ar
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

الذهاب إلى القناة على Telegram
803
المشتركون
+424 ساعات
+167 أيام
+4630 أيام
أرشيف المشاركات
မြတ်သူရဆိုတဲ့သူ့ကိုကြည့်ရတာ မျက်နှာကအေးချမ်းပြီး လူရည်သန့်ပုံပေါ်တာကြောင့် မြရွက်ဝါလဲအလိုက်သင့်ပြန်ဖြေလိုက်တယ်။ " သုံးဆယ့်ငါးဆိုတော့ ကျွန်တော့်ထက်ငယ်တာပဲ...အဘွားခေါ်သလို ..မြရွက်လို့ခေါ်လို့ရမလားခင်ဗျာ...ကျွန်တော့်ကိုလဲ တခြားမိတ်ဆွေတွေခေါ်သလိုပဲ ကိုမြတ်သူလို့ခေါ်လို့ ရပါတယ်မြရွက် ... ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးပါ " "ဟုတ်..ဟုတ်ကဲ့ပါ ကိုမြတ်သူရ... " မြရွက်ဝါတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်စကားတွေပြောကြရင်း အတန်အသင့်တော့ရင်းနှီးသွားကြတယ်။အသက်အရွယ်တွေကလဲ လူလတ်ပိုင်းအရွယ်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်လဲသိပ်ပြီး ရှိန်နေတာမျိုးတွေလဲ မရှိကြဘူးလေ။ "သမီးရေ မြရွက်...ထမင်းစားရအောင်ကွယ်...သမီးအစ်ကိုကိုခေါ်ခဲ့ပါအုံး " အဘွားရဲ့စကားသံကြောင့် မြရွက်ဝါထိုင်နေရာကထလိုက်ပြီး မြတ်သူရကို ထမင်းစားခေါ်လိုက်တယ်။ " ထမင်းသွားစားရအောင်နော် ...ကိုမြတ်သူ " မြရွက်ဝါကိုယ်လေးယို့ပြီးခေါ်လိုက်တော့ မြတ်သူရလဲထိုင်နေရာကလိုက်တယ်။ ~~~~~~~~~~~ " ဒိနေ့တယ်ထူးဆန်းနေပါလား....စနေနေ့ဆိုရင် နေ့ဝက်ပဲအလုပ်ဆင်းပြီး အိမ်ပြန်တတ်တဲ့သူက ...ဒီနေ့မပြန်သေးပါလား ဒေါ်ပန်းနုရဲ့" မန်နေဂျာကိုထွန်းရဲ့စကားကြောင့် ဟန်လင်းသန့်လဲ ပန်းနုထွေးကိုလှမ်းကြည့်ပြီး ပြုံးပြလိုက်တယ်။ပန်းနုထွေးတို့ရှေ့နေရုံးခန်နဲ့ဟန်လင်းသန့်တို့ရုံးက ကွန်ဒိုတစ်ခုတည်းမှာရှိတာဆိုပေမဲ့ ဟန်လင်းသန့်က တခြားလုပ်ငန်းတွေနဲ့လျှောက်သွားနေတာများတာကြောင့် သိပ်ပြိးမတွေ့ဖြစ်ကြဘူး။ဟန်လင်းသန့်နေတော့လဲ ပန်းနုထွေးနဲ့တစ်တိုက်တည်းဆိုပေမဲ့ သိပ်မတွေ့ဖြစ်ကြတာတော့အမှန်ပဲ။ဒါပေမဲ့ ရုံးကလူတွေအများစု ကတော့ ဟန်လင်းသန့်နဲ့ပန်နုထွေးကို ဘာလိုလိုတွေလိုသက်မှတ်ထားကြတာကိုလဲ ဟန်လင်းသန့်ရိပ်စားမိနေခဲ့တယ်။ " ဒီနေ့...အိမ်ကိုစောစောမပြန်တာက အိမ်မှာပွဲရှိလို့ပါဆရာထွန်းရေ " ပန်းနုထွေးကရယ်ရယ်မောမောနဲ့ဖြေလိုက်တယ်။ " ပွဲဟုတ်လား...ဘာပွဲလဲပန်းနုရဲ့ ...တို့တွေကိုလဲမဖိတ်ပါလား ' လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပန်းနုထွေးကိုလှမ်နောက်လိုက်တယ်။ " အမယ်လေး ဖိတ်မှာပါနော်စိတ်ချ...အခုကပွဲသေးမို့မဖိတ်သေးတာပါ...ပွဲကြီးကြရင်အားလုံးကိုဖိတ်မှာပါ...သတို့သမီးကတော့ ပန်းနုတော့မဟုတ်ဘူးနော်...ပန်းနုနဲ့ညီမဝမ်းကွဲမြရွက်ဝါလေ...သတို့သားအမေကသဘောကျလို့ ...ဒီနေ့လာမြန်းတာတဲ့လေ....မကြာခင်ပွဲကြီးနွှဲရတော့မှာပေါ့ ..." ပန်းနုထွေးရဲ့နှုတ်က မြရွက်ဝါဆိုတဲ့နာမည်ကိုကြားလိုက်ရတော့ ဟန်းလင်းသန့်ခန္ဓာကိုယ်က ဆတ်ခနဲတုန်သွားပြီး ပန်းနုထွေးဆီကိုအကြည့်ရောက်သွားမိတယ်။ပြီးတော့ ပန်းနုထွေးကို လှမ်းမေးလိုက်မိတယ်။ " ပန်းနုဘာပြောလိုက်တယ်...မြရွက်ဝါရဲ့မင်္ဂလာပွဲဟုတ်လား " ==================================== အပိုင်း( ၂၁ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

သူများအရပ်ဒေသကိုသွားပြီးဘာတွေလုပ်စားမှာလဲပြောအုံး...ဟိုတယ်သင်တန်းကိုရောမှန်မှန်တက်ရဲ့လား ...ဟိုကဘာတွေသင်လဲတော့မသိဘူး..အိမ်မှာတော့ကိုယ့်အိပ်ရာတောင်မသိမ်းဘူ...ငါ..မင်းကိုဘယ်လိုစိတ်ချရမှာလဲမောင်မောင်ရယ်....ဒါတွေအားလုံးကမင်းဘဝအတွက်လုပ်ပေးနေတာနော်မောင်မောင်...မင်းဒီလိုလုပ်နေရင်... ငါဘယ်လိုစိတ်ချရမှာလဲ...ပိုက်ဆံတွေသိန်းချီအကုန်ခံပြီး ...ဟိုရောက်မှအဆင်မပြေဖြစ်ကုန်မှာကြောက်တယ်...ငါ့မှာရှိလွန်းလို့လုပ်ပေးနေတာမဟုတ်ဘူးနော်...ငါရှာဖွေစုဆောင်းထားသမျှကိုမင်းအတွက်ထုတ်ပေးလိုက်တာသိရဲ့လား...ဒါကငါ့မှာရှိသမျှအကုန်ပဲ....ဈေးရင်းထားတာကလွဲရင် ဘာအပိုငွေမှမရှိတော့ဘူး " " သိပါတယ် အမေရာ..တစ်နေ့တစ်နေ့...အမေဒီအကြောင်းတွေပဲပြောနေတော့မှာလား ..." " ဒီအကြောင်းမပြောလို့ ဘယ်အကြောင်းပြောရမှာလဲ...မင်းကိုကြည့်ရတာ မင်းနဲ့မဆိုင်သလိုနေနေတာလေ...အပျော်အပါးလေးနည်းနည်းပါးပါးလျှော့ပြိး ...အလုပ်အတွက်အားရုံစိုက်ပါအုံးလား" " တူ...တူ " မြခွါညိုစကားပြောနေချိန်မှာပဲ ရဲမြတ်မောင်ရဲ့ဖုန်းကမြည်လာခဲ့တယ်။ရဲမြတ်မောင်က ဖုန်းကိုမကိုင်ဘဲ အမေဖြစ်သူကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ဒီအချိန်မှာ ဖုန်းကထပ်မြည်လာပြန်တယ်။ရဲမြတ်မောင်မကိုင်ဘဲမနေနိုင်တော့ဘဲ ဖုန်းကိုကိုင်လိုက်တယ်။ဖုန်းကိုင်ကိုင်ချင်းမှပဲ ဖုန်းထဲကနေအော်သံစူးခနဲထွက်လာခဲ့တယ်။ " ဟဲ့ မောင်မောင်...နင်ကဖုန်းကိုဘာလို့မကိုင်တာလဲ " စူးရှကျယ််လောင်လွန်းတဲ့အော်သံကြောင့် သားဖြစ်သူဘေးနားမှာ ကပ်ပြီးရပ်နေတဲ့မြခွါညိုပါ အသံကိုပီပီသသကြားလိုက်ရတယ်။မောင်မောင်ကလဲခပ်တိုးတိုးပြန်ဖြေလိုက်တယ်။ " အမေနဲ့စကားပြောနေလို့ပါ " " ပြောလိုက်ရင်ဆင်ခြေကြီးပဲ...ဖုန်းခေါ်နေမှန်းသိရင်ချက်ချင်းကိုင်ပါလား ... ဘာစကားတွေများ ဒီလောက်အရေးတကြီးပြောနေလို့လဲ...ငါထက်ပဲပိုအရေးကြီးနေလို့လား ဟဲ့...( +++) ရဲ့ " " တောက် " တစ်ဖက်ကနေမိုက်မိုက်ရိုင်းရိုင်းဆဲဆိုသံကိုကြားလိုက်ရတာမို့ မြခွါည်ိုဖုန်းနားကိုတိုးကပ်လိုက်ပြီး တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်ပစ်လိုက်တယ်။ တောက်ခေါက်သံကြောင့် ရဲမြတ်မောင်က အမေဖြစ်သူကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး သူ့အခန်းထဲကိုဝင်သွားခဲ့တယ်။မြခွါညိုမှာ သားဖြစ်သူက ကိုယ့်ဘက်မပါလေတော့ တစ်ဖက်မိန်းမရှေ့မှာ အရှက်ကွဲမှာကြောက်လို့ ဒေါသစိတ်ကိုထိန်းချုပ်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။ ~~~~~~~~~~~ " ထိုင်လေသား...လွတ်လွတ်လပ်လပ်ထိုင်ပါကွယ် ဘာမှအားနာစရာမလိုပါဘူး...မြေးလေးရေမြရွက် လာပါအုံး...ဒီမှာသမီးအန်တီတို့ကိုလာနှုတ်ဆက်လိုက်ပါအုံး ..." အဘွားရဲ့ခေါ်သံကြောင့် မြရွက်ဝါအိမ်ရှေ့ဧည့်ခန်းကို မဝံ့မရဲနဲ့ထွက်လာခဲ့ရတယ်။အဝတ်အစားကအစ အဘွားစိတ်တိုင်းကျမြရွက်ဝါဝတ်ထားရတာ။ဘာပဲဖြစ်ဖြစ် သဘောမကျလဲ ငြင်းလို့ရတယ်ဆိုတော့ အဘွားစိတ်ချမ်းသာအောင် မြရွက်ဝါကောင်းကောင်းမွန်မွန်ပဲလက်ခံတွေ့ဆုံဖို့ ဆုံးဖြတ်ထားလိုက်တယ်။အဘွားအရိပ်မှာနေရတာဆိုတော့ အဘွားစကားကိုနားထောင်ပေးလိုက်တာကလဲ မြရွက်ဝါတို့အတွက် အသက်ရှုချောင်စေတဲ့နည်းပဲလေ။မြရွက်ဝါဧည့်ခန်းထဲကိုရောက်ချိန်မှာ ဧည့်သည်သားအမိကိုတွေ့မြင်လိုက်ရတယ်။အမေဖြစ်သူမှာ အဘွားမိတ်ဆွေဆိုပေမဲ့ ကြီးကြီးတို့တို့အရွယ်လောက်သာရှိသေးတယ်။သားဖြစ်သူမှာလဲ အဘွားပြတဲ့ဓါတ်ပုံထဲကထက် ပိုပြီးကြည့်ကောင်းတာကိုတွေ့လိုက်ရတယ်။ "မြရွက် ထိုင်လေသမီး....မဆွေရေ...သူလေးက အန်တီသားကမွေးထားတဲ့သမီးငယ်လေးလေ...သုံးလွှာမှာသူ့အစ်မကြီးသားအမိနဲ့အတူနေတာ...အွန်လိုင်းဈေးရောင်းတာတဲ့လေ...သူတို့အလုပ်ကလဲဆိုင်ခန်းမလိုဘာမလိုနဲအဆင်ပြေသားကွယ် " " ဟုတ်တယ် အန်တီမြရေ...အိမ်ကသမီးတွေလဲ ...ဆိုင်ဖွင့်ထားကြပေမဲ့ ...အွန်လိုင်းကပဲအဓိကထားရောင်းနေကြတယ်...သားကြီးရဲ့ဖုန်းအရောင်းဆိုင်တွေဆိုရင်လဲ ...အွန်လိုင်းကနေကြေငြာလိုက်တော့ အနယ်နယ်အရပ်ရပ်ကနေဝယ်ကြတယ်လေ...အွန်လိုင်းဈေးကွက်က အပင်ပန်းခံပြီးလျှောက်ဝယ်စရာမလိုဘဲ အိမ်ပေါ်ကနေဖုန်းတစ်လုံးနဲ့ လိုချင်တာကို အေးအေးဆေးဆေးရှာဝယ်လို့ ရတော့ ...ဆွေတော့အရမ်းသဘောကျတာပဲ " လူကြီးတွေလေပေးဖြောင့်နေကြစဉ်မှာ မြရွက်ဝါတ်ိုနှစ်ယောက်သားမှာ လူကြီးတွေကိုငေးကြည့်ပြီးကြောင်ကြောင်တောင်တောင်နဲ့ထိုင်နေမိကြတယ်။ " ဆွေရေ ...တို့တွေစကားပြောကောင်းနေတာနဲ့ပဲ ကလေးတွေကိုမိတ်ဆက်မပေးရသေးဘူး ...သားရေ မှတ်ထားအုံးနော်...သူလေးကအဘွားရဲ့မြေးပေါ့ ...နာမည်ကမြ ရွက်ဝါတဲ...မြရွက်ရေ...သမီးအစ်ကိုကို ဧည့်ခံထားလိုက်ပါအုံး ..အဘွားတို့ကိစ္စလေးရှိလို့ပါ " အဘွားကပြောပြောဆိုဆိုနဲ အမျိုးသမီးကြီးလက်ကိုဆွဲခေါ်ပြီး ထိုင်နေရာက ထလိုက်တယ်။ '"သမီး မြရွက်ရေ ..အန်တီ့ဆွေသားကြီးကို ဧည့်ခံပေးပါအုံးကွယ် " လူကြီးတွေက အလိမ္မာစကားတွေသုံးပြီး ဧည့်ခန်းထဲက ထသွားကြတယ်။လူကြီးတွေထွက်သွားတော့ သူကမြရွက်ဝါကိုရည်ရည်မွန်မွန်ပဲပြုံးပြလာခဲ့ပြီး "တွေ့ရတာဝမ်းသာပါတယ် မမြရွက်ဝါ...ကျွန်တော့်နာမည်က မြတ်သူရပါ.....မမြရွက်ဝါကကျွန်တော့်ထက်ငယ်မယ်ထင်တယ်...ကျွန်တော်က(၃၉)နှစ်ပါ..." "ဟုတ်ကဲ့ ...မြရွက်က(၃၅)နှစ်ကျော်လာပါပြီရှင် "

မြရွက်ဝါမျက်ရည်ကျမိလောက်အောင်လွမ်းဆွတ်နေမိတာပါပဲ။ဒါဟာအချစ်ကြောင့်ဆိုရင်တော့ ဟန်လင်းသန့်ကိုမြရွက်ဝါချစ်နေမိတာ သေချာနေပါလေပြီ။ ~~~~~~~ "မြရွက်နေမကောင်းဘူးလား ...ဒီနေ့ မြရွက်ကိုကြည့်ရတာ မလန်းသလိုပဲ " ဟန်လင်းသန့် မြရွက်ဝါကို ခပ်တိုးတိုးမေးလိုက်မိတယ်။ဟန်လင်းသန့်ဆိုတာ မိန်းမတစ်ယောက်ရဲ့ မျက်နှာကိုကြည့်လိုက်ရုံနဲ့ အတွင်းစိတ်ကိုပါထိုးဖောက်မြင်နိုင်တဲ့သူမျိုးမဟုတ်လား။တွဲခဲ့သမျှ မိန်းကလေးတိုင်းကိုလဲ ဒီလိုနည်းနဲ့ပဲချုပ်ကိုင်နိုင်ခဲ့တာ။မိန်းမတစ်ယောက်က ကိုယ့်အပေါ် လွှမ်းမိုးချုပ်ကိုင်ချင်စိတ်တွေ များနေပြီဆိုရင် ဟန်လင်းသန့်ချက်ချင်းကိုရိပ်မိတာ။ ဒီလိုရိပ်မိပြီဆိုတာနဲ့လဲ ချက်ချင်းအဆက်ဖြစ်ပစ်လိုက်တယ်။ဟန်လင်းသန့်ရဲ့ ဘဝမှာ အနှောင်အဖွဲ့ဆိုတာဘယ်တော့မှမရှိစေရဘူး။မိန်းမတစ်ယောက်ကိုလဲ ဘယ်တော့မှ ကြာရှည်တွဲလေ့မရှိဘူး။ သူ့အကျင့်ကို သိသိနဲ့ပဲ မိန်းမအများစုကလဲ သူ့နားကိုကပ်လာကြတာ။ရှင်းရှင်းပြောရရင်သူ့ဘဝမှာ မိန်းမလှတွေက သူနဲ့တွဲချင်လွန်းလို့ တန်းစီပြီးစောင့်နေခဲ့ကြတာ။ ဒီထဲကမှ သူ့ရင်ထဲကိုရောက်လာသူတစ်ယောက်မှကို မရှိခဲ့ဘူး။မြရွက်ဝါဆိုတဲ့ ဒီအမျိုးသမီးကိုတော့ ဘာစိတ် ရယ်မှမရှိဘဲ ဟန်လင်းသန့် ပတ်သက်နေခဲ့မိတာ။ အစတုန်းကတော့ ရုပ်နဲ့မလိုက်ဖက်အောင် မာနကြီးလွန်းလို့ တမင် လိုက်ကပ်ခဲ့တာ။ သူမရဲ့အဖြစ်မှန်တွေကိုသိလိုက်ရတော့ ရယ်စရာဟာသတစ်ခုလို သဘောထားပြီးဒီတိုင်းပဲ ခင်မင်နေမိတော့တာ။ "စားလေ မြရွက်..." ဟန်လင်းသန့်က မြရွက်ဝါကိုကြည့်ကာ ထပ်ပြောလိုက်ရင်း သစ်သီးဖျော်ရည်ဖန်ခွက်ကို မြရွက်ဝါရှေ့ကိုချပေးလိုက်တယ်။ မြရွက်ဝါခေါင်းလေးမော့ပြီး ဟန်လင်းသန့်ကိုကြည့်လိုက်မိတယ်။သူမကိုကြည့်နေတဲ့ ဟန်လင်းသန့်ရဲ့အကြည့်တွေနဲ့ ဆုံလိုက်ရတဲ့အခိုက်မှာ ရင်ကတလှပ်လှပ်တုန်ခါသွားခဲ့တယ်။မြရွက်ဝါခေါင်းကိုငုံ့ကာ သက်ပြင်းချလိုက်မိတယ်။ ဘာမှန်းမသိတဲ့အနေအထားမှာမြရွက်ဝါ ဘာကိုမှမမျှော်လင့်ချင်တော့ပါဘူး။ဟန်လင်းသန့်ကိုကြည့်ပြီး မြရွက်ဝါအားတင်းကာပြုံးပြလိုက်မိတယ်။အဘွားတို့ပြောတဲ့ အပိုစကားတွေကိုလဲ မြရွက်ဝါဘာကိုမှမပြောချင်တော့ပါဘူး။ " မြရွက်ဘယ်သွားချင်သေးလဲ..ကျွန်တော်ဒီတစ်ညနေလုံးအားပါတယ်..." ဟန်လင်းသန့်ရဲ့အမေးကြောင့် မြရွက်ဝါမသိမသာပြုံးလိုက်မိတယ်။သူငယ်ချင်းမိတ်ဆွေဆိုတဲ့ခေါင်းစဉ်အောက်မှာ သူကတော့ပျော်ပျော်ပါးပါးလည်ပတ်ပြီးစားလိုက်သွားလိုက်နဲ့ အချိန်တွေဖြုန်းချင်နေတာလေ။မိန်းမတစ်ယောက်အတွက် သုံးဆယ်ကျော်ဆိုတဲ့အသက်အရွယ်က သူများတွေမျက်‌စိဒေါက်ထောက်ကြည့်ခံနေရပြီး အပြောအဆိုခံရတဲ့အရွယ်ဆိုတာက်ိုလဲ သူနားလည်ပုံမရဘူး။ " ဘယ်မှမသွားတော့ပါဘူး ကိုလင်းရယ် ...အိမ်မှာပစ္စည်းအသစ်တွေရောက်ထားလို့ ဓါတ်ပုံတွေရိုက်ရအုံးမယ်လေ....မုန့်လိုက်ကျွေးတာကျေးဇူးတင်ပါတယ်နော်... " " ဟောဗျာ...ပြန်တော့မလို့လား ချက်ချင်းကြီး ...အလုပ်ကအရေးကြီးပြီလား " " အလုပ်ကတော့ အရေးကြီးလားမေးရင် ... အမြဲအရေးကြီးနေတာပဲလေ...ကိုလင်းမှာကိစ္စရှိလို့လား....မြရွက်ဘာကူညီပေးစရာရှိလဲ ပြောလေ " မြရွက်ဝါရဲ့အမေးကြောင့် ဟန်လင်းသန့်ဘာပြောရမှန်းမသီဖြစ်သွားပြီးမှ စိတ်ထဲရှိတဲ့အတိုင်းပဲဖြေလိုက်တယ်။ " ကျွန်တော်လဲ အရေးတကြီးကိစ္စတော့မရှိပါဘူး ...ဒီတိုင်းပဲပျင်းနေလို့ စကားထိုင်ပြောချင်နေလို့လေ ....မြရွက်လဲ အရေးတကြီးကိစ္စမရှိရင်မပြန်ပါနဲ့အုံး ...." " ရှင်...ဪ...ဟုတ်ကဲ့ပါ " သူ မပျင်းအောင်မြရွက်ကဖော်အဖြစ်ထိုင်နေပေးရမှာပေါ့လေ။ပြောမဲ့သာပြောရတာ မြရွက်ကိုယ်တိုင်လဲမပြန်ချင်သေးဘဲ သူနဲ့စကားထိုင်ပြောချင်နေတာပဲလေ။ တစ်ခါတစ်လေတော့လဲ မြရွက်ဝါတွေးမိတာရှိပါတယ်။ဟန်လင်းသန့်စိတ်ထဲမှာ သူမကိုကလေးတစ်ယောက်လို့များ ထင်နေတာလားများလို့တွေးမိတာပါ။ဘာလို့လဲဆိုတော့ မြရွက်ကိုတွေ့တိုင်း " မုန့်စားမလား...မုန့်ဝယ်ခဲ့တယ် " ဆိုတဲ့စကားတွေကိုပဲသူပြောနေခဲ့တာလေ။တကယ်ပါ ရန်ကုန်မြို့ထဲမှာ မြရွက်ဝါတို့မသွားဖူးမစားဖူးတဲ့စားသောက်ဆိုင်နဲ့မုန့်ဆိုင်ရယ််လို့သိပ်တောင်မရှိတော့ဘူးလေ။အွန်လိုင်းပေါ်မှာ ဆိုင်တစ်ဆိုင်နာမည်ကြီးပြီဆိုရင် သွားစားကြဖို့သူလာခေါ်ပြီပဲ။ရယ်စရာသဘောနဲ့ပြောရရင် မြရွက်ဝါမှာ ချစ်သူမရဘဲ ဝက်ဘဝရောက်မှာစိုးလို့ လေ့ကျင့်ခန်းတွေပါလုပ်နေရတဲ့အခြေအနေမျိုးဖြစ်နေပြီလေ။ ~~~~~~~~~~~~ " မောင်မောင်...အမေတို့စကားအေးအေးဆေးဆေးပြောရအောင် " " ဟာဗျာ...ကျွန်တော်ဂိမ်းဆော့နေတယ်...အမေဘာပြောအုံးမလို့လဲ...နောက်မှပြောပါ " " နောက်မှပြောလို့မရဘူးမောင်မောင်....တစ်ခုခုပြောမယ်ဆိုတိုင်း ...မင်းမှာဂိမ်းဆော့နေလို့မအားရတာနဲ့...သူငယ်ချင်းတွေနဲ့ဖုန်းပြောနေလို့မအားရတာနဲ့ ....မင်းဂိမ်းကိုနောက်မှဆော့ ...အခုငါပြောတာကိုနားထောင်...မင်းကပြောတော့လဲ...နိုင်ငံခြားသွားမယ်ဆိုပြီး ဘာသာစကားသင်တန်းတွေတက်နေတာတော့ဟုတ်ပါပြီ...ဒါပေမဲ့ တစ်နေ့တစ်နေ့ဘာကိုမှမလေ့လာဘဲနဲ့....ဖုန်းပြောလိုက်ဂိမ်းဆော့လိုက်နဲ့... မင်းဘာတွလုပ်နေတာလဲ...မင်းဒီလိုနေနေပြီး...

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၀ ) akyiphyu ******** " အင်း ...အဘွားတို့ကတော့ ဇွတ်လုပ်ပြီထင်တယ် မြရွက်ရေ...နင်လဲမကြိုက်ရင်မကြိုက်ဘူးလို့ ..အပြတ်သာငြင်းလိုက် ..ငါတို့အတွက် ငဲ့ကွက်စရာမလိုဘူး...ငါလဲ...နင့်တူသွားပြီဆိုရင်ဘာကိုမှမပူပင်တော့ဘူး...တကယ်တော့ မောင်မောင်သာလိမ္မာရင်,,,ငါတို့ဒီထက်အဆင်ပြေတယ်...အခုတော့အစစအရာရာ ငါ့တာဝန်တွေပဲဖြစ်နေတာ...သူသာနိုင်ငံခြားမသွားဘဲ ... မအေနဲ့တက်ညီလက်ညီအလုပ်လုပ်ရင် ဘာမှကိုပူစရာမလိုပါဘူး...အခုတော့ တစ်နေ့တစ်နေ့သူ့ပုံစံကြည့်ပြီး ...ကြာရင်သားအမိတွေကနေ ရန်သူတွေဖြစ်သွားမှာကြောက်လို့ ...သူသွားချင်တဲ့ အရပ်ကိုပို့ပေးလိုက်တော့မယ်...သူ့ဆီကလဲ ဘာကိုမှမမျှော်ကိုးပါဘူး " အစ်မမြခွါညိုရဲ့ဒုက္ခကလဲမသေးသလို မြရွက်ဝါရဲ့ကိစ္စကလဲ စိတ်ရှုပ်စရာကောင်းလှတယ်။ဘာရည်ရွယ်ချက်နဲ့ အဘွားဒီလိုလုပ်တယ်ဆိုတာကို သိပေမဲ့ မြရွက်ဝါမှာအပြတ်မငြင်းခဲ့နိုင်ဘူး။အဘွားအိမ်မှာနေပြီး အဘွားစကားကိုလုံးလုံးကြီးလွန်ဆန်လို့လဲ မရဘူးလေ။ " ဒါနဲ့မြရွက်...နင်နဲ့ဟန်လင်းသန့်ကဘယ်လိုလဲ...ချစ်သူတွေဖြစ်နေကြပြီလား " " ဟင်..မ...မဟုတ်ပါဘူး...မညိုဘာလို့ အဲ့ဒီလိုမေးတာလဲ " အစ်မဖြစ်သူရဲ့ အမေးကြောင့် မြရွက်ဝါအံ့ဩထိတ်လန့်သွားမိပြီး မညိုကိုပြန်မေးလိုက်မိတယ်။ " မြရွက်ရယ်...နင့်အကြောင်းကို ငါ့ထက်ဘယ်သူပိုသိအုံးမှာလဲ...နင်တို့ညတိုင်းဖုန်းတွေပြောနေကြတာလဲ ...ငါသိတယ်...ပြီးတော့ နင်ပြောင်းလဲနေတယ်လေ...အလှတွေလဲပြင်လာတယ်.....မျက်နှာကလဲရွှင်လန်းနေတယ်လေ ....ဒါနဲ့နင်တို့တကယ်ပဲ ချစ်သူတွေမဟုတ်ကြဘူးလား " " မ...မဟုတ်ပါဘူး မညိုရယ်...ဒီအတိုင်းပဲခင်နေကြတာပါ " " အင်း...သူနဲ့ပတ်သက်ပြီး နင်စိတ်လှုပ်ရှားတယ်မဟုတ်လားမြရွက်...ငါရိပ်မိပါတယ်ဟယ်...ငါမတားပါဘူး...အချစ်ဆိုတာကတားလို့မှမရတာ...ဒါပေမဲ့ အရမ်းမစွဲလမ်းမိစေနဲ့မရူးသွပ်မိစေနဲ့မြရွက်...အချစ်ရေးအိမ်ထောင်ရေးမှာ ငါကံမကောင်းတာနဲ့ပဲ..ယောက်ျားတွေ အကျ*/င့်မကောင်းဘူးလို့ မပြောချင်ပါဘူး...ဒါပေမဲ့တွေ့မြင်နေရသလောက်တော့ ....ယောက်ျားတစ်ရာမှာတစ်ယောက်တောင်ကောင်းဖို့မသေချာဘူး...သူတို့ကချစ်ခြင်းမေတ္တာထက်...ကာမဂုဏ်ကို ပိုမက်မောကြတယ်...ပြီးတော့ ဒီဘက်ခေတ်မှာ ... ငွေမက်တဲ့သူတွေနဲ့ မိန်းမကိုခိုင်းစားချင်သူတွေလဲများလာတယ်.....အဲ့ဒါကြောင့် သူ့ဆီမှာနင့်စိတ်ကိုလုံးလုံးမနှစ်ထားနဲ့မြရွက်...ပြီးတော့ ငါစိုးရိမ်နေတာတစ်ခုရှိသေးတယ်...အဲ့ဒါကကြီးကြီးတို့ပဲ...ပန်းနုကဟန်လင်းသန့်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုသိထားတယ်...ကြီးကြီးတို့ကိုယ်တိုင်ကလဲ ဟန်လင်းသန့်ကို ပန်းနုနဲ့ဖြစ်စေချင်နေကြတယ်...ဒါကြောင့်မို့လဲ ...သားအမိတွေအကုန်လုံးနင့်ကိုပေါ်တင်တိုက်ခိုက်နေကြတာပေါ့ ...နောက်ဆုံးကုန်ကုန်ပြောရရင်... ဟန်လင်းသန့်နဲ့ပန်းနုကလဲ အလုပ်တွဲလုပ်နေကြတာလေ...ပန်းနုကသိပ်လှတာနင်လဲသိနေတာပဲ...တစ်ချိန်ချိန်မှာ ..ပန်းနုတို့က ဟန်လင်းသန့်ကိုအမိဖမ်းလိုက်နိုင်ရင် နင်ပဲခံစားရမှာ...အဲ့ဒါကြောင့် နင် ...သူ့ကိုချစ်နေမိတယ်ဆိုရင်တောင် အချစ်မလွန်ပါစေနဲ့ ...သူကလဲနင့်ကိုအခုချိန်ထိဖွင့်မပြောသေးဘူးဆိုတာကတော့ စဉ်းစားစရာပဲ....မကြာခင်မှာ ငါတို့တောင်ဒီကမောင်းချခံရကိန်း ရှိနိုင်တယ်...သူ့ဘက်ကမလှုပ်ဘူးဆိုတာတော့ စဉ်းစားစရာပဲ..." မညိုရဲ့စကားကြောင့် မြရွက်ဝါတွေဝေသွားမိတယ်။သေချာတွေးကြည့်လိုက်တော့ မြရွက်ဝါရဲ့အဖြစ်က မြင်းကမလှုပ် ခုံကလှုပ်ဖြစ်နေခဲ့တာလား။သူ့ဘက်က အပျော်သဘောနဲ့ပြောဆိုနေတာကို မြရွက်ဝါကအဆင့်ကျော်ပြီးမျှော်လင့်နေခဲ့မိတာလား။တွေးရင်းမြရွက်ဝါရှက်ရွံ့သိမ်ငယ်လာမိတယ်။ပန်းနုတိုလိုပညာတတ်မိန်းမချောလေးတွေကို ဘေးချထားပြီး သူမလိုလူကိုချစ်မှာတဲ့လား။ဒါကစဉ်းစားကြည့်လေလေ မဖြစ်နိုင်လေလေမဟုတ်ပါလား။ဒါဆိုရင်ဖြင့် မြရွက်ဝါကသူ့အတွက်အပျင်းပြေစကားပြောဖော်သက်သက်လေလား။ဒီလိုတော့မဟုတ်လောက်ပါဘူး။သူ့ရဲ့နွေးထွေးတဲ့အကြည့်တွေ၊စကားသံတွေက သူ့စိတ်ရင်းအမှန်တွေလို့ မြရွက်ဝါစိတ်ထဲကခံစားနေရတယ်လေ။ ~~~~~~~~~~ " တူ...တူ " ခပ်တိုးတိုးမြည်လာတဲ့ဖုန်းသံကြောင့် မြရွက်ဝါကမန်းကတန်းကောက်ကိုင်လိုက်ရတယ်။ဒီအရွယ်ရောက်မှအိမ်သားတွေအလစ်ကိုချောင်းပြီး ဖုန်းခိုးပြောနေရတဲ့အဖြစ်ကိုတွေးပြီး မြရွက်ဝါရှက်ရွံ့နေမိတယ်။တူဖြစ်သူကို အမြင်ကပ်ခဲ့သမျှ ဝဋ်ပြန်လည်နေသလားလို့လဲထင်လိုက်မိတယ်။. " ဟယ်လို " " မြရွက် အိပ်နေပြီလား...ကျွန်တော်ဒီနေ့အလုပ်တွေများနေလို့ အိမ်ပြန်နောက်ကျသွားတယ်.....မြရွက်အတွက်မုန့်ထုပ်တွေပါလာတယ်...မနက်ကျမှယူလိုက်နော်...မနက်ဖြန်ဘယ်သွားစရာရှိလဲ...နေ့ခင်းပိုင်းကျွန်တော်အားတယ်...မုန့်သွားစားကြမယ်လေ " ညဉ့်နက်သန်းခေါင်ဖုန်းတွေခေါ်ရင်းပြောဖြစ်ကြတဲ့စကားတွေထဲမှာ အရေးတကြီးအကြောင်းအရာရယ်လို့လဲမပါကြဘူး။ဒီလိုပဲ ရောက်ရာပေါက်ရာစကားတွေပြောဖြစ်ကြရင်း တစ်ခါတလေ မိုးလင်းလုနီးပါးအချိန်တွေထိပါဖြစ်ခဲ့ကြတယ်။ဖုန်းတွေဒီလိုပြောနေခဲ့ကြပေမဲ့ မြရွက်ဝါတို့ချစ်သူတွေမဟုတ်ကြပါဘူး။ဒါဟာသာယာမှုလား။အချစ်လားဆိုတာကိုတော့ မြရွက်ဝါလဲသေချာမသိပါဘူး။သူနဲ့စကားပြောနေရရင်ပျော်နေပြီး သူဖုန်းမဆက်တဲ့ညတွေဆိုရင်

" အဘွားမိတ်ဆွေရဲ့သားလေ...အသက်ကလေးဆယ်ကျော်ကျော်ပဲရှိသေးတယ်...လူပျိုကြီးလေ..စီးပွားလဲအရှာကောင်းတယ်ကွဲ့...အဘွားမိတ်ဆွေက ဟိုတစ်နေ့ကအိမ်လာလည်ရင်း ...သမီးကိုတွေ့သွားပြီး သဘောကျသွားတယ်တဲ့...အဲ့ဒါအဘွားကိုမင်္ဂကိစ္စလာပြောနေလို့လေ...ဘယ်လိုလဲ သမီးရောသဘောကျလား...မိတ်ဆွေတွေအဖြစ်အရင်လေ့လာကြည့်ပေါ့ကွယ်...နောက်တစ်ပတ်ထဲမှာ.. အဘွားအိမ်လည်ဖိတ်ထားတယ်သိလား....မြေလေးကမိတ်ဖြစ်ဆွေဖြစ်ခဏလောက်တွေ့ကြည့်လိုက်ပါကွယ်..,တွေ့ကြည့်ပြီးမှသဘောမကျတော့လဲ မြေးလေးသဘောပါ ...အဘွားတောင်းဆိုတာပါကွယ်နော် .... " " ရှင် ... ဟုတ်..ဟုတ်ကဲ့" အဘွားရဲ့တောင်းပန်သလိုတောင်းဆိုတဲ့ စကားကြောင့် မြရွက်ဝါမှာမငြင်ဆန်နိုင်တော့ဘဲ ခေါင်းငြိမ့်လိုက်ရတော့တယ်။ ==================================== အပိုင်း( ၂ဝ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz

ဒေါ်ခင်မေရီမှာယောက်ျားဖြစ်သူကို မငိုဖို့ပြောရင်းသူမကိုယ်တိုင်က မျက်ရည်တွေမထိန်းဘဲ ငိုရှိုက်နေမိလေတော့တယ်။ ~~~~~~~~~~~ မြရွက်ဝါဝယ်သူတွေဆီကိုစာပြန်နေစဉ်မှာ ဟန်လင်းသန့်ဆီက စာရောက်လာခဲ့တယ်။" မြရွက် ..ကျွန်တော်တိုက်ရှေ့မှာရောက်နေပြီ...မြရွက်အတွက်လက်ဆောင်ပါလာလို့ ထွက်ယူလိုက်ပါလား..အိမ်မှာဘ ယ်သူရှိလဲ...တံခါးခေါက်လိုက်လို့ရလား..." ဖုန်းမျက်နှာပြင်ပေါ်ကစာတွေကိုဖတ်ရင်း မြရွက်ဝါ ရင်တွေတဆတ်ဆတ်ခုန်ပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်လာခဲ့တယ်။ဟန်လင်းသန့်နဲ့သူမ တစ်ယောက်နဲ့တစ်ယောက်ခင်မင်မိပြီဆိုကတည်းက ဟန်လင်းသန့်က အပြင်ကပြန်လာတိုင်း သူမအတွက်တစ်ခုမဟုတ်တစ်ခုဝယ်လာတတ်တယ်။မဝယ်နဲ့လို့ပြောလို့မရတာမို့ မြရွက်ဝါလဲမပြောတော့ဘူး။၊သူဝယ်လာပေးရင် ယူလိုက်တာပဲ။အများအားဖြင့်တော့ မြရွက်ဝါကြိုက်တတ်တဲ့ မုန့်ထုပ်တွေကိုဝယ်လာပေးတတ်တယ်။မြရွက်ဝါ ဖုန်လေးကိုကိုင်ကာ ရင်တွေတလှပ်လှပ်ခုန်နေမိတယ်။ ပြီးတော့ အစ်မဖြစ်သူကို မလုံမလဲနဲ့ကြည့်လိုက်မိတယ်။မညိုကတော့ သူမဖြစ်နေတာတွေကိုသတိပြုမိပုံတောင်မရဘဲ မှာထားပြီးသားပစ္စည်းတွေကိုထုတ်ပိုးနေတယ်။မြရွက်ဝါ မသိမသာလေးလှုပ်ရှားလိုက်ပြီး ဝရန်တာဆီကိုမယောင်မလည်နဲ့ထလာခဲ့လိုက်တယ်။ဝရန်တာရောက်တော့ အောက်ကိုငုံ့ကြည့်လိုက်ချိန်မှာ ကားပါကင်ထိုးပြီးတော့ ကားပေါ်ကဆင်းလာတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။ဟန်လင်းသန့်ကလဲ မြရွက်ဝါဆိကိုမော့ကြည့်လာပြီး ပြုံးပြတယ်။ဟန်လင်းသန့်ရဲ့အပြုံးကြောင့် မြရွက်ဝါရင်တွေတဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ပြီးတော့မှ အိမ်တံခါးကိုအသာအယာဖွင့်လိုက်တယ်။မြရွက်တံခါးဖွင့်နေချိန်မှာပဲ အောက်ထပ်ကတက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။မြရွက်ဝါရင်တွေတထိတ်ထိတ်ခုန်နေခဲ့ရင်း တံခါးအပြင်ကိုထွက်လိုက်တယ်။ပြီးတော့မှ တံခါးကို ခပ်ဖြည်းဖြည်းပြန်ဆွဲပိတ်လိုက်တယ်။မြရွက်ဝါတံခါးပိတ်ပြီးချိန်မှာပဲ ဟန်လင်းသန့်ကမြရွက်ဝါတို့အခန်းနားကလှေကားထိပ်ကို ရောက်လာခဲ့တယ်။နှစ်ယောက်သားစကားမပြောဖြစ်ကြဘဲ‌ တစ်ယောက်နဲ့တစ်ယောက်ပြုံးပြလိုက်ကြတယ်။ ဟန်လင်းသန့်က သူ့လက်ထဲကအထုပ်ကို မြရွက်ဝါဆီကိုလှမ်းပေးလိုက်တယ်။မြရွက်ဝါက အထုပ်ကိုလှမ်းယူလိုက်ပြီး " ဘာတွေလဲလို့ " ခပ်တိုးတိုးမေးလိုက်မိတယ်။ဟန်လင်းသန့်ကမဖြေဘဲပြုံးပြလာတာမို မြရွက်ဝါ နှာခေါင်းရှုံ့ပြလိုက်မိတယ်။ " ကျွန်တော်ပြန်သွားရအုံးမယ် ...အရောင်းအဝယ်စာချုုပ်တစ်ခုကျန်ခဲ့လို့ပြန်လာယူတာ....လမ်းမှာမြရွက်ကြိုက်တဲ့မုန့်သည်တွေ့တာနဲ့ဝယ်လာခဲ့လိုက်တာ...သွားတော့မယ်နော်..." ဟန်လင်းသန့်က မြရွက်ဝါကိုနှုတ်ဆက်လိုက်ပြီး သူ့အခန်းဆီကို အပြေးတက်လာခဲ့လိုက်တယ်။လှေကားထောင့်ချိုးအကွေ့ကိုအကျော်မှာ မြရွက်ဝါကိုလှမ်းကြည့်လိုက်တော့ သူ့ကိုစိုးရိမ်နေတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေတဲ့ မြရွက်ဝါကိုတွေ့လိုက်ရတာမို့ ဟန်လင်းသန့်ရဲ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားရတယ်။ဒီလိုစိုးရိမ်နေတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်နေတာကို ဟန်လင်းသန့်ဘဝမှာ တစ်ခါမှမကြုံခဲ့ရဖူးဘူး။ဟန်လင်းသန့် တွေဝေသွားမိပြီး မြရွက်ဝါကိုလှမ်းကြည့်နေမိတယ်။မိန်းမတစ်ယောက်က ဘယ်လောက်ထိမာယာများနိုင်မလဲဆိုတာကို ဟန်လင်းသန့်မမှန်းဆနိုင်ပေမဲ့ ဒီမာယာတွေအောက်မှာ‌တော့ ဟန်လင်းသန့်ဆိုတဲ့ သူက ဘယ်တော့မှပြိုဲလဲသွားမှာမဟုတ်တာတော့သေချာတယ်။သူ့ဘဝမှာ အသက်ကိုရင်းပြီးညာခဲ့တဲ့သူတစ်ယောက်ကိုတွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ နောက်ထပ်ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ဘူး။ဟန်လင်းသန့်မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိပြီး လှေကားထစ်တွေအတိုင်းဆက်ပြီးတက်လာခဲ့လိုက်တယ်။ လှေကားထစ်တွေကိုပြေးလွှားတက်သွားတဲ့ ဟန်လင်းသန့်ကို မြရွက်ဝါသတိလက်လွတ်နဲ့ငေးမောကြည့်နေမိတယ်။ဟန်လင်းသန့်ရဲ့ပုံရိပ်ပျောက်ကွယ်သွားတော့မှ တံခါးကိုအသာအယာဖွင့်ပြီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။ဒါပေမဲ့ ခြေထောက်တွေက အတွင်းခန်းထဲကို မဝင်နိုင်သေးဘဲ တံခါးနားမှာရပ်နေမိပြီး အပေါ်ထပ်က ပြန်ဆင်းလာမဲ့ ခြေသံတွေကိုနားစွင့်နေမိတယ်။အချစ်ဆိုတဲ့ ခံစားချက်ကလူကို အဆင်ခြင်မဲ့စေတာမျိုးလား။မြရွက်ဝါအနေနဲ့ရော အချစ်မှာကျရှုံးပြီးဆင်ခြင်တုံတရားမဲ့နေခဲ့ပြီလေလား။မြရွက်ဝါခေါင်းလေးကို ခါယမ်းလိုက်မိတယ်။ကိုယ်ရင်ခုန်နေမိသူဆီကနေ ရင်ခုန်ချင်စရာအပြောအဆိုနဲ့ခင်မင်ရင်နှီးမှုတွေကို မြရွက်ဝါမငြင်းနိုင်တာတော့ အမှန်ပါပဲ။ ~~~~~~~~~~ တိုက်လှေကားဝနားမှာ ခုံတစ်လုံးနဲ့ ထိုင်နေတဲ့ အဘွားကိုကြည့်ပြီး မြရွက်ဝါလန့်သွားမိတယ်။အဘွားက မြရွက်ဝါကိုစောင့်နေတာဖြစ်ပုံရတယ်။အဘွားအသက်အရွယ်နဲ့မြရွက်ဝါတို့နေတဲ့ သုံးလွှာအထိမတက်နိုင်တာကြောင့် အဘွားကမြေးတွေကိုပြောစရာရှိရင် ဒီလိုပဲတိုက်တံခါးဝနားမှာ ခုံတစ်လုံးနဲ့ထိုင်စောင့်နေတတ်တယ်။ " အဘွားဘာခိုင်းစရာရှိလို့လဲ " မြရွက်ဝါ အဘွားရှေ့မှာရပ်ပြီး ရင်တထိတ်ထိတ်နဲ့မေးလိုက်မိတယ်။ " ဒီမှာ ဒီဓါတ်ပုံကို ကြည့်ပါအုံး မြရွက်ရဲ့..." အဘွားလှမ်းပေးတဲ့ ပုံကိုမြရွက်ဝါယောင်ဝါးဝါးယူကြည့်လိုက်မိတယ်။ဓါတ်ပုံက နဖူးပြောင်ပြောင်ပါဝါမျက်မှန်ထူထူနဲ့အမျိုးသားတစ်ယောက်ရဲ့ပုံ။ " ဘယ်သူ့ပုံလဲ အဘွား " မြရွက်ဝါပုံကိုကိုင်ထားရင်းက အဘွားကိုမေးလိုက်တယ်။

" ကျွန်တော့်ဘက်ကတော့ မြရွက်ကိုမခေါ်ဘဲမနေနိုင်ဘူးနော် ...လိုက်ခေါ်နေမှာပဲ ...ပြီးတော့ ပန်းနုနဲ့အန်တီနုတိုကိစ္စကိုတော့ ကျွန်တော်အလိမ္မာနည်းနဲ့ပဲ ဖြေရှင်းသွားပါမယ် ...မြရွက်ကမသိချင်ယောင်ဆောင်နေလိုက်ပါ " ရှင်းတော့လဲရှုပ်၊ရှုပ်တော့လဲရှင်းနဲ့ မြရွက်ဝါခေါင်းတွေပါ ကိုက်လာတော့တယ်။ " ဘယ်လိုလဲမြရွက်...ကျွန်တော်ပြောတာကို လက်ခံလား...ကျွန်တော်တို့မိတ်ဆွေတွေအဖြစ်အဆင်ပြေတဲ့အထိမ်းအမှတ်အနေနဲ့ မုန့်သွားစားရအောင်လေ " မြရွက်ဝါဘာပြောရမှန်းမသိဘဲ သက်ပြင်းသာချလိုက်မိတယ်။ရှေ့ဆက်ပြီးဘာပြောရမှန်းလဲမသိတော့ဘူး။အတင်းကြီးငြင်းဆန်ပြီး ရန်တွေ့ရအောင်လဲ ဟန်လင်းသန့်က သူမအပေါ်ဘာအပြစ်မှလုပ်ထားတာ မရှိဘူးလေ။တကယ်တမ်းဖြစ်နေတာက ကြီးကြီးတို့မိသားစုကပဲ ဖြစ်နေတာလေ။တခြားသူကို ဂရုမစိုက်တတ်တဲ့လူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ မြရွက်ဝါဘယ်သူနဲ့ပဲ ခင်မင်နေပါစေ သူတို့အလုပ်မှမဟုတ်တာ။စိတ်ပူပြီး တားမြစ်ပြောဆိုရအောင်လဲ မြရွက်ဝါကအရွယ်ရောက်လို့ လွန်တောင်လွန်နေပြီမဟုတ်လား။ဦးနှောက်အသိနဲ့ခံစားချက်ကြားမှာမြရွက်ဝါ ခေါင်းတွေရှုပ်လာတာမို့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်မိတော့တယ်။ ~~~~~~~~~~ " အမေတို့မှာ ပိုက်ဆံရှိသေးတယ်မဟုတ်လား...သမီးကိုနည်းနည်းလောက်ချေးပါ...တစ်လအတောအတွင်းပြန်ဆပ်ပါ့မယ် " သုံးလကျော်အတွင်းမိဘတွေဆီတစ်ခါမှမလာခဲ့တဲ့ သမီးဖြစ်သူက လာမဲ့လာတော့လဲ ခရီးရောက်မဆိုက်မှာပဲ ငွေစကားပြောလာခဲ့တယ်။ဒေါ်ခင်မေရီ အံကိုကြိတ်လိုက်မိတယ်။ပြီးတော့ ခုတင်ပေါ်မှာငြိမ်သက်စွာလဲလျောင်းနေတဲ့ ယောက်ျားဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။ကိုမင်းနိုင်တစ်ယောက်ငြိမ်သက်နေပေမဲ့ သူမတို့သားအမိပြောဆိုနေကြတာတွေကို အကုန်ကြားသိနေတယ်ဆိုတာကို ဒေါ်ခင်မေရီကောင်းကောင်းသိနေပါတယ်။ " မိနိုင် သမီးရယ်...နင်မို့ပြောထွက်တယ်...ဟိုမှာနင့်အဖေကိုကြည့်ပါအုံးဟယ်...ငါတို့မှာဘယ်ကငွေကလာရှိမှာလဲ....ရှိတဲ့ငွေက နင့်အဖေအတွက်ဆေးဖိုးပါ...." " အို..အမေရယ်....သမီးကလဲ လာတောင်းနေတာမှမဟုတ်တာ...ချေးတာပါ...ချေးတယ်ဆိုတာပြန်ဆပ်မှာပါ....တစ်လအတွင်းပြန်ဆပ်မယ်လို့ အမေ့ကိုပြောပြီပြီလေ...ဒါကိုဘာ‌လို့အပိုတွေပြောနေရတာလဲ.,..ဘာလဲ အဖေကတစ်လအတွင်းမှာ ဆေးရုံဘယ်နှစ်ခါတက်ရမှာမို့လဲ...အဖေလဲပိုကိုပိုတယ်...မွေးရာပါမသန်စွမ်းတွေတောင် သူတို့ဘဝသူတို့ကျောင်းနေနိုင်တာကို ...အဖေကအလုပ်မလုပ်ချင်တိုင်း ...ရောဂါကိုအကြောင်းပြပြီး အပျင်းထူနေတာ ...အမေလဲအဲ့ဒါကိုယုံပြီး ဆေးဖိုးတွေအကုန်ခံမနေနဲ့တော့ " " ဘာ...နင်ဘာပြောလိုက်တယ်မိနိုင်....အမိုက်မ...ကံကြီးထိုက်မဲ့ဟာမ....ကဲဟယ်...မိုက်ရိုင်းအုံး " " ဖြန်း " ဒေါ်ခင်မေရီဒေါသဖြစ်ဖြစ်နဲ့‌သမီးဖြစ်သူ မေသီရိနိုင်ရဲ့ပါးပြင်ကိုရိုက်ချပစ်လိုက်တယ်။အသားနာသွားတာကြောင့် မေသီရီနိုင်တစ်ယောက် ထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီးသောင်းကျန်းတော့တယ်။ " ကျွန်မကိုရိုက်စရာမလိုဘူးနော်....မိဘတွေဖြစ်ပြီး ..သားသမိးကိုပိုက်ဆံပေးရမှာစိုးလို့ ဝှက်ထားတာကို ..ကျွန်မကမသိဘူးထင်နေလား ...အမေတို့မှာသိမ်းထားတဲ့ရွှေတွေရှိသေးတယ်မဟုတ်လား ...ကျွန်မကိုပေးလိုက်ပါ...အမေထုတ်မပေးရင် ကျွန်မဘာသာရှာယူမှာနော်...ရှာလို့တွေ့ရင်တော့ငွေရောရွှေရော တစ်ခုမှချန်ခဲ့မှာမဟုတ်ဘူး " မေသီရိနိုင်က ပြောပြောဆိုဆိုနဲ့ ဖခင်ကြီးအိပ်နေတဲ့အိပ်ရာကို စတင်ရှာဖွေလိုက်တယ်။ "ဟဲ့...အမိုက်မ...ကံကြီးထိုက်မဲ့ဟာမ...နင်ကသမီးမဟုတ်ဘူးမီးပဲ....မီးဆိုမှငါတ်ို့ဘဝတွေကို လောင်ကျွမ်ပြာကျစေမဲ့မီးပဲ ...နင့်အဖေနေမကောင်းဖြစ်နေတာကို နင်မမြင်ဘူးလား...အဲ့ဒီမှာရှာမနေနဲ့ ...ဘာမှမရှိဘူး ...ရော့ဒီမှာလာယူ....အကုန်သာယူသွား...နင်ပြောတဲ့တစ်လအတွင်းမှာလာဆပ်နော်...ဒါကနင့်အဖေကိုဆေးကုဖို့ချန်ထားတဲ့ပိုက်ဆံတွေ...ငါ့တို့မှာဘာပိုက်ဆံမှမရှိတော့ဘူးဟဲ့ " ဒေါ်ခင်မေရီကသိမ်းထားတဲ့ငွေလက်ကျန်ကိုထုတ်ပေးလိုက်တော့ မေသီရီနိုင်က မိခင်ဖြစ်သူလက်ထဲကငွေတွေကိုဆွဲယူလိုက်တယ်။ " စောစေားကတည်းက ပေးလိုက်ရင်ပြီးနေပြီကို...အမေကလူကြားအောင်တအားလုပ်တယ်....စိတ်ချ ...အမေတို့ပိုက်ဆံတွေကို တစ်လအတွင်းလာပြန်ဆပ်မယ်ဟုတ်လား ...ပေးမဲ့ဟာကို အချိန်ကုန်အောင် အလကားရစ်နေသေးတယ်...." မေသီရီနိုင်က လက်ထဲငွေထုပ်ရောက်တာနဲ့ ချက်ချင်းပဲ ထပြန်တော့တယ်။မိခင်ဖြစ်သူကို မနှုတ်ဆက်သလို၊အိပ်ရာပေါ်လဲနေတဲ့ ဖခင်ကြီးကိုလဲသတင်းပင်မေးမသွားခဲ့ပေ။ဖခင်ဖြစ်သူမှာတော့ သူမမွှေနှောက်ရှာဖွေသွားတဲ့ အိပ်ရာပေါ်မှာ မလှုပ်နိုင်မယှက်နိုင်ကျန်နေခဲ့လေတယ်။ဒေါ်ခင်မေရီက ယောက်ျားဖြစ်သူအနားကိုပြေးသွားလိုက်တယ်။ " ကိုမင်းနိုင် ...အဆင်ပြေရဲ့လား...ရှင်ဘာမှစိတ်မဆင်းရဲနဲ့နော်...ကျုပ်တို့အတွက်နည်းနည်းပါးပါးကျန်ပါသေးတယ်...နောက်ဆိုရင်သူလဲလာတောင်းမှာမဟုတ်တော့ပါဘူး " ဒေါ်ခင်မေရီက ယောက်ျားဖြစ်သူကိုနှစ်သိမ့်စကားပြောလိုက်ပေမဲ့ ဦးမင်းနိုင်တစ်ယောက်မှာတော့ အိပ်ရာထက်မှာယောက်ျားတန်မဲ့မျက်ရည်တွေတွေကျနေလေတယ်။ " ဘာလို့ငိုရတာလဲ ကိုမင်းနိုင်ရယ်..မ...မငိုပါနဲ့တော် "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၉) akyiphyu ******** အံ့ဩထိတ်လန့်သွားတဲ့မြရွက်ဝါရဲ့ရှေ့မှာ ဟန်လင်းသန့်ကပိတ်ပြီးရပ်လိုက်တယ်။ " မြရွက်..ကျွန်တော်တို့စကားခဏလောက်ပြောရအောင် ဆိုင်တစ်ဆိုင်ကိုသွားကြမယ် " ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါခေါင်းကိုခါယမ်းလိုက်တယ်။ " မြရွက်တို့ကြားမှာ.... ဘာမှပြောစရာမရှိဘူးထင်တယ်ကိုဟန်လင်းသန့် " " မဟုတ်ဘူးမြရွက်...ကျွန်တော်တို့ကြားမှာ ပြောစရာတွေအများကြီးရှိတယ်...မြရွက်...ကျွန်တော့်ကိုရှောင်နေတာတွေအတွက်လဲ ...ကျွန်တော်ဖြေရှင်းချင်တယ် " " ဒီကိစ္စကဖြေရှင်းစရာမှမလိုတာ ...မြရွက်အေးအေးဆေးဆေးပဲနေချင်တယ်.....ကိုဟန်လင်းသန့်နဲ့လဲ မိတ်ဆွေမဖြစ်ချင်ဘူး ...နောက်ဆိုရင်လမ်းမှာတွေ့ရင်လဲ မခေါ်ပါနဲ့ " မြရွက်ဝါ အသံမာမာနဲ့ပြောပစ်လိုက်တယ်။ " ဘာ..ဘာပြောလိုက်တယ် မြရွက် ..." မြရွက်ဝါရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲအောင့်ခနဲဖြစ်သွားပြီး ဒေါသဖြစ်သွားမိတယ်။ " နေ...နေပါအုံးမြရွက်...မြရွက်ကိုကျွန်တော်တောင်းပန်ပါတယ်...ဒီမှာလမ်းသွားလမ်းလာတွေလဲ ကြည့်နေတော့ ...ကျွန်တော်တို့ တစ်ဆိုင်ဆိုင်မှာ စကားသွားပြောရအောင်...ကျွန်တော်တောင်းပန်နေတာပါ..." " ဟင့်အင်း ...မြရွက်မှာဘာမှပြောစရာမရှိဘူး " မြရွက်ဝါရဲ့အဖြေစကားကြောင့် ဟန်လင်းသန့်ပိုပြီးစိတ်တိုသွားမိတယ်။ " မြရွက်မလိုက်မချင်း ကျွန်တော်ရအောင်လိုက်ခေါ်နေမှာပဲ...မြရွက်မကျေနပ်လို့ ...အော်ချင်လဲအော်လိုက်ပါ...လူတွေဝိုင်းရိုက်လဲကျွန်တော်ဂရုမစိုက်ဘူး.." ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါစိတ်ရှုပ်စွာနဲ့ ဟန်လင်းသန့်ကိုမော့ကြည့်လိုက်မိတယ်။ဒီအခါမှာ ဟန်လင်းသန့်ပုံစံက တကယ်လုပ်မဲ့ပုံစံဖြစ်နေတာကြောင့် မြရွက်ဝါပိုပြီးစိတ်ညစ်သွားမိတယ်။ဒီတိုင်းဆက်ပြောနေလဲ ပြီးမဲ့ပုံမပေါ်ဘဲ အသိတွေသာတွေ့သွားနိုင်တာမို့ မြရွက်ဝါအံလေးကိုကြိတ်လိုက်မိတယ်။ " ဟုတ်ပြီလေ...ကိုဟန်လင်းသန့်မှာ ဒီလောက်တောင်ပြောစရာရှိနေမှတော့ ..မြရွက်လိုက်ခဲ့မယ်... " " ကျေးဇူးပါမြရွက် " ဟန်လင်းသန့်ကကျေးဇူးတင်စကားပြောလိုက်ပြီး မြရွက်ဝါကိုကားတံခါးဖွင့်ပေးလိုက်တယ်။ ~~~~~~~~~~ " မြရွက် ကျွန်တော့်ကို... ဘာလို့ရှောင်နေတာလဲ ...ကျွန်တော် မြရွက်အပေါ်ဘာတွေအမှားလုပ်မိထားလို့လဲပြောပါ...ပြီးတော့ ဟိုတစ်ခါက... ကျွန်တော့်တိုက်ခန်းမှာ ပန်းနုရောက်နေတယ်ဆိုတာကလဲ...စာချုပ်တွေလာပို့ပေးရင်းနဲ့... ကျွန်တော်နေမကောင်းဘူးဆိုလို့ သတင်းမေးရောက်လာတာပါ....ကျွန်တော်တို့ဘာမှလဲမပတ်သက်ပါဘူး " " ဘာ...ဘာတွေပြောနေတာလဲ ...ကိုဟန်လင်းသန့်တို့ကိစ္စကမြရွက်နဲ့မှမဆိုင်တာ မပြောပါနဲ့ ...ပြီးတော့ ကိုဟန်လင်းသန့်နဲ့ စကားပြောမိတိုင်း မြရွက်မှာအပြောခံရတယ်...အစကတော့ကိုယ့်ကြီးတော်တွေမို့သိက္ခာကျမှာစိုးလို့ ဘာမှမပြောခဲ့တာ...အခုတော့သည်းမခံနိုင်တော့ဘူး မသိရင်မြရွက်ကပဲ....တော်ပါပြီမပြောချင်တော့ဘူး...အဲ့ဒါကြောင့်မြရွက်အပြောလဲမခံနိုင်ဘူး ...ကိုဟန်လင်းသန့်နဲ့လဲစကားပြောချင်စိတ်ခင်မင်ချင်စိတ်လဲမရှိတော့ဘူး...တကယ်တော့ ဒါတွေအားလုံးက မြရွက်မနေတတ်မထိုင်တတ်လို့ ပြောခံခဲ့ရတာပါလေ ....နောက်ထပ်တော့ ဒီလိုမျိုးထပ်ပြီးအပြောမခံနိုင်တော့ဘူး ...ဒါကြောင့် ကိုဟန်လင်းသန့်လဲ မြရွက်ကိုလာမပတ်သက်ပါနဲ့ ....မြရွက်လဲ ကိုဟန်လင်းသန့်နဲ့မပတ်သက်ချင်ဘူး " မပြောချင်ဘူးဆိုပြီးပြောမဲ့ပြောတော့လဲ တဲ့တိုးကြီးပြောချလိုက်တဲ့ မြရြွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်မရယ်မိအောင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်။ကိုယ့်ဘက်ကလဲ တလွဲတွေတွေးပြီးအထင်တွေလွဲနေမိတာ။သူ့ဘက်ကလဲ ကြီးမားတဲ့အကြောင်းပြချက်ကရှိနေခဲ့တယ်။ဒါပေမဲ့မကျေနပ်စရာကောင်းတာက ကိုယ်နဲ့အထင်လွဲခံရတာကို ဆတ်ဆတ်ထိမခံဖြစ်နေတာကိုပဲ၊။မသိရင် ကိုယ်ကပဲလမ်းဘေးကအသုံးမကျတဲ့ကောင်လိုလို။ဟန်လင်းသန့်အတွက်တော့ မိန်းမတစ်ယောက်ဆီကနေ အငြင်းခံရတာက ပထမဆုံးအကြိမ်မို့ စိတ်ထဲအတော်လေးတော့ ခံပြင်းမိသွားတယ်။ " နေပါအုံးမြရွက်...မြရွက်ပြောတာကို ကျွန်တော်သဘောပေါက်ပါတယ်...ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ စိတ်တိုစရာကြီးဗျ....ကျွန်တော်လဲ ဘာမှမလုပ်ရပါဘဲ...ဘလိုင်းကြီးအမုန်းခံနေရသလိုပဲ...ပြီးတော့ မြရွက်ကြီးတော်တွေက ...ကျွန်တော်နဲ့ပတ်သက်ပြီး နည်းနည်းအထင်လွဲနေကြတာထင်တယ်...အဲ့ဒီကိစွကိုလဲ ရှင်းတော့ရှင်းရအုံးမယ်....ကျွန်တော်ကခင်မင်မိပြီဆိုရင် ဘယ်သူမှတားလို့မရဘူး မြရွက်ရဲ့....မြရွက်အဲ့ဒီလိုရှောင်နေလေလေ ကျွန်တော်ကပိုပြီးခင်မင်ချင်လာလေလေပဲ " " ရှင် " ဇွတ်တရွတ်ဆန်ဆန်ပြောနေတဲ့ ဟန်လင်းသန့်ကိုမြရွက်ဝါ မျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်မိတယ်။ဟန်လင်းသန့်ကလဲ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ငဲ့စောင်းပြီးကြည့်လာခဲ့တယ်။ဟန်လင်းသန့်ရဲ့ အပြုံးမျက်နှာကြောင့် မြရွက်ဝါငေးခနဲ့ကြည့်နေလိုက်မိတယ်။မိတ်ဆွေမဖြစ်ချင်ပါဘူးလို့ နှုတ်ကဇွတ်ငြင်းနေမိပေမဲ့ မသိစိတ်ကတော့ သူနဲ့စကားတွေပြောနေရတာကို သာယာပျော်ရွှင်နေမိသလိုဖြစ်နေမိတယ်။ရှေ့ဆက်ပြီး ငြင်းပစ်လိုက်ဖို့ကို မြရွက်ဝါမှာ အင်အားတွေမရှိတော့အောင်ဖြစ်လာမိတယ်။

ငြိမ်သက်နေတဲ့မြရွက်ဝါရဲ့ရင်ခုန်သံတွေ မြန်နေခဲ့ရတယ်ဆိုပေမဲ့ မြရွက်ရှောင်တိမ်းပြီးနေခဲ့တယ်။ပြောရရင်ကိုယ့်ဘာသာဆိုရင် ဒီလောက်ထိ စိတ်လှုပ်ရှားချင်မှလှုပ်ရှားမှာ။အခုကလိုက်ပြီးတားမြစ်ပိတ်ပင်နေကြတော့ ပိုပြီးဆိုးသွားခဲ့တာ။အစကရိုးသားနေတဲ့စိတ်လေးပါပျောက်ကွယ်သွားပြီး အရွှဲ့တိုက်ချင်စိတ်တွေကထိန်မရအောင်ဖြစ်ပေါ်လာခဲ့တယ်။မြရွက်ဝါ အံကိုတင်းတင်းကြိတ်ထားမိတယ်။ဆယ်ကျော်သက်အရွယ်မဟုတ်ပါဘဲ ဒီလိုမျိုးပြဿနာဖြစ်နေရတာကို ရှက်လဲရှက်သလိုစိတ်လဲတိုမိတယ်။နောက်ထပ်ထပ်ပြီး ရှင်းပြချင်စိတ်လဲ မရှိတော့ဘူး။နောက်တစ်ကြိမ်ဆိုရင်တော့ မြရွက်ဝါကိုယ်တိုင်အရွှဲ့တိုက်မိတော့မယ်ထင်တယ်။တစ်ဖက်လူက ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာကို မသိရသေးခင် မြရွက်ဝါတို့က ပြဿနာမျိုးစုံတက်နေခဲ့ပြီးလေ။ ~~~~~~~~~~~~~ နှစ်ပတ်အတောအတွင်းမှာလုံးဝမတွေရတဲ့သူမကို တွေ့ရဖို့ အတွက် ဟန်လင်းသန့် စိတ်ရှည်လက်ရှည်နဲ့စောင့်နေခဲ့လိုက်တယ်။သူမအပြင်ထွက်ပြီးမုန့်စားချိန်တွေကို သူမှန်းဆစောင့်ကြည့်လာခဲ့တာ။ဒီရက်ပိုင်းမှ သူ့အလုပ်တွေကလဲ ရက်ချိန်းပေးလို့မရအောင်များနေခဲ့တာ။မိတ်ဆွေတစ်ယောက်နဲ့ကားအရောင်းပြခန်းဖွင့်ဖို့ကိစ္စကလဲ ဒီရက်ပိုင်းမှအကောင်အထည်ဖော်ဖြစ်တာဆိုတော့ လူကအားချိန်ကိုမရှိဘူး။ဒါပေမဲ့ ဘယ်လောက်ပဲအလုပ်များများ မြရွက်ဝါအကြောင်းကိုမကြာခဏတွေးနေမီပြိး စိတ်ထဲမှာမကျေမနပ်ဖြစ်နေခဲ့မိတယ်။ဒါကြောင့်လဲ ဒီမနက်ပိုင်းအပြင်သွားစရာမရှိခင်မှာ မြရွက်ဝါကိုစောင့်ကြည့်နေခဲ့တာ။မြရွက်ဝါအပြင်ထွက်သွားတာကိုမြင်လိုက်တာနဲ့ ဟန်လင်းသန့်လဲ နောက်ကထွက်လိုက်လာခဲ့လိုက်တာ။ပြီးတော့ မြရွက်ဝါကိုကျော်တက်လာပြီးခပ်လှမ်းလှမ်းကနေစောင့်နေလိုက်တယ်။ဟန်းလင်းသန့်က ကားအမြဲပြောင်းစီးလေ့ရှိတာမို့ မြရွက်ဝါက သူ့ကားကိုမမှတ်မိဘဲကားဘေးကနေဖြတ်လျှောက်လာတယ်။ဟန်လင်းသန့်ကားတံခါးက်ိုဖွင့်ပြီးလျင်လျင်မြန်မြန်ဆင်းလိုက်တယ်။ " မြရွက် " ကားပေါ်ကဆင်းလာပြီးရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့် မြရွက်ဝါလန့်သွားမိပြီးမော့ကြည့်လိုက်မိတယ််။ " ကို...ကိုဟန်လင်းသန့် " ဟန်လင်းသန့်ကို မြင်လိုက်ရတော့ မြရွက်ဝါပိုပြီးလန့်ဖျပ်သွားမိကာ တုန်တုန်ယင်ယင်နဲ့ခေါ်လိုက်မိတယ်။ ==================================== အပိုင်း( ၁၉ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz

မြရွက်ဝါစတိုးဆိုင်ထဲကမဝင်ဘဲ ဘေးအပေါက်ကနေဝင်ဖို့ တံခါးခေါက်လိုက်တယ်။တံခါးကချက်ချင်းပွင့်လာခဲ့တယ်။ဒီနေ့တနင်္လာနေ့ဆိုတော့ ကြီးကြီးတို့အိမ်မှာ အဘွားနဲ့ကြီးကြီးပဲရှိလို့ကံကောင်းတယ်ပြောရမလား။အိမ်မှာခိုင်းထားတဲ့ ဆယ့်လေးငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်ရှိပေမဲ့ စတိုးဆိုင်ကခြံရဲ့မြောင်းစပ်ကစလို့ မှန်တံခါးနဲ့သေချာလေးသီးသန့်ဆောက်ပြီးဖွင့်ထားတာမို့ အိမ်ထဲကအသံတွေကိုတော့ တော်ရုံမကြာရဘူး။ " အဘွားဘာခိုင်းစရာရှိလို့လဲ " မြရွက်ဝါအိမ်ထဲကို ဝင်လိုက်တာနဲ့ ဧည့်ခန်းကဆိုဖာခုံမှာအသင့်ထိုင်စောင့်နေတဲ့ အဘွားကိုတွေ့လိုက်ရတာမို့ မြရွက်ဝါလှမ်းပြီးမေးလိုက်တယ်။ " အေး...လာထိုင်အုံး...ပြောစရာရှိလို့ခေါ်တာ " အဘွားကလဲ လေသံမာမာနဲ့လှမ်းပြောလာခဲ့တယ်။အဘွားရဲ့စကားကြောင့် မြရွက်ဝါ အဘွားရှေ့ကခုံမှာ ဝင်ထိုင်လိုက်ရတယ်။ " မြရွက်ဝါ ...ညည်းတို့ကို အဘွားဒီလောက်ဆုံးမထားရဲ့နဲ့အေ,,,ညည်းဘာလို့ ဒီလောက်ရိုင်းရတာလဲ...အမေတူသမီးမှတကယ့်ကို အမေတူသမီပဲ...ညည်းအမေကလေ,,,တစ်သက်လုံး ငါ့အိမ်မှာကပ်နေသွားပြီး.... ယောက္ခမကိုတစ်စက်မှ အကောင်းပြောတဲ့သူမဟုတ်ဘူး " အမေ့အကြောင်းမကောင်းပြောတေ့ မြရွက်ဝါစိတ်ထဲ မခံချင်လှဘူး။အဘွားကသူ့သားမီးတွေနဲ့သမက်နှစ်ယောက်ကိုတော့ ဦးစားပေးပြီး ငွေကြေးချို့တဲ့တဲ့အသိုင်းအဝိုင်းကအမေ့ကိုတော့ နှိမ်တယ်လေ။ဒါကြောင့်လဲ အဘွားနဲ့အမေသိပ်ပြီးအဆင်မပြေကြတာကို မြရွက်ဝါသိတာပေါ့။၊အမေစိတ်ဆင်းရဲခဲ့ရတာတွေက အဘွားကြောင့် အများကြီးပါတယ်ဆိုတာကို မြရွက်ဝါသိတာပေါ့။အမေကအဖေ့ကိုခေါ်ပြီး အဝေးကိုထွက်သွားမယ်ဆိုတော့လဲ အဘွားကခွင့်မပြုခဲ့ဘူး။အနားမှာနေတော့လဲ ချွေးမကိုရန်..သူလိုသဘောထားခဲ့တာ။ကျွေးစရာရှိရင်တောင် အဖေ့တစ်ယောက်တည်းကိုပဲခေါ်ပြီးတိတ်တိတ်လေးကျွေးခဲ့တာလေ။ပြီးတော့ ကန်ထရိုက်တိုက်မဆောက်ခင်ကဆိုရင် ခြံကျယ်ကြီးထဲမှာ မိသားစုတွေကိုအိမ်လေးတွေတစ်လုံးစီဆောက်ပြီးနေထိုင်ခွင့်ပြုခဲ့တာ။အဲ့ဒီတုန်းကဆိုရင်လဲ မြရွက်ဝါတို့အိမ်က ခြံရဲ့ဟိုနောက်ဆုံးမှာပဲနေခွင့်ရခဲ့တာ။ဒါတွေအားလုံးက မြရွက်ဝါငယ်ငယ်တုန်းကအဖြစ်တွေဆိုပေမဲ့ကိစ္စတိုင်းကို မြရွက်ဝါ မှတ်မိနေခဲ့တာပေါ့။ " ပြောလိုက်ရင်တော့ ဘာမှပြန်မပြောဘူး ...ပြီးရင်လဲဘာတစ်ခုမှ နားမထောင်ဘူး...ပြန်မပြောနားမထောင်ဆိုတာမျိုးတွေပေါ့ ' အဘွားက ပွစိပွစိနဲ့ပြောနေတယ်။ကြီးကြီးကတော့ မြရွက်ဝါကိုကြည့်ပြီးစိတ်ထိန်းထားရပုံရတယ်။ " အဘွားက မြရွက်ကိုဘာပြောချင်တာလဲ ...မြရွက်ဘာလုပ်မိလို့လဲ....ဒါမှမဟုတ် ပန်းနုကိုပြောလိုက်တဲ့ကိစ္စကို ဆူချင်တာလား...မြရွက်ကဘာတွေများအမှားပြောမိလို့လဲ ..." မြရွက်ဝါဘာမှမပြောဘူးလို့ ဆုံးဖြတ်ထားခဲပေမဲ့ အဖြစ်မှန်ကိုပြောပြလိုက်မိတယ်။ " တော်စမ်းမိရွက်ဝါ...ညည်းက ငါ့သမီးကိုများပြောလိုက်တာ....ဘာတဲ့....နင်တို့ယူပြီးလို့လားလို့ပြောလိုက်တာဆို ဟုတ်လား ...ယူပြီးပြီးမယူရသေးသေး...သူတို့နှစ်ယောက်ပတ်သက်မှုကို မြင်နေတာပဲမဟုတ်လား...ဒါကိုဘာဝင်ရှုပ်ချင်နေသေးတာလဲ....ညည်းကအချိန်ပြည့် မောင်ဟန်လင်းသန့်အခန်းကိုချောင်းနေတာမဟုတ်လား " ရှင်းလေရှုပ်လေဆိုတာဒါမျိုးကိုပြောတာထင်ပါရဲ့။မြရွက်ဝါဒီလောက်ရှင်းပြနေတဲ့ကြားက ဇွတ်ရောအတင်းရောစွပ်စွဲနေတော့ အတော််လေးကို‌စိတ်ကုန်လာမိတယ်။ဘာမှပြောချင်စိတ်လဲမရှိတော့တာမို့ မြရွက်ဝါစိတ်ပျက်လက်ပျက်နဲ့နှုတ်ပိတ်ပြီးထိုင်နေလိုက်တော့တယ်။ "ပြီးတော့ပြောသေးတယ်ဆို...ယောက်ျားတစ်ယောက်အတွက် ပြောနေရတာကို ....ငါတို့ကမရှက်ပေမဲ့ ညည်းကရှက်တယ်ဆို ....ညည်းတော်တော်အရှက်မရှိပါလားအေ " " တော်...တော်ပါတော့ကြီးကြီးရယ် ...မြရွက်လဲစိတ်ညစ်လာပြီ...ကြီးကြီးပြောချင်ရင်ခဏလေးစောင့်ပါအုံး...မြရွက်ဖုန်းခေါ်ပေးမယ်,,,မြရွက်ဆီမှာ ဟန်လင်းသန့်ရဲ့ဖုန်းနံပတ်ရှိတယ်...ကြီးကြီးလဲ ပန်းနုကိုခေါ်ရင်ခေါ်လိုက်ပါ...အားလုံးမျက်နှာစုံညီ ရှင်းလိုက်တာပိုကောင်းမယ်ထင်တယ် " မြရွက်ဝါပြောပြောဆိုဆိုနဲ့ ဖုန်းကိုထုတ်ယူလိုက်တယ်။ဒီအခါကြီးကြီးရဲ့မျက်နှာပျက်သွားခဲ့ပြီး မြရွက်ဝါလက်ထဲကဖုန်းကိုလာဆွဲယူလိုက်တယ်။ " ညည်းဒါဘာအချိုးချိုးတာလဲ မြရွက်ဝါ....ပြောနေရင်းတန်းလန်းနဲ့ အကြောကတင်းလှချည်လားအေ...အမေတွေ့လား သူလုပ်ပုံကို " " မဟုတ်ပါဘူးလို့ ဒီလောက်ရှင်းပြနေတာကို ကြီးကြီးတို့က ပြောလို့မှမရတာ...ကြီးကြီးဆက်ပြောနေရင် ...မြရွက်က ဖုန်းခေါ်လိုက်မှာပါ ...လူတစ်ယောက်ကိုကူညီလိုက်မိတဲ့အတွက် ...ဒီလောက်အပြောခံနေရရင်တော့‌ မဟုတ်သေးဘူးလေ " " မြရွက်ဝါတော်စမ်း....ညည်းပါးစပ်ကိုပိတ်ထားလိုက်တော့..ဘွားအေတစ်ယောက်လုံးရှိနေတာကို ကတ်ကတ််လန်အောင်ကို ...ရန်ပြန်တွေ့နေရလား...သွား...သွားတော့...အသက်လဲသုံးဆယ်ကျော်နေပြီ အသိတရားကိုမရှိသေးဘူး " အဘွားက စိတ်ဆိုးမာန်ဆိုးနဲ့နှင်ထုတ်တယ်။မြရွက်ဝါလဲ ထိုင်နေရာကထလာခဲ့လိုက်ပြီး ဆိုင်ထဲကပဲ ထွက်လာခဲ့လိုက်တယ်။အသက်သုံးဆယ်ကျော်နေပြီ အသိတရားမရှိသေးဘူးလို့ အပြောခံလိုက်ရတော့ မြရွက်ဝါခပ်မဲ့မဲ့ပြီုးလိုက်မိတယ်။အသက်ခြောက်ဆယ်ကျော်နဲ့ရှစ်ဆယ်ကျော်ကတောင် အသိတရားမရှိသေးတာလေ။မြရွက်ဝါဆိုတာ ဈေးသည်ပီပီ လူတိုင်းကိုခင်ခင်မင်မင်ပေါင်းသင်းတတ်တာကိုလဲ သူတို့အသိ။ဟန်လင်းသန့်နဲ့မှ

" ဘာတွေဖြစ်နေတာလဲ မြရွက် ..ငါ့ကိုလဲ နည်းနည်းပါးပါးပြောပြပါအုံးဟယ် ...နင်နဲ့အဲ့တစ်ယောက်နဲ့ကဘယ်လိုသိသွားကြတာလဲ " " ဒီလိုပဲ မတော်တဆဆုံမိပြီး သိသွားခဲ့ကြတာ...စတွေ့ဖူးတာကတော့ ခြံရှေ့မှာပဲ...နောက်ထပ်ဆုံတာက မောင်မောင်နဲ့စကားများတဲ့နေ့ကဆုံခဲ့ကြတာ...မြရွက်ကပိုက်ဆံမပါတာကိုမေ့ပြီး ဈေးဝယ်မိလို့ သူကတွေ့ပြီးစိုက်ပေးခဲ့တာ ...နောက်တော့ ကြီးကြီးတို့ အပြောကိုမခံနိုင်လို့ မြရွက်လဲ ...သူ့ကိုမသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ....သူနေမကောင်းဖြစ်လို့ အကူအညီလှမ်းတောင်းလို့ ကူညီမိတယ်....ဒါပါပဲ...ဒီထက်လဲမပိုပါဘူး " " အေးဟယ်...ဒီပြဿနာကအေးမယ်မထင်ဘူး...အဘွားပါပါလာရင်တော့ ...သူ့မြေးဘက်ကစိတ်ဆိုးပြီး... နင့်ကိုပြောလိမ့်မယ်ထင်တယ်...ဘာပဲဖြစ်ဖြစ် အဲ့တစ်ယောက် ...အပေါ်မှာရှိနေတော့ အော်ကြီးဟစ်ကျယ်တော့ မလုပ်လောက်ဘူးထင်ပါတယ်....အဘွားအကြောင်းကိုလဲ နင်သိရဲ့သားနဲ့ မြရွက်ရယ်...ငါကနင့်အကြောင့်ကိုသိပြီးသား....ဒါပေမဲ့ အဘွားကတော့.. နင်သိတဲ့အတိုင်းပဲ ...ပန်းနုထွေးကလွဲလို့ ကျန်တဲ့သူတွေကိုလူထင်တာမဟုတ်ဘူး ...သူ့မြေးမှသူ့မြေးပဲ...အဘွားဘာပဲပြောပြော နင်မသိချင်ယောင်ဆောင်နေလိုက်သိလား ...တော်ကြာ ငါတို့ကိုအော်ကြီးဟစ်ကျယ်နဲ့နှင်ချနေအုံးမယ် ...ဖြစ်နိုင်ရင် ငါလဲဒီမှာမနေချင်ပါဘူးဟယ်...မြေးတွေချင်းတူတူကို.... တစ်ခါတစ်ခါ အဘွားပြောလိုက်ရင် ...စိတ်မကောင်းဖြစ်မိတယ်....ငါတို့မှာပိုက်ဆံသာပေါပေါများများရှိရင်,.,,ဒီကနေဝေးရာကိုထွက်သွားတယ်....ငါနဲ့မသဲတစ်ခုလပ်ချင်းတူတူတောင် ...မသဲကတော့ ပိုပြီးတန်ဖိုးရှိနေသလိုလို ...ပိုပြီးနေတတ်ထိုင်တတ်သလို ယူဆထားတာလေ " မြခွါညိုက ပြောရင်းသက်ပြင်းချလိုက်တယ်။ " စိတ်ချပါ မညိုရယ်...မြရွက်ကြောင့်တော့ မညိုလဲအနေမခက်စေရပါဘူး ....နောက်ဆိုရင် ဟန်လင်းသန့်နဲ့လုံးဝမဆုံအောင်နေပါ့မယ် ...သူ့ဖုန်းကိုလဲ ဘလော့ပစ်လိုက်ပါ့မယ်...မြရွက်ဆီလာတဲ့ဖုန်းတွေကိုလဲ မြရွက်သိတဲ့ ဖုန်းတွေကိုပဲကိုင်မယ်...ဒါကကြီးကြီးတို့ကို ဂရုစိုက်လို့ ကြောက်လို့မဟုတ်ဘဲ ...မြရွက်ရဲ့ဂုဏ်သိက္ခာအတွက် မြရွက်ကိုယ်တိုင်ဆုံးဖြတ်လိုက်တာပါ " မညိုကိုပြောလိုက်ရင်း မြရွက်ဝါဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်တယ်။ ~~~~~~~~~~~~ ဟန်လင်းသန့်ဖုန်းကိုကိုင်ထားရင်းက စိတ်မရှည်နိုင်ဘဲ ဖုန်းကိုထပ်ကာထပ်ကာခေါ်နေမိတယ်။ခေါ်နေကျ ဖုန်းနဲ့ခေါ်တော့လဲ လုံးဝခေါ်လို့မရဘူး။သူ့မှာရှိတဲ့ တခြားဖုန်းတွေနဲ့ခေါ်တော့လဲ ဖုန်းဝင်ပေမဲ့လုံးဝမကိုင်ဘူးဖြစ်နေတယ်။ဟန်လင်းသန့်စိတ်မရှည်တတ်သူပီပီ အောက်ထပ်တံခါးကိုသာသွားခေါက်ပစ်လိုက်ချင်တာ။မြရွက်ဝါဆိုတဲ့သူမက ရိုးအေးသလိုလိုနဲ့သူ့ကိုအတော်လေးကို စိတ်အနှောက်အယှက်ပေးနေတော့တာ။ခေါ်မရတဲ့အဆုံး စိတ်တိုလာတာမို့် လက်ထဲကဖုန်းကိုကိုင်ပေါက်ပစ်လိုက်တယ်။ဒါတောင် မကျေနပ်စိတ်ကပျောက်မသွားသေးဘဲ ရင်ထဲမှာပူလောင်ပြီးဒေါသတွေဖြစ်နေမိတုန်းပဲ။ ~~~~~~~~~~ " အဘိုးကြီးကအခြေအနေလုံးဝမကောင်းတာလား...သူတို့သမီးက လာမကြည့်ဘူးတဲ့လား ..." ဟန်လင်းသန့်စိတ်မသက်မသာနဲ့မေးလိုက်မိတယ်။ " အလကားသမီးမိုက်ပါ ဆရာရယ်.....အိမ်ပြောင်းပြီးသုံးလအတွင်းမှာ တစ်ခေါက်လေမှမလာဘူးတဲ့လေ....တော်သေးတာပေါ့ လက်ထဲငွေနည်းနည်းကျန်ကြလို့ပေါ့ ...အဘိုးကြီးက ဆေးရုံမတက်ရပေမဲ့ ...ဆရာဝန်တော့ မကြာခဏခေါ်ရတယ်တဲ့ " ကြားလိုက်ရတဲ့သတင်းကြောင့် ဟန်လင်းသန့် စိတ်ထဲပိုပြီးရှုပ်ထွေးသွားရတယ်။ဒီလောကကြီးမှာ သူ့ကိုစိတ်ရှုပ်အောင်လုပ်နိုင်တဲ့လူက ဒေါ်ခင်မေရီခေါ်သူ့အမေတစ်ယောက်နဲ့တင်လုံလောက်နေပြီကို မြရွက်ဝါဆိုတဲ့နောက်ထပ်တစ်ယောက်ပေါ်လာတော့ လူကဒေါသတွေပိုထွက်လာမိတယ်။ " မင်းဆွေ...မင်းရဲ့ဖုန်းနဲ့ ဒီနံပတ်ကိုခေါ်ကြည့်စမ်းပါကွာ " " ဟုတ်ကဲ့ ဆရာ " မင်းဆွေက သူ့ဆရာအကြောင်းကိုသိသူမို့ ဘာမှမမေးဘဲ ဟန်လင်းသန့်ပေးတဲ့ဖုန်းကိုဆက်ကြည့်လိုက်တယ်။ " ဖုန်းဝင်တယ် ဆရာ...မကိုင်တာ .....နောက်ဖုန်းတွေနဲ့ခေါ်ကြည့်ရမလား " " ထားလိုက်တော့ကွာ...မခေါ်နဲ့တော့ ....အာရုံလာနောက်နေတယ်....ကားတွေသွားကြည့်လိုက်အုံးမယ်ကွာ " " ဆရာနေကောင်းကာစကို အနားယူပါအုံးလား....ဟိုနေ့ကလဲ ဒီလိုလျှောက်သွားလို့ ....အပူရှပ်ပြီးဖျားတာမဟုတ်လား " " တော်စမ်းပါကွာ...အဲ့ဒီဖျားတဲ့အကြောင်းကိုမပြောစမ်းပါနဲ့ ..." မင်းဆွေက ရိုးရိုးသားသားပြောလိုက်ပေမဲ့ ဟန်လင်းသန့်ကိုယ့်ဘာသာစိတ်တိုနေပြီး အသံမာမာနဲ့ပြောလိုက်မိတယ်။ ~~~~~~~~~~~~~~ " မြရွက်ဝါ...မြရွက်ဝါ ဆင်းလာခဲ့အုံး " မြေပြင်ဆီကထွက်ပေါ်လာတဲ့ အဘွားရဲ့အော်သံကျယ်ကြီးကြောင့် မြရွက်ဝါတို့ ညီအစ်မလန့်ဖျပ်သွားမိကြတယ်။ " ဒုက္ခပါပဲ မြရွက်ရေ...စောစောတုန်းကပဲ ...ဟန်လင်းသန့်ထွက်သွားတာ ငါတွေ့လိုက်တယ်...အခုအဘွားကအော်နေပြီ ....အဘွားဘာပြောပြောကောင်းကောင်မွန်မွန်ပဲပြန်ပြောခဲ့နော် မြရွက်...ငါလဲနောက်ကလိုက်လာခဲ့မယ် " မသွားလို့လဲမဖြစ်တာမို့ မြရွက်ဝါထိုင်နေရာကထလာခဲ့လိုက်တယ်။ ~~~~~~~~~~~~

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၈) akyiphyu ******** " မြရွက်ဘာဖြစ်နေတာလဲ ..နင်နေမကောင်းဘူးလား " မညိုရဲ့အမေးကို မြရွက်ဝါခေါင်းကိုခါယမ်းပြလိုက်ရင်းနှုတ်ဆိတ်နေမိတယ်။ " နေကောင်းရင်လဲပြီးတာပဲဟယ်....အမြဲတက်ကြွနေတဲ့သူက .,..ဒီနေ့အတွက် ဓါတ်ပုံတွေလဲမရိုက် ..... ပို့စ်လဲမတင်ဘဲ ဘာများဖြစ်နေတာလဲလို့ " " ဘာမှမဖြစ်ပါဘူး မညို...မြရွက် ညကအိပ်မပျော်တာနဲ့ရုပ်ရှင်ကြည့်လိုက်တာ အိပ်ရေးပျက်သွားလို့ပါ " " ဒေါက်...ဒေါက် " မြရွက်ဝါနဲ့မြခွါညိုစကားပြောနေချိန်မှာပဲ အပြင်က တံခါးခေါက်သံကြားလိုက်ရတာမို့ မြရွက်ဝါကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။ " ဘယ်...ဘယ်သူလဲမသိဘူးမညို...ဈေးဝယ်သူကလွဲလို့ ဘယ်သူပဲဖြစ်ဖြစ် မြရွက်မရှိဘူးလို့ပြောလိုက်ပါနော် " မြရွက်ဝါပြောပြီးတာနဲ့အခန်းထဲကို ခပ်မြန်မြန်ဝင်ခဲ့လိုက်တယ််။ ~~~~~~~~~~ " ပန်းနုပါလား...မလာစဖူးဘာကိစ္စရှိလို့လဲ " တံခါးရှေ့မှာရပ်နေတဲ့ ပန်းနုထွေးကိုမြင်လိုက်ရတော့ မြခွါညို တအံ့တဩနဲ့မေးလိုက်မိတယ်။ပန်းနုထွေးဆိုတာက မြခွါညိုတို့ညီမဝမ်းကွဲတွေထဲမှာတော့ ပညာတတ်သူရှေ့နေတစ်ယောက်ဖြစ်ပြီး မာနလဲကြီးသူဖြစ်တယ်။သူ့မိသားစုကလွဲရင်ကျန်တဲ့ဆွေမျိုးသားချင်းတွေကို အရောဝင်လေ့မရှိသလိုခင်ခင်မင်မင်ပြောဆိုနေထိုင်တာလဲမရှိဘူး။ဝမ်းကွဲတွေထဲမှာတော့ ပန်းနုထွေကမာနအကြီးဆုံးလို့ပဲပြောရမလား။မြခွါညိုတို့ဆီကိုလဲ ယောင်လို့တောင်လာဖူးတဲ့သူမဟုတ်ဘူးလေ။ " မြရွက်ဝါရှိလားမညို " " မရှိဘူး ပန်းနု...ဈေးဝယ်မယ်ဆိုပြီး ...အပြင်ထွက်သွာတာပဲ ...မြရွက်နဲ့ဘာကိစ္စရှိလို့လဲပန်းနု " " ထွေထွေထူးထူးတော့ မဟုတ်ပါဘူး...သူ့ကိုသတိပေးစရာရှိလို့ပါ...သူကဟန်လင်းသန့်ကို ပေါ့သေးသေးလူလို့ထင်နေတာထင်တယ်....ဟန်လင်းသန့်ဆိုတာ တော်ရုံမိန်းမတွေကိုအထင်ကြီးတတ်တာမဟုတ်ဘူး ...သူ့ဘေးနားကသူဌေးမတွေ...သူဌေးသမီးတွေတောင် သူကဂရုစိုက်တာမဟုတ်ဘူးလေ..အဲ့ဒါကြောင့် မြရွက်အတွက်စိတ်ပူလို့ပြောပြတာ ...တော်ကြာအသက်ကြီးမှကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မယ် ...ညီမချင်းမို့ စေတနာနဲ့ပြောပြတာ... ဟန်လင်းသန့်လိုလူကို ဖြားယောင်းဖို့စိတ်ကူးနေရင် ဒုက္ခရောက်သွားမယ်လို့ သတိပေးမလို့ပါ " " နေ ...နေပါအုံး...ဟန်လင်းသန့်ဆိုတာ ...အပေါ်ထပ်မှာနေတဲ့ ပန်းနုရဲ့ချစ်သူမဟုတ်လား...သူနဲ့မြရွက်ကဘာပတ်သက်စရာရှိလို့လဲ ...မညိုတော့ နားမရှင်းဘူးတွယ် " မြခွါညိုက နားမလည်နိုင်တာကြောင့် ပြန်မေးလိုက်တယ်။ " အဲ့ဒါကတော့ မြရွက်ဝါကိုမေးကြည့်လိုက်ပါမညို...ပန်းနုသွားတော့မယ် " ပန်းနုထွေးကပြောပြီးတာနဲ့ ပြန်ဖို့ပြင်လိုက်တယ်။ " ပန်းနု နေအုံး " မြရွက်ဝါ နံရံကွယ်ကနေထွက်လိုက်ပြီး ပန်းနုထွေးကို လှမ်းခေါ်လိုက်တယ်။ " ဪ ...နင်ရှိနေတာလား...မညိုပြောတော့ ဈေးဝယ်သွားတယ်ဆို ...ဘာလဲ... ငါ့ကိုရှက်လို့ပုန်းနေတာလား ...ကိုလင်းနေမကောင်းတာကို နင်ကဘယ်လိုသိတာလဲ " ပန်းနုထွေးက မြရွက်ဝါကိုကြည့်ပြီး ခပ်ထေ့ထေ့မေးလိုက်တယ်။ " ဟုတ်တယ်...ငါမရှိဘူးလို့ တမင်ပြောခိုင်းလိုက်တာ...မဟုတ်တာတွေကိုမဖြေရှင်းချင်လို့ ပြောခိုင်းလိုက်တာ...ဒါပေမဲ့ နင်ကနင်ထင်တာကို ဇွတ်ပြောနေလို့ ငါထွက်လာခဲ့တာ...ဟန်လင်းသန့်နေမကောင်းတာကို ငါဘယ်လိုသိလဲဆိုတာကို သိချင်ရင် ...နင်ကိုယ်တိုင်ပဲ ဟန်လင်းသန့်ကိုမေးကြည့်လိုက်...ပြီးတော့ နင်တို့က သူနဲ့ပတ်သက်ပြီးတော့ ...ဘာလို့ဒီလောက်ထိ အထိမခံဖြစ်နေကြတာလဲ..ဘာလဲနင်တို့ယူကြတော့မှာလား...ဟန်လင်းသန့်ပြောတော့ နင်နဲ့မိတ်ဆွေတွေတဲ့လေ...ငါရှင်းရှင်းပဲပြောမယ် ပန်းနု...ယောက်ျားတစ်ယောက်ကြောင့် ဒီလိုတွေဖြေရှင်းပြောဆိုနေရတာတွေကို ငါရှက်တယ်....ကြီးကြီးကလဲ ငါ့ကိုတွေ့တိုင်းရန်သူတွေလိုပဲ ဒီအကြောင်းကိုပဲပြောနေတယ်...ဒီလောက်ထိပြောနေရအောင်... နင်တို့ကယူပြီးပြီလား..လူသိရှင်ကြားတွဲနေကြတဲ့သူတွေလား ...ငါ့ကိုဘာမှလာမပြောကြနဲ့တော့.....နင်တို့မရှက်ပေမဲ့ ငါရှက်တယ်...ငါ့ဘက်က သူ့ကိုဖြားယောင်းတာလဲ မရှိခဲ့သလို ..စကားစပြောတာလဲ မရှိခဲ့ဘူး...နင်တို့ဟာက ငါ့အတွက်စိုးရိမ်လို့ပြောနေကြတာလား...ဟန်လင်းသန့်ကိုအလုခံရမှာစိုးလို့ပြောနေကြတာလား ...အဲ့ဒီလောက်ဗျာများနေရအောင်....ငါတော့ဈေးမပေါဘူး " " ဘာ...ဘာပြောတယ်မြရွက်ဝါ....နင်..နင်စကားပြောတာအောက်တန်းကျလှချည်းလား ...ငါတ်ို့က နင့်ကိုစေတနာနဲ့ပြောတာဟဲ့ " ပန်နုထွေးမျက်နှာနီရဲသွားခဲ့ပြီး ဒေါသနဲ့ထအော်လိုက်တယ်။ " တော်...တော်ကြတော့...သူများတွကြားလို့မကောင်းဘူးဟယ်...မြရွက်နင် အထဲကိုသွားတာ့.....ပန်းနုလဲတော်ပါတော့နော်...မညိုတောင်းပန်ပါတယ်...ညီမချင်းတွေ ယောက်ျားတစ်ယောက်ကြောင့် စကားများနေကြတယ်ဆိုတာ... သူများတွေသိရင် ရှက်စရာကြီး...မြရွက်ကိုနားလည်အောင် မညိုပြောပြလိုက်ပါမယ်....ပန်းနုပြောတာကို မညိုကသဘောပေါက်တယ်သိလား " မြခွါညိုကပန်းနုထွေးကို ကျေနပ်အောင်နှစ်သိမ့်ပြောဆိုလိုက်တယ်။မြရွက်ဝါကတော့ အံကိုတင်းတင်းကြိတ်ပြီး အခန်းထဲကို လျှောက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~

သူ့ကိုထပ်ပြီးဘာမှထောက်ပံ့မပေးတော့ဘူး ...အဲ့ဒါကြောင့် အခုနိုင်သလောက်အကုန်လုပ်ပေးလိုက်မယ်...သူအဆင်ပြေလို့သူ့ဟာမကိုပဲခေါ်ခေါ်...သူ့ဟာမတစ်မျိုးလုံးကိုပဲခေါ်ခေါ် ... ငါဘာမှမပြောတော့ဘူး ...ကောင်းရင်လဲသူစံ...မကောင်းရင်လဲသူပဲခံ...ငါကတော့ပြတ်နိုင်အောင်ကြိုးစားတော့မှာ" နာနာကျင်ကျင်နဲ့တည်ငြိမ်စွာပြောနေတဲ့ မညိုကိုကြည့်ပြီးမြရွက်ဝါလဲ မကူနိုင်ဖြစ်နေမိတယ်။အေးမြပါတယ်ဆိုတဲ့ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာက ပူလောင်ပြီဆိုရင် ထောင့်ငါးရာမေတ္တာထက်အဆပေါင်းများစွာပူလောင်တာကို မြရွက်ဝါမျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။ထောင့်ငါးရာမေတ္တာကဒုက္ခပေးလာရင် မေ့ပစ်ဖျောက်ဖျက်ပစ်လို့ရနိုင်သေးတယ်မဟုတ်ပါလား။ ~~~~~~~~~~~~~~~ မြရွက်ဝါလူအလစ်ကိုချောင်းပြီး အပေါ်ထပ်ကိုခြေသံဖွဖွနင်းကာတက်လာခဲ့လိုက်တယ််။မနေ့ညကတော့ ဟန်လင်းသန့်ရဲ့တပည့်တစ်ယောက်လာတာမြင်လိုက်လို့ စိတ်အေးလက်အေးဖြစ်သွားခဲ့ရတယ်။မနက်စောစောက အဲ့ဒီလူပြန်သွားတာကို မြရွက်ဝါမြင်လိုက်ရတာမို့ သစ်သီးတချို့ဝယ်ပြီး ဟန်လင်းသန့်အခန်းဆီကို တက်လာခဲ့လိုက်တယ်။အောက်ထပ်နဲ့အပေါ်ထပ်က အရိပ်အခြည်ကိုကြည့်ပြီး တက်လာရတာမို့ မြရွက်ဝါမှာဟိုကြည့်ဒီကြည့်နဲ့ မျက်ကလဲဆန်ပျာဖြစ်နေမိတယ်။အခန်းတံခါးဝရှေ့ကိုရောက်တော့လဲ ဖြုန်းခနဲတံခါးမခေါက်ရဲဘူးဖြစ်နေမိတယ်။စိတ်က ရှက်သလိုလိုကြောက်သလိုလိုခံစားနေရတယ်။လာခဲ့ပြီးမှတော့မထူးတော့ပြီမို့ မြရွက်ဝါတံခါးကိုခပ်ဖြည်ဖြည်းခေါက်လိုက်တယ်။ " ဒေါက်...ဒေါက် " မြရွက်ဝါတံခါးခေါက်လိုက်ပြီး သိပ်မကြာခင်မှာဘဲ အတွင်းကသစ်သားတံခါးကပွင့်ဟလာခဲ့တယ်။တံခါးလာဖွင့်ပေးသူကိုမြင်လိုက်ရတဲ့အခိုက်မှာ မြရွက်ဝါတစ်ကိုယ်လုံးကို မိုးကြိုးပစ်ချသလိုခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားသွားမိတယ်။ " မြရွက်ဝါ ... နင်ဘာကိစ္စရှိလို့လဲ " ပန်းနုရဲ့မေးသံကအေးစက်မာကျောနေတယ်။မြရွက်ဝါဘာပြန်ပြောရမှန်းသသိဘဲ နှုတ်ကဆွံအနေခဲ့မိတယ်။ " ဧည့်သည်လာတာလား ပန်းနု " အထဲကလှမ်းမေးလိုက်တဲ့ ဟန်လင်းသန့်ရဲ့အသံကိုကြားလိုက်ရပေမဲ့ မြရွက်ဝါမှာ လက်ထဲကသစ်သီးထုပ်ကို ဆုပ်ကိုင်ထားပြီး ကြက်သေသေကာရပ်နေမိရင်း ဆွံ့အနေခဲ့မိတယ်။ " ဘယ်သူလဲ ပန်းနု " အသံနဲ့အတူ တံခါးနားကိုရောက်လာခဲ့တဲ့ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာအသိဝင်လာခဲ့မိတယ်။သို့ပေမဲ့ပြေးထွက်သွားဖို့အတွက်နောက်ကျသွားခဲ့ပြီဖြစ်တယ်။ ဟန်လင်းသန့်လဲ ပန်းနုရပ်နေတဲ့နေရာဆီကိုလျှောက်လာခဲ့ရင်းမေးလိုက်တယ်။တံခါးဝမှာရပ်နေတဲ့ မြရွက်ဝါကိုမြင်လိုက်ရတော့ ဟန်လင်းသန့်တစ်ချက်ပြုံးလိုက်မိတယ်။ " မြရွက်ပါလား" " ဟုတ်တယ်ကိုလင်း ...ဒီမှာမြရွက်ကိုလူကြုံပါးလိုက်လို့တဲ့လေ...ကိုမင်းဆွေပို့ခိုင်းလိုက်တာထင်တယ်..." မြရွက်ဝါဘာမှမပြောနိုင်ခင်မှာပဲ ပန်းနုထွေးကဝင်ပြောလိုက်တယ်။ " သွား ...သွားတော့မယ် '" မြရွက်ဝါ တုန်တုန်ယင်ယင်နဲ့ ပြောလိုက်ပြီး ချာခနဲ ပြေးထွက်လာခဲ့လိုက်တယ်။ပြေးဆင်းလာခဲ့ရင်း က ရှက်စိတ်ဝမ်းနည်း စိတ်ကြောင့် ပါးပြင်ပေါ်ကို မျက်ရည်တွေ အဆက်မပြတ်စီးကျလာခဲ့တယ်။ ==================================== အပိုင်း( ၁၈ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅)

ဟန်လင်းသန့်ခုတင်ပေါ်က အားယူထလိုက်ပြီး တံခါးဝအထိလိုက်ပို့ပေးလိုက်တယ်။လမ်းလျှောက်နေတဲ့ ဟန်လင်းသန့်ရဲ့ခန္ဓာကိုယ်က ယိမ်းယိုင်နေတာမို့ မြရွက်ဝါစိတ်ပူပြီးမော့ကြည့်လိုက်မိတယ်။ " ရရဲ့လား...ဖြည်းဖြည်းလျှောက်နော် ကိုဟန်လင်းသန့် ...တော်ကြာမူးလဲနေအုံးမယ်....ဟယ်...ကိုဟန်လင်းသန့်သတိထားလေ ' " အမေ့ " မြရွက်ဝါသတိပေးနေတဲ့ကြားက ဟန်လင်းသန့်မှာ မြရွက်ဝါရဲ့ကိုယ်ပေါ်ကိုယိုင်ခနဲလဲကျလာတာမို့ မြရွက်ဝါမှာ အယောင်ယောင်အမှားမှားအထိတ်ထိတ်အလန့်လန့်နဲ့ ဟန်လင်းသန့်ကိုထိန်းဖက်ထားလိုက်မိတယ်။တစ်ခဏတော့နှစ်ယောက်သားအလွန်နီးကပ်သွားတာမို့ မြရွက်ဝါရဲ့နှလုံးသားတွေပေါက်ကွဲလုမတတ်တဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ဟန်လင်းသန့်ကလဲ ချက်ချင်းပြန်မလွှတ်ပေးဘဲ မြရွက်ဝါရဲ့ကိုယ်လုံးလေးကိုဖက်တွယ်ထားခဲ့တယ်။မြရွက်ဝါလဲသတိလက်လွှတ်ဖြစ်နေခဲ့ပြီးမှ ပြန်လည်သတိဝင်လာခဲ့ပြီး လူချင်းပြန်ခွါလိုက်ပြီး ဟန်လင်းသန့်ရဲ့လက်မောင်းကိုသာထိန်းကိုင်ထားပေးလိုက်တယ်။ " ရ...ရရဲ့လားဟင် " မြရွက်ဝါတုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။ " ဆော...ဆောရီးပါနော်မြရွက် ....ကျွန်တော် ဒီရက်ပိုင်းတွေ အအိပ်နည်းနေလို့ အားမရှိသလိုဖြစ်နေတယ် " " ရ...ရပါတယ်...ပြီးရင်အိပ်လိုက်တော့လေ " မြရွက်ဝါအသံတုန်တုန်နဲ့ပြန်ဖြေလိုက်ရင်း ဟန်လင်းသန့်လက်ထဲကတံခါးသော့ကိုယူပြီးတံခါးကိုဖွင့်လိုက်တယ်။ပြီးတော့ဟန်လင်းသန့်မျက်နှာကို မကြည့်ဘဲသော့ကိုပြန်ပေးလိုက်ပြီး တံခါးကိုပြန်ဆွဲပိတ်ပေးခဲ့လိုက်တယ်။တံခါးအပြင်ကိုရောက်လာခဲ့ပြီး တံခါးပြန်ပိတ်လိုက်တော့မှ မြရွက်ဝါမှာအောက်ထပ်ကို ဒရောသောပါးပြေးဆင်းလာခဲ့လိုက်တယ်။ဒီအခါမှပဲ မြရွက်ဝါမှာ အသက်ကိုဝဝရှူလိုက်မိပြီး အလျင်အမြန်ခုန်လှုပ်နေတဲ့ရင်ဘတ်ကိုလက်နဲ့ခပ်တင်းတင်းဖိထားလိုက်မိတယ်။အသက်ငယ်ရွယ်စဉ်အချိန်က ချစ်သူရည်းစားတစ်ယောက်သာထားဖူးခဲ့ပြီး မိဘတွေနဲ့အတူ ငွေကိုသာကြိုးစားရှာနေခဲ့ရတဲ့ မြရွက်ဝါအဖို့ ရင်ခုန်သံဆိုတာကိုသေချာမသိခဲ့ဘူး။အရွယ်လွန်မှခံစားနေရတဲ့ရင်ခုန်သံတွေအတွက် မြရွက်ဝါကြည်နူးနေမိသလိုလို၊ ရှက်ရွံ့အားငယ်နေမိသလိုလိုခံစားနေရတယ်။မြရွက်ဝါသိပ်ကြောက်ခဲ့လို့ ရှောင်တိမ်းနေခဲ့တဲ့အချစ်က မြရွက်ဝါဆီကိုတည့်တည့်ကြီးရောက်လာခဲ့ပြီလား ။မြရွက်ဝါအလန့်တကြားနဲ့ခေါင်းကိုခါယမ်းလိုက်မိတယ်။ ~~~~~~~~~~~~~ ဟန်လင်းသန့်အိပ်ဖို့ကြိုးစားနေပေမဲ့အိပ်မပျော်နိုင်ဘဲဖြစ်နေမိတယ်။ရင်ထဲမှာဘာမှန်းမသိတဲ့အစိုင်အခဲကြီးတစ်ခုက တစ်ဆို့ပိတ်လှောင်ထားသလိုခံစားနေရတယ်။ဒီခံစားချက်ကြီးက ရင်ကိုပူလောင်စေတာမို့ ဟန်လင်းသန့်လုံးဝကိုမကြိုက်ဘူး။သူလုပ်ခဲ့တာတွေက ဟန်ဆောင်မှုတွေလား၊ဘာတွေလဲဆိုတာကိုလဲ မခွဲခြားနိုင်တော့ဘူး။အထူးသဖြင့်အေးစက်နေခဲ့တဲ့ သူ့နှလုံးသားက ပူနွေးကာတထိတ်ထိတ်ခုန်နေခဲ့တာကိုတော့ ဟန်လင်းသန့်လုံးဝကိုလက်မခံနိုင်ဘဲ က်ိုယ်ကိုယ်ကိုပါမုန်းတီးအမြင်ကပ်လာမိတယ်။နောက်ထပ်နောက်ထပ်သူနာကျင်ရမဲ့အဖြစ်မျိုးတွေကို ဟန်လင်းသန့်လုံးဝကိုလက်ခံနိုင်မှာမဟုတ်တာတော့သေချာတယ်။ တွေးရင်း စိတ်ရှုပ်လာတာမို့ ဟန်လင်းသန့်ခေါင်းကိုခါယမ်းလိုက်ပြီး မျက်လုံးတွေကိုဇွတ်မှိတ်ထားပစ်လိုက်မိတယ်။ ~~~~~~~~~~~ " မြရွက်ဘယ်တွေသွားနေတာလဲ....အိမ်မှာဖုန်းထားခဲ့ပြီး လူမတွေ့တော့.....စီးတီးမက်ဘက်များသွားတာလားလို့ ....ဘာမှလဲပါမလာပါလား " အိမ်ထဲဝင်ဝင်ချင်းမှာပဲ ဆီး ကြိုပြီးမေးလိုက်တဲ့ အစ်မဖြစ်သူရဲ့ အမေးကြောင့် ဖြုန်းခနဲ မြရွက်ဝါဘယ်လိုပြန်ဖြေရမှန်းမသီဘဲဖြစ်သွားမိတယ်။ " ဟို ...ဟို ..ဝယ်ဖို့သွားတာပါပဲ...လမ်းမှာအသိနဲ့တွေ့တာနဲ့ ကော်ဖိဆိုင်မှာစကားပြောရင်း...အချိန်ကြာသွားလို့ဘာမှမဝယ်ဘဲပြန်လာခဲ့လိုက်တာ ...မညိုဘယ်အချိန်ကပြန်ရောက်တာလဲ ...အဆင်ပြေခဲ့လား " " မပြေပါဘူးဟယ်....ဒီနေ့သွားခဲ့တဲ့ အေဂျင်စီက .... မနေ့ကအေဂျင်စီထက်တောင်‌ ဈေးပိုများနေသေးတယ် ...ဂျပန်သွားလိုက်ကြတဲ့သူတွေကလဲ ‌ထောင်သောင်းချီနေတာ...ငါလဲအဲ့ဒီကကောင်မလေးတွေပြောလိုက်တာကို စဉ်းစားနေတာ....တို့အိမ်ကမောင်မောင်က ...ကိုယ့်ထမင်းပန်းကန်တောင်ဆေးရမှာပျင်းတဲ့ကောင်လေ...အတတ်ပညာဆိုလို့ ဘာသာစကားနှစ်မျိုးပြောတတ်တာကလွဲလို့ ဘာမှမတတ်ဘူးလေ...ဒါတောင်ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ရဲ့လားဆိုတာကို သေချာမသိဘူး ....ပညာကမတတ် ..အလုပ်ကြမ်းကမလုပ်နိုင်နဲ့ဟိုမှာဘာလုပ်စားမလဲ....ဘာပဲဖြစ်ဖြစ် စင်္ကာပူသွားရင်မှ ...ငါ့သူငယ်ချင်းတွေဆီကိုအကူအညီတောင်းလိုက်ရင် ဈေးဝယ်စင်တာလိုနေရာမျိုးမှာပဲဖြစ်ဖြစ်အလုပ်ရနိုင်သေးတယ်" " အဲ့ဒါလဲ ဟုတ်တာပဲ....မြရွက်အသိရဲ့မောင်လေးဆိုရင် ...ဒီမှာဟော်တယ်သင်တန်းတက်ပြီး သင်တန်းကချိတ်ပေးတဲ့ အလုပ်နဲ့ နိုင်ငံခြားထွက်သွားတာတဲ့သိလားမည်ို " " ဟုတ်လား...မောင်မောင် အဲ့ဒါ့များစိတ်ဝင်စားမလားမသိဘူး ...ဟော်တယ်သင်တန်းဆိုတော့ ဘာတွေလဲ...ဧည့်ကြိုတို့ ...သန့်ရှင်းရေးတို့.... အခန်းဝန်ဆောင်မှုပေးရတာမျိုးတွေထင်တယ်...သင်တန်းကဘယ်နှစ်လလဲ...သင်တန်းကြေးရောစုံစမ်းပေးစမ်းပါအုံးဟယ်...သင်တန်းပြီးတာနဲ့ အလုပ်ပါရှာပေးတဲ့သင်တန်းမျိုးကိုပဲ သူ့ကိုတက်ခိုင်းရမယ််....သူနိုင်ငံခြားရောက်သွားပြီဆိုရင်တော့ ...

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၇) akyiphyu ******** တက္ကစီကားဆရာက ကားလမ်းဘေးတစ်နေရာမှာ ရပ်နေတဲ့ မြရွက်ဝါရဲ့ရှေ့မှာကားကိုထိုးရပ်လိုက်တယ်။ဒီအခါ မျက်နှာကိုထီးနဲ့ကွယ်ပြီးရပ်နေတဲ့ မြရွက်ဝါက ကုပ်ချောင်းချောင်းနဲ့ကားပေါ်ကိုတက်လာခဲ့တယ်။မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန်စိတ်တိုမိသလို ရယ်လဲရယ်ချင်သွားမိတယ်။ဘယ့်နှယ့် ဒီလောက်ကြီးကျတော့ပိုလွန်သွားတာမဟုတ်ဘူးလား။မြရွက်ဝါရပ်နေတဲ့နေရာက အိမ်နဲ့နှစ်မှတ်တိုင်တောင်ဝေးတာ။ကြည့်ရတာ ဒီနေရာအထိလမ်းလျှောက်လာခဲ့ပြီးမှ ကားကိုငှားပြီး လွှတ်လိုက်တာဖြစ်မယ်။ဒါကြောင့်လဲ ကားဆရာကသူမရပ်နေတဲ့ရှေ့မှာကားကိုတန်းခနဲထိုးရပ်လိုက်တာပေါ့။ " ရှင် အဆင်ပြေရဲ့လား...ဘယ်ဆေးခန်းသွားမှာလဲ...သွားမဲ့ဆေးခန်းကို ကားဆရာကိုပြောလိုက်အုံး " "အင်း....အဆင်ပြေပြီးမစောင့်ရလောက်တဲ့ အထူးကုဆေးခန်းတစ်ခုကိုပဲ ပို့ပေးပါဆရာသမားရေ " ဟန်လင်းသန့်ရဲ့စကားကိုကားဆရာကနားထောင်ပြီးခေါင်းငြိမ့်ပြလိုက်တယ်။ ~~~~~~~~~~ " ကျွန်မခုနနေရာမှာပဲ ဆင်းနေခဲ့လိုက်မယ် " ပြောလို့လဲမရမဲ့အတူတူတော့ ဟန်လင်းသန့်ခေါင်းပဲငြိမ့်ပြလိုက်တယ်။ " မြရွက်လဲ ကားငှားစီးလာခဲ့လိုက်ပါ...လမ်းလျှောက်ရမှာက အဝေးကြီးပဲ..." " ဟုတ်ကဲ့ ရပါတယ်....မြရွက်အတွက်စိတ်မပူပါနဲ့ .. အခန်းပြန်ရောက်ရင်ခဏမှိန်းနေလိုက်နော်...မြရွက်ရောက်တာနဲ့ဆန်ပြုတ်ပြုတ်ပေးမယ် ...သွားပြီးနော် " " နေအုံး...ကားငှားစီးလာခဲ့လိုက်နော်...တိုက်ရှေ့ထိမစီးရင်တောင်... လမ်းဆုံထိစီးခဲ့လိုက်လေ..." " ဟုတ်ကဲ့ပါ " ခေါင်းငြိမ့်ပြကာ ထီးကိုကမန်းကတန်းဖွင့်လိုက်ပြီး ကားပေါ်ကဆင်းသွားတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်သက်ပြင်းကိုသာချလိုက်မိတယ်။မိန်းမတွေများအမျိုးမျိုး တတ်ပဲတတ်နိုင်လွန်းတယ်။သူလိုလူနဲ့အထင်လွဲခံရမှာကိုများကြောက်သတဲ့။ဒါကမာယာတွေပဲဆိုတာ သိတာပေါ့။မသိရင်ရိုးသားတဲ့သူလိုလိုဘာလိုလို။ယောက်ျားတွေနဲ့ပဲ မပတ်သက်ဖူးသလိုလိုပေါ့။တကယ်တော့ ဒါတွေအားလုံးက သူမတို့ရဲ့မာယာတွေဆိုတာအသိသာကြီးပဲဟာ။ဟန်လင်းသန့်စိတ်ထဲမှာ ရယ်ချင်စိတ်နဲ့တွေးမိရင်း ပြုံးနေလိုက်မိတယ်။ ~~~~~~~~~~ " ဒေါက် ....ဒေါက် " တံးခါးခေါက်သံကြောင့် ဟန်လင်းသန့် လှဲနေရာကထသွားပြီးဖွင့်ပေးလိုက်တယ်။တံခါးဝမှာ ရပ်နေသူကမြရွက်ဝါ။သူမလက်ထဲမှာလဲ စီးတီးမက်ကဝယ်လာတဲ အမှတ်အသားနဲ့ အိတ်လေးတစ်လုံးကိုဆွဲလာခဲ့တယ်။ဟန်လင်းသန့်တံခါးဖွင့်လိုက်တာနဲ့ သူမကဖျတ်ခနဲအခန်းထဲတိုးဝင်လာခဲ့တယ်။ " ဘာတွေဝယ်လာခဲ့တာလဲ " ဟန်လင်းသန်ကမြရွက်ဝါအနားကိုကပ်ပြီးခပ်တိုးတိုးမေးလိုက်တယ်။ " ကိုဟန်လင်းသန့်အတွက်ဆန်ပြုတ်ပြုတ်ပေးဖို့ပါ...ပြီးတော့ ...ဒီနေ့စားဖို့အဆင်ပြေမဲ့ စားစရာလေးတွေဝယ်လာပေးတယ် ...စားပြီးရင်အိပ်ရေးဝအောင်အိပ်လိုက်ပေါ့....သက်သာသွားမှာပါ " မြရွက်ဝါက အထုပ်တွေက်ိုမီးဖိုခန်းထဲအထိဆွဲသွားရင်းကပြောလိုက်တယ်။ဟန်လင်းသန့်လဲ မြရွက်ဝါရဲ့နောက်ကလျှောက်လိုက်လာခဲ့တယ်။မြရွက်ဝါက ဟန်လင်းသန့်ကိုလှည့်ကြည့်လိုက်ပြီး " ဟော့တော့ ...ဘာလို့လိုက်လာတာလဲ....လူမမာကသွားအိပ်နေလေ...ဆန်ပြုတ်ပြုတ်လို့ ပြီးတာနဲ့မြရွက်လာနှိုးလိုက်မယ်...ကိုဟန်လင်းသန့် အိပ်ရေးတွေပျက်တာများလို့ အားနည်းနေတယ်လို့ ...ဆရာဝန်ကမှာလိုက်တယ်လေ ....အခန်းထဲမှာအေးအေးဆေးဆေးသွားနားပါ. ..." မြရွက်ဝါပြောလိုက်တော့မှ ဟန်လင်းသန့်က နေရာကထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~ ဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး သူ့ဘေးနားမှထိုင်နေတဲ့မြရွက်ဝါကို ဟန်လင်းသန့်မသိမသာခိုးကြည့်နေမိတယ်။ဒီလိုအနီးကပ်မြင်နေရတော့မှ ရုပ်ဆိုးတယ်လို့ ထင်ခဲ့မိတဲ့မျက်နှာလေးက မည်းနက်နေတဲ့မျက်ခုံးထင်းထင်းလေးကြောင့် လှပပြီးအကြည့်ခံတာကိုသတိထားလိုက်မိတယ်။မြရွက်ဝါက ဟန်လင်းသန့်တွဲခဲ့ဖူးတဲ့ ငယ်ရွယ်ချောမောလှပတဲ့ မိန်မချောလေးတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ အသက်သုံးဆယ်ကျော်မိန်းမတစ်ယောက်ရဲ့တည်ငြိမ်ရင့်ကျက်တဲ့အလှတွေကိုတော့ မြင်နေရတယ်။ " ဆန်ပြုတ်ကပူနေသေးတယ်နော် ကိုဟန်လင်းသန့် " မြရွက်ဝါကပြောပြီးတာနဲ့ဆေးခန်းက ပေးလိုက်တဲ့ဆေးတွေကိုစားပွဲပေါ်တင်ပြီး အထုပ်လေးတွေကိုခွဲနေလိုက်တယ်။ " ကိုဟန်လင်းသန့် ဆန်ပြုတ်သောက်လို့ပြီးရင် ...ကျွန်မပြန်တော့မယ်နော်....တစ်ခုခုလိုအပ်ရင်လှမ်းခေါ်လိုက်ပေါ့ ...ရေတွေမချိုးနဲ့အုံးတဲ့နော်...ဒီနေ့တစ်ရက်တော့ ရေလုံးဝမချိုးနဲ့ပေါ့ ....သောက်ရမဲ့ဆေးတွေကိုလဲ သေချာလေးခွဲပေးထားခဲ့တယ်....ကိုဟန်လင်းသန့်လူတွေရောက်လာရင် သောက်ရမဲ့အချိန်တွေကိုခွဲတတ်မှာပါ" ဟန်လင်းသန့်ဆန်ပြုတ်သောက်လို့ပြီးသွားတော့ မြရွက်ဝါကဆန်ပြုတ်ပန်းကန်ကိုဆေးဖို့ယူသွားလိုက်တယ်။ " ပန်းကန်မဆေးနဲ့နော်မြရွက် ထားထားလိုက်ပါ...ကျွန်တော့်တပည့်တွေလာမှ ဆေးပါလိမ့်မယ်" " ရပါတယ်ရှင်....အပန်းမကြီးပါဘူး " မြရွက်ဝါပန်းကန်ဆေးပြီးတော့ ပြန်ဖို့ပြင်လိုက်တယ်။ " ကျွန်မပြန်တော့မယ်နော်..." " ကျေးဇူးပါနော် မြရွက် "