cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ဆီသို့ - Towards

အာဏာရှင်တော်လှန်ရေးအတွက်မီဒီယာအခြေပြုလူထုလှုပ်ရှားမှု

إظهار المزيد
مشاركات الإعلانات
6 678
المشتركون
+1324 ساعات
+827 أيام
+30630 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

❐ ဒေါ်လာစျေးစံချိန်တင်မြင့်တက်ပြီးနောက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ မြထွန်းဦးအစား ညိုစောကို ပြောင်းလဲခန့်အပ်ကြောင်း သတင်းထွက်ပေါ်။
မေ ၃၀၊ ၂၀၂၄။ ယခုရက်ပိုင်းအတွင်း ဒေါ်လာစျေး ၄၅၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ပြီးနောက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) ဥက္ကဋ္ဌ မြထွန်းဦးအစား ညိုစောကို ပြောင်းလဲခန့်အပ်လိုက်ကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များမှ သတင်းများထွက်ပေါ်လျက်ရှိသည်။ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) သည် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စစ်ကောင်စီက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားငွေဝင် ငွေထွက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ သွင်းကုန်ထုတ်ကုန်များ စသည်တို့ကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ See more...
إظهار الكل...
Photo unavailableShow in Telegram
❐ မြန်မာနိုင်ငံတွင် VPN များ ချိတ်မရဘဲ Facebook နှင့် Messenger များ သုံးမရ။ မေ ၃၀၊ ၂၀၂၄။ မြန်မာနိုင်ငံတွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ Facebook နှင့် Messenger များ သုံးစွဲမရ ဖြစ်နေသည်။ ယနေ့ မေလ ၃၀ ရက် နံနက်ကစပြီး ပုံမှန်အသုံးပြုနေကျ VPN အချို့မှာ ချိတ်မရပဲ ချိတ်၍ရသော VPN အချို့မှာ Facebook နှင့် Messenger အသုံးပြု၍ မရကြောင်း ပြည်သူများက ဆိုသည်။ See more...
إظهار الكل...
😢 5👍 2
Photo unavailableShow in Telegram
⬛️ ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်း မဟုတ် ရာဇဝင်ထဲက မြို့တစ်မြို့ ပုဂံခေတ် ကတည်းကရှိတဲ့ မြို့တစ်မြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော် ကတည်းကရှိတဲ့ မြို့တစ်မြို့ သမိုင်းဝင် မြို့တစ်မြို့ ။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည် တွင်ခဲ့ရ ။ See more...
إظهار الكل...
8
❐ Sanction ချမှတ်ခြင်းသည် အစိုးရတင်မဟုတ်ပဲ ပြည်သူများကိုပါ ဆိုးကျိုးဖြစ်စေသဖြင့် ရပ်တန့်ပေးရန် ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်ပါတီ ၂၅ ခု သဘောထားထုတ်ပြန်။
မေ ၂၉၊ ၂၀၂၄။ စီးပွားရေးပိတ်ဆို့မှုပြစ်ဒဏ် (Sanction) ချမှတ်ခြင်းသည် အစိုးရအပေါ် ပိတ်ဆို့ခြင်းဖြစ်သည်ဟုအကြောင်းပြပြောဆိုနေကြသော်လည်း တိုင်းရင်းသားပြည်သူတရပ်လုံးအပေါ် ထိခိုက်နစ်နာစေသဖြင့် ၇ပ်တန်းပေးရန် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော မိတ်ဖက်နိုင်ငံရေးပါတီ ၂၅ ခုက သဘောထားထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ရက်စွဲဖြင့် အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲပြုလုပ်ပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့သော ပြည်တွင်းပဋိပက္ခများအား အစိုးရက ဥပဒေနှင့်အညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် အစွန်းရောက်နိုင်ငံရေးသမားများနှင့် အကြမ်းဖက်များကြောင့် လူမှုစီးပွားဆိုင်ရာ အခြေခံအဆောက်အဦးများ ပျက်စီးခြင်း၊ လူငယ်များ၏ အနာဂတ်ဘဝများ ဖျက်ဆီးခံရခြင်းအပြင် ရာဇဝတ်မှုပိုမိုအရှိန်မြင့်လာခြင်းများ ဖြစ်နေသည်ဟူ၍ ဖော်ပြထားသည်။ See more...
إظهار الكل...
🤣 12
❐ တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်။
မေ ၃၀၊ ၂၀၂၄။ တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame မှ ထုတ်ပြန်ကြေညာသည်။ ယမန်နေ့ ၂၀၂၄ခုနှစ် မေလ ၂၉ရက်နေ့တွင် သံသုမာလမ်းမပေါ်ရှိ ၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ည ၁၀နာရီ ၅၀မိနစ် နှင့် ဝေဇယန္တာလမ်းမပေါ်ရှိ ၃ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအား ည ၁၁နာရီ ၀၃မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်၏ မတရားစစ်မှုထမ်းအမိန့်ကို အလိုတူအလိုပါ ဖော်ဆောင်နေသောကြောင့် ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ See more...
إظهار الكل...
👍 3 3👏 1
Photo unavailableShow in Telegram
❐ KIA စစ်ဦးစီးချုပ်သစ်အဖြစ် ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်ချုပ်အောင်ဆိုင်းလာကို ခန့်အပ်။
မေ ၂၉၊ ၂၀၂၄။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်သွားပြီးနောက် စစ်ဦးစီးချုပ်သစ်အဖြစ် ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်ချုပ်အောင်ဆိုင်းလာကို ခန့်အပ်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။ ဗိုလ်ချုပ်အောင်ဆိုင်းလာသည် မန္တလေးတက္ကသိုလ် ဘွဲရဖြစ်ပြီး၊ "Plasatik" ကလောင်အမည်ဖြင့် ကချင်စာနယ်ဇင်းများ၌ ရေးသားခဲ့ကာ ကချင်ရိုးရာသမိုင်အကြောင်းကိုလည်း "ဝမ်းခန့်အောင်" ကလောင်အမည်ဖြင့် ဗမာဘာသာဖြင့် စာအုပ်ထုတ်ခဲ့သည့် စာရေးဆရာတဦးဖြစ်ကြောင်း၊ စာရေးဆရာ ၊ ကျောင်းဆရာ ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေး ညွှန်မှူး စသည့် အခန်းကဏ္ဍ အသီးသီး၌ ကျင်လည်ခဲ့သူဖြစ်ကြောင်း၊ တနိုင်းမြို့တွင် ကျောင်းဆရာ လုပ်ဆောင်နေရာမှ ၁၉၈၅ ဒီဇင်ဘာတွင် KIA သို့ ဝင်လာသူ ဖြစ်ကြောင်း သိရသည်။ See more...
إظهار الكل...
👍 14
Photo unavailableShow in Telegram
❐ စစ်ကောင်စီက ဗိုလ်ချုပ်ကိုလေးကို ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ခန့်အပ်။
မေ ၂၈၊ ၂၀၂၄။ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးနေရာကို ဗိုလ်ချုပ်ကိုလေးအားခန့်အပ်ကြောင်း မေလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခင်က ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးမှာ ဗိုလ်ချုပ်အောင်လင်းထွန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအထိ ခန့်အပ် တာဝန်ပေးခဲ့သည်။ သို့သော် လောက်ကိုင်ဒေသတွင် ဖြစ်ပွားခဲ့သော ကျားဖြန့်ကိစ္စနှင့်ဆက်စပ်နေသည်ဟူသော သံသယဖြင့် ဗိုလ်ချုပ်အောင်လင်းထွန်းမှာ ယခုနှစ် မတ်လတွင် ဖမ်းဆီးအရေးယူခံခဲ့ရသည်။ သတင်းဓာတ်ပုံ - Credit #စစ်ကောင်စီ #ကာကွယ်ရေးဝန်ကြီးဌာန #ဒုတိယဝန်ကြီး #ဗိုလ်ချုပ်ကိုလေး #ဆီသို့ #Towards
إظهار الكل...
❐ ရက္ခိုင်ပြည်မြောက်ပိုင်းအရေး ထုတ်ပြန်ချက်နှင့် စပ်လျဉ်း ၍ တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးအတွက် ဦးတည်လျက် အပြုသဘောဆောင် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း AJMM ထုတ်ပြန်။
မေ ၂၆၊ ၂၀၂၄။ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ စုပေါင်း ထုတ်ပြန်ခဲ့သည့်‌ ရက္ခိုင်ပြည်မြောက်ပိုင်းအရေး ထုတ်ပြန်ချက်သည် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးအတွက် ဦးတည်လျက် အပြုသဘောဆောင် တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ AJMM ထုတ်ပြန်ပြောဆိုလိုက်သည်။ See more...
إظهار الكل...
👍 2
❐ ကွတ်ခိုင်မြို့တွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းဆိုင်ရာ အစည်းဝေးပြုလုပ်။
မေ ၂၇၊ ၂၀၂၄။ ယမန်နေ့ မေလ ၂၆ ရက်နေ့ နေ့လယ်က တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့တွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် ကွတ်ခိုင်မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တပ်မဟာ (၅)မှ တာဝန်ရှိသူတို့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါအစည်းအဝေးတွင် တအာင်းပြည်အတွင်း တာဝန်ထမ်းဆောင်နေချိန် ခက်ခဲမှု၊ ပင်းပန်းမှူ၊ လိုအပ်ချက်များ များစွာရှိနေသည့်အတွက် ကျရာနေရာတွင် ပေးအပ်ထားသည့် တာဝန်များကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ကြရန်နှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းဖြင့် အားလုံးဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းသွားရန်လိုအပ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်မှ မှာကြားခဲ့ကြောင်း သိရသည်။ See more...
إظهار الكل...
👍 9
Photo unavailableShow in Telegram
❐ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်တဦး သရက်ခရိုင်အတွင်း ကျဆုံး။
မေ ၂၇၊ ၂၀၂၄။ ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်တဦးဖြစ်သူ ရဲဘော် Bee သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မေလ ၂၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ကျဆုံးသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။ ရဲဘော် Bee သည် မကွေးတိုင်း၊ သရက်ခရိုင်အတွင်း ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် အသက်ပေးလှူကျဆုံးခ့သည့်အတွက် တပ်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။ See more...
إظهار الكل...
😢 9