ar
Feedback
EHS Myanmar

EHS Myanmar

الذهاب إلى القناة على Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

إظهار المزيد
934
المشتركون
لا توجد بيانات24 ساعات
+47 أيام
+730 أيام
أرشيف المشاركات
📑 EHS Myanmar's 2022 Annual Report/ ၂၀၂၂ ခုနှစ် အစီရင်ခံစာ 📑 ____________________ EHS Myanmar ၏ ၂၀၂၁ တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများမှာ - 🏆EHS Myanmar ၏ မူပိုင် ပညာပေးဆောင်းပါး နှင့် ဆောင်းပါးတိုပေါင်း - (၄၃) ပုဒ်ကျော်ကို ရေးသားနိုင်ခဲ့ပါတယ်။ 🏆 Environmental နှင့် Health & Safety နှင့်ဆိုင်သည့် လေ့လာစရာ စာအုပ်ကောင်း (၂၀) ကျော်ကိုလဲ ဝေမျှနိုင်ခဲ့ပါတယ်။ 🏆 Environmental နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ကြီးများ နှင့် လူငယ်ပညာရှင်များကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ နှင့် Podcast မှ ပညာပေးမှုများ အပြင် EHS Myanmar ၏ BOD များမှ ပြင်ပအဖွဲ့အစည်းများ၏ဖိတ်ခေါ်ချက်များအရ ဟောပြောဆွေးနွေးပွဲများ စုစုပေါင်း (၁၂) ခု ကျော်ကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 🏆 တစ်နှစ်အတွင်း အခမဲ့ အွန်လိုင်းသင်တန်းပေါင်း (၂) ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီး corporate training (၂) ခုနှင့် EHS Myanmar ၏ သင်တန်း (၃) ခုတို့ဖြင့် သင်တန်းသား အရေအတွက် (၃၆၀) ကျော်ကို သင်ကြားမျှဝေပေးနိုင်ခဲ့ပါတယ်။ 🏆 မိတ်ဖက်အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝင်ရောက်ခြင်း (၄) ခုတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ 🏆 လူငယ်တွေကိုအသိပညာ အတတ်ပညာ၊ အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Internship Program (၂) ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 🏆 ဧပြီလတွင် "A Study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းငယ်တစ်ခုကို လူငယ်ပညာပေးအဖွဲ့အစည်းဖြစ်သည့် "SLC Advocates"နှင့် ပူးပေါင်း၍ ပြုစုနိုင်ခဲ့ပြီး MIMU ResearchGate Academia.edu Zenodo စသည့် Platform များတွင် publish လုပ်ခဲ့ပါတယ်။ 🏆 EHS Myanmar ၏ (၂၀၂၂) ခုနှစ် တစ်နှစ်တာကာလတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ သတိပြုဖွယ်ရာ များ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို Online Platform များ၊ Podcast တို့မှတဆင့် အစွမ်းကုန်ကြိုးစားပြီးလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး လဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းများ နှင့် သုတေသနပြုလုပ်ခြင်းလုပ်ငန်းစဥ်များကိုလဲ မတူညီသော apporach အသစ်များဖြင့် လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ 📝ကျွန်တော် ကျွန်မတို့ EHS Myanmar တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို လွတ်လပ်စွာ မျှဝေလိုပါက comment တွင် (သို့မဟုတ်) Page Chatbox တို့တွင်ဝင်ရောက် အကြံပြုပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 👇👇 နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ ☺ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #AnnualReport #Review #2k22

photo content
+3

📑 EHS Myanmar's Podcast 2022 Annual Report/ ၂၀၂၂ ခုနှစ် Podcast အစီရင်ခံစာ 📑 ____________________ EHS Myanmar | 28.12.22 EHS Myanmar Monthly Podcast ၏ ၂၀၂၂ တစ်နှစ်တာကာလအတွင်း - . 🌐 Podcast ပေါင်း (၆) ပုဒ်သာ broadcast လုပ်နိုင်ခဲ့ပါတယ်။ . 🌐 ထို (၆) ပုဒ်ထဲတွင် "What is Environmental Music?" episode မှာ လူအများနားထောင်ဆုံးဖြစ်ခဲ့ပြီး ဒုတိယ မှာ "Internet: Is it good or bad? Part 1" episode ဖြစ်ပါတယ်။ . 🌐 Audience Size အနေဖြင့် (၇) ရက်တာအချိန်အတွင်း (၁၆) ယောက်ရှိခဲ့ပြီး Plays per Episode အနေဖြင့် (၃၉) on average ရှိခဲ့ပါတယ်။ Playtime အနေဖြင့် (၁၃၁၈) ဖြစ်ပါတယ်။ . 🌐 နားဆင်သူများ၏ Geographic Location ကိုလေ့လာကြည့်တဲ့အခါ အမေရိကန် မှ (၃၇) ၊ မြန်မာမှ (၂၃) ရာခိုင်နှုန်း ၊ ဩစတေးလျမှ (၈) ရာခိုင်နှုန်း ၊ ထိုင်းမှ (၇) ရာခိုင်နှုန်း နှင့် အခြားနိုင်ငံတွေမှ (၂၅) ရာခိုင်နှုန်းအသီးသီးရှိကြပါတယ်။ ဒီ Stats ကတော့ နားဆင်သူများရဲ့ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတို့၏ Location Service Setting ထားမှုပေါ်မှာလဲ မူတည်နေပါတယ်။ . 🌐 ကျွန်မတို့ EHS Myanmar Monthly Podcast နားဆင်သူများ၏ Platforms များမှာ အများစုက Apple Podcasts နှင့် Spotify တို့မှ နားဆင်ကြတာကိုတွေ့ရပါတယ်။ Apple Podcast မှ (၃၁) ရာခိုင်နှုန်း၊ Spotify မှ (၃၁) ရာခိုင်နှုန်း၊ Anchor မှ (၁၀) ရာခိုင်နှုန်း၊ Google Podcast မှ (၁၀) ရာခိုင်နှုန်း နှင့် အခြား platform များမှ (၁၇) ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။ . 🌐 နားဆင်သူများ၏ Devices များအနေဖြင့်လဲ (၃၈) ရာခိုင်နှုန်းမှာ iPhone ကိုင်ဆောင်သူများဖြစ်ကြပြီး၊ Android ကိုင်ဆောင်သူများမှာ (၃၀) ရာခိုင်နှုန်နှင့် Windows နှင့် Web မှ နားဆင်သူ (၁၇) ရာခိုင်နှုန်းတို့ဖြစ်ကြပါတယ်။ . 🌐 EHS Myanmar Monthly Podcast မှာ ကျား/မ မရွေး နားဆင်နိုင်အောင်ပြုလုပ်ထားသည့်အတွက် ကျား (၅၅) ရာခိုင်နှုန်း နှင့် မ (၄၅) ရာခိုင်နှုန်း တို့ဖြင့် ၂၀၂၂ ခုနှစ်အတွင်း နားဆင်သူကျားအရေအတွက် အနည်းငယ်များနေတာကိုတွေ့ရနိုင်ပါတယ်။ . 🌐 ကျွန်မတို့ EHS Myanmar Monthly Podcast သည် လူငယ်များအတွက် ဦးတည်ထားသည့်အလျောက် နားဆင်သူအများစုမှာလဲ လူငယ်တွေဖြစ်ကြတာကိုတွေ့ရပါတယ်။ အသက် (၂၃) နှင့် (၂၇) ကြားနားဆင်သူအရေအတွက် (၆၁) ရာခိုင်နှုန်းအထိရှိတာကိုတွေ့မှတ်သားရပါတယ်။ ထို့အပြင် အသက် (၁၈) မှ (၂၂) ကြားနားဆင်သူအရေအတွက် (၃၄) ရာခိုင်နှုန်း၊ အသက် (၂၈) မှ (၃၄) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း နှင့် အသက် (၄၅) မှ (၅၉) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း ရှိကြောင်းတွေ့နိုင်ပါတယ်။ 🥰ကျွန်တော် ကျွန်မတို့ EHS Myanmar Monthly Podcast တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို comment တွင်ဝင်ရောက် အကြံပြုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ 👇 🎧EHS Myanmar Monthly Podcast ကို ဒီမှာနားဆင်နိုင်ပါပြီ - https://www.ehsmyanmar.org/podcast-1 . နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ 💪 ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #AnnualReport #Review #2k22 #2023

We wish you a very Happy Christmas and a peaceful and prosperous New Year. ☃️❄️ #EHSMyanmar #merrychristmas #2022
We wish you a very Happy Christmas and a peaceful and prosperous New Year. ☃️❄️ #EHSMyanmar #merrychristmas #2022

photo content

(၂)တည်နေရာ (remote and rural serting) စီမံကိန်းက ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာရှိမယ်ဆိုရင် စီမံကိန်းဘက်မှလူများနဲ့ ဒေသခံလူများအကြား ဆက်သွယ်မှုကို ခက်ခဲစေပါတယ်။ ကုန်ကျစရိတ်လည်း ပိုကြီးပါတယ်။ (၃) ပညာအားနည်းခြင်း (Illiteracy) လုပ်ငန်းဘက်မှ လူများက ဒေသခံပြည်သူလူထုကို ကြေးနန်းစာဖြင့် အကြောအကြောင်းကြားခြင်း၊ ကြော်ငြာစာရွက် ဖြန့်ဝေခြင်း စသည်ဖြင့်ကြိုးစားသော်လည်း အရာရောက်မည်မဟုတ်ပါဘူး။ လူထုပါဝင်မှုကလည်း လျော့နည်းပါလိမ့်မယ်။ (၄) ဘာသာစကား (language) အချို့နိုင်ငံတွေမှာ နိုင်ငံတစ်ခုအတွင်းမှာတင် ဘာသာစကားများစွာကို အသုံးပြုကြတဲ့အတွက် ဒါဟာ ပြည်သူလူထုပါဝင်မှုကို အတားအဆီးဖြစ်စေပါလိမ့်မယ်။ (၅) ဒေသတွင်းစံနှုန်း/ဓလေ့ (Local value/ culture) အချို့သောဒေသများမှာ ဒေသတွင်း ရိုးရာဓလေ့၊ စံသတ်မှတ်ချက်များကြောင့် လူသိရှင်ကြား ပါဝင်မှု မပြုလိုကြပါဘူး။ ✅ဒါကြောင့် လူထုပါဝင်မှု လွယ်ကူစေရန် အောက်ပါနည်းလမ်းများက ကူညီပေးနိုင်ပါတယ်။ (၁) သာမန်ပြည်သူများ လွယ်ကူစွာ နားလည်နိုင်ရန် လုံလောက်သော၊ သင့်လျော်သော စီမံကိန်း သတင်းအချက်အလက်ကို ထောက်ပံ့ခြင်း။ (၂) ထိုသတင်းအချက်အလက်များအား လူထုက တုန့်ပြန်နိုင်ရန် အချိန်လုံလောက်စွာပေးထားခြင်း။ (၃) စီမံကိန်းနှင့် ပက်သက်၍ လူထု (မိမိ၏ယူဆချက်ကို ထုတ်ဖော်မပြောဝံ့သူများ အပါအဝင်) ၏ အယူအဆ၊ အတွေးအမြင်များကို ဖော်ပြခွင့်ရရန် သင့်လျော်သော နည်းလမ်းများ၊ အခွင့်အရေးများပေးခြင်း။ (၄) စာတတ်မြောက်မှု မရှိသော အခြေခံလူတန်းစားများ၊ အချိန်ပို မရှိသော နေ့စားအလုပ်သမားများ အပါအဝင် ဒေသခံပြည်သူလူထုအားလုံး တက်ရောက်နိုင်သော ဆွေးနွေးပွဲအတွက် အဆင်အပြေဆုံး အချိန် နှင့် နေရာကို ရွေးချယ်ခြင်း (၅) လူထုမှ မေးမြန်းလာသော မေးခွန်းများကို ကောင်းမွန်စွာ တုန့်ပြန်ခြင်း တို့ဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် Social Impact Assessment နဲ့ ပြည်သူများပူးပေါင်း ဆောင်ရွက်မှုဆိုတာခွဲထားလို့ရတဲ့ အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒေသခံပြည်သူတွေ မပါဝင်တဲ့ SIA ဟာ ထိရောက်မှာမဟုတ်ပါဘူး။ အနာဂတ်မှာဖြစ်ပေါ်မယ့် အဆိုးသက်ရောက်မှု ကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ SIA မှာ ပြည်သူလူထုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းအားဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုအဖွဲ့အစည်းဆီသို့ လှမ်းချီနိုင်ပါလိမ့်မယ်။ ။ ရေးသားသူ - မင်းနွေဦး ကိုးကား - 1. TLP-IASbaba - Day 57 – Q 3. What is social impact assessment (SIA)? Why is it important? Discuss. 2. ResearchGate (Public Involvement in Social Impact Assessment) 3. EIA Training Resource Manual -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Public involvement #SocialImpactAssessment #Sustainabillity

Social Impact Assessment တွင် ပြည်သူလူထု၏ပါဝင်မှု =============================================== EHS Myanmar | 23.12.22 👥မိမိရပ်ရွာအနီးမှာ စက်မှုလုပ်ငန်းများတည်ဆောက်ခြင်း၊ ဆည်တည်ဆောက်ခြင်း စသည်တို့ကို ဒေသခံပြည်သူတွေက ဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ အဲ့ဒီစီမံကိန်းတွေကို တည်ဆောက်တဲ့ကာလ၊ လုပ်ငန်းလည်ပတ်တဲ့ကာလ ၊ လုပ်ငန်းဖျက်သိမ်းပြီးနောက် ကာလတွေမှာ ပေါ်ပေါက်လာမယ့် အန္တရာယ်များကို စိုရိမ်ခြင်း၊ ထိုအန္တရာယ်များကြောင့် မိမိတိုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ရေရှည်အတွက် အတွက် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ "Social impact accessment" (လူ့အဖွဲ့အစည်း အပေါ်သက် ရောက်မှုများကို အကဲဖြတ်ခြင်း) ဆိုတဲ့စကားဟာ အရေးပါလာပါတယ်။ တံတားတည်ဆောက်ခြင်း၊ စက်မှုဇုန်တည်ထောင်ခြင်းစသည်ဖြင့် စီမံကိန်းတစ်ခု စတင်အကောင်အထည်ဖော်ခြင်းကြောင့် ၄င်းစီမံကိန်း ဒေသအတွင်း ဖြစ်ပေါ်လာမယ့်၊ ဒေသခံလူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သိရှိဖို့ လိုအပ်ပါတယ်။ လူထုကိုအဲ့လိုသိရှိစေရန် စီမံကိန်းဧရိယာအတွင်း သုတေသန များပြုလုပ်ခြင်း၊ ရရှိလာတဲ့သုတေသနအပေါ်မှာ အခြေခံပြီး ကောင်းမွန်သော အစီအစဥ်များ ရေးဆွဲခြင်း၊ နောက် ဆက်တွဲရလဒ်များကို စီမံခန့်ခွဲ့ခြင်းဟာ Social impact assessment ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့သဘာပတ်ဝန်းကျင်အဖွဲ့ အစည်း (UNEP) က အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ 👥SIA ကိုပြင်ဆင်နေစဥ်မှာ စီမံကိန်းဘက်မှ လူများဟာ စီမံကိန်းကြောင့် သက်ရောက်မှုရှိနိုင်တဲ့ လူထုနဲ့တွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။ အဲ့လို ဆွေးနွေးခြင်းအားဖြင့် (၁) စီမံကိန်းကြောင့် ထိခိုက်မှုရှိနိုင်တဲ့ လူထုရဲ့အခြေအနေကိုသိရှိနားလည်ခြင်း၊ (၂) လူ့အဖွဲ့အစည်းအပေါ်သက်ရောက်နိုင်ခြေ ရှိသောအရာများကို သတ်မှတ်နိုင်ခြင်း၊ (၃) ထိုမှတစ်ဆင့် ဆိုးဝါးသော သက်ရောက်မှုများကို လျှော့ချနိုင်ပြီး ကောင်းမွန်သော သက်ရောက်မှုများကို မြင့်တင်ပေးခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ဒါ့အပြင် SIA လုပ်ငန်းစဥ်မှာ ပြည်သူလူထုက ပါဝင်ဆောင်ရွက်ခြင်းကလည်း အရေးပါပါတယ်။ ဒေသခံများရဲ့ ရှူထောင့် နဲ့ SIA ကိုစိတ်ဝင်စားတဲ့ ပြည်သူလူထုရဲ့ ရှုထောင့်တွေကို SIA လုပ်ငန်းစဥ်မှာ ပါဝင်စေခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်ပါတယ်။ ဒါဆိုရင် ပြည်သူလူထုက SIA မှာ ဘယ်လောက် အတိုင်းအတာအထိပါဝင်ပါသလဲ။ အနည်းအကျဥ်း လား အမြောက်အမြားလား။ ဒါကိုတော့ ပြည်သူလူထုနဲ့ စီမံကိန်းဘက်မှ လူများနဲ့ ထိတွေ့ဆက်ဆံမှု အတိုင်း အတာ ပမာဏကို နှိုင်းယှဥ်ပြီး အဆင့်ဆင့် ခွဲခြားနိုင်ပါတယ်။ ၄င်းအဆင့်တွေကတော့ - (၁) သတင်းပေးခြင်း (informing) - လုပ်ငန်းဆောင်ရွက်သူမှ သက်ဆိုင်ရာလူထုသို့ SIA နှင့်ပက်သက်၍သတင်းပေးခြင်း (one way flow) (၂) ဆွေးနွေးတိုင်ပင်ခြင်း (Consulting) - လုပ်ငန်းစီစဥ်ဆောင်ရွက်သူမှ SIA အကြောင်း လူထုသို့တိုင်ပင်သည့်သဘောဖြင့် သတင်းပေးပို့ပြီး လူထုမှ လုပ်ငန်း စီစဥ်ဆောင်ရွက်သူဆီသို့ တစ်ဖန် SIA နှင့်ပက်သက်၍ အတွေးအမြင်များကို ဖော်ပြရန် အခွင့်အရေးရရှိခြင်း (two ways flow) (၃) ပါဝင်ဆောင်ရွက်ခြင်း (Participation) - အရေးကြီးသော မူဝါဒများကို သူ့ဘက် ကိုယ့်ဘက် ဖလှယ်ခြင်း (၄) ညှိနိုင်းတိုင်ပင်ခြင်း (Negotiating) နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သော ရလဒ်ထွက်ပေါ်လာစေရန် "မျက်နှာချင်းဆိုင်ဆွေးနွေးခြင်း"။ ဥပမာ- ဆိုးကျိုးသက်ရောက်မှုလျော့ပါးရေး (impact mitigation) နဲ့ ငွေကြေးပေးလျော်ခြင်း (compensation) တို့ပဲ ဖြစ်ပါတယ်။ 📌အထက်ပါအချက်များအနက် အချက် (၃) နဲ့ (၄) ကဲ့သို့ SIA လုပ်ငန်းစဥ်မှာ လူထုက ထဲထဲဝင်ဝင်ပါဝင် နိုင် ခြင်းအားဖြင့် စီမံကိန်းနဲ့ ပက်သက်လို့ စိုးရိမ်စရာများ၊ လိုအပ်ချက်များကို လုပ်ငန်းစီမံခန့်ခွဲသူများက ထိရောက်စွာ သိရှိနားလည်နိုင်ခြင်း၊ ဒေသခံလူထုရဲ့အမြင်က သက်ဆိုင်ရာစီမံကိန်းနဲ့ ပက်သက်တဲ့ မူဝါဒချမှတ်ရေး ကဏ္ဏတွေမှာ လွှမ်းမိုးမှုရှိနိုင်ခြင်း၊ စီမံကိန်းဘက်မှတာဝန်ရှိသူများအနေနဲ့ လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပိုမိုနားလည်လာနိုင်ပြီး ထိရောက်စွာဆောင်ရွက်နိုင်ခြင်း၊ မူဝါဒချမှတ်ရေးနှင့် ဆုံးဖြတ်ချက် ချခြင်းကဏ္ဏတွင် ပြည်သူက လုပ်ပိုင်ခွင့်ရခြင်းဖြင့် လူမှုရေးဆိုင်ရာ တာဝန်ကျေပြွန်မှုရှိခြင်း (Social responsibility) စတဲ့ အကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။ 👓SIA မှာ ဒီလိုမျိုး ပြည်သူလူထုပါဝင်နိုင်တာ ကောင်းမွန်တဲ့ဖြစ်စဥ်ဖြစ်ပေမယ့် ဒီလိုပါဝင်မှုကိုနှောင့်နှေးစေတဲ့ အရာများလည်းရှိပါသေးတယ်။ အဲ့တာတွေကတော့ (၁) ဆင်းရဲမွဲတေမှု (poverty) ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ရင် ရှိရင်းစွဲ လုပ်ကိုင်နေတဲ့ အလုပ်မှ ပျက်ကွက်ရတဲ့အတွက် တစ်နေ့လုပ် တစ်နေ့စား ဖြစ်တဲ့ အခြေခံလူတန်းစားအတွက် အဆင်မပြေလှပါဘူး။

Happy Karen New Year - 2762 🌟 #EHSMyanmar #karenpeople
Happy Karen New Year - 2762 🌟 #EHSMyanmar #karenpeople

photo content

EHS Myanmar x ISERS =============================================== What is ISERS? The International Society of Environmental Relationship and Sustainability (ISERS) is a non-profit professional organization that operates under the Technoarete Research And Development Association (TRADA) and is dedicated to research and development in the field of environmental sustainability and climate change. ISERS is a world-class organization that has ushered in a technological revolution and long-term development in environmental planning, research, and management. What can membership do? EHS Myanmar will access to a multidisciplinary, global network of thousands of experts working in environmental engineering and sustainability, climate change, ecosystems, and disaster management. With others members' unique knowledge and experience, the community will become the go-to reference for best practices in environmental engineering and sustainability. ISERS membership provides access to cutting-edge information networking opportunities, as well as exclusive membership advantages. ISERS members participate actively in conference and event planning as members of the organizing committee. Professional members of ISERS have given their full support to the organization by participating in ISERS committees at our international conferences. #EHSMyanmar #ISERS #ProfessionalMembership

photo content

တည်ဆောက်ပြီး ရေသန့်ပေးဝေနိုင်ခဲ့သည်။ မီးသတ်ရန်အတွက် မြေအောက်ရေသိုလှောင်ကန်များ၊ ဖူဆယ်(Futsal) ဘောလုံးကွင်း ၂ ခု၊ လုံခြုံစိတ်ချရသော ကျောင်းအဆောက်အအုံများနှင့် အိမ်သာအစရှိသည့် အခြားလိုအပ်သောအရာများကို ဆောက်လုပ်ပေးခဲ့သည်။ ထိုကဲ့သို့ ဒေသခံများ၏ ရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လူမှုရေးဆိုင်ရာ တာဝန်သိမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများတွင် အထက်ပါ ကဏ္ဍသုံးခုပြည့်မီလာစေရေးကိုပါ ထည့်သွင်းစဉ်းစားရမည်။ ဤသည်ကို စီးပွားရေးဆိုင်ရာ တာဝန်သိမှုဟုခေါ်သည်။ လက်တွေ့အားဖြင့်ထိရောက်သော CSR သည် သဘာဝပတ်ဝန်းကျင်ကိုသာမက အလုပ်သမားများ၊ သုံးစွဲသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များကိုပါ ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ CSR လုပ်ငန်းစဉ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ - ၁။ ကုမ္ပဏီ၏ ဂုဏ်သတင်းမြင့်တက်လာပြီး ကုန်ပစ္စည်းအရည်အသွေးအပေါ် သုံးစွဲများ၏ ယုံကြည်မှုကို ရရှိကာ ရောင်းအားတိုးပွားလာခြင်း၊ ၂။ ထုတ်လုပ်ရေးအပိုင်းတွင်လည်း အလေအလွင့်ပျက်စီးမှုများ မဖြစ်အောင် ထိန်းသိမ်းလာနိုင်ပြီး ကုန်ကျစရိတ်များ လျှော့ချလာနိုင်ခြင်း၊ ၃။ ကုမ္ပဏီလုပ်ငန်းရှင်နှင့် အလုပ်သမားများကြား ယုံကြည်မှုပြည့်ဝသောဆက်ဆံရေး ပေါ်ပေါက်လာပြီး စိတ်ချယုံကြည်ရသော လုပ်ငန်းခွင်ဖန်တီးနိုင်ခြင်း၊ ၄။ ရေရှည်ပုံမှန်သုံးစွဲသူများအား ဆက်လက်ထိန်းသိမ်းလာနိုင်ခြင်းဖြင့် ရောင်းသူနှင့် ဝယ်သူကြား အပြန်အလှန်အကျိုးကျေးဇူးများ ဖြစ်ပေါ်လာခြင်း တို့ဖြစ်သည်။ CSR သည် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (sustainable development) နှင့်လည်း ဆက်နွှယ်လျက်ရှိသောကြောင့် အနာဂတ်တွင် CSR သည် စီးပွားရေးလုပ်ငန်းရှင်များ၊ လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေပေမည်။ ထို့အပြင် ရေရှည်တွင်လည်း CSR လုပ်ဆောင်သော ကုမ္ပဏီများမှာ အလားအလာ ပိုမိုကောင်းမွန်ကြောင်း လေ့လာတွေ့ရှိရပါသည်။ Yoon Nandar (EHS Myanmar) မှ ရေးသားသည်။ ကိုးကား - Connecting the Dots by Smart Myanmar, sembcorpmyingyanipp.com, online.hbs.edu -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #CSR #EIA #SustianbaleDevelopment

Corporate Social Responsibility (CSR) ၏ အရေးပါမှု ________ EHS Myanmar | 18.12.2022 Corporate Social Responsibility (CSR) ဆိုသည်မှာ ကုမ္ပဏီများအနေဖြင့် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များချမှတ်သည့်အခါ မိမိတို့၏အကျိုးစီးပွားတစ်ခုတည်းကိုသာမက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာကိုပါ ထည့်သွင်းစဉ်းစားပြီး အလေးထားဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သည့် ရာစုနှစ်များကတည်းက စတင်တွင်ကျယ်လာခဲ့သော CSR သည် ယခုအခါ စီးပွားရေးလုပ်ငန်းရှင်များအတွက် မရှိမဖြစ်လိုက်နာကျင့်သုံးသင့်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်လာသည်။ CSR သည် အလွန်ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ယေဘုယျအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု၊ ကျင့်ဝတ်ဆိုင်ရာ တာဝန်သိမှု၊ လူမှုရေးဆိုင်ရာ တာဝန်သိမှု၊ စီးပွားရေးဆိုင်ရာ တာဝန်သိမှု စသဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားနိုင်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ လည်ပတ်ရာတွင် ဘေးထွက်ဆိုးကျိုးများကို အတတ်နိုင်ဆုံးလျှော့ချပြီး ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော လုပ်ဆောင်ချက်များ ပြုမူခြင်းကို ဆိုလိုသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုသည် CSR လုပ်ငန်းစဉ်တွင် အချက်အချာကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ တစ်ခါသုံးပလပ်စတစ်အသုံးပြုမှုအားလျှော့ချခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုလျော့နည်းအောင်ထိန်းချုပ်ခြင်း၊ ပတ်ဝန်းကျင်အတွင်း ရေဆိုးနှင့် ညစ်ညမ်းပစ္စည်းများ စွန့်ပစ်မှုကို သေချာစွာစီစစ်ခြင်းအပြင် မိမိတို့လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှု CSR ကို ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် အသင့်စားခေါက်ဆွဲခြေက်ထုတ်လုပ်သော ရသာချိုကုမ္ပဏီသည် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများ လျှော့ချရန် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ လေထုအတွင်း ဖုန်မှုန့်ထွက်ရှိခြင်းနှင့် လေညစ်ညမ်းမှုအား ထိန်းချုပ်ရန် စပါးခွံသုံးရေနွေးငွေ့စက် (Husk-fired boiler) ကို အသုံးပြုခြင်း၊ အစားအသောက်များလုံခြုံစိတ်ချမှုရှိစေရန် အဏုဇီဝဓာတ်ခွဲခန်းများထားရှိခြင်း၊ Plasma Clean Odor Management System ကို အသုံးပြုကာ လေထုအတွင်းဆီညှော်နံ့များ ဖယ်ရှားခြင်းနှင့်အတူ ပတ်ဝန်းကျင်အတွင်း ရေဆိုးရေညစ်များစုပုံလာခြင်းကို တားဆီးရန်အတွက် Waste Water Treatment System ကို အသုံးပြုလျက်ရှိသည်။ ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုရှိသော လုပ်ငန်းများသည် တရားမျှတမှုနှင့်လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားလိုက်နာသောကြောင့် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင် အလွန်အရေးပါလှသည်။ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း၊ အလုပ်သမားများအတွက် ကျန်းမာရေးနှင့် လုံခြုံမှု ရရှိစေခြင်း၊ အခွင့်အရေးတန်းတူထားရှိပေးခြင်း၊ ကလေးလုပ်သားနှင့် အဓမ္မစေခိုင်းမှုကို ဆန့်ကျင်ခြင်းတို့သည် ကျင့်ဝတ်ဆိုင်ရာတာဝန်သိမှု၏ အခြေခံအကြောင်းအရာများဖြစ်သည်။ UK နိုင်ငံအခြေစိုက် ကမ္ဘာကျော် Lush cosmetics company သည် တိရစ္ဆာန်များနှင့် စမ်းသပ်မှုပြုလုပ်ခြင်းအား ဆန့်ကျင်ရာတွင် အင်တိုက်အားတိုက်ဦးဆောင်ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့အပြင် ယင်းကုမ္ပဏီသည် တရားမျှတ၍ဖြောင့်မတ်သော စီးပွားရေးတစ်ခုအဖြစ်လည်း ဖော်ဆောင်လျက်ရှိသည်။ ကုန်ပစ္စည်းတင်သွင်းသူများအား ကလေးလုပ်သားခိုင်းစေခြင်း မပြုလုပ်ရန် အပြင်းအထန်တောင်းဆိုပြီး ကလေးလုပ်သားများ ရှိနေပါက ၎င်းကလေးငယ်များအား လေ့ကျင့်ရေးသင်တန်းများပြန်လည်ပို့ချကာ ပညာသင်ယူရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးသည်။ ငွေကြေးအကျိုးအမြတ်ထက် ကျင့်ဝတ်ပိုင်းဆိုင်ရာအား ပိုမိုအလေးပေးကာ လူထုအကျိုးပြုလုပ်ငန်းများအတွက်လည်း ငွေကြေးထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်လျက်ရှိသည်။ လူမှုရေးဆိုင်ရာ တာဝန်သိမှုဆိုသည်မှာ ငွေကြေးလှူဒါန်းမှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဒေသခံတို့၏ လူမှုဘဝဖူလုံရေးနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်လာစေရန် လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်းနှင့် ကူညီထောက်ပံ့ပေးမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။ 2019 ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ Non-profit Organization များသို့ စုစုပေါင်း $26 billion လှူဒါန်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအထဲမှ 28% မှာ ပညာရေးအစီအစဉ်များသို့ ရောက်ရှိသွားပြီး 25% မှာ ကျန်းမာရေးနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် 16% မှာ လူထုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများထံ ရောက်ရှိသွားကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ Sembcorp ဓာတ်အားပေးလုပ်ငန်းသည် စက်ရုံ တည်ဆောက်မှု ကနဦးလုပ်ငန်းများအတွက် ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ လိုအပ်ချက်များကို သိရှိအောင်ပြုလုပ်ခဲ့သည်။ မြင်းခြံဓာတ်အားပေးစက်ရုံအနီးတွင် နေထိုင်သည့် လူပေါင်း ၁၉,၀၀၀ အတွက် ရေသန့်စက်ရုံ ၁၄ ခု

photo content

Free Online Environmental Impact Assessment (EIA) Courses Guide by EHS Myanmar ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ EHS Myanmar | 16.12.22 EHS Myanmar က Environmental Free Online Course တွေကို အမြဲတမ်းဝေမျှပေးလျက်ရှိပါတယ်။ ယခုတခေါက်မှာကတော့ EHS Myanmar ရဲ့ Environmental Management and Planning (EMP) Batch - 2 မဖွင့်ရသေးတဲ့ကာလအတွင်းမှာ EIA ပညာရပ်ကိုလေ့လာချင်တဲ့လူငယ်တွေအတွက် နိုင်ငံတကာမှ အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးနေတဲ့ Online Course အချို့ကို ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။ ✅ ၁။ Environmental management system Course OpenlearningWorld နဲ့ မစိမ်းတဲ့သူတွေဆိုလျှင်တော့ သိကြပါလိမ့်မယ်။ Open Learning တွေရဲ့ Free Online Course တွေမှာ Environmental Management System အမည်နဲ့ဖွင့်လျက်ရှိတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ ဒီ Course မှာဆိုလျှင် Environmental Policy, Environmental Impact Assessment - EIA, Environmental Audit, ISO 9000 နှင့် ISO 14000 Series – The Basic Principles စတဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ သင်တန်းကြာမြင့်ချိန် - ၁၈ နာရီ Webiste - http://www.openlearningworld.com/innerpages/Environmental%20management%20system.htm ✅ ၂။ Organisations, environmental management and innovation Course ဒီတခုကတော့ OpenLearn ရဲ့ Free Course တစ်ခုဖြစ်ပါတယ်။ ဒီသင်တန်းမှာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ စက်ရုံစီမံကိန်းတွေတည်ဆောက်လည်ပတ်တော့မယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်မှုမရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းတွေ ကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။ Eco-innovation နဲ့ Ciruclar Economy အကြောင်းအရာတွေကိုလဲ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ သင်တန်းကြာမြင့်ချိန် - ၁၂ နာရီ သင်တန်းဆင်းလက်မှတ် - Certificate of Participation ရမည် Website - https://www.open.edu/openlearn/nature-environment/organisations-environmental-management-and-innovation/content-section-0?active-tab=content-tab ✅ ၃။ First Steps in Making the Business Case for Sustainability Course University of Colorado Denver ကနေဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ ဒီသင်တန်းကိုတော့ Coursera မှာ ဝင်လေ့လာရမှာဖြစ်ပါတယ်။ Sustainable Business တစ်ခုဖြစ်လာအောင် သဘာဝပတ်ဝန်းကျင်နဲ့လူမှုစီးပွားရေးအပေါ် ထိခိုက်နည်းပြီး ဖြစ်ပေါ်လာမယ့် ညစ်ညမ်းမှုတွေကိုလျှော့ချမယ့် နည်းလမ်းများကို Concept ရအောင်သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကြာမြင့်ချိန် - ၁၅ နာရီ သင်တန်းဆင်းလက်မှတ် - Certificate ရဖို့ငွေသွင်းရမည် Website - https://www.coursera.org/learn/sustainable-business#faq 📍EHS Myanmar ၏ Environmental Management and Planning (EMP) Course Batch 2 ကိုတက်ဖို့စိတ်ဝင်စားတယ်ဆိုလျှင်တော့ ဒီမှာ လေ့လာနိုင်ပါတယ်။ https://www.ehsmyanmar.org/courses သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️ .................................................................................... "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #environmental #eia #freeonline #course #coursera

International Mountain Day, December 11 ============================================ Mountains are home to almost half of the
International Mountain Day, December 11 ============================================ Mountains are home to almost half of the world's biodiversity hotspots and 15% of the global population. They offer freshwater for daily life to half of the human population. Goal 15 of the Sustainable Development Goals (SDGs) focuses on their preservation as a crucial element for sustainable development. Unfortunately, the mountains are threatened by global warming and overexploitation. As the global climate continues to warm, mountain people, who are among the world's poorest, confront more difficult survival conditions. The rising temperatures also cause mountain glaciers to melt at unprecedented rates, threatening the freshwater sources of millions of people living downstream. Source - United Nations #EHSMyanmar #MountainDay #InternationalDays

International Animal Rights Day, December 10 ============================================ Following World War II, the United
International Animal Rights Day, December 10 ============================================ Following World War II, the United Nations issued a statement and proclamation on human rights, but it has remained difficult to respect the rights of animals worldwide. The concept of honoring a day to honor and spread awareness of animal rights evolved into International Animal Rights Day decades later. #EHSMyanmar #BhopalTragedyDay #InternationalDays

Global Waste Cleaning Network (GWCN) အဖွဲ့ဝင် Organization များသာပါဝင်သော "Combating Deforestation" Webinar သို့ ဒီဇင်ဘာ (၈)
+2
Global Waste Cleaning Network (GWCN) အဖွဲ့ဝင် Organization များသာပါဝင်သော "Combating Deforestation" Webinar သို့ ဒီဇင်ဘာ (၈) ရက်နေ့တွင် EHS Myanmar Opertation Department မှ တက်ရောက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် Argentina, Brazil, Costa Rica, Nepal, Nigeria နှင့် USA တို့၏ သစ်တောပြုန်းတီးများနှင့်သစ်တောပြုန်းတီးမှုထိန်းချုပ်ရန် ဥပဒေများ မူဝါဒများ ချမှတ်ထားသည်များကိုတင်ပြပြီး အဖွဲ့ဝင်နိုင်ငံများအတွက် ခေတ်မှီသောဥပဒေမူဝါဒများ အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ #EHSMyanmar #GWCN #deforestation

photo content
+2

photo content