အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
الذهاب إلى القناة على Telegram
إظهار المزيد
1 032
المشتركون
-124 ساعات
+17 أيام
-1030 أيام
أرشيف المشاركات
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၂)
akyiphyu
********
" မိ*န်းမယု*တ်မ...အပျ*က်မ...နင်တို့ကိုသ**တ်ပစ်မယ် "
ရဲမြတ်မောင်အော်ဟစ်ဆဲဆိုရင်းထိုးကြိတ်က *န်ကျောက်လိုက်တော့ မိုးရတနာနဲ့ဖြစ်နေတဲ့ကောင်က အတင်းရုန်းကန်ကာထွက်ပြေးသွားခဲ့တယ်။ကျန်ခဲ့တဲ့မိုးရတနာကလဲ ရဲမြတ်မောင့်ကိုမတောင်းပန်ဘဲအော်ဟစ်ဆဲဆိုလိုက်တယ်။
" ဟဲ့ကောင်..ငါ့ကိုလာမထိနဲ့...နင်နဲ့ငါလက်ထပ်စာချုပ်နဲ့လက်ထပ်ထားတာမဟုတ်ဘူး ..ငါ့ဘာသာဘယ်ကောင်နဲ့ဘာဖြစ်ဖြစ်နင်ပြောစရာမလိုဘူး...ငါ့အိမ်ပေါ်လာနေပြီး လူပါးမဝနဲ့...မအေ**...လူယုတ်မာကောင်ရဲ့ "
မိုးရတနာက မအေနဲ့ကိုင်ကာမိုက်မိုက်ရိုင်းရိုင်းတွေအော်ဟစ်ဆဲဆိုလေတော့ ရဲမြတ်မောင်တစ်ယောက်ဒေါသစိတ်ကိုမထိန်းနိုင်တော့ဘဲ မိုးရတနာကိုစိတ်ရှိလက်ရှိထို**းကြိတ်ကန်ကျောက်ပစ်လိုက်တယ်။ပြီးတော့မကျေနပ်နိုင်သေးဘဲ မီးဖိုခန်းထဲက (...)သွားယူပြီး ရင်ဝကိုစို//က်ချပစ်လိုက်တယ်။မိုးရတနာမှာနာကျ//င်စွာညည်းညူရင်းငြိမ်သက်သွားခဲ့တော့တယ်။ဒီအခါမှ ရဲမြတ်မောင်လဲသတိဝင်လာခဲ့ပြီး အပြင်ကိုပြေးထွက်လာခဲ့တယ်။ရဲမြတ်မောင်ဖိနပ်တောင်မစီးနိုင်ဘဲ မနားတမ်းပြေးထွက်လာခဲ့တယ်။
~~~~~~~~~~~~
"အမေ...အမေ "
" ဒုန်း..ဒုန်း "
သော့ခတ်ထားတဲ့တိုက်ခန်းတံခါးကိုတဒုန်းဒုန်းထုလိုက်ရင်း ရဲမြတ်မောင်မိခင်ကိုအော်ဟစ်ခေါ်လိုက်မိတယ်။ခေါ်ရင်းနဲ့ပါးပြင်ပေါ်ကိုမျက်ရည်တွေလဲ အဆီးအတားမဲ့စွာကျဆင်းလာခဲ့တယ်။
" အမေ...အမေ "
" ဟဲ့...ဘယ်သူလဲလို့မောင်မောင်ပါလား...မင်းဘာဖြစ်လာတာလဲ...မင်းအဘွားနေမကောင်းဘူး ...တိုးတိုးသက်သာလုပ်ပါဟဲ့...အခုမှ အမေလို့လာခေါ်နေမနေနဲ့...မင်းအမေရောမင်းအဒေါ်ရော အိမ်ကထွက်သွားကြတာကြာလှနေပြီ...မင်းအမေကမင်းထွက်သွားပြီးနောက်ရက်ထွက်သွားတာပဲ...မင်းအဒေါ်လဲ သိပ်မကြာဘူးထွက်သွားတာပဲ...ဘယ်သွားလို့သွားမယ်လဲပြောသွားရမှန်းမသိကြဘူး...နင်တို့ကြောင့်အမေခမျာ အိပ်ရာထဲလဲနေပြီသိရဲ့လား "
ကြားလိုက်ရတဲ့စကားတွေကြောင့် ရဲမြတ်မောင်မှာဒူးတွေညွှတ်ခွေကာကျသွားရပြီး သံပန်းတံခါးကိုကိုင်လှုပ်ပြီး အံကိုတင်းတင်းကြိတ်ကာ ငိုနေမိတယ်။ရဲမြတ်မောင်ငိုနေချိန်မှာပဲ တိုက်ပေါ်ကိုတက်လာကြတဲ့ခြေသံတွေကိုကြားလိုက်ရတယ်။ပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲ ခြေသံတွေက ရဲမြတ်မောင်နားကိုရောက်လာခဲ့တယ်။
" ရဲမြတ်မောင် အေးအေးဆေးဆေးအဖမ်းခံပါ...."
" မောင်မောင် ...မင်း...မင်းဘာတွေလုပ်ခဲ့လို့လဲ...ဘာတွေလုပ်ခဲ့တာလဲ "
ဘွားလေးရဲမေးသံအဆုံးမှာရဲမြတ်မောင်ရဲ့လက်တွေက လက်ထိပ်ခတ်ခံလိုက်ရတော့တယ်။
~~~~~~~~~~~~~~
နှစ်နှစ်နီးပါးခွဲခွါခဲ့ရတဲ့အမိမြေပေါ်ကို ခြေချလိုက်တာနဲ့ဟန်လင်းသန့်ရဲ့ နှလုံးသားတွေ ထိန်းချုပ်လို့မရနိုင်အောင် ခုန်လှုပ်လာခဲ့တယ်။
" အလုပ်တွေအဆင်ပြေရဲ့လား မင်းဆွေ "
" ပြေပါတယ် ဆရာ "
" အင်း ...ဒါနဲ့ ...စုံစမ်းခိုင်းထားတဲ့ သတင်းတွေက ဘာမှမထူးခြားဘူးလား....တစ်ယောက်ယောက်ရဲ့ သတင်းကိုတောင်စုံစမ်းလို့မရဘူးလား "
" ဟုတ်..ဟုတ်ကဲ့ ဆရာ ....ရန်ကုန်...ပဲခူးအနှံ့ လိုက်စုံစမ်းပေမဲ့...ဘာသတင်းမှကိုမရဘူးဆရာ... "
" ဒါနဲ့ ... သူ့ကြီးတော်တွေနဲ့နဲ့ သူ့အဒေါ်တွေရော ဘာပြောလဲ ...ပန်းနုကရောတကယ်ပဲ မသိတာလား "
" သူတို့လဲ သေချာသိကြပုံမရဘူး ဆရာ.."
မင်းဆွေရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲဆို့နင့်သွားမိတယ်။ရင်ထဲတင်းကျပ်လာတဲ့ခံစားချက်ကြီးကို ထိန်းရင်းဟန်လင်းသန့် မင်းဆွေကို မေးလိုက်တယ်။
" ဒါနဲ့ ...ပန်းနုရဲ့မင်္ဂလာပွဲကပြီးသွားပြီမဟုတ်လား ...ဟန်နီးမွန်းခရီးကပြန်ရောက်ပြီတဲ့လား "
" ဟုတ်ကဲ့ ဆရာ...ပြန်ရောက်နေပါပြီ "
" အင်း...သူတို့ဘယ်မှာနေတာတဲ့လဲ...မင်္ဂလာလက်ဖွဲ့ပေးရအောင် လှမ်းချိန်းပေးထားကွာ...ပန်းနုနဲ့ တွေ့ ပြီး သေချာစုံစမ်းကြည့်မယ် "
" ဟုတ်ကဲ့ပါ ဆရာ ..."
မင်းဆွေကခေါင်းငြိမ့်ပြပြီးကားကိုဆက်မောင်းလာခဲ့တယ်။ကားထဲမှာစကားသံတွေတိတ်ဆိတ်သွားတဲ့အခါ ဟန်လင်းမျက်လုံးကိုစုံမှိတ်ထားလိုက်မိတယ်။မျက်လုံးအစုံကိုမှိတ်ထားပေမဲ့ ဟန်လင်းသန့်ရင်ထဲမှာတဆစ်ဆစ်နာကျင်နေခဲ့တယ်။ခြေရာဖျောက်သွားတဲ့ ချစ်ရသူကို ရှာဖွေဖို့အတွက် အမိမြေကို ဟန်လင်းသန့်ပြန်လခဲ့တာ။ ဘာအကြောင်းတွေပဲရှိရှိ ချစ်သူကို ချစ်သူကို တွေ့အောင်ရှာဖို့အတွက် ဟန်လင်းသန့်ဆုံးဖြတ်ပြီး ပြန်လာခဲ့တာလေ။
~~~~~~~~~~~~~~
" ထိုင်ပါအုံး ကိုလင်း....ဟိုမှာအလုပ်တွေအဆင်ပြေတယ်မဟုတ်လား "
ပန်းနုထွေးက ဟန်လင်းသန့်ကိုနှုတ်ဆက်လိုက်တယ်။
" ပြေပါတယ်ပန်းနု...ဒီကအလုပ်တွေလဲ ပန်းနုတို့အကျိုးဆောင်ရုံးကြောင့် အားလုံးအဆင်ပြေလို့ ကျေးဇူးတင်ပါတယ် "
ဟန်လင်းသန့်အလိုက်သင့်ပြန်ဖြေလိုက်ရင်း ရင်ထဲကသိချင်နေတဲ့မေးခွန်းကို မေးဖို့အတွက် အစပျိုးလိုက်တယ်။
" အဘွားနဲ့ကြီးကြီးတို့ရောနေကောင်းလားပန်းနု "
" ကိုလင်းမသိသေးဘူးပဲ....အဘွားဆုံးသွားပြီလေ...မေမေကတော့နေကောင်းပါတယ် "
" ဗျာ အဘွားဆုံးသွားပြီလား ...စိတ်မကောင်းလိုက်တာဗျာ "
သူ ဒေါ်ဒေါ့်ကိုမု*န်းတီးနေတာတွေအတွက်လဲ ဒေါ်ဒေါ်နားလည်ပါတယ်...ဒေါ်ဒေါ်လုပ်ခဲ့တဲ့အမှားတွေအတွက်....ဒီထက်မကတောင်ပြစ်ဒဏ်ခံရသင့်တာပဲမဟုတ်လား...ဒါပေမဲ့သားလေးကဒေါ်ဒေါ့်အပေါ်အဲ့ဒီလောက်မရက်စက်ခဲ့ပါဘူးကွယ်...ဒေါ်ဒေါ့်ရဲ့လက်ကျန်အချိန်တွေမှာ ...ငွေကြေးအတွက်ဒုက္ခမရောက်ရအောင်စီမံပေးထားပါတယ်... ဒါပေမဲ့ ဒေါ်ဒေါ်မျှော်လင့်ထားတဲ့ သူ့ဆီကမေတ္တာတရားကိုတော့ပေးဖို့ တွန့်ဆုတ်နေခဲ့တာပေါ့ကွယ် "
အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါနာနာကျင်ကျင်ပြုံးလိုက်မိတယ်။
" သမီးတို့ဘာလို့လမ်းခွဲလိုက်ကြတာလဲကွယ်...သူဘာတွေပြောခဲ့လဲ...သမီးဆီကိုပြန်လာမှာတဲ့လား "
အမျိုးသမီးကြီးရဲ့အမေးကိုမြရွက်ဝါလေးတွဲစွာခေါင်းခါယမ်းပြလိုက်မိပြီး
" ဘာ...ဘာမှမပြောသွားပါဘူးဒေါ်ဒေါ်...လမ်းခွဲခဲ့တယ်ဆိုတာထက် ..သူ့ဘက်ကဘာမှဖြေရှင်းချက်မပေးဘဲပျောက်သွားခဲ့တာပါ....မြရွက်ကလက်ထပ်ကြဖို့ပြောလိုက်မိလို့... မပြောမဆိုနဲ့ထားခဲ့ခံလိုက်ရတာပါ...သူနိုင်ငံခြားထွက်သွားတာ ကိုလဲ ...သူ့ရုံးကိုဖုန်းဆက်ကြည့်လိုက်တော့မှ မြရွက်သိလိုက်ရတာပါ "
မြရွက်ဝါပြောရင်းနဲ့ငိုချလိုက်မိတယ်။ဘေးမှာအဖော်ကင်းမဲ့ခဲ့လို့ မကျနိုင်ခဲ့တဲ့မျက်ရည်တွေက အခုချိန်မှာတော့တားဆီးလို့မရတော့ဘဲအဆက်မပြတ်စီးကျလာခဲ့တယ်။အမျိုးသမီးကြီးက ချစ်ရသူရဲ့မိခင်ဆိုတဲ့အသိစိတ်ကြောင့် မြရွက်ဝါမှာပိုပိုပြီးဝမ်းနည်းလာကာထိန်းမရနိုင်တာ့ဘဲ ငိုချလိုက်မိတော့တယ်။
ဒေါ်ခင်မေရီကငိုနေတဲ့မြရွက်ဝါကို အသာဖက်ရင်း မြရွက်ဝါရဲ့ကျောပြင်ကိုခပ်ဖွဖွပုတ်ကာနှစ်သိမ့်ပေးနေလိုက်တယ်။မြရွက်ဝါအတော်ကြာအောင်ငိုပြီးသွားတဲ့အခါမှ ဒေါ်ခင်မေရီကမြရွက်ဝါကိုကရုဏာသက်စွာကြည့်လိုက်ပြီး
" သမီးကိုမေးမယ်...ဒေါ်ဒေါ့်ကိုအမှန်တိုင်းဖြေပါကွယ် "
ဒေါ်ခင်မေရီရဲ့အမေးကြောင့် မြရွက်ဝါကပါးပြင်ပေါ်ကလက်ကျန်မျက်ရည်စတွေကိုလက်ဖဝါးနဲ့ပွတ်သုတ်လိုက်ပြီး ဒေါ်ခင်မေရီကိုခေါင်းငြိမ့်ပြလိုက်တယ်။
" အမေပွင့်ပွင့်လင်းလင်းပဲမေးမယ်....သမီးမှာကိုယ်ဝန်ရှိနေပြီမဟုတ်လား...အဲ့ဒီကိုယ်ဝန်ကသားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်လား "
" ရှင် "
မြရွက်ဝါ ရှင်တစ်လုံးသာပြောနိုင်ပြီး နှုတ်ဆိတ်နေမိတယ်။
" ပြောပါသမီး ...မရှက်ပါနဲ့ကွယ်... ဒါက ရှက်ရမဲ့ကိစ္စမဟုတ်ဘူး..ဒီကိစ္စကို သားသိလား...သူမသိအမေကိုယ်တိုင် သူတို့ရုံးကို လိုက်သွားပြီး ...သားနဲ့
အဆက်အသွယ်ရအောင် ကြိုးစားမယ်...သမီးအကြောင်းကို ပြောမယ် "
"မ...မပြောပါနဲ့တော့ရှင် ....ပြောလဲ အရှက်ကွဲရုံအပြင် အကျိုးရှိမှာမဟုတ်ပါဘူး...သူနဲ့သူ့ရဲ့ တွဲဖက်သူဌေးမ နိုင်ငံခြားမှာ သွားလက်ထပ်ကြတာတဲ့ "
" ဘာ ...ဘာပြောတယ် သမီး .. ဟုတ်.... ဟုတ်လို့လားကွယ် ... ဒီသတင်းကို သမီးဘယ်ကြသိတာလဲ "
" သူတို့ရှေ့နေရုံးက ရှေ့နေ ပြောပြတာပါ ဒေါ်ဒေါ် "
" ဒါ..ဒါဆိုရင် ...ဒီ...ဒီကလေးကို သမီးဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ ...မွေးဖို့စဉ်းစားထားတာလား...သမီးအနေနဲ့မွေးဖို့စဉ်းစားထားရင်တော့ ပတ်ဝန်းကျင်ရဲ့ဒဏ်ကိုအတော်ခံရမှာသေချာတယ်...ဒါပေမဲ့ဒီကလေးကိုမွေးဖို့ သမီးဆုံးဖြတ်ထားတယ်ဆိုရင်မွေးပါကွယ်....သမီးကိုရောကလေးကိုရော ..အမေတာဝန်ယူစောင့်ရှောက်ပေးပါ့မယ်....သားသမီးတွေအတွက်လို့ ရည်ရွယ်ထားပြီးစုဆောင်းထားတဲ့လက်ဝတ်ရတနာတွေ အမေ့ဆီမှာရှိပါတယ်...အခုတော့သားသမီးတွေကိုလဲ ပေးစရာမလိုတော့ဘူးလေ...အဲ့ဒီတော့.သားကိုယ်စားမြေးလေးကိုအမေစောင့်ရှောက်ပေးမယ်...အမေနဲ့လိုက်ခဲ့ပါသမီး ...ဒီအရပ်မှာဆက်နေရင်တော့ သမီးရောမွေးလာမဲ့ကလေးပါမျက်နှာငယ်ရလိမ့်မယ်....ဘယ်သူမှမသိတဲ့နေရာမှာ အမေတို့ဘဝသစ်ကိုစကြမယ် "
ဒေါ်ခင်မေရီရဲ့စကားကြောင့် မြရွက်ဝါရင်ထဲတထိတ်ထိတ်လှုပ်ရှားသွားကာ ဒေါ်ခင်မေရီကိုမော့ကြည့်လိုက်မိတယ်။
~~~~~~~~~~~~~~~~~
" မင်းကိုကြည့်ရတာမလန်းပါလားမောင်မောင်....ဘာလဲတစ်ညလုံးဂိမ်းတွေဆော့နေတာလား,....ကားသမားဆိုတာအိပ်ရေးပျက်လို့မရဘူးကွ...ဒီနေ့တော့ မင်းအိမ်ပြန်နားလိုက်ကွာ...နောက်နေ့တွေဒီလိုမဖြစ်စေနဲ့ကွာ "
" ဟုတ်...ဟုတ်ကဲ့ပါဆရာ "
အထက်လူကြီးကပြန်ခိုင်းတော့လဲ ရဲမြတ်မောင်အိမ်ပြန်လာခဲ့လိုက်ရတယ်။အမေ့အိမ်ကထွက်လာခဲ့ပြီး ခြောက်လကျော်အတွင်းမှာ သူ့ဘဝကသူထင်ထားခဲ့သလိုပျော်ရွှင်စရာသုခဘုံမဟုတ်မှန်းသိလာခဲ့ရတယ်။မိခင်ကြီးဆီကတောင်းလာခဲ့တဲ့ငွေတွေကို မိုးရတနာတို့မိသားစုနဲ့အတူတူဖြုန်းပြီးပျော်ပါးခဲ့ကြတယ်။ဘာမင်္ဂလာမှလဲမဆောင်ဖြစ်ပါဘူး။ဒီတိုင်းပဲနေလိုက်ကြတယ်။သူ့မှာပါလာတဲ့ငွေကို ကုန်အောင်သုံးခွင့်တောင်မရလိုက်ပါဘူး မိန်းမနဲ့ယောက္ခမကြီးကနေ့တိုင်းငြူစူစောင်းမြောင်းနေပြောဆိုနေတော့တာလေ။အရင်က ဂိမ်းဆော့နေရင်းနဲ့ ချစ်သူဆီကဆဲသံကြားရင် ကျေနပ်သဘောကျခဲ့တဲ့ခံစားချက်ကြီးကနေ အခုချိန်မှာတော့ ကြောက်စရာခံစားချက်ကြီးဖြစ်နေခဲ့ပါပြီ။ ယောက္ခမနဲ့မိန်းမက ရဲမြတ်မောင်စားရင်လဲစားပြန်ပြီ။အိပ်ရင်လဲအိပ်ပြန်ပြီ။အပြင်ထွက်ရင်လဲထွက်ပြန်ပြီနဲ့ အချိန်ပြည့် ပြစ်တင်ပြောဆိုနေကြတာလေ။အမေ့အိမ်မှာနေတုန်းက အိပ်လိုက်စားလိုက်လည်လိုက်ပတ်လိုက်ဘဝကို ရဲမြတ်မောင်သတိရတမ်းတမိပေမဲ့ မပြန်ရဲလို့ လုံးဝမဆက်သွယ်ဘဲနေလာခဲ့တာခြောက်လတောင်ကျော်လာခဲ့လေပြီ။
ဆွေမျိုးသားချင်းတစ်ယောက်လောက်တော့ရှိမှဖြစ်မယ်မဟုတ်ပါလား။ဒါမှမဟုတ်အရှက်သိက္ခာတွေခဝါချပြီး ဟန်လင်းသန့်ရဲ့ရုံးကလူတွေကိုပဲပြောပြရမှာလားလို့ တွေးမိပြန်တယ်။လက်ထပ်ဖို့ပြောလိုက်ကာမှ ရှောင်ပြေးသွားတဲ့ချစ်သူက မြရွက်ဝါမှာကိုယ်ဝန်ရှိနေပါပြီလို့ ပြောလိုက်ရုံနဲ့ပြန်လာပါ့မလား။ပြန်မလာခဲ့ရင်ဘာတွေဆက်ဖြစ်ကြမလဲ။သူမတို့ချစ်သူတွေဖြစ်နေကြတာကိုသိတဲ့သူတွေကလဲ သူမတို့ညီအစ်မနဲ့ကြီးကြီးတို့မိသားစုပဲရှိတာ။လောလောဆယ် အစ်မကဘယ်ဆီရောက်နေမှန်းမသိရဘူး။ဒီလိုဆိုရင်ဖြင့် ကြီးကြီးတို့မိသားစုက သူမဘက်ကနေသက်သေလိုက်ပေးမှာလား။ပြီးတော့ ဟန်လင်းသန့်က ပန်းနုထွေးပြောသလိုပဲ သူဌေးမနဲ့ လက်ထပ်လိုက်ပြီဆိုရင်ရော ။မြရွက်ဝါဘာဆက်လုပ်ရမှာလဲ။ဦးခေါင်းကိုပြင်းပြင်းထန်ထန်ခါယမ်းလိုက်မိတယ်။မနာလိုမရှုစိမ့်တဲ့ မစ္ဆေရစိတ်ဆိုတာဆွေမျိုးသားချင်းတွေကြားမှာဖြစ်ပေါ်လာခဲ့ရင် သူစိမ်းတွေထက်တောင်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မြရွက်ဝါအတော်အသင့်နားလည်နေခဲ့ပါပြီ။တကယ်လို့ မြရွက်ဝါရဲ့အကြောင်းကိုသာ ကြီးကြီးတို့မိသားစုသိသွားခဲ့ရင်ဆိုတဲ့ အတွေးကို တွေးလိုက်မိတော့ ရင်ထဲမှာတုန်လှုပ်ချောက်ချားသွားမိတယ်။ဖြစ်နိုင်ရင် သူမ ကိစ္စကို တစ်လောကလုံးက လူတွေသိသွားခဲ့ရင်တောင် ကြီးကြီးတို့မိသားစုကို မသိစေချင်မိဘူး။ ဒါက သူမရဲ့ကိုယ်ကျင့်သိက္ခာအတွက် နောက်ဆုံးလက်ကျန်မာလေးပါပဲ။
~~~~~~~~~~~~
အလုပ်တွေကိုစက်ရုပ်တစ်ရုပ်လိုလုပ်ကိုင်နေရင်း မြရွက်ဝါရှင်သန်နေမိတယ်။မေ***သနိုင်တဲ့ဘဝမှာ ရှင်သန်နိုင်ဖို့အတွက်ကြိုးစားရမယ်မဟုတ်ပါလား။ပြီးတော့မြရွက်ဝါရဲ့သိက္ခာတွေကို အဖက်ဆယ်ဖို့အတွက် ဒီအရပ်ကနေအဝေးဆုံးကိုပြေးရမယ်ဆိုတာကိုလဲ မြရွက်ဝါတွက်ဆတွေးထားမိတယ်။ဒါပေမဲ့ သူမမှာပြေးဖို့အင်းအားသတ္တိတွေပျောက်ဆုံးနေမိတယ်။လင်ကောင်မပေါ်တဲ့ဗိုက်တစ်လုံးနဲ့မြရွက်ဝါဘယ်လိုရှင်သန်ရမှာလဲ။ခေတ်ကြီးက ဘယ်လောက်ပဲပွင့်လင်းလာပါတယ်ပြောပြော ကာယကံရှင်အနေနဲ့ဘယ်လောက်ထိကြောက်ရွံ့နေမိတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ဒီကြောက်ရွံ့စိတ်ကိုသိမှာပါ။တစ်ဖက်သားကို လွယ်လွယ်အပြစ်တင်တတ်ကြတဲ့လူတွေကြားမှာ ဘာကိုမှဂရုမစိုက်ဘဲရှင်သန်နေထိုင်နိုင်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာကို မြရွက်ဝါကိုယ်တိုင်ကြုံလာရတော့မှသိလာခဲ့ရတယ်။
" ဒေါက်...ဒေါက် "
နေ့စဉ်အချိန်မှန်လာတတ်တဲ့ ပစ္စည်းပို့သမားကလွဲလို့ တံခါးခေါက်သံတိတ်ဆိတ်နေခဲ့တာကြာပြီဖြစ်တဲ့ အခန်းတံခါးခေါက်သံ။မြရွက်ဝါရင်တွေတလှပ်လှပ်ခုန်ကာ တံခါးဝဆီကိုမျှော်လင့်ချက်ကြီးစွာနဲ့ထလာခဲ့မိတယ်။အတွင်းသစ်သားတံခါးကိုဖွင့်နေချိန်မှာလဲ လက်တွေကတဆတ်ဆတ်တုန်ယင်နေခဲလေတယ်။တံခါးခပ်ဟဟပွင့်သွားချိန်မှာတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် မြရွက်ဝါရဲ့ရင်ခုန်သံတွေအေးစက်သွားခဲ့ရတယ်။
" ဒေါ်ဒေါ် "
" ဒေါ်ဒေါ့်ကို တံခါးခဏလောက်ဖွင့်ပေးပါကွယ်...ဒေါ်ဒေါ့်မှာပြောစရာစကားတွေရှိလို့ပါ"
အမျိုးသမီးကြီးရဲ့စကားကြောင့်မြရွက်ဝါ တံခါးကိုဖွင့်ပေးလိုက်တယ်။
" ထိုင်ပါ ဒေါ်ဒေါ် "
မြရွက်ဝါအမျိုးသမီးကြီးကို နေရာပေးလိုက်ရင်အအေးဘူးနဲ့စားစရာအချို့ကိုသွားယူလိုက်တယ်။
" စားစရာတွေထားလိုက်ပါ သမီးရယ်...ဒေါ်ဒေါ့်မေးစရာရှိလို့လာခဲ့တာပါ ...ထိုင်ပါအုံးကွယ် "
အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအမျိုးသမီးကြီးရှေ့မှာ ဖျော့တော့စွာထိုင်ချလိုက်တယ်။
" သမီးကိုကြည့်ရတာ...အရင်ခေါက်တွေကနဲ့တခြားစီပဲကွယ်...အတော်လေးလဲပိန်သွားတယ်...မှန်စမ်း "
အမျိုးသမီးကြီးကပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့မျက်နှာကိုလက်နဲ့ကိုင်တွယ်စမ်းသပ်ရင်း သေချာစူးစိုက်ကြည့်တယ်။ပြီးတော့သက်ပြင်းရှည်ကြီးကိုချလိုက်တယ်။
" သမီးနဲ့မောင်ဟန်လင်းသန့်ဘယ်လိုဖြစ်သွားကြတာလဲကွယ်....မနေ့ကသူတို့ရုံးကိုဖုန်းဆက်လိုက်တော့ ...မောင်ဟန်လင်းသန့်ပြည်ပထွက်သွားတယ်...ကြာမယ်လို့ပြောတယ်...သမီးနဲ့လမ်းခွဲလိုက်ကြတာလား '
မြရွက်ဝါအမျိုးသမီးကြီးရဲ့အမေးကိုမဖြေဘဲ နှုတ်ဆိတ်နေမိတယ်။
" အင်း...သမီးမဖြေချင်ဘူးဆိုလဲ... ဒေါ်ဒေါ့်အကြောင်းတွေကို သမီးကိုအရင်ပြောပြပါ့မယ်ကွယ်...ဒေါ်ဒေါ်ကဟန်လင်းသန့်ရဲ့အမေပါကွယ် "
" ရှင် "
အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအံ့ဩတုန်လှုပ်သွာရတယ်။
" ဟုတ်ပါတယ်ကွယ်...ဒေါ်ဒေါ်တို့မိသားစုအကြောင်းကို အားလုံးပြောပြပါ့မယ် ...သမီးသည်းခံပြီးနားထောင်ပေးပါကွယ် "
" ဟုတ်..ဟုတ်ကဲ့ "
မြရွက်ဝါခေါင်းငြိမ့်ပြလိုက်ပြီး အမျိုးသမီးကြီးပြောသမျှကိုငြိမ်သက်စွားနားထောင်နေမိတယ်။အမျိုးသမီးကြီးက သူတို့မိသားစုဇာတ်ကြောင်းကိုပြောပြနေရင်း မျက်ရည်တွေတွေကျနေခဲ့သလို မြရွက်ဝါလဲနားထောင်နေရင်းက ချစ်ရသူကိုသနားလွန်းတာကြောင့်မျက်ရည်တွေကျလာခဲ့မိတယ်။
" အားလုံးဟာ ဒေါ်ဒေါ်လုပ်ခဲ့တဲ့အပြစ်တွေပါကွယ်.....ဒေါ်ဒေါ်ရက်စက်ခဲ့လို့ မိုက်လုံးကြီးခဲ့လို့...သားလေးမှာ စိတ်ဒဏ်ရာတွေအများကြီးရခဲ့တယ်...
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၁)
akyiphyu
********
မကိုင််တဲ့ဖုန်တွေက်ို အကြိမ်ကြိမ်ခေါ်ရင်း မြရွက်ဝါမှာလူမသိသူမသိရူးသွပ်တော့မလိုဖြစ်နေခဲ့ရတယ်။အစ်မဖြစ်သူဆီကို လုံးဝဆက်သွယ်လို့မရသလို ချစ်သူဟန်လင်းသန့်ဆီကိုလဲ ဆက်သွယ်လို့မရခဲ့ဘူး။ အရင်ရက်တွေကတော့ ချစ်သူကို စိတ်ဆိုးပြီး မြရွက်ဝါဘက်က ဖုန်းပိတ်ထားခဲမိတာ။ ခုရက်ပိုင်းတော့ မြရွက်ဝါဘက်က ဆက်သွယ်တာတာတောင် ဖုန်းလုံးဝမကိုင်တော့တာ။နောက်ဆုံးမှာတော့ဖြစ်ချင်ရာဖြစ်ဆိုပြီး ဟန်လင်းသန့်ရဲ့ရုံးခန်းလိပ်စာကဖုန်းနံပတ်ကိုဆက်ကြည့်လိုက်တယ်။၊
" ဟယ်လို ...ကိုဟန်လင်းသန့်နဲ့စကားပြောချင်လို့ပါရှင် "
" ဟုတ်ကဲ့ ...မင်္ဂလာပါရှင် သူဌေးပြည်ပခရီးစဉ်ထွက်သွားပါတယ်ရှင်.."
" ရှင်.."
ကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါအသက်ရှူရပ်မလိုဖြစ်သွားရတယ်။
" ဟုတ်ကဲ့ ...ကျွန်မတို့ဘက်ကဘာများကူညီပေးရမလဲရှင်...သူဌေးမရှိပေမဲ့...သူ့ရဲ့လက်ထောက်မန်နေဂျာရှိပါတယ်ရှင် "
တစ်ဖက်မိန်းကလေးရဲ့အသံက မြရွက်ဝါနားထဲကို သံရည်ပူတွေလောင်းချလိုက်သလိုစီးဝင်လာခဲ့တယ်။မြရွက်ဝါအားတင်းပြီးတော့ သိချင်တာကိုမေးလိုက်တယ်။
" ဟို..ဟို...ကိုဟန်လင်းသန့် ဘယ်တော့လောက်ပြန်ရောက်မလဲရှင် "
" ဟုတ်ကဲ့ ....သူဌေးပြန်လာမဲ့ရက်ကို အတိအကျပြောလို့မရပေမဲ့...အနည်းဆုံးသုံးလကနေတစ်နှစ်လောက်ကြာနိုင်ပါတယ်ရှင် "
" ရှင် "
" ဟုတ်ကဲ့ ...ကျွန်မတို့ဘာများကူညီပေးရမလဲရှင် "
တစ်ဖက်က မိန်းကလေးရဲ့အမေးကို မြရွက်ဝါမဖြေနိုင်တော့ဘဲ လက်ထဲကဖုန်းကဘုတ်ခနဲအောက်ကိုပြုတ်ကျသွားခဲ့ရသလို လူကလဲမိုက်ခနဲဖြစ်သွားကာလဲကျသွားခဲ့တယ်။
~~~~~~~~~~~~~~~
" ဒေါက်..ဒေါက် "
တံခါးခေါက်သံကြောင့် မြရွက်ဝါ တစ်ကိုယ်လုံးဆတ်ခနဲတုန်သွားရပြီး ကုလားထိုင်ပေါ်က အားယူကာထလိုက်မိတယ်။ပြီးတော့စိတ်ထဲလှုပ်ရှားတုန်လှုပ်ကာ တံခါးပေါက်ဆီကိုထလာခဲ့မိတယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ မြဲရွက်ဝါမြင်လိုက်ရတာက သူမမမျှော်လင့်ထားသောပန်းနုထွေးဖြစ်နေခဲ့တယ်။
" ငါ အထဲဝင်လို့ရလား မြရွက်ဝါ...."
ပန်းနုထွေးရဲ့အသံက ပေါ့ပါးပြီးရွှင်မြူူးသွက်လက်နေတယ်လို့ မြရွက်ဝါစိတ်ထဲခံစားလိုက်ရတယ်။
" အဘွားဘာခိုင်းလိုက်လို့လဲ ပန်းနု...အိမ်ထဲမှာဈေးရောင်းပစ္စည်းတွေနဲ့ရှုပ်ပွနေလို့ပါ "
" ဪ ...ဟုတ်လား...ဒါဆိုလဲ ဒီကပဲပြောတော့မယ်...နင့်အတွက်စေတနာနဲ့လာပြောပြတာနော်...ငါ့ကိုတော့ တစ်မျိုးမထင်စေချင်ဘူး...ညီအစ်မချင်းမို့ပြောပြတာ...နင့်ကို ...ဟန်လင်းသန့်ကဘာတွေပြောသွားသေးလဲ...သူနိုင်ငံခြားကိုချက်ချင်းကြီးထွက်သွားတာက သူနဲ့အလုပ်တွဲလုပ်နေတဲ့သူဌေးမနဲ့လက်ထပ်ကြဖို့လို့ အတွင်းသတင်းရတယ်....ဟိုရက်ပိုင်းခရီးသွားတုန်းကလဲ ... အဲ့ဒီသူဌေးမပါပါသွားတယ်လေ....နင်အဲ့ဒါတွေဘာမှမသိဘဲ ..သူပြောသမျှကိုယုံနေတာမဟုတ်လား ...အခုရောနင့်ကိုဆက်သွယ်နေသေးလား ....နင်မသိချင်ယောင်ဆောင်ပြီးမေးကြည့်ပေါ့ဟယ် "
မြရွက်ဝါက ပန်းနုထွေးကို မင်သက်ငေးမောကာကြည့်နေမိတယ်။နားထဲမှာတော့ ပန်းနုထွေးရဲ့အသံတွေကတိုးသွားလိုက်ကျယ်သွားလိုက်နဲ့ဖြစ်နေခဲ့တယ်။
" နင်ပြောနေတာက အမှန်တွေပဲလားပန်းနု...နင့်မှာသက်သေရှိလို့လား '
" သက်သေဟုတ်လား...နင့်ကများ ရှေ့နေဆီကသက်သေလာတောင်းနေသေးတယ်....သက်သေကဘာသက်သေကိုပြောတာလဲ....သူတို့အတူနေတဲ့သက်သေလား...အဲ့ဒီသက်သေကတော့ငါလဲ မပြပေးနိုင်ဘူး...ယုံတာမယုံတာနင့်သဘောပါ.....ဒါပေမဲ့သူတို့နှစ်ယောက်...နိုင်ငံခြားကိုအတူထွက်သွားကြတဲ့သက်သေတော့ ပြနိုင်တယ်...ဓါတ်ပုံတွေလဲရှိတယ်....နင်က...အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ...သူ့ကိုယုံကြည်နေတယ်ဆိုရင်လဲ နင့်သဘောပါပဲ ...ငါကတော့ သွေးသားချင်းမို့ပြောပြတာ ....သွားပြီ "
ပန်းနုထွေး အောက်ထပ်ကိုပြန်ဆင်းသွားခဲ့တော့ မြရွက်ဝါအခန်းတံခါးကိုပိတ်လိုက်ပြီး တံခါးရှေ့မှာကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်နေခဲ့မိတယ်။ကြားလိုက်ရတဲ့သတင်းစကားတွေကြောင့် ရင်ထဲမှာမီးတွေဟုန်းဟုန်းတောက်သလိုခံစားနေရပေမဲ့ မြရွက်ဝါငိုဖို့တောင်မေ့လျော့နေခဲ့မိတယ်။
~~~~~~~~~~~~~~~~
" မမြရွက်ဝါ ...ကိုယ်ဝန်ရှိနေတာကိုမသိဘူးလား...ဒါကသားဦးကိုယ်ဝန်နော် ဂရုစိုက်ရမယ်...လူကလဲအားအရမ်းနည်းနေတယ်...နောက်တစ်ခါလာရင်အဖော်ခေါ်လာခဲ့ပါ... တစ်ယောက်တည်းမလာပါနဲ့ "
ဆရာဝန်မရဲ့စကားတွေက မြရွက်ဝါရဲ့နားစည်ထိ ရိုက်ခတ်လာခဲ့တယ်။ဒီလိုအဖြစ်မျိုး ကြုံရနိုင်တာကို ကြိုတင်တွက်ဆထားခဲ့ပေမဲ့ တကယ်တမ်းကြုံဆုံလာရတဲ့အခါမှာတော့ မြရွက်ဝါေ***သွးပျက်ကာချောက်ချားလာမိတယ်။အရင်ကတော့ ချစ်သူကတာဝန်ယူမှာပဲလို့ တွေးထင်ထားခဲ့မိတာလေ။ ခုအချိန်မှာတော့ မြရွက်ဝါဘေးမှာ အားကိုးစရာဘယ်သူမှမရှိဘူး။အပြစ်ပြောမဲ့သူတွေနဲ့ သူမဘဝကို ရှင်သန်ချင်စိတ်ကင်းမဲ့သွားအောင်ထိုးနှက်ကြမဲ့သူတွေပဲရှိတော့တယ်။အချစ်ကြောင့်ဖြစ်ခဲ့ရတဲ့အမှားက မြရွက်ဝါစိုးရိမ်နေခဲ့မိသလိုမြရွက်ဝါဘဝကို သ...*တ်ခဲ့လေပြီ။အပျိုတစ်ယောက် ကလေးမွေးဖို့ဆိုတာ တော်ရုံသတ္တိရှိရုံနဲ့ဖြစ်နိုင်ပါ့မလား။ဘေးနားကနေဖေးမအားပေးနေမဲ့
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz
အပိုင်း ( ၁၉ )
https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz
အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz
အပိုင်း ၂၁
https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk
အပိုင်း ၂၂
https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk
အပိုင်း ၂၃
https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk
၂၄
https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc
၂၅
https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc
၂၆
https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9
၂၇
https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc
၂၈
https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz
၂၉
https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz
" ဟုတ်...ဟုတ်ကဲ့ ကိုမြတ်သူ....ဒီဘက်မှာ အလုပ်ကိစ္စလေးရှိလို့ပါရှင်....ထိုင်ပါအုံး "
မြရွက်ဝါက ပြန် နှုတ်ဆက်လိုက်တော့ ကိုမြတ်သူလဲ ခုံမှာဝင်ထိုင်လိုက်ပြီး နှစ်ယောက်သား သာကြောင်းမာကြောင်းမေးမိကြတယ်။ကိုမြက်သူကို အိမ်ထောင်ဖက်အဖြစ် လက်မခံနိုင်ပေမဲ့ မိတ်ဆွေတစ်ယောက်အဖြစ်လက်ခံနိုင်တာမို့ မြရွက်ဝါ ဖော်ဖော်ရွေရွေနဲ့ပဲ နှုတ်ဆက်လိုက်တာ။
" စကားပြောလို့လဲ ကောင်းပါတယ်ကိုမြတ်သူ ...မြရွက်ပြန်တော့မယ်နော် "
" ဟုတ်ကဲ့ မြရွက်....ကားငှားမှာလား ..ကျွန်တော်လိုက်ပို့ပေးပါ့မယ် "
" အို .... မဟုတ်တာ ရပါတယ် ကိုမြတ်သူ ....ကျေးဇူးတင်ပါတယ် ... မြရွက်ကားငှားပြီးပြန်မှာပါ ... အမေ့ "
ကိုမြတ်သူကို အငြင်းစကားပြောပြီး ထလိုက်ချိန်မှာ မြရွက်ဝါခေါင်းထဲမိုက်ခနဲဖြစ်သွားပြီး လူကယိုင်ခနဲလဲကျမလိုဖြစ်သွားတယ်။
" ဟာ မြရွက်ရရဲ့လား.....နေတွေတအားပူလို့ မြရွက်မောနေတာဖြစ်မယ် ....လာပါ မြရွက်ရယ် .....ကျွန်တော်ပြန်လိုက်ပို့ပေးပါမယ် .....ကျွန်တော်တို့ မိတ်ဆွေတွေပဲ အားနာဖို့မလိုပါဘူး "
ကိုမြတ်သူကအားမနာနဲ့ပြောပေမဲ့ မြရွက်ဝါအားနာမိသလိုမျက်နှာလဲပူနေမိတယ်။သို့ပေမဲ့ မြရွက်ဝါမှာစိတ်သာရှိပြီး လူကခေါင်းတွေတရိပ်ရိပ်မူးကာအားမရှိသလိုဖြစ်နေတာမို့ မငြင်းနိုင်တော့ဘဲ ကားပေါ်တက်ထိုင်လိုက်ရတော့တယ်။တစ်နေကုန်ပင်ပန်းထားလို့ ထင်ပါရဲ့။ဒီနေ့ကျမှ မဟန်နိုင်လောက်အောင်ခေါင်းကလဲတရိပ်ရိပ်မူးဝေနေခဲ့တယ်။
~~~~~~~~~~~~
" ရရဲ့လားမြရွက် ...ကျွန်တော်တွဲပေးရမလား "
ကိုမြတ်သူကကားကို တိုက်ရှေ့မှာထိုးရပ်လိုက်ပြီး မေးလိုက်တယ်။
" ရတယ် ကိုမြတ်သူ ...,မြရွက်သက်သာပါတယ်....ကျေးဇူးတင်ပါတယ်ကိုမြတ်သူ "
မြရွက်ဝါကိုမြတ်သူကို ကျေးဇူးတင်စကားပြောလိုက်ပြီးကားပေါ်ကဆင်းလိုက်တယ်။
" ကျွန်တော်လဲ အဘွားတို့ကိုနှုတ်ဆက်လိုက်အုံးမယ်...."
ကိုမြတ်သူက ပြောပြောဆိုဆိုနဲ့ကားပေါ်ကဆင်းလိုက်တယ်။မြရွက်ဝါလဲကားပေါ်ကဆင်းလိုက်ပြီးတိုက်ထဲဝင်ဖို့ပြင်လိုက်တယ်။
" ကျေးဇူးပါနော် ကိုမြတ်သူ ....အို "
ကိုမြတ်သူကိုနှုတ်ဆက်ပြီးလှည့်ထွက်ချိန်မှာ မြရွက်ဝါမဟန်နိုင်ဘဲယိုင်လဲကျသွားခဲ့ရတာမို့ ကိုမြတ်သူကလှမ်းထိန်းလိုက်ရတယ််။
" ရရဲ့လားမြရွက်....အစ်မကိုလှမ်းခေါ်လိုက်မလား...ကျွန်တော်လိုက်ပို့ပေးရမလား "
" ကျေး....ကျေးဇူးတင်ပါတယ် ကိုမြတ်သူ....ဖြုန်းခနဲမို့မူးသွားတာပါ....မြရွက်ကိုခွင့်ပြုပါအုံးရှင် "
မြရွက်ဝါ ကိုမြတ်သူကိုနှုတ်ဆက်ပြီးတော့ တိုက်ထဲကိုဝင်လာခဲ့လိုက်တယ်။ကိုမြတ်သူက မြရွက်ဝါကိုတစ်ခဏစောင့်ကြည့်နေပြီးမှ စတိုးဆိုင်ရှိရာဘက်ကိုလျှောက်သွားလိုက်တယ်။
~~~~~~~~~~~~~~~
ဟန်လင်းသန့်ကားကိုအရှိန်ပြင်းပြင်းနဲ့မေင်းထွက်လာခဲ့ပြီးနာနာကြည်းကြည်းနဲ့တောက်တစ်ချက်ခေါက်လိုက်မိတယ်။မျက်လုံးထဲမှာတော့ ကားပေါ်ကဆင်းလားကြပြီး နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့စကားပြောနေကြတဲ့ မြရွက်ဝါတို့ကိုမြင်ယောင်နေမိတယ်။မြင်ကွင်းကို မျက်စိထဲမှာမြင်ယောင်ရင်း ဟန်လင်းသန့်အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။လူကအညာခံအလှည့်စားခံလိုက်ရတယ်ဆိုတဲ့အသိစိတ်ကြောင့်လူသ...***တ်ချင်စိတ်ပေါက်အောင် ဒေါသတွေထွက်နေမိတယ်။
====================================
အပိုင်း( ၃၁) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
မနက်ဖြန် (၂)ပိုင်းတင်ပေးပါမယ်ရှင်
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
မညိုကိုပြောပြီးတော့ မြရွက်ဝါအခန်းထဲဝင်လာခဲ့လိုက်တယ်။အခန်းထဲရောက်တော့ ဖုန်းကိုယူကြည့်လိုက်တယ်။ဖုန်းမှာဟန်လင်းသန့်ဖုန်းခါခေါ်ထားပြီး စာပို့ထားတာကို တွေ့လိုက်ရတယ်။
" မြရွက်.... ကိုယ်အရေးတကြီးကိစ္စနဲ့ နယ်ဘက်ခဏသွားရမယ် ..... ဟိုမှာသုံးလေးရက်တော့ကြာမယ် ... ညကျရင်ဖုန်းခေါ်မယ် ...ဖုန်းကိုင်ပေးပါ "
ဖုန်းထဲကစာကိုဖတ်ပြီးတော့ မြရွက်ဝါဖုန်းကို ခေါင်းအုံးပေါ် ပစ်ချလိုက်တယ်။ဒီခရီးစဉ်မှာရော ဘယ်မိန်းမတွေပါသွားသေးလဲလို့ နာနာကျင်ကျင်နဲ့တွေးလိုက်မိတယ်။
~~~~~~~~~
ဒီနှစ်ရက်အတွင်းမှာ မညိုတစ်ယောက်မျက်နှာမကောင်းမှန်းသိပေမဲ့မြရွက်ဝါလဲ ကိုယ့်အပူနဲ့ကိုယ်မို့ အစ်မဖြစ်သူကိုဘာမှမမေးဘဲနေလိုက်မိတယ်။တစ်ညလုံးလိုလိုမြရွက်ဝါအိပ်မပျော်နိုင်ခဲ့ပေမဲ့မိုးလင်းခါနီးအချိန်မှာ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။
မြရွက်ဝါနိုးလာချန်မှာမနက်ခုနစ်နာရီထိုးတော့မယ်။တစ်အိမ်လုံးကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။အရင်ရက်တွေက ဒီလိုအချိန်ဆိုရင် နောက်ဖေးမီးဖိုချောင်ကနေချက်သံပြုတ်သံတွေကိုကြားနေကြမို့ မြရွက်ဝါရင်ထဲထိတ်ခနဲဖြစ်သွားကာ အစ်မဖြစ်သူရဲ့အခန်းကိုပြေးကြည့်လိုက်မိတယ်။
" မညို..မညို "
အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ မညိုကိုမတွေ့ရဘဲအခန်းကရှင်းလင်းတိတ်ဆိတ်နေခဲ့တယ်။မြရွက်ဝါရင်တွေတဒီန်းဒိန်းဆောင့်ခုန်သွားပြီး အဝတ်ဗီရိုတွေကိုအမြန်ဖွင့်ကြည့်လိုက်မိတယ်။အဝတ်အစားတွေက ပုံမပျက်ရှိနေတာမြင်လိုက်ရတော့မှ မြရွက်ဝါရင်ထဲကအပူလုံးကြီးကျသွားရတော့တယ်။စိတ်အေးလက်အေးနဲ့လူက အပြင်ကိုပြန်ထွက်ဖို့ပြင်လိုက်တော့မှ ခေါင်းအုံးတွေပေါ်မှာတင်ထားတဲ့ စာခေါက်လေးကိုတွေ့လိုက်မိတယ်။မြရွက်ဝါစာရွက်လေးကို ခြေတုန်လက်တုန်နဲ့ယူဖတ်ကြည့်လိုက်မိတယ်။
" မြရွက်....ငါထွက်သွားပြီ...ငါ့အတွက်စိတ်အေးချမ်းမှုပေးနိုင်တဲ့နေရာကိုထွက်သွားတာမို့ ...ငါ့အတွက်စိတ်မပူပါနဲ့ ...နင့်ကိုယ်နင်ဂရုစိုက်ပါ... ငါ့ကိုလိုက်မရှာနဲ့ ...အလုပ်ကိုဆက်လုပ်ပါ...."
စာဆုံးသွားချိန်အထိ မြရွက်ဝါစာရွက်ခေါက်လေးကိုကိုင်ပြီးကြောင်ငေးကာရပ်နေမိတယ်။ရုတ်တရက်ကြီးရင်ထဲမှာလစ်ဟာသွားပြီး ဆို့နင့်သွားတဲ့ခံစားချက်ကြီးကြောင့်လူကကြမ်းပြင်ပေါ်ခွေယိုင်ကာလဲကျသွားရတယ်။စာထဲမှာက စိတ်မပူနဲ့လို့ရေးထားခဲ့ပေမဲ့ မြရွက်ဝါရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေတပေါက်ပေါက်လိမ့်ဆင်းစီးကျလာခဲ့တယ်။
~~~~~~~~~~~
" ညည်းအေ အတူတူနေကြပြီးတော့ ..ကိုယ့်အစ်မရဲ့အရိပ်အခြည်ကိုတောင်မရိပ်မိဘူးလား ...အေးလေ...ညည်းလဲတစ်နေ့တစ်နေ့ပျော်ပါးနေရတော့ ကိုယ်အစ်မအခြေအနေကိုဘယ်သိနိုင့်ပါ့မလဲ..."
ကြီးကြီးကပြစ်တင်ပြောဆိုသံနဲ့ပြောလာခဲ့တယ်။
" စိတ်မပူပါနဲ့ မမမြရွက်...ဖူးဖူးလဲမမခွါညိုကိုဝိုင်းရှာပေးပါ့မယ် ..."
ညီမဝမ်းကွဲလေးဖူးဖုးကအားပေးစကားပြောတယ်။ဒေါ်လေးကတော့ စာကိုဖတ်ပြီးတော့ ငြိမ်သက်နေရာမှ
" သူကစိတ်မပူနဲ့လိုပြောသွားတာပဲ ....စိတ်ပူမနေနဲ့တော့မြရွက်....ကြည့်ရတာခွါညိုက ကြိုတင်စီစဉ်ထားတာဖြစ်ပုံရတယ်...."
အားလုံးပြောဆိုနေကြချိန်မှာ မြရွက်ဝါမျက်ရည်ပဲကျနေမိတယ်။သွေးသားဆိုလို့ ဒီညီအစ်မနှစ်ယောက်ပဲ ရှိတော့တဲဘဝမှာ တစ်ခုခုလုပ်မယ်ဆိုရင်တောင် ညီမချင်းတိုင်ပင်သင့်တယ်မဟုတ်ပါလား။မြရွက်ဝါက တစ်ကိုယ်တော်လွတ်လွတ်ကျွတ်ကျွတ်လို့နေလို့ရခဲ့ပေမဲ့ အစ်မဖြစ်သူနဲ့တူလေးအပေါ်ကိုသံယောဇဉ်ရှိလို့သာ ဒီဒုက္ခတွေကိုခံပြီးနေခဲ့တာကိုသိသိနဲ့ ဒီလိုလုပ်သွားရပ်တာကို ရင်ထဲနာသွားမိတယ်။မညိုရဲ့လုပ်ရပ်အတွက် မြရွက်ဝါရင်ထဲသိရှိနားလည်လိုက်တာက မြရွက်ဝါသံယောဇဉ်တွယ်တာမိတဲ့သူတွေကပဲ မြရွက်ဝါအပေါ်ပိုပြီးရက်စက်စိမ်းကားနိုင်ကြတယ်ဆိုတာကို သိရှိလိုက်တယ်။
~~~~~~~~~~~ မရှာနဲ့ဆိုပေမဲ့ မြရွက်ဝါ အိမ်မှာထိုင်မနေနိုင်တာမို့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းတွေဆီမှာလိုက်စုံစမ်းကြည့်တယ်။အွန်လိုင်းပေါ်က အသိမိတ်ဆွေတွေကိုပါမချန်လိုက်မေးမိတယ်။အသိမိတ်ဆွေ သီလရှင်ကျောင်းတွေပါမကျန် လိုက်ရှာနေမိတာ။လူကတစ်နေကုန် သွားရလွန်းလို့ မောဟိုက်နေခဲ့ပြီ။အရင်က ဒီလောက်ကို ခံနိုင်ရည်ရှိပေမဲ့ ခုရက်ပိုင်းထဲ နေရတာမောပန်းသလိုလိုဖြစ်နေမိတယ်။သောကတွေ ဒီလောက်ခံစားနေရတော့မှလဲ မြရွက်ဝါလဲ ခံနိုင်ရည်မရှိတော့ပါဘူး ။ သူမအပေါ် ရက်စက်နိုင်လွန်းကြတဲ့သူတွေကိုလဲ ရင်ထဲနာကြည်းမိသလိုပါဖြစ်လာမိတယ်။ချစ်သူက နားလည်ရခက်လို့ အစ်မဖြစ်သူကိုတိုင်ပင်ရမလား တွေးနေမိချိန် အစ်မဖြစ်သူက မပြောမဆိုနဲ့ ထားသွားခဲ့တယ်။အစ်မဖြစ်သူ ထွက်သွားလို့ ချစ် သူကို အားကိုအကူအညီတောင်းဖို့ တွေးမိပြန်တော့လဲ ချစ်သူကလဲ စာတစ်ကြောင်းနဲ့ထားခဲ့ပြန်တယ်။ တကယ်တော့အားလုံးဟာ တစ်ကိုယ်ကောင်းဆန်ကြသူတွေချည်းပါပဲ။
" မြရွက် "
မြရွက်ဝါ မောလွန်းလို့ လူရှင်းတဲ့ လမ်းဘေးအအေးဆိုင်တစ်ဆိုင်မှာထိုင်သောက်နေခဲ့တာ။ ဘေးကခေါ် သံကြားလို့ မြရွက်ဝါလှည့်ကြည့်လိုက်မိတော့ မမျှော်လင့်ထားသူကို တွေ့လိုက်ရတယ်။
" ကိုမြတ်သူ "
" မြရွက်နဲ့တူတယ်ဆိုပြီး ကြည့်နေတာ ....ဒီဘက်ကို ကိစ္စရှိလို့လား "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃၀ )
akyiphyu
********
တံခါးဝနားမှာ မြရွက်ဝါအတော်ကြာကြာစောင့်နေတဲ့အထိ ဖုန်းသံလဲမကြားရသလို တံခါးခေါက်သံကိုလဲ မကြားခဲ့ရပါဘူး။မြရွက်ဝါနေရာမှာဆက်ပြီးရပ်နေနိုင်စွမ်းမရှိတော့တာမို့ အခန်းထဲကပိုက်ဆံအိတ်သွားယူလိုက်ပြီး ဖုန်းကိုအခန်းထဲမှာ ထားခဲ့လိုက်တယ်။
မြရွက်ဝါအံကိုကြိတ်လို့ တိုက်အောက်ကို ဆင်းလာခဲ့လိုက်တယ်။တိုက်အောက်ကိုရောက်ချိန်မှာ ကြီးကြီးတို့အခန်းဘက်ကို နာနာကြည်းကြည်းနဲ့တစ်ချက်စောင်းငဲ့ကြည့်လိုက်မိပြီး ချာခနဲကျောခိုင်းလှည့်ထွက်ခဲ့လိုက်တယ်။
~~~~~
သားဖြစ်သူရဲမြတ်မောင် ရုတ်တရက် အိမ်ပြန်ရောက်လာလို့ မြခွါညိုမှာရင်ထဲစိုးထိတ်နေမိချိန်မှာပဲ သားဖြစ်သူက သူအိမ်ပြန်လာခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောလာခဲ့လေပြီ။
" ဘာ...ဘာပြောလိုက်တယ်မောင်မောင်....မင်းဘာပြောလိုက်တယ် "
မြခွါညို သားဖြစ်သူကိုကြည့်ပြီး မယုံကြည်နိုင်စွာမေးလိုက်မိတယ်။
" ကျွန်တော်နိုင်ငံခြားသွားဖို့အတွက် ငွေသွင်းဖို့ကျန်တဲ့ငွေကို... ကျွန်တော့်ကိုပေးလိုက်ပါ ....အဲ့ဒီငွေရပြီးရင် ကျွန်တာ် ဒီအိမ်ကိုလုံးဝပြန်မလာတော့ပါဘူး...ကျွန်တော့်ကိုလဲပြန်မလာစေချင်ဘူးမဟုတ်လား "
" ဒီငွေကိုတောင်းတယ်ဆိုတော့ ...မင်းကဘာလုပ်မလို့လဲ နိုင်ငံခြားမသွားတော့ဘူးလား...ဘာအဓိပ္ပါယ်နဲ့ပြောတာလား ရှင်းရှင်းပြောစမ်းပါ...မင်းတို့ဘာတွေကြံစည်ထားကြတာလဲ...ငါမပေးနိုင်ဘူး "
မြခွါညိုအသံမာမာနဲ့ပြောပစ်လိုက်တယ်။
" ဘာလို့မပေးနိုင်ရတာလဲ အမေ...အဲ့ဒီငွေကကျွန်တော့်အတွက်ပဲမဟုတ်လား...ကျွန်တော်နိုင်ငံခြားမသွားတော့ဘူး...ဒီမှာပဲအလုပ်လုပ်တော့မယ်...အဲ့ဒီငွေကကျွန်တော်အတွက် ရည်ရွယ်ထားတဲ့ငွေဆိုတော့ ကျွန်တော့်ကိုပေးပါ ...ကျွန်တော်မိန်းမယူတော့မယ်....အမေကကျွန်တော့်ချစ်သူကို အသိအမှတ်မပြုဘူးမဟုတ်လား...စိတ်ချပါ... ဒီငွေရပြီးတာနဲ့ အမေတို့နဲ့လုံးလာမပတ်သက်တော့ဘူး....မိဘရဲ့တာဝန်အရဒီငွေတွေကိုတော့ ကျွန်တော့်ကိုပေးပါ..."
သားဖြစ်သူရဲ့စကားကြောင့် မြခွါညိုရဲ့နှလုံးသားတွေ တစ််စစီကြေမွသွားသလိုခံစားလိုက်ရတယ်။ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ကြည့်နေတဲ့သားဖြစ်သူကို ထိတ်လန့်တုန်လှုပ်ကာကြည့်နေမိရင်း
" မင်း...မင်းမို့ပြောထွက်တယ်...ဒီငွေတွေကိုငါမပေးနိုင်ဘူးဆိုရင်ရော မင်းဘာလုပ်မလဲ "
မိခင်ဖြစ်သူရဲ့စကားကြောင့် ရဲမြတ်မောင်ရဲ့မျက်နှာပျက်သွားခဲ့ပြိး
" မပေးလဲ ရအောင်တောင်းမှာပါ...ကျွန်တော့်အတွက် အမေ့ဒီလောက်တော့တာဝန်ယူရမှာပဲ .....ဒါကမိဘတာဝန်ပဲ.....ဒီတာဝန်တွေကိုမယူနိုင်ဘဲနဲ့ဘာလို့မွေးထားသေးတာလဲ....ကျွန်တော့်ကိုပိုက်ဆံပေးပါ...မပေးရင် ကျွန်တော့်ဘာသာရှာမှာနော် "
ရဲမြတ်မောင်က ပြောပြီးတာနဲ့နေရာကထလိုက်တယ်။ပြီးတော့ မိခင်ဖြစ်သူရဲ့အခန်းထဲကိုဝင်သွားဖို့ခြေလှမ်းပြင်လိုက်တယ်။
" ရဲမြတ်မောင် နေအုံး...ငါယူပေးမယ်"
မြခွါညိုနေရာကထလိုက်ပြီးအခန်းထဲကို ဝင်ခဲ့လိုက်တယ်။
အခန်းထဲကငွေထုပ်ကိုယူလာပြီးတော့ ငွေထုပ်နဲ့အတူဖိုင်တစ်ချို့ကိုပါထုတ်ယူလာခဲ့လိုက်ပြီး အားလုံးကိုရဲမြတ်မောင်ရှေ့မှာပုံချပေးလိုက်တယ်။၏
" ဒီမှာငွေ..ဒါတွေကနိုင်ငံခြားသွားဖို့လုပ်ထားတဲ့စာရွက်စာတမ်းတွေ...ဒီမှာမှတ်ပုံတင်နဲ့သန်းခေါင်စာရင်းမိတ္တူလဲပါတယ် ...ယူသွားလိုက်ပါ..."
မြခွါညိုက သားဖြစ်သူရဲ့မျက်နှာကိုလုံးဝမကြည့်တော့ဘဲ အေးဆေးစွာပြောလိုက်ပြီး သူမအခန်းထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။
သူ့စကားကြားရင် မိခင်ဖြစ်သူထပြီးသောင်းကျန်းနိုင်တာမို့ ငွေကိုမရရတဲ့နည်းနဲ့တောင်းမယ်လို့ ဆုံးဖြတ်လာခဲ့တဲ့ ရဲမြတ်မောင်မှာ မိခင်ဖြစ်သူရဲ့အေးစက်တည်ငြိမ်သွားတဲ့ အပြုအမူကြောင့် အံ့ဩကာနေမိတော့တယ်။
~~~~~~~~~~~~~~~
မြရွက်ဝါတစ်နေကုန်နီးပါး အပြင်မှာနေခဲ့ပြီး မိုးချုပ်မှောင်တော့မှ အိမ်ကိုပြန်လာခဲ့လိုက်တယ်။အိမ်ထဲဝင်လိုက်ချိန်မှာ အိမ်က မီးလာရက်ဖြစ်ပါရဲ့နဲ့ မှောင်နေတာမို့ ရင်ထဲထိတ်ခနဲ ဖြစ်သွားမိတယ်။
"မညို ...မညို "
" ချောက် "
မြရွက်ဝါမီးခလုတ်တွေကို စမ်းဖွင့်လိုက်ရင်း အစ်မဖြစ်သူကိုခေါ်လိုက်မိတယ်။
" ငါရှိတယ် "
"အမေ့ "
အသံနဲ့အတူ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့အစ်မဖြစ်သူကိုတွေ့လိုက်ရတယ်။
" လန့်သွားတာပဲ မညိုရယ် ...နေမကောင်းလို့လား ...ဘာဖြစ်လို့လဲ "
မြရွက်ဝါစိုးရိမ်ပြီး မေးလိုက်မိတယ်။
" ဘာမှမဖြစ်ပါဘူး ..နေ့လယ်က မောင်မောင်ပိုက်ဆံလာတောင်းလို့ ပိုက်ဆံတွေပေးလိုက်ပြီ ...."
"ဘယ်လို ပိုက်ဆံတွေပေးလိုက်ပြီဟုတ်လား ... နိုင်ငံခြားက တကယ်မသွားဖြစ်တော့တာလား "
" အင်း ...လကုန်ကတည်းက ငွေသွင်းရမှာလေ ... ငါ့ဘက်က တာဝန်ကျေသင့်သလောက် ကျေပြီလို့ ထင်တယ် ...ဒီညတော့ နင်ပဲအလုပ်ဆက်လုပ်လိုက်ပါ ....ငါအိပ်တော့မယ် "
" ဟုတ် ... ဟုတ်ကဲ့ မညို...ရတယ် သွားအိပ်လေ ...မြရွက်ရေချိုးပြီးတာနဲ့လုပ်လိုက်ပါ့မယ် "
ညရှစ်နာကျော်မှာတံခါးခေါက်သံကြောင့် မြရွက်ဝါကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။ဒီနေ့ပြန်မလာဘူးပြောပြီး သူများပြန်လာတာလားဆိုတဲ့ အတွေးဝင်လာပြီး လူကအသားတွေပါတဆတ်ဆတ်တုန်လာတယ်။
" မြရွက်တံခါးခေါက်နေတယ်...ဒီအချိန်ကြီးဘယ်သူလဲမသိဘူး...ဟန်လင်းသန့်နဲ့ချိန်းထားလို့လား.."
" ဟင့်အင်းမချိန်းပါဘူး....သူဒီနေ့အလုပ်ကိစ္စရှိလို့ပြန်မလာဘူးတဲ့...မြရွက်သွားဖွင့်လိုက်ပါ့မယ် "
မြရွက်ဝါပြောပြီးတော့ တံခါးနားကိုထလာခဲ့လိုက်တယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ မြရွက်ဝါတွေ့လိုက်ရတာက ကြီးကြီးဖြစ်နေခဲ့တယ်။
" ကြီးကြီး... ဘာခိုင်းစရာရှိလို့လဲ "
" အေးဟယ်...သမီးတို့အဘွားကိုနည်းနည်းလောက်လာနှိပ်ပေးပါလားကွယ်....ခါတိုင်းဆိုရင် ပန်းနုနဲ့နှိပ်ပေးနေကြလေ ...ဒိနေ့မှပန်းနုကမောင်ဟန်လင်းသန့်တို့နဲ့ခရီးထွက်သွားလို့လေ...မနက်ဖြန်တော့ပြန်ရောက်မယ်ပြောတယ်...သမီးအားရဲ့လား....မအားရင်လဲနေပါတော့ကွယ် "
" ရှင် "
ကြီးကြီးရဲ့စကားကြောင့် မြရွက်ဝါအသက်မဲ့သွားသူလိုကြောင်ငေးငေးကြီးဖြစ်သွားမိတယ်။ဒီအချိန်မှာပဲ မြရွက်ဝါတို့နားကို ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ မညိုကမြရွက်ဝါကိုတွန်းဖယ်လိုက်ပြီး
" ခွါညိုလိုက်ခဲ့မယ်ကြီးကြီး...မြရွက်ကဝယ်သူကိုစားရင်းလုပ်ပေးနေရတာမို့ပါ "
" အေး...အေး ...ပြီးရော..လာလေသွားကြမယ် "
မညိုနဲ့ကြီးကြီးတို့အောက်ထပ်ကိုပြန်ဆင်သွားတဲ့အချိန်ထိ မြရွက်ဝါနေရာမှာအသက်မဲ့သူလိုရပ်နေခဲ့မိတယ်။ရင်ထဲမှာဟာဆင်းသွားခဲ့တဲ့ခံစားချက်ကြီးက မြရွက်ဝါတစ်သက်မှာအဆိုးဝါးဆုံးခံးစားချက်ကြီးပါပဲ။ရင်ထဲက ကလီစာတွေအကုန်လုံးဆွဲနှုA*တ်ယူခံလိုက်ရသလိုခံစားလိုက်ရပြီး လူကသတိကင်းလွတ်သူလိုဖြစ်သွားခဲ့မိတယ်။တစ်နေ့တစ်မနက်တည်းနဲ့ချက်ချင်းကြီးပြောင်းလဲသွားတဲ့ကံကြမ္မာကိုလဲ မယုံနိုင်လောက်အောင်ဖြစ်နေမိတယ်။ချစ်သူကသူမရဲ့ဘဝကိုပိုင်ဆိုင်လိုက်ရပြီမို့ သူမကိုစွန့်ပစ်လိုက်လေပြီလားလို့ အတွေးဝင်လာမိတော့ လူကပိုပြီးချောက်ချားသွားမိတယ်။သူမတကယ်ပဲ ကြီးကြီးပြောသလို အရှက်တကွဲအကျိုးနည်းဖြစ်ရတော့မှာလားလို့ပါ ထိတ်လန့်တုန့်လှုပ်စွာတွေးလိုက်မိတယ်။ကြားလိုက်ရတဲ့စကားတွေအတွက် မြရွက်ဝါငိုဖို့မေ့လျော့နေတဲအထိပါ.ချောက်ချားတုန်လှုပ်နေမိတယ်။
~~~~~~~~~~~
တစ်ညလုံးတလူးလူးတလိမ့်လိမ့်နဲ့မြရွက်ဝါအိပ်မပျော်နိုင်ခဲ့တာမို့ မနက်မလင်းခင်ကတည်းက အလုပ်တွေထလုပ်နေမိတယ်။မညိုကတော့ မြရွက်ကိုဘာမှမပြောဘဲ ဒီတိုင်းပဲလွှတ်ထားပေးတာမို့ မြရွက်စိတ်ထဲကနေကျေးဇူးတင်လိုက်မိတယ်။အခုလဲမညိုဈေးသွားတာမို့ မြရွက်ဝါတစ်ယောက်တည်းအိမ်မှာရှိနေခဲ့တယ်။မြရွက်ဝါအလုပ်လုပ်နေရင်းနဲ့ တိုက်ရှေ့ကားလမ်းမပေါ်က ကားသံကြားတိုင်း ခေါင်းထောင်ကြည့်မိတယ်။လူကဝရန်တာမှာထိုင်နေတာမို့ တ်ိုက်ရှေ့လမ်းမကိုလဲ ရှင်းရှင်းလင်းလင်းမြင်နေရတယ်။စိတ်ထဲနာကျင်နေမိတယ်ဆိုပေမဲ့ မြရွက်ဝါချစ်သူကိုမျှော်နေမိတာပါ။
~~~~~~~~~~~~~~~~
မြင်ဖူးနေကြကားလေးတစ်စီး အိမ်ရှေ့မှာထိုးရပ်သွားတာမို့ မြရွက်ဝါလည်ပင်းလေးမော့ပြီး ဝရန်တာကနေ အသာချောင်းကြည့်လိုက်မိတယ်။မြရွက်ဝါကြည့်နေစဉ်မှာပဲ ကားပေါ်ကနေဆင်းလာကြတဲ့ ဟန်လင်းသန့်နဲ့ပန်းနုထွေးကိုတွေ့လိုက်ရတာမို မြရွက်ဝါသံပန်းအကွယ်ကိုဖျတ်ခနဲခြေလှမ်းတွေဆုတ်လိုက်ပြီး မမြင်ကွယ်ရာကနေကြည့်လိုက်မိတယ်။နှစ်ယောက်သား ကားပေါ်ကဆင်းလာကြပြီးတော့ စကားတွေရပ်ပြီးပြောနေကြသေးတယ်။ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ပန်းနုထွေးက ဟန်လင်းသန့်ဘက်ကိုယိမ်းယိုင်သွားပြီး ဟန်လင်းသန့်က အမြန်လှမ်းထိန်းဖက်လိုက်တာကို မြရွက်ဝါတွေ့လိုက်ရတယ်။မြင်ကွင်းကိုကြည့်ပြီး မြရွက်ဝါရင်ထဲမှာမီးတွေဟုန်းဟုန်းတောက်လောင်သွားသလိုခံစားလိုက်ရတယ်။ဟန်လင်းသန့်က လက်ဆွဲအိတ်ကိုဆွဲပြီးတော့ ပန်းနုထွေးနဲ့ဘေးချင်းယှဉ်လျှောက်သွားပြီး စတိုးဆိုင်ထဲကိုဝင်သွားတာကိုမြင်လိုက်ရချိန်မှာတော့ မြရွက်ဝါရဲ့ခြေထောက်တွေညွှတ်ခွေကာကျသွားရတယ်။ရင်ဘတ်တစ်ခုလုံးလဲဆို့နင့်ကာ ပါးပြင်ပေါ်ကို မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျလာခဲတယ်။မြရွက်ဝါခြေကိုတရွတ်ဆွဲပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
====================================
အပိုင်း( ၃၀ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
နှုတ်ကမရဲဖြစ်နေခဲ့မိတယ်။နောက်ဆုံးမှာတော့ လက်ထပ်ကြဖို့ကိုမြရွက်ဝါဘက်ကပဲအရဲစွန့်ပြောဖို့ဆုံးဖြတ်လိုက်မိတယ်။ဒီလိုစဉ်းစားမိလိုက်တော့လဲ ရင်ထဲမှာရှက်သလိုဝမ်းနည်းသလိုအားငယ်သလိုခံစားနေရပြန်တယ်။နောက်ထပ်စိုးရိမ်နေမိတာတစ်ခုက ချစ်သူကသူမကိုတကယ်မချစ်ပါဘဲနဲ့ တာဝန်ကြောင့်ခေါင်းငြိမ့်လက်ခံလိုက်ရတာမျိုးဖြစ်သွားမှာကိုလဲကြောက်နေမိတယ်။ဒီလိုဝေခွဲမရတဲ့စိတ်တွေနဲ့မြရွက်ဝါ လွတ်လွတ်လပ်လပ်မပျော်နိုင်ခဲ့တာကြာပါပြီ။ခေတ်နောက်ပြန်ဆွဲတယ်လို့ပဲပြောပြော ချစ်စိတ်ကြောင့်မှားသွားခဲ့မိတဲ့တစ်ညတာအမှားအတွက် မြရွက်ဝါတစ်ရက်မှစိတ်အေးလက်အေးမရှိခဲ့ရဘူး။ထစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးတွေခေါင်းထဲကိုဝင်ရောက်လာခဲ့မိတိုင်း မတော်တဆအမှားအယွင်းတွေများဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့ပဲ နေ့နေ့ညညတွေးနေခဲ့မိတော့တယ်။ဒီကြားထဲ ပန်းနုထွေးတို့မထိတထိပြောနေတဲ့ ဟန်လင်းသန့်ရဲသတင်းတွေကလဲ ဘာတွေမှန်းမသိတော့ဘူး။ကြာတော့ အဘွားကခေါ်ရင်တောင် ကြီးကြီးတို့အခန်းကိုသွားရမှာကို မြရွက်ဝါ ကြောက်နေမိတယ်။မြရွက်ဝါသွားပြီးဆိုရင် သားအမိတွေဘာတွေပြောနေမှန်းကိုမသိတော့တာ။မနာလိုမှုကအဲ့ဒီလောက်ထိကြောက်ဖို့ကောင်းလိမ့်မယ်လို့ မြရွက်ဝါမထင်ခဲ့မိတာ။အခုတော့ သားအမိတွေက မြရွက်ဝါရဲ့စိတ်ဓါတ်ကိုအမျိုးမျိုးကိုတိုက်ခိုက်နေကြတော့တာလေ။
~~~~~~~~~~~
"မြရွက်တို့ ဘယ်တော့ လက်ထပ်ကြမှာလဲ ကိုလင်း "
မြရွက်ဂါရဲ့စကားကြောင့် ဟန်လင်းသန့်ဆတ်ခနဲ တုန်သွားပြီး ခပ်ဖွဖွဆုပ်ကိုင်ထားခဲ့တဲ့ မြရွက်ဝါရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်းဖျစ်ညှစ်လိုက်မိတယ်။ဒီစကားက သူ့ဘ၀မှာ ကြောက်ရွံ့ခဲ့သောစကားမဟုတ်လား။
" လက်...လက်ထပ်ကြဖို့ ဟုတ်လား ..... ဘာ...ဘာလို့လဲ ...ဘာလို့ အဲ့ဒီလောက်မြန်မြန်ကြီးလဲ ..... ကိုယ်တို့တွေ ဒီတိုင်းလွတ်လွတ်လပ်လပ်တွေ့လို့ရနေတာပဲလေ ...ကိုယ်လဲမြရွက်ကိုချစ်တယ် ...မြရွက်လဲ ကိုယ့်ကိုချစ်တယ်လေ ... ချစ်သူတွေအဖြစ် လွတ်လွတ်လပ်လပ်နေလို့ရတာပဲ မဖြစ်မနေလက်ထပ်မှဖြစ်မှာလား "
"ရှင် "
ဒီတစ်ခါ အံသြတုန်လှုပ်သွားရသူက မြရွက်ဝါပဲဖြစ်တယ်။မြရွက်ဝါ ချစ်သူကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်လိုက်မိပြီး
" ချစ်သူတွေဖြစ်ပြီဆိုကတည်းက ...တစ်နေ့လက်ထပ်ဖို့ပဲ မဟုတ်လားကိုလင်း ...မြရွက်မှာလဲ အသိုင်းအဝိုင်းနဲ့ဂုဏ်သိက္ခာရှိတယ်လေ ...မြရွက်တို့ ဒီအတိုင်းချစ်နေလို့မပြီးသေးဘူးလေ ....လူမြင်တင့်အောင် လူသိရှင်ကြား လက်ထပ်ရမှာပေါ့ ...ကိုလင်းရောမြရွက်ပါအသက်တွေလဲ မငယ်ကြတော့ဘူးလေ "
ဟန်လင်းသန့် ချစ်သူရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
" မြရွက်.... ကိုယ်ပြောတာကို နားထောင်ပါအုံး ....တခြားသူတွေရဲ့ အမြင်ကြောင့်တော့ ကိုယ်တို့လက်မထပ်နိုင်ဘူး ...လက်ထပ်ဖို့အတွက် ကိုယ်အဆင်သင့်မဖြစ်သေးဘူး.... ကိုယ့်ဘ၀မှာ လက်ထပ်ဖို့ တစ်ခါမှ မတွေးဖူးဘူး "
" ဘယ် ...ဘယ်လိုကိုလင်း ... ဒါ...ဒါဆိုရင် မြ...မြရွက်နဲ့ လက်ထပ်ဖို့ တစ်ခါမှမတွေးခဲ့ဖူးဘူးလားဟင် ....မြရွက်ကို အပျော်တွဲခဲ့တာလား "
မြရွက်ဝါတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နဲ့ မေးလိုက်မိတယ်။
"ကိုယ် ... မြရွက်ကိုချစ်တယ် ...ချစ်လို့လဲ မြရွက်အတွက် အလုပ်..အိမ်အားလုံးကို စီမံပေးမယ်လေ .... လက်ထပ်ကြဖို့အတွက်တော့ မဖြစ်နိုင်ဘူး "
မြရွက်ဝါ အံ့သြတုန်လှုပ်ကာ သူ့လက်တွင်းက ဆောင့် ရုန်းပစ်လိုက်ပြီး နာကြည်းစွာ အံလေးကို ကြိတ်လိုက်မိတယ်။
" ဒီ..ဒီလိုအိုရင် မြရွက်ကို လက်ထပ်ဖို့စိတ်ကူးမရှိဘဲ တွဲခဲ့တာပေါ့လေ.....မြရွက်သိသွားပါပြီ....ကိုလင်းဆုံးဖြတ်ပါ ...မြရွက်ကို လက်ထပ်ဖို့အထိချစ်တယ်ဆိုရင်ဆက်သွယ်ပါ ...ဒါမှမဟုတ် ...လက်ထပ်စိတ်ကူး လုံးဝမရှိဘူးဆိုရင် မြရွက်ဘက်ကလဲ စဉ်းစားဖို့အချိန်လိုပါတယ် ....မြရွက်တို့ တစ်ယောက်နဲ့တစ်ယောက်နားလည်နိုင်မှ ဆက်သွယ်ကြမယ် .....မြရွက်ကို လက်ထပ်ဖို့ရည်ရွယ်ချက်မရှိဘဲ မဆက်သွယ်ပါနဲ့ မြရွက် ....ရှင့်ကို ဘယ်လောက်ချစ်ချစ် အပျော်မယားလိုဘဝမျိုးနဲ့ မနေနိုင်ဘူး "
ပြောပြီးတာနဲ့ မြရွက်ဝါ ပြေးထွက်လာခဲ့မိတယ်။
" မြရွက် "
ဟန်လင်းသန့်ရဲ့ခေါ် သံကိုကြားပေမဲ့ မြရွက်ဝါလှည့်မကြည့်ဖြစ်တော့ဘူး။ဒီအခါမှာ ဟန်လင်းသန့်ကလဲ အရင်လို နောက်က ထလိုက်မလာခဲ့ဘူး။ မြရွက်ဝါရင်တွေ ကွဲကြေလုမတတ်ဖြစ်ခဲ့ရပါပြီ။
~~~~~~~~
" မြရွက်..ကိုယ်ဒီနေ့ညကြေငြာရိုက်ကူးရေးတစ်ခုရှိလို့ အိမ်ပြန်နောက်ကျလိမ့်မယ် ...အခုက ရန်ကုန်မြို့ပြင်က အပန်းဖြေစခန်းတစ်ခုမှာရောက်နေတာ...မနက်ဖြန်မှတွေ့မယ်နော်..."
ဖုန်းထဲကိုပို့လိုက်တဲ့စာတိုလေးကိုဖတ်လိုက်ပြီး မြရွက်ဝါအံလေးကိုကြိတ်ထားလိုက်မိတယ်။အရင်ရက်တွေကလဲ ဒီလိုတွေဖြစ်တတ်တယ်ဆိုပေမဲ့ ဒီနေ့လိုမျိုး မြရွက်စိတ်ဆိုးနေမှန်းသိသိနဲခရီးထွက်သွားတာကိုတော့ ရင်ထဲနာကျင်သွားမိတယ်။မြရွက်မှားခဲ့လေပြီလား။လက်ထဲကဖုန်းကိုပါဝါပိတ်ပစ်လိုက်ပြီး မြရွက်ဝါအလုပ်ပဲဆက်လုပ်နေလိုက်တယ်။
~~~~~~~~~~~~~
" ဒေါက်....ဒေါက် "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၉ )
akyiphyu
********
ဟန်လင်းသန့် သူပြောပြီးတော့ ကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်နဲ့ငြိမ်သက်စွာထိုင်နေခဲ့မိတယ်။
မြရွက်ဝါအံလေးကို ခပ်တင်းတင်းကြိတ်ထားလိုက်မိတယ်။ရင်ထဲမှာတော့နာကျင်ပြိုလဲကာ လူကသတိကင်းလွတ်ချင်သလိုလိုဖြစ်သွားမိတယ်။မြရွက်ဝါငြိမ်သက်နေရာမှ ခြေလှမ်းတွေကို စတင်လှုပ်ရှားလိုက်တယ်။ပြီးတော့ချစ်သူကိုကြည့်လိုက်မိပြီး ခပ်တိုးတိုးနှုတ်ဆက်လိုက်တယ်။
" မြရွက်ပြန်တော့မယ် "
ပြောပြီးတာနဲ့မြရွက်ဝါတိုက်ခန်းအပြင်ကိုထွက်ဖို့ပြင်လိုက်တယ်။
" မြရွက် "
ခေါ်သံကြောင့် မြရွက်ဝါရဲ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားရတယ်။
" ဆောရီး... ကိုယ်မှားသွားတယ်...ကိုယ်တောင်းပန်ပါတယ်ကွာ "
နောက်ကျောကနေအတင်းသိုင်းဖက်ပြီးတောင်းပန်စကားပြောလိုက်တဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါစိတ်မထိန်းနိုင်တော့ဘဲ အင့်ခနဲငိုချလိုက်မိတယ်။
" မ...မငိုပါနဲ့မြရွက်ရယ် ...ကိုယ်တောင်းပန်ပါတယ်...နောက်ကို ဒီလိုမျိုးဘယ်တော့မှမပြောတော့ပါဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာနော် "
ဟန်လင်းသန့်ကမြရွက်ဝါရဲ့ကိုယ်လေးကိုတင်းတင်းသိုင်းဖက်ထားရင်းတတွတ်တွတ်တောင်းပန်လိုက်တယ်။မြရွက်ဝါက ဟန်လင်းသန့်ကိုမော့ကြည့်လိုက်ပြီး
" မြ...မြရွက်လဲ နောက်ဆိုရင် ......ကိုလင်းမကြိုက်တာကို မမေးတော့ဘူးလို့ ကတိပေးပါတယ်နော် "
" ကိုယ်လဲနောက်ကို ဒီလိုမပြောတော့ပါဘူးလို့ ကတိပေးပါတယ်ကွာ.....မငိုနဲ့တော့နော် "
သူမတို့နှစ်ယောက်ကြားကမုန်တိုင်းက တစ်ခဏအတွင်းမှာပဲ ပြန်လည်ပြေငြိမ်းသွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်တင်းတင်းပွေ့ဖက်ထားမိကြတယ်။
~~~~~~~~~~~~~
" ညည်းတို့လဲ ...ကိုယ့်ဘွားအေကို... တစ်ရက်တစ်ခါလောက်တောင်လာကြည့်ဖော်မရကြဘူးနော်...ဘွားအေကြီးကတော့တစ်နေ့တစ်နေ့မျှော်လို့ ...အိမ်ကဝေးတော့ မလာနိုင်ကြဘူးလား "
ကြီးကြီးရဲ့ပြစ်တင်ပြောဆိုသံကို မြရွက်ဝါဘာမှပြန်မပြောတော့ဘဲ ကုလားထိုင်ပေါ်မှာမှိန်းနေတဲ့ အဘွားဆီကိုပဲလျှောက်သွားလိုက်တယ်။ဒီအချိန်မှာ ဧည့်ခန်းထဲမှာ ပန်းနုထွေးရောသဲနုဖွေးကိုပါတွေ့လိုက်ရတာမို့ ဝတ္တရာအရပြုံးပြပြီးနှုတ်ဆက်လိုက်တယ်။
" အဘွားနေလို့ကောင်းရဲ့လား ...မြရွက်ဘာလုပ်ပေးရမလဲ "
အဘွားတစ်ယောက် ဒီလပိုင်းအတွင်းမှာသိသိသာသာကျသွားတာမို့မြရွက်ဝါတကယ်ပဲစိတ်မကောင်းဖြစ်ရတယ်။
" ကောင်းပါတယ် သမီးရယ်...ခြေလက်တွေမသယ်ချင်တာတစ်ခုပါပဲ...ဒါနဲ့မောင်မောင်လုံးဝပြန်မလာဘူးလား....ဖုန်းရောမဆက်ဘူးလား "
အဘွားကလေသံတိုးသဲ့သဲ့နဲ့မေးတယ်။မြရွက်ဝါ စိတ်မကောင်းစွာနဲ့ပဲ ခေါင်းခါပြလိုက်မိတယ်။မောင်မောင့်ကို အဘွားသိပ်ချစ်တာကို မြရွက်ဝါတို့လဲသိပါတယ်။ဒါပေမဲ့ မောင်မောင်ကသူလိုချင်တာရှိရင်သာတောင်းတတ်ပြီး ဘွားအေကြီးအပေါ်ကိုစိမ်းကားခဲ့တယ်လေ။
" ဒါနဲ့ ပန်းနု....ဟန်လင်းသန့်က ကားအရောင်းဆိုင်တစ်ခုဖွင်ပြန်ပြီဆို ..သူကချမ်းသာလှချည်လားဟဲ့ ...ဘယ်ကပိုက်ဆံတွေရနေလို့ ဒီလောက်ချမ်းသာနေတာလဲ "
မသဲနုဖွေးရဲ့စကားသံက မြရွက်ဝါနားထဲကိုရောက်လာခဲ့တယ်။မြရွက်ဝါရောက်နေမှ ဒီစကားကိုပြောတာဆိုတော့ ဒီစကားတွေကို သူမကိုနားထောင်စေချင်လို့ဆိုတာကို မြရွက်ဝါသဘောပေါက်လိုက်တယ်။
" အင်း...ဟန်လင်းသန့်ကလဲချမ်းတော့ချမ်းသာပါတယ်မသဲရဲ့ ....ဒါပေမဲ့ သူတစ်ယောက်တည်းအပိုင်တော့ဘယ်ဟုတ်မလဲ...နိုင်ငံခြားရောက်နေတဲ့သူဌေးမတစ်ယောက်နဲ့စပ်တူလေ...သူဌေးမကလွန်ခဲ့တဲ့နှစ်ကမှ သူ့အဘိုးကြီးဆုံးသွားတာလေ ....ကလေးနှစ်ယောက်အမေမုဆိုးမပေါ့...မုဆိုးမဆိုပေမဲ့အမိုက်စားနော်...ချောလဲချောတယ်...တအားလဲချမ်းသာတာ....ဟန်လင်းသန့်ပြည်ပသွားရင်လဲသူ့ဆီပဲသွားတာလေ...ကြည့်ရတာစပွန်ဆာထင်တာပဲ...လိုင်းပေါ်မှာတော့ သတင်းထွက်ဖူးတယ်လေ "
" ဟုတ်လား...သူကတကယ့်ငပွေးပဲ....သူတို့ကားအရောင်းဆိုင်ကြော်ငြာရိုက်တဲ့မော်ဒယ်မလေးနဲ့လဲသတင်းထွက်သေးတယ်လေ "
" အမယ်လေး...မသဲရယ်...အဲ့ဒါကဘာအရေးကြီးလို့လဲ...တစ်ယောက်ကိုသုံးလပဲတွဲတာပါဆို ...."
မြရွက်ဝါကြာနေရတဲ့စကားတွေကြောင့် အဘွားရဲ့ခြေဖဝါးတွေကိုခပ်ဖွဖွနှိပ်ပေးနေရင်း ခေါင်းကိုငုံ့ထားလိုက်မိတယ်။မြရွက်ဝါ အဘွားရှေ့မှာမျက်နှာမပျက်အောင်ထိန်းပြီးထိုင်နေရပေမဲ့ ရင်ထဲမှာတော့ မိုးကြိုးတွေအကြိမ်ကြိမ်ပစ်ချခံနေရသလိုခံစားနေရတယ်။
~~~~~~~~~~~~~~~
တူဖြစ်သူရဲမြတ်မောင်အိမ်ကထွက်သွားပြီးကတည်းက မညိုရဲ့အသံတွေပိုပြီးတိတ်ဆိတ်သွားခဲ့သလို မြရွက်ဝါလဲကိုယ့်အတွက်ကိုယ်တွေးပူနေရတာနဲ့ ညီအစ်မနှစ်ယောက် အရင်လို စကားတွေသိပ်မပြောဖြစ်ကြတော့ဘူး။မညိုကလဲသားပူမိနေသလို မြရွက်ကလဲရင်ထဲစိုးထိတ်ပူလောင်နေခဲ့မိတယ်။မြရွက်ဝါစိတ်ပူနေမိတာကတော့ ချစ်သူနဲ့တစ်ညတာကုန်ဆုံးခဲ့မိတဲ့ညအတွက် ရင်ထဲစိုးထိတ်နေမိတာပါပဲ။ချစ်သူကမြရွက်ဝါကိုချစ်ပေမဲ့ လက်ထပ်ကြဖို့စကားမစတာကို မြရွက်ဝါရင်ထဲပူပန်နေခဲ့မိတာ။ဒီထက်ဆိုးတာက မိန်းမသားတစ်ယောက်ရဲ့သဘာဝဖြစ်စဉ်က ဒီလမှာနောက်ကျနေခဲ့ပြီးဆိုတော့မြရွက်ဝါရင်ထဲပူလာမိပြီ။ကိုယ့်ချစ်သူဆိုပေမဲ့ လက်ထပ်ကြဖို့စကားကို မြရွက်ဝါဘက်ကစပြောဖို့ကိုတော့လဲ
မြရွက်ဝါ စိတ်တိုလွန်းတာမို့ အသံခပ်ဆတ်ဆတ်နဲ့ ပြန်အော်လိုက်မိတယ်။
"ဟုတ်တယ်ကွာ ..စိတ်ဆိုးတယ် ..... မမေးနဲ့ .. မင်းဘယ်လောက်မေးမေး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး .....အဲ့ဒါကိုမင်းလက်မခံနိုင်ဘူးဆိုရင် ကြိုက်သလို ဆုံးဖြတ်လို့ရတယ် ....ရှင်းရှင်းပဲပြောမယ် ...ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်ချင်တာမျိုးတွေလာမလုပ်နဲ့ ကိုယ်မကြိုက်ဘူး.....ကိုယ့်ကိုယ်ထက် ဘယ်မိန်းမကိုမှဦးစားပေးမှာမဟုတ်ဘူး "
ချစ်သူဆီက ကြားလိုက်ရတဲ့ မယုံကြည်နိုင်စရာစကားတွေကြောင့် မြရွက်ဝါ ကြက်သေသေသွားမိကာ ကြောင်ငေးကြည့်နေမိတယ်။
====================================
အပိုင်း( ၂၉ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အပိုင်း (၄)
https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz
အပိုင်း (၅)
https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz
အပိုင်း (၆)
https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz
အပိုင်း ၇
https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz
အပိုင်း ၈
https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz
အပိုင်း (၉)
https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz
အပိုင်း ၁ဝ
https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၁
https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz
အပိုင်း ၁၂
https://fb.watch/pQw62cSEjV/?mibextid=Nif5oz
အပိုင်း (၁၃)
https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၄)
https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၅)
https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၆)
https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၇)
https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz
အပိုင်း (၁၈)
https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz
အပိုင်း ( ၁၉ )
https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz
အပိုင်း (၂၀)
https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz
အပိုင်း ၂၁
https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk
အပိုင်း ၂၂
https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk
အပိုင်း ၂၃
https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk
၂၄
https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc
၂၅
https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc
၂၆
https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9
၂၇
https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc
"မိုးတို့သွားတော့မယ်...မောင်လိုက်မှာလား...မောင့်အဘွားကြီးတွေက အာရုံနောက်လွန်း...မိုးရဲ့ပါးကိုချခဲ့တာအတွက်ခွင့်မလွှတ်ဘူးနော်.....အလကားအဆင့်မရှိတဲ့ဟာတွေ ...သူတို့ကြည့်တော့ အိမ်ပိုင်တောင်မရှိဘဲ.... ကြီးကြီးကျယ်ကျယ်တွေလာပြောနေတယ် "
မိုးရတနာက ရိုင်းရိုင်းစိုင်းစိုင်းပြောပြီးတော့ချာခနဲလှည့်ထွက်သွားခဲ့တယ်။ဒီအခါသူမနဲ့အတူပါလာကြတဲ့ သူမအမေနဲ့အမျိုးသမီးတစ်ယောက်လဲ နောက်ကအမြန်လိုက်ထွက်သွားကြတယ်။
" တောက်..အလကားမာန်တက်နေတဲ့ဟာတွေ...ကြားထဲက အညှောက်ထောင်နေတဲ့ဟာတွေလဲ သတိထားကြ "
ရဲမြတ်မောင်ကလဲ မိခင်ဖြစ်သူနဲ့အဒေါ်ဖြစ်သူကိုကြည့်ကာ တောက်တစ်ချက်ခေါက်ပြီးထွက်လိုက်သွားခဲ့တယ်။
"အမယ်လေး ....အမယ်လေး....ကြောက်စရာကောင်းလိုက်တာ....ဘယ်လိုဗီဇစရိုက်မျိုးတွေလဲ ...တစ်သက်နဲတစ်ကိုယ်...ဒီလောက်ရိုင်းစိုင်းတဲ့သူတွေကိုအခုမှတွေ့ဖူးတယ် "
ကြီးကြီးရဲ့နှုတ်ကနေအထင်သေးတဲ့စကားသံထွက်ပေါ်လာခဲ့တယ်။အဒေါ်ငယ်ကတော့ ဘာမှမပြောဘဲ မြရွက်ဝါတို့ညီအစ်မကိုကရုဏာသက်စွာကြည့်နေခဲ့ပြီးမှ
" ခွါညို...မြရွက်...သမီးတို့လဲ ဒီလောက်ဆိုရင် ...သူ့အပေါ်မှာလုပ်ပေးသင့်တာတွေလဲလုပ်ပေးခဲ့ပြီးပြီ...သူ့အပေါ်ကိုသမီးတို့က ဘာအပြစ်တွေလုပ်ထားမိလို့... ဒိလောက်ထိပေးဆပ်နေရမှာလဲ....ဒေါ်လေးလဲသားသမီးတွေမွေးထားတဲ့သူပါ...သားသမီးအပေါ်ချစ်တဲ့အချစ်ကို ကိုယ်ချင်းစာပါတယ်...ဒါပေမဲ့ကွယ်...ဒီလိုသာဆိုရင် သမီးတို့ရောသူ့အတွက်ပါ ...နောင်သံရာအဆက်ဆက်ထိဒုက္ခတွေများလိမ့်မယ်....အဲ့ဒါကြောင့် သူ့ကိုလွှတ်ပေးလိုက်ပြီး ...ကိုယ့်အတွက်ကိုယ်စဉ်းစားကြပါတော့ ...မြရွက်လဲအိမ်ထောင်ပြုမယ်ဆိုရင်ပြုလိုက်တော့...ခွါညိုလဲ ကိုယ့်အပေါ်ကောင်းမဲ့သူကိုတွေ့ရင်အိမ်ထောင်သစ်ထူပါ...သားသမီးပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို တတ်နိုင်သလောက်လျှော့ပါ..ကြာရင်ငါ့တူမဘဝ လုံးပါးပါးသွားလိမ့်မယ် ....ကဲ..သွားကြရအောင်လေမမကြီး...ကလေးတွေစိတ်ဆင်းရဲအောင်ဘာမှထပ်မပြောပါနဲ့တော့ "
ဒေါ်လေးကပြောပြောဆိုဆိုနဲ့ကြီးကြီးကိုအတင်းဆွဲခေါ်ပြီးထွက်သွားတာမို့ မြရွက်ဝါစိတ်ထဲကကျေးဇူးတင်လိုက်မိတယ်။ အားလုံးထွက်သွားတဲ့အခါ ညီမနှစ်ယောက် ငြိမ်သက်စွာထိုင်နေခဲ့မိကြတယ်။
~~~~~~~~~~~
" မနေ့ကဘာဖြစ်ကြတာလဲ မြရွက်...ကိုယ်ကိုပြောလို့ရလား "
ဟန်လင်းသန့်ရဲ့အမေးကြောင့် မြရွက်ဝါအားလုံးပြောပြလိုက်တယ်။သူနဲ့မြရွက်ဝါတို့ ကြားမှာ ဖုံးကွယ်စရာလဲမရှိတာမို့ အဖြစ်အပျက်တွေအားလုံးကိုပြောပြလိုက်တယ်။
" မြရွက်စိတ်ညစ်တာထက် ...မညိုကပိုဆိုးတာပေါ့ကိုလင်းရယ်...သူ့မှာသားဖြစ်နေတော့ ရူးမတတ်ခံစားနေရတာပေါ့...အခုဆိုရင်မစားနိုင်မအိပ်နိုင်ဖြစ်နေတာ "
" အင်း...တကယ်တော့ ..အဲ့ဒါတွေက...လူငယ်လေးတွေ အချိန်တွေအားနေလို့ဖြစ်ရတာလို့ ကိုယ်တော့ထင်တယ််...သူတို့တွေက ဘဝမနာဖူးတော့ ...ဘဝကိုအလွယ်လေးလို့ထင်သွားကြတာလေ...သူတို့အတွေက်အမေရှိရင်ထမင်းရှိတယ်...အမေရှိရင်ငွေရှိတယ်ဆိုတဲ့အသိအမှားတွေဝင်သွားကြပြီး...သူတို့ဘယ်လောက်ဆိုးဆိုး...ဘာပဲလုပ်လုပ်...မိဘကတာဝန်ယူရမယ်လို့တွေးကုန်ကြတာလေ...ဒါတွေကိုမိဘအများစုကလဲ လိုက်လျောကြတော့ အားလုံးပိုပြီးလမ်းလွဲကုန်ကြတာပေါ့...ကိုယ်တို့ဆီမှာ ဆိုးတာကကြီးတောင့်ကြီးမားသားသမီးတွေကို အိမ်ဦးခန်းမှာတင်ထားပြီး...မိဘတွေကရှာဖွေကျွေးနေကြတဲ့ ဓလေ့ကြောင့်လဲပါတယ်.....ဒီတော့ သားသမီးအများစုက အရွယ်ရောက်လာပေမဲ့လဲ အားလုံးမိဘတာဝန်လို့ ထင်မှတ်ကုန်ကြတာလေ...ဒီအချိန်မှာ သူတို့နဲ့စသိခဲ့တဲ့သူက သူတို့အတွက်အတုယူစရာလူ...အားကျစရာလူမျိုးလို့အထင်ရောက်သွားတတ်ကြတယ်...မြရွက်ပြောသလိုဆိုရင် မြရွက်ရဲ့တူလေးက...ပထမတာထွက်မှာပဲ ဆရာမကြီးနဲ့သွားတွေခဲ့တာဖြစ်မယ်....သူ့စိတ်ကိုသူကိုယ်တိုင်နားလည်လာမယ်နေ့အထိ ....မြရွက်တို့ကစောင့်နေလိုက်ပါ...သူလဲအရှိန်ကုန်ရင်ရပ်သွားပါလိမ့်မယ်...ဒီခေတ်လူငယ်တွေက သူတို့ကိုဆရာလုပ်တာမကြိုက်ကြဘူး ...အဲ့ဒီတော့လွှတ်ထားပေးလိုက်တာအကောင်းဆုံးပဲ...သူတို့တွေဒုက္ခကိုကိုယ်တိုင်ခံစားပါစေ...ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့အဓိပ္ပါယ်ကိုသူတို့ကောင်းကောင်းခံစားပါစေ ...ကိုယ်ကတော့အရွယ်မရောက်ခင်ကတည်းကကိုယ့်ဘဝကိုယ့်ကျောင်းခဲ့ရတော့ .....အဲ့ဒီလိုလူငယ်တွေကိုတွေ့ရင်သူတို့အစား အချိန်တွေကိုနှမြောပြီး နားရင်းတွေပဲရို/က်ပစ်ချင်တာလေ "
ဟန်လင်းသန့်ကစကားပြောရင်းနဲ့သူ့ဘဝအကြောင်းကိုလှစ်ခနဲပြောလိုက်တာမို့မြရွက်ဝါစိတ်ဝင်းစားသွားမိတယ်။
" ဟို...ကိုလင်းမှာမိဘတွေရှိသေးလားဟင်...ဆွေမျိုးသားချင်းတွေရောရှိသေးလား..... "
မြရွက်ဝါမေးလိုက်တော့ ဟန်လင်းသန့်ရဲ့ မျက်နှာက ချက်ချင်းတည်သွားခဲ့ပြီး
" မြရွက်အတွက် ... ကိုယ်ရှိနေရုံနဲ့ မလုံလောက်ဘူးလား ... ကိုယ့်မိသားစုက အဲ့ဒီလောက် အရေးကြီးနေတာလား "
ရုတ်တရက်ကြီးလေသံတင်းမာသွားတဲ့ ချစ်သူကိုကြည့်ပြီး မြရွက်ဝါအံ့ဩတုန်လှုပ်သွားမိကာ အလန့်တကြား မော့ကြည့်လိုက်မိပြီး
'' ဘယ် ..ဘယ်လိုပြောလိုက်တာလဲ ကိုလင်း ... မြရွက်အတွက် ကိုလင်းက အရေးကြီးလို့သာ ...ကိုလင်းရဲ့ ဆွေမျိုးသားချင်း တွေကိုပါ သိချင်မိတာပေါ့ ..ဒါလေး မေးမိတာစိတ်ဆိုးစရာလား ...."
ကြီးကြီးရဲ့ကြိမ်းမောင်းပြောဆိုတဲ့ စကားတွေကြောင့် ရဲမြတ်မောင်က အော်ဟစ်ပြောဆိုရင်း ထပြီးသောင်းကျန််းလေတော့တယ်။မြခွါညိုမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့အော်ဟစ်သောင်းကျန်းနေတဲ့ သားဖြစ်သူကို ထပြီးထုရို .က်ပစ်လိုက်တယ်။
" လူမိုက်ရဲ့ ...နင်မိုက်ရိုင်းလှချည်းလား....ကဲဟယ်...ရိုင်းချင်အုံး..ရိုင်းချင်အုံးဟယ် '
" ဘုံး....ဘုံး..."
" အမေတော်တော့နော်...ကျွန်တော်ဒေါသထွက်လာပြီ ..."
ရဲမြတ်မောင်ကကြောက်စရာကောင်းတဲ့အသံကြီးနဲ့အော်ဟစ်လိုက်ရင်း မိခင်ဖြစ်သူကိုဆော**င့်တွန်းပစ်လိုက်တယ်။သားဖြစ်သူဆောင့်တွန်းလိုက်တဲ့အရှိန်ကြောင့် မြခွါညိုမှာပုံရက်သားလဲကျသွားခဲ့တယ်။လဲကျသွားတဲ့ မိခင်ကိုကြည့်ပြီး ရဲမြတ်မောင်မှာဒေါသမပြေနိုင်သေးဘဲ တောက်တစ်ချက်ခေါက်လိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းအော်ဟစ်ဆဲလိုက်တယ််။သားဖြစ်သူ ရဲမြတ်မောင်ရဲ့အပြုအမူကိုမြခွါညိုမှာ မယုံကြည်နိုင်စွာကြည့်နေမိရင်းကြက်သေသေနေမိတော့တယ်။သားဖြစ်သူမှာ လွန်ခဲ့တဲ့နှစ်တွေက ဒီလိုရိုင်းစိုင်းကြမ်းတမ်းတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ဘူးလေ။
" မညို...တော်တော့....ဘာမှပြောနဲ့တော့ ...မညိုပြောလို့လဲရမှာမဟုတ်တော့ဘူး ...ကြာရင်သူရောမညိုပါ ဒုက္ခရောက်လိမ့်မယ် "
မြရွက်ဝါ အစ်မဖြစ်သူကိုပြေးထူလိုက်ရင်း တူဖြစ်သူကိုမု**န်းတီးစွာကြည့်လိုက်မိတယ်။
ဒီအချိန်မှာပဲ ရဲမြတ်မောင်ရဲ့ချစ်သူဖြစ်တဲ့ မိုးရတနာက ထိုင်နေရာဝုန်းခနဲထရပ်လိုက်ပြီး
" မိုးတို့ပြန်ကြမယ် အမေ...အလကားဟာတွေ...အာရုံနောက်တယ်,,,ဒီမှာမောင်...မောင်တို့အသိုင်းအဝိုင်းနဲ့မိုးမပတ်သက်ချင်တော့ဘူ...ဒီလောက်တိုးတက်ခေတ်မီနေတဲ့ခေတ်ကြီးမှာ အတွေးအခေါ်တွေတောကျလိုက်တာ...လူငယ်တွေရဲ့အခွင့်အရေးတွေကိုလိုက်ပိတ်ပင်နေတယ်,,,မိုးကတော့ရှင်းတယ်နော်မောင်...မိုးအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားကတည်းက ... မိုးကိုဘယ်သူမှလာပြောလို့မရဘူး...မိဘဆိုပြီး ဆရာကြီးလာလုပ်လို့လဲမရဘူး....အိမ်မှာမိုးဘယ်လိုနေလဲ မောင်သိပါတယ်...ပြီးတော့မောင့်အမေပြောတာကြားတယ်မဟုတ်လား...တည်းခိုခန်းကိုဘယ်သူအရင်ခေါ်တာလဲဟုတ်လား...ဟုတ်တယ်မိုးအရင်ခေါ်တာလေ...ခေါ်တော့ဘာဖြစ်လဲ...မိန်းကလေးမို့ဒီစိတ်မရှိရဘူးလား....ဒါကအရွယ်ရောက်လာတဲ့လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတောင်းဆိုတဲ့ကျန်းမာရေးကြောင့်ဆိုတာနားမလည်ဘူးလား...ဘယ်ခေတ်မှာနေနေကြတာလဲ....ပြောလိုက်ရင် သူတို့ကိုသူတို့ပဲသိက္ခာရှိတဲ့ပုံစံနဲ့...နောက်တော့ အဲ့ဒီလိုမိန်းမမျိုးတွေပဲ သူများတိတ်တိတ်ပုန်းမယားတွေဖြစ်ကုန်ကြတာမသိဘူးထင်နေလား ...မောင့်အမေနဲ့မောင့်အဒေါ်ကိုကြည့်ရတာလဲ ဒီပုတ်ထဲကဒီပဲတွေပဲထင်တယ် "
" ဖြန်း '
ရိုင်းစိုင်းလှတဲ့မိန်းမငယ်ရဲ့စကားမဆုံးခင်မှာပဲ မိန်းကလေးရဲ့ပါးပြင်ကို မြရွက်ဝါဖြန်းခနဲရိုက်ချပစ်လိုက်တယ်။
" ရှင်...ရှင်...ကျွန်မပါးကိုရိုက်တယ်ပေါ့ဟုတ်လား အဘွားကြီး ....မောင်မြင်လား...မောင့်အဒေါ်အဘွားကြီးမိုက်ရိုင်းတာကိုမြင်လား...အိမ်မှာဆိုရင်မိုးကိုဘယ်သူမှလက်ဖျားနဲ့တောင် ထိရဲတာမဟုတ်ဘူး "
မိုးရတနာကသူမရဲ့ပါးပြင်ကိုကိုင်စမ်းရင်းချစ်သူရဲမြတ်မောင်ကို အော်ဟစ်လိုက်တယ်။
" ဒီမှာ...မင်းတို့အခုချက်ချင်းငါတို့အိမ်ထဲကထွက်သွားကြ....ငါ့တူဘာလို့ဒီလောက်ရိုင်းစိုင်းသွားလဲဆိုတာ ခုမှပဲသိတော့တယ်...လူငယ်တစ်ယောက်ရဲ့အခွင့်အရေးဟုတ်လား...ဘာအခွင့်အရေးလဲ..အိပ်ခန်းထဲကမထွက်ဘဲတောင်းဆိုနေတဲ့အခွင့်အရေးလား...ငါတို့လဲနင်တို့လိုပဲ လူငယ်ဘဝကိုဖြတ်သန်းလာခဲ့ရတာပဲ....လူငယ်တိုင်း နင်တို့လိုမရိုင်းစိုင်းဘူး...အကျင့်မပျက်ဘူးသိရဲ့လား...နင်တို့ပြောတဲ့လူငယ်အခွင့်အရေးဆိုတာဘာလဲ...လူကြီးမိဘကိုရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောပြီး ....မိုးလင်းမိုးချုပ်တဏှာစိတ်ငယ်ထိပ်ရောက်နေတလား.... လူကြီးမိဘအပေါ်ရိုင်းစိုင်းနေတာကိုပြောတာလား...လူငယ်ဆိုပြီးနင်တ်ို့ဘာတွေစွမ်းဆောင်ဖူးလဲ....မိဘဆီကလက်ဝါးဖြန့်တောင်းပြီး မိဘပြောသမျှကလန်ကဆန်လုပ်နေတာက လူငယ်အခွင့်အရေးလား...နင်တို့ဦးနှောက်ထဲက သုတ်ပိုးတွေကိုဖယ်လိုက်ပြီး ....တခြားလူငယ်တွေကိုလဲလေ့လာကြည့်လိုက်အုံး...နင်တို့်လိုမျိုး အရှက်မရှိအကျင့်သိက္ခာမရှိတဲ့သူမျိုးတွေကိုတော့သွားမကြည့်နဲ့ပေါ့....နင်တို့ကိုထပ်ပြောလိုက်မယ်...အိပ်ရာထဲကမထဘဲ...လူငယ်အခွင့်အရေးလိုလာအော်မနေနဲ...ငါတို့လဲနင်တို့လို ပြန်ပြောရရင်...... နင်တို့ကိုဆယ့်ရှစ်နှစ်ပြည့်တဲ့အထိကျွေးမွေးစောင့်ရှောက်ခဲ့ပြီးပြီမို့ ....နင်တို့ခြေထောက်ပေါ်နင်တို့ရပ်ကြတော့လေ...ဘာလို့မိဘကိုဒုက္ခလာပေးနေရတာလဲ ...မိဘကိုဒုက္ခပေးချင်တော့ မိဘတာဝန်လို့အော်တယ်...မိဘရင်ကိုစုံကန်ချင်တော့ လူငယ်အခွင့်အရေးလို့အော်တယ်...တကယ်တော့ နင်တို့က.,,,မိဘတွေနဲ့လူလောကကြီးကိုဒုက္ခပေးဖို့သက်သက်မွေးဖွားလာကြတဲ့သူတွေ... ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့အသုံးမကျတဲ့သူတွေပဲ "
မြရွက်ဝါရင်ထဲမှာရှိသမျှတွေကို ပြောပစ်လိုက်တယ်။တူဖြစ်သူကြောင့် ကိုယ့်ရဲ့အစ်မဖြစ်သူစိတ်ဆင်းရဲသောကဖြစ်နေတာကို ဒီအတိုင်းကြည့်နေခဲ့ရသူမို့ မြရွက်ဝါရင်ထဲမှာဒေါသအစိုင်အခဲတွေဖြစ်တည်နေခဲ့တာကြာခဲ့ပါပြီ။
" မြရွက်တော်တော့ ...ငါလဲသူ့ကို သားအဖြစ်ကစွန့်လွတ်ပစ်လိုက်တော့မယ်...ဒီထက်ပိုပြီးလဲမခံစားနိုင်တော့ဘူး "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၈ )
akyiphyu
********
" မောင်မောင် ...မင်းလုပ်ထားတဲ့ပြဿနာကို ....အိမ်ထိဘာကိစ္စသယ်လာရတာလဲ ...မင်းကိုငါအပြတ်ပြောထားပြီးသားနော်....မင်းနိုင်ငံခြားသွားမယ်ဆိုလို့ ငါပို့ပေးဖို့အကုန်စီစဉ်ပေးထားတယ်....မင်းအိမ်ထောင်ပြုမယ်ဆိုရင် ...ငါဘာမှမလုပ်ပေးဘူးလို့ပြောပြီးသားနော်....မင်းဘာသာဖြစ်ချင်တဲ့သူနဲ့ဖြစ်ချင်တိုင်းဖြစ်ခဲ့ပြီးမှ.... ငါကချွေးမလို့သက်မှတ်ပေးရမှာလား...ဘာတဲ့ ငါကသူ့အတွက်စရိတ်တောင်ထုတ်ပေးရအုံးမှာဆိုပဲ ...ဘယ်တုန်းကများငါကသူနဲ့သဘောတူတယ်လို့ပြောခဲ့မိလို့လဲ...အကြောကြီးနဲ့လာပြောလို့ကတော့ မြခွါညိုတို့ကသည်းမခံတတ်ဘူးနော်...ခုချိန်ကစပြီး မင်းအတွက်လဲဘာမှမလုပ်ပေးနိုင်တော့ဘူး...မိန်းမပါခေါ်တင်လာမယ်ဆိုရင်တော့ ခုချက်ချင်းအိမ်ပေါ်ကဆင်းသွား...ဘာတာဝန်မှငါမယူနိုင်တော့ဘူး...သူတို့မကျေနပ်လို့တိုင်ရင်လဲ မင်းထောင်ထဲသာသွားလိုက်မောင်မောင်ရေ...အလုပ်မရှိအကိုင်မရှိတဲ့ကလေးသာသာလူကို ကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံခဲ့ပြီးမှ ဘာတွေမျှော်လင့်နေကြတာလဲ ...ဘာမှမလုပ်ပေးနိုင်ဘူး "
" ဘာ...ဘာပြောလိုက်တယ်....ညည်းမိုက်ရိုင်းလှချည်လားဟဲ့ ...ညည်းမှာမိန်မချင်းကိုယ်ချင်းစာစိတ်မရှိဘူးလား ....ဟဲ့ မောင်မောင် ...မင်းအမေကအောက်တန်းကျလှချည်းလား "
" အောက်တန်းကျတယ် ဟုတ်လား...ရှင်တို့ပြောတဲ့စကားကိုလဲ စဉ်းစားကြည့်အုံးလေ....ရှင်းရှင်းပဲပြောလိုက်မယ်...အပျော်အပါးပဲမက်နေတဲ့ရှင့်သမိးလိုလူမျိုးကို ချွေးမအဖြစ်လက်မခံနိုင်လို့ ...ကျွန်မတို့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူး...သူတို့ဘာသာယူချင်ယူမယူချင်နေ...ကျွန်မတားလဲမတားဘူး...အသိအမှတ်လဲမပြုဘူး...တစ်ခုတော့ရှိတယ်...ဒါကိုမကျေနပ်လို့ ရှင်တို့ဘက်က ရဲမြတ်မောင်ကို တိုင်ချက်ဖွင့်မယ်ဆိုရင်လဲ...တည်းခိုခန်းသွားဖို့ဘယ်သူကစခေါ်ခဲ့တာလဲဆိုတာကို ....သမီးဖြစ်သူကိုသေချာမေးပါအုံး "
" အမေ...အမေတော်လိုက်တော့နော်...အမေပြောနေတာတွေအရမ်းများနေပြီ "
ရဲမြတ်မောင်က မိခင်ဖြစ်သူကို ထအော်လိုက်တယ်။ဒီအခါမြခွါညိုရဲ့ဒေါသတွေက သားဖြစ်သူအပေါ်ကျရောက်သွားတော့တယ်။
" အေး ..မတော်တော့ဘာဖြစ်လဲ လူမိုက်ရဲ့...ငါဒီလောက်အတန်တန်ပြောထားခဲ့ရဲ့နဲ့ ဒီလိုဟာတွေကို အိမ်ပေါ်ထိခေါ်လာရလား "
" ဟာဗျာ...အမေ့ကိုတော်တော့လို့ပြောနေတယ်နော်..."
" ဒုန်...ဂွမ်း "
ရဲမြတ်မောင်က စိတ်တိုတိုနဲ့ မှန်ဗီရိုကိုပိတ်ကန်ပစ်လိုက်တယ်။ကန်လိုက်တဲ့အရှိန်ကြောင့် ဗီရိုကမှန်ကဂွမ်းခနဲကွဲသွားခဲ့တယ်။
" နင်...နင်...အဲ့ဒါဘာလုပ်တာလဲ...လူမိုက်ကောင်ရဲ့...နင်ရှာထားတဲ့ငွေ ဘယ်နှစ်ပြားရှိလို့ ရိုင်းစိုင်းနေရတာလဲဟဲ့"
" မညိုတော်တော့...မပြောပါနဲ့တော့ ..."
ဒေါသတွေထွက်ပြီး အသိစိတ်ပျောက်ချင်သလိုဖြစ်နေတဲ့တူဖြစ်သူကိုကြည့်ပြီး မညိုအတွက်စိုးရိမ်လာတာမို့ မြရွက်ဝါ မညိုကိုဝင်ဆွဲလိုက်တယ်။မောင်မောင့်ပုံစံအချိုးကိုမကြိုက်တာမို့ ဒီပွဲမှာဘာမှဝင်မပြောဘူးလို့ မြရွက်ဝါဆုံဖြတ်ထားခဲ့တာ။အခုတော့ ဒီတိုင်းကြည့်နေလို့မရတော့လို့ ဝင်ပါရတော့တယ်။
"အစ်မတို့လဲ ပြန်ကြပါတော့ ...ကျွန်မအစ်မအရမ်းစိတ်တိုနေလို့ပါ..."
" ဒုန်း..ဒုန်း ..ဒုန်း "
" ခွါညို...ရွက်ဝါ.....တံခါးဖွင့်ကြစမ်း...ညည်းတို့တွေဘာဖြစ်နေကြတာလဲ...အောက်ထပ်မှာ ,,,ဘွားအေနဲ့ကြီးတော်တွေရှိသေးတာကို သိကြရဲ့လား '
တံခါးက်ိုခပ်ပြင်းပြင်းထုပြီးအော်လိုက်တဲ့ ကြီးကြိးနဲ့ဒေါ်လေးတို့ရဲ့အသံကြောင့် မြရွက်ဝါ တံခါးကိုအမြန်သွားဖွင့်ပေးလိုက်ရတယ်။
" ကဲ...ဘာတွေဖြစ်နေကြတာလဲ ပြောကြစမ်းပါအုံး...နောက်ဆုံးတော့ ..သားအလိမ္မာတုံးလေးက ပြဿနာရှာလာခဲ့ပြီမဟုတ်လား...တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာကိုသိသားပဲ...ညည်းတို့တွေအပေါ်မှာနေပြီးဖြစ်ချင်တိုင်းဖြစ်မနေကြနဲ့.....အောက်ကလူကြီးတွေကိုလဲလေးစားကြပါအုံး...အောက်မှာအမေမောနေပြီ...အမေသာတစ်ခုခုဖြစ်ရင် ညည်းတို့တွေ ဒီမှာဆက်နေဖို့မမျှော်လင့်ကြနဲ့တော့ "
ကြီးကြီးကဒေါသတကြီးနဲ့ကြိမ်းမောင်းပြောဆိုလိုက်ပြီး မြရွက်ဝါတို့ကို ခါးထောက်ပြီးကြည့်ကာ
" ကဲ....ဘာတွေဖြစ်နေကြတာလဲပြောကြစမ်း....စကားကိုအေးအေးဆေးဆေးမပြောနိုင်ကြဘူးလား...အော်ကြီးဟစ်ကျယ်နဲ့မရှက်ကြဘူးလား....ဒါနဲ့ဘာလဲ....မောင်မောင်မိန်းမယူဖို့လား....ဒါဆိုလဲ တစ်ခါတည်းတည်းရှင်းရှင်းပဲပြောလိုက်မယ်...ဒီအိမ်မှာလူပိုတွေတော့ လက်မခံနိုင်ဘူး...အခုကတည်းကရှုပ်ရှုပ်ယှက်ယှက်နဲ့ ဘာတွေမှန်းကိုမသိဘူး ...သွားကြ.....ဧည့်သည်တွေလဲပြန်ကြ ...ရှင်းချင်ရင်အပြင်မှာသွားရှင်းကြ....ငါတို့အမေသာတစ်ခုခုဖြစ်ရင် နင်တို့အားလုံးကို အိမ်ပေါ်ကမောင်းချပစ်မယ် ..."
" မောင်းချချင်တိုင်းမောင်းချရအောင် ....ဘွားလေးပိုင်တဲ့အိမ်လား...လူပါးလာမဝနဲ့နော်...လူပဲကိစ္စတော့ရှိမှာပဲ...အသက်ကြီးတယ်ဆိုတိုင်းအာရုံလာမနောက်နဲ့,,,,ကိုယ်နဲ့မဆိုင်ရင် အေးအေးဆေးဆေးနေကြ...ပြီးမှမောင်မောင်ကရိုင်းတယ်လို့လာမပြောကြနဲ့ "
" ဒုန်း..ဝုန်း.."
