ဒို့ပြည်-Doh Pyay
Open in Telegram
3 030
Subscribers
-324 hours
-127 days
-1730 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+14
in 1 channels
August '26
+96
in 2 channels
Get PRO
July '26
+121
in 1 channels
Get PRO
June '26
+137
in 1 channels
Get PRO
May '26
+65
in 0 channels
Get PRO
April '26
+68
in 0 channels
Get PRO
March '26
+135
in 2 channels
Get PRO
February '26
+182
in 1 channels
Get PRO
January '26
+204
in 1 channels
Get PRO
December '25
+357
in 1 channels
Get PRO
November '25
+279
in 1 channels
Get PRO
October '25
+172
in 2 channels
Get PRO
September '25
+156
in 1 channels
Get PRO
August '25
+170
in 1 channels
Get PRO
July '25
+214
in 1 channels
Get PRO
June '25
+1 659
in 2 channels
| Date | Subscriber Growth | Mentions | Channels | |
| 08 September | 0 | |||
| 07 September | +3 | |||
| 06 September | +2 | |||
| 05 September | +4 | |||
| 04 September | +1 | |||
| 03 September | +3 | |||
| 02 September | 0 | |||
| 01 September | +1 |
Channel Posts
ကြို့ပင်ကောက်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဆေးခန်းအဆောက်အဦးပျက်စီးသွား
စက်တင်ဘာ ၇၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ထဲကို ယနေ့ စက်တင်ဘာ(၇) ရက်နေ့မှာပဲ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ညနေ (၃) နာရီခန့်က ရုံးချောင်းအုပ်စု၊ ရုံးချောင်းရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး(၁) လုံးကြဲချခဲ့တာဖြစ်ပြီး အသုံးပြုခြင်းမရှိတဲ့ အုပ်စုဆေးခန်း အဆောက်အဦးအသစ်ပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
"ဆေးခန်းကတော့ရွာထဲမှာရှိတာပါ။ စစ်ကြောင်းထိုးတာမဟုတ်ဘူး။ ဒရုန်းနဲ့ ဗုံးသီးတစ်လုံးချသွားတာ။ ဆေးခန်းထိခိုက်ပျက်စီးသွားတယ်။ တခြားပျက်စီးမှုတော့ မရှိပါဘူး" လို့ ဒေသခံတစ်ဦး က ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0XjNpGvioECp4hQjKnNA8yiHyae1h93kEWH5bKKUt5qsGP14zfdHKumxuP7umJnQ4l
| 2 | တွဲကားနဲ့ ဆီဘောက်ဆာကား တိုက်မိ ဆီဘောက်ဆာကားတစ်စီးလုံး မီးလောင်ဆုံးရှုံး (Photo News)
စက်တင်ဘာ ၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်(၉) ရပ်ကွက်, ရွှေဘိုလေးဘုရားအနီးမှာ ယနေ့ စက်တင်ဘာ(၁) ရက်နံနက် (၆) နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း ရွှေဘိုလေးဘုရားအနီး ရန်ကုန်မှ မန္တလေးကိုမောင်းလာတဲ့ ဆီဘောက်ဆာယာဉ်နဲ့ မန္တလေးမှ ရန်ကုန်ကို မောင်းနှင်လာတဲ့ ကွန်တိန်နာယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပြီး ဆီဘောက်ဆာယာဉ်မှာ မီးလောင်ဆုံးရှုံးသွားခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်ကိုတော့ တောင်ငူမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်မီးငြှိမ်းသတ် ကူညီကယ်ဆယ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိပ်နဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဓါတ်ပုံ-MFSD
#ဒို့ပြည်
#ပဲခူးတိုင်း #တောင်ငူ #သတင်း #မီးလောင်မှု #ယာဉ်တိုက်မှု #မှုခင်းသတင်း #အမြန်လမ်း #Dohpyay #news #Myanmar #Thailand #media #Myanmarnews #upd | 1 529 |
| 3 | ပေါက်ခေါင်းမှာ စစ်ရှောင် ကလေးတွေအတွက်ဆေးဝါး နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေ
◼️တစ်လကြာတဲ့အထိ စစ်တပ်ကတပ်စွဲနေပြီး ကုန်စည်လမ်းကြောင်းတွေ တင်းကျပ်ထား
ဩဂုတ် ၃၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ စစ်ရှောင်တွေမှာ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေ ဆီက သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးတာ၊ အထိုင်ချတပ်စွဲတာတွေ လက်နက်ကြီး၊ ဒရုန်းတွေအသုံးပြုတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေစစ်ဘေးရှောင်နေရတာ တစ်လခန့်ရှိပြီဖြစ်ပြီး ကုန်စည်စီးဆင်းဝယ်ယူရာလမ်းတွေကိုလည်း ပိတ်ဆို့ကာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတဲ့အတွက် ဒေသတွင်းမှာ အရေးကြီးလူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ပြောပါတယ်။
"အခုအနေအထားက စစ်သားတွေကကုန်စည်ဆင်းမဲ့လမ်းကြောင်းကို ပိတ်ထားတယ်။ အင်ငါးခွသကြားစက်ပေါက်မှာပိတ်ထားတော့ ဝယ်ဖို့ခြမ်းဖို့တော့အခက်ခဲရှိတယ်။ ပြည်သူတွေစုပေါင်းပြီးချိတ်ဆက်လှူတန်းတာတွေတော့ လုပ်နေတယ်။ လုံလောက်မှုတော့ မရှိသေးဘူး" လို့ စစ်ဘေးရှောင်အရေးကူညီနေသူက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0uNkMMD2NSQsaGpFrG67T8ELYf26RernrWYPuhEGkPv6QQ6saYEMvzFJGTSNf2QAl | 1 337 |
| 4 | မင်းတုန်းတိုက်ပွဲ ပြင်းထန် စစ်တပ်သေဆုံးများပြီး (၅) ဦး ဖမ်းဆီးခံထားရ
ဩဂုတ် ၃၀၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းရဲ့ ရိက္ခာရှာဖွေတဲ့တပ်ဖွဲ့ တွေ တိုက်ခိုက်ခံရလို့ သေဆုံးများခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ(၂၉) ရက်နေ့ ည (၇) နာရီခန့်က မင်းတုန်းအနောက်ခြမ်းမှာ ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းကနေ အင်အား(၅၀) ပါ အဖွဲ့ဟာ ခွဲထွက်ပြီးရိက္ခာရှာထွက်လာချိန် သရက်ခရိုင်အမှတ်(၄) တပ်ရင်းက စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာမှာ ထိတွေ့တိုက်ပွဲ(၁၀) မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့ တပ်ရင်း(၄) က သတင်းထုတ်ပြန်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ-https://www.facebook.com/DohPyayNews/posts/pfbid022GEU8NBcaQxxmzq1TTgkKQdnvkzYpW2d62RDryjm4ovN4fJSweKUQKsbGMT3aNZSl | 1 362 |
| 5 | မင်းတုန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရလို့ (၂၀) ကျော်သေဆုံးပြီး (၃၀) ဆေးရုံရောက်
ဩဂုတ် ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ်-USBA က လိုက်လံတိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရှမ်းတပ်ရဲစခန်းဘက်ကို ထွက်ခွါလာတဲ့ အင်အား(၁၀၀) ပါစစ်ကြောင်း နဲ့ ဩဂုတ်လ(၂၀) ရက်နေ့ က စတင်ကာ (၂၆) ရက်နေ့အထိ တစ်ပတ်ကြာ အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က (၂၀) ကျော်သေဆုံးပြီး (၃၀) ဝန်းကျင်ကို ဆေးရုံတင်လိုက်ရတယ်လို့ USBA ဆီက သိရပါတယ်။
" တိုက်ပွဲကတစ်ကြိမ်တည်းပါ ခုနှစ်ရက်ကြာပါတယ်။ လာတာကတော့ မင်းတုန်းဘက်က လာတာမျိုးပါ။ တိုက်တာကတော့ USBA လို့ပဲပြောရမှာပါ။ ဒေသခံရပ်ကျေးကာကွယ်ရေးအဖွဲ့တွေကနေ ထောက်ပို့ပိုင်း၊ သတင်းပိုင်း အခြားအပိုင်းတွေ ကူတာရှိပါတယ်" လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ဒို့ပြည် သတင်းဌာနကို ယနေ့ ဩဂုတ်လ(၂၇) ရက်နေ့ နံနက် (၈) နာရီခန့်က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02XZYLGAwWVLRPmWnX27FmW2dpEKrLAug1Td7zpQEdRyr9N3iL9JJvajPdTWqaAuuUl | 1 907 |
| 6 | ရခိုင်ရိုးမစစ်မြေပြင်မှာ အာဏာသိမ်းစစ်တပ်အရာရှိတွေကို တေ့ဖြုတ်နိုင်ပါက သိန်း (၁) ထောင်အထိ ပေးမယ်
ဩဂုတ် ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေက အကြီးပိုင်းအရာရှိတွေကို ရှင်းလင်းပြီး ထွက်လာနိုင်ခဲ့ပါက ဆုကြေးငွေ အသီးသီးချီးမြှင့်မယ်လို့ သရက်ခရိုင်ပကဖ တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။
ဒီပြောဆိုချက်ကိုတော့ ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ ညမှာပဲ ကိုဗဟိန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပြီး ရခိုင်ကိုအပို့ခံရတဲ့ အဓမ္မပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည့်သူ့စစ်မှုထမ်းတပ်သားတွေအနေနဲ့ စစ်ကြောင်းထဲကနေ လက်နက်ယူပြီး ထွက်ပြေးလာခဲ့ကြဖို့နဲ့ ဇရှိတဲ့သူတွေအတွက် ဆုချီးငွေ ချီးမြှင့်အစီစဉ်တစ်ခုကိုလည်း လုပ်ပေးမယ်လို့ ဆိုပါတယ်။
ဒီအစီစဉ်မှာတော့ ရားထူးအဆင့်အလိုက် ရှိတဲ့ စစ်တပ်အရာရှိတွေကိုရှင်းလင်းနိုင်ခဲ့ပါက ဒုဗိုလ်အဆင့် - ကျပ်သိန်း (၁၀၀)၊ ဗိုလ်အဆင့် - ကျပ်သိန်း (၂၀၀)၊ ဗိုလ်ကြီးအဆင့် - ကျပ်သိန်း (၃၀၀)၊ ဗိုလ်မှူးအဆင့် - ကျပ်သိန်း (၅၀၀)၊ ဒုဗိုလ်မှူးကြီးအဆင့် - ကျပ်သိန်း (၇၀၀)၊ ဗိုလ်မှူးကြီး အဆင့် - ကျပ်သိန်း (၁၀၀၀) အထိ ရှင်းလင်းခဲ့သူကို ပေးမယ်လို့ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ - https://www.facebook.com/DohPyayNews/posts/pfbid024TF42N2CkbCb4hyZYnMWvd3juKZCeGKLXpurBuCby5RVFKvXLXmZwEV3punmKDbHl | 1 869 |
| 7 | ရွှေတောင် ပကဖ က ဒေသတွင်းပြည်သူတွေရဲ့ နှမ်းတွေကူရိတ်ပေး
ဩဂုတ် ၂၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပကဖ က ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ မိုးနှမ်းတွေကို ရိတ်သိမ်းကူပေးနေကြတယ်လို့ ဆိုပါတယ်။
မိုးနှမ်းရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ဒေသတွင်းက ပြည်သူတွေ လုပ်ငန်းခွင်မှာ ပကဖ ရဲဘော်တွေအနေနဲ့ ကူညီရိတ်သိမ်းပေးနေတာ (၁၀) ရက်ခန့်ရှိပြီလို့ ရွှေတောင်ပကဖ တာဝန်ရှိသူတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
"ရှေ့တန်းကပြန်နားတဲ့ ရဲဘော်တွေထဲက အလှည့်ကျ လိုက်ကူကြတာပါ။ ရက်ကဆက်တိုက်မဟုတ်ပေမယ့် ဆယ်ရက်လောက်ရှိပြီ" လို့ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တောင်ယာနှမ်းတွေကိုတော့ နွေအချိန်မှာ တောရှင်းမီးရှို့ထားပြီး စိုက်ကြကာ အခုလို မိုးလယ်လောက်မှာ ရိတ်သိမ်းကြတယ်လို့ ဆိုပါတယ်။
ပကဖ ရဲဘော်တွေအနေနဲ့ နှမ်းကူရိတ်သိမ်းပေးကြတာတွေ ရှိသလို နာမကျန်းဖြစ်တဲ့ ပြည်သူတွေကို အခမဲ့ဆေးကုပေးတာ၊ မြေပဲနှုတ်၊ ကောက်ရိတ်တာတွေကိုလည်း နှစ်တိုင်းကူညီပေးဖြစ်တယ်လို့ သိရပါတယ်။
#ဒို့ပြည်
#ရွှေတောင်မြို့နယ် #ပြည်ခရိုင်#ပဲခူးတိုင်း #သတင်း #နှမ်း #စိုက်ပျိုးရေး #အကျိုးပြုလုပ်ငန်း #Dohpyay #news #Myanmar #Thailand #media #Myanmarnews #updatenews #NewsMedia # | 1 773 |
| 8 | ပုတီးကုန်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ ဗိုလ်ကြီးထက်ဝေအောင်ပိုင်တဲ့ KTV မှာ ပြည့်တန်ဆာလုပ်ငန်းပါ တိုးချဲ့နေ
ဩဂုတ် ၂၆၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးမြို့၊ လောင့်ကြီးရွာမှာ ဗိုလ်ကြီးထက်ဝေအောင် ဖွင့်လှစ်ထားတဲ့ KTV နဲ့ စားသောက်ဆိုင်မှာ ပြည်တန်ဆာဝန်ဆောင်မှုတွေကိုပါ လုပ်ကိုင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုတီးကုန်းမြို့တောင်ဘက်၊ မြို့ အတွက်မှာရှိတဲ့ လောင့်ကြီးရွာ မှာဖွင့်လှစ်ထားတဲ့ Feel အမည်ရစားသောက်ဆိုင်နဲ့ KTV စတင်ဖွင့်လှစ်စဉ်ကလည်း ဒေသခံတွေကန့်ကွက်ခဲ့ပေမဲ့ စစ်တပ်အရှိန်အဝါအသုံးပြုပြီး ဂရုမစိုက်ဇွတ်ဖွင့်ခဲ့သလို ပြည်တန်ဆာဝန်ဆောင်မှုတွေကို တိုးချဲ့လုပ်ကိုင်လာတာလို့ ဒေသခံကပြောပါတယ်။
"ရွာခံတွေကန့်ကွက်တဲ့ကြားက Feel စားသောက်ဆိုင် အမည်နဲ့ KTV ဖွင့်ပြီး ကျေးရွာလူထုဆန္ဒကိုဉပေက္ခာပြုခဲ့ပါတယ်။ ပိုဆိုးလာတာက ဘိ ပါ ထပ်ဖွင့်လာတာပါ။ ရိုးသားကြတဲ့ရွာသူရွာသားတွေမှာ ဒီလိုမျိုးတွေကို ကန့်ကွက်ခဲ့ကြပေမယ့် ငါအရာရှိကွဆိုတဲ့ပုံနဲ့ ခပ်ပြောင်ပြောင်ပဲဖွင့်နေခဲ့တာပါ။" လို့ ဒေသခံတစ်ဦး က ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0EUMGXWaxMsCUs5HH8MXGniATjbGoivcgxZFcxMaeo64VLyg81p5qm5dVQyT3Gctvl | 1 812 |
| 9 | ဥသျှစ်ပင်မြို့၊ တောင်ဘို့ကြီးရွာမှာ စစ်မှုထမ်းကြေးအဆမတန်တောင်း မပေးနိုင်သူတွေအိမ်ကို ဖျက်ဆီးပစ္စည်းယူ
ဩဂုတ် ၂၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်၊ တောင်ဘို့ကြီးရွာမှာ စစ်မှုထမ်းကြေး ကို အဆမတန်တောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် လစဉ်ကြေးကို စစ်မှုထမ်းအကျုံးဝင်သူအသက်ပြည့်တဲ့ လူငယ်(၁) ဦးရှိပါက (၇) သောင်း၊ (၂) ဦးရှိပါက (၁၄၀၀၀၀) ကျပ် နဲ့ လူငယ်မရှိတဲ့ အဖိုးအဖွားနှစ်ဦးထဲရှိနေအိမ်ကို (၂) သောင်းခွဲဆိုပြီး ကောက်ခံနေတာလို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့လက ငွေမကျေလို့ဆိုပြီး ရွာထဲဝင် အိမ်တံခါးတွေထုရိုက်၊ လူရှာတယ်ဆိုပြီး သေတ္တာတွေဖွင့်၊ အိမ်တွေဖွင့် တွေ့တာယူတယ်။ ဒုဦးစီးက လမ်းပေါ်ကစောင့်တယ်။ ရွာသားတွေက ဆရာတို့ကဘယ်ကဘာတွေလဲမေးတာကို စကားမရှည်နဲ့ မြို့နယ်ကလာတာ ဝတ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းလို့ရတယ်ပြန်ပြောတယ် အယောက်နှစ်ဆယ်လောက်နဲ့ လာတာ။" လို့ ဒေသတွင်း သတင်းရင်းမြစ်က ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid022ZGTEa5rN8uKnPYpTpZwSBZMoWCoWMTkNxB5dREvBamSwEG2xvgyhD8v12KF8YLJl | 1 523 |
| 10 | ရခိုင်ရိုးမကိုလာတဲ့စစ်ကြောင်းက လက်နက်ခဲယမ်းတွေသယ်ဖို့နဲ့ ကာဗာလုပ်ဖို့ လမ်းမှာတွေ့သူတွေကို ပေါ်တာဆွဲ
ဩဂုတ် ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့ကို ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက လမ်းမှာ တွေ့တဲ့ အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ခေါ်ဆောင်ထားတယ်လို့ ဒေသတွင်းစစ်ရေးရင်းမြစ် က ပြောပါတယ်။
ဩဂုတ်လ (၂၂) ရက်နေ့မှာ မင်းတုန်းမြို့ကို ရောက်လာတဲ့ စစ်ကြောင်းက လက်နက်ခဲယမ်းနဲ့ ရိက္ခာ၊ အသုံးအဆောင်တွေကို သယ်ဖို့ နဲ့ စစစ်ကြောင်းထိုးမယ့် ရခိုင်ရိုးမေါ်ကို တက်ချိန်မှာ အကာအကွယ်အဖြစ် လူသားဒိုင်း လုပ်ဖို့ ဒေသတွင်းက အမျိုးသားတွေကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး စစ်ရေးရင်းမြစ်က ပြောပါတယ်။
"ပေါ်တာဆွဲထားတဲ့သူတွေကို ပစ္စည်းတွေ ထမ်းခိုင်းတယ်။ ရိုးပေါ်ကိုတက်တဲ့အချိန်လူသားဒိုင်းအဖြစ်သုံးဖို့ရှိတယ်။ တွေ့တဲ့သူတွေကို လည်း ဆက်ပြီးပေါ်တာဆွဲဖို့ရှိနိုင်တယ်။ မိန်းကလေးတွေမြင်ရင်လည်းညစ်ညမ်းစကားတွေပြောတယ်။ ကြည့်တာလည်းရိုင်းတယ်။ တချို့ဈေးဆိုင်တွေမှာလည်း ပိုက်ဆံမပေးဘဲ ပစ္စည်းတွေကို ယူချင်တိုင်းယူတာတွေရှိတယ်" လို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0HR3aR3bbZaWCp97vLDQ8AFWFSco1j4NTtSTDvCGLk3hxGMaHRiBnQJdpvnYZetWGl | 1 396 |
| 11 | သို့/
ဒို့ပြည်
ဩဂုတ် ၂၄၊ ၂၀၂၆။
ရွှေတောင်တိုးဂိတ်က ရဲဂိတ်မှာ ပိုက်ဆံတအားကောက်နေတာလဲ တင်ပေးပါအုံး (၂) ပွင့်နဲ့ရဲက ပိုဆိုးပါတယ်။ ရဲဂိတ်မှာ ပိုက်ဆံပေးရတာ ဘယ်ကိုတိုင်ရမှန်းမသိလို့ ဒီကိုလာပြောတာပါ။
ရွှေတောင်အထွက် တိုးဂိတ်နားကရဲဂိတ်ပါ။ အသွားလည်းပေးရတယ်၊ အပြန်လည်းပေးရတာ။ ဘာကြေးရယ်လို့ မဟုတ်ဘူး ဖြတ်တိုင်းပေးနေရတာ။
ကားတိုင်ပေးရတာပါ။ ကားအကြီးအသေးပေါ်မူတည်ပြီး (၂၀၀၀/၃၀၀၀) ပေးရတာပါ။ အသွားရော အပြန်ရောလိုချင်နေတာပါ။
ရဲယူနီဖောင်း(၂) ပွင့်နဲ့ ပျူစောထီး နဲ့ စစ်သားကဘာမှမဖြစ်ဘူး အခုရဲကဆိုးနေတာ။ ရွှေတောင်က နေရာတိုင်းမှာ အဲရဲတွေချည်းပဲ ခြယ်လှယ်နေကြပါတယ်။
ပေးပို့သူ- ရွှေတောင်မြို့ခံတစ်ဦး
#ဒို့ပြည်
#ပေးစာ #လူမှုဘဝ #စာရေးမယ် #ရွှေတောင်မြို့နယ် #ပဲခူးတိုင်း | 1 434 |
| 12 | ပြည်မြို့မှာ (၃) သိန်းခွဲတန် ရေမီတာအသစ်တွေ တပ်ဆင်ခိုင်းပြီး အလုံးစုံအကုန်ကျခံခိုင်းလို့ မြို့ခံတွေအခက်ခဲဖြစ်
ဩဂုတ် ၂၄၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းပိုင်းမှာရှိတဲ့ မြစ်ရေတင်အသုံးပြုသူမြို့ခံတွေရဲ့ ရေမီတာတွေကို အသစ်လဲလှယ်တပ်ဆင်ခိုင်းနေတဲ့အတွက် မြို့ခံတွေ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုလဲလှယ်တပ်ဆင်ဖို့အတွက် ဩဂုတ်လအတွင်းမှာ နေအိမ်တွေကို လိုက်လံ ပြောဆိုနေတာဖြစ်ပြီး ရေမီတာရဲ့ တန်ဖိုးကို ရေသုံးစွဲသူတွေက သတ်မှတ်နှုန်းထား(၃) သိန်းခွဲဝန်းကျင်ကို အပြည့်အဝပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသုံးပြုတဲ့ပိုက်၊ အခြားဆက်စပ်ပစ္စည်းတွေနဲ့ ကုန်ကျစားရိတ်တွေကိုလည်း သုံးစွဲသူတွေက ကျခံရမှာဖြစ်ပြီး ရေမီတာထဲက ဘက်ထရီသက်တမ်းကုန်ဆုံးပါကလည်း သုံးစွဲသူကပဲ အသစ်ပြန်လည်တပ်ဆင်ရမယ်လို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02aL5VF9qoqKdBFGvYEzeHFzBf6vg4xvDWpxDeUqhBqvDUvrMCiSYne6nW73vzCAvZl | 1 589 |
| 13 | ပေါက်ခေါင်းမြို့နယ် စစ်ရှောင်တွေအတွက် ဒေသတွင်းပြည်သူတွေက စုပေါင်းထောက်ပံ့လှူဒါန်း
ဩဂုတ် ၂၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို ဒေသတွင်းမှာ ရှိတဲ့ ပြည်သူတွေက စုပေါင်းထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်တွေ အထွေထွေအသုံးပြုနိုင်ဖို့အတွက် တတ်နိုင်သလောက်စုပေါင်းပြီး ငွေ(၁၅) သိန်းကျပ်ကို ပေါက်ခေါင်းမြို့နယ်ပကဖ ဆီကို ပေးအပ်ခဲ့တယ်လို့ လှူဒါန်းခဲ့သူတွေဆီက သိရပါတယ်။
"ခုအချိန်မှာ ရေဘေးပဲအားလုံးကအာရုံစိုက်နေကြတာ စစ်ဘေးဆို မစားကောင်းတဲ့အသီးလိုပဲ ဘယ်သူမှ လေသံမဟကြဘူး။ ကျန်တဲ့မြို့တွေမပြောပါဘူး ကိုယ့်ပေါက်ခေါင်းမြို့တောင် စစ်ဘေးကိုကျော်ပြီး ရေဘေးလှူဖို့ဆော်သြနေကြတယ်။ စစ်ဘေးရှောင်ပြည်သူတွေက အမေ့ခံဘဝတွေဖြစ်နေရတယ်။ ဒါကြောင့် ကျတော်တို့တွေ ကိုယ်မြို့နယ်အတွက် နိုင်သလောက်စုပေါင်းလှူဖြစ်တာဖြစ်ပါတယ်" လို့ ဦးဆောင်လှူဒါန်းတဲ့သူတဦးက ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0MmYC2NuS7ewbcNF4SPGhHKYhqpMZTAHWEgTEM5wa52Up2oBEHM9PYZ1RwEwiJnuvl | 1 706 |
| 14 | ရေကြီးရေလျှံမှု အရေးပေါ်ကယ်ဆယ်ရေး ပဲခူးစစ်ဌာနက စီမံဆောင်ရွက်နေ
ဩဂုတ် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ရောက်ရှိလာနိုင်တဲ့အတွက် ရေကြီးရေလျှံမှုဘေးအန္တရာယ်တွေ ကြုံတွေ့လာပါက ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေး ကြိုတင်ပြင်ဆင်မှုတွေကို အထူးအလေးထား ဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဩဂုတ်လ (၂၀) ရက်နေ့ညက သတင်းထုတ်ပြန်ပါတယ်။
ယနေ့ ဩဂုတ်လ(၂၁) ရက်နေ့ မွန်းလွဲ(၃) နာရီတိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ တောင်ငူ စိုးရိမ်ရေမှတ်အောက်မှာပဲရှိနေပြီး မဒေါက်မှာတော့ စိုးရိမ်ရေမှတ်အထက် (၂) ပေခွဲခန့်မှာ ရှိနေကာ နောက်တစ်ရက်အတွင်း (၁) ပေခန့်ဆက်တက်လာအုံးမယ်လို့ စစ်အစိုးရမိုး/ဇလ က ထုတ်ပြန်ထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0BAnxUcwexrjB8tbBD54CRrAEw3H4ebPnagBhRyrd1w7FF4MuF8mTyDXPPab2Se9Fl | 1 799 |
| 15 | အဆင့်မြင့်အမြန်ရထား(DEMU) နဲ့ ဆိုင်ကယ်ဘေးတွဲတိုက်မိ ရထားပျက်စီး
ဩဂုတ် ၂၁၊ ၂၀၂၆။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာပြေးဆွဲနေတဲ့ အမှတ်(၇) အဆန် အဆင့်မြင့်အမြန်ရထား(DEMU) ဟာ ယမန်နေ့ ဩဂုတ်လ(၂၀) ရက်နေ့က ဆိုင်ကယ်ဘေးတွဲနဲ့ တိုက်မှုဖြစ်ပွားခဲ့တယ်လို့ စစ်အစိုးရပဲခူးသတင်းစဉ်က သတင်းဖော်ပြပါတယ်။
မနေ့က ညနေ (၄) နာရီခန့်က သောင်တိုင်ကုန်း နဲ့ တောင်ငူဘူတာကြား မိုင်တိုင်အမှတ် ၁၆၅/၁ နဲ့ ၂ ကြားရှိတရားမဝင်လမ်းကူးဂိတ် မှာ တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ရထားစက်ခေါင်းရဲ့ ရှေ့ညာဘက်မီးလုံးကွဲသလို ဆေးပွန်းပဲ့မှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ရထားစီးခရီးသည်တွေနဲ့ ရထားဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရထားမျိုးမရှိဘဲ ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူကိုတော့ တောင်ငူအမှတ်(၁) ရဲစခန်းမှာ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ သိရပါတယ်။
တိုက်မှုဖြစ်ပွားတဲ့ လမ်းကူးဂိတ်ဟာ ကျေးရွာအစီအစဉ်နဲ့ ဂိတ်စောင့်မှ ဖွင့်ပိတ်ပြုလုပ် လမ်းဖြတ်ကူးနေရာဖြစ်တယ်လို့ ဆိုပါတယ်။
#ဒို့ပြည် | 1 587 |
| 16 | ကြို့ပင်ကောက်မှာ PDF နဲ့ အဆက်သွယ်ရှိတယ်လို့ သံသယရှိသူတွေကို အင်အားသုံးဖမ်းဆီးနေပြီး အမျိုးသား(၁) ဦးအဖမ်းခံရ
ဩဂုတ် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်ရွာမှ ဦးဖိုးကြာ ဆိုသူကို စစ်တပ်က အင်အားသုံးပြီးလာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ(၂၀) ရက် နံနက်(၁၀) နာရီခွဲ ခန့်က ဆင်ပိုက်ကျေးရွာမှ အသက်(၅၀) ခန့်ရှိတဲ့ ဦးဖိုးကြာ ကို အင်အား (၅၀) ခန့်နဲ့ စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
"ကိုဖိုးကြာကရှောင်နေတာ သူ့အိမ်ကိုဝင်ဝိုင်းတော့ သူ့မိန်းမပဲတွေ့ပြီးတော့ ရဲ--တွေက ဖုန်းဆက်ခေါ်ခိုင်းတာ။ မလာရင်အိမ်ကိုမီးတင်မယ်ပြောလို့ ကိုဖိုးကြာက ပြန်သွားရတာဗျ။ အဲဒါနဲ့တန်းပြီးကားပေါ်တင်ပြီး ကြို့ပင်ကောက်ဘက်ပြန်ထွက်သွားတယ်ဗျ" လို့ ဒေသခံက ဒို့ပြည် သတင်းဌာနကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.tiktok.com/@dohpyay/photo/7676397434146229525 | 1 500 |
| 17 | တီတွဒ်မှာ နွားဝယ်လာတဲ့ လူငယ်(၂) ဦးဖမ်းဆီးခံရပြန်ပြည်မြို့မှာ (၁) ရက်အတွင်း လူငယ်(၅) ဦးအထိ ဖမ်းဆီးခံရ
ဩဂုတ် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ နွားဝယ်လာတဲ့ လူငယ်(၂) ဦးကို ဖမ်းဆီးသွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ(၁၉) ရက်နေ့ ညနေက ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု၊ တီတွဒ်စံပြကျေးရွာ ပြည်-အောင်လံကားလမ်းပေါ်မှာ ဝက်ထီးကန်နယ်ဘက်က နွားလာဝယ်တဲ့ လူငယ်(၂) ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လွှစင်အုပ်စု၊ လယ်ဘဲ့ရွာမှ မှတ်ကြီး(၃၀ နှစ်) နဲ့ အလိုတော်ရအုပ်စု၊ ပေါက်နွယ်ခြုံကျေးရွာမှာ ကုလား(ခ) သန်းဇော် (၃၃ နှစ်) တို့ဖြစ်ကြတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.tiktok.com/@dohpyay/photo/7676123303853018388 | 1 487 |
| 18 | ပေါင်းတည်ဘုရားပွဲ စမ်းရေမိုးဇာတ် ထိုင်ခုံနဲ့ဖျာ (၁) သိန်းခွဲထိစျေးပေါက်
ဩဂုတ် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ဗုဒ္ဓမြတ်စွယ်တော် ပွဲတော်မှာ စမ်းရေမိုးဇာတ်အဖွဲ့ ပါဝင်ကပြမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇာတ်ပွဲအတွက် ဖျာ၊ ထိုင်ခုံတွေကိုတော့ ယမန်နေ့ ဩဂုတ်လ(၁၉) ရက်နေ့ကစတင်ကာ (၃၈) လမ်းရှိ ဦးအေးကျော်နေအိမ်မှာ ရောင်းချပေးခဲ့တာလို့ သိရပါတယ်။
ထိုင်ခုံနေရာတွေအဖြစ် ဘေးနေရာတွေကို (၅) သောင်းနဲ့ (၄) သောင်း၊ အလယ်ဖျာလက်မှတ်တွေကို (၁) သိန်းခွဲ၊ (၁) သိန်း၊ (၇) သောင်း ထိ ပေါက်စျေးနဲ့ ရောင်းချနေတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.tiktok.com/@dohpyay/photo/7676073198852672788?image_index= | 1 470 |
| 19 | ပေါက်ခေါင်းမှာ လက်နက်ကြီးဆက်တိုက်ပစ် အမျိုးသမီး (၁) ဦး ဒဏ်ရာပြင်းထန်ရ စစ်ရှောင် (၁) သောင်းနားကပ်လာ
ဩဂုတ် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ မနေ့ညနဲ့ ယနေ့ ဩဂုတ်လ(၂၀) ရက် နံနက်(၁၀) နာရီခန့်ကစတင်ပြီးစစ်တပ်က လက်နက်ကြီးတွေဆက်တိုက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ည (၉) နာရီ(၉) မိနစ်ခန့်က ပေါက်ခေါင်းမြို့နယ် သက်ကယ်ခြံဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထား တဲ့ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲအတွက် ကြို့ပင်ဝိုင်းအုပ်စု၊ လွှစင်ကုန်းရွာမှ မသဲစု(၂၀ နှစ်) ကို ထိမှန်ပြီး ဝမ်းဗိုက်(၂) ချက် နဲ့ လက်မောင်းကို (၁) ချက် ထိမှန်ထားတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0wKLEquBMqcKSZp89XVfNFFZgrdA8ufjYLwJuGd1auta8HLM6P8oos3QYPFbGoc9Jl | 1 910 |
| 20 | #သတိပြုပါ #Updatenews #ပေါက်ခေါင်းမြို့နယ် | 1 394 |
