es
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

Ir al canal en Telegram

Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt

Mostrar mĂĄs
1 260
Suscriptores
Sin datos24 horas
-67 dĂ­as
-3930 dĂ­as
Archivo de publicaciones
အသားညိုညိုနဲ့ အပြောချိုသူလေးရယ် မင်းပြောဖူးတဲ့ အပိုစကားတွေ ငါ့ရင်ထဲ စွဲနေတုန်း...။ -အံ့လွန်းပျို

ရင်ခွင်တစ်စုံဟာ ခိုလှုံသူမဲ့၊ ပခုံးတစ်ဖက်ဟာ မှီခိုသူမဲ့၊ နှလုံးသားတစ်စုံဟာ ပိုင်ရှင်မဲ့..။ ချစ်ရသူရေ ငါစောင့်နေတယ်...။ -အံ့လွန်းပျို

ချစ်နေရခြင်းမှာပျော်မွေ့နေပါပြီ။ ပြန်မချစ်နိုင်မှန်းလဲသိတယ်။ ဂရုမစိုက်မှန်းလဲသိပါတယ်။ ကိုယ့်လောဘနဲ့ ကိုယ်မလို့ မျှော်လင့်ချက်လေးထားမိရုံပါ။ -အံ့လွန်းပျို

တုနှိုင်းမဲ့ ပင်လယ်ပြင်တွေပြာတယ်ဆိုလဲ မင်းမျက်လုံးပြာလဲ့လဲ့ကို မကျော်လွန်ပါ။ နှင်းဆီနီတွေရဲတယ်ဆိုလဲ မင်းနှုတ်ခမ်းဖူးဖူးတွေထက်မပိုပါ။ ဆိုးသွမ်းပါတယ်ဆိုတဲ့ငါလဲ မင်းနှုတ်ခမ်းကဆုံးမစကားတွေကို မလွန်ဆန်နိုင်ပါ။ လမင်းကြီးလှတယ်ဆိုလဲ မင်းအလှကိုမအံတုနိုင်ပါ။ ရေခဲတွေအေးတယ်ဆိုလဲ မင်းပေးဖူးတဲ့မေတ္တာတွေလောက် မအေးချမ်းပါ။ နေမင်းကြီးကပူတယ်ဆိုလဲ မင်းပေးခဲ့တဲ့အချစ်တွေလောက် မလောင်ကျွမ်းစေပါ။ သစ်ရွက်တွေစိမ်းတယ်ဆိုပြန်ရင်လဲ မင်းသူစိမ်းဆန်တာကိုမမီခဲ့ပါ...။ -အံ့လွန်းပျို ၆ရက်၊ ၃လ၊ ၂၀၂၅ခုနှစ်

နှင်း‌ဆီနီနီ ဆူးများကာရံ သူစီမံ သူ့ထံရောက်လာ လိုသူက။ နီရဲလွန်းမှ သူ့အလှ သူမျှဝေလို့ ခံစားရ။ ပန်းများထဲတွင် သူပေါ်လွင် သူ့မြင်သူများ ပန်ချင်ကြ။ ပေါ်လွင်နီရဲ သူ့သာစွဲ သူဆွဲဆောင်လို့ စင်ပေါ်ပြ။ မွှေးရနံ့ထုံ သင်းပျံ့ဖုံ အစုံလှလို့ ငါ့မှာတ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင် ငါဟာ ဒီလောကကြီးကို ကျေးဇူးတင်မိမှာပါ။ -အံ့လွန်းပျို

ကဗျာဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အားထားဖွယ်ဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ ၁၆.၅.၂၀၂၅

https://t.me/yamtoyamadventure9 🖤 🌟 English စာကို အချိန်တိုအတွင်း ပိုမိုတိုးတက်ချင်သူများအတွက် 🤩စာအုပ်အထူကြီးတွေ မလိုပါဘူး။ နေ့စဉ် မိနစ်အနည်းငယ်ပဲ အချိန်ပေးပြီး 🤩Vocabulary , Grammar , Speaking Skills 🤩 တွေကို တဖြည်းဖြည်း မြှင့်တင်နိုင်ပါတယ်။ လေ့လာရလွယ်ကူပြီး လက်တွေ့အသုံးချနိုင်တဲ့ သင်ခန်းစာများကို အခမဲ့ မျှဝေပေးနေပါသည်။📱 📌 အခုပဲ Join လုပ်ပြီး English Learning Journey ကို စတင်လိုက်ပါ။

"You Are More Than the Month You Were Born In" Zodiac Sign ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။ လူတော်တော်များများက ကိုယ
"You Are More Than the Month You Were Born In" Zodiac Sign ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။ လူတော်တော်များများက ကိုယ့်ရဲ့ရာသီခွင်အလိုက် စိတ်နေစိတ်ထား၊ အချစ်ရေး၊ အလုပ်အကိုင် စတာတွေကို ဖတ်ရတာ သဘောကျကြတယ်။ ဒါပေမဲ့ Zodiac Sign ကို ဘဝဆုံးဖြတ်ချက်တိုင်းအတွက် အပြည့်အဝ ယုံကြည်ဖို့တော့ မသင့်ဘူးလို့ ထင်တယ်။ အကြောင်းကတော့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်၊ အတွေးအခေါ်၊ အောင်မြင်မှုတွေဟာ မွေးတဲ့လနဲ့ပဲ ဆုံးဖြတ်တာမဟုတ်ဘဲ သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်၊ ပညာရေး၊ အတွေ့အကြုံနဲ့ ကိုယ်တိုင်ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီး သက်ရောက်မှုရှိလို့ပါ။ တစ်ခါတလေ Zodiac Description တွေကို ဖတ်ရင် “ဒါ ငါနဲ့တော်တော်တူတယ်” လို့ ခံစားရတတ်တယ်။ ဒါပေမဲ့ အဲဒီဖော်ပြချက်တွေက လူအများစုနဲ့ ကိုက်ညီနိုင်အောင် အထွေထွေ ရေးထားတာများတယ်။ အဲဒါကြောင့် ကိုယ်နဲ့ တိုက်ဆိုင်နေသလို ခံစားရတာ ဖြစ်နိုင်တယ်။ Zodiac Sign ကို ဖျော်ဖြေရေးတစ်ခု၊ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုအနေနဲ့ ကြည့်တာက အဆင်ပြေပေမဲ့ လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါ၊ အလုပ်ရွေးတဲ့အခါ၊ အချစ်ရေးဆုံးဖြတ်တဲ့အခါမျိုးမှာတော့ Zodiac တစ်ခုတည်းကို အခြေခံမထားသင့်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်ရဲ့ ရာသီခွင်ထက် ပိုပြီး ရှုပ်ထွေးပြီး ထူးခြားတဲ့သူတွေ ဖြစ်လို့ပါ။ ယုံသင့်တာကို ယုံ၊ ပျော်ဖို့ကောင်းတာကို ပျော်ပေမဲ့ ကိုယ့်ဘဝကို ဆုံးဖြတ်ပေးတဲ့ အရာတစ်ခုအဖြစ်တော့ မထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။🤩 #𝐘𝐚𝐦

ဒီနိုင်ငံမှာ ထောက်ပြပြောဆို စိတ်မှာတို မလိုအပ်တာ ကျင့်ဝတ်ပါ။ အမှားဝေဖန် ပြင်အမှန် မတန်တာဟာ စေတနာ။ မေတ္တာစိတ်ဖြင့် ကောင်းစေလင့် မတင့်တယ်မှာ ကရုဏာ။ စိတ်ကိုမယုံ ဒုက္ခကြုံ မလုံလောက်ကာ ချေးဥစ္စာ။ ထိုသို့ခေတ်တွင် ငါ့အသွင် နာကျင်စိတ်ဖြာ လူညံ့ငါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

နိုင်ငံ့လူငယ် တို့တိုင်းပြည်တွင် လူငယ်လျှင် အထင်သေးကာ ဖိနှိပ်တာ။ တို့နိုင်ငံ၌ လူတစ်သိုက် သိမ်းပိုက်လို့လာ သူ့အာဏာ။ တို့မြန်မာ၏ ပြည်သူထိ အသိနည်းကာ လောဘဖြာ။ အထက်ကလူ ကြံစည်သူ အနူလက်မှာ ဆင်တန်ဆာ။ ဤသို့ပျက်စီး နိုင်ငံကြီး အသီးညံ့ဟာ မျိုးဆက်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

စာတတ်၍ပညာမတတ်သူများ ခေတ်ပညာတတ် ပိုက်ဆံမက် ရမ္မက်စိတ်များ သူ့ရံထား။ ပိုက်‌ဆံမဝင် ဂုဏ်မတင် သူထင်တာမှား ဝိုင်းကာတား။ တို့နိုင်ငံ၏ တစ်ချို့ရှိ အသိမဲ့ကာ ပညာပါး။ အသုံးမကျ သူ့ဘဝ သူမှပြစ်တင် နိုင်ငံကား။ တို့များမှာတော့ ခေါင်းကိုမော့ ရင်ကော့ဝင့်ကြွား မြန်မာ့သား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

ကျွန်တော်တို့ဘဝတွေမှာ အခုထက်စောပြီး တွေ့သင့်တဲ့ သူတွေ ရှိခဲ့တယ် နောက်ကျပြီး တွေ့သင့်တဲ့ သူတွေလည်း ရှိခဲ့တယ် ။ ပြီးတော့ ဘယ်တော့မှ မတွေ့ခဲ့သင့်တဲ့သူတွေလည်း တကယ်ပဲရှိခဲ့ပါတယ်။ -မိုးနေ့

တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး” ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြား
တနင်္ဂနွေနေ့စာစဥ်အတွက် ကဗျာခေါင်းစဉ် - “ကြယ်စင်ညရဲ့အတွေး”
ကလောင်ကြီးငယ်မရွေး ပါဝင်ရေးသားနိုင်ပြီး ဒီခေါင်စဉ်အောက်က မတူကွဲပြားတဲ့ ကဗျာအရေးအသားတွေကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်လျက်ရှိပါတယ်။ အားလုံးအတူတကွ ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကဗျာစာမူပိတ်သိမ်းချိန် - ၃၁ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါတယ်ခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

ခုမှသိရတဲ့သူနဲ့ အရင်သိနှင့်ပြီးသားသူ မည်သူကပိုခံစားရသနည်း။ ဆရာ၀န်တွင်မျက်ရည်မရှိ လူနာတွင် မျက်ရည်ရှိကြောင်း သေချာသည်။ -မင်းလူ

ဒီခေတ်လူ့အဖွဲ့အစည်းမှာ “ကိုယ်နဲ့မဆိုင်ရင် မပြောဘူး” ဆိုတဲ့ စိတ်ထားတွေ များလာကြတယ်။ အမှန်ကို ထောက်ပြရင် အမုန်းခံရမှာစိုးလို့ လ
ဒီခေတ်လူ့အဖွဲ့အစည်းမှာ “ကိုယ်နဲ့မဆိုင်ရင် မပြောဘူး” ဆိုတဲ့ စိတ်ထားတွေ များလာကြတယ်။ အမှန်ကို ထောက်ပြရင် အမုန်းခံရမှာစိုးလို့ လူတွေက တိတ်တိတ်နေဖို့ကိုပဲ ရွေးချယ်လာကြပါတယ်။ တကယ်တော့ တစ်ချို့တိတ်ဆိတ်မှုတွေက ငြိမ်းချမ်းမှု မဟုတ်ဘူး။ အမှားကို သိသိကြီးနဲ့ မပြောရဲတဲ့ ကြောက်ရွံ့မှုတစ်မျိုး ဖြစ်တတ်တယ်။ မှားနေတဲ့သူကို မဆုံးမရဲဘဲ မှန်နေတဲ့သူကိုပဲ “သည်းခံလိုက်ပါ” “ခွင့်လွှတ်လိုက်ပါ” လို့ အမြဲပြောနေကြတာဟာ တရားမျှတမှု မဟုတ်ဘူး။ အဲဒီလို သည်းခံခိုင်းခြင်းတွေက တစ်ဖက်လူရဲ့ နာကျင်မှုကို ပိုကြီးစေတတ်ပါတယ်။ သည်းခံခြင်းက ကောင်းပါတယ်။ ဒါပေမယ့် အမှားကို အားပေးတဲ့အထိ သည်းခံနေတာကတော့ ကောင်းမြတ်မှု မဟုတ်တော့ဘူး။ အမှားကို အမှားလို့ မပြောရဲတဲ့ လူ့အဖွဲ့အစည်းမှာ မတရားမှုတွေက ပိုကြီးထွားလာတတ်ပါတယ်။ တကယ်ရင့်ကျက်တဲ့သူဆိုတာ အမုန်းခံရမှာ ကြောက်လို့ တိတ်နေတဲ့သူ မဟုတ်ဘူး။ လိုအပ်တဲ့နေရာမှာ မှန်တာကို မှန်တယ်။ မှားတာကို မှားတယ်လို့ လေးစားမှုနဲ့ ပြောရဲတဲ့သူပါ။ ဘာလို့လဲဆိုတော့ တိတ်ဆိတ်ခြင်းတိုင်းက ငြိမ်းချမ်းမှု မဟုတ်သလို သည်းခံခြင်းတိုင်းကလည်း တရားမျှတမှု မဟုတ်ပါဘူး။ -Kh,John(Hantharwaddy) Remaining silent instead of speaking on matters that do not concern you is merely a form of fear. #photo_b_y #𝐘𝐚𝐦

တစ်ဦးဆိုင်ကပ်ဘေး သစ်ရွက်စိမ်းကလေး လေထဲ လွင့်ပျံသွားခြင်းမှာ ကျွန်တော်ဟာ မမကို အကြောင်းမရှိ လွမ်းပါတယ်။ ချစ်တတ်သူတွေ ငိုလို့ မချစ်တတ်သူတွေ ပြိုရတယ်...။ လမ်းဘေးဈေးတန်းက ဝယ်လာတဲ့ ဇာခြင်ထောင် ပါးပါးမှာ အဆင့်အတန်းမြင့်မြင့် အိပ်မက်တွေ ရှိတယ်။ဆေးရုံသွားပြီး သွေးမလှူနိုင်ပေမဲ့ ကျွန်တော့်နည်းနဲ့ ကျွန်တော်တော့ ကုသိုလ်ယူဖြစ်ပါတယ်။ မေတ္တာငတ်ခဲ့သူကို လုံခြံမှုပေးနိုင်တဲ့ လက်ပိုင်ရှင်ဟာ မမပါ။ အဲ့ဒါဆို မမဟာ ကျွန်တော့်ရဲ့ ကမ္ဘာငယ်လေးပေါ့နော်မမ။ကျွန်တော် ပြန်လာရင်နွေးထွေးစွာ ကြိုဆိုမဲ့ ရပ်ဝန်းဟာ မမရှိတဲ့ရပ်ဝန်းပါ။ လူတိုင်းဟာ ကိုယ်တစ်ခုတည်းပါ။ သူဗိုက်ဆာသလို ကျွန်တော်လည်း ခိုးတတ်ပါတယ်။သူ့မှာ မိသားစုရှိသလို ကျွန်တော်လည်း လူသားဆန်တတ်ပါတယ်။ အပြင်လောကကြီးမှာ ပိုက်ဆံက အပေါဆုံးဖြစ်နေချိန် ကျွန်တော့် ကမ္ဘာမှာတော့ အငတ်ဘေးဟာ နှစ်တိုင်းဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အတွက် လကုန်ရက်တွေဟာ ဘာထူးခြားလို့လဲ။ ခွက်တစ်ခွက်ကိုင်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတာက လွဲရင် ကျွန်တော် လူတွေနဲ့ကစားရတာ ဝါသနာမပါဘူးမမ။ ဘုရားသခင်ကတော့ ကျွန်တော့်ကို ဘေးမဲ့ပေးတယ်။သူတောင်းစားက ကံကိုမယုံဘူးမမ။ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ ထမင်းဝတဲ့လူတချို့ပဲ ပြောထွက်တာဖြစ်ကြောင်း သူတို့ဆိုတဲ့အခါ ကျွန်တော် ဘယ်လိုငြင်းရပါ့မလဲမမ။ -အံ့လွန်းပျို

၁၆နှစ်တစ်ရက်လျော့ မွေးလာပြီးရင် သေဆုံးရမှာ ဓမ္မတာပဲ။ ငါဘယ်တော့သေမလဲ။ ဘယ်သူသိပါ့မလဲ။ နေ့စဉ်အသက်ရှူနေရတဲ့ အကြောင်းရင်းကို စဉ်းစားတော့ ဦးနှောက်ထဲ ဗလာဖြစ်နေတယ်။ ငါဘာကြောင့်အသက်ရှင်နေလဲ။ ဘယ်သူသိမှာလဲ။ ညအိပ်ရာဝင်တိုင်း စဉ်းစားဖြစ်တာဟာ ခင့်အကြောင်းအပြင် တစ်နေ့တာမှာ ငါလုပ်ခဲ့တဲ့ မကောင်းမှုတွေကိုပဲ။ ငါဒီနေ့ဘာမကောင်းမှုတွေလုပ်ခဲ့လဲ။ ဘုရားသိပါတယ်။ ခင်ရေ...မင်းဘာလို့ငါ့ကို ‌ မရွေးချယ်ခဲ့လဲဆိုတာ ငါအခုမှ သိတော့တယ်။ အရင်ကတော့ ငါဟာ မင်းကိုရက်စက်တယ်ထင်ခဲ့တာ။ တကယ်တမ်းကျ မင်းက အများအကျိုးအတွက် ငါ့ကို ထားခဲ့တာပဲ။ ငါကလွဲရင် သတ္တဝါတိုင်းကို မင်းက စိတ်ချမ်းမြေ့စေချင်တယ်။မင်းဟာ ဟိုကောင့်လက်ကိုဆွဲပြီး ဘုရားမှာ ငှက်လွှတ်တယ်။အဲ့ဒီ့ငှက်တွေလို မင်းသစ္စာရှိတဲ့အခါ အတုအယောင်တွေ အကြောင်း ငါပြောပြပါဦးမယ်။ ပြောစမ်းပါဦး ခင်...။မင်းရဲ့ ပလီပလာစကားသံလေးတွေ ငါကြားချင်သေးလို့ပါ။ ပိုက်ဆံကို ရေလိုသုံးနိုင်သူဟာ ပဲပြုတ်နဲ့ ထမင်းကြမ်းကို နေ့တိုင်း မစားနိုင်မှန်း ငါသိခဲ့ပါတယ်။ မြောင်းမှာလည်း သူ့အမှိုက်နဲ့သူပါ ခင်...။အိတ်ဖောင်းလို့ စိတ်ပြောင်းတဲ့ လူတွေအတွက် နေရာမရှိဘူး။ သူတို့စိတ်ကို ငါနားမလည်ဘူး။ မသိတာတွေဟာ မရှိတာထက် ပိုခက်ခဲတယ်။ဒီနေ့အတွက်တော့ ငါဟာ ၁၆နှစ်တစ်ရက်လျော့ပါခင်...။ -အံ့လွန်းပျို

ငါရေးတဲ့ကဗျာ ငါ့ကဗျာ ကလောင်အစ၊ငါ့ကဗျာဆုံး မတုံးသွားကာ၊အောင်ကြောင်းဖြာရန် စာပေကိုချစ်၊စိတ်ပုပ်ပြစ်လို့ စိတ်သစ်နှင့်သာ၊ကဗျာကားရေး ငါတွေးသမျှ၊အသိအားလုံး စာတွင်သုံးဖို့၊စီကုံးဖွဲ့မှ ငါ့ကဗျာတွင်၊ဂန္ထဝင်လင်း မော်ဒန်ဝင်းလို့၊ဆင်းလှကဗျာဖြစ်စေသား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ

အကြောင်းပြချက် အမျိုးမျိုးနဲ့ နှလုံးသားနောက်ကို ခန္ဓာလိုက်တယ်။တချို့အရာတွေမှာ ဦးနှောက်နောက်ကိုသာ ရွေးခဲ့ရင် ငါမင်းကိုမချစ်ခဲ့ဘူး။ -အံ့လွန်းပျို