uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

Rangoon Scout Network (RSN)

Rangoon Scout Network (RSN)

Відкрити в Telegram

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။ သတင်းများပေးပို့ရန် - @Inform_RSN 👈

Показати більше

📈 Аналітичний огляд Telegram-каналу Rangoon Scout Network (RSN)

Канал Rangoon Scout Network (RSN) (@rangoonscoutnetwork) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 10 831 підписників, посідаючи 17 504 місце в категорії Новини і ЗМІ та 10 790 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 831 підписників.

За останніми даними від 25 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -118, а за останні 24 години на -5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.31%. Протягом перших 24 годин після публікації контент зазвичай збирає 3.50% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 467 переглядів. Протягом першої доби публікація в середньому набирає 379 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 2.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။ သတင်းများပေးပို့ရန် - @Inform_RSN 👈”

Завдяки високій частоті оновлень (останні дані отримано 27 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

10 831
Підписники
-524 години
-377 днів
-11830 днів
Архів дописів
မင်္ဂလာတောင်ညွန့် စစ်ခွေး DC ၁ စီး၊ မီးတန်းဖွင့် ထွေအုပ်ရုံးဘက်ကနေ အထက်ပန်းဆိုးတန်းလမ်းအတိုင်းလာ မြန်မာ့ဂုဏ်ရည်လမ်းထိပ် ဂငယ်ကွေ့ပြီး အထက်ပန်းဆိုးတန်းလမ်းအတိုင်း ထွေအုပ်ရုံးဘက်ပြန်သွား၊ ဒေါ်သိန်းတင်လမ်းဘက်ဆက်ကွေ့သွားမယ် ထင်ရ 10:06 PM သတင်းပေးပို့ရန် @MGTN_Scout_News ⚜

🔸စမ်းချောင်း * စစ်ခွေး Faw 1 စီး (ခေါင်းရှည်) * ဟံသာ၀တီအ၀ိုင်းဘက်မှ ပြည်လမ်းအတိုင်း မြေနီကုန်းဘက်သို့သွား * 10:00 PM #VW သတင်းပေးရန် ==> @SanchaungScout

ကမာရွတ် စခ faw ၁ စီး (ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် ၃၀ ကျော်ပါ) ပြည်လမ်း အင်းလျားကန်ရှေ့မှာ ရပ်ထား။ စခတွေကို တနေရာ ၂ ကောင်စီဖြန့်ကျက် ကင်းချနေ – RSG 9:51 pm 📬 @Inform_RSN

🔺ကြည့်မြင်တိုင် ရဲခွေး DC ဖြူပြာ (2P-4245) ကမ်းနားလမ်းပေါ် ပန်းပင်ကြီးလမ်းထိပ် မျက်နှာချင်းဆိုင်မှာ ရပ်ထားပြီး ရဲခွေးတွေ အမှောင်ထဲရှိနေ 9:41 PM #RSG သတင်းပေးရန် ==> @Skrillex191

🔺လှိုင် * စစ်ခွေး FAW 1စီး စစ်ခွေးတွေနှင့် အရပ်ဝတ်တွေပါ * ပြည်လမ်းမပေါ် အင်းယားကန်ဘောင်ရှေ့မှာရပ်ပြီးစစ်ခွေးတွေနှင့် အရပ်ဝတ်တွေ ဖြန့်ပြီးနေရာယူထား * 9:51 PM #RSG သတင်းပေးရန် >>> @hlaing_informer

🔺လှိုင် * စစ်ခွေး FAW 1စီး စစ်ခွေးတွေနှင့် အရပ်ဝတ်တွေပါ * ပြည်လမ်းမပေါ် အင်းယားကန်ဘောင်ရှေ့မှာရပ်ပြီးစစ်ခွေးတွေနှင့် အရပ်ဝတ်တွေ ဖြန့်ပြီးနေရာယူထား * 9:51 PM #RSG သတင်းပေးရန် >>> @hlaing_informer

ကြည့်မြင်တိုင် ကမ်းနားလမ်း ပန်းပင်ကြီးလမ်းထိပ် ကမ်းနားဘက်အခြမ်း ရခ DC ၁ စီး ရပ်ထားပြီး ရခတွေ အမှောင်ထဲရှိနေ – RSG 9:41 PM 📬 @Inform_RSN

🚒စမ်းချောင်း * မီးလောင်မှုသတင်း * ပြည်သူ့ရင်ပြင်မှ လွှတ်တင်လိုက်သောမီးပုံးပျံကြောင့် လွှတ်တော်၀န်းအတွင်းသို့ ကျရောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ (9:15 PM ခန့်တွင် မီးစတင်လောင်ခဲ့ပြီး 9:30 PM လောက်တွင် မီးငြိမ်းခဲ့) * 9:31 PM #VW သတင်းပေးရန် ==> @SanchaungScout

Repost from N/a
⛔ ပုဇွန်တောင် (ခွေးစခန်း) * ရခ DC ၁ စီး ရခအချုပ်ကား ၁ စီး အိမ်စီးကား ၃ စီး ဆိုင်ကယိအချို့ ရခ ၁၀ ကောင် ပလေကပ်နဲ့ စွပ်ကျယ်ဖြူဝတ် အိတ်လွယ်ထားတဲ့ ပျူခွေးများ + ခွေးစတိုင် အိတ်လွယ်ထားတဲ့ပျူခွေးများ * စခန်းရှေ့ရှိနေ။ * 8:32 PM ✊သတင်းပေးရန် - @PZD_New

Repost from N/a
⚠ ပုဇွန်တောင် (ရေကျော်ပွဲဈေး) * ရခ၊ အပ်ဝတ်များ * ရေကျော်ပွဲစျေးတဝိုက် ခွေးအများအပြား ကင်းချထား။ * 8:32 PM ✊သတင်းပေးရန် - @PZD_New

⚠️ လမ်း ၅ ခွဆုံ လူအိုရုံနားလူဆွဲသွားခဲ့ လွန်ခဲ့သော အောက်တိုဘာလ ၂၃ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၅ ခွဆုံ၊ သိမ်ဖြူအထက်လမ်းပေါ် လူအိုရုံနား၌ အသက် ၄၅ ကျော် ယောင်္ကျား ၁ ဦးလမ်းလျောက်နေစဉ် အိမ်စီးကား ၁ စီး မီးပွိုင့်မှာ ထိုးရပ်ပြီး ကားပေါ်ကလူ ၄ ယောက်ဆင်းလာကြောင်း၊ ထို့နောက် လမ်းလျောက်နေသူ အသက် ၄၅ အရွယ် ယောင်္ကျား ၁ ဦးကို ကားပေါ်ဆွဲခေါ်တင်ဖို့လုပ်စဉ် အတင်းရုန်းကန်ပြီး ထွက်ပြေးလာခဲ့ကြောင်း အဆွဲခံရသူယောင်္ကျား ၁ ဦးနှင့်နီးစပ်သူထံမှ သတင်းရရှိသည်။ သတင်းပေးပို့ရန် @MGTN_Scout_News ⚜

မရမ်းကုန်း စခကားကြီး ၃ စီး နောက်ခန်းပစ္စည်းအပြည့် ၈မိုင်မှ လေဆိပ်ဘက်ရှေ့ရှု 8:12 PM 📬 @Inform_RSN

မင်္ဂလာတောင်ညွန့် စစ်ခွေး ၁ ကောင် မင်္ဂလာဈေးဘန်ကာဘေး ‌ကာထားတဲ့အပြင်ဘက်မှာ လုံခြုံရေးနဲ့ စကားပြောနေ 7:21 PM (Delayed) သတင်းပေးပို့ရန် @MGTN_Scout_News ⚜

ကမာရွတ် ရခ DC ၁ စီး၊ ရခ အင်အား ၆ ကောင်ခန့် (ကွန်မန်ဒိုပုံစံဝတ်ထားတာ ၁ ကောင်ပါ) အင်းစိန်လမ်းမပေါ် လှည်းတန်း စံရိပ်ငြိမ် ၅ လမ်းထိပ်မှာ အင်းစိန်ဘက်သို့ခေါင်တည်ရပ်ထား 4:40 PM 📬 @Inform_RSN

Repost from MFSD
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၆ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

🟨 မင်္ဂလာဒုံ စခ Faw အသစ် ၆ စီး၊ ဘေးထိုင်ခုံ ၂ ဘက် ပြောက်ကျားဝတ် စခ အသစ်တွေပါ ခရေပင်လမ်းခွဲကနေ ပြည်လမ်အတိုင်း ၈ မိုင်ဘက် ရှေ့ရှု – SY 3:46 PM (Delayed) 📬 @Inform_RSN

Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ပြီးခဲ့သည့် ရက်သတ္တပတ် [Oct 19 - 25, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်ထဲ သိရှိခဲ့ရသည့် အဖမ်းအဆီးဖြစ်စဉ်များကို အောက်တွင် ဖော်ပြထားသည်။ · အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် အရှေ့ဒဂုံမြို့နယ် ၄ ရပ်ကွက်ထဲ ဧည့်စစ်ဝင်ပြီး ယောကျ်ားလေး ၂ ဦးကို ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။ (Source: RSN) · အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှည်းကူးလမ်းဆုံအနီး ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်နေသူ အမျိုးသား ၂ ဦး (အသက် ၃၅ နှစ်ခန့်) ကို ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN) · အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံ ၁၁ ရပ်ကွက်နေ ယောကျ်ားလေး ၁ ဦးကို မူးပြီး သောင်းကျန်းနေလို့ဆိုကာ အုပ်ကြီးအဖွဲ့က ရဲခေါ်ဖမ်းခိုင်းပြီး စစ်မှုထမ်းခိုင်းလိုက်ကြောင်း သိရှိရသည်။ (Source: RSG) · အောက်တိုဘာလ ၁၅ ရက်နေ့ဝန်းကျင်တွင် တောင်မြောက်လမ်းဆုံအနီး ရှိနေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို သိမ်းငှက်အဖွဲ့က လိုက်ထရပ်ကားပေါ် ဆွဲတင်ဖမ်းခေါ်ပြီးနောက် ပိုက်ဆံများ လုယူသည့်အပြင် အိမ်ကိုပါ ပိုက်ဆံတောင်း ရွေးခိုင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် တောင်ဒဂုံမြို့နယ် ၈၈ ရပ်ကွက်နေ လူငယ် ၁ ဦးကိုလည်း သိမ်းငှက်အဖွဲ့က ဖမ်းဆီးသွား၍ မိသားစုက ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးထုတ်ခဲ့ရသည်။ (Source: Ayeyarwaddy Times) · မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ထဲ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းခဲ့ရသူ လူငယ် ၁ ဦး ပြီးခဲ့သည့်အပတ်ထဲ အာရက္ခတပ်တော် AA ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ (Source: Khit Thit)
———— ▪️စစ်မှုထမ်းသင်တန်းဆင်း
· အောက်တိုဘာ ၂၃ ရက်နေ့တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ တိုက်ကြီးမြို့နယ်၊ တတက ၁ (ဂျိုးဖြူ) ၌ သင်တန်းသား ၄၀၃ ဦး ဆင်းခဲ့သည်ဟု ဆိုသည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် စမ်းချောင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
———— ▪️စားအုန်းဆီကို ၁ လ ၁ ကြိမ်သာ ပေးဖို့လုပ်
· ရန်ကုန်တွင် စားအုန်းဆီ ထုတ်ပေးမှုကို နိုဝင်ဘာလမှစ၍ ၁ လ ၁ ကြိမ်သာ ပေးတော့မည်ဖြစ်ကြောင်း DVB မှ သိရှိရသည်။ သန်းခေါင်စာရင်းနှင့် ဧည့်စာရင်းပါ လူဦးရေအတိုင်း ပေးမည်ဖြစ်ပြီး တဦးလျှင် ၅၀ ကျပ်သားနှုန်း ပေးမည်ဟုဆိုသည်။
———— ▪️အထည်ချုပ်စက်ရုံများပိတ်
· ယခုလပိုင်းထဲ အထည်ချုပ်စက်ရုံ ၄ ရုံထက်မနည်း ပိတ်သိမ်းဖို့ ရှိနေပြီး အလုပ်အကိုင်နေရာ ၁ သောင်းဝန်းကျင် ဆုံးရှုံးရဖို့ ရှိသည်ဟု MICS-TUsF အဖွဲ့မှ ပြောဆိုထားကြောင်း သိရှိရသည်။ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံ ၄ ရုံနှင့်အထက် အောက်တိုဘာလထဲ ပိတ်သိမ်းဖို့ပြင်နေခြင်းဖြစ်သည်။ ပြည်ပအော်ဒါမရရှိခြင်းကို အဓိကအကြောင်းပြထားကြောင်းလည်း သိရသည်။
———— ▪️ဒေါ်လာငွေလဲကောင်တာအများစု ပိတ်
· အမေရိကန်ဒေါ်လာဈေးများ မြင့်တက်၍ နာမည်ကြီးအရောင်းအဝယ်သမားများကို အကြမ်းဖက်စစ်တပ်က လိုက်လံဖမ်းဆီးပြီးနောက် ဒေါ်လာငွေလဲကောင်တာအများစု အရောင်းအဝယ်ရပ်ထားကြောင်း DVB မှ သိရှိရသည်။ ကွင်းဆင်းစစ်ဆေးမှုများနှင့် အသွင်ယူဖမ်းဆီးမှုများ ရှိနိုင်သောကြောင့် ပိတ်ထားကြခြင်းဖြစ်သည်။
———— ▪️ရထားဘူတာများအနီး မူးယစ်ဆေးသုံးသူ များပြား
· ရန်ကုန်မြို့ပတ်ရထားဘူတာများနှင့် ရထားသံလမ်းများအနီး မူးယစ်ဆေးသုံးစွဲသူ အများအပြားဖြစ်နေကြောင်း DVB မှ သိရှိရသည်။ ညနေပိုင်းနှင့် ညပိုင်း လူပြတ်ချိန်များတွင် ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန် စသည့်ဘူတာများတွင် မူးယစ်ဆေးစွဲနေသူအများအပြား ဆေးလာသုံးလေ့ရှိကြသည်။ WY (ရာဘ) ၊ ဆေးခြောက်၊ ဘိန်း စသဖြင့် အမျိုးအစားအစုံ သုံးစွဲနေကြသည်ဟု ဆိုသည်။ အနီးအနားရှိ လူနေအိမ်များထဲဝင်ပြီး ပစ္စည်းခိုးယူမှုများလည်း ရှိကြောင်း သိရသည်။
———— ▪️စစ်တပ် သားသမီးများကို နိုင်ငံခြားလေ့လာရေးခရီးပို့
· အကြမ်းဖက်စစ်တပ်၏ တပ်မိသားစုနှင့် စစ်မှုထမ်းဟောင်း သားသမီးများထဲမှ ၂၀၂၅-၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်ခဲ့သူများအနက် ၂၅ ယောက် ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးပို့လိုက်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ကျောင်းသား/သူ ၁၆ ယောက်၊ လူရည်ချွန် ၇ ယောက်၊ ဂုဏ်ထူးဖြင့် အောင်သည့် စစ်သည် ၂ ယောက်၊ ကျောင်းအုပ်ကြီး ၁ ယောက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်တို့ပါသည်ဟု ဆိုသည်။
———— ▪️လေတပ် သက်ကြီးပူဇော်ပွဲလုပ်
· အကြမ်းဖက်စစ်တပ်၏ ၈ ကြိမ်မြောက် လေတပ်မိသားစု သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြဝတီမီဒီယာစင်တာ၌ လုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အသက် ၁၀၂ နှစ် ဗိုလ်ချုပ်ဟောင်းအပါအဝင် အခြားအငြိမ်းစား လေတပ်ရာထူးကြီးများလာခဲ့သည်ဟု သိရသည်။
———— ▪️စင်တင်ဖျော်ဖြေရေးလုပ်ငန်းရှင်များကို ခေါ်သတိပေး
· ရန်ကုန်တိုင်းရှိ KTV ၊ စင်တင်ဘား၊ DJ ဘား စသည့် ဖျော်ဖြေရေးလုပ်ငန်း ပိုင်ရှင်များကို စစ်ကောင်စီ ရန်ကုန်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ပြီး သတိပေးခဲ့ကြောင်း BBC မှ သိရှိရသည်။ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှု မရှိဖို့၊ ည ၁၁ နာရီထိသာဖွင့်ဖို့ စသဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်များ ထုတ်မပေးခဲ့တော့ဟု စစ်တပ်က ဆိုထားခဲ့ဖူးကြောင်းလည်း သိရသည်။
———— ▪️စပါးစိုက်ကွင်းများထဲ ကြွက်များကျရောက်ပြီး ဖျက်ဆီးနေ
· တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒလဘက်ရှိ စပါးစိုက်ကွင်းများတွင် ကြွက်ကျရောက်ဖျက်ဆီးမှုများ စတင်ကြုံတွေ့နေရကြောင်း DVB မှ သိရှိရသည်။ လက်ရှိချိန်ထိ မည်သည့်အကူအညီမှ မရပဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေကြရသည်ဟု သိရသည်။
26 Oct 2026 #RangoonScoutNetwork #YGN_weekly

Repost from MFSD
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၄ ၂၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၃၈)လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Update ၁၄ ၂၆ အချိန် မီးထိန်းပါသည်။

၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၄ ၂၁ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Source - MFSD

တာမွေ ရခ DC ဖြူပြာ ၁ စီး ဦးချစ်မောင်လမ်းပေါ် တာမွေအဝိုင်းထိပ်ခုံတံတားအောက် တောင်မြင်းပြိုင်ကွင်းလမ်းဆုံမရောက်ခင်လေးမှာ ရပ်ထား။ 1:30 PM 📬 @Inform_RSN