803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု )
အပိုင်း (၁၉)
*********
"ကိုမိုးထက် .... ရှင်ကအရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်လား "
"ဗျာ ...ဟို ... "
ရုတ်တရက်ထမေးလိုက်သော မပိုးဖြူ၏ အမေးကြောင့် မိုးထက်မှာ ဘယ်လိုပြန်ဖြေရမည် မသိဘဲဖြစ်သွားရလေသည်။
"ရှင်မဖြေချင်လဲရပါတယ် ... ကျွန်မသဘောထားကိုပဲ ပြောတော့မယ်.... ကျွန်မလေ လောကကြီးမှာအေးအေးဆေးဆေးပဲနေချင်တယ် .. ကိုမိုးထက်ကို ကျွန်မခင်ပါတယ်....ယုံလဲယုံကြည်ပါတယ် ...ဒါပေမဲ့ ကျွန်မတို့ရဲ့ခင်မင်မှုအတွက်... ကျွန်မကိုအထင်သေးစော်ကားတာမျိုးကိုတော့ မခံချင်တော့ဘူး ..."
မပိုးဖြူ၏စကားကြောင့် မပိုးဖြူကို မိုးထက်ငဲ့စောင်းကြည့်လိုက်မိပြီး
"ကျွန်တော့်ကြောင့်ဖြစ်စေ ... ဘာအကြောင်းနဲ့ဖြစ်စေ .. ပိုးဖြူကို ဘယ်သူမှ အနိုင်ကျင့်စော်ကားလို့မရအောင် ကျွန်တော်ကာကွယ်ပေးမယ် .......ပိုးဖြူစိတ်မဆိုးပါနဲ့ နော် ...ကျွန်တော်ပိုးဖြူရှေ့ကနေ အားလုံးကို ရင်ဆိုင်ပေးချင်တယ် .. ဒါကကျွန်တော့်ရင်ထဲက စစ်မှန်သောစိတ်ပါ ..."
မိုးထက်လည်းမထူးတော့ပြီဖြစ်၍ သူ့ရင်ထဲမှခံစားချက်အချို့အား မပိုးဖြူကိုဖွင့်၍ပြောလိူက်မိသည်။
မပိုးဖြူငြိမ်သက်သွားမိပါသည်။မိုးထက်က သူမအားဖွင့်ပြောနေခြင်းမဟုတ်၍ မပိုးဖြူ ဘက်မှအတင်းအကျပ် ငြင်းနေစရာလည်းမလိုသည်ကို မပိုးဖြူ သိသည်။သို့သော်လည်း မျိုးမမနိုင်နှင့်ပတ်သက်၍ မပိုးဖြူရင်ထဲ စိုးထင့်၍နေမိခြင်းသာဖြစ်သည်။
" ကျွန်မပွင့်ပွင့်လင်းလင်းပဲမေးမယ်နော် ....ကိုမိုးထက်နဲ့ မျိုးမမ နိုင် ပတ်သက်ခဲ့ဖူးကြလား "
" ဗျာ ..ဘယ်လို ...ပိုးဖြူမေးတာက ဘယ်လိုအဓိပ္ပါယ်နဲ့လဲ မသိပေမဲ့ ...ကျွန်တော်တို့ လုံးဝမပတ်သက်ခဲ့ဖူးပါဘူး ...ရှင်းရှင်းပြောရရင်... သူ့ဆိုင်ကအလှူကိုဖိတ်တာတောင် ကျွန်တော်မသွားခဲ့ပါဘူးဗျာ....ပြီးတော့ သူနဲ့မှမဟုတ်ဘူး... ဘယ်မိန်းမနဲ့မှရင်းရင်းနှီးနှီးမခင်မင်ဖူးဘူး .."
မိုးထက်၏စကားကြောင့် ပိုးဖြူသက်ပြင်းချလိုက်မိသည်။
"ဒီပွဲက ကျွန်မနိုင်ခဲ့တဲ့ပွဲဆိုပေမဲ့ ... အမှန်တိုင်းပြောရရင် ... သူတို့ရဲ့စိတ်တွေကို ကျွန်မမီးမွှေးခဲ့မိတဲ့ပွဲဖြစ်သွားပြီကိုမိုးထက် ..... ကျွန်မမိန်းမချင်းကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ဘူး.... ကိုမိုးထက်ကိုကြည့်နေတဲ့... မျိုးမမရဲ့အကြည့်တွေကတစ်မျိုးပဲသိလား...မကြာခင်အချိန်တွင်းမှာကျွန်မကို မျိုးမမတစ်ခုခုလုပ်လိမ့်မယ်ထင်တယ် "
မပိုးဖြူ၏စကားများကြောင့် မိုးထက်ကားကိုလမ်းဘေးသို့ကပ်ကာရပ်တန့်လိုက်သည်။ပြီးနောက် မပိုးဖြူဘက်သို့မျက်နှာလှည့်လိုက်ပြီး
"ကျွန်တော်ပြောမယ် ...ပိုးဖြူ တစ်ခုခုဖြစ်မှာစိုးရိမ်နေတာလား ... ကျွန်တော့်အသိုင်းအဝိုင်းက ပိုးဖြူကိုဒုက္ခပေးမှာကိုစိုးရိမ်နေတာလား .....ကျွန်တော့်အသက် (၃၆)နှစ်ဖြစ်နေပါပြီ... ကျွန်တော်ချစ်မြတ်နိုးတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် အပြည့်အဝကာကွယ်ပေးနိုင်တယ် ... ကျွန်တော့်အသိုင်းအဝိုင်းက ... ပိုးဖြူကိုလက်ခံတာလက်မခံတာကို... ကျွန်တော်စိတ်မဝင်စားဘူး ...သူတို့အမြင်သူတို့ ခံယူချက်နဲ့သူတို့ရဲ့သဘောတွေကို ကျွန်တော်လက်ခံကျင့်သုံးမှာလဲ မဟုတ်ဘူး ....ကျွန်တော်ချစ်မြတ်နိုးရတဲ့သူကို အထင်သေးပြီး စော်ကားပြောဆိုရင်လဲ ကျွန်တော်ငြိမ်ခံနေမှာမဟုတ်ဘူး "
"ရှင် "
မပိုးဖြူပါးစပ်အဟောင်းသားနှင့် မိုးထက်ကို ကြည့်လိုက်မိသည်။
"ဆော...ဆောရီးပါ ပိုးဖြူ ...ဒီစကားတွေကို... ဒီလိုလွယ်လွယ်ပြောထွက်ဖို့ ရည်ရွယ်ထားတာမဟုတ်ဘူး ...တစ်နေ့ကျရင် လေးလေးနက်နက်နဲ့ ပြောဖို့ရည်ရွယ်ထားတာပါ ... ကျွန်တော် ပိုးဖြူကိုချစ်တယ် ...ပိုးဖြူရှေ့ကနေ မားမားမတ်မတ်ရင်ဆိုင်ပေးချင်တယ် ... ပိုးဖြူသာလက်ခံရင် ခမ်းခမ်းနားနားနဲ့လက်ထပ်ချင်ပါတယ် "
ရိပ်စားသိရှိထားပြီးသား အကြောင်းများဖြစ်၍ မပိုးဖြူသက်ပြင်းကို ရှိုက်လိုက်မိပါသည်။
"ဒီစကားတွေကိုပြောနေတာက ...ကိုမိုးထက်အနေနဲ့ ....ကျွန်မကိုအထင်သေးလို့ ပြောနေတာမဟုတ်ဘူးဆိုတာ ကျွန်မယုံပါတယ် ....ဒါပေမဲ့ ကျွန်မမှာချစ်တတ်တဲ့ နှလုံးသားမရိုတော့ပါဘူးကိုမိုးထက် .... ကျွန်မရဲ့သမီးလေးဆီကနေ ခါးသီးတဲ့အမုန်းတွေကို ရလိုက်ပြီးတဲ့နောက် ကျွန်မရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားပြီ.....မိန်းမသားတစ်ယောက်ပီပီ ကျွန်မလေ ကိုမိုးထက်ကိုအားကိုးမိချင်လဲအားကိုမိလိမ့်မယ် ...ဒါပေမဲ့ အချစ်ကိုရော အိမ်ထောင်ရေးကိုပါ ...ကျွန်မကြောက်သွားပါပြီ ...အဲ့ဒါကြောင့်ကိုမိုးထက်အနေနဲ့ ကျွန်မကို မိတ်ဆွေတစ်ယောက်လိုပဲသဘောထားစေချင်ပါတယ် ..."
" စိတ်ချပါ ......ပိုးဖြူနေစေချင်တဲ့ပုံစံနဲ့ပဲ ကျွန်တော်နေမှာပါ ...ပိုးဖြူစိတ်အနှောက်အယှက်ဖြစ်အောင် ကျွန်တော်မလုပ်ပါဘူး ..တစ်သက်လုံး မိတ်ဆွေတွေအဖြစ်ပဲနေရမယ်ဆိုလဲ နေသွားမှာပါ "
မပိုးဖြူတို့နှစ်ယောက်ကြားတွင် အတန်ကြာ တိတ်ဆိတ်၍သွားလေသည်။
"ပြန်ရအောင်လေ ကိုမိုးထက် "
မပိုးဖြူက ခပ်တိုးတိုး အသံပြုလျက် မိုးထက်ကိုပြောလိုက်သည်။
~~~~~
မျိုးမမသည်မပိုးဖြူဘေးရှိ လွတ်နေသောခုံတွင်ဝင်ထိုင်ချလိုက်သည်၊၊ မျိုးမမနိုင်၏ အပြုအမူကို ကိုဇင်မောင်နှင့်ရတနာစိုးက မျက်လုံးအပြူးသားနှင့်ကြည့်နေမိကြသည်။
မျိုးမမက မပိုးဖြူဘေးတွင် ထိုင်လိုက်ရင်းမပိုးဖြူနားသို့ကပ်ပြီး အံကြိတ်သံနှင့်ပြောလိုက်သည်။
"မထင်ရဘူးနော် ...လူကြည့်တော့ အေးပုံအေးလက်နဲ့ ယောကျာ်းတစ်ယောက်ကိုမြူဆွယ်တာမြန်လိုက်တာ ...သူက ရှင့်အကြာင်းတွေကိုသိရဲ့လားဟင်.... ရှင်က အိမ်ထောင်ကွဲတစ်ခုလပ်မ ....မိန်းမလည်မဆိုတာကိုလေ ''
မျိုးမမသည် မျက်နှာကိုမူအစွမ်းကုန်ပြုံးရယ်၍ နှုတ်ဖျားမှဒေါသသံဖြင့် မပိုးဖြူကြားသာရုံကပ်ပြောလိုက်သည်။
မျိုးမမ၏ အပြုအမူနှင့်ပုံစံကြောင့် မပိုးဖြူဒေါသထွက်သွားမိသော်လည်း မပိုးဖြူသည်လည်း မျိုးမမကဲ့သို့ပင် အပြုံးကိုမပျက်စေဘဲ ပြန်ပြောလိုက်သည်။
" တို့အကြောင်းကို သူသိလားမသိလားဆိုတာ မင်းကိစ္စမဟုတ်ပါဘူး ...ပြီးတော့ တို့လည်တယ်ဆိုတာ မျိုးမမရဲ့ခြေဖျားကိုတောင်မမှီပါဘူးနော်...တို့က လူပျိုကိုပဲမြူဆွယ်နိုင်တာလေ... အိမ်ထောင်သည်ကိုတော့မမြူဆွယ်နိုင်မမြူဆွယ်ရဲပါဘူး "
မပိုးဖြူခပ်ပြုံးပြုံးနှင့်ပြော လိုက်သောအခါ မျိုးမမ၏ မျက်နှာတစ်ပြင်လုံး ဒေါသကြောင့်နီမြန်းသွားပြီး ထိုင်ရာမှထထွက်သွားခဲ့လေသည်။
ကိုဇင်မောင်သည် မပိုးဖြူကို တစ်ချက်မျှစိုက်၍ကြည့်ပြီးလျှင် မျိုးမမနောက်သို့ မသိမသာလိုက်သွားလေသည်။သူတို့၏ အဖြစ်အပျက်အခြေအနေကို သူတို့လေးဦးသာလျှင် သိရှိလိုက်ကြလေသည်။မျိုးမမနှင့်ကိုဇင်မောင်ထွက်သွားသည်ကိုကြည့်ပြီ မျိုးမမတို့၏နောက်မှ မပိုးဖြူကပ်လိုက်သွားလိုက်ကာ အပြုံးလေးနှင့် သုံးယောက်သားကြားသားရုံမျှပြောလိုက်သည်။
"ကျေးဇူးပဲနော် မျိုးမမ ...တို့ရဲ့ အမှိုက်ထုပ်ကိုသယ်သွားပေးလို့လေ ....ပြီးတော့ ဒီနေ့ပွဲမှာလေ...မျိုးမမကို တို့လှမ်းကြည့်လိုက်တဲ့အချိန်တိုင်း ... မျိုးမမရဲ့ အကြည့်တွေက တို့ကောင်လေးဆီမှာပဲရောက်နေတယ်နော် သတိလေးလဲထားပါအုံး "
" ဘာ "
မျိုးမမရဲ့ ဒေါသသံက သွားလာလှုပ်ရှာနေသူတွေကြားမှာ ခပ်အုပ်အုပ်လေးထွက်ပေါ်လာသည်။
ထိုစဉ်မှာပင် မပိုးဖြူအနားသို့ မိုးထက်ရောက်လာခဲ့ပြီးလျှင် မပိုးဖြူလက်ကို တယုတယဆုပ်ကိုင်လိုက်ပြီး ခေါ်လိုက်လေသည်။
"ပိုးဘာလုပ်နေတာလဲ ....ကိုယ့်မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်လို့ သွားရအောင်နော်"
~~~~~
ကားထဲတွင် ကိုဇင်မောင်နှင့် မျိုးမမတို့ ကိုယ်စီနှုတ်ဆိတ်လျက်ရှိနေကြသည်။အတန်ကြာသောအခါမှ မျိုးမမသည် မကျေမနပ်ဖြင့် စတင်ပြောလိုက်သည်။
"ရှင့်ဟာမ ဘယ်လောက်လည်လဲတွေ့ပြီလား..ကြည့်ရတာ ရှင်နဲ့မကွာရှင်းခင်ကတည်းကများဖောက်ပြန်နေတာလားမသိဘူး .. ရှင်က တစ်နေကုန်တစ်နေခန်းအလုပ်သွားနေရပြီး ...သူတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာမဟုတ်လား ...သေချာလဲစုံးစမ်းပါအုံး ... ရှင့်ဟာမကသိပ်လည်တဲ့မိန်းမ ... ကုပ်ကမြင်းဆိုတာ သူလိုလူမျိုးကိုပြောတာဖြစ်မယ် "
မျိုးမမကတရစပ်ပြောနေသော်လည်း ကိုဇင်မောင်ဘာမျှပြန်မပြောမိပါချေ။ကိုဇင်မောင့်စိတ်ထဲမျက်လုံးထဲတွင် သူ့ကိုလုံးဝမသိသူကဲ့သို့ ကြည့်သွားသော မပိုးဖြူ၏အကြည့်များကိုသာမြင်ယောင်နေမိသည်။ပြီးလျှင် မပိုးဖြူပြောသကဲ့သို့ပင် တစ်ချိန်လုံးလိုလို မိုးထက်ကိုကြည့်နေခဲ့သော မျိုးမမ၏အကြည့်များကိုလည်း ကိုဇင်မောင်မြင်ယောင်နေမိလေသည်။
" ဘာတွေ အဲ့ဒီလောက်စဉ်းစားနေတာလဲ ...ဘာလဲ အစ်ကို့ဟာမ မိန်းမလည်မကို သတိရနေတာလား ...ဒါဆိုလဲဒီည အစ်ကို့အိမ်အစ်ကိုပြန်အိပ်ပါ "
ကိုဇင်မောင်သည် မျိုးမမကို ဘာမျှပြန်မပြောဘဲ ကားကိုမျိုး မမတို့အိမ်ရှေ့အထိမောင်းလာခဲ့လိုက်သည်။အိမ်ရှေသို့ရောက်လျှင် ကားကိုရပ်ပေးလိုက်သည်။ထို့နောက် မျိုးမမကားပေါ်မှဆင်းသွားလျှင် ကားကိုပြန်၍မောင်းထွက်ခဲ့လေသည်။မျိုးမမသည်လည်း ကားပေါ်မှဆင်းပြီးနောက် ကိုဇင်မောင်ကိုလှည့်မကြည့်ခဲ့သလို ကိုဇင်မောင်သည်လည်း မျိုးမမကိုလှည့်မကြည့်ခဲ့ပါချေ။
~~~~~~~
''ဒီနေ့ပွဲမှာ ပိုးဖြူနိုင်လိုက်လားဟင် "
မိုးထက်က ကားမောင်းနေရင်းမှ မပိုးဖြူကိုငဲ့စောင်းကြည့်ပြီး မေးလိုက်သည်။
မပိုးဖြူမျက်လုံးလေးဝင့်ကာ မိုးထက်ကိုကြည့်လိုက်ပြီး
"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် ကိုမိုးထက်ရယ် "
@@@@@@@@@@@@@@
အပိုင်း (၁၉) ဆက်ရန်
#ဧကြည်ဖြူ
မပိုးဖြူမှာ ကိုရန်ပိုင်၏စနောက်သောစကားများကြောင့်ရှက်လွန်း၍ခေါင်းကိုငုံ့ထားမိလေသည်။မိုးထက်က မပိုးဖြူး၏မျက်နှာနားသို့ခေါင်းကိုငုံ့ချလိုက်ပြီးလျှင် လေသံမျှဖြင့်ခပ်တိုးတိုးပြောလိုက်သည်။
" စိတ်ကိုငြိမ်ငြိမ်ထားနော် ...ဟိုဘက်ဝိုင်းမှာ ကိုဇင်မောင်နဲ့မျိုးမမနိုင်တို့ရှိတယ်... လှမ်းမကြည့်နဲ့နော် "
မိုးထက်၏သတိပေးစကားကြောင့်.မပိုးဖြူအထိတ်လန့်ဖြင့် ခေါင်းကိုမော့ကြည့်လိုက်မိလေသည်။ထိုအခါ သူမအားငုံ့ကြည့်ပြီးစကားပြောနေသော မိုးထက်နှင့်မျက်နှာချင်းအပ်မိမတတ်ဖြစ်သွားကြပြီးလျှင် မိုးထက်၏နှာခေါင်းချွန်ချွန်က မပိုးဖြူ၏ပန်းရောင်သန်းနေသောပါးပြင်လေးကို နမ်းရှိုက်မိသွားလေသည်။
" အို..ရှင်က ဘာလို့မဖယ်တာလဲ "
ရုတ်တရက်ထိုသို့ ဖြစ်သွားသဖြင့် မပိုးဖြူတစ်ကိုယ်လုံးထူပူသွားပြီး လွှတ်ခနဲ့ ပြောလိုက်မိလေသည်။
ထိုသို့ရုတ်တရက်ဖြစ်သွားသောအခြေအနေကြောင့်မိုးထက်သည်လည်း ရင်ခုန်သံများပေါက်ကွဲလုမတတ်ပင်ဖြစ်သွားရလေသည်။သို့သော်လည်း သူတို့နှစ်ယောက်အားကြည့်နေကြသူ များစွာရှိနေသည်ကို သိသောကြောင့် ဟန်မပျက်နေလိုက်ရသည်။
မိုးထက်နှင့် မပိုးဖြူတို့၏ အဖြစ်ကိုကြည့်၍အံကိုမသိမသာ ကြိတ်လျက် လက်သီးကိုတင်းတင်းဆုပ်ထားမိသူများမှာတော့ ကိုဇင်မောင်နှင့်မျိုးမမနိုင်ပင်ဖြစ်ပါလေသည်။မျိုးမမနိုင်သည် ဒေါသထွက်လွန်း၍ခြေလက်များမှာတဆတ်ဆတ်တုန်နေသည်။မျက်လုံးများသည်လည်း မီးဝင်းဝင်းတောက်လုမတတ်ဖြစ်နေခဲ့ပြီး မပိုးဖြူကိုစူးစူးဝါးဝါး စိုက်ကြည့်နေမိလေသည်။
ကိုဇင်မောင်သည်လည်း မယုံကြည်နိုင်စွာပင် မပိုးဖြူတို့ကို ကြည့်နေမိပြီး အံကိုကြိတ်ထားမိလေသည်။
မိုးထက်နှင့်မပိုးဖြူတို့နားမှာတော့ မိတ်ဆက်စကားပြောနေကြသူများမစဲအောင်ရှိလေသည်။ထိုစဉ်မှာပင်စင်မြင့်တက်ဆီမှ ကြေငြာသံတစ်သံ ထွက်ပေါ်လာလေသည်။
"ကြွရောက်လာခဲ့ကြတဲ့ ဧည့်ပရိတ်သက်အပေါင်းတို့ မင်္ဂလာပါခင်ဗျာ..... ဒီနေ့ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲအခမ်းအနားကိုဖွင့်လှစ်ဖို့အတွက်.....ထူးထူးခြားခြားပွဲတက်လာတဲ့ဧည့်သည်စုံတွဲတစ်တွဲကို ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ ... အဲဒီဧည့်သည်ကတော ... ပွဲပေါင်းမြောက်များစွာကိုတစ်ကိုယ်တည်း ပွဲတက်ခဲ့ပြီးမှ ... ဒီနေ့ပွဲမှာတော့ နတ်သမီးတစ်ပါးနဲ့ ပွဲအတူတက်လာတဲ့ ... မိုး ကားအရောင်းပြခန်းရဲ့ပိုင်ရှင်သူဌေးဖြစ်တဲ့ လူပျိုကြီးကိုမိုးထက်ပဲဖြစ်ပါတယ်ခင်ဗျာ ....ကိုမိုးထက်တို့စုံတွဲစင်မြင့်ပေါ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ "
စင်မြင့်ပေါ်မှ ကြေငြာသံ အဆုံးတွင် မပိုးဖြူမျက်လုံးအဝိုင်းသားနှင့်မိုးထက်ကိုမော့ကြည့်လိုက်မိသည်။မိုးထက်သည် ငွေကြေးချမ်းသာသောသူဖြစ်သည်ကို မပိုးဖြူရိပ်စားမိသော်လည်း ဤမျှလောက် ချမ်းသာမည်ဟု မထင်ခဲ့ရိုးအမှန်ပင်။မိုးထက်၏၀တ်ပုံစားပုံနှင့် လွတ်လွတ်လပ်လပ်နေတတ်သောပုံစံကိုကြည့်၍ သာမန်မျှသာထင်ခဲ့မိခြင်းဖြစ်သည်။ယခုမှပင် မပိုးဖြူစိုးရွံ့အားငယ်စိတ်များဖြစ်လာမိပြီး ခြေဖျားလက်ဖျားလေးများ အေးစက်တုန်ယင်လာလေသည်။
မပိုးဖြူ၏အခြေအနေကို ရိပ်စားမိသောမိုးထက်က တုန်ယင်နေသော မပိုးဖြူ၏လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး နားနားသို့ကပ်၍တိုးတိုးကပ်ပြောလိုက်သည်။
"ဘာမှစိုးရိမ်စရာမရှိဘူးနော်ပိုးဖြူ ... ဘေးမှာကိုယ်တစ်ယောက်လုံးရှိတယ် ... အဲ့ဒီ စင်မြင့်က ပိုးဖြူရဲ့အောင်ပွဲစင်မြင့်ပဲသိလား....ကိုယ်တို့စင်ပေါ်တက်ကြစို့ "
ပြောပြီးသည်နှင့် မိုးထက်က မပိုးဖြူ၏လက်ကလေးကို ဆွဲကိုင်ရင်း စင်မြင့်ရှိရာဆီသို့လျှောက်သွားလိုက်သည်။
မပိုးဖြူလည်း မိုးထက်ပြောသကဲ့သို့ပင် ဘေးဘီဝဲယာသို့ စောင်းငဲ့၍မျှမကြည့်ဘဲ မိုးထက် ၏လက်ကိုဆွဲလျက် လိုက်ပါသွားခဲ့မိလေသည်။
မိုးထက်နှင့် မပိုးဖြူတို့စင်မြင့်ဆီသို့ လျှောက်လှမ်းသွားသည်ကို ကြည့်ပြီး မျိုးမမအံကိုတင်းတင်းကြိတ်၍ထားမိသည်။
~~~~
'လူပျိုကြီးက ကြည့်တော့ မိန်းမတွေကိုစိတ်မဝင်စားသလိုလိုဘာလိုလိုနဲ့တွဲမဲ့တွဲတော့လဲ ... တစ်ချိန်လုံးမျက်စိအောက်ကအပျောက်မခံနိုင်ဖြစ်နေပါလားဗျာ....နည်းနည်းပါးပါးလက်လေးဘာလေးလဲ လွှတ်ပါအုံးကိုယ်လူရာ "
မိုးထက်ကိုဝိုင်းစနေသော အသံများက မျိုးမမနှင့်ကိုဇင်မောင်တို့ရှိရာဝိုင်းဆီသို့ ပျံ့လွင့်ရောက်ရှိလာလေသည်။
" မျိုးပြန်တော့မယ် ရတနာ .."
ပြောပြီးသည်နှင့် မျိုးမမဆတ်ခနဲထရပ်လိုက်သည်။
ကိုဇင်မောင်မှာမူ နေရာတွင်ငူငူချည်းပင်ထိုင်၍နေလေသည်။ထိုအခါမျိုးမမက ကိုဇင်မောင်ကို ကြည့်လိုက်ပြီး ကိုဇင်မောင်၏နားနားသို့ကပ်ခါ
" ဘာလဲရှင်က မပြန်ချင်သေးဘူးလား .... ရှင့်မယားအချောအလှကိုနှမြောနေတာလား "
မျိုးမမ၏ ခပ်ကြမ်းကြမ်းစကားများကိုကြားလိုက်ရမှ ကိုဇင်မောင်လဲသတိ၀င်လာပြီး ထရပ် လိုက်မိသည်။
မျိုးမမသည် ကိုဇင်မောင်ကို ပြောပြီးသည်နှင့် မပိုးဖြူနှင့်မိုးထက်တို့ရှိရာ ဝိုင်းဘက်သို့ကူးသွားလိုက်လေသည်။ထိုအချိန်တွင် မိုးထက်မှာ ဘေးဝိုင်းရှိအသက်ကြီးရင့်သောလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်နှင့်စကားပြောနေ၍ မပိုးဖြူဘက်သို့ဂရုမစိုက်နိုင်ဘဲရှိ လေသည်။
မှန်ထဲတွင်မြင်နေရသော ပုံရိပ်ကိုကြည့်ပြီး မပိုးဖြူအသက်ရှူဖို့ပင်မေ့နေမိသည်။မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားသောပုံစံ။မှန်ထဲက ကိုယ့်ပုံရိပ်ကိုကြည့်ပြီး မပိုးဖြူတွေတွေငေးငေးကြည့်နေမိသည်။အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအကြောင်းဖြင့်ပင်အလှပြင်ပြင် သေချာသည်မှာ လှပကျော့ရှင်းနေသော ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လိုက်ရသောအခါ စိတ်ကပျော်ရွှင်လာသည်။ပို၍ရဲရင်လာသည်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိလာ သည်။ဆိုင်ထဲသို့ဝင်စက ကုန်ကျစရိတ်အတွက် ပူပန်ခဲ့သောစိတ်များသည်ပင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြလေသည်။အလှအပထက် ရဲရင့်တက်ကြွမှုကိုမြှင့်တင်ပေးလိုက်သကဲ့သို့ပင် မပိုးဖြူစိတ်ထဲခံစားနေရလေသည်။
"အဆင်သင့်ဖြစ်ပြီဆိုရင် ကားရောက်နေပြီနော် မမ "
အနားသို့လာပြောသော ကောင်မလေးကြောင့် မပိုးဖြူကောင်းမလေးကို လှည့်၍မေးလိုက်သည်။
" ငွေကဘယ်မှာရှင်းရမှာလဲ ညီမ "
" ငွေကကြိုရှင်းပြီးသားပါရှင် ... ကုန်ကျစရိတ်ကို ...ဘိုကင်ယူထားတဲ့ဧည့်သည်ဆီကို ပြေစာပို့လိုက်ပါပြီရှင် "
"ဟုတ်ကဲ့ ကျေးဇူးပါနော် "
~~~~~
အပေါ်ထပ်လှေကားဆီမှ တရွေရွေ့ဆင်းလာသော မပိုးဖြူကိုကြည့်ပြီး မိုးထက်သတိလက်လွတ်ငေးကြည့်နေမိသည်။မင်းသမီးလေးတစ်ပါးကဲ့သို့ လှပတင့်တယ်ထည်ဝါသောအသွင်က ဗျူးတီးစလွန်းကြီးတစ်ခုလုံးကိုပင် လင်းလက်တောက်ပသွားစေသည်ဟု ထင်ရသည်။မိုးထက်အပါအဝင်ဆိုင်ထဲရှိလူများအားလုံးလိုလို မပိုးဖြူကိုငေးကြည့်နေမိကြသည်။လမ်းလျှောက်လိုက်သောအခါတိုင်း တစ်လွှာသိမ်း၍စည်းထားသော အညိုရောင်ဖျော့ဖျော့လှိုင်းတွန့်ဆံပင်ကြီးများက လှုပ်ရှားယိမ်းနွဲ့၍နေသည်မှာ ကြည့်၍ကောင်းလှပေသည်။ရင်ဘတ်ပေါ်တွင်ဆွဲထားသော စိန်လော့ကက်လေးမှာ တလက်လက် တောက်ပ၍နေသည်။ပြီးလျှင်ခြယ်နားကပ်လေးတစ်ရံသာ အမြဲဝတ်ဆင်လေ့ရှိသော နားနှစ်ဖက်တွင်လည်း တလက်လက်တောက်ပနေသောနားဆွဲလေးနှင့် လှပဝင့်ကြွား၍နေသည်။
"သွားမယ်လေ ဘာကြည့်နေတာလဲ "
မပိုးဖြူ၏ အသံခပ်တိုးတိုးကိုကြားလိုက်ရသောအခါမှ မိုးထက်သတိဝင်လာမိပြီး ထိုင်နေရာမှ ယောင်ယောင်မှားမှားနှင့်ထရပ် လိုက်မိသည်။
~~~~~
"ဒီနေ့တော့ ...ကျွန်မရှေ့ခန်းကစီးမယ်နော် "
မပိုးဖြူ၏စကားကြောင့် မိုးထက် ကားရှေ့ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။
ကားလေးသည် ကတ္တရာလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။
ကားမောင်းနေသော မိုးထက်ကိုကြည့်ပြီး မပိုးဖြူမရဲတရဲဖြင့် မေးလိုက်မိသည်။
" ဟို ... ဘယ်လိုလဲ ...ကြည့်ရတာ အဆင်ပြေရဲ့လားဟင်ကိုမိုးထက် "
မပိုးဖြူ၏အမေးကြောင့် မိုးထက်ခေါင်းကိုငြိမ့်ပြလိုက်ပြီး
"အဆင်ပြေတာထက်ပိုပါတယ် ... ဖြုန်းခနဲ ကျွန်တော်တောင်မမှတ်မိဘူး တကယ်ပြောတာ "
မိုးထက်ဖြေလိုက်ရင်း သက်ပြင်းကိုမသိမသာချလိုက်မိသည်။အမှန်တိုင်းဆိုရလျှင် ဤမျှလောက်လှပနေသောသူမကို ပါတီပွဲသို့ ခေါ်မသွားချင်တော့ပေ။ပွဲသို့ ရောက်လျှင် ကိုဇင်မောင်နှင့်ဆုံရမည်ကိုမဆုံစေချင်မိပါ။ကိုဇင်မောင်က သူမကိုငေးမောကြည့်ရှုမည့်အရေးကိုတွေးပြီး မိုးထက်စိတ်ထဲဘ၀င်မကျချင်။
" ဒါနဲ့ ငွေကကြိုရှင်းပြီးသားလို့ ပြောတယ် ... ဘောင်ချာပေးလေ ..ကျွန်မပြန်ရှင်းပေးပါ့မယ် "
"အင်းပါ ...ကိုယ် မန်ဘာဝင်ထားလို့ ငါးဆယ်ရာခိုင်နှုန်းလျှော့ဈေးနဲ့ရတာမို့ ..သိပ်မကျပါဘူးကွာ .. အပြန်ကျမှပေးလေ ...ဒါနဲ့ နေအုံး ... ပွဲထဲမှာတော့ ကျွန်မလို့ပြောနေလို့မရဘူးနော် ....နာမ်စားတစ်ခုခုနဲ့ခေါ်ပြောမှရမယ်ထင်တယ်.."
"နမ်စားဟုတ်လား ... ဘယ်လိုပြောရမှာလဲ "
မိုးထက်၏စကားကြောင့် မပိုးဖြူမျက်လုံးအပြူးသားနှင့်မေးလိုက်မိသည်။
"ဒီလိုလေကွာ ... ကျွန်တော်က ကိုယ်လို့ပြောမယ် ...ပိုးဖြူကအရင်ကလို ကျွန်မလိုမသုံးဘဲ... ပိုးဖြူလို့ပြောလေ ..နားထောင်ရတာလဲအဆင်ပြေပါတယ် ..."
မပိုးဖြူမျက်မှောင်လေးတွန့်ကာ စဉ်းစားနေလိုက်ပြီးမှ မိုးထက်ကို ပြန်မေးလိုက်သည်။
"ဟိုလေ .... ကျွန်မတို့နှစ်ယောက် က ..လက်တွေဘာတွေကိုင်ပြီး ပခုံးတွေဘာတွေရောဖက်ရမှာလားဟင် "
မျက်နှာကိုကြည့်ပြီးအတည်ပေါက်ကြီးနှင့်မေးနေသော မပိုးဖြူကိုကြည့်ပြီး မိုးထက်မှာ မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ပြီး ပြုံးရယ်လိုက်မိသည်။
"ဒီမှာ ..ရှင်ဟိုဘက်လှည့်ပြီးရယ်နေတာလား...မသိလို့မေးတာကိုနော် "
မပိုးဖြူ၏ မကျေမနပ်ပြောသံကို ကြားလိုက်ရသောအခါမှ မိုးထက်မပြုံးမိအောင် သတိထားလိုက်ပြီး
"လက်တော့ကိုင်ရမယ်ထင်တယ် ... ကိုယ့်ရဲ့လက်မောင်းကို ပိုးဖြူကလက်ချိတ်ပြီးလိုက်တာမျိုးပေါ့ ...ပခုံးဖက်တာကတော့ မလိုလောက်ဘူးထင်ပါတယ် ...တကယ်လို့ မဖြစ်မနေလိုခဲ့တယ်ဆိုရင် ...ပိုးဖြူက ကိုယ့်ကို မသိမသာလေးမော့ကြည့်လိုက်လေ "
" အင်းပါ "
ပြောဆိုတိုင်ပင်ကြပြီးနောက် နှစ်ဦးသားကြားတွင် တိတ်ဆိတ်သွားကြလေသည်။
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၈)
*****
ကားကငြိမ့်ခနဲထိုးဆိုက်သွားချိန်မှာ မပိုးဖြူအပြင်ကိုမဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။ထိုအခါခမ်းနားထည်ဝါလှသော အလှပြင်ဆိုင်ကြီးကိုတွေ့လိုက်ရလေသည်။ဆိုင်၏အရှေ့မျက်နှာစာတွင် မှန်ချပ်ကြီးများဖြင့်အလှဆင်ထားသည်။ဆိုင်မှာသုံးထပ်အဆောက်အဦးရှိသောဆိုင်ကြီးဖြစ်လေသည်။
"ဟို....ဟိုလေ....ဒီဆိုင်ဟုတ်ရဲ့လား ကားဆရာရယ် ... ဆိုင်မှားနေပါအုံးမယ် "
မပိုးဖြူမယုံမရဲဖြင့် ကားဆရာကိုထပ်ပြီးမေးလိုက်မိသည်။
"ဟုတ်ကဲ့ ..မမှားပါဘူးခင်ဗျာ...ဒီဆိုင်ကိုပို့ခိုင်းလိုက်တာ ပါ ... ညနေ (၆)နာရီမှာ လာကြိုမယ်လို့ မှာလိုက်ပါတယ် "
ကားဆရာပြောနေစဉ်မှာပဲ ဝန်ထမ်းလေးတစ်ယောက်သည်ထီးတစ်ချောင်းကိုကိုင်လျက်ကားနားသို့လျှောက်လာသည်ကို မပိုးဖြူတွေ့လိုက်ရသည်။ထိုဝန်ထမ်းလေးသည်ကားနားသို့ရောက်သောအခါ တံခါးဘေးနားတွင်ခပ်ရို့ရို့လေးရပ်နေလေသည်။မပိုးဖြူကားပေါ်မှာ ဆက်ပြီးထိုင်မနေဝံ့တော့ဘဲ အပြင်သို့ထွက်လိုက်ရလေသည်။မပိုးဖြူအပြင်သို့ရောက်သည်နှင့် ၀န်ထမ်းကောင်မလေးကမပိုးဖြူကိုထီးမိုးပေးလေသည်။
"မင်္ဂလာပါရှင် ...ကြိုဆိုပါတယ်ရှင် ... "
ဖော်ရွေသွက်လက်စွာ ကြိုဆိုနှုတ်ဆက်စကားပြောရင်း ရှေ့မှလမ်းပြခေါ် ဆောင်သွားသော ကောင်မလေး၏နောက်မှ မပိုးဖြူစိုးထိတ်စွာလိုက်ပါခဲ့မိသည။ စိုးထိတ်နေရခြင်းမှာ ဆိုင်၏အပြင်အဆင်ကိုကြည့်ပြီး ကုန်ကျစရိတ်အတွက်စိတ်ပူသွားမိခြင်းဖြစ်သည်။မျိုးမမလိုလူမျိုးကို ယှဉ်နိုင်ဖို့အတွက်နှင့် ဘဝတစ်ခုလုံးပေးဆပ်ပြီးမှရခဲ့သော ငွေကြေးများအား သုံးစွဲလိုက်ရမည်ကို နှမြောနေမိခြင်းကြောင့်ဖြစ်လေသည်။
~~~~~
ခေါင်းအစခြေအဆုံးဆိုသော စကားနှင့်အညီ ဆံပင်မှစ၍ခြေသည်းများအထိ အသေးစိတ်ပြင်ဆင်ပေးကြလေသည်။
"ဆံပင်တွေ ညှပ်ချင်သေးလားမမ...မမဆံပင်တွေက လှိုင်းရှိတော့အရှည်ထားလဲလှပါတယ် ... အဖျားလေးလောက်ပဲညှပ်ပြီး ပုံပဲသွင်းလိုက်မယ်လေ "
"ညီမတို့ကောင်းသလို ကြည့်လုပ်ပေးပါ ... ညှပ်ရင်လဲနည်းနည်းပဲ ညှပ်မယ်နော် "
မပိုးဖြူက ဆံပင်ရှည်သမားများဆံပင်ညှပ်သည့်အခါတိုင်းပြော့လေ့ရှိသော စကားကိုပြောလိုက်သည်။လှလည်းလှချင်ပါသည်။ဆံပင်လည်းညှပ်ချင်ပါသည်။သို့သော်လည်း ဆံပင်ရှည်ကြီးကိုလည်းတိုမသွားစေချင် ။ဒါကမပိုးဖြူတို့လို ဆံပင် ရှည်သမားများ၏ စိတ်ဆန္ဒပဲလေ။
"ဆံပင်ကိုအရောင်နည်းနည်းထည့်မယ်နော် မမ...အညိုရောင် ပါးပါး လေးပါပဲ ...မျက်နှာပိုလင်းသွားအောင်လေ .. "
" အရောင်ဟုတ်လား ...ဆံပင်တွေ ပျက်စီးမှာတော့ကြောက်တယ် "
မပိုးဖြူအထွန့်တက်လိုက်မိပြန်သည်။
"စိတ်ချပါမမ....ဆံပင်လုံးဝမပျက်စီးစေရပါဘူး...မမဆံပင်က အရင်ကလဲ ဘာဆေးမှမသုံးထားတော့ အဆင်ပြေပါတယ် "
နောက်ဆုံးတော့ သူတို့ပြောသမျှ၊လုပ်ပေးသမျှကို မပိုးဖြူငြိမ်ခံနေလိုက်သည်။မိမိဘာသာဆိုလျှင်
မိတ်ကပ်လေးအောက်ခံလိမ်းပြီး အပေါ်ကပေါင်ဒါလေးဖို့ ၊ နှုတ်ခမ်းနီလေးဆိုးတာလောက်ပဲ လုပ်တတ်သည်မဟုတ်လား။အလှသိပ်မပြင်သလို အလှကုန်ကိုလည်းတွေ့ရာဝယ်မသုံးတတ်သောအကျင့်ကြောင့် မျက်နှာအသားအရည်မပျက်စီးတာပဲ ကံကောင်းသည်ဟုပြောရမည်။တစ်သက်နှင့်တစ်ကိုယ် လက်သည်းနီ၊ခြေသည်းနီမဆိုးခဲ့ဖူးသောမပိုးဖြူ ယနေ့တွင် ခြေသည်းလက်သည်းများမှာလဲ အရောင်တလတ်လတ်ထွက်လို့။ အားလုံးပြင်ဆင်ပြီးတော့ နောက်တစ်ခန်းပြောင်းပြီး အဝတ်အစားလဲဖို့ပြင်ရသည်။အချိန်ကလည်း မနည်းတော့ ညနေ (၆)နာရီထိုးပေတော့မည်။
"မမခန္ဓာကိုယ်အတိုင်းရယ် ...အခုပြင်ဆင်ထားတဲ့ပုံနဲ့လိုက်ဖက်မဲ့ ဝတ်စုံ(၅)စုံပြင်ဆင်ထားပါတယ်...ဝတ်စုံနဲ့လိုက်ဖက်မဲ့ ဖိနပ်နဲ့ အိတ်ကအစ ...လက်ဝတ်ရတနာတွေလဲပြင်ပေးထားပါတယ်ရှင် .... မမကြိုက်တဲ့ဝတ်စုံကို ရွေးလို့ရပါတယ် "
ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်လှပနေသော ဝတ်စုံများကိုကြည့်ပြီး မပိုးဖြူလည်း မိန်းမသားပီပီကျေနပ်နေမိ သည်။အဖြူရောင်ဂါဝန်လေးရှေ့မှာမပိုးဖြူရပ်နေမိသောအခါ ကောင်မလေးကမပိုးဖြူ၏စိတ်ကိုသိသည့်အလား ရှင်းပြလေသည်။
" မမကအဖြူနဲ့အနက်ပဲအ၀တ်များတယ်လို့ကြားတယ်... ဒီတစ်ခေါက်တော့ အပြောင်းအလဲလေးဖြစ်သွားအောင်... အရောင်တော က်တောက်လေးရွေးကြည့်ပါလားရှင်....ညပွဲဆိုတော့လေ အဖြူရောင်ကမှိန်သွားမှာစိုးရတယ် "
ကောင်မလေးအကြံပေးသည့်အတိုင်း မပိုးဖြူလက်ခံလိုက်ပြီး မရမ်းစေ့ရောင်ဂါဝန်လေးကို ရွေးချယ်လိုက်သည်။ဂါဝန်လေးက ပျော့ပျော့အိအိတွဲတွဲလေးနှင့် လှသည်။ရင်အပေါ်ခြမ်းကလည်း ရင်ပြတ်ကြီးမဟုတ်ဘဲ ဇာပါးပါးကိုကွပ်ထားသည်။လက်ကလည်း ဇာပါးပါးလက်ရှည်လေး။ဂါဝန်ပုံစံက အောက်ဘက်သို့မသိမသာလေးကားဆင်းသွားပြီးလျှင် အရှေ့ခြမ်း၏အောက်နားကအနောက်ခြမ်းထက် အနည်းငယ်တိုသည်။အနောက်ဘက်သို့ဝေ့ဝေ့ဝိုက်ဝိုက်နှင့် သွယ်ဆင်းသွားသောပုံစံမျိုးလေးဖြစ်သည်။ဝတ်စုံက မပိုးဖြူတို့အသက်အရွယ်နှင့်လည်းလိုက်ဖက်သည်။မြင်ရသည်မှာ မျက်စိလည်းမရိုင်းသလိုကလက်ခြင်းလည်းမရှိပေ။ဝတ်စုံမှာလှပလွန်း၍ ဝတ်ရက်စရာပင်မရှိ။
~~~~
" အင်း ပြောလေ သမီး ...အဖေလဲ သမီးကိုမေးစရာရှိလို့ ..ဟိုလေ သမီးရဲ့အမေ အွန်လိုင်းမှာ ဈေးရောင်းနေတာ သမီသိလား "
ကိုဇင်မောင်မေးလိုက်တော့ ပိုးအိဇင်က ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်သည်။
"သိပါတယ်... ဟိုရက်ကလိုင်းပေါ်မှာတွေ့လိုက်တယ်....အဲ့ဒါဘာဖြစ်လို့လဲ အဖေ ...."
"အင်း ဘာမှတော့မဟုတ်ပါဘူးကွာ ...သူက အဖေ့ဇနီးဆိုတာကိုလဲ တော်ရုံလူမသိပါဘူးလေ... သူ့ကိုမြင်ဖူးတဲ့သူလဲသိပ်မှမရှိတာ ... သူဈေးရောင်းနေလို့ သမီးလေးရှက်မှာစိုးလို့ပါ "
ကိုဇင်မောင်က သမီးငယ်ကို အကဲခတ်ကြည့်ရင်းပြောလိုက်သည်။
" မဆိုင်ပါဘူး အဖေရယ် ... အမေ့ကို သမီးရဲ့ငယ်သူငယ်ချင်းတွေပဲ မြင်ဖူးကြတာပါ ... သူတို့ သိလဲ သမီးက ဘာလုပ်ရမှာလဲ ...အဖေတို့လဲ ကွာရှင်းပြီးပြီပဲလေ "
သမီးဖြစ်သူက ပြောလိုက်သော်လည်း ကိုဇင်မောင့်ရင်ထဲ ဘာရယ်မသိ စိတ်ညစ်ညူးရှုပ်ထွေးနေမိလေသည်။
''ဟုတ်ပါပြီ... သမီးက အဖေ့ကို ဘာပြောမှာလဲ ပြောလေ "
ဖခင်၏ စကားကြောင့်ပိုးအိဇင် တစ်ခဏမျှ ငြိမ်သက်သွားမိသည်။ပြီးနောက်မှ အားတင်းလျက် ဖခင်ကိုပြောလိုက်သည်။
" ဟို...ကျောင်းသွားတက်ဖို့ ငွေသွင်းရတော့မယ် အဖေ ...အဲ့ဒါငွေက ရာကျော်နေလို့ ....အဘွားတို့ကိုလဲမပြောချင်ဘူး "
" ရာကျော်ဆိုတော့ ဘယ်နှစ်ရာကျော်တာလဲ သမီးရဲ့ ...အဖေပေးမှာပေါ့ကွယ် ... ငွေသွင်းရမဲ့ရက်ရောက်ရင်ပြောလေ ... အဖေလိုက်ခဲ့မှာပေါ့ ....အခုပဲ သမီးရဲ့အဘွားက ပြောလိုက်ပါတယ် .... ဒါနဲ့ သမီးလေး ခုတလေငွေတွေတအားသုံးနေတယ်ဆို ..ဘာတွေများ အသုံးလိုနေလို့လဲကွယ် .."
" ရှင် "
ဖခင်၏ စကားကြောင့် ပိုးအိဇင်ထိတ်လန့်တုန်လှုပ်သွားမိလေသည်။ချစ်သူကျော်သက်ကို ပိုးအိဇင်စရိတ်ထောက်ပံ့ပေးနေသည်ကို ဖခင်ကြီးများ သိသွားပြီးလားဟုတွေးပြီး စိုးရိမ်သွားမိလေသည်။
" ဟို ..ဟို ... သမီးသူငယ်ချင်းတွေထဲမှာ ငွေကြေးအဆင်မပြေတဲ့သူတွေပါလို့ ...ဘာစားစားဘာဝယ်ဝယ် သမီးကလိုက်ရှင်းနေလို့ ငွေပိုကုန်နေတာပါ အဖေ ... နောက်ဆို သမီးဆင်ခြင်ပါ့မယ် ... ပြီးတော့ ငွေသွင်းတဲ့ကိစ္စကလဲ သမီး ဘာသာလုပ်ပါ့မယ် ...အဖေက မင်္ဂလာပွဲကိစ္စနဲ့အလုပ်များနေတယ်မဟုတ်လား "
ပိုးအိဇင် အကြောင်းပြချက် ရှာလျက် ဖခင်ကိုပြောလိုက်သည်။
''အင်း ...အဲ့ဒါက လိုပါသေးတယ် ..မင်္ဂလာရက်ကိုနောက်ရွေ့ ထားတယ် ...သမီးရဲ့ကျောင်းကိစ္စတော့ အဖေလုပ်ပေးရမှာပေါ့ကွယ် ...အရင်လို သမီးရဲ့ကျောင်းကိစ္စတွေကို လိုက်လုပ်ပေးမဲ့သမီး အမေမှမရှိတော့တာ .. ငွေသွင်းရမဲ့ရက်ကျလာရင် အဖေ့ကိုပြောနော် ...ကဲ ....အဖေသွားတော့မယ် "
ဖခင်ဖြစ်သူ ပြန်သွားသောအခါ ပိုးအိဇင်စိတ်ပျက်လက်ပျက်နှင့်အိပ်ရာပေါ်သို့ဝုန်းခနဲ ပစ်လဲချလိုက်မိတော့သည်။
~~~~~~
"ဘယ်လိုဖြစ်လို့ တူတူမသွားချင်ရတာလဲမျိုးရယ်..ခါတိုင်းလဲ ဒီလိုပွဲတွေကို အတူတူသွားကြတာလေကွာ ...ကိုယ်မကွာရှင်းခင်က တောင် အတူတူသွားကြတာပဲကို ..."
ကိုဇင်မောင် အလိုမကျသော မျက်နှာနှင့်မျိုးမမကိုပြောလိုက်သည်။
"ဟုတ်ပါတယ် အစ်ကိုရဲ့ .... မျိုး ပြောတာကိုလဲနားထောင်ပါအုံး ... အခုဖိတ်တဲ့ပွဲက ဟော်တယ်ပွဲလေ...အဲ့ဒါကြောင့်မျိုးက အလှပြင်ဆိုင်မှာပြင်ပြီးမှရတနာတို့နဲ့အတူ လိုက်ခဲ့မှာ ... ပွဲရောက်ရင် တွေ့ရမှာပဲလေနော် အစ်ကို "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၈ ) ဆက်ရန်
#ဧကြည်ဖြူ
မိုးထက်မှာ မပိုးဖြူကိုကြည့်ရင်း သက်ပြင်းခိုးချလိုက်မိသလို ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးဆိုင်ကိုကြိုတင်အကြောင်းကြားထား ဖို့လဲမှတ်ထားလိုက်ရသည်။
"ဆိုင်က အရောင်းသွက်ရဲ့လား ပိုးဖြူ ....အွန်လိုင်ကရောင်းတာရော အဆင်ပြေရဲ့လား "
" အင်း တစ်လကျော်အတွင်းမှာ မဆိုးဘူးလို့ ပြောရမှာပဲ ..အွန်လိုင်းမှာလဲရောင်းရတယ် ... အွန်လိုင်းမှာ အမြဲတမ်းဖောက်သည်တောင် ရနေပြီသိလား ..သူကလေ တစ်ပတ်ကို လေးငါးသိန်းဖိုးလောက်ဝယ်တယ် ... နယ်မှာ ဆိုင်ဖွင့်ထားတယ်ပြောတာပဲ ....သူမှာတဲ့ ပစ္စည်းတွေကို တက္ကစီနဲ့လာယူခိုင်းပြီး ကားဂိတ်ကိုတင်ခိုင်းတာတဲ့လေ .. အဲ့ဒီဝယ်သူကြောင့် ကျွန်မလဲ အားတွေရှိပြီးပိုပြီးသတ္တိရှိလာသလိုပဲသိလား "
အပြုံးမျက်နှာလေးနှင့်ပြောနေသောမပိုးဖြူကို မိုးထက်ပြုံး၍ကြည့်နေမိသည်။
"နောက်ဆို ကျွန်တော်ပါအားပေး လို့ရအောင် ... ယောကျာ်းဝတ်တွေလဲ ရောင်းလေ...."
မိုးထက်၏ စကားကြောင့် မပိုးဖြူ မျက်နှာလေးကို စူတင်းလိုက်ပြီး
"မရောင်းပါဘူး ... အလုပ်ရှုပ်တယ် .. ရှင်ပြန်တော့လေ ... ဆိုင်ထဲမှာအကြာကြီးစကားပြောနေတော့ ဘေးဆိုင်တွေကတစ်မျိုးထင်ကုန်အုံးမယ် "
မပိုးဖြူ အားမနာတမ်းပြောချလိုက်သောအခါ မိုးထက်မှာ အပြုံးမပျက်ခေါင်းငြိမ့်ပြရင်း ဆိုင်ထဲမှ ထွက်ခဲ့ရတော့သည်။
~~~~~~
"ဟ...ဘာတွေ ဒီလောက်ကြည့်နေကြတာလဲ "
ကိုဇင်မောင်ဖုန်းဆိုင်ထဲသို့ဝင်လိုက်ချိန်တွင် ဝန်ထမ်းကောင်လေး၊ကောင်မလေးများအားလုံး ခေါင်းချင်းဆိုင်လျက် ဖုန်းကို ကြည့်နေကြသောကြောင့် ကိုဇင်မောင်လှမ်းမေးလိုက်မိခြင်းဖြစ်သည်။
"ဟို .. ဟို ... ဘာမှမဟုတ်ပါဘူး ဆရာ "
သူတို့အားလုံးကိုဇင်မောင်ကို မြင်လိုက်ကြသောအခါ မျက်စိမျက်နှာပျက်ဖြင့် နေရာမှအလျှိုအလျှို ထွက်သွားကြလေသည်။
" အမယ် ....ဘာကိုဘာမှမဟုတ်တာလဲ ...ဆိုင်ကိုတောင်ပစ်ထားပြီး ဘာတွေကြည့်နေတာလဲ ပြပါ အုံး ....ငါလဲကြည့်ချင်တာပေါ့ "
ကိုဇင်မောင်စသလို နောက်သလိုနှင့်ပြောလိုက်ပြီး ဝန်ထမ်းကောင်မလေးလက်ထဲမှ ဖုန်းကို ဆွဲယူကြည့်လိုက်သည်။ကိုဇင်မောင့်လက်ထဲသို့ ဖုန်းရောက်လာချိန်တွင် ကိုဇင်မောင်ဖုန်းကို ကြည့်ပြီး ကြက်သေသေသွားမိသည်။ဖုန်းတွင်လာနေသည်မှာ အွန်လိုင်းရှော့တစ်ခုမှ တိုက်ရိုက်ရောင်းချနေသော အစီအစဉ်ဖြစ်သည်။ရောင်းချနေသူမှာက မပိုးဖြူဖြစ်သည်။တစ်ချိန်ကကိုဇင်မောင်၏ချစ်ဇနီး မပိုးဖြူ ။ပိုးဖြူ ဆိုသည့်အတိုင်း အဖြူရောင်ဂါဝန်ကိုဝတ်ထားသည်။လှိုင်းတွန့် ဆံပင်ရှည်ရှည်များက ခပ်သွယ်သွယ်မျက်နှာလေးနှင့်လိုက်ဖက်လွန်းနေသည်။သူမပုံစံသည် အိမ်ကထွက်သွားစဉ်အခါကလို ဖြူဖြူဖျော့ဖျော့ပိန်သေးသေးလေးနှင့် အေးစက်တင်းမာနေသော မျက်နှာမျိုးမဟုတ်တော့ပေ။လှပသော၊ ကြည်လင်ရွှင်ပျသော၊ ရဲရင့်သော အမူအရာရှိလေသည်။ဖုန်းကိုကိုင်လျက် ကိုဇင်မောင်သတိလက်လွတ်နှင့်ကြည့်နေမိသည်။အချိန်နှစ်လအတွင်း၌ လူတစ်ယောက် ဤမျှပြောင်းလဲသွားသည်ကိုလည်း ကိုဇင်မောင်မယုံကြည်နိုင်အောင်ဖြစ်နေမိလေသည်။
~~~~~
"ဆေးလိပ်တွေတော့ မသောက်ပါနဲ့နော် ကိုကို ... ငွေလိုနေတာမဟုတ်လား ... ပိုးအိ ရှာပေးပါ့မယ်စိတ်မပူနဲ့နော် ..."
ပိုးအိဇင်ကချစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်ရင်းနှစ်သိမ့်လိုက်သည်။
"ပိုးအိကို အားနာလှပြီကွာ ... ဒီလောက်ခက်ခဲနေတဲ့ ခရီးစဉ်ကိုလဲ ကိုကိုမသွားချင်တော့ဘူးကွာ ...ဒီနိုင်ငံမှာပဲ ရရာအလုပ်လုပ်ပြီးနေလိုက်ပါတော့မယ် ...လကုန်ရင်ကုန်ကျစရိတ်သွင်းပြီး ပိုးအိလေးပဲ သွားလိုက်ပါတော့ကွာ ....ကိုကို အလုပ်လုပ်ရင်း ပိုးအိကိုစောင့်နေပါ့မယ် "
"မဟုတ်တာကိုကိုရယ် ...ပိုးအိက ကိုကိုသွားမယ်ဆိုလို့ ကိုကိုနဲ့အတူ လိုက်ချင်တာပါ ...ကိုကိုမသွားမှတော့ ပိုးအိကရောဘာသွားလုပ်ရမှာလဲ ...ပိုးအိအိမ်မှာ ပိုက်ဆံ တောင်းကြည့်မယ် ...အဖေနဲ့ အဘွားတို့က ပိုးအိကိုသိပ်ချစ်တာ ...ပိုးအိစိတ်တိုင်းကျအမြဲလိုက်လျောတယ် ..တကယ်လို့ ပိုအိတောင်းတဲ့ငွေကို ထုတ်မပေးရင်လဲ ပိုးအိသွင်းရမဲ့ငွေကို ကိုကို အတွက်၀င်ကြေးပဲသွင်းလိုက်ပါနော် "
"ဟာကွာ ....ပိုးအိရယ် ... ကိုကို့ကို အဲ့လောက်တောင် ချစ်တာလား ကွာ .."
ကျော်သက်က ပိုးအိဇင်၏ ကိုယ်လုံးလေးကို ခပ်တင်းတင်းပွေ့ဖက်ရင်းပြောလိုက်သည်။
~~~~
"သားငယ်ရေ ...မင်းလဲအိမ်လေးဘာလေးပြန်လာပါအုံး... မြေးလေးကျောင်းသွားတက်မဲ့ကိစ္စတွေကိုလုပ်ပေးအုံးလေ .. မြေးလေးက အမေတို့ကိုလဲဘာမှမပြောဘူး ..လကုန် ငွေသွင်းရမယ်လို့တော့ သတင်းကြားတယ်...ပြီးတော့ ခုတလောမုန့်ဖိုးတွေလဲတအားသုံးတာပဲ ... မဟုတ်မှ သူ့အမေ မျိုးမကောင်းကိုများခိုးပြီး ထောက်ပံ့နေသလားလို့ မေးပါအုံး "
" အဲ့လိုတော့ ဟုတ်ပါ့မလား အမေရယ် ... ကျွန်တော်မေးကြည့်ပါအုံးမယ် "
မိခင်ကြီး၏ စကားကို ကိုဇင်မောင် ခေါင်းငြိမ့်ပြလိုက်ပြီး သမီးဖြစ်သူအခန်းရှိရာ အပေါ်ထပ်ဆီသို့ တက်ခဲ့လိုက်သည်။
" ဒေါက် ... ဒေါက် "
" အဖေပါ သမီးလေ ..တံခါးဖွင့်ပါအုံး "
ကိုဇင်မောင်၏ စကားသံ အဆုံးတွင် ပိုးအိဇင်၏အန်းတံခါးမှာပွင့်လာသည်။
"အဖေလာတာနဲ့ အတော်ပဲ ...အဖေ့ကို သမီးပြောစရာရှိလို့ "
ကိုနောင်၏အမေးကို မျိုးမမအသံချိုချိုလေးဖြင့် ပြန်ဖြေလိုက်သည်။မိမိနှင့်အတူထိုင်စကားပြောနေသောသူသည် မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကြဲ စာရင်းဝင်သူဌေးတစ်ယောက်ဖြစ်နေသူမို့ မျိုးမမကျေနပ်သည်။ဂုဏ်ယူသည်။ဤအသိုင်းအဝိုင်းအတွင်းသို့ မျိုးမမ၀င်ရောက်ခွင့်ရလျှင် ကိုဇင်မောင်လိုလူမျိုးကို မစွန့်လွှတ်နိုင်စရာအကြောင်းမရှိ။ငွေကြေးချမ်းသာတာခြင်းတူလျှင်တောင် ဂုဏ်ရှိန်ဝါခြင်းမတူနိုင်။ မယှဉ်နိုင်ပေ။
" မျိုးနဲ့ ကိုယ့်ယောက်ဖနဲ့က ရင်းနှီးကြလား ... ဟိုနေ့က ဧည့်ခံပွဲမှာ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတာ အကဲခတ်မိတယ် "
" ကိုမိုးထက်နဲ့မျိုးက ခင်မင်ရုံပါ အစ်ကိုကြီး ...သိပ်ပြီးမရင်းနှီးကြပါဘူး ...ကိုမိုးထက်က အရမ်းအေးတယ် "
မျိုးမမအလိုက်သင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ် သူကအေးအေးဆေးဆေးနေတတ်တယ် ..... အစ်ကို့ဇနီးနဲ့မောင်နှမအရင်းတွေလိုနေတာတောင် အိမ်ကိုလာခဲတယ် ... မိန်းမကိစ္စလဲ ဘာသတင်းမှမကြားရပါဘူး .. ကိုယ့်ဇနီးကတော့ သူ့မောင်အတွက် သတို့သမီးလောင်းရှာပုံတော်ဖွင့်နေတာပါပဲ "
ကိုနောင်ပြောနေသမျှကို မျိုးမမအပြုံးလေးဖြင့်နားထောင်နေလိုက်သည်။
"မျိုးက ဘာလုပ်ငန်းလုပ်တာလဲ "
" အလှကုန်မီနီမတ်လေးပါ အစ်ကိုကြီး ... အွန်လိုင်းရှော့လေးလဲရှိပါတယ် ...."
"ဟုတ်လား ...ကောင်းပါကွာ ...အလှကုန်ပစ္စည်းကတော့ အစ်ကို့ဇနီးက ပိုစိတ်ဝင်စားတယ်ကွ ....ဒီမှာ ကိုယ့်ရုံးခန်းလိပ်စာ...လိုအပ်တဲ့အကူအညီရှိရင် ဖုန်းဆက်လေ.... မျိုးရဲ့ဆိုင်လိပ်စာလဲပေးလိုက်အုံးလေကွာ "
မျိုးမမကစလင်းဘတ်အိတ်ထဲမှလိပ်စာကတ်လေးကိုထုတ်ယူလိုက်ပြီး ကိုနောင်ထံသို့ကမ်းပေးလိုက်သည်။ထိုလိပ်စာကတ်လေးထဲတွင် မျိုးမမ၏မျှော်လင့်ချက်များ ပါဝင်နေသည်ကိုတော့ မျိုးမမတစ်ယောက်သာသိပါလေသည်။
~~~~~
"ကျွန်တော်ဆိုင်ထဲဝင်လာလို့ရလား ပိုးဖြူ "
မိုးထက်က ဆိုင်ဝတွင်ရပ်လျက် မပိုးဖြူကိုလှမ်းမေးလိုက်သည်။
" ဈေးဆိုင်ပဲ ရပါတယ်.... ရှင်သက်သက်လာလည်တာတော့ မဟုတ်ဘူးမဟုတ်လား "
မပိုးဖြူ၏အမေးက မိုးထက်ရင်ထဲ အောင့်ခနဲတော့ဖြစ်သွားစေသည်။
" လာလည်တယ်ဆိုတာထက် ပိုးဖြူပြောထားတဲ့ကိစ္စလေ ... ရှေ့ အပတ်ထဲမှာ ညဘက်ပါတီတစ်ခုဖိတ်ခံထားရတယ် ..အဲ့ဒါလေ ကျွန်တော်နဲ့အတူတူပွဲတက်ဖို့အတွက် ပိုးဖြူကိုဖိတ်ချင်လို့ပါ "
ပြောတုန်းက ပြောထားခဲ့ပြီးမှ အမှန်တကယ် ကြုံလာရတော့ ပိုးဖြူလန့်သွားမိသည်။ဤသို့ ပွဲမျိုးက အိမ်ထောင်ဦးကာလများကသာ ကိုဇင်မောင်နှင့်လိုက်ပါခဲ့ဖူးသည်။ဤသို့ပါတီပွဲများ၏ ရည်ရွယ်ချက်မှာစီးပွားရေးသမားများ၏ မိတ်ဆက်မှုများနှင့် အမျိုးသမီးများ အလှချင်းပြိုင် ၊ ဂုဏ်ပကာသနပြိုင်သည်သာများ ကြပြီး အစစ်အမှန်ခင်မင်ရင်းနှီ၍ လာသူမှာရှားပါးလှသည်။ထို့ကြောင့်လည်း နောက်ပိုင်းတွင် မပိုးဖြူကိုယ်တိုင်ပင် ထိုပွဲများကိုရှောင်ခဲ့သည်။ယခုတစ်ကြိမ်၌မူ မပိုးဖြူကိုယ်တိုင် မဖြစ်မနေသွားဖို့ရန် အကြောင်းဖန်လာခဲ့လေပြီ။
"ပွဲက ဘယ်မှာလဲဟင် ... ဟော်တယ်မှာလား ... အိမ်ခြံဝန်းမှာပဲလား "
" ဟော်တယ်ခန်းမမှာပါ..ကုမ္ပဏီသစ်နဲ့ကုန်ပစွည်းအသစ်မိတ်ဆက်ပွဲလဲပါတာမို့ လုပ်ငန်းရှင်တွေနဲ့ သူဋ္ဌေး တော်တော်များများကိုဖိတ်ထားတယ်လေ "
"အဲ့ဒါဆို ပွဲတက်ဝတ်စုံက အကောင်းစားမှရမယ်ထင်တယ်နော် "
မိုးထက်ထိုင်ဖို့ရန် ခုံထုတ်ပေးရင်းနှင်းမပိုးဖြူ ပြောလိုက်မိသည်။
"ကျွန်တော်စီစဉ်ထားတာတော့ရှိတယ်...ပွဲမတိုင်ခင် သုံးနာရီလောက်အလိုမှာ ပိုးဖြူဆီကိုကားလွှတ်ပေးလိုက်မယ် ....အဲ့ဒီကားနဲ့ ဗျူးတီးစလွန်းတစ်ခုကိုလိုက်သွားပြီး ပြင်ဆင်ရမယ် ..အဲ့ဒီဆိုင်မှာပဲ အဝတ်အစား ဖိနပ်အားလုံး ပြင်ဆင်ပေးလိမ့်မယ်လေ ..... ကျွန်တော့်အစီအစဉ်ကို သဘောကျလား "
မိုးထက်၏စကားကြောင့် မဖိုးဖြူမျက်မှောင်လေးကုတ်ကာ အတန်ကြာ စဉ်းစားနေပြီးမှ မိုးထက် ရှေ့တွင်ဝင်ထိုင်လိုက်ပြီး
"ကိုမိုးထက် စီစဉ်ထားတာကောင်းသားပဲ ... အဲ့ဒီလိုဆိုရင် ကုန်ကျစရိတ် ဘယ်လောက်လဲ "
မပိုးဖြူ၏ အမေးကြောင့် မိုးထက်မှာ ဘယ်လိုဖြေရမှန်းမသိ ဖြစ်သွားသည်။
"အဲ့ ...အဲ့ဒါက .... ကျွန်တော်ရှင်းမှာလေ .... "
" ကျွန်မအလှပြင်မှာလေ .. ကျွန်မအတွက်ကို ရှင်ကဘာလို့ရှင်းရမှာလဲ ..... "
"ဗျာ "
တွေးတွေးဆဆပုံနှင့်ပြောနေသော မပိုးဖြူကိုကြည့်ပြီး မိုးထက်မှာခေါင်းပင်ကိုက်ချင်လာသည်။
"အဲ့ဒါက ဒီလိုလေ ... ပိုးဖြူကို ကျွန်တော်ကခေါ်သွားမှာလေ ... အဲ့ဒါကြောင့် ကျွန်တော့်ဧည့်သည် ဖြစ်နေလို့ပါ ...ပြီးတော့ ပိုးဖြူကို နိုင်စေချင်လို့ ....အားလုံးကငေးကြည့်နေရအောင် ပြင်ပေးချင်လို့ လေ ...ကျွန်တော်ကပွဲကြည့်ပရိသတ်ပေါ့ "
" အင်းလေ ဘာပဲဖြစ်ဖြစ်ကိုမိုးတက်ကိုကျေးဇူးတင်ပါတယ် ... ပြင်ဆင်စရိတ်ကို ကျွန်မဘာသာ ပေးပါ့မယ် ... အဝတ်အစားအပါ ဆိုရင်ပြင်ဆင်ခက နှစ်သိန်းသုံးသိန်းကျော်လောက်လားဟင် "
" မဟုတ်တာ မကျော်ပါဘူး ...နောက်ဆိုရင် အဲ့ဒီဆိုင်မှာ ပိုးဖြူမန်ဘာ၀င်လိုက်လေ... "
ပိုးဖြူဆတ်ခနဲခေါင်းကိုငြိမ့်လိုက်ပြီး
"အင်းလေ .... တစ်ခါလောက်တော့ လုပ်ကြည့်လိုက်မယ်လေ ...."
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင် (၁၇ )
********
ပုံပို့ထားသော အင်္ကျီလေးများကိုရှာရင်း မပိုးဖြူမှာခြေဖျားလက်ဖျားများပင်အေးစက်လာရသည်။တော်ကြာ ပို့သမားနှင့်ပို့လိုက်ပြီးမှ မယူတော့တာဖြစ်ဖြစ်၊လိပ်စာမှားပို့တာဖြစ်ဖြစ် ဖြစ်မှာကို မပိုးဖြူ စိုးထိတ်ပူပန်နေမိသည်။ပထမဆုံးရောင်းစဉ်က လည်း ပစ္စည်းထုပ်ပို့ခိုင်းလိုက်ပြီးမှ မယူတော့ပါဆိုပြီး ၀ယ်သူက ငြင်းဆန်းခဲ့သည်လေ။ မပိုးဖြူ မယုံမရဲဖြင့်ပင် မှာယူထားသောအထည်များကိုလိုက်စုလိုက်သည်။
"ကတောင် "ဖုန်းထဲမှ စာရောက် သံထွက်လာသည်။ရောက်လာသောစာကို မပိုးဖြူမရဲတရဲဖြင့် ကြည့်လိုက်မိသည်။
" ငွေလွှဲလိုက်ပြီနော် ... ပစ္စည်းကို မနက်ဖြန်မှ တက္ကစီသမားနဲ့ယူခိုင်းလိုက်ပါ့မယ်...."
စာကိုဖတ်ပြီး ပျော်လွန်း၍ လူမှာကတုန်ကယင်ပင်ဖြစ်သွားရသည်။အကောင့်ထဲကြည့်လိုက်တော့ အမှန်တကယ်ပင် ငွေက ရောက်နေခဲ့ပြီ။မပိုးဖြူတစ်ကိုယ်လုံး လိပ်ပြာလေးတစ်ကောင်လိုပေါ့ပါးရွှင်မြူးသွားသည်။ဆိုင်ခန်းကျဉ်းလေးထဲတွင် ပန်းရောင်စုံများဖူးပွင့်နေသကဲ့သို့ပင် စိတ်မှာလဲ ကြည်နူးပျော်ရွှင်နေသည်။အနှစ်နှစ်အလလ ညစ်ထေး နောက်ကျိနေသောစိတ်များ ကြည်လင်လန်းဆန်းလာသလို ခံစားနေရသည်။ကိုယ်လုပ်ဆောင်နေသော လုပ်ငန်း၏အောင်မြင်မှု ခြေလှမ်းအစသည် နှလုံးအိမ်ကို ဤမျှနှစ်သိမ့်ကျေနပ်မှုပေးနိုင်သည်ဆိုတာကို ယခုမှပင်မပိုးဖြူခံစားဖူးခြင်းဖြစ်သည်။အိမ်ရှင်မဘ၀ဖြစ်နေစဉ်က မိုးလင်းမိုးချုပ် အလုပ်နှင့်လက်မပြတ်ခဲ့သော်လည်း အိမ်ရှင်မတစ်ယောက်၏ လုပ်ငန်းဆောင်တာကို ဂုဏ်ပြုမည့်သူလည်းမရှိ။လေးစားမည့်သူလည်းမရှိခဲ့။ယုတ်စွအဆုံး အိမ်ရှင်မတစ်ယောက်၏အလုပ် တာဝန်များကို လုပ်ကိုင်နေခဲ့သော သူမကို သားသမီးအပါအ၀င် ခင်ပွန်းက အစာအထင်သေးခဲ့သည်။အိမ်ရှင်မများ၏အလုပ် တာဝန်ကို အိမ်ရှင်မစစ်စစ်တစ်ယောက်သာ တာဝန်ကျေ လုပ်ဆောင်နိုင်သည်ကိုလည်း အသိအမှတ်မပြုခဲ့ကြ။အချို့သောသူများ၏ မှီခိုဆိုသော ဝေါဟာရအောက်တွင် အိမ်ရှင်မ ဘ၀မှာတန်ဖိုးမဲ့ခဲ့ရသည်။အမှန်တကယ်အားဖြင့် အိမ်ရှင်မများ သည် မှီခိုမဟုတ်ဘဲ မိသားစုအားလုံး၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများကို ထောက်ပံ့ပေးနေသူဆိုတာကို မိသားစုကိုယ်တိုင်ကပင် အသိအမှတ်မပြုခဲ့သောဘဝ။ ယခုသောအခါ မပိုးဖြူထိုဘဝမှရုန်းထွက်နိုင်ခဲ့လေပြီ ။သွေးသားရင်းကပင် အထင်သေးသောထိုဘဝမှ မပိုးဖြူ ရုန်းထွက်နိုင်ခဲ့ပါလေပြီ။ရှေ့ဆက်၍ လူတကာအထင်မသေးရအောင် မပိုးဖြူအစွမ်းကုန် ကြိုးစားသွားရမည်ဖြစ်သည်။
~~~~~~~
ဗိုလ်ချုပ်စျေးထဲတွင် မျိုးမမ ဈေးဝယ်နေစဉ် ခပ်လှမ်းလှမ်းမှ လျှောက်လာသော လူနှစ်ယောက်ကိုကြည့်ပြီး မျိုးမမစိတ်ထဲလှိုက်ခနဲပျော်ရွှင်သွားရသည်။ခြေလှမ်းများကိုမသိမသာပုံစံနှင့် သူတို့အနားသို့လျှောက်သွားလိုက်သည်။
"ဟယ် .... အစ်ကိုကြီး မင်္ဂလာပါ ..... မျိုးကိုမှတ်မိလား မသိဘူးရှင့် မျိုးမမနိုင်ပါ "
မျိုးမမနှုတ်ဆက်လိုက်သောအခါ ကိုနောင်ကခေါင်းကို ငြိမ့်ပြလိုက်ရင်း
" ဒီလောက်လှတဲ့ မိန်းမလှလေးကို မှတ်မိတာပေါ့ဗျာ...ဈေးလာဝယ်တာလား ....အချိန်ရရင် မိတ်ဖြစ်ဆွေဖြစ် တစ်ခုခုလိုက်စားပါလား "
ကိုနောင်ကဖိတ်ခေါ်လိုက်တော့ မျိုးမမငြင်းဆန်ခြင်းမပြုဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ကိုနောင်က သူ့လက်ထဲမှဖိုင်တွဲတစ်ထပ်ကို ဘေးရှိသူ့အတွင်းရေးမှူးထံသို့ပေးလိုက်ပြီးလျှင် ကားဆီမှာသွားစောင့်နေခိုင်းလိုက်သည်။
သူဌေးကြီးကိုနောင်၏ ဤကဲ့သို့ အပြုအမှုအတွက် မျိုးမမစိတ်ထဲမှကျေနပ်နေသည်။မျိုးမမ၏အလှအပကို ယောကျာ်းသားများမငြင်းဆန်နိုင်သည်ကို မျိုးမမကသိသည်။မိုးထက်လို လူပျိုသိုးသာလျှင် မပြောရဲမဆိုရဲဖြင့် အနားသို့မကပ်ရဲဖြစ်နေခြင်းကို မျိုးမမသိသည်။သူကမလာရဲ လျှင်ကိုယ်ကလမ်းဖွင့်ပေးရမည်ဖြစ်၍ မိုးထက်၏အသိုင်းအဝိုင်းနှင့် ရင်းနှီးအောင်လုပ်ဖို့ရန် မျိုးမမဆုံးဖြတ်ထားသည်။မိုးထက်နှင့် ပတ်သက်၍ မျိုးမမ၏ခံစားချက်မှာ အနည်းငယ်မျှတော့ထူးဆန်းသည်။ကိုဇင်မောင်နှင့် ပတ်သက်မှုတွင် မျိုးမမအတွက်လိုချင်တာမှန်သမျှရသည်။အလိုလိုက်ခံရသည်။မျိုးမမ၏အလှကိုယစ်မူးနေသော ၊လိုသလို စေခိုင်၍ရသောလူတစ်ယောက်ရှိနေခြင်းကစိတ်ကို ကျေနပ်နှစ်သိမ့်စေနိုင်သည်။အခြားတစ်ယောက်ထက် ကိုယ့်ကိုယ်အလေးပေးခံရသည်ဆိုသောအသိက မျိုးမမ၏စိတ်နှလုံးကိုကျေနပ်မှုအပြည့်ပေးသည်။အနိုင်ရခြင်းဟုသောစိတ်က မျိုးမမကိုပို၍ရဲရင့်စေသည်။သို့သော်လည်း ရင်ခုန်သံမပါခဲ့။အချစ်မပါခဲ့။ကိုဇင်မောင်ကို အပေါ်ယံအလှအပသွေးသားဆန္ဒဖြင့်ထိန်းချုပ်ထားနိုင်ခြင်းသည် မျိုးမမ၏အောင်ပွဲသာဖြစ်သည်။ခေတ်စကားအရရှင်းရှင်းပြောရလျှင် သူများခြံထဲမှနွားကို ကိုယ့်ခြံသို့ကျုံးသွင်းနိုင်ခြင်းသည့် ကိုယ့်အရည်အချင်းဟု သက်မှတ်သည်။မယားကြီးကိုရှေ့ထားပြီး ကိုယ့်ကိုတမ်းတမ်းစွဲဖြစ်နေသော ယောကျာ်းတစ်ယောက်သည် မျိုးမမတို့လိုလူမျိုးတွေအတွက်တော့ ခိုင်းကောင်းသော နွားတစ်ကောင်ကို လုယူနိုင်လိုက်ခြင်းသာဖြစ်သည်။
~~~~
" မျိုးလို့ပဲခေါ်မယ်နော် ရလား "
ကိုနောင်က မျိုးမမကိုကြည့်ပြီး မေးလိုက်သည်။
"ဟုတ်ကဲ့ ရပါတယ် အစ်ကိုကြီး... ရင်းနှီးတဲ့သူတိုင်းကတော့ မျိုးလို့ပဲခေါ်ကြပါတယ် "
ဆိုင်ခန်းထဲလျှောက်နေရင်း မှ မပိုးဖြူရပ်တန့်လိုက်ပြီးခုံတွင် ထိုင်ကာ ဖုန်းကိုဖွင့်လိုက်သည်။လေးငါးရက်လောက်နှင့်တော့ မပိုးဖြူစိတ်ဓါတ်ကျ၍မဖြစ်။စိတ်ဓါတ်ကျလျှင်အရှူံးသာရှိမည်။ဖုန်းကို ဖွင့်၍လေ့လာသည်။အဝတ်အစားများကို ရှူ့ထောင့် အမျိုးမျိုးမှ ပုံများရိုက်သည်။ဖုန်းဆိုင်မှ ဝန်ထမ်းလေးများသင်ပြလိုက်သည့်အတိုင်း မီးကွင်းကို အားပြုလျက် ပုံများကိုလှအောင် ရိုက်သည်။မပိုးဖြူအလုပ်များနေစဉ်ဆိုင်ထဲသို့ ၀င်လာသော လူရိပ်ကိုတွေ့ရသည်။မော့ကြည့်လိုက်သောအခါ ခပ်ချောချောကောင်မလေးနှစ်ယောက်။
"ဆိုင်သစ်ထင်တယ် ...အရင်ကမတွေ့မိဘူး ကြည့်မယ်နော် အစ်မ .."
" ကြည့်ပါနော် ...စိတ်တိုင်းကျ ကြည့်ပါနော် ..ဘောင်းဘီတွေ ဝတ်ကြည့်လို့ရတယ်ညီမတို့ .... ဈေးနှုန်းမကပ်ထားတာတွေဈေးသိချင်ရင်မေးပါနော်အားနာစရာမလိုဘူး ညီမတို့"
မပိုးဖြူကပြောလိုက်ပြီး ကောင်မလေးများနှင့် ခပ်လှမ်းလှမ်းမှသာ ရပ်နေလိုက်သည်။သူတို့လေးတွေကို မယုံကြ ည်သလိုပုံစံမျိုးနှင့်အနားသို့လုံးဝ မသွားပါ။ဒါက မပိုးဖြူဈေးဝယ်ရင်းရခဲ့သော အတွေ့အကြုံ ဖြစ်သည်။လူကို မယုံကြည်သလို သွားလေးရာနောက် အတင်းလိုက်နေတတ်သောဝန်ထမ်းများကြောင့် မပိုးဖြူလည်းစိတ်ညစ်ခဲ့ရသည်လေ။
" ဒါလေးတွေ ဝတ်ကြည့်လို့ရလား အစ်မ "
ကောင်မလေးတစ်ယောက်က ဘောင်းဘီရှည်နှစ်ထည်ကို မြှောက်ပြပြီးလှမ်းမေးခြင်းဖြစ်သည်။မပိုးဖြူ ခေါင်းငြိမ့်ပြလိုက်သည်။
ကောင်မလေးနှစ်ယောက်က သူတို့စိတ်ကြိုက်ရွေးချယ်ပြီး နှစ်စုံစီ ဝယ်ယူကြလေသည်။
" ထုပ်ပိုးမဲ့အိတ်ကို အစ်မရဲ့ဆိုင်နာမည်နဲ့အိတ်မှာတံဆိပ်ရိုက်ပြီး ကိုယ်ပိုင်အိတ်နဲ့လုပ်ပါလား အစ်မ ...ဆိုင်နာမည်လဲကြေငြာပြီးသားဖြစ်တယ်လေ .... အစ်မဆိုင်ကဈေးမှန်လို့ ညီမတို့ကအကြံပေးတာပါ ...အွန်းလိုင်းပေ့ချ်ရှိလားအစ်မ ...ရှိရင်ညီမတို့ (join ) လိုက်မယ်လေ ....အသစ်တွေရောက်ရင် အွန်းလိုင်းကနေ ကြေငြာတယ်မဟုတ်လား... "
ကောင်မလေးနှစ်ယောက်က မပိုးဖြူကိုအကြံပေးစကားပြောလာသည်။ မပိုးဖြူကတော့ပျော်လွန်း၍ရင်ထဲတသိမ့်သိမ့်ခုန်နေသည်။ခပ်စောစောက ညစ်ညူးနေသောစိတ်များလည်း လျော့ပါးစပြုလာသည်။
~~~~~
"လက်ထပ်ဖို့ကို မလောပါနဲ့ အစ်ကိုရယ် ... တော်ကြာလူတွေက မျိုးတို့ကို အပြစ်ပြောနေပါအုံးမယ် "
" မျိုးရယ် ...အစ်ကိုက အတိအလင်းကွာရှင်းပြီးပြီလေကွာ ....မျိုးကရှက်လို့လားဟင် "
ကိုဇင်မောင်က မျိုးမမ၏ လက်ဖျားလေးကို ဆုပ်ကိုင်ပြီးမေးလိုက်သည်။ကိုဇင်မောင်၏ အမေးကြောင့် မျိုးမမမျက်နှာမပျက်အောင်ထိန်းလိုက်ပြီး
"မဟုတ်ပါဘူး အစ်ကိုရယ် .....အခုလဲ မျိုးတို့ကနေ့တိုင်းတွေ့နေရတာပဲလေ ... နှစ်လသုံးလလောက်သေချာအချိန်ယူပြီး... အခမ်းနားဆုံးလက်ထပ်ကြမယ်လေ ...ဘာလဲ အစ်ကိုကသဘောမတူဘူးလားဟင် "
မျိုးမမကမူနွဲ့နွဲ့လေးပြောလိုက်သည်။
"မဟုတ်ရပါဘူးကွာ ... အားလုံးမျိုးရဲ့သဘောပါ ... မျိုးကျေနပ်ရင် အစ်ကိုကကျေနပ်ပြီးသားပါ "
~~~~~
" မြေးလေး ခုတလောအိမ်ပြန်တာနောက်ကျတယ်နော် .."
အဘွားဖြစ်သူ၏ စကားကြောင့် ပိုးအိဇင်မျက်နှာမပျက် အောင်ထိန်းလိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ကာ ဘွားအေကြီးကိုပြန်ဖြေလိုက်သည်။
"သူငယ်ချင်းတွေနဲ့ မုန့်လိုက်စားနေလို့ပါ အဘွား "
"ဟုတ်လား...ဒါနဲ့မြေးလေးကိုပိုးဖြူလာဆက်သွယ်သေးလား ...သူလားခေါ်ရင်လဲ လိုက်မသွားနဲ့နော် မြေးလေး "
"ဟုတ်ကဲ့ပါ အဘွားရယ် ... သမီးလဲမလိုက်ပါဘူး ..... အဘွားတို့နဲ့ပဲနေမှာပါ "
ပိုးအိဇင်၏ အဖြေစကားကြောင့် ဘွားအေးကြီးမှာကျေနပ်ပြုံးနှင့်ပြုံးလိုက်လေသည်။
ပိုးအိဇင်ကတော့လေးလံသောခြေလှမ်းများနှင့်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။သိပ်မကြာခင်လပိုင်းအတွင်း ပိုးအိဇင်တို့ စင်္ကာပူကိုသွားရတော့မည်။ခက်သည်မှာ ချစ်သူကျော်သက်က လိုအပ်သောငွေကြေးကို မသွင်းနိုင်ခြင်းဖြစ်သည်။လိုအပ်သော ငွေကြေးကလည်း မနည်းလှ။သိန်းဆယ်ချီသည်။သည်ကြားထဲ သင်တန်းကြေးနှင့်စားစရိတ် သောက်စရိတ်များအတွက် ငွေမလောက်၍ ပိုးအိဇင်ကိုအဘွားတို့ဆင်ပေးထားသော လက်ဝတ်လက်စားများမှာလည်းတတိတိနှင့် ကုန်နေခဲ့ပြီဖြစ်လေသည်။ချစ်သူအတွက်လိုအပ်နေသောငွေကိုတောင်းဖို့ရန်ပိုးအိဇင် အချိန်ပြည့်ကြံစည်စိတ်ကူးနေမိသည်။ယခုလိုအချိန်တွင် မိခင်ဖြစ်သူသာရှိလျှင် ပိုးအိဇင်၏ အကြံအစည်စိတ်ကူးများ ပျက်စီးသွားနိုင်သည်။ကံကောင်းထောက်မ၍ကံကြမ္မာက ပိုးအိဇင်ဘက်မှာရှိနေခဲ့သည့်အတွက် ပိုးအိဇင် စိတ်သက်သာရာရခဲ့ခြင်းဖြစ်လေသည်။
~~~~~
" အခုပုံပို့ပေးလိုက်တဲ့ အထည်တွေယူမယ်နော် ... ငွေကြိုလွှဲပေးရမယ်ဆိုလဲပြောပါ "
မက်ဆင်ဂျာသို့ရောက်လာသောစာကိုကြည့်ပြီး မပိုးဖြူထခုန်မိမတတ်ဝမ်းသာပျော်ရွှင်သွားမိသည်။ပို့လာသောပုံများက မနည်းမနော အနည်းဆုံးအထည် သုံးလေးဆယ်ကျော်မည်။ချောက်ချီးချောက်ချက်ရောင်းနေရသော မပိုးဖြူအတွက် ဤပမာဏသည် မယုံကြည်နိုင်လောက်အောင်များပြားနေခဲ့သည်။ဝမ်းသာလွန်း၍ ဖုန်းကိုင်ထားသော လက်များပင်တဆတ်ဆတ်တုန်ယင်နေခဲ့သည်။မှာယူသည့်အထည်များမှာလည်း သောင်းကျော်တန်များဖြစ်နေ၍ မပိုးဖြူ၏စိတ်များမှာ လေထဲတွင် လွင့်နေသကဲ့သို့ပင်ဖြစ်နေလေသည်။
ဒီလိုပဲ ဧည့်ခံပွဲတွေမှာမကြာခဏ တွေ့ကြရုံပေါ့....အဲ့ဒီအချိန်မှာ ကိုဇင်မောင်နဲ့ မျိုးမမနိုင်တို့တွဲနေကြတာကိုသိတော့ ...အံ့ဩသွားမိတာအမှန်ပဲ...နောက်တော့ ပိုးဖြူနဲ့အမှတ်မထင်ဆုံခဲ့ကြတယ်လေ...ပိုးဖြူက ကိုဇင်မောင့်ဇနီး ဆိုတာကို ပိုးဖြူဆေးတွေသောက်ပြီး ဆေးရုံရောက်လာတဲ့နေ့မှ သိတာ .. ရှင်းရှင်းပြောရရင် ပိုးဖြူကိုသနားတာရော...နှမသားချင်းလို စာနာမိလို့ပါ လိုက်ပြီးကူညီပေးနေမိတာပါ ... ပိုးဖြူထင်သလို ကိုဇင်မောင်တို့ရဲ့သူလျှိုလဲမဟုတ်ပါဘုံး....ကောက်ကျစ်တဲ့အတွေးတွေလဲမရှိဘူးဆိုတာယုံပါဗျာ ....ကျွန်တော်လေ ပိုးဖြူနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ် "
မိုးထက်ပြောရင်း မပိုးဖြူ မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။မပိုးဖြူသည်မိုးထက်စကားများကိုနားထောင်ပြီး တစ်ခဏကြာငြိမ်သက်နေခဲ့သည်။
မပိုးဖြူသည် အတန်ကြာသောအခါမှ မိုးထက်မျက်နှာကို စူးစိုက်၍ ကြည့်လိုက်ပြီး
''ကိုမိုးထက်က ကျွန်မနဲ့မိတ်ဆွေဖြစ်ချင်တယ်ဆိုတော့.. ကျွန်မနဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ တွဲသွားတွဲလာလုပ်ရဲ့လို့လား ...ကျွန်မက ကလေးအမေတစ်ခုလပ်လဲဖြစ်တယ် ... ပညာအဆင့်အတန်းလဲမရှိဘူး .. ပိုင်ဆိုင်မှုလဲဘာမှမရှိတဲ့ ဆင်းဆင်းရဲရဲမိန်းမတစ်ယောက်ပါ ...ကျွန်မနဲ့မိတ်ဆွေဖြစ်တာကို ကိုမိုးထက်ရဲ့ မိဘဆွေမျိုးတွေကသိရင်ရော လက်ခံနိုင်ကြရဲ့လား ..."
တစ်လုံးချင်းမေးလာသော မပိုးဖြူ၏ မေးခွန်းများကြောင့် မိုးထက်လေးနက်စွာ ခေါင်းကိုငြိမ့်ပြလိုက်ပြီး
"ဘာလို့ တွဲသွားတွဲလာမလုပ်ရဲရမှာလဲ .. ပြီးတော့ ကျွန်တော့်မိဘတွေက မြန်မာနိုင်ငံမှာနေတာမဟုတ်ပါဘူး ... တစ်ကယ်လို့ မိဘတွေက ဒီမှာနေတယ်ဆိုရင်လဲ ... ကျွန်တော်ကဘာကိုဂရိုစိုက်ရမှာလဲ ..ကျွန်တော်လဲလူလွတ်....ပိုးဖြူလဲလူလွတ်ဖြစ်နေပြီ..ကျွန်တော်ကဘာကို ရှက်ကြောက်နေရမှာလဲ "
"ဟုတ်ပြီလေ ...အဲ့ဒါဆိုရင် ရှင်းရှင်းပဲပြောမယ် ..ခုနကိုမိုးထက်ပြောခဲ့တယ်နော် ... ဧည့်ခံပွဲတွေမှာ ကိုဇင်မောင်တို့နဲ့မကြာခဏတွေကြတယ်ဆိုတာလေ .....အဲ့ဒီလို့ ဧည့်ခံပွဲတွေကို ကျွန်မနဲ့တွဲသွားရဲလားကိုမိုးထက် ... အမှန်တိုင်းဖြေပါအားနာဖို့မလိုပါဘူးနော်ကိုမိုးထက် "
စူးရှတောက်ပသော အကြည့်နှင့်ပြတ်သားသော မပိုးဖြူ၏အသံသည်မိုးထက်၏ နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းလိုက်သလိုပါပင်။
"မပိုးဖြူ အဆင်ပြေမယ်ဆိုရင် ... ကျွန်တော်ကအဆင်ပြေပါတယ် ကျွန်တော့်ကိုဖိတ်တဲ့ ဧည့်ခံပွဲပဲ ဖြစ်ဖြစ်...မပိုးဖြူကိုဖိတ်တဲ့ ဧည့်ခံပွဲပဲဖြစ်ဖြစ် ... မပိုးဖြူလက်ကိုဆွဲပြီး သွားရဲပါတယ် .."
" ဟုတ်ပြီးလေ ...ကျွန်မတို့တွေ အသက်တွေလဲ ငယ်ကြတော့တာမဟုတ်ဘူးဆိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်.... ကိုဇင်မောင်တို့နဲ့ တွေ့နိင်မဲ့ဧည့်ခံပွဲတွေကို ကျွန်မလိုက်ခဲ့ချင်တယ် ..ဒါပေမဲ့ ကျွန်မတို့ကြားမှာ... မိတ်ဆွေအဆင့်ထက်ပို့ခွင့်မရှိဘူး ... ကျွန်မဘက်ကကိုမိုးထက်ကို အသုံးချသလိုဖြစ်နေတာမို့ သေချာစဉ်းစားပါ ...တကယ်လို့ ဒီကိစ္စကို သဘောတူလိုက်ပြီဆိုရင် ကိုမိုးထက်အနေနဲ့ တစ်ခုလပ်နဲ့တွဲနေတယ်လို့ အပြောခံရမှာပဲ ... အားလုံးကို ထည့်တွေ့စဉ်းစားပြီးမှ ကျွန်မနဲ့မိတ်ဆွေဖွဲ့နိုင်လား ဆုံးဖြတ်ပါ ...အခုတစ်ထိုင်တည်း မဆုံးဖြတ်ပါနဲ့နော် "
" ဟုတ်ကဲ့ပါဗျာ.....ကျွန်တော့်ဘက်ကစဉ်းစားဖို့မလိုပေမဲ့ ...ချက်ချင်းအဖြေမပေးဘဲ ပိုးဖြူပြောတဲ့အတိုင်းစဉ်းစားပါ့မယ် "
မပိုးဖြူသည် ပြောချင်တာပြောပြီးသွားသောအခါ ရေသန့် ဘူးထဲမှရေကို ဖန်းခွက်ထဲငှဲ့ထည့်ကာ သောက်ချလိုက်သည်။
မိုးထက်ကတော့ မပိုးဖြူ၏ တင်းမာအေးစက်နေသော မျက်နှာလေးကို ငေးမောကြည့်နေခဲ့မိသည်။
~~~~~~
"အမေပြောတာက အိမ်နဲ့ ခြံကို သမီးလေးနာမည်နဲ့ ထားမယ်ပြောတာလား..."
ကိုဇင်မောင် မိခင်ကြီးကို မယုံရဲစွာမေးလိုက်သည်။
"ဟုတ်တယ် သားငယ် ....အမေတို့အနနဲ့ မျိုးမမကိုသဘောကျပေမဲ့ ... မြေးလေးအတွက်အာမခံချက်ရှိဖို့လိုတယ်လေကွယ်......လင်ပိုင်ပစ္စည်းက မယားပါပိုင်တယ်လေ... သားတို့ လက်ထပ်ပြီးရင် မြေးလေးက နံပတ်သုံးဖြစ်သွားပြီလေ ... "
"အမေ့တို့သဘောပါပဲဗျာ ... ကျွန်တော်နဲ့မျိုးကလဲ အဲ့ဒါတွေကို မမက်ပါဘူး ....''
''အင်းပါကွယ်အမေကသိတာပေါ့...သူ့မှာ အပျိုလေးတန်မဲ့ငါ့သားကို ချစ်လွန်းလို့ဒီလိုနေနေတယ်ဆိုတာကို ... သားတို့ လက်ထပ်ရင်.. တိုက်ခန်းတစ်ခန်းတော့ အမေတို့လက်ဖွဲ့မှာပါ "
မိခင်ကြီးပြောသမျှကို ကိုဇင်မောင်ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။
~~~~
ဆိုင်းခန်းထဲတွင် ဟိုလျှောက်သည်လျှောက် လျှောက်ရင်း မပိုးဖြူရင်ထဲ စိုးရိမ်ပူပန်နေမိသည်။ယနေ့ဆိုလျှင်ဆိုင်ဖွင့်သည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း ငါးရက်အတွင်း ဈေးဦးပေါက်သည်မှာ အင်္ကျီသုံးထည်သာရှိသည်။အွန်လိုင်းပေါ်တွင်လည်း ပုံးများရိုက်ပြီး ကြိုးကြိုးစားစားတင်နေသော်လည်း မေးမြန်းမည့်သူပင်မရှိ။တစ်လျှောက်လုံးတင်းထားခဲ့သောစိတ်ဓါတ်များက လေးငါးရက်အတွင်းအောက်ဆုံးထိထိုးကျချင်သွားသည်။ဆိုင်ထဲလှည့်ပတ်လျှောက်လိုက်ဆိုင်ပြင်ထွက်လိုက်နှင့်လူကဂနာမငြိမ်ဖြစ်နေသည်။ရင်းထားသောပိုက်ဆံများ နည်းနည်းနောနောမဟုတ်။သည်တစ်ခုအဆင်မပြေ၍ နောက်တစ်ခုချက်ချင်းပြောင်းလုပ်လို့လဲမရ။
#နွေလယ်အိပ်မက်
(အခန်းဆက်၀တ္ထု)
အပိုင်း (၁၆)
********
ကားမှန်ပြတင်းမှတဆင့် မပိုးဖြူ အပြင်သို့ငေးကြည့်နေမိသော်လည်း မျက်လုံးအိမ်ထဲမှာတော့ ပလာဇာထဲတွင်ဆုံခဲ့ကြသော ကိုဇင်မောင်တို့ကို မြင်ယောင်နေမိသည်။မျိုးမမ၏ အနိုင်ရသော အကြည့်များ၊ အထင်သေးသောအကြည့်များနှင့် ကိုဇင်မောင်၏ စိတ်ရှုပ်ထွေးသွားဟန်အကြည့်များ။
" ဘာတွေစဉ်းစားနေတာလဲ ... အိမ်ပြောင်းသွားပြီးဆိုတော့တစ်ခုခုကို ဆုံးဖြတ်ချက်ချခဲ့ပြီပေါ့ ... မင်းကိုချီးကျူးပါတယ် ... ရှေ့ဆက်ပြီး လောကကြီးကိုသတ္တိအပြည့်နဲ့ရင်ဆိုင်လိုက်စမ်းပါကွာ "
မှိုင်တွေငေးမောနေသော မပိုးဖြူမျက်နှာလေးကိုကြည့်ပြီး မိုးထက်အားပေးစကားပြောလိုက်မိသည်။
"လူတွေက ကိုယ်ကအလျှော့ပေးလိုက်လေ ...အထင်သေးကြလေပဲ ....နောက်ဆုတ်အလျော့ပေးလိုက်တာဟာ သူတို့နဲ့ ပြိုင်ဖြစ်ဖို့အတွက်စိတ်ဝင်စားမှုမရှိလို့ဆိုတာကို သူတို့တွေသိပုံမရဘူး...တစ်ခါတစ်လေတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်ရင်ထောင်ပြရမှာပဲ ထင်တယ် "
အေးစက်တင်းမာသောအသံနှင့်အတူ ခပ်ဖျော့ဖျော့မျက်ဝန်းနက်များမှာ စူးရှတောက်ပနေသည့်မပိုးဖြူကို မိုးထက်နောက်ကြည့်မှန်ထဲမှ မသိမသာ ခိုးကြည့်နေမိသည်။
"ကိုမိုးထက် ကျွန်မအကြောင်းကို သိလား...အမှန်တိုင်းပြောနော် မလိမ်နဲ့ ..."
ရုတ်တရက်မိမိကို လှမ်းမေးလိုက်သော မပိုးဖြူ၏အမေးကြောင့် မိုးထက်ချက်ချင်းပြန်မဖြေနိုင်ဖြစ်သွားရသည်။
"ဟို .. ဟိုကွာ ...ကုန်တိုက်ထဲမှာ ပိုးဖြူကိုပထမဆုံးစတွေ့တော့ သမီးလေးတစ်ယောက်ရှိမှန်းသိလိုက်ရတယ် ...နောက်တော့ မိသားစုအဆင်မပြေဘူးဆိုတာကိုရိပ်မိလာတယ် ဒီလောက်ပါပဲ ..."
မိုးထက်စဉ်းစားပြီး စကား မမှားအောင် ဂရုတစိုက်ပြန်ဖြေလိုက်သည်။
''ကျွန်မအိပ်ဆေးသောက်ပြီး သေကြောင်းကြံစည်ခဲ့တာကိုရော သိလား "
"ဗျာ ....အဲ့..အဲ့ဒါတော့ ... "
မပိုးဖြူ၏ အမေးကိုလိမ်လည်းမလိမ်ချင်သဖြင့် မိုးထက် ခေါင်းကိုက်အောင်စဉ်းစားနေမိသည်။
"မလိမ်တတ်ဘဲနဲ့တော့ မလိမ်ပါနဲ့ရှင် .... ရှင်ဆေးရုံကိုလာတာ ကျွန်မသိတယ် "
"ဗျာ "
မိုးထက်အယောင်ယောင် အမှားမှာနှင့် ကားကိုပင်ရပ်မိတော့မယောင်ဖြစ်သွားရလေသည်။
"အမှန်တိုင်းပြောရရင် ...ကိုမိုးထက်ကို ...ကိုဇင်မောင်တို့ရဲ့ သူလျှိုလို့ ကျွန်မကထင်ခဲ့တာ....သူတို့ကျွန်မကို ကွာရှင်းချင်လို့ လုပ်ကြံဖန်တီးမဲ့ဇာတ်လမ်း လို့ ထင်ခဲ့မိတာ .... ကျွန်မဆေးတွေသောက်လိုက်ပြီး ဆေးရုံကို ရောက်တဲ့နေ့က သတိပြန်ဝင်လာချိန်မှာ ပထမဆုံးတွေ့လိုက်ရသူကို ကိုဇင်မောင်လို့ထင်ခဲ့မိတာ...ဒါပေမဲ့အဲ့ဒီအချိန်မှာ ရှင်နဲ့ ဒေါက်တာစကားပြောနေတာကို ကြားလိုက်ရတယ်လေ ....ရှင့် အသံကို ကျွန်မမှတ်မိလိုက်တယ်"
မပိုးဖြူက မိုးထက်၏ နောက်ကျောကိုကြည့်၍ တစ်လုံးချင်းပြောလိုက်သည်။
မိုးထက်မှာ ကိုယ့်ကိုယ်ကိုယ်လည်လှပြီထင်ခဲ့သော်လည်း အလုံးစုံကို သိလိုက်ရသောအခါ ဘာပြောရမှန်းမသိဖြစ်နေမိသည်။
" ကျွန်မက ဘ၀ကိုအေးအေးဆေးဆေးဖြတ်သန်းချင်လို့ အေးအေးဆေးဆေးပဲနေခဲ့တယ် ... ကျွန်မငတုံးငအမကြီး မဟုတ်ပါဘူး ...ကိုမိုးထက်က ငွေကြေးချမ်းသာတဲ့လူတစ်ယောက်ဆိုတာလဲ ကျွန်မရိပ်မိပါတယ် ... ကျွန်မကိုပျက်စီးအောင်လုပ်မဲ့သူမဟုတ်ဘူးလို့လဲ စိတ်ကသိနေပါတယ် ...ဒါပေမဲ့ ကျွန်မစဉ်းစားလို့မရတာက... ကိုမိုးထက်က ဘာရည်ရွယ်ချက်နဲ့ ကျွန်မကိုချဉ်းကပ်နေတာလဲဆိုတာကိုတော့ ကျွန်မတကယ်မသိဘူး ....အဲ့ဒီအကြောင်းကို ကိုမိုးထက်ရှင်းပြရင်လဲ ကျွန်မနားထောင်ချင်ပါတယ် ....မရှင်းပြချင်ရင်လဲကိုမိုးထက်သဘောပါပဲ ....ဒါနဲ့ ကိုမိုးထက်မှာအိမ်ထောင်ရောရှိလား "
မပိုးဖြူ၏ မေးခွန်းများကမိုးထက်အတွက်လွယ်မယောင်နှင့် ခက်ခဲလှသောမေးခွန်းများဖြစ်လေသည်။ဤမေးခွန်းများကို အမှန်အတိုင်းဖြေရလျှင်ဖြင် မည်သို့ဖြစ်မည်မသိချေ။ရိုးအအေးဆေးသောပုံစံလေးနှင့် ပါနပ်လှသောမပိုးဖြူကိုကြည့်ပြီး မိုးထက်မှာပို၍ပင်လေးစားအထင်ကြီးသွားမိလေသည်။
"ပိုးဖြူမေးတာတွေကို ကျွန်တော်ဖြေဖို့အတွက် .. ဆိုင်တစ်ဆိုင်မှာ ခဏဖြစ်ဖြစ်ထိုင်ကြမလား ...အခု ဖြေလိုက်ရင်လဲရပေမဲ့ ...ခရီးသွားဟန်လွဲပုံစံမျိုးကြီး မပြောချင်လို့ပါ "
" ဟုတ်ကဲ့ ရတယ်လေ... ကျွန်မလဲ ဗိုက်ဆာနေတော့... ဆိုင်တစ်ဆိုင်ဆိုင်ထိုင်တာပေါ့ "
~~~~~
''ကိုမိုးထက်ပြောမယ်ဆိုရင် ပြောလို့ရပြီနော် "
မပိုးဖြူက ထောပတ်သီးဖျော်ရည်ဖန်ခွက်လေးကို လက်က ချလိုက်ရင်း မိုးထက်ကိုပြောလိုက်သည်။
"ဟုတ်ကဲ့ ...ပထမဆုံးပြောချင်တာက ..ကျွန်တော့်မှာအိမ်ထောင်လဲမရှိသလို ချစ်သူရည်းစားလဲမရှိပါဘူး "
မိုးထက်ဖြေရင်းမပိုးဖြူကို မဝံ့မရဲကြည့်လိုက်သည်။
မပိုးဖြူက မိုးထက်မျက်နှာကိုစိုက်ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။
"ကျွန်တော်.....ကိုဇင်မောင်ရော မျိုးမမနိုင်နဲ့ပါသိပါတယ်...ရင်းရင်းနှီးနှီးခင်ခင်မင်မင်ကြီးတွေတော့ မဟုတ်ဘူးပေါ့ ....
" ဟင် " မြင်လိုက်ရသော မျက်နှာများကြောင့် မပိုးဖြူ ခေါင်းထဲတွင် မိုက်ခနဲလိုဖြစ်သွားရပြီး အံကိုတင်းတင်းကြိတ်လိုက်မိသည်။
မျိုးမမကတော့ ခပ်တည်တည်ပင်မပိုးဖြူကိုကြည့်နေသည်။ မျိုးမမသည် ၀င်တိုက်မိသူမှာ မပိုးဖြူ မှန်းသိလိုက်သည်နှင့် ကိုဇင်မောင်၏ လက်မောင်းကို ချက်ချင်းပင်ဖက်တွယ်လိုက်သည်။ကိုဇင်မောင်မှာမူ သူတို့ရှေ့တည့်တည့်တွင်လဲကျနေသောမပိုးဖြူကို ကြောင်ငေး၍ ကြည့်နေမိသည်။
" အစ်ကို သွားမယ်လေ ... ဘာကြည့်နေတာလဲ .."
မျိုးမမက ကိုဇင်မောင်ကို ကြည့်လိုက်ပြီး အသံမာမာနှင့်ပြောလိုက်ကာ နေရာမှထွက်ခွါရန် ပြင်လိုက်သည်။
မျိုးမမ၏အပြုအမူကို ကြည့်ပြီး မပိုးဖြူလဲကျနေရာမှ ပြန်ကုန်းထလိုက်ပြီးလျှင် လှည့်ထွက်သွားကြသောမျိုးမမတို့ကို လှမ်းခေါ်လိုက်သည်။
"ဟေ့ ...ဒီမှာ ဟိုနှစ်ယောက် ...ရှင်တို့လူတွေ မဟုတ်ဘူးလား ... မတော်တဆဝင်တိုက်မိရင်လဲ အနည်းဆုံး ဆောရီးလို့တော့ပြောရမယ်လေ ...လူ့ယဉ်ကျေးမှုကို မသိတာလား ....လူတွေမဟုတ်တာလား "
" ဘာ...ဘာပြောတယ် "
"လာ ..လာပါကွာမျိုးရာ ....အစ်ကိုတောင်းပန်ပါတယ် ..သွားရအောင်နော် "
သူတို့နှစ်ယောက်မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး အသံမာမာနှင့်ပြောနေသော မပိုးဖြူကို ကြည့်ပြီး မျိုးမမတစ်ယောက် ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားရလေသည်။ကိုဇင်မောင်က မျိုးမမ၏လက်ကိုအတင်းဆွဲခေါ်လျက် အပေါ်ထပ်သို့တက်သော စက်လှေကားရှိရာဆီသို့ ခပ်မြန်မြန်ပင် လျှောက်သွားလိုက်သည်။
မပိုးဖြူအံလေးကိုတင်းတင်းကြိတ်လျက် အထုပ်များကို တစ်ခုချင်းစီလိုက်ကောက်လိုက်သည်။ထိုစဉ်မှာပင် လူတစ်ယောက်က မပိုးဖြူ၏အထုပ်များကို ကူ၍ကောက်ပေးလေသည်။အထုပ်များကို ကူကောက်ပေးနေသူကို မပိုးဖြူမော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေး....ကျေးဇူးပါရှင် ...ဟင် ... ရှင် ..ရှင် ကိုမိုးထက် "
" ဟုတ်ကဲ့ ကျွန်တော်မိုးထက်ပါ ...ပိုးဖြူ ကျွန်တော့်ကိုမှတ်မိသားပဲ ....ဘာလဲ ဒီမှာဈေးလာဝယ်တာလား ...၀ယ်လို့ပြီးပြီလား .. ကျွန်တော့်ကားကို ငှားစီးလို့ရတယ်နော် ....ကျွန်တော်လဲ အပိုဝင်ငွေလေးဘာလေးရလိုရငြား ရှာနေတာဆိုတော့လေ ... ဘယ်လိုလဲ ကားငှားမှာလား "
မိုးထက်မျက်နှာကိုကြည့်ပြီး မပိုးဖြူ တစ်ခဏမျှစဉ်းစားလိုက်သည်။ပြီးမှ အားနာနာဖြင့်မေးလိုက်သည်။
"ဟို ...တကယ်ပဲ ရှင့်ကားကို ငှားလို့ရလားဟင် "
"ရပါတယ်ဆိုဗျာ ... ကားငှါးခသာပေးရင် တစ်နေကုန်အောင်ငှားလို့ရတယ် "
"တကယ်လား ..ဒါဆို တစ်နေကုန် ငှါးမယ် ... ဒီနေ့ တစ်နေကုန်ရသလောက်လိုက်ဝယ်ချင်တာ ...အထုပ်တွေကို တက္ကစီကားပေါ်မှာမထားခဲ့ရဲလို့ ဘယ်လိုလုပ်ရမလဲစိတ်ညစ်နေတာ ... ကိုမိုးထက်ကိုတော့ ကျွန်မယုံပါတယ် "
"ဪ ..ဟုတ်ကဲ့ ....ကျွန်တော့်ကို ယုံပေးလို့ကျေးဇူးပါဗျာ....ကဲ ဒီမှာဝယ်အုံးမှာလား .... ဘယ်သွားမှာလဲ .... ယုံတယ်ဆိုရင် အထုပ်တွေပေးလေဗျာ ...မင်းရဲ့အထုပ်တွေ ကျွန်တော်ယူမပြေးပါဘူးဗျာ ."
ပြောပြောဆိုဆိုနှင့်မပိုးဖြူလက်ထဲမှ အထုပ်များကို မိုးထက်ယူလိုက်သည်။မပိုးဖြူက တုံ့နှေးနှေးနှင့် အထုပ်တချို့ကို မိုးထက် ဆီသို့ ပေးလိုက်သည်။
~~~~~
" အထည်ဆိုင်ဖွင့်မလို့လား ...အရင်အိမ်မှာပဲလား ..."
နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး မိုးထက်မသိဟန် ပြုလျက် မေးလိုက်သည်။ကားပေါ်ပါလာအောင်မနည်းခေါ်လာခဲ့ရ၍ စကားမမှားအောင်လည်း မိုးထက်မှာ ဂရုစိုက်နေရသည်။
" ဟုတ်တယ် အထည်ဆိုင်ဖွင့်မလို့ ....ပြီးတော့ ကျွန်မအိမ်ပြောင်းသွားပြီ အရင်နေရာမဟုတ်တော့ဘူး ... "
"ဟုတ်လား ...ကိုယ်ပိုင်အလုပ်ရှိတော့ ကောင်းတာပေါ့ ...အွန်လိုင်းကရောရောင်းမှာလား....အထည် ဝယ်ဖို့သွားတာဖြစ်ဖြစ်...စျေးဝယ်ထွက်ရင်ကျွန်တော့်ကားကို ငှါးလေဗျာ ... ပိုးဖြူကိုယ်တိုင် မသွားချင်ရင်လဲ ကျွန်တော်လိုက်ယူပေးလို့ရပါတယ် ....ဖုန်းနံပတ်ပေးထားတာရှိသေးတယ် မဟုတ်လား "
မိုးထက်၏အမေးကြောင့် မပိုးဖြူမျက်လုံးဝင့်ကြည့်လိုက်ပြီး
" အဲ့ဒီဖုန်းက ပျောက်သွားပြီ "
" ဟုတ်လား ...အဲ့ဒါဆို ဖုန်းနံပတ်အသစ်ပေးလေ "
မိုးထက်ပြောရင်း မပိုးဖြူ ထံမှ ဖုန်းနံပတ်တောင်းလိုက်သည်။မပိုးဖြူကနောက်ခုံမှနေ၍မိုးထက် နောက်ကျောကို ကြည့်နေလိုက်ပြီး တုံးတိတိနှင့် မေးလိုက်သည်။
"ဒီကားက တက္ကစီမှမဟုတ်တာ ... ရှင်က ဘာအလုပ်လုပ်တာလဲ "
မပိုးဖြူ၏ အမေးကြောင့် မိုးထက်ဖြုန်းခနဲဘာဖြေရမှန်းမသိဖြစ်သွားရသည်။
'' ဟို ..ဟိုဗျာ .... ကားအရောင်းဆိုင်မှာ အလုပ်လုပ်တာ..."
"ဪ ... ဟုတ်လား ... "
မပိုးဖြူမိုးထက်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်ရင်း လိုက်ပါလာခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
"ဆေးထိုးမှာသာထိုးပေးစမ်းပါကွာ...မင်းမသိပါဘူး ... လူလဲဖျားချင်သလိုဖြစ်နေပြီ "
မိုးထက်က ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဟ ...မသိလို့ မေးတာပေါ့ကွ ..."
ရဲသူက မိုးထက်ကိုဆေးထိုးပေးလိုက်ရင်းပြန်ပြောလိုက်သည်။
"အေးကွာ ရဲသူရာ ...ငါ့တစ်သက်နဲ့တစ်ကိုယ်ကွာ ... သူ့လောက်လမ်းလျှောက်နိုင်တဲ့သူ မတွေ့ဖူးဘူးကွာ ... သုံးလေးထပ်ရှိတဲ့ကုန်တိုက်ကိုနေရာလပ်မကျန်စေရအောင်သွားတယ်..ပြီးရင်မနားသေးဘူး ....နောက်ကုန်တိုက်တစ်ခုကိုထပ်သွားတယ်ကွာ.... တစ်ခါတစ်လေစိတ်ပေါက်ပေါက်နဲ့ .. သူ့ကိုချီပြေးပြီးတစ်နေရာမှာကြိုးနဲ့သာတုပ်ထားပစ်လိုက်ချင်တာ "
" မင်း ဘာတွေပြောနေတာလဲ ... ဘယ်သူ့ကိုပြောနေတာလဲ..နိုး..နိုး ...မဟုတ်သေးဘူး .... မင်းဘယ်သူ့နောက် လျှောက်လိုက်နေတာလဲ
မိုးထက်သတိလက်လွတ် ပြောနေသည်ကို ရဲသူက အငိုက်ဖမ်းပြီး မေးလိုက်သည်။ရဲသူ၏ အမေးကြောင့်မိုးထက်မှာ သူခိုးလူမိဖြစ်သွားရပြီး ရှက်ရယ်ရယ်လိုက်မိသည်။
" မင်းကလဲ လိမ်လို့ကို မရဘူးနော် ...ဆရာဝန်မလုပ်ဘဲ စုံထောက်လုပ်ခဲ့ရမှာ "
"ဟေ့ကောင် မိုးထက်ရ ..ငါကပါးနပ်တာမဟုတ်ဘူး .. မင်းက လွန်လွန်မင်းမင်းဖြစ်နေတာ ....မင်းသူသွားရာနောက် လျှောက်လိုက်နေတာလား ... မင်းတကယ်မလွယ်ဘူးပဲ ... နေစမ်းပါအုံး ဒီလိုတွေလုပ်နေရအောင် မင်းက (၁၆)နှစ်သားလား ...သူလဲ အခုလူလွတ်ဖြစ်သွားပြီ မဟုတ်လား ..မင်းကြိုက်ရင် ကြိုက်တယ်လို့ ဒဲ့ပြောလိုက်လေကွာ "
ရဲသူ၏စကားကြောင့် မိုးထက်တည်ငြိမ်စွာပင် ခေါင်းကိုခါယမ်းလိုက်မိသည်။
"ငါ သူ့နောက်ကို လျှောက်လိုက်နေတာက စိုးရိမ်လို့ကွ ...လမ်းမှာ သူတစ်ခုခုဖြစ်သွားမှာစိုးလို့ ... အခု ချက်ချင်းဖွင့်ပြောလိုက်ရအောင် ... ငါသူ့အပေါ်ထားတဲ့စိတ်က အဲ့လောက်မပေါ့ပျက်ဘူး...သူ့ကိုသန်မာစေချင်တယ် ...သတ္တိရှိစေချင်တယ် ... သူဘယ်လိုလူပဲဖြစ်ဖြစ် ငါတန်ဖိုးထားနိုင်တယ်ဆိုတာကို ပါးစပ်က မပြောချင်ဘူး ... ဒီထက်လေးလေးနက်နက်ဖော်ပြချင်တာ "
"ဟူး ...မင်းအဖြစ်ကတော့ မလွယ်ပါလား .....ဒါနဲ့ နေပါအုံ့ ...မင်းအဲ့ဒီလို လျှောက်လိုက်နေတာသူသိလား "
" ဟင့်အင်း ... သိဖို့နေနေသာသာ ... တစ်လောကလုံး သူတစ်ယောက်တည်ရှိနေသလို သွားလာနေတာလေ ..."
"အင်း ..... သူ့ရင်တွင်းဝေဒနာတွေကို မေ့ဖျောက်ဖို့အတွက်... ခန္ဓာကိုယ်ကို အလုပ်ပေးနေတာ နေမှာပေါ့ ..."
ရဲသူ၏စကားကြောင့် မိုးထက်သက်ပြင်းရှည်ကြီးချလိုက်မိရင်း အပြုံးအရယ်ကင်းမဲ့နေသော သူမမျက်နှာကို မိုးထက်မြင်ယောင်လိုက်မိသည်။
~~~~~
တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သောအခန်းလေးကို မပိုးဖြူ စိတ်တိုင်းကျပြင်ဆင်နေမိသည်။အခန်းလေးက မျက်နှာဝ(၁၂)ပေ အရှေ့အနောက် (၄၅)ပေရှိသည်။လူနေဆိုင်ခန်းအနေနှင့် ကျယ်သည်ဟုမဆိုသာသော်လည်း မပိုးဖြူလိုတစ်ယောက်တည်းသမား အတွက်ကအဆင်ပြေသည်။အဆင်ပြေလှစွာပင်တစ်ဝက်ထပ်ခိုးလေးလည်းပါသည်။လူက ထပ်ခိုးပေါ်တက်အိပ်ရလိမ့်မည်။အောက်ထပ်တွင် ပစွည်းများခင်းကျင်းလိုက်လျှင် ဆိုင်အပြည့်ဖြစ်သွားလိမ့်မည်။ဆိုင်ခန်းရပြီဆိုတော့ မပိုးဖြူအလုပ်များရတော့သည်။ဆိုင်ခန်းတွင်းကိုအရင်ပြင်ဆင်ရသည်။တစ်ယောက်တည်းမှတစ်ယောက်တည်းဖြစ်နေသော ဘဝတွင် ပင်တော့ပင်ပန်းလှသည်။ အလုပ်ပင်ပန်းလွန်း၍ မပိုးဖြူ၏ ရင်တွင်းမှဝေဒနာများသည်လည်းနာကျင်ကြေကွဲနေဖို့ရန်အချိန်လည်းမရတော့ပေ။
~~~~~~
"ရလားမျိုး ....ခဏလေးပါကွာ ... အစ်ကို့ဘော်ဒါက သူ့ဆိုင်ကိုလာဖို့ပြောထားလို့ပါ "
ရှူပ်ထွေးစည်းကားနေသော ပလာဇာထဲသို့ဝင်လာစဉ် မျိုးမမမျက်နှာကို ရှုံ့မဲ့ထားမိသည်။မျိုးမမကဈေးဝယ်ထွက်လျှင် အဲ့ကွန်းအပြည့်လွှတ်ထားသော ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများတွင်သာဝယ်သူ။ ယခုလို ပလာဇာမျိုးကို မျက်စောင်းပင်ထိုးကြည့်သူမဟုတ်ခဲ့။အဝတ်အစားချင်းတူလျှင်တောင် ယခုလို့နေရာမျိုးကနေမဝယ်ခဲ့။ ဆိုင်အကြီးကြီးတွေမှာပဲဝယ်ခဲ့သူ။ရန်ကင်းစင်လောက်တောင် သိပ်အရေးမစိုက်ချင်သောမျိုးမမက ကိုဇင်မောင်၏ တောင်းတောင်းပန်ပန်ခေါ်ဆိုမှုကြောင့်ပါလာခဲ့ရခြင်းဖြစ်သည်။ကိုဇင်မောင်ကလည်း မိတ်ဆွေတစ်ယောက်၏ဖုန်းဆိုင်ကို မဖြစ်မနေလာခဲ့ရခြင်းဖြစ်သည်။ဖုန်းဆိုင် တော်တော်များများက ကိုဇင်မောင်ဆီမှ တဆင့်ယူရောင်းကြသည်လေ။
~~~~~
လက်နှစ်ဖက်တွင် အထုပ်များတပွေ့တပိုက်နှင့် ဈေးဆိုင်ခန်းလမ်းကျဉ်းလေးများမှ မပိုးဖြူမနည်းပင်တိုးထွက်လျှောက်လာခဲ့ရသည်။အဖော်တစ်ယောက်သာပါလျှင်သော် အထုပ်များနှင့်တစ်နေရာမှာစောင့်ထားခိုင်းရုံပင်။ယခုတော့လက်နှစ်ဖက်လုံးလက်အံသေလျက် လူတစ်ကိုယ်လုံးလည်း နုံချိမောပန်းနေပေပြီ။
"ဘုတ် "
" အ "
ရုတ်တရက်တစ်ဖက်မှ အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်လိုက်လိုက်ရာ မပိုးဖြူမှာအထုပ်များနှင့်မနိုင်မနင်းဖြစ်နေသောကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ ဖင်ထိုင်ရက်လဲကျသွားရတော့သည်။ရုတ်တရက်မို့ မပိုးဖြူ နာလဲနာသွားသလို ရှက်လဲရှက်သွားသောကြောင့် ၀င်တိုက်မိသူကို မော့ကြည့်လိုက်မိသည်။
