803
المشتركون
+424 ساعات
+167 أيام
+4630 أيام
جاري تحميل البيانات...
القنوات المماثلة
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
ديسمبر '24
ديسمبر '24
+60
في 0 قنوات
نوفمبر '24
+65
في 0 قنوات
Get PRO
أكتوبر '24
+66
في 0 قنوات
Get PRO
سبتمبر '24
+106
في 0 قنوات
Get PRO
أغسطس '24
+790
في 0 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 21 ديسمبر | +2 | |||
| 20 ديسمبر | 0 | |||
| 19 ديسمبر | +8 | |||
| 18 ديسمبر | +1 | |||
| 17 ديسمبر | +3 | |||
| 16 ديسمبر | +4 | |||
| 15 ديسمبر | +1 | |||
| 14 ديسمبر | +5 | |||
| 13 ديسمبر | +1 | |||
| 12 ديسمبر | +8 | |||
| 11 ديسمبر | +3 | |||
| 10 ديسمبر | +3 | |||
| 09 ديسمبر | +2 | |||
| 08 ديسمبر | +4 | |||
| 07 ديسمبر | +2 | |||
| 06 ديسمبر | +6 | |||
| 05 ديسمبر | 0 | |||
| 04 ديسمبر | +2 | |||
| 03 ديسمبر | +4 | |||
| 02 ديسمبر | +1 | |||
| 01 ديسمبر | 0 |
منشورات القناة
" အင်း...ဟုတ်သားပဲ..အဘွားကြားသွားလို့ မောင်တို့ကိုစိတ်ကောက်နေအုံးမယ်...လာကွာ..အဘွားမကြားအောင် ..မောင်တို့အခန်းမှာပဲသွားပြောကြရအာင်နော် "
============================
*ပြီးပါပြီ ***
အပိုင်း(၄ဝ)
၄၀
https://www.facebook.com/100067151540690/posts/730680599180318/
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
သတ်ပုံအမှားများ/စာသား အလွဲများကို သည်းခံခွင့်လွှတ်ပေးကြ ပါရှင်
| 2 | ~~~~~~~~~~
မြူတွေခြုံလွှမ်းထားသလိုဖြစ်နေတဲ့ မှုန်မှိုင်းမှိုင်းလွင်ပြင်ကျယ်ကြီးထဲမှာသစ်ခက်ရပ်နေမိတယ်။သူမနဲ့မလှမ်းမကမ်းမှာ အမျိုးသမီးတစ်ယောက်ရပ်ကာသူမကိုလှမ်းကြည့်နေခဲ့တယ်။အမျိုးသမီးကိုကြည့်ပြီး သစ်ခက်ရဲ့ရင်ထဲမှာတလှိုက်လှိုက်နဲ့ဝမ်းနည်းလာမိတယ်။
" အ...အမေ "
သစ်ခက်နှုတ်ကနေ တမ်းတမ်းတတနဲ့ခေါ်လိုက်မိတယ်။ဒီအခါ အမေနဲ့အတူရပ်နေတဲ့ဖြူလွလွပုံရိပ်တစ်ခုကိုလဲမြင်လိုက်ရတယ်။နှစ်ယောက်သားက သူမကိုလက်ပြနေခဲ့ကြတာဖြစ်တယ်။
" အမေပန်းမြိုင်...အမေ "
သစ်ခက်အားပါးတရအော်ခေါ်ရင်းနဲပြေးလိုက်သွားမိတယ်။
" အမေ..အမေပန်းမြိုင် "
" မမ..မမအိပ်မက်မက်နေတာလား "
လက်မောင်းကိုဆုပ်ကိုင်ကာ စိုးရိမ်တကြီးခေါ်လိုက်တဲ့ဘုန်းသိင်္ခရဲ့အသံကြောင့် သစ်ခက်မျက်လုံးတွေကိုဖျတ်ခနဲဖွင့်ကြည့်လိုက်မိတယ်။
" ကို..ကိုဘုန်း..သစ်ခက်လေ..အမေနဲ့အမေပန်းမြိုင်ကိုအိပ်မက်မက်တယ်...အမေတို့က သစ်ခက်ကိုလက်ပြနှုတ်ဆက်နေကြတယ် ကိုဘုန်းရဲ့..အဟင့် ..ဟင့် "
ပြောရင်းမှသစ်ခက်ဝမ်းနည်းစိတ်ကြောင့် ငိုချလိုက်မိတယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲဆွဲသွင်းကာထွေးဖက်လိုက်ပြီး
" မောင်လဲ အဲ့ဒီလိုအိပ်မက်ပဲမက်နေတာမမ...အမေနဲ့အမေအေးပုံတို့... .. မကျွတ်မလွတ်ဖြစ်နေတဲ့ဘဝကနေ ကောင်းရာဘုံဘဝကိုရောက်ရှိသွားကြပြီထင်ပါတယ်...မငိုပါနဲ့မမရယ်..အမေတို့အတွက် မောင်တို့တွေဆုတောင်းပေးကြတာပေါ့ "
ချစ်သူကိုနှစ်သိမ့်လိုက်ပေမဲ့ဘုန်းသိင်္ခကိုယ်တိုင်လဲ ရင်ထဲမှာဝမ်းနည်းလာမိကာ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့ရတယ်။
~~~~~~~~~~~
"မမကလဲ ...မောင်ပြောရင်နားမထောင်ဘူးကွာ....အဲ့ဒီသင်တန်းဆရာဆီမှာစာမသင်ရဘူး...မောင်စိတ်မချဘူး..."
" အို...မောင်လဲ ...အနေအထိုင်ဆင်ခြင်နော် ...ဧည့်သည်တွေထဲမှာကောင်မလေးတွေပါလာရင် ..လိုက်ကြည့်မနေနဲ့ ...ပြီးတော့ အခုဆရာကလဲ အဘွားခေါ်ပေးထားတာ... ... "
ဘွားအေကြီးကိုရှေ့မှာထားပြီး စကားများနေကြတဲ့ ဘုန်းသိင်္ခနဲ့သစ်ခက်ကိုကြည့်ပြီး ဘွားကြေးဥစိတ်မရှည်ချင်တော့
" ရန်ဖြစ်ကြပြန်ပြီးလား...နှစ်ယောက်လုံးကလေးတွေကျနေတာပဲ ...ကဲ..ပြောကြစမ်း ...အထွန်းကဘာတွေလုပ်နေတာလဲ ..မလိမ္မာဘူးလား...အသစ်တွေ့နေတာလား ...သစ်ခက်ကရောသင်တန်းဆရာနဲ့ရှုပ်နေတာလား...ဘွားအေကြီးကတော့ ..ကိုယ့်မြေးမလေးကိုအင်္ဂလိပ်စကားကေင်းကောင်းပြောတတ်ရင် ...ဘွားအေရဲ့တည်ခိုခန်းတွေကိုဦးစီးခိုင်းရအောင် စာသင်ခိုင်ထားတာလေ..အခု...ဘာတွေဖြစ်နေကြတာလဲ ...နှစ်ယောက်အဆင်မပြေကြဘူးလား ...ဘာလဲ...လမ်းခွဲကြမလား "
ဘွားကြေးဥရဲ့စကားကြောင့် နှစ်ယောက်လုံးမျက်လုံးပြူသွားကြပြီး တစ်ယောက်နားကိုတစ်ယောက်ပြေးကပ်လိုက်ကြကာ
" အဘွားကလဲ မဟုတ်ပါဘူးး...မမကလဲ ကျွန်တော့်ကိုပဲချစ်တာပါ...ကျွန်တော့်ကသဝန်တိုလို့ပြောမိတာပါ...ကျွန်တော်တို့ ဘယ်တော့မှလမ်းမခွဲပါဘူး "
" ဟို..ဟို ..မောင်ကဘယ်သူနဲ့မှမရှုပ်ပါဘူးအဘွားရယ်...သစ်ခက်ကမောင့်နောက်ကို ...တစ်နေကုန်လျှောက်မလိုက်ရလို့ သဝန်တိုပြီးပြောမိတာပါ...မောင်ကသစ်ခက်ကိုပဲချစ်တာပါ အဘွားရဲ့ "
ဘုန်းသိင်္ခနဲ့သစ်ခက်တို့ဆီက ပြိုင်တူထွက်လာတဲ့စကားသံတွေကြောင့် ဘွားကြေးဥပြုံးလိုက်မိပြိး
" သွားကြ..သွားကြအရှုပ်လေးတွေ... ကိုယ့်အခန်းကိုယ်ပြန်ကြ ....တကတည်းမပြောလိုက်ချင်ဘူး ...သူတို့ပဲပိုကိုပိုလွန်းတယ် "
ဘွားကြေးဥက နှစ်ယောက်သားကိုနှင်လွှတ်လိုက်ပြီး သူ့ရဲ့သူနာပြုဆရာမလေးကိုလှမ်းခေါ်လိုက်တယ်။
~~~~~~
ဘုန်းသိင်္ခနဲ့သစ်ခက်လဲ ဘွားအေဖြစ်သူအခန်းထဲကနေ မချိုမချဉ်မျက်နှာတွေနဲ့ထွက်ခဲ့ကြတယ်။
" မောင်ကလဲလေ..အဘွားစိတ်ဆိုးသွားပြီလားမသိဘူး...သစ်ခက်ကလဲ စာမသင်ချင်ပါဘူးနော်...တစ်နေကုန်မောင့်နောက်ပဲလျှောက်လိုက်ချင်နေတာပါ..စာတတ်မှမျက်နှာမငယ်ဘဲ မောင့်နောက်ကိုလိုက်နိုင်မှာလို့ အဘွားကပြောထားလို့ စာသင်နေရတာပါ...မောင်ကလွဲရင်...ဘယ်သူ့ကိုမှစိတ်မဝင်စားပါဘူးနော် "
သစ်ခက်ကဘုန်းသိင်္ခရဲ့လက်မောင့်ကိုဖက်တွယ်ပြီးပြောလိုက်တယ်။
" မောင်ကလဲ ...မောင်သွားတဲ့နေရာတိုင်းကို မမကိုခေါ်သွားမလို့ဟာကို ...မေးလိုက်တိုင်းစာသင်နေတယ်ပဲပြောနေလို့ ...သဝန်တိုပြီးပြောမိတာပါကွာ..မိန်ကလေးတွေဘယ်လောက်များများ ...မောင့်ရဲ့အချစ်ဦးကမမပဲဖြစ်ပြီးအချစ်ဆုံးကလဲမမပါပဲဗျာ...ခုတော့မောင်တို့မှာ မခွဲနိုင်လို့ လက်ထပ်ထားကြပါတယ်ဆိုမှ ..နှစ်ယောက်သား ညဘက်ရောက်မှတွေ့ရတယ်....မဟုတ်သေးပါဘူးကွာ....ကိုယ့်မိန်းမ ကိုယ့်ပြန်ခိုးပြေးရမလိုဖြစ်နေပြီ ....ဒီကိစ္စကို အဖေသိန်းနဲ့တိုင်ပင်အုံးမှပါ မဖြစ်သေးပါဘူး "
" မောင်နော် ...ပေါက်တက်ကရတွေ မပြောနဲ့ ...အဘွားကြားသွားအုံးမယ် "
သစ်ခက်က ဘွားကြေးဥရဲ့အခန်းကိုလှည့်ကြည့်ပြီး မျက်လုံးလေးပြူးကာ အသံတိုးတိုးနဲ့ပြောလိုက်တယ်။သစ်ခက်ရဲ့အသည်းယားစရာချစ်စရာအမူအရောကိုကြည့်ပြီး သစ်ခက်ရဲ့ကိုယ်လုံးလေးကို ဘုန်းသိင်္ခစွေ့ခနဲ့ပွေ့ချိလိုက်ပြီး နားနားကိုတိုးတိုးလေးကပ်ပြောလိုက်တယ်။ | 699 |
| 3 | ယုံကြည့်မှုတစ်ခုနဲ့မဝံ့မရဲပတ်သက်ခဲ့မိတာကလွဲလို့် နှလုံးသားက လှုပ်ရှားခုန်လှုပ်ခြင်းမရှိခဲ့။နီးစပ်မှုရှိခဲ့ကြတာချင်းအတူတူ ဘုန်းသိင်္ခနဲ့ဆုံရချိန်တိုင်းမှာ နှလုံးသားကလှုပ်ရှားခုန်လှုပ်ခဲ့မြဲ။သူမအနေနဲ့ရန်ကုန်သွားဖို့စီစဉ်နေတယ်ဆိုပေမဲ့ ဝေးရတော့မှာကိုတွေ့ပြီး ညတိုင်းငိုခဲ့ရတဲ့ ရက်တွေကလဲ မနည်းလှ။ဒီလိုမျိုးသူမဘက်ကစိတ်လှုပ်ရှားနေခဲ့ရပေမဲ့ ဘုန်းသိင်္ခဘက်က သူမအပေါ်အစ်မတစ်ယောက်လိုသဘောထားခဲ့တယ်လို့ပဲထင်ခဲ့မိလို့ ဝမ်းနည်းခဲ့ရတယ်။ အားငယ်ခဲ့ရတယ်။အခန်းထဲမှာ သူမအတော်ကြာရပ်နေခဲ့မိပြီးမှ အခန်းထဲကပြေးထွက်ခဲ့ပြီး ဘုန်းသိင်္ခနောက်ကိုပြေးလိုက်ခဲ့မိတယ်။
~~~~~~~~~~~
" ကိုဘုန်း...ကိုဘုန်း ..ခဏနေပါအုံး "
ဘွားကြေးဥရဲ့ တိုက်ထဲကို ဝင်သွားဖို့ခြေလှမ်းပြင်နေတဲ့ဘုန်းသိင်္ခကို သစ်ခက်အလောတကြီးလှမ်းခေါ်လိုက်မိတယ်။
သစ်ခက်ရဲ့ခေါ်သံကြောင့်ဘုန်းသိင်္ခနောက်ကိုလှည့်ကြည့်လိုက်ပြီး သစ်ခက်ရှိရာကိုပြန်လျှောက်သွားလိုက်တယ်။
" ဘာလို့လဲမမ....ကျွန်တော့်အချစ်ကိုလက်ခံလိုက်ပြီးလားဟင် "
သစ်ခက်ရဲ့လက်ကိုဆွဲယူလိုက်ပြီး ဘုန်းသိင်္ခဝမ်းသာအားရနဲ့မေးလိုက်တယ်။
" မ...မဟုတ်ဘူးလေ...ဟို...ကိုဘုန်းထွက်သွားတော့မယ်လို့ပြောရင် ...အဘွားစိတ်ဆင်းရဲမှာပေါ့ ..ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ...သားအတွက်လဲ အဘွားမှာခံစားနေရတယ်လေ "
" ဪ...ဒါဆို အဘွားစိတ်ဆင်းရဲမှားစိုးလို့ မပြောနဲ့လို့ပြောတာပေါ့ ဟုတ်လား..မမကတော့ ဘာမှမဖြစ်ဘူးပေါ့..မမပဲထွက်သွားသွား.....ကျွန်တော်ပဲထွက်သွားသွား...ဘာမှမခံစားရဘူးပေါ့လေ..ရပါတယ်မမ...မမကဒီလိုဖြစ်စေချင်မှတော့ ...ကျွန်တော်ဘယ်မှမသွားတော့ပါဘူး...မမရန်ကုန်သွားရင် ...အဆင်ပြေအောင်ကူညီလိုက်ဖို့ပဲ အဘွားကိုပြောပေးပါ့မယ်,.,လာလေ ....အဘွားဆီမှာအကူအညီလိုက်တောင်းပေးမယ် "
" ဟင်...မ...မဟုတ်...မဟုတ်ဘူးလေ "
နားလည်မှုလွဲသွားပြီး သူပြောချင်ရာကိုပြောကာ သူမလက်ကိုဆွဲပြီး ဘွားကြေးဥရဲ့တိုက်ထဲကိုဆွဲခေါ်သွားတဲ့ ဘုန်းသိင်္ခရဲ့နောက်ကနေ သစ်ခက်ကန့်လန့်ကန့်လန့်နဲ့လိုက်ပါလာခဲ့ရတယ်။သူမကသူ့နောက်ကိုပြေးလိုက်လာရတဲ့အကြောင်းအရင်းမှန်ကို ရှင်းပြဖို့ကလဲမရဲ။သူကလဲ ခုမှပဲထူသွားထုံသွားပြီး သူမရဲ့အမူအရာကိုတောင် အဓိပ္ပါယ်မပေါက်နိုင်ဖြစ်နေတာ။
သူမတို့နှစ်ယောက် ဘွားကြေးဥရဲ့တိုက်ထဲကိုရောက်တော့ တိုက်ထဲမှာဘွားကြေးဥနဲ့ဘွားလေးစောမြိုင်အပြင် ဘုန်သိင်္ခရဲ့မွေးစားအဖေဖြစ်တဲ့ ဦးစံသိန်းကိုပါတွေ့လိုက်ရတယ်။ဘုန်းသိင်္ခက သူမရဲ့လက်ကိုဆွဲပြီး လူကြီးတွေထိုင်နေရာဆီကို တည့်တည့်မတ်မတ်လျှောက်သွားလိုက်တယ်။
" အဖေသိန်းလဲရောက်နေတာလား ...ဘွားလေးလဲမပြန်သေးဘူးဆိုတော့ အတော်ပါပဲ...လူစုံတုန်း ... မမအကြောင်းကိုပြောမလို့်ပါ "
" ဘာများလဲမြေးလေးရဲ့...သမီးသစ်ခက် ရန်ကုန်သွားမဲ့ကိစ္စလား ...မောင်စံသိန်အသိတွေလဲ ရန်ကုန်မှာရှိတယ်ဆိုလို့် ...အဘွားကအိမ်ဈေးစုံစမ်းခိုင်းနေတာ...သမီးသစ်ခက်ကို တိုက်ခန်းလေးတစ်ခန်းလောက်ဝယ်ပေးမလားလို့လေ...တိုက်ခန်းတော့ လက်ခံရမယ်နော်သမီး "
ဘွားကြေးဥကသစ်ခက်ကိုလှမ်းပြောလိုက်တယ်။သစ်ခက်မှာ ဘွားကြေးဥကိုမဝံ့မရဲနဲ့လှမ်းကြည့်လိုက်မိသလို ဘုန်းသိင်္ခကိုလဲမော့ကြည့်လိုက်မိတယ်။ဘုန်းသိင်္ခက သစ်ခက်ကိုတစ်ချက်ကြည့်လိုက်ပြီးမှ ဘွားအေဖြစ်သူကိုကြည့်လိုက်ပြီး
" မမကို ...ရန်ကုန်မှာတိုက်ခန်းဝယ်ပေးဖို့ဟုတ်လား...မဝယ်ပေးရပါဘူးဗျာ..ကျွန်တော်ခွင့်မပြုပါဘူး....အဘွားတို့ အားလုံးကိုကျွန်တော်ပြောပါရစေ...ကျွန်တော် မမကိုလက်ထပ်ချင်တယ်...မမနဲ့လက်ထပ်ပေးပါ..."
ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက်မှာမျက်လုံးပြူးသွားရသလို လူကြီးတွေလဲပါးစပ်အဟောင်းသားနဲ့ဖြစ်ကုန်ကြတယ်။
" ကျွန်တော်မမကိုချစ်တယ်..မမနဲ့လက်ထပ်ချင်တယ်...လက်ထပ်ပေးပါအဘွား "
မြေးဖြစ်သူရဲ့စကားကြောင့် ဘွားကြေးဥတွေဝေသွားမိတယ်။ကိုယ့်မြေးလေးကို အကောင်းဆုံးအတော်ဆုံးအမျိုးသမီးလေးနဲ့ဖူးစာဆုံစေချင်ပေမဲ့လဲ သူ့ရင်ထဲကနှလုံးသားက ဒီကလေးမလေးကိုမှ ချစ်နေတယ်ဆိုတော့လဲ သဘောတူပေးဖို့ပဲဆုံးဖြတ်လိုက်ရတော့တယ်။
" အင်းပါကွယ် ...မြေးလေးတို့သဘောပါ....သစ်ခက်လေးကလဲအဘွားရဲ့မြေးလေးပဲဟာ ...အဘွားသဘောတူပါတယ်ကွယ်..အစောနဲ့မောင်စံသိန်ကလဲ သဘောထူလက်ခံပေးပါကွယ် "
" ကျွန်မသဘောတူပါတယ် မမကြီးရယ် ... သစ်ခက်လေးကလဲ သူစိမ်းမှမဟုတ်တာပဲလေ "
" ဟုတ်ကဲ့ပါ မေမေကြီး ..ကျွန်တော်ကတော့ သားလေးရဲ့သဘောပါပဲ...သားစိတ်ချမ်းသာဖို့ပဲအရေးကြိးပါတယ် "
အဘွားနှစ်ယောက်နဲ့ မွေးစားဖခင်ကြီးဦးစံသိန်းရဲ့စကားကြောင့် ဘုန်းသိင်္ခနဲ့သစ်ခက်ဝမ်းသာပျော်ရွှင်သွားမိကြတယ်။
" သစ်ခက်မြေးလေး..အဘွားဆီကိုလာပါအုံးကွယ်...မြေးလေးကို အဘွားကမချစ်တော့ဘူးဆိုပြီး ဝမ်းနည်းနေတာမဟုတ်လား ...ချစ်ပါတယ်ကွယ်...သမီးကအဘွားရဲ့မြေးမဟုတ်ဘူးဆိုတာသိပေမဲ့လဲ အဘွားချစ်ပါတယ်ကွယ် "
" အ...အဘွားရယ်...အဟင့်...ဟင့် "
ဘွားကြေးဥရဲ့စကားတွေကြောင့် သစ်ခက်ရင်ထဲဝမ်းနည်းလှိုက်ဖို့ကာ ငိုချလိုက်မိတော့တယ်။
" အိုကွယ်..ဘာလို့်ငိုရတာလဲမြေးလေးရယ်....မငိုပါနဲ့ကွယ် "
ဘွားကြေးဥက သစ်ခက်ရဲ့ပခုံးလေးကိုဖက်ပြီး နှစ်သိမ့်လိုက်တယ်။ | 516 |
| 4 | သစ်ခက်ပြောပြီးတာနဲ့နေရာကအမြန်ထပြီးထွက်ခဲ့လိုက်တယ်။ဘွားကြေးဥမှာမတားနိုင်ဘဲ နေရာမှာဘဲငေးကြာင်ကာကျန်နေခဲ့တယ်။
ဘုန်းသိင်္ခထိုင်နေရာက အမြန်ထလိုက်ပြီး သစ်ခက်နောက်ကိုပြေးလိုက်လာခဲ့တယ်။
~~~~~~~~
" ဒေါက် .. ဒေါက် "
" မမ ..တံခါးခဏလောက်ဖွင့်ပါအုံး ..ကျွန်တော်တို့ စကားပြောရအောင် "
ဘုန်းသိင်္ခက အပြေးလိုက်လာပြီး တံခါးခေါက်လိုက်တယ်။ တံခါးခေါက်ပြီး ခဏအတွင်းမှာပဲ တံခါးကပွင့်လာခဲ့တယ်။ တံခါးပွင့်သွားတာနဲ့ ဘုန်းသိင်္ခအခန်းထဲကို လျင်လျင်မြန်မြန်ဝင်လိုက်ပြီး
"မမက ရန်ကုန်သွားမလို့ ဟုတ်လား ..ဘယ်သူကခွင့်ပြုလို့ သွားမှာလဲ ...ကျွန်တော့်ကိုတစ်ခွန်းမှတောင် မတိုင်ပင်ဘဲ စီစဉ်နေတယ်ပေါ့ ဟုတ်လား... "
သစ်ခက်ရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်လှုပ်ပြီး ဘုန်းသိင်္ခ စိတ်တိုတိုနဲ့ မေးလိုက်တယ်။
" သစ်ခက်နဲ့ ကသစ်မြိုင်က ဘာမှမဆိုင်တော့ဘူးလေ ကိုဘုန်းရယ် ...ဆက်နေလို့မှမရတော့တာ "
သစ်ခက် ခေါင်းကိုငုံ့ထားရင်းဖြေလိုက်တယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့မျက်နှာလေးကို ဆွဲ့မော့လိုက်ပြီး
" ဘာလို့မဆိုင်ရမှာလဲ မမရဲ့...ကသစ်မြိုင်စံအိမ်ကို မမလဲပိုင်တယ်....မမရန်ကုန်မသွားရပါဘူး ....ကျွန်တော်နဲ့ပဲနေရမယ် ..ကျွန်တော်မမကို လက်ထပ်မှာ ...အမှုမပြီးသေးလို့ ဘာမှမပြောဘဲနေနေတာ "
" ဘာ...မဘာပြောလိုက်တယ် ကိုဘုန်း "
ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက်အံ့ဩတုန်လှုပ်သွားရကာ တုန်တုန်ယင်ယင်နဲ့ မေးလိုက်မိတယ်။
" ဟုတ်တယ်...ကျွန်တော် မမကိုချစ်တယ်...အမှုကိစ္စတွေပြီးတာနဲ့ ..မမကိုချစ်ခွင့်ပန်ပြီး ...လက်ထပ်ခွင့်တောင်းဖို့ပါ စီစဉ်ထားပြီးသား...အခုတော့ ဒီမှာပဲ ဖွင့်ပြောလိုက်တော့မယ် ..မမကိုကျွန်တော်ချစ်တယ် ... ကုန်ကုန်ပြောရရင်...မမကိုအထင်လွဲနေခဲ့မိတုန်းကတည်းက ချစ်နေခဲ့မိတာ...မမနဲ့ကိုစိုင်းမြတ်ချစ်သူတွေဖြစ်နေတာ သိလိုက်ရတော့ ..အတော်လေးစိတ်တိုမိခဲ့သေးတယ်....နောက်တော့မှ မမက သူ့ကိုတကယ်မချစ်ဘဲ ..ယုံကြည်ရမဲ့သူလို့ထင်နေခဲ့လို့ ဆိုတာကို... သိလိုက်ရလို့ စိတ်အေးသွားရတာ ...ကျွန်တော့်အချစ်ကို မမလက်ခံမှာလားဟင် "
ဘုန်းသိင်္ခက သစ်ခက်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့ စကားတွေကြောင့် သစ်ခက်မှာ ရင်တွေတဒိန်းဒိန်းခုန်ကာ ရှက်သွားမိပြီး ဘုန်းသိင်္ခလက်ထဲကနေ အတင်းရုန်းထွက်လိုက်ပြီး ငြင်းဆန်လိုက်မိတယ်။
" အို ...လက်မခံပါဘူး...ငွေမက်တဲ့သူလို့လဲ အပြောမခံနိုင်ဘူး...ချစ်လဲမချစ်ပါဘူး "
" ဗျာ ..မချစ်ဘူးဟုတ်လား....ကျွန်တော့်ကို မချစ်ဘူးပေါ့ဟုတ်လား ...ဒါဆိုရင်...ချောက်ထဲတွန်းချတဲ့သူက ကျွန်တော်မှန်းသိရဲ့နဲ့ ဘာလို့ မသိချင်ယောင်ဆောင်နေခဲ့တာလဲ ပြောပါအုံး...ပြီးတော့ ...ကျွန်တော်နဲ့မလွမ်းကို ပန်းခြံထဲမှာမြင်ပြီးတော့... စိတ်ဆိုးသွားသေးတယ်...အဲ့ဒါ ကျွန်တော့်ကိုချစ်လို့ သဝန်တိုတာ မဟုတ်လား "
ဘုန်းသိင်္ခကပြုံးစစနဲ့ မေးရင်း သစ်ခက်ရဲ့လက်ကလေးကိုသူ့ရင်ဘက်မှာကပ်လိုက်တယ်။
" အို ..မဟုတ်ပါဘူး....မချစ်ပါဘူး ...ရန်ကုန်သွားဖို့ အားလုံးစီစဉ်ပြီးပြီ ...နေဖို့ထိုင်ဖို့နဲ့ အလုပ်အတွက်လဲ ...မသန္တာက အားလုံးကူညီပေးမယ်လို့ ပြောထားပြီးသား .... စိတ်ကူးယဉ်နေတာတွေ ရပ်လိုက်တော့...မင်းဘ၀နဲ့ တို့နဲ့ ကဘာမှမဆိုင်ဘူး "
သစ်ခက်ပြောလိုက်ရင်းနဲ့ ဘုန်းသိင်္ခ လက်ထဲကနေ အတင်းရုန်းထွက်ပစ်လိုက်တယ်။ သစ်ခက်ဘယ်လောက်ပဲရုန်းရုန်း ဘုန်းသိင်္ခကလုံးဝလွှတ်မပေးဘဲ အတင်းဖက်ထားလိုက်ပြီး
'' မမ..ကျွန်တော့်ကိုတကယ်မချစ်ဘူးလားပြော ... ကျွန်တော့်ကိုထားခဲ့ပြီး ...ကသစ်မြိုင်ကနေထွက်သွားမယ်ပေါ့လေ ..မမ တကယ်လုပ်ရက်တာလား....မမတကယ်ထားခဲ့ရက်တယ်ဆိုရင်လဲ ရပါတယ် ..ကျွန်တော်လဲ ကသစ်မြိုင်ကနေထွက်သွားတော့မယ် .."
ဘုန်းသိင်္ခက အံကြိတ်ကာ ပြောလိုက်ရင်း သစ်ခက်ကို အတင်းသိမ်းဖက်ထားရာကနေလွှတ်ပေးလိုက်ပြီး သက်ခက်ရဲ့ နဖူးပြင်လေးနဲ့ပါးပြင်လေးကိုနမ်းရှိုက်လိုက်တယ်။
" မင်း ...မင်းဘာလုပ်တာလဲ "
သစ်ခက်ရှက်ပြီးတော့ ဘုန်းသိင်္ခကို ဆောင့်တွန်းကာ အသံမာမာနဲ့ မေးလိုက်တယ်။
" နမ်းလိုက်မိလို့ခွင့်လွှတ်ပါ.မမရယ် ..နောက်ဆုံးအနေနဲ့နှုတ်ဆက်တာပါ ..ကျွန်တော်အခုပဲ... အဘွားကိုသွားပြောပြီး ...ထွက်သွားတော့မလို့ပါ ...မမကို ထပ်တွေ့နေရရင် ... ကျွန်တော် အရမ်းခံစားနေရလို့ပါ ...မမကိုလာထပ်မတွေ့တော့ပါဘူး ...ထာ၀ရအတွက် နှုတ်ဆက်ခဲ့ပါတယ် မမ ...အဘွားကိုသွားတွေ့လိုက်အုံးမယ် "
ဘုန်းသိင်္ခပြောပြီးတာနဲ့ အခန်းပြင်ကိုထွက်သွားခဲ့တယ်။အခန်းထဲမှာ သစ်ခက်တစ်ယောက်တည်း ငူငူကြီးရပ်ကာ ကျန်နေခဲ့ရတယ်။ဘုန်းသိင်္ခ ထွက်သွားတော့မယ်ဆိုတော့ ရရင်ထဲတလှိုက်လှိုက်နဲ့ဝမ်းနည်းလာမိတယ်။နှစ်ယောက်သားကြားမှာ ဘဝအခြေအနေက ကွာဟလွန်းတာမို့ သစ်ခက်ရှေ့ဆက်မတိုးချင်ပါ၊၊ငွေကြေးဥစ္စာဆိုတာအပထား။သူမဘဝကဆွေမဲ့မျိုးမဲ့ ပညာကလဲမတတ်နဲ့ ဘုန်းသိင်္ခနဲ့ဘဝအခြေအနေခြင်း အရမ်းကိုကွာဟလွန်းနေခဲ့တယ်မဟုတ်ပါလား။အထူးသဖြင့် ဘွားကြေးဥရဲ့မျက်နှာကိုမကြည့်ရဲပါ။ဘွားကြေးဥအကြောင်းကိုကောင်းကောင်းသိနေသူမို့် ရှေ့ဆက်လဲမတိုးဝံ့ပါ။အချစ်ဆိုတာကလဲ ထူးတော့ထူးဆန်းသား။စိုင်းမြတ်နဲ့ပတ်သက်ရင် | 380 |
| 5 | #စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၄၁) (ဇာတ်သိမ်းပိုင်း)
akyiphyu
*********
" သွေးသာအရင်းတွေဖြစ်တဲ့အစ်မကိုလဲသ*တ်...အစ်မရဲ့ သမီးကိုလဲသ*တ်တယ် ... ပြီးတော့ ဘာမှမသိသေးတဲ့ကလေးတစ်ယောက်ကိုပါ... အနုနည်းနဲ့လှောင်ပိတ်ထားပြီး ..ရက်စက်လွန်းခဲ့ရတဲ့အဓိကရည်ရွယ်ချက်က ...သားသမီးအရင်း ...ကောင်းစားဖို့ဆိုတာထက် ကိုယ်တိုင်းအတွက်လောဘတက်ခဲ့တာမဟုတ်ဘူးလား ဒေါ်တင်တင်မြိုင်.."
ရှေ့နေကြီးရဲ့မေးမြန်းချက်ကြောင့် ဒေါ်တင်တင်မြိုင်ကပြုံးလိုက်တယ်။သူမရဲ့အပြုံးကတကယ်လဲကြောက်စရာကောင်းလှတယ်။
" ကျွန်မနောင်တရမိပါတယ်....ဘာကိုနောင်တရမိလဲဆိုရင် ...သစ်ခက်ဆိုတဲ့ဂြိုဟ်ဆိုးမလေးကို မသ*တ်ဘဲမွေးခဲ့မိလို့်နောင်တရတယ်...ထွန်းမြတ်မောင်ဆိုတဲ့ဂြိုဟ်ကောင်လေးနဲ့စံသိန်ဆိုတဲ့ကောင်ကို မိအောင်ပြန်ဖမ်းပြီး မသ/တ်နိုင်ခဲ့လို့နောင်တရတယ် "
ဒေါ်တင်တင်မြိုင်ရဲ့စကားကြောင့် လူထုပရိတ်သတ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားကြသလို နားထောင်နေတဲ့သစ်ခက်မှာလဲ ထိုင်နေရာကနေလဲကျမလိုပင် ယိုင်ခနဲဖြစ်သွားရတယ်။ဘုန်းသိင်္ခက အချိန်မီလက်ကိုလှမ်းဆွဲလိုက်တာကြောင့်သာ လဲကျမသွားခဲ့ခြင်းဖြစ်တယ်။ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။
" မွေးရာပါအကျင့်ဗီဇစရိုက်မကောင်းတဲ့လူယုတ်မာတွေမှာ ...နောင်တဆိုတာမရှိသလို ..သူတို့်မှာမေတ္တာတရား...အကြင်နာတရားနဲ့စာနာတတ်တဲ့စိတ်လဲမရှိဘူး...ဘုရားဘယ်နှစ်ဆူပွင့်ပွင့်သူတို့မှာအကျွတ်တရားရမဲ့ အသိဉာဏ်ပါမလာခဲ့ဘူး "
ဒေါ်တင်တင်မြိုင်ကိုကြည့်ပြီး ဒေါ်စောမြိုင်စက်ဆုပ်ရွံရှာစွားပြောလိုက်တယ်။
" ကောက်ကျစ်ယုတ်မာလိုက်တဲ့မိန်းမ "
" ေ**သဒဏ်မပေးနဲ့...တစ်သက်တစ်ကျွန်းချပြီး ...နှိပ်စက်ပါ "
တစ်ယောက်တစ်ပေါက်ဆူညံသံတွေကြားမှာ သစ်ခက်ငြိမ်သက်နေမိတယ်။နားထဲမှာကြားလိုက်ရတဲ့စကားတွေအတွက် နှလုံးသားတစ်ခုလုံးမီးတိုက်ခံလိုက်ရသလိုခံစားလိုက်ရတယ်။မေတ္တာအရိပ်အယောင်တစ်စွန်းတစ်စလေးများတွေ့မြင်ရမလားဆိုတဲ့မျှော်လင့်ချက်လေးက လေထဲမှာအိမ်ဆောက်မိသလိုပျောက်ပျက်သွားခဲ့ရတယ်။
" နောက်တစ်ပတ်သောကြာနေ့မှာ အမိန်ချမှတ်ပါမယ်..."
" ဒုန်း "
" သွားရအောင်မမ "
ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကိုဆွဲယူလိုက်ပြီး နေရာကထလိုက်တယ်။သစ်ခက်အလိုက်သင့်ထရပ်လိုက်တယ်။ပြီးတော့ ရဲမေတွေဆွဲခေါ်သွားတဲ့ ဒေါ်တင်တင်မြိုင်ကို မျက်တောင်မခတ်လှမ်းကြည့်နေမိတယ်။
~~~~~~~~~
ဦးဘိုထွန်းက ရီဝေမှိုင်းညှို့နေတဲ့မျက်ဝန်းတွေနဲ့ သားဖြစ်သူ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်တယ်။
" ကျွန်တော် ထောင်ဝင်စာလာတွေ့မှာမဟုတ်ပါဘူး....လိုအပ်တာတွေကို တခြားသူနဲ့ပို့ပေးပါမယ်....ကျွန်တော့်အတွက်တော့ မိဘနှစ်ပါးလုံး... လွန်ခဲ့တဲ့(၁၇)နှစ်ကျော်ကတည်းကေ*သဆုံးသွားခဲ့ပါပြီ...အပန်းဖြေစခန်းက ... မမပန်းရိပ်ပိုင်တဲ့ မြေတွေကို ...အဘွားနှင်းမြရဲ့ဆန္ဒအတိုင်းလှူပေးလိုက်ပါပြီ ...ကျန်တဲ့မြေပေါ်မှာပဲ ...အပန်းဖြေစခန်းအသေးစားလေးဆောက်မှာပါ..အဘွားနဲ့အမေအပါအဝင် ကွယ်လွန်သွားသူတွေကို တောင်းပန်ပေးပါ...."
ပြောသင့်တဲ့စကားတွေကိုပြောပြီးတော့ ဘုန်းသိင်္ခထိုင်နေရာထကာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။ဒါက နောက်ဆုံးအကြိမ်လာတွေ့ခြင်းသာဖြစ်တယ်။
ဦးဘိုထွန်းမှာ နေရာမှာထိုင်လျက် မျက်နှာကိုစားပွဲပေါ်မှောက်ကာအသံတိတ်ငိုကြွေးနေမိတယ်။
~~~~~~~~~~
" ဟိုကလေးမကတော့ (၅)နှစ်ဆိုတော့ ..မကြာခင်ပြန်လွတ်လာမှာပေါ့ ...တင်တင်မြိုင်နဲ့ဘိုထွန်းက တစ်သက်တစ်ကျွန်းဆိုတော့ခံပေအုံးပေါ့...ဒါပေမဲ့ အခါကြီးရက်ကြီးလွတ်ငြိမ်းချမ်းသာခွင့်တွေမှာ တင်တင်မြိုင်ပါမလာအောင်တော့... ဘွားလေးက စောင့်ကြည့်ထားရမှာပဲ...တကယ်လို့များ ဟိုကလေးမလွတ်လာခဲ့ရင်လဲ ... ကသစ်မြိုင်မှာခေါ်မထားပါနဲ့မြေးလေး...ဘွားလေးတားမြစ်ပါရစေ..ဘွားလေးကတော့... သူတို့ကိုလုံးဝခွင့်မလွတ်နိုင်ဘူး "
ဒေါ်စောမြိုင်က နာနာကြည်းကြည်းပြောလိုက်တယ်။ဘွားကြေးဥကတော့ ဘာမှမပြောဘဲငြိမ်သက်နေခဲ့တယ်။အတော်လေးကြာမှ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတဲ့ သစ်ခက်ကိုကြည့်လိုက်ပြီး
" သမီးသစ်ခက်...သမီးလဲအဘွားတို့ကို... စိမ်းသွားစရာမလိုပါဘူးကွယ်...သမီးအတွက်အဘွားစီစဉ်ပေးထားပါတယ် ....သမီးအတွက်အိမ်တစ်လုံးစီစဉ်ပေးထာတယ်...ငွေအတွက်လဲအဘွားစီစဉ်ပေးထာပါတယ်ကွယ် "
ဘွားကြေးဥရဲ့စကားကြောင့် သစ်ခက်ကဘွားကြေးဥကိုမော့ကြည့်လိုက်မိပြီး
" ကျေးဇူးတင်ပါတယ်အဘွား..သမီးအတွက် အဲ့ဒါတွေမလိုပါဘူး..သမီးကို ...မသန္တာကကူညီပေးမယ်လို့ပြောပါတယ်...ရန်ကုန်သွားမှာမို့ ...သမီးကိုခရီးစရိတ်လေးပဲပေးပါနော် အဘွား "
"ဘယ်....ဘယ်လိုကွဲ့ ..သမီးက ရန်ကုန်လိုက်သွားမလို့လား ...အို..မဟုတ်တာကွယ်...ရန်ကုန်မှာသမီးဘာလုပ်မှာလဲ နေဖို့ထိုင်ဖို့ကရော ...ဖြစ်ပါ့မလားကွယ် "
ဘွားကြေးဥကစိုးရိမ်တကြီးနဲ့ပြောလိုက်တယ်။သစ်ခက်ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်ကာနေလိုက်တယ်။
" အမှုပြီးသွားရင် မသန္တာကလှမ်းခေါ်မယ်လို့ပြောပတယ်အဘွား...သုံးလေးရက်အတွင်း သမီးသွားရမယ်ထင်တယ်...ခရီးသွားဖို့အတွက် သမီးသွားပြင်ဆင်လိုက်ပါအုံးမယ် " | 339 |
| 6 | لا يوجد نص... | 306 |
| 7 | အနိုင်ယူခဲ့မိပါတယ်....နောက်တော့ ...ကျွန်မဘယ်လောက်အော်အော်ဆူဆူ...သည်းခံတတ်တဲ့ ဒေါ်ဘောက်စိန်ကို ..ကြာတော့ ကျွန်မသနားလာပါတယ်...ဒါကြောင့်လဲ ဒေါ်ဘောက်စိန်ကို ကျွန်မ အနိုင်ကျင့်အနိုင်ယူတာတွေကို လျှော့လိုက်ပြီး ...နှစ်ယောက်သားအဆင်ပြေလာပါတယ်... ဒေါ်ဘောက်စိန်ရဲ့မေတ္တာတွေကြောင့် ..ကျွန်မပြောင်းလဲလာချိန်မှာပဲ ... ဒေါ်တင်တင်မြိုင် ရောက်လာခဲ့ပြီး ..ဒေါ်ဘောက်စိန် အလုပ်ထွက်သွားပြီလို့ ပြောပါတယ်....ဘာကြောင့်အလုပ်ထွက်သွားတယ်ဆိုတာကို မသိခဲ့ရပါဘူး...ဒေါ်ဘောက်စိန်က ကျွန်မကို ကိုလုံးဝမပြောခဲ့တာမို့ ဒေါ်ဘောက်စိန်ကိုစိတ်ဆိုးခဲ့မိပါသေးတယ်... ဒေါ်ဘောက်စိန် အလုပ်ထွက်သွားတဲ့အချိန်က ..ကျွန်မအသက်(၁၆)နှစ်ကျော်ကာစဆိုတော့ လွန်ခဲ့တဲ့ဆယ်နှစ်လေက်ကပါ "
" ဟုတ်ပါတယ် မသစ်ခက်နွယ်.... ဒေါ်ဘောက်စိန်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပဲ tဆုံးသွားခဲ့ပါပြီး ....tဆုံးရခြင်းအကြောင်းအရင်းက tသွးရိုးသားရိုး tသဆုံးခြင်းမဟုတ်ဘဲ ... ဒေါ်တင်တင်မြိုင်ရဲ့ပယောဂကြောင့် tသဆုံးရခြင်းဖြစ်တယ်လို့ စုံးစမ်းသိရှိရပါတယ် "
သစ်ခက်နွယ် အံကို တင်းတင်းကြိတ်ကာ ဒေါ်တင်တင်မြိုင်ကို လှမ်းကြည့်လိုက်မိတယ်။ဒေါ်တင်တင်မြိုင်ကမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ စက်ရုပ် တစ်ရုပ်လို ငြိမ်သက်နေခဲ့တယ်။
~~~~~~
" ရှေ့နေကြီးပြောသွားတာက ...သုံးပုံနှစ်ပုံကိုမြေးမလေး ပန်းရိပ်ဖြူကရမယ်...တစ်ပုံကိုတော့ မြေးငယ်လေးကရမယ်....မြေးကြီးမရှိတော့ဘူးဆိုရင်လဲ ...နှစ်ပုံကို မြေးကြီးနာမည်နဲ့မိဘမဲ့ဂေဟာကိုပေးလှူရမယ်တဲ့အစောရဲ့ ...ကြည့်ရတာ...သူတို့အဘွားမနှင်းမြိုင်က ယောက်ျားတွေကိုမယုံနိုင်ဘူးထင်ပါရဲ့အစောရယ် "
ဘွားကြေးဥက ဒေါ်စောမြိုင်ကိုပြောလိုက်ရင်း မြေးမလေးအကြောင်းကိုတွေးပြီး စိတ်မကောင်းဖြစ်သွားရတယ်။မျက်ဝန်းမှာ ရစ်ဝဲလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး မြေးဖြစ်သူဘုန်းသိင်္ခကိုကြည့်လိုက်တယ်။
" ရေတံခွန်တောင်ကြားက မြေတွေကို ...မြေးလေးအကုန်လိုချင်တယ်ဆိုရင်လဲ ...အဘွားငွေထုတ်ပေးပါ့မယ်...ဂေဟာကိုငွေသားပဲလှူလိုက်ပေါ့ "
ဘွားအေဖြစ်သူရဲ့စကားကြောင့် ဘုန်းသိင်္ခခေါင်းကိုခါယမ်းလိုက်ပြီး
" ဟင့်အင်း အဘွား....ကျွန်တော်ရပိုင်ခွင့်ရှိတဲ့မြေကိုပဲယူပါမယ်...မမပန်းရိပ်ပိုင်ဆိုင်တာကို ...အဘွားနှင်းမြိုင်ရဲ့ဆန္ဒအတိုင်းလှူပေးလိုက်ပါ...လှူပေးပြီးရင်..ကွယ်လွန်သူတွေအတွက် အမျှအတန်းပေးဝေချင်ပါတယ်....အလှူကိုအိမ်မှာလဲလုပ်မယ်အဘွား "
" အင်း ..မြေးလေးသဘောပါကွယ်....လှထွန်းတို့မိသားစုလဲ..အဘွားကိုမျက်နှာပူလို့ထင်တယ်...သူ့မိန်းမဇာတိကိုပြောင်းသွားကြပြီ...ညိုထွန်းမောင်မိုက်လိုက်တဲ့ကောင်လေး...မောင်စိုင်းမြတ်ကိုပိပိရိရိနဲ့ခေါ်လာနိုင်တယ်....အဘွားရဲ့မိတ်ဆွေဟောင်းတွေကိုကအစ လိုက်ရှာထားပြီး ...အကွက်ကျကျကိုလုပ်သွားတာလေ...တို့တော့သိပ်ကြောက်သွားပြီ အစောရေ....ကြာဖြူတို့မိသားစုကိုလဲ ...သူတို့ဦးစီးလုပ်ကိုင်နေတဲ့ တည်ခိုခန်းကို အမွေခွဲပေးလိုက်ပြီး.... ကျန်တာတွေကို မြေးလေးကိုပဲပေးလိုက်တော့မယ်..."
" ဟုတ်ကဲ့...မမကြီးစီစဉ်ထားတာကောင်းပါတယ်...အားလုံးအဆင်ပြေသွားရင်တော့ ...အစောလဲ ထင်ရှူးမြိုင်ကိုပြန်ပြောင်းတော့မယ် "
" ဟာ...ဘွားလေးက စခန်းသာမှာမနေဘူးလား "
ဘုန်းသိင်္ခက ဘွားလေးဒေါ်စောမြိုင်ကိုမေးလိုက်တယ်။
" နေလို့်မဖြစ်ဘူးလေ မြေးလေးရယ်...ဟိုမှာ သားဒေါ်လေးမိသားစုကလဲ ..ထင်းရှူးမြိုင်မှာ အခြေချမယ်ဆိုပြီး ပြန်ရောက်လာပြီလေ...ဘွားလေးစီမံပေးရအုံးမှာပေါ့ ...မြေးလေးလဲ ထင်ရှူးမြိုင်ကိုမကြာခဏလာလည်ပါ...တူမလေးပန်းမြိုင်လိုမျိုး ဆွေ့ပြတ်မျိုးပြတ်မနေပါနဲ့ကွယ်...."
" ဟုတ်...ဟုတ်ကဲ့ပါဘွားလေး.."
ဒေါ်စောမြိုင်ကပြောရင်းနဲ့မျက်ရည်ကျနေသလို ဘုန်းသိင်္ခလဲ ယောက်ျားတန်မဲ့ မျက်ရည်တွေ စီးကျလာခဲ့မိတယ်။
" ဒါနဲ့ ..ဟို...သစ်ခက်လေးအဆင်ပြေရဲ့လားကွယ်...အဘွားဆီကိုလဲမလာဘူး "
" ဟုတ်ကဲ့ အဆင်ပြေပါတယ်အဘွား...ဆရာဝန်ကအနားယူခိုင်းထားလို့် ...ကျွန်တော်နဲ့လဲသိပ်ပြီးမတွေ့ဖြစ်ဘူး...ရုံးချိန်းတွေလဲရှိသေးတော့ အနားယူခိုင်းထားလို့်ပါ "
" အေးပါကွယ်...အဘွားလဲသူ့လေးအတွက် စိတ်မကောင်းလွန်းလို့... ဘာလုပ်ပေးရမှန်းမသိတော့ဘူး...မြို့ထဲမှာအိမ်တစ်လုံးစီစဉ်ပေးပြီး...သူ့အတွက်စရိတ်ထောက်ပံ့ပေးမလားလို့်တော့ တွေးထားတယ် "
အဘွားဖြစ်သူရဲ့စကားကြောင့် ဘုန်းသိင်္ခဖျတ်ခနဲမော့ကြည့်လိုက်မိပြီး
" မလောပါနဲ့အုံးအဘွားရယ်....ရုံးချိန်းတွေလဲကျန်သေးတာကို...ပြီးတော့ သူလဲဆေးကုနေရသေးတယ်လေ...အမှုပြီးမှပဲ စီစဉ်လို့ရပါတယ် "
ဘုန်းသိင်္ခက ဘွားအေကြီးကိုပြောလိုက်ရင်း မသိမသာသက်ပြင်းချလိုက်မိတယ်။
============
အပိုင်း(၄၁) (ဇာတ်သိမ်းပိုင်းဆက်ရန်)
A Kyi Phyu
#ဧကြည်ဖြူ
၃၉
https://www.facebook.com/100067151540690/posts/730107512570960/ | 298 |
| 8 | ကလေးကိုပန်းမြိုင်ဆီကိုပို့ပေးခဲ့ပါတယ်...ကျွန်တော်ကလဲ အဲ့ဒီကလေးကို ...ကျွန်တော့်သမိးလို့်ပဲထင်ခဲ့တယ်...ကလေးမရှိတော့တဲ့အခါ တင်တင်မြိင်က နိုင်ငံခြားသားတစ်ယောက်နဲ့နိုင်ငံခြားသွားတော့မယ်လို့် သတင်းလွှင့်ပြီး ... သူကဇာတ်မြှုပ်နေပါတယ်...တကယ်တော့ အဲ့ဒီအချိန်မှာကျွန်တော်တို့နှစ်ယောက်တွေ့တိုင်း ...လောင်းကစားတွေလုပ်ခဲ့ကြပြီး ...အပျော်ကြီးပျော်နေခဲ့ကြတာပါ..နောက်တော့တဖြည်းဖြည်းနဲ့လောင်းကစားကြောင့် ငွေတွေဆုံးရှုံးလာတယ်...ခြံတွေပေါင်ခဲ့ရတယ်...ဒီအကြောင်းတွေကို ဇနီးသည်ကိုပြောပြရင်...သူကချက်ချင်းကွားရှင်းမှာကိုလဲ့သိနေခဲ့တယ်...တကယ်လို့ကွာရှင်းလိုက်ပြီးဆိုရင်လဲ ...ကျွန်တော့်မှာပိုင်ဆိုင်မှုတွေ သိပ်ပြီးကျန်ခဲ့မှာမဟုတ်တာကိုလဲသိတယ်...အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားတဲ့ ကျွန်တော့်အမေဒေါ်ကြေးဥကလဲ ...ပန်းမြိုင်နဲ့တောင် သဘောမတူခဲ့တာမို့် ..လက်ရှိကိစ္စကိုသိသွားရင် ကျွန်တော့်ကိုလောင်းကစားမှု...မူးယစ်ဆေးရောင်းဝယ်မှုတွေနဲ့ပါထောင်ထဲထည့်မဲ့သူမျိးပါ ...ပိုဆိုးတာက ...ယောက္ခမကြီးကလဲ သူ့အမွေတွေကို ...သမီးနဲ့သားမက်ကိုမပေးဘဲ...ကျွန်တော့်ရဲ့သမီးကြီးကိုပဲပေးမယ်လို့်ကြေငြာခဲ့တယ်....နောက်ဆုံးကြံရာမရတဲ့အဆုံးမှာ တင်တင်မြိုင်ပေးတဲ့အကြံအစည်ကိုသဘောတူလိုက်ပါတယ်...သူအကြံအစည်က ကျွန်တော့်ယောက္ခမနဲ့ကျွန်တော့်ဇနီးတို့် ရေတံခွန်တောင်ကြားက အပန်းဖြေအိမ်ကိုသွားတဲ့အချိန်မှာ... ကျွန်တော်က အလုပ်ကိစ္စကိုအကြေားင်းပြပြီး ...အလီဘိုင်ရှာပြီးရှောင်နေရမယ်...သူနဲ့သူ့တပည့်တွေက ကျွန်တော့်ယောက္ခမနဲ့ကျွန်တော့်ဇနီးကိုလုပ်ကြံဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်...အဲ့ဒိလိုအစီအစဉ်ဆွဲခဲ့တဲ့ထဲမှာ ကျွန်တော့်သားသမီးတွေမပါပါဘူး...ကျွန်တော့်ရဲ့သားသမီးတစ်ယောက်ကိုမှမထိခိုက်စေရဘူးလို့...တင်တင်မြိုင်ကိုအတန်တန်မှာခဲ့ပါတယ်...တင်တင်မြိုင်ကလဲ သူ့အစ်မပန်းမြိုင်တို့သားအမိကိုပဲလုပ်ကြံပြီး ကျွန်တော့်သားသမီးတွေကို သူ့သားသမီးတွေအဖြစ်မွေးဖို့ကတိတွေပေးခဲ့ပါတယ်....စီစဉ်ထားတဲ့အထဲမှာ သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ဖို့ကိုလဲ ကြိုတင်စီစဉ်ခဲ့ပြီး ...နိုင်ငံခြားကအလှအပပြုပြင်ခွဲစိတ်တဲ့ဆေးရုံနဲ့ချိတ်ဆက်ခဲ့တယ်..အစီအစဉ်တွေအားလုံးပိပိရိရိနဲ့ပြီးမြောက်ဖို့ တစ်နှစ်နီးပါးလောက်ကြိုတင်စီစဉ်ခဲ့ကြရပါတယ်...."
ဦးဘိုထွန်းကပြောနေရင်းမှ သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး မိခင်ကြီးဒေါ်ကြေးဥနဲ့သားဖြစ်သူဘုန်းသိင်္ခထိုင်နေရာဆီကို မဝံ့မရဲလှမ်းကြည့်လိုက်တယ်။မိခင်ဖြစ်သူက သူ့ကိုစူးရဲ့ခက်ထန်တဲ့ဒေါသမျက်ဝန်းတွေနဲ့ကြည့်နေခဲ့သလို သားဖြစ်သူကလဲ အေးစက်စက်မျက်လုံးတွေနဲ့ကြည့်နေတာမို့် ဦးဘိုထွန်းမှာ ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာခဲ့ရတယ်။
" တကယ်ဖြစ်သွားခဲ့ချိန်မှာတော့ ...ကျွန်တော့်ကိုပြောခဲ့သလိုမဟုတ်ဘဲ အားလုံးအလွဲလွဲချော်ချော်တွေဖြစ်ခဲ့တယ်...ဖြစ်ခဲ့တာတွေအတွက်.တင်တင်မြိုင်ပြောတာက...ကျွန်တော့်မိန်းမပန်းမြိုင်က သနားလို့ခေါ်ယူစောင့်ရှောက်ထာတဲ့ ....အေးပုံဆိုတဲ့အိမ်ဖော်မက သူ့သမီးအသက်ကိုကယ်ဖို့ ...ကျုပ်သမီးကို ဓါးစားခံလုပ်ခဲ့တယ်တဲ့ ....ကျုပ်သမီးလေးကသူကြောင့် ေ*သဆုံးခဲ့ရပြီး ...ကျုပ်သားလေးလဲပျောက်ဆုံးခဲ့တယ်လို့ ပြောတယ်....တင်တင်မြိုင်သမီးအလွမ်းဆွတ်ကိုတော့ ရေတံခွန်ရွာသားတွေကကယ်တင်ပေးခဲ့တယ်...ဒီလိုနဲ့စီစဉ်ထားတာတွေ လွဲချော်ခဲ့ပေမဲ့ ...တင်တင်မြိုင်ကိုတော့...ကြိုတင်စိမံထားတဲ့ဆေးရုံကိုပို့လိုက်တယ်.....အဲ့ဒီနေ့မှာပဲ ကျုပ်သမီးပန်းရိပ်ဖြူကို... ဒဏ်ရာတွေနဲ့တွေ့လို့် ဆေးရုံတင်ပေးထားတယ်လို့ သတင်းလာပို့သူရောက်လာခဲ့တယ်...ကျုပ်ဝမ်သာအားရနဲ့လိုက်သွားကြည့်တော့ ....အဲ့ဒီကလေးမက အိမ်အကူရဲ့သမီးဖြစ်နေတာကိုတွေ့လိုက်ရတယ်...ဒီမှာပဲကျုပ်လဲအမွေကိစ္စကိုသတိရပြီး ချော်လဲရောထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်...ကလေးမကို တင်တင်မြိုင်ရှိနေတဲ့ဆေးရုံကိုချက်ချင်းခေါ်သွားခဲ့ပြီး..ကျုပ်သမီးပန်းရိပ်ဖြူအဖြစ်ထားဖို့ဆုံးဖြတ်လိုက်ကြတာပါ...ဒီအတိုင်ထားရင် မရမှန်းသိလို့် ...စီတ်ရောဂါဆရာဝန်နဲ့တိုင်ပင်ပြီး ...စိတ်ကယောက်ချောက်ချားဖြစ်စေတဲ့ဆေးတွေ တိုက်ခဲ့ထိုးခဲ့ပြီး ထားခဲ့တာပါ "
" တောက်....ရက်စက်လိုက်တာ .."
" အို..အကြင်နာတရားကင်းလိုက်တာ ..လူမှဟုတ်ရဲ့လား "
ဦးဘိုထွန်းရဲ့ဖြောင့်ချက်စကားအဆုံးမှာ လူထုပရိသတ်က ဒေါသတွေထွက်ကာ အော်ဟစ်သောင်းကျန်းကြလေတယ်။
~~~~~~~
" ဒေါ်ဘောက်စိန်ကို သိပါသလား မသစ်ခက်နွယ် "
" ဟုတ်ကဲ့..သိပါတယ်ရှင် ...ကျွန်မရန်ကုန်မှာရှိနေတုန်းက .....ကျွန်မကိုစောင့်ရှောက်ပေးတဲ့ အမျိုးသမီးကြီးပါ "
" ဒါဆို ဒေါ်ဘောက်စိန်အကြောင်းကို အနည်းအကျဉ်းလောက်တော့ သိမှာပေါ့ ...မသစ်ခက်နွယ်ဆီကနေ အလုပ်ထွက်သွားတယ်လို့ ပြောခဲ့တယ်နော် ....ဒေါ်ဘောက်စိန် အကြောင်းနဲ့ အလုပ်ထွက်သွားတဲ့အကြောင်းကို မှတ်မိသေးရင် ပြောပြပါ "
" ဟုတ်ကဲ့ ....ဒေါ်ဘောက်စိန်ကတိုင်းရင်းသားအမျိုးသမီးကြီးပါ ...ကျွန်မဘေးနားမှာ ကျွန်မခိုင်းသမျှကို လုပ်ပေးတဲ့ အမျိုးသမီးကြီးပါ ... အစတုန်းကတော့ ကျွန်မစိတ်မကြည်တိုင်း ...ဒေါ်ဘောက်စိန်ကိုပဲ အော်ဟစ်အနိုင်ကျင့်ပါတယ် ... | 259 |
| 9 | အဲ့ဒီအဖြစ်တွေကြောင့်ပဲ ..အဖြစ်မှန်တွေအားလုံးကို ကျွန်မပြန်မှတ်မိခဲ့ပါတယ်...မိုးလင်းလာတဲ့အခါမှာတော့ ညတုန်းကပြုတ်ကျခဲ့တဲ့ ဓါက်မီးက စားပွဲပေါ်မှာ အကောင်းအတိုင်းရှိနေခဲ့တယ်... ဒါပေမဲ့ ဓါတ်မီးကို စစ်ဆေးကြည့်တဲ့အခါမှာ ..ကျွန်မအမှတ်အသားလုပ်ထားတဲ့အမှတ်အသားကို ရှာမတွေ့တာမို့ ...ဓါတ်မီးအသစ်ဆိုတာ
သိလိုက်ပါတယ်...မိဘတွေကို မေးလိုက်တဲ့အခါမှာတော့ ..ကျွန်မအိပ်မက်မက်နေတာယောင်နေလို့ပဲ ..ဖြေနေကြစကားတွေအတိုင်းပဲဖြေခဲ့ပါတယ်.....နောက်ဆုံးမှာတော့မိဘအရင်းတွေလို ဟန်ဆောင်နေကြတဲ့ ...ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်တို့မသိအောင် ...ကသစ်မြိုင်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်....ဒါပေမဲ့လဲ ...ကျွန်မဘယ်လိုပဲကြိုးစားခဲ့ပါစေ...သူတို့တွေရိပ်မိသွားကြပြီး ...သိသိချင်းနေ့မှာပဲ ကျွန်မကိုအခန်းထဲမှာပိတ်ထားခဲ့ပါတယ်...ညဘက်မှာဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်တို့က .... ကျွန်မက ငယ်ငယ်က အကြောင်းတွေကို ပြန်မှတ်မိနေတာကို သိတယ်ဆိုပြီး ကြိမ်းမောင်းပြောဆိုကြပါတယ်...ကျွန်မကိုစိတ်ကယောက်ချောက်ချားဖြစ်အောင်...ရူးသွပ်သွားအောင်ဆေးတွေထိုးဖို့ကြိုးစားခဲ့တယ်....ပန်းရိပ်ဖြူရဲ့အမွေတွေကိုလွဲပြောင်းယူပြီးတဲ့အခါကျရင်..ကျွန်မကိုရူးသွပ်သွားအောင်လုပ်ပြီး ...ကသစ်မြိုင်စံအိမ်မှာတစ်သက်လုံးပိတ်လှောင်ထားမယ်လို့ပြောခဲ့ပါတယ်...အဲ့ဒီအချိန်မှာ ဘုန်းသိင်္ခနဲ့တာဝန်ရှိသူတွေရောက်လာခဲ့ပြီး ကယ်တင်ပေးခဲ့လို့..ကျွန်မဒီနေရာ......ဒီရုံးတော်မှာ လူကောင်းပကတိရပ်နေနိုင်တာပါရှင် "
သစ်ခက်ကစကားပြောနေတာကို ရပ်တန့်လိုက်ပြီး မျက်နှာကိုလက်ဝါးနဲ့အုပ်ကာငြိမ်သက်နေမိတယ်။သူမရဲ့စကားတွေကြောင့်မေးမြန်နေတဲ့ရှေ့နေနဲ့တရားသူကြီးပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဆွံ့အနေခဲ့တယ်။နားထောင်နေကြတဲ့လူထုဆီကလဲ ထိတ်လန့်တုန်လှုပ်စွာပြောဆိုနေကတဲ့အသံတွေ အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။
" ဒုန်း ..ဒုန်း "
" ဒီအမှုကို နောက်တစ်ပတ်တနင်္လာနေ့မှာထပ်မံစစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်...ပစ္စည်းသက်သေများရှိပါကလဲ ထပ်မံတင်သွင်းနိုင်တယ် "
တရားသူကြီးရဲ့ အမိန့်စကားသံအဆုံးမှာ တရားခွင်အတွင်းမှာ ဆူညံသွားခဲ့ပြိး
" ဒေါ်တင်တင်မြိုင်နဲ့ဦးဘိုထွန်းကို ေ*သဒဏ်ချမှတ်ပေးပါ "ဆိုတဲ့ အသံတွေဆူညံစွာထွက်ပေါ်လာခဲ့တယ်။
~~~~~~~~~~~~
သူ့ကိုမော့ကြည့်လာတဲ့ အလွမ်းဆွတ်ရဲ့မျက်နှာက ခံစားချက်ကင်းမဲ့ကာ အေးစက်လို့်နေခဲ့တယ်။
" အကောင်းဆုံး...အတော်ဆုံးရှေ့နေကိုငှားပေးထားပါတယ်...ဖြစ်ခဲ့သမျှကို သူနဲ့တိုင်ပင်လိုက်ပါ...ဒါကကျွန်တော်အတတ်နိုင်ဆုံးလုပ်ပေးတာပါ....အပြစ်ကြွေးတွေဆပ်ပြိးသွားလို့ပြန်ထွက်လာခဲ့ရင် ..ကျွန်တော့်ဆီကိုဆက်သွယ်လိုက်ပါ....နေရေးထိုင်ရေးအတွက် ကျွန်တော်တတ်နိုင်သလောက် ကူညီပေးပါမယ်...ဒီကြားထဲတော့ ရှေ့နေငှားပေးထားပါမယ်...လာတော့တွေ့မှာမဟုတ်ပါဘူး ....ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး "
ဘုန်းသိင်္ခပြောပြီးတာနဲ့နေရာကထလိုက်တယ်။
" တောင်းပန်ပါတယ်ကို ဘုန်း...အားလုံးအတွက် တောင်းပန်းပါတယ်....သစ်ခက်ကိုလဲတောင်းပန်တယ်လို့ပြောပေးပါ.."
သူ့ခြေလှမ်းတွေပြင်လိုက်ကာမှ အေးစက်စက်အသံနဲ့လှမ်းပြောလာတဲ့ အလွမ်းဆွတ်ကို ဘုန်းသိင်္ခခေါင်းပဲငြိမ့်ပြလိုက်ပြိးထွက်လာခဲ့လိုက်တယ်။
~~~~~~~
တရားခွင်အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ဦးဘိုထွန်းတစ်ယောက် ရှေ့နေကြီးရဲ့ပညာသားပါလှတဲ့ မေးခွန်းတွေကို တုံ့တုံ့ဆိုင်းဆိုင်းထစ်ထစ်ငေါ့ငေါ့နဲ့ဖြေဆိုနေခဲ့တယ်။ရုံးချိန်းတွေလဲ တစ်ကြီမ်ပြီးတစ်ကြိမ်ကျော်လွန်လာခဲ့တာမို့ ငါးကြိမ်မြောက်ရုံးချိန်းသို့တိုင်ရောက်ရှိလာခဲ့ပြိဖြစ်တယ်။
" ကျွန်တော် .. ကျွန်တော်အးလုံးကိုဝန်ခံပါမယ်....ကျွန်တော်နဲ့ပန်းမြိုင်လက်မထပ်ခင်ကတည်းက ...ပန်းမြိုင်ရဲ့အဖေတူအမေကွဲညီမဖြစ်တဲ့... တင်တင်မြိုင်က ..ကျွန်တော်ကိုရေလာမြောင်းပေးလုပ်ခဲ့သူပါ...ကျွန်တော်နဲ့လမ်းမကြုံကြုံအောင်စောင့်နေတတ်ပြီး ကားကြုံလိုက်စီးတတ်ပါတယ်..သူသွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးခိုင်းတတ်ပါတယ် ..သူ့အကြောင်း...သူသတင်းတွေကိုသိလို့် ကျွန်တော်ရအောင်ရှောင်ခဲ့ပါတယ်...ဒါပေမဲ့ ကျွန်တော်နဲ့ပန်းမြိင်ငလက်ထပ်ပြိးလို့်နှစ်လကျော်လေးမှာပဲ ...သူကကျွန်တော့်ကိုရအောင်ဖြားယောင်းခဲ့လို့် သူနဲ့ကျွန်တော်မှားသွားခဲ့မိပါတယ်...အဲ့ဒီနောက်ပိုင်းတွေမှာ ...သူနဲ့ကျွန်တော်ဖြစ်ခဲ့တာကို ပန်းမြိုင်နဲ့တိုင်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ သူ့အလိုကိုလိုက်ခဲ့ရပါတယ်...မကြာပါဘူး...ကျွန်တော့်ဇနီးမှာ ကိုယ်ဝန်ရှိလာခဲ့သလို...သူ့မှာလဲကိုယ်ဝန်ရှီနေပြီလို့ပြောခဲ့တယ်...အဲ့ဒါကြောင့်သူ့အတွက်. တခြားမြို့မှာအိမ်နဲ့ခြံစီစဉ်ပေးခဲ့ပြီး ....မယားကြီးဖြစ်တဲ့ပန်းမြိုင်မသိအောင်ပေါင်းသင်းခဲ့ပါတယ်...အလုပ်ကိစ္စခရီးထွက်တာကိုကြောင်းပြပြီး တင်တင်မြိုင်ဆီကိုသွားခဲ့ပါတယ်...အစတုန်းကတော့ မတော်တဆမှားသွးခဲ့တာဖြစ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ...အရက်သောက်ဖဲရိုက် ...လောင်းကစားလုပ်နဲ့ပျော်သလိုနေလို့ရတဲ့ ...တင်တင်မြိုင်ဆီမှာ နေရတာကိုပိုပြိးပျော်ရွှင်လာခဲ့ပါတယ်....တင်တင်မြိုင်က ..ကလေးမွေ့ပြီးလို့် ကလေးအရွယ်မရောက်ခင်မှာပဲ | 240 |
| 10 | #စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၄၀)
akyiphyu
*********
သစ်ခက်ရဲ့အသံ တိတ်ဆိတ်ရပ်တန့်သွားတဲ့အခါ တရားခွင်ထဲမှာ တောက်ခေါက်သံတွေနဲ့ ပြောဆိုကြိမ်းမောင်းသံတွေထွက်ပေါ်လာခဲ့တယ်။
" တောက်...ယုတ်မာလိုက်ကြတာ... "
" တင်တင်မြိုင်ဆိုတဲ့မိန်းမယုတ်မကို ...tသဒဏ်ပေးလိုက်..."
" အစ်မရင်းနဲ့တူမလေး...တူလေးကို လုပ်ရက်လိုက်တာ "
" မယားငယ်သမီးက ..မယားငယ်မပီပီ ယုတ်မာလိုက်တာ "
" ဒုန်း ...ဒုန်း "
" အားလုံး ငြိမ်ငြိမ်လေးနေပေးကြပါ ... မသစ်ခက်နွယ်ဆက်ပြောပါ "
တရားသူကြီးရဲ့အော်သံကြောင့် စိတ်ဆိုးကာအော်ဟစ်နေကြတဲ့ လူထုကမကျေမနပ်နဲ့ ဘဲငြိမ်ကျသွားခဲ့ကြတယ်။
" ကျွန်မသတိပြန်ရလာချိန်မှာ
ဆေးရုံတစ်ခုမှာရောက်နေတယ်လို့ သိရပါတယ်...ဆေးရုံမှာရှိနေချိန်တစ်လျှောက်လုံး..အားလုံးက ကျွန်မကိုပန်းရိပ်ဖြူလို့ပဲခေါ်ကြပါတယ်...ဆေးရုံကနေအိမ်ကိုပြောင်းလာခဲ့ပြီး ..အိမ်မှာပဲ..နေ့တိုင်းဆေးတွေထိုးပါတယ် ... ဆေးတွေတိုက်ပါတယ်...ကျွန်မမှတ်မိသလောက်ဆိုရင် ..အဲ့ဒီအိမ်မှာနေရင်းနဲ့ပဲ ...ကျွန်မကိုယ်ကျွန်မ ...သစ်ခက်နွယ်ဆိုတာကိုမေ့သွားခဲ့တာပါ.. အဲ့ဒီအချိန်မှာပဲ ဦးဘိုထွန်းနဲ့ ဒေါ်တင်တင်မြိုင်... ရောက်လာခဲ့ပြီး ..ကျွန်မရဲ့အဖေနဲ့အမေလို့ပြောခဲ့ပါတယ် "
သစ်ခက်ပြောရင်းမှ ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာခဲ့ရတယ်။
" ဒါဆိုရင်..နောက်ပိုင်းမှာဘာတွေဆက်ဖြစ်လဲဆိုတာကို အတိုချို့ပြောပြပေးပါအုံး.... မင်းပြောသမျှစကားလုံးတိုင်းကို ...ရုံးတော်ကနေတစ်လုံးမကျန်ရေးသားမှတ်တမ်းတင်ထားပါတယ် "
" ဟုတ်ကဲ့ပါရှင်..အချိန်ကြာလာတာနဲ့အမျှ ..ကျွန်မလဲဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်ကို မိဘအရင်းတွေလို့ပဲထင်ခဲ့မိပါတယ်...အဲ့ဒီတုန်းက ဦးဘိုထွန်းက တစ်နှစ်လောက်နေမှတစ်ခါ ကျွန်မဆီကိုလာတာပါ...ဒေါ်တင်တင်မြိုင်ကတော့ ...တစ်နှစ်မှာဿုံးလေးလလောက် လာနေတတ်ပါတယ် "
" ဟုတ်ပါပြီ...ဒါဆိုရင်...အဲ့ဒီလိုနေစဉ်အတွင်းမှာ... မသစ်ခက်နွယ်ကို နှိပ်စက်တာတွေ..ရိုက်နှက်တာတွေလုပ်ခဲ့သလား "
ရှေ့နေကြီးရဲ့အမေးကြောင့် သစ်ခက်က ဦိးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ကို ရီဝေနေတဲ့မျက်လုံး ရိဝေနေတဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်မိတယ်။
'' ရို**က်နှက်နှိပ်စက်တာမျိုးတွေ မလုပ်ခဲ့ပါဘူး...အပြင်ကို တစ်ယောက်တည်းသွားခွင့်မရှိတာကလွဲလို့ ....ဘာမဆို ကျွန်မစိတ်တိုင်းကျလုပ်ခွင့်ပေးခဲ့ပါတယ်...ကျွန်မကလဲ.....အပြင်ထွက်တဲ့အခါ မကြာခဏမေ့လဲတတ်လို့ ကျွန်မကိုယ်တိုင်ကအပြင်သွားဖို့ ငြင်းဆန်ခဲ့ပါတယ် ....ကျွန်မနားမှာ အတူနေတဲ့သူတွေကို မကျေနပ်ရင်လဲ ...ငြိမ်ခံမနေဘဲ ပြန်လုပ်ဖို့ ..ပြန်ပြောဖို့... သောင်းကျန်းပစ်ဖို့ ဒေါ်တင်တင်မြိုင်နဲ့ ဦးဘိုထွန်းက ပြောခဲ့ပါတယ်....မိန်းကလေးဆိုပေမဲ့ ကျွန်မသာစိတ်ပါရင် ..ဆေးလိပ်...အရက်ကအစ သောက်ခွင့်ပေးထားခဲ့ပါတယ်..ကျွန်မကနေမကောင်း အမြဲဖြစ်နေလို့ ပညာသင်ခွင့်လဲမရခဲ့ပါဘူး...စာရေးတတ်ဖတ်တတ်ဖို့အတွက် ..အိမ်မှာစာ တော့သင်ပေးခဲ့ပါတယ်...ဒီလိုတွေဖြစ်နေခဲ့တာက ကျွန်မမှာ ရောဂါရှိနေလို့မဟုတ်ဘဲ...ဆေးတွေထိုးခံထားရလို့..ဆေးတွေတိုက်ခံထားရလို့ဆိုတာကို ..အဲ့ဒီအချိန်က လုံးဝမသိခဲ့ပါဘူး ....ကျွန်မကို အရမ်းအလိုလိုက်တော့...မိဘအရင်းတွေလို့ပဲ စိတ်ထဲက ယုံကြည်လာခဲ့မိပါတယ်....ကျွန်မအသက် (၁၈)နှစ်မှာ ....ကသစ်မြိုင်စံအိမ်ကို ပြန်ရောက်ခဲ့ပါတယ် "
" ဒါဆိုရင် ... မသစ်ခက်နွယ်အနေနဲ့ ...ကိုယ့်ကိုယ်ကို ပန်းရိပ်ဖြူလို့ပဲ ထင်ခဲ့တာပေါ့ ... အခု တော့ ...ကိုယ့်ကိုယ်ကို သစ်ခက်နွယ်ဆိုတာ ပြန်မှတ်မိနေပြီလို့ ပြောထားတယ်နော် ..ဘယ်အချိန်ကများ ...ပြန်မှတ်မိခဲ့တာလဲဆိုတာကို ပြောပြပါအုံး "
" ဟုတ်ကဲ့ ...ကသစ်မြိုင်ကို ပြန်ရောက်တော့လဲ ဘာကိုမှ မမှတ်မိပါဘူး....တစ်ခုခုကို စိတ်ထဲက မှတ်မိသလိုလိုဖြစ်လို့ .. ကျွန်မရဲ့ အမေအဖြစ်ဟန်ဆောင်နေတဲ့ ဒေါ်တင်တင်မြိုင်ကို ပြောပြမိတဲ့အခါ ...ဆရာဝန်ခေါ်ပြီး ဆေးတွေပဲ ထိုးပေးခဲ့ပါတယ်...အဲ့ဒီလိုနေရင်းနဲ့...ကျွန်မကိုယ်တိုင် မလုပ်ရပါဘဲနဲ့ ...ခြံထဲမှာ သွားအိပ်နေတာမျိုးတွေဖြစ်လာပါတယ်...ကျွန်မက မလုပ်မိပါဘူးလို့ အကြိမ်ကြိမ်ငြင်းတဲ့အခါမှာတော့ ...ညအချိန်မှာ ကျွန်မယောင်ယမ်းပြီး လမ်းလျှောက်နေတာတွေ....ခြံထဲဆင်းသွားတာတွေကို ဗီဒီယိုရိုက်ထားတာတွေ ပြပါတယ် ... ဗီဒီယိုထဲမှာ ကျွန်မမျက်နှာကို မမြင်ရပေမဲ့ ..ကျွန်မပုံစံနဲ့ကျွန်မရဲ့ အဝတ်အစားတွေပဲမို့ ပြောတာတွေကိုယုံကြည်ခဲ့မိပါတယ် ...မိ...မိဘတွေကိုယ်တိုင်က ပြတာပြောတာမို့ ယုံကြည်ခဲ့မိပါတယ်...ဒီလိုနေလာခဲ့ရင်းကနေ ... မကြာသေးခင်အချိန်ကမှ သောက်နေကျဆေးတွေကိုလဲ မသောက်ဘဲ ဝှက်ထားခဲ့ပါတယ် ... တစ်နေ့တော့ ရေတံခွန်တောင်...အပန်းဖြေစခန်းမှာ လမ်းလျှောက်နေရင်းက ..... ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်...အဲ့ဒီမှာအဖြစ်အပျက်တစ်ချို့ကို ပြန်မှတ်မိလာပါတယ်...ပြီးတော့ ညသန်းခေါင်မှာ အခန်းတံခါးကိုလာခေါက်လို့ ထွက်ကြည့်မိရာက .... လှေကားထိပ်ကိုရောက်တော့ နောက်ကနေ လူတစ်ယောက်တွန်းချတာခံလိုက်ရသလို .. လက်ကို လှမ်းဆွဲတာလဲ ခံလိုက်ရပါတယ်...အဲ့ဒီလိုဖြစ်ချိန်မှာ ကျွန်မလက်ထဲမှာ ကိုင်ထားခဲ့တဲ့ ဓါတ်မီးပြုတ်ကျပြီး ကွဲသံလိုလိုကိုလဲ ကြားခဲ့ပါတယ်... | 223 |
| 11 | لا يوجد نص... | 223 |
| 12 | https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
၁၉
https://www.facebook.com/100067151540690/posts/719932463588465/
၂၀
https://www.facebook.com/100067151540690/posts/720499773531734/
၂၁
https://www.facebook.com/100067151540690/posts/721022723479439/
၂၂
https://www.facebook.com/100067151540690/posts/721549736760071/
၂၃
https://www.facebook.com/100067151540690/posts/722060446709000/
၂၄
https://www.facebook.com/100067151540690/posts/722610463320665/
၂၅
https://www.facebook.com/100067151540690/posts/723211539927224/
၂၆
https://www.facebook.com/100067151540690/posts/723791976535847/
၂၇
https://www.facebook.com/100067151540690/posts/724353766479668/
၂၈
https://www.facebook.com/100067151540690/posts/724889516426093/
၂၉
https://www.facebook.com/100067151540690/posts/725430096372035
၃ဝ
https://www.facebook.com/100067151540690/posts/725989312982780/
၃၁
https://www.facebook.com/100067151540690/posts/726572929591085/
၃၂
https://www.facebook.com/100067151540690/posts/727145566200488/
၃၃
https://www.facebook.com/100067151540690/posts/727218986193146/
၃၄
https://www.facebook.com/100067151540690/posts/727778939470484/
၃၅
https://www.facebook.com/100067151540690/posts/728391446075900/
၃၆
https://www.facebook.com/100067151540690/posts/728973059351072/
၃၇
https://www.facebook.com/100067151540690/posts/729535255961519/
၃၈
https://www.facebook.com/100067151540690/posts/729605629287815/ | 230 |
| 13 | " ဘာ ....နင်ဘာပြောလိုက်တယ် တင်တင်မြိုင်...ငါ့သားနဲ့ သမီးကိုတော့ အသ*က်ချမ်းသာပေးပါတင်တင်မြိုင်ရယ်..."
" တော်စမ်းပါ ပန်းမြိုင်ရယ် ..နင့်ပါးစပ်ကို ပိတ်လိုက်တော့ ...ကဲဟေ့ သူတို့ကိုရှင်းလိုက်တော့ ..."
" မ...မလုပ်ပါနဲ့ တင်တင်မြိုင်ရယ် ... ငါတောင်းပန်ပါတယ်....သမီးပန်းရိပ် .. ပြေး..ပြေးတော့ ... ပြေး....အား "
အမေပန်းမြိုင်ရဲ့ နာနာကျင်ကျင်အော်လိုက်သံနဲ့အတူ ဒေါ်တင်တင်မြိုင်ရဲ့ ရယ်သံတွေကို ကြားလိုက်ရတယ်။ အားလုံးကို သစ်ခက်ကြားရမြင်နေရချိန်မှာပဲ လဲကျနေရာကထွက်ပြေးသွားတဲ့ပန်းရိပ်ဖြူကို တွေ့မြင်လိုက်ရပြီး ထွက်ပြေးသွားတဲ့ ပန်းရိပ်ဖြူကို ဒေါ်တင်တင်မြိုင်က ဓါးနဲ့လှမ်းပေါက်လိုက်တာ ကိုလဲတွေ့လိုက်ရတယ်။
" မကြာခင်မိုးလင်းလာတော့မယ် ....အားလုံးကိုမြန်မြန်ရှင်းပစ်ရမယ်....နောက်ဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့ သွားနော် ...ကြားလားပန်းရိပ်ဖြူ ...နင့်နေရာမှာငါ့သမီးအလွမ်းဆွတ်ကို... အစားထိုးမှာလေတူမလေးရဲ့ "
ဒေါ်တင်တင်မြိုင်က ရက်စက်ကြမ်းကြုတ်စွာပြောလိုက်ရင်းနဲ့မီးကို စတင်ရှို့လိုက်တယ်။ ဒီအချိန်မှာပဲ အိမ်ထဲကို လူတစ်ယောက်ပြေးဝင်လာခဲ့ပြီး
"ဒုက္ခတော့ရောက်ပြီ မမမြိုင် ..ခြံစောင့်ရဲ့အလောင်းကိုလဲ ရှာလို့မတွေ့တော့ဘူးတဲ့....ပြီး..ပြီးတော့ ... ဟို..ဟို...အလွမ်းဆွတ်နဲ့ကလေးတစ်ယောက်ကိုလဲ ရှာမတွေ့ဘူး "
" ဘာ ...နင်တိုအလုပ်လုပ်တာညှံလှချည်လား ....ကလေးနှစ်ယောက်ကိုတောင် တွေ့အောင် မရှာနိုင်ဘူးလား ....ခြံစောင့်စံသိန်းက Darဒဏ်ရာတွေ ဒီလောက်ရထားတာ ...ဝေးဝေးမပြေးနိုင်ဘူး ..ရအောင်ရှာကြစမ်း...သမီး ...ငါ့သမီးကိုလဲရှာကြ ..ဒါက... ဟိုအိမ်ဖော်မ ကလေးတွေကိုခေါ်သွားလို့ဖြစ်ရတာ ...ဒီဟာမကို အမှုန့်ဖြစ်အောင်လုပ်ပစ်မယ် "
ဒေါသတကြီးဆဲဆိုလိုက်သံနဲ့အတူ မိခင်ဖြစ်သူကိုတရွတ်ဆွဲပြီး မီးထဲကိုထွန်းတည့်လိုက်တာကို မြင်လိုက်ရတော သစ်ခက်မျက်လုံးအပြူးသားနဲ့ အသက်မဲ့သူလို ဖြစ်သွားခဲ့တယ်။သူတို့အားလုံးကတော့ ဗျာများနေတာမို့ မီးတွေ တဟုန်းဟုန်းတောက်လောင်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ခွေခွေလေးလဲကျနေတဲ့ သစ်ခက်ကို သတိမပြုမိကြဘူး ။
" မီးပြင်းလာပြီ... ဆီပုံးတွေကို ထားခဲ့လိုက်ပြီး ... ဒီကသွားကြရအောင် ... ငါ့သမီးကိုရအောင်ရှာမှဖြစ်မယ်....ဟိုကောင်လေးနဲ့ခြံစောင့်ကိုတွေ့ရင် ရှင်းပစ်လိုက်ကြားလား ..သွားကြမယ် "
အားလုံးပြေးထွက်သွားချိန်မှာ သူမအားတင်းကာကုန်းရုန်းထလိုက်ပြီး မီခင်ဆီကိုပြေးသွားလိုက်တယ်။မီခင်ကြီးနားကို သူမရောက်ချိန်မှာမိခင်ကြီးရဲ့အောက်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းနေခဲ့ပြီ။
"ပြေး .. " စကားတစ်ခွန်းသာ ပြောပြီး ငြိမ်ကျသွားခဲ့တဲ့ မိခင်ကိုကြည့်နေရင်း သူမကြောက်ရွံ့ထိတ်လန့်စွာထွက်ပြေးလာခဲ့မိတယ်။
မှောင်မှောင်မည်းမည်းထဲမှာပြေးလွှားခဲ့ရင်း လဲကျရင် ပြန်ထပြီး ပြေးပြီးရင်းဆက်ပြေးခဲ့တယ်။ပြေးရင်းနဲ့ အရှေ့ဘက်ကောင်းကင်ဆီက အလင်းရောင်ပေါ်ထွက်လာခဲ့တယ်။ခြေထောက်တွေကလဲ ဆက်မပြေးနိုင်တော့ဘဲ ကားလမ်းမတစ်နေရာမှာ လဲကျကာ အားလုံးကို မေ့လျော့သွားခဲ့တယ်။
သူမသတိပြန်ရလာချိန်မှာ သူမနားမှာ လူတချို့ကိုတွေ့လိုက်ရတယ်။
" ကလေး..ကလေးသတိရပြီလား "
လူကြီးတစ်ယောက်ရဲ့ အမေးကို သူမ မဖြေနိုင်ဘဲသူမပြောချင်တာကို အရင်ပြောလိုက်တယ်။
" အမေ..အမေ...အမေပန်းမြိုင်ကိုကယ်ပေးပါ ...အထွန်းကို ကယ်ပေးပါ...ပန်း.. ပန်းရိပ် ..ပန်ရိပ်ကို ကယ်ပေးပါ ..မီး..မီးတွေလောင်နေတယ် "
" ဟာ ...ဒီကလေးမမှာ မီးလောင်ဒဏ်ရာတွေလဲရှိတယ်......ဒီနေ့မနက် ရေတံခွန် တောင်ကြားမှာ..သူဌေးမိသားစု Dar ပြတိုက်ခံရတယ်လို့ကြားတယ်...ဒီကလေးမက အဲ့ဒီက ...ကလေးမဖြစ်မယ် ... ကလေးမ ..မင်းနာမည် ဘယ်သူလဲ...မင်းအမေနာမည်ရော မှတ်မိလား "
"အမေ..အမေ့ကို ကယ်ပေးပါ...အမေပန်းမြိုင်ကယ်ပေးပါ...ပန်း ..ပန်းရိပ်ဖြူ...ကယ်ပေးပါ "
" ဪ...မင်းအမေက သူဌေးကတော်ဒေါ်ပန်းမြိုင်လား...မင်းနာမည်က ပန်းရိပ်ဖြူလား "
"ပန်းရိပ်ဖြူ..ပန်းရိပ်ဖြူ ကယ်ပေးပါ "
သူမအားယူဖြေလိုက်ရင်းမှ လောကကြီးတစ်ခုလုံး မှောင်အတိကျသွားခဲ့ရပြန်တယ်။
သူမပြောနေတဲ့ စကားတွေကို ရပ်တန့်လိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဝါးနဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်မိတယ်။
=================================
အပိုင်း(၄၀)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ | 222 |
| 14 | " ဒီလိုဆိုရင်ဖြင့်...မသစ်ခက်နွယ်နဲ့ဦးစံသိန်းက ...အမှုဖြစ်စဉ်မှာ အသက်ရှင်လွတ်မြောက်ခဲ့သူတွေလို့် သက်မှတ်လို့်ရပါတယ်...ဒါကြောင့် အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ...မှတ်မိသလောက်ကို ရုံးတော်က တရားသူကြီးမင်းရှေ့မှာ ဖြေကြားပေးပါ "
အကျိုးဆောင်ရှေ့နေရဲ့စကားအဆုံးမှာ သစ်ခက်မျက်နှာကို တစ်ဖက်သို့မသိမသာငဲ့စောင်းကာ ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်ကို ကြည့်လိုက်မိတယ်။ပြီးတော့ မျက်နှာကိုချက်ချင်းလွဲလိုက်ပြီး ဘုန်းသိင်္ခကိုလှမ်းကြည့်လိုက်မိတယ်။သူမဘဝမှာခင်တွယ်စရာလူမရှိတော့သလို ရင်နှီးခင်မင်ရတဲ့သူဆိုလို့် ဘုန်းသိင်္ခတစ်ယောက်ပဲရှီတော့တယ်လေ။အဘွားရယ်လို့်ချစ်ခင်ခဲ့ရတဲ့သူကလဲ ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့သူစိမ်တစ်ယောက်ပဲ မဟုတ်ပါလား။ဘုန်းသိင်္ခက သူမကိုအားတင်းကာပြုံးပြနေတာကို တွေ့လိုက်ရတော့ သူမရဲ့အကြည့်တွေကို ရှေ့နေကြီးဆီကိုလွှဲပြောင်းလိုက်ပြီး အဖြစ်မှန်တွေကို စတင်ပြိးပြောလိုက်တယ်။
" အပန်းဖြေစခန်းကို ကျွန်မတို့စရောက်တဲ့နေ့ညမှာပဲ ...လူဆိုးတွေရောက်လာခဲ့လို... ညဘက်ကြီးမှာ ...ကျွန်မတို့ထွက်ပြေးခဲ့ကြပါတယ်..ကျွန်မတို့ထွက်ပြေးတော့ ...အမေပန်းမြိုင်နဲ့ ဘွားဘွားကြီးနှင်းမြိုင်ကမလိုက်ပါဘူး...ဘွားဘွားကြီးနှင်းမြိုင်လမ်းမလျှောက်နိုင်လို့်မလိုက်တာပါ....ကျွန်မတို့နဲ့အတူ ကျွန်မရဲ့အမေဒေါ်အေးပုံလဲလိုက်ခဲ့ပါတယ်...အမေပန်းမြိုင်က လိုက်ခိုင်းလို့်အမေအေးပုံက...ကျွန်မတို့နဲ့အတူလိုက်ခဲ့တာပါ "
" ခဏလေးပါ မသစ်ခက်နွယ်..ကျွှန်မတို့ဆိုတာက... ဘယ်သူတွေလဲ...မှတ်မိရင်နာမည်လေးတွေနဲ့ပြောပြပါ "
ရှေ့နေကြီးကမေးခွန်းဖြတ်မေးလိုက်တယ်။တရားခွင်အတွင်းမှာတော့ စခန်းသာမြို့သူမြို့သားတွေအများဆုံးလာရောက်နားထောင်နေကြပြီး အားလုံးစိတ်ဝင်တစားနဲ့ ငြိမ်သက်စွာနားထောင်နေခဲ့ကြတယ်။
"ဟုတ်ကဲ့ ...ကျွန်မတို့ဆိုတာက ...ကျွန်မရယ်..ကျွန်မအမေဒေါ်အေးပုံရယ်....သူဌေးဦးဘိုထွန်းနဲ့ ဒေါ်ပန်းမြိုင်ရဲ့ မသမီးနဲ့ သားဖြစ်တဲ့ ပန်းရိပ်ဖြူရယ် ... ထွန်းမြတ်မောင်ရယ်ပါ...ပြီးတော့ အမေပန်းမြိုင်ရဲ့တူမ...အလွမ်းဆွတ်လဲပါပါတယ်....ကျွန်မတို့ အားလုံးကျောက်တောင်လမ်းကြားလေးကနေ ပြေးလာခဲ့ကြပါတယ်... လမ်းကြား အဆုံးကို ရောက်ခါနီးမှာ ..ကျွန်မရဲ့ အမေဒေါ်အေးပုံက ..ကျွန်မတို့တွေကို ရေတံခွန်ရွာကိုရောက်အောင်ပြေးလို့မှာခဲ့ပြီးတော့ ...သူကိုယ်တိုင်က အမေပန်းမြိုင်တို့ ကျန်ခဲ့တဲ့ဆီကိုပြန်ပြေးသွားခဲ့ပါတယ် "
သစ်ခက်က သူမမှတ်မိသမျှကို ပြန်လည်ပြောပြနေချိန်မှာ တာဝန်ရှိသူများရော လာနားထောင်နေကြကဲ့ လူထုပရိသတ်တွေကပါ ငြိမ်သက်စွာနားထောင်နေခဲ့ကြတယ်။
"လူဆိုးတွေလက်ကလွတ်အောင် ... အထွန်းခေါ်ထွန်းမြတ်မောင်ရဲ့လက်ကိုဆွဲပြီး ...ကျွန်မတို့ ပြေးခဲ့ရာက .. နှစ်ယောက်လုံးချော်လဲခဲ့ကြပြီး...အထွန်းကချောက်ဘက်ထဲ လိမ့်ကျသွားခဲ့ပါတယ်... အထွန်းလိမ့်ကျသွားပြီး သိပ်မကြာခင်မှာပဲ လူဆိုးတွေက ... ကျွန်မကိုရှာတွေ့သွားခဲ့တယ်....သူတို့တွေအနားကိုရောက်လာချိန်မှာပဲ ကျွန်မလဲသတိလစ်သွားခဲ့ပါတယ် "
သူမမေ့မျောသွားချိန်ကစလို့ အထွန်းနဲ့ကွဲသွားခဲ့ပြီး သူမကြုံတွေ့ခဲ့ရတာတွေကို ရင်ထဲနာကျင်စွာနဲ့ အားလုံးကိုပြန်ပြောပြလိုက်တယ်။
သူမဖျတ်ခနဲ့အသိဝင်လာတာနဲ့မျက်လုံးကို အတင်းအား ယူဖွင့်ကြည့်လိုက်မိတယ်။ ဒီအခါနားထဲမှာ အမေပန်းမြိုင်ရဲ့ နာနာကျင်ကျင်နဲ့ပြောလိုက်တဲ့အသံကိုကြားလိုက်ရတယ်။
" ကျေးဇူးကန်းတွေ...ကျေးဇူးကန်းမ ...နင်နဲ့ ဘိုထွန်းလဲ ... တစ်နေ့ကျရင် ငါတို့လိုပဲဖြစ်လိမ့်မယ် ... နင်တို့သ*တ်ချင်တာ... ငါ့ကိုမဟုတ်လား ..သတ် လေ....သ* တ်ပစ်လိုက်...ငါ့ကလေးတွေကို လွှတ်ပေး "
" ဘာပြောတယ် ..နင့်ကလေးတွေကို လွှတ်ပေးရမယ် ဟုတ်လား...စိတ်ကူးယဉ်မနေပါနဲ့အစ်မပန်းမြိုင်ရယ်...နင်ကအားလုံးကို ပိုင်ဆိုင်ထားတယ်ဆိုပြီး သိပ်ကိုဂုဏ်ယူနေခဲ့တာမဟုတ်လား ..အဖေတူအမေကွဲ ညီမဖြစ်တဲ့ ...ငါ့ကိုလဲသနားစရာသတ္တဝါလိုဆက်ဆံခဲ့တယ်....တကယ်ဆို နင့်အမေနဲ့ ငါ့အဖေက ...လင်မယားတွေပဲလေ...မယားရဲ့ မအမွေပစ္စည်းကို ...ယောက်ျားကလဲရပိုင်ခွင်ရှိတာပေါ့...ငါ့အဖေပိုင်ဆိုင်ခွင့်ရှိသလို .. မယားပြိုင်ဖြစ်တဲ့ ငါ့အမေလဲ ပိုင်ဆိုင့်ခွင့်ရှိတာပေါ့ မဟုတ်ဘူးလား...ယောက်ျားက ဖောက်ပြန်တာတွေ..ရှာမကျွေးတာတွေကို လာမပြောနဲ့လေ....အခုတော့ နင်တို့သားအမိတွေကတော့ သူဌေးမကြီးတွေလိုနေပြီး ..ငါ့အဖေနဲ့ ငါတို့သားအမိမှာတော့ ..သွားလေရာအပြောအဆိုပဲခံနေရတဲ့ဘဝ....ပြီးတော့ နင်ကသူဌေးသားကိုရအောင်ယူနိုင်တယ်ဆိုပြီး... ငါ့ကိုသနားစရာပုံစံနဲ့ ဆက်ဆံခဲ့တာလေ... ဟင်း...ဟင်းဟင်း...ဒါပေမဲ့ နင်မသိတာက ...ငါနဲ့ကိုထွန်းက နင့်နောက်ကွယ်မှာသိပ်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်နေကြတာကို နင်မသိဘူးလေ ..အင်း..ပြောရရင် ..နင်နဲ့ကိုထွန်းလက်ထပ်ပြီးလို့ ... နှစ်လကျော်လေးမှာပဲ ငါတို့လဲညားခဲ့တာလေ....သမီးလွမ်းက ...ကိုထွန်းရဲ့သမီးဟဲ့ သိရဲ့လား... ဒါကြောင့်လဲ ဒီအစီအစဉ်ကို... သူကစီစဉ်ခဲ့တာပေါ့ ...နင်တို့သားအမိတွေ tသသွားရင် ..ငါနဲ့ငါ့သမီးက ခွဲစိတ်ပြုပြင်လိုက်ပြီး ...နင်နဲ့ နင့်သမီးနေရာကိုယူလိုက်မှာလေပန်းမြိုင်ရဲ့ ဟင်း..ဟင်း.." | 202 |
| 15 | #စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၃၉)
akyiphyu
*********
" မနက်ဖြန်ကျရင် ...ပထမဆုံးရုံးချိန်းသွားရမှာ... မမအဆင်ပြေရဲ့လား "
သစ်ခက်ကိုကြည့်ပြီး ဘုန်းသိင်္ခကရုဏာသက်စွာမေးလိုက်မိတယ်။တကယ်တော့ ဖြစ်ပျက်ခဲ့သမျှကိစ္စတွေက အားလုံးအတွက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေဆိုပေမဲ့ သစ်ခက်အတွက်တော့မနေ့တစ်နေ့ကလိုမျိုးဖြစ်နေခဲ့တဲ့အပြင် ဒီနေ့အထိသူ့ခမျာစောင့်ကြည့်ခံဘဝနဲ့ လှောင်ချိုင့်ထဲမှာနေခဲ့ရတာဆိုတော့ သစ်ခက်ရဲ့ဘဝကပိုပြီးနာကျင်စရာကောင်းနေခဲ့တယ်လေ။
" မမအဆင်ပြေတယ်ဆိုမှ ...ရုံးချိန်းကိုသွားလို့ရပါတယ် ... မနက်ဖြန် အဖေသိန်းက သက်သေ (၁)အဖြစ် အရင်ထွက်ဆိုမှာပါ "
" တို့အဆင်ပြေပါတယ် ကိုဘုန်း....ဒီကိစ္စတွေကို မြန်မြန်ပြီးချင်နေပါပြီ ...မြန်မြန်ပြီးချင်တာတောင် ...အနည်းဆုံးတော့ လေးငါးလမက ကြာမယ်ထင်တယ်နော်...."
သစ်ခက်စိတ်ပျက်အားလျော့စွာ ပြောလိုက်မိတယ်။
" ဟုတ်ပါတယ် မမ ...တကယ်လို့များ..ဦးဘိုထွန်း ကိုယ်တိုင်က ဝန်ခံလိုက်တယ်ဆိုရင်တော့ ......အချိန်မကြာဘဲမြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားမှာပါ ...ဒါပေမဲ့ဝန်ခံဖို့ကိုလဲ မမျှော်လင့်ပါဘူး...ဘာလို့လဲဆိုတော့ ..သူ့မှာနောင်တဆိုတာကိုမတွေ့မိသလိုပဲ "
အေစက်စက်အသံနဲ့တည်ငြိမ်စွာပြောနေတဲ့ ဘုန်းသိင်္ခကို သစ်ခက်စိတ်မကောင်းစွာကြည့်လိုက်မိတယ်။
" ဒါနဲ့လေ...ကိုဘုန်း...တစ်ခါတုန်းက ဒေါ်ဘောက်စိန်ဆိုတဲ့ အမျိုးသမီးကြီးအကြောင်းကို ...ပြောပြဖူးတာမှတ်မိလားဟင် ...အားလုံးကိုပြန်သတိရလာတော့မှ... စဉ်းစားမိတာက ဒေါ်ဘောက်စိန်က တို့နဲ့အနေကြာလာတော့ ... တို့အပေါ်မှာသနားလာပုံရတယ်...အဲ့ဒီတုန်းကကြည့်ရတာ ဒေါ်ဘောက်စိန်က သူသိတဲ့အဖြစ်မှန်တွေကို ပြောပြချင်လာပုံရတယ်...ဒါတွေကိုပြန်တွေ့ကြည့်မိတော့ ဒေါ်ဘောက်စိန်အလုပ်ထွက်သွားတာရောဟုတ်ဲရဲ့လား...ရိုးရိုးတန်းတန်းပျောက်သွားတာရောဟုတ်ရဲ့လားလို့် စဉ်းစားမိတယ်...ဘာလို့်လဲဆိုတော့ ...ဒေါ်ဘောက်စိန်က သူ့မှာဆွေမျိုးသားချင်တွေမရှိဘူး...မိဘမဲ့ကျောင်းကနေကြီးပြင်းလာတာလို့်ပြောဖူးတယ် ....ဒေါ်ဘောက်စိန်အကြောင်းကိုလဲ စုံစမ်းပေးပါလားဟင် "
သစ်ခက်ရဲ့စကားကြောင့် ဘုန်းသိင်္ခက သစ်ခက်ရဲ့မျက်နှာလေးကို စိတ်မကောင်းစွာ ကြည့်လိုက်မိပြီး
" အင်း...အဲ့ဒီကိစ္စကို ကျွန်တော်ပြောပြမလို့ပါပဲ.....မမစိတ်မကောင်းဖြစ်မှာစိုးလို့ မပြောသေးဘဲနေနေတာပါ.....မမထင်နေတာဟုတ်ပါတယ်...မမပြောတဲ့နေ့ကပဲ... ဒေါ်ဘောက်စိန်အကြောင်းကို မသန္တာကိုပြောပြလိုက်တော့ ...အထက်ကိုတင်ပြလိုက်ပြီး ...ဒေါ်ဘောက်စိန်နာမည်နဲစပြီးရှာခဲ့တယ် ...ဒေါ်ဘောက်စိန်ဆိုတဲ့နာမည်ကလဲရှားတော့ ရှာရတာတစ်လလောက်ပဲကြာတယ်လေ....အဲ့ဒီကနေ ...မမနေခဲ့တဲ့နေရာကိုသိခဲ့ရသလို,,,ဒေါ်ဘောက်စိန်က အလုပ်ထွက်သွားတာမဟုတ်ဘဲ ...အသ/တ်ခံလိုက်ရတာကိုပါ စုံစမ်းလို့်ရခဲ့တယ် ...စွဲချက်တွေထဲမှာ ဒေါ်ဘောက်စိန်ကိုသ*တ်မှုနဲ့ပါစွဲထားခဲ့တယ်..."
ဘုန်းသိင်္ခရဲ့အဖြေကြောင့် သစ်ခက်ရင်ထဲ တလှပ်လှပ် တုန်ကာ ဝမ်းနည်းသွားမိပြီး မျက်နှာကိုလက်ဖဝါးနဲ့အုပ်ကာ ငြိမ်သက်နေမိတယ်။အလိုလောဘတွေအတွက် လူတစ်ယောက်ကို ပုရွက်ဆိတ်တစ်ကောင်လောက်တောင် တန်ဖိုးမထားတတ်တဲ့ ရက်စက်လွန်းတဲ့လူတွေကြားမှာ သူမရှင်သန်ခဲ့ရတာတဲ့လေ။ကိုယ့်အမေရင်းကိုသ*တ်ခဲ့တဲ့ သူတွေကို မိဘတွေအဖြစ်ထင်မှတ်ပြီး ချစ်ခင်အားကိုးခဲ့မိတယ်။ဒါတွေကို တွေးမိတိုင်းရင်ထဲမှာ ပြောမပြတတ်အောင် နာကျင်နေမိတယ်။
" အားလုံးက ကျွန်တော်တို့ကြောင့် ဖြစ်ခဲ့ရတာပါ...တောင်းပန်ပါတယ်မမရယ်...."
ငြိမ်သက်တိတ်ဆိတ်ကာ မျက်ရည်ကျနေတဲ့ သစ်ခက်ကို ဘုန်းသိင်္ခနှစ်သိမ့်အားပေးလိုက်တယ်။နှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့ နာကြည့်မှုနာကျင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး မျက်လုံးအိမ်မှာ မျက်ရည်တွေကိုယ်စီရစ်ဝဲနေခဲ့ကြတယ်။
~~~~~~~~~~
သစ်ခက်ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက်မှာ ရှေ့နေကစတင်ကာမေးမြန်းလာခဲ့တယ်။
" ဒီကညီမနာမည်က မသစ်ခက်နွယ်နော်....မိဘနာမည်နဲ့...နေခဲ့အရပ်ဒေသကိုအရင်ပြောပြပါအုံး "
တာဝန်ရှိရှေ့နေရဲ့မေးမြန်းမှုကိုဖြေဖို့အတွက် သစ်ခက်အသံမတုန်အောင်ထိန်းရင်း ဖြေလိုက်တယ်။မျက်လုံးထောင့်စွန်းကနေမြင်နေရတဲ့ ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်ကိုလဲ လုံးဝမကြည့်ပါ။တည်ငြိမ်စပြုနေပြီဖြစ်တဲ့စိတ်ကလဲ ဦးဘိုထွန်း၊ဒေါ်တင်တင်မြိုင်တို့နဲ့ပတ်သက်ပြီး ခံစားချက်တွေကလဲ အေးစက်စပြုလာခဲ့ပြိဖြစ်တယ်။နာကျင်မှုတွေကနေ နာကြည်းမှုတွေအဖြစ်ပြောင်းလဲ့စပြုလာခဲ့ပြီလဲဖြစ်တယ်။
" ကျွန်မနာမည်ကသစ်ခက်နွယ်ပါ...အဖေနာမည်ကိုတော့မသိပါဘူး..ကျွန်မလူရယ်လို့်သိလာကတည်းက အဖေဆိုတာမရှိတော့ပါဘူး...အမေနာမည်ကတောဒေါ်အေးပုံပါ..ကသစ်မြိုင်စံအိမ်ကြီးမှာ လွန်ခဲ့တဲ့( ၁၇)နှစ်ကျော်က အိမ်အကူလုပ်ခဲ့ပါတယ် "
ရှေ့နေကမေးလိုက်သစ်ခက်ဖြေလိုက်နဲ့နောက်ဆုံးမှာတော့ ရှေ့နေကအဓိကအကြောင်းအရာကို မေးမြန်းတော့တယ်။ | 380 |
| 16 | لا يوجد نص... | 262 |
| 17 | https://www.facebook.com/100067151540690/posts/722610463320665/
၂၅
https://www.facebook.com/100067151540690/posts/723211539927224/
၂၆
https://www.facebook.com/100067151540690/posts/723791976535847/
၂၇
https://www.facebook.com/100067151540690/posts/724353766479668/
၂၈
https://www.facebook.com/100067151540690/posts/724889516426093/
၂၉
https://www.facebook.com/100067151540690/posts/725430096372035
၃ဝ
https://www.facebook.com/100067151540690/posts/725989312982780/
၃၁
https://www.facebook.com/100067151540690/posts/726572929591085/
၃၂
https://www.facebook.com/100067151540690/posts/727145566200488/
၃၃
https://www.facebook.com/100067151540690/posts/727218986193146/
၃၄
https://www.facebook.com/100067151540690/posts/727778939470484/
၃၅
https://www.facebook.com/100067151540690/posts/728391446075900/
၃၆
https://www.facebook.com/100067151540690/posts/728973059351072/
၃၇
https://www.facebook.com/100067151540690/posts/729535255961519/ | 245 |
| 18 | "ကျေးဇူးတင်ပါတယ် စောမြိုင်ရယ်....နင်ကြောင့်သာ ငါ့မြေးလေးနဲ့ပြန်ဆုံခဲ့ရတာပါ ..နင်ကုန်ခဲ့တဲ့ငွေတွေကို ငါပြန်ပေးပါ့မယ် ....ဒါနဲ့ မောင်စိုင်းမြတ်အကြောင်းလဲကြားတယ်....ငါကတော့ ယုံကြည်လိုက်ရတာကံကောင်းလို့ပေါ့ ..... ညိုထွန်းလဲ ထွက်ပြေးသွားပြီပြောတယ်.....စောရီကလဲ ဘိုထွန်းနဲ့တင်တင်မြိုင်ရဲ့လူတဲ့လေ ... စောရီ.. ညိုထွန်းမောင်နဲ့ စိုင်းမြတ်တို့တွေ ..ကျေးဇူးကန်းလိုက်ကြတာ...ငါကတော့ ...ငါေ** သသွားခဲ့ရင် ..သူတို့တွေအတွက်ပါ စီစဉ်ထားပေးခဲ့တာကို လုပ်ရက်လိုက်ကြတာ...ဘာပဲဖြစ်ဖြစ် မောင်စိုင်းမြတ်အခုလိုဖြစ်သွားတော့လဲ စိတ်မကောင်းဖြစ်မိတယ် ....ဒါနဲ့ သစ်ခက်က အားလုံးပြန်သတိရနေပြီဆို .....အဘွားတွေ့လို့ရမလားကွယ် "
ဘွားကြေးဥက မြေးဖြစ်သူဘုန်းသိင်္ခကို မေးလိုက်တယ်။
" သူ ..အားလုံးသတိရနေပါပြီ အဘွား ..ဒါပေမဲ့ ..အရင်တုန်းက မူးယစ်ဆေးနဲ့ စိတ်ကယောင်ချောက်ချားဖြစ်စေတဲ့ဆေးတွေ... မကြာခဏအထိုးခံထားခဲ့ရလို့ ...အနားယူနေရပါတယ်....ပထမဆုံးရုံးချိန်းမှာ သူ့ကိုသက်သေထွက်ဆိုခိုင်းဖို့လိုအပ်တာမို့... အနားယူခိုင်းထားတာပါ ...ရုံးချိန်းကို အဘွားမလိုက်လဲရပါတယ် "
ဘုန်းသိင်္ခက ခေါင်းကိုငုံ့ထားလိုက်ပြီး ဘွားအေကြီးကို ခပ်တိုးတိုးပြောလိုက်တယ်။
" လိုက်ရမှာပေါ့မြေးရယ် .. သူက အဘွားရဲ့သားဆိုပေမဲ့ ...ဒီလောက် ရက်စက်တဲ့သူကို ..အဘွားခွင့်မလွှတ်ပါဘူး ...အပြစ်တွေအားလုံးကို သူကိုယ်တိုင်ဝန်ခံလာအောင် အဘွားပြောပါ့မယ် ... မနက်ဖြန်ကျရင် ...သူ့ကိုအဘွားတို့သွားတွေ့ကြမယ် "
" ဟုတ်ကဲ့ပါ အဘွား ....အဘွားအတွက်သူနာပြုတစ်ယောက်လဲ ကျွန်တော်စီစဉ်ပေးထားပါတယ် "
" ကျေးဇူးတင်ပါတယ် သားရယ် ... မောင်စိုင်းမြတ်အတွက် အလှူအတန်းကိုလဲ သေချာလုပ်ပေးလိုက်ပါ .....သူ့မိသားစုက သူနေသွားတဲ့အခန်းမှာ ...ဘုန်းကြီးတရားနာဆွမ်းသွပ်ပွဲလေးလုပ်ချင်လို့တဲ့... ခွင့်ပြုပေးလိုက်ပါကွယ် ...အဘွားတို့လဲကွယ်လွန်သူတွေအတွက် ရည်စူးပြီး ...အလှူအတန်းလုပ်ရမယ်....အပန်းဖြေစခန်းမှာရော... ကသစ်မြိုင်မှာပါ ဆွမ်းကပ်လှူကြတာပေါ့ ... "
" ဟုတ်ကဲ့ပါ အဘွား "
မြေးအဘွားတွေပြောရင်းမှ စကားသံတွေတိတ်ဆိတ်သွားကာ ကိုယ်စီငြိမ်သက်နေမိကြတယ်။
~~~~~~
ဘွားကြေးဥကသားဖြစ်သူရဲ့မျက်နှာကိုစေ့စေ့စိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ သားရဲ့ပါးပြင်ကို ရိုက်ချပစ်လိုက်တယ်။
" လူမိုက်...လူစိတ်မရှိတဲ့ကောင်...မင်းမှာဖခင်စိတ်ရှိသေးတယ်ဆိုရင်..တင်တင်မြိုင်နဲ့မင်းလုပ်ခဲ့သမျှကို ...ဝန်ခံလိုက်...မင်းဝန်ခံလိုက်ရင် ...ငါတတ်နိုင်သလောက်ကူညီပေးမယ်...အေး...တကယ်လို့်များ ...မင်းရဲ့စည်းစိမ်ဥစ္စတွေကို သုံးပြီး ...လိမ်ညာပြီးထွက်လာခဲ့မယ်ဆိုရင်...မင်းတို့နှစ်ယောက်လုံးကို ငါကိုယ်တိုင်သ*တ်ပစ်မယ်......ငါ့မှာငါ့မြေးတစ်ယောက်ပဲရှိတော့တယ်လို့်သက်မှတ်လိုက်မယ် မင်းသိလား "
ဘွားကြေးဥက သားဖြစ်သူဦးဘိုထွန်းကို နာနာကြည်းကြည်းနဲ့ပြောလိုက်တယ်။
=================================
အပိုင်း(၃၉)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
၁၉
https://www.facebook.com/100067151540690/posts/719932463588465/
၂၀
https://www.facebook.com/100067151540690/posts/720499773531734/
၂၁
https://www.facebook.com/100067151540690/posts/721022723479439/
၂၂
https://www.facebook.com/100067151540690/posts/721549736760071/
၂၃
https://www.facebook.com/100067151540690/posts/722060446709000/
၂၄ | 198 |
| 19 | ကြက်သေသေကာ ကြည့်နေခဲ့တဲ့ အလွမ်းဆွတ်ရဲ့ပခုံးလေးကိုထွေးဖက်ပြီး ဒေါ်တင်တင်မြိုင်က ခေါ်သွားခဲ့တယ်။ဗီဒီယိုဖိုင်က ဒီမှာပဲ ပြီးဆုံးသွားခဲ့တယ်။ ဒီအခါ ဘုန်းသိင်္ခက နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုကို ထပ်ဖွင့်ပြတယ်။ ဒီအခါမှတော့ ဗီဒီယိုဖိုင်ကဦးဘိုထွန်းတို့လင်မယားရဲ့အခန်းထဲမှာဖြစ်တယ်။ဦးဘိုထွန်း၊ ဒေါ်တင်တင်မြိုင်နဲ့ အလွမ်းဆွတ်တို့က တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုကြွေးနေခဲ့ကြတယ်။
" အမေတို့တောင်းပန်ပါတယ် သမီးလေးရယ် ....အခုလိုတွေ ဟန်ဆောင်ခဲ့ရတာလဲ သမီးလေးအတွက်ပါပဲကွယ်.... မွေးနေ့ပွဲပြီးသွားရင် သစ်ခက် ဆိုတဲ့ဟာမလေးကို ရူးသွပ်သွားအောင်လုပ်ပြီး... ဆေးရုံမှာပဲ ပိတ်ထားလိုက်မှာပါ ...အဲ့ဒီအချိန်ကျရင် ....ဘယ်သူ့ကိုမှ သမီးဂရုစိုက်စရာမလိုတော့ဘူးသိလား "
ဗီဒီယိုဖိုင်ကို ကြည့်ကာ သက်ခက်သတိကင်းမဲ့သွားသူလို့ ကြောင်ငေးငေးနဲ့ ထိုင်နေမိတယ်။
" ကဲ..ဒီလောက်ဆိုရင် ...သူတို့တွေရဲ့စိတ်ဓါတ်တွေကို မမသိပြီလား...ဘယ့်သူ့အတွက်မှ မခံစားပါနဲ့ ..သူတို့ကလူတွေမဟုတ်ဘူး.....ဒီအိမ်ကအလုပ်သမားတွေအားလုံးကိုလဲဖမ်းဆီးလိုက်ကြပြီမို့ ...မမအတွက်အလုပ်သမားတစ်ယောက်စီစဉ်ပေးထားသလို ....စခန်းကလဲ လုံခြုံရေးချပေးထားတယ်.....လောလောဆယ်တော့ ကျွန်တော်ရောမမပါ ..ကသစ်မြိုင်မှာပဲခဏနေရမယ်.....အမှုအတွက်မမလဲသက်သေလိုက်ပေးရမှာမို့ အဆင်ပြေရဲ့လား "
" ပြေ...ပြေပါတယ်....အားလုံးကိုအမှန်အတိုင်းထွက်ဆိုမှာပါ....အမေနဲ့အမေပန်းမြိုင်ရယ်...ဘွားဘွားကြီးအတွက်ရယ်..ပြီး...ပြီးတော့ ...ပန်း...ပန်းရိပ်အတွက်ပါ အမှန်တိုင်းဖြစ်စေရပါမယ် "
သစ်ခက် လက်သီးကို တင်းတင်းဆုပ်ပြီး အံကိုတင်းတင်းကြိတ်ကာပြောလိုက်တယ်။
~~~~~~~~~~~
" ဘယ်...ဘယ်လိုဖြစ်ရတာလဲ စောမြိုင်ရယ်ပြောပါအုံး...မန္တလေးအိမ်ကို ရဲတွေ ရောက်လာကြပြီး ...စောရီကို ဖမ်းလိုက်ကြတယ်...တ...တကယ်ပဲ ...ဘုန်းသိင်္ခက ..မြေးလေးအထွန်းလား ..ငါ့မြေးလေးရဲ့ဗိုက်မှာအမှတ်ပါတယ်စောမြိုင် "
ဘွားကြေးဥက ဒေါ်စောမြိုင်ကို တုန်တုန်ယင်ယင်နဲ့ မေးလိုက်တယ်။
" ဟုတ်ပါတယ်အစ်မကြီးရယ် ... မြေးလေးကိုစစ်ကြည့်လိုက်ပါ.....ဆေးရုံမှာ ဆေးပါ စစ်လိုက်ပါ ....ကျွန်မလဲစစ်ထားခဲ့ပါတယ်...ကျွန်မကတင်တင်မြိုင်ကို မသင်္ကာလို့ အနီးကပ်စောင့်ကြည့်ရအောင် ..စခန်းသာကိုပြောင်းလာခဲ့တာပါ...ကျွန်မစိတ်ထဲက မတင်မကျဖြစ်နေခဲ့တဲ့ကိစ္စကို ....အစ်မကြီးကို ဖွင့်ပြောပြချင်ပေမဲ့လဲ .... ဒီကိစ္စမှာ အစ်မကြီးသားလဲ ပါနေနိုင်တာကိုသိလို့ .... မတိုင်ပင်ခဲ့တာပါ ..အဲ့ဒီလိုနဲ့ ကျွန်မလိုက်စုံစမ်းခဲ့ပေမဲ့ ... အစ်မကြီးသားနဲ့တင်တင်မြိုင်က စခန်းသာမြို့မှာအရေးပါတဲ့ လူတွေဖြစ်နေခဲ့လို့ ...ဘာမှလုပ်မရခဲ့ဘူး...နောက်တော့ စံသိန်းနဲ့ပြန်တွေ့ပြီး အားလုံးသိခဲ့ရတယ်....ဒါကြောင့်လဲကျွန်မနဲ့ ရင်းနှီးတဲ့ အရာရှိကြီးဆီမှာ အကူအညီတောင်းခဲ့တယ် ... အဲ့ဒီအချိန်မှာပဲ အစ်မကြီးသားက အပန်းဖြေစခန်းအတွက် ...ဒီဇိုင်နာရှာနေတဲ့သတင်းကိုသိလိုက်ရလို့ ...အရာရှိကြီးဆီကို သတင်းပို့ခဲ့တယ်...ကျန်တာတွေကိုတော့ ... တာဝန်ရှိသူတွေဘက်ကပဲ စီစဉ်ပေးခဲ့တာပါ "
" လုပ်ရက်လိုက်ကြတာကွယ် ... မြေးလေး ....အဘွားမြေးလေး... မသေကောင်းမပျောက်ကောင်းကွယ် ... မောင်စံသိန်း ရယ် ...မင်းကိုလဲကျေးဇူးတင်ပါတယ်ကွယ် .. မြေးလေးရယ် ... မင်းအစ်မပန်းရိပ်လေးကတော့ ကံဆိုးရှာတယ်ကွယ်....အီး..ဟီး..ဟီး ..ငါ့မြေးမလေးနဲ့ငါ့ချွေးမကို ဆွမ်းသွပ်တရားနာတောင်..မလုပ်ပေးခဲ့ဘူး...ဖအေဖြစ်ပြီးရက်စက်လိုက်တဲ့ကောင်...သူကတင်တင်မြိုင်ဆိုတဲ့မိန်းမယု**တ်ထက် ပိုပြီးရက်စက်ယု*တ်မာတယ် "
ဘွားကြေးဥ မြေးဖြစ်သူ ဘုန်းသိင်္ခကိုဖက်ကာ ငိုကြွေးရင်း ပြောလိုက်တယ်။ဘုန်းသိင်္ခက ဘွားအေကြီးရဲ့လက်ကိုဆုပ်ကိုင်ကာ ပြန်နှစ်သိမ့်ပေးလိုက်တယ်။
ဘွားကြေးဥက ငိုလို့ဝသွားတော့မှ မြေးဖြစ်သူကို ကြည့်ပြီးမေးလိုက်တယ်။
" ဒါဆိုရင် ..သန္တာအောင်ဆိုတဲ့ ကလေးမက ...စုံစမ်းရေးက အရာရှိမလေးလား "
"ဟုတ်ပါတယ် အဘွား..."
" အိုကွယ်... သတ္တိရှိလိုက်ကြတာ ..တကယ်လို့များ ဒီပညာတွေကိုမတတ်ရင်ဘယ်လိုလုပ်မလဲကွယ် ...မိသွားမှဖြင့် တင်တင်မြိုင်က ရက်စက်ကြမ်းကြုတ်တဲ့သူလေ .. သူမလုပ်ရဲတာမရှိလောက်ဘူး... ကံကောင်းလို့မမိတာပေါ့ "
ဘွားအေကြီးရဲ့စကားကြောင့် ဘုန်းသိင်္ခကခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး
" ကျွန်တော်က အဘွားရဲ့မြေး....ဒေါ်ပန်းမြိုင်ရဲ့သား ထွန်းမြတ်မောင်ပါ ... အဘွားနဲ့ အမေ့ရဲ့သွေးအပြည့်ပါတော့ .. ဒီဇိုင်းပညာနဲ့ဘွဲ့ရပြီးသာပါ ...အလုပ်လဲစဝင်လုပ်နေပါပြီ...မသန္တာကတော့ စုံစမ်းရေးအတွက် .. သင်တန်းတက်ပြီး လေ့လာခဲ့ရတာပေါ့ ...လွယ်လွယ်နဲ့တော့ ...ကသစ်မြိုင်ကို ရောက်လာခဲ့တာမဟုတ်ဘူးပေါ့ ...အချိန်တွေလဲအကြာကြီးစောင့်ခဲ့ရပြီး ...ဘွားလေးစောရဲ့ငွေတွေလဲအများကြီးကုန်ခဲ့ရပါတယ် အဘွား" | 180 |
| 20 | " မဟုတ်ဘူး...မဟုတ်ဘူး...ကျွန်မသမီးလုပ်တာမဟုတ်ဘူး...သူကဘာမှမသိဘူး...သူနဲ့ဘာမှမဆိုင်ဘူး...သူကအဲ့ဒီလိုကလေးမဟုတ်ဘူး "
ဒေါ်တင်တင်မြိုင်ကအော်ဟစ်သောင်းကျန်းနေခဲ့ပေမဲ့ အလွမ်းဆွတ်ကတော့စကားတစ်ခွန်းမှမပြောဘဲ နှုတ်ခမ်းကိုတင်းတင်းစေ့ကာငြိမ်သက်နေခဲ့တယ်။
" ကဲ..မကြာခင်လဲမိုးလင်းတော့မယ်ဆိုတော့ ..မသန္တာတို့လုပ်စရာရှိတာတွေဆက်လုပ်ကြပါ...ကျန်တဲ့ကိစ္စတွေကိုတော့ တရားရုံးရောက်မှပဲရှင်းကြတာပေါ့ "
" ဟုတ်ကဲ့ ...ဘွားလေးတို့ကိစ္စတွေ ရှင်းပြီးရင်...သန္တာတို့ဘက်က ..ဝတ္တရာအတိုင်းဆက်လက်လုပ်ဆောင်သွားပါမယ် "
သန္တာအောင်က ဒေါ်စောမြိုင်ကို ပြောလိုက်ရင်း သူမရဲ့အထက်အရာရှိကို အရိုအသေပေးလိုက်တယ်။
~~~~~~~~~~~~~
လူကဖျတ်ခနဲအသိဝင်လာတာနဲ့ သစ်ခက်ချက်ချင်းကိုလူးလဲထထိုင်လိုက်မိတယ်။
" မမ...သတိရလာပြီလား...နေရတာအဆင်ပြေရဲ့လားဟင်...ခေါင်းထဲမှာမူးနေသေးလား "
သစ်ခက်ထထိုင်လိုက်တဲ့အချိန်မှာပဲ စကားသံနဲ့အတူ အနားကိုရောက်လာတဲ့ ဘုန်းသိင်္ခကို သစ်ခက်မော့ကြည့်လိုက်မိပြီး အဖြစ်အပျက်တွေအားလုံးကို သတိရသွားခဲ့တယ်။
" ဘာ.....ဘာတွေဖြစ်ကုန်ကြပြီလဲဟင်...ဟို....ဟို...အ..အဖေနဲ့အမေရောဟင်...သူတို့ကိုဖမ်းသွားကြပြီလား ...ဘယ်အချိန်ရှိနေပြီလဲ "
သစ်ခက်တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။
" အင်း...သူတို့ကို ...စခန်းကိုခေါ်သွားကြပြီ ....စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ..သူတို့က မမအတွက်တစ်ခါမှ တွေးပေးခဲ့ကြတဲ့သူတွေမဟုတ်ဘူး....မမအတွက်ပဲတွေးပြီး ကျန်းမာအောင်နေပါ...ဟို....ပြီးတော့ အလွမ်းဆွတ်လဲအဖမ်းခံလိုက်ရတယ်"
"ဟင် ...ဘာ..ဘာဖြစ်လို့အလွမ်းဆွတ်က အဖမ်းခံရတာလဲ ... တို့ကို လှေကားပေါ်ကတွန်းချဖို့ လုပ်ခဲ့လို့လား "
" မဟုတ်ပါဘူးမမ...အလွမ်းဆွတ်က ကိုစိုင်းမြတ်ကို လုပ်ကြံခဲ့လို့ပါ "
ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက် အံ့သြထိတ်လန့်သွားပြီး ယောင်ယမ်းကာပင် ခုတင်ပေါ်က ထရပ်လိုက်မိတယ်။ပြီးတော့မှ တုန်တုန်ယင်ယင်နဲ့ မေးလိုက်မိတယ်။
" အ ...အလွမ်းဆွတ်က ကိုစိုင်းမြတ်ကို လုပ်ကြံတယ်ဟုတ်လား ...ဘာဖြစ်လို့လဲ .. တို့နဲ့ကိုစိုင်းမြတ် မန္တလေးသွားဖို့ ချိန်းထားတာကို သိသွားလို့လား"
" မမကြောင့် မဟုတ်ပါဘူး...ကိုစိုင်းမြတ်မှာ မိန်းမနဲ့ကလေးရှိတာကို အလွမ်းဆွတ်သိသွားလို့ စိတ်ဆိုးပြီး လုပ်လိုက်ပုံရတယ်..."
" ဘာ..ဘာပြောတယ် ကိုစိုင်းမြတ်က အိမ်ထောင်သည်လား ....အလွမ်းဆွတ်လုပ်တာ သေချာလို့လား...သူကကိုစိုင်းမြတ်ကို တကယ်ချစ်တာထင်တယ်..."
သစ်ခက်ဇဝေဇဝါနဲ့ ပြောလိုက်မိတယ်။
" တကယ်ချစ်တာမချစ်တာတော့ ... ကျွန်တော်လဲမသိဘူး....စိုင်းမြတ်ကိုလုပ်ကြံဖို့ အတွက် ..သူနဲ့မဇာယုဆိုတဲ့ မိန်းမကြံစည်ခဲ့တာတွေကို ..ကျွန်တော်တို့ တပ်ထားတဲ့ လျှို့ဝှက်ကင်မရာတွေကနေ တွေ့ခဲ့ရတယ်လေ "
ဘုန်းသိင်္ခရဲ့စကားကြောင့် သစ်ခက်ငိုင်ကျသွားရတယ်။
"ကဲပါ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့ ..သူကမမကိုလှေကားပေါ်က တွန်းချဖို့လုပ်ခဲ့တဲ့သူပဲ...ကံကောင်းလို့...မဇာယုဆိုတဲ့ မိန်မလှမ်းဆွဲတာမြန်သွားလို့ပေါ့...မဇာယုဆိုတဲ့ မိန်းမကလဲ မမက သူတို့အတွက်အသုံးဝင်တဲ့သူမှန်းသိလို့ ကယ်လိုက်တာ ... သူတို့လုပ်နေတာတွေကို လျှို့ဝှက်ကင်မရာကနေ ရိုက်ထားတာရှိတယ် .. ဒီမှာကြည့်လိုက်ပါ "
ဘုန်းသိင်္ခက ပြောပြောဆိုဆိုနဲ့ လက်တော့ကို သူမရှေ့မှာချလိုက်ပြီး ဗီဒီယိုဖိုင်တစ်ခုကိုဖွင့်လိုက်တယ်။ဗီဒီယိုထဲမှာ မြင်လိုက်ရတာက မှုန်ဝါးဝါး မီးအလင်းရောက်အောက်မှာ လမ်းလျှောက်နေခဲ့တဲ့သူမ။လှေကားထိပ်ကို အရောက်မှာ စင်္ကြန်မီးတွေပျက်သွားပြီး သူမရဲ့အော်သံထွက်လာခဲ့တယ်။အော်သံထွက်လာပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ စင်္ကြန်မီးတွေပြန်လင်းလာခဲ့တယ်။ ဒီအခါမှာ သူမတွေ့လိုက်ရတာက သူမလက်ကိုအတင်းဆုပ်ကိုင်ဆွဲထားတဲ့ မဇာယုနဲ့ ဆရာဆိုသူရယ် ပြီးတော့ဒေါ်တင်တင်မြိုင်ရယ်။ဒေါ်တင်တင်မြိုင်ကို မြင်လိုက်ရတော့ သစ်ခက်ရင်မှာ လှိုက်ခနဲ ဝမ်းနည်းသွားရတယ်။သစ်ခက်မျက်ရည်အဝဲသားနဲ့လက်တော့ မျက်နှာပြင်ကိုကြည့်နေမိစဉ်မှာပဲ ဗီဒီယိုထဲကအသံတွေကိုကြားလိုက်ရတယ်။
"အလွမ်း...အလွမ်းတောင်းပန်ပါတယ် အမေပန်းမြိုင် "
" အလွမ်းရယ် မင်းမိုက်လှချည်လား...တကယ်လို့ သူtသသွားခဲ့ရင် ဘယ်လိုလုပ်မလဲ....နောက်တစ်ခါ ဒီလိုမျိုးဘယ်တော့မှ ထပ်မလုပ်နဲ့ ကြားလား "
" ဟုတ်..ဟုတ်ကဲ့ပါ အမေပန်းမြိုင် "
အလွမ်းဆွတ်က ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းလေးငုံ့ပြီး ပြောလိုက်တော့ ဒေါ်တင်တင်မြိုင်က အလွမ်းဆွတ်ရဲ့ ပခုံးလေးကိုဆွဲယူလိုက်ပြီး
"အမေဆူလိုက်လို့ ဝမ်းနည်းသွားတာလား သမီး ..ဒီမှာ အမေ့ကိုကြည့်စမ်း ..အမေက သမီးလေးရဲ့အမေရင်းဒေါ်တင်တင်မြိုင်ပါကွယ်..သမီးမမှတ်မိဘူးလား... သမီးလေးကောင်းစားဖို့အတွက် .. သူ့ကို အသုံးချနေရတာလေ ...လာပါ..အမေတို့အခန်းထဲကိုသွားရအောင် ...အမေအားလုံးရှင်းပြပါ့မယ်....ဇာယူ..သူ့ကိုအခန်းထဲသွားပြန်ထည့်ထားလိုက်.. " | 196 |
