uz
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

Kanalga Telegram’da o‘tish

Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt

Ko'proq ko'rsatish
1 199
Obunachilar
-524 soatlar
-117 kunlar
-4230 kunlar
Postlar arxiv
အသက်တမျှ ငါတို့ ပြန်မဆုံနိုင်တော့ရုံပါပဲ မင်းလဲ တခြားကမ္ဘာဆီ ထွက်မပြေးနိုင် ငါလဲ ဒီကမ္ဘာပေါ်ကနေ ခုန်မချနိုင်။ -ကေဇဝင်း

ကျွန်တော်လူငယ်ပါ။ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ဝါသနာတွေရှိတဲ့ လူငယ်တစ်ယောက်ပါ။ မဖြစ်လာနိုင်တဲ့ ဒီနိုင်ငံကြီးကိုတောင် မျှော်လင့်ချက်ထားမိရင် ခင်ဗျားအချစ်အပေါ် ကျွန်တော်မျှော်လင့်မိတာ မဆန်းပါဘူး။ -အံ့လွန်းပျို

မေတ္တာစာ မနက်ခင်းမိုးလင်းလို့ ကြားရတဲ့ နှိုးစက်သံအစား မင်းရယ်သံကိုသာ ငါနားဆင်မယ်။ ညခင်းမိုးချုပ်လို့မြင်ရတဲ့ ကြယ်ကလေးတွေအစား မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။ နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့ ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ အချစ်ရေ...။ -အံ့လွန်းပျို

ရမ္မက် သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင် ရမ္မက်တဏှာ ၊ ရှိကြစွာ၏။ ရေငန်တစ်စက် ၊ပမာလျက်မူ ထပ်၍တောင့်တ ၊ လိုချင်ကြ၏။ တဏှာအမှောင် ၊ ဖုံးကာဆောင်က အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင် ပို့၍ဆောင်သည်။ တဏှာရမ္မက်၊ ပျားရည်စက်ကား ဓားသွားပေါ်ထက်၊ရှိပါလျက်မှ ပိုးဖလံမျိုး ၊ မီးကိုတိုးယူ ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။ တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ အသိအမှတ်၊ သတိကပ်၍ ရမ္မက်တဏှာ၊ ထိုအရာကို ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။ အမောင်ကိုးလ် #𝘾𝙤𝙡𝙙

ကျွန်တော့်ရဲ့ကျွန်တော် နွေဦးမှာ ရွက်ဝါတွေရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ်။ အာဒံမှာ ဧဝရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ် နတ်သျှင်နောင်မှာ ရာဇဓာတုကလျာရှိတယ် ကျွန်တော့်မှာကျွန်တော်ရှိတယ်။ ဂျူးမှာ အမှတ်တရ ရှိတယ်။ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ တစ်ခုခုတိုင်းမှာ တစ်ခုခုရှိပေမဲ့ ကျွန်တော့်မှာကျွန်တော်ပဲရှိတယ်။ ကိုယ့်အားကိုယ် ကိုးကာ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ သမိုင်းတစ်ခု တည်ဆောက်ဖို့ ကျွန်တော့်မှာ ကျွန်တော်ပဲရှိတော့တယ်။ -တက္ကသိုလ်သျှင်ဘုန်း

ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။ လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။ သူ့လက်မှာလဲအသားမာနဲ့ ငါ့လက်မှာလဲအမာရွတ်နဲ့...။ -အံ့လွန်းပျို

နီးခြင်း၊ ဝေးခြင်း သဘောတရားတွေနဲ့ အကျင့်သားရနေသူမလို့ အနားမှာမရှိရင်နေပါ။ ချစ်တယ်ဆိုရင်ပဲ အသက်တစ်ရက် ပိုရှည်ပါပြီ။ -အံ့လွန်းပျို

မိုးရွာတဲ့အခါ အေးစက်မှုတွေ နွေး‌ပါစေ။ နေပူတဲ့အခါ အပူလုံးတွေ အေးပါစေ။ မင်းအချစ်ရေးကံဆိုးတဲ့အခါ ကိုယ်လိုလူနဲ့ ဝေးပါစေ။ -အံ့လွန်းပျို

ကဗျာထဲက သူရဲကောင်း ရွာဦးကျောင်းမှာ ရေတွင်းတူး‌တုန်းက မင်းမပါဘူး ...။ ငါတို့လယ်တွေ ပျိုးကြဲတုန်းက မင်းမပါဘူး ...။ လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက မင်းမပါဘူး ...။ ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို ဟိုချီမင်းက မင်းဘကြီးလိုလို မင်းကဗျာတွေဖတ်ရတာ အသက်ရှူကြပ်ပြီး မနေတတ်ဘူး။ ဪ ... ဪ ... ဪ ... မင်းကဗျာတွေက ဘာလိုလို။ -အောင်ဘညို

"To be worthy of a golden setting, you must first become a diamond." 💎 "ရွှေနဲ့ကွပ်တာခံချင်ရင်တော့ စိန်ဖြစ်ဖို့တော့လိုမယ်" �
"To be worthy of a golden setting, you must first become a diamond." 💎 "ရွှေနဲ့ကွပ်တာခံချင်ရင်တော့ စိန်ဖြစ်ဖို့တော့လိုမယ်" 💎 အဲ့လိုပဲ သူတစ်ပါးမြတ်နိုးတန်ဖိုးတာ ခံချင်ရင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိဖို့လိုတယ်ပေါ့နော် အဲ့စကားလေးကြားဖူးကြမှာပါ။ ကိုယ်က ဂဲတစ်လုံးဖြစ်နေပြီးတော့ ရွှေကွပ်တာခံချင်နေလို့တော့မရဘူးလေ နောက်ပြီးတစ်ခြားလူကကိုယ့်ကိုယ် တန်ဖိုးထားပါစေလို့ဆုတောင်းနေမဲ့အစား ကိုယ်တိုင်က ကိုယ့်ရဲ့အရည်အချင်းကိုယ့်ရဲ့ စိတ်ထားကို စိန်တစ်ပွင့်လိုမျိုးအရင်ဆုံး တောက်ပအောင်တွေးဖို့တော့လိုတာပေါ့နော်။ တစ်ခါတစ်လေမှာလူတွေကကိုယ်တိုင်ကျအရည်အချင်းမရှိဘူး ကိုယ်တိုင်ကျမကြိုးစားပဲနဲ့ ပြည့်စုံတဲ့လူ တော်တဲ့လူ အရည်အချင်းရှိတဲ့လူကို စောင့်နေတက်တဲ့အကျင့်လေးတွေရှိတယ်။ အဆက်ဖတ်ရန် - comment 👇

ကိုယ်ချင်းစာစိတ်ရှိရင် ကောင်းမှာပဲ အသက်။ အခုတော့ ငါကမ္ဘာပျက်နေတာကိုကျ လျစ်လျူရှုခဲ့တဲ့မင်းက ဟိုလူမျက်နှာညှိုးမှာကိုတော့ ကြောက်တတ်နေပြီ...။ -အံ့လွန်းပျို

ဇာနည်သွေးတို့ ရဲစေသော်ဝ် အာဇာနည်တဲ့ ကိုးဦးကွဲ့ ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။ နိုင်ငံ့အကျိုး ထောက်ပံ့ပိုး အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။ သမိုင်းတို့သည် ဆက်၍တည် ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။ အတုယူကြ ကိုးဦးမှ သူ့နှလုံးနောင် သိမ်းထားဘောင်။ နောင်လာနောင်သား မျိုးကောင်းထား ကြိုးစားလို့လောင် တို့မီးမြောင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

စိတ်မှာ သတ်မှတ်ချက်မရှိဘူး။ မနေ့က ငါလုပ်ခဲ့တာတွေကို ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။ ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း တမ်းတမိတာအမှန်ပါ။ -အံ့လွန်းပျို

ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည် ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည
ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည်
ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည့် အာဇာနည်နေ့ကို ကဗျာများနှင့် အသိအမှတ်ပြုလိုပါသည်။ သို့ဖြစ်ပါ၍ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြပါရန် ဖိတ်ခေါ်လက်ကမ်းလိုက်ရပါသည်...🫡။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၉ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

အချစ်လား မေတ္တာလား လိုချင်တာပြောပါ။ ခဏတာ ရင်ခုန်မှုမှာ တစ်ဘဝစာ ပုံအပ်ထားပါတယ်။ မင်းယူသွားပါကွယ်။ -အံ့လွန်းပျို

လျစ်လျူရှုစွာ လွှတ်ချခံခဲ့ပါတယ်။ သို့သော် ငါထွက်မသွားပါ။ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ပါတယ်။ သို့သော် သူပြန်မလာပါ။ -အံ့လွန်းပျို

"တောအုပ်စွန်းမှ ခေါ်သံ" သည်နေ့ တောထဲ မျှစ်ထွက်ရှာရာ မှောင်ရီပျိုးစပြုမှ ရွာစွန်က အိမ်အပြန်လမ်းကို ရောက်သည်။ တောရွာဓလေ့အရ ညမှောင်လျှင် လူသူကင်းဝေးတတ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပုစဉ်းရင်ကွဲတွန်သံမှလွဲ၍ တိတ်ဆိတ်ခြောက်သွေ့လွန်းလှ၏။ ညက လကွယ်ညဖြစ်၍ တောအုပ်ကြီး၏ အမှောင်ထုက ပိုမိုနက်ရှိုင်းကာ ရှေ့လျှောက်မည့် လမ်းကိုပင် ကောင်းကောင်းမမြင်ရချေ။ တစ်နေကုန် တောနင်းခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျနေကာ ပုခုံးပေါ်က ဝါးခြင်းတောင်းကလည်း ပို၍လေးလံလာသလို ခံစားရသည်။ စိတ်ထဲတွင် အိမ်သို့မြန်မြန်ပြန်ရောက်ပြီး နားချင်စိတ်တစ်ခုသာ ရှိတော့သဖြင့် ခြေလှမ်းကို သုတ်သုတ်ငင်ကာ လျှောက်လာခဲ့သည်။ ရွာစွန်ရှိ ခြံစည်းရိုးကင်းမဲ့သော ကျွန်ုပ်၏ အိမ်လေးရှေ့သို့ ရောက်သောအခါ၊ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ပုံမှန်ဆို ကျွန်ုပ်ပြန်လာလျှင် ဆီးကြိုနေကျ အဖော်မွန် ခြံစောင့်ခွေးကြီး "မဲလုံး" က ခွေခွေလေး လှဲနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ထူးဆန်းသည်မှာ မဲလုံးသည် ကျွန်ုပ်၏ခြေသံကို ကြားသော်လည်း ထ၍အမြီးလှုပ်ခြင်းမရှိ။ ကွပ်ပျစ်ပေါ်မှနေ၍ ခေါင်းကိုသာ တဖြည်းဖြည်းချင်း ထောင်လာပြီး ကျွန်ုပ်ကို လှမ်းကြည့်သည်။ မှောင်ရိပ်ထဲတွင် မြင်လိုက်ရသော မဲလုံး၏ လှုပ်ရှားမှုမှာ သဘာဝမကျဘဲ "အရိုးအဆစ်များ တစ်ခုစီ ချိုးဖဲ့လှုပ်ရှားနေသကဲ့သို့" တောင့်တောင့်တင်းတင်းကြီး ဖြစ်နေသည်။ သူ့မျက်လုံးအစုံတွင် ပုံမှန်ကဲ့သို့ သစ္စာရှိသော အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စူးရှပြီး သွေးအေးလွန်းသော "အစိမ်းရောင် အလင်းတစ်မျိုး" က တောက်ပနေသည်။ ထိုအကြည့်နှင့် အကြည့်ချင်းဆုံမိစဉ်မှာပင် ကျွန်ုပ်၏ရင်ထဲ၌ ရုတ်တရက် အေးစက်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာတော့သည်။ "မဲလုံး... လာ... အိမ်ထဲဝင်မယ်" ကျွန်ုပ်လည်း ကြောက်စိတ်ကို ဖျောက်ဖျက်ကာ ခပ်မာမာလှမ်းခေါ်လိုက်သည်။ သို့သော် မဲလုံးက ကွပ်ပျစ်ပေါ်မှ ဆင်းမလာဘဲ ခြေထောက်လေးဖက်ကို "လူတစ်ယောက် လေးဖက်ထောက်သကဲ့သို့" ထူးဆန်းစွာ ဖြန့်ကား၍ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် တောအုပ်ကြီးရှိရာ ဘက်သို့ မျက်နှာမူကာ လည်ပင်းကို အဆမတန် ရှည်ထွက်သွားမတတ် အပေါ်သို့ မော့လိုက်ပြီး၊ ဝံပုလွေတစ်ကောင်လို အူချလိုက်သည်။ သို့သော် ထိုအသံသည် ခွေးအူသံမဟုတ်ဘဲ "မိန်းမပျိုတစ်ယောက် အသည်းအသန် အော်ဟစ်ငိုကြွေးနေသည့်" အသံကြီး ဖြစ်နေတော့သည်။ "ဗြုန်း..." ဆို မဲလုံး၏ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဇောက်ထိုးမိုးမျှော် လူးလိမ့်နေတော့သည်။ သူ့၏ အရေပြားအောက်တွင် အကောင်တစ်ကောင်က တိုးဝှေ့လှုပ်ရှားနေသကဲ့သို့ ဖောင်းကြွလာပြီး၊ ပါးစပ်မှလည်း သွေးပုပ်များနှင့် အမြှုပ်အဖြူရောင်များ တစ်စီစီ ထွက်ကျလာသည်။ ကျွန်ုပ် ကြောက်လွန်းသဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်စဉ်မှာပင် မဲလုံး၏ မျက်နှာအရေပြားများက အလိုလို ကွဲအက်သွားပြီး၊ ၎င်း၏ သွားများမှာ သံမှိုများကဲ့သို့ ချွန်ထက်ရှည်လျားစွာ ထွက်ပေါ်လာသည်။ သူသည် ကျွန်ုပ်ကို လှည့်ကြည့်ကာ "ငါ့ကို... ကူညီပါ... ချမ်းတယ်..." ဟု ရှိုက်ကြီးတငင် ငိုနေရှာသော အဘွားအိုတစ်ယောက်၏ အသံမျိုးဖြင့် ပြောလိုက်လေသည်။ ထိုအသံက ညဉ့်နက်သန်းခေါင်၏ လေထုထဲတွင် စိမ့်ဝင်သွားပြီး ကျွန်ုပ်၏ ကျောရိုးတစ်ခုလုံးကို ရေခဲရိုက်လိုက်သလို တုန်လှုပ်သွားစေသည်။ ၎င်းသည် ကျွန်ုပ်ကျွေးမွေးထားသော မဲလုံးမဟုတ်တော့။ တောအုပ်ထဲမှ ထွက်လာသည့် နာနာဘာဝ စုန်းကဝေတစ်ခုခုက မဲလုံး၏ ခန္ဓာကိုယ်ကို ပူးကပ်ဝင်စီးထားခြင်း ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်၏ခေါင်းထဲတွင် "ပြေး... အခုချက်ချင်းပြေး" ဟူသော စိတ်ရိုင်းတစ်ခုက ပွင့်ထွက်လာသည်။ ကျွန်ုပ်သည် ပုခုံးပေါ်က ခြင်းတောင်းကို လွှင့်ပစ်ကာ အိမ်ပေါ်သို့ ဝုန်းဒိုင်းကြဲ ပြေးတက်ပြီး တံခါးကို ဂျက်ထိုး ပိတ်ပစ်လိုက်တော့သည်။ "ဒုန်း... ဒုန်း... ဒုန်း..." တံခါးပိတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အိမ်တံခါးကို အပြင်ကနေ ပြင်းထန်စွာ လာရောက်စောင့်ရိုက်သည့် အသံများ ထွက်ပေါ်လာသည်။ တံခါးဝဆီမှ "ငါ့ကို... ကူညီပါ... ချမ်းတယ်..." ဆိုသည့် အသံအက်အက်ကြီးက အဆက်မပြတ် မြည်ဟည်းနေဆဲ။ ကျွန်ုပ်သည် အိမ်အခန်းထောင့်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ တဆတ်ဆတ်တုန်ရင်း ပုန်းနေမိသည်။ အပြင်က အသံသည် ခွေးအော်သံမှနေ မိန်းမငိုသံ၊ ထို့နောက် သွားကြိတ်သံများအဖြစ် ပြောင်းလဲလာပြီး ညဉ့်နက်သည်အထိ မစဲတော့ပြီ။ ကျွန်ုပ် ခိုလှုံရာ အိမ်ကလေး၏ တံခါးပါးပါးလေး နောက်ကွယ်တွင် မည်သည့် မိစ္ဆာကောင်က မဲလုံး၏ အရေခွံကိုခြုံပြီး စောင့်ဆိုင်းနေသည်လဲ မသိနိုင်တော့။ တစ်ချက်လေးမှားလျှင် အသက်ပျောက်ရမည့် ထိုညဉ့်ယံ အမှောင်ထုထဲတွင် ကျွန်ုပ်သည် သက်မဲ့ရုပ်တုတစ်ခုလို အသက်ရှူရန်ပင် မေ့လျော့နေမိတော့သည်။ (ပြီး) #Khun ခြောက်ခြားဖွယ် တစ်မျက်နှာ ဇာတ်လမ်းတို #Angél_Alphá@mirror148

လူမှန်နေရာမှန်မှာ တွေ့ချင်မိရုံပါ။ ရွှေငါးလေး မြောင်းရေထဲ ရောက်နေလို့ လွှတ်ပေးလိုက်ရခြင်းဟာ မချစ်လို့မှ မဟုတ်ဘဲ။ -အံ့လွန်းပျို

လိုချင်တပ်မက်မှုတွေမရှိဘူး။ ‌ဖြစ်ချင်တဲ့ ဆန္ဒတွေလဲမရှိဘူး။ မင်းစိတ်တိုင်းကျ ရှင်ဆိုရှင် သေဆိုသေရတဲ့ဘဝမှာ ငါ့မှာမင်းပဲရှိပါတယ်။ -အံ့လွန်းပျို