Rangoon Scout Network (RSN)
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။ သတင်းများပေးပို့ရန် - @Inform_RSN 👈
إظهار المزيد📈 نظرة تحليلية على قناة تيليجرام Rangoon Scout Network (RSN)
تُعد قناة Rangoon Scout Network (RSN) (@rangoonscoutnetwork) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 10 920 مشتركاً، محتلاً المرتبة 17 170 في فئة الأخبار والوسائط والمرتبة 10 648 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 920 مشتركاً.
بحسب آخر البيانات بتاريخ 04 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -63، وفي آخر 24 ساعة بمقدار 1، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 4.16%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 3.32% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 454 مشاهدة. وخلال اليوم الأول يجمع عادةً 363 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 2.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းနောက်လိုင်အဖွဲ့များ၏ မြေပြင်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းဖော်ပြပေးပါသည်။
သတင်းများပေးပို့ရန် - @Inform_RSN 👈”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 05 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.
جاري تحميل البيانات...
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 05 أكتوبر | +3 | |||
| 04 أكتوبر | +6 | |||
| 03 أكتوبر | +6 | |||
| 02 أكتوبر | +3 | |||
| 01 أكتوبر | +4 |
| 2 | အရှေ့ဒဂုံ
★၂၇၄၃ (မ) စခ DC
ဆလုံဒူးဝါးလမ်းက မုဒုံသိန်းမင်း ဝပ်ရှော့ဆိုင်ရှေ့ ရပ်ထား – RSG
4:17 PM
📬 @Inform_RSN | 435 |
| 3 | တောင်ဥက္ကလာ
ရခမီတန်းဆလွန်း ၁ စီး ခေါင်းမီးထွန်းလျက်
တောင်ဥကလာဘုရားမှ စံပြစျေးဘက်သွား
3:54 PM
📬 @Inform_RSN | 396 |
| 4 | 🖥 ရန်ကုန် တပတ်တာ အခြေအနေ
•••••••••••••••®•••••••••••••••
ပြီးခဲ့သည့် ရက်သတ္တပတ် [Sep 28 - Oct 4, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၁၁ ခု ခွဲ၍ ဖော်ပြထားသည်။
▪️အဖမ်းအဆီးဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လမ်းမပေါ် ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။ စည်ပင်ကားဖြင့် ဖမ်းခေါ်ခံရသူ ၁၄ ဦး၊ သူခိုးဟုအော်လိုက်ကာ ဖမ်းခံရသူ ၁ ဦးတို့ ပါဝင်သည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ အရှေ့ဒဂုံ (၁ ဦး) မြောက်ဒဂုံ (၁ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး)တို့နှင့် မြို့နယ်မသိရ (၁ ဦး) တို့ဖြစ်သည်။
· ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
· တော်လှန်ရေးထောက်ပို့လုပ်လို့ဟု စွပ်စွဲပြီး ရန်ကုန်တိုင်းမှ လူ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ယခုအပတ်ထဲ စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ PRF Websie ကို ငွေလွှဲလို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၉ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့နောက် ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းများနှင့် Shwe Nadi Jewelry အမှတ်တံဆိပ် ကျောက်မျက်ရတနာများရောင်းချ၍ ထောက်ပို့လုပ်ရာတွင် ပါဝင်လို့ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သူ ၃ ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
————
▪️၁ နှစ်အတွင်း ပြေး ၄ ပြေး ဖမ်းမိစာရင်း ထုတ်ပြန်
· ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင်း ပြေး ၄ ပြေး (စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေး/ထောင်ပြေး/တရားခံပြေး၊ ရဲဘက်ပြေး) ၁၅၂၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု အောက်တိုဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။ PSMS စာရင်းဝင်သည့် စစ်ပြေး ၁၅၁ ဦး၊ ရဲပြေး ၂၁၃ ဦး၊ တရားခံပြေး ၃၁၉ ဦး၊ ရဲဘက်ပြေး ၅ ဦး၊ (စုစုပေါင်း ၆၈၈ ဦး) နှင့် PSMS စာရင်းမဝင်သည့် စစ်ပြေး ၆၃၈ ဦး၊ ရဲပြေး ၄၈ ဦး၊ တရားခံပြေး ၁၅၀ ဦး၊ ရဲဘက်ပြေး ၂ ဦး၊ (စုစုပေါင်း ၈၃၈ ဦး) တို့ဟု ဖော်ပြထားသည်။
· ထို့ပြင် ၂၀၂၅ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အတွင်း အမှုကြီး ၄၇၂ မှု ရှိခဲ့ကြောင်းလည်း ဆိုထားသည်။
————
▪️လျှပ်စစ်မီး အလှည့်ကျဖြတ်တောက်တော့မည်ဟု ကြေညာ
· မနက်ဖြန် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်းကိုလည်း အုပ်စု ၂ စုခွဲထားပြီး မနက် ၅ နာရီမှစ၍ ၄ နာရီစီ အလှည့်ကျဖြတ်မည်ဟု သိရသည်။
————
▪️စစ်အင်အားများ ရှေ့တန်းပို့
· စစ်အင်အားအပြည့်ပါသည့် စစ်ကားကြီး အစီး ၂၀ ခန့်ယာဉ်တန်း စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးဝင်းထဲမှ ထွက်လာပြီး သီလဝါဆိပ်ကလမ်းဘက်သို့ မောင်းသွားကြောင်း သိရှိရသည်။ ထိုမှတဆင့် ရေကြောင်းဖြင့် ရှေ့တန်းစစ်မြေပြင်ပို့လိုက်ပုံရသည်။
————
▪️မလေးရှားမှ ပြန်ပို့လိုက်သူများ ရန်ကုန်ရောက်
· မလေးရှားနိုင်ငံမှ ပြန်ပို့လိုက်သည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ စစ်တပ်စခန်းများထဲ ထားပြီး အကြမ်းဖက်စစ်သားများက စီစစ်နေကြောင်း သိရှိရသည်။ စစ်မှုထမ်းခိုင်းမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
————
▪️တရုတ်စစ်သင်္ဘောများ ပြန်ထွက်
· သီလဝါ MITT ဆိပ်ကမ်းသို့ရောက်ရှိနေသည့် တရုတ် စစ်သင်္ဘော ၃ စင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
————
▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗဟန်း၊ စမ်းချောင်း၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
————
▪️စစ်တပ်၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ
· အကြမ်းဖက်စစ်တပ်၏ မှော်ဘီမြို့နယ် နယ်မြေခံသင်တန်းကျောင်း၌ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များကို မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းပေးနေသည်ဟု အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ၎င်းတပ်ဖွဲ့ဝင်များထဲ တက္ကသိုလ် ဆရာ/ဆရာမများ၊ တက္ကသိုလ် ကျောင်းသား/သူများ ပါသည်ဟု ဆိုသည်။
————
▪️အပစ်ရပ်အဖွဲ့များ စစ်တပ်နှင့် ညှိနှိုင်း
· အပစ်ရပ်အဖွဲ့များဖြစ်သည့် 7 EAO Alliance နှင့် အကြမ်းဖက်စစ်တပ်၏ NSPNC အဖွဲ့တို့ စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ NSPNC ရုံးထဲ တွေ့ဆုံဆွေးနွေးပွဲလုပ်သွားခဲ့ကြောင်း သိရသည်။ NCA ကိစ္စဆွေးနွေးသွားကြသည်ဟု ဆိုသည်။
————
▪️မုန်တိုင်းငယ် ရန်ကုန်အဖျားခတ်
· စက်တင်ဘာလ ၂၈ ရက် ညဘက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တောင်ဘက်၌ အားကောင်းသောမုန်တိုင်းငယ် (လေတိုက်နှုန်း တနာရီ ၃၅ မိုင်မှ ၄၀ နှုန်းခန့်) ဖြတ်ကျော်သွားပြီး ရန်ကုန်တိုင်းအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် မုန်တိုင်းအရှိန်အဟုန် အကျိုးသက်ရောက်မှုများဖြစ်ခဲ့သည်။
————
▪️အဆင်မြင့်ကွန်ဒိုစီမံကိန်း ပြဿနာတက်
· ရန်ကုန်မြို့ရှိ The Central နှင့် The park အိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူများထံမှ ပိုက်ဆံ ကျပ်သိန်းသောင်းချီ ကြိုယူထားသော်လည်း အခန်းအချိန်မှီ မအပ်နှံသေးသည့်အပြင် ငွေဆက်လက်ကောက်ခံနေသောကြောင့် အကြီးအကျယ်ပြဿနာတက်နေကြကြောင်း သိရသည်။ Marga Landmark ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီရုံးခန်းမှာ ချိတ်ပိတ်ထားပြီး အဆက်အသွယ်လည်း လုပ်မရတော့ဟု ဆိုသည်။ စစ်ကောင်စီ စ သုံးလုံးကလည်း စစ်ဆေးနေပြီဟု ဆိုသည်။
05 Oct 2026
#RangoonScoutNetwork #YGN_weekly | 303 |
| 5 | တောင်ဥက္ကလာပ
စခ DC ၂ စီး၊ အင်အားပြည့်
ဗဟိုဈေးဘက်မှ ဝေဇယန္တာလမ်းအတိုင်း ၁၆ ကွေ့ဘက် မောင်းသွား။
3:36 PM
📬 @Inform_RSN | 282 |
| 6 | မရမ်းကုန်း
စခ DC ၂ စီး၊ နောက်ခန်း စခ ၄ ကောင်စီပါ
အေဒီကနေ ချော်တွင်းကုန်းပွိုင့်ကနေ ဝေဇယန္တာဘက် ဆင်းဖို့ ဦးတည်ထား – RSG
3:26 PM
📬 @Inform_RSN | 289 |
| 7 | ⬜️ ရွှေပြည်သာ
ဘဲဥ မီးတန်း ၁ စီး၊ 7J 2194 Honda fit အမဲရောင်
ရွှေပြည်သာတံတားအဆင်း ရွှေပြည်သာဘက်အခြမ်း ဘယ်ညာ ခွေးဘဲဥတွေ အစာကောက် – RSG
2:55 PM
📬 @Inform_RSN | 306 |
| 8 | 🟥 လှိုင်သာယာ
ကျန်စစ်သားလမ်းမပေါ် ရွှေလင်ဗန်း မီးသတ်အဝိုင်းနဲ့ ဈေးကြား သူရိန်လမ်းမှာ စခတွေနဲ့ ပျူတွေ အင်အား ၁၀ ကောင်ခန့် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေ – RSG
2:50 PM
📬 @Inform_RSN | 401 |
| 9 | 🟥 ကမာရွတ်
ဘဲဥ ၆ ကောင် (အထီး ၃ အမ ၃)၊ စည်ပင်အပြာဝတ် ၁ ကောင်၊ ရခ အူဇီသေနတ်လွယ် ၁ ကောင်
ဘုရင့်နောင်လမ်းမကြီးပေါ် ရွာမကွေ့မှတ်တိုင်နဲ့ ရေကြောင်းမှတ်တိုင်ကြားမှာ ကားတားစစ်ငွေညစ်နေ။ အိမ်စီးကားတွေ အဓိကထားစစ်။
1:30 PM
📬 @Inform_RSN | 372 |
| 10 | လှိုင်
စခ DC ၂ စီး၊ နောက်ခန်း ၄ ကောင်ပါ၊ ရှေ့ ၁ စီး ခေါင်မီးလောင်ထား
အေဒီပွိုင့်ကနေ ပါရမီလမ်းအတိုင်း ပါရမီဘက် ရှေ့ရှု – RSG
1:33 PM
📬 @Inform_RSN | 351 |
| 11 | မရမ်းကုန်း
YGN-41 9K/7315 ရခ မီးတန်း ခေါင်မီးလောင်ထား
သမိုင်းဘက်ကနေ ဘုရင့်နောင်တံတားအောက်ကနေ တပင်ရွှေထီးလမ်းထဲဝင် – RSG
1:32 PM
📬 @Inform_RSN | 317 |
| 12 | မရမ်းကုန်း
ကမ္ဘာအေးဘုရားလမ်းနဲ့ ကံလဲ့လမ်းအနီး ရွှေနှင်းဆီလမ်းထဲ စခ Faw ခေါင်းတို ၁ စီး ရပ်ထား၊ စခ ၂ ကောင် အောက်ဆင်းပြီး တာလပတ်ခင်းပြီး အိပ်နေ – RSG
1:20 PM
📬 @Inform_RSN | 286 |
| 13 | ⚫️ ရမ်းသမ်း ဆွဲဖမ်းသည့်ဖြစ်စဉ် ပြန်များလာ
ပြီးခဲ့သည့် ရက်သတ္တပတ် (စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၄ ရက်) ထဲ ရမ်းသမ်း ဆွဲဖမ်းဆီးခံခဲ့ရသူ အရေအတွက် ပြန်များလာခဲ့သည်။ မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၄ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ မြို့နယ်များမှာ ကျောက်တံတား (၁၀ ဦး)၊ ကမာရွတ် (၆ ဦး)၊ စမ်းချောင်း (၅ ဦး) ၊ အင်းစိန် (၅ ဦး)၊ သင်္ဃန်းကျွန်း (၂ ဦး)၊ အရှေ့ဒဂုံ (၁ ဦး)၊ မြောက်ဒဂုံ (၁ ဦး)၊ သာကေတ (၁ ဦး)၊ တာမွေ (၁ ဦး)၊ လှိုင် (၁ ဦး) တို့နှင့် မြို့နယ်မသိရ (၁ ဦး) ဖြစ်သည်။
▪️ကျောက်တံတားမြို့နယ် (၁၀ ဦး)
· အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်းထိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်သည့် ယောကျ်ားလေးများကို အရပ်ဝတ်အုပ်စုများက ဖမ်းဆီးပြီး စည်ပင် ကြို/ပို့ကားပေါ် ခေါ်တင်သွားခဲ့ရာ စုစုပေါင်း ၁၀ ဦးခန့်ပါသွားခဲ့ကြောင်း သိရှိရသည်။ (Source: Khit Thit)
▪️ကမာရွတ်မြို့နယ် (၆ ဦး)
· အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် လှည်းတန်း၊ စံရိပ်ငြိမ်ဘုန်းကြီးကျောင်း အကျော်၌ ယောကျ်ားလေး ၆ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) ကို ရဲနှင့် အရပ်ဝတ်များက ဖမ်းဆီးပြီး Probox Taxi ကားပေါ် ခေါ်တင်သွားသည်။ (Source: RSN)
▪️စမ်းချောင်းမြို့နယ် (၅ ဦး)
· စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ဝေဠုဝန်မြောက်ရပ်ကွက် ကံ့ကော်လမ်းထဲရှိ ယောကျ်ားလေး ၁ ဦးကို ရဲကားဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဗားကရာလမ်း မြေနီကုန်းပလာဇာနှင့် ဂမုန်းပွင့်ကြား၌ ယောကျ်ားလေး ၃ ဦး (အသက် ၂၀ နှစ်ဝန်းကျင်) နှင့် အဘွားအို ၁ ဦးကို အရပ်ဝတ်များက စည်ပင်ကားပေါ် တင်ပြီး ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: Sanchaung Scout Channel)
▪️အင်းစိန်မြို့နယ် (၅ ဦး)
· အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်သူကုန်းရပ်ကွက်၊ မဂ္ဂကျောင်းလမ်းထိပ် ဓမ္မာရုံရှေ့ ကွမ်းယာဆိုင်ရှိ လူ ၄ ဦး (အသက် ၄၅ နှစ် ၁ ဦး၊ အသက် ၃၀ နှစ်ခန့် ၃ ဦး) ကို ရဲနှင့် အရပ်ဝတ်များက ဝင်ဖမ်းဆီးပြီး Van ကားပေါ် တင်ခေါ်သွားသည်။ (Source: RSN)
· အောက်တိုဘာလ ၄ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် အောင်ဆန်း၊ အဆောင် ၂ Denko ရှေ့နား ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ကို အရပ်ဝတ်တစုက သူခိုးဟု စွပ်စွဲပြီး လိုက်ဖမ်းသွားသည်။ သူခိုးမဟုတ်ပဲ သပ်သပ်လူလိုက်ဆွဲသွားခြင်းဖြစ်သည်ဟု အနီးအနားရှိ ဒေသခံတဦးထံမှ သိရသည်။ (Source: RSN)
▪️သင်္ဃန်းကျွန်းမြို့နယ် (၂ ဦး)
· အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် ၁၀ လမ်းထဲရှိ Delivery ပို့ပြီး ပြန်လာသည့် ယောကျ်ားလေး ၂ ဦးကို လူတစုက ကားအမဲတစီးပေါ် ဆွဲတင်ဖမ်းခေါ်သွားသည်။ (Source: RSN)
▪️အရှေ့ဒဂုံမြို့နယ် (၁ ဦး)
· အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ပြည်သူ့ဆေးရုံ (မြောက်ဒဂုံမြို့နယ်) အနီး အနော်ရထာလမ်း နှင့် နဂါးနိုင်လမ်းထောင့် ရေကန်သေးစပ်နားရှိ အမျိုးသား ၁ ဦး (အသက် ၄၅ နှစ်ခန့်) ကို လူတစုက ကားပေါ်ဆွဲတင် ရိုက်နှက် မျက်လုံးအဝတ်စည်းပြီး ဖမ်းခေါ်သွားခဲ့သည်။ စစ်တပ် တပ်ကြပ်ကြီးတယောက်နှင့် ညှိနှိုင်းပြီး ညတွင်းချင်း ပြန်လွတ်လာနိုင်ခဲ့သည်။ (Source: RSN)
▪️မြောက်ဒဂုံမြို့နယ် (၁ ဦး)
· အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် မဟာမြိုင်အိမ်ရာ ပွဲဈေးတန်းရှိ ယောကျ်ားလေး ၁ ဦးကို စစ် SC ၁ စီး၊ ရဲဆလွန်းကား ၁ စီးဖြင့် ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ (Source: RSN)
▪️သာကေတမြို့နယ် (၁ ဦး)
· စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀ တောင်ရပ်ကွက်၊ ဇေယျာဝတီ ၁ လမ်း (ခိုင်ရွှေဝါလမ်းအနီး) ထဲ ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) သွားလာနေစဉ် အရပ်ဝတ်အဖွဲ့များက ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: RSG)
▪️တာမွေမြို့နယ် (၁ ဦး)
· အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းတွင် ၁၅၃ လမ်းထိပ်ဘက်ရှိ Delivery ပို့နေသည့် ယောကျ်ားလေး ၁ ဦးကို အရပ်ဝတ်လူတစုက ရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်တင်ခေါ်သွားကြောင်း သိရှိရသည်။ (Source: RSG)
▪️လှိုင်မြို့နယ် (၁ ဦး)
· အောက်တိုဘာလ ၃ ရက်နေ့ သန်းခေါင်ချိန် ၁ နာရီခန့်တွင် ၂ ရပ်ကွက်၊ ချောင်းဝဘုန်းကြီးကျောင်းအနီး ယောကျ်ားလေး ၁ ဦး (အသက် ၂၀ နှစ်ခန့်) ရှိနေစဉ် အကြမ်းဖက်တပ်သားများနှင့် ရာအိမ်မှူးအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ (Source: (HSC) Hlaing Scout Channel)
▪️မြို့နယ်မသိရ (၁ ဦး)
· စက်တင်ဘာလ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ်နေ LGBT လူငယ် ၁ ဦး (အသက် ၂၉ နှစ်အရွယ်) ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ မိသားစုက ပြန်လိုက်ရွေးထုတ်နိုင်လိုက်သည်။ (Source: Khit Thit, RSN)
ထို့ပြင် အလုံ၊ ဗဟန်းနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖြစ်ခဲ့သည့် အဖမ်းအဆီးများလည်း ရှိသေးပြီး ဖြစ်စဉ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
05 Oct 2026
#RangoonScoutNetwork | 242 |
| 14 | မြောက်ဒဂုံ
ရခမီးတန်းဆလွန်း ၁ စီး မီးထိုးအသံဖွင့် အမြန်မောင်းလျက်
၇/၈ လမ်းဆုံဘက်ကနေ မဟာမြိုင်အိမ်ယာက်ဘက်ကို ရာဇဓိရာဇ်လမ်းအတိုင်းသွား
12:58 PM
📬 @Inform_RSN | 285 |
| 15 | သင်္ဃန်းကျွန်း
စခ Faw ၂ စီး နောက်ခန်း အဖြူရောင် ဆာလာအိတ်ထုတ်တွေ တင်ထား
သုဝဏ္ဏလမ်းဆုံမှ သံသုမာလမ်းမ အတိုင်း ကမာကြည်ပွိုင့်သို့ မောင်းသွား
12:40 PM
📬 @Inform_RSN | 290 |
| 16 | မရမ်းကုန်း
ADဘက်ကအလာ ချော်တွင်းကုန်းပွိုင့် တည့်ဖြတ်ရင် ဘယ်ဘက်အခြမ်းက လူကယ်ပြန်ခြံထောင့်မှာ စခ ၂ ကောင် ယူနီဖောင်း လက်နက်အပြည့်အစုံဖြင့် ကင်းရှိ – RSG
11:21 AM
📬 @Inform_RSN | 341 |
| 17 | 🔸စမ်းချောင်း
*
ရဲခွေး DC ဖြူပြာ 1စီး
*
မြေနီကုန်းဘက်မှ ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းဘက်သို့သွား
*
10:50 AM
#VW
သတင်းပေးရန် ==> @SanchaungScout | 311 |
| 18 | ⬜️ တောင်ဥက္ကလာ
သံသုမာလမ်းမပေါ် သစ္စာလမ်းပွိုင့် ခွေးဘဲဥ အထီး၊ အမ ၈ ကောင်ခန့် အစာကောက်နေ
10:20 AM
📬 @Inform_RSN | 337 |
| 19 | 🔻စမ်းချောင်း
ခွေးကြီးလမ်းကြောင်း
*
ရဲခွေး DC ဖြူပြာ 1စီး
အိမ်စီးကား အဖြူ 2စီး
*
ဟံသာဝတီအဝိုင်းဘက်မှ ပြည်လမ်းအတိုင်း လွှတ်တော်ဘက်သို့သွား
*
9:28 AM
#VW
သတင်းပေးရန် ==> @SanchaungScout | 317 |
| 20 | 🔻စမ်းချောင်း
ခွေးကြီးလမ်းကြောင်း
*
ဟိုင်းလတ် အဖြူ 1စီး (မီးတန်းတင်)
အံစာတုံး အဖြူ 1စီး
စစ်ခွေး SC 1 စီး (★၅၅၇၈(မ)/ဂျိုတိုင်တွေပါ)
Alphard အဖြူ 2စီး
ဟိုင်းလတ် အမည်း 1စီး
ရဲခွေး DC အပြာ 1စီး
*
လွှတ်တော်ဘက်မှ ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းဘက်သို့သွား
*
9:04 AM
#VW
သတင်းပေးရန် ==> @SanchaungScout | 311 |
