အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Ir al canal en Telegram
Mostrar más
1 032
Suscriptores
-124 horas
Sin datos7 días
-1130 días
Archivo de publicaciones
ဒေါသသံနဲ့အော်ပြီး သူ့ကျောပြင်ကိုတဖြန်းဖြန်းနဲ့ရိုက်လိုက်တဲ့ အမေ့ကို ဟန်လင်းသန့်အငိုမျက်လုံးနဲ့မော့ကြည့်လိုက်မိတယ်။
"မအေပြောနေရင် နားထောင်ပါလား..အားတိုင်း နင့်ပထွေးကိုတမနေနဲ့ "
" အမေ့ကိုလဲမုန်းတယ်...ဦးလေးမင်းနိုင်ကိုလဲမုန်းတယ်...အမေကိုအဖေနဲ့တိုင်မယ် "
" ဘာ....ဟန်လင်းသန့် မင်းကပြောလေဆိုးလေပါလား..ကဲဟယ်... တိုင်အုံး..တိုင်အုံး "
အမေကစိတ်မရှည်စွာပြောပြီးတော့ ဟန်လင်းသန့်ရဲ့ကျောပြင်ကို တဖြန်းဖြန်းနဲ့ထပ်ရိုက်ပြန်တယ်။ဟန်လင်းသန့်နာကျင်နေပေမဲ့ လုံးဝမငိုဘဲကြိတ်မှိတ်ခံနေလိုက်တယ်။ကြာတော့ အမေလဲ ရိုက်ရတာမောသွားဟန်နဲ့ ရိုက်နေတာကိုရပ်လိုက်ပြီး ဦးမင်းနိုင်ကိုစကားလှမ်းပြောလိုက်တယ်။
" အစ်ကို ပြန်နှင့်လိုက်ပါလား...ညီမတို့သားအမိ ဒီမှာစကားခဏပြောချင်လို့...အိမ်ကို ညီမသော့ခတ်သွားလိုက်မယ်လေ "
" အင်းလေ...ဒါဆိုလဲအစ်ကိုပြန်လိုက်တော့မယ်လေ...အကြောင်းထူးရင်ဆက်သွယ်လိုက်လေ "
" ဟုတ်ကဲ့ပါ အစ်ကို "
ဦးမင်းနိုင်ထွက်သွားပြိးတဲ့နောက်မှာ အမေက ဟန်လင်းသန့်ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ဆွဲယူလိုက်တယ်။ဒီအခါမှာ အမေ့ရဲ့မျက်နှာက စောစောကလို ဒေါသမျက်နှာမဟုတ်တော့ဘဲ အမူအရာပြောင်းသွားတာကိုတွေ့လိုက်ရတယ်။
" သားလေး လင်းသန့် ...အမေ့ကိုမချစ်ဘူးလားကွယ်...အမေကလေ..ငါ့သားအတွက်မုန့်ဖိုးတွေအများကြီးရအောင် ဦးလေးမင်းနိုင်နဲ့ပတ်သက်မိတာပါကွယ်.....ဟော့ဒီလောကကြီးထဲမှာ ...အမေကသားကိုပဲအချစ်ဆုံးပါကွယ်...သားပြီးရင်သားရဲ့အဖေကိုအချစ်ဆုံးပါပဲ..အမေပြောတာကိုယုံပါနော်သားလေး.....သားလေးကအမေ့ကိုမယုံဘဲ...အခုကိစ္စတွေကို သားအဖေကို ပြန်ပြောမယ်ဆိုရင် အမေအရှက်ကွဲလိမ့်မယ်သားလေးရယ်.....သားရဲ့အဖေကလဲ အမေ့ကိုအိမ်ကနေပြီးမောင်းထုတ်လိမ့်မယ်...အဲ့ဒါဆိုရင် သားနဲ့အမေခွဲရလိမ့်မယ်သိလား...သားအဖေကို ဒီအကြောင်းတွေကိုမပြောပါနဲ့နော်သားလေး...အမေတောင်းပန်ပါတယ်နော် "
အမေကငိုပြိးပြောလာတော့ ဟန်လင်းသန့်ငိုင်တွေသွားမိတယ်။အမေမရှိဘဲ ဟန်လင်းသန့်မနေနိုင်ဘူးလေ။အဖေ့ကိုလဲချစ်ပေမဲ့ အမေမရှိဘဲနဲ့တော့ ဟန်လင်းသန့် နေနိုင်မယ်မထင်ဘူး။ သူတစ်နေကုန်ကျောင်းပဲ သွားသွား၊ လိုက်ပဲဆော့ဆော့ အိမ်ပြန်ရောက်ရင် အမေ့ကို မြင်လိုက်ရမှ စိတ်ထဲနေပျော်တယ်။အဖေနဲ့ ညအိပ်ညနေ ခွဲနိုင်ပေမဲ့ အမေ့နဲ့တစ်ရက်လေးတောင်မခွဲနိုင်ဘူး။ သူ့အရွယ်က အမေ့နားမှာ ကပ်နေရမဲ့ အရွယ်မဟုတ်တော့ပေမဲ့ အိမ်ထဲမှာအမေရှိနေမှသာ သူ့လဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ကစားနိုင်တာ။
" ဒီမှာသား ...အမေ့ကိုကြည့်စမ်း ... သားက အမေနဲ့ ဦးလေးမင်းနိုင်အကြောင်းကို ...အဖေနဲ့ တခြားသူတွေကို ပြောမယ်ဆိုရင် ... အမေကိုယ့်ကိုယ်ကို သ<တ် tသပစ်လိုက်မှာနော် ... tသတယ်ဆိုတာကို သားသိတယ်မဟုတ်လား ... အမေပြောတဲ့စကားကို ...သားနားမထောင်ဘူးဆိုရင် ... အမေတို့အိမ်နားကချောင်းထဲကို အမေသွားခုန်ချလိုက်မယ် "
အသားနာခဲ့တာကို တစ်ချိန်လုံးတင်းခံနိုင်ခဲ့တဲ့ ဟန်လင်းသန့်မှာ အမေ့စကားကိုကြားလိုက်ရတော့ ဝမ်းနည်းလွန်းတာကြောင့် ဟီးခနဲငိုချပစ်လိုက်တယ်။
"မ ..မလုပ်ပါနဲ့ အမေ ....အမေမtသပါနဲ့နော် .......အဖေနဲ့လဲမတိုင်တော့ပါဘူး...အမေလဲ ဦးလေးမင်းနိုင်နဲ့မကြိုက်နဲ့တော့နော် ... သားလဲ ဘယ့်သူ့ကိုမှ မပြောတော့ဘူး "
" အင်းပါသားရယ်...အမေလဲ ဦးလေးမင်းနိုင်နဲ့မကြိုက်တော့ပါဘူး ..သားလဲ အဖေ့ကိုရော တခြားသူတွေကိုရော ဘယ့်သူ့ကိုမှ မပြောရဘူးနော် ...သားကလိမ္မာတယ်..မငိုနဲ့တော့နော် .. "
"ဟုတ် ..ဟုတ်ကဲ့ အမေ "
" ကဲ..ဒါဆိုရင် ..အမေတို့အိမ်ပြန်ကြမယ်နော် ..သားလေး ဘာမုန့်စားချင်လဲ ပြောပါအုံး "
အမေ့ရဲ့အမေးကို ဟန်လင်းသန့်ခေါင်းခါပြလိုက်ပြီး အမေ့လက်ကိုဆွဲပြီး အိမ်ထဲကထွက်ခဲ့လိုက်တယ်။
~~~~~~.
"ဘယ်လိုဖြစ်ရတာလဲ မင်းနိုင်ရာ ....မင်းနဲ့ မသန္တာကွာရှင်းကြတော့မလို့ဆို . "
" အင်း .... ဟုတ်တယ် ဝေလင်း ... ငါဆယ်နှစ်လုံးလုံး သူ့အတွက်နေပေးခဲ့ပြီးပြီလေကွာ....ငါ့အသက်လဲ မငယ်တော့ဘူး...ငါ့ဘ၀ငါ့ပျော်ရွှင်မှုအတွက်လဲ ငါရှင်သန်ချင်သေးတယ် "
ဟန်လင်းသန့် အိမ်ထဲကို ဝင်လိုက်ချိန်မှာပဲ ဦးမင်းနိုင် မျက်နှာကို မြင်လိုက်ရတာမို့ စိတ်တိုသွားမိတယ်။ဒီနေ့ သူလဲ ကျောင်းပိတ်သလို အဖေလဲ အလုပ်မသွားတာမို့ မိသားစု သုံးယောက် ပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးထားတာကို ဦးမင်းနိုင်ကြီး ရောက်ချလာတာမို့ စိတ်တိုသွားမိတယ်။
" သားပြန်လာတာ စောလှချည်လားကွ...ဗိုက်ဆာလို့ ပြန်လာတာလား ..အတူဆော့မဲ့ သူငယ်ချင်းတွေ ပြန်ကုန်ကြလို့ ပြန်လာတာလား "
" ဗိုက်ဆာလို့ အဖေ "
ဟန်လင်းသန့် အဖေ့ကို ပြန်ဖြေလိုက်ပြီး မှုန်ကုပ်ကုပ်မျက်နှာနဲ့ အိမ်ထဲဝင်လာခဲ့လိုက်တယ်။
" ရီရီရေ ....သားကဗိုက်ဆာနေပြီတဲ့ကွ ... ထမင်းပွဲပြင်လိုက်တော့လေ .. မင်းနိုင်ကိုပါ ထမင်းကျွေးလိုက်ရအောင် "
" ဟုတ်ကဲ့ပါ ကိုဝေလင်းရဲ့..သားလေး ရေသွားချိုးလိုက်အုံးနော် "
" ဟုတ်ကဲ့ အမေ "
အမေ့ကို ပြန်ဖြေလိုက်ပြီး ဟန်လင်းသန့် ရေချိုးဖို့ပြင်ဆင်လိုက်တယ်။
~~~~~
"စားကွာ သူငယ်ချင်း ..စိတ်ညစ်မနေနဲ့.....အကူအညီလိုရင်လဲပြောကွာ အားမနာနဲ့ "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃)
akyiphyu
*******
စေ့ထားတဲ့ခြံတံခါးကိုတွန်းဖွင့်ပြီးတော့ ခြံထဲကိုဟန်လင်းသန့်ဝင်ခဲ့လိုက်တယ်။ခြံဝန်းထောင့်ရဲ့တစ်နေရာမှာ အမေ့စက်ဘီးရပ်ထားတာကိုတွေ့လိုက်ရပေမဲ့ ရှေ့တည့်တည့်မှာမြင်နေရတဲ့ သစ်သားအိမ်မည်းမည်းကြီးက အိမ်တခါးတွေပိတ်ထားပြီး ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။အိမ်တံခါးတွေ အားလုံးပိတ်နေပြီး ဘာသံမှမကြားရဘဲတိတ်ဆိတ်နေတဲ့အိမ်ကြီးကို ကြည့်ပြီး ဟန်လင်းသန့်အံ့ဩနေမိတယ်။ဒီအိမ်ဒီခြံထဲကို အမေဝင်သွားတာကို သေချာတွေ့လိုက်ပါရဲ့နဲ့အိမ်ကြီးကတိတ်ဆိတ်လွန်းနေတာမို့ မိခင်အတွက်စိုးရိမ်လာမိပြီး အိမ်ဘေးပတ်ပတ်လည်ကနေလိုက်လျှောက်ကြည့်လိုက်မိတယ်။
" ကြည့်ရတာ ကိုဝေလင်းက ရိပ်မိသွားတာများလား မသိဘူး... ဘယ်လိုလုပ်ကြမလဲ အစ်ကို ... မေလေးတော့ကြောက်တက် "
" သိတော့လဲ ဘာကြောက်စရာလိုလဲ မေလေးရယ်...မေလေး ကိုယ့်နောက်ကိုလိုက်ခဲ့လိုက်ပေါ့ .."
" ပြောတော့လွယ်လိုက်တာ အစ်ကိုရယ် ..အစ်ကို့မိန်းမကြီးကရော မေလေးတို့ကို ဒီတိုင်း ငြိမ်ခံနေမှာတဲ့လား "
" ကျွစ် ....တော်စမ်းပါမေလေးရယ်....သူ့ကိုစာရင်းထဲ ထည့်တွက်မနေနဲ့...အစ်ကိုသူနဲ့ကွာရှင်းဖို့လုပ်ထားပြီးသား...ရှေ့နေ့တွေနဲ့တိုင်ပင်ပြီး ပစွည်းတွေခွဲဖို့လဲ လုပ်ထားတယ်... အစ်ကို့ကိစ္စတွေက နောက်လထဲမှာ အကုန်ပြီးမှာ ...ကိစ္စတွေပြတ်ရင်.. အစ်ကိုပိုင်တာတွေ အကုန်ရောင်းခဲ့ပြီး...တစ်ခြားမြို့ကိုပြောင်းကြမယ်...အဲ့ဒီအချိန်ထိ အစ်ကိုတို့ ဟန်မပျက်နေကြမယ်... မေလေးက သုံးရက်တစ်ခါလောက်ပဲ... ဈေးဝယ်တဲ့ပုံစံနဲ့ ဒီကို ထွက်လာခဲ့လိုက်ပေါ့ ...အစ်ကိုတို့ ဒီမှာပဲတွေ့ကြမယ်...မေလေးတို့အိမ်ကို အစ်ကိုမလာတော့ဘူးနော် "
" ဟုတ်ကဲ့ အစ်ကို ... ဒါဆိုမေလေးစီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်မယ်နော် .. ပြီးတော့ ဒီနေ့ မေလေးစောစောပြန်မယ် အစ်ကို...ကျောင်းပိတ်တော့အိမ်မှာ သားလေးလင်းသန့် ရှိတယ် ..တော်ကြာ သူ့အဖေ့ကိုမဟုတ်တာတွေ လျှောက်ပြောနေမှာစိုးလို့လေ "
" ဟာကွာ...မေလေကလဲ ..သုံးရက်မှတစ်ခါပဲတွေ့ရတော့မဲ့ ဟာကို ၀အောင်ချစ်ပါရစေအုံး...မပြန်နဲ့အုံးကွာ..ညနေမှပြန်နော် "
" အစ်ကိုနော် ..တော်တော်ကဲ .. ပွဲရုံလဲမသွားဘူး "
အိမ်ထဲကပီပီသသ ထွက်ပေါ်လာတဲ့ စကားသံတွေကြောင့် ဟန်လင်းသန့်အိမ်နံရံဘေးမှာ အသက်မဲ့သူလို တောင့်တောင့်မတ်မတ်ကြီးရပ်နေမိတယ်။အသက်ဆယ်နှစ်ကျော်လာပြီဖြစ်တဲ့ သူ့အနေနဲ့ကြားနေရတဲ့ စကားသံတွေရဲ့အဓိပ္ပါယ်တွေကို ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။လက်သီးကိုဆုပ်လိုက်မိတယ်။ပြီးတော့တုတ်တစ်ချောင်းရှာပြီး ပြတင်းပေါက်တံခါးကို ခပ်ပြင်းပြင်းရိုက်ချပစ်လိုက်တယ်။
" ဒုန်း.....ဒုန်း....ဒုန်း "
"ဟေ့ ...ဘယ်သူလဲကွ "
ဒေါသတကြီးမေးသံနဲ့အတူ ပြတင်းပေါက်တံခါးက ဖျတ်ခနဲပွင့်လာခဲ့တယ်။ပြတင်းပေါက်တံခါးမှာ အပေါ်ပိုင်းဗလာနဲ့ရပ်နေတဲ့သူကို မြင်လိုက်ရတော့ ဟန်လင်းသန့်အံ့ဩတုန်လှုပ်သွားမိတယ်။
"ဦး...ဦးလေးမင်းနိုင်"
" ဟာ ...မင်း..မင်း...လင်းသန့် "
မင်းနိုင်ရဲ့ ပါးစပ်ကနေ လင်းသန့်ဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့ ခင်မေရီလန့်ဖျပ်သွားမိပြီး အပေါ် အင်္ကျီကို မြန်မြန်ကောက်ဝတ်လိုက်တယ်။မင်းနိုင်ကလဲ ဟန်လင်းသန့်ကို တစ်ခဏကြောင်ငေးကြည့်နေပြီးမှ ပြတင်းပေါက်တံခါးကို ပြန်ပိတ်ဖို့ပြင်လိုက်တယ်။သို့ပေမဲ့ မင်းနိုင်နောက်ကျသွားခဲ့တယ်။ဟန်လင်းသန့်က ပြတင်းပေါက်ကနေ ကုပ်တွယ်တက်လာခဲ့ပြီလေ။
ဟန်လင်းသန့်မှာပြတင်းပေါင်ကနေ တက်လာခဲ့ပြီးနောက် အခန်းထဲကိုရောက်တဲ့အခါမှာ အင်္ကျီအဝတ်အစားတွေဝတ်ရင်းတန်းလန်းနဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာနဲ့ လှမ်းကြည့်နေတဲ့အမေကိုကြည့်ပြီး ဟန်လင်းသန့်ဆွံ့အငေးကြောင်ပြီးပြန်ကြည့်နေမိတယ်။
" လင်းသန့် ...မင်း...မင်း..ငါ့နောက်ကလိုက်လာတာလား.."
အမေ့အသံကိုကြားလိုက်ရမှ ဟန်လင်းသန့်သတိဝင်လာမိပြီး ဦးမင်းနိုင်ကိုမုန်းတီးစွာကြည့်လိုက်မိတယ်။
" အ..အမေ..ဘာ...ဘာလုပ်နေတာလဲ...ဦးလေးမင်းနိုင်လူယုတ်မာကြီး...အဖေနဲ့တိုင်မယ်...ကျွန်တော်တို့အိမ်မှာလဲ ထမင်းတွေလာစားသေးတယ်...အကျင့်မကောင်းဘူး "
" လင်းသန့် မင်းပါးစပ်ကိုပိတ်ထားစမ်း...မဟုတ်တာတွေလျှောက်ပြောမနေနဲ့..."
" မပိတ်ဘူး..မပိတ်ဘူး..အမေမကောင်းဘူး...ဦးလေးမင်းနိုင်က အဖေလောက်လဲမချောဘဲနဲ့...ဒီလူကြီးကိုဘာလို့ကြိုက်ရတာလဲ "
ဟန်လင်းသန့် စိတ်တိုဒေါသထွက်ပြီးမိခင်ဖြစ်သူကိုအော်ဟစ်မေးလိုက်မိတယ်။
" ဟန်လင်းသန့် မင်းပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတာမကြားဘူးလား ...မင်းလာအုံး...ဒီကိုလာအုံး.."
" ဟင့်အင်း မလာဘူး...အဖေနဲ့သွားတိုင်မယ်... "
ဟန်လင်းသန့်ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ခုန်ဆင်းဖို့ ပြင်လိုက်တယ်။
" အစ်ကို ဖမ်းလိုက်လေ...ဖမ်းလိုက်...မလွတ်စေနဲ့..."
အမေရဲ့အော်သံကိုကြားလိုက်ရပြီးတော့ ဟန်လင်းသန့်တစ်ကိုယ်လုံး ဦးမင်းနိုင်ရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရတယ်။
" လွှတ်..အခုလွှတ်ပေး..အဖေနဲ့တိုင်မယ်..."
ဟန်လင်းသန့်အတင်းရုန်းလိုက်ပြီး ဦးမင်းနိုင်ရဲ့လက်ကိုကိုက်ဆွဲပစ်လိုက်တယ်။
" အား "
" ဟယ် ကြည့်စမ်းအရိုင်းအစိုင်းလေး...လူကြီးကိုပြန်လုပ်ရလား..ကဲဟယ်...ရိုင်းအုံး..ရိုင်းချင်အုံး "
" ဖြန်း..ဖြန်း.."
စက်ဘီးကိုအတော်ကြာနင်းလာခဲ့ပြီးတဲ့နောက်မှာ လူသူတိတ်ဆိတ်တဲ့ခြံတစ်ခြံရဲ့ရှေ့မှာအမေ့ရဲ့စက်ဘီးရပ်လိုက်တာကိုမြင်လိုက်ရတာမို့ ဟန်လင်းသန့်လဲ ခပ်လှမ်းလှမ်းမှာပဲ စက်ဘီးကိုရပ်လိုက်တယ်။အမေကစက်ဘီးပေါ်ကဆင်းလိုက်ပြီးတော့ ခြံတံခါးကိုတွန်ုးဖွင့်ပြီး ခြံထဲကိုဝင်သွားခဲ့တယ်။အမေ့ကိုကြည့်ပြီး ဟန်လင်းသန့်မှာဘာလုပ်ရမှန်းမသိဘဲ ခပ်ကြောင်ကြောင်နဲ့ရပ်နေမိပြီးမှ ခြံထဲကိုဝင်လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
=====================================
အပိုင်း( ၃ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့ရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
" ဟ..ဝေလင်းရ..တို့အရပ်ထဲကလူတွေကို ဧည့်သည်လို့ပြောစရာလား...အခုကလူစိမ်းထင်တယ်...ဝင်သွားရင်လဲလှစ်ခနဲ ပြန်ထွက်လာရင်လဲလှစ်ခနဲပဲ...မျက်နှာကိုလဲသေချာမမြင်ရဘူး...အချိုးအစားကြည့်ရတာတော့ ယောက်ျားတစ်ယောက်လို့ထင်ရတာပဲ...သူ့ပုံစံကခိုးကြောင်ခိုးဝှက်ပုံစံပေါက်နေတော့.... ဘကြီးလဲ မင်းတို့အိမ်သားတွေအတွက် စိတ်ပူတာနဲ့သေချာစောင့်ကြည့်ကြည့်တော့ ...ဧည့်သည်ကနေ့တိုင်းမဟုတ်ရင်တောင်ရက်ခြားလာလာနေတာသတိထားလိုက်မိတယ်...ဧည့်သည်ကဘယ်သူလဲ...ဘာလဲဆိုတာကိုတော့ဘကြီးလဲမသိဘူး...ဘာပဲဖြစ်ဖြစ် မင်းဇနီးကိုသေချာမေးပြီး ..အေးအေးဆေးဆေးဖြေရှင်းကြပေါ့ကွယ် "
" ဟုတ်...ဟုတ်ကဲ့ပါဘကြီး.."
ဒီမျှသာပြောပြီးဝေလင်းမှာစဉ်းစားရကျပ်ခဲ့ရတယ်။ဘယ်သူလဲဘာလဲဆိုတဲ့ အတွေးတွေမေးခွန်းတွေရဲ့နောက်မှာ ဇနီးဖြစ်သူခင်မေရီကိုယုန်ထင်ကြောင်ထင်ထင်လာမိတယ်။သို့ပေမဲ့ ကိုယ်တွေ့မမြင်ရမကြားရတဲ့အဖြေစ်အပျက်တွေအတွက် ဝေလင်းဘာကိုမှမဆုံးဖြတ်နိုင်ပါဘူး။ဇနီးသည်က သူ့အပေါ်မှာဆယ်နှစ်ကျော်လုံးလုံးဝတ္တရာမပျက်ကွက်ဘဲတာဝန်တွေကျေပွန်ခဲ့သလို ဣန္ဒြေသိက္ခာအပြည့်ရှိခဲ့တာကိုလဲသူအသိဆုံးပဲဖြစ်ခဲ့တာ။နောက်ဆုံးတော့ဝေလင်းမှာမယုံကြည်နိုင်ခြင်းတွေနဲ့ပဲ မဝေခွဲနိုင်ဖြစ်ကာ ဇနီးသည်ခင်မေရီကို မသိမသာအကဲခတ်နေခဲ့မိတော့တယ်။
~~~~~~~~~~
" ရီရီရေ...နေ့လယ်နေ့ခင်းတွေမှာ အစ်ကိုကလဲအလုပ်သွားရ...သားကလဲကျောင်းတက်နေရတော့ ...ရီရီတစ်ယောက်တည်းပျင်းနေမှာပဲ...အိမ်ဘက်ကိုဘယ်သူမှလာမလည်ကြဘူးလား"
ဝေလင်းကမသိမသာလေးအစ်အောက်ပြီးမေးကြည့်လိုက်တော့ ခင်မေရီကမျက်လုံးပြူးကြီးနဲ့မော့ကြည့်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။
" ဘယ်သူမှလဲမလာသလို..ပျင်းချိန်လဲမရပါဘူးကိုဝေလင်းရယ်...တစ်နေ့တစ်နေ့ခြံထဲကသစ်ပင်တွေကိုပြုစုလိုက်...ရှင့်သားကိုစာသင်ရထိန်းရကျောင်းရတာနဲ့ပဲအချိန်ကုန်နေတာ...ဧည့်သည်နဲ့စကားပြောဖို့လဲ အချိန်မရပါဘူး "
ဇနီးသည်ရဲ့ဖြေရှင်းချက်အတွက် ဝေလင်းမှာထပ်မေးစရာမေးခွန်းတွေလဲမရှိခဲ့ပါဘူး။မသေချာမရေရာတဲ့အခြေအနေမှာ စိတ်ထဲကသိလိုစိတ်တွေကိုချိုးနှိမ်ပြီး မေးခွန်းတွေကိုဝေလင်းရင်ထဲမှာပဲသိမ်းဆည်းထားလိုက်တော့တယ်။
~~~~~~~~~~
" လင်းသန့်...မင်းဒီကိုလာအုံး "
မိခင်ဖြစ်သူရဲ့အသံက တင်းမာခက်ထန်ပြီးဒေါသသံပါနေတာကို ဟန်လင်းသန့်သတိထားလိုက်မိတယ်။
" ဟုတ်ကဲ့ အမေ...ဘာခိုင်းမလို့လဲ "
" မင်းလာစမ်း...ဒီမှာလာထိုင်စမ်း...မင်းရဲ့အဖေကို... မင်းဘာမဟုတ်တာတွေသွာပြောသေးလဲ....အိမ်ကိုဧည့်သည်လာတယ်ဆိုပြီး မဟုတ်တာတွေလျှောက်ပြောနေသေးတာလားပြောစမ်း "
" ဟင့်အင်း မပြောပါဘူးအမေ...အိမ်ကိုဧည့်သည်လာလို့လား "
ဟန်လင်းသန့်နားမလည်နိုင်ဘဲ အမေ့ကိုပြန်မေးလိုက်မိတယ်။
" ဘယ်ဧည့်သည်မှမလာလို့ပြောနေတာကို ...ဘာဧည့်သည်လဲ....မပြောဘူးဆိုလဲသွာဆော့တော့...အမေဈေးကြီးဘက်ဈေးသွာဝယ်လိုက်အုံးမယ်..."
" သားလဲလိုက်မယ် အမေ "
ဟန်လင်းသန့်ပြောလိုက်ပြီးတာနဲ့ အိမ်ရှေ့ဖိနပ်ချွတ်ဆီကိုပြေးလိုက်ပြီးဖိနပ်အသစ်ကိုစီးဖို့ပြင်လိုက်တယ်။အမေဈေးသွားဝယ်ပြီဆိုရင် ဈေးကြီးထဲမှာသွာဝယ်လေ့ရှိတာမို လမ်းမှာမုန့်သည်တွေလဲအများကြိးရှိတယ်။ဈေးဘက်က ဟန်လင်းသက်တို့နေတဲ့ဘက်လိုပျင်းစရာကြီးမဟုတ်ဘူးလေ။ဒါကြောင့်လဲ အမေဈေးကြိးဘက်ကိုသွားမယ်ဆိုရင် ဟန်လင်းသန့်လဲလိုက်နေကြပေါ့။
" ဟယ် ဒီကောင်လေးတော့သန့်ခနဲဆိုတာနဲ့နန့်ခနဲပဲ...မလိုက်ရဘူး.....မအေကအလကားသက်သက်အပျော်သွားတာမဟုတ်ဘူး... မလိုက်နဲ့...အရိုက်မခံချင်ရင်ပြောစကားနားထောင်နော်...စကားထပ်မပြောဘူးနော်...ငါကပျော်လွန်းလွန်းလျှောက်သွာနေတာမဟုတ်ဘူး "
ပြောပြီးတာနဲ့ပိုက်ဆံအိတ်ကိုချိုင်းကြားညှပ်ပြီး စက်ဘီးကိုယူကာထွက်သွားတဲ့မိခင်ကိုကြည့်ပြီး ဟန်လင်းသန့်မှုန်ကုပ်ကုပ်နဲ့ကျန်နေခဲ့ရတယ်။ခဏအကြာမှာတော့ ဟန်လင်းသန့်ထိုင်နေရာကနေကမန်းကတန်းထရပ်လိုက်ပြီးအိမ်တံခါးတွေကိုအမြန်လိုက်ပိတ်လိုက်တယ်။တံခါးတွေပိတ်ပြီးတာနဲ့ အိမ်ဘေးမှာထောင်ထားတဲ့စက်ဘီးကိုထုတ်စီးပြီး အမေစက်ဘီးနင်းသွားရာဘက်ကိုအမြန်လိုက်သွားလိုက်တယ်။
~~~~~~~~~
စက်ဘီးကိုဟောဟဲဆိုက်အောင် ဟန်လင်းသန့်နင်းလာခဲ့ရင်း မိခင်ရဲ့အရိပ်အရောင်ကိုရှာနေမိတယ်။အတော်ကြာနင်းလာခဲ့ပြီးမှ ခပ်ဝေးဝေးမှာစက်ဘီးနင်းသွာတဲ့မိခင်ဖြစ်သူကိုလှမ်းတွေ့လိုက်ရတာမို့ ဟန်လင်းသန့်ဝမ်းသာသွားမိပြီး စက်ဘီးကိုခပ်မှန်မှန်ပဲနင်းခဲ့လိုက်တယ်။စက်ဘီးနင်းသွားတဲ့မိခင်ရဲ့ပုံစံက ဝါးခမောက်ကြိးကိုဆောင်းထားပြီး ရှပ်အင်္ကျီဖားဖားကြီးကိုဝတ်ထားတာမို့ ဟန်လင်းသန့်တောင်ဖြုန်းခနဲမမှတ်မိဘဲဖြစ်သွားသေးတယ်။ဒါပေမဲ့ကိုယ့်အမေကိုတော့ ဘယ်အရပ်မှာဘယ်လိုပုံစံနဲ့ပဲမြင်မြင်ဟန်လင်းသန့်မှတ်မိနေတာပေါ့။
" ဟင် "
အမေ့စက်ဘီးက ဈေးကြီးဘက်ကိုမကွေ့ဘဲ မြို့စွန်ဘက်ဆီကိုကွေ့သွားတာမို့ ဟန်လင်းသန့်အံ့ဩသွားမိရင်း မိခင်ဖြစ်သူစက်ဘီးကွေ့သွားရာဘက်ကိုလိုက်ပြီးနင်းသွားလိုက်တယ်။
နှစ်ယောက်ပေါင်းပြီး မင်းနိုင်တို့ဘဝက ပဲခူးမြို့ပေါ်မှာ အခြေမြင့်အနေမြင့်နေနိုင်တဲ့ သူဌေးစာရင်းဝင်တွေဖြစ်လာခဲ့တယ်။မင်းနိုင်နဲ့ဝေလင်းက တက္ကသိုလ်အတူတက်ရင်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့သူငယ်ချင်းတွေ။အိမ်ထောင်တွေ အသီးသီးကျတော့လဲ အခင်မင်မပျက် အသွားအလာမပျက်ခဲ့ဘူး။ မင်းနိုင်ရဲ့မိန်းမက အနေတည်ပြီး မာနကြီးတဲ့ ပုံစံမျိုးဖြစ်နေခဲ့တော့ မင်းနိုင်ရဲ့အိမ်ကိုတော့ ဝေလင်းကသိပ်မသွားဖြစ်ဘူးပေါ့ ။ မင်းနိုင်ရဲ့ဘ၀က ငွေကြေးပြည့်စုံပေမဲ့ အိမ်ထောင်ဖက်က ကျန်းမာရေးချူချာတာမို့ မင်းနိုင်ခမျာစိတ်မချမ်းမြေ့ခဲ့ရှာဘူး။အိမ်ထောင်သက်ဆယ်နှစ်အတွင်းမှာပဲ သူ့ထက်အသက်သုံးနှစ်ပဲကြီးတဲ့ သူ့ဇနီးက အသက်နဲ့မလိုက်အောင် အိုစာသွားခဲ့တာ။ ဒါတောင် ကလေးတစ်ယောက်မှမမွေးရသေးဘူး။ ဒါတွေကြောင့်လဲ အိမ်အကူတွေချက်ပြုတ်ကျွေးနေတာကိုပဲ ဖြစ်သလိုစားနေရတဲ့ မင်းနိုင်ကို ဝေလင်းကစာနာကာ သူ့အိမ်ကိုခေါ်ပြီးအမြဲဧည့်ခံကျွေးမွေးခဲ့တယ်။ဝေလင်းရဲ့ ဇနီးဖြစ်တဲ့ တောရွာသူ ခင်မေရီ ရဲ့ လက်ရာကလဲ စားဖူးသူတိုင်း ပြောစမှတ်တွင်လောက်အောင် အချက်အပြုတ်တော်တယ်လေ။
~~~~~
"ဟေ့ကောင်ကြီး ..ကျောင်းပြေးလားတာလားကွ "
လမ်းထိပ်မုန့်ဆိုင်က ဦးတိုးကြီးရဲ့အမေးကိုတောင် ဟန်လင်းသန့်ပြန်မဖြေနိုင်ဘဲ မျက်နှာလေးရှုံ့မဲ့ပြီး လမ်းကို ဆက်လျှောက်လာခဲ့လိုက်တယ်။ဟန်လင်းသန့်ကျောင်းပြေးလာတာမဟုတ်ပါဘူး ။အစားပေါင်းစုံစားပြီး ဝမ်းတွေ မကြာခဏသွားနေလို့ ဆရာမက ဟန်လင်းသန့်ကို အိမ်ပြန်လွှတ်လိုက်တာ။ ဟန်လင်းသန့်က အိမ်ပြန်ချင်တာမဟုတ်ဘူး ။ ကျောင်းမှာ အပေါင်းအသင်းတွေနဲ့ မျောက်ရှုံးအောင်ဆော့ချင်သေးတာ။အိမ်မှာက သူနဲ့ အမေနဲ့ နှစ်ယောက်တည်း နေရတာပျင်းစရာကြီး။အမေ အလုပ်လုပ်နေရင် ဟန်လင်းသန့်မှာ အိမ်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ပျင်းနေတော့တာ။
~~~~~~~~
ခြံရှေ့ရောက်တော့ အိမ်တံခါးပိတ်ထားတာကို တွေ့လိုက်ရပြန်တာမို့ ကိုယ့်အခန်းရှိရာကို အိမ်ဘေးကနေပဲ ဟန်လင်းသန့်တန်းပြီးလျှောက်သွားလိုက်တယ်။အမေက အိမ်ထဲမှာ အလုပ်များနေတာပဲဖြစ်ဖြစ် ၊နေ့လယ်နေ့ခင်းတရေးတမောအိပ်နေတတ်တဲ့အခါမျိုးမှာလဲ အိမ်တံခါးကို ပိတ်ထားလေ့ရှိတယ်။ဟန်လင်းသန့်က မိခင်ဖြစ်သူအိပ်နေချိန်မှာ ခိုးထွက်ပြီး ဆော့နေကြမို့ အိမ်ထဲခိုးဝင်ခိုးထွက်လုပ်တာကို ကျွမ်းကျင်နေပြီ။အခုလဲ ခပ်တင်းတင်းစေ့ရုံစေ့ထားခဲ့တဲ့ ပြတင်းပေါက်တံခါးကို အသာဆွဲဟပြီးဖွင့်ဝင်လိုက်တယ်။အိမ်ကတိတ်ဆိတ်လွန်းနေခဲ့တယ်။ဟန်လင်းသန့်မှာ အခန်းထဲရောက်တာနဲ့ ဗိုက်ကရစ်ပြီးနာလာပြန်တာမို့ အိမ်သာရှိရာကို အရင်ပြေးဖို့ပြင်ရပြန်တယ်။ အခန်းတံခါးကိုဖွင့် နောက်ဖေးဘက်ကိုအသွားမှာ မိဘတွေရဲ့အခန်းတံခါးက ရုတ်တရက်ပွင့်လာတာမို့ ဟန်လင်းသန့် ရုတ်တရက်လန့်ပြီး အခန်းထဲကို ကြည့်လိုက်မိတယ်။ဟန်လင်းသန့်လန့်ပြီး ကြည့်လိုက်သလိုပဲ အခန်းတံခါးဖွင့်ပြီး ထွက်လာတဲ့အမေလဲ လန့်သွားပုံရတယ်။
"ဟန်..ဟန်လင်းသန့် ... မင်း...မင်းဘယ်တုန်းက ပြန်ရောက်နေတာလဲ ... ကျောင်း... ကျောင်းမတက်ဘူးလား "
အမေကအံ့ဩထိတ်လန့်သွားတဲ့အသံနဲ့ မေးရင်းက အိပ်ခန်းတံခါးကို ဒုန်းခနဲ ဆောင့်ပိတ်လိုက်တယ်။
" ဟုတ်.....ဟုတ်ကဲ့အမေ ... သားဗိုက်နာနေလို့ ဆရာမက ပြန်လွှတ်လိုက်တာ ...အခန်းထဲက ဘယ်သူကြီးလဲ အမေ ... အဖေလား "
အခန်းထဲကခုတင်ပေါ်မှာ လူတစ်ယောက်ကို ဟန်လင်းသန့်မြင်လိုက်သလိုလိုရှိတာမို့ အမေ့ကို မေးလိုက်မိတယ်။
"ဟင် ..ဘာလဲ ... ဘယ်သူမှမရှိပါဘူး ... နေပူထဲကပြန်လာပြီး မျက်လုံးတွေပြာပြီး မြင်ချင်ရာမြင်နေပြီးတော့ ဘာတွေလာမေးနေတာလဲ "
မိခင်ဖြစ်သူရဲ့ စကားကြောင့် ဟန်လင်းသန့် ဇဝေဇဝါတော့ဖြစ်မိသွားတယ်။အမေတို့ အခန်းရှေ့ကအဖြတ်မှာ ရုတ်တရက်ကြီး အခန်းတံခါးပွင့်လာတာမို့ ဟန်လင်းသန့်လန့်ပြီး လှမ်းကြည့်လိုက်မိချိန်မှာ ခုတင်ပေါ်မှာလှဲအိပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်မိသလိုလိုပဲ။ဟန်လင်းသန့် ဘာမှ ဆက်တွေးမနေတော့ဘဲ အိမ်သာဆီကိုပဲ ဒုန်းစိုင်းပြေးလာခဲ့လိုက်တော့တယ်။
~~~~~~
ဝေလင်းတစ်ယောက် ကြားလိုက်ရတဲ့စကားတွေကို မယုံကြည်နိုင်ဘဲဖြစ်နေမိတယ်။မယုံဘူးလို့ငြင်းရအောင်လဲသတင်းစကားကိုပြောကြားသူက ဘကြီးကံသာဖြစ်နေခဲ့တယ်။ဘကြီးကံသာဆိုတာက ဝေလင်းတို့အိမ်နဲ့မျက်စောင်းထိုးခပ်လှမ်းလှမ်းမှာနေတဲ့အသက်(၇၀)ဝန်းကျင်အဘိုးအိုကြီး။သူ့ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူ။ဘေးပတ်ဝန်းကျင်ကို အကောင်းအဆိုးပြောလေ့မရှိဘဲအေးငြိမ်းစွာနေတတ်သူ။အခုတော့ဒီလိုလူမျိုးက ဝေလင်းကိုပြောလေပြီ။
" မောင်ဝေလင်းရေ...အခုတလော မင်းတို့အိမ်ကိုဧည့်သည်လာလှချည်လားကွယ်...နေ့တိုင်းလိုလို ...နေ့လယ်ခင်းတွေဆိုရင်ဧည့်သည်ကရောက်လာတော့တာပဲ "
စစချင်းကြားတုန်းကတော့ ဘကြီးကံသာပြောတာကိုဝေလင်းမယုံချင်ဘူး။
" ဧည့်သည်ဟုတ်လား ဘကြီး...ဘယ်သူပါလိမ့်...ရပ်ကွက်ထဲကလူတွေကိုပြောတာလား"
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂)
akyiphyu
********
" တကယ်ပဲ အိမ်ထောင်မပြုတော့တာလားကိုလင်း "
" တကယ်လို့ပဲပြောရမှာပေါ့ဗျာ...ကျွန်တော်က ငယ်ငယ်ချောချောမိန်းမလှလေးတွေကိုပဲကြိုက်တတ်တာလေဗျာ...မိန်းမယူလိုက်ပြီဆိုရင် ....အိမ်ထောင်သက်ကြာလာတာနဲ့အမျှ မိန်းမကပုံဆိုးပန်းဆိုးပုံစံဖြစ်လာမှာလေ...အဲ့ဒီလိုဆိုရင်ကွဲလိုက်ကွာလိုက်နဲ့မလွယ်လောက်ဘူးမဟုတ်လားဗျာ "
"ဟာ...ကိုလင်းကတော့နောက်ပြီ "
ကိုသက်ကပြုံးစိစိမျက်နှာနဲ့ပြောလာတော့ ဟန်လင်းသန့်ဘာမှထပ်မပြောဖြစ်တော့ဘဲ ပြုံးရုံသာပြုံးနေလိုက်တယ်။ သူ့လိုအစစအရာရာပြည့်စုံနေတဲ့သူတစ်ယောက်အတွက် မိန်းမတစ်ယောက်ကို မလိုအပ်ဘူးပဲပြောရမလား။ဒါမှမဟုတ် မိန်းမတွေကိုအထင်ကြီးလို့မရဘူးပဲပြောရမလား။သေချာတာကတော့ သူ့ရင်ထဲကနာကြည်းမှုတွေက အခုချိန်ထိမပြေပျောက်နိုင်သေးဘူးလို့ပဲပြောရမှာပဲ။ကိုယ်အချစ်ရဆုံးသူက ပေးခဲ့တဲ့ဒဏ်ရာဆိုတာမျိုးက အချိန်တွေကြာလာလဲ ပျောက်ကွယ်သွားခြင်းမရှိဘဲ ရင်ထဲမှာအမာရွတ်ထင်ကျန်နေတယ်လို့ပဲပြောရလိမ့်မယ်။ဒီနာကျင်မှုတွေကြောင့်ပဲ သူ့ရင်ထဲမှာနာကြည်းနာကျင်ပြီး ကြိုးစားလာခဲ့ရာက ဒီအခြေအနေအထိရောက်ရှိလာခဲ့တာလေ။ဒါတွေကိုမကျော်လွှားနိုင်ခဲ့တဲ့ သူ့ဖခင်ကြီးကတော့ အရက်သမားကြီးဘဝနဲ့ပဲ ဘဝကိုအဆုံးသတ်သွာခဲ့ရရှာတယ်။ဒီအကြောင်းတွေကိုပြန်တွေးမိတိုင်း ဟန်လင်းသန့်ရင်ထဲမှာနာကျင်နေမိတုန်းပါပဲ။အသက်ဆယ်နှစ်အရွယ်ကစိတ်ဒဏ်ရာက အသက်သုံးဆယ့်ခြောက်နှစ်အရွယ်အထိအနာမကျက်သေးဘူးလို့ပဲပြောရလေမလား။သူ့အသက်ဆယ်နှစ်အရွယ်က အဖြစ်တွေကိုပြန်တွေးမိတိုင်း နာနာကျင်ကျင်နဲ့မှတ်မိနေတုန်းပါပဲ။
...........................................
ရပ်ကွက်ထဲမှာလျှောက်ဆော့လို့ဝတော့ အိမ်ကို ဟန်လင်းသန့်ပြန်လာခဲ့တယ်။အိမ်ကိုရောက်တော့ အိမ်တံခါးတွေပိတ်ထားတာမို့ သူ့အခန်းပြတင်းပေါက်ကနေပဲကျော်ခွဝင်ခဲ့လိုက်တာပေါ့။
" အစ်ကိုနော်မကဲနဲ့.....တော်ကြာကိုဝေလင်းနဲ့သားလေးရိပ်မိသွားမှဖြင့် ဒုက္ခရောက်နေပါ့မယ် "
" သိတော့လဲသိပေါ့ မေလေးရယ်...ဝေလင်းသိသွားပြီဆိုရင် ...မေလေးလဲ ကိုယ့်နောက်ကိုလိုက်ခဲ့လိုက်တော့...ဘာမှစဉ်းစားမနေနဲ့တော့...အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့တွေ့နေရတာကို စိတ်ကုန်နေပြီကွာ...မေလေးနဲ့လွတ်လွတ်လပ်လပ် အတူနေချင်နေပြီ "
မိဘတွေရဲ့အခန်းထဲကနေ အသံတွေကြားလိုက်ရတာမို့ ဟန်လင်းသန့်ယောင်ဝါးဝါးနဲ့ မိဘတွေအခန်းရှေ့ကိုသွားလိုက်တယ်။ ဒီအချိန်က ဖခင်ဖြစ်သူ အလုပ်သွားချိန်လေ။
" အမေ..အမေရှိလား...သားဗိုက်ဆာလို့ "
" ဒုန်း..ဒုန်း "
ဟန်လင်းသန့်ဗိုက်ဆာနေတာမို့ အခန်းတံခါးကိုထုလိုက်ပြီး အမေ့ကိုခေါ်လိုက်တယ်။တံခါးကို ဟန်လင်းသန့်ထုလိုက်ပြီး ခဏအကြာမှာပဲ အခန်းတံခါးက ပွင့်ဟလာခဲ့တယ်။
" ဟဲ့ကောင်လေး...ဘယ်အချိန်ရှိသေးလို့ဗိုက်ဆာနေရတာလဲ..သွားဆော့ဆိုရင်မဆော့ဘူး...မဆော့နဲ့လို့ပြောလိုက်ရင်တော့...စားချိန်သောက်ချိန်မှန်းတောင်မသိဘူးမဟုတ်လား...ကိုးလိုးကန့်လန့်လုပ်တဲ့အကျင့်ကတော့ ဖအေနဲ့တစ်ချိုးတည်းပဲ..သန္ဓေတွေကိုကမကောင်းကြဘူး "
ပါးစပ်ကတဖျစ်တောက်တောက်ပြောပြီးအခန်းထဲကထွက်လာခဲ့တဲ့ အမေ့ကိုဟန်လင်းသန့်ကြည့်ပြီး
နောက် အိပ်ခန်းထဲကိုလှမ်းကြည့်လိုက်မိတယ်။
" အဖေရောက်နေပြီမဟုတ်လား အမေ...ခုနအခန်းထဲက အသံကြားတယ်..အခုကြည့်တော့ အဖေလဲမရှိပါဘူး "
သားဖြစ်သူရဲ့အမေးကြောင့် ခင်မေရီမှာ မျက်နှာကိုမပျက်အောင်ထိန်းလိုက်ပြီး
" ဘာမဟုတ်တာတွေပြောနေတာလဲ ဟန်လင်းသန့်ရဲ့.....ဝတ္ထုကိုအသံထွက်ပြီး ငါဖတ်နေတာပါဟဲ့...လာ... ထမင်းစားမှာမဟုတ်လား...စားစရာရှိတာမြန်မြန်လာစား "
ဟန်လင်းသန့်မှာ အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး အူကြောင်ကြောင်နဲ့ထွက်လာခဲ့လိုက်တယ်။ယောက်ျားတစ်ယောက်ရဲ့အသံကို သူ့နားထဲသေချာကြားလိုက်ရတာမို့ စိတ်ထဲမကျေမနပ်ဖြစ်နေမိတယ်။
~~~~~~~~~~
" စားစမ်းပါမင်းနိုင်ရာ...မင်းကြည့်ရတာလဲ အားမရလိုက်တာ...ငါ့မိန်းမလက်ရာဒီလောက်ကောင်းတာကိုကွာ..."
ဝေလင်းကပြောပြောဆိုဆိုနဲ့သူငယ်ချင်းဖြစ်သူမင်းနိုင်ရဲ့ထမင်းပန်ကန်ထဲကို ဟင်းတွေခပ်ထည့်ပေးလိုက်တယ်။
" မင်းလိုသူဌေးကို ဒါမျိုးကျွေးရတာ အားတော့နာပါတယ်ကွာ...ဒါပေမဲ့ငါတို့အခြေအနေနဲ့ဒါမျိုးတွေပဲစားနိုင်တယ်ဟ...အသီးအရွက်စားတော့အစာကြေလွယ်တာပေါ့ကွာ...ဟဲ ဟဲ "
ဝေလင်းကပြောရင်းနဲ့အရှက်ပြေရယ်လိုက်တယ်။တကယ်ဆိုရင် ဝေလင်းတို့အနေအထားကလဲ ပြောသလောက်ကြီးဆိုးဝါးတဲ့အခြေအနေမဟုတ်ဘူး။ပဲခူးမြို့တစ်နေရာမှာ ခြံလေးဝန်းလေးနဲ့တစ်ထပ်တိုက်ပုလေးဆောက်ထားပြီးအေးအေးချမ်းချမ်းနေနိုင်တဲ့အနေအထားမျိုးပါပဲ။ဘဝကပြည့်ပြည့်စုံစုံချမ်းချမ်းသာသာကြီးမဟုတ်ပေမဲ့ ငွေကြေးအတွက်ပူပင်နေရတဲ့ဘဝတွေတော့မဟုတ်ဘူး။မင်းနိုင်လို ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ သုံးဘီးလောက်တော့ အပူအပင်မရှိအေးအေးလူလူငှားစီးနိုင်တဲ့ဘဝမျိုးလို့ပဲရယ်စရာပြောရမလား။ဇနီးဖြစ်သူခင်မေရီနဲ့သားဖြစ်သူဟန်လင်းသန့်ကိုလဲ အပူအပင်သိပ်မရှိစေရဘဲထားနိုင်ခဲ့တယ်။မင်းနိုင်ကတော့ ပဲခူးမြို့ပေါ်မှာ ခြံကျယ်ကြီးနဲ့ တိုက်ကြီးနဲ့နေတဲ့သူ။ မင်းနိုင်ကိုယ်တိုင်ကလဲ သူဌေးသားတစ်ယောက်ဖြစ်ခဲ့သလို မင်းနိုင်ရဲ့မိန်းမကလဲ သူဌေးသမီးတစ်ယောက်မို့
သူ့ဘာသာပြောပြီး ဘာမှလာမပြောနဲ့လို့ပြောလာတဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါလဲ ပါးစပ်ပိတ်ပြီး အစ်မဖြစ်သူနားကထလာခဲ့လိုက်တယ်။
~~~~~~
"ဘယ်လိုလဲဗျ ကိုလင်း ...အသက်က ၃၆)ဆိုတော့မငယ်တော့ဘူးနော် .. တော်ကြာ အဖေခါးကုန်းသားစားတုန်းဖြစ်နေအုံးမယ် ..အချိန်မီမိန်းမလေးဘာလေးယူတော့လေဗျာ "
" မိန်းမ ဘာလို့ယူနေရမှာလဲဗျာ ... ငွေရှိရင်ခေါင်းခေါက်ပြီး တွဲလို့ရနေတာပဲလေဗျာ ... ကျွန်တော်အတွက် မိ<န်းမဆိုတာအပျင်းပြေရုံသက်သက်ပါ ...အတည်တကျအိမ်ထောင်ပြုဖို့အတွက် တစ်ခါမှမတွေးမိပါဘူးကိုသက်ရာ ... ကျွန်တော့်အတွက်က ကားတစ်စီးပြီးတစ်စီးထည်လဲစီးနေရရင်ကျေနပ်နေပြီ ..ကျန်တာတွေ ဘာမှမလိုအပ်တော့ဘူး "
ဟန်လင်းသန့်က သူ့အမူအကျင့်အတိုင်း ခပ်ပြုံးပြုံးပြန်ပြောလိုက်တယ်။
==========================
အပိုင်း (၂ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
*မိသားစုဇာတ်လေးဖြစ်တာမို့ အပြင်လောကနဲ့ သဘာဝကျကျတူအောင် ရေးထားတာမို့ "ကောင်မ " " ဟာမ " " အကောင် " ဘာညာ စတဲ့ စကားလုံးကြမ်းကြမ်းတွေ ပါနိုင်တာမို့ သည်းခံခွင့်လွှတ်ပေးကြပါရှင်
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့ရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
စ/ဆုံး Link
https://www.facebook.com/share/p/ncuBJW7Qawb15thP/?mibextid=oFDknk
ပြောပြီးတာနဲ့ အထဲကို မြရွက်ဝါလှစ်ခနဲပြန်ပြေးဝင်လာခဲ့လိုက်တယ်။မဝင်လို့လဲ မဖြစ်ဘူးလေ။တော်ကြာနေ အဘွားက အောက်ကနေအသားကုန်အော်ချင်ထအော်တော့မှာ။ သူ့မြစ်ကလေးမောင်မောင်နဲ့တွေ့ရင် လေသံကပျော့စိစိဖြစ်သွားတတ်တဲ့အဘွားက မြရွက်ဝါတို့ကိုဆိုရင် ကြိမ်းလိုက်မောင်းလိုက်ပြောလိုက်ဆိုလိုက်တာများ လူရှေ့သူရှေ့လဲမရှောင်ဘူး။အဘွားပြောပြီဆိုရင် မြခွါညိုကမခံဘူး။ချက်နဲ့လက်နဲ့ ပြန်ပြောတော့တာ။မြရွက်ဝါကတော့ မပြောပါဘူး။အဘွားပြောချင်တာပြော ခေါင်းလေး ငြိမ့်ပြီး ဟုတ်ကဲ့လိုက်လိုက်တာပဲ။ "ဟုတ်ကဲ့ " လို့ပြောပြီး ခေါင်းငြိမ့်လိုက်တာ ပင်ပန်းတာမှမဟုတ်တာ။မြရွက်ဝါ ဒီလောက်အလျှော့ပေးထားတာတောင် မြေးတွေအားလုံးထဲမှာ အဘွားကြည့်မရဆုံးက မြရွက်ဝါပဲဖြစ်နေခဲ့တာ။ ကြည့်မရတဲ့ အကြောင်းပြချက်ကလဲ ရိုးရိုးလေးပါပဲ မြရွက်ဝါကအမေ့ဘက်ကအမျိုးတွေနဲ့တူပြီး ရုပ် ဆိုးလို့တဲ့လေ။ သူ့သားလို ဖြူဖြူသန့်သန့်ခပ်ချောချောလူကနေပေါက်ဖွားလာခဲ့တဲ့ မျိုးဆက်က အသားညိုညိုရုပ်ဆိုးဆိုးလေးဖြစ်နေလို့ကိုကြည့်မရတာတဲ့လေ။ကံကောင်းလို့သာ မြရွက်ဝါမှာ အဖေ့ဆီကမျက်ခုံးအမွေကိုရလိုက်လို့သာပေါ့။မဟုတ်ရင် သူ့သွေးသားမဟုက်ဘူးဆိုပြီးအဘွားက ငြင်းချင်ငြင်းနေအုံမှာ။ အခုတော့ ထင်းပြီးကော့ညွှတ်နေတဲ့ တစ်ကြောင်းတည်းသော လှတပတ မျက်ခုံးမွှေးလေးနှစ်ဖက်ကတော့ ဖခင်ကြီးဆီကနေ ပုံတူကူးချထားသလိုရှိနေခဲ့တော့ အဘွားခမျာ သူ့မြေးအဖြစ်လက်မခံချင်လဲလက်ခံလိုက်ပုံရတယ်။ပြောရရင်လဲ မြရွက်ဝါတစ်ကိုယ်လုံးမှာ လှတာ ဆိုလို့လဲ ပြစရာမျက်ခုံးမွှေးပဲရှိတယ်ပြောရမလား။ အရပ်က ငါးပေတစ်လက်မ ။အသားက ညိုညို။မျက်နှာကကြီးကြီး။ ဆံပင်တွေကလဲ အရပ်နဲ့မလိုက်အောင် ဖောင်းဖောင်းပွပွ ကောက်ကောက်တွေကိုဖြစ်နေတာ။ဘယ်လိုဖြောင့်ဖြောင့် မရတဲ့ အကြောတင်းတဲ့ဆံပင်မျိုးတွေလေ။ဒီကြားထဲ ဘွဲ့ရပညာတတ်မဟုတ်တော့ ပိုဆိုးတာပေါ့။မြေး (၇) ယောက် ကြားမှာ မြရွက်ဝါသာအဆူခံ အပြောခံရဆုံး။မိဘနှစ်ပါးက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားကြတော့ ပိုဆိုးတာပေါ့။ အမိမဲ့သားရေနည်းငါးတဲ့လေ။မိဘအရိပ်အာဝါသမရှိတဲ့ အရပ်က ဘယ်လောက်တောင်ပူပြင်းလိုက်သလဲ။ပြီးတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားခဲ့တဲ့ အစ်မဖြစ်သူမြခွါညိုက ယောက်ျားနဲ့ ကွဲပြီး သားတစ်ယောက်နဲ့ပြန်ရောက်လာတာလေ။တကယ်ဆို မြရွက်ဝါနဲ့ မြခွါညိုက အသက်နှစ်နှစ်ကွာတယ်။မြခွါညိုက အသက်နှစ်နှစ်ကြီးပြီး ကလေးတစ်ယောက်မွေးထားပေမဲ့ အလှမပျက်လှနေဆဲပဲ ။ အသက်(၃၈)နှစ်လို့မထင်ရအောင်ကို နုပျိုလှပနေတာ။မြရွက်ဝါကတော့ အသက်ကသုံးဆယ့်ငါးစွန်းစွန်းပဲရှိသေးပေမဲ့ သုံးစားမရတဲ့ အပျိုဟိုင်းကြီးလို့ အားလုံးကဝိုင်းသက်မှတ် ခံထားရတာလေ။
''မြရွက် ...ဒါတွေက ဘယ်သူမှာတာလဲ .."
မြရွက်ဝါအတွေးများနေဆဲမှာ မြခွါညိုရဲ့မေးသံကိုကြားလိုက်ရတာမို့ ခေါင်းမော့ကြည့်လိုက်မိပြီး ပစ္စည်းမှာတဲ့ အကောင့်ကိုပြောပြလိုက်တယ်။မြရွက်ဝါတို့က အွန်လိုင်းကနေဈေးရောင်းကြတာ။ရောင်းတဲ့ပစ္စည်းတွေက တရု/ Xတ်ထုတ် ထို<င်းကထုတ်တဲ့ ဈေးသိပ်မကြီးတဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းလေးတွေရောင်းကြတာ။အွန်လိုင်းဈေးရောင်းဈေးဝယ်ခေတ်စားလာတော့ မြရွက်ဝါတို့ ညီအစ်မရဲ့လုပ်ငန်းက အရောင်းတွင်ကျယ်လာသလို ၀င်ငွေလဲ မဆိုးဘူး။ အရင်းတစ်ယောက်တစ်ဝက်စိုက်ထားပြီး အမြက်လဲတစ်ဝက်စီပေါ့ ။ဒီထဲမှာ ထမင်းဟင်းမချက်ချင်တဲ့ မြရွက်ဝါက အစ်မဖြစ်သူကို ထမင်းဖိုးပေးပြီးစားတယ်။တကယ်တမ်းက မြရွက်ဝါတို့မှာ ကိုယ့်ဝင်ငွေကိုယ့်လုပ်ငန်းနဲ့ အေးဆေးပဲ။ပူစရာကိုမရှိတာ။ ဒါပေမဲ့ မြရွက်ဝါတို့မှာတစ်ရက်မှ စိတ်အေးလက်အေးမရှိဘဲ ပူပင်သောကများနေရတယ်။ဒီလိုပူပင်သောကများနေရတာကလဲ (၁၈)နှစ်အရွယ်တူတော်မောင် ရဲမြတ်မောင်ကြောင့်လို့ပဲ ပြောရမလား။
" မညို ... မောင်မောင့်ဆီဖုန်းဆက်ကြည့်အုံးလေ ...သင်တန်းက (၂)နာရီလွှတ်တာဆို "
" မဆက်ဘူးဟေ ..မဆက်ဘူး ...အချိန်ရှိသ၍ ကောင်မနဲ့ပဲ ချိန်းတွေ့ချင်နေတာ ...ငါဘယ်တော့မှ ဖုန်းမဆက်ဘူး ..ပြန်လာချင်လာမလာချင်လို့ မိန်းမခိုးသွားလဲ သူ့ထိုက်နဲ့သူ့ကံပဲ ...အိမ်ပေါ်တော့ မိန်းမခေါ်တင်မလာနဲ့... အိမ်ဝကနေဆီးပြီးကန်ချပစ်လိုက်မယ် "
ဒေါသတကြီးထပြောလိုက်တဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါလန့်သွားမိတယ်။
" မညိုကလဲ ..ကလေးက သူ့သူငယ်ငယ်ချင်းတွေနဲ့လည်နေတာဖြစ်မှာပေါ့ "
" အမယ်လေးဟဲ့ ..ဘာသူငယ်ချင်းလဲ ..သူ့ကောင်မနဲ့တွေ့ဖို့ ...ဖုန်းနဲ့ချိန်းနေကြတာ ငါကြားသားပဲ ... ငါတယ် မပြောလိုက်ချင်ဘူး ... ဟာမတွေလဲ ကောင်လေးချောချောဆိုရင် အလွှတ်ကိုမပေးချင်ကြဘူး ... အိမ်ကဟာကဖြင့် ရေချိုးဖို့ တောင်မနည်းပြောနေရတဲ့အပျင်း....အိမ်မှာနေရင်တော့ မိဘကူရမှန်းမသိဘူး ... ဂိမ်းဆော့လိုက်ရည်းစားနဲ့ ဖုန်းပြောလိုက် ..အိပ်လိုက်စားလိုက်နဲ့ ...ဒါကို သိသိနဲ့ ဟာမတွေကလဲ ..ဘာတွေကို အထင်ကြီးနေကြလဲမသိဘူး "
" ဪ ..မညိုရယ် ....သူတို့ အရွယ်တွေက ကလေးသာသာပဲရှိသေးတာလေ .....ဒါတွေ ဘယ်တွေးမိမှာလဲ "
"ဟဲ့ ....ဘာကလေးလဲ ....ဟိုဟာမက အသက်နှစ်ဆယ်ကျော်နေပြီ ...တမောင်မောင်နဲ့ ....ပြောလိုက်ရရင်တော့ မကောင်းရှိတော့မယ် ... ငါစိတ်ရှုပ်နေလို့ နင်ဘာမှမပြောပါနဲ့ဟယ် .."
...သူ့အပေါ်ယုတ်မာလဲခွင့်လွှတ်လေ့မရှိဘူး...ဟာ...ပြောရင်းဆိုရင်းနဲ့ သူလာနေပြီ.....ကြည့်ရတာမင်းဆီကိုလာတာထင်တယ်...ဘာပဲဖြစ်ဖြစ်တောင်းပန်လိုက်ကွာ...သူနဲ့ပြဿနာတော့သွားမဖြစ်နဲ့ ... "
သတိပေးစကားပြောသူရဲ့စကားမဆုံးခင်မှာပဲ သူတိုတွေထိုင်နေတဲ့စကားဝိုင်းဆီကိုလျှောက်လာတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ကြရတယ်။လျှောက်လာတဲ့ပုံက တစ်လောကလုံးကိုဂရုမစိုက်တဲ့အထာမျိုးနဲ့လျှောက်လာတာ။ခြောက်ပေနီးပါးမြင့်မားတဲ့အရပ်အမောင်းနဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်ကြောင့် အဝေးကလှမ်းကြည့်လိုက်ရင်ကိုသူ့ပုံစံကထင်းထင်းကြီးကိုပေါ်နေတော့တာလေ။
" မင်းနိုင်ဆိုတာဘယ်သူလဲ "
ကြည်လင်ပြတ်သားတဲ့အသံနဲ့မေးလာတဲ့ ဟန်လင်းသန့်ရဲ့မေးသံကြောင့် မင်းနိုင်နည်းနည်းတော့ဖြုံသွားရတယ်။ဟန်လင်းသန့်ရဲ့မေးသံက ဒေါသသံမပါပေမဲ့ အမေးခံရသူအဖို့တော့ရှိန်ခနဲဖြစ်သွားစေတယ်။
"မင်းနိုင်ဆိုတာကျွန်တော်ပဲ ကိုဟန်လင်းသန့်...မနေ့ကရောင်းလိုက်တဲ့ကားအတွက်လာတာလား...အဒါဆိုရင်တော့ဆောရီးပါဗျာ...ကျွန်တော့်ဝယ်လက်က ..အဲ့ဒီကားကိုအရမ်းကြိုက်နေတာနဲ့ ကြားထဲကနေဈေးညှိပေးပြီးဝင်ဆွဲလိုက်ရုံပါဗျာ..."
" ဖြောင်း "
မင်းနိုင်ရဲ့စကားမဆုံးခင်မှာပဲ ဟန်လင်းသန့်ရဲ့လက်ကဖျတ်ခနဲလှုပ်ရှားသွားခဲ့ပြီး မင်းနိုင်ရဲ့ဇက်ပိုးကိုဖြောင်းခနဲမြည်အောင်ရို<က်ချပစ်လိုက်တယ်။အရိုက်ခံလိုက်ရတာကြောင့် မင်းနိုင်ရဲ့မျက်နှာတစ်ပြင်လုံးနီရဲတက်လာပြီး နေရာကနေဝုန်းခနဲထရပ်လိုက်တယ်။
" မင်းကလူးပါးဝလှချည်လားကွ...မင်းနိုင်ဆိုတဲ့ကောင်ကိုတော့လာစမ်းလို့မရဘူးနော် "
" ဒုက် ...အွန့်.. "
ဒီတစ်ခါလဲမင်းနိုင်ရဲ့စကားမဆုံးလိုက်ပါလေ။ဟန်လင်းသန့်က မပြောမဆိုနဲ့မင်းနိုင်ရဲ့ညို့သကျည်းကိုဖြတ်က<န်ပစ်လိုက်တာကြောင့် မင်းနိုင်မှာအရှိန်မထိန်နိုင်တော့ဘဲ မြေပြင်ပေါ်ကို ဘုတ်ခနဲပစ်လဲကျသွားခဲ့ရတယ်။ဘေးကကြည့်နေသူတွေမှာ မင်းနိုင်ခံနေရတာမြင်ပေမဲ့လဲ ဟန်လင်းသန့်အကြောင်းကိုသိနေကြတာမို့ဝင်တားရဲကြဘူး။
" မင်းဘာကောင်ဖြစ်ဖြစ်..ဟန်လင်းသန့်ဆိုတဲ့ငါလိုကောင်ကလဲ ဂရုမစိုက်ဘူး...အေး ပွဲစားကပွဲစားအလုပ်လုပ်ရုံနဲ့ ...ဘာမှမဖြစ်ဘူး...မင်းမနေ့ကကားသွားဆွဲတော့ ပိုင်ရှင်ကဘာပြောလိုက်လဲ ပြောစမ်း.....ဘာလဲမမှတ်မိဘူးလား....မမှတ်မိရင်ပြန်ပြောပြရမလား...ပိုင်ရှင်က...မင်းကို ဟန်လင်းသန့်လွှတ်လိုက်တဲ့သူလားလို့မေးတာကို ...ဟုတ်တယ်လို့ပြောပြီးဝင်ဆွဲသွားတာဆိုကွ...မင်းဘာသာ ပိုင်ရှင်ကိုကြိုက်ဈေးပေးပြီးပွဲဖြစ်တာဆိုရင် ငါကဂရုကိုမစိုက်ဘူး...ဟန်လင်းသန့်ကိုလာမကျော်နဲ့နော် ...ဒီနယ်မြေမှာခြေမချနိုင်ဘဲ ဖြစ်သွားမယ်ကြားလား "
ပြောပြီးတာနဲ့နေရာကနေ ဟန်လင်းသန့်ထွက်လာခဲ့ပြီး ကားပေါ်တက်ပြီးမောင်းထွက်လာခဲ့တယ်။
~~~~~~~~~
ဒေါ်မြနှစ်တစ်ယောက်ခြံဝမှာထိုင်ပြီး မြေးတွေတစ်ယောက်ပြီးတစ်ယောက်ပြန်လာတာကိုထိုင်စောင့်နေခဲ့တာ။ဒေါ်မြနှစ်ရဲ့ခြံက ရန်ကုန်မြို့ကြီးရဲ့အချက်အချာကျတဲ့မြို့နယ်တွေထဲက မြို့နယ်တစ်ခုဖြစ်တဲ့တောင်ဥက္ကလာပမြို့နယ်ထဲမှာရှိတာ။ပေလေးဆယ်ခြောက်ဆယ်ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ နှစ်ခန်းတွဲငါးထပ်တိုက်ဆောက်ပြီးနေထိုင်ခဲ့တယ်။တိုက်ဆောက်တာက ကန်ထရိုက်ပေးပြီးဆောက်တာဆိုတော့ တခြမ်းကိုကန်ထရိုက်က ရောင်းစားတယ်။တစ်ခြမ်းမှာ ဒေါ်မြနှစ်နဲ့ သားသမီးမြေးမြစ်တစ်စုနေကြတယ်။ဒေါ်မြနှစ်ယူထားတဲ့ အခြမ်းမှာတော့ မြေညီထပ်မှာ က ဒေါ်မြနှစ်နဲ့သမီးအကြီးဆုံး မိသားစုနေတယ်။ကျန်တဲ့လေးထပ်မှာက သမီးငယ်မိသားစုနဲ့သားလတ်မိသားစုကို တစ်ယောက်တစ်ခန်းပေးထားပြီး နှစ်ခန်းကိုငှားစားထားတယ်။ အခုဆိုရင်ဒေါ်မြနှစ်အသက် (၇၀)ကျော် (၈၀)နီးပါးရှိနေပြီ။ အတူနေသမီးကြီးမိသားစုနဲ့အတူ စတိုးဆိုင်လေးဖွင့်ထားတယ်။ပထမထပ်မှာက သမီးငယ်မိသားစုနေတယ်။ဒုတိယထပ်မှာက သားလတ်မိသားစုကိုပေးနေတာ။ ဒါပေမဲ့ သားလတ်နဲ့ချွေးမဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားကြတော့ သားလတ်ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ ကလေးတစ်ယောက်အမေတစ်ခုလပ်မလေးမြခွါညိုနဲ့ သားဖြစ်သူရဲမြတ်သူရယ် အပျိုဟိုင်းကြီးစာရင်းဝင်နေပြီဖြစ်တဲ့မြရွက်ဝါတို့သုံးယောက်ပဲနေတာ။
"ခွါညိုရေ ....ခွါညို ....မောင်မောင်ပြန်မလာသေးဘူးလား "
ဒေါ်မြနှစ်က ဒုတိယထပ်ကို လှမ်းအော်မေးလိုက်တယ်။
" မညို ..အဘွားအော်နေတာ ကြားလား "
အဘွားရဲ့အော်မေးသံကြောင့် မြရွက်ဝါက အစ်မဖြစ်သူကို လှမ်းပြောလိုက်တယ်။
"ဟဲ့ ...နင်ကြားရင် နင်ထွက်ဖြေလိုက်ပေါ့ဟယ် ... ပြန်မလာသေးတာ နင်လဲသိနေတာပဲ "
အခန်းထဲကနေဆောင့်ဆောင့်အောင့်အောင့်လေသံနဲ့ ပြန်ဖြေတဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါမှာ လက်ထဲကလုပ်လက်စအလုပ်ကို ပစ်ချထားခဲ့လိုက်ကာ ၀ရန်တာကိုထွက်ခဲ့လိုက်ပြီး အဘွားကိုလှမ်းအော်ပြောလိုက်ရတယ်။
" မောင်မောင်ပြန်မလာသေးဘူး အဘွား "
" ဟဲ့ ..ပြန်မလာသေးဘူးဆိုတော့ ဘယ်သွားလို့လဲ ...သင်တန်းက (၂)နာရီလွှတ်တာမဟုတ်လား ...အခုပဲ (၄)နာရီထိုးတော့မယ် "
" မသိဘူးလေအဘွား ... သူ့သူငယ်ချင်းတွေနဲ့ တွေ့နေလို့နေမှာပေါ့ "
၂၄ပုဒ်မြောက်တက်မဲ့ အခန်းဆက်ဝတ္ထုလေးကတော့
ယနေ့ခေတ်လူငယ်တွေနဲ့
လူလတ်ပိုင်းတွေရဲ့ အချစ်/ဘဝသရုပ်ဖော်မိသားစုဇာတ်လမ်းလေးဖြစ်ပါတယ်။
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁ )
akyiphyu
**********
''ပဲ...ပြုတ်..ဟော့ဒီကပဲပြုတ် "
လူကနိုးသလိုလိုမနိုးသလိုလို အိပ်ချင်မူးတူးဖြစ်နေချိန်မှာပဲ မနက်ခင်းပဲပြုတ်သည်အသံကိုကြားလိုက်ရတာမို့ အိပ်ရာထဲကနေ မြရွက်ဝါဖျတ်ခနဲထထိုင်လိုက်တယ်။ဘေးနားကဖုန်းကို ယူကြည့်လိုက်တော့ မနက် (၅)နာရီနဲ့ဆယ်မိနစ်တိတိ။နေ့တိုင်း သိပ်ကိုအချိန်မှန်အချိန်တိကျတဲ့ ပဲပြုတ်သည်ဒေါ်ထား။ သူ့အသံကြားလို့ နာရီထကြည့်လိုက်ရင် မနက်(၅)နာရီဆယ်မိနစ်ပဲ။အချိန်လွဲတယ်လို့ကိုမရှိဘူး။ နာရီထက်တောင် အချိန်တိကျတဲ့ပဲပြုတ်သည်ဒေါ်ထား။ သူ့ခမျာ အဆိုတော်ကြီးလွှမ်းမိုးရဲ့သီချင်းထဲက ပဲပြုတ်သည်မထားနဲ့ နာမည်သာတူတာ ဘ၀ကတော့ မတူရေးချမတူဘူးရယ်။ သူ့ခမျာဘယ်သူဌေးသားနဲ့မှလဲ လက်မထပ်ခဲ့ရရှာပါဘူး။ အခုချိန်အသက်ငါးဆယ်ကျော်ထိ သားသမီးသုံးယောက်နဲ့အရက်သမားလင်ဆိုးကို သူပဲ ပဲပြုတ်ရောင်းကျွေးနေရတုန်း။
"ဂလုံ ....ဂွမ် "
အိပ်ရာကထဖို့အရေးကို မဆီမဆိုင်ပဲပြုတ်သည် အကြောင်းတွေးနေမိတဲ့ မြရွက်ဝါမှာ နောက်ဖေးမီးဖိုချောင်က အိုးသံခွက်သံတွေကြားလိုက်ရမှ ကမန်းကတန်းကုန်းထပြီး ရေချိုးခန်းဘက်ကို အပြေးအလွှားထွက်ခဲ့လိုက်တယ်။ရေချိုးခန်းထဲဝင်ခါနီးမှာ အစ်မဖြစ်သူမြခွါညိုကိုလှမ်းကြည့်လိုက်မိတယ်။အစ်မဖြစ်သူကလဲ သူမကိုမျက်လုံးပြူးနဲ့လှမ်းကြည့်လာတယ်။မီးမပျက်ခင်ထမင်းစောစောထချက်ရတာမို့ အစ်မမျက်နှာက သိပ်ပြီး ကြည့်ပုံမရဘူး။
" ဘာဟင်းချက်လဲ "
"မျက်လုံးပါရင် ကိုယ့်ဘာသာကြည့်ပါလား "
မြရွက်ဝါရဲ့အမေးကို အစ်မဖြစ်သူက ထုံးစံအတိုင်းအသံမာဆတ်ဆတ်နဲ့ပြန်ဖြေလာတယ်။အစ်မရဲ့ဖြေသံကြောင့် မြရွက်ဝါလဲနှုတ်ခမ်းကိုစူထော်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်တယ်။အစ်မမြခွါညိုကစကားပြောရင် ဒီလိုပဲဘုဆတ်ဆတ်နဲ့လူအမြင်ကပ်အောင်ပြောလေ့ရှိတယ်။စိတ်ရင်းစေတနာကောင်းပေမဲ့ ပါးစပ်ဆိုးတယ်လို့ပဲပြောရမလား။တစ်နေ့မှာရှစ်နာရီလောက်ကို သူ့မျက်နှာကစူပုတ်နေတော့တာ။သူလဲအပျိုဘဝကတော့ ဒီ လိုမဟုတ်ပါဘူး။လူကလှသလိုစကားတောင်ကျယ်ကျယ်ပြောတဲ့သူမဟုတ်ဘူး။အခုလိုမျိုုးပုပ်ပုပ်သိုးသိုးအာပြဲစိန်ဖြစ်လာရတာက သူ့မရဲ့သားတော်မောင်ကြောင့်လို့ပဲပြောရလေမလား။သူ့ရဲ့သားတော်မောင်လဲဖြစ်သလို မြရွက်ဝါရဲ့တူတော်မောင်လဲဖြစ်တဲ့ ရဲမြတ်မောင် လူပျိုပေါက်အရွယ်ကိုရောက်လာကတည်းက သူမလဲလျှာကြမ်းအာကြမ်းအမေကြမ်းဖြစ်လာတော့တာပဲ။ပိုဆိုးသွားတာက ရဲမြတ်မောင်ကလဲ အရွယ်လေးရောက်လာတာနဲ့ ရုပ်ရည်လေးကပိုပြီးကြည့်ကောင်းချောမောလာသလို ပိုပိုပြီးလဲပြောမရဆိုမရလေးဖြစ်လာတာကြောင့်လို့ပဲ ပြောရမလား။အဲ့ဒီတော့လဲ အစ်မဖြစ်သူမြခွါညိုရဲ့မျက်နှာကကြာလေစူပုပ်လာလေဖြစ်လာတော့တာပဲပေါ့။သူ့မျက်နှာကြီးစူပုပ်ထားလေတော့ မြရွက်ဝါမှာအိမ်စရိတ်ပိုပိုသာသာပေးပြီး အစ်မဖြစ်သူနဲ့ထမင်းတစ်အိုးတည်းစားနေရပေမဲ့ သူစိတ်မကြည်ရင်မမေးရဲမပြောရဲဘူးလေ။ဒါပေမဲ့လည်း မြရွက်ဝါဆိုတာကလဲ မြခွါညိုရဲ့ညိမပဲလေ။မြရွက်ဝါလဲ တစ်ခါတစ်ခါဒေါသဖြစ်ရင်ထအော်ပစ်လိုက်တာပေါ့။
" ချလွမ်..ခွမ်း "
" အမေ့..ဘုရားငုတ်တုတ် "
မြရွက်ဝါမျက်နှာသစ် သွားတိုက်နေရင်းကအတွေးပေါင်းစုံတွေးနေမိရာ ရေချိုးခန်းနဲ့ကပ်နေတဲ့မီးဖိုခန်းထဲက အသံတွေကြောင့် ယောင်ယမ်းအော်လိုက်မိပြီး မျက်နှာသစ်တာကိုအမြန်လက်စသပ်လိုက်ရတယ်။လက်စမသပ်လို့လဲမဖြစ်တော့ဘူးလေ။အလုပ်ကို အီးလေးဆွဲလုပ်နေတာနဲ့ပဲ လမ်းလျှောက်ဖို့အချိန်နောက်ကျနေပြီလေ။လမ်းမလျှောက်လို့ကလဲမဖြစ်ဘူး။လူကအသက်သုံးဆယ့်ငါးကျော်လာတော့ ခန္ခာကိုယ်ကအဆီတက်ချင်လာပြီလေ။အစားကလဲ လျှော့မစားနိုင်၊လေ့ကျင့်ခန်းကလဲသိပ်မလုပ်နိုင်ဘူးဆိုတော့ အလွယ်ကူဆုံးနည်းအနေနဲ့ လမ်းလျှောက်ရတော့တာပေါ့။အမေမွေးပေးထားတဲ့ မူလရုပ်သွင်ရုပ်မဆိုးတဆိုးမျက်နှာကို ပြုပြင်ဖန်တီးလို့မရပေမဲ့လဲ ထိန်းသိမ်းလို့ရတဲ့ခန္ဓာကိုယ်အနေအထားကိုတော့ကြိုးစားပြီးထိန်းသိမ်းနေရတာပေါ့။မထိန်းသိမ်းလို့လဲမရဘူးလေ။ညီအစ်မအရင်းချင်းပဲယှဉ်မလား၊ဝမ်းကွဲညီအစ်မတွေနဲ့ပဲယှဉ်မလား ဘယ်သူနဲ့ယှဉ်ယှဉ်မြရွက်ဝါက ရုပ်အဆိုးဆုံးနေရာကနေကိုမဆင်းတော့တာလေ။
~~~~~~~~~
" ဘာပြောတယ်ကွ...မင်းနဲ့ပြဿနာဖြစ်တဲ့သူကဟန်လင်းသန့်ဟုတ်လား....မင်းတော့အကြီးကြီးကွိုင်ပြီဟေ့ကောင်ရေ...နောက်တစ်ခါဆိုရင်မှတ်ထားလိုက်...ဟန်လင်းသန့်ဆိုတဲ့နာမည်ကြားတာနဲ့လက်ရှောင်လိုက်တာအကောင်းဆုံးပဲ "
" ဟ ဘာဖြစ်လို့လဲ...သူကလူမိုက်လား..ဘာကောင်လဲကွ "
အပြောခံရသူ မင်းနိုင်က နားမလည်နိုင်တာမို့မေးလိုက်တယ်။
" အေး ...ဟန်လင်းသန့်ကလူမိုက်တော့မဟုတ်ပါဘူး...ဒါပေမဲ့ လူမိုက်တွေကိုသူ့အိတ်ထောင်ထဲကိုထည့်ထားတဲ့ကောင်ကွ...ပွဲစားလောကမှာ ဟန်လင်းသန့်လို့ပြောလိုက်ရင် မသိသူမရှိသလောက်ပဲ...မင်းကနယ်ကရောက်လာတာမို့မသိသေးတာလား ...ဟန်လင်းသန့်ဆိုတာကားပွဲစား...ကျောက်ပွဲစား..အိမ်ခြံမြေပွဲစားသူအကုန်လုပ်တယ်..ကုန်ကုန်ပြောရရင်ငွေမြိုးမြိုးမြက်မြက်ရတဲ့အလုပ်မှန်သမျှအကုန်လုပ်တယ်...ချမ်းသာသလောက်ငွေကိုအသားကုန်ရှာတယ်...ဒါပေမဲ့သူများအပေါ်တော့ယုတ်မာလေ့မရှိဘူး...အေး
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
A Kyi Phyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932/
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
၁၄
https://www.facebook.com/100067151540690/posts/742989231282788/
၁၅
https://www.facebook.com/100067151540690/posts/743578934557151/
၁၆
https://www.facebook.com/100067151540690/posts/743627364552308/
၁၇
https://www.facebook.com/100067151540690/posts/744157521165959/
၁၈
https://www.facebook.com/100067151540690/posts/744215504493494/
၁၉
https://www.facebook.com/100067151540690/posts/744820244433020/
၂၀
https://www.facebook.com/100067151540690/posts/744865391095172/
၂၁
https://www.facebook.com/100067151540690/posts/745447884370256/
၂၂
https://www.facebook.com/100067151540690/posts/746053474309697/
၂၃
https://www.facebook.com/100067151540690/posts/746091874305857/
၂၄
https://www.facebook.com/100067151540690/posts/746620510919660/
၂၅
https://www.facebook.com/100067151540690/posts/747852280796483/
၂၆
https://www.facebook.com/100067151540690/posts/748398247408553/
၂၇
https://www.facebook.com/100067151540690/posts/749001577348220/
၂၈
https://www.facebook.com/100067151540690/posts/749045954010449/
၂၉
https://www.facebook.com/100067151540690/posts/749603000621411/
၃ဝ
https://www.facebook.com/100067151540690/posts/750159863899058/
၃၁
https://www.facebook.com/100067151540690/posts/751309667117411/
" ခိုင်းစရာမရှိပါဘူး တပေါင်းရယ်...ဒီအချိန်ဆို တပေါင်းမအိပ်သေးမှန်းသိလို့ စကားပြောရအောင်လာခဲ့တာ....နောက်တစ်ပတ်အင်္ဂါနေ့ကျရင် ..မာရီက ပြည်ပပြန်ထွက်မှာလေ..မာ့ရီကိုသိတယ်မဟုတ်လား ..ဒီကိုလာလာနေတဲ့ ခပ်ချောချောကောင်မလေးလေ...သူပြည်ပထွက်တဲ့နေ့ကျရင် ...လေဆိပ်ကိုလိုက်ပို့ပေးရမှာ ...အဲ့ဒါ တပေါင်း...ကိုယ်နဲ့အဖော်လိုက်ခဲ့ပေးပါလားလို့လာပြောတာ "
" ရှင် "
ကိုချမ်းရဲ့ စကားကြောင့် တပေါင်းအူကြောင်ကြောင်နဲ့ကိုချမ်းမော့ကြည့်လိုက်မိတယ်။
" ဟို..ကိုချမ်းပြောတာကို တပေါင်းသိပ်နားမည်ဘူး..သွားမှာက.. ကို ..ကိုချမ်းသွားမှာမဟုတ်ဘူးလားဟင် "
တပေါင်းစိတ်လှုပ်ရှားကာ ထစ်ထစ်ငေါ့ငေါ့နဲ့မေးလိုက်မိတယ်။
" ဟင် ..ကိုယ်မသွားပါဘူးကွာ...ဒီမှာအလုပ်တွေများနေတာကို ပညာတော်သင်လဲမသွားနိုင်ပါဘူး...အိမ်ထောင်ကျပြီးရင်တော့... မွေးစားမိဘတွေဆီကို အလည်သွားရအုံးမှာပေါ့ ..မွေးစားမိဘတွေက ဟိုမှာနိုင်ငံသားခံယူလိုက်ကြပြီလေ..ဒီကိုသိပ်ပြီးလာမှာမဟုတ်တော့ဘူး ..ကိုယ်သွားလည်ရင်် တပေါင်းလဲ အလည်လိုက်မှာမဟုတ်လား "
" ရှင် .......မလို.....လိုက်မလည် တော့ပါဘူး...တော်ကြာ ကိုချမ်းကောင်မလေးက မကြိုက်ဘဲနေလိမ့်မယ် "
ကိုချမ်းရဲ့အမေးကြောင့် တပေါင်းတုန်ယင်ထစ်ငေါ့စွာနဲ့ပြန်ဖြေလိုက်မိတယ်။
" အင်း...ဒါတော့ ဟုတ်တယ်..သူစိတ်ဆိုးမှာလား ..စိတ်မဆိုးဘူးလားဆိုတာကိုတော့ ..ကိုယ်လဲသေချာမသိသေးဘူး ..သူ့ကိုမေးရအုံးမှာပဲ "
ပြောရင်းနဲ့ ကိုချမ်းက တပေါင်းဘေးနားမှာထိုင်ချလိုက်ပြီး တပေါင်းမျက်နှာလေးကို သေချားစူးစိုက်ကြည့်လိုက်တယ်။
စူးရဲလှတဲ့ ကိုချမ်းရဲ့အကြည့်တွေကြောင့် တပေါင်းမှာရင်ခုန်သံတွေမြန်ဆန်လာခဲ့ပြီး အကြည့်တွေကို ကမန်းကတန်းလွဲဖယ်လိုက်ရတယ်။
" တပေါင်း "
ကိုချမ်းနှုတ်ကနေ ခေါ်သံခပ်တိုးတိုးထွက်လာခဲ့တယ်။ တပေါင်း မဝံ့မရဲနဲ့မောကြည့်လိုက်မိတယ်။
" ကိုယ်နဲ့မာရီက သူငယ်ချင်းတွေပါ "
ကိုချမ်းရဲ့ခပ်တိုးတိုးစကားသံမှာ တပေါင်းရဲ့ရင်ခုန်သံတွေဝုန်ဒိုင်းကြဲသွားခဲ့တယ်။
" တပေါင်းက ..ကိုယ်နဲ့မာရီကို အထင်လွဲနေတာလား ....ကိုယ်နဲ့မာရီကဘာမှမဆိုင်ပါဘူး..ကိုယ်မှာ ငယ်ငယ်ကတည်းကချစ်နေခဲ့မိတဲ့ကောင်မလေးရှိပါတယ်"
လှိုက်ခနဲ့ဝမ်းသာခုန်လှုပ်သွားမိတဲ့ နှလုံးသားက ကိုချမ်းရဲ့နောက်ဆက်တွဲစကားကြောင့် ပြန်လည်အေးစက်တောင့်တင်းသွားရပြန်တယ်။
" သူကဘယ်သူလဲဆိုတော့ ..ကိုယ်အသက်ဆယ့်နှစ်နှစ်ကျော်လောက်က .... ရပ်ကွက်ရုံးတစ်ခုမှာသူနဲ့ဆုံခဲ့ကြတာလေ ...အသားဖြူဖြူမျက်လုံးပြူးပြူးနဲ့သိပ်ကိုချစ်စရာကောင်းတဲ့ကောင်မလေးပေါ့ ...အဲ့ဒီနေ့က မမျှော်လင့်ဘဲ ...နှစ်ယောက်အတူတူ ထမင်းစားဖြစ်ကြရင်းနဲ့ ကောင်မလေးကိုပိုပြီးသံယောဇဉ်ဖြစ်မိသွားခဲ့တယ် ...ဒီလိုနဲ့ပဲ အဲ့ဒီကောင်မလေးကို အခုချိန်ထိ မမေ့နိုင်ဘဲဖြစ်နေခဲ့မိတာ "
"ဟုတ်ကဲ့ ...ဟင်... ရှင် "
ကိုချမ်းရဲ့စကားအဆုံးမှာ တပေါင်းအံ့ဩတုန်လှုပ်ကာမျက်လုံးအပြူးသားနဲ့ကိုချမ်းကို မော့ကြည့်လိုက်မိတယ်။ဒီအခါ ကိုချမ်းကချစ်ရည်ရွှန်းလဲ့နေတဲ့မျက်လုံးတွေနဲ့ တပေါင်းကိုသေချာစူးစိူက်ကြည့်နေရင်းကနေ တပေါင်းရဲ့လက်ကလေးတစ်ဖက်ကို ခပ်ဖွဖွလေးဆွဲယူဆုပ်ကိုင်လိုက်တယ်။
" တပေါင်းကို...ကိုယ်ချစ်တယ်...ဟိုငယ်ငယ်လေးကတည်းက တပေါင်းကိုမြင်ပြီး သံယောဇဉ်တွယ်ပြီးချစ်ခဲမိတာ...ဖြစ်နိုင်မယ်ဆိုရင် တပေါင်းနဲ့လက်ထပ်ချင်တယ်....တပေါင်းကရော ...ကိုယ့်အပေါ်မှာဘယ်လိုသဘောထားလဲဆိုတာကို သိချင်တယ် "
မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ စကားတွေကိုကြားလိုက်ရတော့ တပေါင်းမယုံကြည်နိုင်ဘဲ ကြောင်အအကြီးဖြစ်နေမိတယ်။ဒါဟာတကယ်လား။အိပ်မက်လားလို့ တပေါင်းမဝေခွဲနိုင်ဖြစ်နေမိတယ်။
" ဖြေပါအုံး တပေါင်းရယ်...တပေါင်းဆီက အဖြေက်ို ကိုယ်သိချင်တယ်....ကိုယ်ကတော့ တပေါင်းကိုချစ်တယ်..တပေါင်းနဲ့လက်ထပ်ပြီးတော့ ...ပန်းပျိုးလက်ရဲ့ပရဟိတလုပ်ငန်းတွေကို နှစ်ယောက်အတူလက်တွဲပြီးလုပ်ဆောင်သွားချင်တယ်..ကိုယ့်အချစ်ကိုလက်ခံနိုင်မလား "
ဖြစ်ပျက်နေတဲ့ အရာရာကိုတပေါင်းမယုံကြည်နိုင်ဘဲ ကိုချမ်းရဲ့မျက်နှာကိုငေးကြောင်ကြည့်နေမိတယ်။နှလုံးသားကတဆတ်ဆတ်ခုန်နေရင်းက အိပ်မက်လေများလားလို့် အယောင်ယောင်အမှားမှားနဲ့တွေးနေမိတယ်။
" ကိုယ်ကိုဖြေပါအုံး တပေါင်းရယ်...ကိုယ့်ရဲ့အချစ်ကိုလက်မခံနိုင်ဘူးလားဟင် "
ကိုချမ်းဆီက မေးသံတိုးတိုးထပ်ပြီးထွက်လာတော့မှ တပေါင်းတုန်တုန်ယင်ယင်နဲ့ပဲ ကိုချမ်းကိုကြည့်လိုက်မိပြီး ခေါင်းကိုငြိမ့်ပြလိုက်မိတယ်။
" တ..တပေါင်းလဲ ကိုချမ်းကိုချစ်ပါတယ်..."
" ဟာ..ဝမ်းသားလိုက်တာ တပေါင်းရယ်....ကိုယ်အရမ်းဝမ်သာတာပဲကွာ "
ကိုချမ်းကဝမ်းသာအားရပြောလိုက်ရင်းနဲ့ တပေါင်းရဲ့ခပ်သွယ်သွယ်ကိုယ်လုံးလေးကို မရဲတရဲနဲ့လှမ်းပြီးပွေ့ဖက်လိုက်တယ်။တပေါင်းလဲ ရှက်နေပေမဲ့ရုန်းမထွက်နိုင်တော့ဘဲ ကိုချမ်းရဲ့ရင်ခွင်ထဲမှာ ကြည်နူးရင်ခုန်စွာငြိမ်သက်နေမိတယ်။
=================================
ပြီးပါပြီ
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
မနွေးရဲ့ စကားကြောင့် ကိုချမ်းအံ့ဩသွားပြီး မနွေးကို မော့ကြည့်လိုက်မိတယ်။
" ဟုတ်တယ် ကိုချမ်း ... မာရီနဲ့ ကိုချမ်းက ဘယ်လိုအခြေအနေလဲဟင်..နှစ်ယောက်ချစ်သူတွေလား ... လက်ထပ်ကြမှာလား "
" ဗျာ .. ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေမဟုတ်ကြပါဘူးမနွေးရဲ့ ... မာရီ့မိဘတွေနဲ့မာမီတို့ရဲ့ဆန္ဒပါ...မာရီ့အပေါ် ညီမလေးတစ်ယောက်လိုပဲ သဘောထားကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါပြီ ....သူလဲကျောင်းတက်ဖို့ ပြန်သွားတော့မှာလဲ ...အဲ့ဒါ ကျွန်တော့်ကိုပါ ခေါ်နေလို့ ... ပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်.... မာရီ့မိဘတွေကလဲပြည်တွင်းက အလှူရှင်တွေရှာပေးနေတာဆိုတော့ အထင်မလွဲအောင်လဲ..သေချာပြောရသေးတယ် မနွေးရယ် "
ကိုချမ်းက မနွေးကို သေသေချာချာရှင်းပြလိုက်တယ် ။မနွေးနဲ့ကိုချမ်းရဲ့ကြားမှာ လျှို့ဝှက်စရာရယ်လို့လဲမရှိ။သူတို့နှစ်ယောက် ဆက်ဆံရေးက မောင်နှမအရင်းတွေလိုဖြစ်နေခဲ့တာလေ။
" ဒါဆို မေးရအုံးမယ် ...မနွေးမေးတာကို အမှန်တိုင်းဖြေနော် ကိုချမ်း "
" မနွေးကလဲ အထူးအဆန်းလုပ်ပြီး ပြောနေရသေးလားဗျာ....ကျွန်တော်ကဘယ်တုန်းက ညာဖူးလို့လဲ "
" ဟုတ်ပါပြီ ..ဒါဆိုမေးမယ်နော် ....တပေါင်းနဲ့ပတ်သက်ပြီး ကိုချမ်းရဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ ...မနွေးအမှန်တိုင်းသိချင်တယ်ကွယ် "
" ဗျာ "
မထင်မှတ်ထားတဲ့ မနွေးရဲ့အမေးကြောင့် ကိုချမ်း အလန့်တကြားနဲ့ မနွေးကို ကြည့်လိုက်မိတယ်။
"ဒီ...ဒီမေးခွန်းကို ...ဘာ ..ဘာဖြစ်လို့မေးတာလဲ မနွေး "
" ဘာဖြစ်လို့ မေးတာလဲဆိုတော့ တပေါင်းနဲ့ပတ်သက်ရင် ကိုချမ်းအမူအရာတွေက အရမ်းကို သိသာနေလို့လေ ... ကျန်တာတွေကို မပြောနဲ့အုံး ... တပေါင်းအိမ်ပြန်တဲ့နေ့ကလဲ....မာ့ရီတို့မိဘတွေနဲ့အရေးတကြီးကိစ္စပြောနေတာကိုထားခဲ့ပြီး ...တပေါင်းဆီကို ချက်ချင်းလိုက်သွားခဲ့တယ်မဟုတ်လား.....ပြီးတော့ တပေါင်း ဘုရားသွားတဲ့နေ့ကလဲ ...ကိုချမ်းတိတ်တိတ်လေးလိုက်သွားခဲ့တယ်လေ "
မနွေးရဲ့စကားကြောင့် ကိုချမ်း ဘာမှမပြောနိုင်တော့ဘဲ ငြိမ်သက်နေမိတယ်။
" တပေါင်းကို ချစ်နေတာမဟုတ်လားကိုချမ်း ....မနွေးကိုမညာနဲ့အမှန်တိုင်းဖြေပါ "
မနွေးရဲ့မေးခွန်းကြောင့် ကိုချမ်းရှက်ပြီးတော်တော်နဲ့ မဖြေနိုင်ဘဲဖြစ်နေမိတယ်။
" ဖြေလေကိုချမ်း ... ဘာလို့ မဖြေတာလဲ ...ဘာလဲ...တပေါင်းရဲ့ခြေထောက်ကြောင့်များ ...ပြောရခက်နေလား "
" ဟာ ..မဟုတ်ပါဘူးမနွေးရယ်....ကျွန်တော်က အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး...အမှန် တိုင်းပြောရရင် ....အချစ်ဆိုတာကိုလဲ ..ကျွန်တော်လဲသေချာမသိခဲ့ပါဘူး ..ကျွန်တော့်တစ်ဘဝလုံးကိုပန်းပျိုးလက်မှာပဲ မြှုပ်နှံမယ်လို့ရည်ရွယ်ထားခဲ့တာ ...ဒါပေမဲ့ တပေါင်းကိုပြန်တွေ့ရချိန်မှာ ..ကျွန်တော့်စိတ်တွေ ပြောင်းလဲခဲ့တယ်.... ဟုတ်ပါတယ်...တပေါင်းကိုကျွန်တော်ချစ်တယ် မနွေး... ကြီးကြီးကျယ်ကျယ်ပြောရရင်အခုမှချစ်မိတာမဟုတ်ဘဲ ... ဟိုငယ်ငယ်လေးကတည်းက ..သနားပြီးချစ်ခဲ့မိတာထင်တယ် "
ကိုချမ်းရဲ့အဖြေစကားကြောင့် မနွေးကျေနပ်စွာ
ပြုံးလိုက်ပြီး
" ဒါဆိုကြာပြီပဲပေါ့...ဒါနဲ့များ ....ဘာမှဖွင့်မပြောဘဲနေခဲ့ရလား ကိုချမ်းရယ် ..."
" ဟို...အဲ့ဒါက ... ကျွန်တော့်ကို အခွင့်အရေးယူတယ်လို့ ထင်မှာစိုးလို့ပါ "
" ဖြစ်ရလေကိုချမ်းရယ်...အဲ့ဒီလိုသာလုပ်နေရင်တော့ ...ကျန်ရစ်ဖြစ်တော့မှာပဲ....မနွေး သိသလောက်တော့ ..တပေါင်းကိုကြည့်ရတာ ...တစ်နေရာရာကို ထွက်သွားတော့မယ်ထင်တယ် ... "
" ဗျာ .. တ...တကယ်လား မနွေး..ဘာလို့လဲ .... ဟုတ်ရဲ့လားဗျာ "
" အင်း ...ထင်တာပဲ ... .. ဘာလို့လဲဆိုတာကို သေချာမသိပေမဲ့...မာရီနဲ့ကိုချမ်းကိုအထင်လွဲပြီး ထွက်ပြေးတာလို့ထင်တာပဲ .....ဖုန်းပြောနေသံသဲ့သဲ့ကြားလိုက်တာတော့ အဆောင်စုံစမ်းနေတယ်ထင်တယ် ....ဒီထက်နောက်မကျခင် ...ပြောစရာရှိတာကို ပြောလိုက်ပါ .."
" သူ...အဆောင်စုံစမ်းနေတယ်ဟုတ်လား..မနွေး "
မနွေးရဲ့ စကားကြောင့် ကိုချမ်းအံ့ဩထိတ်လန့်စွာ ပြန်မေးလိုက်ရင်းနဲ့ထိုင်နေရာက ဝုန်းခနဲ ထရပ်လိုက်မိတယ်။
~~~~~~
ဝရန်တာမှာထိုင်ပြီး ခြံဝန်းထဲကို တပေါင်းငေးကြည့်နေမိတယ်။နောက်တစ်ပတ်ဆိုရင် ကိုချမ်းမြန်မာပြည်ကနေထွက်သွားတော့မယ်။ဒီလိုဆိုရင် ကိုချမ်းထွက်မသွားခင် တပေါင်းဘက်ကအရင်ထွက်သွားနိုင်အောင်ကြိုးစားရလိမ့်မယ်။ကိုချမ်းထွက်သွားတာကို ကြည့်နေဖိုအတွက် နှလုံးသားကခံနိုင်ရည်အားမရှိဘူးလေ။အားလုံးကိုပြောပြီးမှသွားရင်လဲ မနွေးတို့က ခွင့်ပြုလိမ့်မယ်မထင်ဘူး။ဒါကြောင့် ဘယ်သူမှမသိအောင်တိတ်တဆိတ်ထွက်သွားဖို့ရန် တပေါင်းစိးစဉ်ထားခဲ့တယ်။ကို ချမ်းထွက်သွားမဲ့နေ့မတိုင်မီတစ်ရက်အလိုမှာ တပေါင်းထွက်သွားဖို့ရန်တိတ်တဆိတ်စီစဉ်ထားခဲ့တယ်။
" တပေါင်း ..မအိပ်သေးဘူးလား "
" ကို..ကိုချမ်း"
ရုတ်တရက်မေးသံနဲ့အတူ အနားကိုရောက်လာတဲ့ ကိုချမ်းကြောင့် တပေါင်းလန့်ဖျပ်သွားမိတယ်။
" ဘာတွေစဉ်းစားနေတာလဲ ..ကိုယ့်ကိုပြောပြလို့ရမလား "
" ရှင် "
ကိုချမ်းရဲ့အမေးကြောင့် တပေါင်းလန့်ကာ ဆတ်ခနဲတုန်သွားမိတယ်။
" ဟို..ဟို,,ဘာမှမစဉ်စားပါဘူး ကိုချမ်း,,,တပေါင်းကိုဘာခိုင်းစရာရှိလို့လဲဟင် "
တပေါင်းတုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၂) (ဇာတ်သိမ်းပိုင်း )
akyiphyu
*********
ကိုချမ်းရဲ့ကောင်မလေးရောက်နေတာကို တပေါင်းလုံးဝကိုမသိခဲ့တာပါ။သိခဲ့ရင်လာခဲ့မှာ မဟုတ်ဘူး။၊အခုတော့ အခန်းရှေ့မှာ ရှေ့ဆက်ရမလိုနောက်ဆုတ်ရမလိုနဲ့ ဘာဆက်လုပ်ရမှန်းမသိဘဲတွေဝေကာရပ်နေမိတယ်။
" ကိုချမ်းအသက်လဲငယ်သေးတာပဲ ...ပညာဆက်သင်အုံးပေါ့...ဒီကအလုပ်တွေက ကိုသက်တို့မနွေးတို့နဲ့လဲ လွှဲပေးထားလို့ရတာပဲလေ..ပြီးတော့ မေမေတို့ဖေဖေတို့ကလဲ ဝိုင်းကူညီပေးနေတာပဲလေ .....ပညာကငယ်တုန်းကသင်ရတာ..မာရီကတော့ ကိုချမ်းနဲ့သွားရမယ်ဆိုပြီး ပျော်နေမိတာ ...ဟိုရောက်ရင် နေဖို့အခန်းလဲ စီစဉ်ပြီးသွားပြီ...ဘာပဲဖြစ်ဖြစ်ပါ ..နောက်တစ်ပတ်အင်္ဂါနေ့ သွားမှာနော် ... သွားမဲ့ရက်ကိုလဲ မေ့နေအုံးမယ် "
ကြားလိုက်ရတဲ့စကားတွေကြောင့် တပေါင်းမျက်လုံးတွေပြာခနဲဖြစ်သွားမိတယ်။ကိုချမ်းနဲ့သူမကြားမှာ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့ ကိုချမ်းတစ်ယောက် နိုင်ငံရပ်ခြားကိုထွက်သွားတော့မယ်ဆိုတဲ့အကြောင်းကို ကြားလိုက်ရတော့ ရင်ထဲမှာတလှိုက်လှိုက်နဲ့ဆို့နင့်လာမိတယ်။လည်ချောင်းတစ်လျောက် မီးစနဲ့အထိုးခံထားရသလို နာကျင်ပူလောင်လာမိတယ်။ဆက်ပြီးရပ်နေနိုင်စွမ်းမရှိတာမို့ အခန်းရှေ့ကနေ တပေါင်းအားတင်းကာလှည့်ထွက်ခဲ့လိုက်တယ်။
~~~~~~~
" တပေါင်း ..ဘာဖြစ်လို့လဲ...ကိုချမ်းဆူလိုက်လို့လားဟင် "
မျက်နှာပျက်ပျက်နဲ့ ပြန်ရောက်လာတဲ့ တပေါင်းကိုကြည့်ပြီး မနွေးစိုးရိမ်ပူပန်ကာ မေးလိုက်တယ်။
" မ..မဆူပါဘူး မနွေး....တပေါင်းသိပ်ပြီးနေမကောင်းလို့ပါ....ကိုချမ်းက ဧည့်သည်ရောက်နေလို့....ဖိုင်တွေမပို့ခဲ့ဘူး "
"ဪ ....မာရီရောက်နေပြန်ပြီလား ..."
မနွေးက မေးလိုက်ရင်းနဲ့ တပေါင်းရဲ့မျက်နှာလေးကိုခပ်ငေးငေးကြည့်နေလိုက်တယ်။
~~~~~~~~
" တပေါင်း "
အသံနဲ့အတူ အလုပ်ခန်းရှေ့မှာရပ်နေသူက ဖိုးဇင်။တပေါင်းက ဖိုးဇင်ကိုခပ်ငေးငေးကြည့်နေမိတယ်။
" မနွေး..ကျွန်တော်တပေါင်းနဲ့စကားနည်းနည်းလောက်ပြောချင်လို့် ခဏလောက်ခွင့်ပြုပေးပါနော် "
ဖိုးဇင်က မနွေးဆီမှာအရင်ခွင့်တောင်းလိုက်တယ်။မနွေးဆီက ခွင့်ပြုချက်ကိုရတဲ့အခါမှာတော့ တပေါင်းကိုခပ်ငေးငေးနဲ့လှမ်းကြည့်တယ်။တပေါင်းထိုင်နေရာက ထလိုက်ပြီးဧည့်သည်ခန်းဆီကိုထွက်ခဲ့လိုက်တယ်။
~~~~~~~~~~~
" အားလုံးအတွက် တောင်းပန်ပါတယ် တပေါင်းရယ်...အမေနဲ့ဒေါ်သိန်းနုတို့ သင်တန်းကျောင်းအထိလိုက်လာခဲ့ကြတာကိုလဲ မနွေးပြောပြမှသိတာပါ ...အမေက ဒီလောက်အထိဆိုးလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ ...ဘာပဲဖြစ်ဖြစ်အားလုံးအတွက် တောင်းပန်ပါတယ်...ပြီးတော့ ငါ ...နင့်ကို လာနှုတ်ဆက်တာပါ ..ငါ့ကိုသူငယ်ချင်းတစ်ယောက်အဖြစ်တော့ ခင်မင်ခွင့်ပြုပါတပေါင်းရယ်...ငါတောင်းပန်ပါတယ်ဟာ "
ဖိုးဇင်ကယောက်ျားတန်မဲ့ မျက်ရည်ကျကာပြောလိုက်တယ်။ငိုသံစွက်နေတဲ့ ဖိုးဇင်ကို တပေါင်းမော့ကြည့်လိုက်မိတယ်။
" ရပါတယ်ဖိုးဇင်...ငါစိတ်မဆိုးပါဘူးဟာ...ငါ့အဖေကိုယ်တိုင်ငါ့အပေါ်မှာ တန်းဖိုးမထားခဲ့လို့ ..တခြားလူကလဲ ငါ့ကိုအထင်သေးခဲ့တာပေါ့ ..မိဘကိုယ်တိုင်က သားသမီးကိုအထင်သေးပြီးနှိမ်ချနေရင်း ...တခြားသူကလဲ ဒီလိုပဲနေမှာလေ...ငါ့အတွက်တော့ နင့်အမေရော..ငါ့အဖေပါ အတိတ်ကအဖြစ်ပျက်တွေဖြစ်သွားပြီမို့ ..ကိစ္စမရှိပါဘူးဟာ ..ငါအားလုံးကိုနားလည်ပါတယ်..ဒါနဲ့နင်ဘယ်ကို သွားမလို့လဲ ..နိုင်ငံခြားထွက်မလို့လား "
" အင်း..ဟုတ်တယ်...ဒီမှာကလေးတွေအတွက် စီစဉ်သင့်တာတွေ စီစဉ်ပေးခဲ့ပြီး ...ပြန်ထွက်တော့မယ်..တော်တော်နဲ့တော့ ပြန်လာဖြစ်တော့မယ်မထင်ဘူး ..ဟိုမှာ အလုပ်အကိုင်အခြေကျတာနဲ့..ညီတွေညီမတွေကို လှမ်းခေါ်ဖို့စိစဉ်ထားတယ် "
" အင်း ကောင်းပါတယ်..အဆင်ပြေမှာပါ ...အဆင်ပြေပါစေသူငယ်ချင်း.."
နှစ်ယောက်သား စကားပြောနေကြရင်းနဲ့ အတော်ကြာတိတ်ဆိတ်သွားပြန်တယ်။နှစ်ယောက်တွေ့တိုင်း စကားတွေပြောလို့မကုန်အောင် ရှိခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကြားမှာ မမြင်ရတဲ့စည်းတစ်ခုခြားသွားခဲ့တာကတော့ အမှန်ပါပဲ။ပြောစရာတွေ လုံးဝမရှိတော့သလိုတိတ်ဆိတ်သွားတဲ့ နှစ်ယောက်ကြားမှာ ဖိုးဇင်သက်ပြင်းကိုချကာ ထိုင်နေရာကထဖို့ဟန်ပြင်လိုက်ပြီး တပေါင်းကိုနှုတ်ဆက်လိုက်တယ်။
" ငါ သွားတော့မယ်နော် တပေါင်း ...လိုင်းပေါ်ကနေ တစ်ခါတလေစာပို့မှာမို့..နင်အားတဲ့အခါတော့ စားပြန်ပို့ပေးပါ...ငါလဲချက်ချင်းတော့ သွားရမှာမဟုတ်သေးပါဘူး...ဒါပေမဲ့ ဒီကြားထဲမှာ နင့်ကိုလာမတွေ့တော့ဘူးနော် ..ငါသွားတော့မယ်နော် "
" အင်းပါ..ကျန်းမားရေးဂရုစိုက်နော် "
တပေါင်းဘက်က ဒါပဲပြောပြီး နှုတ်ဆိတ်ကာနေလိုက်တယ်။ဖိုးဇင်ရဲ့ခြေသံကတဖြည်းဖြည်းဝေးသွားတာကို နားထောင်ပြီး ထိုင်နေရာကနေ တပေါင်းထရပ်လိုက်တယ်။
~~~~~~~~~~~
" မနွေးတို့ စကားခဏပြောရအောင် ..ကိုချမ်းအချိန်ရရဲ့လား "
" ဟုတ်ကဲ့ ....အချိန်ရပါတယ်မနွေး ....အရေးကြီးကိစ္စများလား "
" အင်း ...မနွေးကိစ္စမဟုတ်ပါဘူး ...ကိုချမ်းရဲ့ ကိစ္စပါ "
" ဗျာ ..ကျွန်တော့်ကိစ္စလား "
" အင်းပါ ... ကျန်းမာရေးလဲ ဂရုစိုက်နော် ...စာဖောင်တွေပြီးပြီဆိုရင် ... ဖိုင်တွေကိုချမ်းတို့အခန်းကို သွားပို့ပေးပါလား တပေါင်း...ကိုသက်တို့လဲ မရှိကြဘူးဆိုတော့... လာယူမဲ့သူမရှိဘူးဖြစ်နေလို့...တပေါင်းပဲသွားပို့ပေးလိုက်ပါနော် "
" ရှင် ..ကိုချမ်းရဲ့ အခန်းကိုလား "
ကိုချမ်းရဲ့အခန်းဆိုတဲ့ စကားကြောင့် တပေါင်းရင်ထဲ လှုပ်ရှားတုန်ခါသွားရတယ်။ မသွားချင်ပေမဲ့လဲ သွားမှဖြစ်မှာဆိုတော့ သက်ပြင်းမောကိုသာ ချလိုက်မိတယ်။
တပေါင်းအလုပ်ခန်းထဲကထွက်လာခဲ့ပြီး ကိုချမ်းရဲ့ အခန်းဆီကို လျှောက်သွားလိုက်တယ်။အခန်းရှေ့ကိုအရောက်မှာ တံခါးခေါက်ဖို့ရန် လက်တွန့်နေခဲ့ပြီးမှ သတ္တိမွေးကာအခန်းတံခါးကို ဆွဲဖွင့်ဖို့လက်ရွယ်လိုက်ချိန်မှာပဲ အခန်းထဲကစကားပြောသံခပ်သဲ့သဲ့ကိုကြားလိုက်ရတာမို့ တပေါင်းရဲ့လက်တွေရပ်တန့်သွားရတယ်။ခပ်ဟဟပွင့်နေတဲ့ အခန်းထဲကို တပေါင်းအသာချောင်းကြည့်လိုက်မိတယ်။ဒီအခါ အခန်းထဲမှာ ကိုချမ်းနဲ့သူ့ကောင်မလေးကို တွေ့မြင်လိုက်ရတာမို့ တပေါင်းလန့်ဖျပ်သွားမိတယ်။
=================================
အပိုင်း (၃၂) (ဇာတ်သိမ်းပိုင်းဆက်ရန် )
(ည ၈နာရီကျော်မှာ ဇာတ်သိမ်းပိုင်းတင်ပါမယ်ရှင်
A Kyi Phyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932/
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
၁၄
https://www.facebook.com/100067151540690/posts/742989231282788/
၁၅
https://www.facebook.com/100067151540690/posts/743578934557151/
၁၆
https://www.facebook.com/100067151540690/posts/743627364552308/
၁၇
https://www.facebook.com/100067151540690/posts/744157521165959/
၁၈
https://www.facebook.com/100067151540690/posts/744215504493494/
၁၉
https://www.facebook.com/100067151540690/posts/744820244433020/
၂၀
https://www.facebook.com/100067151540690/posts/744865391095172/
၂၁
https://www.facebook.com/100067151540690/posts/745447884370256/
၂၂
https://www.facebook.com/100067151540690/posts/746053474309697/
၂၃
https://www.facebook.com/100067151540690/posts/746091874305857/
၂၄
https://www.facebook.com/100067151540690/posts/746620510919660/
၂၅
https://www.facebook.com/100067151540690/posts/747852280796483/
၂၆
https://www.facebook.com/100067151540690/posts/748398247408553/
၂၇
https://www.facebook.com/100067151540690/posts/749001577348220/
၂၈
https://www.facebook.com/100067151540690/posts/749045954010449/
၂၉
https://www.facebook.com/100067151540690/posts/749603000621411/
၃ဝ
https://www.facebook.com/100067151540690/posts/750159863899058/
ဒီနေ့အဖေ့ရက်လည်နေ့။ရပ်ကွက်ထဲကို တပေါင်းမသွားတော့ဘဲ ရွှေတိဂုံဘုရားကိုပဲ တစ်ယောက်တည်းထွက်လာခဲ့လိုက်တယ်။ကိုချမ်းက လိုက်ပို့ပေးမယ်လို့ ပြောခဲ့ပေမဲ့ တပေါင်းတစ်ယောက်တည်း အစောကြီးခိုးထွက်လာခဲ့တာ။ဒီနေ့ကစလို့ ကိုချမ်းနဲ့ခပ်ဝေးဝေးနေဖို့ တပေါင်းဆုံးဖြတ်ထားတယ်။ကိုချမ်းရဲ့ ဖြူစင်တဲ့မေတ္တာစေတနာတွေကို မစော်ကားမိအောင် တပေါင်းးဘက်က ဆင်ဆင်ခြင်ခြင်နေဖို့တွေးထားခဲ့တယ်။သိပ်မကြာခင်အချိန်မှာ သင်တန်းကျောင်းကနေထွက်သွားဖို့ကိုလဲ တပေါင်းဆုံးဖြတ်ထားခဲ့ပြီးပါပြီ။
ဘုရားပေါ်ရောက်တော့ မိဘနှစ်ပါးလုံးအတွက် ရည်စူးပြီး လှူဒါန်းကာအမျှပေးဝေလိုက်တယ်။သားသမီးတစ်ယောက်အနေနဲ့ ဒီထက်ပိုပြီး လုပ်ပေးချင်ပေမဲ့လဲ လုပ်မပေးနိုင်တဲ့အတွက်လဲ စိတ်ထဲမှာတော့ မကောင်းဖြစ်နေမိတယ်။မိဘတွေအတွက် အလှူဆွမ်းလေးကပ်ဖို့တောင် အိမ်ရယ်လို့ မရှိခဲ့ဘူးလေ။မိဘနှစ်ပါးလုံးကိုယ်တိုင် ကြိုးစားစုဆောင်းခဲ့တဲ့ အိမ်လေးကလဲ အခုချိန်မှာတော့ တခြားသူစံစားရာဖြစ်သွားခဲ့ပါပြီ။
တပေါင်းဘုးရားရင်ပြင်ပေါ်မှာသုံးပတ်ပတ်ကာပူဇော်ပြီးတော့ မွေးနံထောင့်မှာထိုင်ကာ ဘုရားကိုဦးချကန်တော့လိုက်တယ်။ပြီးနောက် လူးရှင်းတဲ့ တစ်နေရာမှာ ငြိမ်သက်စွာ ထိုင်နေမိတယ်။
~~~~~~~~~~~~
" တပေါင်း ..ကားပေါ်တက် "
ဘုရားရင်ပြင်တော်ပေါ်က တပေါင်းဆင်းလာခဲ့ပြီးနောက် ဗဟန်းသုံးလမ်းမှတ်တိုင်မှာ ကားစောင့်နေလိုက်တယ်။ဒီအချိန်မှာပဲ တပေါင်းရပ်နေတဲရှေ့ကို ကိုချမ်းရဲ့ကားထိုးရပ်လာတာကိုတွေ့လိုက်ရတယ်။
" ကားမှတ်တိုင်မှာ အကြာကြိးရပ်နေလို့မကောင်းဘူးကွ....ကားပေါ်မြန်မြန်တက်လေကွာ..."
ကိုချမ်းက ခပ်လောလောလှမ်းပြောတာမို့ တပေါင်းမတက်ချင်တက်ချင်နဲ့ဘဲ ကားပေါ်ကိုတက်လိုက်ရတယ်။သူ့ကိုရှောင်ဖို့ ဘုရားကိုအစောကြိးထွက်လာခဲ့ပါတယ်ဆိုမှ သူကဘုရားအထိတောင်လိုက်လာခဲ့တာလား။ဒါမှမဟုတ် ဒီတစ်ခါရောလမ်းကြုံတာလား။ အချိန်က နေ့ခင်းတစ်နာရီကျော်ဆိုတော့ ကောင်းကင်ထက်မှာနေကချစ်ချစ်တောက်ပူနေခဲ့ပြီ။ဒီအချိန်ကြိး မြို့ထဲဘက်ကိုဘာကိစ္စနဲ့ရောက်လာတာလဲ ။တပေါင်းကိုများ တကူးတကလာရှာလေသလား။ကိုယ့်ဘက်ကိုယ့်ယက်တဲ့အတွေးတွေနဲ့ တပေါင်းရင်ထဲ သိမ့်ခနဲလှုပ်ရှားသွားမိတယ်။
" ခါးပတ်ပတ်ပေးမယ်နော် "
ပြောပြောဆိုဆိုနဲ့ ကိုချမ်းက သူမနားကို တိုးကပ်လာပြီး ခါးပတ်ပတ်ကိုပတ်ပေးနေတာမို့ တပေါင်းမှာ အသက်မရှူရဲဘဲယောင်ယမ်းကာ အသက်ကိုအောင့်ထားလိုက်မိတယ်။
" တပေါင်း "
ကိုချမ်းဆီက ခပ်တိုးတိုးခေါ်သံကြောင့် တပေါင်းမဝံ့မရဲနဲ့မော့ကြည့်လိုက်မိတယ်။ ဒီအခါ အေးစက်ရင့်ကျက်နေပြီးလို့ ထင်နေခဲ့မိတဲ့ ရင်ခုန်သံတွေက တဒိန်းဒိန်းလှုပ်ရှားကာနေခဲ့မိပြန်တယ်။
" တပေါင်းကိုပြောစရာရှိတယ်...စိတ်မကောင်းတော့မဖြစ်နဲ့နော် ..."
စိတ်မကောင်းတော့မဖြစ်နဲ့နော်ဆိုတဲ့ စကားကြောင့် တပေါင်းရင်ထဲထိတ်ခနဲလှုပ်ရှားသွားကာ ကိုချမ်းကိုထိတ်ထိတ်လန့်လန့်နဲ့ မော့ကြည့်လိုက်မိတယ်။တပေါင်းအတွက် စိတ်မကောင်းစရာသတင်းတဲ့ ။ခုချိန်မှာတော့ တပေါင်းအတွက် ရင်နာစေမဲ့သတင်းက သိပ်များများစားစားမရှိတော့ဘူးလေ။အဲ့ဒီသတင်းကလဲ ကိုချမ်းနဲ့ပတ်သက်တဲ့သတင်းပဲရှိတာပါ။ကျန်တဲ့ကိစ္စတွေကိုတော့ တပေါင်းရင်ထဲမှာ ပူပန်စရာရယ်လို့လဲ မရှိတော့ပါဘူးလေ။
" ပြောရမှာတော့ ..စိတ်မကောင်းစရာပဲပေါ့ ....ဒါပေမဲ့လဲ ကံစီမံရာပေါ့လေ "
" ဘာ ..ဘာအကြောင်းလဲဟင် ကိုချမ်း "
ကိုချမ်းက လူကြီးတစ်ယောက်လိုလေသံနဲ့ပြောလာတော့ တပေါင်းရင်ထဲ ပိုပြီးစိုးထိတ်သွားမိပြီး ကိုချမ်းကိုမော့ကြည့်ပြီး အထစ်ထစ်အငေါ့နဲ့ မေးလိုက်မိတယ်။
တပေါင်းရဲ့အမေးကြောင့် ကိုချမ်းသက်ပြင်းမောကိုလေးလေးပင်ပင်နဲ့ချလိုက်မိပြီးမှ စိတ်မောစွာနဲ့ပြန်ဖြေလိုက်မိတယ်။
" တပေါင်းတို့အိမ်မှာ မီးလောင်မှုဖြစ်လို့တဲ့ ..ရက်လည်ပြီးတော့ ဧည့်သည်တွေပြန်ချိန်လောက်မှဖြစ်တာတဲ့... တပေါင်းတို့အိမ်ကတော့အကုန်ပါသွားတယ်တဲ့.....ခေါင်းရင်းဘက်အိမ်ကတော့တစ်ခြမ်းပါသွားတယ်တဲ့ "
" ဪ..."
ကိုချမ်းဆီက ကြားလိုက်ရတဲ့စကားကြောင့် တပေါင်းရင်ထဲမှာ အံ့ဩခြင်းမှအပ ဝမ်းနည်းခြင်းဝမ်းသာခြင်းကို စိုးစဉ်းမျှမခံစားရတော့ပါလေ။
" တပေါင်း သွားကြည့်ချင်လား ..သွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ် "
ကိုချမ်းရဲ့အမေးကြောင့် တပေါင်း ခေါင်းကိုခါယမ်းလိုက်မိတယ်။
" ဟင့်အင်း ..မသွားတော့ပါဘူးကိုချမ်း....ကိုယ်နဲ့လဲ မဆိုင်တော့ပါဘူး..အဲ့ဒီရပ်ကွက်ကို ဘယ်တော့မှ မသွားတော့ဘူး ..သွားစရာလဲ အကြောင်းမရှိတော့ပါဘူး "
တပေါင်းပြောပြီးတာနဲ့ မျက်လုံးကိုမှိတ်ထားလိုက်တယ်။
" အဲ့ဒါဆို ..ကိုယ်တို့သင်တန်းကိုပဲပြန်ကြမယ်နော် "
"ဟုတ်ကဲ့ "
ကိုချမ်းရဲ့အမေးကို တပေါင်းခပ်တိုးတိုးပြန်ဖြေလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်တယ်။
~~~~~~~~
" တပေါင်းရိုက်ရမဲ့ စာဖောင်တွေပြီးသွားပြီနော်မနွေး ... "
" အကုန်ပြီးပြီလား ...မြန်လိုက်တာတပေါင်းရယ် ..ညကအိပ်ရော အိပ်ရဲ့လားကွယ် "
" ဟုတ်ကဲ့ အိပ်ပါတယ်မနွေးရယ် .... မနက်စောစောထလုပ်လိုက်တာ "
