Mandalay Police CDM Fighter
الذهاب إلى القناة على Telegram
မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။
إظهار المزيد827
المشتركون
-424 ساعات
-137 أيام
-4030 أيام
جاري تحميل البيانات...
القنوات المماثلة
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
يوليو '26
يوليو '26
+11
في 0 قنوات
يونيو '26
+8
في 0 قنوات
Get PRO
مايو '26
+3
في 0 قنوات
Get PRO
أبريل '26
+9
في 0 قنوات
Get PRO
مارس '26
+5
في 0 قنوات
Get PRO
فبراير '26
+5
في 0 قنوات
Get PRO
يناير '26
+9
في 0 قنوات
Get PRO
ديسمبر '25
+7
في 0 قنوات
Get PRO
نوفمبر '25
+10
في 0 قنوات
Get PRO
أكتوبر '25
+11
في 0 قنوات
Get PRO
سبتمبر '25
+11
في 0 قنوات
Get PRO
أغسطس '25
+9
في 0 قنوات
Get PRO
يوليو '25
+15
في 0 قنوات
Get PRO
يونيو '25
+16
في 0 قنوات
Get PRO
مايو '25
+45
في 1 قنوات
Get PRO
أبريل '25
+14
في 0 قنوات
Get PRO
مارس '25
+36
في 1 قنوات
Get PRO
فبراير '25
+13
في 0 قنوات
Get PRO
يناير '25
+37
في 2 قنوات
Get PRO
ديسمبر '24
+85
في 1 قنوات
Get PRO
نوفمبر '24
+55
في 0 قنوات
Get PRO
أكتوبر '24
+139
في 0 قنوات
Get PRO
سبتمبر '24
+123
في 1 قنوات
Get PRO
أغسطس '24
+208
في 1 قنوات
Get PRO
يوليو '24
+220
في 0 قنوات
Get PRO
يونيو '24
+123
في 0 قنوات
Get PRO
مايو '24
+97
في 0 قنوات
Get PRO
أبريل '24
+98
في 0 قنوات
Get PRO
مارس '24
+138
في 0 قنوات
Get PRO
فبراير '24
+70
في 0 قنوات
Get PRO
يناير '24
+33
في 1 قنوات
Get PRO
ديسمبر '23
+51
في 0 قنوات
Get PRO
نوفمبر '23
+106
في 0 قنوات
Get PRO
أكتوبر '23
+278
في 0 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 26 يوليو | 0 | |||
| 25 يوليو | 0 | |||
| 24 يوليو | 0 | |||
| 23 يوليو | 0 | |||
| 22 يوليو | 0 | |||
| 21 يوليو | 0 | |||
| 20 يوليو | 0 | |||
| 19 يوليو | 0 | |||
| 18 يوليو | 0 | |||
| 17 يوليو | 0 | |||
| 16 يوليو | +1 | |||
| 15 يوليو | +1 | |||
| 14 يوليو | 0 | |||
| 13 يوليو | +1 | |||
| 12 يوليو | 0 | |||
| 11 يوليو | +4 | |||
| 10 يوليو | 0 | |||
| 09 يوليو | 0 | |||
| 08 يوليو | +1 | |||
| 07 يوليو | +1 | |||
| 06 يوليو | 0 | |||
| 05 يوليو | +1 | |||
| 04 يوليو | 0 | |||
| 03 يوليو | +1 | |||
| 02 يوليو | 0 | |||
| 01 يوليو | 0 |
منشورات القناة
မြန်မာစစ်တပ်က သူတို့ အလိုရှိနေသူများ ထိုင်းနိုင်ငံတွင် နေထိုင်နေမှုအပေါ် အရေးယူဆောင်ရွက်နိုင်ရေး နေပြည်တော်လျှို့ဝှက်လာရောက်သော ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့ထံသို့ တောင်းဆို၊ ဒုစစ်ခေါင်းဆောင်ဟောင်း စိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ အပါအဝင် မြန်မာစစ်တပ်အရာရှိများကို ထိုင်းကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ
ရန်ကုန်၊ ဇူလိုင် ၂၇
မြန်မာစစ်တပ်က သူတို့ အလိုရှိနေသူများ ထိုင်းနိုင်ငံတွင် နေထိုင်နေမှုအပေါ် အရေးယူဆောင်ရွက်နိုင်ရေး နေပြည်တော်လျှို့ဝှက်လာရောက်သော ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့ထံသို့ တောင်းဆိုခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဝင် ဒုဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး General Paiboon Koomchayaနှင့်ထိုင်းဒုတိယရဲချုပ်တို့ နေပြည်တော်သို့ လျှို့ဝှက်ခရီးစဉ်အဖြစ် နေ့ချင်းပြန်လာရောက်ခဲ့ကြပြီး မြန်မာစစ်တပ်က ယင်းသတင်းကို ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့ပြီး ထိုင်းသတင်းဌာနတချို့ကမူ သတင်းဖော်ပြခဲ့ကြသည်။
"နေပြည်တော်ပြည်ထဲရေးဝန်ကြီးက သူတို့ အလိုရှိနေတဲ့သူတွေကို ထိုင်းဘက်က ပေးနိုင်မလားဆိုတာမျိုးတောင်းတယ်။ ထိုင်းဘက်တော့ အဲဒါကို ဘာမှ မတုံ့ပြန်ဘူး။ ထိုင်းဘက်က လာရောက်တာနဲ့ သူတို့တောင်းဆိုတာက မူးယစ်ဆေးဝါး၊ ကျားဖြန့်နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖိုပ လာဆွေးနွေးတာ " ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုင်းအခြေစိုက် Khaosod သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီတို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးခဲ့ပြိး မြန်မာတွင် ခိုအောင်းနေသော မူးယစ်တရားခံများကို ဖမ်းဆီးလွှဲပြောင်းပေးရန် ထိုင်းက တောင်းဆိုကြောင်း ဖော်ပြထားသည်။
ဇူလိုင် ၂၅ ရက်နေ့ ထိုင်းနိုင်ငံမှ လုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ရှိသူများကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်များကို နှိမ်နင်းရေးနှင့် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြသည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ခွမ်ချာယာ၊ တရားရေးဝန်ကြီး၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို အကြီးအကဲများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) တာဝန်ရှိသူများက ဦးဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ပြည်ထဲရေးဒုတိယဝန်ကြီး၊ စစ်ကောင်စီရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး၊ မွန်းလွဲပိုင်းတွင်လည်း ဒုစစ်ခေါင်းဆောင်ဟောင်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ စိုးဝင်းနှင့် ကောင်စီအဖွဲ့ဝင်များကို ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းဘက်က မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံ၏ အရေးကြီး မူးယစ်ဆေးဝါးအမှု တရားခံပြေးများကို လိုက်လံဖမ်းဆီးပေးရန်၊ ထိုင်းနိုင်ငံမှ တင်ပို့သည့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုကုန်ကြမ်းများကို စက်မှုလုပ်ငန်းများတွင် မှန်ကန်စွာ အသုံးပြုနေခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန်နှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ဓာတုကုန်ကြမ်းများကို မူးယစ်ဆေးဝါးထုတ်လုပ်ရန် တရားမဝင် သယ်ဆောင်မှုများကို တားဆီးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်ကလည်း ထိုင်းနိုင်ငံ၏ တောင်းဆိုချက်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာဘက်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရန်၊ စစ်ဆေးရေးဆိုင်ရာ နိုင်ငံတကာအဆင့်မီ ကိရိယာများ ထောက်ပံ့ပေးရန် ထိုင်းဘက်သို့ ပြန်လည်တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။
နှစ်ဖက်တာဝန်ရှိသူများသည် ရှေ့ဆက်၍ အနီးကပ်ဆက်သွယ်ညှိနှိုင်းနိုင်ရန် ဆက်သွယ်ရေးတာဝန်ခံများ သတ်မှတ်ကာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်သွားမည်ဟုလည်း သဘောတူခဲ့ကြောင်း သိရသည်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲချုပ်ကြီး ဆမ်ရန် နွမ်မာက ယခုတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံ လုံခြုံရေးအဖွဲ့အစည်းများအကြား ဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အလေးအနက် ပူးပေါင်းဆောင်ရွက်သည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် အနာဂတ်တွင် ထိုင်းနိုင်ငံမှ ဓာတုကုန်ကြမ်းများကို မူးယစ်ဆေးဝါးထုတ်လုပ်ရန် တရားမဝင် သယ်ဆောင်နိုင်မှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သလို အရေးကြီး မူးယစ်တရားခံများကိုလည်း ဖမ်းဆီးအရေးယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားကြောင်း သိရှိရသည်။
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter
| 2 | لا يوجد نص... | 1 |
| 3 | لا يوجد نص... | 1 |
| 4 | لا يوجد نص... | 17 |
| 5 | لا يوجد نص... | 14 |
| 6 | ခင်ဦး၊ မုံလှကျေးရွာ ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ဗုံးကြဲခံရပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံး၊ နေအိမ်များမီးလောင်ပျက်စီး
ဇူလိုင် ၂၆၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတစ်ခုကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အရပ်သားနေအိမ်နဲ့ မော်တော်ယာဥ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ရွှေထိမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် အမှတ်(၃) တာဝန်ရှိသူ ကိုဂျိုကိုးလ် က မောင်းကိုပြောပါတယ်။
ဇူလိုင်လ ၂၅ရက်၊ မနေ့နေ့လယ်ပိုင်းက ခင်ဦးမြို့နယ် အနောက်မြောက်ဘက်မှာရှိတဲ့ မုံလှကျေးရွာကို အကြမ်းဖက်စစ်တပ်ရဲ့ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာ ၃စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂျိုင်ရိုကော်ပတာတွေဟာ မုံလှကျေးရွာအတွင်းက နေရာသုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးလည်း မီးထဲပါကာ သေဆုံးသွားသလို နောက်ထပ် ရွာခံ ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
"နယ်မြေက စစ်ကြောင်းလည်းမရှိဘူး။ လက်ရှိအနေထားက ငြိမ်နေတယ်ပေါ့။ အဲဒါကို တိရိစ္ဆာန်လောက်အသိဥာဏ်ကိုမရှိကြတော့ လာကြဲသွားတာပါ။ ဆုံးသွားတဲ့အဘွားက နားလည်းလေးတယ်။ အဲတော့ ရှောင်ချိန်သိပ်မရဘဲ ထိသွားတာပါ" လို့ ရွှေထိမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် အမှတ်(၃) တာဝန်ရှိသူ ကိုဂျိုကိုးလ် က မောင်းကိုပြောပါတယ်။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၄လုံး၊ မော်တော်ယာဥ် ၁စီး၊ ထွန်စက် ၁စီး ၊ ပစဥ်းခေါင်းယာဥ် ၁စီး၊ ဆိုင်ကယ် ၁စီးနဲ့ စပါးတိုက် ၁လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ ဆေးခန်းတွေပျက်စီးပြီး အရပ်သားတွေထိခိုက်မှုရှိခဲ့ပါသေးတယ်။
ပုံစာ - မုံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း။
ဓာတ်ပုံ - ဒေသခံပေးပို့
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 12 |
| 7 | لا يوجد نص... | 8 |
| 8 | People's Spring:
AAရဲ့အာရက္ခလောင်ဘော်(ထီ)ဝယ်ယူကံစမ်းသူများပြီး မြို့နယ်အချို့မှာ လမကုန်ခင်
တစ်ပါတ်အလိုကတည်းကရောင်းကုန်
ဇူလိုင်-၂၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်
မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
AA ဟာ အာရက္ခလောင်ဘော်(ထီ)လို့ နာမည်ပေးထားတဲ့ ထီလက်မှတ်တွေကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချခဲ့ တာဖြစ်ပြီး အခုအခါ ဒုတိယမြောက်လဖြစ်ပါတယ်။
“ဒီဘက်က မြို့တိုင်းလိုလိုမှာ လက်မှတ်တွေ ဝယ်မရတော့ဘူး။ ရုံးကို သွားမေးတော့လည်း ကုန်သွားပြီပြောတယ်။ လက်မှတ်ကုန်လို့ ရုံးချုပ်ကမှာပြီး ရောင်းသာ သုံးသုတ်ရှိပြီတဲ့၊ ဒီလအတွက် လက်မှတ်ကုန်ပြီပြောတယ်” လို့ မြေပုံမြို့ နယ်မှဒေသခံတဦးကပြောပါတယ်။
လက်ရှိမှာမြေပုံ၊ ပေါက်တော၊ မင်းပြားစတဲ့မြို့နယ်တွေမှာ ထီလက်မှတ်တွေ မရှိတော့ဘူးလို့ သိရပါတယ်။ “ငါးရက် အတွင်း လက်မှတ်တွေအကုန် ကုန်သွားတယ်။ လက်မှတ်ဝယ်ချင်တဲ့သူတွေ အများကြီးကျန်နေသေးတယ်” လို့ ပေါက်တောမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
ပထမဆုံးထီစရောင်းတဲ့လမှာလည်း စိတ်ဝင်
စားဝယ်ယူသူတွေ များခဲ့ပေမယ့် အခုလလောက် ထီလက်မှတ်ပြတ်တဲ့ထိ မရောင်းခဲ့ရဘူးလို့ အခွန်ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
“လက်မှတ်တွေကုန်ပြီ။ ရောင်းမစွံသေးတဲ့ တချို့မြို့နယ်တွေရှိတော့အဲဒီကလက်မှတ်တွေကိုယူရောင်းနေခဲ့တာအခုဆိုရင်ယူရောင်းစရာလည်းမကျန် တော့ဘူး။ ရုံးချုပ်ကလည်း ရှေ့လအတွက်မှပဲ ထုတ်ပေးတော့မယ် ပြော တယ်” လို့ အခွန်ဌာနတာဝန်ရှိသူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ AA ဟာ တစ်လမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခ လောင်ဘော်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ စတင်ရောင်းချနေခဲ့တာပါ။
အဲဒီဇွန်လအတွက်ပထမဆုကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့မှ ဒေါ်မသန်းရီက ဆွတ်
ခူးရရှိခဲ့ပြီး ဒုတိယဆု ကျပ်သိန်း ၃၀၀ ကိုတော့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ရရှိခဲ့ပါတယ်။
ပထမဆုံးလမှာ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ နဲ့ စတင်ခဲ့ပေမယ့်ဒုတိယလမှာတော့ ပထမဆုကို ကျပ်သိန်း ၇၅၀ အထိ တိုးမြင့်ထားပြီး စုစုပေါင်းဆုကြေးပမာဏဟာလည်း ကျပ်သိန်း ၃၀၀၀ ထိဖြစ်သွားခဲ့ပါတယ်။
AA အနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ကျန်း
မာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိ
ပေးထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာ
သိမ်းပြီးနောက်ပိုင်းနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေဟာ စစ်ကော်မရှင်က ရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ကေ ပြောပါတယ်။အခုထီလက်မှတ်တွေရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့သုံးသပ်ကြပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမြို့တွေသိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစ
တစတိုးချဲ့ ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။
AAရဲ့အာရက္ခလောင်ဘော်(ထီ)ဝယ်ယူကံစမ်းနေကြသူတွေ ။ဓါတ်ပုံ-APM
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 17 |
| 9 | لا يوجد نص... | 14 |
| 10 | CDF - ဇိုတုန်မှ အပတ်စဥ် (၅) Special Force Training သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ဇူလိုင်လ ၂၆ ရက်
Chinland Defense Force – Zotung မှ ဦးစီးကျင်းပတဲ့ (၅) ကြိမ်မြောက် Special Force Training သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ CDF-ZOTUNG မှ မနေ့က ထုတ်ပြန်ပါတယ်။
(၅) ကြိမ်မြောက် အထူးလေ့ကျင့်ရေး သင်တန်းဆင်းပွဲကို ဇူလိုင် ၂၃ ရက်မှာ ဇိုတုန်ဒေသ တနေရာမှာ ကျင်းပခဲ့တာပါ။
အဲဒီ အခမ်းအနားမှာ သင်တန်းဆင်း ရဲဘော်တပ်သားအသစ်တွေကို ဆုပေးခြင်း၊ ဆုတောင်းပေးခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရက်ရှည်သင်တန်းဖြစ်တဲ့အတွက် တာဝန်ယူ ဦးစီးပေးကြတဲ့ တာဝန်ရှိသူတွေနဲ့ ကျွေးမွေးမှု အတွက် ဝိုင်းဝန်းထောက်ပံ့ပေးကြတဲ့ ပြည်တွင်း၊ ပြည်ပမှ ပြည်သူတွေကို ကျေးဇူးအထူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တန်းတူညီမျှမှုအပြည့်အ၀ရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနဲ့ ချင်းလဲန်းရှိပြည်သူတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 12 |
| 11 | لا يوجد نص... | 12 |
| 12 | SCEF နှင့် ULA/AA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၊ ရေဘေးကူညီရေးနှင့် နိုင်ငံရေးအခင်း အကျင်းများ ပါဝင်
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့မှ ထိပ်သီးခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ၍ ရခိုင်ဒေသ ရေဘေးကူညီရေးနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ် စကားပြောကြားခဲ့သည်။
တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအပြင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ခဲ့ကြသည်။
ထို့အပြင် SCEF ခေါင်းဆောင်များက ကောင်စီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
SCEF သည် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူများက ပိုင်ဆိုင်သည်ဟူသော "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ" မူကို ကိုင်စွဲထားသည်။ SCEF တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူ့ကိုယ်စား လှယ်များ ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု " ဖြင့် မူဝါဒတစ်ရပ် တည်း၊ မဟာဗျူဟာတစ်ရပ်တည်းကို အခြေခံကာ ဖော်ဆောင်နေသည့် အဖွဲ့ အစည်းဖြစ်သည်။
လက်ရှိတွင် ULA/AA သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားကာ တရုတ်၊ အိန္ဒိယတို့၏ အခြေခံအဆောက်အအုံ စီမံကိန်းများကိုပါ ကိုင်တွယ် ထားသည့် အင်းအားတောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။
#SCEF #UAA_AA #အွန်လိုင်းတွေ့ဆုံ #ရေဘေး #နိုင်ငံရေးအခင်းအကျင်း #Ayeyarwaddy_Times
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 14 |
| 13 | لا يوجد نص... | 13 |
| 14 | ဇီးပင်တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးနဲ့ ၆ နှစ်အတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုပွဲပြုလုပ်
ဇူလိုင်လ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းရွာတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ BLDF ရဲဘော် ၇ ဦးနဲ့ တော်လှန်ရေးကာလတလျောက် ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေအတွက် အောက်မေ့သတိရဂုဏ်ပြုပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂုဏ်ပြုပွဲကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ကျင်းပခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“၂၀၂၁ကနေစပြီး ယခုအချိန်အထိကျဆုံးခဲ့ရတဲ့မိမိတို့ ရဲဘော်များအတွက် ဂုဏ်ပြုအောက်မေ့ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ စစ်ရေးနဲ့နယ်မြေအခြေအနေအရ အကျဥ်းချူံး ကျင်းပတာဖြစ်တဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့ခြင်းမျိူး မရှိခဲ့ပါဗျ။” လို့ BLDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခမ်းအနားမှာတော့ ကျဆုံးခဲ့ရတဲ့ BLDF ရဲဘော်တွေကို အလေးပြုတာ၊ တက်ရောက်လာတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေက လွမ်းသူ့ပန်းခွေပို့တာ၊ ရဲဘော်ရဲဘက်တွေက ကျဆုံးရဲဘော်တွေနဲ့ပတ်သတ်တဲ့ အမှတ်တရစကား ပြောတာ၊ ဂုဏ်ပြုကဗျာ ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ BLDF ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အောက်မေ့သတိရ ဂုဏ်ပြုပွဲကိုတော်လှန်ရေး စိုးမိုးနယ်မြေဖြစ်တဲ့ အညာဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးကျဆုံးရဲဘော်တွေရဲ့ ရဲရင့်ဂုဏ်ပြောင်တဲ့ စိတ်ဓာတ်ကို အောက်မေ့သတိရလျက် ကိုင်စွဲပြီး ကျန်နေသေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမယ်လို့ BLDFက ဆိုပါတယ်။
ဓာတ်ပုံ - ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 14 |
| 15 | لا يوجد نص... | 14 |
| 16 | ခင်ဦးတွင် စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ စလင်းတွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ အသက် ၆၀ အရွယ် အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်ခွာလာသည့် ဂျိုင်ရိုကော်ပတာ ၃ စီးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ ဗုံး ၃ လုံး ကျဲချခဲ့ခြင်းဖြစ်သည်။
ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် အဖွားအိုတစ်ဦး မီးလောင်သေဆုံးကာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူများ၏ လူနေအိမ်နှင့် စပါးကျီတိုက် ၅ လုံးထက်မနည်း၊ ထွန်စက် ၁ စီး၊ မော်တော်ယာဉ် ၁ စီးနှင့် စက်သုံးဆီ ပေပါ ၁၀ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ခြင်ထောင်ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် မဟာနေလစက်သုံးဆီဆိုင် အနီးအနားမှ လွှတ်တင်လိုက်သည့် ဒရုန်းများဖြင့် စလင်းမြို့နယ်၊ ခြင်ထောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်ပျက်စီးမှုမရှိကြောင်း သိရသည်။
"စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။ မဟာနေလဆီဆိုင် အနီးအနားကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းလို့ သိရပါတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတာမျိုးတော့ မရှိပါဘူး" ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 19 |
| 17 | لا يوجد نص... | 25 |
| 18 | ရန်ကုန်မြို့တွင် လူငယ်များအား ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ တရားလက်လွတ် ဖမ်းဆီးမှုများပိုများလာ
ဇူလိုင် ၂၆၊ ၂၀၂၆
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ လမ်းသွားလမ်းလာ လူငယ်တွေကို မူးယစ်ဆေးဝါးတွေ့ရှိမှု၊ ညဘက်သွားလာမှု စတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့စွပ်စွဲပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆက်တိုက် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဇူလိုင်လ ၂၅ ရက်၊ ညပိုင်းက လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဆေးခန်းအနီးမှာ လမ်းလျှောက်နေတဲ့ လူငယ်အမျိုးသား ၃ ဦးကို အရက်နဲ့ ဘီယာ ဝယ်ယူသွားလာနေတယ်လို့ စွပ်စွဲပြီး ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ ကျောင်းလမ်းထဲမှာ စက်ဘီးနဲ့ သွားလာနေတဲ့ လူငယ်အမျိုးသား ၂ ဦးကိုလည်း ကင်းလှည့်နေတဲ့
ပျောက်ကြားဝတ် မျက်နှာဖုံးစွပ်ထားသူ ၄ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးက စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အလားတူ သာကေတမြို့နယ်၊ ဝက်စုမှတ်တိုင်မှာ ရှိနေတဲ့ လူငယ်အမျိုးသား ၂ ဦးကိုလည်း မူးယစ်ဆေးဝါးတွေ့တယ်လို့ စွပ်စွဲပြီး အရပ်ဝတ်ရဲ၊ ပျူစောထီးနဲ့ ဘေးတွဲဆိုင်ကယ်သမားတွေက ရိုက်နှက်ကန်ကျောက်ကာ သာကေတ အမှတ် (၁) ရဲစခန်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အခြားမြို့နယ်တွေဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာအနီးက ဦးဝိစာရလမ်းပေါ်မှာ ဘီယာဝင်ဝယ်တဲ့ လူငယ် ၂ ဦးကို ရဲဆလွန်းကားနဲ့ လာရောက်ဖမ်းဆီးသွားတာမျိုးနဲ့ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်အတွင်း ဧည့်စာရင်းဝင်စစ်ပြီး အဆောင်နေ နယ်ဝေးက လူငယ်အမျိုးသား ၁ ဦးကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်းရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက်ပိုင်းကစလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး လမ်းပေါ်မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ မတရား ဖမ်းဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဟာ တပ်ဘက်မှာ စစ်အင်အား လိုအပ်ချက်တွေ ရှိနေတာကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေကို အသုံးပြုပြီး အပတ်စဉ်အလိုက် စစ်မှုထမ်းဖို့ လူသစ် စုဆောင်းတာ၊ မဲနှိုက်ခိုင်းတာတွေနဲ့ ငွေကြေးတောင်းခံတာတွေကိုပါ ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အခုလို မတရား စွပ်စွဲဖမ်းဆီးတာတွေနဲ့ သတင်းအစအနမရတော့တာတွေ များပြားလာတာကြောင့် ရန်ကုန်မြို့ခံ လူငယ်တွေနဲ့ အုပ်ထိန်းသူမိဘတွေက စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်မားနေတယ်လို့လည်း သိရပါတယ်။
ပုံစာ - စစ်ကောင်စီတပ်က လူငယ်များအားဖမ်းဆီးနေသည့်မြင်ကွင်း(ပုံဟောင်း)
ဓာတ်ပုံ - AFP
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 22 |
| 19 | لا يوجد نص... | 15 |
| 20 | ဓာတ်ပုံ- မင်းအောင်လှိုင် မိသားစုနဲ့ ၀စီပိတ်ဘုန်းကြီး အပေါင်းအပါများ။
Telegram Link
https://t.me/MCPFighter
Mandalay Police CDM Fighter | 15 |
