EHS Myanmar
Відкрити в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Показати більше868
Підписники
Немає даних24 години
Немає даних7 днів
+230 днів
Архів дописів
868
နှိုင်းယှဉ်ကြည့် လျှင် စာဖတ်သူ၏ စိတ်ထဲ၌ ပင်စဉ်းစားတွေးတောကာ ရေရွတ်နေမိမည်မှာ အမှန်ပင်။ ဇီဝမျိုးစုံမျိုးကွဲများနှင့်အတူ သစ်ပင်မန်းများရှားပါးသွားခြင်းအဓိက အကြောင်းအရင်းမှာ သစ်တောမြေများ နည်းပါးသွားရခြင်းကြောင့်ပင် ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော် သဘာဝ ထဲမှ သဘာဝများဖြစ်ကြသော ကျွန်ုပ်တို့ လူသားအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် သစ်တော သည် အကောင်းဆုံးသော အဖော်မွန် ပင်ဖြစ်သည်။
မောင်ဆား မှ ပြုစုရေးသားသည်။
ကိုးကား Indawgyi Lake in Myanmar: A bird watcher's paradise, Forest resources and context of Myanmar - Timber Trade Portal.
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar#forest #valuetheforest #benifitsofforest #forestsoulmatefornature
868
Forest SoulMate For Nature (သစ်တောဟာ သဘာဝအတွက် အဖော်မွန် )
-----------------------------------------------------------------------------------
EHS Myanmar | 16.2.2023
ကျွန်တော်တို့ လူသားအားလုံးဟာ သစ်တော (Forest) ကို တရင်းတနှီး သိရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သစ်တောဟူသည်မှာ သစ်ပင်၊ ချုံ၊ နွယ်၊ ပိတ်ပေါင်းများ ထူထပ်များပြားစွာ ပေါက်ရောက်သောနေရာ တစ်ခုကိုပင် ဆိုလိုသည်။ ဤ သစ်တောကြီးများသည် သက်ရှိများ (လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ ၊ သစ်ပင်ပန်းမန်များ) အတွက် ကောင်းဆုံးသော အသက်၊ အဖော်မွန်လည်းဖြစ်သည်။ ထို့အပြင်တောတွင်းတိရစ္ဆာန်များ၏ အမှီတဟဲပြုရန် အကောင်းဆုံးသော အသိုက်အမြုံ လည်းဖြစ်သည်။
သစ်တောများသည် လူသားများနေထိုင် အသက်ရှင်နိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
.
၁။ သစ်တောရှိနေခြင်းဖြင့် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ……..
သစ်တောများရှိနေခြင်းကြောင့် သဘာဝရဲ့အလှတရားများ ကိုပိုမို ထင်ဟပ်စေရုံသာမက လူသားများ၏ ကျန်းမာရေး ကိုလည်း အစဉ်တိုးတက်လာစေပါသည်။ သစ်ပင်များကြောင့် စက်ယန္တရားအမျိုးမျိုးနှင့် စက်ရုံအမျိုးမျိုးမှ ထွက်သော လေညစ်လေညမ်းများ( ကာဗွန်ဒိုင်အောက်ဆိုဒ်) ကိုစုပ်ယူ လျော့ချစေသည်။ သစ်တောများသည် လေထု အတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့များ(Greenhouse gases) ကို လျော့ကျအောင်တိုက်ထုတ်ပေးနိုင်စွမ်းလည်းရှိသည်။ သစ်တောများသည် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ(Renewable Energy) ကို ထိန်းသိမ်းထားနိုင်သည်။ သစ်တောကြီးများသည် တံတိုင်းမျာသဖွယ် တည်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်ဆူညံမှုများကိုပါ လျော့ချစေနိုင်သည်။ သားရဲတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန် မျိုးတူ၊မျိုးကွဲ များကိုလည်း ထိန်းသိမ်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။ သစ်ပင်များကြောင့် ပိုင်ဆိုင်မှုတန်ဖိုးများ (Property value) ကိုပါ တိုးတက်လာစေနိုင်သည်။ သစ်ပင်များမှ သန့်ရှင်းလတ်ဆတ် ကောင်းမွန်သော လေကောင်းလေသန့်များကို ထုတ်လွတ်ပေးသည်။ သစ်တောများကြောင့် မြေအောက်ရေများ ကိုကြည်လင်သန့်ရှင်းစေသည်။ သစ်တောများရှိနေခြင်းကြောင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်ပေးနိုင်သည်။
သဘာဝသက်ရှိများ နှင့် သစ်တောကြီးများသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းကာ အမှီသဟဲပြုလျက်ရှိနေပါသည်။
.
၂။ သစ်တောအမျိုးအစားများ……….
ကမ္ဘာပေါ်တွင် သစ်တောအမျိုးအစားများစွာရှိသည်။ ၎င်းတို့ အနက်မှ မြန်မာ့သစ်တောအမျိုးအစားများကို ကောက်နုတ်တင်ပြသွားပါမည်။
ဒီရေတော ( Tidal Forest)
ပင်လယ်သဲခုံတော ( Beach and Dune Forest)
ရွှံ့နွံတော ( Swamp Forest)
အင်တိုင်းတော (Inaing Forest)
မြစ်ကမ်းခြေတောစိမ်း ( Riverine Evergreen)
အထက်ရွက်ပြတ်ရောနှောတောခို ( MUMD)
သန်း၊ ဒဟတ်တော ( Than Dhaf Forest)
တောင်ပေါ်ရွက်မပြတ်တော ( Hill Evergreen Forest)
ရွက်မပြတ်တောစိမ်းကြီး ( Giant Evergreen)
အထက်ရွက်ပြတ်ရောနှောတောခြောက် ( DUMB)
ဆူးတော ( Thorn Forest)
တောင်ပေါ်တောခြောက် ( Dry Hill Forest)
တောစိမ်း (သို့) အရွက်မပြတ်တော ( Typical Evergreen or Evergreen Forest)
ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD)
တောခြောက် ( Dry Forest)
တောင်ပေါ်တောများ ( Hill Forest or Pine Forest)
စသည့် သစ်တောကြီးများသည် မြန်မာနိုင်ငံတွင် ပေါက်ရောက်သော သစ်တောများဖြစ်သည်။ မြန်မာ့သစ်တော၏ ၃၈% မှာ ရွက်ပြတ်ရောနှောတော ( Mixed Deciduous Forest or LMD) များဖြစ်ပြီး အကြီးဆုံးသစ်တောဧရိယာမြေ ဖြစ်သည်။ တောင်ပေါ်ရွက်မပြတ်တော ၂၅% ( Hill Evergreen Forest) ၊ တောစိမ်း (သို့) အရွက်မပြတ်တော ၁၆% ( Typical Evergreen or Evergreen Forest)၊ တောခြောက် ၁၀% ( Dry Forest) နှင့် အခြားသစ်တောမြေများ ၅% နှင့် ၄% အသီးသီး ရှိကြသည်။
ဤသစ်တောကြီးများသည် လူသားများ၊ ဇီဝမျိုးစုံ မျိုးကွဲများ နှင့် သစ်ပင်ပန်းမန်များ အတွက် အထောက်အပံ့သာမက အကောင်းဆုံးသော အဖော်မွန် အဖြစ် ဒွန်တွဲရှင်သန်လျက်ရှိသည်။
.
၃။ သစ်တောဟာ သဘာဝအတွက် အဖော်မွန်……….
အကယ်၍ စိမ်းလန်းနေသည့် သစ်တောကြီးများသာ မရှိတော့လျှင် ကျွန်တော်တို့ လူသားများ အတွက်သာမက အခြားသော သက်ရှိသတ္တဝါများ အတွက်ပါ သစ်တောကြီးမှ ပေးအပ်သော ဘေးထွက်ဆိုးကျိုးများကို ကျိန်စာသင့် သကဲ့သို့ ခံစားလာရမည်မှာ အမှန်ပင် ဖြစ်သည်။ နည်းပညာများတိုးတက် ပြောင်းလဲ မြန်ဆန်နေသည့် ယနေ့ခေတ်တွင် သစ်တော၏ ကောင်းကျိုးအကြောင်းတရားများကို ကျွနုပ်တို့အနေဖြင့် တစ်ခါတစ်ရံ အမှုမဲ့ အမှတ်မဲ့ သတိမမူ ဂူမမြင်ဘဲ ရှိနေတတ်ကြသည်။ သစ်တော အရင်းအမြစ်များ ပျောက်ဆုံးနေခြင်း ကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ကိုပင် အရောင်စွန်းထင်းနေပြီ ဖြစ်သည်။ ယခင်နှစ်များစွာက ဆောင်းခိုငှက်များသည် ဆောင်းတွင်းဝင်လာသည်နှင့်တစ်ပြိုင်နက် မိမိ ဇာတိမြေကို အုပ်စုဖွဲ့ ကာ တီတီတူး၍ အမိအိမ် ကို ပျံသန်းထွက်ခွာကြသည်။ ယခုနှစ်များတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ် အင်းတော်ကြီးဒေသများတွင် ယခင်နှစ်များထက် ဆောင်းခိုငှက်များ သာမက အခြားငှက်များ နည်းပါးသွားသည်မှာ သိသာထင်ရှားလှသည်။ ဤ အဖြစ်အပျက် ကို
868
World Hippopotamus Day, February 15
=============================================================
Only blue whales and African elephants are larger than a hippopotamus since all other animals are smaller. An ancient Greek term for a river horse was hippopotamus. The massive beast weighs 8,000 pounds.
#EHSMyanmar #internationaldays #hippopotamus
868
သင်ချစ်ခင်ရသူတွေကို လက်ဆောင်ပေးတဲ့အခါ ချစ်ခြင်းမေတ္တာကို ပြသရင်း သဘာဝပတ်ဝန်းကျင်ကိုလည်း တထောင့်တနေရာကနေ ထိန်းသိမ်းရာရောက်အောင် eco-friendly ဖြစ်တဲ့ ထုပ်ပိုးမှု နည်းလမ်းတွေ အသုံးပြုလို့ရတာကို သိပါသလား?
ယခုအခါမှာတော့ "Furoshiki" လို့ ခေါ်တဲ့ လက်ဆောင်ပစ္စည်းထုတ်ပိုးမှုနည်းလမ်းအကြောင်း မျှဝေပေးလိုက်ပါတယ်။
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #ZeroWaste #Furoshiki #EcoFriendlyLifeStyle
868
📝 EHS Myanmar မှာ အသစ်ဖွင့်လစ်ထားတဲ့ Environmental Sustainability Online Course Batch-5 သင်တန်းရဲ့ Registration Form ပိတ်ဖို့ ၂ ရက်ပဲ လိုတော့ပါတယ်နော်။
📝 ယခု Batch-5 သင်တန်းကို အရင်က Batch တွေနဲ့မတူတဲ့ သင်ရိုးအသစ်နဲ့ သင်မှာမို့လို့ တက်လိုသူများ အမြန်ဆုံးစာရင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်နော်။
📝 သင်တန်းအကြောင်းအား သိရှိလိုပါက - https://www.facebook.com/108833677318058/posts/724493035752116/?mibextid=Nif5oz
📝 Registration Form - https://forms.gle/dXBGXCMviW46X15E9
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 977 050 1186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Learn more at www.ehsmyanmar.org
---------------------------------------------------------------------------
Don't forget to follow us on Instagram -
https://www.instagram.com/ehsmyanmar/
#EHSMyanmar #onlinecourse #environmental #sustainability #batch5
868
🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲
၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှသည် ကမ္ဘာတည်သ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ပြီး ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေလို့ EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏
#EHSMyanmar #myanmar #unionday
868
သင်ရိုးအသစ်ဖြင့်သင်ကြားမည့် Environmental Sustainability online course အပတ်စဉ် (၅) အတွက် သင်တန်းသားလက်ခံနေပါပြီနော်။ အသေးစိတ်ကို https://www.facebook.com/ehsmyanmar/posts/pfbid0Z6hDUii6FuJw2x1yds7ybWmf8huMyZYSaPXfBxhRMfds6SBhUpaTDj9sec9K82CLl ဒီမှာလေ့လာလိုက်ပါနော်။
868
သင်ရိုးအသစ်ဖြင့်သင်ကြားမည့် Environmental Sustainability online course အပတ်စဉ် (၅) အတွက် သင်တန်းသားလက်ခံနေပါပြီနော်။ အသေးစိတ်ကို https://www.facebook.com/ehsmyanmar/posts/pfbid0Z6hDUii6FuJw2x1yds7ybWmf8huMyZYSaPXfBxhRMfds6SBhUpaTDj9sec9K82CLl ဒီမှာလေ့လာလိုက်ပါနော်။
868
နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲ?
=====================================================
EHSMyanmar | 9.2.2023
သင်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲဆိုတာကို တွေးကြည့်ခဲ့ဖူးပါသလား? ဥပမာ - ဈေးကနေ သွားပွတ်တံတစ်ချောင်းဝယ်လာရင်း ဒီသွားပွတ်တံက eco-friendly ဖြစ်ရဲ့လားဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုအတွေးတွေအတွက် အဖြေကို ရှာဖွေကြည့်မယ်ဆိုရင် အဖြေဟာ Life Cycle Assessment (LCA) မှာ တည်ရှိနေပါတယ်။
Life Cycle Assessment (LCA) ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိစစ်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတအရင်းအမြစ်တွေကနေ ကုန်ကြမ်းပစ္စည်း ထုတ်ယူတာကစလို့ ကုန်ချောပစ္စည်းဖြစ်အောင် ထုတ်လုပ်တာ၊ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ထုတ်ပိုးမှုအဆင့်ဆင့်နဲ့ ဖြန့်ဝေရေး၊ အဲ့ဒီ့နောက် ကုန်ပစ္စည်း အသုံးပြုမှုကနေ နောက်ဆုံး စွန့်ပစ်အမှိုက်ဖြစ်သွားတဲ့တိုင်အောင် ယန္တရားလည်ပတ်မှုတစ်လျှောက်လုံးမှာ LCA က ပါဝင်ပတ်သတ်နေမှာပါ။
Life Cycle Assessment (LCA) က အခန်းကဏ္ဍတွေအများကြီး ပါဝင်တာမို့ ထင်သလောက် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် LCA ကနေတစ်ဆင့် ကျွန်တော်တို့ မြင်တွေ့နေတဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းတွေရဲ့ မတူညီကွဲပြားမှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ကမ္ဘာမြေအပေါ် သက်ရောက်နေတဲ့ အကျိုးဆက်တွေကိုလည်း လျော့ကျအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Life Cycle Assessment (LCA) အကြောင်း အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် Environmental Sustainability Course (Batch 5) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။
https://www.facebook.com/ehsmyanmar/posts/724493035752116
ရေးသားသူ - ယွန်းနန္ဒာ
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #onlinecourse #environmental #Sustainability #LifeCycleAssessment
868
သဘာဝပတ်ဝန်းကျင်ကျန်းမာရေး (Environmental Health) ကို ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုတွင် မည်ကဲ့သို့ပေါင်းစပ်နိုင်မည်နည်း။
=====================================================
EHSMyanmar | 5.2.2023
ကျန်းမာသောပတ်ဝန်းကျင်သည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝရှင်သန်ရေးအတွက်ကျန်းမာသောပတ်ဝန်းကျင် မရှိမဖြစ်လိုအပ်ပါသည်။ ကျွန်ုပ်တို့စားသောက်သည့်အစားအစာများ၊ ကျွန်ုပ်တို့ရှူရှိုက်သည့်လေနှင့် ကျွန်ုပ်တို့နေထိုင်အလုပ်လုပ်ကိုင်သည့်နေရာများသည် လုံခြုံပြီး ကျန်းမာသန့်ရှင်းနေရန် လိုအပ်ပါသည်။ ထိုသို့ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်တွေရှိမှာသာ ကျွန်ုပ်တို့လူသားတွေ၏ ကျန်းမာရေးတွေကောင်းမွန်မှာဖြစ်ပါသည်။ ကျန်းမာသော လူသားအရင်းအမြစ်တွေရှိမှလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ နေကောင်းကျန်းမာနေမှသာ မိမိမိသားစု၏ စားဝတ်နေရေးအတွက် အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။ ထိုကဲ့သို့ပင် ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်တွေမရှိလျှင်လဲ နိုင်ငံ့စီပွားရေးတိုးတက်မှုရှိလာနိုင်မှာမဟုတ်ပါလား။ ထို့ကြောင့် သန့်ရှင်းသောလေ (Clean Air) နှင့် သန့်ရှင်းသော သောက်ရေသုံးရေ (Pure Water) တို့ရှိရန်သည် အခြေခံကျဆုံးသော sustainable facts ဖြစ်ပါသည်။ ကျန်းမာကောင်းမွန်သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်များဖန်တီးပေးခြင်း (သို့မဟုတ်) ပတ်ဝန်းကျင်ညစ်ညမ်း ထိခိုက်မှုများလျော့နည်းအောင်လုပ်ဆောင်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကကျဆုံးသော component များထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။
အတိုချုပ်ရသော် sustainable development ဖြစ်အောင်လုပ်ဆောင်ဖို့အတွက် ကျန်းမာတဲ့လူသားအရင်းအမြစ်တွေ (healthy people) တွေလိုအပ်ပါသည်။ Healthy people တွေရှိမှလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (economic development) ကိုလုပ်ဆောင်နိုင်မှာဖြစ်သည့်အပြင် တိုင်းပြည်စီးပွားရေး၊ မိသားစုစီးပွားရေး ကောင်းမွန်မှုမရှိပါကလဲ ကျန်းမာသော လူသားအရင်းအမြစ်တွေမရှိနိုင်ပါ။ ထိုကဲ့သို့ ကျန်းမာသော လူသားအရင်းအမြစ်တွေမရှိသည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှု (environmental sustainability) နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ကျန်းမာရေး (environmental health) ကိုလဲဖြစ်စေမှာမဟုတ်နိုင်ပါ။ သန့်ရှင်းသောသဘာဝပတ်ဝန်းကျင်မရှိပါကလဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဖြစ်ပေါ်နိုင်သလို ကျွန်ုပ်တို့လူသားတွေရဲ့ သက်ရှင်ကျန်းမာမှုကိုလဲများစွာသက်ရောက်လာမှာဖြစ်ပါသည်။ ။
Environmental Health နှင့် Sustainable Development တို့အသေးစိတ်ကိုလေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မည့် Environmental Sustainability Course (Batch 5) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါသည်။ သင်တန်းအသေးစိတ်ကို ဒီမှာလ့လာလိုက်ပါ။
https://www.facebook.com/ehsmyanmar/posts/pfbid02cgqtifaTjzJCDbNvmDg2EJ566wTHxQUw2j2as24jPsa23oFnf1gHqyYmeyLJ12uzl
ရေးသားသူ - နိုင်ကျော်လူ
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #environemntalhealth #onlinecourse #environmental #Sustainability
868
EHS Myanmar's Monthly Theme: What is it for February?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
⛰ ယခု (၂၀၂၃) ခုနှစ်ရဲ့ ပထမဆုံး theme အတွက် ယခုဖေဖော်ဝါရီလအတွက်မှာတော့ "Forests and Wetland" Theme ကိုရွေးချယ်ထားပါသည်။
🏭 ဖေဖော်ဝါရီလ (၂) ရက်နေ့တွင်ကျရောက်သော် နိုင်ငံတကာရေဝပ်ဒေသများထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ရေဝပ်ဒေသထိန်းသိမ်းခြင်းဆိုင်ရာပညာပေးခြင်း နှင့် သစ်တောဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတို့သိရှိစေရန် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။
✌️ Forests and Wetland Theme နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#EHSMyanmar #Forests #Wetlands #february #SDG
868
World Wetland Day, February 2
=============================================================
The most endangered environment on Earth is wetlands, which are disappearing three times faster than forests. Since 1970, 35% of the world's wetlands have disappeared in just 50 years. In order to stop the rapid loss of wetlands and promote conservation and restoration efforts, it is vital that we increase national and international knowledge of them. The perfect moment to raise awareness of these vitally important ecosystems is on World Wetlands Day.
Source - United Nations
#EHSMyanmar #internationaldays #wetland
