fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

رفتن به کانال در Telegram
1 032
مشترکین
-124 ساعت
+17 روز
-1030 روز
آرشیو پست ها
စိုးရိမ်ပူပန်နေတဲ့ သူဌေးကတော်မပန်းမြိုင်ကိုကြည့်ပြီး အေးပုံကအံ့ဩသွားခဲ့ရတယ်။အပန်းဖြေစံအိမ်ကို အေးပုံတို့တွေလာလည်ခဲ့ကြတာ အခေါက်ပေါင်းမရေနိုင်တော့ဘူးလေ။လာတိုင်းလဲ သူဌေးပါတာရယ်လို့သိပ်မရှိဘဲ မပန်းမြိုင်ရဲ့ မိခင်ကြီးရယ်မပန်းမြိုင်နဲ့အတူကလေးသုံးယောက်သာအမြဲလာလေ့ရှိတာ။ သူဌေးကတော်မပန်းမြိုင်ရဲ့မိခင်ကြီးက ကျန်းမာရေးမကောင်းတော့ စိတ်အပြောင်းအလဲဖြစ်အောင် ဒီလိုပဲမကြာခဏခရီးတွေထွက်လေ့ရှိကြတယ်။အဖော်အဖြစ်ကားဆရာကိုမြအောင်နဲ့အေးပုံတို့သားအမိရယ်တခြားခိုင်းလို့ရတဲ့ အလုပ်သမားတစ်ယောက်လောက်တော့အမြဲပါလာမြဲဖြစ်တယ်။ဒီနေ့တော့များလူနည်းတယ်ဆိုပေမဲ့လဲ ဒီနေရာမှာက မျောက်လိုမျိူးအကောင်ငယ်လေးတွေကလွဲလို့တောကောင်ကြီးကြီးမားမားလဲမရှိသလို နယ်ခံတွေပဲရှိတော့ အန္တရာယ်တစ်စုံတစ်ရာလဲမရှိဘူးလေ။ပြီးတော့ ခြံထဲမှာကခြံစောင့်ကြီးကိုစံသိန်းလဲရှိနေခဲ့တာမို့ စိတ်ပူစရာကိစ္စလဲသိပ်မရှိဘူးမဟုတ်လား။ " စိတ်မပူပါနဲ့မမရယ်...အေးပုံတို့လဲရှိပါတယ်....အမြဲလာနေကြပဲဟာ ဘာမှမဖြစ်ပါဘူး...ကြီးကြီးအတွက်လဲ စိတ်မပူပါနဲ့...အေးပုံဂရုစိုက်ပေးပါ့မယ်မမရယ်....မမစိတ်ထဲတစ်မျိုးဖြစ်နေရင်.... အေးပုံတို့သားအမိ မမတို့အခန်းရှေ့မှာပဲလာအိပ်ပါ့မယ် " " ကျေးဇူးတင်ပါတယ်အေးပုံရယ် ...မမလဲ ဒီနေ့မှဘာဖြစ်နေမှန်းမသိဘူး " မပန်းမြိုင်ကပူပူပင်ပင်နဲ့ပြောရင်း အိပ်ခန်းတွေဆီကို လျှောက်သွားလိုက်တယ်။ ~~~~~~~~~~~~~~ " ဖောင်း...ဖောင်း " " ဒိုင်း...ဒိုင်း " အပန်းဖြေစံအိမ်ကြီးရဲ့ရှေ့ဆီမှ ဆူဆူညံညံအသံတွေပေါ်ထွက်လာတာကြောင့်အေးပုံလန့်နိုးသွားခဲ့ပြီး အိပ်ရာထဲက အမြန်လူးလဲထလိုက်တယ်။ဒီအချိန်မှာပဲ အိပ်မပျော်နိုင်ဖြစ်နေတဲ့ မပန်းမြိုင်တစ်ယောက်လဲ ထိတ်ထိတ်လန့်လန့်နဲ့ အခန်းပြင်ကိုထွက်လာခဲ့တယ်။ " အေး...အေးပုံ ...အသံတွေကြား ...ကြားလိုက်လား...ဘာ...ဘာသံတွေလဲမသိဘူး " မပန်းမြိုင်ကတုန်တုန်လှုပ်လှုပ်နဲ့ပြောလိုက်ရင်း အိမ်ရှေ့ပြတင်းပေါက်ကနေသွားကြည့်လိုက်တယ်။ဒီအချိန်မှာပဲ အိမ်တံခါးခေါက်သံနဲ့အတူ ကားဆရာကိုမြအောင်ရဲ့အသံကိုကြားလိုက်ရတယ်။ " မမကြီး...မမကြီး " အသံကြားလိုက်ရတာနဲ့ အေးပုံက တံခါးပေါက်ရှိရာဆီကို ချက်ချင်းပြေးသွားလိုက်ပြီး လက်တစ်ဝါးစာလူကြည့်ပေါက်ကိုလှပ်လိုက်တယ်။မပန်းမြိုင်ကလဲ တုန်တုန်ယင်ယင်နဲ့ နောက်ကပြေးလိုက်သွားခဲ့တယ်။ " ကို...ကိုမြအောင် ...ဘာသံတွေလဲ...ဘာဖြစ်တာလဲဟင် " " dar ...darပြတွေထင်တယ်...မမကြီးတို့တွေတော်ရာမှာအမြန်ပုန်းကြပါ ...ကျွန်တော်နဲ့ကိုစံသိန်းတတ်နိုင်သလောက် ကာပေးထားပါ့မယ်...မမကြီးတို့အမြန်ပြေးကြပါ " " ကား ...ကားနဲ့ပြေးလို့မရဘူးလား ကိုမြအောင်..." အေးပုံကအလောတကြီးနဲ့မေးလိုက်တယ်။ " သူတို့တွေကလူများတယ်လက်နက်တွေလဲပါတယ်....ကားထွက်လိုက်တာနဲ့ ပစ်လိမ့်မယ်....မဖြစ်ဘူး...ခြံနောက်တောင်ကြားကနေပြေးလို့ရသလောက်ပြေးကြပါ " " ဘယ်...ဘယ်လို... darပြတွေဟုတ်လား...ဘုရား ..ဘုရား...အမေ ..အမေကလမ်းမှကောင်းကောင်းမလျှောက်နိုင်တာဘယ်လိုလုပ်ကြမလဲ ...ကယ်ကြပါအုံး....လုပ်ကြပါအုံးကွယ်...အေးပုံလုပ်ပါအုံးအေးပုံရဲ့ ...ကလေးတွေကိုသွားနှိုးပါအုံး ...အမေ...အမေတော့ဒုက္ခပါပဲ.." ကားဆရာကိုမြအောင်ရဲ့စကားကြောင့် မပန်းမြိုင်မှာ အရူးတစ်ယောက်လိုတတွတ်တွတ်လိုရေရွတ်ရင်းနဲ့ အအခန်းဆီကိုပြေးလွှားလာခဲ့တယ်။အေးပုံလဲ သူဌေးကတော်မပန်းမြိုင်ရဲ့နောက်ကနေ အပြေးလိုက်သွားလိုက်တယ်။ "မမ ...မမရရဲ့လား ..ဟို..ဟိုမှာ...သူတို့တွေ ခြံဝရောက်လာကြပြီ " အေးပုံရဲ့အထိတ်တလန့်ပြောလိုက်သံကြောင့် သူဌေးကတော်မပန်းမြိုင်မှာ မူးမေ့လဲကျတော့မတတ်ထိတ်လန့်ချောက်ချားသွားခဲ့ရတယ်။ " အေး ..အေးပုံ ...မမကလေးတွေကိုကယ်ပေးပါ ..သူတို့ကို တောင်ကြားလမ်းကနေခေါ်ထုတ်သွားပေးပါ....တစ်ယောက်မှမကျန်စေနဲ့နော်...ဓါတ်မီးတွေပါအကုန်ယူသွားပါ" "ရှင် ..မမကရော...မမကမလိုက်ဘူးလား...." "မမ...မမလိုက်လို့မရဘူးလေ အေးပုံ....မမပါထွက်ပြေးသွားရင် အမေ့ကိုဘယ်လိုလုပ်မလဲ ....အမေကလမ်းကောင်းကောင်းမလျှောက်နိုင်ဘူးလေ ...သူတို့တွေကိုမမတောင်းပန်ကြည့်မယ်...မမတို့ ဝတ်လာတဲ့ရွှေငွေတွေပေးလိုက်ရင် ..သူတို့တွေလူကိုအန္တရာယ်မပြုလောက်ဘူးထင်ပါတယ်...သွားတော့ ...သွားကြတော့....ခြံတံခါးကမကြာခင်ပွင့်လာလိမ့်မယ်...ကလေးတွေကို အမြန်နှိုးပါအေးပုံ " မပန်းမြိုင်တစ်ယောက် ‌ေးးသွးရူး‌ေးးသွးတန်းပြောရင်းမှ ကလေးများကိုအတင်းလှုပ်နှိုးလိုက်တယ်။ "သမီး ...သမီးပန်းရိပ် ...ထပါအုံးကွယ် ....သမီးအလွမ်းဆွတ်ထပါအုံး " မပန်းမြိုင်က သမီးကြီးနဲ့တူမဖြစ်သူကိုနှိုးရင်း သားအငယ်လေးကို ပွေ့ချီပြီးလှုပ်နှိုးလိုက်တယ်။ "အမေ ..ဘာဖြစ်လို့လဲဟင် ...ဘာဖြစ်တာလဲ " အသက်ကိုးနှစ်သာရှိကြသေးတဲ့ ပန်းရိပ်ဖြူနဲ့အလွမ်းဆွတ်ခမျာအခြေအနေကို နားမလည်နိုင်ကြဘဲ အိပ်ချင်မူးတူးနဲ့ကြောင်ကြောင်အအထိတ်ထိတ်လန့်လန့်ဖြစ်နေကြပေမဲ့ အေးပုံရဲ့သမီးဖြစ်တဲ့သစ်ခက်က တိတ်လန့်ကြောက်ရွံ့နေရင်းကနေ တုန်တုန်လှုပ်လှုပ်နဲ့ မေးလိုက်တယ်။

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၁) akyiphyu ********* ရေတံခွန်တောင်ကြား နွေရာသီအပန်းဖြေစံအိမ်။ ရေတံခွန်တောင်ကြားကနာမည်နဲ့လိုက်အောင် ရေတံခွန်အသေးလေးတွေနဲ့စမ်းချောင်းငယ်လေးတွေပေါများပြီးသာယာလှပလွန်းလှတယ်။ရေတံခွန်တွေက မိုးရာသီလိုမျိုးမှာပဲ ရေတွေစီးဆင်းနေတတ်ပြီး နွေရာသီမှာတော့ စမ်းချောင်းငယ်လေးတွေကလွဲလို့ ရေစီးဆင်းမှုမရှိဘူး။ရေတံခွန်တောင်ကြားနေရာက စခန်းသာမြို့လေးနဲ့အနီးဆုံးမှာတည်ရှိပြီး တောင်ကြားတစ်လျှောက်က မြေနေရာတွေကို သူဌေးကိုဘိုထွန်းနဲ့သူဌေးကတော်မပန်းမြိုင်တို့ကပိုင်ဆိုင်ကြတယ်။ကိုဘိုထွန်းနဲ့မပန်းမြိုင်တို့က အသက်အရွယ်အာဖြင့်သုံးဆယ်ကျော်ဝန်းကျင်သာရှိကြသေးပြီး နှစ်ဖက်မိဘတွေဆီကရရှိထားတဲ့အမွေအနှစ်တွေနဲ့ ကုန်သည်လုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြပြီး ချမ်းသာကြွယ်ဝသူတွေဖြစ်ကြတယ်။ဒီတော့လဲ ကြွယ်ဝချမ်းသာသူတို့ရဲ့ထုံးစံအတိုင်း ကိုဘိုထွန်းနဲ့ မပန်းမြိုင်တို့ ကလဲ ရှုခင်းကောင်းပြီးသာယာလှပတဲ့ရေတံခွန်တောင်ကြားမှာ အပန်းဖြေစံအိမ်ကိုတည်ဆောက်ခဲ့ကြတယ်။အပန်းဖြေစံအိမ်ဆိုပေမဲ့လဲ တခမ်းတနားတည်ဆောက်ထားတဲ့သစ်သားအိမ်ကြီးဖြစ်တယ်။ရေတံခွန်ရဲ့မနီးမဝေးစမ်းချောင်းငယ်တွေဝန်းရံထားတဲ့ အပန်းဖြေစံအိမ်ဟာ ဆောင်းအကုန်နွေအကူးလိုကာလမျိုးမှာဆိုရင်သိပ်ကိုသာယာလှပတယ်။သဘာဝတောပန်းပင်တွေနဲ့ထင်းရှူးပင်၊ယူကလစ်ပင်တွေကြားမှာ တည်ရှိနေတဲ့အပန်းဖြေစံအိမ်ဟာ စခန်းသာမြို့လေးရဲ့မနီးမဝေးမှာတည်ရှိပြီး သုံးလေးငါးမိုင်အကွာမှာတော့ ရေတံခွန်ရွာလေးတည်ရှိတယ်။အနီးဆုံးဖြစ်တဲ့ရေတံခွန်ရွာနဲ့လဲ နည်းနည်းလှမ်းတယ်ဆိုပေမဲ့ အေးချမ်းလှတဲ့နယ်မြေဒေသဖြစ်တာကြောင့် အပန်းဖြေစံအိမ်ကြီးကိုလူမရှိဘဲပစ်ထားလို့တောင်ရတဲ့အနေအထားမျိုးဖြစ်တယ်။သို့ပေမဲ့ အပန်းဖြေစံအိမ်ပိုင်ရှင်ဖြစ်တဲ့ကိုဘိုထွန်းတို့က အပန်းဖြေစံအိမ်ကြီးကိုစောင့်ရှောက်ဖို့အတွက် ခြံစောင့်ကိုစံသိန်းကိုငှားရမ်းထားခဲ့လေတယ်။ ဒီနေ့မှာတော့ သူဌေးကတော်မပန်းမြိုင်နဲ့မိသားစုက အပန်းဖြေစံအိမ်ကိုရောက်ရှိလာခဲ့ကြတယ်။မိသားစုဆိုပေမဲ့ ယောက်ျားဖြစ်သူကိုဘိုထွန်းတစ်ယောက်တော့ပါမလာခဲ့ဘဲ သူဌေးကတော်မပန်းမြိုင်နဲ့အတူသမီးကြီး၊သားငယ်၊တူမငယ်နဲ့မကျန်းမမာဖြစ်နေတဲ့မိခင်ကြီးသာပါလာခဲ့တယ်။သူတို့နဲ့အတူ အလုပ်သမားသားအမိဖြစ်တဲ့ အေးပုံတို့သားအမိတော့ပါလာခဲ့တယ်။ " သူဌေးရောမပါဘူးလား ...မမကြီး " ကိုစံသိန်းက သူဌေးကတော်မပန်းမြိုင်ကိုမေးလိုက်တယ်။ " အစ်ကိုထွန်းက မနက်ဖြန်မနက်မှရောက်လိမ့်မယ်ကိုစံသိန်း ...ဒီညတော့အိမ်ကြီးပေါ်မှာမိန်းမသားတွေပဲမို့ ဂရုစိုက်ပေးပါအုံးကိုစံသိန်းရေ...ကျွန်မတို့ကသိပ်မကြောက်တတ်ပေမဲ့..... အမေကအကောင်ငယ်လေးတွေကိုကြောက်တတ်လို့ မျောက်တွေဘာတွေလဲခြံထဲအိမ်ထဲကိုဝင်မလာနိုင်အောင်ဂရုစိုက်ပေးပါရှင် " " ဟုတ်ကဲ့ ...စိတ်ချပါမမကြီး... " " ဪ ...ပြီးတော့ကားဆရာကို ဘိုတဲကုန်းမှာခေါ်ထားလိုက်ပါရှင်...ဒီမှာကမိန်းမသားတွေပဲမို့ပါ " " ဟုတ်ကဲ့ပါ မမကြီး " ခြံစောင့်ကိုစံသိန်းက မပန်းမြိုင်ကိုတလေးတစားပြန်ဖြေလိုက်ပြီး ခြံဝရှိဘိုတဲကုန်းဆီပြန်လျှောက်သွားခဲ့တယ်။ ~~~~~~~~~~~~ " အေးပုံ ...အမေ့ကိုဂရုစိုက်ပေးပါအုံးကွယ်....သစ်ခက်လေးကို မမဂရုစိုက်ပေးပါ့မယ် " အေးပုံတို့သားအမိစကားပြောနေတဲ့ဆီကို မပန်းမြိုင်ကလျှောက်သွားလိုက်ပြီးပြောလိုက်တယ်။အေးပုံဆိုတာက ယောက်ျားဖြစ်သူဆုံးပါးသွားပြီးနောက် သမီးလေးတစ်ယောက်နဲ့ဒုက္ခရောက်နေခဲ့တဲ့ငယ်ငယ်ရွယ်ရွယ်မုဆိုးမလေးတစ်ယောက်။မပန်းမြိုင်တို့မိသားစု သားအငယ်လေးထွန်းမြတ်မောင်ရဲ့ လေးနှစ်ပြည့်မွေးနေ့မှာခရီးထွက်ရင်း အေးပုံတို့သားအမိနဲ့ဆုံခဲ့တာ။ကလေးတစ်ယောက်နဲ့ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲရှာဖွေစားသောက်နေရတဲ့ အေးပုံကိုတွေ့ပြီး မပန်းမြိုင်ကသနားလွန်းတာကြောင့် စခန်းသာမြို့က သူမတို့ရဲ့ကသစ်မြိုင်စံအိမ်ကြီးဆီကိုခေါ်လာခဲ့ခြင်းဖြစ်တယ်။အေးပုံတို့သားအမိကိုခေါ်လာခဲ့တဲ့အတွက် မပန်းမြိုင်မှာတိုးတိုးဖော်ညီမတစ်‌ယောက်ရခဲ့သလိုမျိုးပဲ အားကိုးဖော်ရခဲ့တယ်။အေးပုံကအစစအရာရာအားကိုးရတဲ့အပြင် အေပုံရဲ့သမီးလေးသစ်ခက်ကလဲ အရွယ်နဲ့မလိုက်အောင်အားကိုးရတယ်။ပြောရရင် မပန်းမြိုင်မှာသမီးတစ်ယောက်သားတစ်ယောက်နဲ့ မွေးစားထားတဲ့တူမဝမ်းကွဲလေးတစ်ယောက်ရှိတယ်။မပန်းမြိုင်ရဲ့သမီးနဲ့တူမကသက်တူရွယ်တူတွေဖြစ်ကြပြီး သားလေးကနှစ်နှစ်ငယ်တယ်။အေးပုံရဲ့သမီးသစ်ခက်က မပန်းမြိုင်ရဲ့သမီး၊တူမနဲ့သက်တူရွယ်တူဖြစ်ပေမဲ့ ဘဝနာခဲ့သူဆိုတော့ သူဌေးသမီးသူဌေးတူမထက်တော့ ပိုပြီးသွက်လက်ပေါ့ပါးတယ်။ခိုင်းလို့လဲကောင်းတာပေါ့။ " အေးပုံရယ်...မမလေ ဘာဖြစ်မှန်းမသိဘူးဟယ်....အမြဲလာနေကြဒီနေရာကို ဒီနေ့မှကြောက်သလိုလို စိုးရိမ်သလိုလိုကြီးဖြစ်နေမိတယ်ကွယ်....အစ်ကိုထွန်းကလဲ မနက်ဖြန်မနက်မှရောက်မှာလေ...ဒီညနေချက်ချင်းပြန်ဖို့ကလဲ အချိန်ကမရှိတော့ဘူး...စိတ်ထဲမှာလဲနေရတာတစ်မျိုးကြီးပဲကွယ်....ဒီရက်ပိုင်းအမေကလဲလာချင်...ကလေးတွေကလဲလာချင်နေလို့သာ လာခဲ့ရတာ....လာတုန်းကလဲဘာမှမဖြစ်ပါဘူး...အိမ်ထဲဝင်လိုက်ကာမှ စိတ်ထဲဘာဖြစ်မှန်းမသိဘူး...အိမ်ပဲပြန်ချင်နေသလိုလိုဖြစ်နေမိတယ် "

" အားလုံး ကျွန်တော့်ကိုထိုင်ခွင့်ပြုကြပါအုံးခင်ဗျာ...မြရွက်ဒီကထွက်သွားရတာလဲကျွန်တော့်အပြစ်တွေပါ...ကျွန်တော်ဒီမှာလာငှါးနေသွားတုန်းက ...ကျွန်တော်နဲ့မြရွက်ချစ်သူတွေဖြစ်ခဲ့ကြတာပါ...ဒီကြားထဲမှာတစ်ယောက်နဲ့တစ်ယောက်အထင်အမြင််တွေလွဲပြီး ကျွန်တော်နိုင်ငံခြားကိုထွက်သွားခဲ့မိတယ်...အဲ့ဒီအချိန်ကမြရွက်မှာကိုယ်ဝန်ကျန်ခဲ့တာကိုလဲမသိခဲ့ပါဘူ....မြရွက်ကလဲကျွန်တော့်ကို...ကျွန်တော့်ပါတနာသူဌေးမနဲ့အထင်လွဲပြီးဖုန်းမဆက်ခဲ့တော့ ...အားလုံးကလွဲချော်ခဲ့တာပေါ့...အဲ့ဒီလိုတွေဖြစ်အောင် ကြားထဲကမလိုတမာ ပြောသူတွေကို ကျွန်တော်ခွင့်မလွှတ်ပါဘူး " ဟန်လင်းသန့်ဒီစကားကိုတော့ ပန်းနုထွေးမျက်နှာကိုခပ်တင်းတင်းစိုက်ကြည့်ရင်းကပြောလိုက်ခြင်းဖြစ်တယ်။ " ပိုဆိုးသွားတာက...ကျွန်တော်ကပြည်ပရောက်တော့ ဆေးကုသမှုလဲခံယူလိုက်ရလို့ အချိန်တွေကြန့်ကြာသွားခဲ့ရတယ်...ကြာထဲမှာမလိုသူတွေကြောင့်ကျွန်တော်တို့အချင်းချင်းအထင်တွေမှားမြရွက်လဲဒုက္ခများခဲ့ရပါတယ်....အခုတော့ကျွန်တော်တို့ကြားမှာအားလုံးရှင်းသွားပြီမို့ ကျွန်တော်တို့လက်ထပ်လိုက်ကြပါပြီ...ပြီးတော့နောက်အပတ်ထဲမှာမင်္ဂပွဲကျင်းပပါမယ် ...ဆွေမျိုးအရင်းဆိုလို့ကြီကြီးတို့မိသားစုနဲ့ဒေါ်လေးတို့မိသားစုပဲရှိတာမို့ မိသားစုအားလုံးမင်္ဂလာပွဲကိုတက်ရောက်ကြဖို့ ဖိတ်ပါရစေ....မင်္ဂလာပွဲကို...မြရွက်ကဟော်တယ်မှာမကျင်းပချင်ဘူးဆိုလို့ ...မြရွက်အတွက်မင်္ဂလာလက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ အိမ်မှာပဲမင်္ဂလာပွဲကျင်းပပါမယ်ခင်ဗျာ...အိမ်ကလဲကျယ်ပြီးခြံကလဲကျယ်တော့ ဧည့်သည်တွေအတွက် ဟော်တယ်ထက်တောင်အဆင်ပြေမှာပါ....အားလုံးလာခဲ့ဖို့သေချာလေး လာဖိတ်တာပါပါ " ဟန်လင်းသန့်ကပြောရင်းနဲ့ အသင့်ယူလာတဲ့မင်္ဂလာဖိတ်စာတွေကိုတစ်ယောက်ချင်းဆီကိုကမ်းပေးလိုက်တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးမြရွက်ဝါရင်ထဲကျေနပ်နေမိသလို သားလေးကလဲ မအေရဲ့စိတ်ကိုသိနေလေသလားမသိ။သူ့အဖေလက်ပေါ်မှာလက်ခုပ်လက်ဝါးတီးပြီးပျော်ရွှင်ကြည်နူးနေလေတယ်။ ~~~~~~~~~~~~ ဟန်လင်းသန့် သားလေးကို မြရွက်ဝါရဲ့ပေါင်ပေါ်တင်းပေးလိုက်ပြီးတော့ ခါးပတ်ကြိုးကိုယူကာ မြရွက်ဝါကိုပတ်ပေးလိုက်တယ်။ခါးပတ်ပတ်ပေးနေရင်းနဲ့ချစ်ဇနီးလေးရဲ့ပါးပြင်လေးကို ဟန်လင်းသန့်ခပ်ဖွဖွနမ်းရှိုက်လိုက်တယ်။ " အို..ကိုလင်းနော်..သားလေးကြည့်နေတယ်လို့ " ချစ်ဇနီးလေးရဲ့ရှက်ဝဲဝဲစကားသံကြောင့် သူတိုကိုမော့ကြည့်နေတဲ့သားလေးကိုပါ ဟန်လင်းသန့်အားပါးတရမွှေးကြူပစ်လိုက်တယ်။ပြုံးနေတဲ့ချစ်ဇနီးနဲ့သားလေးကိုကြည့်ပြီး ဟန်လင်းသန့်ကြည်နူးစွာပြုံးလိုက်မိရင်း သားအမိနှစ်ယောက်လုံးကို သိမ်းကြုံးဖက်ပစ်လိုက်တယ်။ " အို...ကိုလင်းနော်...ဘယ်လိုဖြစ်နေတာလဲ...ဟိုမှာဒေါ်လေးတို့လှမ်းကြည့်နေကြတယ်လေ ...လွှတ်ကွာ..သားလေးနေရခက်နေမယ် " " ချစ်ကလဲမှန်တွေတင်ထားတာကိုဘယ်သူကမြင်မှာလဲ...သားလေးကလဲနေရမခက်ပါဘူးဗျာ...ဟော့ဒီမှာကြည့်..သားလေးဘယ်လောက်သဘောကျနေလဲဆိုတာကို .." ဟန်လင်းသန့်ပြောရင်းနဲ့ ချစ်ဇနီးနဲ့သားလေးကို ပွေ့ဖက်ကာ ချစ်မြတ်နိုးစွာနမ်းပစ်လိုက်တယ်။ =============================== ပြီးပါပြီ ပါတယ်ရှင် A Kyi Phyu #ဧကြည်ဖြူ မင်္ဂလာပါရှင် စာဖတ်ခပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ

အေးငြိမ်းတဲ့ဘဝမှာအေးချမ်းစွာရှိနေစေချင်တော့တယ်လေ။ မြရွက်ဝါကိုတွေ့လိုက်ကြရတော့ ကြီးကြီးအပါအဝင်ပန်းနုထွေးနဲ့မသဲနုဖွေးပါ အံ့ဩသွားကြတာကို မြင်လိုက်ရတယ်။ဒေါ်လေးကတော့ မြရွက်ဝါကိုအံ့ဩဝမ်းသာစွာနဲ့နှုတ်ဆက်တယ်။ဒီအချိန်မှာ အဘွားမရှိတော့တဲ့အတွက်တော့ မြရွက်ဝါစိတ်မကောင်းဖြစ်မိတယ်။အားလုံးကိုတွေ့ချင်တာမို့ ပန်းနုထွေးဖုန်းကိုဆက်ပြီး ရုံးပိတ်ရက်ကိုတမင်ရွေးချိန်းပြီး မြရွက်ဝါလာခဲ့လိုက်တာ။ " ကလေးကနင့်ကလေးလား...နင်အိမ်ထောင်ကျနေပြီလားမြရွက် " ပန်းနုထွေးကအရင်စမေးလာခဲ့တယ်။ " မြရွက်ရယ် ညည်းတို့ညီအစ်မတွေများ ...လူကြီးတွေကိုမပြောမဆိုနဲ့ထွက်သွားလိုက်ကတာအေ...ဘွားအေကြီးကိုလဲ အဖက်တောင်မလုပ်ဘူ ..မောင်မောင်အကြောင်းရောကြားလား ...ခွါညိုကအခုဘယ်မှာလဲ ...ညည်းကအိမ်ထောင်ကျပြီဆိုတော့ ကလေးအဖေကဘယ်မှာလဲ " " အစ်မကတော့ နယ်ဘက်မှာသီလရှင်ဝတ်နေပါတယ် ကြီးကြီး " " ဟယ်...ခွါညိုကသီလရှင်ဝတ်သွားတာလား...ဒေါ်လေးလဲအဲ့ဒီလိုပဲထင်တာပါပဲ...ဒေါ်လေးအထင်မှန်သွားတာပေါ့ ...ကလေးလေးကချစ်စရာလေးကွယ်..သမီးညီမဖူးဖူးသာမြင်ရင်ချစ်မှာ ...သမီးညီမက နယ်ဘက်မှာတာဝန်ကျနေတာလေ....ဒေါ်လေးကိုကလေးပေးချီပါအုံး " ဒေါ်လေးကပြောပြောဆိုဆိုနဲ့လက်ကမ်းပေးတာမို့ သားလေးကိုဒေါ်လေးဆီကို မြရွက်ဝါလှမ်းပေးလိုက်တယ်။သားလေးကငယ်သေးပေမဲ့ လူမကြောက်တတ်တော့ သူ့ဘွားလေးခေါ်ရာနောက်ကိုအလွယ်တကူပဲလိုက်တယ်။ကြီးကြီးကတော့ မြရွက်ဝါတို့သားအမိကိုမျက်လုံးပြူးကြီးတွေနဲ့ကြည့်နေပြီးမှ " ဒါနဲ့ ကလေးအဖေကဘယ်မှာလဲမြရွက်...မ...မဟုတ်မှ...ညည်းအိမ်ထောက်နဲ့ကွဲလားတာလား ဟုတ်လား...ဒုက္ခပါပဲအေ...ဒီခေတ်ကြီးထဲမှာ ကလေးတစ်ယောက်နဲ့ဘယ်လိုရှာစားမလဲ ...စားဖို့ခက်ခဲသလိုနေဖို့စရိတ်တွေကလဲ ဘယ်လောက်ဈေးကြီးလိုက်လဲ ' " ကဲပါ မမကြီးရယ်...ခရီးရောက်မဆိုက်ဘာတွေပြောနေတာလဲ....လူဆိုတာဒီလိုပဲရုန်းကန်ရမှာပေါ့...နေဖို့အတွက်ကလဲဘာပူစရာလိုလဲ...သူတို့အခန်းကိုပြန်ပေးလိုက်ပေါ့....ပြီးတော့ အိမ်ငှားတစ်ခန်းကလဲပြည့်တော့မှာမဟုတ်လား ...အဲ့ဒီအခန်းမှာ အကြီးကောင်တို့ကိုထားလိုက်ပေါ့....ဘာများခက်လို့လဲ...တူတွေတူမတွေဒုက္ခရောက်မှာစိုးလို့... အမွေခွဲဖို့ကိစ္စကိုတောင် ကျွန်မပြောခဲ့တာမဟုတ်ဘူးနော် ....မြရွက်ကအစ်ကိုလေးကမွေးခဲ့တဲ့ ကျွန်မတို့တူမအရင်းပါ...ဒီအိမ်ကသူတို့်နဲ့လဲဆိုင်တယ်.... " ဒေါ်လေးကပြတ်ပြတ်သားသားထပြောလိုက်တော့ ကြီးကြီးတို့တစ်မိသားစုလုံးမျက်နှာပျက်သွားကြတယ်။ကြီးကြီးတို့မိသားစုရဲ့အပြုအမူတွေအတွက် မြရွက်ဝါသိပ်လဲမအံ့ဩတော့ပါဘူး။သို့ပေမဲ့ သူမတို့အပေါ်မှာ အေးစက်စက်ဆက်ဆံခဲ့တယ်လို့ထင်ခဲ့မိတဲ့ ဒေါ်လေးက သူမတို့ဘက်ကနေပြတ်ပြတ်သားသားရပ်တည်လိုက်တော့ မြရွက်ဝါရင်ထဲကြည်နူးကျေနပ်သွားမိတယ်။ " အိုအေ...ငါကသူ့ကိုမထားချင်လို့ပြောနေတာမဟုတ်ဘူး...အိမ်ငှားနှစ်ခန်းလုံးက လပြည့်ဖို့ကျန်သေးတယ်...အိမ်ငှားးတွေကိုချက်ချင်းလဲနှင်ချလို့မရဘူး..အဲ့ဒါကြောင့်ပြောနေတာ " ကြီးကြီးကလေသံမာမာနဲ့ထပြောတယ်။ကြီးကြီးရဲ့စကားကြောင့် မြရွက်ဝါမဲ့ပြုံးလေးတစ်ချက်ပြံးလိုက်မိပြီး " အဲ့ဒါဆိုရင် စိတ်ပူစရာမလိုပါဘူးကြီးကြီး...မြရွက်ကလဲဒီမှာလာနေဖြစ်မှာမဟုတ်ပါဘူး....မြရွက်အမျိုးသားရဲ့အိမ်မှာပဲနေမှာပါ...ဒါပေမဲ့အဘွားရဲ့အမွေမို့မြရွက်တို့လဲတန်ဖိုးထားချင်လို့ ဒီတစ်ခါ အိမ်ငှားတွေလပြည့်ရင် မြရွက်တို့အခန်းကိုပြန်ပေးပါ...မညိုကတစ်သက်လုံးသီလရှင်ဝတ်သွားရင်တောင်...မောင်မောင်ကျန်ပါသေးတယ်..." မြရွက်ဝါပြောလိုက်တော့ အားလုံးငြိမ်ကျသွားကြတယ်။ဒီအခါမှ ပန်းနုထွေးကမြရွက်ကိုလှမ်းကြည့်လာခဲ့ပြီး " ဪ...ကလေးအဖေရှိသေးရင်လဲ ခေါ်လာခဲ့တာမဟုတ်ဘူး....ကလေးအဖေကိုမတွေ့တော့ အမေကစိုးရိမ်ပြီးပြောလိုက်တာပါ " " ကလေးအဖေကပါပါတယ် ....မြရွက်ကလိုက်မလာခိုင်းလို့ကားပေါ်မှာနေခဲ့တာ ...ကိုယ့်သားချင်းတွေပဲလွတ်လွတ်လပ်လပ်စကားပြောချင်လို့ ...သူ့ကိုမခေါ်ခဲ့တာပါ...မြရွက်လှမ်းခေါ်လိုက်ပါ့မယ်" မြရွက်ဝါပြောလိုက်ရင်း စလင်းဘတ်အိတ်ထဲကဖုန်းလေးကိုထုတ်ဆက်လိုက်တယ်။ မြရွက်ဝါဖုန်းဆက်လိုက်ပြီးသိပ်မကြာခင်မှာဘဲ တံခါးခေါက်သံကိုကြားလိုက်ရတာမို့ မြရွက်ဝါပဲ တံခါးသွားဖွင့်ပေးလိုက်တယ်။ " ချစ်အဆင်ပြေရဲ့လား " တံခါးပွင့်သွားတာနဲ့ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ဖဝါးလေးကိုခပ်ဖွဖွလှမ်းယူဆုပ်ကိုင်လိုက်ကာမေးလိုက်မိတယ်။မြဲရွက်ဝါခေါင်းလေးကိုအသာငြိမ့်ပြလိုက်တော့မှ ဟန်လင်းသန့်သက်ပြင်းကိုချလိုက်မိပြီး မြရွက်ဝါရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး ဧည့်ခန်းထဲကိုလျှောက်လာခဲ့လိုက်ကြတယ်။ အားလုံးကမြရွက်ဝါရဲ့လက်ကိုဆွဲပြီး ဝင်လာတဲ့ဟန်လင်းသန့်ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေခဲ့ကြတယ်။သားလေးကဖအေကိုမြင်တော့ လက်ကလေးကမ်းပေးပြီးချီခိုင်းတယ်။ ဟန်လင်းသန့်ကသူ့ကိုမြင်တာနဲ့လှမ်းကမ်းပေးနေတဲ့သားလေးကို လှမ်းယူချီလိုက်ပြီး

" ဟုတ်တယ် .. အဲ့ဒါကြောင့် မြရွက်လဲ ကိုယ့်ကို ခွင့်လွှတ်ပေးပါနော် " " အို ....ဘာဆိုင်လို့လဲ...ဒါနဲ့ရှင့်ကို စပွန်ဆာပေးထားတယ်ဆိုတဲ့ ရှင့်ရဲ့တွဲဖက်သူဌေးမမကရော ... နိုင်ငံခြားသွားတိုင်းသူတို့ဆီမှာနေတာဆို.....နိုင်ငံခြားမှာ သူနဲ့လက်ထပ်မှာဆို " " ဟာ ...မဟုတ်တာ မြရွက်ရယ် ..... ဒီလို မဟုတ်တာတွေကို မြရွက်ကို ဘယ်သူပြောတာလဲ ကိုယ်ရှင်းမယ်......သူဌေးမကအနုပညာရှင်တစ်ယောက်နဲ့တွဲနေတာပါ ...ကြားထဲက ကိုယ်ကနာမည်ထွက်နေတာပါ...ကိုယ်ပြည်ပကို ထွက်သွားခဲ့ပေမဲ့... မြရွက်ကိုလွမ်းလွန်းလို့ စိတ်ရောဂါဆရာဝန်နဲ့ပါ ဆွေးနွေးကုသခဲ့ရတယ်....အမှန်တိုင်းပြောရရင် ကိုယ်အရမ်းကြောက်တယ်မြရွက်.....မြရွက်က ကိုယ့်ကို သစ္စာဖောက်ပြီး ထားရစ်ခဲ့မှာကြောက်တယ်...အဲ့ဒါကြောင့် ကိုယ်ထွက်ပြေးခဲ့မိတာပါ ... ကိုယ့်ဘဝမှာ မြရွက်ကလွဲပြီး ဘယ်မိန်းမကိုမှ မချစ်ခဲ့ဖူးဘူး....ကိုယ်နောက်ထပ် ဒီလိုမျိုးတွေထပ်မလုပ်တော့ပါဘူး ...ကိုယ့်ကိုလက်ခံပေးပါနော် ..... မြရွက်ရောသားလေးရော..ပြီးတော့အမေ့ကိုပါ ကိုယ်နဲ့အတူတူ ခေါ်သွားချင်တယ်.... ကိုယ်လေ မိသားစုနဲ့ တူတူနေချင်တယ်မြရွက်ရယ် " မျက်ရည်တွေရစ်ဝဲကာ ပြောနေတဲ့ ချစ်သူကိုကြည့်ပြီး မြရွက်ဝါရင်ထဲမှာပါ ဝမ်းနည်းသွားရတယ်။သို့ပေမဲ့ အဆင့်ကျော်နေတဲ့ ချစ်သူကိုခပ်စူးစူးတစ်ချက်ကြည့်လိုက်မိပြီး " ဒီမှာ ကိုဟန်လင်းသန့် ... ရှင်လူလည်ကျတာတွေ သိပ်များနေပြီနော်...ကျွန်မတို့ချစ်သူတွေဖြစ်သွားတုန်းကလဲ ...ရှင့် ပါးစပ်ကနေ ချစ်တယ်လို့တစ်ခွန်းမှမပြောခဲ့ဘူး ..... အခုလဲ လက်ထပ်ခွင့်မတောင်းဘဲ အဆင့်ကျော်ပြန်ပြီလား ...ဘာလဲ လက်တော့မထပ်ဘူး ....အိမ်ပေးမယ်ငွေပေးမယ်လို့ပြောအုံးမှာလား " မြရွက်ဝါ ခပ်စွာစွာလေး ပြောလိုက်တော့ ဟန်လင်းသန့် ပျာယာခတ်သွားရပြီး " ဟာ ....အဲ့...အဲ့ဒီလိုမဟုတ်ပါဘူး မြရွက်ရယ် .. မြရွက်ကို ကိုယ်အရမ်းချစ်ပါတယ် .. အရင်ကလဲချစ်တယ် .. အခုလဲ ချစ်ပါတယ် ... ကိုယ့်ကို လက်ထပ်ခွင့်ပေးပါနော် .. ကိုယ်တို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပမယ် ...အွန်လိုင်းပေါ်ကလဲကြေငြာမယ်လေ ....မင်္ဂလာပွဲကို မြရွက်စိတ်တိုင်းကျ ကျင်းပကြမယ်လေ ...." စကားတွေမနားတမ်း ပြောနေတဲ့ ဟန်လင်းသန့်ကို ကြည့်ပြီး မြရွက်ဝါရင်ထဲ တလှိုက်လှိုက်နဲ့ကြည်နူးပျော်ရွှင်နေမိကာ ချစ်သူကိုငေးမောကြည့်နေမိတယ်။ "ကိုယ့်ကိုခွင့်လွှတ်ပေးပါနော် ...ကိုယ်တောင်းပန်ပါတယ် မြရွက်ရယ် " " ကဲပါ ခွင့်လွှတ်ပါတယ် ... အိမ်ပြန်ကြရအောင် ...အမေစိတ်ပူနေလိမ့်မယ်ရှင့် ...ပြီးတော့ သားလေးလဲ ငိုနေပြီလားမသိဘူး....အဖေဖြစ်ပြီးကိုယ့်ကလေးကို စိတ်ပူရမှန်းလဲမသိဘူး " မြရွက်ဝါရဲ့နှုတ်ဖျားက အဖေဆိုတဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲ လှိုက်ခနဲတုန်ခါကြည်နူးသွားမိပြီး မြရွက်ဝါရဲ့ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်မိတယ်။ ~~~~~~~~~ ဟန်လင်းသန့်နဲ့ မြရွက်ဝါက ထိုင်ကန်တော့လိုက်တော့ ဒေါ်ခင်မေရီရဲ့ရင်ထဲမှာ ကြည်နူးဝမ်းသာကာ မျက်ရည်တွေ ပါးပြင်ပေါ်ကို စီးကျလာခဲ့ရတယ်။ "မ...မငိုပါနဲ့ အမေရယ် ...ကျွန်တော်တို့နဲ့နေပါနော် ...အမေ့ကို ကျွန်တော်ပြုစုစောင့်ရှောက်ပေးချင်ပါတယ် " ဟန်လင်းသန့်က မိခင်ကြီးရဲ့လက်ကို ဖွဖွဆုပ်ကိုင်ကာပြောလိုက်တယ်။ " ကျွန်တော့်သားလေးကို ကြည့်ပါအုံး ....ကျွန်တော်နဲ့တူတယ်နော်အမေ " သားလေးကိုပွေ့ချီလိုက်ပြီး ဟန်လင်းသန့် ကြည်နူးစွာ ပြောလိုက်မိတယ်။သားလေးက သူချီလိုက်တော့ ငြင်းဆန်ခြင်းမပြုဘဲလိုက်ပါလာခဲ့တယ်။ "ကျွန်တော်တို့ မနက်ဖြန်ရန်ကုန်ပြန်ကြမယ်အမေ ... ရန်ကုန်ရောက်တာနဲ့ ....ကျွန်တော်နဲ့မြရွက်မင်္ဂလာပွဲကိုအရင်ကျင်းပမယ်အမေ " သားဖြစ်သူရဲ့စကားကြောင့် ဒေါ်ခင်မေရီက ကျေနပ်စွာပြုံးလိုက်မိတယ်။အခုချိန်မှာတော့ သားဖြစ်သူရဲ့မျက်နှာက တိမ်ကင်းစင်တဲ့လမင်းကြီးလို ကြည်လင်ရွှန်းမြဝင်းပနေတာမို့ ဒေါ်ခင်မေရီရဲ့ရင်ထဲမှာဝမ်းမြောက်ကြေည်နူးနေမိတယ်။မြေးလေးနဲ့ချွေးမအတွက်စိတ်ပူပန်ရင်း သားပြန်အလာကိုတိတ်တခိုးစောင့်မျှော်နေခဲ့ရတဲ့ဘဝကလွတ်မြောက်လာခဲ့ပြီမို့ သူမရင်ထဲကအပူသောကတွေလဲ ငြိမ်းအေးသွားခဲ့ရပြီလေ။ ~~~~~~~~~~~~~~~ မြရွက်ဝါကသားလေးကိုချီပြီး ကားပေါ်ကဆင်းလိုက်တယ်။ပြီးတော့ သူမတို့နေထိုင်ခဲ့တဲ့တိုက်ကြီးကို လွမ်းမောစွာငေးကြည့်နေမိတယ်။တိုက်ကြီးကိုငေးကြည့်ရင်း အစ်မဖြစ်သူနဲ့တူလေးကို သတိရလိုက်မိပြီး မျက်လုံးအိမ်မှာမျက်ရည်တွေဝေ့ဝဲလာခဲ့မိတယ်။ဟန်လင်းသန့်ဆီက တူဖြစ်သူရဲ့သတင်းကိုကြားလိုက်ရတော့ ရင်ကွဲမတတ်ဖြစ်ခဲ့ရပေမဲ့အစ်မဖြစ်သူကိုတော့ ပြောမပြခဲ့ပါဘူး။ဟန်လင်းသန့်နဲ့အတူ အစ်မဖြစ်သူရဲ့ရွာဘက်ကကျောင်းအထိအလှူငွေထောက်ပံ့ကန်တော့ခဲ့ကြတယ်။မြရွက်ဝါတို့ရန်ကုန််ပြန်မယ်အကြောင်းနဲ့မင်္ဂလာပွဲပြုလုပ်မဲ့အကြောင်းကိုပြောပြလိုက်တော့ အစ်မကကျေနပ်နေခဲ့တယ်။သို့ပေမဲ့ ရန်ကုန်ကိုကြွလာဖို့ဖိတ်တော့ငြင်းတယ်။အစ်မကငြင်းတော့လဲ့ မြရွက်ဝါအတင်းမခေါ်ဖြစ်တော့ဘူး။တော်ကြာရန်ကုန်ရောက်လာလို့ မောင်မောင့်အကြောင်းတွေကို အစ်မသိသွားမှာကို မြရွက်ဝါစိုးရိမ်မိတယ်။အစ်မကိုဒီတိုင်းလေးပဲ

ဇာတ်သိမ်းပိုင်းမှာ စာတွေ မပေါ်ဘူးဆိုလို့ (၂)ပိုင်းခွဲပြီးပြန်တင်ပေးတာပါရှင် #ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၄) (ခ)(ဇာတ်သိမ်းပိုင်း ) akyiphyu ******** " တော်...တော်ကြပါတော့...သူကကျွန်မယောက်ျားပါ,...ရှင်တို့ရပ်ကြပါတော့ " မြရွက်ဝါသံကုန်ဟစ်အော်လိုက်မိပြီး ဟန်လင်းသန့်ဆီကို ပြေးသွားကာ ဖက်တွယ်ထားလိုက်မိတယ်။ "အားလုံးကိုတောင်းပန်ပါတယ်ရှင် ...အားလုံးအထင်လွဲကြတာပါရှင် ..." မြရွက်ဝါအားလုံးကိုတောင်းပန်လိုက်ရင် ဟန်လင်းသန့်ကို ကြည့်လိုက်မိတယ်။ " ကို...ကိုလင်း ဘာဖြစ်သွားသေးလဲဟင်...ဘယ်ထိသွားသေးလဲ " ထိတ်လန့်တုန်လှုပ်စွာမေးရင်း သူ့ရှေ့ကနေ ကာပြီးပိတ်ရပ်လိုက်တဲ့ မြရွက်ဝါကြောင့် ဟန်လင်းသန့်ထခုန်မိမတတ်ပျော်ရွှင်သွားမိတယ်။သူ့လက်ကိုစိုးရိမ်တကြီးနဲ့လှမ်းဆွဲလိုက်တဲ့ချစ်သူရဲ့လက်ကို ဟန်လင်းသန့်ပြန်ဆွဲယူလိုက်ပြီး အားယူကာထလိုက်တယ်။ " ကိုယ်...ကိုယ်ဘာမှမဖြစ်ပါဘူးမြရွက်..ဒီကမိတ်ဆွေတွေကိုလဲတောင်းပန်ပါတယ်ဗျာ..ကျွန်တော်တို့ကြောင့်စိတ်မနှောက်အယှက်ဖြစ်သွားရတဲ့အတွက် အနုအညွှတ်တောင်းပန်ပါတယ် " ဘေးမှာရပ်နေကြသူတွေအားလုံးကို ဟန်လင်းသန့်တောင်းပန်လိုက်တယ်။မြရွက်ဝါကတော့ ရှက်ပြီးခေါင်းကြီးငုံ့ထားရာက သူမဆိုင်ကယ်ဆီကိုပြန်သွားဖို့ပြင်လိုက်တယ်။မြရွက်ဝါရဲ့လှုပ်ရှားမှုကိုသိလိုက်တဲ့ ဟန်လင်းသန့်က မြရွက်ဝါရဲ့ လက်ကိုလုံးဝလွှတ်မပေးဘဲ ပိုပြီးတော့ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးတော့ သူ့ကိုစတင်ပြီးထိုးခဲ့တဲ့ ကောင်လေးကိုကြည့်လိုက်ကာ " ဆိုင််ကယ်ကို ငါ့ညီဆီမှာအပ်ခဲ့ပါရစေကွာ....ကိုယ်တို့ဆေးခန်းအရင်သွားပြချင်လို့ပါ " " ဟုတ်...ဟုတ်ကဲ့...ရပါတယ်အစ်ကို....မမြရွက်တို့အိမ်ကိုကျွန်တော်တို့သိပါတယ်...ဆိုင်ကယ်လာပို့ပေးဆိုရင်လဲလိုက်ပို့ပေးပါ့မယ် ...ကျွန်တော်တောင်းပန်ပါတယ် အစ်ကို " " နေ...နေ ..ရတယ်ညီလေး .....ကိုယ်တို့ကိုခွင့်ပြုပါအုံးနော် " ဟန်လင်းသန့်အားလုံးကိုနှုတ်ဆက်လိုက်ပြီး မြရွက်ဝါရဲ့လက်ကလေးကိုခပ်တင်းတင်းဆွဲကာ ကားရှိရာဆီကိုလျှောက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~ " ကိုယ်မှားခဲ့ပါတယ်...ကိုယ်တောင်းပန်ပါတယ် မြရွက်ရယ်... ကိုယ်ခရီးကပြန်ရောက်ရောက်ချင်းမှာ မြရွက်ကိုတွေ့ချင်လွန်းလို့ ဖုန်းတောင်ကြိုမဆက်မိဘဲ ပြန်လာခဲ့တာပါ......အဲ့ဒီမှာ တိုက်ရှေ့မှာကိုမြတ်သူကားပေါ်ကနေ မြရွက်နဲ့ကိုမြတ်သူဆင်းလာတာကိုတွေ့လိုက်ရတော့ ကိုယ်အရမ်းကြောက်သွားမိတယ်...အဲ့ဒီအချိန်မှာကိုယ်တွေးလိုက်မိတာ ..သတိရလိုက်မိတာကကိုယ့်ရဲ့ငယ်ဘဝကအကြောင်းတွေပဲ...အမေကကိုယ့်ကိုညာခဲ့တာတွေ...ကိုယ့်တို့သားအဖကိုထားခဲ့တာတွေကိုပဲ သတိရလိုက်မိတယ်...ကိုယ်လေအဲ့ဒီလိုမျိုးထပ်ပြီးကြုံရမှာက်ိုကြောက်တယ်...အဲ့ဒါကြောင့်လဲ...လက်ထပ်ဖို့မစဉ်းစားဖူးဘူးလို့ပြောခဲ့မိတာပါ " ဟန်လင်းသန့်ကတဖွဖွတောင်းပန်ရင်းနဲ့မြရွက်ဝါရဲ့မျက်နှာလေးကိုချစ်မြတ်နိုးစွာနဲ့နမ်းရှိုက်ဖို့ပြင်လိုက်တယ်။ " အို...မထိနဲ့နော်..စိတ်ဆိုးပြေလို့လိုက်လာတာမဟုတ်ဘူး ...ရှင်ပြောတော့ မြရွက်နဲ့ချစ်သူဖြစ်ပြီးကတည်းက ဘယ်မိန်းမနဲ့မှမပတ်သက်ဘူးဆို...ရှင်နဲ့ပန်းနုတို့ခရီးအတူသွားကြတာကိုလဲပြောပါအုံး ...အဲ့ဒီနေ့ကပြန်လာပြီးတော့လဲ ပန်းနုတို့အိမ်ထဲကိုဝင်လိုက်သွားလိုက်တာတော်တော်နဲ့ထွက်မလာဘူးလေ...မြရွက်ကတော့ အရူးကြီးလိုစောင့်နေခဲ့ရတယ် ...ပြီးတော့ဘာမပြောညာမပြောနဲ့နယ်ဘက်ကိုသုံးလေးရက်ခရီးသွားမလို့ဆိုပြီးပျောက်သွားလိုက်တာ....နှစ်နှစ်ကျော်ကြာမှ ပြန်ရောက်လာခဲ့တာလေ" မြရွက်ဝါနာနာကြည်းကြည်းနဲ့ပြောလိုက်မိရင်း မျက်ရည်တွေကကျလာမိပြန်တယ်။ " ဟာ...မြရွက်ရယ်...ကိုယ်သိပြီ...အဲ့ဒီတုန်းကကိုယ်ရှယ်ယာပါထားတဲ့... ရန်ကုန်မြို့ပြင်က အပန်းဖြေစခန်းကိုအရေးတကြီးကိစ္စနဲ့သွားကြတာ...လူတွေအများကြီးပါပါတယ်...ပြန်လာတော့လဲ လမ်းကြုံနေတာနဲ့ပန်းနုကိုခေါ်လာလိုက်တာပါ....ပြန်ရောက်တော့ ကြီးကြီးကမနက်စာအတင်းခေါ်ကျွေးနေတာနဲ့အားနာပြီးဝင်စားလိုက်ရတယ်...ကြီးကြီးတို့အိမ်ကထွက်တာနဲ့မြရွက်ဆီကိုဖုန်းဆက်တယ်...မကိုင်တာနဲ့အိမ်တံခါးခေါက်ကြည့်တော့လဲ ဘယ်သူမှမရှိဘူး...အဲ့ဒါနဲ့မြရွက်ဈေးဆိုင်သွားတယ်ထင်ပြီး ဝရန်တာကရပ်စောင့်နေခဲ့သေးတယ်...အဲ့ဒီအချိန်မှာ ရုံးကဖုန်းဆက်တယ်...ဒီမန္တလေမှာလုပ်ထားတဲ့အလုပ်ကပြဿနာတက်နေလို့ အားချင်းသွားမှဖြစ်မှာဆိုလို့ ချက်ချင်းထွက်ဖို့ ပြင်ရတာ....ရောက်တော့လဲ ပြဿနာတွေကို မနည်းလိုက်ရှင်းနေရတာနဲ့ မြရွက်ဆီကိုဖုန်းဆက်ပြီးသေချာမရှင်းပြနိုင်ခဲ့ဘူး .... လူချင်းတွေ့မှ သေချာရှင်းပြတော့မယ်ဆိုပြီး ဖုန်းလဲသေချာမဆက်ဖြစ်ခဲ့တာပါ ...ဒါပေမဲ့ တိုက်ရှေ့မှာ မြရွက်နဲ့ကိုမြတ်သူရကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့ ကိုယ့်စိတ်တွေရူးသွပ်သလိုဖြစ်သွားခဲ့မိတာ " ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါအံလေးကို တင်းတင်းကြိတ်လိုက်မိပြီး " အဲ့ဒါက ...အဲ့ဒီနေ့က မညိုကို လိုက်ရှာနေရင်း ...ကိုမြက်သူနဲ့တွေ့ခဲ့လို့ ကိုမြတ်သူကအိမ်ပြန်လိုက်ပို့ပေးတာပါနော် " " ကိုယ်သိသွားပါပြီ မြရွက်ရယ် ....အခုကိုမြတ်သူရနဲ့ ပန်းနုတို့လက်ထပ်လိုက်ကြပြီ မြရွက်ရဲ့ " " ဟင် ..ဟုတ်လား "

" ဟာ ..မမြရွက်ဘာဖြစ်နေတာလဲ...ဒီလူနှောက်ယှက်နေတာလား ဟုတ်လား ..ဟေ့ကောင်တွေလာကြအုံးဟ,,,ဒီမှာအလစ်သမားတစ်‌ယောက် မမြရွက်ကိုနှောက်ယှက်နေလို့ " မြရွက်ဝါတို့နှစ်ယောက်တွန်းလားဆွဲလားဖြစ်နေကြချိန်မှာပဲ ပွဲရုံကအလုပ်သမားလေးတစ်ယောက်က မြရွက်ဝါတို့ဘေးနားကဖြတ်သွားခိုက် မြင်သွားတာမို့ အခြေအနေကရုတ်ရုတ်သဲသဲဖြစ်သွားတော့တယ်။အလုပ်သမားလေးက လှမ်းအော်လိုက်တာမို့ အနားကိုလူတွေအပြေအလွှားရောက်လာကြပြီး အခြေအနေက ရန်ပွဲတစ်ခုလိုဖြစ်သွားခဲ့တယ်။ဟန်လင်းသန့်မှာ အတိုက်အခိုက်ကျွမ်းသူဆိုပေမဲ့လဲ အများနဲ့တစ်ယောက်မို့ ခံဘက်ကဖြစ်နေခဲတယ်။ မြင်ကွင်းကိုကြည့်ပြီး မြရွက်ဝါထိတ်လန့်တုန့်လှုပ်သွားမိပြီး လူအုပ်ကြားထဲကိုအတင်းတိုးဝင်လိုက်တယ်။သူမရှေ့မှာပိတ်နေတဲ့ လူတွေကိုအတင်းတွန်းဖယ်ပစ်လိုက်ပြီး မြရွက်ဝါသံကုန်ခြစ်ကာအော်လိုက်မိတယ်။ ==================_ ဇာတ်သိမ်းဆက်ရန် ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & S

ဇာတ်သိမ်းပိုင်းမှာ စာတွေ မပေါ်ဘူးဆိုလို့ (၂)ပိုင်းခွဲပြီးပြန်တင်ပေးတာပါရှင် #ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၄) (က)(ဇာတ်သိမ်းပိုင်း ) akyiphyu ******** နေ့တိုင်းလိုလို ဆိုင်ရဲ့မလှမ်းမကမ်းမှာ ကားကိုရပ်ထားပြီးရှိနေတတ်တဲ့ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာအပျိုဖြန်းလေးလို ရင်တွေခုန်နေမိကာစိတ်တွေလဲတိုရပါတယ်။မြရွက်ဝါရင်ထဲမှာ သူ့ကိုလုံးဝမမေ့နိုင်သေးဘဲ ချစ်နေသေးတယ်ဆိုပေမဲ့ နှစ်နှစ်ကျော်တောင်အဆက်အသွယ်လုံးဝမလုပ်ဘဲထားခဲ့ရက်တာကို ရင်ထဲနားကြည်းနေမိတယ်။တကယ်ဆိုရင် သူမြရွက်ကိုဆက်သွယ်လို့မရဘူးဆိုရင်တောင် သူ့အကောင့်ကနေမြရွက်နဲ့ပတ်သက်တဲ့စာလေးတစ်ကြောင်းသာတင်ခဲ့ကြည့်ပါလား။ဟော့ဒီကအချစ်ရူးမမိမြရွက်တို့က ဒီလောက်ထိတင်းမာနေမတဲ့လား။သူ့ဘက်ကတစ်ချက်လောက် လေသံပျော့လိုက်တာနဲ့ အချစ်ရူးမမြရွက်ကနှစ်ခါမချော့ရတဲ့သူဆိုတာ သူအသိဆုံးပဲမဟုတ်လား။အခုတော့ ရင်ထဲမှာချစ်တာကချစ်တာသက်သက်၊နာတာကနာတာသက်သက်မို့ တစ်နေ့တစ်နေ့သူဘယ်လိုပဲဟန်ရေးပြပြ စိတ်ထဲနာကြည်းနေမိပြီးခွင့်မလွှတ်နိုင်ဖြစ်နေမိတယ်။ " ကောင်မလေးတွေ ....မမဈေးသွားဝယ်မလို့နော်..တစ်ယောက်က သားလေးကိုအိမ်ထဲမှာသွားထိန်းနော်...ကလေးကိုဘယ်သူ့ကိုမှပေးမချီနဲ့နော် " အိမ်ထဲမှာရှိနေတဲ့ ဒေါ်ခင်မေရီမကြားအောင် ကောင်မလေးနှစ်ယောက်ကိုခပ်တိုးတိုးမှာပြီးမြရွက်ဝါ ဆိုင်ကယ်နဲ့ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~ နောက်ကတောက်လျှောက်ပါလာတဲ့ ကားကိုကြည့်ပြီး မြရွက်ဝါအံကိုကြိတ်လိုက်မိတယ်။ရှေ့ဆိုရင်သူမဝယ်နေကြ ပွဲရုံကိုရောက်တော့မယ်။သူဒီလိုသာဆက်လိုက်လာရင်တော့ ပွဲရုံကလူတွေရိပ်မိသွားနိုင်တယ်။ပွဲရုံမှာက မိန်းမ၊ယောက်ျားလူစုံရှိနေတာ။နဂိုကမှ ကလေးတစ်ယောက်နဲ့ဖြစ်နေတဲ့ မြရွက်ဝါကို စချင်သလိုနောက်ချင်သလိုနဲ့ ရမလားစမ်းချင်နေကြတဲ့သူတွေက အများကြီး။ဝယ်နေကြဆိုင်ဆိုပေမဲ့ မြရွက်ဝါကဘယ်သူနဲ့မှမရောဘဲ ခပ်တည်တည်ခပ်မှန်မှန်နေနေလို့သာ ဘယ်သူမှမစမနောက်ရဲဘဲရှိနေကြတာလေ။သူဒီလိုနောက်ကတကောက်ကောက်လျှောက်လိုက်နေရင် လူတွေမြရွက်ဝါကိုအထင်သေးကုန်ကြတော့မှာပေါ့။ ပွဲရုံရဲ့ခပ်လှမ်းလှမ်းမှာမြရွက်ဝါဆိုင်ကယ်ကိုရပ်လိုက်တယ်။မြရွက်ဝါဆိုင်ကယ်ကိုရပ်လိုက်တော့ သူကလဲကားကိုရပ်လိုက်တယ်။သူမဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး ဆိုင်ကယ်ဘေးမှာရပ်နေလိုက်တယ်။မြရွက်ဝါရပ်နေတာကိုမြင်တော့ သူကကားပေါ်ကဆင်းလာခဲ့ပြီး မြရွက်ဝါဆီကိုလျှောက်လာခဲ့တယ်။ " မြရွက် ...ဆိုင်ကယ်ဘာဖြစ်လို့လဲ...ပျက်သွားတာလား...ပျက်သွားရင်လဲထားခဲ့လိုက်ပါ ...ကိုယ့်လိုက်ပို့ပေးမယ်လေ...ကိုယ့်ကားကိုအငှားကားလို့ပဲသဘောထားလိုက်လေ " စကားတွေတတွတ်တွတ်ပြောနေတဲ့သူ့ကို မြရွက်ဝါမျက်လုံးချင်းဆိုင်မကြည့်ဘဲ မျက်နှာကိုလွှဲထားလိုက်ပြီးမှ " ကျွန်မဆိုင်ကယ်ကဘာမှမဖြစ်ဘူး...ကျွန်မနောက်ကိုဆက်မလိုက်နဲ့လို့ပြောမလို့ တမင်ရပ်လိုက်တာ....ပွဲရုံမှာလူတွေအများကြီးရှိတယ်...ကျွန်မကိုသူများအထင်သေးအောင်မလုပ်ပါနဲ့...ပြီးတော့ရှင့်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး...ကျွန်မတို့ဆီကိုလဲထပ်မလာပါနဲ့...ရှင့်အမေကိုခေါ်ချင်တယ်ဆိုရင်ခေါ်သွားလိုက်ပါ " " မြရွက်ရယ် ဘယ်လိုပြောလိုက်တာလဲကွာ...မြရွက်ခွင့်လွှတ်နိုင်တဲ့အထိကိုယ်စောင့်နေမယ်လို့ပြောပြီးသားလေ....ကိုယ့်ကိုကြည့်ပါအုံးမြရွက်ရယ်...ကိုယ့်ဘဝမှာမြရွက်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ ...." သူ့ကိုလုံးဝမကြည့်ဘဲ တစ်ဖက်ကိုလှည့်နေတဲ့မြရွက်ကို တောင်းပန်စကားပြောလိုက်ပြီး မြရွက်ရဲ့လက်ကလေးကို ဟန်လင်းသန့်အသာလှမ်းကိုင်လိုက်တယ်။ " အို...ရှင်ဘာလုပ်တာလဲ...ကျွန်မအသားကိုမထိနဲ့ မကြိုက်ဘူး " " ကိုယ်တောင်းပန်ပါတယ်မြရွက်ရယ် ကျေနပ်ပါတော့နော်...တကယ်လို့ကိုယ့်ကိုမကျေနပ်သေးဘူးဆိုရင်တောင် မြရွက်တို့သားအမိတွေ ရန်ကုန်ကိုပြန်လိုက်ခဲ့ကြပါနော်...မြရွက်ဒီလိုမျိုးပင်ပင်ပန်းပန်းအလုပ်လုပ်နေရတာကို ကိုယ်မကြည့်ရက်ဘူး...ကိုယ့်အိမ်မှာမြရွက်တို့လိုက်နေပြီးမြရွက်ကြိုက်သလောက်စိတ်ဆိုးပါ ..အခုလဲဈေးမဝယ်နဲ့တော့နော်...ကိုယ်နဲ့အတူရန်ကုန်ပြန်ကြရအောင်နော် " ဟန်လင်းသန့်ကပြောရင်းနဲ့ မြရွက်ဝါရဲ့လက်ကလေးကို ခပ်တင်းတင်းဆွဲယူဆုပ်ကိုင်ပြီးခေါ်လိုက်တယ်။ ဟန်လင်းသန့်ရဲ့အပြုအမူကြောင့် ပထမတော့မြရွက်ဝါကိုယ်တိုင်ကမင်သက်ပျော်ဝင်သွားပြီးမှ ချက်ချင်းသတိဝင်လာခဲ့မိပြီး သူမလက်ကိုဆောင့်ရုန်းပစ်လိုက်ကာ ဟန်လင်းသန့်ကို ရန်တွေ့ပစ်လိုက်တယ်။ " အို..ဖယ်စမ်းပါ...ဘာတွေလာပြောနေတာလဲ...ရှင့်ကိုခွင့်မလွှတ်သလို.... ရှင့်နောက်ကိုလဲဘယ်တော့မှမလိုက်ဘူး သိလား " " မြရွက်ရယ် နေတွေတအားပူနေတယ်ကွ...စိတ်ဆိုးချင်ရင်လဲ ကားပေါ်မှာလာထိုင်ပြီးစိတ်ဆိုး...ကိုယ့်ကိုကြိုက်သလိုလုပ်ဟုတ်လား " " ရှင်ဖယ်နော်...ကျွန်မအသားကိုမထိနဲ့လို့ ပြောနေတာမကြားဘူးလား ...ကျွန်မအော်လိုက်ရင် ရှင်ဒုက္ခရောက်သွားမယ်သိရဲ့လား " " မြရွက်အော်ချင်တယ်ဆိုလဲအော်လိုက်ပါ ...ကိုယ်ခံမယ် " " ရှင့်ကိုလွှတ်လို့ပြောနေတယ်နော်...အခုလွှတ်ပေးနော် "

" ရှင်ပြန်ပါတော့ ကိုဟန်လင်းသန့်...ကျွန်မ ရှင်နဲ့မပတ်သက်ချင်တော့ဘူး ...ကျွန်မတို့ချစ်သူတွေဖြစ်ခဲ့တဲ့တောက်လျှောက်မှာလဲ ရှင်ဒီလိုတွေပဲလုပ်ခဲ့တာပဲ...ကျွန်မကိုရင်နာအောင်ပြောမယ်...ပြောပြီးရင်ပြန်ချော့မယ်...ပြီးရင်အရင်အချိုးအတိုင်း ပြန်လုပ်ခဲ့တာပဲမဟုတ်လား...ကျွန်မအဲ့ဒါမျိုးတွေထပ်ပြီးမကြုံချင်တော့ဘူး ....ရှင်သွားပါတော့ ကျွန်မဘဝကိုအေးအေးဆေးဆေးပဲနေချင်တယ်...ရှင်နဲ့မပတ်သက်ချင်တော့ဘူ...ရှင်ပြန်ပါတော့ ...ရှင်မပြန်မချင်း ကျွန်မတို့သားအမိအခန်းထဲကလုံးဝမထွက်ဘူး " မြရွက်ဝါအံကိုတင်းတင်းကြိတ်ကာပြောလိုက်ရင်း သားလေးကိုပွေ့ဖက်ကာငြိမ်သက်နေမိတယ်။ ~~~~~~~~~~~~~~~ " သားရယ် ဒီနေ့တော့ပြန်လိုက်ပါနော်...တော်ကြာမြေးလေးနဲ့သမီးမြရွက်အခန်းထဲမှာ ဒုက္ခရောက်သွားလိမ့်မယ်....ဒီနေ့တော့ပြန်လိုက်ပါအုံး ...သမီးလေးနားလည်ခွင့်လွှတ်ပေးနိုင်အောင် အမေပြောပေးထားပါမယ်နော်..." မိခင်ကြီးရဲ့စကားကြောင့်ဟန်လင်းသန့် အံကိုတင်းတင်းကြိတ်ကာ ခေါင်းကိုအသာငြိမ့်ပြလိုက်တယ်။ " ကိုယ်ပြန်တော့မယ်နော်မြရွက်...ကိုယ်ကြောင့်မြရွက်စိတ်မဆင်းရဲစေရတော့ဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာ....မြရွက်ခွင့်လွှတ်တဲ့အထိကိုယ်စောင့်နေမှာပါ...အမြဲတမ်းတစ်ယောက်တည်းအထီးကျန်နေခဲ့ရတဲ့ဘဝကို ကိုယ်ပြန်မသွားချင်တော့ဘူးမြရွက်ရယ်...မိသားစုဘဝလေးနဲ့နေချင်ပါတယ် ..မြရွက်ကိုယ့်ကိုခွင့်လွှတ်ပေးတဲ့နေ့အထိစောင့်နေပါ့မယ်...ကိုယ်သွားတော့မယ်နော် " ဟန်လင်းသန့်ရင်နာစွာကျောခိုင်းပြီး ထွက်လာခဲ့လိုက်တယ်။နားထဲမှာတော့ ချစ်ရသူရဲ့ကြိတ်ကာရှိုက်ငိုနေတဲ့အသံနဲ့သားလေးရဲ့ငိုသံသေးသေးလေးကိုကြားနေခဲ့ရတာမို့ ရင်နာနာနဲ့ကျောခိုင်းခဲ့ရတယ်။ ==================================== အပိုင်း( ၃၄) (ဇာတ်သိမ်းပိုင်း) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ မင်္ဂလာပါရှင် စာဖတ်ခပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁

" ဟင့်အင်း မပြောချင်ဘူး....ဘာမှလာမပြောနဲ့ရှင်နဲ့ဘာမှပြောစရာမရှိဘူး " ငိုချင်စိတ်ကိုအနိုင်နိုင်ထိန်းရင်း မြရွက်ဝါအံကိုကြိတ်ကာပြောလိုက်တယ်။ပြီးတော့ သားလေးကိုတင်းတင်းပွေ့ဖက်ကာ အိမ်ထဲဝင်ပြေးဖို့ပြင်လိုက်တယ်။ ဟန်လင်းသန့်က မြရွက်ဝါရဲ့ရှေ့ကပိတ်ရပ်လိုက်ပြီး " နေ..နေပါအုံးမြရွက်ရယ်...ခဏလေးပါ ...ကိုယ့်ကိုခဏလောက်ပဲ စကားပြောခွင့်ပေးပါ...ကိုယ်တောင်းပန်ပါတယ်ကွာ " မြရွက်ဝါရဲ့ရှေ့မှာဟန်လင်းသန့်ပိတ်ရပ်ပြီးတောင်းပန်နေချိန်မှာပဲ ဒေါ်ခင်မေရီကအိမ်ထဲကထွက်လာခဲ့ပြီးလှမ်းမေးလိုက်တယ်။ " သမီးရေ ..ဘယ်သူလဲ..ဧည့်သည်ရောက်နေတာလား " ဒေါ်ခင်မေရီမှာမြရွက်ဝါကိုလှမ်းမေးလိုက်ရင်း ဆိုင်ရှေ့ကိုထွက်လာခဲ့ရာ ဟန်လင်းသန့်ကိုတွေ့မြင်လိုက်ရတာကြောင့် နေရာမှာတင်ကြောင်ငေးကာရပ်တန့်သွားရတယ်။ ဟန်လင်းသန့်မှာ ဆိုင်တွင်းကထွက်လာတဲ့မိခင်ဖြစ်သူကို မျက်လုံးအကြောင်သားနဲ့ကြည့်နေမိတယ်။ ဒီအခြေအနေမှာ မြရွက်ဝါသားလေးကိုချီပြီး အိမ်ထဲကိုပြေးဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~ မြရွက်ဝါအိမ်ထဲကိုရောက်တော့ အခန်းထဲဝင်ပြီးအခန်းတံခါးပိတ်ကာ ငိုချလိုက်မိတယ်။မအေငိုတာမြင်တော့ သားလေးကလဲ ငိုမဲ့မဲ့မျက်နှာလေးနဲ့သူမကိုယ်ပေါ်ကိုအတင်းကုပ်တက်ပြီးအတင်းဖက်တွယ်ထားတယ်။ ~~~~~~~~~~~~~~ " ဒီ...ဒီလိုဆိုရင်...ကလးက ကျွန်..ကျွန်တော့်သားလေးပေါ့ " မိခင်ကြီးပြောသမျှကိုနားထောင်ပြီး ဟန်လင်းသန့်ရဲ့ရင်အစုံက လှိုက်ဖို့တုန်ခါကာတုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။မေးလိုက်ရင်းက ယောက်ျားတန်မဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေတပေါက်ပေါက်စီးကျလာခဲ့မိတယ်။ " ကျွန်တော်...ကျွန်တော်သစ္စာဖောက်ခဲ့တာမဟုတ်ပါဘူး....ခရီးကပြန်ရောက်တာနဲ့မြရွက်ကိုတွေ့ဖို့အိမ်ပြန်လာချိန်မှာ ...မြရွက်ကိုတခြားယောက်ျားတစ်ယောက်နဲ့တွေ့လိုက်ရတော့ ...စိတ်ထဲမှာချောက်ချားတုန်လှုပ်သွားခဲ့မိသလိုဒေါသလဲအရမ်းထွက်ခဲ့မိတယ်...သေချာတာက အဲ့ဒီအချိန်မှာ...သူတို့နားကိုကျွန်တော်ရောက်သွားခဲ့မိရင် ...စိတ်မထိန်းနိုင်ဘဲတစ်ခုခုလုပ်မိနိုင်တယ်...ဒါကြောင့်လဲ အဲ့ဒီနေရာကနေထွက်သွားတာနဲ့ ....အားလုံးကိုအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေကိုမန်နေဂျာလက်ထဲအပ်ခဲ့ပြီးပြည်ပကိုထွက်သွားခဲ့မိတယ်...ကျွန်တော်ပြည်ပမှာစိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးကုသခဲ့ရတယ်....အဲ့ဒီအချိန်အတောအတွင်းမှာ အလုပ်တွေအဆင်ပြေချောမွေ့အောင် ...သူဌေးမနဲ့ တိုင်ပင်ပြီး ပျော်ရွှင်နေတဲ့ပုံတွေဖန်တီးပြီးတင်ခဲ့ရတယ် ...ကျွန်တော်ဘယ်မိန်းမနဲ့မှလဲမရှုပ်ခဲ့ပါဘူး " ဒေါ်ခင်မေရီမှာ သားဖြစ်သူကိုကြည့်ကာစိတ်မကောင်းဖြစ်ရသလိုသနားလဲသနားမိသွားတယ်။သူမပးခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် သားဖြစ်သူခမျာ ချစ်သူအပေါ်ကိုလဲမယုံကြည်နိုင်သလို သူ့ကိုယ်သူပါနှိပ်စက်ပြီးနေထိုင်ခဲ့တဲ့အဖြစ်က ဒေါ်ခင်မေရီအတွက်တော့ နားထောင်နေရင်းနဲ့ရင်တွေနာနေရပါပြီ။ " သမီးလေးမြရွက်က သားကိုသိပ်ချစ်ပါတယ်ကွယ်...သားကိုချစ်လို့လဲ သားရဲ့ကလေးကိုသတ္တိရှိရှိနဲ့မွေးခဲ့တာပေါ့...သမီးဘက်ကဘယ်လောက်ပဲစိတ်ဆိုးနေပါစေ သားဘက်ကအလျှော့ပေးပါ...သူစိတ်ဆိုးပြေတဲ့အထိကြိုးစားပါ....သားကိုသူချစ်နေတာမို့ခွင့်လွှတ်နားလည်ပေးလာပါလာလိမ့်မယ်...သားနဲ့မြေးလေတို့သားအမိပြေလည်သွားပြီဆိုရင် အမေထွက်သွားပါတော့မယ် " မိခင်ကြီးရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲလှိုက်ခနဲဝမ်းနည်းသွားမိပြီး မိခင်ကြီးကို အလန့်တကြားမော့ကြည့်လိုက်မိတယ်။သူစကားတွေပြောနေပေမဲ့မိခင်ကြီးကို သူ့စိတ်ကလက်ခံလာနိုင်ပါပြီဆိုတဲ့စကားတွေကို လုံးဝကိုမပြောခဲ့ရသေးဘူးလေ။ " မြရွက်နဲ့သားလေးကို ကျွန်တော့်ကိုယ်စားစောင့်ရှောက်ပေးထားလို့ကျေးဇူးတင်ပါတယ် အ...အမေ " ဟန်လင်းသန့်နှုတ်ကနေ အမေလို့အားယူပြီးခေါ်လိုက်တော့ ဒေါ်ခင်မေရီမှာ မျက်ရည်တွေတားဆီးလို့မရနိုင်အောင် ပါးပြင်ပေါ်ကိုကျဆင်းလာခဲ့တော့တယ်။ " ကျွန်တော့်ကိုနားလည်ပေးပါ အမေ....ကျွန်တော်တို့နဲ့အတူနေပါ...မြရွက်ခွင့်လွှတ်ပေးလာတဲ့အထိ ကျွန်တော်ကြိုးစားမှာပါ....အမေလဲဘယ်ကိုမှထွက်မသွားပါနဲ့နော် ...ကျွန်တော်အမေ့ကိုခွင့်လွှတ်နိုင်ပါပြီ " " ကျေး...ကျေးဇူးတင်ပါတယ်သားရယ်...အမေကျေးဇူးတင်ပါတယ်နော် " ကျေးဇူးတင်စကားအထပ်ထပ်ပြောရင်း ငိုနေတဲ့မိခင်ကြီးကို ဟန်လင်းသန့်လက်အုပ်ချီကာကန်တော့လိုက်မိတယ်။ ~~~~~~~~~~~~~ " မြရွက် ကိုယ်တောင်းပန်ပါတယ်ကွာ...မြရွက်ကိုကိုယ်တကယ်ချစ်တာပါ...မြရွက်နဲ့ချစ်သူတွေဖြစ်သွားပြီးကတည်းက ဘယ်မိန်းမနဲ့မှလဲမပတ်သက်တော့ပါဘူး...ကိုယ်သစ္စာဆိုရဲပါတယ်...ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ...တံခါးဖွင့်ပေးပါမြရွက်ရယ် " အခန်းအပြင်ကနေတတွတ်တွတ်တောင်းပန်နေတဲ့သူ့အသံကိုနားထောင်ပြီး မြရွက်ဝါရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေအဆက်မပြတ်စီးကျနေမိတယ်။တံခါးကိုဖွင့်ပြီး သူ့ရင်ခွင်ထဲကိုပြေးဝင်ကာအားပါးတရငိုကြွေးလိုက်ချင်စိတ်ကိုလဲ မနည်းကိုထိန်းထားရတယ်။

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၃) akyiphyu ******** မြရွက်ဝါဆိုင်ရှေ့ထွက်လာချိန်မှာ မြင်လိုက်ရတာက ဒေါ်ခင်မေရီရှေ့က ကွပ်ပျစ်ပေါ်မှာ တည်ငြိမ်ရင့်ကျက်တဲ့ သွင်ပြင်နဲ့ထိုင်နေတဲ့ သီလရှင်ဆရာလေးတစ်ပါးကို တွေ့လိုက်ရတယ်။သီလရှင်ဆရာလေးကို ကြည့်ပြီး မြရွက်ဝါရင်တွေတဒိန်းဒိန်း ဆောင့်ခုန်လာပြီး လူကခွေယိုင်လဲမလိုဖြစ်သွားရတယ်။ "မ ... မညို " မြရွက်ဝါအံ့သြတုန်လှုပ်ကာ ခေါ်လိုက်မိရင်း သားလေးကို သူ့အဘွားလက်ထဲကမ်းပေးလိုက်ပြီး အစ်မဖြစ်သူနားကို ပြေးသွားလိုက်မိတယ်။ '' မ..မညို ... မညို " မြရွက်ဝါနှုတ်က မနားတမ်းခေါ်လိုက်မိရင်း ငိုချလိုက်မိတယ်။ "ဒကာမလေးမြရွက်နေကောင်းတယ်နော် ... အို ...မငိုပါနဲ့ ဒကာမလေးရယ် ... အခုလို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ကြရတာဝမ်းသာစရာပါကွယ် ... " မငိုပါနဲ့လို့ပြောကာမှ မြရွက်ဝါပိုငိုချင်လာမိပြီး အစ်မဖြစ်သူရဲ့ပေါင်းပေါ်မှာ မျက်နှာအပ်ပြီးငိုလိုက်မိတယ်။ ~~~~~~ " ဒကာမလေးတောင် ကလေးရနေပြီဆိုတော့ ...အားလုံးက အတိတ်ကကိုယ်တိုင်လုပ်ခဲ့တာတွေပဲပေါ့....ရေစက်ပါရင်ဆုံကြရပြီး ...ရေစက်ကုန်ရင်ခွဲခွါကြရမှာပါပဲ...ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ချမ်းသာပျော်ရွှင်အောင်နေပါ ဒကာမလေး ... ဆရာလေးမှာသာသနာ့တာဝန်တွေရှိသေးလို့ ခရီးဆက်ခွင့်ပြုပါအုံး ဒကာမလေး.... နောင် ..ဒီဘက်ကိုရောက်ရင်လဲ ဝင်ခဲ့ပါမယ်ကွယ် ...ဆရာလေးကို ခွင့်ပြုကြပါအုံး " တားမရသလို မတားသင့်မတားအပ်တော့တဲ့ သီလရှင်ဆရာလေးကို မြရွက်ဝါထိုင်ကန်တော့လိုက်တယ်။အစ်မဖြစ်သူကို ပြန်တွေ့လိုက်ရတော့ ရင်ထဲမှာဝမ်းနည်းနာကျင်နေမိသလို တစ်ဖက်ကလဲအစ်မဖြစ်သူအတွက်လဲ စိတ်အေးသွားခဲ့ရတယ်။ ~~~~~ ဟန်လင်းသန့်ကားကို တစ်နေရာမှာရပ်ခဲ့ပြီး လမ်းဆင်းလျှောက်ခဲ့လိုက်တယ်။လူက စိတ်တွေလှုပ်ရှားလွန်းလို့ ခြေလှမ်းတွေတောင် မှန်မှန်မလျှောက်နိုင်ဘဲ ယိမ်းယိုင်နေခဲ့တယ်။ရန်ကုန်နဲ့မန္တလေးဆိုတာ သိပ်အဝေးကြီးမဟုတ်ပေးမဲ့ ဒီနေရာထိကို ပြောင်းရွေ့လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှကိုမထင်ထားခဲ့တာ။ ဒါကြောင့်လဲ ဟန်လင်းသန့်ပြန်ရောက်လာပြီး ကတည်းက ကိုယ်တိုင်ကိုယ်ကျရန်ကုန်တစ်မြို့လုံးက ရပ်ကွက်တွေမှာပဲလိုက်ရှာနေခဲ့မိတာ။ အခုတော့ ပြန်ရောက်ပြီး နှစ်လကျော်ကြာမှ ရှာဖွေရေးအဖွဲ့က ရှာတွေ့ခဲ့တာ။လူအတိအကျဟုတ်မဟုတ်ကိုတော့ ဟန်လင်းသန့်ကိုယ်တိုင်လာကြည့်ဖို့ အကြောင်းအကြားလိုက်လို့ သတင်းရတာနဲ့ အားချင်းထလာခဲ့တာ။ ခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ ကုန်စုံဆိုင်ကိုကြည့်ပြီး ဟန်လင်းသန့်ရင်တွေတဒိန်းဒိန်းခုန်နေမိတယ်။ဆိုင်ထဲမှာ ကောင်မလေးနှစ်ယောက်ကိုတွေ့ရပြီး မြရွက်ဝါနဲ့တူတယ်ဆိုတဲ့သူရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရဘူး။ဒီအချိန်မှာပဲ ဆိုင်ရှေ့မှာ ဆိုင်ကယ်တစ်စီးထိုးရပ်လိုက်တာကို ဟန်လင်းသန့်တွေ့လိုက်ရတယ်။ဆိုင်ကယ်ကို ရပ်လိုက်ပြီးနောက် ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်တဲ့အခါ တွေ့မြင်လိုက်ရတဲ့ မျက်နှာကြောင့် ဟန်လင်းသန့်ရဲ့ နှလုံးသားတွေပေါက်ကွဲလုမတတ် ခုန်လှုပ်သွားရတယ်။ အသားတွေညိုသွားပြီး ပိန်သွယ်သွားတာကလွဲလို့ သူမမျက်နှာလေးက ပြောင်းလဲမှုမရှိသလို ဆံပင်ကောက်ကောက်ကြီးတွေကလဲပြောင်းလဲမှုမရှိဘဲ ကျောထက်မှာဝဲကျနေခဲ့တယ်။ဟန်လင်းသန့်ခြေလှမ်းတွေကိုရှေ့ကိုတိုးလိုက်ချိန်မှာပဲ မမျှော်လင့်ထားတဲ့မြင်ကွင်းကိုတွေ့မြင်လိုက်ရတယ်။ဆိုင်ထဲကကောင်မလေးတစ်ယောက်က ကလေးငယ်လေးတစ်ယောက်ကိုပွေ့ချီလာခဲ့ပြီး ဆိုင်ကယ်နားကိုလျှောက်လာခဲ့တယ်။ဒီအခါသူမက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးတော့ ကလေးကိုလှမ်းယူချီလိုက်တယ်။ပြီတော့ ကလေးငယ်လေးကိုအားပါးတရနမ်းရှုံ့မွှေးကြူနေခဲ့တယ်။မြင်ကွင်းကို ဟန်လင်းသန့်ကြောင်ငေးပြီးကြည့်နေမိရင်း သူမတို့ရှိရာဆီကိုခြေလှမ်းတွေတရွေ့ရွေ့တိုးလှမ်းသွားခဲ့မိတယ်။ " မြရွက် " ခေါ်သံကြောင့် အသံလာရာဆီကိုမြရွက်ဝါလှည့်ကြည့်လိုက်မိတယ်။ဒီအခါ သူမတို့ကိုရပ်ကြည့်နေတဲ့ဟန်လင်းသန့်ကိုမြင်လိုက်ရတာမို့ မြရွက်ဝါတစ်ကိုယ်လုံး ဆတ်ခနဲတုန်ခါသွားရတယ်။ " မြ...မြရွက်..သူ..သူကဘယ်သူလဲ " ဟန်လင်းသန့်ဆီက စကားသံကိုထပ်မံပြီးကြားလိုက်ရတော့မှ မြရွက်ဝါသတိဝင်လာမိပြီးသားလေးကိုခပ်တင်းတင်းပွေ့ဖက်ထားလိုက်မိတယ်။သူ့ကိုပြန်တွေ့ရရင် လုံးဝကိုကျောခိုင်းပစ်လိုက်မယ်လို့ မြရွက်ဝါတွေးထားခဲ့မိပေမဲ့ တကယ်တမ်းရင်ဆိုင်တွေ့လိုက်ရတဲ့အခါမှာတော့ လူကတုန်တုန်ခိုက်ခိုက်ဖြစ်ကာ စကားပြောဖို့တောင် အင်အားတွေမရှိသလိုဖြစ်သွားရတယ်။မတွေ့ရတာကြာပြီဖြစ်တဲ့ ဟန်လင်းသန့်ရဲ့မျက်နှာကိုကြောင်ငေးကြည့်နေမိရင်းက မျက်ရည်မကျအောင် မနည်းထိန်းထားလိုက်ရတယ်။ " မြရွက်...ဒီ..ဒီကလေးကဘယ်သူလဲ...မြရွက်အိမ်တောင်ကျနေပြီလား " ဟန်လင်းသန့်ဆီက အမေးစကားကိုထပ်ပြိးကြားလိုက်ရချိန်မှာ မြရွက်ဝါလှုပ်လှပ်ရှားရှားဖြစ်သွားရပြီး " ရှင်....ရှင် ...ဒီကိုဘယ်လိုရောက်လာခဲ့တာလဲ...." " ကိုယ်...မြန်မာပြည်ပြန်ရောက်ကတည်းက မြရွက်ကိုလိုက်ရှာနေခဲ့တာပါ ...မြဲရွက်ကိုရှင်းပြစရာတွေလဲရှိတယ်...ပြောစရာတွေလဲရှိတယ်....ကိုယ်တို့ခဏလောက်စကားပြောရအောင်နော် "

https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁ https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk အပိုင်း ၂၂ https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk အပိုင်း ၂၃ https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk ၂၄ https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc ၂၅ https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc ၂၆ https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9 ၂၇ https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc ၂၈ https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz ၂၉ https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz ၃ဝ https://www.facebook.com/share/p/WicWrU2h94Kkx8Uu/?mibextid=oFDknk ၃၁ https://www.facebook.com/share/p/YwBNHv348BjbZpv5/?mibextid=Nif5oz

မင်းဆွေ ထွက်သွားတော့ ဟန်လင်းသန့်မှာ ထိုင်ခုံပေါ် စိတ်ပျက်လက်လျက်နဲ့ကျောမှီချလိုက်မိတယ်။ပြီးတော့ ဖုန်းထဲက မြရွက်ဝါပုံလေးကိုကြည့်ပြီး မျက်ရည်တွေကျလာမိတယ်။မာနတွေနဲ့ သူမနဲ့ဝေးရာကို ဟန်လင်းသန့်ထွက်ပြေးခဲ့ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ သူမကိုမေ့မရနိုင်အောင် အရူးအမူးချစ်နေခဲ့မိတာကို သိလာခဲ့ရတယ်။ မာနတွေ မခံချင်စိတ်တွေ၊ကြောက်ရွံ့စိတ်တွေနဲ့တင်းခံရင်း သူမကိုသတိရလွမ်းဆွတ်စိတ်တွေကို ကြိုးစားမေ့ဖျောက်ခဲ့ပေမဲ့ သူဘယ်လိုမှမတွန်းလှန်နိုင်ခဲ့ဘူး။နောက်ဆုံး စိတ်ရောဂါဆရာဝန်ဆီမှာ ပြသကုသခဲ့ရတဲ့ အဆင့်အထိပါရောက်ခဲ့ရတယ်။ဆရာဝန်ရဲ့ အကူအညီ၊ဆေးဝါးတွေရဲ့အကူအညီနဲ့ သူ တည်ငြိမ်စွာရပ်တည်လာနိုင်ခဲ့ပေမဲ့ သူမကိုလွမ်းဆွတ်သတိရစိတ်က ပျောက်ပျက်မသွားခဲ့ဘူး။နောက်ဆုံးမှာတော့ သူမက ဒဏ်ရာတွေပေးရင်လဲ သူကျေကျေနပ်နပ်နဲ့ ခံယူလိုက်မယ်လို့ တွေးပြီး အမိမြေကိုပြန်လာခဲ့လိုက်တာ။ဒါပေမဲ့ သူပြန်လာခဲ့တာနောက်ကျခဲ့ပြီထင်ပါရဲ့။ ~~~~~~~~ "ဒီနေ့ အဖိတ်နေ့ဆိုတော့...ရွာဘက်တွေက ဆရာလေးတွေပါ ကြွမယ်ထင်တယ် သမီးရေ... " " ဟုတ်ကဲ့ ...အမေ ....မြရွက် ဆွမ်းဆန်များများထည့်ပေးထားပါတယ် .... ဆွမ်းဆန် အပြင် ...ဆရားလေးတွေအတွက် ၀တ္ထုငွေလှူဖို့ပါ ပြင်ဆင်ထားပါတယ် " မြရွက်ဝါပြောလိုက်ရင်း ဆွမ်းဆန်တောင်းကို ဆိုင်ရှေ့မှာချလိုက်တယ်။အချိန်က မနက်လင်းအားကြီးအချိန်ပဲ ရှိသေးတော့ ဆိုင်မှာဈေးကူရောင်းပေးတဲ့ ကောင်မလေးတွေတောင် မရောက်ကြသေးဘူး ။ ဒီလိုပဲမြရွက်ဝါက မနက်ဆိုရင်သားလေးမနိုးခင်အလုပ်ထလုပ်ရပြီး ညဆိုရင်လဲ ဆိုင်သိမ်းစာရင်းတွေလုပ်ရင်း ညနက်သန်းခေါင်မှ အိပ်ရတာ။ ဘဝကခက်ခဲနေတာမဟုတ်ပေမဲ့ အပျိုဘဝကထက်စာရင် ပင်းပန်ဆင်းရဲတာတော့ အမှန်ပါပဲ။တစ်ခါတလေဆိုရင် မနက်စာကို ညနေစာနဲ့ပေါင်းစားရတာတွေရှိသေးတယ်။ဒါတောင် ဘေးနားကနေ တတွတ်တွတ်လိုက်ပြောပြီး ကူညီပေးနေတဲ့ ဒေါ်ခင်မေရီရှိနေလို့သာ။ မဟုတ်ရင် ကလေးတစ်ယောက်နဲ့ဘဝကို မြရွက်ဝါဘယ်လိုရုန်းကန်ရမယ်မသိပါ။မိန်းမသားတစ်ယောက်က ဘယ်သူ့အကူအညီမှမပါဘဲ ကလေးတစ်ယောက်ကိုမွေးဖွားပြီး ပြုစုပျိုးထောင်နိုင်တယ်ဆိုရင် သိပ်ကိုလေးစားစရာကောင်းနေပြီ။မြရွက်ဝါမှာတော့ ကိုယ်ပိုင်စုဆောင်းထားခဲ့တာတွေနဲ့ ဒေါ်ခင်မေရီပေးတဲ့ အရင်းအနှီးတွေကိုရင်းပြီး မန္တလေးကိုပြောင်းလာခဲ့ကြတာ။ဒီရောက်တော့ ဈေးသိပ်မမြင့်တဲ့ရပ်ကွက်ထဲမှာ ခြံနဲ့အိမ်လေးဝယ်ပြီး ကုန်ခြောက်ဆိုင်လေး အရင်ဖွင့်လိုက်တာ။ရန်ကုန်မှာလုပ်ခဲ့တဲ့ အလုပ်ကိုတော့ လက်ကျန် ပစ္စည်းတွေကို အောက်ဈေးနဲ့ ပြန်သွင်းခဲ့လိုက်ပြီး လူချည်းသက်သက် ထွက်လာခဲ့လိုက်တာ။ဒေါ်ခင်မေရီပြောသလိုပဲ သူမတို့ဘဝကို ဒီရောက်မှပြန်စခဲ့ကြတာလေ။ " သမီးရေး ...မြေးလေးနိုးလာပြီ ....လာခေါ်လိုက်ပါအုံး....အဲ့ဒါတွေထားခဲ့လိုက် ..အမေလုပ်လိုက်မယ် " " ဟုတ်ကဲ့ အမေ....ထားလိုက်ပါ .....ဆရာလေးတွေကို ဆွမ်းဆန်ပဲလောင်းလိုက်ပါ အမေ... " မြရွက်ဝါလုပ်လက်စအလုပ်တွေကို ချခဲ့လိုက်ပြီး သားလေးဆီကိုပြေးသွားလိုက်တယ်။သားလေးက အိပ်ရာနိုးနိုးချင်း ခဏတော့ မြရွက်ဝါကို မတွေ့ရင် ဂျီကျတတ်တယ်။ကျန်တဲ့အချိန်ကတော့ သူ့ဘွားအေနဲ့ ထားမလား၊ဆိုင်က ကောင်မလေးတွေနဲ့ ထားမလားရတယ်။မနက်နိုးနိုးချင်းလေးပဲ ခဏလောက်ဂျီကျ တစ်နေ့လုံးလိုလို မအေအလုပ်လုပ်နေတဲ့နားမှာ စားလိုက်ဆော့လိုက်အိပ်လိုက်နဲ့ ငြိမ်နေတော့တာ။ " မေမေလာပြီနော် သားလေး ..ဘွားဘွားကို စိတ်ကောက်လိုက်သေးတာလား .... ဟုတ်လား သားလေး " " ချီ...ချီ " မအေကိုတွေ့တာနဲ့ သားလေးက မပီကလာပီကလာ လေးပြောရင်း လေးဘက်လေးထောက်ကာ အတင်းကုန်းထတယ်။မြရွက်ရွက်ဝါ သားလေးကိုပွေ့ချီလိုက်ရင်း သားလေးတစ်ကိုယ်လုံးကို ခပ်ဖွဖွလေးနမ်းပစ်လိုက်တယ်။ဒီလိုအချိန်မှာတော့ မြရွက်ဝါရဲ့ခေါင်းထဲမှာ အစ်မဖြစ်သူမှာခဲ့တာတွေရော၊ တူဖြစ်သူမောင်မောင့်အကြောင်းတွေကိုပါ မေ့နေမိသလို၊ လင်မရှိဘဲကလေးမွေးလို့ ပတ်ဝန်းကျင်ကကဲ့ရဲ့မှာ တွေဘာတွေကိုလဲ လုံးဝကိုဂရု မစိုက်တော့ပါဘူး။ သားလေးသာရှိနေရင် တစ်လောကလုံးနဲ့ မြရွက်ဝါရင်ဆိုင်ရဲနေပါပြီ။ "မြ...မြရွက်ရေ ...သမီး ..ဒီကိုလာပါအုံး ...ဒီ...ဒီမှာ ... " "ရှင် ... ဟုတ်... ဟုတ်ကဲ့ အမေ " ဆိုင်ထဲကနေတုန်တုန်ယင်ယင်အသံနဲ့ လှမ်း အော်လိုက်တဲ့ ဒေါ်ခင်မေရီရဲ့အသံကြောင့်မြရွက်ဝါလဲ သားလေးကိုချီပြီး ရင်တုန်ပန်းတုန်နဲ့အိမ်ရှေ့ကို ခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။ ==================================== အပိုင်း( ၃၃ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆)

" ဆောရီးပါပန်းနု...ကျွန်တော်ထမင်းစားဖို့အချိန်မရတော့လို့ပါ...ခွင့်ပြုပါအုံး " ဟန်လင်းသန့်ပြောပြီးတာနဲ့အပြင်ကိုအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့မိတယ်။ကြားလိုက်ရတဲ့သတင်းစကားတွေကြောင့် နှလုံးသားကပေါက်ကွဲလုမတတ်ခုန်လှုပ်နေခဲ့တယ်။ချစ်သူကို ရေမြေအဆုံးလိုက်ရှာဖို့ ဟန်လင်းသန့်ဆုံးဖြတ်လိုက်တယ်။ ~~~~~~~~~~~~~ " သမီးရယ် အဲ့ဒီလောက်အလုပ်တွေလုပ်မနေပါနဲ့ကွယ်...တော်ရုံအလုပ်ကိုကောင်မလေးတွေကိုပဲ ခိုင်းပါကွယ်....ကလေကတစ်ဖက်နဲ့တော်ကြာသမီးလဲသွားမှဖြင့် " ဒေါ်ခင်မေရီက မြရွက်ဝါကိုကြည့်ပြီး စိုးရိမ်ပူပန်စွာပြောလိုက်တယ်။ " ရပါတယ်အမေ...ကောင်မလေးတွေက စာရင်းပိုင်းလဲသိပ်မကျွမ်းလို့ပါ ....မြရွက်ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ်...ဒီအချိန်ကကြိုးစားထားမှ သားလေးကြီးလာရင်ပြည့်ပြည့်စုံစုံထားနိုင်မှာမဟုတ်လားအမေရဲ့ " " သမီးရယ်...မြေးလေးအဖေကဒီလောက်ချမ်းသာနေတာပဲကွယ်...သူ့တို့ရုံးကိုဖုန်းဆက်ပြီးသူနဲ့ဆက်သွယ်ခိုင်းပြိး အားလုံးပြောပြလိုက်ရင်ရနေတာပဲ ...သမီးပင်ပင်ပန်းပန်းနဲ့ဈေးတွေရောင်းနေရတာကို အမေမကြည့်ရက်လို့ပါကွယ် " ဒေါ်ခင်မေရီရဲ့စကားကြောင့်မြရွက်ဝါရဲ့မျက်နှာလေးတည်တင်းသွားခဲ့ရပြီး " မြရွက်ဘေးမှာအမေရှိနေပေးရုံနဲ့ပဲ မြရွက်အတွက်ပြည့်စုံနေပါပြီ ...သူကအစကတည့်းက ...မြရွက်ကိုလက်ထပ်ဖို့ရည်ရွယ်ချက်ရှိခဲ့တာမဟုတ်ဘူးအမေ...မြရွက်အညှာလွယ်ခဲ့လို့သူအပျော်တွဲခဲ့တာလေ...လိုင်းပေါ်မှာ သူ့သူဌေမနဲ့ပျော်မြူးနေတဲ့သတင်းတွေ အမေတွေ့တယ်မဟုတ်လား...အဲ့ဒီလိုလူကို လွမ်းလွန်းလို့မြရွက်‌ေ*သသွားမယ်ဆိုရင်တောင် အ‌ေသပဲခံလိုက်မှာပါ...သူ့အကြောင်းကိုမြရွက်နှလုံးသားထဲကရောဦးနှောက်ထဲကပါထုတ်လိုက်ပြီအမေ...မြရွက်ဘဝမှာ သားလေးနဲ့အမေရှိနေရင်ရပါပြီး ....အလုပ်တွေဘယ်လောက်ပင်ပင်ပန်းပန်းမြရွက်လုပ်နိုင်တယ်အမေ " " ဟုတ်ပါတယ်သမီးရယ်....ဒါပေမဲ့သားလေးက ဒီနေ့အချိန်ထိ တရားဝင်မှလက်မထပ်သေးတာကွယ်" "သူကတရားဝင်လက်မထပ်ရသေးပေမဲ့ ...တရားမဝင်တွေတော့ လက်ချိုးလို့မရေနိုင်အောင်ရှိနေမှာပါ အမေ ....မြရွက်တောင်းပန်ပါတယ်အမေ....သူ့အကြောင်းကိုမြရွက်မကြားချင်ဘူး..သိလဲမသိချင်ဘူး ...အဲ့ဒါကြောင့်မြရွက်အွန်လိုင်းတောင်မသုံးတာအမေလဲသိပါတယ်....သူ့အကြောင်းတွေကိုမပြောပါနဲ့တော့အမေရယ် ...သားလေးနိုးလာပြီထင်တယ်အမေ " မြရွက်ဝါပြောပြောဆိုဆိုနဲ့သားလေးအိပ်နေတဲ့နားကိုအမြန်လျှောက်သွားလိုက်တယ်။သားလေးက အိပ်ရာကနိုးတာနဲ့အတင်းကုန်းရုန်းပြီးထလာတော့တာ။သားလေးငြိမ်တဲ့အချိန်ဆိုလို့လဲ အိပ်နေတဲ့အချိန်ပဲရှိတာ။မျက်လုံးနှစ်လုံးပွင့်တာနဲ့အငြိမ်မနေဘဲတောက်တဲ့တောက်တဲ့နဲ့ဆော့တော့တာ။မြရွက်ဝါမှာကုန်ခြောက်ဆိုင်နဲ့စတိုးဆိုင်လေးတွဲဖွင့်ထားတော့လူက မိုးလင်းမိုးချုပ်ပင်းပန်ပေမဲ့သားလေးကိုပဲကြည့်ပြီး အမောဖြေနေရတာလေ။ " သားလေး...နိုးပြီးလားကွ ...မေမေ့ဆီကိုလာပါအုံးချစ်တုံးလေးရဲ့ " မြရွက်ဝါ သားလေးကိုကောက်ချီပြီးနမ်းလိုက်တော့ သားလေးကတခစ်ခစ်ရယ်တယ်။ရယ်မောနေတဲ့သားလေးရဲ့မျက်နှာလေးကို မြရွက်ဝါသတိလက်လွတ်နဲ့ ငေးမောကြည့်နေမိတယ်။သားလေးကတစ်နှစ်ကျော်စပဲရှိသေးပေမဲ့ မျက်နှာပေါက်မျက်နှာကျက သူ့အဖေနဲ့ချွပ်စွပ်ဖြစ်နေခဲ့တာ။သားလေးရယ်လိုက်ပြုံးလိုက်ရင်များ မြရွက်ဝါငေးကြောင်ပြီးကြည့်နေမိတဲ့အထိပါပဲ။ " ပေ..ပေ့ ..." သားလေးရဲ့ မပီကလာပီကလာအသံလေးကြားလိုက်ရတော့မှ မြရွက်ဝါသတိဝင်လာမိပြီး သားလေးရဲ့ပါးဖောင်းဖောက်းလေးတွေကိုငုံ့နမ်းလိုက်မိတယ်။ ~~~~~~~~~~~~~~~ " ဘယ်လိုလဲ မင်းဆွေ ....ဘာသတင်းအစအနလေးတောင်မှစုံစမ်းလို့မရသေးဘူးလား " ဟန်လင်းသန့်စိတ်မရှည်နိုင်စွာအော်ဟစ်မေးလိုက်မိတယ်။တကယ်တော့ မင်းဆွေမရှာနိုင်တာက အပြစ်တော့လဲမဟုတ်ပါဘူး။ဟန်လင်းသန့်ကိုယ်တိုင် အလုပ်တွေကိုမန်နေဂျာကိုထွန်းနဲ့အကုန်လွဲထားပြီး ရန်ကုန်မြို့အနှံ့လိုက်ရှာနေတာတောင် သတင်းအစအနလေးတောင်မကြားခဲ့ရဘူးလေ။ " ဟို ...ကျွန်တော်အကြံပေးပါရစေဆရာ...ဒီအတိုင်း ရှာလို့မရဘူးဆိုရင် ... ဆရာ့ပေ့ချ်ကနေ လူပျောက်ကြေငြာကြည့်ပါလားဆရာ ... အဲ့ဒါက ပိုထိရောက်မယ်ထင်တယ် " " အေး....မင်းပြောတာက ဖြစ်နိုင်ပါတယ်......ဒီလိုတင်လိုက်ရင် ...တစ်ယောက်မဟုတ်တစ်ယောက်ဆီက သတင်းရနိုင်တာကိုငါသိတယ် မင်းဆွေ...ဒါပေမဲ့ ဒီနည်းကိုမသုံးချင်ဘူး...တကယ်လို့များ သူအိမ်ထောင်ကျနေခဲ့ပြီဆိုရင် ..ငါ့ကြောင့်နဲ့သူ့အိမ်ထောင်ရေးမှာ ပြဿနားဖြစ်သွားမှာကိုမလိုလားဘူး.... ဒါမှမဟုတ် သူအိမ်ထောင်ကျတာမဟုတ်ဘဲ တမင်ရှောင်ပုန်းနေတာဆိုရင်...ပိုပြီးဝေးတဲ့နေရာကို ထွက်ပြေးသွားမှာကြောက်ရတယ်...အဲ့ဒါကြောင့် ဒီနည်းလမ်းကိုသုံးလို့မဖြစ်ဘူး ...ငွေကုန်ချင်သလောက် ကုန်ပါစေ မင်းဆွေ....လူရှာပေးတဲ့ အဖွဲ့တွေကို ရှာခိုင်းပါ .... " "ဟုတ်ကဲပါ ဆရာ ..." "အေး ... ပြီးတော့ ဒေါ်ခင်မေရီကိုပါ ရအောင်ရှာခိုင်းလိုက်ပါ ...." " ဟုတ်ကဲ့ပါ ဆရာ "

အဘွားဆုံးသွားပြီဆိုတာကြောင့် ဟန်လင်းသန့်ရင်ထဲတစ်စုံတစ်ခုကိုတွေးမိလိုက်ကာ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားမိတယ်။နောက်ဆက်တွဲ မေးခွန်းကို မေးဖို့ပြင်လိုက်ချိန်မှာပဲ ပန်းနုထွေးရဲ့အမျိုးသားပြန်ရောက်လာခဲ့တယ်။ " ကိုကိုထိုင်ပါအုံး...ဒီမှာ ပန်းနုတို့သူဌေးလေ ...ကိုကိုသိမှာပါ " " သိတာပေါ့ပန်းနုရယ်....နာမည်ကြီးပဲဟာ....တွေ့ရတာဝမ်းသာပါတယ် ကိုဟန်လင်းသန့်...ကျွန်တော်ကမြတ်သူရပါ " လက်ကမ်းပေးပြီးနှုတ်ဆက်လာတဲ့ ပန်းနုထွေးရဲ့ခင်ပွန်းကိုကြည့်ပြီး ဟန်လင်းသန့်ကြက်သေသေသွားမိတယ် ။ " ကိုလင်းကိုဧည့်ခံပေးထားပါအုံးကိုကို...ထမင်းပွဲပြင်နေတာကို ပန်းနုသွာကူပေးလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ပန်းနုထွေးကထိုင်နေရာက ထထွက်သွားခဲ့တယ်။ပန်းနုထွေးထွက်သွားတာနဲ့ ဟန်လင်းသန့်မျက်နှာထားကိုတင်းလိုက်ပြီး မြတ်သူရဆိုသူကိုကြည့်လိုက်မိတယ်။ " ခင် ....ခင်ဗျားက ....မြရွက်နဲ့ လူကြီးချင်းလဲသဘာတူထားကြတဲ့သူ မဟုတ်လား...ပြီးတော့....ခင်ဗျားနဲ့ မြရွက်ကြားမှာ ပတ်သက်မှုတွေရှိခဲ့တယ်.....အခုဒါကဘယ်လိုဖြစ်ရတာလဲ " " ဗျာ ...ကိုဟန်လင်းသန့်က ... ကျွန်တော်တို့ကိစ္စတွေကို ဘယ်လိုသိတာလဲ " မြတ်သူရကအံ့ဩတကြီးနဲ့မေးလိုက်တယ်။ " ကျွန်တော်ဘယ်လိုသိသိ ...ကိုမြတ်သူရအတွက်အရေးမကြီးပါဘူး...ခင်ဗျာဘာလို့ မြရွက်ဝါကိုလက်မထပ်ဘဲ ပန်းနုနဲ့လက်ထပ်တာလဲပြောစမ်းပါ....မြရွက် ထွက်သွားခဲ့တယ်ဆိုတာ ...ခင်ဗျားတို့ကြောင့်လား " ဟန်လင်းသန့်စိတ်မထိန်းနိုင်ဘဲ ဒေါသသံနဲ့မေးလိုက်တယ်။ ဟန်လင်းသန့်ရဲ့အပြုအမူကြောင့် မြတ်သူရမှာအံ့ဩနေမိပြီး ခေါင်းကိုခါယမ်းလိုက်မိတယ်။၊ " ကျွန်တော်တို့ကိစ္စတွေကို ဘယ်လိုသိနေလဲမသိပေမဲ့...ကိုဟန်လင်းသန့်အထင်မှားနေတာပါ...ကျွန်တော်နဲ့မြရွက်ကိုလူကြီးတွေသဘောတူထားခဲ့တာမှန်ပါတယ်...အနေတည်တဲ့မြရွက်ကို ကျွန်တော်လဲ သဘောကျခဲ့ပါတယ်...ဒါပေမဲ့မြရွက်ဘက်ကလက်မခံခဲ့ဘူးလေ...ကျွန်တော့်ကိုဆွေမျိုးသားချင်းတစ်ယောက်လိုပဲ ခင်မင်ပါရစေဆိုပြီးငြင်းခဲ့တယ်လေ ...မနှစ်က မြရွက်အိမ်ကထွက်သွားခဲ့တာလဲ ဘာကိစ္စကြောင့်မှန်းမသိပေမဲ့ ...ကျွန်တော့်နဲ့ မဆိုင်ပါဘူး...မြရွက် အိမ်ကထွက်မသွားခင်နှစ်ပတ်လောက်လောက်တုန်းက ... မြရွက်သူ့အစ်မကိုလိုက်ရှာနေရင်းနဲ့ လမ်းမှာ ကျွန်တော်နဲ့ ဆုံလို့တောင် အိမ်ပြန်လိုက်ပို့ခဲ့သေးတယ်....အဲ့ဒီအချိန်တုန်းက မြရွက်သိပ်နေမကောင်းတာတော့ သတိထားမိတယ်....တမ်းလမ်းလုံး သူခေါင်းတွေမူးနေတာလေ .. ကားပေါ်က အဆင်းမှာ မူးလဲ မလိုဖြစ်သေးတယ်...အဲ့ဒီနေ့က ကျွန်တော်လဲ ပန်းနုတို့အိမ်ဝင်လည်မှ မြရွက်က သူ့အစ်မကို လိုက်ရှာနေမှန်းသိလိုက်ရတာလေ ... အဲ့ဒီနောက်ပိုင်း မြရွက်နဲ့ထပ်မဆုံဖြစ်တော့ဘူးလေ " " ဗျာ ...ဒါ..ဒါဆို ...ကိုမြတ်သူရနဲ့မြရွက်ဝါဘာမှမပတ်သက်ခဲ့ကြဘူးပေါ့ " " ဟာဗျာ ...မပတ်သက်ခဲ့ပါဘူးဗျာ....ကျွန်တော့်မိန်းမကြားရင် အထင်တွေလွဲကုန်ပါအုံးမယ်ဗျာ....မြရွက်ကကျွန်တော်ကိုငြင်းခဲ့တာ ပန်းနုတို့တစ်မျိုးလုံးအသိလေ " မြတ်သူရရဲ့စကားအဆုံးမှာ ဟန်လင်းသန့်ဟန်မဆောင်နိုင်လောက်အောင်တုန်လှုပ်သွားမိပြီး အလန့်တကြားမေးလိုက်ကာ ထိုင်နေကထလိုက်မိတယ်။ " ဘာ...ဘာများဖြစ်လို့လဲ ကိုဟန်လင်းသန့်...မြရွက်သတင်းတစ်ခုခုများကြားမိလို့လားဗျာ ...သူပျောက်သွားတယ်သတင်းကြားတော့ ကျွန်တော်လဲစုံစမ်းကြည့်ပါသေးတယ် ...သတင်းအစအနတောင်မကြားရဘဲ လုံးဝကိုပျောက်သွားခဲ့တာလေ....ဈေးရောင်းတဲ့ပေ့ချ်ကိုပါဖျက်သွားတာ‌ဗျ ...." မြတ်သူရမေးတာကို ဟန်လင်းသန့်ဘာမှပြန်မဖြေနိုင်ဘဲ နေရာမှာ အရုပ်ကြိုးပြတ် ပြန်ထိုင်လိုက်မိတယ်။တကယ်တော့ အားလုံးဟာ သူစိတ်ရူးပေါက်နေခဲ့လို့၊ချစ်သူကို မယုံကြည်နိုင်ခဲ့လို့ ဒီလိုတွေဖြစ်ခဲ့ရတာ။ အမြင်တစ်ခုကို သူ့ဘက်က တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး အဝေးကိုထွက်ပြေးမိခဲ့တာ ။ကျန်နေခဲ့တဲ့ချစ်သူက ဘာတွေဖြစ်သွားခဲ့တာလဲ။ သူ့ကို ဘယ် လောက်ထိများစိတ်နာသွားခဲ့လို့ ရုံးဖုန်းကိုတောင် မဆက်သွယ်ဘဲ ပျောက်သွားခဲ့ရတာလဲ။ရင်ထဲမှာ မေးခွန်းပေါင်းများစွာကိုတွေးရင်း လဲကျမသွားအောင် ဟန်လင်းသန့် မနည်းအားတင်းထားလိုက်ရတယ်။ ~~~~~~~~~~~~~ "ကျွန်တော်နဲ့ မြရွက်ချစ်သူတွေဖြစ်နေကြတာကို ပန်းနုတို့ သိပါတယ်...ကျွန်တော့်ဘက်က မြရွက်ကို အထင်လွဲမှားပြီး ပြည်ပကို ထွက်သွားခဲ့မိတာပါ ...ကြားထဲမှာ မြရွက်ကလဲ ကျွန်တော့်ကို လုံးဝမဆက်သွယ်ခဲ့ဘူး ... မြရွက်ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပန်းနု သိသလောက်ပြောပြပေးပါ " ဟန်လင်းသန့်မေးလိုက်တော့ ပန်းနုထွေးရဲ့မျက်နှာ မသိမသာပျက်ယွင်းသွားတာကို ဟန်လင်းသန့်သတိထားလိုက်မိတယ်။ " ပြော...ပြောရရင်တော့ စိတ်မကောင်းစရာပါပဲ ကိုလင်း...အရင်ဆုံးမခွါညိုကထွက်သွားခဲ့တာပါ...မခွါညိုထွက်သွားတာကတော့ သူ့သားမောင်မောင့်ကြောင့်ထင်ပါတယ်....သိပ်မကြာဘူး မြရွက်လဲဘယ်သူ့ကိုမှမပြောမဆိုနဲ့အိမ်ကထွက်သွားခဲ့တယ်...မြရွက်တို့ ညီအစ်မနှစ်ယောက်ဘယ်ကို ထွက်သွားကြတာလဲဆိုတာကို ပန်းနုတို့ တကယ်မသိပါဘူး.....ပြီးတော့စိတ်မကောင်းစရာက မောင်မောင်က သူ့မိန်းမကိုသ****တ်မှုနဲ့ထောင်ကျသွားတယ်လေ..." ပန်းနုထွေးရဲ့စကားအဆုံးမှာဟန်လင်းသန့်ထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီး