အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
الذهاب إلى القناة على Telegram
إظهار المزيد
1 030
المشتركون
-224 ساعات
-27 أيام
-1330 أيام
أرشيف المشاركات
ချစ်ရသူ။ တစ်ယောက်တည်းသော ယုံကြည်ရသူ ဖြစ်လာခဲ့တယ်။အနီရင့် ဘွဲ့ရပြီးတော့ အဖေ့ကို တိုက်ခန်းတစ်ခန်း ဝယ်ပေးခိုင်းပြီး အိမ်ပြောင်းလာခဲ့တော့လည်း ကိုဘုန်းက အားပေးကူညီခဲ့တယ်။အနီရင့်သိသလောက် အရင်တုန်းက ကိုဘုန်းက အနီရင့်အပေါ် သိပ်ကို ကောင်းခဲ့သလို နားလည်မှုအပြည့်လည်း ပေးခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ကိုဘုန်းပုံစံတွေ ပြောင်းလာခဲ့တယ်။အပြင်မှာ ကောင်မလေးတွေနဲ့ တွဲသွားတွဲလာ လုပ်တဲ့ သတင်းတွေ လည်းကြားရတယ်။ဒီလိုသတင်းတွေကြောင့် အနီရင့် စိတ်တို ခဲ့ရပေမဲ့ ကိုဘုန်းကို ဖွင့်မမေးရက်ခဲ့ဘူး။ ကိုဘုန်းပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုဘုန်းပုံစံက တဖြည်းဖြည်းနဲ့ သိသိသာသာကို ပြောင်းလဲ အေးစက်လာတာကို အနီရင့် သိနေခဲ့တယ်။တကယ်ဆို ဒီနေ့ ကိုဘုန်းတို့အိမ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် ကိုဘုန် ဘယ်လောက်အထိပြောင်းလဲလာတယ်ဆိုတာ အရမ်းကို သိသာနေခဲ့တယ်။
#################
အပိုင်း ( ၅ ) ဆက်ရန်
ဧကြည်ဖြူ
တစ်ဖက်က ရဲမင်းထက် ဖုန်းချသွားတော့ နှင်းသီရိ ချစ်သူဆီကို ဖုန်းခေါ်လိုက်တယ်။
"ဟယ်လို နှင်း ပြောလေ "
လင်းရိပ်ရဲ့ အသံချိုချိုလေးကို နှင်းသီရိ ကြားလိုက် ရတယ်။နှင်းသီရိ အသံကို အီအီ ချိုချိုလေးဖြစ်အောင် ပြောလိုက်တယ်။
" မောင် ... ညနေ လာမကြိုနဲ့တော့နော်... အိမ်က ညနေ စောစော ပြန်လာဖို့ ဖုန်းဆက်လို့လေ ... နောက်နေ့မှ တွေ့ရအောင်နော်... "
ချစ်သူနဲ့ ဖုန်းပြော ပြီးလို့ ချလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် နှင်းသီရိ ညနေ အတွက် ကြိုတင်ပြင်ဆင်ဖို့ စဉ်းစားလိုက်တယ်။
******
အနီရင့် စိတ်နဲ့ လူမကပ်သလို့ လမ်းလျှောက်လာခဲရင်း နှစ်လွှာတိုက်ခန်းပေါ်ကို ရောက်မှန်း မသိရောက်လာခဲ့တယ်။ကိုဘုန်းကတော့ အနီရင့်ကို တိုက်ခန်းရှေ့မှာ ချပေးခဲ့ပြီးပြန်သွားခဲ့ပြီ။အနီရင့် ဘာတွေခံစားနေရလဲ၊ ဘာတွေဖြစ်နေလဲ ကိုဘုန်းစိတ်မဝင်စားမှန်းအနီရင့် သိတယ်။
အနီရင့်တိုက်ခန်းသော့ကို ဖွင့်နေရင်း တစ်နေ့လုံး ကြုံခဲ့ရတာတွေကို ပြန်မြင်ယောင်နေမိတယ်။
" သူက ဘာလာလုပ်တာလဲ "
အနီရင့်ရဲ့ အစ်မတစ်ဝမ်းကွဲ ကေဇင်ကျော်ရဲ့ အမေးကို သူမရဲ့မိခင်ကမဲ့ကာရွဲ့ကာနဲ့ ပြန်ဖြေလိုက်တယ်။
"နင့် အဘွား ခေါ်လိုက်တာမှာပေါ့ "
" အဘွားက ဘာလုပ်ဖို့ခေါ်တာလဲ အမေ ...ကြည့်ရတာ အဘွားက သူ့သား အကြီး ငွေရှာနိုင်တော့ သူ့သားဘက်ကို ပါသွားပြီး ထင်တယ်... ပြီးတော့ ကြီးကြီးလဲ ဘာထူးလဲ အရင်ကနဲ့ ကို မတူဘူး...အနီရင့်လာရင် အသံကို ချိုနေတာပဲ ....တိုက်ခန်းလေးတစ်ခန်းပိုင်ပြီး.. ဖအေက လစဉ်ငွေထောက်ပံ့နေတယ်ဆိုတာနဲ့ မာန်တက်နေတာကြည့်လို့ကို မရဘူး "
" ထားလိုက်ပါ သမီးရယ် ... သူဘယ်လောက် မာန်တက်နိုင်မှာလဲ ... သူ့အဖေဆိုတာကလဲ ဟိုမှာအိမ်ထောင်ပြုလိုက်ပြီမို့ အရင်လို ငွေမပို့ပေးနိုင်တော့ ပါဘူးအေ ... မောင်မြတ်ဘုန်းရှိနေလို့ ဟန်မပျက်နေနိုင်နေတာပါအေ "
"ဒါနဲ့ ကိုဘုန်းနဲ့ သူက ဘယ်တော့ လက်ထပ်ကြမှာတဲ့လဲ...အမေ သတင်းကြားမိသေးလား "
ကေဇင်ကျော်ရဲ့ အမေးကြောင့် မိခင်ဖြစ်သူက သမီးဖြစ်တံ့ကေဇင်ကျော်ကို ကြည့်လိုက်ပြီး
" သမီးမေးမှပဲ သတိရမိတယ် ...ကြည့်စမ်းအရေးကြီးတဲ့ စကားကို မေ့နေခဲတာ...ဟိုနေ့က မကေသီနဲ့ စကားပြောဖြစ်ကြတော့ မကေသီက စသလို နောက်သလို့ သမီးကေဇင်လေးကို ချွေးမတော်ရရင် သိပ်ကောင်းမှာပဲလို့ ...စကားလမ်းကြောင်း နေသေးတာ "
" ဟယ်...တကယ်လားအမေ ...အန်တီ ကေသီက အဲ့ဒီလိုပြောတာလားဟင် "
အခန်းထဲက အသံတွေကို အနီရင့် ဆက်ပြီး နားမထောင်ချင်တော့ဘူး။အနီရင့်အနေနဲ့ အခြားသူတွေနဲ့အဆင်မပြေပေမဲ့ မကေဇင်ကိုတော့ ယုံကြည်မိခဲ့တာအမှန်ပါ ပင်။တကယ်တော့ မကေဇင်ကလည်း ဒီပုတ်ထဲကဒီပဲမို့ ရှေ့တစ်မျိုးကွယ်ရာ တစ်မျိုးလူစားပါပင်။ဘာပဲဖြစ်ဖြစ် ကို ဘုန်းရဲ့အမေ အန်တီကေသီရဲ့ အတွင်းစိတ်ကိုပါ သိလိုက်ရတာကတော့ ဒီအိမ်ကို ပြန်လာခဲ့တဲ့ အမြတ်ပဲလို့ အနီရင့်တွေးလိုက်မိတယ်။
****
"လုပ်ပါ မြေးလေးရေ ... သမီးပြောရင် သမီးအဖေက လက်ခံမှာပါ "
အဘွားက အနီရင့်လက်ကို ဆွဲပြီး တတွတ်တွတ် ပြောနေတယ်။ကြီးတော် အပျိုကြီးကလည်း ဘေးတစ်ဖက်က ကပ်ထိုင်ပြီး တတွတ်တွတ်ပြောနဲ့ ကြာတော့ အနီရင့် ခေါင်းတွေပါ ကိုက်လာတယ်။
" ငါ့တူမ ပြောရင် လက်ခံမှာ သေချာတယ်... ပြောပေးပါနော်သမီး ....အချိန်တန်တော့ လည်း ဒီအိမ်က ငါ့တူမတို့ပဲ ရမှာပဲ မဟုတ်လား ... အခုဟာက သမီးဦးလေးမသိအောင် သမီးရဲ့အဘွားနဲ့ ကြီးကြီးက ပေါင်ထားမိလို့ပါကွယ်..."
အဘွားနဲ့ ကြီးကြီးရဲ့ ကြားမှာ အနီရင့် ဘာမှပြန်မပြောမိဘဲ ခေါင်းကိုပဲ တွင်တွင် ငုံ့ထားမိတယ်။
" ဒါမှမဟုတ် ...သမီးရဲ့ တိုက်ခန်းကိုရောင်းထုတ်လိုက်ပြီး အိမ်မှာလာပြန်နေလေ ... အမွေခွဲတဲ့ အခါကျတော့ သမီးကို ပိုပေးမှာပေါ့ကွယ် ... "
ကြားလိုက်ရတဲ့ စကားကြောင့် အနီရင့် စိတ်တိုသွားရပြီး ထိုင်ရာကနေ ဆတ်ခနဲ ထရပ်လိုက်မိတယ်။
" အဖေ့ကို ပြောကြည့်ပေးပါ့မယ် ... ဒါပဲ ပြောချင်တာ မဟုတ်လား ..သမီး ပြန်တော့မယ် "
" ပြန်တော့ မလို့လား ...ထမင်းစားသွားအုံးလေ "
ဝတ်ကျေတမ်းကျေပြောလိုက်တဲ့ စကားလုံးတွေကို ကျောခိုင်းပြီး အနီရင့်အခန်းထဲက အမြန်ဆုံးထွက်ခဲ့လိုက်တယ်။ အနီရင့်ရဲ့အဘွားနဲ့ကြီးတော်တို့က အနီရင့်နဲ့ပတ်သက်လာရင် အမြဲဒီလိုပါပဲ။ ကိုးတန်းကျောင်းသူ ဘဝကနေ ဘွဲ့ရတဲ့ အထိ နှစ်ပေါင်းများစွာ အတူနေခဲ့ပေမဲ့ အနီရင့်အပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမရှိတာ အနီရင့် သိပြီးသားပါ။အဖေက အနီရင့်အတွက် စရိတ်ငွေ ဘယ်လောက် ပို့ပို့ အနီရင့်မသုံးရ။ မစားရ။ယုတ်စွအဆုံး အိမ်မှာ ဟင်းကောင်းချက်ရင်တောင်မကေဇင်တို့ မောင်နှမကိုပဲ ခိုးကျွေးတတ်တာကို အနီရင့်က သိပြီးသားပင်။ဒါတွေကို အနီရင့်မသိချင်ယောင်ဆောင်ပြီးနေခဲ့တာ။ အဘွားအိမ်မှာ နေခဲ့တဲ့ တစ်ချိန်လုံး အနီရင့် သည်းခံခဲ့တယ်။အစားအသောက်က အစ အတ်အစား အဆုံး အဘွားတို့ကျွေးသမျှ ဆင်သမျှနဲ့ ကျေနပ်ခဲ့ရတာ။ အဲ့ဒီအချိန်တွေတုန်းက ကိုဘုန်းသာ အနားမှာ မရှိခဲ့ရင် အနီရင့် ဒုက္ခ ဘယ်လောက်များမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။ ဒါကြောင့်မို့ပင် အနီရင့်အနေနဲ့ ကိုဘုန်းကို အားကိုးခဲ့မိတယ်။ ယုံကြည်ခဲ့မိတယ်။ ဖခင်ဖြစ်သူနိုင်ငံခြားမှာ အိပ်ထောင်ပြုလိုက်တဲ့ သတင်းကို ကြားရတဲ့နေ့ကစလို့ ကိုဘုန်းက အနီရင့်ရဲ့ ကမ္ဘာမှာ တစ်ယောက်တည်းသော
ဧကြည်ဖြူ
" ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၄ )
****
လင်းရိပ် ဖုန်းကို ကြည့်လိုက်တော့ ချစ်သူဆီက ဆက်တဲ့ ဖုန်းမို့ ဖုန်းကို နားမှာကပ်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်တယ်။
"ဟယ်လို နှင်း "
" မောင် ..ညနေ အချိန်ပိုဆင်းရမှာလား ... မဆင်းရရင် ခဏလောက် တွေ့ရအောင် "
" ဒါဆို စောင့်နေလေ နှင်း ... မောင် အလုပ်ဆင်းတာနဲ့ လာခဲ့မယ်လေ "
ချစ်သူရဲ့ စကားကို လင်းရိပ် မဆိုင်းမတွ အဖြေပြန်ပေးလိုက်တယ်။ညနေကို တကူးတက ချိန်းတယ်ဆိုတော့ အရေးကြီး ကိစ္စများ ရှိလေသလား။ ဒါမှမဟုတ် ဘယ်ဆိုင်က ဘာကိုစားချင်ပြန်ပြီးလဲမသိ။တွေးရင်း လင်းရိပ်ပြုံးလိုက်မိတယ်။မိန်းခလေးဆိုတာလား အခက်သားလား။ အလှအပနဲ့ ပတ်သက်လာရင်လည်း မလွတ်။အစားအသောက်ဆိုရင်လည်း မကြိုက်တာကို မရှိ။စာသောက်ဆိုင်ကြီး ကနေ လမ်းဘေးစားသောက်တန်းအထိ အလွတ်မပေးတတ်ကြ။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စတွေအတွက်တော့ ချစ်သူကို လင်းရိပ်မငြိုငြင်ပါ။ချစ်သူကြိုက်တာလုပ် ကြိုက်တာဝယ် လင်းရိပ် ပဲအကုန်အကျခံပေးချင်တာ ။ ဘဝပေး အခြေအနေကြောင့် ချစ်သူကို လျစ်လျူရှုရတဲ့အခါမျိုးတွေမှာ လင်းရိပ် ရင်ထဲ စိတ်မကောင်းဖြစ်ရတာကအမှန်ပါပင်။မိခင်ကို ဆေးကုသပေးပြီး ညီငယ်လေး အလုပ်ရသွားရင်တော့ လင်းရိပ်လည်း အသက်ရှူချောင်သွားမယ် ထင်ပါရဲ့။ပြီးတော့ မိသားစုကိုလည်း လင်းရိပ် ရန်ကုန်ကိုခေါ်ချင်မိတယ်။နယ်မှာက ဆွေမျိုးသားချင်းတွေ ရှိတယ်ဆိုပေမဲ့ မိခင်အတွက် ဆေးရုံဆေးခန်းနဲ့ က ဝေးလွန်းလှတယ်လေး။အဲ့ဒါတွေထက် လင်းရိပ်မိသားစုနဲ့ အတူနေချင်တယ်။ လင်းရိပ်အိမ်ထောင်မပြုခင်မှာ မိသားစုကို အိုးနဲ့ အိမ်နဲ့ ထားပေးချင်မိတယ်။လင်းရိပ်ရဲ့ စီမံကိန်းထဲမှာလည်း အများဆုံး သုံးနှစ်ပေါ့ ။ သုံးနှစ်အတွင်းမှာ လင်းရိပ်ရဲ့စိတ်ကူးအိပ်က်တွေ အကောင်အထည်ဖော်နိုင်ဖို အစွမ်းကုန် ကြိုးစားရမှာပေါ့။ ဒီလိုကြိုးစားနေတဲ့ အချိန်မှာ ချစ်သူက ဖေ့ဘုတ်အကောင့်မှာ လင်းရိပ် အကောင့်ကို (Tag ) တွဲပြီး အ၀တ်အစားတွေ ၊အိတ်တွေ ၊ ဖိနပ်အရောင်း ပို့စ်တွေ မျှဝေလာခဲ့ရင် မသိချင်ယောင်ဆောင်နေသင့်ရင်လည်း ဆောင်နေရတာပေါ့လေ။
****
နှင်းသီရိလက်ထဲက ဖုန်းကို ချလိုက်ပြီး အနာဂတ်ကိုစိတ်ကူးကြည့်လိုက်မိတယ်။အနာဂတ်မှာ လင်းရိပ်နဲ့နှင်းသီရိကိုယ်ပိုင် ကမ္ဘာလေးနဲ့ နေကြမယ်။ဟိုဘက်မိဘရော ဒီဘက်မိဘရော ဘယ်မိသားစုနဲ့မှ အတူမနေချင်ဘူး ။ပြီးတော့ နှင်းသီရိ က မြို့သစ်မှာကိုယ်ပိုင်ခြံလေးနဲ့လည်း မနေချင်ပြန်ဘူး။မြို့သစ်ကမြို့ထဲနဲ့ဝေးတဲ့အပြင် လမ်းတွေက မကောင်း ၊ကွင်းခေါင်ခေါင်တွေထဲ ရပ်ကွက်လေးမှာ မနေချင်တာကအမှန်ပင်။နှင်းသီရိ စိတ်ကူးက မြို့ထဲဘက်မှာပဲ စျေးသက်သာတဲ့ တိုက်ခန်းလေးလောက်ဖြစ်ဖြစ် ငှါးနေချင်တာ။ တိုက်ခန်းမှာ နေလာသူမို့ တိုက်ခန်းမှာပဲနေချင်တယ်ပြောရမလား။ မိဘတွေရဲ့ တိုက်ခန်းမှာ ခိုကပ်နေလို့လည်းမဖြစ်လောက်ဘူး။ အခုတောင် မိဘနှစ်ပါးနဲ့နှင်းသီရိတို့ မောင်နှမသုံးယောက်မှာ အနေကျဉ်းကြပ်လွန်းတယ်လေ။
နှင်းသီရိ စိတ်ကူးတွေပုံဖော်နေတုန်း လက်ထဲက ဖုန်းသံမြည်လာတာမို့ ကမန်းကတန်း ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ နံပတ်ကြောင့် ရင်ထဲလှိုက်ခန် ဝမ်းသာပျော်ရွှင်သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။
" ဟယ်လို ... ကိုထက် "
နှင်းသီရိ ဖုန်းကို ကိုင်ပြီး ရွှင်မြူးမြူးလေးထူးလိုက်တယ်။
" ဟယ်လို နှင်းလေး ....တော်ပါသေးရဲ့ကွာ... ကိုယ့်ကို စိတ်ဆိုးပြီး ဖုန်းကိုင်ပါ့မလား တွေးနေတာ "
" မပြောမဆိုနဲ့ ပေါ်မလာတော့ စိတ်တော့ တိုတာပေါ့...ဒါနဲ့ ဘယ်တွေပျောက်နေတာလဲ...."
နှင်းသီရီ မူနွဲ့နွဲ့လေသံနဲ့ ပြန်ပြောလိုက်တယ်
" ကိုယ်တောင်းပန်ပါတယ် နှင်းရယ် ...နယ်ဘက်ကို အရေးပေါ် အလုပ်ကိစ္စ ပေါ်လာလို့ ...ဒါနဲ့ ဒီညနေ တွေ့လို့ရမလား ... "
ကိုထက်ခေါ်ရဲမင်းထက်ရဲ့ စကားကြောင့် နှင်းသီရိ စိတ်ထဲက ပျော်ရွှင်သွားပြီးလက်ခံလိုက်တယ်။ ကိုထက်က အသေးစား လုပ်ငန်းပိုင်ရှင်တစ်ယောက်။အသက်က (၃၀) ကျော်ပဲရှိသေးတာ။လွန်ခဲ့တဲ့သုံးလကျော်က နှင်းသီရိ အလုပ်လုပ်နေတဲ့ဆိုင်မှာ သူ့ရုံးခန်းအတွက် ပရိဘောဂတွေ လာဝယ်ရင်းနဲ့ စတွေ့ခဲ့ကြတာ။ရဲမင်းထက် က ရုပ်ရည် သိပ်ကြည့်ကောင်းသူ မဟုတ်ပေမဲ့၀င်ငွေကောင်းတယ်။အဲ့ဒါ့ကြောင့် နှင်းသီရိက ရဲမင်းထက် ချဉ်းကပ်လာတော့ အပြတ် မငြင်းဘဲ အသာလေးမျောထားလိုက်တယ်။နှင်းသီရိ အနေနဲ့ လက်ထပ်ရမယ်ဆိုရင် ချစ်သူ လင်းရိပ်ကိုပဲ လက်ထပ်ချင်ပေမဲ့ ကိုယ်လိုချင်တာတွေကို ဘာမဆို ဖြည့်ဆည်းပေးနိုင်တဲ့ချစ်သူတစ်ယောက်လောက် လိုချင်မိတာတော့ အမှန်ပဲ။လင်းရိပ်ကို ကြည့်လိုက်ရင် အမြဲမိသားစုအတွက် ဗျာများနေတာကို နှင်းသီရိ သဘောမကျဘူး။ခွင့်ရက်ယူပြီး ခရီးလေးဘာလေး သွားဖို့ပြောရင်လည်း အင်းမလှုပ် အဲမလှုပ်နဲ့။တစ်ခါတလေးချစ်သူကို နှင်းသီရိ စိတ်တိုင်းမကျဖြစ်မိတယ်။ ကိုယ်က မတောင်းဆိုဘဲ အလိုက်တသိ ဝယ်ပေးတဲ့ လက်ဆောင်ပစ္စည်းဆိုတာလဲဘာမှကို မရှိဘူး။ပြောလိုက်ရင်တော့ အနာဂတ်အတွက် ဆိုတာနဲ့ပဲ အမြဲကိုင် ပေါက်နေတယ်လို့ နှင်းသီရိ စိတ်ထဲ ထင်နေမိတယ်။ ဒါပေမဲ့ သေချာတာက နှင်းသီရိ ဘယ်သူနဲ့တွဲတွဲ ချစ်သူလင်းရိပ်ကိုတော့ စွန့်ပစ်ဖို့စိတ်ကူးမရှိဘူး။လင်းရိပ်က နှင်းသီရိရဲ့ အပိုင်ပဲ ဖြစ်စေရမယ်လို့ နှင်းသီရိခံယူထားပြီးသားပင်။
မတော်တော့တဲ့အဝတ်တွေကို အထုပ်လိုက်ကြီးလာပေးသွားတယ်။ မကေဇင်ဆိုတာက ဦးလေးရဲ့ သမီးကြီးပေါ့။အနီရင့်ထက် တစ်နှစ်ကြီးတယ်လေ။ လူတွေပြောပြောနေတဲ့ အတူနေ မြေးနဲ့ အတူမနေတဲ့မြေး ကွာခြားတာ ဆိုတာ ဒါပဲဖြစ်မယ်ထင်ပါတယ်။ဒီကြားထဲ မကေဇင်နဲ့ သူ့အမက ဆွေမျိုးတွေစုံရင် သူတို့က အနီရင့်ကို အဝတ်အစားက အစပေးဝတ်ထားတယ်ဆိုပြီး အသံကောင်းဟစ်ကြသေးတာ။အနီရင့်မှာ ဒါတွေကို ဖခင်ကြီးသိအောင် ပြောချင်ပေမဲ့ ပြောခွင်မသာခဲ့ဘူး။ နိုင်ငံခြားက အဖေ့ဖုန်းလာပြီဆိုရင် အဘွားနဲ့ကြီး တော်အပျိုကြီးကပဲ ဒိုင်ခံပြောတာ။ သူတို့ပြောလို့ ကျေနပ်မှ အနီရင့်ကို ဖုန်းပေးတာ။ဖုန်းပေးပြီးတော့လည်း အဝေးကို သွားတာမဟုတ်ဘူး။အနားမှာ ငုတ်တုတ်ထိုင်စောင့်နေကြတာလေ။
"နိုနေတာ ကြာပြီလား ...ဘာထိုင်လုပ် နေတာလဲ ရေချိုး လေကွာ... ဒီနေ့ အိမ်ကို လိုက်ခဲ့လို့ပြောပြီး သားလေ "
အနီရင့် ခုံပေါ်မှာထိုင်ပြီး အတွေး အိမ်ထဲ နစ်မျောနေတုန်း ကိုဘုန်းရဲ့ စကားသံကြားလိုက်တာမို့ ရေချိုးဖို့ ပြင်လိုက်ရတယ်။
" ဒီနေ့တော့ အနက်ရောင်မဝတ်နဲ့နော် "
ရေချိုးခန်းထဲ၀င်ခါနီး ကြားလိုက်ရတဲ့ ကိုဘုန်း စကားကြောင့် အနီရင့် မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိတယ်။
*****
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ထွက်လာတော့ အချိန်က နေလယ်နှစ်နာရီကျော်။လင်းရိပ် ဗိုက်ထဲမှာလည်း တဂွီဂွီမြည်လို့ပေါ့။ဒီနေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို မာကတ်တင်းဆင်းလာတာ။အင်ဂျင်နီယာနဲ့ တွေ့အောင် စောင့်နေရတာမို့ ဗိုက်ဆာနေပေမဲ့ ဂရုမစိုက်အား ခဲ့။ဒီဆောက်လက်စတိုက်ကြီး ပြီးသွားတဲ့အခါ လင်းရိပ်တို့ဆိုင်က ပစ္စည်းတွေကို သုံးဖို့အရေး ရှင်းပြပြောပြရတာပေါ့။တစ်ခါတလေ အင်ဂျင်နီယာက ဆောက်လုပ်ရေးပိုင်းပဲတာဝန်ယူရတာဖြစ်ပြီး အိမ်တွင်းဒီဇိုင်းကို သူဋ္ဌေးတွေကိုယ်တိုင်က ပြင်ဆင်မှာဆိုရင် သူဋ္ဌေးရဲ့လိပ်စာကို ရအောင်း စုံစမ်းပြီးသူဋ္ဌေးဆီကို ထပ်လိုက်ရသေးတာ။ဒီကြားထဲ သူဋ္ဌေး ကိုယ်တိုင်စိတ်ကြိုက် ပြင်ဆင်မှာမဟုတ်ဘဲ ဒီဇိုင်နာဆီမှာ အပ်ထားတာဆိုရင် တစ်ခါ ထပ်လိုက်။လူတွေအမြင်မှာ သာ ကိုယ်ပိုင်ရုံးကားနဲ့ ကျော့ကျော့လေးသွားရတာဆိုပေမဲ့ အိမ်တစ်လုံးစာအတွက် အနည်းဆုံး သိန်းရာချီဖိုး ရောင်းရရေးက လွယ်တော့ ဘယ်မလွယ်ပါ့မလဲ။အိမ်တစ်လုံးစာအတွက် အော်ဒါရပြီဆိုပါတော့ သူဋ္ဌေးတွေရဲ့ အိမ်ဆိုတာ အနည်းဆုံး အခန်းငါးခန်းလောက်ပါတယ်။ အခန်းတိုင်းမှာလည်း ရေချိုးခန်း၊ အိမ်သာပါ ထည့်ထားတတ်တယ်။တစ်ချို့ဆို အိမ်က အလုပ်သမားတွေအတွက်က တစ်ခန်းနဲ့ ရှောင်တခင် ဧည့်သည်တွေလာရင် သုံးဖို့ပါသီးသန့်လုပ်ပေးထားကြတာလေ။ တစ်ခုတော့ ရှိတာပေါ့။အိမ်အလုပ်သမားတွေအတွက်ကတော့ ဈေးနည်းနည်းချိုတဲ့ ပစ္စည်းတွေပဲ သုံးကြတာပေါ့လေ။
လင်းရိပ် ကားပေါ် ရောက်တာနဲ့ ကျောပိုးအိတ်ထဲက ပေါင်မုန့်ထုပ်ကို ဖောက်ပြီး ပေါင်မုန့်ကို ရေနဲ့မျှောချလိုက်တယ်။ ကားဆရာက လင်းရိပ်ကို စာနာတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။
"ဗိုက်ဆာနေရင် ထမင်းဝင်စားလိုက်ပါလား ညီ...ဟိုရှေ့ လမ်းဆုံနားက ထမင်းဆိုင်တွေ ဈေးသက်သာပါတယ်ကွ..."
ကားဆရာရဲ့ အပြောကို လင်းရိပ်ခေါင်းကိုခါပြရင်း ငြင်းဆန်လိုက်တယ်။
"ရတယ် အစ်ကို ...ဒီဇိုင်းနာဆီ အမြန်သွားမှဖြစ်မှာ ----- တော်ကြာ တခြားဆိုင်က ဦးသွားမှဖြင့် ... ထမင်းဝင်စားလို့ မဖြစ်သေးပါဘူးအစ်ကိုရာ ..."
ကားဆရာက လင်းရိပ်ကိုကြည့်ပြီးခေါင်းကိုတဆတ်ဆတ်ငြိမ့်တယ်။ လင်းရိပ် အလုပ်ကြိုးစားတာကို သူဋ္ဌေး အပါအဝင်ဆိုင်က၀န်ထမ်းအားလုံးသိကြတယ်။ လင်းရိပ် အနေနဲ့ကလည်း ဆိုင်တိုးတက်မှ သူတို့ ဝန်ထမ်းတွေရဲ့ ဘ၀ပါ တိုးတက်မှာမို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။
ပေါင်မုန့်ကို တစ်ကိုက် ကိုက်ပြီး ရေသောက်ဖို့ပြင်နေတုန်းမှာ အိတ်ထဲက ဖုန်းသံ ထွက်ပေါ်လာတာမို့ လင်းရိပ် ရေဘူးကို ပြန်ပိတ်ပြီး ဖုန်းကို ကြည့်လိုက်မိတယ်။
@@@@@@@@@@@@@
အပိုင်း ( ၄ ) ဆက်ရန်
ဧကြည်ဖြူ
ကျိကျိတက်ချမ်းသာသူတွေမဟုတ်ပေမဲ့ ကိုယ်ပိုင် လုပ်ငန်းတွေနဲ့ လေ။ကိုဘုန်းက သားအကြီးဆုံးဆိုပေမဲ့ ကိုဘုန်းရဲ့ ညီ ရော ညီမပါ လုပ်ငန်းခွင်ထဲဝင်နေကြပြီမို့ မိသားစုကို သိပ်ပူစရာမရှိတာလည်း အမှန်။ပြီးတော့ကိုဘုန်းရဲ့ ဖုန်းအရောင်းဆိုင်က ဆိုင်ခွဲတွေပါ ဖွင့်ထားရတဲ့အထိ လုပ်ငန်း အောင်မြင်နေတာကို ရှယ်ယာထည့်ထားတဲ့ အနီရင့်က မသိဘဲနေမတဲ့လား။တစ်ခါတလေ အနီရင့်တွေးမိတာက ကိုဘုန်းကအနီရင့်ကိုမချစ်တော့တာလား။ ဒါမှမဟုတ် အနီရင့်ဆီမှာ အိပ်ချင်တဲ့အချိန် လာအိပ်ခွင့်ရနေတော့ လက်ထပ်ယူရလောက်အောင် တန်ဖိုးမထားတော့လားဆိုတဲ့ အတွေးတွေပဲ မကြာခဏ တွေးနေမိတယ်။
အချစ်စစ် ဆိုတာဘာလဲ။ချစ်ရသူရဲ့ လိုအင်တွေကို ဖြည့် ဆည်းပေးနိုင်တာက အချစ်စစ်လား။ချစ်သူကို အချိန်ကြာမြင့်စွာ စောင့်နေနိုင်တာက အချစ်စစ်လား။သွေးသားရမ္မက်ဖြစ်ပေါ်စေတာက အချစ်စစ်လား။သေချာတာက အချစ်စစ်နဲ့ချစ်ကြတဲ့ချစ်သူစုံတွဲတွေ ဆိုတာ ဘယ်လို ပုံစံမျိုးလဲ အနီရင့်လည်မသိပါ။အနီရင့် ကိုးတန်းကျောင်းသူ ဘဝမှာ မိခင်ဆုံးသွားခဲ့တာမို့ ဖခင်ဖြစ်သူရဲ့ ဆွေးမျိုး သားချင်းများအိမ်ကို အနီရင့်တို့သားအဖ ပြောင်းရွေ့ခဲ့ကြတယ်။အဲ့ဒီအိမ်မှာ ဖခင်ဖြစ်သူရဲ့ အမေရယ်၊ အစ်မ အပျိုကြီးရယ် ၊ ညီ မိသားစုရယ်ရှိတယ်။တစ်အိမ်ထဲမှာ မိသားစုအားလုံး စုနေတာဟာ ပျော်စရာကောင်းတာလား မကောင်းဘူးလားဆိုတာကို အနီရင့် မနေဘူးလို့ မသိခဲ့တာအမှန်ပင်။အဘွားတုန်း အိမ်ရောက်တော့ ခေါင်းရင်းခြံ မှာနေတဲ့ကိုဘုန်းနဲ့ ဆုံစည်းခဲ့ရတယ်။
****
"ဒါဆို မင်းက ...ငါ့ကို ကလေးလာထိန်းခိုင်းတာပေါ့လေ ဟုတ်စ င နိုင်ရဲ့ "
"ဟာ ...အဲ့ဒီလို မဟုတ်ပါဘူးအမေရယ်...ဘာပဲဖြစ်ဖြစ် အမေ့အိမ်မှာက သူစိမ်းယောကျာ်းလေး မရှိဘူးလေ... ဟိုဘက်က သူ့အဒေါ်တွေကခေါ်ပေမဲ့ သူစိမ်းယောကျာ်းတွေ ရှိတော့ မထားချင်ဘူး.... ပြီးတော့ သမီးလေးက လိမ္မာပါတယ် အမေရဲ့ "
"အေး ပြောတာပဲ ...ငါအဘွားကြီးက အသက်ကြီးမှ ဒုက္ခတော့ မများချင်ဘူးနော် ...မနိုင်ရင် မင်းပြန်လာခဲ့...ဒါနဲ့ မင်းက ဘယ်လောက်ကြာမှာလဲ "
" သုံးလေးနှစ်ပါပဲ အမေ ... သမီးလေး တက္ကသိုလ်တက်တဲ့ အခါ မပူမပင် အေးအေးဆေးဆေး တက်စေချင်တယ်... အဓိက ကအမေ့ကို လည်း ထောက်ပံ့ပေးချင်တယ် "
"အမလေး တော်ပါ ငနိုင်ရယ် မထောက်ပံ့ရင်နေပါ ဒုက္ခမပေးရင်ရပါပြီ "
အဖေနဲ့ အဘွားတို့ ပြောနေတာတွေကို အခန်းအပြင်က နားထောင်ရင်း အနီရင့် ငိုချင်လာမိတယ်။အမေမရှိတော့လို့ ဝမ်းနည်း ကြေကွဲနေရချိန်မှာ အဖေကပါ တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ဆိုတော့ အနီရင့်ရင်ထဲမှာ ဖြေမဆည်နိုင်အောင် ဖြစ်နေမိတယ်။"မသွားပါနဲ့ အဖေရယ်... ဒီမှာပဲ သမီးတို့အတူတူ အလုပ်လုပ်ကြတာပေါ့ "လို့ ဖခင်ဖြစ်သူကို ပြောခဲ့ပေမဲ့ အနီရင့် မအောင်မြင်ခဲ့ပါ။ ဆုံးဖြတ်ပြီးသွားရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အဖေက အနီရင့်ကို အဘွားတို့အိမ်မှာ ထားရစ်ခဲ့ပြီး တိုင်းတစ်ပါးကို ရအောင် ကိုထွက်သွားခဲ့ပါတယ်။
****
" ဟိတ် ဘာလုပ်နေတာလဲ "
အနီရင့် စိတ်ညစ်ညစ်နဲ့ ခြံနောက်ဘက်မှာ လာထိုင်နေတုန်း ဘေးခြံက အသံကြောင့် မော့ကြည့်လိုက်တော့ ကိုဘုန်းကိုတွေ့လိုက်ရတယ်။အဖနိုင်ငံခြားထွက်သွားပြီးကတည်းက ကိုဘုန်းက အနီရင့်အတွက် အားကိုးရတဲ့တစ်ဦးတည်းသောသူပါပဲ။အဖေ့အဖေ့အမျိုးတွေရဲ့ လူတွေရှေ့တစ်မျိုး လူတွေနောက်ကွယ်မှာတစ်မျိုး ဆက်ဆံတတ်တာကို ခံနိုင်ရည်ရှိနေတာက ကိုဘုန်းရှိနေလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ကိုဘုန်းက တက္ကသိုလ်ကျောင်းသား။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ။အနီရင့်က ဆယ်တန်းကျောင်းသူ။ဒါပေမဲ့ အနီရင့်တို့ အချိန်အားတိုင်း တပူးတွဲတွဲ ရှိခဲ့ကြတယ်။
"ဘာလဲ ...အဘွားနဲ့ စကားများ ပြန်ပြီလား အရူးမလေး "
" အင်း "
ကိုဘုန်း အမေးကို အနီရင့် ခေါင်းကို ငြိမ့်ပြီး ဖြေလိုက်တယ်။
"ကဲပါကွာ စိတ်မကောင်းဖြစ်မနေနဲ့ ...ထွက်လာခဲ့ ကိုမုန့်လိုက်ကျွေးမယ်နော် "
ကိုဘုန်း စကားကြောင့် အနီရင့် ရင်ထဲက ဝမ်းနည်းတာတွေက ချက်ချင်း ပျောက်ပျက်သွားတယ်။စာအုပ်လေးကိုကိုင်ပြီး ခြံရှေ့ကို ရွှင်းမြူးစွာတွယ်ခဲ့လိုက်တယ်။အနီရင့်ထွက်လာတာကို ဦးလေးရဲ့ မိန်းမက မျက်ထောင့်နီကြီးနဲ့လှမ်းကြည်နေတာကို သိပေမဲ့ အနီရင့် မသိချင်ယောင်ဆောင်ပြီးကျောခိုင်းပစ်လိုက်တယ်။ အဘွားအပါအဝင် ကြီးတော်နဲ့ဦးလေးပါ မက ဦးလေးရဲ့ သားနဲ့သမီးကပါ အနီရင့်ကို ဆိုရင် အပြစ်ပြောချင်တဲ့ မျက်လုံး တွေနဲ့ပဲ ကြည့်နေကြတာလေ။ မသိရင် သူတို့လုပ်စာကို အနီရင့်က အခန့်သား ထိုင်စားနေတဲ့ပုံမျိုးနဲ့။ အဖေနိုင်ငံခြားကို ထွက်သွားပြီးတစ်လကျော်မှာပဲ အနီရင့်အတွက် စရိတ်ရယ် အဘွားအတွက် သုံးဖို့ ငွေပါ ပို့ပေးတာကို အနီရင့် မသိဘဲနေမလား။ သိတာပေါ့။အဖေပို့တဲ့ ငွေထဲကနေ အနီရင့်ကို မသဒ္ဓါရေစာ အစွန်းထွက်လောက်လေးပေးတာကိုလည်း အနီရင့်သိတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ပြောချင်စိတ်မရှိလို့ အနိုရင့် မပြောခဲ့တာကို အဘွားတို့က အနီရင့်ကို အတယ်ထင်နေကြတာ။ အဖေပို့တဲ့ ဖိုက်ဆံထဲကနေ ဦးလေးရဲ့သားနဲ့သမီးအတွက် ပစ္စည်းအမျိုးမျိုးကို အဘွားဝယ်ပေးနေတာလည်း အနီရင့်သိတာပေါ့။အနီရင့်မှာတော့ အမေရှိတုန်းကဝယ်ပေးခဲ့တဲ့ အဝတ်အစားတွေကို ဝတ်နေရတာ။"ကျောင်းမှာပွဲရှိလို့ အဝတ်တစ်စုံလောက် ဝယ်ပေးပါလား အဘွား " လို့အရဲစွန့်ပြောမိတော့ မကေဇင်ရဲ့
ဧကြည်ဖြူ
"ရင်ဘက်ပေါ်က နှင်းဆီ "
အပိုင်း (၃)
*******
မူမူနွဲ့နွဲ့ဟန်နဲ့ တစ်လှမ်းချင်း လှမ်းလျှောက်လာတဲ့ နှင်းသီရိက ပန်းဆီရောင် ဝမ်းဆက်လေးနဲ့လှချင်းတိုင်းကို လှနေခဲ့တယ်။ လင်းရိပ် နှင်းသီရိကို ငေးမောကြည့်နေခဲ့မိတယ်။ လင်းရိပ်ရဲ့ ဘ၀မှာအချစ်ကအရေးမပါဘူးလို့ ထင်ခဲ့မိဘူးတယ်။ ဒါပေမဲ့ ရန်ကုန်ရောက်ပြီး နှင်းသီရိ နဲ့ ဆုံခဲ့ရချိန်မှာ နှင်းသီရိရဲ့အလှကြောင့်ပင်လား လင်းရိပ် ရင်ခုန်သံတွေ မြန်ခဲ့ရတယ်။ လင်းရိပ်က နယ်ဘက်ကနေ ရန်ကုန်မှာအလုပ် လာလုပ်တာ။နှင်းသီရိက ရန်ကုန်သူ ။ နှစ်ယောက်သား အရောင်း မာကတ်တင်းဆင်းရင်း အမှတ်မထင်တွေ့ဆုံခဲ့ကြရတာ။တွေ့တွေ့ချင်းနှစ်ယောက်သား အကြည့်ချင်းဆုံရင်တွေခုန်ပေါ့။နောက်တော့ သူ့ဆိုင်ကိုယ့်ဆိုင် ကြေညာဝင်ပြီး ဖုန်းနံပတ်ချင်းဖလှယ်ကြတာပေါ့လေ။လင်းရိပ်ဆိုတာကလဲ နယ်ကလာတယ်ဆိုပေမဲ့ အရပ်အမောင်းရော ရုပ်ရည်ရော အဖြစ်ပြောစရာမရှိအောင် ကြည့်ကောင်းတဲ့သူလေ။
" မောင် ဘာတွေ ကြည့်နေတာလဲ သွားမယ်လေ "
နှင်းသီရိက သူမကို တမေ့တမော ငေးကြည့်နေတဲ့ ချစ်သူလင်းရိပ်ရဲ့လက်ကို ဆွဲပြီးပြောလိုက်တယ်။
ဒီတော့မှ လင်းရိပ်လည်း သတိဝင်လာပြီး ချစ်သူလေးကို အပြုံးနဲ့ နှုတ်ဆက်လိုက်ရတာပေါ့။
" မောင့်ရဲ့ချစ်သူက လှလွန်းလို့ငေးကြည်နေမိတာပါကွာ...အခုမောင်တို့ ဘယ်သွားကြမလဲ ...အင်းလျား ဘက်သွားမလား ...မုန့်သွားစားကြမလား "
"အင်း ...ဂမုန်းပွင့်ကို သွားရအောင် မောင် ...နှင်းဝယ်စရာလေး နည်းနည်း ရှိလို့ "
နှင်းသီရိရဲ့ စကားကြောင့် လင်းရိပ် ကျောပိုးအိတ်လေးကို ယောင်ယမ်းပြီး ဖျစ်ညှစ်လိုက်မိတယ်။တော်သေးတာက မနက်က အိမ်ကို ငွေအကုန်မလွှဲဘဲ ချန်ထားမိလို့ပေါ့။ ဒီလိုဆိုတော့ ညတုန်းက ငွေ ပိုပိုသာသာပေးလိုက်တဲ့ ခပ်ကြောင်ကြောင် အမျိုးသမီးကို ပြေးပြီး သတိရလိုက်မိတယ်။
*****
ဂမုန်းပွင့်ကုန်တိုက်ထဲကို ၀င်တော့ နှင်းသီရိရံ့ခြေလှမ်းတွေက သွက်လက်မြန်ဆန်နေပေမဲ့ လင်းရိပ်ရဲ့ ခြေထောက်တွေကတော့ ခဲဆွဲခံထားရသလို လေးပင်နေမိတယ်။တကယ်တော့ ကိုယ်ချစ်ရတဲ့သူပဲ လင်းရိပ်ဝယ်ပေးချင်တာပေါ့။ဝယ်ပေးချင်တာမှကမ္ဘာအကောင်းဆုံးပစ္စည်းတွေကိုပဲ ဝယ်ပေးချင်တာ။ ဒါပေမဲ့ လင်းရိပ် ဝင်ငွေက အဲ့လောက်မရှိဘူးလေ။ မိသားစုရဲ့စရိတ် ၊ လင်းရိပ်ရဲ့ စရိတ် ၊ချစ်သူအတွက် ဟိုဟာဒီဟာဝယ်ပေးတဲ့ စရိတ်တွေ ပေါင်းလိုက်ရင်တစ်လ ထွက်ငွေက ဆယ်သိန်းနီးပါးပင်ကပ်နေမလားမသိ။ လင်းရိပ် လုပ်အားခက တစ်လမှ လေးသိန်း အိုဒီကြေး ဘာညာပေါင်းမှ ငါးသိန်းလောက်ရတာ။ရှင်းရှင်းပြောရရင် ရင်ဘက်မှာနှင်းဆီပွင့် ထိုးပြီး မိန်းမတွေကို မြူဆွယ်ရတဲ့အလုပ်ကို လင်းရိပ် မလုပ်ချင်ဘူး။ ဒါပေမဲ့ လင်းရိပ်အခြေအနေက မလုပ်လို့မဖြစ်။ ဒါကြောင့်မို့ လင်းရိပ် ကိုယ့်အသုံးစရိတ်ကို တတ်နိုင်သမျှ ချွေတာသုံးပြီး တစ်လမှ နှစ်ခါ ၊ အများဆုံး သုံးခါပဲ အလုပ်လုပ်တယ် ။ ဒီထက် မပိုဘူး ။ အထူးသဖြင့် ရောဂါဆိုးကြီးရသွားမှာ ၊တစ်ခုခုအမှားအယွင်း ဖြစ်သွားမှာကို ကြောက်နေမိတယ်။ အကာအကွယ်တွေ သုံးနေတယ်ဆိုပေမဲ့ ကံကြမ္မာ အပါအဝင် ဘယ်အရာကိုမှ ယုံကြည်လို့မရဘူး မဟုတ်လား။ပြီးတော့ ချစ်သူနှင်းသီရိသာသိသွားခဲ့ရင် ဆိုတဲ့အတွေးတွေကလည်း လင်းရိပ်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ဒါကြောင့်မို့လည်း ဒီဘဝကနေ ရုန်းထွက်နိုင်ဖို့ လင်းရိပ် အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။အမေ့ရဲ့ ကျန်းမာရေ၊မိသားစု အသုံးစရိတ်၊ ချစ်သူရဲ့လိုအပ်ချက်တွေက လင်းရိပ်ကို ဒီနွံထဲကိုပဲတွန်းပို့ပေးနေလေ ရောသလားမသိ။ မစွပ်စွဲရက်ပါ။ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုအတွက် လင်းရိပ် ဘယ်သူ့ကို မှ အပြစ်မတင်ချင်ပါလေတော့။
" ( ၅၂၀၀၀) ပါရှင် "
ကောင်တာမှ စာရေးမလေးရဲ့ အသံက လင်းရိပ်နားထဲကို စူးခနဲ ၀င်ရောက်လာတယ်။ လင်းရိပ် ချစ်သူကို မသိမသာအကဲခတ်လိုက်တော့ သူမက လွယ်ထားတဲ့ စလင်းဘတ်အိတ်လေးကို ဖွင့်မယောင်နဲ့ခေါင်းကို ငုံ့ထားတယ်။ လင်းရိပ် သက်ပြင်းမချမိပါ။ကျောပိုးအိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး ငွေရှင်းပေးလိုက်တယ်။ပြီးတော့ ကောင်တာပေါ်က အိတ်ထုတ်လေးကို ကောက်ယူလိုက်ပြီး ချစ်သူလက်ကိုဆွဲလို့ ကုန်တိုက်ထဲက အမြန်ဆုံးပြန်ထွက်ခဲ့တယ်။ဘယ်မှာလည်း အိပ်မက် ။ဘယ်မှာလည်း အနာဂတ်။ လင်းရိပ်ရဲ့ မျှော်လင့်ချက်အိပ်မက်တွေက ဓါတုဆေးဝါးတွေရဲ့အောက် ၊ ပြီးတော့ အလှပြင်ပစ္စည်းတွေ ၊ အိတ်တွေ ၊ ဖိနပ်တွေနဲ့ အဝတ်အစား တောက်တောက်ပပတွေ အောက်မှာ အမြဲ မှေးမှိန်ပျောက်ကွယ်ခဲ့ရမြဲ။ သေချာတာက မကြာခင်ရက်ပိုင်းအတွင်းမှာ လင်းရိပ်ရဲ့ရင်ဘတ်ပေါ်မှာ နင်းဆီတစ်ပွင့် မထိုးမဖြစ် ထိုးရအုံးမယ်ဆိုတာပါပဲ။
******
အနီရင့် မှန်တင်ခုံရှေက ခုံပုလေးမှာထိုင်နေမိပြီး ခုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကိုဘုန်း ကို ငေးကြည့်ပြီး စဉ်းစားတွေးတောနေမိတယ်။အနီရင့်နဲ့ ကိုဘုန်းတို့ ချစ်သူသက်တမ်းက မကြာခင် ဆယ်နှစ် တင်းတင်းပြည့်တော့မယ်။ကိုဘုန်း အနေနဲ့ ခုချိန်ထိ အနီရင့်ကို လက်ထပ်ခွင့် မတောင်းသေး။တစ်ခါတော့ လက်ထပ်ဖို့အကြောင်းကို အနီရင့်ကပ် မိန်းမတန်းမဲ့အရင်စပြောမိသေးတယ်။ပြောတော့လည်း ပြောတာပဲ အဖက်တင်တယ် ။ကိုဘုန်းပုံစံကအင်းမလှုပ်အဲမလှုပ်နဲ့လေ။ မိသားစုကိုပဲ စိတ်မချသလိုလို ပုံနဲ့လေ။ မိသားစုကို စိတ်မချရအောင် ကိုဘုန်းတို့မိသားစုက
တော့မနေနိုင်ပြန်။ဒါကအချစ်ကြောင့်ပဲ ဆိုရင်တော့ မြတ်ဘုန်း အနီရင့်ကို ချစ်နေတုန်းပါပင်။
"သွားမယ်လေ ကိုဘုန်း "
အနီးရင့််ရဲ့ အသံကို အနီးကပ် ကြားလိုက်ရမှ မြတ်ဘုန်းသတိဖျတ်ခနဲ ပြန်ဝင်လာမိတယ်။မြတ်ဘုန်း အနီရင့်ကို ကြည့်လိုက်တော့ ထဘီလိုလို စကပ်လိုလို အနက်ရောင်စကပ်ရှည်နဲ့ မီးခိုးရောင်ရှပ်လက်တိုလေးကို တွဲဝတ်ထားတယ်။ မလှဘူးလားဆိုတော့ အရမ်းချည်း လှနေတာမဟုတ်ပေမဲ့ လှတော့လှပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောမလဲ အမြဲလိုလိုအနက်ရောင်ချည်းပဲ ဝတ်နေတတ်တဲ့ သူမကို မြတ်ဘုန်းစိတ်တိုင်းမကျ ဖြစ်မိတာတော့ အမှန်ပင်။
****
အခန်း ( ၃ )
နှင်းသီရိ လက်ကနာရီလေးကို ငုံ့ကြည့်လိုက်တော့ ညနေခြောက်နာရီ ထိုးတော့မယ်။ လင်းရိပ် မကြာခင်ရောက်လာတော့မှာမို့ နှင်းသီရိ မျက်နှာကို အလှအပ နည်းနည်းပြင်လိုက်တယ်။ အလှပြင်တယ်ဆိုပေမဲ့ ထွေထွေထူးထူးပြင်စရာတော့ သိပ်မလို။နှင်းသီရိက ငွေကြေး မချမ်းသာပေမဲ့ အလှတရားတော့ချမ်းသာတယ်ပြောရမလား။နှင်းသီရိကို မြင်သူတိုင်းက ကျိန်းသေးသမင်လည်ပြန်တစ်ခေါက်လောက်တော့ငေးကြည့်မြဲပင် မဟုတ်လား။
"အမလေး ပြင်မနေပါနဲ့ နှင်းရယ် ...နှင်းက မပြင်လဲ လှပြီးသားပဲဟာ ..."
လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ယုဆွေရဲ့စကားကြောင့် နှင်း သီရိပြုံးလိုက်မိတယ်။ပြီးတော့ မှန်ရှေ့မှာရပ်ပြီး ခေါင်းလေးစောင်းလို့ ကိုယ့်ရဲ့ခန္ဓာကိုယ် အလှကို လှည့်ပတ်ကြည့်နေမိပြန်တယ်။ ခါးသေးရင်ချီ ဆိုတဲ့ စကားနဲ့ အညီ စွဲမက်တိမ်းညွတ်ဖွယ်လှပကျော့ရှင်းနေတဲ့ ခန္ဓာကိုယ်ကို ကြည်ပြီး နှင်းသီရိ ကျေနပ်စွာပြုံးလိုက်မိတယ်။
*****
လင်းရိပ် ချစ်သူနှင်းသီရိအလုပ်လုပ်တဲ့ ဆိုင်ရှေ့မလှမ်းမကမ်းမှာ နှင်းသီရိကို ရပ်စောင့်နေခဲ့တယ်။ လင်းရိပ် မျှော်နေတုန်းမှာပဲ နှင်းသီရိ တစ်လှမ်းချင်း လှမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။
@@@@@@@@@@@@@
အပိုင်း (၃) ဆက်ရန်
ဧကြည်ဖြူ
သူများတွေများ မိုးလင်းလင်းခြင်း ချစ်သူ့ရဲ့ တီတီတာတာ အသံနဲ့ နှိုးထကြတယ်တဲ့။ အနီရင့်မှာတော့ ဒေါသသံကြီးပဲ စကြားရတာများမယ်ထင်တယ်။အနီရင့် ဖုန်းကို ပြန်ချပြီး အိပ်ရာပေါ်ကကြုံးရုံးထကာ တံခါးပေါက်ဆီကို အပြေးအလွှား ထသွားမိတယ်။
"ကိုဘုန်း ... အစောကြီးပဲ ....နေ့လည်လောက်မှ ပြန်လာမယ်ထင်တာ "
တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတာက ကိုဘုန်းခေါ် မြတ်ဘုန်းသွင်ရဲ့ စိတ်တိုနေတဲ့မျက်နှာပင်။
မြတ်ဘုန်းက မနက်စောစောစီးစီး ဆံပင်စုတ်ဖွားနဲ့ အိပ်ချင်မူးတူးပုံစံဖြစ်နေတဲ့ အနီရင့်ကိုကြည့်ပြီး စိတ်ထဲက တွန့်ခနဲဖြစ်သွားမိသလိုပါပင်။သေချာတာက ငယ်သံယောစဉ်သာ မရှိခဲ့ရင် အနီရင့်ကို မြတ်ဘုန်းစွန့်ပစ်ခဲ့မိလေမလား ပင်မသိ။
"ညက ဘယ်အချိန်မှအိပ်တာလဲ ... ညဉ့်နက်သန်းခေါင် အထိစာရေးနေတုန်းပဲလား ... မင်းဘယ်အချိန်မှာ ရင့်ကျက်မှာလဲကွာ ... အလုပ်လေးတစ်ခုလောက် လုပ်ဖို့ မစဉ်းစားတော့ဘူးလား "
ချစ်သူရဲ့ အမေးတွေကို အနီရင့် မဖြေမိ။ ညက အဖြစ်အပျက်ကိုသာ သူ့ကို အမှန်တိုင်းပြောပြကြည့်ပါလား။ အနီရင့် ခေါင်းကို ဆတ်ခနဲ ခါယမ်းပစ်လိုက်တယ်။တစ်ခါတလေ အမှန်တရားဆိုပေမဲ့ မသိတာ၊ မပြောတာက ပိုကောင်းမယ်ထင်ပါရဲ့။ ဥပမာ ညတုန်းက အနီရင့် သူစိမ်းယောက်ျားတစ်ယောက်နဲ့ရိုးသားစွာရှိနေခဲ့တာပါတို့။ကိုဘုန်းတစ်ယောက် ခရီးကို ဘယ်သူနဲ့အတူသွားတာလဲ ဆိုတဲ့ အဖြေမှန်လိုမျိုးကိုပေါ့။ဘာပဲဖြစ်ဖြစ် ခရီးကပြန်ရောက်ရောက်ခြင်းမနက်မှာ ကိုယ့်ဆီကို ရောက်လာခဲ့တာတစ်ခုနဲ့ပဲ ကျေနပ်နှစ်သိမ့်လိုက်ရမှာပေါ့လေ။
" ဒီမှာ ခဏလာထိုင်အုံး ပြောစရာရှိလို့..."
မြတ်ဘုန်းက ဆိုဖာပေါ်မှာဝင်ထိုင်လိုက်ရင်း အနီရင့်ကိုပါ ထိုင်ခိုင်လိုက်တယ်။
မြတ်ဘုန်းရဲ့ စကားကြောင့် အနီရင့်လည်း မြတ်ဘုန်းနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်။ချစ်ဦးသူ။ချစ်ရသူတဲ့။ ဆယ်စုနှစ်တစ်စုနီးပါးအထိရောက်ရှိတော့မယ့် အနီရင့်တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းကို အခြားသူတွေက အားကျနေကြမလားပင် မသိ။လက်တွေ့ ဘ၀မှာတော့ အနီရင့်တို့ရဲ့အချစ်ရေးက သွေးခဲလုမတက် အေးစက်နေတဲ့ လွင်ပြင်ကြီးထဲမှာ မီးဖိုလေးဖိုပြီး ထိုင်နေရသလိုအနေအထားမျိုးဖြစ်မယ်ထင်ပါရဲ့။
"မနေ့က အဘွားခေါ်တာကို မသွားဘူးဆို...မင်းဘာတွေဖြစ်နေတာလဲ ...မနေ့ညကတည်းက အမေက ကိုယ့်ဆီကိုဖုန်းဆက်တာ...ဒီပုံအတိုင်းဆို ကိုယ့်အမေ အမြင်မကြည် ဖြစ်မှာကို မင်း မစိုးရိမ်တော့ဘူးလား ....ဒီလိုပဲ ဆွေမရှိ မျိုးမရှိ တစ်ကောင် ကြွက်လိုနေတော့မှာလားပြော "
မြတ်တုန်းရဲ့ အသံက ဒေါသသံတွေ ပါလာတယ်။အနီရင့် မြတ်ဘုန်း မျက်နှာကို ဆတ်ခနဲ မော့ကြည့်ပစ်လိုက်တယ်။
"အနီရင့်မှ မသွားချင်တာ...သွားလဲဘာထူးလို့လဲ ... နောက်ဆုံးကျ ငွေအကြောင်းပဲပြောတာကို "
အနီရင့် မြတ်ဘုန်းကိုပက်ခနဲ ပြန်ပြောလိုက်တော့ မြတ်ဘုန်းရဲ့တင်းမာနေတဲ့ မျက်နှာက နည်းနည်းတော့ ပြေလျော့သွားတယ်။
"ဘာပဲဖြစ်ဖြစ်ကွာ ... သူက ချစ်ရဲ့ အဘွားအရင်းလေ... ပြီးတော့ အသက်ကြီးနေတဲ့သူ မဟုတ်လား ဒါကို ချစ်ကပဲနားလည်းပေးလိုက်ပါလားကွာ ....ခုလို ချစ်သဘောအတိုင်း ဆုံးဖြတ်ပြီး နေနေတော့ လူကြီးတွေစိတ်ထဲမှာ ချစ်ကို ရိုင်းတယ်လို့ထင်နေကြတာပေါ့ "
အဲ့ဒီလူကြီးတွေထဲမှာ ကိုဘုန်းရဲ့အမေနဲ့ ကိုဘုန်းရဲ့မိသားစုက ထိပ်ဆုံးက မဟုတ်လားလို့ အနီရင့် စိတ်ထဲကပဲပြောလိုက်မိတယ်။လက်တွေ့မှာတော့ မနက်စောစောစီးစီးမှာပင် သန့်ပြန့်ကြည့်ကောင်းလွန်းနေတဲ့ချစ်သူ့မျက်နှာကို မသိမသာလေးခိုးဝှက် ကြည့်နေမိတယ်။တကယ်တော့ရွှေတိဂုံဘုရားရယ်၊ အင်းလျားရယ် ၊ ကန်တော်ကြီးရယ်၊ ကိုဘုန်းရယ်သာမရှိရင် ဟော့ဒီမြန်မာ့ပြည်ကနေ အနီရင့်ထွက်သွားမိတာ ကြာပြီ ထင်ပါရဲ့လေ။အခုတော့ သေးငယ်လွန်းလှတယ်လို့ထင်ခဲ့မိတဲ့ သံယောစဉ် ကြိုးမျှင်တွေက အနီရင့်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်နောင်ဖွဲ့ထားခဲ့ပြီလေ။
"ကဲပါကွာ ... ရေအမြန်သွားချိုး မုန့်သွားစားရအောင် ...ကိုယ်က အလုပ်ကိုသွားရအုံးမှာ "
"မသွားဘူး "ဟု အနီရင့်စိတ်ထဲကနေ ကျယ်ကျယ်လှောင်လှောင်ပြောလိုက်ပေမဲ့ တကယ်တမ်းမှာ အနီရင့် ဆိုဖာကနေ ဖျတ်ခနဲထလိုက်ပြီး အတွင်းခန်းဘက်ကို တလွှားလွှားနဲ့လျှောက်လာခဲ့မိတယ်။
အနီရင့်ရဲ့ကျောပြင်ကို ကြည့်ပြီး မြတ်ဘုန်း သက်ပြင်းမောကို ချလိုက်မိတယ်။အနီရင့်နဲ့မြတ်ဘုန်းတို့က အနီရင့်အထက်တန်းကျောင်းသူအရွယ်မှာ စတင် ဆုံတွေ့ခဲ့ရတာ။ တိတိကျကျပြောရမယ်ဆိုရင် အနီရင့် သူ့အဘွားအိမ်ကို စတင်ရောက်ခဲ့တဲ့အချိန်ကစပြီး တွေ့ဆုံခဲ့ကြရတာဆိုပါတော့။မြတ်ဘုန်းတို့အိမ်နဲ့ အနီရင့်တို့ အဘွားအိမ်က ခြံချင်းကပ်နေကြတာလေ။အနီရင့်ထက် မြတ်ဘုန်းက အသက်သုံးနှစ်လောက်ကြီးတယ်။ဆယ့်ငါးနှစ်ကျော်အရွယ် အနီရင့်ကို စမြင်ဖူးကတည်းက မြတ်ဘုန်း ရင်ခုန်သံတွေ မြန်ခဲ့ရတာ။ ဒီလိုနဲ့ အနီရင့် ဆယ်တန်းအောင်ပြီးတော့မြတ်ဘုခုံးကို အဖြေပေးခဲ့တယ်။အဲ့ဒီအချိန်က ဒီလောကမှာ ကိုယ့်ဘ၀လောက် ပျော်စရာကောင်းတဲ့ ဘဝ ရှိမှာမဟုတ်ဘူးလို့မြတ်ဘုန်းထင်ခဲ့မိတာ။အချစ်က ပြောင်းလဲတတ်တာလား။ ဒါတော့ မဖြစ်နိုင်။ဒီနေ့အချိန်ထိ အနီရင့်ကို မြတ်ဘုန်း မစွန့်လွှတ်နိုင်သေးပါ။အနီရင့်ကိုတွေ့တဲ့အခါ အရင်လို ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲမနေတော့ပေမဲ့ ချစ်နေသေးတာ အသေအချာပင်။အနီရင့်ရဲ့ မျက်နှာလေးကိုတစ်ပတ်ဆယ်ရက်မတွေ့ရဘဲ နေနိုင်ပေမဲ့အဲ့ဒီ ထက်ပိုပြီး
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
(အပိုင်း ၂)
*******
လင်းရိပ် ချစ်သူဖြစ်တဲ့ နှင်းကို ပျာပျာသလဲ တောင်းပန်းလိုက်ရတယ်။မတောင်းပန်လို့လဲ မဖြစ်ဘူး။နှင်းခေါ် နှင်းသီရိက လှသလောက် စိတ်တိုစိတ်ကောက်လွယ်သူပင်။နှင်း စိတ်ကောက်သွားပြီဆိုရင် တစ်ပတ် ဆယ်ရက် လင်းရိပ်ကို အဆက်အသွယ်မလုပ်တော့။ဒီလိုဆိုရင်ဖြင့် လင်ရိပ်မှာ အရူးကြီးပမာ ယောင်ချာချာကို ဖြစ်လို့ ။ဒါကြောင့်ပင် လင်းရိပ် နှင်းကို အမြဲအလျော့ပေး အရှုံးပေးရမြဲ။ လင်းရိပ် အတွက် နှင်းက မိသားစုဝင်တွေနဲ့ ထပ်တူ ချစ်ခင်တွယ်တာ ရသူပါပင်။
"မောင်တောင်းပန်ပါတယ်နော် နှင်း ....နှင်း အလုပ် သွားဖို့ပြင် နေပြီလား ... ညနေကျရင် မောင်တို့ တွေ့ကြမယ်လေ နော် ..."
နှင်းဘက်က ကြည်ကြည်သာသာနဲ့ ဖုန်းချသွားမှပင် လင်းရိပ် လေပူတစ်ချက်ကို ဟူးခနဲ မှုတ်ထုပ်လိုက်မိတယ်။
*****
( Wave Money)ဆိုင်းဘုတ်ထောင်ထားတဲ့ ဆိုင်ရှေ့ကိုရောက်တော့ လင်းရိပ် ဆိုင်ထဲကို၀င်လိုက်တယ်။ဆိုင်က ခုမှဖွင့်ကာစ ဆိုင်ရှင်က အလုပ်ရှုပ်လို့ကောင်းတုန်း လင်းရိပ်ကိုတွေ့တော့ခေါင်းမော့ကြည့်ပြီး နှုတ်ဆက်တယ်။ငွေလွှဲနေကြမို့ ဆိုင်ရှင်ကြီးနဲ့ လင်းရိပ်တို မျက်မှန်းတန်းမိနေကြတဲ့ အခြေအနေပင်။ ဒါတောင် လင်းရိပ်က ဒီဆိုင်မှာ ငွေအမြဲလွှဲတာ မဟုတ်။လင်းရိပ် အိမ်ကို ငွေလွှဲပို့တဲ့အခါတိုင်း တစ်ဆိုင်တည်းက ပိုလေ့ မရှိဘဲ ဆိုင်ပေါင်းစုံ နေရာပေါင်းစုံက ပို့တတ်မြဲ ။ အဓိက က လင်းရိပ် ငွေတွေ တအားသုံးနိင်တာကို အခြားသူတွေ မသိစေချင်တာကြောင့်ပင်။
******
လင်းရိပ် အလုပ်ကိုရောက်တော့ သန့်ရှင်းရေး ဝန်ထမ်းနှစ်ယောက်ပဲရောက်သေးတယ်။ ဒါက ထုံးစံပဲလို့ ပြောရလေမလား ။ သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ အလုပ်ချိန်က လင်းရိပ် တို့ထက် နာရီဝက် စောတယ်။မနက်ကိုးနာရီမှ လင်းရိပ်တို့က အလုပ်ချိန်စ၀င်ရတာ။ လင်းရိပ်ကတော့ အဆောင်မှာ ကြာရှည်မနေချင်တာကြောင့် အလုပ်ကို စောစောရောက်မြဲပင်။ လင်းရိပ်လုပ်တဲ့ အလုပ်က အရောင်းဆိုင်ရဲ့ မာကတ်တင်းပိုင်း။လင်းရိပ်တို့ဆိုင်မှာ ရောင်းတဲ့ ပစွည်း တွေက လွယ်လွယ်ပြောရမယ် ဆိုရင် ရေချိုးခန်း ၊ သန့်စင်ခန်းမှာသုံးတဲ့ ရေပိုက်ခေါင်း ၊ ရေပန်း၊ ဘေစင်ကနေ ရေချိုးဇလား အပါ ဘိုထိုင်အိမ်တွေ ရောင်းတဲ့ အရောင်းပြခန်း။ဆိုင်က ကြီးကျယ်ခမ်းနားလှတယ်။ခမ်းနားဆို အထဲမှာ ရောင်းတဲ့ပစ္စည်းအများစုက နိုင်ငံခြားထုတ်တွေချည်းပဲ ရောင်းတာ။ဈေးအနိမ့်ဆုံး ပိုက်ခေါင်းလေးတစ်ခုတောင် သုံးလေးသောင်းရှိတယ်။ လင်းရိပ်ဆိုင်ကို စရောက်တုန်းက ဆိုရင် ပစ္စည်းတန်ဖိုးတွေကြည့်ပြီး မျက်လုံးပြူးမျက်ဆံပြူးကို ဖြစ်လို့။ လင်းရိပ်မှာ အမေ့ကိုခွဲစိတ်ကုသဖို့ သိန်းငါးဆယ်ကို ဘ၀ရော သိက္ခာရောရင်းပြီး ရှာနေချိန်မှာ သိန်းခုနှစ်ဆယ်တန်ဘေစင်ကို ဈေးမဆစ်ဘဲ ဝယ်သွားတဲ့အခါဖြစ်စေ၊ သိန်းနှစ်ဆယ်ကျော်တန် ဘိုထိုင်ကို အလွယ်တကူ ဝယ်သွားတဲ့အခါ လင်းရိပ် ရင်ထဲမှာ ဘာမဆိုင်ညာမဆိုင်တဆစ်ဆစ်နာလာတတ်တယ်။တကယ်တော့ လင်းရိပ်ရဲ့ တစ်လစာ လခမှာပင် အီတလီနိုင်ငံထုတ် ရေပူရေအေး သုံးလို့ရတဲ့ရေပိုက်ခေါင်းတစ်ခုစာဖိုးပင်မရှိ။လင်းရိပ်ရဲ့လစာငွေ က တစ်လ လေးသိန်းသာ။ရေပိုက်ခေါင်းတစ်ခုဈေးနှုန်းမှာ ခုနှစ်သိန်းကျော်ကနေ သိန်းနှစ်ဆယ်ကြားရှိတယ်။ ဒီအလုပ်ကိုရောက်မှပင် လူတန်းစား ကွာဟခြားနားမှုကို လင်းရိပ်ပြတ်ပြတ်ထင်ထင် သိခဲ့ရတယ်။သိန်းငါးဆယ်ကျော်လောက် အကုန်ခံပြီးကုသ လိုက်ရင် ပြန်ပြီးကျန်းမာလာနိုင်တဲ့ အမေ။ရန်ကုန်မြို့ရဲ့အစွန်အဖျား တိုးချဲ့ကွက်သစ်တွေထဲက သိန်းရာကျော်တန် နှစ်ဆယ်ခြောက်ဆယ် မြေကွက်လေးတစ်ကွက် ။ဒါတွေက လင်းရိပ်ရဲ့အိပ်မက်တွေပင်။တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြို့စွန်ဇနပုဒ်လေးမှာပဲဖြစ်ဖြစ် မိသားစုနဲ့ အတူနေနိုင်ဖို့က လင်းရိပ်ရဲ့မျှော်လင့်ချက်ပင်။ခုချိန်မှာ တော့ ဒီအိပ်မက်တွေအတွက် လင်းရိပ် အစွမ်းကုန် ကြိုးစားနေဆဲ။
*****
အခန်း ( ၂ )
" ဒေါက် ...ဒေါက် ... ဒေါက် ..."
မြတ်ဘုန်းတံခါးကို အဆက်မပြတ်ခေါက်လိုက်တယ်။ အခန်းထဲက တုတ်တုတ်လှုပ်သံပင်မကြားရပေ။မြတ်ဘုန်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်တယ်။
******
အနီရင့်။အသက်က နှစ်ဆယ့်ခွန်။အနီရင့်ဆိုတဲ့ သူမက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ရုပ်လေးက အရမ်းလှ ။မိဘက ချမ်းသာ။ မိသားစုရဲ့ အလိုလိုက် ခံထားရသူ။ကိုယ်ပိုင် တိုက်ခန်းမှာတစ်ယောက်တည်းနေပြီး ဆိုးချင်တိုင်းဆိုးခွင့်ရနေတဲ့သူတော့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ အနီရင့်မှာ ကိုယ်ပိုင် တိုက်ခန်းတစ်ခန်းရယ်။မပူမပင် မကြောင့် မကျ နေစားနိုင်နေနိုင်တဲ့ဘ၀မျိုးတော့ ရှိတယ်။ပြီးတော့ အနီရင့်မှာလည်း နာကြည်းနာကျင်ရတဲ့ ဇာတ်လမ်းတွေရှိနေတယ်။
"ဘယ်လိုဖြေရမလဲ ....ပေါ့ပါးခြင်းနဲ့ ဘ၀....ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ .. ခရီးသည်တစ်ဦးရဲ့ ညနေများ ..."
ဖုန်းသံက အဆက်မပြတ် မြည်နေတာမို့ အနီရင့် အိပ်ချင်မူးတူးနဲ့ဖုန်းကို လှမ်းယူလိုက်ရတယ်။
"ဟယ်လို "အိပ်ချင်းမူးထူးအသံနဲ့ ထူးလိုက်တော့ တစ်ဖက်ကနေ စိတ်မရှည်တဲ့ပုံနဲ့ စကားသံ ထွက်ပေါ်လာတယ်။
" အနီရင့် မင်း ခုချိန်ထိ အိပ်နေတုန်းလား ...တံခါ လာဖွင့်ပေးအုံး ..."
"အေး ..အေးပါ ဆိုင်တွေ ဖွင့်တာနဲ့ အစ်ကို ငွေလွှဲပေးလိုက်မယ်နော် ... အမေနဲ့ အငယ်ကောင်ကိုလဲ ဂရုစိုက်နော် ညီမလေး ... အစ်ကို ငွေပိုပြီးပို့လိုက်မယ်သိလား ...ညီမလေးလိုချင်တာရှိရင်လဲ ဝယ်နော်ကြားလား "
"ဟုတ်ကဲ့ အစ်ကို ...ညီမလေး အတွက် မလိုပါဘူးအစ်ကိုရယ် ...ဒါပဲနော် အစ်ကို ...အမေဆေးရုံသွားဖို့ ပြင်ဆင်ပေးရအုံးမယ် ..."
ညီမလေးက ပြောင်ပြောဆိုဆို ဖုန်းကို ချသွားတယ် ။လင်းရိပ်မှာသာ ရင်ထဲက အပူလုံးကြီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရတယ်။ လင်းရိပ်တို့မှာ အားကိုးစရာ အဖေက မရှိတော့။အမေက နှလုံးရောဂါသည်။မောင်နှမကသုံးယောက်။လင်းရိပ်က အကြီးဆုံး။အဖေဆုံးသွားပြီးကတည်းက လင်းရိပ်ကပဲ မိသားစုတာဝန်ကို လွှဲပြောင်းယူခဲ့ရတယ်။ လင်းရိပ်အောက်က အလတ်မလေးက ရောဂါသည် အမေ့ကို ပြုစုနေရတာနဲ့ အပြင်မှာ အလုပ်ထွက်လုပ်ခွင့် မရရှာဘူး။ ညီအငယ်ဆုံးကတော့ ခုမှ တက္ကသိုလ်တက်တုန်း။ ဘာပဲဖြစ်ဖြစ် အငယ်ကောင်ကျောင်းပြီးလို့ အလုပ်ရသွားရင် မိသားစုအတွက် အသက်ရှူပေါက်တစ်ပေါက် တိုးမယ်လို့တော့ လင်းရိပ် ယုံကြည်နေမိတယ်။ လင်းရိပ်ရဲ့ အဓိက ရည်ရွယ်ချက်က သိန်းငါးဆယ်လောက်ကုန်မယ်လို့ ပြောတဲ့ အမေ့ရဲ့ ခွဲစိတ်ကုသမှုအတွက် ငွေရဖို့နဲ့ နယ်မြို့လေးမှာ အမျိုးတွေ ခြံထဲခိုကပ်နေရတဲ့ မိသားစုကို ရန်ကုန်ကို ပြောင်းရွှေ့နေနိုင်ဖို့ပဲ။ အဲ့ဒါတွေ အဆင်ပြေသွားရင်တော့ ချစ်ရသူ့လေးအတွက် အရာအားလုံးကိုဖြည်ဆည်းပေးနိုင်ဖို့ လင်းရိပ်ကြိုးစားရမှာပေါ့။ခုချိန်မှာတော့ မျှော်လင့်ချက်တွေ ရင်မှာ ပိုက်ပြီး အဆောင် ခပ်ကျဉ်းကျဉ်းလေးထဲ အတောင်ပံတွေကို ဖြန့်နိုင်ဖို့အရေး အသေအကြေ ကြိုးစားနေရတာပေါ့။
အ၀တ်အစားလဲ ပြင်ဆင်ပြီးတော့ လင်းရိပ် အပြင်ထွက်ဖို့ပြင်လိုက်တယ်။အလုပ်သွားဖို့ စောသေးပေမဲ့ အိမ်ကို ငွေလွှဲပေးရမှာမို့ ခပ်စောစောပဲ ထွက်ခဲ့လိုက်တယ်။
******
မှောင်မှောင်မည်းမည်းထဲမှာ လှေကားတွေကို စမ်းနင်းပြီးလျှောက်နေတုန်း ဖုန်းသံ ထွက်ပေါ်လာတာမို့ ကိုင်လိုက်တယ်။
" ဟယ်လို "
" ဘာဟယ်လို့လဲ ...ညက ဘာလို့စက်ပိတ်ထားတာလဲပြော ...မောင် ဘာတွေ လုပ်နေတာလဲ ....အသစ်တွေ့နေတာလား ...."
တစ်ဖက်မှ ဆူဆူအောင့်အောင့် အသံ နဲ့ပြောလာတဲ့ ချစ်ရသူကြောင့် လင်းရိပ် စိတ်ထဲ ပျာခနဲဖြစ်သွားမိတယ်။တကယ်တော့ ညဘက် အလုပ်ထွက် လုပ်တိုင်း ဆင်းကတ်ဟောင်းကို ပိတ်ပြီး အပိုထားတဲ့ ဆင်းကတ်ကိုပဲသုံးတာလေ။ညအလုပ်က ပြန်လာပြီဆိုမှ ကတ်ချင်းပြန်ချိန်း ထည့်ရတာလေ။
"မ ..မဟုတ်ပါဘူးချစ်ရဲ့ ...ညက မောင်တို့ဆီမှာ မီးပျက်နေလို့ ဖုန်းအား ကုန်နေလို့ပါ .... မောင် တောင်းပန်ပါတယ်နော် ချစ် "
###############
(အပိုင်း ၂) ဆက်ရန်
ဧကြည်ဖြူ
အခန်းဆက်ဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ရက်ခြား တင်ပေးသွားပါမယ်
ကြိုက်နှစ်သက်မှုရှိတယ်ဆိုရင် ဒီဝတ္ထုလေး (စ/ဆုံး) အတွက် Wave / K pay 1000 Ks ပဲ ကောက်ခံချင်ပါတယ်.
Kpay (0r) Wave
09773745413
Lai Lai Win
Lae Lae win
မပေးဘဲနဲ့လည်း ဖတ်လို့ရပါတယ်ရှင်
ခက်ခဲနေတဲ့ကာလမို့ အားလုံးကနားလည်ပေးမယ်လို့ထင်ပါတယ်
သူမရဲ့လေသံမှာ ဇွဲမလျှော့တဲ့လေသံတွေပါဝင်နေလေတယ်။ လင်းရိပ်ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြခဲ့ပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့ သူမစကားတစ်ခွန်း လှမ်းပြောတယ်။
"အချစ်ကို မျက်စိမှိတ်ပြီး အကြွင်းမဲ့ မယုံကြည်နဲ့ ... အဲ့ဒါက ရှင့်ကို ဒုက္ခပေးလိမ့်မယ် "
ကြောင်တောင်တောင်နိုင်လှတဲ့ သူမရဲ့စကားကို လင်းရိပ် ကျောခိုင်းပစ်လိုက်တယ်။
*****
မနက်လေးနာရီကျော်ပဲ ရှိသေးပေမဲ့ လမ်းပေါ်မှာလူတွေ ကားတွေ သွားလာလှုပ်ရှားနေကြပြီ။ ကားတွေ၊ အိမ်တွေ၊ အထပ်မြင့် တိုက်ခန်းကြီးတွေ နဲ့ ကြွယ်ဝလှတဲ့မြို့ကြီးပြကြီးမှာ လင်းရိပ် အတွက်ပိုင်ဆိုင်တာဆိုလို့ လက်ဆုပ်လက်ကိုင်ပြစရာဘာတစ်ခုမှကို မရှိဘူး။ အငှါးကား တစ်စီးကို လက်တားလိုက်ပြီး နေထိုင်ရာ အဆောင်ကို ပြန်ခဲ့လိုက်တယ်။
******
လင်းရိပ် တက္ကစီပေါ်ကဆင်းခဲ့ပြီး သော့ခလောက်ခပ်ကြီးကြီးနဲ့ ခတ်ထားတဲ့ သံပန်းတံခါးကိုဖွင့်ပြီး ကျဉ်းပြီး မက်စောက်ချင်တဲ့ မှောင်မှောင်မည်းမည်းလှေကားတွေအတိုင်း စမ်းတဝါးဝါးနဲ့တက်ခဲ့လိုက်တယ်။တိုက်ခန်းက အရင်ခေတ်က ဆောက်ထားတာမို့ လှေကားတွေက ကျဉ်းမြောင်းတယ်။ပြီးတော့ မတ်ချင်တယ်။ ဒီထက်ဆိုးတာက နေ့နေ့ညည မီးထွန်းခွင့်မရှိတာဘဲ။လှေကားတစ်လျှောက်မှာ မီးလုံးတွေတပ်ထားပေမဲ့ မီးလုံးတွေက အလှပြထားတာပဲဖြစ်ပြီးထွန်းခွင့်မရဘူး။နေ့ဘက်မထွန်းတာထားပါတော့ ။ညဘက်ကို ညဆယ်နာရီလောက်ထိပဲထွန်းထားရုံနဲ့ မီတာ ခကသိန်း ချီကုန်သွားမှာတဲ့လား။ကြာတော့လည်း လင်းရိပ်တို့တွေ အမှောင်ထဲမှာ ကျင့်သားရစွာ လျှောက်တတ်ခဲ့ပါပြီ။
တက်နေကြဆိုပေမဲ့ အခန်းရှိရာနှစ်လွှာကို ရောက်တော့ လူက မောဟိုက်ချင်နေပြီ။မှောင်ကြီးမည်းမည်းထဲ တိုက်ခန်းသော့ကို စမ်းဖွင့်လိုက်တယ်။ပြီးတော့ တံခါးကို ပြန်ပိတ်ပြီး ကိုယ့်အခန်းရှိရာကို ခြေသံဖွဖွနင်းပြီးလျှောက်လာခဲ့တယ်။မိုးလင်းခါနီးနေပြီဖြစ်ပေမဲ့ အဆောင်တစ်ခုလုံး ဟောက်သံတွေထွက်နေတုန်းပဲ။ အဆောင်မှာရှိတဲ့သူတွေအားလုံး အဆောင်နဲ့နီးနိုးနားနားမှာပဲ အလုပ်လုပ်ကြတာမို့ အလုပ်သွားခါးနီမှ ရေအလုအယက်ချိုးကြ ။အိမ်သာကို အလုအယက်တက်ကြနဲ့ ပွက်လောရိုက်နေတတ်တာ။ လင်းရိပ်ကတော့ အဲ့ဒီဒုက္ခတွေ မခံရအောင် အခြားသူတွေ မနိုးခင် ထပြီး ရေမိုးချိုးထားလိုက်တယ်။ပြီးရင် ထမင်းတစ်လုံးတည်ပြီး ကြက်ဥကြော် ၊ လက်ဖက်သုတ်လောက်နဲ့ပဲ ဝမ်းဗိုက်ကို ဖြည့်လိုက်တာ များတယ်။
တစ်ပေသာသာရှိတဲ့ လမ်းကျဉ်းလေးအတိုင်း ခန္ဓာကိုယ်ကို ခပ်စောင်းစောင်းလျှောက်လာရင်း အခန်းရှေ့ရောက်တော့ သုံးချောင်းမြောက် သော့ကိုဖွင့်လိုက်တယ်။တံခါးပွင့်သွားပြီး အခန်းထဲကိုရောက်တော့မှလင်းရိပ် သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်တယ်။ဒီလိုနေ့တိုင်း ၊ ဒီလိုညတိုင်း အဆောင်ကို ပြန်လာတဲ့အခါ လင်းရိပ် စိတ်ထဲမဝံ့မရဲ ဖြစ်မိတယ်။တကယ်တော့ ညဘက်တွေမှာ ညလုံးပေါက်နီးပါး အပြင်ထွက်တတ်တာ လင်းရိပ်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အားလုံးက ယောကျာ်းတွေချည်းပဲမို့ အကြောင်းပြချက်ကိုယ်စီနဲ့ ထွက်နေကြတာပဲ။ ဒါပေမဲ့ ကိုယ့်အခန်းနဲ့ ကိုယ့်ဘာသာ သော့ပိတ်ပြီးနေကြတာမို့ တစ်ယောက် အကြောင်း တစ်ယောက် မသိကြသလို သိလည်းမသိချင်ကြဘူး။ မိုးလင်းအလုပ်သွား။ မိုးချုပ် ပြန်လာပြီးအခန်းကျဉ်းလေးတွေထဲ ခေါင်းထိုးပြီးအိပ်လိုက်ကြတာပဲ။ အားလုံး ဆုံနိုင်တာဆိုလို့ မနက်ခင်းတစ်ချိန်လေးပဲ ရှိတာ။ကျန်တဲ့အချိန်တွေ ကိုယ့်ဘေးခန်းမှာ လူရှိမရှိစိတ်ဝင်တစား ဘယ်သူမှမရှိကြဘူး။ လင်းရိပ်သာ ကိုယ့်ဘာသာကိုယ် မလုံတဲ့အိုး ပွင့်ချင်နေတယ်ပဲပြောရလေမလား။ အလျားခြောက်ပေကျော် အနံလေးပေပဲကျယ်တဲ့အခန်းကျဉ်းလေးထဲ လင်းရိပ် ကျောတစ်ချက်ဆန့်ပြီးလှဲချလိုက်တယ်။ထုံးစံအတိုင်းမွန်ကြပ်မှုပေါင်းများစွာနဲ့ ပိတ်လှောင်ထားတဲ့ အထပ်သားနံရံကို ခေါင်းက သွားဆောင့်မိပြန်တယ်။ဖြစ်နိုင်ရင်ဒီအခန်းကျဉ်းလေးထဲကနေ အဝေးဆုံးကို ထွက်ပြေးသွားလိုက်ချင်တယ်။ ပြောရရင် လင်းရိပ်ဘ၀က ဆယ်နှစ်ပေ ပေခြောက်ဆယ်ကျယ်တဲ့တိုက်ခန်းထဲမှာ အခန်းဆယ်ခန်းဖွဲ့ထားတဲ့ တိုက်ခန်းထက် အဆပေါင်းများစွာမွန်းကြပ်ပိတ်လှောင်နေတယ်လို့ပဲ ပြောရလေမလား။
လင်းရိပ် လှဲနေရာက လူးလဲ ပြန်ထလိုက်ပြီး ရေသွားချိုးဖို့ပြင်လိုက်တယ်။မနက်ခြောက်နာရီကျော်မှဆိုရင် ရေချိုးခန်းနဲ့သန့်စင်ခန်းကို လုယက်သုံးရတော့မှာလေ။ အခန်းက ဆယ်ခန်း လူက ဆယ့်တစ်ယောက် အိမ်သာက တစ်လုံး ။ရေချိုးခန်းက တစ်ခန်းပဲရှိတော့ အလှည့်ကျ ဒုက္ခတော့ခံရတာပေါ့။
*******
လင်းရိပ် ရေမိုးချိုးပြီး အခန်းထဲ ပြန်ရောက်တော့ ဖုန်းက ပွင့်လာတယ်။အဆောင်မှာက ည ဆယ်နာရီကနေ မနက် ခုနှစ်နာရီအထိ ဖုန်းသံကို ပိတ်ထားရတာမို့ ဖုန်းသံကတော့ ထွက်မလာဘူး။ လင်းရိပ်ဖုန်းကို ကောက်ယူကြည့်လိုက်တယ်။အိမ်က ဆက်လာတဲ့ ဖုန်းမို့ လင်းရိပ်ဖုန်းကို ကိုင်လိုက်ပြီး ခပ်တိုးတိုးထူးလိုက်တယ်။
"ဟယ်လို .."
"အစ်ကို....ဒီနေ့ပိုက်ဆံ ပို့မှာ မဟုတ်လားဟင်... ဒီနေ့ အမေလဲ ဆေးရုံသွားပြရမယ်...မောင်လေးကိုလဲ ကျောင်း စရိတ်ပေးရမယ် အစ်ကို "
ဖုန်းဖွင့်ဖွင့်ခြင်း ကြားလိုက်ရတာက ညီမငယ်ရဲ့ ပူပူပန်ပန်နဲ့ မေးလာတဲ့အသံ။ လင်းရိပ် ကျောပိုးအိတ်ထဲက စာအိတ်လေးကို လက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင် လိုက်မိပြီး
"နေအုံး ...ရှင်ပြန်လို့မရဘူး...ကျွန်မ ရှင့်ကို ခေါ်ယူဖို့အတွက် အချိန်တွေအကြာကြီး စဉ်းစားခဲ့ပြီးမှ အရဲစွန့်ခေါ်ခဲ့ရတာ....ဒီလိုလုပ်ပါလား ....ရှင့်ရင်ထဲမှာလည်း မကျေနပ်ချက်တွေ ရှိမှာပဲ .. ကျွန်မရင်ထဲမှာလည်း မကျေနပ်တာတွေရှိတယ်...အဲ့ဒီတော့ ကျွန်မတို့အချင်းချင်း သူငယ်ချင်းတွေလို ရင်ဖွင့် စကားပြောကြမလား ...""
"ဘယ်လို ကြောင်တောင် တောင်မိန်းမများလဲ"လို့လင်းရိပ်စိတ်ထဲက တွေးလိုက်မိတယ်။သူမလိုလူမျိုးက ဘာစိတ်ညစ်စရာတွေရှိနေတာလဲ။လက်ရှိ လင်းရိပ် ရောက်နေတဲ့တိုက်ခန်းက သူမရဲ့အပိုင် မဟုတ်ရင်တောင် ဒီလိုတိုက်ခန်းမျိုးမှာ ငှါးနေနိုင်တဲ့အဆင့်ဆိုတာ တော်ရုံဝင်ငွေနဲ့တော့မရလောက်ဘူး။ ဒါမှမဟုတ် သူမလဲ ကိုင်းကြီးကြီးမှာနားနေတဲ့ ငှက်တစ်ကောင်လား။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် ရှူးဂါးဒယ်ဒီကြီးမရှိတုန်း အပျော် ရှာတာလား။ ဒါလဲ ဖြစ်တော့ မဖြစ်နိုင်ဘူး။ သူမပုံစံကြည့်ရတာအဲ့ဒီလို မိန်းမမျိုးနဲ့မတူဘူး။ ဒီလောကမှာ ကျင်လည်နေသူတစ်ယောက်အနေနဲ့ လင်းရိပ် လူရိပ်လူကဲလေးတော့ခတ်တတ်နေပါပြီ။ လင်းရိပ်တစ်ယောက်တည်း အတွေးများစွာနဲ့ရှုပ်ထွေးနေချိန်မှာ သူမက အခန်းထောင့် တစ်နေရာကိုလျှောက်သွားတယ်။ပြီးတော့ စာအိတ်တစ်အိတ်ကို ဆွဲထုတ်လာပြီး လင်းရိပ် ရှေ့ကိုပြန်လျှောက်လာတယ်။အနားရောက်တော့စာအိတ်ကို လက်နဲ့ ဟပြတယ်။စာအိတ်ထဲက တစ်သောင်းတန်အထပ်ကိုကြည့်ပြီး လင်းရိပ်ရံ့ အေးစက်နေတဲ့နှလုံးသားက ပူနွေးလှိုက်ဖိုလာတယ်။ငွေတွေ။ ဒီငွေတွေနဲ့လင်းရိပ် ဘဝကို လဲခဲ့တာကြာပြီပဲ။ မှတ်မှတ်ရရ ရန်ကုန်ကိုရောက်လာပြီး တစ်နှစ်ကျော်မှာ လင်းရိပ်ဟာ ငွေအတွက် အသက်ရှင်နေသူသက်သက်ဖြစ်ခဲ့တယ်လို့ပြောရမလားပဲ။
******
လင်းရိပ် နှုတ်ကပြောလိုက်သမျှ စကားလုံးတိုင်းကို သူမက အသံဖမ်းတယ်။ပြီးတော့ ဘောလ်ပင်တစ်ချောင်းနဲ့လည်းရေးမှတ်နေလေရဲ့။ ဒါပေမဲ့ သူမစိတ်ထဲ ကျေနပ်နေပုံမရဘူး။ လင်းရိပ်ကို ခပ်စူးစူး တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို ကိုက်တယ်။ပြီးတော့ သူမရဲ့ ခေါင်းထက်က ကောက်ရိုးမျှင်တွေလို ရုပ်ပွနေတဲ့ ဆံပင်တွေကို လက်အစုံနဲ့ ထိုးဖွနေပြန်တယ်။
"ဟိုလေ ...ရှင်ပြောပြတဲ့ ဒီအလုပ်ရဲ့ လူ ရှာပုံနဲ့ ...အလုပ်ကို လက်ခံလိုက်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် ထားရမယ့် စည်းတွေ ဘောင်တွေကိုတော့ တော်တော်လေးနားလည်သွားပါပြီး...ဒါပေမဲ့လေ ဟို..ဘယ်လိုပြောရမလဲ.. ရှင့်ဘ၀အကြောင်းနဲ့ရှင့်ရဲ့မိသားစု ..ရှင့်အချစ်ရေးကို ရောပြောမပြချင်ဘူးလား ...ရှင်ဘာလို့ ဒီအလုပ်ကိုရွေးချယ်ခဲ့တာလဲ ဆိုတာကို သိချင်တယ် "
စပ်စပ်စုစုနိုင်လှတဲ့ သူမပုံစံကို ကြည့်ပြီး လင်းရိပ် စိတ်ထဲ အချဉ်ပေါက်လာတာမို့ မျက်နှာကိုတင်းပစ်လိုက်တယ်။
"ခင်ဗျား အတွက် ဒီမေးခွန်းက လွယ်လွယ်ကူကူ ထွက်လာပေမဲ့...ကျွန်တော့်အတွက်တော့ ဖြေဖို့ အခက်ဆုံးဆိုတာ စဉ်းစားမိရဲ့လား...ခင်ဗျားဟာက လွန်လာပြီ...အစကပြောတော့ လုပ်ငန်းခွင်အကြောင်းပဲဆို ခုတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိုပါ သိချင်နေပြန်ပြီလား ... ဒါတော့ မပြောနိုင်ဘူး..."
လင်းရိပ် အသံခပ်မာမာနဲ့ပြောလိုက်တော့ သူမနှုတ်ဆိတ်သွားတယ်။ လင်းရိပ်လက်က နာရီကို ငုံ့ကြည့်လိုက်တော့ မနက် နှစ်နာရီကျော်နေပြီ။လင်းရိပ်အိပ်ချင်နေပြီ။ သူမပုံစံကြည်ရတာတော့ ဇီးကွက်တွေလို မျက်လုံးအပြူးသားနဲ့ အိပ်ချင်တဲ့ပုံလည်း မရဘူး။
"ခင်ဗျား ဒီည မအိပ်တော့ဘူးလားဟင် ...ကျွန်တော်အိပ်ချင်နေပြီဗျ...ပြီးတော့ ကျွန်တော် မနက်ကျရင် အလုပ်သွားရအုံးမှာမို့ ခဏလောက် အိပ်လို့ရမလား "
လင်းရိပ် အရဲစွန့်ပြီးမေးလိုက်တော့ သူမလှည့်မကြည့် ဘဲခေါင်းကို ငြိမ့်ပြတယ်။ သူမအဖြေကြောင့် လင်းရိပ်ဝမ်းသာသွားပြီး ဆိုဖာပေါ်မှာပဲ လှဲအိပ်ချလိုက်တယ်။ဘာပဲဖြစ်ဖြစ် အနည်းဆုံး နှစ်နာရီလောက်အိပ်လိုက်ရမှ မနက်ကို အလုပ်လုပ်နိုင်မှာမဟုတ်လား။ မဟုတ်ရင် မရှိမဲ့ရှိမဲ့ အလုပ်လေးပါပြုတ်သွားမှဖြင့် ရှေ့ဆက်မတွေးရဲဘူးဖြစ်သွားမယ်။ရန်ကုန်မြို့ လိုနေရာမှာ ဘွဲ့လက်မှတ်ပေါင်းစုံ မရှိဘဲ အလုပ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ။ အထူးသဖြင့် အသက် နစ်ဆယ့်ငါးနှစ်ကျော်ပြီဆိုရင်အလုပ်လျှောက်ရတာအခက်ဆုံးပဲ။ လုပ်ငန်းရှင်အများစုရဲ့ အလုပ်ခေါ်စာကို ကြည့်လိုက်ရင် အသက် (၂၅)နှစ် မကျော်ရဆိုတာချည်းပဲ။ လင်းရိပ်လို သာမန်ဘွဲ့လက်မှတ်လေးတစ်ခုနဲ့အသက်(၂၇)မှာ လင်းရိပ်လက်ရှိလုပ်နေတဲ့ အလုပ်မျိုးမှာ ရဖို့ဆိုတာ မလွယ်တော့ဘူး။
*******
လင်းရိပ် ဖျတ်ခနဲ လန့်နိုးနိုးခြင်း လက်ကနာရီကိုကြည့်လိုက်တော့မနက် လေးနာရီကျော်နေပြီ။လင်းရိပ် ဆိုဖာပေါ်ကနေလူးလဲထလိုက်ပြီး သူမကို ကြည့်လိုက်တော့ စာရေးစားပွဲမှာ လက်တော့ တစ်လုံးနဲ့ အလုပ်များနေတုန်းပဲ။
"ကျွန်တော် ပြန်တော့မယ် "
လင်းရိပ်လှမ်းပြောလိုက်တော့ သူမလှည့်ကြည့်လာတယ်။
" ပြန်လေ ... စားပွဲပေါ်မှာ ရှင့်အတွက် စာအိတ်ထားပေးထားတယ် "
" ဟို....ကျွန်တော် ကိုယ်လက်သန့်စင်လို့ရမလား "
"အင်း " သူမက ဒါပဲပြောပြီး လက်တော့ ကိုပဲ အာရုံစိုက်နေပြန်တယ်။
သန့်စင်ခန်းထဲက လင်းရိပ် ပြန်ထွက် လာတော့ သူမကို စားပွဲခုံမှာ ထိုင်နေတာတွေ့လိုက်ရတယ်။လင်းရိပ် သူမကို ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်တယ်။
"နောက်တစ်ခါ ခေါ်ရင်လာအုံးမှာလား "
လင်းရိပ် စိတ်ထဲကနေ သက်ပြင်းတစ်ချက်ကို ဟူးခနဲချလိုက်မိပြီး သူမလက်ညှိုးထိုးပြတဲ့ အခန်းဘက်ကိုလျှောက်ခဲ့တယ်။ဇာတ်လမ်းကတော့စပြီး ထင်တယ်။ကြည့်ရတာ သူမကို ပြုစုယုယပေးရမယ့် အနေအထားမျိုးဖြစ်နေတယ်။
******
လင်းရိပ် ကုန်သွားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ်ကို ချလိုက်ပြီး သူမရဲ့ဘေးနားကို တိုးကပ်ပြီး ထိုင်လိုက်တယ်။သူမက တစ်ချက်မော့ကြည့်လာတယ်။
"ဒီမှာ ...ဒီလောက် နေရာအကျယ်ကြီးကို ဘာလို့ အနားလာကပ်ထိုင်နေတာလဲ ...ဝေးဝေးမှာထိုင်စမ်းပါ "
"ဗျာ" သူမရဲ့တုန့်ပြန် စကားကြောင့် လင်းရိပ် အူကြောင်ကြောင်ဖြစ်သွားမိတယ်။ အနားကပ်မထိုင်နဲ့ဆိုတော့ သူကဘာလုပ်ရမှာလဲ။သူမက လင်းရိပ်ကို ဘာအတွက်ခေါ်ထားတာလဲ။ သူမအပြုအမူက ဈေးသည်ကိုခေါ်ပြီး ဈေးဗန်းကို မဖွင့်နဲ့လို့ပြောသလိုဖြစ်နေပြီ။ဘာပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုးကို လင်းရိပ်ဆိုတဲ့ကောင်က ပိုသဘောကျတာပေါ့။ ဘဝပေး အခြေအနေကြောင့်သာ ဒီအလုပ်ကို လုပ်နေရပေမဲ့ ဒီအလုပ်က လင်းရိပ်ရွံရှာစက်ဆုပ်တဲ့အလုပ်ပဲမဟုတ်လား။
"ရှင့်မှာ ချစ်သူရှိလား.."
ရုတ်တရက် ထမေးလိုက်တဲ့သူမရဲ့ စကားကြောင့် လင်းရိပ်စိတ်တိုသွားမိတယ်။တကယ်ဆို အစကတည်းက ပြောထားကြပြီးသားလေ တစ်ယောက် အကြောင်း တစ်ယောက် မစပ်စု ကြေးလို့။ လင်းရိပ်စိတ်ကို ထိန်းပြီး ပြန်ဖြေလိုက်တယ်။
"အလုပ်စပြောက တည်းက တစ်ယောက်အကြောင်း တစ်ယောက် မမေးကြေး မပြောကြေးလို့ ပြောထားတယ်လေ... ဒီမေးခွန်းကို မဖြေနိုင်တဲ့အတွက် တောင်းပန်ပါတယ် "
လင်းရိပ်ဖြေလိုက်တော့ သူမမျက်နှာတင်းခနဲ ဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ပြီးတော့ သူ့ဘက်ကို မျက်နှာတည်ကြီးနဲ့ လှမ်းကြည့်ပြီး
"ဒါလေး ဖြေရတာကို ဘာများ ထိခိုက်သွားလို့လဲ ... ဒီနေ့အတွက် ရှင့်ကို စကားပြောဖို့ခေါ်လိုက်တာသိရဲ့လား...ကျွန်မမေးတာတွေကို ဖြေပြီး ကျွန်မပြောတာတွေကို နားထောင်ပေးရုံနဲ့ ရှင်ရနေကြ ဈေးထက် နှစ်ဆ ပိုပေးမှာကို မလိုချင်ဘူးလား "
သူမက ငွေစကားပြောလာတော့ စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားမိတယ်။ ဒါပေမဲ့လည်း ဒီလိုအချိန် ဒီလိုနေရမှာ ဒေါသထွက်ခွင့်မရှိဘူးဆိုတာ လင်းရိပ် သိတယ်။ အဓိက,က သူမတို့ စိတ်ကျေနပ်ပျော်ရွှင်ဖို့သာ အဓိကမဟုတ်လား။ သိချင်စိတ်တွေ ပြင်းပြနေတဲ့ သူမရဲ့ အာရုံကို ပြောင်းနိုင်ဖို့ လင်းရိပ်ကြိုးစားကြည်လိုက်တယ်။
" ကျွန်တော့်မှာ ချစ်သူရှိတာမရှိတာ ဘာအရေးကြီးလို့လဲ .... မင်းရဲ့ ပျော်စရာ အချိန်တွေကို ဒီတိုင်း ဖြုန်းပစ်မလို့လား...မင်းစိတ်တိုင်းကျဖြစ်အောင် ကိုယ်ကူညီပေးနိုင်ပါတယ်.... "လင်းရိပ် အသံကို တတ်နိုင်သလောက် အချိုထည့်ပြီး ပစ်ကျွေးလိုက်တယ်။တော်ရုံမိန်းမမျိုးဆို ဒီလိုအခြေအနေ့မှာ လင်းရိပ်ဆီပစ်ကြွေ လာတာပဲ။ ဒါပေမဲ့ အခြေအနေက လင်းရိပ်ထင်သလိုဖြစ်မလာဘူး။ သူမက ထိုင်နေရာကနေ ဒေါသတကြီးထရပ်လိုက်ပြီး စားတော့ ဝါးတော့ မတတ်မျက်နှာမျိုးနဲ့
"အော်ဂလီဆန်စရာကောင်းတဲ့ပုံစံကြီး နဲ့ မပြောစမ်းပါနဲ့ ... ရှင်သိထားဖို့က ရှင့်ကိုခေါ်လိုက်တာက ရှင်နဲ့ ပျော်ပါးဖို့မဟုတ်ဘူး ... မဖြစ်မနေ ဒီညမှာ လူတစ်ယောက်နဲ့ စကားပြောနေမှ ဖြစ်မှာမလို့ခေါ်လိုက်တာ...ပြီးတော့ ကျွန်မက စာရေးဆရာမတစ်ယောက်ပဲ ရှင်တို့လို လူတွေရဲ့ အကြောင်းကိုဝတ္တု ရေးချင်လို့ ရှင့်ကို ခေါ်လိုက်တာ...အဲ့ဒါကြောင့် ရှင့်ရဲ့အပြုအမူတွေကို သတိထားနေပါ "
သူမရဲ့ စကားကြောင့် လင်းရိပ် ခဏတာ ကြောင်အသွားမိပြန်တယ်။ပြီးမှ သေချာတွေးကြည့်လိုက်တော့ ဒါဟာ စိတ်တိုစရာ စကားလား ဘာလားဆိုတာကို သေချာ မခွဲခြားနိုင်ဖြစ်နေမိတယ်။ ဒါပေမဲ့ ယောကျာ်း ဆိုတဲ့ မာနက ဟုန်းခနဲ ထတောက်လာတယ်။
" ဘာလဲ ခင်ဗျားတို့စိတ်ထဲ ကျုပ်တို့လိုကောင်တွေကို ငွေပေးလိုက်တာနဲ့ ခိုင်းတာလုပ်မယ်လို့ထင်နေတာလား ... ကျုပ်တို့ရဲ့အလုပ်က သေးသိမ် ရွံရှာစရာကောင်းနေပေမဲ့ ကျုပ်တို့ကလည်း မိသားစုအတွက်ဆိုတဲ့စိတ်နဲ့ ရုန်းကန်နေကြတာပဲ....အထင်သေးရှုံ့ချတဲ့ ပုံစံနဲ့တော့ မကြည့်နဲ့ "
လင်းရိပ် ဒေါသတကြီး တုံ့ပြန်ပြောလိုက်တာကို သူမက သေချာစိုက်ကြည့်နေတယ်။ပြီးတော့ ဖုန်းကိုဖွင့်ပြီးဟိုဒီလက်နဲ့ တို့ထိနေတယ်။ သူမရဲ့ပုံစံကိုကြည့်ပြီး သူမ အသံဖမ်းနေမှန်း လင်းရိပ် သိလိုက်တယ် ။
" ခင်ဗျား ..ဒါဘာလုပ်နေတာလဲ..."
လင်းရိပ်စိတ်တိုလာပြီး သူမကို လေသံမာမာနဲ့မေးလိုက်တယ်။သူမက ခပ်တည်တည်ပဲ ပြန်ဖြေလာတယ်။
"အသံဖမ်းနေတာလေ... ကျွန်မသိချင်တာက ဒါပဲ ...ရှင်တို့ ဒီအလုပ်ကို ဝါသနာအရလုပ်နေတာလား...ရှင်တစ်ကိုယ် ရေကောင်းစားဖို့လား...ဒါမှမဟုတ် မိသားစုအတွက်လား သိချင်ရုံပဲ...ပြီးတော့ ရှင်တို့လိုလူတွေဆီမှာရော ဖြူဖြူစင်စင် စိတ်နဲ့ ချစ်ရတဲ့သူရှိလားသိချင်လို့ ..."
"ခင်ဗျား ငွေရှိတယ်ဆိုပြီး ကျုပ်ကို ခေါ်ပြီး စော်ကားနေတာလား ...အလုပ်မဖြစ်ဘူးဆိုရင်လဲ ကျွန်တော်ပြန်တော့မယ်..."
လင်းရိပ် ကျောပိုးအိတ်ကို ကောက်လွယ်ပြီး ပြန်ဖို့ပြင်လိုက်တော့ သူမလင်းရိပ်ရှေ့ကို ဖျတ်ခနဲ ရောက်လာတယ် "
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
( အပိုင်း ၁ )
******
"အခန်းနံပတ် 4"
အခန်းရဲ့နံပတ်ကို ကြည့်ပြီး လင်းရိပ်တစ်ချက်တွေခနဲဖြစ်သွားမိတယ်။အခြားသူတွေအတွက်တော့ မသိပေမဲ့ လင်းရိပ်အတွက်တော့ နံပတ် (၄) က ရုတ်တရက် ကံကောင်းစေတတ်သလို ရုတ်တရက် ကံဆိုးစေတဲ့ နံပတ်ဆိုရင်လည်း မမှားဘူး။
"ဒေါက်...ဒေါက်...ဒေါက်.."
တံခါးကို လင်းရိပ် မဝံ့မရဲခေါက်လိုက်တယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ တံခါးက ပွင့်မလာဘူး။ ဒုတိယအကြိမ်မြောက် တံခါးကို ထပ်ခေါက်ဖို့ လက်ကို ရွက်လိုက်တဲ့အချိန်မှာပဲ
" ကျွီ..."
အသံရှည်ဆွဲပြီး မြည်လာတဲ့ တခါးသံနဲ့အတူပျင်းတိပျင်းတွဲလေးပင်စွာပွင့်လာတဲ့ တံခါးကို ကြည့်ပြီး လင်းရိပ်ရင်ဘတ်အစုံက တံခါးနဲ့အပြိုင် နှေးကွေးလေးလံ အေးစက်စွာခုန်လှုပ်နေတယ်။ပွင့်သွားတဲ့တံခါးကနေ အခန်းထဲကို လင်းရိပ်ဖျတ်ခနဲ လှမ်းဝင်လိုက်တယ်။ခေါင်းကိုမော့ ရင်ကိုကော့ပြီး မျက်နှာအနေအထားရော ခန္ဓာကိုယ်ကိုပါ စွဲလမ်းတပ်မက်သွားစေအောင် ပြင်ဆင်ပြီး အခန်းထဲကို လင်းရိပ်၀င်လိုက်ချိန်မှာ မြင်ရလိုက်ရတဲ့မြင်ကွင်းကြောင့် ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။ လင်းရိပ် အများဆုံးကြုံဖူးတာက ခပ်မှိန်မှိန် မီးအလင်းရောင်ရယ်၊မျက်နာရဲ့အရေးအကြောင်းတွေကို မိတ်ကပ်ထူလပျစ်တွေနဲ့ဖုံးထားတတ်တဲ့ ဆေးဆိုးပန်းရိုက်မျက်နာတွေရယ်၊ည ဝတ်ဂါ၀န်ရှည်ခပ်ပါးပါးကို ဝတ်ဆင်ထားတဲ့သူတွေကိုပဲ မြင်ဖူးခဲ့တာ။ အခုတော့ သူ့ရှေ့တည့်တည့်မှာရပ်နေတဲ့ အမျိုးသမီးရဲ့ပုံစံကိုကြည့်ပြီး ကြောင်တက်တက် နဲ့ ကြည့်နေမိတယ်။တစ်ခန်းလုံးထိန်ထိန်လင်းနေတဲ့ မီးရောင် အောက်မှာ အနက်ရောင်ရှပ်လက်ရှည်နဲ့ အနက်ကွက် ဒူးဖုံး ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့သူမ။လှိုင်းတွန့်ဆံပင်ကောက်ကောက်တွေကို ဖားလျားချထားပြီး မျက်နှာက ပြောင်သလင်းခါနေတဲ့ သူမပုံစံက နည်းနည်းတော့ဖိုသီဖက် သိနိုင်လှတယ်။ပိုပြီးထူးဆန်းတာက သူမရဲ့ အသက်အရွယ်ပဲ။အသက်က သုံးဆယ်ကျော်ပုံမရသေးဘူး။ပြီးတော့ ဒီလို မပြင်မဆင်ပုံစံနဲ့တောင် ကြည့်ပျော် ရှုပျော်ရှိတဲ့ပုံထွက်နေတယ်လေ။အရပ်က ငါးပေကျော်တယ် ဆုံရုံလောက်ပဲရှိမယ်ထင်ရတယ်။ကိုယ်ခန္ဓာက ပုရိသတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ကိုယ်လုံးမျိုး မဟုတ်ပေမဲ့ ပိန်ခြောက် ပြားကပ်နေတာမျိုး ၊ အဆီပိတ်ပြီး ၀ဖီးနေတာမျိုးလည်းမဟုတ်ပြန်ဘူး။ ဒီအသက်အရွယ် ဒီလိုပုံစံနဲ့မိန်းမမျိုးက သူလိုလူကို ခေါ်စရာ အကြောင်း မရှိတာတော့ သေချာတယ်။ လင်းရိပ် သူမကို သေသေချာချာကြည့်နေမိပြီး အိမ်များမှားတာလား ။ဒါမှမဟုတ် သူမက ကြားပွဲစားများလားလို့ တွေးလိုက်မိတယ်။သူမကလည်း ဘာတစ်ခွန်းမှမပြောဘဲ ခပ်စူးစူး ပြန်ကြည့်နေတာမို့ လန့်လာမိပြီး လက်ထဲက ဖုန်းကို ဖွင့်ပြီး ခေါ်ကြည့်လိုက်မိတယ်။
"...ဘယ်လိုဖြေရမလဲ....ပေါ့ပါးခြင်းနဲ့ ဘ၀...ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့..ခရီးသည်တစ်ဦးရဲ့ ညနေ့များ ...."
သာယာချိုမြတဲ့ ဂီတသံနဲ့အတူ သီချင်းသံက အခန်းထဲမှာ ထွက်ပေါ်လာတယ်။သူမက ခပ်တည်တည်ပဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နားမှာ ကပ်လိုက်တယ်။
"ဘာရပ်လုပ်နေတာလဲ...ထိုင်လေ"
တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တဲ့ သူ့မရဲ့ အသံကို နားထောင်ပြီး လင်းရိပ်ခပ်ကြောင်ကြောင်နဲ့ "ဟုတ်ကဲ့ "လို့ ပြန်ဖြေလိုက်ပြီး ခေါင်းကို ငြိမ့်ပြလိုက်မိတယ်။
" ကော်ဖီအပူသောက်မလား...အအေးသောက်မလား "
" ဟုတ်ကဲ့ ...ကျွန်တော်မသောက်တော့ပါဘူး..."
နှစ်ယောက်သားမျက်နှာချင်းဆိုင်အနေအထားနဲ့ ဖုန်းပြောနေကြတာ ကြောင်တောင်တောင်တော့နိုင်လှတယ်။ လက်ထဲက ဖုန်းကို ချပြီး လင်းရိပ်ခန္ဓာကိုယ်ကို မတ်နေအောင်ပြင် ထိုင်လိုက်တယ်။ မသိရင် ကိုယ့်ပုံစံက ခုမှ အစပျိုးတဲ့ ခပ်တုံးတုံးဘဲတစ်ပွေလို ဖြစ်နေပြီ။တကယ့်ကို ထိတ်ထိတ်ကြဲ မိန်းမတွေရှေ့မှာတောင် အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်ခဲ့တာ ဒီပုတုတု အမျိုးသမီးရှေ့မှာ ရုပ်ပျက်နေတဲ့အဖြစ်ကို စိတ်ထဲက နေမကျေမနပ်ဖြစ်သွားမိပြီး နားမှာ ကပ်ထားတဲ့ ဖုန်းကို ချလိုက်တယ်။သူမကလည်း လက်ထဲက ဖုန်းကို ချပြီး သူ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ အသံခပ်အေးအေးနဲ့ လှမ်းပြောတယ်။
"မသောက်လို့တော့ မရဘူး...သောက်ရမယ်...မသောက်ရင် စောစောစီးစီးအိပ်ပျော်သွားမှာပေါ့...ရှင်ဒီညအိပ်သွားလို့မရဘူး..."
" ဗျာ" လို့ ယောင်ယမ်းပြီးထွက်သွားတဲ့ ကိုယ့်ကိုယ်ကို လင်းရိပ်စိတ်တိုလာမိပြီ။ ဒီလိုနေရာ ဒီလိုအနေအထားမှာ ဒီစကားက ဘာမှ မထူးဆန်းဘူး။ ဒီထက်ပိုတဲ့ စကားတွေတောင် ကြားခဲ့ဖူးတဲ့ကောင်က ဒီစကားတစ်ခွန်းအတွက် ကယောင်ချောက်ချား ဖြစ်နေစရာအကြောင်းမရှိဘူးလေ။
" သောက်မယ်လေ... အပူပဲသောက်တော့မယ် "
ခဏတာပျောက်ဆုံးသွားတဲ့ ကိုယ့်ပုံစံကို ပြန်ရှာဖွေလိုက်ပြီး လင်းရိပ် ညှို့သံအပြည့်နဲ့ ပြောလိုက်တယ်။ လင်းရိပ်ဆိုတဲ့ကောင်က ဘယ်လိုအရာမျိုးကိုမှ ထူးပြီး တုန်လှုပ်တတ် တဲ့ ကောင်မဟုတ်တော့ဘူး။ လောကဓံကို အံတုရင်ဆိုင်နိုင်ဖို့အတွက် ဟိုအရင်က ရိုးရိုးအေးအေးနေတတ်တဲ့ လင်းရိပ် ဆိုတဲ့ လူရိုးလေး အဖြစ်က ပျောက်ဆုံးခဲ့တာကြာခဲ့ပြီလေ။
"သောက်မယ်ဆိုရင် ဟိုမှာ မီးဖိုခန်း တွေ့လား...အဲ့ဒီမှာ သွားဖျော်သောက်လိုက်...ရေခဲသေတ္တာထဲမှာ မုန့်တွေရှိတယ် ရှင်ကြိုက်တာယူစားလို့ရတယ်နော်...ဪ ကျွန်မအတွက်ပါ ကော်ဖီတစ်ခွက်လောက် ဖျော်ခဲ့ပေးအုံး"
" လိုက်မှာပေါ့ ...နောက်တစ်ခါပြန်ဆုံရင် ... ပိုးဖြူလက်ကို ဘယ်တော့မှမလွှတ်တော့ဘူးလို့ ကျွန်တော်ပြောခဲ့တယ်လေ .. ခုချိန်ကစပြီး အိုမင်းသွားတဲ့နောက်ဆုံးနေ့အထိ... ပိုးဖြူရဲ့ လက်ကိုမလွှတ်ပေးတော့ဘူး "
မိုးထက်က ပိုးဖြူ၏လက်ဖဝါးလေးကို သူ့လက်နှင့်ခပ်တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။
@@@@@@@@@@@@@@@@@@@@@@@@@
~ ~ ~ ~ ပြီးပါပြီ ~~~~
အစမှ အဆုံးတိုင်ဖတ်ရှုပေးကြသော စာချစ်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
...မပိုးဖြူကို ကယ်တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြန့်သူကိုတော့ စာဖတ်သူများ စိတ်ကြိုက် သက်မှတ်နိုင်ကြပါသည်။
#ဧကြည်ဖြူ
*ဇာတ်လမ်းအသစ်တွေကိုလဲ အားပေးကြပါအုံးရှင် *
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
မပိုးဖြူ၏ တအံ့တဩရေရွတ်သံလေးဆုံးသည်နှင့် မပိုးဖြူ၏အနားသို့မိုးထက်ရောက်ရှိလာခဲ့လေသည်။
"ပိုး....ပိုးဖြူ ."
"ဟုတ်...ဟုတ်ကဲ့ .....ကိုမိုးထက် ခရီးထွက်လာတာလားဟင် "
မပိုးဖြူ အယောင်ယောင် အမှားမှားနှင့် ပြန်မေးလိုက်မိသည်။
"ဟုတ်တယ် ....ကိုယ့်ဝန်ထမ်းတွေနဲ့ ခရီးထွက်လာတာလေ "
နှစ်ယောက်သား နှုတ်ဆက်စကားပြောလိုက်ကြပြီးနောက် တစ်ယောက်မျက်နှာကိုတစ်ယောက်ငေးကြည့်ကာ နှုတ်ဆိတ်နေမိကြလေသည်။
အတန်ကြာသောအခါမှ နှစ်ဦးသားကြားမှတိတ်ဆိတ်မှုကို မိုးထက်က စတင်ဖြိုခွဲလိုက်လေသည်။
''ကျွန်တော်တို့ ပြန်ဆုံကြပြီနော် ပိုးဖြူ "
~~~~~
ဆိုင်မှ၀န်ထမ်းကောင်မလေးများနှင့်အဖွဲ့ကျနေကြသော မိုးထက်၏ဝန်ထမ်းများကို မပိုးဖြူ တအံ့တသြဖြင့် လိုက်ကြည့်နေမိလေသည်။အားလုံးအရွယ်စုံ ယောကျာ်း၊မိန်းမ ၊ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်ဖြင့် မိုးထက်၏ဝန်ထမ်းများမှာ အရွယ်စုံရှိလေသည်။သူပြောပုံအရ မန္တလေးဆိုင်ခွဲမှ၀န်ထမ်းများပါ ပါသည်တဲ့လေ။မန်နေဂျာမှစသန့်ရှင်းရေးဝန်ထမ်းများပါ လိုက်ပါလာသောခရီးဖြစ်၍ လူစုံအရွယ်စုံပါနေသည်မှာ မထူးဆန်းသော်လည်း ထူးဆန်းနေသည်မှာ သူတို့အားလုံး၏ အဝတ်အစားများဖြစ်လေသည်။
"ပိုးဖြူ "
မိုးထက်က မပိုးဖြူဘေးတွင်ထိုင်လိုက်ပြီး ခပ်တိုးတိုးခေါ် လိုက်သည်။မပိုးဖြူက မိုးထက် မျက်နှာကို မော့ကြည့်လိုက်ပြီး
'' ကိုမိုးထက်က ၀န်ထမ်းတွေကိုသိပ်ဂရုစိုက်တာပဲနော် ... ဝန်ထမ်းတွေအတွက် တစ်လကိုသိန်း (၂၀) ကျော်ဖိုးလောက် အဝတ်အစားတွေအမြဲဝယ်ပေးနေတာပေါ့လေ ဟုတ်လား ..''
"ဗျာ "
ဖြုန်းခနဲ့မို မပိုးဖြူပြောသောစကား၏အဓိပ္ပါယ်ကို မိုးထက်နားမလည်နိုင်ဘဲဖြစ်နေရာမှ သူ၏ ဝန်ထမ်းလေးများ ဝတ်ဆင်လာကြသောအဝတ်အစားများကိုကြည့်ပြီးသဘောပေါက်သွားရလေသည်။
မပိုးဖြူပြောသည်ကိုသဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် မိုးထက်ကသူ့၏ခေါင်းထက်မှဆံပင်များကို လက်တစ်ဖက်ဖြင့်ပွတ်လိုက်ပြီး မဝံ့မရဲလေသံဖြင့် မပိုးဖြူကို တောင်းပန်လိုက်လေသည်။
"ဟို ... ဟို ... စိတ် .. စိတ်မဆိုးပါနဲ့နော် ပိုးဖြူ ... ကျွန် ... ကျွန်တာ် တောင်းပန်ပါတယ်"
သူမမျက်နှာကို စောင်းငဲ့ကြည့်ကာ တောင်းပန်စကားပြောနေသော မိုးထက်၏မျက်နှာကို မပိုးဖြူပြန်ငဲ့ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ပြီးနောက် နှစ်ဦးသား ကြားရုံလေသံမျှနှင့်မပိုးဖြူမေးလိုက်သည်။
"ဆိုင်ရှေ့ကိုရော လာသေးလား ...."
"အင်း "
မပိုးဖြူ၏အမေးကို မိုးထက်အင်းလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
" ပြီးတော့ ...ပိုးဖြူအပြင်သွားရင်ရော နောက်ကလျှောက်လိုက်သေးလား "
"အင်း .. အမြဲတော့မဟုတ်ပါဘူးကွာ "
" ဒါဆို အခုလာဆုံတာကရော ....တိုက်ဆိုင်တာမှဟုတ်ရဲ့လား "
"ဟာ .... ဒါကတော့ တကယ်တိုက်ဆိုင်တာပါ ပိုးဖြူရယ် ..တ ကယ်ပါ .. ဒီခရီးစဉ်ကို ကျွန်တော် စီစဉ်တာမဟုတ်ပါဘူး ..၀န်ထမ်းလေးတွေစီစဉ်တာပါ.....မယုံရင် သူတို့ကို သွားမေးကြည့်လို့ရပါတယ် ပိုးဖြူရယ်.... "
ပျာပျာသလဲနှင့် ငြင်းဆိုနေသော မိုးထက်ကိုကြည့်ပြီး မပိုးဖြူခေါင်းကိုငုံ့လိုက်ကာ မိုးထက်မမြင်အောင်ကြည်ကြည်နူးနူးပြုံးလိုက် မိသည်။
"ပိုးဖြူ ... စိတ်မဆိုးပါနဲ့နော် .. ကျွန်တော်လေ ပိုးဖြူဆိုင်နားကို လာတာ ..ပိုးဖြူသွားတဲ့နောက်ကို လိုက်မိတာက.... ပိုးဖြူကိုလွမ်းလွန်းလို့ပါကွာ ....ဒီခရီးကတော့ ကျွန်တော်ကြံစည်ထားတာမဟုတ်ပါဘူး "
မျက်နှာပျက်ပျက်နှင့် ပြောနေသောမိုးထက်ကိုကြည့်ပြီး မပိုးဖြူကထပ်မေးလိုက်သည်။
" ကိုမိုးထက်တို့ ...ညနေကျရင်ဘယ်သွားအုံးမှာလဲဟင် "
" ညနေ မန္တလေးတောင်သွားဖို့ စီစဉ်ထားတယ်တဲ့ "
" ဟုတ်လား ..ပိုးဖြူတို့လဲသွားမှာ လေ "
မိုးထက်၏အဖြေစကားကို မပိုးဖြူအပြုံးလေးနှင့်ပြန်ပြောလိုက်သည်။
မပိုးဖြူ၏စကားကြောင့် မိုးထက်မှာ ထခုန်လုမိမတတ်ဝမ်းသာပျော်ရွှင်သွားမိပြီးလျှင် မပိုးဖြူကို ကြည့်ကာ မဝံ့မရဲဖြင့် မေးလိုက်မိသည်။
"ဟို ..ဟို ... ကျွန်တော်တို့တူတူသွားကြမလားဟင် "
မိုးထက်၏အမေးကို မပိုးဖြူကမဖြေဘဲ ခေါင်းကိုငုံ့ကာပြုံးနေလိုက်သည်။
မိုးထက်ကလည်း မပိုးဖြူ၏ မျက်နှာလေးကို ပြုံး၍ငေးကြည့်နေမိသည်။မပိုးဖြူကမော့ အကြည့်တွင် နှစ်ဦးသားအကြည့်ချင်းဆုံမိကြလေသည်။ထိုအချိန်တွင် အင်းရေပြင်မှဖြတ်တိုက်လာသော လေနုအေးသည်နှစ်ဦးသားကြားသို့ တိုးဝှေ့ကျီစယ်သွားလေသည်။
~~~~~
အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ တစ်စစဝင်ရောက်ပျောက်ကွယ်သွားသော ပုစွန်ဆီရောင်နေလုံးကြီးကို မိုးထက်နှင့်မပိုးဖြူတို့ ငေးကြည့်နေမိကြသည်။
"ဒီလိုနေ၀င်ဆည်းဆာချိန်နဲ့ နံနက် ခင်းဆည်းဆာချိန်တွေကို.... ကျွန်တော်တို့နှစ်ယောက် အမြဲတူတူကြည့်နေခွင့်ရရင်ကောင်းမယ် ."
မိုးထက်က မပိုးဖြူမျက်နှာလေးကို ငေးကြည့်ပြီးပြောလိုက်သည်။
"အင်းနော် "
မပိုးဖြူ၏ ခပ်တိုးတိုးတုံ့ပြန်စကားကြောင့် မိုးထက်မပိုးဖြူနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး
"ကျွန်တော်တို့ ရန်ကုန်ကိုတူတူပြန်ကြမလားပိုးဖြူ "
"ပိုးဖြူကအတူတူမပြန်ဘူးလို့ ပြောရင်ရော ... ကိုမိုးထက်ကမလိုက်ဘူးလား "
