803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၅)
akyiphyu
***********
အမျိူးသမီးကြီးပြန်ထွက်လာတာကိုကြည့်ပြီး တပေါင်းရင်တွေတုန်ကာ ခြေဖျားလက်ဖျားတွေပါ အေးစက်လာသလိုခံစားလိုက်ရတယ်။အမျိုးသမီးကြီးနှုတ်ကထွက်လာမဲ့စကားတွေကို နားထောင်ဖို့ကို ရင်ကအဆမတန်အခုန်မြန်နေခဲ့တယ်။
" ကောင်မလေးရေ .... ရောင်းလို့ရတယ်တဲ့...နေရာခသုံးရာပေးရမယ်တဲ့....အမှိုက်တွေမထားခဲ့ရဘူးတဲ့နော် "
ကြားလိုက်ရတဲ့စကားကြောင့် တပေါင်းထခုန်လုမတတ်ဝမ်းသာသွားမိတယ်။ဘယ်လိုပြောလို့ ပြောပြရမှန်းကိုမသိဘူး။တပေါင်းရဲ့အနာဂတ်လမ်းက လမ်းပွင့်သွားသလိုခံစားချက်မျိုးကြီး ခံစားလိုက်ရတာ။
" ဟုတ်..ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်နော်မမ...ကျေးဇူးတင်ပါတယ် ..အမှိုက်တွေထွက်လာရင်လဲ ... တပေါင်းပြန်သီမ်းသွားပေးပါ့မယ်ရှင် "
ကျေးဇူးတင်စကားကို တပေါင်းထပ်တလဲလဲပြောလိုက်မိတယ်။တကယ့်ကိုကျေးဇူးတင်မိတာပါ။ပထမဆုံးခြေလှမ်းအစမှာ ရိုက်ချခံလိုက်ရသလို ကြုံလိုက်ရပြီးမှ ခြေလှမ်းကိုစလှမ်းနိုင်လိုက်တဲ့အဖြစ်က ပိုပြီးတော့လေးလေးနက်နက်နဲ့တန်ဖိုးထားမိစေသလိုပါပဲ။
~~~~~~~~~~~
" ရုပ်ရုပ်ရေ...နင်ရောင်းရတယ်မဟုတ်လား..."
ရုပ်ရုပ်ဆိုတဲ့အခေါ်အဝေါ်ကြောင့် ဖြုန်းခနဲတော့တပေါင်းနားမလည်နိုင်ဖြစ်သွားရတယ်။နောက်မှ တပေါင်းကအရုပ်တွေရောင်းလို့ ခေါ်တာမှန်းသဘောပေါက်ပြီး ပြုံးလိုက်မိတယ်။
" ဟုတ်ကဲ့ ရောင်းကောင်းပါတယ်မမ.....တစ်သောင်းကျော်ဖိုးလောက်ရောင်းရတယ်ရှင့် "
တပေါင်း ဝမ်းသာပျော်ရွှင်စွာဖြေလိုက်မိတယ်။
" ဪ ..မဆိုးပါဘူး...ရောင်းရသားပဲ ...ဒါနဲ့ အခုမှဈေးရောင်းဖူးတာလား "
" ဟုတ်...ဈေးတော့ရောင်းဖူးပါတယ်...ကုန်ခြောက်ဆိုင်ဝိုင်းကူထိုင်ပေးဖူးတာပါ ..."
" အင်း...ကလေးတွေကို ဘာလို့အရုပ်တွေ ...အလကားပေးနေတာလဲ..တစ်ခုဘယ်လောက်မြတ်လို့လဲ ...ဈေးသည်ဆိုတာ လက်မတိုရဘူးဆိုတာမှန်ပေမဲ့ .... လက်လဲ မလွယ်ရဘူး.."
" ဟုတ်ကဲ့မမ ...အများကြီးတော့မမြတ်ပေမဲ့ မြတ်တော့မြတ်ပါတယ်...ကလေးတွေကလိုချင်နေတော့ ကိုယ်ချင်းစာမိလို့ပါ...သူတို့မိဘတွေက မဝယ်ပေးနိုင်တော့ သနားလို့ပေးလိုက်တာပါ "
" အမယ်လေး ...သဘောအရမ်းမကောင်းနဲ့ရုပ်ရုပ်ရေ...ဝယ်ပေးနိုင်သူက ဝယ်ပေးလိမ့်မယ်...တချို့တွေက တကယ်မဝယ်ပေးနိုင်လို့ မဝယ်ပေးကြတာဟုတ်ပေမဲ့ ...တချို့တွေက ...ကစားစရာအရုပ်ကို နှစ်ရာသုံးရာလောက်ပေးရရင် မဝယ်ပေးချင်ကြဘူး...အရုပ်ဝယ်မဲ့အစား မုန့်စား...ပိုက်ဆံစုဆိုပြီး ကလေးတွေစိတ်ဆင်းရဲအောင် တအားလုပ်ကြတာ...အစ်မကတော့ အဲ့ဒီလိုမဟုတ်ဘူး...ကလေးတွေနှစ်ခါတောင်းရင် တစ်ခါတော့ .ဝယ်ပေးလိုက်တာပဲ ...ကလေးအရွယ်မှာကစားစရာပဲလိုချင်မှာပေါ့ ..မဟုတ်ဘူးလား..ကစားစရာဆိုတာအလွန်အကျွံဆုံးမှ ...အသက်ဆယ်နှစ်လောက်အထိပဲ ကစားခွင့်ရကြတာလေ...အသက်ဆယ်နှစ်ကျော်ရင် မိဘကိုဝိုင်းကူရမယ်...ကျောင်းစားလုပ်ရမယ်လေ..ရှေ့လျှောက်လဲ အသက်ကကြီးလာမှာလေ...တတ်နိုင်ရင်တော့.....ကလေးဘဝကို ကလေးဆန်ဆန်ဖြတ်သန်းစေချင်ပါတယ်အေ ....ခဏနေရင် အစ်မကလေးနှစ်ယောက်...သူ့အဖေနဲ့လာပါလိမ့်မယ်...အဲ့ဒီကျရင် ဘာတွေတောင်းအုံးမလဲမသိဘူး...မသိမ်းနဲ့အုံးနော် ရုပ်ရုပ် "
ကုန်ခြောက်သည်အမျိုးသီးဆီက ဒိစကားတွေကြားလိုက်ရတာနဲ့တင် အမျိုးသမီးကို တပေါင်းခင်မင်သွားမိတော့တယ် ။သားသမီးကို သားသမီးလို မေတ္တာပေးပြီး ချစ်ခင်ပေးတဲ့ မိဘတိုင်းကို တပေါင်းလဲ ချစ်ခင်ပါတယ်။
~~~~~~~~~~~
တပေါင်းဈေးသိမ်းပြီးလို့.အိမ်ပြန်ရောက်တော့ ဆယ်နာရီခွဲနေပြီ ။ထမင်းကတော့မနက်ကချက်ခဲ့ပြီးပြီ။ဟင်းချက်ဖို့အချိန်ကသိပ်မကျန်တော့ ။တပေါင်းတို့ရပ်ကွက်တွေမှာက ထင်းမီး၊မိးသွေးမီးဖိုကို မနက်လေးနာရီကနေ မနက်ဆယ့်တစ်နာရီခွဲအထိပဲသုံးခွင့်ရှိတာ။ညနေဆိုရင် လေးနာရီကနေ ညကိုးနာရီအထိ။ကြားချိန်တွေပါ သုံးချင်ရင် ရန်ပုံငွေအလူငွေထည့်ရတယ်။တော်ရုံအိမ်ကလဲ ကြားချိန်တွေကိုသုံးလေ့မရှိကြဘူး။ထမင်းဆိုင်နဲ့ဖိုးဇင်တိုလိုဆိုင်မျိုးတွေပဲ ကြားချိန်တွေပါ မီးဖိုသုံးကြလို့အလှူငွေနဲ့သုံးကြတာ။အဖေ့အိမ်မှာနေတုန်းကဆိုရင် မနက်ဆယ်နာရီဆို အကုန်ကျက်ပြီ။ အခုချိန်မှာ တပေါင်းက ပိုက်ဆံစုရမဲ့အချိန်ဆိုတော့ ဟင်းချက်စရာလဲ ထွေးထွေးထူးထူးမဝယ်ခဲ့ပါဘူး။ကန်စွန်းရွက်နဲ့ဈေးပေါတဲ့ ဂျပန်ငါးလေးနည်းနည်းဝယ်လာခဲ့တာ။ဈေးကတစ်သောင်းကျော်ဖိုးရောင်းရတယ်ဆိုတော့ ပျမ်းမျှအမြတ်ငွေက လေးထောင်အနည်းဆုံပဲ ။ကစားစရာအရုပ်တွေက ဈေးနည်းလေ အမြတ်ကျန်လေ။ငါးရာရင်းရတဲ့ပစ္စည်းက တစ်ရာနှစ်ရာထက်ပိုပြီးအမြတ်တင်လို့မရဘူး။ ဒီကြားထဲ အတင်းဈေးဆစ်တဲ့သူနဲ့တွေ့ရင်လျှော့ရသေးတာ။ငါးဆယ်တစ်ရာရောင်းတဲ့ပစ္စည်းတွေကျတော့ ဈေးလဲသိပ်မဆစ်ကြတော့ဘူး။ဒါပေမဲ့ ငါးဆယ်တန်တစ်ခုရောင်းရင်အမြတ်ကထက်ဝက်မြတ်တာ။တစ်ချို့ဆို ထက်ဝက်မကဘူး။ဒါကလဲ ဆိုင်ကိုမေးလာခဲ့ပြီးတော့မှ တပေါင်းလဲရောင်းရတာ။တစ်နေ့ကို ပျမ်းမျှအမြတ်ငွေလေးထောင်ဆိုရင် တစ်လကိုတစ်သိန်းကျော်ကျန်မယ်။ပြီးတော့ ညနေဈေးလဲတပေါင်းသွားထွက်အုံးမှာ။နေ့ခင်းဘက်ဆိုရင် အိမ်တံခါးဝမှာတန်းလေးလုပ်ထားတယ်။ပစ္စည်းတွေကို အိမ်ထဲမသိမ်းဘဲ အိမ်ရှေ့မှာချိတ်ထားလိုက်တယ်။ဖြတ်သွားဖြတ်လာ ကလေးတွေရှိတယ်လေ။ရောင်းရရမရောင်းရရ
ဝမ်းနည်းအားငယ်စိတ်က ဝင်ရောက်လာခဲ့တယ်။အထုပ်နှစ်ထုပ်ဆွဲပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့ ။ဒီနေရာမှာပဲ ကျရှုံးသွားရင်ဖြင့် တပေါင်းဘဝတော့ရှေ့ကိုဘယ်လိုခရီးဆက်ရမလဲမသိ။ခြေတစ်ဖက်မသန်ဖြစ်နေတော့ အလုပ်ခေါ်ခိုင်းချင်သူကလဲမရှိ။တခြားသူတွေရဲ့အနှိမ်မခံရဖို့အရေး ဈေးရောင်းတဲ့အလုပ်ကိုရွေးချယ်လိုက်ခါမှ ဈေးရောင်းဖို့တစ်နေရာလေးရဖို့က မလွယ်လှတဲ့အဖြစ်။ဈေးသည်အသစ်တစ်ယောက်ရဲ့ဘဝက ထင်သလောက်မလွယ်လှ။
" ဟဲ့ ...ဆိုင်ရှေ့မှာဘာလာပိတ်ရပ်နေတာလဲ ...ဈေးဝယ်မှာလား...မဝယ်ရင်သွား..ဒီနေရာမှာနေရာလွတ်မရှိဘူး"
နောက်ကျောဘက်ဆီကအော်သံကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။တကယ်ဆိုတပေါင်းရပ်နေတာက သူ့ဆိုင်ရှေ့တည့်တည့်မှာမဟုတ်ပါဘူး။သူ့ဆိုင်ကလမ်းထောင့်မှာရှိတာ။လူစည်တဲ့လမ်းဘက်ကိုဆိုင်ကမျက်နှာစာလှည့်ထားတာပါ။တပေါင်းရပ်နေတဲ့နေရာက ဈေစလမ်းရဲ့အဆုံးက လမ်းဆုံခွနေရာ။ပြောရရင်သူ့ဆိုင်ရဲ့ဘေးဘက်ခပ်စောင်းစောင်းနေရာမှာရပ်နေတာ။ဒါကိုလှမ်းအော်တာမို့ တပေါင်းအထုပ်တွေကို ပြန်ဆွဲလိုက်ပြီး ဈေလမ်းထဲကိုတစ်ပတ်လျှောက်ခဲ့လိုက်တယ်။ဈေးကဈေးသည်တွေစုံလာပြီ။ဈေးဝယ်သူအချို့လဲရောက်လာကြပြီ။တပေါင်းမှာ အခုချိန်ထိနေရာမရသေးဘူး။လူမှာ အထုပ်တွေလက်ကဆွဲပြီး ဟိုဘက်ထိပ်လျှောက်လိုက် ဒိဘက်ထိပ်လျှောက်လိုက်နဲ့ ကြာတော့အတော်လေးကိုရှက်လာမိပြီ။
နောက်ဆုံးတော့ စိတ်ဓါတ်ကျကျနဲ့ဈေးလမ်းအဆုံး တစ်ဖက်ထိပ်ကိုလျှောက်လာခဲ့လိုက်တယ်။တစ်လမ်းလုံးလဲဈေးသည်တွေကိုပြည့်လို့် ။နေရာလုပြိး ရန်ဖြစ်စကားများနေကြတဲ့ဈေးသည်အများအပြားကိုလဲတွေ့ရတယ်။သူတို့က သူဆဲကိုယ်ဆဲတွေပဲ။တပေါင်းကတော့ ဘာမှကိုပြန်မပြောရဲတာ။တစ်ယောက်ယောက်ကအော်လိုက်ရင် အသားတွေတုန်ပြီးနှလုံးခုန်သံတွေမြန်လာတာပဲသိတော့တယ်။
လမ်းရဲ့အဆုံးမှာ စီဒီခွေတွေရောင်းတဲ့ဆိုင်လေးကိုတွေ့တော့ တပေါင်းမဝံ့မရဲနဲ့ငေးကြည့်နေမိတယ်။အခွေဆိုင်ဘေးမှာ နေရာလွတ်တွေ့ပေမဲ့သွားမခင်းရဲတော့ဘူး။နေရာလွတ်ဘေးမှာ ကြက်သွန်၊အာလူးတွေရောင်းတဲ့ကုန်ခြောက်သည်ကိုတွေ့ရတယ်။ကုန်ခြောက်သည်က တပေါင်းကိုလှမ်းကြည့်တာကိုတွေ့လိုက်ရတော့ တပေါင်းမရဲတရဲနဲ့ပြုံးပြလိုက်မိတယ်။ကုန်ခြောက်သည်အမျိုးသမီးကြီးကလဲ ပြန်ပြုံးပြတာမို့ တပေါင်းရင်ထဲလှိုက်ခနဲခုန်လှုပ်သွားရတယ်။မဝံ့မရဲစိတ်ကလဲ နည်းနည်းလေးပြန်ရဲတင်းလာသလိုဖြစ်လာတယ်။တပေါင်းခြေတုန်လက်တုန်နဲ့ပဲ သတ္တိမွေးပြီးတော့ ကုန်ခြောက်သည်နားကို လျှောက်သွားလိုက်တယ်။
" ဟို...ဟိုလေ..မမ..ဒီနေရာလွတ်မှာ ဈေးရောင်းလို့်ရမလားဟင် ...တပေါင်းနေရာခပေးမှာပါရှင် "
တပေါင်း တုန်တုန်ယင်ယင်နဲ့ မေးလိုက်တော့ ကုန်ခြောက်သည် အမျိုးသမီးက မျက်နှာတည်တည်နဲ့ မော့ကြည့်လာခဲ့တယ်။ကုန်ခြောက်သည် အမျိုးသမီး ကြီးက အမေသိန်းနုနဲ့ ရွယ်တူလောက်တော့ ရှိမယ်။ဒါပေမဲ့ မမလို့ပဲ တပေါင်းတမင်ခေါ်လိုက်တာ။
ကုန်ခြောက်သည်အမျိုးသမီးကို တပေါင်းမျှော်လင့်တကြီးနဲ့ကြည့်နေမိတယ်။အခုချိန်မှာတော့အမျိုးသမီးရဲ့ပါးစပ်က ထွက်လာမဲ့စကားတွေက တပေါင်းအတွက် အကြီးမားဆုံးမျှော်လင့်ချက်ပဲ ဒီတစ်ကြီမ်အငြင်းခံအဆဲခံလိုက်ရမယ်ဆိုရင် ဒီနေ့အဖို့ ထပ်ပြီးကြိုးစားဖို့ခွန်အားမရှိတော့ဘူး။
" ဘာရောင်းမှာလဲ "
အမျိုးသမီးကြီးပါးစပ်က အငြင်းစကားမဟုတ်ဘဲ အမေးစကားထွက်လာတာမို့ တပေါင်းအားတက်သွားမိတယ်။
" ဟို..ဟို ...ကလေးကစားစရာတွေပါရှင် "
" ဪ...အေး..အေး ..ခဏလေးနေအုံး...အစ်မသွားမေးပေးမယ်နော်..သူတို့ကညစ်ပက်တာတွေဆိုရင်တော့ ပေးမရောင်းဘူး "
" ဟုတ်..ဟုတ်ကဲ့ပါရှင့် "
ကုန်ခြောက်သည်အမျိုးသမီးက ပြောပြောဆိုဆိုနဲ့ အခွေတွေရောင်းတဲ့အိမ်ထဲကိုဝင်သွားခဲ့တယ်။အမျိုးသမီးကြီးဝင်သွားတာကိုကြည့်ပြီး တပေါင်းရင်တထိတ်ထိတ်နဲ့စောင့်နေမိတယ်။
==================================
အပိုင်း (၁၅)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
၁၃
https://www.facebook.com/100067151540690/posts/742400951341616/
မဝံ့မရဲနဲ့ဈေးထဲကိုဝင်ချသွားလိုက်တယ်။ဈေးထဲမှာ အဘိုးကြီးအဘွားကြီးနဲ့ကလေးတွေပါဈေးရောင်းနေကတာကိုတွေ့တော့ စိတ်ထဲသတ္တိတွေရှိလာသလို ခံစားလိုက်ရတယ်။တချိုဆို တပေါင်းထက်တောင်ဆိုးသေးတာတွေလဲတွေ့ရတယ်။ချိုင်းထောက်တစ်ဖက်နဲ့ဈေးရောင်းနေသူတွေ။စကားတောင်ပီအောင်မပြောနိုင်သေးဘဲဈေးရောင်းနေတဲ့ ကလေးတွေ။ရုပ်ချောသူတွေ၊ရုပ်မလှသူတွေ၊ပိန်သူတွေ၊ဝသူတွေ၊လူမျိုးစုံအရွယ်စုံနဲ့လူတွေ။ဒီလူတွေထဲမှာ ကျန်းမာသန်စွမ်းတဲ့လူကောင်းတွေပါသလို မသန်စွမ်းတွေလဲပါကြတယ်။သူတို့အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘဝအတွက်ကြိုးစားရုန်းကန်နေကြတယ်။မသန်စွမ်းရယ်လို့လဲ ထူးပြီးဝမ်းနည်းနေကြပုံမရဘူး။အားလုံးကိုလိုက်ကြည့်ပြီးတပေါင်းရင်ထဲက ကြောက်ရွံ့ထိတ်လန့်တာတွေလျော့ပါးသွားခဲ့တယ်။အားလုံးဟာ တခြားသူတွေကို ဂရုမစိုက်နိုင်ဘဲကြိုးစားနေကြချိန်မှာ တပေါင်းကရောဘာကိုအားငယ်နေရမှာလဲ ၊ကြောက်လန့်နေရမှာလဲ တပေါင်းရဲ့ညာခြေထောက်က သိပ်မသန်တော့ပေမဲ့လမ်းလျှောက်လို့ရသေးတယ်။ကျန်ခြေတစ်ဖက်ကလဲ အကောင်းပကတိရှိနေသးတယ်။လက်တွေလဲအကောင်း၊မျက်လုံးတွေလဲအကောင်းလေ။ဒါဆိုရင် တပေါင်းကဘာကိုအားငယ်ကြောက်ရွံ့နေရမှာတဲ့လဲ။ကိုယ့်အတွေးနဲ့ကိုယ် တပေါင်းအားပါးတရပြုံးလိုက်မိပြိး ဈေးလမ်းတစ်လျှောက်လျှောက်ဝင်လာခဲ့တယ်။ဈေးလမ်းထဲကို လျှောက်ဝင်လာပြီးသိပ်မကြာခင်မှာပဲ ကလေးကစားစရာမျိုးစုံရောင်းတဲ့ဆိုင်ကိုတွေ့လိူက်ရတယ်။တပေါင်းဆိုင်ထဲမဝင်သေးဘဲ ဈေးဆုံးတဲ့အထိလျှောက်ကြည့်လိုက်တယ်။ဘယ်ဆိုင်ကပိုစုံလဲ။ဘယ်ဆိုင်က ပိုပြီးဈေးဝယ်လို့အဆင်းပြေနိုင်မလဲဆိုတာကို တပေါင်းလိုက်ကြည့်တယ်။တပေါင်းရောင်းချင်တာက အိုးခွက်ပစ္စည်းလေးတွေ အစုံလိုချင်တာ။ဈေးရဲ့တစ်ဖက်ထိပ်အထိလျှောက်လာခဲ့ပြီးချိန်မှာတော့ တပေါင်းလိုချင်တဲ့ပစ္စည်းမျိုးစုံရှိတဲ့ဆိုင်ကိုတွေ့လိုက်ရတာမို့ ဝင်ကြည့်လိုက်တယ်။ဆိုင်ထဲမှာ ကလေးကစားစရာဒန်အိုးဒန်ခွက်လေးတွေကစလို့ ကော်ပစ္စည်းမျိုးစုံရှိတာကိုတွေ့လိုက်ရတယ်။သောက်ရေအိုးစင်လေးတွေ ၊ဆွဲခြင်းလေးတွေ၊မီးဖိုလေးတွေ၊စားပွဲခုံဝိုင်းကစလို့ ဆီမှုတ်ဆီကန်တော့နဲ့ချိန်ခွင်လေးတွေကအစရှိနေတာ။ပြောရရင် လူ့ပတ်ဝန်းကျင်မှာ အသုံးပြုနေကြတဲ့ပစ္စည်းတွေ အားလုံးကို ပြုလုပ်ထားတယ်။ကော်အညံ့စားနဲ့ယူမလား။ကော်အကောင်းစားနဲ့ယူမလား၊ယိုးဒယားလိုင်းလို့ သူတို့ပြောတဲ့ အကောင်းစားပုံစံယူမလားအကုန်ရှိတယ်။တပေါင်းလိုချင်သမျှပစ္စည်းတွေကို ဈေးမေးပြီးတော့ ဝယ်လိုက်တယ်။အားလုံးဝယ်ပြီးတော့ နောက်ထပ်တစ်ဆိုင်ကိုသွားဖို့ပြင်ရပြန်တယ်။ဒီဆိုင်မှာက အိုးခွက်လေးတွေနဲ့ကော်ပတ်ရုပ်မလေးတွေပဲရှိတာ။
" ကားတို့...စက်ရုပ်တို့က ဘယ်မှာသွားဝယ်ရမှာလဲရှင် "
ဆိုင်ရှင်အန်တီကြီးကို တပေါင်းမေးလိုက်တယ်။ဈေးစဝယ်ကတည်းက အခုမှစရောင်းမှာပါလို့ ပြောထားပြီးသားဖြစ်တဲ့အတွက် ဆိုင်အလုပ်သမားတွေကလဲ မသိတာတွေကိုပြောပြပေးတယ်။ပစ္စည်းတစ်ခုကို ဘယ်လောက်အမြတ်တင်ပြီးရောင်း ဆိုတာကအစပြောပြပေးတယ်။
" ကားတို့စက်ရုပ်တို့က (၂၄)လမ်းမှာရှိတယ်...ဈေးရုံမြေအောက်ထပ်မှာလဲရှိတယ်...လမ်းလျှောက်ပြီးလိုက်ကြည့်လိုက်နော် ..."
" ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်ရှင် "
ကုန်ကျငွေရှင်းပြီးတော့ ဆိုင်ထဲကထွက်လာချိန်မှာ တပေါင်းလက်ထဲမှာ ကြွပ်ကြွပ်အိတ်ကြီးတစ်အိတ်အပြည့်ပါလာခဲ့တယ်။
~~~~~~~~~~~
(၂၄)လမ်းကဆိုင်တွေကိုရောက်ချိန်မှာ တပေါင်းမျက်လုံးအပြူးသားနဲ့ မျက်စိမလွှဲနိုင်ဘဲလိုက်ကြည့်နေမိတယ်။ပစ္စည်းတွေကလဲ ခုနဝယ်လာတဲ့ဆိုင်ထက် သုံးဆလောက်ဈေးပိုကြီးသလိုပစ္စည်းတွေကလဲ အရည်အသွေးအတော်လေးကွာတယ်။တပေါင်းသဘောတကျလိုက်ကြည့်ပြီးမှ ကိုယ့်ငွေနဲ့နိုင်သလောက်ကိုဝယ်လိုက်တယ်။
အပြန်လမ်းမှာ ပစ္စည်းတွေကမလေးပေမဲ့ ဝန်တာကျယ်တာမို့ တပေါင်းနည်းနည်းတော့ ကသိလင်တဖြစ်ရတယ်။ကားပေါ်တက်တော့လဲ အထုပ်ခတွေပေးရမယ်နော်လို့ ကားစပယ်ယာကလှမ်းပြောတာမို့မကျေမနပ်နှုန်ခမ်းစူမိပြန်တယ်။ဒါပေမဲ့လဲ တပေါင်းရဲ့အထုပ်ကလဲ တကယ်ပဲနေရာယူတာမို့အထုပ်ခကိုကျေကျေနပ်နပ်ပဲပေးလိုက်ပါတယ်။သူတို့တွေလဲ မိသားစုအတွက်၊ဝမ်းရေးအတွက် ရှာစားနေကြတာပဲမဟုတ်လား။
~~~~~~~~~~~
" ဟဲ့ ...ဘာလုပ်တာလဲ ....ကောင်မကလူပါးဝလို့ ..အဲ့ဒါငါ့နေရာဟဲ့ ..သွား ဒီနားလာမရောင်းနဲ့ "
အထုပ်လေးချဖို့လက်ရွယ်ရုံရှိသေးတယ် အသံနက်ကြီးနဲ့အအော်ခံလိုက်ရတာမို့ တပေါင်းလန့်လဲလန့်သွားသလို ရှက်လဲရှက်သွားမိတယ်။ဘေးနားကဈေးသည်တွေကတော့ အော်သံကြောင့် တပေါင်းကိုတစ်ချက်လှမ်းကြည့်လိုက်ကြပြီး သူတို့ဈေးဗန်းတွေကို ဆက်ခင်းနေကြတယ်။
အဖေ့အိမ်ပေါ်ကဆင်းလာပြီးကတည်းက တက်ကြွနေခဲ့တဲ့စိတ်က ဈေးရောင်းဖို့အတွက်ဈေးထဲမှာ နေရာလိုက်ရှာတဲ့အခါမှာတော့ လုံးဝကိုစိတ်ဓါတ်ကျဆင်းသွားရတော့တယ်။ဈေးထဲမှာအသိလဲမရှိလေတော့ အထုပ်ကြီးတွေဆွဲပြီး ဟိုနေရာသွားခင်းမယ်လုပ်လိုက် မောင်းထုတ်ခံလိုက်ရ၊ဒီနေရာခင်းမယ်လုပ်လိုက်မောင်းထုတ်ခံလိုက်ရနဲ့ခေါင်းတွေပါချာချာလည်အောင်မူးလာတော့တယ်။တချို့ဆိုရင် ရိုးရိုးတန်းတန်းပြောထုတ်တာမဟုတ်ဘဲ ခပ်ရိုင်းရိုင်းဆဲထုတ်ကြတာ။ဆဲသံအော်သံကြားရင် တပေါင်းမှာအသက်ရှူတွေပါကျပ်ပြီး ရင်ဘတ်တွေပါအောင့်လာတယ်။သတ္တိမွေးထားသမျှက ပျောက်ဆုံးသွားသလိုခံစားလိုက်ရပြီး
ပေးသုံးချင်တယ်။တပေါင်းရဲ့ခြေထောက်တစ်ဖက် ဆာတာတာဖြစ်သွားတာကို ဖိုးဖင်တကယ်စိတ်မကောင်းဘူး။တပေါင်းက အသားဖြူဖြူပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်မလေးတစ်ယောက်။ဒါပေမဲ့ သူ့ခမျာခြေတစ်ဖက်မသန်ဖြစ်သွားတော့ သိပ်ကိုရုပ်ဆိုးသွားသလိုဖြစ်သွားရှာတာ။သူ့ဟာသူ မွေးကတည်းက မသန်တာဆိုရင်လဲ ကြည့်ရတာမျက်စိယဉ်နေလို့ အဆင်ပြေအုံးမှာသေချာတယ်။အခုတော့ ဖြုန်းစားကြီးလို ခြေတစ်ဖက်မသန်ဖြစ်သွားတော့ ကြည့်ရတာအဆင်မပြေဘူး။လမ်းလျှောက်လိုက်တိုင်းမှာ သိပ်မသန်တော့တဲ့ဘက်ကို လက်ဖဝါးနဲ့ဖိထောက်ပြီး လျှောက်နေပုံကိုမြင်ရတိုင်း ဖိုးဇင်ရင်ထဲမှာငိုချင်သလိုလိုကြိးဖြစ်မိတယ်။ဖြစ်နိုင်ရင် တပေါင်းအစားသူပဲဖြစ်လိုက်ချင်တယ်။ဒိလိုတွေးမိတိုင်း တပေါင်းတို့အဖေ ဦးအောင်မင်းကိုလဲ ဖိုးဇင်အရမ်းကိုဒေါသထွက်မိတာ။ ဖိုးဇင်မှာသာ ပိုက်ဆံရှိရင် တပေါင်းကိုဆေးကုပေးချင်မိတယ်။ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်ငွေတွေအများကြီး ရှာနိုင်ခဲ့ရင်တော့ တပေါင်းကိုအကူအညီပေးနိုင်ဖို့ကို ဖိုးဇင်ကြိုးစားမှာပါ ။
" ဖြောင်း "
" ဟ,,ဟ...ဘာဖြစ်ကြတာလဲဟ..ဘယ်သူလဲ ဖိုးဇင်လား "
အလု်ရုံအတွင်းက ဆူဆူညံညံရန်ဖြစ်သံတွေထွက်ပေါ်လာတာမို့ ဝပ်ရှောပိုင်ရှင် ဦးသိန်းကအပြေးအလွှားသွားကြည့်တယ်။ရန်ပွဲဆီကိုရောက်တော့ သူထင်တဲ့အတိုင်း သူ့တူဖိုးဇင်ဖြစ်နေတာကြောင့် စိတ်ပျက်သွားရတယ်။
" ဖိုးဇင်ရ...မင်းဖြစ်ပြန်ပြီလားကွာ...မင်းကို ငါဘာပြောထားလဲ ...တော်ရုံဆိုသည်းခံပါဆိုမှ ...မင်လဲကွာ..ငါတော့စိတ်ညစ်လာပြီ ...မင်း ..ရုံးခန်းထဲကို လာခဲ့အုံး "
ဘကြီးဖြစ်သူရဲ့ စကားကြောင့် ဖိုးဖင်လက်ထဲက ခုံကိုချပြီး ဘကြီးနောက်ကိုလိုက်ခဲ့လိုက်တယ်။
~~~~~~~~~~~~
" ဖိုးဇင်ရာ မင်းလဲရောက်တာတစ်နှစ်ပဲ ရှိသေးတယ် ...ရန်ပွဲက ဘယ်နှစ်ကြိမ်ရှိနေပြီလဲ ...မင်းအသက်ကအခုမှ ဆယ့်ခြောက်နှစ်ကျော်ကွ...ဒီပုံအတိုင်းဆက်နေသွားရင် မင်းကြီးလာရင်ဘယ်လိုလုပ်မလဲ...လူတိုင်းဒေါသဆိုတာရှိတယ်...ဒါပေမဲ့ ဒေါသကိုအသိစိတ်နဲ့ထိန်းရတယ်...အခုမင်းက ထစ်ခနဲဆိုရင် လက်ပါချင်တယ်....ကိုယ့်အလုပ်ကလူနဲ့ရန်မဖြစ်ရရင် အပြင်ကကောင်တွေနဲ့ဖြစ်တယ်...မင်းဒိလိုမျိုးတော့ နေသွားလို့မရဘူး ...အင်း ..ငါလဲဘာဆက်လုပ်ရမလဲ မသိတော့ဘူးကွာ..မင်းအိမ်ကို ခဏပြန်ပြီး အနားယူချင်ယူကွာ..တစ်ပတ်ခွင့်ပေးလိုက်မယ် ဟုတ်ပြီလား "
" ဟုတ်ကဲ့ ဘကြိး "
ဘကြီးဆီက စကားကိုကြားလိုက်ရတော့ ဖိုးဇင်စိတ်ထဲ ဝမ်းသာသွားမိတယ်။သူအိမ်မပြန်ရတာတစ်နှစ်ကျော်နေခဲ့ပြီလေ။အမှန်အတိုင်းပြောရရင်အိမ်ပြန်ချင်စိတ်မရှိပေမဲ့ တပေါင်းနဲ့အငယ်လေးတွေကိုတော့ သတိရနေမိတယ်။ဒါကြောင့်လဲ ခဏဖြစ်ဖြစ် ရပ်ကွက်ထဲကို ပြန်ချင်မိတယ်။တကယ်ဆို မန္တလေးနဲ့ရန်ကုန်က တစ်ရက်ခရီးပဲလေ။ဒါကို သူ့မှာပြန်ခွင့်မရခဲ့ဘူး။မပြန်နိုင်တဲ့အဓိကအကြောင်းအရင်းကတော့ မိခင်ဖြစ်သူကြောင့်ပဲပေါ့။လစဉ်သူ့လုပ်အားခငွေကို ဘကြီးကစုထားပေးပြီး သုံးလတစ်ကြိမ် အမေတို့ဆီကို ငွေလွှဲပေးလေ့ရှိတယ်။ဖိုးဇင်ကအလုပ်ဝင်တာ တစ်နှစ်ကျော်ပဲရှိသေးပေမဲ့ အတတ်မြန်လို့ လုပ်အားခရတာ။တချို့ဆိုရင် လုပ်အားခရယ်လို့ များများစားစားရသေးတာမဟုတ်ဘူး။အသင်အနေနဲ့ပဲ မုန့်ဖိုးသာသာရသေးတာ။ဖိုးဇင်ကတော့ အလုပ်ကိုကြိုးစားတယ်။ငွေများများရအောင်ရှာချင်တယ်။သူ့မှာ ငွေများများရတဲ့အခါ တပေါင်းကိုလဲ ပေးသုံးချင်တယ်။တပေါင်းရဲ့ခြေထောက်တစ်ဖက် ဆာတာတာဖြစ်သွားတာကို ဖိုးဖင်တကယ်စိတ်မကောင်းဘူး။တပေါင်းက အသားဖြူဖြူပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်မလေးတစ်ယောက်။ဒါပေမဲ့ သူ့ခမျာ ခြေတစ်ဖက်မသန်ဖြစ်သွားတော့ သိပ်ကိုရုပ်ဆိုးသွားသလိုဖြစ်သွားရှာတာ။သူ့ဟာသူ မွေးကတည်းက မသန်တာဆိုရင်လဲ ကြည့်ရတာမျက်စိယဉ်နေလို့ အဆင်ပြေအုံးမှာသေချာတယ်။အခုတော့ အခုတော့ ဖြုန်းစားကြီးလို့ ခြေတစ်ဖက်မသန်ဖြစ်သွားတော့ ကြည့်ရတာအဆင်မပြေဘူး။လမ်းလျှောက်လိုက်တိုင်းမှာ သိပ်မသန်တော့တဲ့ဘက်ကို လက်ဖဝါးနဲ့ဖိထောက်ပြီး လျှောက်နေပုံကိုမြင်ရတိုင်း ဖိုးဇင်ရင်ထဲမှာငိုချင်သလိုလိုကြိးဖြစ်မိတယ်။ဖြစ်နိုင်ရင် တပေါင်းအစားသူပဲဖြစ်လိုက်ချင်တယ်။ဒိလိုတွေးမိတိုင်း တပေါင်းတို့အဖေ ဦးအောင်မင်းကို ဖိုးဇင်အရမ်းကိုဒေါသထွက်မိတယ်။ဖိုးဖင်မှာသား ပိုက်ဆံရှိရင် တပေါင်းကိုဆေးကုပေးချင်မိတယ်။ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်ငွေတွေအများကြီး ရှာနိုင်ခဲ့ရင်တော့ တပေါင်းကိုအကူအညီပေးနိုင်ဖို့ကို ဖိုးဇင်ကြိုးစားမှာ ။
~~~~~~~~~~~~~
သိမ်ကြီးဈေးတဲ့။စည်လိုက်တာအရမ်းပဲ။တပေါင်းဟိုမေးဒီမေးနဲရောက်လာခဲ့တာ။စစတုန်းကတော့ ကားပေါ်တက်ရတာလဲ အဆင်မပြေဖြစ်ပြီး ေ**သချင်လောက်အောင် စိတ်ညစ်မိတာပေါ့။ကိုယ်က ဘယ်ခြေထောက်ကို အားယူပြီးတက်နေရုံရှိသေးတယ််။ကားစပယ်ယာက စိတ်မရှည်ချင်ဘူး။အတင်းကိုဆွဲတင်ပစ်လိုက်တာ။ကိုယ့်လက်ကိုလာကိုင်တာမကြိုက်ပေမဲ့လဲ ကားပေါ်တက်သမျှလူတိုင်းကို ဆွဲတင်နေတာမို့ မျက်နှာကိုတင်းပြီး စိတ်တိုတာကို မျိုသိပ်လိုက်ရတယ်။ကားပေါ်ရောက်တော့လဲ ခြေချစရာနေရာတောင်မရှိအောင်် လူတွေပြည့်သိပ်နေတာကိုပဲ တိုးတိုးဝှေ့ဝှေ့နဲ့စီးလာရတာ။ဈေးထဲရောက်တော့ လူကကြောက်သလိုဖြစ်နေပေမဲ့ ဟိုငေးဒီငေးနဲ့ပဲ ဈေးထဲလျှောက်လာခဲ့တယ်။(၂၆ ) လမ်းကိုတွေ့တော့
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၄)
akyiphyu
************
"ဟုတ်ကဲ့ ကြီးစော ..ကျွန်မတို့ကြိုက်ပါတယ်...ဒီနေ့ပဲပြောင်းချင်တာမို့... စာချုပ်ကို ဒီနေ့ပဲချုပ်မလား "
" အေးလေ.....ချုပ်ဆိုလဲချုပ်ကြတာပေါ့..ဒါနဲ့ ...ဒီနေ့ချက်ချင်းပြောင်းမလို့လား ...ငါက အိမ်ရှင်းပေးအုံးမလားလို့် "
" ရပါတယ် ကြီးစော...တပေါင်းကိုယ့်ဘာသာရှင်းပါ့မယ်ရှင်...တပေါင်းအလုပ်လုပ်တာ သိပ်မမြန်ပေမဲ့ ..သေသေသပ်သပ်လုပ်တတ်ပါတယ်ရှင် "
ကြီးစောရဲ့စကားကို တပေါင်းအမြန်ဝင်ပြောလိုက်မိတယ်။ကြီးစောက တပေါင်းကိုလှည့်ကြည့်လာတယ်။ပြီးတော့ ခေါင်းကိုအသာငြိမ့်ပြတယ်။
" အင်းလေ...ဒီနေ့ပြောင်းချင်တယ်ဆိုရင်လဲ လမ်းမှူးကိုသွားခေါ်ခိုင်းလိုက်အုံးမယ် "
ကြီးစောရဲ့စကားကြောင့် တပေါင်းရင်ထဲလှိုက်ခနဲ့ခုန်လှုပ်သွားပြီး အိမ်လေးကိုလှည့်ကြည့်လိုက်မိတယ်။နာရီပိုင်းအတွင်းမှာပဲ ဒီအိမ်လေးဟာ တပေါင်းစိတ်တိုင်းကျနေထိုင်လို့ရမဲ့ အိမ်လေးဖြစ်လာတော့မှာကိုတွေးပြီး ရင်ထဲကြည့်နူးသွားမိတယ်။
~~~~~~~~~~
ကြီးစောပေးတဲ့ အုန်းတံမြတ်စည်းနဲ့ တစ်အိမ်လုံးကိုလှည်းကျင်းပြီးတော့ တပေါင်းအတော်လေးမောဟိုက်သွားတယ်။ဒီမနက်စာကိုတော့ ကြီးကြီးအေးခင်က ကျွေးလိုက်တာမို့ ဗိုက်ဆာတဲ့ပြဿနာကလဲ ဖြေရှင်းပြီးသွားပြီး။အိမ်ရှင်းပြီးသွားရင်တော့ လိုအပ်တာတွေသွားဝယ်ရမယ်။စားဖို့သောက်ဖို့အိုးခွက်တွေကတော့ ဝယ်ပြီးသွားပြီ။အိမ်လေးထဲမှာ သောက်ရေးအိုးနဲ့ဘုရားပန်းအိုးတွေလဲရှိတာမို့ ထပ်ဝယ်ဖို့မလိုသေးဘူး။သောက်ရေခွက်၊သုံးရေခွက်နဲ့ဆပ်ပြာခွက်ဝယ်ရမယ်။ပြီးတော့ အိပ်ဖို့စောင်၊ခြင်ထောင်နဲ့ခေါင်းအုံးတစ်လုံးမဖြစ်မနေဝယ်ရမယ်။မဝယ်လို့တော့မရဘူး။နေ့ခင်းကြောင်တောင်မှာတောင် ခြင်ကိုက်နေတဲ့အရပ်လေ။မဝယ်မဖြစ်ဝယ်ရမဲ့ပစ္စည်းတွေကိုတော့ဝယ်ပြီး ဈေးရင်းငွေနဲ့နောက်လအိမ်လခနှစ်လစာလောက်ပါကျန်အောင် ချန်ထားဖို့ကို စိတ်ကတွက်ချက်နေမိတယ်။တပေါင်းက ခြောက်တန်းပဲအောင်ထားတာဆိုပေမဲ့ ကျောင်းတက်တုန်းကပညာရေးထူးချွန်ခဲ့တာမို့ အတွက်အချက်လေးတော့ရတယ်။ကုန်မဲ့စာရင်းကိုတွက်ချက်နေရင်းနဲ့ အန်တီကြီးနဲ့ဘွားဘွားကြီးကို စိတ်ကသတိရသွားမိပြန်တယ်။အန်တီကြိးတို့အိမ်မှာ တစ်လပြည့်အောင်မနေခဲ့ရပေမဲ့ မေတ္တာတရားဆိုတာ စိမ်းစိမ်းကျက်ကျက် တချို့လူတွေဆီမှာတကယ်ရှိတယ်ဆိုတာကို သိနားလည်ခဲ့ရတယ်။ဘွားဘွားကြီးနဲ့အန်တီကြီးတို့မေတ္တာနဲ့ပေးခဲ့တဲ့ငွေကြေးတွေက တပေါင်းရဲ့ဘဝကိုကယ်တင်ခဲ့တာလို့ပဲပြောရမလား။တကယ်လို့များ ဒီငွေတွေသာ လက်ထဲမရှိရင် တပေါင်းဘာများလုပ်မိမလဲမသိ။ကိုယ့်ကိုယ်ကိုများအဆုံးစီရင်မိလေမလားမပြောနိုင်။တွေးရင်နဲ့ ဘွားဘွားကြီးနဲ့အန်တီကြီးကိုစိတ်ထဲကနေ ဦးချကန်တော့လိုက်မိတယ်။ရှေ့ဆက်ပြီးတော့ တပေါင်းအနေနဲ့ နိုင်သမျှအင်အားလေးနဲ့ကြိုးစားပြီးရှင်သန်ဖို့ကိုလဲ ဆုံးဖြတ်လိုက်တယ်။
~~~~~~~
" ဖြောင်း "
" ဟ,,ဟ...ဘာဖြစ်ကြတာလဲဟ....ဘယ်သူလဲ ဖိုးဇင်လား "
အလုပ်ရုံအတွင်းက ဆူဆူညံညံရန်ဖြစ်သံတွေ ထွက်ပေါ်လာတာမို့ ဝပ်ရှော့ပိုင်ရှင်ဦးသိန်းကအပြေးအလွှားသွားကြည့်လိုက်တယ်။ရန်ပွဲဆီကိုရောက်တော့ သူထင်တဲ့အတိုင်း သူ့တူဖိုးဇင်ဖြစ်နေတာကြောင့် စိတ်ပျက်သွားရတယ်။
" ဖိုးဇင်ရ...မင်းဖြစ်ပြန်ပြီလားကွာ...မင်းကို ငါဘာပြောထားလဲ ...တော်ရုံဆိုသည်းခံပါဆိုမှ ...မင်လဲကွာ..ငါတော့စိတ်ညစ်လာပြီ ...မင်း ..ငါ့ရုံးခန်းထဲကို လာခဲ့အုံး "
ဘကြီးဖြစ်သူရဲ့ စကားကြောင့် ဖိုးဖင်လက်ထဲက ခုံကိုချပြီး ဘကြီးနောက်ကိုလိုက်ခဲ့လိုက်တယ်။
~~~~~~~~~~
" ဖိုးဇင်ရာ... မင်းလဲရောက်တာတစ်နှစ်ကျော်ပဲရှိသေးတယ် ...ရန်ပွဲက ဘယ်နှစ်ကြိမ်ရှိနေပြီလဲ ...မင်းအသက်ကအခုမှ ဆယ့်ခြောက်နှစ်ကျော်ကွ...ဒီပုံအတိုင်းဆက်နေသွားရင် မင်းကြီးလာရင်ဘယ်လိုလုပ်မလဲ...လူတိုင်းဒေါသဆိုတာရှိတယ်...ဒါပေမဲ့ ဒေါသကိုအသိစိတ်နဲ့ထိန်းရတယ်...အခု...မင်းက ထစ်ခနဲဆိုရင်လက်ပါချင်တယ်....ကိုယ့်အလုပ်ကလူနဲ့ရန်မဖြစ်ရရင် အပြင်ကကောင်တွေနဲ့ဖြစ်တယ်...မင်းဒိလိုမျိုးတော့ နေသွားလို့မရဘူး ...အင်း ..ငါလဲဘာဆက်လုပ်ရမလဲမသိတော့ဘူးကွာ..မင်းအိမ်ကို ခဏပြန်ပြီး အနားယူချင်ယူကွာ..တစ်ပတ်ခွင့်ပေးလိုက်မယ် ဟုတ်ပြီလား "
" ဟုတ်ကဲ့ ဘကြိး "
ဘကြီးဆီက စကားကိုကြားလိုက်ရတော့ ဖိုးဇင်စိတ်ထဲ ဝမ်းသာသွားမိတယ်။သူအိမ်မပြန်ရတာတစ်နှစ်ကျော်နေခဲ့ပြီလေ။အမှန်အတိုင်းပြောရရင်အိမ်ပြန်ချင်စိတ်မရှိပေမဲ့ တပေါင်းနဲ့အငယ်လေးတွေကိုတော့ သတိရနေမိတယ်။ဒါကြောင့်လဲ ခဏဖြစ်ဖြစ် ရပ်ကွက်ထဲကို ပြန်ချင်မိတယ်။တကယ်ဆို မန္တလေးနဲ့ရန်ကုန်က တစ်ရက်ခရီးပဲလေ။ဒါကို သူ့မှာပြန်ခွင့်မရခဲ့ဘူး။မပြန်နိုင်တဲ့အဓိကအကြောင်းအရင်းကတော့ မိခင်ဖြစ်သူကြောင့်ပဲပေါ့။လစဉ်သူ့လုပ်အားခငွေကို ဘကြီးကစုထားပေးပြီး သုံးလတစ်ကြိမ် အမေတို့ဆီကို ငွေလွှဲပေးလေ့ရှိတယ်။ဖိုးဇင်ကအလုပ်ဝင်တာ တစ်နှစ်ကျော်ပဲရှိသေးပေမဲ့ အတတ်မြန်လို့ လုပ်အားခရတာ။တချို့ဆိုရင် လုပ်အားခရယ်လို့ များများစားစားရသေးတာမဟုတ်ဘူး။အသင်အနေနဲ့ပဲ မုန့်ဖိုးသာသာရသေးတာ။ဖိုးဇင်ကတော့ အလုပ်ကိုကြိုးစားတယ်။ငွေများများရအောင်ရှာချင်တယ်။သူ့မှာ ငွေများများရတဲ့အခါ တပေါင်းကိုလဲ
" ဟုတ်ကဲ့ ကြီးစော...ဘယ်လိုလဲ တပေါင်း...ဒီအိမ်ကိုသဘောကျလား..ကြီးကြီးတော့ သဘောကျတယ်ကွယ် "
ကြီးကြီးအေးခင်က ကြီးစောကိုခေါင်းငြိမ့်ပြလိုက်ပြီးတော့ တပေါင်းကိုလှမ်းမေးတယ်။အိမ်လေးကြည့်ရတာလဲ သပ်သပ်ရပ်ရပ်ဖြစ်ပြီး ကြီးစောရဲ့မျက်နှာကလဲကြည်လင်တဲ့မျက်နှာပေါက်ဖြစ်နေတာမို့ တပေါင်းလဲ သဘောကျကြောင်း ခေါင်းငြိမ့်ပြလိုက်တယ်။
==================================
အပိုင်း (၁၄)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
ငေးမောခဲ့ရတာ။လူကြီးတစ်ယောက်အတွက် စီးပွားရေးအောင်မြင်ဖို့၊ နေစရာအိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့က ဘဝရဲ့မျှော်လင့်ချက်အိပ်မက်ဆိုရင် ကလေးတစ်ယောက်အတွက်လဲ ကစားစရာအရုပ်တစ်ခုလောက် လက်ဝယ်ပိုင်ပိုင် ရနိုင်ဖို့ကလဲ ကလေးတစ်ယောက်ရဲ့မျှော်လင့်ချက် အိပ်မက်တစ်ခုပါပဲ။ လူဆိုတာက သူ့အရွယ်နဲ့ သူဖြတ်သန်းနေရတာမဟုတ်လား ။အသက်အရွယ်ကြီးလာတော့မှ ကစားစရာအရုပ်တွေထောင်ချီပြီး ဝယ်နိုင်လာတော့လဲ ကလေးတစ်ယောက်ရဲ့ အိပ်မက်မက်ချိန်ကပြီးဆုံးသွားခဲ့ပြီ မဟုတ်လား။ငယ်ငယ်တုန်းက လိုချင်တာတွေကို မရခဲ့ဖူးတော့ အခုလို ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာလဲ လိုချင်တာကို ရနိုင်ပါ့မလားလို့ တွေးပူမိတာတော့ အမှန်ပါပဲ။စိတ်အားငယ်မိတာလဲ အမှန်ပါပဲ။ သို့ပေမဲ့လဲ ရတာမရတာထက် ကိုယ်တိုင်ကြိုးစားခွင့်ရလာပြီဆိုတော့ အရင်ကထက်စာရင် ခြေတစ်လှမ်းစလှမ်းနိုင်ပြီလို့ပဲ ပြောရလေမလား။ အခုချိန်မှာ တပေါင်းအနေနဲ့ခြေတစ်လှမ်းစလှမ်းဖို့ အခွင့်အရေး ရနေပြီလေ။
~~~~~~~
ကြီးကြီးတို့ တစ်ရပ်ကွက်လုံးအနှံ့ကို ခြေတစ်ဖက်ထော့နင်းထော့နင်းလျှောက်ကာ တစ်ပတ်လိုက်ကြည့်ပြီးတော့ ကြီးကြီးတို့အိမ်ကိုပြန်လာခဲ့လိုက်တယ်။သာမန်လူအဖို့ ရပ်ကွက်တစ်ပတ်က နာရီဝက်ကျော်ကျော်လောက်ပဲ ကြာမှာဖြစ်ပေမဲ့ တပေါင်းအတွက်တော့ တစ်နာရီကျော်ကြာခဲ့တယ်။ဈေးထဲက ပြန်လာချိန်မှာ တပေါင်းလက်ထဲမှာ ဒန်အိုးအသေးတစ်လုံး၊ ဒယ်အိုးအသေးတစ်လုံး၊ စတီးဇလုံအကြီးတစ်လုံး အသေးနှစ်လုံးပါလာခဲ့တယ်။
" တပေါင်း ပြန်လာပြီလား ...အဆောင်စုံစမ်းခဲ့သေးလား "
အိမ်ထဲကို တပေါင်းလှမ်းဝင်လိုက်ချိန်မှာပဲ ဆီးကြိုပြီး မေးလာတဲ့ ကြီးကြီးကို တပေါင်းခေါင်းခါပြရင်း ပြန်ဖြေလိုက်တယ်။
" မရသေးဘူးလေ ကြီးကြီး ..အဆောင်ကမရှာရသေးဘူးလေ ....ဘာရောင်းရမလဲလို့ ဈေးထဲအရင်လိုက်ကြည့်တာ "
" ဟုတ်လား ..တော်သေးတာပေါ့အေ ...အဆောင်များရသွားပြီလားဆိုပြီး စိတ်ပူနေတာ ..လာ ထိုင်အုံး ...ကြီးကြီးအိမ်တစ်လုံးတွေ့ထားတယ် ... အိမ်က ကြီးကြီးတို့အိမ်နဲ့ နှစ်လမ်း ကျော်မှာ ..အိမ်ပိုင်ရှင်တွေက အဘိုးကြီးအဘွားကြီးတွေ ...အဘိုးကြီးက ဘိုးတော်လိုလိုဘာလိုလိုနဲ့ နှစ်လုံးသုံးလုံးတွေပေးတယ် ....အဲ့ဒါ သူတို့ခြံထဲမှာ အိမ်သေးသေးလေးတစ်လုံးရှိတာ ငှါးချင်လို့တဲ့ ...ကိုယ့်အိမ်သာနဲ့ကိုယ်ပဲတဲ့ ..သူတို့က လူရွေးငှားတာ...တူမလေးတစ်ယောက်တည်းဆိုရင် ငှါးမယ်တဲ့ ..အိမ်လခလဲတစ်တစ်ခါပေးပဲတဲ့လေ ....လျှပ်စစ်မီးလိုချင်လဲ လစာနဲ့ပေးသုံးတယ်တဲ့ ... နေရာကမဆိုးဘူး ..အဘိုးအဘွားကြီးတွေလဲ အေးအေးဆေးဆေးပါပဲ ..အဘိုးကြီးက နယ်လှည့်ပြီး ဗေဒင်လိုက်ဟောတတ်လို့ ...အိမ်မှာမရှိတာများတယ် ..သွားကြည့်ကျမလား "
" ဟုတ်ကဲ့ ကြီးကြီး ..ကြည့်မယ်လေ ...အိမ်လစာအဆင်ပြေပြီး ..ရေလွယ်ရင် ငှါးပါမယ် ... ရေမလွယ်ရင်တော့....တပေါင်းကရေမထမ်းနိုင်လို့ပါ "
" ရေကလိုက်ထည့်တယ်ထင်တယ်... သွားကြည့်လိုက်မယ်လေအေ ....ကြည့်မှသိရမှာပေါ့ "
ကြီးကြီးက ပြောပြောဆိုဆိုနဲ့ ရှေ့ကဦးဆောင်ပြီးထွက်သွားတာမို့ တပေါင်းလဲနောက်ကနေ လိုက်သွားရတယ်။
~~~~~~~
အိမ်လေးက ခပ်သေးသေး။တစ်ခြံထဲမှာ အိမ်နှစ်လုံးဆောက်ထားတာ။ခေါင်းရင်းဘက်ကအိမ်ကတော့ ပျဉ်ထောင်နှစ်ထပ်တိုက်။ခြေရင်းခြံထောင့်က အိမ်သေးသေးလေးကတော့ သွပ်အဟောင်းတွေနဲ့မိုးထားတဲ့ ပျဉ်ခင်းထရံကာအိမ်လေး။အိမ်လေးကအိမ်ရှေ့အခန်းရယ် နောက်ဘက်အခန်းရယ်နှစ်ခန်းပဲပါတာ။မိသားစုတွေဆိုရင် နေလို့မရနိုင်ပေမဲ့ တပေါင်းလို တစ်ယောက်တည်းသမားအတွက်တော့ အဆင်ပြေတယ်။ပြီးတော့ အိမ်သေးသေးလေးရဲ့ရှေ့မှာလဲ ခြံတံခါးတစ်ပေါက်ရှိတာမို့ အဝင်အထွက်လဲသီးသန့်သုံးလို့ရတယ်။နေရာကိုကြည့်ပြီး တပေါင်းစိတ်ထဲသဘောကျသွားမိတယ်။
"နေမှာက သူလား ...တစ်ယောက်တည်းလား အေးခင် "
" ဟုတ်ကဲ့ကြီးစော...ကျွန်မတူမလေးပါ...သူ့မိထွေးနဲ့အဆင်မပြေလို့လေ ...ကြီးစောတို့ဆီမှာရရင်တော့ ကျွန်မလဲစိတ်အေးရတာပေါ့ ..တူမလေးက ဈေးထဲမှာဈေးရောင်းမှာလေ...ဧည့်သည်အဝင်အထွက်ဆိုလဲ ...ကျွန်မတစ်ယောက်ပဲရှိမှာပါ "
ကြီးကြီးက အိမ်ရှင်အဘွားကြိးရဲ့အမေးကိုဖြေလိုက်တယ်။ဒီအခါ ကြီးစောဆိုတဲ့အိမ်ရှင်အဘွားကြီးက တပေါင်းကိုသေချာကြည့်တယ်။ကြည့်တာမှာ ခြေဆုံးခေါင်းဆုံးသေချာကြည့်တာ။တပေါင်းကတော့ ဘာမှဝင်မပြောဘူး။ကိုယ့်ကအလကားနေမှာမဟုတ်လို့ ပစိပစပ်များတဲ့အိမ်ရှင်မျိုးဆိုရင် နေဖို့လဲစိတ်ကူးမရှိဘူး။အဖေ့အိမ်လိုမျိုးနဲ့ သိပ်မကွာတဲ့အိမ်မျိုးဆိုရင်တော့ တပေါင်းလဲ မနေဖို့ဆုံးဖြတ်ထားပြီးသားပဲ။
" အေးလေ..ညည်းတာဝန်ယူရင်ပြီးတာပဲ ..ကိုယ့်ခြံတံခါးနဲ့ကိုယ်ဆိုတော့ ကိစ္စမရှိပါဘူးလေ...တစ်လနေကြည့်ပေါ့...တစ်လအတွင်းမှာ ငှါးသူ ဘယ်က မကြိုက်လဲပြောင်းပေါ့...အိမ်ရှင်မကြိုက်လဲပြောင်းခိုင်းမယ်....ရေက လာထည့်ပေးတယ်...ရေစည်လဲပေးသုံးထားတယ် "
ကြီးစောက စကားပြောတော့မဆိုးဘူး။ငယ်ငယ်က တရားရုံးမှာလက်နှိပ်စက်စာရေးမလုပ်ခဲ့တာလို့ ကြီးကြီးအေးခင်ကတော့ ပြောပြထားတယ်။ရုံးဝန်ထမ်းမို့ထင်တယ်။ကြီးစောက အသက်ခြောက်ဆယ်ကျော်နေပေမဲ့ ပြင်ပြင်ဆင်ဆင်နဲ့သပ်သပ်ရပ်ရပ်ရှိတယ်။အိမ်နေရင်းတောင် ပါတိတ်ဝမ်းဆက်ကို လှလှပပဝတ်ထားတာ။
" နှုတ်တစ်ရာစာတစ်လုံးတဲ့ ....ညည်းတို့ဘက်က အိမ်သဘောကျရင် ...လမ်းမှူးခေါ်ခိုင်းလိုက်မယ်အေ..."
......တစ်ယောက်တည်းနေဖို့မသင့်တော်သေးဘူး.....မိန်ကလေးဘဝဆိုတာအန္တရာယ်သိပ်များတာ...ဒါကြောင့် သမီးအဖေအိမ်ကိုပဲပြန်ပါကွယ်....သူကရို//က်နှက်တတ်တယ်ဆိုပေမဲ့ ..သမိးမိန်းကလေးအတွက် မိဘအိမ်ကအသင့်တော်ဆုံးပါပဲ သမီးရယ် ..ကြိးကြီးပြောတာကိုနားလည်တယ်မဟုတ်လား "
ကြိးကြီးနှုတ်ကနေ တပေါင်း မမျှော်လင့်ထားတဲ့စကားကို ကြားလိုက်ရတာမို့ အံ့ဩသွားမိတယ်။အဖေ့အိမ်ကိုပြန်ဖို့ဆိုတာ တပေါင်းအတွက်တော့ ေ**သသွားရတာထက်ကို ကြောက်ဖို့ကောင်းသေးတယ်လေ။ညတုန်းက အဖေဆီကနေ နင်အိမ်မှာမနေနဲ့တော့ဆိုတဲ့ စကားကိုကြားရချိန်မှာ ဝမ်းနည်းခြင်းဝမ်းသာခြင်း ခံစားချက်နှစ်မျိုးကို တစ်ပြိုင်တည်းခံစားခဲ့ရတာလေ။အိတ်ကိုဆွဲပြိးထွက်လာချိန်မှာ စိတ်ကထိတ်လန့်ကြောက်ရွံ့နေမိသလိုဖြစ်ခဲ့ပေမဲ့ အဖေ့အိမ်နဲ့ဝေးလေလေ စိတ်ကလွတ်လပ်ပေါ့ပါးလာတယ်လို့ခံစားလာခဲ့ရတယ်။တပေါင်း ဦးခေါင်းကိုခါယမ်းလိုက်မိပ်ြီးကြီးကြီးကို ကြည့်လိုက်မိတယ်။
" ဟင့်အင်း ကြီးကြီး ..တပေါင်း အဖေ့အိမ်ကိုမပြန်တော့ပါဘူး...တပေါင်းမှာ အန်တီကြီးနဲ့ဘွားဘွားကြီးတို့ပေးခဲ့တဲ့ ပိုက်ဆံရှိပါတယ်...တပေါင်းမသုံးဘဲသိမ်းထားတာပါ...အဲ့ဒီပိုက်ဆံနဲ့အိမ်ငှားပြီး ဈေးထဲမှာဈေးသွားရောင်းမယ်လို့စိတ်ကူးထားတယ်.....တပေါင်းကြိုးစားကြည့်ပါ့မယ်ကြီးကြီး...တကယ်လို့မှ တပေါင်းမှာနေစရာရောစားစရာပါမရှိရင်လဲ အဖေ့အိမ်ကိုမပြန်ပါဘူး...ကိုယ့်ကိုယ့်ကိုပဲ သ//တ်ေ**သပစ်လိုက်မယ် "
" အို ..ပေါက်ကရတွေ ..အဲ့ဒီလိုမပြောကောင်းတာတွေ မပြောစမ်းနဲ့ "
ကြီးကြီးက အလန့်တကြားနဲ့တားမြစ်လိုက်တာမို့ တပေါင်းအားတင်းကာ ပြုံးလိုက်မိတယ်။
" အဲ့ဒီလိုမဖြစ်အောင် တပေါင်းကြိုးစားမှာပါကြိးကြီး ..တပေါင်းအတွက်စိတ်မပူပါနဲ့...တပေါင်းမကြောက်ဘူး...တပေါင်းကိုစော်ကားဖို့ကြံစည်တဲ့သူတွေနဲ့ကြုံကြိုက်ခဲ့ရင်လဲ ..တပေါင်းက သူေ*သကိုယ်ေ-သပြန်ချမှာပါ "
တပေါင်းအံကိုတင်းတင်းကြိတ်ကာပြောလိုက်တယ်။
" အင်း...ငါ့တူမကို ကြီးကြီးဘာမှ မကူညီပေးနိုင်တာစိတ်မကောင်းပါဘူးကွယ်...ဒါနဲ့ဈေးရောင်းမယ်ဆိုတော့ ဘာရောင်းမယ်စိတ်ကူးထားလဲသမီး "
" မသိသေးဘူး ကြီးကြီး ...ဈေးထဲလိုက်ကြည့်ပြီးမှာ ဘာရောင်းရမလဲ စဉ်းစားရမှာ..အိမ်ကိုဈေးနားမှာ ငှားလို့ရရင်တော့ကောင်းမယ်...ပစ္စည်းတွေများရင်တပေါင်းမသယ်နိုင်ဘူးလေ ..ခြေတစ်ဖက်က အလိုလိုတရွတ်ဆွဲသွားလို့ "
ကြီးကြီးဆီက သက်ပြင်းချသံကိုကြားရပြန်တယ်။
" အင်း..ပေါ့ပေါ့ပါးပါးဆွဲသွားဆွဲလာလို့ရတာမျိုးတွေရောင်းပေါ့ .....ဈေထဲမှာတော့ ဗန်းလေးတွေနဲ့ရောင်းနေကတဲ့ အလုကုန်ပစ္စည်းလေးတွေလဲ မြတ်တယ်လို့ပြောတယ်....ပစ္စည်းသွားတင်ရင်လဲ ကြွပ်ကြွပ်အိတ်ကြီးတစ်အိတ်စာပါပဲ ...ဒါပေမဲ့ သိမ်ကြီးဈေးတို့ မင်္ဂလာဈေးတို့အထိသွားရတာ...ညည်းသွားနိုင်ပါ့မလားတပေါင်းရယ် "
" ဪ...ကြီးကြိးကလဲ ကားစီးသွားရတာပဲဟာ...တပေါင်းသွားနိုင်ပါတယ်...သွားရဲတယ် ...ဘာရောင်းရမလဲဆိုတာကို စဉ်းစားလိုက်အုံးမယ် ...အိမ်လခအများကြိးမကုန်ဘူးဆိုရင်တော့ ဈေးရင်းဖို့ကျန်မှာပါ "
တပေါင်းတွေးတွေးဆဆနဲ့ပြောလိုက်မိတယ်။ညကတစ်ညလုံးစဉ်းစားထားခဲ့တာတွေ ရှိပေမဲ့သေချာမဆုံးဖြတ်ရသေးတာမို့ တပေါင်းဘာမှကြိုမပြောပြဘဲထားလိုက်တယ်။
~~~~~
အသုပ်တစ်ပွဲဝယ်စားပြီးတော့ ဈေးထဲမှာ သုံးလေးခေါက်လောက် တပေါင်းလှည့်ပတ်ကြည့်လိုက်တယ်။ကြီးကြီးတို့ ရပ်ကွက်ဈေးက ဈေးရုံလဲရှိတဲ့ဈေးကြီး။ မနက်ဈေးညဈေးမို့ ရောင်းသူဝယ်သူတွေနဲ့ အရမ်းကိုစည်ကားတယ်။ကြီးကြီးပြောတဲ့ ခေါင်းစည်းကြိုးကလစ်စတဲ့ အလှကုန်အတိုအထွာလေးတွေကို ရောင်းတဲ့အသည်တွေလဲ အတော်များများရှိတာကို တွေ့ရတယ်။
တပေါင်းဈေးထဲ ပတ်လျှောက်နေရင်းက ဈေးသည်တစ်သည်ရှေ့အရောက်မှာ ခြေအစုံကတုံ့ခနဲရပ်တန့်သွားရတယ်။ဈေးသည်က ကလေးကစားစရာအိုးပုတ်လေးတွေ ရောင်းနေတာ။ ဈေးသည် ကြီးရှေ့မှာ လူတွေအုံခဲနေတယ်။အုံနေတဲ့ လူတွေထဲမှာ ဝယ်သူတွေပါသလို၊ မဝယ်ပေးနိုင်လို့ ကလေးတွေကို ခေါင်းခေါက် ဗိုက်ကြောဆွဲလိမ်နေသူတွေကိုလဲ တွေ့ရတယ်။
" ကဲ ..ကဲ...သားသားမီးမီးတို့အတွက် လက်ဆောင်လေးတွေဝယ်ပေးသွားကြပါအုံး ... တစ်ခါတလေမှ လာရောင်းတဲ့ တောအိုးပုတ်သည်လေးပါဗျ ..အမြဲလာမရောင်းပါဘူး ... တွေ့တုန်းကြုံတုန်းဝယ်ထားကြနော် "
ဈေးသည်ဦးလေးကြီးက အသံဝါဝါကြီးနဲ့ အော်လိုက်တယ်။
" ဟယ် ..ဒီကလေး..ပြောမရဆိုမရနဲ့ ...စိတ်ရှိတိုင်းလုပ်ရရင်တော့ နာတော့မယ် ... အဲ့ဒါ မြေအိုးတွေဟဲ့ ..နင်က ဘယ်လောက်စည်းကမ်းရှိလို့လဲ ...အခုဝယ်ပေးလိုက်ရင် ...အိမ်မရောက်ဘဲ ...လမ်းမှာပဲကွဲလို့ကုန်မယ် .. ကော်တွေဒန်တွေ တွေ့ရင်ဝယ်ပေးမယ် ဟုတ်ပြီလား "
နားထဲမှာကြားနေရတဲ့ စကားသံတွေကြောင့် တပေါင်းခေါင်းထဲမှာ လက်ခနဲအကြံတစ်ခုရသွားမိတယ်။အကြံပေါ် လာတာနဲ့ အိုးပုတ်သည်ကြီးနားက ထွက်လာခဲ့ပြီး တစ်ဈေးလုံးအနှံ့လှည့်ပတ်ပြီး ထပ်ပြီးလိုက်ကြည့်လိုက်တယ်။ဈေးထဲက ဆိုင်ကြီးတွေမှာ ဘောလုံး၊ခြင်းလုံးနဲ့ စုဘူးအရုပ်ကြီးတွေကိုပဲရောင်းတာတွေ့ရတယ်။ကလေးကစားစရာ အရုပ်ဆိုင်ရယ်လို့ မရှိဘူး။ တစ်ဈေးလုံးအနှံ့လိုက်ကြည့်ပြီး ဘာရယ်မသိ တပေါင်းရင်ထဲကျေနပ်ပျော်ရွှင်သွားမိတယ်။ကစားစရာ အရုပ်တွေဆိုတာ သူမငယ်ငယ်က လိုချင်တပ်မက်ခဲ့ရတဲ့အရာတွေ။ကစားစရာအရုပ်ဆိုင်ရှေ့ကိုရောက်တိုင်း
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၃)
akyiphyu
************
တစ်ညလုံးဘာမှမစားဘဲ အိပ်ခဲ့တာဆိုတော့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ တပေါင်းဗိုက်ထဲမှာ တဂွီဂွီမြည်နေခဲ့တယ်။လူက စားချင်သောက်ချင်စိတ်မရှိပေမဲ့ ဗိုက်ထဲကအချက်ပေးသံတွေဆူညံနေခဲ့ပြီ။ဒါပေမဲ့ ဗိုက်ဆာလိုက်တာလို့ တပေါင်းမညည်းရဲဘူး။ဘယ်အရပ်ပဲဖြစ်ဖြစ် အဖေ့အိမ်ပဲဖြစ်ဖြစ်၊ကြီးကြီးအိမ်ပဲဖြစ်ဖြစ် ထမင်းစားခါနီးပြီဆိုရင် တပါင်းမျက်နှာအရမ်းငယ်ရပါတယ်။စားရမှာလား၊ မစားရဘူးလားဆိုတာကို လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို ကြည့်ပြီးမှ စားရတာပါ။ကြီးကြီးတို့သားသမီးတွေလိုမျိုး "အမေ ဗိုက်ဆာတယ်ဆိုပြီး "ဆိုးခနဆတ်ခနဲ အိုးခွက်တွေလှန်လှောပြီး ထမင်းစားခွင့်မရှိဘူးလေ။အဖေ့အိမ်မှာဆိုရင်လဲ တပေါင်းကိုယ်တိုင်ချက်ပြုတ်ရတာဆိုပေမဲ့ အသားဟင်းတွေကို အမေသိန်းနုက အတုံးတွေရေထားတာ။ လူကြီးတွေမစားခင် ထမင်းကို ဦးဦးဖျားဖျားစားခွင့်မရှိဘူး။ ထမင်းကြမ်းကျန်ရင်တော့ ငါးပိရည်နဲ့စားခွင့်ရှိတယ်။ဟင်းယူစားခွင့်မရှိဘူး။တပေါင်းထမင်းဟင်းချက်ပြုတ်ပြီးလို့ ကလေးကိုပါရေမိုးချိုးပေးပြီးရင် ညီမလေးအတွက် အမေသိန်းနုချက်ပေးသွားတာနဲ့ ညီမလေးကိုအရင်ထမင်းကျွေးရတယ်။အမှန်တိုင်းပြောရရင် ညီမလေးကိုထမင်းကျွေးနေရင်းနဲ့ တပေါင်းလဲ အရမ်းစားချင်ခဲ့တာ။ ဒါပေမဲ့ အမေသိန်းနုပြန်မေးတဲ့အခါ ညီမလေးက ကလေးပီပီ အမှန်တိုင်းပြောတတ်တာမို့ တပေါင်းယူမစားရဲခဲ့ဘူး။ အဲ့ဒီအလုပ်တွေ ပြီးပြီဆိုမှ အမေသိန်းနုဆိုင်ကိုလိုက်သွားရတယ်။အဲ့ဒီအခါ အမေသိန်းနုက အိမ်ပြန်ရေမိုးချိုးပြီး ထမင်းစားတယ်။သူစားပြီးတော့မှ တပေါင်းအတွက်ဟင်းဖယ်ထားပေးပြီး အိမ်ပြန်မှစားခွင့်ရတာ။ပြောရရင်တော့ အမေမရှိတော့ကတည်းက တပေါင်းဘဝမှာ ဗိုက်ဆာတဲ့အချိန်စားခွင့်ရတယ်ဆိုတာမျိုး မရှိတော့သလို အိပ်ချင်တဲ့အချိန်လှဲအိပ်နိုင်တာမျိုးတွေလဲ မလုပ်ရတော့ဘူး။ဘယ်လောက်ပဲ အိပ်ချင်ချင် အဖေတို့မအိပ်မချင်း မီးဖိုချောင်ပေါက်နားမှာထိုင်ပြီးငိုက်ခဲ့ရတာ။အဖေတစ်ခုခုခေါ်ခိုင်းလိုက်ရင်် မကြားမှာစိုးလို့ရယ်လေ။အဖေက အမေရှိစဉ်အချိန်ကတည်းက ဒေါသကြီးစိတ်တိုလွယ်ပေမဲ့ တစ်ခုခုဆိုရင် အမေကတပေါင်းရှေ့ကနေ အမြကာကွယ်ပေးခဲ့တာ။ အရို/က်ခံစရာရှိရင်လဲ အမေကသူပဲ အရိုက်ခံခဲ့တာ။တပေါင်းမှတ်မိသလောက်တော့ အမေရှိစဉ်ကလဲ အဖေကအမေ့ကို အမြဲလိုလိုရို//က်ခဲ့တာ။အထူးသဖြင့်အရက်မူးလာတဲ့နေ့ဆို ရင်ပိုဆိုးတယ်။အဖေရိုက်တဲ့အခါ အမေကအသံမထွက်ဘဲ ကျိတ်ငိုခဲ့တယ်။အဖေဘယ်လောက်ရို//က်ရို//က် ဘာမှပြန်မလုပ်ခဲ့ဘူး။ပတ်ဝန်းကျင်သိအောင်လဲ မပြောခဲ့ဘူး။အမေဆုံးသွားပြီးတဲ့နောက်မှာ အဖေ့ရဲ့ဒေါသတွေက တပေါင်းအပေါ်ကို ကျရောက်လာခဲ့တော့တာ။ခုချိန်ပြန်စဉ်းစားကြည့်လိုက်တော့မှ အမေလဲတပေါင်းလိုပဲ သိပ်ပြီးနာကျင်ခဲ့ရှာမှာပဲလို့တွေးမိပြီး ရင်ထဲပိုနာကျင်ရပြန်တယ်။ဒါပေမဲ့ အမေသိန်းနုနဲ့ညီမလေးကိုတော့ အဖေကရို//က်လေ့မရှိဘူး။ရို**က်လို့လဲရမဲ့ပုံမပေါ်ဘူး။ဘာလို့လဲဆိုတော့ အဖေကလက်နဲ့ရွယ်ရုံနဲ့ အမေသိန်းနုက အသံပြဲကြီးနဲ့ထအော်တယ်။တွေ့ရာပစ္စည်းနဲ့ကောက်ပေါက်တယ်။သူကဦးအောင်သောင်းကျန်းပစ်တယ်။ရှေ့ဆက်ရင် ကွဲမယ်လို့ပါခြိမ်းခြောက်တယ်။ဒီတော့ အဖေ့ရဲ့ဒေါသတွေဟာ နောက်ဆုံးမှာ တပေါင်းအပေါ်မှာပဲ ကျရောက်လာတော့တယ်။အဲ့ဒီလိုနေ့ရက်တွေဟာ ဒီနေ့နောက်ဆုံးဖြစ်ပါစေလို့တပေါင်းဆုတောင်းလိုက်မိတယ်။
" ပဲ...ပြုတ် "
အိမ်ရှေ့ကနေ ပဲပြုတ်သည်အော်သံကြားတော့ တပေါင်းအိပ်နေရာက အသာထလိုက်တယ်။နောက်ဖေးမီးဖိုချောင်းက အိုးခွက်သံကြားတာမို့ နောက်ဖေးမိးဖိုခန်းဆီကို ခြေကိုဖွနင်းပြီးလျှောက်သွားလိုက်တယ်။
" တပေါင်း ဘာကူလုပ်ပေးရမလဲကြီးကြီး "
" နိုးပြီလား တပေါင်း.....ညကလဲ ဘာမှမစားဘူး..ဗိုက်ဆာနေလား "
ကြီးကြီးက တပေါင်းကိုလှည့်ကြည့်ပြီး အသံတိုးတိုးနဲ့မေးတယ်။ကြည့်ရတာ ဒီလိုမေးတာကို ဘကြီးကြားသွားမှာကြောက်နေပုံရတယ်။
" ဟုတ်ကဲ့ ..ဗိုက်မဆာပါဘူးကြီးကြီး ...မိုးလင်းရင်...တပေါင်းဈေးထဲလျှောက်ကြည့်မလို့လေ...အဲ့ဒီတော့မှ တစ်ခုခုစားလိုက်မယ်...ကြီးကြီးတိုဲ့ရပ်ကွက်ထဲမှာဖြစ်ဖြစ် ...ဘေးရပ်ကွက်မှာပဲဖြစ်ဖြစ် အဆောင်မေးပေးအုံးနော်ကြီးကြိး ...အဆောင်ကအဆင်မပြေရင်..အခန်းတွဲလဲရတယ်...တပေါင်းတို့ရပ်ကွက်မှာတော့ မနေဘူးနော်...တပေါင်းလဲ ဈေးထဲသွားရင်းစုံးစမ်းလိုက်မယ် "
တပေါင်းပြောလိုက်တော့ ကြီးကြီးက ဘာစကားမှမပြောဘဲငြိမ်ကျသွားတယ်။တပေါင်းနဲ့ပတ်သက်ပြီး ကြိးကြီးတစ်ခုခုပြောချင်ပုံရပေမဲ့ စဉ်းစားတွေးတောနေပုံရတယ်။အတော်လေးကြာတော့မှ သက်ပြင်းကိုချလိုက်ပြိး တပေါင်းကို ကြည့်တယ်။
" တပေါင်းရယ်..ကြီးကြီးက မခေါ်ထားချင်လို့မဟုတ်ဘူးနော်...ကြီးကြီးယောက်ျားအကြောင်းကိုလဲ သမီးသိတယ်မဟုတ်လား...ကြီးကြီးလဲ ကိုယ့်လမ်းကိုယ်မလျှောက်နိုင်သေးတော့ .....အစစအရာရာသည်းခံနေရတာပေါ့ကွယ်...သူကတော့ကြီးကြီးကိုရောကလေးတွေကိုပါ ...အောင်မင်းလိုမျိုးရို*/က်နှက်တတ်တဲ့သူမဟုတ်တော့ ...ကလေးတွေကြီးလာတဲ့အထိ သည်းခံရအုံးမှာပေါ့...ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်..မိဘနဲ့သားသမီးပဲ ေသအောင်တော့ မရို**က်လောက်ပါဘူး....ပြီးတော့ သမီးကအပျိုလေးဖြစ်နေပြီ ..အသက်ကလဲဆယ့်ခြောက်နှစ်ကျော်ပဲရှိသေးတာဆိုတော့
ကြီးကြီးအေးခင်ရဲ့ မေးခွန်းက တပေါင်းရင်ဝကို ဆီးပြီးကန်လိုက်သလိုပါပဲ။ ဖြုန်းခနဲ တပေါင်းဘာပြန်ပြောရမှန်းမသိဖြစ်သွားမိတယ်။ ဒီအချိန်ကြီးမှာ တပေါင်းက ဘယ်ကိုသွားရမှာလဲ။တပေါင်းမှာ ဆွေမျိုးရယ်လို့ ကြီးကြီးအေးခင်နဲ့ အဖေ့အစ်မပဲကြီးကြီးပဲရှိတာလေ။တပေါင်းရင်ထဲက တဆစ်ဆစ်နာကျလာတာကြောင့် နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်ထားလိုက်မိပြီး
" ဟို ..ဟို ...ဒီတစ်ညပဲ အိပ်ခွင့်ပြုပါလို့ ....ဘဘကိုပြောပေးပါနော် ကြီးကြီး ..မနက်ဖြန်ကျရင် တပေါင်းအဆောင်လိုက်ရှာမှာပါ .... တောင်းပန်ပါတယ်နော် ကြီးကြီး "
တပေါင်းတောင်းပန်စကားပြောလိုက်တော့ ကြီးကြီးတစ်ချက်တွေခနဲ ဖြစ်သွားခဲ့တယ်။ပြီးတော့မှ ခေါင်းကိုငြိမ့်လိုက်ပြီး
" အေး ....အေး ..ညည်းဒီမှာ ခဏလေးစောင့်အုံး .....ကြီးကြီးသွားပြောလိုက်အုံးမယ် "
ကြီးကြီးအေးခင် အိမ်ထဲပြန်ဝင်သွားတော့ ခြံရှေ့က ပိတောက်ပင်အောက်မှာ တပေါင်းထိုင်ချလိုက်မိတယ်။မနက်ဖြန် အဆောင်ရှာပါမယ်လို့ ကြီးတော်ဖြစ်သူကို ပြောလိုက်ပြီမို့ မနက်ဖြန်တော့ နေဖို့နေရာရအောင် ရှာရမယ်ထင်တယ်။နေဖို့နေရာရရင် စားဖို့အတွက်ဈေးရောင်းတာဖြစ်ဖြစ်လုပ်ရမယ်။ဒီအခြေအနေမျိုးက တပေါင်းကြိုတင်တွေးထားခဲ့ဖူးတဲ့ဘဝမို့ ရင်ထဲမှာကြောက်လန့်မှုတော့သိပ်မရှိတော့ဘူး။ထမင်းနပ်မှန်အောင်မစားရရင်နေပါစေ အရိုက်အနှက်မခံရတော့ဘူးလို့တွေးလိုက်တဲ့အခါမှာ စိတ်ဆင်းရဲသောကတွေပျောက်ပျက်သွားသလိုခံစားလိုက်ရတယ်။နေ့စဉ်ဘဝကို စိုးထိတ်ကြောက်လန့်နေစရာမလိုဘဲ ရှင်သန်နေနိုင်တော့မယ်လို့်တွေ့လိုက်မိတဲ့အခါ နှုတ်ခမ်းတွေကပါအလိုလိုပြုံးလာမိတယ်။အမြဲထိတ်လန့်တုန်လှုပ်ကာ ကြောက်လန့်နေရတဲ့ဘဝကနေ လွတ်မြောက်လာခဲ့ပြီလေ။အဆောင်မှာငှားနေဖို့အတွက်ကတော့ အန်တီကြီးနဲ့ဘွားဘွားကြီးတို့ပေးထားခဲ့တဲ့မုန့်ဖိုးတွေကို အသုံးပြုရမှာပဲပေါ့။အန်တီကြီးကလဲ အရေးပေါ်လိုရင်သုံးဖို့ဆိုပြီး ပေးခဲ့တာလေ။ငွေကသိပ်မများပေးမဲ့လဲ အိမ်ငှားနေမယ်ဆိုရင်သုံးလေးလစာတော့ရမယ်ထင်တယ်။အဆောင်ငှာနေရင်တော့ ပိုပြီးဈေးသက်သာမယ်။ရှေ့ရေးကိုသိပ်ပြီးတော့ တပေါင်းမပူပ
န်တော့ဘူး။မနက်ဖြန်ကစပြီး ကိုယ့်စိတ်နဲ့ကိုယ့်အသက်ရှင်နိုင်ပြီဆိုရင် ထမင်းတစ်နပ်ပဲစားပြီးနေရပါစေ လူ့ဘဝကနေရတာပိုပြီးအဓိပ္ပါယ်ရှိသွားပြီလေ။
အိမ်ရှေ့မှာတစ်နာရီနီးပါးလောက်ထိုင်ပြီးချိန်မှာတော့ အိမ်ထဲကနေ ကြိးကြီးပြန်ထွက်လာခဲ့တယ်။
" တပေါင်းရေ ..လာတော့ ...အိမ်ထဲရောက်လို့်...နင့်ကိုဘာပြောပြော မသိချင်ယောင်ဆောင်နေနော်..."
" ဟုတ်ကဲ့ပါ ကြီးကြီး "
ကြီးကြီးရဲ့သတိပေးစကားကို တပေါင်းခေါင်းငြိမ့်ပြလိုက်တယ်။တစ်ညလေးတော့ ဘာပဲပြောပြော တပေါင်းသည်းခံပေးဖို့စဉ်းစားထားပြီးသားပါ။မိန်းကလေးဆိုတာ ညရေးညတာမှာ စိတ်လိုက်မာန်ပါနဲ့အပြင်ထွက်သွားလို့မှ မရတာ။ပြီးတော့ တပေါင်းလိုမသန်စွမ်းဖြစ်နေတဲ့သူက ပိုဆိုးတာပေါ့။ဘယ်လောက်ပဲမကြောက်တတ်ဘူး စိတ်မာတယ်ပဲပြောပြော တကယ်တမ်းအန္တရာယ်ကို ရင်ဆိုင်လာရပြီးဆိုရင် မပြေးနိုင်တာနဲ့ပဲ တစ်ပန်းရှုံးနေပြီလေ။ဒီတော့လဲ ဘကြီးဘာပဲပြောပြောသည်းခံပေးဖို့ဆုံးဖြတ်ပြီးသားပါ။ဘကြီးက ချိုးချိုးနှိမ်နှိမ်ပဲပြောပါစေအုံး အနည်းဆုံးတော့ တပေါင်းကိုထရို//က်မှာတော့မဟုတ်တာသေချာတယ်။မသာကာ သူပြောနိင်လဲ နာရီဝက်တစ်နာရီပေါ့ ။
တပေါင်းစိတ်ကိုတင်းပြီး ကြီးကြီးနောက်ကနေလိုက်ဝင်လာခဲ့တယ်။အိမ်ပေါ်ကိုလှမ်းတက်လိုက်စဉ်မှာ ဘကြီးကလှမ်းကြည့်လိုက်တာမို့ အသားတွေဆတ်ခနဲတုန်တက်သွားမိတယ်။
" အေး...ဒီတစ်ညပဲနော်...အရင်တစ်ခေါက်တုန်းက.. နင်ဘယ်လိုအပြောခံထားရလဲ မှတ်မိတယ်နော်အေးခင်..ငါကအိမ်မှာမထားချင်လို့ပြောနေတာမဟုတ်ဘူး...ကိုယ်တွေက သနားလို့ခေါ်ထားလိုက်လဲ ...ခိုင်းစားတယ်ဆိုပြီး အပြောခံရတယ် ...စေတနာကိုစော်ကားတဲ့ဟာတွေ "
ဘကြီးက မကျေမချမ်းနဲ့လှမ်းပြောတာကိုတပေါင်း ခေါင်ငုံ့ခံပြီး အိမ်ပေါ်ကိုမဝံ့မရဲနဲ့တက်လာခဲ့လိုက်တယ်။
အိမ်ပေါ်ကိုတက်လာချိန်မှာ ရင်ထဲမှာရှက်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းတွေကို တပြိုင်တည်း ခံစားနေရပေမဲ့ ပြင်ပ မျက်နှာသွင်ပြင်မှာတော့ အမှတ်သည်းခြေမရှိ၊ဘာခံစားချက်မှ မရှိသလိုမျိုးဖြစ်နေခဲ့တယ်။မနက်ဖြန် ရှေ့ဆက်ဖို့အတွက် ဒီနေ့ကစလို့ တော်ရုံ စိတ်နာကျင်မှုမျိုး တပေါင်း ဥပေက္ခာပြုထားရမယ်ဆိုတာကို ပိုပြီးနားလည်လာသဘောပေါက်လာမိတယ်။မနက်ဖြန်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတာကိုတော့ ဒီညမှာ တပေါင်းစဉ်းစားဆုံးဖြတ်ရမှာပေါ့ ။
==================================
အပိုင်း (၁၃)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
သွားဆော့လို့ရို//က်တယ်။ပန်းကန်ကျကွဲလို့်ရို//က်တယ်။ထမင်းအိုးတည်းခိုင်းတာ ထမင်းပျော့လို့ရို/က်တယ်။ထမင်းတူးလို့၊ထမင်းမာလို့စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ရိုက်ခဲ့တယ်။ခြောက်တန်းအောင်တဲ့အထိကျောင်းတက်ခဲ့ရပေမဲ့လည်း တစ်ရက်မှစိတ်ချမ်းချမ်းသာသာတက်ခဲ့ရတာမဟုတ်ဘူး။ကလေးထိန်းရင်းတန်းလန်းနဲ့ ကျောင်းမီအောင်မနည်းပြေးခဲ့ရတာ။ကျောင်းကပြန်ရောက်လာရင်လဲ ဗိုက်ဆာဆာနဲ့ ထမင်းအရင်မစားရဘူး။ကလေးအရင်းထိန်းရတာ။တစ်ခုခုလုပ်လိုက်လို့် မှားသွားတဲ့နေ့ဆိုရင် အပြစ်ကကင်းလွှတ်ခွင့်ရတယ်ဆိုတာမျိုး လုံးဝကိုမရှိခဲ့ဘူး။အပြစ်ကိုမေးမေးပြိး ခြေသလုံးမှာအရှိုးရာထပ်အောင် အရိုက်ခံခဲ့ရတာ။အိမ်မှာပစ္စည်းပျောက်ရင်လဲ တပေါင်းပဲ အရို/က်ခံရတာ။ညီမလေးက သူ့ဘာသာဆော့ရင်းနဲ့ချော်လဲရင်လဲ တပေါင်းပဲအရို/က်ခံခဲ့ရတာ။ဖခင်ဖြစ်သူနဲ့မိထွေးတို့ စကားများကြရင်လဲ တပေါင်းပဲ အရို//က်ခံခဲ့ရတာ။ညီမလေးကို တပေါင်းပဲထိန်းနေရတယ်ဆိုပေမဲ ညီမလေးအတွက်ဝယ်ထားတဲ့မုန့်ကို တပေါင်းစားမိလို့ တံမြက်စည်းရိုးကျိုးအောင် အရို//က်ခံခဲ့ရတာတွေလဲရှိတယ်။အဲ့ဒါထက်ဆိုးတာက ဖခင်ဖြစ်သူ မုန့်ဝယ်လာတဲ့အခါ တပေါင်းအတွက်မပါဘဲ သူတို့သုံးယောက်ပဲ စားတဲ့အခါမျိုးပေါ့။အဲ့ဒိလိုအချိန်တွေမှာဆိုရင် တပေါင်းေသလုမတတ်ဝမ်းနည်းနာကျင်ခဲ့ရပါတယ်။မိထွေးဖြစ်သူဝယ်လာတဲ့မုန့်ကို မစားရလို့ တပေါင်းဝမ်းမနည်းဘူး။မခံစားရဘူး။ဒါပေမဲ့ ဖခင်ဖြစ်သူက အားလုံးအတွက် မုန့်ဝယ်လာပြီး တပေါင်းအတွက်မပါတာကိုတော့ တပေါင်းရင်နာရပါတယ်။ခံစားရပါတယ်။အစားတစ်လုတ်မစားရလို့ ဘာမှဖြစ်မသွာပေမဲ့ ရင်ထဲကနာကျင်မှုတွေခံစားချက်တွေကတော့ နှလုံးသားမှာ သံမှိုနဲ့ရို//က်ထားသလို စွဲမြဲနေခဲ့တာ။ဖခင်ဖြစ်သူရဲ့အကြောင်းကို ပြန်တွေးတိုင်း ပျော်ရွှင်စရာရယ်လိုရေးရေးလေးမှ ပေါ်မလာတဲ့ဘဝမှာ ဖခင်ရဲ့ကျေးဇူးဆိုတာဘာလဲလို့မေးရမှာပါပဲ။ကလေးထိန်းမှထမင်းကျွေးတာက မိဘကျေးဇူးလား။ရွယ်တူသူငယ်ချင်းတွေနဲ့ အိမ်ရှေ့မှာထွက်ဆော့မိလို့် တံမြက်စည်းရိုးကျိုးအောင် အရို-က်ခံရရုံတင်မကဘဲ တစ်နေကုန်ထမင်းအငတ်ထားတာက မိဘကျေးဇူးလား။ကျောင်းတက်ချင်တယ်လို့်ပြောလိုက်မိလို့ အရိုးတွေကျိုးလုမတတ် အရို**က်ခံရတာက မိဘကျေးဇူးလား။ မိဘကောင်းနဲ့နေခဲ့ရတဲ့သူတွေကတော့ တပေါင်းတို့ဘဝတွေကို ဘယ်စာနာပေးနိုင်မှာလဲ။သူတို့စိတ်ထဲမှာ ကလေးမွေးပြီးစွန့်ပစ်သွားတဲ့သူတွေကိုပဲ မိဘဆိုးလို့ထင်နေကြတာမဟုတ်လာ။သားသမီးမွေးပြီး သူတို့ပိုင်တဲ့အရုပ်လိုမျိုး ခိုင်းချင်ရာခိုင်းမယ်။လုပ်ချင်ရာလုပ်မယ်။အမျိုးမျိုးချိုးနှိမ်ပြောပြီး စိတ်ဆင်းရဲအောင်လုပ်နေတာတွေ။အနုနည်းအကြမ်းနည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်နေတာတွေကိုတော့ အပြစ်မတင်ကြဘူး။ ဘာပဲဖြစ်ဖြစ် သားသမီးကိုမစွန့်ပစ်ရုံနဲ့တင် မိဘကောင်းစာရင်းကိုသွင်းလိုက်ကြတယ်။အဲ့ဒီအစားစွန့်ပစ်လိုက်တာကမှ လူစိတ်ရှိတဲ့ မွေးစားမိဘနဲ့ဆုံနိုင်သေးတာမဟုတ်လား။
သားသမီးမွေးပြီး စွန့်ပစ်ဖို့မတွေးကြပေမဲ့ သူတို့ရဲ့တာဝန်တွေကို သားသမိးတွေကိုကူထမ်းခိုင်းတာ။ပေးတာယူကျွေးတာစားခိုင်းပြီး အရုပ်လေးတွေလို သူတို့စိတ်တိူင်းကျခိုင်းစားမပြီး ရို//က်နှက်နှိပ်စက်နေကြတာတွေကရော မိဘကောင်းတွေပဲလား။
အဖေ့ကိုတပေါင်းမမုန်းပါဘူး။ဒါပေမဲ့ကြောက်တယ်။နာကြည်းတယ်။နောက်ထပ်ပြန်မဆုံချင်လောက်အောင်ကိုကြောက်တယ်။အဖေ့အသံကြားရမှာကိုကြောက်တယ်။အဖေနဲ့မျက်နှာချင်းဆိုင်ဲရမှာကိုလဲ ကြောက်တယ်။ရှင်းရှင်းပြောရရင် အဖေကတပေါင်းကိုအမြဲပြောနေကြစကားဖြစ်တဲ့ " နင့်မျက်နှာမြင်ရတာနေလိုမီးလိုပူတယ် "ဆိုတဲ့စကားလိုပဲ ။တပေါင်းလဲ အဖေနဲ့ဆုံရတိုင်း ရင်ထဲမှာ နေလိုမီးလိုပူပါတယ်။ဒါကတပေါင်းလုပ်ယူခဲ့တာမဟုတ်ဘူး။မိုက်ရိုင်းတာမဟုတ်ဘူး။တပေါင်းရဲ့ရင်ထဲနှလုံသားထဲက ဒီအတိုင်းပဲခံစားနေရတာ ။အဖေ့အသံကိုကြားတာနဲ့ အလိုလို ကြောက်လာမိတာ။ ဒီလိုခံစားချက်တွေနဲ့ မိဘကျေးဇူးဆိုတာကို ဘယ်လိုဆပ်ရမှာလဲ ။ခြေတစ်ဖက်ဆာတာတာဖြစ်သွားတဲ့အထိ ရို*က်နှက်သမျှခံပေးခဲ့လဲ မိဘကျေးဇူးကို စော်ကားတယ်လို့ပြောနေကြတုန်းပါပဲ။ ဒီလိုတွေဝေဖန်ပြောဆိုနေကြမဲ့အစား တပေါင်းတို့ ခံစားနေရတာတွချုပ်ငြိမ်းသွားအောင် အtသပဲ ဝိုင်းသ*တ်လိုက်ကြပါတော့လား ။တစ်နေ့တစ်နေ့ အကြောက်တရားနဲ့ နာကျင်မှုတွေနဲ့ မျှော်လင့်ချက်မဲ့ မေတ္တာတရားမဲ့ရှင်သန်နေရတာထက်စာရင် tသသွားတာကမှ ပိုကောင်းအုံးမှာ မဟုတ်ဘူးလား။
" တပေါင်း ..နင် ..နင် .. ငါ့ဆီလာတာလား "
တပေါင်းကိုယ့်အတွေးနဲ့ ကိုယ် နာကြည်းစရာတွေကို တွေးတောပြီး လျှောက်လာခဲ့လိုက်တာ ရုတ်တရက်ကြီးကြီးအေးခင်ကိုတွေ့လိုက်ရမှ ကြီးကြီးအေးခင်တို့အိမ်ကို တပေါင်းခြေထောက်တွေက သူ့အလိုလို လျှောက်လာမိတာကို သတိထားလိုက်မိတယ်။ကြီးကြီးက တပေါင်းကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်ပြီး
" တ...တပေါင်း ..ညည်း..ညည်းလက်ထဲမှာလဲအထုပ်နဲ့ ...ဘယ်လိုဖြစ်လာတာလဲ .."
" ဟို ..ဟို .. အိမ်ပေါ်က နှင်ချခံလိုက်ရလို့ပါ ကြီးကြီး ... "
" ဘာ ..ဘယ်လို .. သမီးမိန်းကလေးအပျိုပေါက်လေးကို ....ဒီအချိန်ကြီး အိမ်ပေါ်က နှင်ချလိုက်တယ်ဟုတ်လား ..အောင်မင်းဆိုတဲ့ကောင် ...လူမှဟုတ်ရဲ့လား ...ဒါနဲ့ ညည်းက ဘယ်ကိုသွားမှာလဲ ..."
" ရှင် "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၂)
akyiphyu
************
အိမ်ခြံဝကို အရောက်မှာ မိထွေးဖြစ်သူနဲ့ ညီမငယ်လေးအပါအဝင် မိထွေးတို့မိသားစုကိုတွေ့လိုက်ရတယ်။မိထွေးဖြစ်သူက သူမကိုလှမ်းကြည့်နေတာကို တပေါင်းတွေ့လိုက်ရတယ်။ကျန်တဲ့သူတွေကလဲ မျက်နှာထားတင်းတင်းတွေနဲ့ တပေါင်းကိုလှမ်းကြည့်နေကြတယ်။တပေါင်းမျက်နှာကိုတင်းကာ အားလုံးကိုကျောခိုင်ပြီးထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~
ညမှောင်မှောင်မှာ အဝတ်ထုပ်ကိုဆွဲရင်း တပေါင်းဘယ်ကိုသွားလို့သွားရမှန်းမသိဖြစ်နေမိတယ်။အဖေ့ရဲ့အစ်မအိမ်ကိုလဲ မသွားချင်ဘူး။အဲ့ဒီအိမ်ကိုသွားရင်််် အဖေ့အိမ်နဲ့ သိပ်မကွာလှဘူး။ကြီးကြီးက တပေါင်းကိုတွေ့တာနဲ့ တပေါင်းကပဲ မိဘကိုစော်ကားမိလို့်ချက်ချင်းပဲ ငရဲကျတော့မလိုနဲ့ အပြောခံရတာ။မိဘဆိုတာ မွေးပေးရုံနဲ့တင်ကျေးဇူးဆပ်လို့မကုန်ဘူးဆိုတဲ့ စကားတွေလဲပါတယ်။ဘေးသူစိမ်းကောင်းတယ်ဆိုတာ မိဘခြေဖျားကိုမမှီဘူးဆိုတာတွေရော၊မိဘကျေးဖူးမြင့်မိုရ်တောင်ထက်တောင်ကြီးမားသေးတယ်ဆိုတာတွေရော။မိဘက က်ိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း မမုန်းရဘူး။မပြစ်မှားရဘူးဆိုတာတွေလဲပြောတယ်။ပြောတာမှ စုံနေအောင်ပြောတာ။မိဘကရို//က်တယ်ဆိုတာ ချစ်လို့ ရို*က်တာတဲ့လေ။ချစ်ရင်ရို*က်ကြတာလား။လူတွေက တပေါင်းမတရားအရို//က်ခံနေရမှန်းသိရဲ့နဲ့ ဘာလို့်များရို/က်နှက်တတ်တဲ့ မိဘတွေကိုမတားမြစ်ကြဘဲ တပေါင်းတို့ကိုပဲ အပြစ်တွေပြောနေကြတာလဲ။တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ တပေါင်းနားလည်လာမိတာက သားသမီးကို ရို-က်နှက်ဆုံးမတတ်တဲ့ မိဘတွေဟာ လူ့လောကမှာအများအပြားရှိနေကြပေမဲ့ သူတို့ကိုတားမြစ်မဲ့သူမရှိသလို ၊အရိုက်ခံနေရတဲ့ကလေးတွေကို ကူညီရဲသူ၊ ကူညီပေးမဲ့သူမရှိဘူးဆိုတာကိုလဲ ကောင်းကောင်းသိလာခဲ့တယ်။
လောကကြီးမှာ တပေါင်းလို၊ ဖိုးဇင်လို၊ သံလုံးတို့ ညီအစ်ကိုတွေလို နေ့တိုင်းအရို*က်ခံနေရတဲ့ ကလေးတွေ အများကြီးရှိမယ်ထင်တယ်။ဖိုးဇင်ဆိုရင်လဲ မိုးလင်းမိုးချုပ် သူ့အမေကို အလုပ်တွေဝိုင်းကူပေးနေရပေမဲ့ တစ်ခါမှချီးမွမ်းမခံရဘူး။အကောင်းပြော မခံရဘူး။နေ့တိုင်းအရို*က်အနှက်ပဲခံခဲ့ရတာ။ ရို*က်ရုံတင်အားမရလို့ ပါးစပ်ကို အပ်နဲ့ပေါက်တာတွေ၊ လက်တွေကို အပ်နဲ့ ပေါက်တာတွေပါလုပ်ခဲ့တယ်။တပေါင်းကတော့ အပ်နဲ့ အပေါက်မခံခဲ့ရလို့ ကံကောင်းတယ်ပဲပြောရမလား။ဖိုးဇင် ခမျာတော့ နှုတ်ခမ်းသားနုနုလေးနဲ့ လက်ဖဝါးတွေကို မကြာခဏအပ်နဲ့ အပေါက်ခံရတာတဲ့လေ။မထင်ရင်မထင်သလို ရေတိုင်ကီထဲ နှစ်တာတွေလဲပါသေးတယ်တဲ့ ။ ဒါကတော့ တပေါင်းလဲ အနှစ်ခံရပါတယ်။ကြောက်လွန်းလို့ ရပ်ကွက်ထဲ ပတ်ပြေးနေလဲ တပေါင်းတို့ဘက်က ရည်တည်ပေးမဲ့သူရယ်လို့မရှိခဲ့ဘူး။ရှိခဲ့လဲ အဖေကမူးမူးနဲ့ အော်ဆဲလို့ ဘယ်သူမှ ဝင်မပါကြတော့တာလဲပါတယ်။မိဘနဲ့သားသမီး မိဘက ဆုံးမပိုင်ခွင့်ရှိတယ်ဆိုပြီး ဘာမှကိုဝင်မပြောကြတော့ဘူး။ဒီလိုတွေဖြစ်နေချိန်မှာ သားသမီးကနာကျင်ရပါများလွန်းလို့ မတော်တဆများ မိဘအပေါ် ပြန်ရိုင်းပျခဲ့မိရင်တော့ ငရဲအိုးထဲကိုဝိုင်းနှစ်မဲ့သူတွေ အများအပြားပေါ်ပေါက်လာကိုတွေ့ရတော့တာပဲ ။ဆိုဆုံးမမဲ့သူတွေ။ဝိုင်းကဲ့ရဲ့ပြစ်တင်မဲ့သူတွေ။မိဘကျေးဇူးမြင့်မိုရ်ဦးလို့် ပြောဆိုမဲ့သူတွေ နေရာအနှံ့ကပေါ်ပေါက်လာခဲ့တော့တယ်။တပေါင်းနားလည်နိုင်သလောက်ကတော့ တပေါင်းတို့အိမ်နားက ပေါက်ပေါက်တို့မောင်နှမတွေလိုမျိုးနဲ့ကြီးကြီးအေးခင်ရဲ့သားသမီးတွေလိုဘဝမျိုးတွေဆိုရင်တော့ သူ့တို့အတွက် မိဘကျေးဇူးဆိုတာဆပ်လို့မကုန်ဘူးဆိုတာမှန်တာပေါ့။စားချိန်တန်စား၊အိပ်ချိန်တန်အိပ်၊ကစားရမဲ့အချိန်အရွယ်မှာ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရကြတယ်။ပညာသင်ရမဲ့အရွယ်မှာလဲ ပညာသင်ရတယ်။ကလေးတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝရကြတယ်လေ။ သားသမီးတွေကြောင့် ပန်းကန်တွေကျကွဲတာပဲဖြစ်ဖြစ်၊ သား သမီးတွေ မတော်တဆချော်လဲတာပဲဖြစ်ဖြစ် မိဘတွေက ပျာပျာသလဲ စိုးရိမ်တကြီးနဲ့ ပြေးလာကြတော့တာ။ ကြီးကြီး ယောက်ျားဆိုရင် သူ့သားသမီးတစ်ယောက်ယောက်လုပ်လို့ တစ်ခုခုကျကွဲပြီဆိုရင် " ဘာဖြစ်တာလဲ ....လူကိုထိသွားသေးလား " ဆိုပြီး စိုးရိမ်တကြီး အရင်မေးတာ ။တပေါင်းတို့ဘဝကျတော့လဲ အမေးအမြန်းမရှိ ဖြေရှင်းခွင့်မရှိဘဲ အုံးဒိုင်းဆိုပြီး အထုခံရတာ။ပေါက်ပေါက်တို့ဆိုရင်လဲ ကျောင်းသွားချိန်သွား၊ ကျူရှင်သွားချိန်သွားပြီးရင် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရှိတယ်။တပေါင်းမှာတော့ ဆော့ကစားရမဲ့အချိန်မှာလဲ ကလေးအမေတစ်ယောက်လို ကလေးခါးထစ်ခွင်ချီပြီးနေခဲ့ရတာ။လူရယ်လို့သိလာကတည်းက စာကိုလဲစိတ်အေးလက်အေးသင်ခဲ့ရတာမဟုတ်ဘူး။စာအုပ်ဖိုးတောင်းတိုင်း။ကျောင်းကိုပေးသွင်းရမဲ့ငွေတွေ တောင်းတိုင်း အမြဲအဆူခံအပြောခံခဲ့ရတာ။ကျောင်းသွားတိုင်းမျက်ရည်နဲ့မျက်ခွက်သွားခဲ့ရတာ။အမေဆုံးတဲ့အချိန်မှာ တပေါင်းပထမတန်းတက်နေခဲ့တာ။ အမေဆုံးပြီး သိပ်မကြာဘူး။တပေါင်းတို့အိမ်က်ိုအမေသိန်းနုရောက်လာခဲ့တာ။အမေသိန်းနုရောက်လာပြီးနောက်နှစ်နှစ်မှာပဲ ညီမလေးကိုမွေးခဲ့တာ။ ညီမလေးကိုမွေးတာက အမေသိန်းနုဆိုပေမဲ အချိန်ပြည့်တပေါင်းပဲထိန်းခဲ့ရတာ။အိမ်အလုပ်တွေကူလုပ်ပေး၊ကလေးကူထိန်းပေးတဲ့ကြားက အမြဲအရိုက်ခံခဲ့ရတယ်။အမေသိန်းနုကတော့ မရိုက်ပါဘူး။အဖေကရို//က်တာ။ကလေးမထိန်းဘဲ
လက်ဆွဲအိတ်အသစ်လေးကိုဖျတ်ခနဲ သတိရလိုက်မိတော့ တပေါင်းနာနာကျင်ကျင်ပြုံးလိုက်မိတယ်။အိတ်ကလေးက အကောင်းကြီးပဲရှိသေးတာပဲ အမေသိန်းနုသိမ်းပေးထားမယ်ဆိုပြီး ယူသွားခဲ့တဲ့ လက်ဆွဲအိတ်လေးက တပေါင်းဆီကိုပြန်မရောက်လာခဲ့တာ သုံးလေးနှစ်မကရှိနေခဲ့ပြိးလေ။ကြွပ်ကြွပ်အိတ်တစ်လုံးကို ရှာတွေ့တော့ သံသေတ္တာထဲကအဝတ်တချို့ကိုထုတ်ယူကာ အိတ်ထဲကိုထည့်လိုက်တယ်။အားလုံးထည့်လို့ပြီးတော့ ကြွပ်ကြွပ်အိတ်ကိုဆွဲကာ ညာခြေထောက်ကိုဆာတာဆာတာနင်းပြီး အိမ်ထဲကနေ တပေါင်းထွက်လာခဲ့လိုက်တယ်။
==================================
အပိုင်း (၁၂)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
လှမ်းပြီး ရန်တွေ့တဲ့မိထွေးဖြစ်သူရဲ့မိခင်ကြီးကို တပေါင်းခပ်စူးစူးလှမ်းကြည်လိုက်မိပြီး
" အဒေါ်ကြီးက လူကြီးဖြစ်ပြီး လူကြီးစကားမပြောဘူး...အဒေါ်ကြီးသားက ပိုက်ဆံတွေခိုးတာလေ...ငရဲ့သွားရမယ်ဆိုရင်လဲ အဒေါ်ကြီးသားပဲသွားရမှာပေါ့...ကျွန်မကဘာလို့သွားလို့ရမှာလဲ ...ငရဲ့ပြည်က အဒေါ်ကြိးလိုဘက်လိုက်မယ်လို့ထင်နေတာလား ...ကိုယ့်သားသမီးကိုမဆုံးမဘဲ ...သူများသားသမီးကိုပဲ အပြစ်တင်နေတယ်...အတ္တကြီးတဲ့သူတွေ ...ကျွန်မကအဒေါ်ကြီးပြောသလိုပဲ အမေတူသမီးမို့...... အဒေါ်ကြီးရဲ့သား ကံကောင်းသွားတာ သိရဲ့လား...အဖေတူသမီးသာဆို အဒေါ်ကြီးသားကို ခြေထောက်ကျိုးအောင် ရို**က်ပြီးပြီ"
တစ်ခွန်းမခံပြန်ပြောနေတဲ့ တပေါင်းကို မသိန်းနုမျက်လုံးအပြူးသားနဲ့ကြည့်နေမိတယ်။အိမ်ပေါက်ဝမှာ တု//တ်ရှည်ကိုကိုင်ကာ ပြန်ပြီးရန်တွေ့နေတဲ့ပုံစံက လုံးဝအကြောက်တရားမရှိတဲ့ပုံစံမျိုး။ဒီအချိန်မှာ သူမကိုသွားရိုက်ရင် တကယ်ပြန်ရို//က်မဲ့ပုံစံမျိုးနဲ့။သူ့အဖေများ ရို**က်ရင်တော့ အသံတောင်မထွက်ရဲတဲ့ကလေးမက အခုချိန်မှာတော့ ကျားဆိုးတစ်ကောင်ကိုရင်ဆိုင်ရမဲ့ဆိုရင်တောင် ရင်ဆိုင်မဲ့ပုံစံမျိုးနဲ့အသင့်ရှိနေတာ။
" နင် ,,,လူကြီးကိုဘယ်လိုပြန်ပြောနေတာလဲ ကလေးမ..ငါတို့မျိုးရိုးမှာ သူခိုးမရှိဘူးဟဲ့...နင့်အဖေပိုက်ဆံတွေကို နင်ပဲခိုးနေတာနေမှာပေါ့ ....ငါ့သားကို မုန့်ဖိုးအပြည့်ပေးပြီးသား ...မဟုတ်တာတွေလာမပြောနဲ့ "
မသိန်းနုရဲ့မိခင်ကြီးက မကျေမချမ်းနဲ့ထပ်ပြောလိုက်တယ်။
" အဒေါ်ကြီးသားခိုးလားမခိုးလားသိချင်ရင် ...သူ့အိတ်ထဲကိုကြည့်လေ..အမေသိန်းနုယူခိုင်းတာလို့ လာမပြောနဲ့ ..ကျွန်မကငတုံးမဟုတ်ဘူး....အဒေါ်ကြီးတို့မျိုးရိုးမှာ အရင်ကသူခိုးမရှိပေမဲ့ အခုရှိနေပြီသိရဲ့လား "
တစ်ယောက်တစ်ပြန်အော်ကြရင်းနဲ့အိမ်ရှေ့မှာလူစုစုဖြစ်လာတာမို့ မသိန်းနုလဲဖခင်ဖြစ်သူကိုကြည့်လိုက်ပြီး မိခင်နဲ့မောင်ဖြစ်သူကို ခေါ်သွားခိုင်းလိုက်တယ်။သူမကတော့ တပေါင်းကိုလှမ်းကြည့်လိုက်ပြီး
" နင်ဖယ်စမ်း တပေါင်း ...ငါ့သမီးကိုခေါ်မလို့ ...သမီးလေး ဆင်းလာခဲ့...အမေတို့ဆီကိုလာခဲ့ "
မသိန်းနုက သမီးဖြစ်သူကိုလှမ်းခေါ်လိုက်ပြီး တစ်မိသားစုလုံး အိမ်ခြံထဲက ထွက်သွားခဲ့ကြတယ်။
~~~~~~~~~~~
နံရံပေါ်က တိုက်ကပ်နာရီကို တပေါင်းလှမ်းကြည့်လိုက်တယ်။ညနေခြောက်နားရီထိုးနေပြီ။တကယ်ဆို ဒိအချိန်က ဖခင်ဖြစ်သူပြန်လာနေကြအချိန်။ဖခင်ဖြစ်သူ အလုပ်ကပြန်လာပြီဆိုရင် တပေါင်းက ဈေးလေးထဲကိုသွားပြီး မိထွေးဖြစ်သူကို ဆိုင်ကူသိမ်းပေးရမှာ။ဒီနေ့တော့ ဖခင်ဖြစ်သူအလုပ်ကပြန်မလာသေးသလို တပေါင်းလဲ ဆိုင်သွားကူသိမ်းပေးစရာမလိုဘူးထင်ပါရဲ့။တပေါင်းတွက်ဆမိသလောက်တော့ မိထွေးဖြစ်သူနဲ့သူ့မိသားစုက လမ်းကသွားစောင့်နေကာ နေ့လယ်ကအဖြစ်ကိုတိုင်နေကြပုံပင်။ဒီအဖြစ်အပျက်ကို ဖခင်ကြီးဘယ်လိုဆုံးဖြတ်မလဲဆိုတာကို တပေါင်းစောင့်မျှော်နေမိတာ။ဒီတစ်ခါရော သူမေသလောက်အောင် အရို//က်ခံရအုံးမှာလား။ရို//က်ရင်လဲ ခံရုံပဲရှိတာပေါ့။
နာရီလက်တံက တဖြည်းဖြည်းရွေ့လျားလာတာနဲ့အမျှ တပေါင်းရင်တွေတဆတ်ဆတ်ခုန်နေမိပြီး အသားတွေပါတုန်ယင်လာခဲ့တယ်။ပြဿနာတစ်ခုမြန်မြန်ပြီးသွားဖို့အရေး ဖခင်ကိုမြန်မြန်ပြန်ရောက်လာစေချင်သလို ၊မသိစိတ်ကလဲ ပြန်မလာစေချင်ပြန်ဘူး။
~~~~~~~~~~~
" တပေါင်း "
အိမ်ရှေ့ဧည့်ခန်းကနေ ဟိန်းခနဲ့ထွက်လာတဲ့ခေါ်သံ ။၊နောက်ဆုံးတော့လဲ တပေါင်းစောင့်နေခဲ့တဲ့ အချိန်ကိုရောက်လာခဲ့ပြီ။တပေါင်းတုန်တုန်ယင်ယင်နဲ့အိမ်ရှေ့ကိုထွက်လာခဲ့မိတယ်။အိမ်ရှေ့ကိုရောက်တော့ ဧည့်ခန်းထဲမှာ ဖခင်တစ်ယောက်တည်းကိုပဲ တွေ့ရတာမို တပေါင်းထိတ်ခနဲ ဝမ်းသာသွားမိတယ်။
" နင်...ဒီနေ့ ဘာတွေလုပ်ခဲ့တာလဲ တပေါင်း...နင်အဲ့ဒီလောက်အထိ ရိုင်းစိုင်းနေတယ်ပေါ့ဟုတ်လား "
ဖခင်ဖြစ်သူရဲ့နှုတ်ကနေ လေသံအေးစက်စက်နဲ့ပြောလာတာမို့ တပေါင်းမျက်လုံးအစုံပြူးကျယ်သွားရပြီး ခေါင်းကိုခါယမ်းကာငြင်းဆန်လိုက်မိတယ်။
" မ..မဟုတ်ဘူးအဖေ...တ..တပေါင်းရှင်းပြပါမယ်...ကိုဇော်မင်းကအဖေ့ပိုက်ဆံကိုခိုးလို့် စဖြစ်ကြတာပါအဖေ "
" တော်စမ်း...နင့်ပါးစပ်ကိုပိတ်ထားစမ်း...နင့်အသံကိုမကြားချငိဘူး....နင့်မျက်နှာကိုလဲ မကြည့်ချင်ဘူး...နင်ဒီအိမ်မှာရှိနေတာ ကျက်သရေတုံးတယ်...နင့်မျက်နှာကိုမြင်ရတာ နေလိုမီးလိုပူတယ်...ငါ့ဘဝအေးချမ်းတော့မယ်ဆိုရင် နင့်ကြောင့်အမြဲပျက်စီးရတယ်....နင် ..ဒီအိမ်မှာမနေနဲ့တော့ နင့်ပစ္စည်းတွေအကုန်ယူပြီးထွက်သွားတော့ ...နင့်အဝတ်တွေတစ်ထည်မှမထားခဲ့နဲ့နော်...ထားခဲ့ရင်မီးရှို့ပစ်မှာ ..နာရီဝက်အတွင်း နင့်ပစ္စည်းတွေကိုသိမ်းပြီး ထွက်သွားလိုက်တော့ "
ပြောပြီးတာနဲ့နေရာကထထွက်သွားပြီး အခန်းထဲဝင်သွားတဲ့ ဖခင်ကြီးကို တပေါင်းမျက်လုံးေသနဲ့လိုက်ကြည့်နေမိတယ်။ဒီနေ့တော့ သူမတစ်ချက်မှအရိုက်မခံရပါဘူး။သို့ပေမဲ့ ဒီနေ့ကအနာကျင်ဆုံးခံစားရတဲ့နေ့ပါပဲ ။ မမြင်ချင်ဘူးလို့ပြောနေတဲ့ဖခင်ကို သူမကိုယ်တိုင်လဲ ဘာဆိုဘာမှ ရှင်းမပြချင်တော့ပါဘူး။တပေါင်းအံကိုကြိတ်ကာ နောက်ဖေးကသူမအိပ်တဲ့နေရာကိုထွက်လာခဲ့လိုက်တယ်။ပြီးတော့ ကြွပ်ကြွပ်အိတ်တစ်လုံးကိုအမြန်ရှာလိုက်တယ်။အန်တီကြီးတို့ ပေးလိုက်တဲ့
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၁)
akyiphyu
************
ဇော်မင်းအရှောင်မြန်လို့ ပခုံးနဲ့ လက်မောင်းကိုပဲ ရို***က်ချက်ကထိသွားခဲ့တယ်။
" လာလေ ..လာစမ်းပါသူခိုးရဲ့ ..နင့်ကိုများ ကြောက်မယ်ထင်နေလား ...သတ္တိရှိရင် ငါ့အသားကိုထိကြည့်စမ်း ... လာထိ ကြည့်စမ်း သူခိုးကောင်ရဲ့...နင်ကများ ငါ့အဖေကန်သလိုမျိုး ....ငါ့ကိုလာကန်တယ်ပေါ့ ဟုတ်လား...လာစမ်း "
တပေါင်းစိတ်လွတ်သွားသူလို အော်ပစ်လိုက်ပြီး တု*တ်ကို မြှောက်ကာလှမ်းရိုက်ပစ်လိုက်တယ်။ဒီတစ်ခါ ရို*က်ချက်က ဇော်မင်းရဲ့ခြေထောက်တွေကို မိမိရရထိသွားခဲ့တယ်။နောက်တစ်ချက် ထပ်ပြီး တပေါင်းလှမ်းရိုက်တာကိုမြင်တော့ ဇော်မင်းက ကမန်းကတန်းထရှောင်းပြေးတာမို့ အုတ်ခဲကိုခလုတ်တိုက်ပြီး လဲကျသွားခဲ့တယ်။
ဇော်မင်းလဲကျသွားတာကို ကြည့်ပြီး တပေါင်းကတု*တ်ကို အသင့်ကိုင်မြှောက်ထားလိုက်တယ်။
" ဟဲ့ ..ဟဲ့ ...ဘာဖြစ်ကြတာလဲ ...မင်းက သိန်းနုရဲ့မောင်မဟုတ်လား "
" ဒုက္ခတွေတော့ ဖြစ်ကုန်တော့မှာပဲ ... တပေါင်းကလက်ရဲဇက်ရဲနဲ့ ...ဟဲ့ သိန်းနုတို့ကို သွားခေါ်ကြပါဟဲ့ ..တပေါင်းမလုပ်နဲ့နော်... "
အိမ်နီးချင်းတွေက တပေါင်းတို့ကိုကြည့်ပြီး ပြူးပြူးပျာပျာနဲ့ အော်ကြတယ် ။စောစောက တပေါင်းခံနေရတုန်းကတော့ ဘယ်သူမှမသိကြတာလားပဲ။ သူတို့စိတ်ထဲမှာ တပေါင်းက အဖေကိုတစ်ခါပြန်လုပ်ဖူးတာနဲ့ တပေါင်းကို အရိုင်းအစိုင်းဖြစ်သက်မှတ်လိုက်ကြတာလေ။တစ်သက်လုံးတပေါင်း ရိုက်နှက်နှိပ်စက်ခံနေရတာကိုတော့ မိဘက သားသမီးကို ဆုံးမတာဆိုပြီး မသိချင်ယောင်ဆောင်ခဲ့ကြတာလေ။တပေါင်းအနေနဲ့ အဖေ့ကို ဖန်ခွက်ကွဲနဲ့ ပြန်ထိုးမိတာကလဲ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်မိလုပ်ရာလုပ်လိုက်မိတာ။ အသားတွေနာကျင်လွန်းလို့ သတိလွတ်ပြီး လုပ်လိုက်မိတာ ။အဖေ ရို*က်သမျှကို တပေါင်းသည်းခံခဲ့ပါတယ်။ပေါင်ကို ဆေးလိပ်မီးနဲ့ တို့လဲ ငြိမ်ခံ၊ ဗိုက်ခေါက်ကို ဆေးလိပ်မီးနဲ့တို့လဲ တပေါင်း အမြဲအံကြိတ်ခံခဲ့တာပါ။စိတ်လွတ်ပြီး ပြန်လုပ်လိုက်မိတော့ သားသမီးဆိုးတဲ့လေ။မိဘစော်ကားလို့ ငရဲသွားရမှာတဲ့။လက်ရဲဇက်ရဲမတဲ့။တခြားသူတွေ ပြောချင်တာတွေပြောကြပါစေတော့ တပေါင်းကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ဇော်မင်းခြေလှမ်းပြင်လိုက်တာနဲ့ ရို*က်ချပစ်ဖို့ အသင့်ချိန်ရွယ်ထားလိုက်တယ်။
"မမ ..မမ ...ဦးဦးကို မရို*က်ပါနဲ့ "
နောက်ကနေ ညီမလေးရဲ့ အော်သံကို ကြားလိုက်ရတော့ တပေါင်း ကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။သို့ပေမဲ့ တပေါင်း နောက်ကိုလှည့်မကြည့်ဘဲ
" ညီမလေး အခန်းထဲမှာသွားနေ ..အပြင်ကို ထွက်မလာနဲ့နော် "
ညီမဖြစ်သူကို လှမ်းပြောလိုက်ပြီး အားလုံးကို ရင်ဆိုင်ဖို့ တပေါင်းအသင့်ပြင်ထားလိုက်တယ်။ဒီလောကကြီးမှာ အဖေ တစ်ယောက်ကလွဲပြီး ဘယ်သူမှ တပေါင်းရဲ့အသားကိုနာအောင် လုပ်ခွင့်မရှိဘူး။ နာအောင် လုပ်ခဲ့ရင်လဲ အဲ့ဒီလူကိုပြန်လုပ်ပစ်ဖို့ တပေါင်းဆုံးဖြတ်လိုက်တယ်။
" ဟဲ့ ..ဟဲ့ ...ဘာတွေဖြစ်ကြတာလဲ ... တပေါင်း နင်ဘာလုပ်တာလဲ ..စိတ်မှမှန်သေးရဲ့လားဟဲ့ ...လက်ထဲက တု*** တ်ကိုချလိုက်စမ်း..အရူးမရဲ့ "
မသိန်းနုနဲ့ မိဘနှစ်ပါး ရောက်လာပြီး အိမ်ရှေ့က မြင်ကွင်းကိုကြည့်ကာ အထိတ်တလန့်နဲ့အော်ဟစ်ကြတယ်။
" အမေသိန်းနုမောင်က အဖေ့ပိုက်ဆံကိုခိုးတာ.....အဲ့ဒါကြောင့်ပြန်ထားခဲ့လို့ ပြောတော့ ကျွန်မကိုကန်တယ် ..ကန်တာမှ သုံးလေးချက်ကန်တာ ...သူကလဲ ပိုက်ဆံလာခိုးသေးတယ် .. ကျွန်မကိုလဲ ကန်ကျောက်ပြီး နှိပ်စက်သေးတယ် .. ပြီးတော့ လက်သီးနဲ့ထိုးဖို့ပြေးလာလို့ ...တု*တ်နဲ့ရို*က်ပစ်လိုက်တာ ဘာဖြစ်လဲ...သူခိုးကောင်ရဲ့ ...နင့်ကြောင့် ငါ့မှာ သူခိုးလို့စွပ်စွဲခံရပြီး ...ငါ့အဖေရိုက်တာကိုခံနေရတယ်...ဒီနေ့ နင့်ကို ပြန်ရို*က်ပြမယ် "
တပေါင်းရဲ့ ဒေါသတွေ နာကြည်းမှုတွေက ဘယ်သူ့ကို မှ မကြောက်တော့ဘဲ စိန်ခေါ် ပစ်လိုက်တယ်။
တပေါင်းရဲ့ စကားအဆုံးမှာ မသိန်းနုက မောင်ဖြစ်သူကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးမှ တပေါင်းကို ပြန်ကြည့်လိုက်ပြီး လေသံမာမာနဲ့ အော်လိုက်တယ်။
" သူပိုက်ဆံခိုးတာမဟုတ်ဘူး ..ငါယူခိုင်းလိုက်တာဟဲ့ ..နင်က ဘာတွေ အပိုလုပ်နေတာလဲ တပေါင်းရဲ့ "
" အမေသိန်းနု ယူခိုင်းလိုက်တာ ဆိုရင်လဲ ...အိမ်မှာရှိတဲ့လူကို ပြောရမယ်လေ....အသက်ကြီးပြီး လူလိုမသိဘူးလား .... သူက မပြောမဆိုနဲ့ ဝင်ယူသွားတော့ ..အဖေလာရင် ကျွန်မပဲ အရိုက်ခံရမှာလေ ..အမေသိန်းနုမောင် ဒီလိုတွေလုပ်နေတာကြာပြီ ...အဖေ့ပိုက်ဆံတွေကို ခိုးခိုးနေတာလေ.. "
" ဟဲ့ ..ပိုက်ဆံကို ငါယူခိုင်းလိုက်တာလို့ ဘယ်နှစ်ခါပြောရမလဲဟဲ့ ..လူလိုပြောနေတာကို နင်နားမလည်ဘူးလား ...ငါ့မောင်မှာ အဲ့ဒီအကျင့်မရှိဘူးဟဲ့ "
မသိန်းနုက စိတ်တိုတိုနဲ့ လှမ်းအော်တယ်။မိဘနှစ်ပါးကလဲ သားဖြစ်တဲ့ဇော်မင်းကို ဖမ်းဆွဲထားလိုက်ကြပြီး တပေါင်းကို စားမတတ်ဝါးမတတ်လှမ်းကြည့်လိုက်ကြတယ်။မိခင်ဖြစ်သူက သားဖြစ်သူရဲ့ နဖူးကဒဏ်ရာကိုကြည့်ပြီး တပေါင်းကိုလှမ်းဆူဆဲလိုက်တယ်။
" ရိုင်းစိုင်းလိုက်တာ .... မအေတူသမီး....မောင်အောင်မင်းနဲ့ ကို မတူပါဘူး...လူလေးကြည့်တော့ လက်တောက်လောက်နဲ့ ထစ်ခနဲဆိုလက်ပါမယ်ဆိုတဲ့ စရိုက်မျိုး....အဝိစိငရဲသွားမဲ့ ဟာမလေး "
