803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
လှိုင်သာယာတဲ့။အမှန်တိုင်းပြောရရင် တစ်ခါမှတောင်မရောက်ဖူးတဲ့နေရာ။ဖုန်းစသုံးတော့ ဖေ့ဘုတ်ဆိုတာသုံးရင်းနဲ့ လှိုင်သာယာက စည်လွန်းတယ်ဆိုလို့ ပွဲစားနဲ့ချိတ်ဆက်ပြီးပြောင်းရွေ့လာခဲ့တာ။တကယ်လဲစည်ပါတယ်။ပြောင်းမဲ့သာပြောင်းလာတာ။ ကိုယ်နေတဲ့နေရာကို ဈေးလေးလိုခေါ်တာကလွဲလို့ဘာမှမသိဘူး။စည်တာကတော့ အတော်လေးကိုစည်တယ်။မိုးလင်းကနေမိုးချုပ်တဲ့အထိစည်တာ။ညနေဆိုရင် ဈေးထဲမှာလူတွေ တိုးမပေါက်ဘူး။နောက်တစ်ချက်က ဒီနေရာမှာ လူငယ်လေးတွေတအားများတယ်။အဲ့ဒါကြေင့်လဲ စည်ပင်မြောင်းပေါ်ခွဆောက်ထားတဲ့ဆိုင်ခန်းတစ်ခန်းကို တစ်သိန်းပေးရလဲ ငှားနေကြတဲ့ ဆိုင်ခန်းတွေကပြည့်လို့။ကျယ်တာကတော့ကျယ်ပါတဘ်။အခန်းထဲမှာ ရေဘားတစ်ခုပါတယ်။အခင်းက သမံတလင်းအကြမ်းခင်းထားတာ။တပေါင်းလဲထွေထွေထူးထူးခင်းမနေတော့ဘဲ ဖယောင်းပုဆိုးထူတာလေးပဲ ထပ်ခင်းထားလိုက်တယ်။လစာကသုံးလစာပဲပေးထားတာဆိုတော့ သုံးလပြည့်လို့အဆင်မပြေရင်ထပ်ပြောင်းရမယ်လေ။ဒါကြောင့်လဲ ပိုက်ဆံသိပ်အကုန်မခံတော့ဘူး။ဆိုင်ခန်းရှေ့ကလမ်းက အတော်လေးစည်တယ်။တပေါင်းနေခဲ့တဲ့နေရာစည်တယ်ဆိုတာက ဒီမှာနေ့လယ်နေ့ခင်းလူပြတ်သလောက်ပဲရှိတာ။လမ်းထဲမှာ တပေါင်းလိုဆိုင်မျိုးမရှိတဲ့လမ်းကိုရွေးပြီး ပြောင်းခဲ့တာမို့် ဆိုင်ကတော့ စစဖွင့်တဲ့နေ့မှာပဲ အတော်လေးရောင်းရတယ်။မရောင်ရဘူးဆိုရင်တောင်သုံးသောင်းဖိုးလောက်ရောင်းရတော့ အိမ်လခဖယ်လိုက်ရင် အဆင်းပြေတယ်။စိတ်ဓါတ်ကျနေတာက ပြန်ပြီးအားတက်လာတယ်။မျှော်လင့်ချက်တွေပြန်ရှင်သန်လာတယ်။ဆိုင်ခန်းပိုင်လေးတစ်ခန်းပိုင်ဆိုင်ရဖို့ဆိုတဲ့ အိပ်မက်လေးကို တပေါင်းမရဲတရဲပြန်မျှော်လင့်လာမိတယ်။
ဒီမှာက ဈေးရောင်းလို့လဲကောင်းပါတယ်။ဒါပေမဲ့ ဆိုးတာတစ်ခုတော့ရှိတယ်။အဲ့ဒါက ကလေးတွေ အလစ်သုတ်တာ။ပစ္စည်းတွေကို လုပြေးတတ်ကြတာ။ကလေးတွေက လူလစ်တာနဲ့ဈေးခြင်းတွေကို ယူပြေးတာ။တပေါင်းရဲ့ဆိုင်ခင်းထားပုံက ကော်ဖင်ထိုင်ခုံလေးလုံးပေါ်မှာ သုံထပ်သားပြားခင်းတယ်။ပြီးတော့မှ သုံးထပ်သာပြားပေါ်မှာ အပ်ချည်လုံးခြင်းလေးတွေ၊ခေါင်းစည်းကြိုးတွေကိုထည့်ထားတဲ့ခြင်းလေးတွေ စသဖြင့် ခြင်းလေးတွေနဲ့ခင်းရောင်းတာ။ကျန်တဲ့ပစ္စည်းတွေကိုတော့ ချိတ်သင့်တာကိုချိတ်ပြီး ရောင်းတယ်။ဈေးသိပ်ကြီးတာတွေကို အတွင်းထဲမှာထားရောင်းတယ်။ဒါကိုမှ ရတဲ့ခြင်းကိုယူပြေးကြတာ။သူတို့ယူပြေးသွားတာက အပ်ချည်လုံခြင်းလဲပါတယ်။ကစားစရာအရုပ်တွေလဲပါတယ်။သူတို့လေးတွေ ဘယ်လောက်ထိလွန်လဲဆိုရင် ကလေးတွေကိုချစ်တတ်သနားတတ်၊နာလည်းပေးတတ်တဲ့ တပေါင်းတောင် သူတို့ကိုမြင်တာနဲ့ တု**တ်ရှည်ကိုင်ပြီး ဆိုင်ပေါက်ဝမှာ ရပ်စောင့်နေရတာ။သူတို့ကလဲ လူရှိရှိနဲ့ရအောင်ယူပြေးတာ။တပေါင်းကလဲ ကလေးသောဘသောမညှာနိုင်တော့ဘူး။မြင်တာနဲ့လိုက်ရို//က်ရတာ။ဘေးချင်းကပ်ဆိုင်က အထည်သည်လင်းမယားတွေဆိုရင် အလှည့်ကျစောင့်နေကြရတာ။ဝယ်သူကိုစောင့်ရတာမဟုတ်ဘူး။သူတို့ကိုစောင့်ကြည့်နေရတာ။
ကြည့်ရတာ သူတို့လေးတွေ ခိုးလို့လုလို့ရသမျှကို မိဘတွေက ရတဲ့ဈေးနဲ့ပြန်ရောင်းစားနေကြပုံပဲ။ဘယ်လောက်ထိဆိုးလဲဆိုရင် အမှိုက်ထည့်တဲ့ခြင်းတောင်အလွတ်ပေးတာ မဟုတ်ဘူး။
ကြာတော့လဲ ဈေးရောင်းသွက်ပေမဲ နေရာဒေသကို တပေါင်းစိတ်ပျက်လာတယ်။ကိုယ်ကသန်သန်စွမ်းစွမ်းမဟုတ်တော့ ပိုဆိုးတယ်။သူတို့ပြေးရင်လဲမလိုက်နိုင်ဘူး။သူများတွေလိုလဲ တွေ့ရာနဲ့ပစ်မပေါက်ရက်တော့ ပိုဆိုးတယ်။ဒါနဲ့ပဲ သုံးလပြည့်ရင်တော့ နေရာသစ်ကိုပြောင်းဖို့စဉ်းစားရပြန်တယ်။
~~~~~~~~~~
နေရာသစ်ကို ထပ်ပြောင်းမယ်ဆိုပြီး အစားကို ချွေတာတယ်။အသုံးကို စီစစ်တယ်။အိမ်က သီတင်းမကျွတ်ခင် ပြောင်းရမှာမို့ ငွေကို ချွေတာနိုင်သလောက်ချွေတာနေချိန်မှာပဲ အကြောင်းပေါ် လာခဲ့တယ်။အကြောင်းက တပေါင်းရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းကိစ္စတော့မဟုတ်ဘူး။ရာသီဥတုဘေးဒဏ်ကြောင့်ဖြစ်တဲ့ ကိစ္စ။ဖြစ်ရတဲ့အကြောင်းအရင်းက မြန်မာနိုင်ငံရဲ့ ပြည်နယ် (၁၂) ခု လောက်မှာ ရေကြီးမှုဖြစ်တာ။(၂၀၀၈) မုန်တိုင်းအပြီးမှာ (၂၀၁၅) ရေကြီးမှုက အတော်လေးဆိုးဝါးခဲ့တယ်။ရေကြီးတဲ့ထဲမှာ တပေါင်းတို့ နေရာတွေမပါပါဘူး။ ဒါပေမဲ့ ရေဘေးဒုက္ခ သည်တွေအတွက် နေ့စဉ် အလှူခံတွေလာတယ်။လာတာမှ တစ်နေကုန် လူမစဲအသံမစဲဘူး။ နားလည်သူတွေ ပြောတာကတော့ ရေဘေးအမည်ခံပြီး ကိုယ်ကျိုးအတွက် လိမ်စား လုပ်စားနေသူတွေလဲ ပါတယ်တဲ့။ ဒါကိုသိပေမဲ့လဲ ရှောင်လွှဲလို့ မရေလေတော့ နေ့စဉ် ရောင်းရသမျှငွေတွေက အလှူခံခွက်တွေထဲ ရောက်သွားတာ။တစ်နေ့ကိုလေးငါးသောင်းဖိုးလောက် ရောင်းရတဲ့ဆိုင်က ညနေဆိုင်သိမ်းရင် ပိုက်ဆံပုံးထဲမှာ လေးငါထောင်ပဲရှိတယ် ။ဒါက တပေါင်းရဲ့ မပါးနပ်တာတွေကြောင့်လဲ အများကြီးပါတာပေါ့ ။အလှူငွေမထည့်မချင်း ပြန်ထွက်မသွားတဲ့ အလှူခံတွေကို ပြတ်ပြတ်သားသား မပြောနိုင်ခဲ့တာတွေကြောင့်လဲပါတာပေါ့။တကယ်ဆိုရင် အလှူခံ တစ်ခုကို ငွေနှစ်ရာပဲ ပုံမှန်ထည့်ရင်တောင် တ်ပေါင်းအခြေအနေက အဲ့ဒီလောက်မဆိုးဘူး။ ဒါပေမဲ့ ပြဿနာက အကြွေမလုံလောက်တော့လို့ ငါးရားတန် တစ်ထောင်တန်တွေပါ ထည့်ရတော့ အရောင်းပစ္စည်းကုန်ပြီး ငွေမရဖြစ်လာခဲ့တော့တာ။အလှူခံတွေဆိုတာကလဲ အိမ်ထဲရေဝင်သောက်ချိန်တောင်မရအောင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို လာနေခဲ့ကြတာ။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၉)
akyiphyu
**********
တစ်နေ့ကိုသုံးလေးသောင်းဖိုးလောက် ရောင်းနေရတဲ့ဆိုင်က နေ့ချင်းညချင်းမှာပဲ တစ်နေ့ကိုသုံးလေးထောင်ဖိုးပဲရောင်းရတော့တယ်ဆိုတော့ ရောင်းအားက အတော်လေးကျသွားတယ်။ပစ္စည်းတွေလဲ မရောင်းရဘဲ ဖုန်သုတ်ရလွန်းလို့် အရောင်တွေတောင်ပိုမှိန်လာခဲ့တယ်။အိမ်သုံးပစ္စည်းတွေနဲ့ကလေးကစားစရာတွေက အကြောင်းမဟုတ်ပေမဲ့ မှန်ဗီရိုအသေးစားလေးထဲမှာ ထည့်ရောင်းတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ခေါင်းစည်းကြိုးတွေ၊ကလစ်တွေကတော့ အချိန်ဆိုတာရှိတယ်။သူ့ခေတ်အလိုက်ဆိုတာရှိတယ်။ပစ္စည်းတစ်ခုက ဒိတ်အောက်သွားရင် အလကားပေးရင်တောင် ဘယ်သူမှမယူချင်ကြတော့ဘူး။
မနက်ဈေးထဲမှာ ရသလောက်သွားချရောင်းပေမဲ့ အရင်လိုရောင်းအားမရှိတော့ဘူး ။ဈေးလာမေး ပြန်ချသွားနဲ့ ကျီးနှင့်ဖုတ်ဖုတ်ဖြစ်နေတော့တာ။ကြာတော့ လူကစိတ်ဓါတ်ပါကျလာတယ်။အရင်းပြုတ်သွားမှာကိုတွေးပြီး ထမင်းတောင်စားမဝင်တော့ ။ဝင်ငွေမရှိတော့ ရှိတဲ့ငွေလေးပါပွန်းပဲ့သွားမှာစိုးရိမ်ပြီး ထမင်းကို ငါးပိထောင်းနဲ့ချဉ်ပေါင်ဟင်းချိုနဲ့ပဲစားတော့တယ်။ဘဝမှာ စားဖို့ထက် နေဖို့ကအရေးကြီးတယ်မဟုတ်လား။တော်ကြာ နေဖို့ပါ မငှါးနိုင်တော့ရင် ဘဝက ရှေ့ဆက်ဖို့မတွေးရဲစရာဖြစ်သွားမယ် ။
" ရုပ်ရုပ်ရေ...တခြားဈေးတွေ လိုက်ရောင်းပါလားဟဲ့ "
ကုန်ခြောက်သည်အစ်မကြီးရဲ့စကားကို တပေါင်းခေါင်းငြိမ့်ပြလိုက်မိတယ်။
" ရောင်းချင်ပါတယ် မမရယ်...ဒါပေမဲ့ တပေါင်းက နေရာမလုရဲဘူး...နေရာလွတ်နေလို့ ရောင်းလို့ရလား သွားမေးမိရင်လဲ .... အများစုကကောင်းကောင်းမဖြေဘဲ ဆဲလွှတ်ကြတာမမရဲ့ ...အဲ့ဒါကို တပေါင်းကြောက်တယ် ...လိုက်မရောင်းဘဲ ဆိုင်မှာပဲရသလောက်ရောင်းနေရင်လဲ ရှုံးသထက်ရှုံးမှာကြောက်ရတယ်...ဘာပဲဖြစ်ဖြစ် ဝါကျွတ်တဲ့အထိတော့ ...တပေါင်းတောင့်ခံနိုင်အောင် ကြိုးစားရမှာမမရဲ့ "
" အေးဟယ်...စားကုန်သောက်ကုန်ဆိုရင်လဲ ကောင်းသား...အားမငယ်ပါနဲ့အေ ....ထားလို့မရတဲ့ပစ္စည်းတွေကို... အရင်းရရုံနဲ့ပြန်ရောင်ထုတ်ပစ်လိုက် ....ဈေးသည်ဆိုတာ ဒိလိုပဲ..မြတ်တစ်ခါ ရှုံးတစ်လှည့်ပဲ ...ရုပ်ရုပ်ကမရှုံးဖူးသေးဘူးမဟုတ်လား "
" ဟုတ်ကဲ့ မမ..ဈေးစရောင်ကတည်းက မရှုံးဖူးသေးဘူး "
" အေးပါ ...လက်ထဲရှိတဲ့ငွေကို သိမ်းထားအုံး...ဈေးထပ်မရင်းနဲ့အုံးနော်...အခြေအနေကိုစောင့်ကြည့်အုံး ကြားလား ...နင့်မှာ လှည်းလေးတစ်စီးရှိရင်တော့ ကောင်းသားပဲ ...နေရာအတွက်ပူနေစရာမလိုတော့ဘူး...လှည်းကြီးလိုက်တွန်းနေရတော့ လူတော့ပင်ပန်းတာပေါ့ ...ဒါပေမဲ့ လူစည်တဲ့နေရာမှာ လှည်းကိုလမ်းဘေးကပ်ရပ်ထားရုံပဲလေ "
ကုန်ခြောက်သည်အစ်မကြီးပြောတာတွေကို နားထောင်ပြီး တပေါင်းဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ဘူး။ဈေးထဲမှာ လာရောင်းတာလဲ တစ်လပြည့်တော့မယ်။အရောင်းကတိုးတက်မလာဘူး။ကြာတော့ ဈေးဦးမပေါက်တဲ့နေ့တွေပါရှိလာတာမို့် တပေါင်းအတော်လေး စိတ်ဓါတ်ကျလာပြီး ဈေးမှာလဲသွားမထွက်ဖြစ်တော့ဘူး။လူကလဲ အတော်လေးပိန်ကျသွားခဲ့တယ်။ဒီလိုဒုက္ခများနေပါတယ်ဆိုမှ ကြီးကြီးကလဲပိုက်ဆံလာချေးတယ်။မရှိဘူးပြောလဲ အတင်းငိုပြတာမို့ တစ်မတ်သားမပြည့်တဲ့နားကွင်းလေးကို ထုတ်ပေးလိုက်ရတယ်။တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့လေ။
~~~~~~
ကြီးကြီးပြန်သွားလို့်မှ နေ့တောင်မကူးသေးဘူး။အဖေထပ်ရောက်လာတယ်။ငွေတစ်သိန်းလောက်တဲ့ ။ပြောလိုက်တာတော့လွယ်လွယ်လေးပဲ။ခုနေ ငွေတစ်သိန်းသာပေးလိုက်ရင် တပေါင်းလက်ထဲငွေအတော်နည်းသွားမှာ ။ခြေစောင့်လက်စောင့်ထားတဲ့ပိုက်ဆံတွေကိုပါ ယူသုံးနေရတာလေ။ဖြစ်ချင်တော့ လွန်ခဲ့တဲ့နှစ်လကျော်သုံးလကမှ တပေါင်းလဲ ဖုန်းတစ်လုံးဝယ်လိုက်မိတယ်။တကယ်ဆို ဖုန်ဆင်းကတ်တွေပေါလာတာ တစ်နှစ်လောက်ရှိပြီ။ တမင်မဝယ်ခဲ့တာ။လွန်ခဲ့တဲ့သုံးလေးကမှ ဖိုးဇင်နဲ့လဲ ဆက်သွယ်လို့ရအောင် ဆိုပြီး ဝယ်လိုက်တာ။အဲ့ဒီတုန်းကတော့ ဈေးလေးက မဆိုစလောက်ရောင်းနေရသေးတာကို အခုက သင်္ကြန်လဲပြီး။ကျောင်းတွေလဲဖွင့်ပြီး မိုးတွင်းလဲရောက်လာတော့ အရောင်းအဝယ်က လုံးဝကိုအေးစက်သွားတာ။ အဓိကက တော့ ဆိုင်ပြားတွေလဲ ပေါ်လာတော့ လူတွေကဆိုင်ကြီးက နားကြီးမှာပဲ ဝယ်ကြတော့တာ။တပေါင်းရဲ့ ဆိုင်မှာဝယ်ရင်ပဲ သိက္ခာကျသလိုလို ထင်နေကြပုံရတယ်။
မကြာတော့ တစ်ပြားဖိုးမှမရောင်းရတဲ့နေ့တွေလဲ ရှိတယ်။ရှေ့က ပြိုင်ဘက်ဆိုင်ကြီးနှစ်ဆိုင်တော့ ဘယ်လိုနေတယ်မသိဘူး။တပေါင်းတော့ဆိုင်ရပ်တည်ဖို့နဲ့ ဆိုင်စာချုပ်ထပ်ချိုပ်ဖို့ကို အတော်လေးကို စဉ်းစားနေရပြီ။ပိုဆိုးတာက ဆိုင်လခလဲတက်သွားသလို အနည်းဆုံးခြောက်လစာချုပ်ရမှာတဲ့လေ။ ဒီလိုအချိန်မှာမှ ကြီးကြီးရောအဖေရော ရောက်လာခဲ့ကြတာ။ကိုယ့်အကြောင်းကိုရှင်းပြလို့လဲလက်ခံမဲ့ပုံမဟုတ်တော့ တပေါင်းလဲဘာမှပြောမနေတော့ဘဲ အဖေတောင်းတဲ့ငွေကို ထုတ်ပေးလိုက်တယ်။ငွေပေးပြီးချိန်မှာ တပေါင်းတစ်ခါတည်းဆုံးဖြတ်လိုက်တာက ဒီနေရာကနေ အဝေးဆုံးကို ပြောင်းမယ်လိူဆုံးဖြတ်လိုက်တယ်။
~~~~~~~
တပေါင်းဘဝမှာ အသက်နှစ်ဆယ်ကျော်မှ နေရာသစ်ကို ပထမဆုံးအကြမ်အဖြစ်စွန့်စွန့်စားစားပြောင်းရွေ့လာခဲ့ရတာ။
အဖေ့ရဲ့လေသံက အရင်လိုမာဆဲပါပဲ။တပေါင်းနှုတ်က ဘာမှပြန်မပြောနိုင်ခင်မှာဘဲ အဖေကသူပြောချင်တာကို ဇွတ်ပြောနေခဲ့တယ်။တပေါင်းကလဲ အငြင်းစကားတစ်ခွန်းတောင်မပြောရသေးပါဘူး။အဖေ့က သူပြောချင်တာကို ပြောပြီးတော့ တပေါင်းကိုစိုက်ကြည့်နေတယ်။တပေါင်းလဲ ဘာမှပြန်ပြောမနေတော့ဘဲ ငွေနှစ်သိန်းကို သွားယူပေးလိုက်တယ်။
" အေး...ငါအဆင်ပြေတဲ့နေ့ပြန်ဆပ်မယ် ..."
အဖေက သူ့လက်ထဲကိုငွေရောက်တာနဲ့ ပြန်ထွက်သွားခဲ့တယ်။ကျောခိုင်းထွက်သွားတဲ့ အဖေ့ရဲ့နောက်ကျောပြင်ကို တပေါင်းငေးကြည့်နေမိတယ်။အဖေက အရင်ကလိုပါပဲ။တပေါင်းနဲ့ပတ်သက်ပြီး ဘာမှပြောင်းလဲမှုမရှိပါဘူး။အဖေ့ကိုပေးလိုက်တဲ့ ငွေနှစ်သိန်းကိုလဲ ပြန်တောင်းဖို့အတွက် တပေါင်းမရည်ရွယ်ပါဘူး။ဒါဟာ ဖခင်တစ်ယောက်ကို သားသမီးကကန်တော့လိုက်တဲ့ငွေပါပဲ.။ဘာတွေပဲ ဖြစ်နေပါစေ။တပေါင်းတို့က မခေါ်လို့ရတယ်။မတော်လို့် မရဘူးလေ။ကြည်ဖြူသည်ဖြစ်စေ၊မကြည်ဖြူသည်ဖြစ်စေ ဆယ့်ခြောက်နှစ်တာ ရှာကျွေးခဲ့တဲ့ကျေးဇူးကို တပေါင်းနိုင်သလောက် ကျေးဇူးပြန်ဆပ်လိုက်ခြင်းပါပဲ ။
~~~~~~~~~~~~
မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို တပေါင်းအံ့ဩတကြီးနဲ့ကြည့်နေမိတယ်။လမ်းမကြီးပေါ်က တပေါင်းနဲ့ မျက်စောင်းထိုးလောက်မှာရှိကြတဲ့ ဆိုင်ကြိးနှစ်ဆိုင်။တစ်ဆိုင်က လက်ဖက်ရည်ဆိုင်။တစ်ဆိုင်က အအေးမျို့စုံနဲ့ ယိုးဒယားစာ၊တရုAတ်အစားအစာ ရောင်းတဲ့ဆိုင်။ အဲ့ဒီဆိုင်ကြိးနှစ်ဆိုင်က အခုတော့ကလေးကစားစရာနဲ့အလှကုန်ဆိုင်ကြီးတွေအဖြစ်ပြောင်းလဲသွားကြတာ။နှစ်ဆိုင်လုံးက အစကတည်းက ပိုက်ဆံရှိကြတာမို့ ကလေးကစားစရာဆိုင်ဖွင့်တော့လဲ အသေဆုံးအိုးခွက်လေးတွေကစလို့် ကလေးစီးကားတွေနဲ့စက်ဘီးတွေအထိရောင်းကြတာတွေ့လိုက်ရတယ်။ပေနှစ်ဆယ်ခြောက်ဆယ်အပြည့်ရှိတဲ့ အိမ်အောက်ထပ်တွေမှာ ကစားစရာအရုပ်တွေကိုမှအပြည့်ပဲ။လက်ဖက်ရည်ဆိုင်ကနေ အသွင်းပြောင်းလာတဲ့ဆိုင်ဆိုရင် အလှကုန်ပစ္စည်းတွေလဲအစုံ၊အိမ်သုံးပစ္စည်းတွေဆိုတာလဲ အဝတ်လျှော်ဘရပ်ကစလို့ သေတ္တာတွေအထိပါ ရောင်းတာ။မြင်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး တပေါင်းသက်ပြင်းမောကိုချလိုက်မိတယ်။သမုဒ္ဒရာရေဘယ်သူသောက်သောက်မခန်းနိုင်ပေမဲ့ ရေခွက်ထဲကရေကတော့ ဒီလိုမဟုတ်ဘူးလေ။ရပ်ကွက်အနေအထားနဲ့လူတွေရဲ့သုံးစွဲနိုင်တဲ့အခြေအနေကိုတွက်ဆရမယ်ဆိုရင် ဒီဆိုင်ကြီးနှစ်ဆိုင်ကလဲ ဒီအတောအတွင်းမှာတော့ ရောင်းအားကောင်းနိုင်လိမ့်မယ်။အချိန်ကလဲ နွေရာသီကျောင်းပိတ်ချိန်နဲ့သင်္ကြန်ကာလတိုက်နေခဲ့တာကိုး။ကြည့်ရတာလဲ ဒီအချိန်ကာလကိုရွေးပြီးဖွင့်ခဲ့ကြပုံရတယ်။သူတို့ကတော့ တပေါင်းလို ဆပ်ပြာခွက်လောက်ဆိုင်လေးကိုဂရုစိုက်ကြမှာ မဟုတ်သလို ပြိုင်ဘက်လို့လဲ သဘောထားမှာမဟုတ်ဘူး။ပြိုင်ဘက်လို့်သဘောထားမယ်ဆိုရင်လဲ သူတို့ငွေရှိသူတွေအချင်းချင်းပဲ ပြိုင်ဘက်အဖြစ်သဘောထားကြမှာသေချာတယ်။နောက်ထပ် သေချာတာတစ်ခုက အချိန်ကာလတစ်နှစ်မပြည့်ခင်မှာပဲ ဒီသုံးဆိုင်ထဲကတစ်ဆိုင်သို့မဟုတ် နှစ်ဆိုင်ကတော့ အရင်းပြုတ်ပြီးဆိုင်ပိတ်ရလိမ့်မယ်။ဒါမှမဟုတ် သုံးဆိုင်လုံးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ရှေ့ရေးကိုတွေးပြီးတပေါင်းစိတ်ထဲမှာ အသက်ရှူတွေကျပ်ကာ စိတ်ရှုပ်လာတာမို့ ဈေးဝယ်ဖို့ထွက်လာတာကို မဝယ်တော့ဘဲ ဆိုင်ကိုပြန်လာခဲ့လိုက်တယ်။
==================================
အပိုင်း (၁၉)ဆက်ရန်
၁၆
https://www.facebook.com/100067151540690/posts/743627364552308/
၁၇
https://www.facebook.com/100067151540690/posts/744157521165959/
မိဘကျေးဇူးလို့ ပြောလိုက်တာနဲ့ စိတ်ထဲမှာ..ကလိကလိနဲ့ဒေါသဖြစ်လာတယ်....ဘာမိဘကျေးဇူးလဲဆိုပြီး ...မေးမေးပြီးတော့စိတ်ရှိလက်ရှိ ဆွဲဆောင့်ပစ်လိုက်ချင်တာဟာ ...အဲ့ဒီလိုလူမျိုးတွေနဲ့တွေ့ရင်... နင်လဲပြိုင်မငြင်းနဲ့ဝေးဝေးရှောင်နော် ...သူတို့တွေက ဇွတ်လူကောင်း..ဇွတ်သူတော်ကောင်းဖြစ်ချင်နေကြတဲ့သူတွေလေ ... သူတို့ကြောင့် တစ်ဖက်လူမှာ ...အကုသိုလ်ဖြစ်သွားတာကို နားလည်နိုင်တဲ့ အသိလဲမရှိကြဘူး......သူတို့ကိုယ်သူတို့ ...သိပ်တော်သိပ်ဟုတ်နေကြတယ်လို့ အထင်ရောက်နေကြတဲ့ ဘဝင်ရူးတွေလေ "
နှုတ်ခမ်းကိုချွန်ထော်ကာ အားပါးတရပြောနေတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်စိတ်ရှုပ်တာတွေတောင် အနည်းငယ် လွှင့်စင်သွားသလိုဖြစ်သွားရတယ်။
" အင်း....နင်ပြောတာမှန်တယ်တပေါင်းရဲ့ ...ငါ့ကိုလဲ... အဲ့ဒီလိုစကားတွေလာပြောရင် စိတ်တိုပြီး ထထိုးချင်မိတာဟ ....ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့... သူတို့က... နင်ပြောသလိုပဲ ဇွတ်သူတော်ကောင်း ..ဇွတ်လူကောင်းယောင်ဆောင်ထားကြတဲ့ ဘဝင်ရူးတွေပဲလေနော် ... တခြားသူတွေရဲ့ ဘဝကိုဘာမှသေချာမသိဘဲ ..ဆရာကြီး လုပ်ချင်နေကြတဲ့ အရူးတွေပဲလို့... ငါလဲသက်မှတ်လိုက်ပါပြီ ...ဟား ...ဟား "
နှစ်ယောက်သားပြောပြီးတော့ နာကျင်စွာနဲ့ရယ်မောလိုက်မိကြတယ်။သူတို့အတွက်တော့ နာကျင်ခဲ့ရချိန်တွေ ကုန်ဆုံးခဲ့ရပြီဆိုပေမဲ့ နှလုံးသားက ဒဏ်ရာအမာရွတ်တွေကတော့ လူtသတဲ့အထိ ပျောက်ပျက်သွားမှာ မဟုတ်တော့ဘူးလေ။ ဒါဟာ တခြားသူတွေစွပ်စွဲနေကြသလို မိဘကို စော်ကားဖို့အတွက် တမင်လုပ်နေခဲ့တာမဟုတ်ဘဲ မိဘတွေ ကိုယ်တိုင်က ပေးခဲ့တဲ့ဒဏ်ရာတွေဆိုတာ ကာယကံရှင်တွေထက် ဘယ်သူကပိုသိနိုင်မှာတဲ့လဲ။သားသမီးတစ်ယောက်က လူရယ်လို့ သိတတ်လာစအချိန်မှာ မိဘတွေကိုမျက်စိအောက်က အပျောက်မခံနိုင်အောင်ပဲ ချစ်ခဲ့တာပါ။ သူတို့ကို ရိုX က်ရိုx က်ထုထု မိဘကပြန်ချော့လိုက်တာနဲ့ လက်ကမ်းပေးခဲ့ကြတာပါပဲ ။လောကမှာ သားဆိုးသမီးဆိုးတွေလဲ အများအပြားရှိနေကြပေမဲ့ လူရယ်လို့မွေးလာပြီး သိတတ်စအရွယ်မှာ ကတည်းက မိဘကိုမုန်းတဲ့ သားသမီးရယ်လို့ ရှိပါ့မလားလေ။ဒီလိုပါပဲ တပေါင်းနဲ့ဖိုးဇင်လဲ မိဘတွေကိုမျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ခဲ့ကြမှာကျိန်သေးတယ်လေ။
~~~~~
ဈေးဆိုင်ဆိုတာ ရောင်းရတစ်ရက်မရောင်းရတစ်ရက်ပါပဲ။ဈေးရောင်းနေကြတဲ့ ဈေးသည်တွေအဖို့ မိသားစုများရင်တော့ ဈေးရောင်တာတစ်ခုတည်းကို မှိခိုပြီးစားသောက်ဖို့ဆိုတာက ရောင်းအားတော်တော်လေးကောင်းမှရမှာ။တပေါင်းကျတော့ ကုန်ကျစရိတ်က ဆိုင်လခပဲသိသိသာသာရှိတာ။စားဖို့သောက်ဖို့ကျတော့လဲ တစ်ယောက်စာဆိုတော့ ကုန်ကျစရိတ်က အများကြီးမရှိဘူ။အများကြီးရှိအောင်လဲ တပေါင်းကမသုံးပါဘူး။အစားအသောက်ကို ဗိုက်ဆာမှ စားတယ်။ အပျင်းပြေမစားဘူး။စားရင်လဲ အဟာရရှိတာမျိုးကိုစားတယ်။တပေါင်းတို့လို တစ်ယောက်တည်းသမားတွေက နေထိုင်မကောင်းဖြစ်ရင် သိပ်ဒုက္ခများတာ။ဆေးသောက်ဖို့အတွက် ဆန်ပြုတ်သောက်ဖို့တောင်ခက်ခဲတယ်မဟုတ်လား။ဒါကြောင့်လဲ ကျန်းမာရေးကိုတော့ တပေါင်းဂရုစိုက်တယ်။ဘာမဆို လိုအပ်မှဝယ်တယ်။တစ်ယောက်တည်းသမားအတွက် အဖော်ကောင်းဆိုတာပိုက်ဆံပဲ ။ဒါကြောင့် ပိုက်ဆုံကိုရအေင်စုတယ်။ပိုက်ဆံတွေလက်ထဲများလာရင် ရွှေတိုရွှေစလေးတွေလုပ်ထားလိုက်တယ်။ရွှေကိုမက်မောလို့လုပ်တာမဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်လက်ထဲငွေရှိရင် အလွယ်တကူသုံးပစ်တတ်လို့လေ။ရွှေလေးတွေရသလောက်ဝယ်ဝယ်ပြီး စုနေပေမဲ့ တပေါင်းထုတ်မဝတ်ပါဘူး။ဒါဟာအန္တရာယ်ကိုဖိတ်ခေါ်တာမျိုးဖြစ်နိုင်တယ်လေ။
~~~~~
ဒီနှစ်ဝါကျွတ်မှာလဲ တပေါင်းတွက်ဆထားတဲ့အတိုင်းပဲ ဈေးတွေလက်မလည်အောင်ရောင်းရတယ်။ဒီနှစ်က လမ်းမတန်းဆိုတော့ ပိုပြီးတောင်ရောင်းကောင်းသေးတယ်။ညနေဘက်ဆိုရင်များ ဆိုင်ထဲမှာ ဝယ်သူတွေကိုပြည့်နေတာပဲ။ရောင်းလိုက်ရတာလဲ လက်တောင်မလည်ဘူး။
တဆောင်တိုင်လပြည့်ပြီးတော့ တပေါင်းလက်ထဲမှာ ငွေလေးအတော်စုမိသွားတယ်။နောက်ထပ် ဒီဇင်ဘာကျောင်းပိတ်ရက်တွေနဲ့ပါဆိုတော့ တပေါင်းရဲ့ဆိုင်လေးက တစ်နေကို လေးငါးခြောက်သောင်းနီးပါးထိကိုရောင်းရတာ။ဈေးကိုလဲ တစ်ရက်ခြားတစ်ခါကိုသွားနေရတာ။
~~~~~~~~~~~
မပြောမဆိုနဲ့ ဆိုင်ထဲကိုဝင်လာတဲ့ အဖေ့ကိုကြည့်ပြီး တပေါင်းအသက်ရှူရပ်မလိုတောင်ဖြစ်သွားရတယ်။အဖေ့ကိုမြင်လိုက်ရတာနဲ့ တပေါင်းကိုယ်ထဲက သွေးတွေခဲတောင့်သွားသလိုခံစားလိုက်ရတယ်။တပေါင်းဘာစကားမှ မပြောနိုင်ဘဲ အဖေ့ကိုငေးကြည့်နေမိတယ်။အဖေကတော့ ဘာကိုမှဂရုမစိုက်တဲ့ပုံနဲ့ ခုံမှာခပ်တည်တည်ပဲ ဝင်ထိုင်လိုက်တယ်။တပေါင်းကတော့ ကြောက်စိတ်နဲ့ ဆိုင်ထောင့်လေးမှာ အပြစ်ရှိသူတစ်ယောက်လိုရပ်နေမိပြီး အဖေက ဘာလာလုပ်တာလဲလို့် တွေးနေမိတယ်။
" တပေါင်း ...ငါ့ကိုပိုက်ဆံနှစ်သိန်းလောက်ချေးစမ်း...အရေးပေါ်ငွေလိုနေလို့ ...မရှိဘူးလို့မပြောနဲ့နော်...နင့်ဆိုင်ရောင်းကောင်းတာ ငါသိတယ်...နင့်ဆီကအများကြီးတောင်းနေတာမဟုတ်ဘူး...နှစ်သိန်းပဲလိုလို့် ..."
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၈)
akyiphyu
***********
" နင် အဆင်ပြေရဲ့လားတပေါင်း "
" အင်း ..ပြေ..ပြေပါတယ် ..ဒါနဲ့ နင်ဘယ်တုန်းက ပြန်ရောက်တာလဲ ဖိုးဇင် .....နင် ငါ့ကိုလာနှုတ်မဆက်ဘဲ ပြန်သွားတော့ ..ဘာများဖြစ်သွားတာလဲလို့ ...ငါစိတ်ပူနေတာဟဲ့ ... လာပါအုံး ..ထိုင်ပါအုံးဟယ် "
တပေါင်းက ပြောရင်းနဲ့ ကော်ထိုင်ခုံကို ဖိုးဇင်ဆီလှမ်းပေးလိုက်တယ်။
တပေါင်းပေးတဲ့ ကော်ခုံကိုယူကာ ဖိုးဇင်ထိုင်လိုက်ပြီး တပေါင်းကိုကြည့်လိုက်မိတယ်။တပေါင်းက မတွေ့ရတဲ့သုံးနှစ်ကျော်အတွင်းမှာ ပိုပြီးလှလာသလိုချစ်စရာလဲကောင်းလာတာကို သတိထားလိုက်မိတယ်။မျက်ခုံးထူထူ၊ပါးဖောင်းဖောင်းလေးနဲ့မျက်နှာလေးက လှတာထက် ချစ်စရာကောင်းတယ်လို့ဖိုးဇင်ထင်လိုက်မိတယ်။အရပ်က မြင့်တဲ့အထဲမှာမပါပေမဲ့ ဆံပင်ရှည်ရှည်နဲ့ ပိန်သွယ်သွယ်ကိုယ်လုံးလေးကြောင့် သူ့ဟာနဲ့သူတော့ ကြည့်ကောင်းနေခဲ့တယ်။
" ငါ ရန်ကုန်ပြန်ရောက်တာ သုံးရက်ရှိပြီဟ .....နည်းနည်း အလုပ်များနေလို့ .. နင့်ဆီကိုခုမှလာရတာ ..နင့်ခြေထောက်ရော ဘယ်လိုလဲ ... အဆင်ပြလား...ဆေးရုံသွားပြဖြစ်သေးလား "
" အင်း ...ပြေပါတယ် ... ဆေးရုံကို တစ်ခါသွားပြသေးတယ် ....အချိန်လွန်သွားလို့ မရတော့ဘူးတဲ့လေ ... ခြေထောက်က ကိစ္စမရှိပါဘူးဟာ ..ငါလဲနေသားကျနေပါပြီ ..အဆိုးထဲက အကောင်းကို ရွေးပြောရရင် .....ငါ့ခြေထောက်ဒီလိုဖြစ်နေတော့ ..ငါအတွက်အန္တရာယ်လဲ ကင်းသွားတာပေါ့ ..ဒါနဲ့ ...နင်အလည်ပြန်လာတာလား ..အပြီးပြန်လာတာလား ဖိုးဇင် "
" အလည်ပြန်လာတာလဲမဟုတ်ဘူး ...အပြီးပြန်လာတာလဲ မဟုတ်ဘူးဟ ...ငါမလေးရှားသွားဖို့ စာအုပ်လာလုပ်တာ ....ငါက အိမ်မှာတည်းတာ မဟုတ်ဘူး...မြို့ထဲက အဆောင်တစ်ခုမှာတည်းတာ ... ဒီလကုန်လောက်ဆို ငါသွားရတော့မယ် .. ဟိုရောက်ရင် နင့်ဆီကိုဆက်သွယ်ချင်တယ်ဟာ....နင့်လိပ်စာ ...ငါ့ကို ပေးလိုက်နော် "
ဖိုးဇင်က သူ့အကြောင်း တွေကိုမနားတမ်းပြောချလိုက်တော့ တပေါင်းမျက်လုံးပြူးလေးနဲ့ နားထောင်နေခဲ့မိတယ်။
" နင်က အိမ်မှာမနေဘူးဆိုတော့ ....နင့်မိဘတွေကိုရောသွားနှုတ်မဆက်ဘူးလားဟယ် "
" အင်း ... သွားခဲ့ပြီးပါပြီ ... လုပ်အားခလစာပေးပြီးတော့... ငါ့ညီလေးတွေညီမလေးတွေကို သွားတွေ့တာပါ ...အငယ်ဆုံးမလေးတောင် သုံးနှစ်ရှိနေပြီလေ .... ငါ့ညီမအကြီးမလေးနဲ့ အလတ်ကောင်ခမျာ အရို*က်ခံနေရတုန်းပဲတဲ့...ငါ မလေးသွားပြီး ပိုက်ဆံရှာမယ်ဟာ...ပြီးရင် ငါ့ညီမနဲ့ငါ့ညီတွေကို အပြင်ရောက်အောင်ခေါ် ထုတ်မယ် ...ငါ့မိဘတွေက အသက်သာကြီးလားတယ် ...ဒေါသ...မောဟတွေလဲ မလျှော့ဘူး ... သားသမီးကပြောပြရင်လဲ လက်မခံဘူး..သူတို့က မိဘနဲ့သားသမီးမှာ... မိဘက အမြဲမှန်တယ် .....မိဘဘာလုပ်လုပ် သားသမီးကပြန်ပြောခွင့်မရှိဘူးဆိုတဲ့ ...မိဘဝါဒကြီးကို တစ်ဖက်သတ်ဆွဲကိုင်ထားကြ တာလေ......နင့်ဘဝနင့်လမ်းကို ...နင့်ဘာသာလျှောက်တာ နင်မှန်တယ်တပေါင်း ...ငါတို့က မိဘတွေဘာလုပ်လုပ် ခံရမယ်ဆိုတဲ့ ...ကျေးဇူးရှင်ဂုဏ်ပုဒ်အောက်ကနေ ရုန်းထွက်တာဟာ ...မိဘကိုစော်ကားတာမှ မဟုတ်တာဟာ ...ငါရှာသမျှပိုက်ဆံနဲ့ ငါ့မိသားစုကို ထောက်ပံ့မှာပါ ...လူတွေပြောပြောနေကြတဲ့... မွေးကျေးဇူးတွေကိုလဲ ...ငါtသတဲ့အထိ ဆပ်သွားမှာပါ.....ဒါပေမဲ့အမေတို့နဲ့ မျက်နှာချင်းဆိုင်ဖို့အတွက်တော ငါ့နှလုံးသားကသတ္တိမရှိသေးဘူးဟာ "
အံကိုတင်းတင်းကြိတ်ကာ ပြောနေတဲ့ဖိုးဇင်ကို တပေါင်းငေးကြည့်နေမိတယ်။မောင်နှမသားချင်းတွေနဲ့ တခြားသူတွေအပေါ်မှာ သိပ်ပြီး သံယောဇဉ်ကြီးတတ်တဲ့ ဖိုးဇင် လိုလူမျိုးက သူ့မိဘတွေနဲ့ မျက်နှာချင်းဆိုင်ရမှာကို ကြောက်တယ်ဆိုတော့ သူဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲဆိုတာကို တပေါင်းကိုယ်ချင်းစာမိတယ်။တပေါင်းလဲ အဖေနဲ့မျက်နှာချင်းမဆိုင်ချင်သလို ပြန်လဲမဆုံချင်ဘူးလေ။
" နင့်ကို ငါနားလည်ပါတယ် ဖိုးဇင်ရယ် ... အငယ်လေးတွေအတွက် ကြိုးစားပေးမယ်ဆိုလို့ ..ငါကျေးဇူးတင်မိတယ် ..ငါတို့လိုမျိုး... ဘယ်ကလေးကိုမှ မခံစားစေချင်ဘူးဟာ ..လူတွေက ငါတို့တွေခံစားနေရတုန်းက ....မသိချင်ယောင်ဆောင်နေခဲ့ကြပေမဲ့ ...ငါတို့ဘက်က မိဘတွေအပေါ် ပျက်ကွက်မိရင်တော့ ...ဝိုင်းပြီးပြစ်တင်ကဲ့ရဲဖို့စောင့်နေကြသလိုပါပဲ ..သူတို့ပြောပြောနေကြတဲ့ ...မိဘကျေးဇူးကြီးမားတယ် .. မွေးပေးရုံနဲ့တင် ကျေးဇူးကြွေးကဆပ်မကုန်ဘူးဆိုတာက... ပေါက်ပေါက်တို့လိုလူမျိုးတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ စိတ်ဒဏ်ရာ...ပြင်ပဒဏ်ရာကင်းကင်းနဲ့ ...ကောင်းကောင်းမွန်မွန်ကြီးပြင်းခွင့်ရတဲ့ ကလေးတွေကိုပြောတာပါ ... အခုဆိုရင်... ငါအဆင်ပြေလာတော့ ... ရပ်ကွက်ထဲက လူတွေနဲ့ဆုံရင် ... မိဘကျေးဇူးကို ပြန်ဆပ်နော် ...မိဘကဘာပဲလုပ်ခဲ့လုပ်ခဲ့ စိတ်နဲ့ တောင်မပြစ်မှားရဘူးနော်ဆိုပြီး ...ဆုံးမစကားတွေလာပြောနေကြတဲ့လူတွေမှ အများကြီးပဲ ... အမှန်တိုင်းပြောရရင် ..ကိုယ့်ဘာသာနေရင်... အဖေ့အကြောင်းလဲမတွေးမိသလို ..အဖေ့ကို စော်ကားချင်တဲ့စိတ်လဲ မဝင်မိပါဘူးဟယ် ..ဒါပေမဲ့ ...ဆရာကြီး သိပ်လုပ်ချင်ကြတဲ့ လူတတ်ကြီးတွေနဲ့ဆုံရင် .. အကုသိုလ်ဖြစ်ရတယ်ဟ....သူတို့ နှုတ်က...
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
၁၄
https://www.facebook.com/100067151540690/posts/742989231282788
၁၅
https://www.facebook.com/100067151540690/posts/743578934557151/
၁၆
https://www.facebook.com/100067151540690/posts/743627364552308/
" အဲ့ဒါတော့ ဟုတ်တယ် ... ဒီရပ်ကွက်က စည်းလုံးတယ်လေ .....ညီမက ဒီရပ်ကွက်ထဲ ပြောင်းလာတာ မကြာသေးဘူးထင်တယ် ... အကူအညီလိုရင် ကိုကြီးကိုပြောနော် ..."
" ကျွန်မ ဒီရပ်ကွက်ထဲပြောင်းလာတာ သုံးနှစ်ကျော်နေပြီ...ပြီးတော့... ဟိုဘက်ရပ်ကွက်ကနေ ပြောင်းလာတာလေ ....ကျွန်မအဖရဲ့ပိုက်ဆံကိုလာခိုးတဲ့ ... မိထွေးရဲ့မောင်ကို တုတ်နဲ့ဆော်ပစ်လိုက်လို့.... ကျွန်မမိထွေးနဲ့ စကားများပြီး ပြောင်းလာတာလေ "
တပေါင်းက ဒီစကားကို တမင်ပြောလိုက်ရင်းနဲ့ ခပ်ကြီးကြီးကတ်ကြေးတစ်လက်ကို အသင့်အနေအထားပုံစံနဲ့ ကောက်ကိုင်ထားလိုက်တယ်။ပြီးတော့ စကားပြောရင်းကနေ လက်ကိုမြှောက်ကာ မြှောက်ကာနဲ့ ဟန်ရေးပြလိုက်တယ်။
" ဦးလေးက ဘာလိုချင်တာလဲ မသိဘူး ....သားသမီးတွေအတွက် ကစားစရာလား ..မိန်းမအတွက် အလှကုန်လား"
" ဪ ...ဆောရီးကွာ ..ဆေးလိပ်တွေဘာတွေရတယ်ထင်လို့ ဝင်ကြည့်တာ .. မရှိဘူးပဲ သွားတော့မယ် "
အရှက်မရှိတဲ့ မျက်နှာနဲ့ ပြောပြီး ထွက်သွားတဲ့လူကို တပေါင်းခပ်တည်တည်ပဲ ကြည့်နေလိုက်တယ်။ဒီလိုမျိုးတော့ တပေါင်းကို သွေးတိုးလာစမ်းလို့မရဘူး။ သူ့ဘက်ကစမ်းလာခဲ့ရင်းလဲ တပေါင်းကသူtသကိုယ်သေ ပြန်ချပစ်မှာ။တပေါင်းအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားကတည်းက တပေါင်းနောက်ကို သိသိသာသာရော၊မသိမသာပါ လိုက်နေတဲ့သူတွေရှိလာတယ်။မှန်တာပြောရရင် သူတို့တွေတပေါင်း နောက်ကိုလိုက်တာ၊ တပေါင်းကိုရိသဲ့သဲ့လုပ်တာတွေကို ကြုံရတိုင်း တပေါင်းစိတ်ထဲမှာ အဖေ့ကိုပဲမြင်ယောင်နေမိတယ်။ဒါကြောင့်လဲ တပေါင်းကို ရိုးရိုးသားသားခင်မင်တဲ့ ယောက်ျားတွေနဲ့ပတ်သက်လာရင် တပေါင်းဘက်ကလဲ ပြန်ပြီးခင်မင်နိုင်ပေမဲ့ ဒီထက်စည်းကျော်လာတဲ့ပုံစံမျိုးနဲ့ တပေါင်းကို ချစ်စကားကြိုက်စကားပြောလာပြီဆိုရင်တော့ လူကအသားတွေ တဆတ်ဆတ်တုန်လာတဲ့အထိ ဒေါသတွေထွက်လာတယ်။"ငါ့ကို ဘာလို့လာကြိုက်ရတာလဲ " လို့ မေးမေးပြီး အဲ့ဒီလူကို စိတ်ရှိလက်ရှိရိုက်နှက်ပစ်ချင်တဲ့ စိတ်ရိုင်းတွေပါ ပေါ်လာတယ်။အရွယ်ရောက်လာတဲ့ မိန်းမပျိုလေးတစ်ယောက်အတွက် ရည်းစားစကားပြောခံရတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ တပေါင်းအနေနဲ့ကတော့ အဲ့ဒီမျိုးအပြောခံရပြီဆိုရင် လွန်လွန်ကျူးကျူးကိုဒေါသတွေဖြစ်လာပြီး လူသတ်ချင်စိတ်တွေပါ ပေါက်လာမိတာ။ အရင်က ဈေးထဲမှာ ဈေးရောင်းတုန်းကလဲ စျေးထဲက ဘဝတူကောင်လေးတွေက ရည်းစားစကားလိုက်ပြောလို့ Darကိုင်ပြီး Darကြိမ်းကြိမ်းခဲ့လိုက်တယ်။ဟုတ်တယ် တပေါင်းဘဝမှာ ဘာအချစ်မှမလိုအပ်ဘူး။ဘယ်ယောက်ျားမှလဲ မလိုအပ်ဘူး။ဘယ့်သူ့ကိုမှလဲ မချစ်ဘူး။ဘယ်သူမှလဲ လာမချစ်ကြနဲ့။တခြားလူတစ်ယောက်နဲ့ တစ်အိမ်ထဲမှာလဲ အတူမနေနိုင်ဘူး။တစ်သက်လုံး တပေါင်းတစ်ယောက်တည်းပဲနေမှာ ။ဒါက တပေါင်းရဲ့ရည်ရွယ်ချက်ပဲ။တပေါင်းက မိန်းမသားပီပီ အရွယ်ရောက်လာချိန်မှာလှချင်လာတယ်။ပြင်ပြင်ဆင်ဆင်နေလာတယ်။အရင်က ဝတ်လာခဲ့တဲ့ ဖိုးရိုးဖားရားပုံစံတွေကို စွန့်လွှတ်ပစ်ပြီး လှလှပပဝတ်စားပြင်ဆင်လာတယ်ဆိုတာကလဲ တပေါင်းလှနေဖို့အတွက်ပဲပြင်တာ ။ဘယ်ယောက်ျားအတွက်မှ ပြင်တာမဟုတ်ဘူး ။မိန်းမချင်းယှဉ်လိုက်ရင် တပေါင်းလဲလှနေဖို့ပြင်ဆင်တာ။ယောက်ျားတစ်ယောက်ရဲ့ အရွေးချယ်ခံရဖို့ပြင်ဆင်နေတာမဟုတ်ဘူး။တပေါင်းဟာ တပေါင်းအတွက်ပဲ ပြင်ဆင်နေတာ။တခြား ဘယ်သူ့အတွက်မှ မဟုတ်ဘူး။အရွယ်ရောက်လာတာနဲ့အမျှ တပေါင်းပိုပြီး နားလည်လာတာက လူအများစုက ဆင်းရဲရဲ ချမ်းသာသာ ရုပ်ရည်လေးကြည့်ကောင်းတဲ့သူဆိုရင် အရာဝင် အဖက်လုပ်ချင်ကြတယ်ဆိုတာပဲ။ဈေးဝယ်တာ ( bus ) ကားစီးတာကအစပေါ့။ ဒါတွေ ထားလိုက်ပါ ။ဒီလိုပြောတော့ တပေါင်းပြင်ပြင်ဆင်ဆင်နေတာက တခြားသူတွေ အတွက် လုပ်နေသလိုမျိုးကြီးဖြစ်သွားအုံးမယ် ။တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ လူတွေဟာ ကိုယ့်ကိုယ့်ကိုလှတယ်လို့ ယုံကြည်ချက်ဝင်သွားရင် ဘာလုပ်လုပ်ပိုပြီး သတ္တိရှိလာသလို ပိုပြီးလဲရဲရင့်လာတယ်။ဒါကြောင့်လဲ တပေါင်းအလှပြင်ပါတယ်။ပြင်ပြင်ဆင်ဆင် သပ်သပ်ရပ်ရပ်နေပါတယ်။ဒါပေမဲ့ ဒါကဘယ်ယောက်ျားအတွက်မှ မဟုတ်ဘဲတပေါင်း အတွက်ပါပဲ။ဒါကြောင့် အလှပြင်တာ၊သပ်သပ်ရပ်ရပ်နေတာဟာ ရှက်စရာ မဟုတ်ဘူးလို့ တပေါင်းတော့ယူဆတယ်။ကိုယ်က မသန်စွမ်းဖြစ်နေတာနဲ့ပဲ သိမ်ငယ်စိတ်ဝင်ပြီး ဖြစ်သလိုနေစရာမလိုဘူး။ လူတချိုးရဲ့ အမြင်တွေကလဲခက်တော့ခက်သား။မသန်စွမ်းတွေများ တစ်ခုခုလုပ်ပြလိုက်ရင် ချီးကျူးတာနောက်ထား ၊အရင်တော့ လှောင်သလိုပြောင်သလို ပြောကြသေးတာ။တချို့သူတွေရဲ့ စိတ်ထဲမှာ မသန်စွမ်းတွေက လူကောင်းတွေ လုပ်သမျှကို လိုက်လုပ်ခွင့်မရှိဘူးလို့ ခံယူထားကြပုံရတယ်။ဘာလို့ အဲ့လို အတွေးစိတ်ဝင်တာလဲဆိုတာကတော့ အသိပညာဗဟုသုတနည်းပါးလို့ပဲ ထင်မိတယ်။လူကောင်းလဲလူပဲ။မသန်စွမ်းလဲ လူပဲလေ။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်နိုင်တာကိုလုပ်ကြတာကို ဘာကြောင့်များ မုဒိတာမပွားနိုင်ရတာလဲ ။
~~~~~~~~
" တပေါင်း "
" ဟယ် ....ဖိုး ..ဖိုးဇင် "
ရုတ်တရက်ကြီး ဖိုးဇင်ကို တွေ့လိုက်ရတော့ တပေါင်း အံ့ဩမိသွားတယ်။ဖိုးဇင်ပုံစံက လွန်ခဲ့တဲ့သုံးနှစ်ကထက် ပိုပြီး အရပ်ကြီးရှည်လာပြီး ပိုပြီးလဲ ကြည့်ကောင်းလာတာကိုတွေ့လိုက်ရတယ်။
==================================
အပိုင်း (၁၈)ဆက်ရန်
(ည ၈ နာရီမှာ အပိုင်း (၁၈) ဆက်တင်ပေးပါမယ် )
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
အခုလိုမျိုးဖြစ်တယ်ဆိုတော့ တပေါင်းလုံးဝကိုမယုံကြည်နိုင်ဘဲဖြစ်နေမိတာပေါ့ ။
" အိမ်ရောင်းပြီး ဘယ်ကိုပြောင်းကြမှာလဲ ကြီးစောရယ်... "
" ကြီးစောတို့အမျိုးတွေရှိတဲ့ ဇာတိကိုပဲ ပြောင်းကြတော့မှာ....တပေါင်းဘဘကြီးက အသက်ကြီးမှအရှက်မကွဲချင်ဘူးဆိုပြီး... တောင်းပန်တယ်လေ ...ကြီးစောရင်ထဲမှာ တစ်ယောက်တည်းကြိတ်မှိတ်ပြီး မခံစားနိုင်တော့လို့... တပေါင်းကိုပြောပြတာပါ ...တပေါင်းကနှုတ်လုံတယ်ဆိုတာ ကြီးစောသိတယ် "
" ဟုတ်...ဟုတ်ကဲ့ပါ ကြီးစော...တပေါင်းဘယ်သူ့ကိုမှမပြောပါဘူးရှင်...ဒါဆိုရင် တပေါင်းက ...နေရာသစ်ရှာရတော့မှာပေါ့နော် "
တပေါင်းစိတ်မကောင်းစွာနဲ့ပြောလိုက်မိတယ်။
" နောက်လကုန်အထိနေလို့ရတယ် သမီး...အေးအေးဆေးဆေးရှာပေါ့...ဒီကြားထဲလဲ အိမ်လခမပေးနဲ့တော့နော် "
" ကြီးစောရယ် "
ကြိးစောကိုကြည့်ပြီး တပေါင်းရင်ထဲမှာတလှိုက်လှိုက်နဲ့ဝမ်းနည်းလာမိတယ်။တပေါင်းအပေါ်ကောင်းပေးကြတဲ့ လူကောင်းတွေဟာ ဘာလို့များ တပါင်းနဲ့ကြာကြာမနေနိုင်ကြရတာလဲလို့်တွေးမိပြီး ရင်ထဲမှာအတော်လေးဝမ်းနည်းသွားမိတယ်။တပေါင်းနားကနေ ပထမဆုံးထွက်သွားသူက အမေ။ပြီးတော့ ဘွားဘွားကြီးနဲ့အန်တီကြီး။နောက်တော့ သူငယ်ချင်းလေးဖိုးဇင်။ဖိုးဇင်က တပေါင်းကိုဈေးထဲမှာ ညနေဘက်ကြီးတစ်ခါလာတွေ့ပြီးကတည်းက နှုတ်မဆက်ဘဲပြန်သွားခဲ့လိုက်တာ ။သူပြန်သွားပြီး ခြောက်လလောက်နေမှ ပေါက်ပေါက်က တဆင့် တပေါင်းဆီကိုစာတစ်စောင်ရေးပို့ခဲ့တယ်။မချမ်းသာမချင်း ရန်ကုန်ကိုသူပြန်မလာတော့ဘူးတဲ့လေ။တပေါင်းကိုလဲ မဆက်သွယ်တော့ဘူးဆိုပြီး အဆက်အသွယ်ဖြတ်သွားလိုက်တာ။ အခုဆိုရင်သုံးနှစ်တောင်ရှိနေခဲ့ပြီလေ။တပေါင်းလဲ အခုဆိုရင် အသက်ဆယ့်ကိုးနှစ်ကျော်လာခဲ့ပြီမို့ လူကြီးတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အခုလဲပဲ ကြီးစောတို့က အိမ်ပြောင်းကြတော့မယ်တဲ့လေ။တစ်ရပ်ကွက်လုံးက အိမ်ငှားခတွေဈေးတက်နေလဲ အိမ်လခမတက်ဘဲ တပေါင်းကိုစောင့်ရှောက်ပေးခဲ့တဲ့ ကြီးစော။စကားပြောရင်အေးဆေးပြီး မလိုအပ်ဘဲအပိုစကားတွေပြောလေ့မရှိတဲ့ကြီးစော။အခုတော့လဲ ကြီးစောနဲ့ပါခွဲခွါရပြန်ပါအုံးမယ်။လူ့ဘဝက တကယ့်ကို အကွေ့အကောက်များပြားပြီး အကြောင်းအရာတွေအမျိုးမျိုးနဲ့ကြုံဆုံနေရတယ်ဆိုတာကို တပေါင်းပိုပိုပြီးသိလာခဲ့ပါပြီ။
~~~~~~~~~~
ဒီတစ်ခါမှာတော့ လက်ထဲမှာ စုထားတဲ့ငွေတွေကိုထုတ်ရင်းပြီးတော့ လမ်းမတန်းကဆိုင်ခန်းတစ်ခန်းကို တပေါင်းငှားလိုက်တယ်။ဆိုင်ခန်းငှားပြီးတော့ ကလေးကစားစရာဆိုင်ကိုဖွင့်လိုက်တယ်။ဈေးထဲမှာ တပေါင်းသွားရောင်းစရာမလိုတော့ဘူး။ဆိုင်မှာ လှတပတလေးထိုင်ရောင်းနေရုံပဲ။ကလေးကစားစရာဆိုင်က အချိန်အခါရယ်မရှိဘဲ ခပ်အေးအေးနဲ့အမြဲလိုလိုရောင်းနေရတယ်ဆိုပေမဲ့ လက်မလည်အောင်ရောင်းရတဲ့ လတွေရှိတယ်။အဲ့ဒီလတွေက သီတင်းကျွတ်လဆန်းကနေ တန်ဆောင်မုန်းလပြည့်နေ့ အထိပဲ။ အဲ့ဒီလိုရက်မျိုးဆိုရင် သိပ်ရောင်းရတာ။ အခုက သီတင်းကျွတ်ဖို့ သုံးလလောက် လိုသေးတာမို့ ဆိုင်က ခပ်အေးအေးပဲရောင်းနေရတယ်။
ဒါကြောင့်လဲ ကစားစရာတွေနဲ့ အတူ အလှကုန်နဲ့လူသုံးကုန်ကော်ပစ္စည်းလေးတွေလဲ တင်ရောင်းတယ်။ဈေးရောင်းတယ်ဆိုတာကလဲ ဈေးဝယ်သူကပဲ သင်ပေးသွားတာပါပဲ။ကိုယ်ကဘာထပ်ရောင်းရမလဲလို့်တွေးနေချိန်မှာ ဝယ်သူအများစုက သူတို့လိုအပ်တာတွေကို လာမေးကြတယ်။ဒါနဲ့ပဲ အမေးများတဲ့ပစ္စည်းလေးတွေကို တင်ရောင်းဖြစ်တယ်။နောက်ဆုံးတော့ တပေါင်းရဲ့ဆိုင်မှာ ကလေးကစားအရုပ်တွေတင်မကဘဲ အလှကုန်ပစ္စည်းတွေရော၊အိမ်သုံးပလတ်စတစ်ပစ္စည်း၊ကော်ပစ္စည်းတွေပါတင်ရောင်းဖြစ်လာတယ်။တစ်နေ့တစ်ခြား ပစ္စည်းတွေပိုစုံလာသလို တပေါင်းရဲ့ဆိုင်လေးကလဲ ရောင်းအားအတော်လေးကောင်းလာတယ်။တပေါင်းလက်ထဲမှာလဲ ငွေအတော်အသင့်ကိုစုမိလာတယ်။ဈေးရောင်းကောင်းလာသလို လူစုံဝင်ထွက်လာတဲ့အခါ တပေါင်းကို သွေးတိုးစမ်းချင်တဲ့ယောက်ျားသားတွေလဲ ပေါ်လာခဲ့တယ်။သေချာတာက ဒီယောကျ်ားတွေက တပေါင်းကိုကျောရရုံကြံချင်ကြတယ်ဆိုတာကို တပေါင်းသိနေတယ်လေ ။
ညကိုးနားရိဆိုရင် တပေါင်းဆိုင်ကပိတ်နေကြ။ ဒီလမ်းပေါ်မှာက ညဆယ်နာရီလောက်မှဆိုင်ပိတ်ကြတာများတယ်။တပေါင်းကတော့ မိန်းမသားတစ်ယောက်တည်းမို့ စေားစောပိတ်တယ်။
ဒီနေ့လဲ ဆိုင်ပိတ်နေချိန်မှာ ဆိုင်ထဲကိုယောက်ျားတစ်ယောက်ဝင်လာခဲ့တယ်။သူ့ပုံစံက မသင်္ကာစရာပုံစံမို့် တပေါင်းက လမ်းမနဲ့နီးတဲ့နေရာမှာရပ်နေလိုက်တယ်။လူပုံက အသက်သုံးဆယ်လောက်ရှိမယ်။ပုံစံက တပေါင်းကို ပြီတီတီနဲ့လှည့်လှည့်ကြည့်နေတာ။တပေါင်းတစ်ယောက်တည်းနေတာကို သိလို့ ရိသဲ့သဲ့လုပ်ချင်နေတဲ့ပုံမျိုးနဲ့ ။ကြီးစောတို့ ခြံထဲမှာနေတုန်းက ဒါမျိုးတွေတပေါင်းမကြုံခဲ့ရဘူး။အခုက တပေါင်းအရွယ်ရောက်လာတာကြောင့်လဲပါမယ်ထင်တယ်။ကြီးစောကတော့ တပေါင်းကို"
ယောက်ျားတွေကိုအယုံမလွယ်ဖို့ သတိပေးဆုံမစကားပြောသွားခဲ့တယ်။
" တစ်ယောက်တည်းနေတာလား ..မကြောက်ဘူးလား "
တပေါင်းသတိနဲ့ကြည့်နေချိန်မှာပဲ ဝယ်သူဆီကမေးသံခပ်တိုးတိုးထွက်လာခဲ့တယ်။တပေါင်း သူ့ကိုဖျတ်ခနဲကြည့်လိုက်တယ်။ပြီးတော့ မျက်နှာကိုတင်းပစ်လိုက်ပြီး လေသံမာမာနဲ့ ပြန်ဖြေလိုက်တယ်။
" မကြောက်ပါဘူး ..ကျွန်မတစ်ဆိုင်တည်းရှိတာမှ မဟုတ်တာ ... တစ်ချက်အော်လိုက်ရင် တစ်ရပ်ကွက်လုံး ရောက်လာလိမ့်မယ် "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၇)
akyiphyu
***********
တပေါင်းထမင်းဆိုင်ရှေ့မှာရပ်ပြီး ဟင်းဝယ်နေချိန်မှာ ထမင်းဆိုင်ဘေးက စားသောက်ဆိုင်ထဲမှာမမျှော်လင့်ထားတဲ့သူတွေကို တွေ့လိုက်ရတာမို့ ဖြုန်းခနဲခြေလှမ်းတွေကတုံ့ခနဲဖြစ်သွားရတယ်။တပေါင်းလိုပဲ သူတို့အားလုံးကလဲ တပေါင်းကိုတွေ့သွားကြပုံရတယ်။တပေါင်းကိုလှမ်းကြည့်နေတဲ့ အမေသိန်းနုရဲ့မျက်နှာက တစ်ချက်မဲ့ခနဲဖြစ်သွားတာကို သတိထားလိုက်မိတယ်။အဖေကလဲ မျက်နှာတည်ကြီးနဲ့ တပေါင်းကိုလှမ်းကြည့်နေတယ်။တပေါင်းက ဈေးသိမ်းလာတာဆိုတော့ တပေါင်းရဲ့လက်ထဲမှာ အထုပ်အပိုးတွေတိုးလိုးတွဲလောင်းနဲ့ဖြစ်နေခဲ့တယ်။ဒီနေ့ မြို့ထဲမှာဈေးသွားဝယ်ရမှာဆိုတော့ အိမ်ရောက်မှ ဟင်းချက်စားချိန်မရှိလို့ ဟင်းဝင်ဝယ်မိတာက တပေါင်းရဲ့အမှားဖြစ်သွားတာ။တပါင်းမျက်နှာကို လွှဲလိုက်ပြီးမသိချင်ယောင်ဆောင်နေလိုက်တယ်။လမ်းမကြီးတစ်ခုပဲခြားတဲ့ ရပ်ကွက်နှစ်ခုကလူတွေ ဒီလိုပဲ လမ်းသွားရင်းနဲ့ အမှတ်မထင် ဆုံနိုင်တာကို တပေါင်းကြိုတွက်ခဲ့ပြီးသားပါ။ကြုံဆုံခဲ့ရင်လဲ သူစိမ်းတွေလိုပဲ နေဖို့တွေးတောခဲ့ပြီးသားပါ။သို့ပေမဲ့ တကယ်တမ်း ကြုံဆုံလာရတော့ ခန္ဓာကိုယ်ထဲကနှလုံးသွေးတွေတထိတ်ထိတ်ခုန်လာခဲ့တယ်။ရင်တွေတလှပ်လှပ်တုန်နေပြီး ကြောက်သလိုလိုဝမ်းနည်းသလိုလို ဝေခွဲရခက်တဲ့ ခံစားချက်ကို ခံစားလိုက်ရတာမို့ နေရာကနေမြန်မြန်လေး ထွက်သွားချင်နေမိတယ်။
" မြန်မြန်လေးထည့်ပေးပါနော် ....မြို့ထဲဈေးသွားဝယ်ရအုံးမှာမို့ပါရှင် "
ဟင်းဆိုင်က ဝယ်နေကြဆိုင်ဆိုတော့ မြန်မြန်လေးထည့်ပေးဖို့ တပေါင်းခပ်တိုးတိုးပြောလိုက်မိတယ်။ဖြစ်နိုင်ရင် ဒီလူတွေနဲ့မဆုံချင်တာမို့ ဒီနေရာကနေ အမြန်ထွက်သွားချင်မိတာ။သူတို့လာထိုင်နေတဲ့ဆိုင်က လွန်ခဲ့တဲ့တစ်လကျော်ကမှ ဖွင့်ထားတဲ့စားသောက်ဆိုင်။ဆိုင်က ဒီရပ်ကွက်တွေရဲ့အနေအထားနဲ့ဆိုနည်းနည်းလးဈေးကြီးတယ်ဆိုပေမဲ့ အရသာရှိတယ်ဆိုပြီးနာမည်ကြီးနေတဲ့ဆိုင်။ရေခဲသုပ်တစ်ပွဲကို တစ်ထောင်ဆိုတော့ တော်ရုံလူတွေဝင်မစားနိုင်တာတော့အမှန်ပဲ။အရသာဘယ်လောက်ပဲရှိရှိ တပေါင်းကတော့ အဲ့ဒီဆိုင်ရှေ့ကနေ့စဉ်ဖြတ်လျှောက်နေပေမဲ့ တစ်ခါမှကိုဆိုင်ထဲဝင်မထိုင်ဖူးပါဘူး။တကယ်ပဲ အဲ့ဒီလိုဆိုင်မျိုးမှာတောင် ဝင်မထိုင်နိုင်ဘူးလားဆိုရင်တော့ ထိုင်မယ်ဆိုထိုင်နိုင်တာပေါ့။အဖေ့အိမ်ကနေဆင်းလာပြီးတဲ့ သုံးနှစ်ကျော်အတွင်းမှာ တပေါင်းလဲကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်လာခဲ့တာပဲ။အနည်းဆုံးတော့ တစ်လကိုနှစ်စ်သိန်းနီးပါး ဝင်ငွေရှိတာပဲလေ။ဒါပေမဲ့မလိုအပ်ဘဲ မသုံးပါဘူး။ဆိုင်ဝင်ထိုင်ပြီ ထားပါတော့ ဘာတွေစားရမလဲ။ငယ်ငယ်ကတည်းက အသုပ်၊မုန့်ဟင်းခါးကိုတောင် သေချာမစားဖူးခဲ့ဘဲ ထမင်းနဲ့ဟင်းကိုပဲ စားခဲ့ဖူးတဲ့ တပေါင်းအတွက်တော့ ဘယ်အရာကိုမှကြိုက်နှစ်သက်လှတယ်ရယ်လို့လဲ မရှိပါဘူး။ စားလဲမစားဖူးတော့ အရသာလဲ မသိဘူး။ အရသာကိုမသိတော့ ကြိုက်နှစ်သက်တာမျိုးလဲ မရှိဘူးပေါ့။
တပေါင်းဟင်းဖိုးငွေရှင်းနေချိန်မှာ ခေါက်ဆွဲကြော်တွေစားနေကြတဲ့ အမေသိန်းနုတို့မိသားစုကို မျက်လုံးထောင့်စွန်းကနေမြင်နေခဲ့ရတယ်။တပေါင်းချာခနဲကျောခိုင်းပစ်လိုက်တယ်။ကိုယ်နဲ့ဘာမှ မသက်ဆိုင်တဲ့မြင်ကွင်းအတွက် တပေါင်းခံစားနေစရာမလိုဘူးလေ။
~~~~~~~~~~~
" ကြီးစောတို့ ...အိမ်နဲ့ခြံကိုရောင်းရတော့မှာ တပေါင်းရဲ့... နောက်တစ်ပတ်ထဲမှာ စရန်လာသပ်တော့မှာ "
" ရှင် "
ကြီးစောဆီက ကြားလိုက်ရတဲ့ မယုံနိုင်စရာစကားကြောင့် တပေါင်းထိတ်လန့်တုန်လှုပ်သွားမိတယ်။နေထိုင်လာခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကြီးစောကိုရောအိမ်လေးကိုပါ တပေါင်းသံယောဇဉ်ဖြစ်နေမိပြီလေ။ ခုတော့ ကြားလိုက်ရတဲ့ သတင်းစကားက တပေါင်းအတွက် နေစရာပျောက်မဲ့ စကားမျိုး။
" ကြီစောလဲ မရောင်းချင်ပါဘူးတပေါင်းရယ်...ဒါပေမဲ ...အိမ်ကအဘိုးကြီး ဒုက္ခပေးလို့်ရောင်းရတော့မှာလေ ..သူကနယ်မှာ ဟောခန်းသွားဖွင့်တယ်ဆိုပြီး ... ကောင်မငယ်ငယ်လေးနဲ့ရှုပ်နေတာတဲ့လေ...ကောင်မလေးမှ တပေါင်းသာသာပဲရှိမယ်ထင်တယ်..အသက်ကနှစ်ဆယ်နှစ်တဲ့လေ "
" ရှင် ....ဟုတ်...ဟုတ်လို့လား ကြီးစောရယ် "
ဒီတစ်ခါတော့ တပေါင်းဘယ်လိုမှမယုံနိုင်တာမို့ အံ့ဩတုန်လှုပ်ကာမေးလိုက်မိတယ်။
" ဟုတ်သမှသိပ်ဟုတ်ပေါ့ တပေါင်းရယ်...အခုအဲ့ဒီကောင်မလေးကို လျော်ကြေးပေးရမှာလေ ..အသက်ကြီးမှကြီးစောလဲ ရှက်လွန်းလို့ပါ တပေါင်းရယ်... တခြားဘယ်သူ့ကိုမှလဲ မပြောနိုင်ပါဘူး "
ကြီးစောပြောသမျှကိုနားထောင်ရင်းနဲ့ တပေါင်းမှာပါးစပ်အဟောင်းသားနဲ့ အံ့ဩပြီးရင်းအံ့ဩနေခဲ့မိတယ်။ကြီးစောပြောသလိုပဲ ကြီးစောနဲ့ဘဘကြီးတို့ရဲ့အသက်တွေက ကြီးလှပါပြီ။ကြီးစောဆိုရင် ခြောက်ဆယ့်ငါးနှစ်။ဘဘကြီးက ခြောက်ဆယ့်ခြောက်ထဲဝင်နေပါပြီ။ ဘဘကြီး ရန်ကုန်ပြန်ရောက်လာရင် တပေါင်းတွေ့ရသလောက်ကတော့ ဘဘကြီးက အိမ်ပေါ်ထပ်မှာအချိန်ပြည့်ဘုးရားတရားလုပ်နေတာကိုပဲတွေ့ရတာ။သုံးနှစ်အတွင်းမှာ တပေါင်းနဲ့လဲ ရင်းရင်းနှီးနှိးမရှိပါဘူး။လက်ဆောင်ပါလာရင်တော့ ခေါ်ပေးတယ်။ပြီးရင်် ဘုရားတရားလုပ်ဖို့ ဆုံးမစကားပြောတယ်။ဒီလောက်ပဲ စကားပြောဖူးတာ။စေတနာကတော့ ကောင်းပါတယ်။နယ်ကပြန်လာရင် ပါလာသမျှမုန့်တွေကို ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေကို အကုန်ဝေပေးတော့တာ ။ဒီလိုလူကြီးမျိုးက
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
၁၄
https://www.facebook.com/100067151540690/posts/742989231282788
၁၅
https://www.facebook.com/100067151540690/posts/743578934557151/
" အေးပါ...ငါနားလည်ပါတယ် တပေါင်းရ ...ငါလဲကလေးမှမဟုတ်တော့တာ...ဒါဆို...ငါသွားတော့မယ်နော်....ငါမန္တလေးပြန်တော့မယ်ဆိုရင်တော့ ...နင့်ကိုလာနှုတ်ဆက်အုံးမှာနော် "
" အေးပါ..ဈေးထဲကိုလာခဲ့လေဟယ်...မနက်နဲ့ညနေကတော့ ဈေးထဲမှာကျိန်းသေရှိပါတယ် ...ဂရုစိုက်နော်ဖိုးဇင်...."
" အေးပါ ..ငါသွားပြီနော် "
ဖိုးဇင်က သူကူဆွဲပေးလာတဲ့ ဈေးထုပ်ကို တပေါင်းလက်ထဲကို ပြန်ထည့်ပေးလိုက်ပြီးတော့ သူတို့ရပ်ကွက်ဘက်ကို ပြန်ပြေးလာခဲ့တယ်။ဖိုးဇင်ပြေးထွက်လာချိန်မှာပဲ ကောင်းကင်ကနေလုံးကြီးလဲ အနောက်ဘက်မိုးကုပ်စက်ဝိုင်းကြီးထဲကို ငုပ်လျှိုးပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။
~~~~
" ဖိုးဇင် ..ေ*သနာလေး...ဘယ်တွေအလေလိုက်ပြီး ပြန်လာတာလဲ ...အိမ်ခဏပြန်မယ်ဆိုပြီးပြန်သွားလိုက်တာ .....မိုးချုပ်မှပြန်လာတယ်ပေါ့ ဟုတ်လား...နင်ဘာလို့ပြန်လာနေသေးတာလဲ...လမ်းမှာပဲ ေ*သလိုက်ပါလားဟဲ့ "
ဖိုးဇင်ဆိုင်ရှေ့ကိုရောက်ချိန်မှာပဲ အမေ့ဆီကထင်းချောင်းတစ်ချောင်းပျံဝဲထွက်လာခဲ့ပြီးဆဲဆိုသံပါထွက်လာခဲ့တယ်။
" နင်ဘာလို ပြန်လာနေသေးတာလဲ အကုသိုလ်ကောင်ရဲ့...နင်မရှိတာ ငါ့မှာစိတ်ကိုချမ်းသာနေတာပဲ ..နင်ပြန်လာတာနဲ့ပြောရတယ်....ငါ့မှာတော့ သားသမီးပြန်လာလို့နားရမလားမှတ်တယ်...သူကရောက်တာနဲ့အလေလိုက်ဖို့ပဲတွေးနေတာ.....နင်တို့တွေ ငါ့ကိုလဲသနားကြပါအုံး...ငါ့မှာဗိုက်ကြီးတကားကားနဲ့ နင်တို့မျိုဖို့ရှာနေရတာဟဲ့ "
အမေ့ရဲ့ဆူသံဆဲသံက ပိုပြီးဆူညံလာခဲ့တယ်။ဆဲလိုက်ဆိုလိုက် တွေ့ရာပစ္စည်းတွေနဲ့ကောက်ပေါက်လိုက်နဲ့ အမေ့ရဲ့အသုပ်ဆိုင်လေးက ငရဲပွက်နေသလိုဖြစ်နေခဲ့တယ်။အကြီးမလေးခမျာလဲ အမေလုပ်သမျှကို ကြားထဲကနေခံနေရရှာတယ်။
" ဟဲ့ ..ငတုံးမငဖျင်းမရဲ့ ...ပန်းကန်ကိုဘယ်လိုဆေးနေတာလဲ ...ပန်းကန်သုံးလးချပ်ဆေးတာကို မပြီးတော့ဘူး...ဒီလိုပုံစံနဲ့ထမင်းကိုဘယ်လို ရှာစားကြမလဲ ..ငါကေ**သတဲ့အထိ ရှာကျွေးနေရမှာလားပြောကြစမ်းပါအုံး...တစ်ယောက်လာလဲ သုံးစားမရအသုံးမကျဘူး..အားလုံးကိုအိမ်ပေါ်ကမောင်းချပစ်လိုက်မှ အေးမှာထင်တယ် "
ဟုတ်တာတွေရောမဟုတ်တာတွေကိုပါ ပြောဆိုနေတဲ့ အမေ့စကားတွေကြောင့် ဖိုးဇင်အတော်လေးရှက်လာမိတယ်။ဒီဈေးလေမ်းက ဒိအချိန်ဆိုရင်အလုပ်ပြန်သူတွေနဲ့ သိပ်ကိုစည်ကားတဲ့လမ်းလေ။အလုပ်သမားကောင်မလေးတွေကလဲ ဖိုးဇင်တို့နဲ့အရွယ်မတိမ်းမယိမ်းလေးတွေများတာမို့ ဖိုးဇင်အတော်လေးရှက်လာမိတယ်။ဒါကြောင့်လဲ နေရာကနေပြန်လှည့်ထွက်ပြီး အိမ်ကိုပဲပြန်ဖို့ပြင်လိုက်တယ်။
" ဘုတ် "
" အ "
" ဟဲ့ ...ဖိုးဇင်...နင်က ဒါဘာအချိုးချိုးတာလဲ ...ငါ့ကိုသောက်ဂရုမစိုက်တဲ့ပုံစံလား...အဆံလေးတစ်ပဲခြောက်ပြားရှာနိုင်တယ်ဆိုပြီး ...ငါ့ကိုဒိလိုအချိုးလာမချိုးနဲ့နော် ...တစ်ခါတည်း ကု//ပ်ချိုးသ//တ်ပစ်လိုက်မယ်...ငါ့ကိုဘာကောင်မမှတ်နေလဲ "
ဖိုးဇင်လှည့်အထွက်မှာ အမေက အသံနက်ကြီးနဲ့အော်ဟစ်ကြိမ်းမောင်းလိုက်ပြီး မီးဖိုဘေးက သစ်သားချောင်းနဲ့လှမ်းပေါက်လိုက်တာမို့ ဖိုးဇင်မှာရှေ့ကိုယိုင်လဲမလိုတောင်ဖြစ်သွားရတယ်။ရုတ်တရက်ကြီးရှက်တာရောနာကျင်တာရောကြောင့် ဖိုးဇင်မျက်နှာတင်းခနဲဖြစ်သွားရပြီး အမေ့ကိုလှည့်ကြည့်လိုက်မိတယ် ။
" အောင်မာ....နင့်က ဘာမျက်လုံးနဲ့ငါ့ကိုပြန်ကြည့်တာလဲ ...ဘာလဲ... ငါ့ကိုပြန်ရို//က်မလို့်လား ဟုတ်လား..လုပ်စမ်း...သတ္တိရှိရင် လုပ်လိုက်စမ်းပါ.....ငွေလေးတစ်ပဲခြောက်ပြားရှာနိုင်တာနဲ့ မိဘကိုစော်ကားဖို့တွေးနေတဲ့ကောင် ...မိဘကိုပြန်သ//တ်မဲ့ အဇာတသတ်ကောင်ရဲ့ "
" ဘုံး..ဘုံး "
ရန်သူကြီးတစ်ယောက်ကိုတွေ့သလို ကြမ်းကြမ်းတမ်းတမ်းတွေဆဲဆိုပြီး လက်ထဲမှာကိုင်ထားတဲ့တု*တ်နဲ့ မညှာမတာဝင်ရို//က်တာမို့ ဖိုးဇင်မြေပြင်ပေါ်ကိုပစ်လဲကျသွားရတယ်။ဖိုးဇင်လဲသွားတာတောင်မှ အမေက မကျေနပ်နိုင်သေးဘဲ ဖိုးဇင်တစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိထပ်ရိုက်နေသေးတာ။
" ဟဲ့..ဟဲ့ ..တော်ပါတော့ အေးလှိုင်ရဲ့....နင်ကေ*သအောင်သ//တ်မလို့လား .....နင့်မှာလဲ ကိုယ်ဝန်ကြိးနဲ့ဆိုတာကို သတိရအုံး...ဝိုင်းဆွဲကြပါအုံးဟ ..."
လူကြီးတစ်ယောက်ကပြေးလာပြီး အတင်းဝင်ဆွဲတယ်။မအေးလှိုင်က ဒေါသမပြေနိုင်သေးဘဲ အော်ဟစ်ကြိမ်းမောင်းလိုက်တယ်။
" အေးလှိုင်ကို ဒိလိုလာစမ်းလို့မရဘူးနော်....ငါမွေးထားတဲ့မျောက်က ...ငါ့ကိုလာပြန်မခြောက်နဲ့နော်...သားသမီးကိုမနိုင်တဲ့မိဘလို့တော့ အပြောမခံနိုင်ဘူး...နင်တို့ကိုသ*တ်ပြီး ထောင်ထဲမှာသွားနေပစ်လိုက်မယ်ဟေ့ "
အနီးနားကလူတွေ ဝိုင်းဆွဲကြတာကြောင့် အမေ့ရဲ့ရို//က်ချက်တွေက သူ့ဆီကိုရောက်မလာတေ့တဲ့အချိန်မှာ ဖိုးဇင်နေရာကနေကုန်းရုန်းထလိုက်တယ်။ပြီးတော့ ဘယ်သူ့မျက်နှာကိုမှမကြည့်တော့ဘဲ နေရာကနေ အားကုန်ပြေးထွက်လာခဲ့မိတယ်။
==================================
အပိုင်း (၁၇)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
ငါ့ကို ငါ့အဖေကန်သလိုမျိုးကန်တာဟ ..ငါလဲ တုAတ်နဲ့ ပြန်ရိုက်ပစ်လိုက်တယ်...ညနေ ငါ့အဖေလဲပြန်လာရော ...ငါလဲ အိမ်ပေါ်ကနှင်ချခံလိုက်ရတာပဲဟယ်...အဲ့ဒါနဲ့ ငါလဲ ...အန်တီကြီးတို့ပေးထားခဲ့တဲ့... ပိုက်ဆံတွေနဲ့ အိမ်ငှားလိုက်တယ် ..စျေးရောင်းနေတယ်လေ "
" တောက် ..လူပါးဝလိုက်တာဟာ .... နင်ကမရှင်းပြဘူးလား ...ဦးလေး အောင်မင်းကလဲလွန်လိုက်တာဟာ ..."
" ပြီးတာတွေ ထားလိုက်ပါဟာ ...အခုလိုဖြစ်သွားတာပဲ ကောင်းပါတယ် ... ငါအခု ...အရိုက်မခံရတော့ဘူးလေ ...ဒီဘဝကို ငါ ပျော်တယ် ...တစ်နေ့ကျရင် ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ ...ကလေးကစားစရာဆိုင်ကြီးပိုင်အောင် ငါကြိုးစားမှာ ... အဖေတို့ အကြောင်းတွေကို ငါမတွေးချင်ဘူး ...ငါလေ ...အဖေ့ကိုမမုန်းလဲမမုန်းသလို..ချစ်လဲမချစ်တော့ဘူး...အဖေ့အကြောင်းကို တွေးမိရင် ... ငါအခုထိကြောက်နေမိတုန်းပဲ ...ဒါကြောင့်လေ ... ငါ့မှာပိုက်ဆံရှိလာတဲ့နေ့ကျရင် ...ဒီရပ်ကွက်နဲ့အဝေးကြီးကို ပြောင်းမှာ ... ဖြစ်နိုင်ရင်အဖေ့အကြောင်းတွေ... လုံး၀မကြာရတော့တဲ့နေရာမျိုးကိုပြောင်းမှာ "
တပေါင်းကသူမစိတ်ထဲက ခံစားချက်ကို ဖိုးဇင်ကိုထုတ်ပြောလိုက်တယ်။တပေါင်းရဲ့စကားတွေကို ဖိုးဇင်တိတ်ဆိတ်ငြိမ်သက်စွာနားထောင်နေမိတယ်။တပေါင်းရဲ့စကားဆုံးသွားတဲ့အခါမှာ ဖိုးဇင်သက်ပြင်းချလိုက်မိတယ်။
" အေးပါဟာ...နင်ကြိုးစားရင်အောင်မြင်မှာပါ....ငါလဲအလုပ်ကြိုးစာပြီး... နင့်ကိုကူညီပါ့မယ် ...ဒီမှာ ...နင့်အတွက်ငါစုထားတဲ့လက်ဆောင်ယူလာတယ် "
ဖိုးဇင်ကပြောပြီးတာနဲ့ စက္ကူအိတ်လေးတစ်အိတ်ကို တပေါင်းလက်ထဲကိုထည့်ပေးလိုက်တယ် ။
" ဒါကဘာလဲဟင် ဖိုးဇင် "
တပေါင်းက စက္ကူအိတ်လေးကို ကိုင်ကြည့်ပြီးမေးလိုက်တယ်။
" အဲ့ဒါက ,,,အလုပ်ထဲမှာ ငါမုန့်ဖိုးရတဲ့ပိုက်ဆံတွေကို နင့်အတွက်စုထားပေးတာ ...နင့်လိုတာသုံးဖို့ပါ....သိပ်တော့မများပါဘူးဟာ ...တစ်သောင်းတည်းပါ...ငါ့ညီမလေးနဲ့ငါ့ညီလေးနှစ်ယောက်အတွက်လဲ မုန့်ဖိုးပေးဖို့ ချန်ထားပါတယ်..ငါ့အမေလက်ထဲကိုရောက်သွားရင် မုန့်ဖိုးပေးမှာမဟုတ်ဘူးလေ "
ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းကျေးဇူးတင်စိတ်နဲ့ပြုံးလိုက်မိတယ်။
" နင့်ညီတွေညီမတွေနဲ့တန်းတူထားပြီး ...ငါ့အတွက်ပါစဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်ဖိုးဇင်ရယ်...ဒါပေမဲ့ ဒီပိုက်ဆံတွေကို ..နင့်ကိုလက်ဆောင်ပြန်ပေးလိုက်မယ်နော်...ငါပေးလိုက်တဲ့လက်ဆောင်ကိုယူပြီးနင်လဲကြိုးစာပါဟာ...ငါတို့တွေက တဖြည်းဖြည့်အသက်တွေကြီးလာပြီမဟုတ်လား ...ငါတို့ကိုယ်ပိုင်ငွေနဲ့ကိုယ့်ဘဝကို တည်ဆောက်နိုင်အောင်ကြိုးစာကြမယ်ဟာ...အနည်းဆုံးတော့ ငါတို့အသက်နှစ်ဆယ့်ငါးနှစ်လောက်မှာ ...ကိုယ်ပိုင်လုပ်ငန်းနဲ့ကိုယ်ပိုင်အိမ်နဲ့ဖြစ်ချင်တယ်...နင်လဲကြိုးစားဟာ...နင်အခုအရိုက်ခံရသေးလား...မနက်ကမှပြန်ရောက်တာဆိုတော့ အရိုက်မခံရသေးဘူးမဟုတ်လား...လုံးဝမရိုက်တော့ရင်တော့ ပိုကောင်းတာပေါ့ဟာ...နင့်လိုမျိုး ...မိဘနဲ့တန်းတူအလုပ်လုပ်နေတဲ့သူကို မရို//က်သင့်တာအမှန်ပဲလေ ..."
အသက်အရွယ်နဲ့မလိုက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ပြောနေတဲ့ တပေါင်းရဲ့စကားတွေကို ဖိုးဇင်ချက်ချင်းမတုံ့ပြန်နိုင်ဘဲဖြစ်နေမိတယ်။အတော်လေးကြာတော့မှ ဖိုးဇင်သက်ပြင်းချလိုက်မိပြီး
" ဒီနေ့တော့ ငါအရို///က်မခံရသေးဘူးပေါ့ဟာ.....ဒါ်ပေမဲ့ ...ငါ့နေရာမှာ ငါ့ညီမလေးက ...ကိုယ်စားနေရာယူထားရတယ်လေ...အမေကအကြီးမကိုလဲ ငါ့လိုပဲ...လူကြားထဲမှာဆူတယ်ဆဲတယ် ရို///က်တယ်..ငါ့ညီမလေးသနားပါတယ်ဟာ...ငါထင်တယ်...တစ်နေ့ကျရင် ငါ့ညီမနေရာမှာ... ငါ့ညီလေးတွေအလှည့်ပါရောက်လာအုံးမယ်ထင်တယ်...အမှန်တိုင်းပြောရရင် ...ငါ့လိုမျိုးငါ့ညီမနဲ့ငါ့ညီလေးတွေကို မခံစားစေချင်ဘူး.."
ဖိုးဇင်ရဲ့စကားကြောင့်တပေါင်းက ဖိုးဇင်ကိုကြည့်လိုက်မိပြီး
" နင့်ညီတွေညိမတွေကို နင့်လိုမျိုးမခံစားစေချင်ရင် ....နင်ကြိုးစားပေါ့ဖိုးဇင်...နင့်အမေကိုပိုက်ဆံများများရှာပေးပြီး ကလေးတွေကို ပညာရအောင်သင်ခိုင်းပေါ့ ...ငါကတော့ နင့်လိုမောင်နှမတွေမရှိတော့... နင့်လောက်တော့ ဒုက္ခမများဘူးပေါ့ဖိုးဇင်ရယ်...ဒါပေမဲ့ ငါ့မှာပိုက်ဆံရှိလာတဲ့တစ်နေ့ကျရင် ....မိဘတွေနှိပ်//စက်တာကိုခံနေရတဲ့ ငါတို့လိုကလေးတွေကို ကူညီနိုင်အောင်ကြိုးစားမှာ "
တပေါင်းရဲ့လေးနက်တည်ကြည်တဲ့စကားတွေကြောင့် ဖိုးဇင်ငေးငိုင်ကာစဉ်းစားနေမိတယ်။ဖိုးဇင်အတွက်တော့ တခြားသူတွေကို မကူညီနိုင်ခင်မှာ သူ့ညီမနဲ့ညီလေးတွေကို သူ့လိုမျိုးမခံစားရအောင် အရင်ကူညီပေးရမှာဖြစ်တယ်။
" အေး..ဟုတ်တယ်နော် တပေါင်း...ငါလဲကြိုးစားမယ်ဟာ...ငါ...ဒီမှာ တစ်ရက်နှစ်ရက်ပဲနေပြီး အလုပ်ကိုပြန်တော့မယ်...ငါ့အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးမှ တစ်ခေါက်ပြန်လာတော့မယ်ဟာ...."
တပေါင်းနဲ့ဖိုးဇင် ဈေးသိမ်းချိန်အထိ နှစ်ယောက်သားဈေးရောင်းရင်း စကားတွေထိုင်ပြောနေခဲ့ကြတယ်။
~~~
" ဟိုရှေ့ကမြင်နေရတဲ့ခြံထဲမှာ ငါနေတာ...အဲ့ဒီခြံရဲ့ခြေရင်းမှာ ...အိမ်သေးသေးလေးတစ်လုံးရှိတယ်လေ...နင့်ကိုအလည်မခေါ်တော့ဘူးနော်.....ငါတို့ကသူငယ်ချင်းတွေဆိုပေမဲ့ .....ကလေးလေးတွေမဟုတ်တော့ဘူးမဟုတ်လား...အဲ့ဒါကြောင့် သူများတွေအထင်သေးမှာစိုးလို့ပါ...ငါကတစ်ယောက်တည်းနေတာဆိုတော့ ပိုပြီးဂရုစိုက်ရမယ်လေ "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၆ )
akyiphyu
***
ကျောခိုင်းပြေးထွက်သွားတဲ့ကောင်လေးကို ငေးကြည့်နေမိပြီး တပေါင်းသူ့ကိုမှတ်မိလိုက်တယ်။လေးနှစ်ကျော်အတွင်းမှာ သူကအတော်လေးပြောင်းလဲသွားခဲ့တယ်။သူ့ပုံစံက ရပ်ကွက်ရုံးမှာတွေ့ခဲ့သလို စုတ်တိစုတ်ပြတ်ပုံစံမျိုးမဟုတ်တော့။သူ့ကိုလှမ်းခေါ်ပြီး နှုတ်ဆက်လိုက်ချင်ပေမဲ့ သူ့နာမည်ကိုလဲမသိ။သူကလဲ တပေါင်းကိုမှတ်မိပုံမရ။သူ့နာမည်ကို သူ့သူငယ်ချင်းတွေ ခေါ်လိုက်တာကတော့ မိုက်တဲ့လေ။
~~~~
" ပေါက်ပေါက်ရှိလား ဒေါ်ဒေါ် "
ခြံဝမှာ ပေါက်ပေါက်တို့အမေကို တွေ့လိုက်ရတာမို့ ဖိုးဇင်ဝမ်းသာအားရမေးလိုက်မိတယ်။
" ဟဲ့...မင်းကဘယ်သူတုန်းကွဲ့...ပေါက်ပေါက်စာကျက်နေလို့လေ "
ပေါက်ပေါက်တိူ့အမေက ဖိုးဇင်ကိုသေချာကြည့်ပြီး မမှတ်မိတဲ့ပုံနဲ့မေးလာတယ်။
" ကျွန်တော်က ဖိုးဇင်ပါ ....မနက်တုန်းကမှပြန်ရောက်လာလို့်... ပေါက်ပေါက်ကိုလာနှုတ်ဆက်တာပါ ဒေါ်ဒေါ် "
" ဪ...ဘယ်သူများလဲလို့ ဖိုးဇင်လား...အလုပ်သွားလုပ်တာဆို ..အဆင်ပြေရဲ့လားကွယ် "
" ဟုတ်ကဲ့ ပြေပါတယ်ဒေါ် ဒေါ် "
" အေး..အေး...ဒါနဲ့ အိမ်ပေါ်တက်လေကွယ် "
" ဟုတ်ကဲ့ မတက်တော့ဘူးခင်ဗျ ...... အမေ့ကိုအလုပ်ဝိုင်းကူပေးရအုံးမှာမို့ပါ ...ပေါက်ပေါက်ကိုနှုတ်ဆက်ပြီးတာနဲ့ပြန်ရမှာပါ "
" ဪ...ဟုတ်လား...ဒါဆို ခဏစောင့်အုံးနော်....ဒေါ်ဒေါ်ပေါက်ပေါက်ကိုလွှတ်လိုက်ပါ့မယ် "
ပေါက်ပေါက်တို့အမေ အိမ်ထဲပြန်ဝင်သွးတော့ ဖိုးဇင်စိတ်လှုပ်ရှားစွာနဲ့စောင့်နေခဲ့မိတယ်။
~~~
" အေး ...ငါကြားတာတော့ ..သူ့မိထွေးရဲ့မိသားစုနဲ့ပြဿနာတက်ကြတယ်တဲ့ကွ....ပိုက်ဆံခိုးလို့ဆိုလား..ပိုက်ဆံကသူ့အဖေ့ပိုက်ဆံတဲ့....သူယူတာလား ..သူ့မိထွေးရဲ့မောင်ယူတာလားတော့ ငါလဲသေချာမသိဘူး ...ဒါပေမဲ့ ဦးအောင်မင်းက သူ့ကိုနှင်ချလိုက်တာလားမသိဘူး....သူ့မိထွေးပြောတာတော့ သူ့ဘာသာအိမ်ပေါ်ကဆင်းသွားတာတဲ့လေ..ငါကြားတာတော့ ဟိုဘက်ရပ်ကွက်ကဈေးထဲမှာ ဈေးရောင်းနေတယ်တဲ့ ... သူ့ကြီးတော်နဲ့နေတာထင်တယ် "
" ဟုတ်လား ...ဦးအောင်မင်းကြီးက တော်တော်ရက်စက်တာပဲကွာ..ငါတော့ အဲ့ဒီအဘိုးကြီးကိုတော်တော်လေး ကြည့်မရဖြစ်နေပြီ "
တပေါင်းရဲ့သတင်းကိုကြားလိုက်ရတော့ ဖိုးဇင်ရင်ထဲမောလျသွားရတယ်။တပေါင်း သူ့အဖေအိမ်မှာ မနေတော့တာက ကောင်းလဲကောင်းပေမဲ့ သူ့ကြီးတော်အိမ်မှာရော အဆင်ပြေပါ့မလားလို့ တွေးနေမိတယ်။တပေါင်းပြောပြသလောက်ကတော့ သူ့ကြီးတော်ယောက်ျားကလဲ သူတို့အိမ်မှာ တပေါင်းနေတာကို မကြိုက်ဘူးလို့ တပေါင်းကိုယ်တိုင်ပြောပြထားဖူးတယ်လေ။
" ကျေးဖူးပဲကွာ ပေါက်ပေါက်...ငါသွားလိုက်အုံးမယ်.."
ပေါက်ပေါက်ကိုနှုတ်ဆက်ပြီးတာနဲ့ ဖိုးဇင်နေရာကနေ အမြန်ပြေးထွက်လာခဲ့မိတယ်။သူ့အမေကိုလိမ်ပြီး ထွက်လာခဲ့ရတာမို့ ဖိုးဇင်ဘဝကလဲ ဟိုအရင်ကနဲမခြားဘဲရှိနေတုန်းပါပဲ။
~~
" မင်းက တပေါင်းသူငယ်ချင်းလား ... တပေါင်းက ခုချိန်ဆို ညနေဈေးထဲမှာ... စျေးသွား ရောင်းနေတယ်လေ.."
" ဟုတ်ကဲ့ပါ ကြီးကြီး ..ကျွန်တော်လိုက်သွားကြည့်မယ်နော် "
ဖိုးဇင်ကပြောပြီးတာနဲ့ ခြေကုန်သုတ်ပြီး ဈေးဘက်ကိုပြေးထွက်လာခဲ့မိတယ်။
~~~
ဈေးထဲကို ဖိုးဇင်တစ်ပတ်ပတ်ပြီးချိန်မှာတော့ ဘဝတူ သူငယ်ချင်းမလေး တပေါင်းကို တွေ့လိုက်ရတယ်။ ပလတ်စတစ်စကိုခင်းပြီး ကစားစရာအရုပ်တွေ ချရောင်းနေတဲ့တပေါင်း။အရင်ကထက်စာရင် အသားညိုသွားတာကလွဲလို့ မျက်နှာလေးက အရင်လိုမှုန်မှိုင်းမနေဘဲ ကြည်လင်ဝင်းပနေခဲ့တယ်။လျှာထိုးဦးထုပ်ကို ဆောင်းထားပြီး ရှပ်အင်္ကျီပွပွကြီးနဲ့ ဘောင်းဘီတိုတိုပွပွကြီးကို ဝတ်ထားတဲ့ပုံစံက မသိရင် အပေအတေဂျစ်တီးဂျစ်ကန်ပုံစံမျိုးနဲ့။
" တပေါင်း "
" ဟင် ...ဖိုး.... ဖိုးဇင် ...နင်ဘယ်တုန်းက ပြန်ရောက်တာလဲ "
ဖိုးဇင်ကို ရုတ်တရက်မြင်လိုက်ရတော့ တပေါင်းဝမ်းသာ အားရနဲ့ နှုတ်ဆက်လိုက်မိတယ်။
" မနက်ကမှ ရောက်တာဟ .... နင်တို့ကြီးကြီးက... နင်ဒီဈေးမှာရှိနိုင်တယ်ပြောတာနဲ့ ...ငါလာရှာကြည့်တာ ..နင် ဈေးရောင်းရရဲ့လားတပေါင်းရယ် "
ဈေးလမ်းအဆုံးမှာ ရောင်းနေရပြီး ဝယ်သူမရှိတဲ့ တပေါင်းရဲ့ဆိုင်လေးကိုကြည့်ပြီး ဖိုးဇင်စိတ်မကောင်းစွာနဲ့ မေးလိုက်မိတယ်။
'' အင်း ....ညနေဈေးက သိပ်တော့မရောင်းရဘူးဟ ... ဒါပေမဲ့ လေးငါးထောင်ဖိုးလောက်တော့ ရောင်းရပါတယ် ...ငါ့အတွက် လောက်ပါတယ်ဟယ်...နင်ရောအဆင်ပြေရဲ့လား ဖိုးဇင် "
" အင်း ... ပြေပါတယ်ဟာ ...အခုခဏပြန်လာတာလေ ... နင်ဘာတွေဖြစ်ခဲ့တာလဲ ငါသိချင်တယ် ..အခုဘယ်မှာနေတာလဲဟ "
ဖိုးဇင်က သူသိချင်တာကို မေးလိုက်ပြီး တပေါင်းဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ဒီအချိန်မှာပဲ ဝယ်သူရောက်လာတာမို့ တပေါင်းက ဈေးရောင်းနေတယ်။
ဈေးရောင်းလို့ပြီးသွားတော့မှ တပေါင်းက ဖိုးဇင်ရဲ့ အမေးကိုဖြေလိုက်တယ်။
" နင်မန္တလေးသွားပြီးတော့ သိပ်မကြာဘူး ..အမေသိန်းနုတို့ မိသားစု ငါတို့ရပ်ကွက်ထဲ ပြောင်းလာကြတယ်လေ....အမေသိန်းနုမောင်က ...အိမ်ကိုလာတိုင်း..အဖေ့ပိုက်ဆံကိုခိုးတာ ...သူကခိုးနေတာကြာပါပြီ ..ငါခိုးတယ်ဆိုပြီးအဖေက ငါ့ကိုပဲရိုက်တာ...အဲ့ဒီနေ့ကတော့ ... သူပိုက်ဆံခိုးနေတာကို ဖမ်းမိတာနဲ့ ပြဿနာဖြစ်ကြတယ်လေ....သူကမခိုးပါဘူးလို့ ငြင်းပြီး...
ကောင်လေးက ဘောင်းဘီရှည်နဲ့တီရှပ်အဖြူရောင်လေးကိုဝတ်ထားပြိး ကျောပိုးအိတ်လေးလွယ်ထားတယ်။သူကိုကြည့်ရတာ တပေါင်းနဲ့အသက်ကွာပုံမရဘူး။ဒါပေမဲ သူ့ပုံစံကသပ်သပ်ရပ်ရပ်နဲ့လူရည်သန့်ရုပ်လေး။တပေါင်းပုံစံကပေတိပေစုတ်ပုံစံမို့ ရှက်သလိုလိုတောင်ဖြစ်သွားမိတယ်။
" မင်းထနိုင်ရဲ့လား..ငါ့လက်ကိုဆွဲပြီးထလိုက် "
သူကပြောပြောဆိုဆိုနဲ့ တပေါင်းရဲ့လက်မောင်းတစ်ဖက်ကနေ ဆွဲထူမလိုက်တာမို့ တပေါင်းလဲရှက်မနေနိုင်တော့ဘဲ ကုန်းရုန်းပြီးထလိုက်တယ်။
" အထုပ်တွေကို စစ်ကြည့်လိုက်အုံး "
သူပြောမှ သူ့လက်ထဲက အထုပ်တွေကို တပေါင်းပြန်ယူလိုက်ရင်း သူ့ကိုကျေးဖူးတင်စကားပြောလိုက်မိတယ်။
" ကျေး...ကျေးဇူးတင်ပါတယ် ..ဟင် "
တပေါင်းမှာ ကျေးဇူးတင်စကားကိုပြောဖို့ သူ့မျက်နှာကို ကြည့်လိုက်မိချိန်မှာ သူ့ရဲ့ညာဘက်နားပေါ်က မှဲ့စိမ်းလေးကိုတွေ့လိုက်ရတာမို့ ကြောင်ငေးပြီးကြည့်နေမိတယ်။
" ဟေ့ ..မိုက်..ဘာလုပ်နေတာလဲ သွားကြမယ်လေ...နောက်ကျနေပြီကွ "
အသံတွေနဲ့အတူ တပေါင်းတို့နားကို ကောင်လေးသုံးလေးယောက်ထပ်ရောက်လာပြိး သူကိုခေါ်လိုက်တာမို့ သူကခေါင်းငြိမ့်ပြလိုက်တယ်။
" မင်း ..အဆင်ပြေတယ်မဟုတ်လား...သွားတော့မယ်နော်.."
နှုတ်ဆက်စကားပြောပြီးတာနဲ့ ဖျတ်ခနဲလှည့်ထွက်သွားတဲ့သူ့ကို မတားလိုက်နိုင်ဘဲ တပေါင်းငေးကြောင်ပြီး ရပ်ကြည့်နေမိတယ်။
==================================
အပိုင်း (၁၆)ဆက်ရန်
(ည ၈:၀၀ နာရီမှာ အပိုင်း (၁၆) ထပ်တင်ပါမယ် )
စာချစ်သူတွေ တောင်းဆိုလို့ A Kyi ကြိုးစားပေးထားပါတယ်ရှင်
like & share လေးတွေ ကူညီပေးသွားကြပါအုံးနော်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
၁၄
https://www.facebook.com/100067151540690/posts/742989231282788
အဘွားကြီးကပြောဆိုပြီး အိမ်ပေါ်ပြန်တက်သွားတယ်။အဘွားကြီးပုံစံကိုကြည့်ပြီး ဖိုးဇင်အမြင်ကပ်တာမို့ နောက်ကနေ ခဲလုံးနဲ့သာပိတ်ပေါက်ပစ်လိုက်ချင်တော့တာ။စိတ်ကိုမနည်းထိန်းပြိးထွက်လာခဲ့ရတယ်။ပေါက်ပေါက်တို့အိမ်ဘက်လှည့်ကြည့်တော့လဲ ပေါက်ပေါက်ရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။ကြည့်ရတာ ပေါက်ပေါက်က ဒီနှစ်ဆယ်တန်းရောက်ပြီဆိုတော့ စာတွေကြိုးစားနေပြီးထင်ပါရဲ့။ရွယ်တူသူငယ်ချင်းတွေကြားမှာ ဖိုးဇင်နဲ့တပေါင်းပဲ ကျောင်းထွက်ခဲ့ရတာမဟုတ်ပါလား`။
~~~~~~~~~~~~~
ဈေးထဲကိုရောက်တော့ ဒေါ်သိန်းနုကို မြင်လိုက်ရတာမို့ ဖိုးဇင်ဆိုင်ထဲကိုသေချာလှမ်းကြည့်လိုက်မိတယ်။ဝင်တော့ မမေးရဲဘူး။တော်ကြာ အမေသိသွားပြီး အော်ကြီးဟစ်ကျယ်ဆဲနေမှဖြင့် တပေါင်းကိုထိခိုက်လိမ့်မယ်။ဖိုးဇင် သိချင်စိတ်ကို မနည်းမျိုသိပ်ပြီး အမေ့ဆိုင်ရှိရာဘက်ကို ဆက်လျှောက်သွားလိုက်တယ်။
" အမေ "
ဖိုးဇင်လှမ်းခေါ်လိုက်တော အမေက မော့ကြည့်လာတယ်။ပြီးတော့ မျက်လုံးအပြူးသားနဲ့ ထအော်တယ်။
" ဖိုးဇင် ..မင်း ..မင်းအလုပ်ပြုတ်လာတာလား ... ဟုတ်လား ...ဘာဖြစ်လို့လဲ ..လက်ကြောတင်းအောင် အလုပ်မလုပ်လို့ ပြန်လွှတ်လိုက်တာ မဟုတ်လား "
ခရီးရောက်မဆိုက်ကြီးမှာ သူထင်မြင်ရာကို ထအော်တဲ့ အမေ့ကိုကြည့်ပြီး ဖိုးဇင် စိတ်ညစ်သွားမိတယ်။တစ်နှစ်ကျော် မတွေ့ရလဲ အမေ့ပုံစံက မပြောင်းလဲ။ သူ့နေရာမှာ အကြီးမလေး ဝင်လုပ်နေရတာကို မြင်လိုက်ရတော့ စိတ်မကောင်းပင်ဖြစ်သွားမိတယ်။ပြီးတော့ လူကြားထဲမှာ ထအော်တာကိုလဲ ရှက်သလိုလိုဖြစ်သွားမိတယ်။ဟုတ်တယ်လေ ။ သူ့အသက်က အရင်ကလို ဆယ့်သုံးလေးနှစ်မှ မဟုတ်တော့တာ။
" မ ....မဟုတ်ပါဘူး အမေ ..ဘကြီးက ခွင့်ရက်ပေးလိုက်တာပါ "
ဖိုးဇင်ကမန်းကတန်းရှင်းပြလိုက်တော့ အမေက မယုံသင်္ကာတဲ့ မျက်နှာနဲ့ မော့ကြည့်လာတယ်။
" အေးနော် ..ပြီးတာပဲ ....လမ်းထိပ်ဖုန်းဆိုင်ကနေ ဖုန်းသွားဆက်ပြီး မေးမှာနော် ...လိမ်လို့ကတော့ နင်tသမှာနော် ဖိုးဇင် "
ဖိုးဇင် ဘာမှပြန်ပြောမနေတော့ဘဲ ညီမငယ်လက်ထဲက ပန်းကန်တွေကို လှမ်းယူလိုက်ပြီး ခုံပေါ်တင်ပေးလိုက်တယ်။ ဒီတော့မှပဲ အတော်လေး ပူထွက်နေတဲ့အမေ့ရဲ့ဝမ်းဗိုက်ကို တွေ့မြင်လိုက်ရတာမို့ ဖိုးဇင်မျက်လုံးအကြောင်သားနဲ့ ငေးကြည့်နေမိတယ်။
" ဟဲ့ ..သူက ဖိုးဇင်လားဟဲ့ ...တစ်နှစ်ကျော်အတွင်းမှာ အရပ်ကြီးရှည်လာလိုက်တာဟယ် ...အသားတွေမည်းသွားပေမဲ့....ညည်းသားက လူချောပဲဟဲ့ အေးလှိုင်ရဲ့ "
" ဟုတ်ပ ..မှတ်တောင်မမှတ်မိဘူး "
တစ်ယောက်တစ်ပေါက် စကားသံတွေကို ကြားလိုက်ရတော့မှ ဖိုးဇင်သတိဝင်လာပြီး သက်ပြင်းချလိုက်မိတယ်။
" ဟဲ့ .. အကြီးမ ..ဘာငေးတာလဲ ..နင့်အစ်ကိုကို မမြင်ဖူးဘူးလား ..ဟိုမှာ ဟင်းခါးတောင်းနေတာ ..နင့်နားက မကြားဘူးလား ..ငါတယ် လုပ်လိုက်ရ....လူမှမောနေပါတယ်ဆိုမှ နင်တို့ကို ပြောရလို့အသက်ပါတိုမယ် "
" ဘုတ် "
ပါးစပ်က လုပ်လိုက်ရလို့ ပြောလိုက်ပေမဲ့လက်က အနားက တု*တ်ရှည်ကိုကောက်ယူလိုက်ပြီး အကြီးမရဲ့ကျောပြင်ကို ဘုတ်ခနဲချလိုက်ပြီဖြစ်တယ်။အကြီးမလေးခမျာ နာသွားပုံရပေမဲ့ မျက်နှာတစ်ချက် မပျက်ရဲဘဲ ဟင်းခါးသွားခပ်ထည့်ပေးနေရှာတယ်။
" ဟဲ့ ....ဖိုးဇင် ဘာလုပ်နေတာလဲ ....ဧည့်သည်လုပ်နေတာလား ... ကျောပိုးအိတ်ကိုချပြီး အလုပ်လာလုပ်စမ်း ...ဗိုက်က လရင့်လာတော့ နေရတာ အဆင်မပြေဘူး ..နင့်ဘကြီးက ပိုက်ဆံပေးလိုက်သေးတယ် မဟုတ်လား "
" ဟုတ်ကဲ့ အမေ ...ပေးလိုက်ပါတယ် ..အိတ်ထဲမှာပါ "
ဖိုးဇင်ကျောပိုးအိတ်ကို အမေ့ဆီကို ပေးလိုက်ပြီး အမေထသွားတဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်။ဆိုင်ခုံမှာ ထိုင်လိုက်ချိန်မှာ စိတ်ကအရင်လိုမဟုတ်ဘဲ ရှက်သလိုဖြစ်သွားမိပေမဲ့ အမေ့ကိုကြောက်တာကြောင့် ရှက်စိတ်ကို မောင်းထုတ်ပစ်လိုက်ရတယ်။
~~~~~~~~
အထုပ်ကြီးနှစ်ထုပ်ကို တပေါင်းမနိုင်မနင်းဆွဲရင်းနဲ့ သိမ်ကြီးဈေးထဲက ထွက်လာခဲ့လိုက်တယ်။ ကစားစရာတွေက အလေးချိန်မပါပေမဲ့ ဝန်ကျယ်တော့ လက်ထဲမှာအထုပ်တွေက အပြည့်ဖြစ်နေခဲ့တယ်။ဒီအထုပ်တွေရဲ့ အလေးချိန်လောက်ကို သာမန်လူဆိုရင် အေးအေးဆေးဆေးသယ်နိုင်မှာဖြစ်ပေမဲ့ တပေါင်းမှာတော့ လမ်းလျှောက်ရင်းနဲ့ ညာဘက် ခြေထောက်က ယိုင်ဆင်းသွားတိုင်း ဟန်ချက်မညီဘဲ ဖြစ်ဖြစ်သွားလို့ မနည်းသတိထားပြီးသွားနေရတာ။
" ဘုတ် "
" အမယ်လေး "
သတိထားပြီးလျှောက်နေတဲ့ကြားကနေ လူတစ်ယောက်က ပခုံးကိုတိုက်ချသွားတာမို့ တပေါင်း ပလက်ဖောင်းပေါ်ကနေဘုတ်ခနဲနေအောင် ဖင်ထိုင်ရက်လဲကျသွားရတယ်။လက်ထဲကအထုပ်တွေကလဲ မြေပြင်ပေါ်တချို့တစ်ဝက်ပြုတ်ကျသွားပြီး တစ်နေရာစီဖြစ်သွားခဲ့တယ်။လူကနာလဲနာ ရှက်လဲရှက်မို့ တပေါင်းတော်တော်နဲ့မထနိုင်ဖြစ်သွားရတယ်။ဒီအချိန်မှာပဲ ပြုတ်ကျသွားတဲ့အထုပ်တွေကို လိုက်ကောက်ပေးနေတဲ့ ကောင်းလေးတစ်ဗယာက်ကိုတွေ့လိုက်ရတယ်။သူကခပ်မြန်မြန်ကောက်ပြီးသွာတော့ တပေါင်းကိုလာပေးတယ်။
" မင်းထနိုင်ရဲ့လား...လူတွေကလဲ...ဝင်တိုက်သွားပြီး... တောင်းပန်စကားတောင် ပြောမသွားဘူး...လူ့ယဉ်ကျေးမှုမရှိတဲ့သူတွေပဲ ..မင်းအထုပ်တွေပြည့်ရဲ့လား စစ်ကြည့်ပါအုံး "
ဒီအိမ်မှာ ကလေးကစားစရာတွေရောင်းတယ်ဆိုတာကို လူသိသွားဖို့ပဲလိုတာ။တစ်လဝင်ငွေ အနည်းဆုံးတစ်သိန်းကျော်လောက် ပုံမှန်ရနေရင်တော့ ကောင်းတာပေါ့။အိမ်လခက တစ်လနှစ်သောင်းပေးရတာလေ။စားဖို့ရယ်။ရေဖိုးမီးဖိုဘာညာနဲ့ဆိုရင် တစ်လကိုထွက်ငွေက အနည်းဆုံးငါးသောင်းဝန်းကျင်ရှိမှာ။ဈေးကအမြဲရောင်းနေရမယ်လို့ ပြောလို့ရတာမဟုတ်ဘူး။ပြီးတော့ တပေါင်းကလဲ စားစရာရောင်းတာမဟုတ်ဘူး။ကလေးကစားစရာရောင်းတာ။တော်ရုံအိမ်ရှင်မတွေက သားသမီးတွေကိုဝယ်ပေးတာမဟုတ်ဘူး။ကြီးကြီးကပြောတယ်။ကျောင်းမှာသွားရောင်းတဲ့ ။ကျောင်းမှာသွားရောင်းဖို့ကျတော့ တပေါင်းလဲ ရှက်သလိုကြောက်သလိုလိုစိတ်ဖြစ်နေလို့ သွားမရောင်းရဲဘူးဖြစ်နေတယ်။ဈေးထဲမှာကျတော့ လူအများနဲ့ဆိုတော့ ရောင်းရဲတယ်။ဒါပေမဲ့ တပေါင်းက အော်ရောင်းရဲတာတော့မဟုတ်ဘူးပေါ့။ဈေးဝယ်သူမလာရင် ဘုရားဂုဏ်တော်တွေရွတ်ပွားနေပြီး ကစားစရာတွေကိုဖုန်သုတ်နေတာ။ဒါပေမဲ့ ဒီနေ့ကပွဲဦးထွက်ရောင်းတဲ့ရက်မို့ထင်တယ်။ဝယ်သူတွေ ပါးသွားတာမျိုးသိပ်မရှိဘူး။တပေါင်းရောင်းတဲ့ ကစားစရာတွေကလဲ ရပ်ကွက်ထဲမှာ ရောင်းတဲ့ဆိုင်မရှိသလို ရောင်းတဲ့တန်ဖိုးတွေကလဲ ငါးဆယ်တစ်ရာနဲ့အများဆုံးမှခြောက်ရာခုနစ်ရာပဲ။ဈေးကြီးတာတွေကို မရောင်းဘူး။တပေါင်းလဲမရင်းနိုင်လို့မရောင်းတာ။ရောင်းပြီးမှ ပစ္စည်းကိုတဖြည်းဖြည်းချင်း တိုးချဲ့သွားရမှာပေါ့။ညနေနဲ့မနက်ဖြန်မနက်လဲ ဒီမနက်လိုမျိုးရောင်းရမယ်ဆိုရင် မနက်ဖြန်မနက်ဈေးသိမ်းပြီးရင်တော့ ဈေးသွားထပ်ဝယ်ရမဲ့ပုံပင်။တစ်ခါဈေးသွားရင်အများကြီးရင်းထားနိုင်ရင်တော့ အဆင်ပြေတာပေါ့။ခက်တာက တပေါင်းမှာက ငွေများများမကျန်ဘူးလေ။လက်ထဲမှာလဲ အိမ်လခတစ်လစာကိုတော့ မထိရဲဘဲ သက်သက်သိမ်းထားရသေးတယ်။ဈေးသည်ဆိုတာက နေ့တိုင်ရောင်းရတာမဟုတ်ဘူးဆိုတာကို တပေါင်းကအတွေ့အကြုံရှိပြီးသားလေ။မိထွေးဖြစ်သူရဲ့ကုန်ခြောက်ဆိုင်လေးတောင် နေ့တိုင်းရောင်းရတာမှမဟုတ်တာ။အလုပ်ရုံတွေလစာထုတ်ရက်လောက်ပဲ သိသိသာသာရောင်းရတာလေ။
တပေါင်း ကန်စွန်းရွက်တွေကိုခပ်မြန်မြန်ချွေနေရင်း အိမ်ရှေ့ခြံဝကိုမျှော်ကြည့်နေမိတယ်။အိမ်ရှေ့လမ်းပေါ်ကနေ လူတွေဖြတ်သွားရင်းနဲ့ ကလေးကစားရာတွေကို လှည့်ကြည့်သွားတာမြင်ရင် တပေါင်းမှာအလိုလိုရင်တွေခုန်ပြီး ပြုံးနေမိတယ်။တစ်နေ့ကျရင်ဖြင့် ကလေးကစားစရာအရုပ်တွေကို ဆိုင်ခန်းကြီးနဲဖွင့်ရောင်းနိုင်ဖို့က တပေါင်းရဲ့စိတ်ကူးအိပ်မက်ကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။
~~~~~~~~~~~
မန္တလေးကနေ မနက်ရှစ်နာရီကထွက်လာတဲ့ ရထားက ရန်ကုန်ကိုနောက်နေ့မနက်ရှစ်နာရီမှရောက်တယ်။စာပို့ရထားကတစ်နေ့လုံးတစ်ညလုံးကိုမောင်းတာ။၊လမ်းမှာတွေ့တဲ့ဘူတာတိုင်းလဲအကုန်ရပ်တယ်။မန္တလေးကို ဖိုးဇင်လိုက်သွားတုန်းကတော့ ဘကြိးတို့ကားနဲ့လိုက်သွားရတာ။အခုကျတော့ ဘကြီးတို့က ရထားပေါ်လိုက်တင်ပေးတယ်။ "တစ်ယောက်တည်းပြန်ရဲရဲ့လား" လို့် အကြီးကမေးပါသေးတယ် ။ဖိုးဇင်လဲပြန်ရဲတယ်လို့ဖြေခဲ့လိုက်တယ်။ဟုတ်တယ်လေ။ယောက်ျားပဲ ဘာကြောက်စရာရှိလဲ။လောကကြီးမှာ အမေနဲ့အဖေ့ထက်ပိုပြီးကြောက်စရာကောင်းတဲ့အရာများ ရှိသေးလို့လား။အားလုံးမှာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိကြတာပဲဟာ။ကိုယ့်ကို ရန်လာစရင်လဲ စိတ်ကြိုက်ကျေနပ်အောင် ပြန်ထိုးလို့ရတယ်လေ။တော်ရုံကိစ္စကိုရှင်းပြမယ်။ရှင်းပြလို့မရရင်တော့ လက်သီးစာကျွေးပစ်လိုက်တာပေါ့။ကိုယ့်အသားကို တစ်ချက်ထိရင်နှစ်ချက်ပြန်ထိပေးလိုက်တာပေါ့။ ဒီအတွက်လဲ ငရဲကြီးမယ်။ငရဲ့အိုးစောက်ထိုးကျမယ်ဘာညာလဲ ပြောမဲ့သူမှမရှိတာ။
ရန်ကုန်ဘူတာကြီးရောက်ရင် ရထားပေါ်ကဆင်း။ပြီးရင် ဆူးလေဘုရားကိုဘယ်လိုသွားရလဲမေးတဲ့ ။ဆူးလေဘုရားနားက ကုန်းတံတားကြီးအောက်ရောက်ရင် မင်းတို့ရပ်ကွက်ကိုရောက်တဲ့ကားကို မေးပြီးစီးသွားလိုက်လို့ ဘကြီးကမှာလိုက်တာမို့ ဘူတာကြီးမှာ ရထားဆိုက်တာနဲ့ ဖိုးဇင်လဲမေးမြန်းပြီးတော့ ဘူတာထဲကနေထွက်လာခဲ့လိုက်တယ်။ရန်ကုန်မြို့ထဲမရောက်ဖူးတဲ့ ရန်ကုန်သားအဖို့ အရာရာကစိမ်းသက်လွန်းနေခဲ့တယ်။
~~~~~~~~~~~~~~
" တပေါင်းရေ...တပေါင်း "
တပေါင်းတို့ ခြံရှေ့ကနေ ဖိုးဇင်ဝမ်းသာအားရနဲ့လှမ်းခေါ်လိုက်မိတယ်။ဖိုးဇင်ရဲ့ခေါ်သံအဆုံးမှာ အိမ်ထဲကနေ အဘွားကြီးတစ်ယောက်ထွက်လာတာမို့ ဖိုးဇင်အံ့ဩပြီး ကြောင်ကြည့်နေမိတယ်။ဒီအဘွားကြီးကို ဖိုးဇင်လုံးဝမသိ။မြင်လဲမမြင်ဖူး။တပေါင်းရဲ့ ကြီးတော်တွေလဲမဟုတ်ဘူး။တပေါင်းရဲ့ကြီးတော်နှစ်ယောက်က ဖိုးဇင်တို့အမေနဲ့သိပ်မကွာကြဘူးလေ။
" ဟဲ့ ...ဘယ်သူတုန်း ...ဒီအိမ်မှာ ဘယ်ကတပေါင်းမှမရှိဘူး...သူ ဒီမှာမနေတော့ဘူး...နောက်ထပ်လာမရှာနဲ့...."
အဘွားကြီးရဲ့အဖြေစကားကြောင့် ဖိုးဇင်စိတ်တိုသလို ဖြစ်သွားမိတယ်။အသက်ကြီးပြီး ရိုင်းစိုင်တဲ့သူကြီးလေ။
" မရှိတော့ ဘယ်သွားလို့လဲ ...ဒီအိမ်ကတပေါင်းတို့အိမ်လေ...ဘာလဲ ...တပေါင်းတို့အိမ်ပြောင်းသွားကြတာလားဗျ "
" မသိဘူးလို့ပြောနေတာ မင်းမကြားဘူးလား ကောင်လေး....ရှုပ်ရှုပ်ယှက်ယှက်တွေလာမမေးနဲ့...မသိဘူး...."
