EHS Myanmar
الذهاب إلى القناة على Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
إظهار المزيد934
المشتركون
لا توجد بيانات24 ساعات
+47 أيام
+730 أيام
أرشيف المشاركات
934
"Ywat Thit" Event by AIESEC in Myanmar in collaboration with EHS Myanmar
=======================================
🍃 December လ 9 ရက် 2022 ခုနစ်မှ December လ 11 ရင် 2022 ခုနစ်ထိ ညနေ 5 နာရီမှ ညနေ 8 နာအထိ သဘာဝကိုချစ်မြတ်နှိုးတဲ့ လူငယ်များအတွက် AIESEC in Myanmar မှ ပြုလုပ်ကျင်းပတဲ့ "ရွက်သစ်" Event တွင် EHS Myanmar ရဲ့ Vice-President ဖြစ်တဲ့ မဇွဲရင်ဖြူမှ December လ 10 ရက် 2022 ခုနစ်တွင် Panelist အဖြစ် Life Cycle Assessment အကြောင်းအရာအား ပြောကြားပေးသွားမှာဖြစ်ပါတယ်။
🍃 ထို့ကြောင့်စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link လေးတွင် Registration လေးအမြန်ဆုံးလုပ်ပေးကြရန်တိုက်တွန်းလိုပါတယ်။
For more information:
https://bit.ly/YwatThit_DelegateBooket
Register here:
https://bit.ly/YwatThitRegistrationForm
Event link:
https://fb.me/e/6xQrj0xOo
📞 အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။
--------------------------------------------------------
Don't forget to follow us on LinkedIn and Telegram
https://www.linkedin.com/company/ehsmyanmar/
https://t.me/ehsmyanmar
#ရွက်သစ် #YwatThit #eco-friendly #environmentalawareness #savetheearth
#fromyoutoearth #sustainability #SDG12 #SDG13 #aiesecinsoutheastyangon #aiesecinmyanmar #EHSMyanmar
934
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပတ်ဝန်ကျင် တရားမျှတမှု၊ ပတ်ဝန်းကျင် ဥပဒေ၊ ရေဝေရေလဲ စီမံခန့်ခွဲမှု၊ မြေဆီလွှာ တိုက်စားမှု၊ မြစ်ကမ်းပါး တိုက်စားမှု၊ အနည်ကျမှု၊ ရေလမ်းကြောင်း ကြားခံ၊ ရေနှင့် ပတ်သက်သည့် ဂေဟစနစ်၊ ရေထုညစ်ညမ်းမှု၊ ဓာတုဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ တကိုယ်ရည်ကျန်းမာသန့်ရှင်းရေးတို့ နှင့်ဆက်စပ်သည့် မူဝါဒအကြံပြုဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့တွင် Forest Resource Environment Development and Conservation Association (FREDA) မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ EHS Myanmar မှ President နှင့် Team Member တစ်ဦးအပါအဝင်ဖိတ်ကြားထားသည့် INGO များ၊ NGO များ နှင့် CSO များမှ တက်ရောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
#EHSMyanmar #FREDA #EnvironemntalSolutions #SustianbaleNation #Myanmar #INGO #NGO #CSO
934
World Soil Day, December 5
============================================
In 2002, the International Union of Soil Sciences (IUSS) proposed that December 5 be designated as World Soil Day. The purpose of the day was to recognize the significance of soil as a fundamental component of the natural system and a significant contributor to human well-being. Unsurprisingly, the global community of approximately 60,000 soil scientists has been the ones celebrating the day the most thus far.
#EHSMyanmar #SoilDay #internationaldays
934
World Wildlife Conservation Day, December 4
============================================
World Wildlife Conservation Day is a day to raise awareness, ponder, and take action regarding challenges that endanger the biological balance of the planet's wildlife. Due to the demand for illegal animal parts and products on the black market, humans have hunted, poached, and killed several species of wildlife to the point of extinction.
#EHSMyanmar #WildlifeConservationDay #InternationalDays
934
EHS Myanmar's Monthly Theme: What is it for December?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
⛰ယခု ဒီဇင်ဘာလ အတွက် theme ကတော့ "ESIA and Sustainable Development" Theme ကိုရွေးချယ်ထားပါသည်။
🏭ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ (၂၀၁၄)၊ နည်းဥပဒေ ၅၅(က) အရ ဝန်ကြီးဌာနက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲတင်ပြရန်လိုအပ်သည်ဟုသတ်မှတ်သည့် စီမံကိန်းအမျိုးအစားများတွင် EIA (သို့မဟုတ်) IEE (သို့မဟုတ်) EMP စသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ကြရပါသည်။ ထို ESIA လုပ်ငန်းစဉ်တွေက တကယ်ပဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုတို့အတွက် အဖြေလား၊ သို့မဟုတ် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ဖို့ ESIA တွေက တကယ်ပဲအရေးပါတာလား စတဲ့အကြောင်းအရာများ နှင့် ဆက်စပ်သည့် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။
✌️ ESIA and Sustainable Development Theme နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#EHSMyanmar #ESIA #EIA #IEE #EMP #environmentalimpacts #socialimpacts #december #SDG
934
Ywat Thit Event for Youths by AIESEC in Myanmar in collaboration with EHS Myanmar
================================
🍃 ယခုခေတ်တွင် ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင်နှင့် လူသားပတ်ဝန်းကျင်တို့သည် ကျွန်ုပ်တို့ လူသားများ၏ လုပ်ဆောင်ချက်များကြောင့်ပင် သိသာစွာ တဖြည်းဖြည်း ပြောင်းလဲပျက်စီးလာပြီဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲလာမှုများ၊၊ တစ်နှစ်ထက် တစ်နှစ်ပိုမိုဆိုးလာသည့် တောမီးလောင်မှုများ၊ မုန်တိုင်းများနဲ့ ကျွန်ုပ်တို့ ဂရုမပြုမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပလပ်စတစ်အမှိုက်ညစ်ညမ်းမှုများဖြစ်လာနေပြီဖြစ်ပါတယ်။ ယခုပင် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးသည် ဆောင်းရာသီပင်ပျောက်၍ ပူပြင်းလာသလို နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ပင်လျှင် ကမ္ဘာပေါ်တွင် အညစ်အညမ်းဆုံးသောမြစ်ထဲမှတစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။
🍃 အကျိုးဆက်နေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ကြီးပျက်စီးလာသည့်အပြင် ထိုဆိုးကျိုးများကြောင့် လူသားများ၏ စိတ်ကျန်းမာရေးပေါ်တွင်လည်း ထိခိုက်လာရာ နိုင်ငံ၏ အစိုးရနဲ့ နိုင်ငံတကာ အစိုးရတို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတို့ကြောင့် လူငယ်များပေါ်တွင် ပို၍ထိခိုက်လာပါတယ်။ UK တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Bath ၏ မကြာသေးခင်မှထုတ်လုပ်ထားသည့် လေ့လာချက်အရ ကမ္ဘာပေါ်ရှိလူငယ်များ၏ ၆၀ ရာခိုင်နှုန်းသည် ကမ္ဘာပတ်ဝန်းကျင်၏ အခြေအနေကိုဆိုးရိမ် ပူပန်လျက်ရှိရာ အရှေ့က ပြောကြားချက်အားထောက်ခံပေးနေပါတယ်။
🍃 သို့ပေမဲ့ ကျွန်ုပ်တို့ လူငယ်များအနေနဲ့ ထိုစိုးရိမ်ပူပန်မှုတို့အား တကယ်တမ်းထိရောက်နိုင်မည့် တက်ကြွလှုပ်ရှားတို့အဖြစ် ဘယ်သူ့ကိုမှ စောင့်မနေပဲ ပြောင်းလဲကြရအောင်။ အဲ့တာကြောင့် နွေဦးတွင်ပေါက်ဖွားလာမည့် ရွက်သစ်များအလား သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့်၊ သဘာဝပတ်ဝန်းကျင်အတွက် တိုက်ခိုက်ပေးလိုသည့် လူငယ်များအတွက် အကျိုးကျေးဇူးတစ်ခုဖြလာစေမဲ့ "ရွက်သစ်" ဆိုသည့် Virtual Workshop Event လေးအား @AIESEC in Myanmar မှ ယခုအခါတွက် ယူဆောင်လာပေးတော့မည်ဖြစ်ပါတယ်။ Event တွင်လည်း EHS Myanmar မှ Speaker အနေဖြင့် Lifecycle Assessment အကြောင်းအရာကို ဝင်ရောက်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🍃 ဒီ Event မှာဆိုရင်ဖြင့်
- လက်ရှိ တစ်ကမ္ဘာလုံး စိုးရိမ်ပူပန်နေကြတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တွေနဲ့ သူတို့ရဲ့ negative impact တွေက ဘာတွေဖြစ်မလဲ?
- ယိုယွင်းလာတဲ့ ပတ်ဝန်းကျင်ကို အချိန်မီ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လူသားတွေ ဘက်က လက်တွေ့ကျကျ၊ ထိရောက်မှု ရှိရှိ လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေက ဘာတွေရှိမလဲ?
- စီးပွားရေး လုပ်ငန်းရှင်တွေ သိကိုသိထားရမယ့် CSR activities တွေနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးမှာ ခေတ်လူငယ်တွေက ဘယ်လို အခန်းကဏ္ဍ မှာ ပါဝင်နေကြသလဲ?
- စွန့်ပစ်ပစ္စည်းတွေ များပြားလာတဲ့နောက် waste management strategy တွေကို ဘယ်လိုစနစ်တကျ လက်တွေ့ပုံဖော်ကြမလဲ?
- အခု နိုင်ငံတကာမှာ ကျင့်သုံးလာကြတဲ့ eco-friendly lifestyle တွေကို ကိုယ့်ရဲ့ တကယ့်လက်တွေ့ဘဝမှာ ဘယ်လို adapt လုပ်လို့ရမလဲ?
စတဲ့ စိတ်ဝင်စားစရာ topic တွေကို professional environmental advocate များ၊ environmental specialist များက တက်တက်ကြွကြွ ဆွေးနွေးပေးသွားမယ့်အပြင် creative ဖြစ်တဲ့ လူငယ်တွေအတွက် ပျော်စရာကောင်းတဲ့ DIY project တွေကိုလည်း စီစဉ်ထားပါသေးတာကြောင့် သဘာဝကို ချစ်မြတ်နိုးသူတိုင်း လက်လွတ်မခံသင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။
🍃 If you want to explore more information about environmental awareness , you’re warmly invited to attend 'Ywat Thit' event.
Date and time:
Day 1 - 9.12.2022 (Friday) 5:00 PM to 8:00 PM (GMT+6:30)
Day 2 - 10.12.2022 (Saturday) 5:00 PM to 8:00 PM (GMT+6:30)
Day 3 - 11.12.2022 (Sunday) 5:00 PM to 8:00 PM (GMT+6:30)
For more information:
https://bit.ly/YwatThit_DelegateBooket
Register here:
https://bit.ly/YwatThitRegistrationForm
Event link:
https://fb.me/e/6xQrj0xOo
#ရွက်သစ် #YwatThit #eco-friendly #environmentalawareness #savetheearth
#fromyoutoearth #sustainability #SDG12 #SDG13 #aiesecinsoutheastyangon #aiesecinmyanmar #EHSMyanmar
934
Bhopal Tragedy Day, December 2
============================================
A gas leak at the Union Carbide India Limited (UCIL) pesticide facility in Bhopal on the evening of December 2, 1984, resulted in the deaths of thousands of people and had a negative impact on their health. The aftermath of the catastrophe is still being felt today. It was predicted that between 15,000 and 20,000 people died in all. A few hundred dollars in compensation were given to many of the about 500,000 survivors who experienced respiratory issues, eye irritation or blindness, and other illnesses as a result of being exposed to the deadly gas.
#EHSMyanmar #BhopalTragedyDay #InternationalDays
934
SOURCES- WHO, UNICEF, World Bank, WaterAid, PMNCH, FIGO, www.lifewater.org
--------------------------------------------------------
EHS Myanmar ၏ သတင်း များနဲ့ Campaign များကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #WASHForWomen #GenderEquality
934
မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိမှုတို့ဖြင့် အစားထိုးခြင်း၊ (၂) ဓမ္မတာဖြစ်ပေါ်လျှင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စီမံလုပ်ကိုင်တတ်ရန် ပညာပေး ခြင်းနှင့် ဓမ္မတာစီမံမှုနည်းလမ်းများ ပြသခြင်း၊ (၃) ဓမ္မတာနှင့် ပက်သက်သော အသုံးအဆောင် ပစ္စည်း များ စနစ်တကျ စွန့်ပစ်နိုင်ရန် နည်းလမ်းများ ထောက်ပံ့ပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီ MHM ကို ပညာ ပေးခြင်းဟာ အမျိုးသမီးထုအပေါ် ခွဲခြားဆက်ဆံမှုတွေကို လျှော့ချနိုင်ပြီး WASH နဲ့ ပက်သက်တဲ့ အသုံး အဆောင် ရရှိမှုကိုလည်း လွယ်ကူစေနိုင်ပါတယ်။
၃။ မိန်းကလေးငယ်များ၏ ပညာရေးကဏ္ဍ 👩💻
ဆင်းရဲမွဲတေမှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေရဲ့ စာသင်ကျောင်းတွေမှာ အိမ်သာ အလုံအလောက် မရှိခြင်း နှင့် မလုံခြုံခြင်း၊ ရေရှားပါးခြင်းတို့ကြောင့် ကလေးတွေဟာ စာသင်ကျောင်းနဲ့ ဝေးရာကိုသွားပြီး ရေခပ်ခြင်း၊ တောထဲသွားကာ မစင်စွန့်ခြင်း (defecation) ပြုလုပ်ရပါတယ်။ ဒီလိုမျိုး ဖြစ်စဥ်မှာဆိုရင် မိန်းမငယ်လေးတွေအပါအဝင် ကလေးငယ်တွေရဲ့ စာသင်ချိန်တွေ လျော့ပါးသွားတဲ့အတွက် စာသင် ကြားဖို့ အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ ဒီပြဿနာတွေဟာ အရွယ်ရောက်ပြီးသား ကျောင်းသူတွေရဲ့ ဓမ္မတာဖြစ်စဥ်ကိုလည်း အဆိုးဘက်ကနေ သွားသက်ရောက်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ စာသင်ကျောင်းမှာ WASH အသုံးအဆောင်များ မရရှိတဲ့အတွက် အရွယ်ရောက်ပြီးသား ကျောင်းသူ များဟာ ရာသီစက်ဝန်း ဖြစ်ပေါ်ချိန်တိုင်း ကျောင်းပျက်ကွက်ကြကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဒီထက်ပိုဆိုးတာက ကျောင်းပါ အပြီးပိုင်ထွက်လိုက်ကြကြောင်း သိရှိရပါတယ်။ ဒါကို ဖြေရှင်းဖို့ ဆိုရင် ကျောင်းတွေမှာလည်း MHM training ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပညာရေးစီမံကိန်းတွေ ရေးဆွဲ ရာမှာ ကျောင်းသူ၊ကျောင်းသားများအတွက် အဆင်ပြေတဲ့ (Child-friendly) ကျား၊မ သီးသန့် အိမ်သာ များတည်ဆောက်ခြင်း၊ WASH အသုံးအဆောင်များ အပြည့်အဝရရှိနိုင်ရန် စီမံထားပေးခြင်းတို့ဟာ အဓိကအခန်းကဏ္ဏ ကနေ ပါဝင်သင့်ပါတယ်။
၄။ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရမှုနှင့် လိင်အကြမ်းဖက်ခံရမှု ⛔️
အမျိုးသမီးတွေဟာ ရေရရှိဖို့အတွက် အိမ်နဲ့ဝေးရာကို ရေခပ်သွားရာမှာဖြစ်စေ၊ အိမ်မှာအိမ်သာ မရှိတဲ့အတွက် အိမ်သာကို အများနဲ့မျှသုံးရသည့် အခါမှာဖြစ်စေ၊ တောထဲတွင် မစင်စွန့်သွား ရသည့်အခါမှာဖြစ်စေ ကိုယ်အား၊ နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံမှု (sexual harassment)၊ လိင်အကြမ်းဖက်ခံရမှု (sexual violence) တို့ကို ကြုံတွေ့ကြရပါတယ်။ ဒါနဲ့ ပက်သက် လို့ အခြေခံ WASH မရရှိခြင်းနဲ့ လိင်အကြမ်းဖက်ခံရမှုကြားက ဆက်စပ်ချက်ကို စာတမ်းပြုစု ထားတာလည်း နည်းပါးပါတယ်။ ဒါကြောင့် WASH မူဝါဒရေးရာနဲ့ စီမံကိန်းတွေကို ရေးဆွဲတဲ့အခါ အမျိုးသမီးများရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံမှုကို ထည့်သွင်းစဥ်းစားပေးရမယ့်အပြင် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခံရမှုကို လျှော့ချရန် လုပ်ဆောင်မှုများကို WASH ရဲ့ အရေးကြီးတဲ့ ကဏ္ဍအဖြစ် အလေးအနက်ထား သတ်မှတ်ကြဖို့ လိုအပ်ပါတယ်။
၅။ စီးပွားရေးလုပ်ပိုင်ခွင့်ကဏ္ဍ 💰
အိမ်ထောင်စုတွေမှာ အမျိုးသမီးတွေဟာ WASH နဲ့ ပက်သက်တဲ့ အလုပ်တွေဖြစ်တဲ့ ရေခပ်ခြင်း၊ အိမ်သာဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စတာတွေကို အခကြေးငွေမရတဲ့ အလုပ်သမား (unpaid labour) အဖြစ် လုပ်ဆောင်ကြရပါတယ်။ ဒါနဲ့ပဲ အချိန်ကုန်ရတဲ့အတွက် ပြင်ပလောကမှာ စီးပွားရေး၊ ပညာရေးဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ စီးပွားရေးအရ ကိုယ်ပိုင်ရပ်တည်နိုင်မှုမရှိရင် အမျိုးသား တစ်ဦးဦးကို မှီခိုရနိုင်ခြေရှိတဲ့အတွက် Gender Equality ပိုင်းမှာလည်း လာရောက် ထိခိုက်ပါတယ်။ WASH ကို လွယ်ကူစွာ ရရှိအောင် ပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသမီးများအနေနဲ့ ဝင်ငွေရရှိစေတဲ့ အလုပ်များကို လုပ်ဆောင်ရန် အချိန်ပိုရရှိပါလိမ့်မယ်။
အချုပ်အားဖြင့်ဆိုရရင် ကောင်းမွန်တဲ့ ရေ၊ မိလ္လာစနစ်၊ သန့်ရှင်းမှု ရရှိရေးကို အခြေခံ လူ့အခွင့် အရေး တစ်ခုအဖြစ် ကမ္ဘာကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ အမျိုးသမီးတိုင်း ဒီလိုအခွင့်အရေး တွေ ရဖို့အတွက် WASH မှာ တက်ကြစွာပါဝင်ဆောင်ရွက်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ရေနှင့် မိလ္လာစနစ် ဗဟိုဌာန (World Bank and International Water and Sanitation Center) ရဲ့ ပူးပေါင်းထုတ်ပြန်ချက်အရ WASH ကဏ္ဍ ရဲ့ စီမံကိန်းချမှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စတဲ့ အဆင့်အသီးသီးမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခြင်းဟာ မပါဝင်ခြင်းထက် များစွာ ထိရောက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာ အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးများအပါအဝင် လူတိုင်းအား မိမိတို့ရဲ့ အခွင့်အရေးနဲ့ ပက်သက်ပြီး သိရှိလာအောင် ပြုလုပ်ပေးခြင်း၊ တောင်းဆိုနိုင်လာအောင် ပြုလုပ်ပေးခြင်းအားဖြင့် အမျိုးသားနှင့် အမျိုးသမီးကြား လုပ်ပိုင်ခွင့်အာဏာညီမျှမှု (the balance of power) ဆီသို့ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ ထိုမှတစ်ဆင့် အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ WASH နဲ့ပက်သက်တဲ့ ပြဿနာတွေကိုလည်း များစွာ ပြေလည်နိုင် ပါစေလိမ့်မယ်။
ရေးသားသူ- မင်းနွေဦး
934
အမျိုးသမီးများကြုံတွေ့နေရသောပြဿနာ (ရေရရှိရေး၊ မိလ္လာစနစ် နှင့် သန့်ရှင်းမှု)
__________________
EHS Myanmar | 30.11.22
သန့်ရှင်းတဲ့ရေ (Water)၊ ကောင်းမွန်တဲ့ မိလ္လာစနစ် (Sanitation)၊ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး (Hygiene) တို့ဟာ လူ့ဘဝသက်တမ်းစေ့ နေနိုင်ရေးအတွက် အလွန်အရေးပါပါတယ်။ Water ဆိုတဲ့စကားလုံးရဲ့ အစစကားလုံး နှစ်ခု “WA”၊ Sanitation ရဲ့ အစစကားလုံး “S”၊ Hygenie ရဲ့ အစစကားလုံး “H” တို့ကိုယူပြီး ထိုသုံးခုပေါင်းကို WASH လို့ အတိုကောက် သုံးပါတယ်။ ထပ်ပြီးတော့ အထက်မှာ ဖော်ပြခဲ့တဲ့ မိလ္လာစနစ်ဆိုတဲ့ ဝေါဟာရဟာ အရမ်းကျယ်ပြန့်တဲ့အတွက် အိမ်တစ်အိမ်စီမှာ လုံခြုံသန့်ရှင်းတဲ့ ယင်လုံအိမ်သာ တစ်လုံးစီနဲ့ အိမ်သာသုံး အသုံးအဆောင်များ ရှိခြင်း၊ မစင်နဲ့ အမှိုက် သရိုက် များကို လူတွေနဲ့ ထိတွေ့မှုမရှိနိုင်အောင် စနစ်တကျ စွန့်ပစ်ခြင်းလို့ အကြမ်းဖြင်းအားဖြင့် မှတ် သားနိုင်ပါတယ်။
ဒီကောင်းမွန်တဲ့ WASH မရှိလို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေဟာ ကူးစက်ရောဂါတွေရကြပြီး နှစ်တိုင်း လူဦးရေပေါင်း သန်းနဲ့ချီကာ သေကြေကြပါတယ်။ ကောင်းမွန်လုံလောက်တဲ့ WASH မရရှိရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုတွေကို လူတိုင်း ခံစားကြရပေမယ့် ခန္ဓာဗေဒ ကွဲပြားမှုနဲ့ လူမှုအဖွဲ့အစည်းရဲ့ ခွဲခြားမှုတို့ကြောင့် ဒီဒဏ်ကို အခံရဆုံးစာရင်းမှာ အမျိုးသမီးတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ WASH မရရှိနိုင်ခြင်းကြောင့် အမျိုးသမီးတွေအပေါ် ထိခိုက်နေတဲ့ အချက်တစ်ချို့ကို အောက်မှာ ဆက်လက်ဆွေးနွေးချင်ပါတယ်။
၁။ မိခင်နှင့် မွေးကင်းစကလေး ကျန်းမာရေးကဏ္ဍ 👶
အိမ်အနီးမှာ WASH အထောက်အပံ့မရှိတဲ့အတွက် သောက်သုံးရေရရှိဖို့ ရေရရှိရာနေရာကို သွားပြီး ကိုယ်ဝန်ဆောင်စဥ် ရေသယ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သားအိမ်ကျွံခြင်း စတဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ရေကို သောက်သုံးခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်မှာ ငှက်ဖျားရောဂါ၊ အူယောင်ငန်းဖျား၊ ဝမ်းကိုက်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပွားစေပါတယ်။ ဒီကတစ်ဆင့် ကိုယ်ဝန်ပျက်ကျခြင်း၊ မိခင်နဲ့ကလေး သေဆုံး ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ဒီပြဿနာတွေ လျော့ပါးဖို့ဆိုရင် ပိုးမွှားကင်းပြီး သောက်သုံးရန် စိတ်ချရသောရေ အရင်းအမြစ် (safely managed drinking water source) တွေကို အိမ်ထောင်စု တိုင်းမှာ ထားရှိနိုင်ဖို့ လိုအပ်ပါတယ်။
ထပ်ပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ တင်ပြချက်အရ ယနေ့ခေတ်မှာ ကလေး မီးဖွားပြီးစမိခင် သေဆုံးခြင်းဖြစ်စဥ် အားလုံးရဲ့ ၈% ဟာ ကိုယ်ဝန်ဆောင်စဥ်နဲ့ မီးဖွားပြီးနောက်မှာ အခြေခံ WASH အသုံးအဆောင်များ (WASH Facilities) မရရှိခြင်းနဲ့ ဆက်စပ်နေကြောင်း သိရ ပါတယ်။ ကလေးမွေးဖွားရန် ကောင်းမွန်တဲ့ WASH အသုံးအဆောင်များနဲ့ သန့်ရှင်းတဲ့ မွေးဖွားရမယ့် နေရာကို ရရှိနိုင်ရင် မိခင်နှင့်ကလေး ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းကို ၂၅ % အထိလျှော့ချနိုင်တယ်လို့ WHO ရဲ့ မိတ်ဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိခင်နှင့် ကလေးသူငယ် ကျန်းမာရေးအဖွဲ့အစည်း (PMNCH) က ဆိုပါတယ်။
၂။ ဓမ္မတာသန့်ရှင်းရေးကဏ္ဍ 👩🦰
ဓမ္မတာလာခြင်းဖြစ်စဥ် (menstruation)ကို ကောင်းမွန်သန့်ရှင်းစွာ စီမံနိုင်ဖို့ဆိုရင် သန့်ရှင်းတဲ့ ရေ၊ ကောင်းမွန်တဲ့ မိလ္လာစနစ်၊ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး လိုအပ်ပါတယ်။ WaterAid အဖွဲ့အစည်းရဲ့ အစီရင်ခံစာအရ ဓမ္မတာလာစဥ် အခြေခံ WASH မရရှိခြင်းဟာ အမျိုးသမီးတွေရဲ့ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီအခြေခံ WASH မရရှိခြင်း ကြောင့် WASH နဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားပြီး သေဆုံးသူ အမျိုးသမီးဦးရေဟာလည်း နှစ်စဥ် ၈၀၀,၀၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဓမ္မတာလာခြင်းဟာ သဘာဝအရ ပုံမှန်ဖြစ်စဥ်သာ ဖြစ်ပေမယ့် ထုတ်မပြောအပ်တဲ့အရာ (taboo) တစ်ခုအဖြစ် ယခုအချိန်အထိ ကမ္ဘာ့နေရာအချို့မှာ သတ်မှတ် ထားကြဆဲ ဖြစ်ပါတယ်။ ဒါဟာ ဓမ္မတာလာရင် အသုံးပြုဖို့ WASH နဲ့ ပက်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ရရှိဖို့အတွက် အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ နောက်တစ်ချက်က မူဝါဒများချမှတ်ရတဲ့ ရာထူးပိုင်းတွေမှာ ရာသီစက်ဝန်းအကြောင်းကို ပိုမိုနားလည်တဲ့ အမျိုးသမီးထုက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခွင့်ရတာ ရှားပါးပါတယ်။ ဒီလိုအချက်တွေကြောင့် လက်ရှိလုပ်ကိုင်နေတဲ့ WASH စီမံကိန်း တော်တော်များများဟာ အမျိုးသမီးများရဲ့ ဓမ္မတာလာခြင်းနဲ့ပက်သက်တဲ့ အပိုင်းတွေ ကို ဦးစားပေး ဆောင်ရွက်ရမယ့်အရာအဖြစ် သတ်မှတ်ခြင်း မရှိတော့ပါဘူး။
ဒါနဲ့ ပက်သက်လို့ ဖြေရှင်းချက်အနေနဲ့ ဓမ္မတာသန့်ရှင်းရေးစီမံခန့်ခွဲမှု (Menstrual Hygiene Management) (MHM) ဟာ WASH စီမံကိန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သင့်ပြီး MHM အကြောင်းကို အမျိုးသား၊အမျိုးသမီး နှစ်ရပ်လုံးအား အသိပညာပေးရမယ်လို့ သုတေသနပညာရှင် နှစ်ဦးက ဆိုပါတယ်။ အဲဒီ (MHM) မှာ (၁) ရာသီစက်ဝန်းဖြစ်ပေါ်ခြင်း ကိစ္စနဲ့ ပက်သက်ပြီး အမျိုးသမီး တို့ ဖြစ်ပေါ်နေတဲ့ ကြောက်ရွံ့မှုနဲ့ အရှက်တရားနေရာမှာ ဂုဏ်ယူမှု၊
934
Environmental Music ဆိုတာဘာလဲ။
--------------------------------------------------------------------------
EHS Myanmar | 31.8.22
🎼 အောက်ဖော်ပြပါ (၂) ခုထည်းက ဘယ်ဟာဖြစ်မယ်ထင်ပါသလဲ?
၁။ သဘာဝပတ်ဝန်းကျင်ကိစ္စရပ်တွေ နဲ့ ကမ္ဘာမြေကြီးအကြောင်း သီဆိုရေးဖွဲ့ထားတဲ့ သီချင်းတွေ၊
၂။ သဘာဝလောကရဲ့ (သီးသန့်) အသံ။
🎼 ဒီနှစ်ချက်စလုံးပါတယ်လို့ပြောရပါလိမ့်မယ်။ Cambridge Dictionary အရဆိုလျှင် Ambient Music ဟုလဲ သတ်မှတ်နိုင်ပါတယ်။ Tune သံမပါ Beat သံမပါသော တီလုံး၊ သီချင်းအမျိုးအစားများကိုဆိုလိုပါတယ်။ သီချင်းတပုဒ်နားထောင်လိုက်တာ နဲ့ နားဆင်သူဟာ လေဟာနယ်ထဲရောက်သွားပြီး ကမ္ဘာကြီး နဲ့ အနီးစပ်ဆုံးနေရာမှာရှိနေသလိုဖြစ်သွား ရမယ့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်ရပါတယ်။ အေးချမ်းသာယာသော အချိန် တစ်ခုပိုင်ဆိုင်သွားသလိုမျိုးဖြစ်စေပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ စာလုပ်ချိန်၊ စာညစ်နေချိန်၊ စိတ်ဓာတ်ကျချိန်တွေမှာ သဘာဝနဲ့နီးစပ်တဲ့ တီးလုံးသံစဉ် သီချင်းလေးတွေကို နားဆင်ခြင်းက Positive Vibe ကိုပေးစွမ်းနိုင်ပါတယ်။
.
🎼ထို Environmental Music တွေများထဲမှ နာမည်ကြီး သီချင်းတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။
(၁) Jhené Aiko ၏ ‘Lightning and Thunder (ft. John Legend)’
(၂) Taylor Swift ၏ ‘Evermore’
(၃) Marvin Gaye ၏ Mercy Mercy Me (The Ecology)’
(၄) Lil Dicky ၏ ‘Earth’
(၅) The Beatles ၏ ‘Blackbird’
(၆) Miley Cyrus ၏ ‘Bottom of the Ocean’
(၇) Michael Jackson ၏ ‘Earth Song’
(၈) မျိုးကျော့မြိုင် အဲလက်စ် ဟန်ထွန်း Rဇာနည် ဖြိုးကြီး ကိုအောင် သအို ဘန်နီဖြိုး နေဝင်း ဖြိုးလေး G Fatt ဖြိုးပြည့်စုံ အောင်ထက် မောင်မောင်ပြည့်စုံ
ပန်းရောင်ခြယ် Mary Jewel Gabriel Phway အမရာဘုဏ်း နှင့် စိုင်းစိုင်းခမ်းလှိုင် တို့သီဆိုထားတဲ့ "ကမ္ဘာမြေသီချင်း"
🎼 ဖော်ပြပါ Environmental Music များကို Intro လေးတွေ နားထောင်ချင်တဲ့သူများ EHS Myanmar Podcast မှာနားဆင်လို့ရပါတယ်။ (Educational Purpose Only)
Listen here --->
Anchor FM - https://anchor.fm/ehsmyanmar
Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq
Google Podcast - https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc...
Apple Podcasts - https://podcasts.apple.com/.../ehs.../id1554795854...
Website - https://www.ehsmyanmar.org/podcast-1
....................................................................................
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #EnvironmentalMusic #podcast #apple #google #spotify #FM
934
International Jaguar Day, November 29
===================================================
The purpose of International Jaguar Day is to increase public awareness of the serious risks the jaguar is experiencing as well as the vital conservation initiatives being taken from Mexico to Argentina to ensure its survival. The United Nations Sustainable Development Goals must be attained in conjunction with broader efforts to maintain jaguar corridors and their habitats, and International Jaguar Day serves as a collective voice for the nations that make up the jaguar range.
#EHSMyanmar #JaguarDay #internationaldays
934
EHS Myanmar မှ Team Member များအတွက် Capacity Building Program တစ်ခုအဖြစ် နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ Pioneer Youth Promax Vocational Training School မှဖွင့်လှစ်သော "Approaching to Safe Environment and Workplaces Training" သင်တန်းအား Team Member (၂) ဦးကို တက်ရောက်စေခဲ့ပြီး Certificate များရယူနိုင်ခဲ့ပါသည်။ Workplace Safety ပညာရပ်ကိုစနစ်တကျသင်ကြားပေးပါသော PYP Vocational Training မှ ဆရာဆရာမများအားကျေးဇူးတင်ပါသည်။
#EHSMyanmar #PYP #CapacityBuilding #SafeEnvironment #WorkplaceSafety #Training
934
🚽 World Toilet Day, 2022 မှာ Podcast လေးနားထောင်ပြီး post လေး Facebook တွင် Share ခြင်းဖြင့် Certificate ရယူလိုက်ပါ။ 📩
📌 ယနေ့ဟာ ကမ္ဘာ့အိမ်သာနေ့ (World Toilet Day, 2022) ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ အိမ်သာစနစ်ဟာ လူသားတွေရဲ့နေ့စဉ် ကျန်းမာရေးဘဝ နဲ့ သဘာဝပတ်ဝန်းကျင် ရှုထောင့်တွေမှာအရေပါတဲ့ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းသောရေ နဲ့ အိမ်သာစနစ်တို့ (WASH) အရေကြီးပုံကို လူငယ်များပိုမိုသိရှိနိုင်ရန် နှင့် World Toilet Day 2022 ကိုဂုဏ်ပြုရန် ကျွန်မတို့ EHS Myanmar မှ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UN Water နှင့် worldtoiletday.org တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဒီ Online Campaignကိုပြုလုပ်ထားပါတယ်။
🚽 Certificate ရရှိဖို့ ဘာတွေလုပ်ရမလဲ?
1️⃣ အောက်ဖော်ပြပါ Podcast link မှတစ်ဆင့် “Wash For Everyone” Podcast Talkအပိုင်းနှစ်ခုကို နားဆင်ရပါမယ်။
World Toilet Day Podcast Post - https://www.facebook.com/ehsmyanmar/posts/pfbid0WnD7PNGT5k1aPXnjMnCsnp92VVfZu5ePz947xPc2bAW6Z83MgUhiz5rne5r1HsQGl
2️⃣ အပေါ်က post ကို မိမိတို့ရဲ့ facebook မှာ public နဲ့ share ပေးရပါမယ်။ share တဲ့အခါမှာ အချက်နှစ်ချက်ပါဝင်ရပါမယ်။
- ပထမတစ်ချက်က Podcast ကိုနားထောင်ပြီးတဲ့နောက် ဘာတွေ သိရှိသွားလဲဆိုတဲ့ ကိုယ့်အမြင်လေးရယ်၊ (Opinion)
- ဒုတိယ တစ်ချက် ကတော့ #EHSMyanmar #UNWater #WorldToiletDay2022 #MakingTheInvisibleVisible ဆိုတဲ့ hashtag လေးတွေကို ထည့်သွင်းရေးသားပြီး share ပေးရပါမယ်။
3️⃣ မိမိတို့ Post Share ထားသည်ကို Screenshot ရိုက်၍ EHS Myanmar Page Chat သို့ email နှင့်တကွ လာရောက်ပေးပို့ရပါမည်။
🚽 အပေါ်မှာပြောထားတဲ့ ၃ ချက်နဲ့ပြည့်စုံပြီဆိုရင်တော့ EHS Myanmar ၊ UN Water နဲ့ World Toilet organization တို့မှ ပေးအပ်တဲ့ certificate ကိုရယူနိုင်မှာဖြစ်ပါတယ်။
⏳ သတိထားရမယ့်အချက်က ဒီ Campaign ကို November 19 မှ 21 ရက်နေ့ အထိ 3 ရက်သာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အခွင့်အရေးလက်မလွတ်သွားအောင် အမြန်ဆုံးပါဝင်ပေးဖို့ တိုက်တွန်းလိုပါတယ်။
🚽 သတ်မှတ်ချက်တွေနဲ့ အညီ campaign မှာပူပေါင်းပါဝင်ထားသူတွေကို EHS Myanmar ကနေ November 23 ရက်နေ့တွင် Email မှတစ်ဆင့် Certificate တွေပေးပို့ပေးသွားမှာဖြစ်ပါတယ်။
🚽 World Toilet Day ကိုဂုဏ်ပြုတဲ့ ဒီ Campaign မှာပါဝင်သူတွေအနေနဲ့ WASH for everyone podcast လေးကို နားထောင်ရင်း ဗဟုသုတတွေအများကြီးရမယ့်အပြင် Certificate ပါရအုံးမယ်။ ကဲ … ဒီလောက် အကျိုးရှိတဲ့ အခွင့်အရေးကို အဆုံးရှုံးမခံဘဲ Campaign မှာ အခုပဲ မြန်မြန် ပါဝင်လိုက်တော့နော်။ 🤍
----------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #UNWater #WorldToiletDay #MakingTheInvisibleVisible
