cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Mostrar más
Publicaciones publicitarias
758
Suscriptores
Sin datos24 horas
+47 días
+4930 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတိုအတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪 မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Mandalay Police CDM Fighter ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️ Good night ပါခင်ဗျာ။ #Mandalay Police CDM Fighter
Mostrar todo...
Photo unavailableShow in Telegram
ဝိုင်းမော်လေကြောင်းတိုက်ခိုက်မှု သေဆုံးအရပ်သားနှစ်ဦးရုပ်အလောင်း သုံးရက်ကြာသည်အထိ မကောက်ယူနိုင်သေး ဇော်ရမ်း/People's Spring ဝိုင်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုအတွင်း အရပ်သားနှစ်ဦးသေဆုံးရာ ယနေ့(ဇွန်လ၁၉ရက်)အထိ ရုပ်အလောင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ဝိုင်းမော်မြို့ ခါးရှိနှင့် စန်းကားကျေးရွာကို ဇွန်လ ၁၇ရက်ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ " နှစ်ယောက် သေတယ်။ ဘယ်သူတွေမှန်းမသိသေးဘူး။ ပိုင်ရှင်မယ်ဆိုတော့ ကောက်မဲ့သူလည်းမရှိသေးသလို လုံခြုံရေးအခြေအနေအရ သွားကောက်လို့လည်းမရသေးဘူး"ဟု မြို့ခံတစါဦးက ပြောသည်။ အမျိုးသားနှစ်ဦး သေဆုံးနေခြင်းဖြစ်ကြောင်းသိရသော်လည်း အသေးစိတ်မသိရှိရသေးပေ။ အဆိုပါရုပ်အလောင်းနှစ်လောင်းသည် ဝိုင်းမော်-ဝါရှောင်ကျေးရွာသွားသည့်လမ်းဘေးအနီး ရှိနေသည်ဟု မြို့ခံအချို့က ပြောသည်။ ဝိုင်းမော်မြို့တွင် ဇွန်လ ၁၀ရက်က စစ်ကောင်စီက လက်နက်ကြီး၊ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။ ထို့အပြင် လမြန်ရွာခရစ်ယာန်ဘုရားကျောင်း‌လည်းပ်ြိုကျပျက်စီးသွားခဲ့သည်။ ယင်းမတိုင်ခင်မေလအတွင်းက စစ်ကောင်စီလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦးသေဆုံးခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စခန်းအများအပြားတိုက်ခိုက်သိမ်းပိုက်ထားသည့်ဝိုင်းမော်မြို့တွင် တပ်ရင်းအနေဖြင့် ခလရ(၅၈)သာ ကျန်ရှိတော့သည်။ စစ်ကောင်စီက ခလရ(၅၈) ပတ်ဝန်းကျင်၌ ကာကင်းအများအပြားချထားသည်။ မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ မုတ်လွဲရာလမ်းဆုံ၌ အင်အား ၁၀၀ခန့် တပ်ဆွဲထားပြီး လက်နက်ကြီးတပ်ဆင်ထားသည်။ စစ်ကောင်စီသည် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခလရ(၅၈)နှင့်မုတ်လွဲရာလမ်းဆုံမှနေ၍ လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Mostrar todo...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Photo unavailableShow in Telegram
တိုက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီအား  ထောက်ခံနေသော ပြည်ခိုင်ဖြို့ပါတီ၏ မြို့နယ်ကော်မတီဝင် ဝင်းမောင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေဆုံး ဇွန်လ ၁၉ ရက် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊  ဥက္ကံမြို့ တွင် ယနေ့ ၄ နာရီဝန်းကိင်အချိန်၌ အကြမ်းဖက် စစ်ကောင်စီအား ထောက်ခံနေသော ပြည်ခိုင်ဖြို့ပါတီ၏ မြို့နယ်ကော်မတီဝင် ဝင်းမောင် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း Hlaing Info မှ သိရပါသည်။ အဆိုပါ ပစ်ခတ်ခံရ၍ သေဆုံးသူမှာ  အကြမ်းဖက် စစ်ကောင်စီအား‌ ထောက်ခံနေသော ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင်ဖြစ်သည့်အပြင် ဥက္ကံမြို့၊  ပန်းပင်တန်းကျေးရွာအုပ်စု၊ ပိန်းသျှိုကျေးရွာ ရာအိမ်မှူး တာဝန်လည်း ယူထားကြောင်း သိရပါသည်။ ဖြစ်စဉ်အသေးစိတ်ကို Hlaing Info မှ ဆက်လက်ဖော်ပြသွားပါမည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Mostrar todo...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

Photo unavailableShow in Telegram
နိုင်ငံတော်သံဃာမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော် လည်း  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရကြောင်း သံဃာ့ အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန၏ထူးခြားဖြစ်စဉ် အစီရင်ခံစာက အတည်ပြု ရန်ကုန်၊ ဇွန် ၁၉ နိုင်ငံတော်သံဃာမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်သော်လည်း  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သံဃာ့အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန အစီရင်ခံစာက အတည်ပြုလိုက်သည်။ ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကား သည် တိုက်ပွဲအကြားရောက်ရှိ၍  PDF က ပစ်ခတ်သောကြောင့်  ဆရာတော်ပျံလွန်တော်မူကြောင်း လိမ်လည် သတင်းထုတ်ပြန်လာကြောင်း၊ ထိုသို့ လိမ်လည်သတင်းထုတ်ပြန်ရာတွင် ဆရာတော်၏ ကားသမား ယာဉ်မောင်းဆိုသူ၏ မျက်နှာကို ဝါး၍ ၎င်း၏ ထွက်ဆိုချက်ဟုဆိုကာ စစ်ကောင်စီသတင်းဌာနများက လိမ်လည် သတင်းထုတ်ပြန် ဖော်ပြလာခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့ရာတွင် ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်သည်  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ကျော်လှိုင်က အထူးအစီရင်ခံစာဖြင့် ကနဦး တင်ပြထားသည်။ သာသနာရေးဝန်ကြီးဌာန၏ အထူးအစီရင်ခံစာတွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်ပြီး ဆွမ်းစားရန် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာအကြား လုံခြုံရေးကင်းလှည့်နေသူ(စစ်ကောင်စီတပ်)များ နှင့်တွေ့ရှိ၍ ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သွားသည့်အတွက် လုံ ခြုံရေးတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့်  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်ခဲ့ပြီး ကံသုံးဆင့်ဆရာတော်မှာ ပွန်းပဲ့ဒဏ်ရာရရှိကြောင်း၊ ဆရာတော်၏ ယာဉ်မောင်းမှာ လက်ခြေတို့တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေး တိုင်း သာသနာရေးမှူးက ထူးခြားဖြစ်စဉ်အဖြစ် အစီရင်ခံစာ တင်ပြထားသည်။ ပဲခူးမြို့ရှိ သံဃာတော်အသိုင်းအ၀ိုင်းကလည်း  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်းကို အတည်ပြုထားပြီးဖြစ်ကြောင်း မိန့်ကြား ပြောဆိုကြသည်။ "ဆရာတော် နေ့ဆွမ်းစားဖို့ ကြွတဲ့အချိန်မှာ အဲဒီဘက်မှာတိုက်ပွဲလည်း မရှိဘူး။ ပစ်ခတ်မှုလည်းမရှိဘူး။ စစ်တပ်က ပစ်ခတ်တယ်ဆိုတာ အတူပါသွားတဲ့  ဆရာတော်ရဲ့ ဒါယိကာတွေဘက်ကလည်း အတည်ပြုထားပါတယ်။ မှားယွင်းပစ်တယ်ဆိုရင် ပစ်တယ်ပေါ့။ ဒီလို နစကက လိမ်လည်တာကြီးကတော့ မဖြစ်သင့်ဘူး။ ဒီလောက်ကြီးကတော့ လက်ခံလို့မရဘူး" ဟု ပဲခူးမြို့  ပဲခူးမြို့  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ တပည့် စာချ သံဃာတော်တစ်ပါးက မိန့်ကြားသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Mostrar todo...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။

နိုင်ငံတော်သံဃာမဟာနာယက ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော် လည်း  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ရကြောင်း သံဃာ့ အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန၏ထူးခြားဖြစ်စဉ် အစီရင်ခံစာက အတည်ပြု ရန်ကုန်၊ ဇွန် ၁၉ နိုင်ငံတော်သံဃာမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်သော်လည်း  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သံဃာ့အသိုင်းအ၀ိုင်းနှင့် သာသနာရေးဝန်ကြီးဌာန အစီရင်ခံစာက အတည်ပြုလိုက်သည်။ ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါသော ကား သည် တိုက်ပွဲအကြားရောက်ရှိ၍  PDF က ပစ်ခတ်သောကြောင့်  ဆရာတော်ပျံလွန်တော်မူကြောင်း လိမ်လည် သတင်းထုတ်ပြန်လာကြောင်း၊ ထိုသို့ လိမ်လည်သတင်းထုတ်ပြန်ရာတွင် ဆရာတော်၏ ကားသမား ယာဉ်မောင်းဆိုသူ၏ မျက်နှာကို ဝါး၍ ၎င်း၏ ထွက်ဆိုချက်ဟုဆိုကာ စစ်ကောင်စီသတင်းဌာနများက လိမ်လည် သတင်းထုတ်ပြန် ဖော်ပြလာခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့ရာတွင် ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်သည်  စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ကျော်လှိုင်က အထူးအစီရင်ခံစာဖြင့် ကနဦး တင်ပြထားသည်။ သာသနာရေးဝန်ကြီးဌာန၏ အထူးအစီရင်ခံစာတွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့သည် မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)တွင် ဇွန်လ ၂၀ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေး တက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်ပြီး ဆွမ်းစားရန် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာအကြား လုံခြုံရေးကင်းလှည့်နေသူ(စစ်ကောင်စီတပ်)များ နှင့်တွေ့ရှိ၍ ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သွားသည့်အတွက် လုံ ခြုံရေးတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့်  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်ခဲ့ပြီး ကံသုံးဆင့်ဆရာတော်မှာ ပွန်းပဲ့ဒဏ်ရာရရှိကြောင်း၊ ဆရာတော်၏ ယာဉ်မောင်းမှာ လက်ခြေတို့တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာန၊ မန္တလေး တိုင်း သာသနာရေးမှူးက ထူးခြားဖြစ်စဉ်အဖြစ် အစီရင်ခံစာ တင်ပြထားသည်။ ပဲခူးမြို့ရှိ သံဃာတော်အသိုင်းအ၀ိုင်းကလည်း  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်းကို အတည်ပြုထားပြီးဖြစ်ကြောင်း မိန့်ကြား ပြောဆိုကြသည်။ "ဆရာတော် နေ့ဆွမ်းစားဖို့ ကြွတဲ့အချိန်မှာ အဲဒီဘက်မှာတိုက်ပွဲလည်း မရှိဘူး။ ပစ်ခတ်မှုလည်းမရှိဘူး။ စစ်တပ်က ပစ်ခတ်တယ်ဆိုတာ အတူပါသွားတဲ့  ဆရာတော်ရဲ့ ဒါယိကာတွေဘက်ကလည်း အတည်ပြုထားပါတယ်။ မှားယွင်းပစ်တယ်ဆိုရင် ပစ်တယ်ပေါ့။ ဒီလို နစကက လိမ်လည်တာကြီးကတော့ မဖြစ်သင့်ဘူး။ ဒီလောက်ကြီးကတော့ လက်ခံလို့မရဘူး" ဟု ပဲခူးမြို့  ပဲခူးမြို့  ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ တပည့် စာချ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
Mostrar todo...
Photo unavailableShow in Telegram
ဝိုင်းမော်မြို့အနီး KIA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး ဇွန်လ ၁၉ ရက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး KIA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဇွန်လ ၁၈ ရက်နေ့မှ စ၍ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲများသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့ထိ ဖြစ်ပွားနေပြီး ဝိုင်းမော်မြို့မြောက်ဘက် ဝူယန်ရွာနှင့် လုမြန်ရွာ အကြားတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။ "ဒီနေ့တစ်နေကုန် ဝိုင်းမော်မြို့ မြောက်ဘက် ဝူယန်ရွာနဲ့ လုမြန်ရွာ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်မှာတော့ ထိတွေ့ တိုက်ပွဲက ငြိမ်သွားပြီ မနေ့က လုမြန်တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘ​က်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၁၂ ဦး သေတယ်။စစ်ခွေးတွေ ထိုးစစ်ဆင်လာတာ သူတို့တော်တော် အထိနာသွားကြတယ်" ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ Telegram Link https://t.me/MCPFighter Mandalay Police CDM Fighter
Mostrar todo...
Mandalay Police CDM Fighter

မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်။