်ကြမြပင် ။ လင်းရိပ် အကောင့်ထဲက လက်ကျန်ငွေ တစ်ဝက်ကို ချစ်သူနှင်းရဲ့ အကောင့်ထဲကို လွှဲလိုက်တယ်။ သူ့ သုံးဖို့ အတွက်ကတော့ ဖောက်သည် တစ်ယောက်ထပ်ရှာရမှာပဲပေါ့ ။ **** ပလာဇာထဲမှာ အနီရင့် တစ်ယောက်တည်း ဟိုငေးဒီငေးနဲ့ လျှောက်လာခဲ့တယ်။ခုတလော အနီရင့် စာရေးဖို့လည်း စိတ်မပါ ဖြစ်နေသလို့ 'ဝယ်စရာလည်ရှိနေတာမို့ ဈေးဝယ်ထွက်လာခဲ့တာ။ကိုဘုန်းဆီဖုန်းဆက်တော့လည်း အလုပ်များ နေသတဲ့လေ။ဒီနေ့ စာအုပ်ဆိုင်လည်း သွားရမှာမို့ အနီရင့် တလက်စတည်း ထွက်လာခဲ့လိုက်တာ။ အနီရင့် ရှပ်အင်္ကျဆိုင်မှာ ရွေးနေရင်း ခပ်လှမ်းလှမ်းက အမျိုးသမီးဝတ် အင်္ကျီဆိုင်မှာ အဝတ်အစားရွေးနေတဲ့ စုံတွဲကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။နှစ်ယောက်လုံးရဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ပုံကို ကြည့်ရတာ ကြည့်လိုက်တာနဲ့ ချစ်သူစုံတွဲတွေမှန်း သိသာလှတယ်။အနီရင့်ကတော့ သူတို့နှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေမိတယ်။ပြီးတော့ အနီရင့်ရဲ့ ခြေထောက်တွေက သူတို့ရှိအကို အလိုလို လျှောက်လှမ်းသွားမိတယ်။ "ကိုဘုန်း ... မကေဇင် " အနီရင့်ခေါ်လိုက်တော့ နှစ်ယောက်လုံး အထိတ်တလန့်နဲ့ အနီရင့်ကို လှမ်းကြည့်လာကြတယ်။ကိုဘုန်းမျက်နှာက ကွက်ခနဲပျက်ယွင်းသွားသလို မကေဇင်လည်း မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ ခဏကြာမှ ကိုဘုန်းက ဟန်မပျက်အောင် ထိန်းပြီး အနီရင့်ကို လှမ်းနှုတ်ဆက်တယ်။ " နီ ဈေးဝယ်လာတာလား ..." "ဟုတ်ကဲ့ " အနီရင့် ယောင်ယောင်မှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီး မကေဇင်ကို ကြည့်နေမိတယ်။မကေဇင် မျက်နှာက ခပ်တင်းတင်းပဲ ။အနီရင့်ကို တစ်ချက် မော့ကြည့်ပြီး ခပ်ဆတ်ဆတ် အသနဲ့ လှမ်းပြောတယ်။ " ကိုဘုန်း ကားနဲ့ လမ်းကြုံလိုက်လာတာ "

မြတ်ဘုန်းပြောလိုက်တော့ တစ်ဖက်က အနီရင့်ရဲ့အသံလေး တိတ်ဆိတ်သွားတာကို မြတ်ဘုန်း သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း မြတ်ဘုန်းမသိဟန်ဆောင်ပြီး ဖုန်းကိုချပစ်လိုက်တယ်။ နောက်မှ ချော့လိုက်ရင်လည်းရင်လည်း ရတာမို့ မြတ်ဘုန်း အထူးအထွေလုပ်မနေတော့။ တွဲလာတဲ့နှစ်သက်တမ်း ကြာလာပြီမို့ ချစ်သူရဲ့ အကျင့် စရိုက်အားလုံးကို မြတ်ဘုန်း သိနေပြီးသားပင်။အနီရင့်က စိတ်တိုစိတ်ကောက်လည်း ခဏတာပင်။ ပြီးရင် မုန့်လေးဘာလေးလိုက်ကျွေးပြီး ချော့လိုက်တ နဲ့ စိတ်ဆိုးပြေလွယ်သူမျိုးပင်။ ******** ဖုန်းကို ခုံပေါ်ကို ပြန်တင်လိုက်ရင်း အနိုရင့် အံလေးကိုကြိတ်ထားမိတယ်။ကိုဘုန်းရဲ့စကားတွေ ကတိတွေ မတည်တော့မှန်း သိသိနဲ့ မျှော်နေခဲ့မိတာကိုကအနီရင့်ရဲ့အမှားပေပဲလား။ အခု အဖြစ်ကိုပဲ ကြည့်လေ။မလာဖြစ်ဘူးဆိုလဲ ဖုန်းမဆက်။ပြီးတော့ ညကပြသနာကိုလည်း ဖြေရှင်းရမှန်းမသိ။ အနီရင့်ပါးပြင်းပေါ် စီးကျလာတဲ့မျက်ရည်ပူတွေကို လက်ခုံနဲ့ သုက်ဖယ်လိုက်ပြီး ကြက်ဥပြုတ်အိုးကိုမီးပိတ်လိုက်တယ်။ကြက်ဥပြုတ်တွေကို ဆယ်ယူလိုက်ပြီး ကျန်တဲ့ ရေနွေးတွေကို ဘေစင်မှာ သွန်ပစ်ဖို့အတွက် ရေပိုက်ခေါင်းကို ဖွင့်ချလိုက်တယ်။ရေပိုက်ခေါင်းက ရေတွေ တဝေါဝေါကျလာတယ်။အနီရင့် လက်ထဲကိုင်ထားတဲ့ ကြက်ဥပြုတ်ထားတဲ့ အိုးကို ဘေစင်ပေါ်စောင်းချလိုက်တယ်။ ရေနွေးပူအချို့က ရေအေးတွေနဲ့အပြိုင်စီးကျသွားတယ်။ အနီရင့်မှာတော့ မမြင်ရ မြင်ရတဲ့ သတ္တဝါလေးတွေထိခိုက်မှာစိုးလို့ ရေနွေးပူလို ပူတဲ့အရာမှန်သမျှကို ဘယ်တော့မှ ပစ်စလက်ခတ်ပစ်လေ့ရှိတဲ့ လူမျိုး မဟုတ်ဘူး ။ ဒါပေမဲ့ အနီရင့်ချစ်ခင်ရတဲ့သူတွေကတော့ ဖခင်ဖြစ်သူအပါအဝင် အားလုံးက အနီရင့် ရင်ထဲကို ရေနွေးပူ အခါခါလောင်းကြတဲ့သူတွေချည်းပါဘဲ။ ******** "ရေပိုက်ခေါင်းက ဈေးအစားစားရှိပါတယ်ခင်ဗျာ....ဆယ်သိန်းကျော်ကနေ သုံးသောင်းခွဲအထိရှိပါတယ်.... လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ် ..." လင်းရိပ် ၀ယ်သူကို ရှင်းပြနေရပေမဲ့ စိတ်က ငွေအတွက်ပဲပူပင်နေမိတယ်။ဝယ်သူရှင်းတာနဲ့ မန်နေဂျာဆီက ကြိုငွေထုတ်ပေးဖို့ ပြောရန် သတ္တိမွေးနေမိတယ်။ ဒါပေမဲ့ ရဖို့မသေချာတာ လင်းရိပ်စိတ်က သိနေတယ်။ မန်နေဂျာက ရတယ် ထားအုံး သူဌေးက ခွင့်ပြုပေးအုံးမှလေ။ မဖြစ်မနေ ဆိုရင်တော့ မိခင်ကြီး ခွဲစိတ်ဖို့ စုထားတဲ့ စုငွေကိုပဲဖောက်ရတော့မယ့်အနေအထားပင်။ဒါပေမဲ့ ဒီငွေကိုတော့လင်းရိပ် မထိချင် ။မိခင်ကြီးခွဲစိတ်မူကို အချိန်အရမ်းကြာသွားမှာ စိုးကြောက်မိ၏။အခုမှ အသက်ငါးဆယ် စွန်းစ မိခင်ကို မဆုံးရှုံးချင်သလို လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာက လင်းရိပ်ရဲ့အကြီးမားဆုံးဆန္ဒပင်။ လင်းရိပ် ဘိုထိုင်အိမ် အိမ်သာအိုးတွေပြသထားသော နေရာတွင် ရပ်ပြီး ကျောပိုးအိတ်ထဲမှ လျှို့ဝှက် ဖုန်းလေးကို ထုတ်ယူလိုက်တယ်။ ညာအဖြစ်အပျက်ကြောင့် လင်းရိပ်ထိတ်ထိတ်လန့် တုန်လှုပ်နေတုန်း ဖြစ်ပေမဲ့ မဖြစ်မနေ ညအတွက် ဖောက်သည်ရှာဖို့ တွေးလိုက်တယ်။ လင်းရိပ် ကျောပိုးအိတ်ထဲကိုလက်နှိုက်ရင်း အတွင်းဘက်ထဲမှာ အထုပ်တစ်ထုပ်ကို စမ်းလိုက် မိတာမို့ ထုတ်ယူကြည့်လိုက်တယ်။ သူ့ကျောပိုးအိတ်ထဲမှာ စာအုပ်တွေကလွဲလို့ သူ့ဘာမှ မထည့်ခဲ့။လင်းရိပ် အထုပ်ကို နှိုက်ယူထုတ်ပြီး ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အရာကြောင့် ရင်တွေပင် ကဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ငွေစက္ကူ တစ်ထပ်။ငွေစက္ကူထပ်ပေါ်မှာ စာရွက်ခေါက်လေးတစ်ရွက်အုပ်လို့။လင်းရိပ် စာရွက်ကို ဖြန့်ကြည့်လိုက်တယ်။ " ရှင် အသုံးလိုမှာစိုးလို့ ငွေထည့်ပေးလိုက်တယ်၊ ချေးတယ်လို့သဘောထားပါ။ ရှင် အဆင်ပြေတဲ့အချိန်မှ ပြန်ဆပ်ပါ......အနီရင့် ' စာဆုံးတော့ လင်းရိပ် ရင်ထဲ ဝမ်းသာလွန်း၍ တလှိုက်လှိုက်ဖြစ်လာမိတယ်။သူမက လင်းရိပ်ကို ထပ်မံပြီး ကယ်တင်လိုက်ပြန်ပါပြီ။ ****** ခပ်ပြင်းပြင်း ရေမွှေးနံ့၊ မိတ်ကပ်နဲ့နဲ့နဲ့ သူ့စိတ်ထင် မသတီစရာ အနံ့တွေထွက်ချင်နေတဲ့ အခန်းကျဉ်းလေးထဲကနေထွက်ဖို့ လင်းရိပ်ပြင်ဆင်လိုက်တယ်။ မမခေါ် အန်တီမမကြီးက ပိုက်ဆံတစ်ထပ်ကို ဘုတ်ခနဲ အိပ်ရာပေါ်ပစ်ချပေးတယ်။ လင်းရိပ် ငွေထုပ်ကို ကောက်ယူလိုက်တယ်။ပြီးတော့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဖြစ်အောင် ဆောင်းလိုက်ပြီး အန်တီမမကမ်းပေးတဲ့လက်ကို လှမ်းဆွဲလိုက်ရတယ်။ ဒါက ပွဲပြီးတဲ့အခါ တည်းခိုးခန်း၀အထိ ဝန်ဆောင်မှုလို့ပဲ ခေါ်ရမလား။ပိတ်ထားတဲ့ အခန်းတွေကို ကျော်ဖြတ်ပြီး လျှောက်လာခဲ့ ကြတယ်။ **** အပိုင်း (၈ )ဆက်ရန် ဧကြည်ဖြူ

" အဖေ့ရဲ့ နောက်မိန်းမက နိုင်ငံခြားသူလေ...ကျွန်မက အဖေဆီလိုက်သွားပြီး ဘာလုပ်ရမလဲ .. ပြီးတော့ ထမင်းစားတာက အစ သူများမျက်နှာကိုကြည့်ပြီးစားရတဲ့ ဘ၀မျိုးကို မနေချင်တော့ဘူး...အဲ့ဒါကြောင့် ဘွဲ့ရပြီးတာနဲ့ ကျွန်မအဖေဆီက ရတဲ့ငွေနဲ့ စာအုပ်ဆိုလေးဖွင့်ခဲ့တယ်။ပြီးတော့ ဆိုင်ကို အရောင်းစာရေးမလေးတွေ ဆီးအပ်ထားလိုက်ပြီး ကျွန်မကတော့ စာပဲရေးတယ်...တစ်ယောက်တည်း နေရတဲ့ ကျွန်မအတွက် စာအုပ်တွေက အဖော်ပဲ ... ကျွန်မ ဖြစ်ချင်တဲ့ဘ၀တွေ ...ပြီးတော့ မြင်နေရတဲ့ ဘတ်တွကို စာလုံးတွေနဲ့ ပုံဖော်တယ်...ဒါကို ကျွန်မချစ်သူက သဘောမကျဘူးလေ... သူမက ပြောရင်း သက်ပြင်းချိလိုက်တယ်။ပြီးတော့ လင်းရိပ်ကို ဆက်မေးတယ်။ "ရှင့်မှာ ရော ချစ်သူရှိလား " လင်းရိပ် ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်တယ်။ "ဒါနဲ့ ရှင့် အသက်ကရော ကျွန်မက နောက်သုံးလဆို နှစ်ဆယ့်ခွန် ပြည့်ပြီလေ ..." " ကျွန်တော်က နောက်လ ပြည့်မှာ " " ဟုတ်လား ....ဒါဆို ကျွန်မတို့ အသက်တူတူပဲပေါ့ ..." ****** လင်းရိပ် အိပ်ရာကလန့်နိုးနိုးခြင်းနာရီကိုကြည့်လိုက်တော့ မနက်လေးနာရီကျော်နေပြီ။ လင်းရိပ် ကမန်းကတန်းထလိုက်ပြီး ပြန်ဖို့ ပြင်တယ်။သူမကို ထိုင်နေကျ စာရေးစာပွဲခုံမှာ မတွေ့ ရဘူး။ ဒီညတော့ သူမလည်း အိပ်သွားပုံရတယ်။ ညက သူမနဲ့ လင်းရိပ် စကားတွေပြောဖြစ်ကြတယ်။ သူမဘ၀အကြောင်း တစ်စွန်းတစ် စရယ် ၊ စာအုပ်တွေ ၊ ရုပ်ရှင်ဇာတ်ကား အကြောင်းတွေကိုပဲ ပြောဖြစ်ကြတာ။ သူမက အရင်တစ်ခါလို လင်းရိပ် အကြောင်းကို ဇွတ်မမေးတဲ့ လင်းရိပ် စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိတယ်။ပြီးတော့ လင်းရိပ်ကို ပိုက်ဆံတစ်ထပ်ထုတ်ပေးသေးတယ်။ လင်းရိပ်ငြင်းလိုက်မိတယ်။အမေ့အတွက် ဆေးဝယ်ဖို့ ငွေလိုတာမှန်ပေမဲ့ ဒီနေ့မှာ သူမက လင်းရိပ်ရံ့ကျေးဇူးရှင် တစ်ယောက်မဟုတ်လား။ လင်းရိပ် ခြေသံကို ခပ်ဖွဖွနင်းပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တယ်။ သူနဲ့ ဒိတ်တဲ့သူမှန်သမျှ ဟော်တယ်၊တည်းခိုခန်းကို မချိန်းဘဲ အိမ်ကို ချိန်းတဲ့သူဆိုရင် လင်းရိပ် ရေထသောက်တာက အစ ပြန်တဲ့ အချိန်အထိ မယုံသင်္ကာ အကြည့်တွေ နဲ့ အမြဲစောင့်ကြည့်နေခဲ့ကြတာ။ သူမကို ကြည့်ရတာတော့ တကယ့်ကို အပူအပင်ကင်းကင်းပါပင် ။ **** ဒေါ် ကေသီ တစ်ယောက် မနက်လင်းခါနီးမှ ပြန်လာတဲ့ သားတော်မောင်ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိတယ်။မိုးမလင်းခင်ပြန်လာတာဆိုတော့ အနီရင့်ရဲ့တိုက်ခန်းမှာ သွားအိပ်တာမဟုတ်မှန်း ဒေါ်ကေသီသိလိုက်တယ်။ အနီရင့်ရဲ့ တိုက်ခန်းမှာ သွားအိပ်တဲ့နေ့ဆိုရင် မနက်စာမုန့်တွေ ဘာတွေစားပြီးမှ ပြန်လာတတ်တာလေ။ဒေါ်ကေသီ သက်ပြင်းချလိုက်မိပြီး မီးဖိုခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။ ****** မြတ်ဘုန်းအိမ်ရောက်တာနဲ့ ရေမိုးချိုးအ၀တ်အစားလဲပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။ အောက်ထပ် ရောက်တော့ မိခင်ကြီးက ကော်ဖီနဲ့မုန့်ပြင်ထားတာကို တွေ့လိုက်ရတယ်။ "သား မုန့်စားပြီး ပြန်အိပ်မှာလား....အပြင်သွားတော့မှာလား " မိခင်ဖြစ်သူ ဒေါ်ကေသီက မေးလိုက်တော့ မြတ်ဘုန်းခေါင်းကို ငြိမ့်ပြလိုက် ငြီး "မအိပ်တော့ဘူး အမေ...ဒီနေ့ဆိုင်မှာ ပစ္စည်း အသစ်တွေရောက်မှာမို့ ... စာရင်း ခဏလုပ်ပြီးတာနဲ့ ဆိုင်ကို သွားတော့မှာ " " သား အမေ မင်းကို ပြောစရာရှိတယ် ... မနက်စောစောစီးစီး မပြောချင်ပေမဲ့ ညနေပိုင်းဆို မင်းအဖေက လစ်တာမဟုတ်ဘူးလေ " " ဟုတ်ကဲ့ အမေ ပြောလေ..." " သားနဲ့ အနီရင့်ကိစ္စကို ဘယ်လိုစီစဉ်ထားလဲ ... သား အနီရင့်ကို လက်ထပ်မှာလား ...ဒါမှမဟုတ် အမေတို့ သဘောကျပေးစားတဲ့သူကို ယူမှာလား " "အမေကလဲ ရှေးဆန်လိုက်တာ " မြတ်ဘုန်း မိခင်ဖြစ်သူကို ပြောရင်း ကေဇင်ကျော်ရဲ့ ပုံစံကို မျက်စိထဲမြင်ယောင်လိုက်မိတယ်။ချစ်သူအနီရင့်နဲ့ ကေဇင်ကျော်တို့က ညီမတစ်ဝမ်းကွဲ ဆိုပေမဲ့ ခန္ဓာကိုယ်အနေအထားနဲ့ ဝတ်ပုံစားပုံက အစကွာခြားကြတယ်။ အနီရင့်ကသေးသေးလုံးလုံး မျက်နှာဝိုင်းလေးနဲ့ မလိုက်ဖက်အောင် အမြဲလိုလို ရှပ်အင်္ကျီ တဖားဖားနဲ့နေတတ်ပေမဲ့ ကေဇင်ကျော်ကတော့ လုံးကြီးပေါက်လှအနေအထားမျိုးလို့ ဆိုရလေမလား။အသက်အရွယ်ရလာလေလေ မြန်မာဆန်ဆန်ဝတ်စုံတွေနဲ့ ကြည့်ကောင်းလာတာကတော့ အမှန်ပင်။ဟိုအရင်တုန်းက မြတ်ဘုန်း ကေဇင်ကျော်ကို လုံးဝစိတ်မ၀င်စားမိတာတော့ အမှန်။အခုနှစ်ပိုင်းမှ မိခင်ဖြစ်သူပြောလွန်းလို့သတိထားမိလာခြင်းပင်။ဒါပေမဲ့ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူကို စွန့်လွှတ်ပြီး ချစ်သူရဲ့ အစ်မတစ်ဝမ်းကွဲကို လက်ထပ်ဖို့အထိ တော့ မြတ်ဘုန်းမတွေးမိသေး။ဘ၀ကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ပဲ ဖြတ်သန်းချင်သေးတယ်။ မြတ်ဘုန်း ထမင်းစားနေတုန်း ဖုန်းဝင်လာတာမို့ ဖုန်းကို ကောက်ယူလိုက်ပြီး ထမင်းစားခန်းအပြင်ဘက်ကို ထွက်ခဲ့လိုက်တယ်။ " ဟယ်လို နိုးနေပြီလား ... ကိုယ်လည်းခုပဲ ဖုန်းဆက်မလို့လေ ... နီ အိပ်နေမှာစိုးလို့ မဆက်တာ ...ကိုယ် ညနေမှ လာခဲ့တော့မယ်နော်...ဒီနေ့ဆိုင်ကို ပစ္စည်းအသစ်တွေ ရောက်မှာမလို့ လေ "

ဧကြည်ဖြူ "ရင်ဘတ်ပေါ်ကနှင်းဆီ " အပိုင်း ( ၇ ) ******* "ဟယ်လို " အနီရင့် ဖုန်းကို ကိုင်ပြီး ခပ်ဆတ်ဆတ် အသံနဲ့ ထူးလိုက်မိတယ်။ "နီ မင်းဖုန်းဆက်တာလား... ကိုယ်က သူငယ်ချင်းတွေနဲ့ အပြင်ရောက်နေတာ...ခုန ကိုယ့်သူငယ်ချင်းဖုန်းကိုင်တာကို ချပစ်လိုက်တယ်ဆို စိတ်တိုနေတာလား ..." "မဟုတ်ပါဘူး " "ဆောရီးပါကွာ ...ဒီည သူငယ်ချင်းတစ်ယောက်ရဲ့ ပွဲလေးရှိလို့ပါ...ပွဲက အပြန် နီ.ဆီဝင်ခဲ့မယ်လေ" ကိုဘုန်းရဲ့ စကားကြောင့် အနီရင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်။ ပွဲတဲ့ ။ ဘာပွဲလဲ အချစ်ပွဲလားလို့ စိတ်ထဲကပဲ မေးလိုက်မိတယ်။ရုံး ရိုးသားသားပွဲဆိုရင် အနီရင့်ကို ဘာလို့ မခေါ်နိုင်ရတာလဲ။ အဲ့ဒီလိုပွဲတွေကိုခေါ် ဖို့အတွက် အနီရင့်က အရေးမပါဘူးလား။ "ဟင့်အင်း ... မလာပါနဲ့ ...သတိရလို့ဆက်ကြည့်လိုက်တာပါ...ဒီညဝတ္ထုကို အဆုံးသတ်ရေးရမှာမို့ နောက်ရက်မှ လာခဲ့လို့ရပါတယ်" "ဒါဆို ...အိုကေလေ ... မနက်မှ စောစော လာခဲ့မယ် ...'' အနီရင့်လက်ထဲကဖုန်းကို ချလိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ တုန်တုန်ရီရီပုံစံနဲ့ အနီရင့်ကို ကြည့်နေတဲ့ သူ့ကို မြင်တော့ အနီရင့် အတော်လေးစိတ်မကောင်းဖြစ်သွားမိတယ်။သူမထိုင်ရာက ဖျတ်ခနဲ ထလိုက်ပြီး မီဖိုးခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။ပြီးတော့ ပန်းကန်လုံးတစ်လုံးကိုယူပြီ ရေခဲသေတ္တာထဲက ရေခဲတုံးလေးတွေကို ယူထည့်လိုက်ပြီး အိမ်ရှေ့ကို ပြန်ထွက်ခဲ့လိုက်တယ်။မျက်နှာသုတ်ပဝါ တစ်ထည်ကိုပါယူပြီး သူ့အနားကို လျှောက်သွားလိုက်တယ်။ "ဒီမှာ ...ရှင့်မျက်နှာကို ရေခဲနည်းနည်းကပ်လိုက်ပါလား..." လင်းရိပ် သူမကို မော့ကြည့်လိုက်မိတယ်။သူမပုံစံက အရင်တစ်ခေါက်ကနဲ့ ခြားနားလှစွာ မျက်နှာက နုညံ့ညင်သာနေတယ်။ ဒါပေမဲ့ သူမရဲ့မျက်နှာပေါ်က ဝမ်းနည်းကြေကွဲရိပ်တွေကို မြင်နေရတယ်။ "ရှင် အဆင်ပြေရဲ့လား...ကျွန်မကူညီပေးရမလား " အနီရင့် ပြောပြောဆိုဆိုနဲ့ ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ ရေခဲတုံးလေးတွေထည့်ထုပ်ထားတဲ့ ရေခဲဝတ်ကို ယူလိုက်ပြီး လင်းရိပ်မျက်နှာပေါ်က ဒဏ်ရာတွေကို ရေခဲအုပ်ပေးလိုက်တယ်။ "ရှင့် နာမည် ဘယ်လိုခေါ်လဲ...ကျွန်မနာမည်က အနီရင့်ပါ...ရှင်နဲ့ ကျွန်မ မိတ်ဆွေဖွဲ့ကြမလား " သူမရဲ့ စကားကြောင့် လင်းရိပ်သူမမျက်နှာကို ကြည့်လိုက်မိတယ်။အနီးကပ် မြင်နေရတဲ့သူမရဲ့ မျက်လုံးတွေထဲမှာ ရှိသားတဲ့အရိပ်အယောင် တွေကို လင်းရိမမြင်လိုက်ရတယ်။ ဒါက လင်းရိပ် ဘဝမှာ ရှားရှားပါးပါး ကြုံတွေ့ရတာပဲ။ လင်းရိပ်အကြောင်းကိုသိတဲ့သူတွေ မှန်သမျှ လင်းရိပ် သူတို့ အိပ်ခန်းထဲက ထွက်သွားပြီဆိုတာနဲ့ လင်းရိပ်ကို ရှောင်ဖယ်သွားကြတာချည်းပင်။သူမကတော့ ထူးထူးဆန်းဆန်းတွေကို လုပ်တတ်ပြောတတ်သောသူမျိုး ဖြစ်လေမလား။ "ကျွန်တော့် နာမည် လင်းရိပ် .... ကျွန်တော်နဲ့တော့ မခင်ချင်ပါနဲ့ ...ကျွန်တော်က ကောင်းတဲ့ကောင်မှ မဟုတ်တာ ..." လင်းရိပ် သူမရဲ့ မျက်နှာကနေ အကြည့်ကို လွှဲပြီး ပြောလိုက်တယ်။ " လူကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာ ယုတ်မာနေတဲ့သူတွေထက် ရှင်က အဆပေါင်းများစွာ သာပါတယ်..ကျွန်မတို့ တယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းကြရင်းရိုးရိုးသားသား မိတ်ဆွေဖွဲ့ကြတာပေါ့..." သူမရဲ့ စကားကြောင့် လင်းရိပ်ပြုံးလိုက်မိတယ်။မိသားစုနဲ့ ချစ်သူက လွဲလို့ မိန်းမတွေကို ငွေတွင်းလို့ပဲ မြင်မိတဲ့ သူလိုလူကို မိတ်ဆွေ ဖွဲ့ချင်နေတဲ့ သူမကို သူတကယ် ခင်မင်နိုင်ရဲ့လား လင်းရိပ်တွေးကြည့်လိုက်မိတယ်။ "ကျွန်တော် ပြန်တော့မယ် ..." လင်းရိပ် ကျောပိုးအိတ်လေးကိုလွယ်ပြီးပြန်ဖို့ ပြင်လိုက်တော့ အနီရင့် လင်းရိပ်ရဲ့ မျက်နှာကို ငေးကြည့်တယ်။ပြီးတော့ ခပ်တိုးတိုး မေးလိုက်တယ်တယ်။ "ကျွန်မ ဒီည ရှင်နဲ့ ဒိတ်ချင်လို့ မရဘူးလား " "ဗျား " လင်းရိပ် အလန့်တကြားနဲ့ အနီရင့်ကိုကြည့်လိုက်မိတယ်။ လင်းရိပ်ရဲ့ အကြည့်ကြောင့် အနီရင့်ရှက်ရွံ့သွားမိပြီး လင်းရိပ်ကို ခပ်ဆတ်ဆတ် လေးပြန် အော်လိုက်မိတယ်။ " ကျွန်မက ရိုးရိုးသားသား စကားပြောရအောင်ပြောတာ ...ဒီနေ့ ကျွန်မမှာ စိတ်ညစ်စရာရှိနေလို့ " လင်းရိပ် လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်ပြီး ဆိုဖာမှာ ပြန်ထိုင်လိုက်မိတယ်။ သူ့ကို ကယ်ထုတ်လာပေးတဲ့သူမကို အကြွေး ပြန်ဆပ်တဲ့အနေနဲ့ ဒီနေ့ည အဖော်ပြု ပေးဖို့လင်းရိပ်ဆုံးဖြတ်လိုက်တယ်။ " ရှင် ဘာစားပြီးပြီးလဲ ... အိမ်မှာ ထမင်း တော့မရှိဘူး .... အသင့်စားမုန်တွေတော့ ရှိတယ် ရှင်ဗိုက်ဆာရင် စားလို့ရတယ်နော် " ****** သူမစကားဆုံးသွားတော့ လင်းရိပ် သူမမျက်နှာကိုငေးကြည့်နေမိတယ်။ဒီမိန်းခလေး မိဘတွေနဲ့ စောစောစီးစီးခွဲ ခွါပြီး သတ္တိတွေ အပြည့်ရှိနေတာကို စိတ်ထဲကနေ အံ့သြချီးကျူးလိုက်မိတယ်။ " မင်းဘာလို့ မင်းအဖေဆီလိုက် မသွားတာလဲ " လင်းရိပ်မေးလိုက်တော့ သူမဖျတ်ခနဲ မော့ကြည့်လာတယ်။ သူမရဲ့ မျက်၀န်းမှာ မျက်ရည်စအချို့ကို လင်းရိပ်တွေ့လိုက်ရတယ်။

သူ့ကို ထိုးလိုက်တဲ့ သူဆီကနေ အနီရင်ထင်တာနဲ့ ထပ်တူကျတဲ့ စကားသံထွက်လာတယ်။အနီရင့် ဟန်မပျက်အောင် ထိန်းပြီး အသံမာမာနဲ့ ပြန်အော်ပစ်လိုက်တယ်။ သူကတော့ အနီရင့်နောက်မှာ တုတ်တုတ်မလှုပ်ဘဲ ရပ်မြဲတိုင်း ရပ်နေတယ်။ "ရှင်တို့ ရူးနေလား ... သူက ကျွန်မချစ်သူရှင့် ... အဲ့ဒီအစ်မကြီး တအားမူးနေလို့ ကူညီပေးနေတာ ...ကျွန်မက အိမ်နဲ့ ဖုန်းသွားပြောနေတာသိရဲ့လား ...ရှင်တို့က မမေးမမြန်းနဲ့ ဘာတွေလဲ ...ရှင်တို့ကို တိုင်မယ်" အနီရင့် ဟန်ပါပါနဲ့ဖုန်းကိုဖွင့်ပြီး ဟိုဒီနှိပ်မယ့်ပုံလုပ်ပြလိုက်တော့ သူတို့ နှစ်ယောက်လုံး ပျာပျာသလဲနဲ့ တောင်းပန်ကြတယ်။ သူတို့လည်း အနီရင့်လို သတင်းအစအန ကြားလို့ လိုက်ချောင်းကြတာဖြစ်ပုံရတယ်။ဘာမှရေရေရာရာသိပုံမရကြဘူး။အနီရင့်လည်း ခပ်တည်တည်နဲ့ ဆက်ပြောလိုက်ပြီး သူ့လက်ကိုဆွဲယူပြီး ဆိုင် ပြင်ကို ထွက်လာခဲ့လိုက်တယ်။ ***** လင်းရိပ် နေရာမှာတင် အငွေ့ပျံ ပျောက်ကွယ်သွားချင်တဲ့စိတ်ကလွဲလို့ ဘာကိုမှ ရေရေရာရာ မတွေးတောမိတော့ဘူး။ ဖြုန်းခနဲ အရိုက်ခံလိုက်ရတဲ့ အချိန်မှာ လင်းရိပ်အမြစိုးရိမ်ပူပန်နေ ခဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့လိုက်ရပြီဆိုတာကို သိလိုက်ပေမဲ့ လင်းရိပ် မရှောင်လိုက်နိုင်ဘူး။ ရုတ်တရက် လူမိသွားချိန်မှာ လင်းရိပ် တွေးနေမိတာက အမေ့အတွက်ဆေးဖိုးငွေပဲ ။ လကုန်ဖို့က လိုသေးတယ်။ ရှိတဲ့ပိုက်ဆံက ဆေးဖိုးမပြည့်ဘူး။ ဆေးက မနက်ဖြန်ဝယ်ပြီး ပို့ပေးလိုက်ရတော့မှာ ။ လင်းရိပ် ခေါင်းထဲမှာ ချာချာလည်အောင် မူးနေတယ်။ကောင်မလေး တစ်ယောက် ရုတ်တရက် သူ့ရှေ့ရောက်လာတာကိုလည်း သိလိုက်ပေမဲ့ အမြင်တွေက မသဲမကွဲ။တစ်ခါလေး မျှပင် မတွေးခဲ့ဖူးတဲ့ လောကကြီးထဲကနေ အပြီးတိုင် ပျောက်ဆုံးသွားချင်စိတ်တွေပဲ ဖြစ်ပေါ်လာမိတယ်။ ဒီဘ၀ ၊ ဒီမိသားစု ၊ ဒီအခြေအနေအားလုံးကို ချန်ရစ်ထားခဲ့ပြီး အခိုးအငွေ့တွေ အဖြစ် ပျောက်ရှသွားပစ်လိုက်ချင်တဲ့စိတ်။ကောင်မလေးက သူ့ရှေ့မှာ မတ်မတ်ရပ်ပြီး သူ့ကို့ကာကွယ်ပေးနေတယ်။ဒါ သူ့ဘဝမှာ ပထမဆုံး အကြိမ် ကြုံဖူးတာ။ လင်းရိပ်တစ်ဘ၀လုံး ချစ်ခင်တွယ်တာ ရသူမှန်သမျှကို လင်းရိပ်ကပဲ ကာကွယ်ပေးခဲ့ရတာလေ။ကောင်မလေးက သူ့လက်ကိုဆွဲတာကို လင်းရိပ် သိလိုက်တယ်။ပြီးတော့ ဆိုင်ထဲက ထွက်လာကြတယ် ။လမ်းပေါ်ရောက်တော့ ကား တစ်စီးကို ထားပြီး တက်စီးလိုက်ကြတယ်။ လင်းရိပ် ကောင်မလေးဆွဲခေါ်ရာနောက်ကို သတိကင်းမဲ့သူလို လိုက်ပါလာခဲ့မိပြီး ကားပေါ်မှာ ခေါင်းကို အောက်စိုက်ချပြီး ထိုင်နေမိတယ်။လက်ကလည်း ခေါင်းပေါ်က ဦးထုပ်ကိုပဲ မျက်နှာကို အုပ်သထက် အုပ်အောင်အကြိမ်ကြိမ် အခါခါ ဆွဲချနေမိတယ်။ **** " ဒီမှာ ...ဆင်းလေ ... ရောက်နေပြီ ..." အနီရင့်က ပါးစပ်က ပြောလိုက်ရင်း ငူငူငိုင်ငိုင် ဖြစ်နေတဲ့ သူ့ကို ကားပေါ်ကနေ ဆွဲချလိုက်တယ်။ ပြီးတော့ သူ့လက်ကို ဆောင့်ဆွဲပြီး ခေါ်ခဲ့လိုက်တယ်။ သူက သတိကင်းမဲ့နေသူလို အနီရင့်ဆွဲခေါ်ရာနောက်ကို လိုက်ပါလာတယ်။ တိုက်ခန်းရဲ့ မည်းမည်းမှောင်မှောင် လှေကားတွေကို နင်းပြီး အနီရင့်ရဲ့ အခန်းရှေ့ကို ရောက်လာခဲ့တယ်။အနီရင့် အခန်းသော့ကို ဖွင့်ပြီး အခန်းထဲကို ၀င်လိုက်တဲ့အချိန်မှာ သူက သတိဝင်လာပုံရပြီး ခန္ဓာကိုယ်က ဆတ်ခနဲ နောက်ကို ဆုတ်သွားတယ်။ သူ့ပုံစံက တစ်ခုခုကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ ပုံနဲ့။ မျက်နှာ တစ်ပြင်လုံးလည်း သွေးဆုတ်ဖြူရော်လို့။တိုက်ခန်းထဲကို ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။သူ့ဖြစ်နေပုံကို ကြည့်ပြီး အနီရင့်သဘောပေါက် နားလည်မိသွားတာမို့ အသံခပ်တိုးတိုးနဲ့ ပြောလိုက်မိတယ် ။ " ဒီမှာ ...ရှင် မြန်မြန်ဝင်လေ ...ရှင်လုပ်ပုံနဲ့ အခြားသူတွေ သိကုန်တော့မှာပဲ...ကျွန်မမှာ ပိုင်သူ မရှိဘူး ....ဆိုင်သူတော့ ရှိတယ် ...ဒါပေမဲ့ ဒီညတော့ သူ မလာတာ ကျိန်းသေးတယ် ...တကယ်လို့ လာခဲ့ရင်လည်း ... ဒီညတော့ သူကို ကျွန်မတိုက်ခန်းထဲကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး " အနီရင့်ရဲ့စကားဆုံတော့ လင်းရိပ်ကြောင်တိကြောင်တောင်နဲ့ အခန်းထဲဝင်ခဲ့ပြီး ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။ ဒီအချိန်ထိ ဆူ့ကို ခေါ်လာတဲ့မိန်းခလေး ဘယ်သူမှန်းလင်းရိပ် မသိသေးဘူး။ သူ့ကို ဒီထိ ဘာလို့ ခေါ်လာမှန်းလည်း လင်းရိပ် မသိဘူး။ လင်းရိပ် သိတာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားချင်နေတဲ့စိတ်ပဲ။ " ရော့ ...ကော်ဖီသောက်လိုက်အုံး ....အစကတော့ ရှင့်အိမ်အထိ ပြန်ပို့ပေးမလို့ပဲ .. ကားပေါ်မှာ ရှင့်ကို မေးနေတာ ရှင်ကလဲ မဖြေဘူးလေ ..." လင်းရိပ် တတွတ်တွတ် ပြောနေတဲ့ သူမကို ငေးမောကြည့်နေမိတယ်။ဒီမျက်နှာ ၊ ဒီအသံ ၊ ဒီအခန်းကို လင်းရိပ် ပြန်မှတ်မိလာတယ်။ " ပြောင်းလဲတတ်တဲ့ မင်းကို ...တို့ဘယ်လိုမှ နားမလည် ....ကြင်နာတတ်သော ....အညိုရောင်မျက်ဝန်းများ စိမ်းကားလေရဲ့..." လင်းရိပ်နဲ့အနီရင့်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြတုန်း ရုတ်တရက်ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် နှစ်ယောက်သား လန့်ဖျန့်သွားမိကြတယ်။ ဖုန်းက အနီရင့်ရဲ့ဖုန်း။ အနီရင့်က ဖုန်းကို မကိုင်ဘူး။ ဖုန်းက ထပ်မြည်လာတယ်။အနီရင့် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ လင်းရိပ်ကတော့ ဖုန်းကို ကြည့်ပြီး ခြေတွေလက်တွေ တဆတ်ဆတ်တုန်နေပြီ။ အနုရင့်က ဖုန်းကို ကိုင်ထားရင်း လင်းရိပ်ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ ################

လက်ကနာရီကို ကြည့်လိုက်မိတယ်။အချိန်က ည ( ၁၀) နာရီထိုးတော့မယ် ။ကိုဘုန်းရဲ့ အရိပ်အယောင်ကိုပင် မမြင်ရ။ ကြားရတဲ့ သတင်းကများ မှားနေတာလား။ ဒါမှမဟုတ် အခြားတစ်နေရာများ သွားသလားမသိ။အနိရင့် ကိုဘုန်းဆီကို ဖုန်းဆက်ကြည့်ရန် လူရှင်းတဲ့ ဆိုင်ရဲ့ အပြင်ခန်းတစ်နေရာကို ထွက်လာခဲ့လိုက်တယ်။ ****** လင်းရိပ် သူဌေးမမရဲ့ဘေးနားမှာကပ်ထိုင်ရင်း သူမစိတ်အလိုကျ နေပေးနေရတယ်။အရက်ငှဲ့ပေး၊ မုန့်ခွံကျွေး ၊ ဆေးလိပ်မီးညှိပေးတာက အစပေါ့။ မမကြီးက အစက ရိုးရိုးတန်းတန်း အရက်သောက်ရုံ အေးဆေးပဲ။ ဒါပေမဲ့ အရက်ဝင်သွားတော့ ပုံစံက ပြောင်းလာတယ်။ လင်းရိပ်ပခုံးပေါ်မှာ မှီနွဲ့ထားတဲ့ခေါင်းကို ဇွတ်ရုန်းပြီး လင်းရိပ်ကို ရိုက်တယ်။ဆဲတယ်။ သူမရဲ့ အခြေအနေကို ခန့်မှန်းမိတဲ့ လင်းရိပ်က ပြန်ဖို့ ပြင်ရတယ်။ သူမ ပိုက်ဆံအိတ်ထဲကငွေကိုယူ ပြီး ဘေရှင်းဖို့ပြင်လိုက်တယ်။ သူဌေးမမက မူးနေပေမဲ့ အိတ်ကို လင်းရိပ် ယူလိုက်တာကို ချက်ချင်းသိတယ်။ လင်းရိပ်လက်ထဲကအိတ်ကို ပြန်လုပြီးတော့ လင်းရိပ်ကို စိတ်ကြိုက် ထုရိုက်တယ်။ ဒီအခြေအနေကဒီကိုလာတိုင်း ဖြစ်နေကျ ပုံစံလို့ပဲပြောရမလား။ဒါကြောင့်လည်း ချောင်အကျဆုံးနေရာကိုပဲ အမြဲ ရွေးထိုင်ခဲ့ကြတာပေါ့။ မသကာ နာရီဝက် ပေါ့။ဒီနာရီဝက်ကျော်ကျော်ကို လင်းရိပ်သည်းခံ ကျော်ဖြတ်နိုင်ပြီးသွားတာနဲ့ သူဌေးမမကို ကားပေါ်တင်ပြီး မောင်း ခေါ်သွားလိုက်ရင် အိမ်ရောက်ခါနီးဆိုအမူးပြေချင်ချင်ဖြစ်သွားပြီ။ ဒါဆို အိမ်ရောက်ရင် လင်းရိပ်က သံပရာရည် လေးဘာလေး ဖျော်တိုက်ပြီး ပြုစုပေးလိုက်ရင် အခြေအနေ တော်တော်ကောင်းသွားပြီ။ သူမ လုံးဝ သတိပြန်ဝင်လာပြီဆိုရင်တော့ သူမရင်ဖွင့်တာကို နားထောင်ပေးပြီး ရင်ခွင်ထဲထွေးဖက်ပေး ၊ အနမ်းလေးတွေ ခြွေပေးလိုက်ရုံနဲ့ မိခင်ကြီးအတွက် တစ်ပတ် နှစ်ပတ်စာ ဆေးစရိတ်ရတတ်တာလေ။မိခင်ကြီးသောက်သုံးနေရတဲ့ ဆေးဝါးတွေက ဘယ်လောက် ဈေးကြီးလဲ။ဆေးတွေက ဈေးကြီးပြီးရှားပါးဆေးတွေမို့ နယ်မှာ ၀ယ်လို့မရလို့ လင်းရိပ်ပဲ ရန်ကုန်ကနေ ဝယ်ပို့ပေးနေရတာလေ။ဒါကြောင့် ခဏလေးပဲ လင်းရိပ် အောက်ကျို့ သည်းခံနိုင်ဖို့ ဆုံးဖြတ်ထားတယ် ။လင်းရိပ် လျှာထိုး ဦးထုပ်ကို မျက်နှာရှေ့ကိုငိုက်သထက် ငိုက်အောင် လက်နဲ့ ဆွဲချလိုက်တယ်။ ****** အနီရင့် လူရှင်းချောင်ကျတဲ့ နေရာကို ထွက်လာပြီး ကိုဘုန်းဆီဖုန်းခေါ်လိုက်တယ်။ဖုန်းက တစ်ကြိမ်နဲ့ ခေါ်မရ ။ ဒုတိယအကြိမ်မြောက်ခေါ်လိုက်တယ်။ " ဟယ်လို "ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့ မိန်းခလေးအသံကြောင့် အနီရင့် ရင်ထဲ ဒုန်းခနဲ ဆောင့်ခုန်သွားမိတယ်။ ဒီအသံက အနီရင့်နဲ့စိမ်း သက်လွန်းလှတယ်။သေချာတာက ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့ညီမ အသံတော့ မဟုတ်ဘူး ။ ဒါဆို ဘယ်သူများလဲ။အတွေးပေါင်းစုံ တွေးပြီး အနီရင့် အသက်ရှူကြပ်လာသလို ခံစားလာရတယ်။ဖုန်းကိုင်ထားတဲ့ လက်တွေကလည်း တဆတ်ဆတ် တုန်ယင်နေလေပြီ။ "ကို ....ကိုမြတ်ဘုန်းသွင်ရှိလား ..."အသံကို မတုန်အောင် ထိန်းနေရင်းက အနီရင့် ထစ်ထစ်ငေါ့ငေါ့ နဲ့ မေးလိုက်မိတယ်။ "ကိုကို....." " ဖြောင်း " အနီရင့် တစ်ဖက်မှ အသံကို ဆုံးအောင် မကြားလိုက်ရပါ။ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် အံ့ဩသွားပြီး မြင်ကွင်းကို အကြောင်သား ငေးကြည့်နေမိတယ်။မြင်ကွင်းက ခုန အနီရင်လျှောက် လာတုန်းက မူးပြီး စကားများနေကြပုံရတဲ့ စုံတွဲတစ်တွဲက အမျိုးသားဖြစ်သူကို အခြားအမျိုးသားတစ်ယောက်က ကမူးရှိုးထိုးနဲ့ ပြေးဝင်လာပြီး မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တာ။ ရုတ်တရက်မို့ အမျိုးသားလည်း ရှောင်လိုက်နိုင်ပုံမရဘူး။ခေါင်းပေါ်က ဦးထုပ်ပါ လွှင့်ထွက်သွားရှာတယ်။ ဦးထုပ်ကျွတ်ကျသွားတော့ မြင်လိုက်ရတဲ့မျက်နှာကိုကြည့်ပြီး အနီရင့် ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားမိတယ်။ပြီးတော့ မြင်ကွင်းရံ့ အခြေအနေကို ချက်ချင်း သဘောပေါက်နားလည်မိသွားတယ်။သူပြဿနာတက်နေပြီ။တစ်ခါက တစ်ညအတူကုန်ဆုံးဖူးခဲ့တဲ့ သူ။ အခုသဒုက္ခရောက်နေပြီဆိုတာကို အနီရင့် ချက်ချင်းသိလိုက်မိတယ်။သူက တစ်ယောက်တည်း။တစ်ဖက်က နှစ်ယောက်။အမျိုးသမီးကြီးက မူးပြီး မှောက်နေပြီ။ စားပွဲထိုးလေးတွေလည်း အနားမှာ မရှိ။ခပ်လှမ်းလှမ်းက လူတွေလည်း သိသိသာသာ အကဲခတ်နေကြပြီ။ အနီရင့် ကြည့်နေတုန်းမှာပဲ ဟိုလူက ထပ်ထိုးဖို့ပြင်တယ်။ သူ့ကို ကြည့်လိုက်တော့ ခေါင်းကြီးအောက် စိုက်လို့ ဦးထုပ်ကို ပြန်ကောက်ဖို့ကြိုးစား နေပုံရတယ်။မြင်ကွင်းကို ကြည့်နေမိရင်း အနီရင့်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူတို့ဆီကို ဝုန်းခနဲ ပြေးဝင်သွားလိုက်မိတယ်။ " ရှင်တို့ ဘာလုပ်တာလဲ ....ကျွန်မချစ်သူကို ဘာလို့ထိုးတာလဲ ...ရှင်တို့ကို ရဲတိုင်မယ် " အနီရင့်လည်း သူ့ရှေ့ကပိတ်ရပ်လိုက်မိပြီး ဘာတွေ ပြောလိုပြောမိမှန်းပင်မသိ။ဦးနှောက်က ဇာတ်လမ်းဇာတ်ကွက်များကို အမြဲစဉ်းစားနေတာမို့ လျှပ်တစ်ပြတ် ဇာတ်လမ်းတစ်ပုဒ်က နှုတ်ကအလိုအလျောက် ထွက်သွားမိတာပင်။အနီရင့်ရဲ့ အပြုအမူကြောင့် နှစ်ယောက်သားမှာ ကြောင်အမ်းအမ်းဖြစ်သွားပုံရပြီး " မင်း ဘာပြောတာလဲ ...ဒီကောင်က ပိုင်းလုံး ...တောက် ... ငါ့အမေကို ချူစားနေတဲ့ကောင်ကွ..."

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၆ ) ***** " နှင်းကို လိုင်းပေါ်မှာလဲ မတွေ့လို့ဖုန်းခေါ်လိုက်တာ...အလုပ်တွေ မပြီးသေးတာလား ... မောင် အရမ်းပင်ပန်းနေလို့ ဒီည စောစောအိပ်တော့မယ်လို့ ပြောမလို့ပါ " " ဟော့တော့ မောင်က အိပ်တော့မလို့လား ...နှင်းက အမေခိုင်းထားတာတွေ လုပ်နေရလို့ မအားသေးလို့ပါ မောင်ရဲ့ ....နှင်းကို စိတ်တိုနေတာတော့ မဟုတ်ပါဘူးနော် မောင်..." နှင်းသီရိက အသံကို ချွဲချွဲပျစ်ပျစ်နဲ့ ပြောလိုက်တယ်။ " ဟာ ..မဟုတ်ပါဘူး နှင်းရာ ... မောင်က နှင်းစိတ်ကောက်နေမှာပဲဆိုးတာ ...ဒါနဲ့ နှင်း နှုတ်ခမ်းနီ လိုချင် တယ်ဆို ...အဲဒါ မောင်ငွေလွှဲပေးထားတယ်နော် ..." " ဟယ် ...တကယ်....အားနာလိုက်တာမောင်ရယ် .....အစက နှင်းစုထားတဲ့ ပိုက်ဆံနဲ့ ၀ယ်မလို့ပါ ....အမေက ငွေအသုံးလိုလို့ ဆိုပြီး နှင်းရဲ့စုငွေကိုပါ ယူသွားလို့ လေ... ကျေးဇူးပါနော် မောင်...အဲ့ဒါကြောင့် မောင့်ကို ချစ်နေရတာ သိလား " နှင်းသီရိက ပျော်ရွှင်မြူးတူးစွာ လင်းရိပ်ကို ပြောလိုက်တယ်။ အမှန်တကယ်တော့ နှင်းသီရိရဲ့စုငွေကို မိခင်ဖြစ်သူက တောင်းယူသွားတာမဟုတ်ဘဲ နှင်းသီရိ အကြွေးနဲ့ ဝယ်ထားတဲ့ အထည်ဖိုး တွေပေးလိုက်ရတာပင်။ တစ်လတစ်လ တတ်နိုင်သလောက် ချွေတာသုံးပေမဲ့ လကုန်ရင် နှင်းသီရိမှာ လစာ မကျန်တာက များတယ်။ တစ်ခါတလေ အိမ်စရိတ်ပေးရမဲ့ ငွေတစ်သိန်းခွဲမပြည့်လို့ ချစ်သူ လင်းရိပ်ဆိက ချေးရတာလည်း အခါခါပင်။ဒီလိုအမြဲ ဖြစ်နေတဲ့နှင်းသီရိရဲ့ ဘ၀ဖြစ်တည်မှုကို နှင်းသီရိ သဘောမကျ ။နှင်းသီရိက ကောင်းကောင်းစားချင် ၊ ကောင်းကောင်းဝတ်ချင် ၊ ကောင်းကောင်း သုံးချင်တာ ။ ဒါပေမဲ့ နှင်းသီရိ ဘ၀က မတတ်နိုင်။ချစ်သူကို ကြည့်ပြန်တော့လည်း တစ်လတစ်လ တစ်သိန်းစ၊နစ်သိန်းစ ထက်ပိုပြီး ပေးနိုင်ပုံမရ ။ ဒါကြောင့်ပင် နှင်းသီရိ အနေနဲ့ ကိုထက်တို့လို ဘောစိ စပွန်ဆာတွေနဲ့ တွဲနေရတာပေါ့။သူတို့နဲ့ တွဲနေတဲ့ တောက်လျှောက်မှာ သူတို့ အတည်ဆို နှင်းသီရိ ဘက်ကလည်းအတည်။သူတို့ဘက်က အပျော်ဆို နှင်းသီရိ ကလည်း အပျော် ပေါ့။တွေ့ဆုံခဲ့ကြတဲ့သူတွေနဲ့ ခွဲခွါခြင်းမှာ ဝမ်းနည်းကြေကွဲခြင်း ဘာအနှောင်အဖွဲ့မှ မရှိတာ အသေအချာပင် ။နှင်းသီရိ အတွက် အချစ်ထက် ငွေကြေး ဂုဏ်က ပိုအရေးပါပေမဲ့ လင်းရိပ်လို သူနိုင်သမျှအင်အားလေးနဲ့ အလိုက်သိတဲ့ ချစ်သူကိုလည်းမစွန့်လွှတ်နိုင်ဘူး။တကယ်လို့များ ဘောစိတစ်ယောက်ယောက်က အတည်တကျ လက်ထပ်ခွင့် တောင်းလာရင်တော့လည်း မီးစင်ကြည့်ကဖို့ နှင်းသီရိ ဆုံးဖြတ်ထားပြီးသားပင်။ အချစ်က ဗိုက်ဝစေတာမှ မဟုတ်ဘဲလေ။ ******* လင်းရိပ် ချစ်သူကို ဖုန်းဆက်ပြီးတာနဲ့ သူဋ္ဌေးမမချိန်းတဲ့ နေရာကို ထွက်လာခဲ့တယ်။ ******* ခပ်မှိမှိန် မီးရောင် အောက်က စားပွဲအချို့မှာ လူတွေ ကိုယ့်အစု နဲ့ ကိုယ် သောက်စားနေကြတယ်။အတွင်း ခန်းမထဲက ခပ်မိုက်မိုက် ဒီဂျေကောင်လေးရဲ့ရှေ့မှာ ယောကျာ်း၊ မိန်းမအားလုံး တီးလုံးသံနဲ့အပြိုင် ပျော်ရွှင်မြူးတူးစွာကခုန်နေတယ်။ အားလုံး ပျော်လို့ရွှင်လို့ ။ဒီအုပ်စုတွေထဲမှာ မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ သူဋ္ဌေး သားသမီးတွေပါသလို၊ဘဝကို စိတ်အလိုမကျဖြစ်နေသူတွေ ၊ စပွန်ဆာရှာနေကြတဲ့ ကောလေးတွေ ၊ ကောင်မလေးတွေ၊ အရာရာ စူးစမ်းချင်သူတွေ၊ လူလိမ်လူညာတွေ၊ဘ၀ ဝမ်းရေးအတွက် အသွေးအသားကို ရောင်းစားနေရတဲ့သူတွေရယ် ပြီးတော့ အနီရင့်လို အချစ်ရူးရူးနေတဲ့ ခပ်ကြောင်ကြောင် မိန်းခလေးမျိုးတွေလည်း ပါနိုင်တယ်။ တခြားစားပွဲဝိုင်းတွေမှာ ဘီယာ၊ အရက်နဲ့ ဝိုင်အမျိုးမျိုးကို သောက်နေကြချိန်မှာ အနီရင့်က အချိုရည်ကို သောက်ရင်း မျက်လုံးကို အစွမ်းကုန် ပြူးပြီး ချစ်သူကို ရှာဖွေနေမိတယ်။ကိုဘုန်း ဒီဆိုင်ကို ကောင်မလေးတစ်ယောက်နဲ့အမြဲလိုလို လာတတ်တယ်ဆိုတဲ့ သတင်း အတိအကျ ရထားလို့ အနီရင့် လာစောင့်ဖမ်းခြင်းပင်။တကယ်လို့ ကို ဘုန်းနဲ့ မဆုံရရင်လည်း ဝတ္ထုအတွက် ကုန်ကြမ်းရတာမို့ အနီရင့် အရဲစွန့်ပြီး တစ်ယောက် တည်းထွက်လာခဲ့တာ။ဒီလိုအချိန်မျိုးတွေမှာ အနီရင့်ဘေးနားမှာ အပေါင်းအသင်း သူငယ်ချင်းတွေမရှိတာကို နောင်တရမိတာတော့အမှန်ပင်။တစ်ချိန်လုံး၊ ဘဝတစ်လျှောက်လုံး ကိုဘုန်း တစ်ယောက်တည်းကိုပဲ ကြည့်ပြီး နေထိုင်လာခဲ့မိတာကို ခုချိန်မှာ နောင်တရချင်နေမိသလိုလိုပင်။အချိန်တွေကြာလာတာနဲ့ အမျှ အနီရင့်ဘက်ကသာ ကိုဘုန်းအပေါ်မှာ ချစ်ခင်တွယ်တာတာတွေ ၊ ယုံကြည်အားကို တာတွေ ပိုလာခဲ့ပေမဲ့ ကိုဘုန်းကတော့ အနီရန်အပေါ် တဖြည်းဖြည်း အေးစက်စိမ်းကားလာခဲ့တာကို အနီရင့် သေချာသိနေတယ်။ အနက်ရောင်ဘောင်းဘီရှည်နဲ့ မီးခိုးရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ အနီရင့်ပုံစံက သေးသေးသွယ် ယောကျာ်းလေးတစ်ယောက်နဲ့ ပင်တူနေတာမို့ ကိုဘုန်းမြင်ရင်ပင် အနီရင့်ကို မှတ်မိလိမ့်မယ် မထင်မိဘူး။အနီရင့် အချိုရည်ကို သောက်နေရင်း အရက်သောက်နေကြတဲ့ မိန်းမတွေကို တအံ့တဩလိုက်ငေးနေမိတယ်။အနီရင့် အရင်က အရက်ရော၊ ဘီယာပါသောက်ဖူးတယ်။ ဒါပေမဲ့ ခါးသက်ပြီး မီးလိုပူတဲ့ အရသာကြောင့် အနီရင့်မှာ တစ်ငုံ ထက်ပို မသောက်နိုင်ခဲ့။ဒါတောင် အဲ့ဒီ တစ်ငုံသောက်ပြီး သုံးလေးရက်လောက် နှာခေါင်းနဲ့ လျှာမှာ အနံ့နဲ့ အရသာတွေစွဲနေလို့ အန်လို့မဆုံးဖြစ်ခဲ့သေးတာ။ အနီရင့် ငေးချင်ရာငေးပြီး တွေးချင်ရာတွေးနေမိရင်းက

ဖုန်းမှန်းသိလိုက်ရတယ်။ဖုန်းပိုင်ရှင်က အသက်လေးဆယ်ကျော် အစ်မကြီး ။ သူက နည်းနည်းတော့ ထူးခြားတယ်။ သူ့ရဲ့ခင်ပွန်းက နယ်မှာ အလုပ်လုပ်နေတာ။ သူတို့မှာရှိတဲ့ သားကလည်း အိမ်ထောင်ကျပြီး အဝေးမှာပဲနေတာ။နေ့ခင်းဘက်မှာ ကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့ အရာရှိမမကြီး။ညဘက် အိမ်ပြန်ရောက်ရင် အထီးကျန်နေတဲ့ ဘဝပေါ့။အမျိုးသားကို ဖြစ်လာဖို့ခေါ်တော့လည်း ပြန်မလာဘူးတဲ့။နယ်မှာ နောက်အိမ်ထောင် ထပ်ပြုထားသလို ဘာလိုလိုသတင်းရတဲ့ ။ လိုက်သွားပြီး စုံစမ်းတော့လည်း မရေရာပြန်ဘူးတဲ့။ ဒါက အဲ့ဒီအစ်မကြီး ဘီယာတွေမူးနေတဲ့ အခါ အပ်ကြောင်း ထပ်နေအောင် ပြောတဲ့စကားတွေပေါ့။ အဲ့ဒီအစ်မကြီး လင်းရိပ်ကို ခေါ်တဲ့အဓိကရည်ရွယ်ချက်က လင်းရိပ်နဲ့ ပျော်ပါးဖို့ မဟုတ်ဘူး။ သူ့ယောက်ျားကို ပြောမထွက်တဲ့စကားတွေ။ သူ့သားနဲ့ ချွေးမ ကိုမကျေနပ်တာတွေကို ရင်ဖွင့်တာ။လင်းရိပ်က ကိုယ်စား ထုရိုက်ခံပေးရတာပေါ့။ဘာပဲဖြစ်ဖြစ် အသွေးအသားနဲ့ မရင်းနှီးဘဲ ငွေရတဲ့ ဖောက်သည် မျိုးဆိုတော့ လင်းရိပ် အဲ့ဒီအစ်မကြီးခေါ်တိုင်း စိတ်ပါလက်ပါ သွားမိတယ် ။ မသကာ ပါးလေးရိုက်ခံရရုံပဲရှိတတ်တာလေ။ သူ အရက်မူးပြီးငိုနေရင်တော့ နည်းနည်းပါး ချော့ပေး ဘာပေး။ရင်ခွင်ထဲ ဖက်ပြီး နှစ်သိမ့်ပေးရတဲ့ အခါလည်း ရှိတာပေါ့။ " ဟယ်လို " လင်းရိပ် ဖုန်းကို ပါးစပ်နားကပ်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။ " ကောင်လေး( .......) ဆိုင်ကို လာခဲ့ပေး ... အစ်မ မူးနေလို့မပြန်နိုင်လို့ " " ဟုတ်ကဲ့ ' လင်းရိပ် ဖုန်းကို ချပြီးတော့ သွားဖို့ပြင်ဆင်ရင်းနဲ့ ချစ်သူဆီကို ဖုန်းဆက်လိုက်တယ်။ **** နှင်းသီရိမှာ ကိုထက်နဲ့ ဖုန်းပြောနေတုန်း ချစ်သူလင်းရိပ်ဆီက ဖုန်းဝင်လာတာမို့ ကိုထက်ကို ခွင့်တောင်းပြီး လင်းရိပ်ရဲ့ဖုန်းကို ကိုင်လိုက်တယ်။ "ကိုထက် ...နှင်း ဖုန်းခဏချလိုက်မယ်နော် ... ဟိုမှာ အမေခေါ်နေလို့ ပြီးမှ နှင်းမစ်ကော ပြန်ပေးလိုက်မယ် " " ဟယ်လို ... ပြောလေ မောင်.." ############### အပိုင်း( ၆ ) ဆက်ရန် ဧကြည်ဖြူ "တစ်နေကုန် မီးပျက်နေလို့ ဖုန်းအားမရှိလို့ ညနေမှ ရေးရတယ် စာမူ တိုသွားရင့်သည်းခံပေးကြပါ" သတ်ပုံ ပြန်မစစ်အားလို့ မှားရင် ပြင်ဖတ်ပေးကြပါနော်

အားလုံးအတူစုပြီးချက်ကြရတာပေါ့။ထမင်းဟင်းချက်စားလို့မရတဲ့အဆောင်တွေလည်းရှိတယ်။အဲ့ဒီလို အဆောင်မျိုးကျတော့ အဆောင်မှူးတွေ ရှိတယ်။၀င်ချိန် ထွက်ချိန်ကို သတ်မှတ်ထားတတ်တယ်။ လင်းရိပ် ရန်ကုန် ရောက်စက အဲ့လို အဆောင်မှာ နေခဲ့ဖူးတယ်။နောက်တော့လည်း လည်လည်ဝယ်ဝယ်ရှိလာပြီး ကိုယ်နဲ့အဆင်ပြေမယ့် အဆောင်ကို ပြောင်းခဲ့ရတာပေါ့။ ရန်ကုန်မှာက အဆောင်တွေပေါတယ်။တစ်ယောက်စာ တစ်အိပ်ရာစာကို တစ်လ(20000) လောက်ကစပြီး သိန်းကျော်ထိရှိတယ်။ စျေးမြင့်ရင်မြင့်သလို အခန်းမရှိဘဲ ( hall ) ခန်းထဲ စုနေရတာမျိုးလည်း ရှိသလို တစ်ယောက်ခန်းကို အဲကွန်း ၊ ပန်ကာ ၊ ဗီဒို၊ စာကြည့်စားပွဲခုံကအစပါတဲ့ အခန်းမျိုးတွေလဲရှိတယ်။ လင်းရိပ်ကတော့ တစ်ယောက်ခန်းမှာ ပန်ကာ အသေးလေးတစ်လုံးပါရုံလောက် သာမန်အခန်းလေးမှာပဲနေခဲ့တယ်။ လင်းရိပ်နေတဲ့ အဆောင်မှာ က အဆောင်မှူးမရှိဘူး။ပြောရမယ်ဆိုရင် ရန်ကုန်မှာ လူရည်လည်းလည်ပြီးအဆောင်နဲ့ ပတ်သက်ရင်ကျွမ်းကျင်တဲ့သူက တိုက်ခန်းတစ်ခန်းကို လချုပ် နှစ်ချုပ်တွေနဲ့ ငှါးပြီး အဆောင်တွေအဖြစ် ပြန်ငှါးစားတာ။ တိုက်ခန်းက ရေ၊ မီးအပြီးအစီးကို တစ်လ သုံးသိန်း ကုန်ကျမယ်ဆိုရင် တစ်လကို ငါးသိန်းလောက်ရအောင် လူဦးရေတွက်ချက်ပြီး အငှါးတင်တာပေါ့။လင်းရိပ်နေတဲ့ အဆောင်ကို ငှါးတဲ့ သူဆိုရင် သူအဲ့ဒီလို ငှါးထားတဲ့ တိုက်ခန်းသုံးခန်းတောင်ရှိတယ်။သူ့အဆောင်တွေ လူမပြည့်ဘူးဆိုတာလည်းမရှိဘူး ။အမြဲ လူအပြည့်ပဲ။ ဘာပဲဖြစ်ဖြစ် လင်းရိပ်တို့လို နယ်ကလာတဲ့သူတွေအတွက် ဒီလို အဆောင်တွေရှိနေတာက ကျေးဇူးတင်စရာပါပဲ။ အဆောင်လခက လချင်းပေးဖြစ်လို့ တစ်လပဲ နေပြီး မနေ့ချင်ရင် အလွယ်တကူပြောင်းသွားရုံပဲလေ။ တစ်ခုတော့ရှိတာပေါ့ အဆောင်မှူးမရှိတော့ ကိုယ့််သော့နဲ့ ကိုယ် လွတ်လွတ်လပ်လပ် ၀င်ထွက်လို့ရတယ်ဆိုပေမဲ့ စည်းမရှိကမ်းမရှိ၊ နာလည်းမှု မရှိတဲ့လူတွေပါလာခဲ့ရင်တော့ အတော်လေးစိတ်ညစ်ရတာပေါ့။ဥပမာ လင်းရိပ်တို့အဆောင်က အခန်း(၁၀) ခန်းမှာ အခန်း (၂)၊ အခန်း ( ၅) နဲ့ (6) (7) (8) တို့မှာနေတဲ့သူတွေလိုပေါ့။ထူးခြားတာက အဲ့ဒီလူတွေက နိုင်ငံခြားသွားဖို့လုပ်နေကြတဲ့ လူတွေချည်းပဲ။ သူတို့က အဆောင်မှာ အမှိုက်ဖွ၊ အမှိုက်ရှုပ်ရုံအပြင် ဘာကိုမှ ဝိုင်းမကူတဲ့သူတွေလို့ပဲ ဆိုရမလား။ ***** လင်းရိပ် ဈေးထဲက၀ယ်လာတံ့အထုပ်တွေကိုဆွဲပြီး အဆောင် ရှေ့ကိုရောက်တော့ ထုံးစံအတိုင်း အဆောင်ရဲ့ လှေကားတွေက မှောင်မှောင်နဲ့မည်းမည်း ။လင်းရိပ် အမှောင်ထဲမှာ လှေကားတွေကို စမ်းတဝါးဝါး နင်းပြီး တက်ခဲ့လိုက်တယ်။ ****** မီးဖိုခန်းကိုကြည့်ပြီး လင်းရိပ် စိတ်ပျက်သွားမိတယ်။ဖော့ဘူးခွံတွေ့ မီးဖိုခန်းထဲမှာ ပွနေတာပဲ။ ကိုယ့်အမှိုက်ထုပ်ကိုယ်ပစ်ရမယ့်အနေအထားမှာ မပစ်ပဲထား တားတဲ့ အမှိုက်ထုပ်တွေက ပလုံစီနေတာပဲ။ အရင်ကတော့ အမြင်မတော်တာနဲ့ အမှိုက်ပစ်တာကအစ သောက်ရေ သုံးရေအထိ လင်းရိပ် လုပ်ပေးခဲ့တာ။ကြာတော့ ဘာဖြစ်လာလည်းဆိုတော့ အဲ့ဒီအလုပ်တွေက လင်းရိပ်ရဲ့တာဝန်ကြီးလို့ သူတို့က ထင်လာကြတာပဲ။ လင်းရိပ်လည်း သူတို့လို ငွေပေးပြီး ငှါးနေတဲ့သူလို့မမြင်တော့ဘဲ သူတို့ ရှုပ်သမျှ ဖွသမျှကို ရှင်းပေးရမယ် သူ ။ သူတို့ သောက်ဖို့ သုံးဖို့ ရေကုန်တာက အစ လင်းရိပ်ပဲလုပ်ရမယ်လို့ ထင်နေကြတာလေ။ အခုတော့ လင်းရိပ်လည်း လုပ်ပေးသင့်တာကိုပဲ လုပ်ပေးပြီး မသိချင်ယောင်ဆောင်နေတတ်လာပါပြီ။ " တီ ...တီ ..တီ " လင်းရိပ် ထမင်းဟင်းချက်ပြီးတာနဲ့ ရေကို အသည်း အသန် ချိုးရတယ်။မကြာခင်မှာ အသီးသီး အလုပ်က ပြန်လည်း ရေတန်းစီချိုးကြတော့မှာလေ။ရေချိုးပြီးမှ နောက်တစ်ကြိမ် အပြင်ပြန်ထွက်ကြတာပေါ့။ ****** " တီ ...တီ...တီ " လင်းရိပ် ထမင်းစားပြီးတော့ အိပ်ရာပေါ် လှဲနေချိန်မှာ လင်းရိပ်ရဲ့ဒုတိယမြောက် လျှို့ဝှက် ဖုန်းလေးက အသံမြည်လာတယ် ။ဒီဖုန်းက လင်းရိပ် တစ်ခါတလေမှ ဖွင့်တဲ့ဖုန်း ။ တစ်လမှာ သုံးလေးခါပဲ ဖွင့်တဲ့ဖုန်းလို့ ပြောရမလား။ ဒီဖုန်းထဲမှာ လျှိုဝှက်ဖေ့ဘုတ်အကောင့် တစ်ခုရှိတယ်။အဲ့ဒီအကောင့်ကနေပဲ ဖောက်သည်ရှာရတာပေါ့။ ဒီကနေပဲ ဈေးစကားပြော ၊ အချိန်ညှိ၊ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် စည်းကမ်း တွေကို သတ်မှတ်ပြီးအဆင်ပြေရင် ချိန်းတဲ့ နေရာသွားလိုက်ရုံပဲ။ ဒီလောကမှာ ကျင်လည်ရင်း လင်းရိပ်ကို စပွန်ဆာပေးချင်တဲ့ ကျေးဇူးရှင်မမတွေနဲ့လည်း ဆုံခဲ့ဖူးတယ်။ ဒါပေမဲ့ လင်းရိပ်လက်မခံခဲ့ဘူး။ စပွန်ဆာရရင် အငြိမ်နေရုံပဲ ။ ဒါပေမဲ့ စပွန်ဆာရရင် လိုက်နာရမယ့်အချက်တွေ ရှိတယ်။ လင်းရိပ်က ဒါကို သဘောမကျဘူး။ချစ်သူကိုလည်း မစွန့်လွှတ်နိုင်ဘူး။ပြီးတော့ လင်းရိပ် ဒီအလုပ်ကို အမြဲလုပ်ဖို့ အတွေးလည်းမရှိဘူး။ လင်းရိပ်ရဲ့အလုပ်က အပြောကောင်းရင် ကောင်းသလို တစ်ညတည်း သိန်းချီ ရတတ်ပေမဲ့ လူတွေမသတီတဲ့ အလုပ်မဟုတ်လား။ လင်းရိပ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ရွံရှာမှုတွေ ၊ စိတ်မလုံခြုံမှုတွေနဲ့ နေထိုင်နေရတာကို စိတ်ပျက်မိတယ်။ လင်းရိပ် ဒီလောကထဲကို ရောက်လာပုံက ခါးသီးမူတွေအပြည့်နဲ့ပေါ့။ မှန်ရာကို ဝန်ခံရမယ်ဆိုရင် ငွေကြေးအတွက် အလွန်အမင်းခက်ခဲနေချိန်မှာ ငွေအလွယ်ရလိုက်တော့ အလွယ်လမ်းလိုက်မိရာက ခုချိန်ထိရုန်းမထွက်နိုင်ဘဲဖြစ်ခဲ့ရတယ်။ လင်းရိပ် ဖုန်းကို ကြည့်လိုက်တယ်။သူ့ဆီကို တစ်လတစ်ခါလောက်ဆက်တတ်တဲ့

ဧကြည်ဖြူ " ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၅ ) ***** " မင်းစိတ်က သူ့အပေါ်မှာ တကယ် သေချာပြီလား သားကြီးရယ် ... အမေကတော့ သားဒီလို တွေဝေနေတာကို မြင်နေရတော့ လက်ထပ်တာကို ပြန်စဉ်းစားစေချင်တယ်ကွယ်...အမေ မပြောချင်လို့ နေနေတာ .. သူတစ်ယောက်တည်း တိုက်ခန်းမှာသွားနေတာကို အမေ သဘောမကျဘူးကွယ် ...သားက သူ့ဆီ အမြဲသွား နိုင်တာမဟုတ်ဘူး ... အုပ်ထိန်းသူ မရှိဘဲ သူတစ်ယောက်တည်း ဘယ်လောက် လွတ်လပ်နေမလဲ သား တွေးကြည့်ဘူးလား ...ဒီခေတ်ဒီခါကြီးထဲ အမေကတော့ ဘယ်သူ့ကိုမှမယုံနိုင်ဘူး " " ဟာ အမေကလည်း ...အနီရင့်က အဲ့ဒီလို မိန်းခလေး မဟုတ်ပါဘူး ....သားတို့ မျက်စိရှေ့မှာတင်ကြီးလာတာ ...သူ့အကြောင်းလည်း အမေသိရဲ့သားနဲ့ " "သိလို ပြောနေတာပေါ့သားရယ်...ပြန်မပြော နားမထောင် ကောင်မလေးလေ .." ကိုဘုန်းတို့အိမ်ရဲ့ တံခါးဝနားမှာ အနီရင့် ခြေစုံရပ်နေမိတယ်။အိမ်ထဲက ကိုဘုန်းနဲ့ အန်တီကေသီတို့ရဲ့ စကားသံတွေက အနီရင်ရှိရာဆီကို ပျံ့လွင့်လာတယ်။ဒီနေ့အဖို့မှာတော့ အနီရင့်အတွက် ကံမကောင်းခြင်းနေ့တစ်နေ့ ပေပဲလားလို့ အနီရင့် တွေးလိုက်မိတယ်။ "ကဲပါ အမေရယ် ...သားတို့လည်း လက်ထပ်ဖို့ အစီအစဉ်မဆွဲရသေးပါဘူး ....ဘာပဲဖြစ်ဖြစ် ... အနီးရင့်လာရင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါနော်..." အနီရင့် ဆိုဖာခုံပေါ်မှာ စိတ်လွတ်လက်လွတ်ပစ်လှဲချလိုက်ပြီး နေ့ခင်းကအဖြစ်တွေကိုပဲ တွေးနေမိတယ်။ ကိုဘုန်း ဘာလို့ပြောင်းလဲသွားတာလဲ။အနီရင့်အတွက် သူတစ်ယောက်ပဲ ရှိတာကို သိသိနဲ့ ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားတာလဲဆိုတာကို ဘယ်လိုမှ စဉ်းစားတွေးတောလို့မရပေ။ဘာပဲဖြစ်ဖြစ် အခုထက်စာရင် ဟိုအရင်ကမှ ကိုဘုန်းအပေါ် ဆိုးတာ ၊ ရစ်တာ ၊ ပြဿနာရှာတာတွေကို အနီရင့် လုပ်ခဲ့သေးတယ်။ အဘွားတို့အိမ်ကလူတွေကို မကျေနပ်သမျှ ကိုဘုန်းအပေါ် ဆိုးခဲ့ဘူးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ကိုဘုန်းရံ့ပုံစံတွေ မသိမသာ ပြောင်းလဲလာလို့ အနီရင့်ကိုယ့်ဘာသာ မကျေနပ်ချက်တွေကို မျိုသိပ်တတ်လာတယ်။တစ်ယောက်တည်း မျက်ရည်နဲ့ အဖော်ပြုတတ်လာခဲ့တယ်။တကယ်တော့ အနီရင့် ယုံကြည်အားကိုခဲ့ရတဲ့ ကိုဘုန်းရဲ့ ချစ်ခြင်းမေတ္တာက အနီရင့်အပေါ် ပါးလျလာခဲ့ပေမဲ့ အနီရင့်ကတော့ မိုက်မိုက်မဲမဲ့နဲ့ ကိုဘုန်း ပြန်ပြီး ပြောင်းလဲလာမယ့်နေ့။ပြီးတော့ အနီရင့်ကို လိုလိုလားလားနဲ့ လက်သပ်ခွင့် တောင်းလာမယ့်နေ့ကို စောင့်မျှော်နေမိဆဲပင်။ ***** " ဒါလေးက အသစ်ဝင်တဲ့ ဖုန်းလေ ... အရမ်းသုံးလို့ကောင်းတယ်...ကင်မရာ ရုပ်ထွက် လဲကောင်းတယ် ..." မြတ်ဘုန်း ဖုန်းဆိုင်ရဲ့ ကောင်တာနောက်မှာ ထိုင်ရင်း ၀ယ်သူကို ရှင်းပြနေတဲ့ အရောင်းစာရေးမလေးကိုငေးကြည့်နေမိတယ်။ကောင်မလေးက ဖြူဖြူသွယ်သွယ် ငယ်ငယ်ချောချောလေး။ကောင်မလေးကို ကြည့်ရင်း ချစ်သူ အနီရင့်ကို မျက်စိထဲမြင်ယောင်လာမိတယ်။အနီရင့်က မချောဘူးလားဆိုတော့ ချောပါတယ်။ချောတာထက် မျက်နှာဝိုင်းလေးနဲ့ ချစ်စရာကောင်းတယ်လိုပြောရင် ပိုမှန်မယ်ထင်ပါရဲ့။ မြတ်ဘုန်းလည်း သူမကို ချစ်ပါတယ်။ချစ်လို့လည်း ခုချိန်ထိ လက်မလွှတ်နိုင်သေးတာပေါ့။ဒါပေမဲ့ သူမနဲ့လက်ထပ်ဖို့ကိုတော့ ဘာကြောင့်မှန်းမသိ မြတ်ဘုန်းတွေဝေနေမိတယ်။လုပ်ချင်ရာကိုလုပ်တတ်ပြီး ပြည်မပြောနားမထောင်တတ်တဲ့ သူမရဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါမှမဟုတ် ငွေကြေးကို စိတ်မ၀င်စားဘဲ အနုပညာမှအနုပညာဆုံပြီး စာပဲရေးနေတတ်တဲ့ အကျင့်စရိုက်ကြောင့်လား ။ ဒါတော့လည်း မဖြစ်နိုင်ပြန်။အနီရင့်က သူမကိုယ်တိုင်က စာပဲရေးနေပေမဲ့ သူမရဲ့ ဖခင်ပို့ပေးတဲ့ငွေတွေကို သုံးဖြုန်းမနေဘဲ လုပ်ငန်း အချို့မှာ ရှယ်ယာထည့်ဝင်ပြီး စီးစီး ကုပ်ကုပ်နေတတ်မှန်း မြတ်ဘုန်းလည်းသိတယ်။ဒါဆို ဘာအတွက် မြတ်ဘုန်း တွေဝေနေမိမှန်း ကိုယ့်ကိုယ်ကို မသိပါလေတော့။ ****** " အရည်အသွေး ကတော့ စိတ်ချပါခင်ဗျာ...အီတလီနိုင်ငံထုတ် ပစ္စည်းတွေမို့ နှစ်ရှည်အသုံးခံပါတယ်...အချိန်ကြာလာလို့ ဝါတာ အရောင်ကျလာတာများ မရှိပါဘူး " လင်းရိပ် ဝယ်သူကို အသေအချာလေးရှင်း ဖြစ်နေမိတယ်။သူတို့ရဲ့ အရောင်းဆိုင်က အခြာ ကုန်ပစ္စည်းအရောင်းဆိုင်တွေလို တစ်နေကုန် ဝယ်သူတွေ တဖွဲဖွဲလာတဲ့ဆိုင်မျိုးတော့ မဟုတ်ဘူး။တစ်နေကုန်နေမှ ၀ယ်သူ့လေးငါးဆယ်ဦးပဲလာတာလည်း ရှိတယ်။ ဒါပေမဲ့ ဝယ်သုတစ်ဦးကိုအနည်းဆုံး သိန်းလေးငါးဆယ်ဖိုး ရောင်းရတာက များတယ်။ ဒါကြောင့်မို့လည်း ဝယ်သူ ဒီအတိုင်း ပြန်ထွက်မသွားရအောင် လုပ်ရမှာက လင်းရိပ်ရဲ့ အဓိက တာဝန်ပဲ။ဆိုင်မှာ ၀ယ်သူတွေပါးလာတယ်ထင်ရင် ဆောက်လုပ်ရေးဆိုက်တွေထဲကို အရောင်းဆင်းရတာပေါ့။ ခုလပိုင်းကတော့ သူဋ္ဌေး စိတ်ကျေနပ်အောင် အရောင်းအဝယ်ကောင်းတယ်။ လင်းရိပ်အရောင်းဆင်းခဲ့တဲ့ ဆိုက်တွေ တော်တော်များများကလည်း လင်းရိပ် တို့ဆိုင်ကပစ္စည်းတွေကို အသုံးပြုကြတယ်။ ****** ညနေ (၆) နာရီ ဆိုင်ပိတ်ပြီးတာနဲ့ လင်းရိပ် အဆောင်ကို တန်းမပြန်ဘဲ ဈေးထဲကို ဝင်ပြီး ၀ယ်စရာရှိတာကိုဝယ်တယ်။အဓိက ဆန်နဲ့ ဆီရယ် ၊ လက်ဖက်အကြော်စုံနဲ့ ကြက်ဥလောက်ပဲ ဝယ်တာ။ လောလောဆယ် ဒီညနေစားဖို့ ကန်စွန်းရွက် ဝယ်လိုက်တယ်။ အပြင်ဆိုင် ထမင်းဟင်းတွေက စျေးကြီးတော့ လင်းရိပ်အမြဲ ကိုယ့်ဘာသာချက်စားတယ်။အဆောင်မှာ က ထမင်းဟင်းချက် စားခွင့်ပြုထားတယ်။ မီးဖိုချောင်မှာ