Rangoon Scout Network (RSN)
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။ သတင်းများပေးပို့ရန် - @Inform_RSN 👈
إظهار المزيد📈 نظرة تحليلية على قناة تيليجرام Rangoon Scout Network (RSN)
تُعد قناة Rangoon Scout Network (RSN) (@rangoonscoutnetwork) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 10 831 مشتركاً، محتلاً المرتبة 17 504 في فئة الأخبار والوسائط والمرتبة 10 790 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 831 مشتركاً.
بحسب آخر البيانات بتاريخ 25 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -118، وفي آخر 24 ساعة بمقدار -5، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 4.31%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.50% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 467 مشاهدة. وخلال اليوم الأول يجمع عادةً 379 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 2.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။
သတင်းများပေးပို့ရန် - @Inform_RSN 👈”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 27 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.
· ပြီးခဲ့သည့် သီတင်းပတ်ထဲ သိရှိခဲ့ရသည့် အဖမ်းအဆီးဖြစ်စဉ်များကို အောက်တွင် ဖော်ပြထားသည်။ · အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် အရှေ့ဒဂုံမြို့နယ် ၄ ရပ်ကွက်ထဲ ဧည့်စစ်ဝင်ပြီး ယောကျ်ားလေး ၂ ဦးကို ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ (Source: RSN) · အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှည်းကူးလမ်းဆုံအနီး ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်နေသူ အမျိုးသား ၂ ဦး (အသက် ၃၅ နှစ်ခန့်) ကို ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN) · အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ ၁၁ ရပ်ကွက်နေ ယောကျ်ားလေး ၁ ဦးကို မူးပြီး သောင်းကျန်းနေလို့ဆိုကာ အုပ်ကြီးအဖွဲ့က ရဲခေါ်ဖမ်းခိုင်းပြီး စစ်မှုထမ်းခိုင်းလိုက်ကြောင်း သိရှိရသည်။ (Source: RSG) · အောက်တိုဘာလ ၁၅ ရက်နေ့ဝန်းကျင်တွင် တောင်မြောက်လမ်းဆုံအနီး ရှိနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို သိမ်းငှက်အဖွဲ့က လိုက်ထရပ်ကားပေါ် ဆွဲတင်ဖမ်းခေါ်ပြီးနောက် ပိုက်ဆံများ လုယူသည့်အပြင် အိမ်ကိုပါ ပိုက်ဆံတောင်း ရွေးခိုင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် တောင်ဒဂုံမြို့နယ် ၈၈ ရပ်ကွက်နေ လူငယ် ၁ ဦးကိုလည်း သိမ်းငှက်အဖွဲ့က ဖမ်းဆီးသွား၍ မိသားစုက ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်။ (Source: Ayeyarwaddy Times) · မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ထဲ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းခဲ့ရသူ လူငယ် ၁ ဦး ပြီးခဲ့သည့်အပတ်ထဲ အာရက္ခတပ်တော် AA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ (Source: Khit Thit)———— ▪️စစ်မှုထမ်းသင်တန်းဆင်း
· အောက်တိုဘာ ၂၃ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ တိုက်ကြီးမြို့နယ်၊ တတက ၁ (ဂျိုးဖြူ) ၌ သင်တန်းသား ၄၀၃ ဦး ဆင်းခဲ့သည်ဟု ဆိုသည်။———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။———— ▪️စားအုန်းဆီကို ၁ လ ၁ ကြိမ်သာ ပေးဖို့လုပ်
· ရန်ကုန်တွင် စားအုန်းဆီ ထုတ်ပေးမှုကို နိုဝင်ဘာလမှစ၍ ၁ လ ၁ ကြိမ်သာ ပေးတော့မည်ဖြစ်ကြောင်း DVB မှ သိရှိရသည်။ သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းပါ လူဦးရေအတိုင်း ပေးမည်ဖြစ်ပြီး တဦးလျှင် ၅၀ ကျပ်သားနှုန်း ပေးမည်ဟုဆိုသည်။———— ▪️အထည်ချုပ်စက်ရုံများပိတ်
· ယခုလပိုင်းထဲ အထည်ချုပ်စက်ရုံ ၄ ရုံထက်မနည်း ပိတ်သိမ်းဖို့ ရှိနေပြီး အလုပ်အကိုင်နေရာ ၁ သောင်းဝန်းကျင် ဆုံးရှုံးရဖို့ ရှိသည်ဟု MICS-TUsF အဖွဲ့မှ ပြောဆိုထားကြောင်း သိရှိရသည်။ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံ ၄ ရုံနှင့်အထက် အောက်တိုဘာလထဲ ပိတ်သိမ်းဖို့ပြင်နေခြင်းဖြစ်သည်။ ပြည်ပအော်ဒါမရရှိခြင်းကို အဓိကအကြောင်းပြထားကြောင်းလည်း သိရသည်။———— ▪️ဒေါ်လာငွေလဲကောင်တာအများစု ပိတ်
· အမေရိကန်ဒေါ်လာဈေးများ မြင့်တက်၍ နာမည်ကြီးအရောင်းအဝယ်သမားများကို အကြမ်းဖက်စစ်တပ်က လိုက်လံဖမ်းဆီးပြီးနောက် ဒေါ်လာငွေလဲကောင်တာအများစု အရောင်းအဝယ်ရပ်ထားကြောင်း DVB မှ သိရှိရသည်။ ကွင်းဆင်းစစ်ဆေးမှုများနှင့် အသွင်ယူဖမ်းဆီးမှုများ ရှိနိုင်သောကြောင့် ပိတ်ထားကြခြင်းဖြစ်သည်။———— ▪️ရထားဘူတာများအနီး မူးယစ်ဆေးသုံးသူ များပြား
· ရန်ကုန်မြို့ပတ်ရထားဘူတာများနှင့် ရထားသံလမ်းများအနီး မူးယစ်ဆေးသုံးစွဲသူ အများအပြားဖြစ်နေကြောင်း DVB မှ သိရှိရသည်။ ညနေပိုင်းနှင့် ညပိုင်း လူပြတ်ချိန်များတွင် ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန် စသည့်ဘူတာများတွင် မူးယစ်ဆေးစွဲနေသူအများအပြား ဆေးလာသုံးလေ့ရှိကြသည်။ WY (ရာဘ) ၊ ဆေးခြောက်၊ ဘိန်း စသဖြင့် အမျိုးအစားအစုံ သုံးစွဲနေကြသည်ဟု ဆိုသည်။ အနီးအနားရှိ လူနေအိမ်များထဲဝင်ပြီး ပစ္စည်းခိုးယူမှုများလည်း ရှိကြောင်း သိရသည်။———— ▪️စစ်တပ် သားသမီးများကို နိုင်ငံခြားလေ့လာရေးခရီးပို့
· အကြမ်းဖက်စစ်တပ်၏ တပ်မိသားစုနှင့် စစ်မှုထမ်းဟောင်း သားသမီးများထဲမှ ၂၀၂၅-၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်ခဲ့သူများအနက် ၂၅ ယောက် ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးပို့လိုက်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကျောင်းသား/သူ ၁၆ ယောက်၊ လူရည်ချွန် ၇ ယောက်၊ ဂုဏ်ထူးဖြင့် အောင်သည့် စစ်သည် ၂ ယောက်၊ ကျောင်းအုပ်ကြီး ၁ ယောက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်တို့ပါသည်ဟု ဆိုသည်။———— ▪️လေတပ် သက်ကြီးပူဇော်ပွဲလုပ်
· အကြမ်းဖက်စစ်တပ်၏ ၈ ကြိမ်မြောက် လေတပ်မိသားစု သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြဝတီမီဒီယာစင်တာ၌ လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အသက် ၁၀၂ နှစ် ဗိုလ်ချုပ်ဟောင်းအပါအဝင် အခြားအငြိမ်းစား လေတပ်ရာထူးကြီးများလာခဲ့သည်ဟု သိရသည်။———— ▪️စင်တင်ဖျော်ဖြေရေးလုပ်ငန်းရှင်များကို ခေါ်သတိပေး
· ရန်ကုန်တိုင်းရှိ KTV ၊ စင်တင်ဘား၊ DJ ဘား စသည့် ဖျော်ဖြေရေးလုပ်ငန်း ပိုင်ရှင်များကို စစ်ကောင်စီ ရန်ကုန်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ပြီး သတိပေးခဲ့ကြောင်း BBC မှ သိရှိရသည်။ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှု မရှိဖို့၊ ည ၁၁ နာရီထိသာဖွင့်ဖို့ စသဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်များ ထုတ်မပေးခဲ့တော့ဟု စစ်တပ်က ဆိုထားခဲ့ဖူးကြောင်းလည်း သိရသည်။———— ▪️စပါးစိုက်ကွင်းများထဲ ကြွက်များကျရောက်ပြီး ဖျက်ဆီးနေ
· တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒလဘက်ရှိ စပါးစိုက်ကွင်းများတွင် ကြွက်ကျရောက်ဖျက်ဆီးမှုများ စတင်ကြုံတွေ့နေရကြောင်း DVB မှ သိရှိရသည်။ လက်ရှိချိန်ထိ မည်သည့်အကူအညီမှ မရပဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေကြရသည်ဟု သိရသည်။26 Oct 2026 #RangoonScoutNetwork #YGN_weekly
