𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚
Открыть в Telegram
Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt
Больше1 135
Подписчики
Нет данных24 часа
-47 дней
-1630 дней
Архив постов
1 135
📢 စာဖတ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့ သတင်းကောင်းလေး လာပါပြီ! ✨
ပရိသတ်တို့ ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ စာရေးဆရာ "ခွန်း" ရဲ့ ဝတ္ထုတိုလက်ရာအသစ်များကို မကြာခင်မှာ ဖတ်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ 📖✨
အပိုင်းသစ်တွေကို လက်မလွတ်တမ်း စောင့်မျှော်ဖတ်ရှုနိုင်ဖို့ အောက်ပါ Telegram Channel လေးတွေကို အခုပဲ Join ထားလိုက်ပါနော်။ 👇
📌 အပိုင်းသစ်များ တင်ဆက်ပေးမည့် အချိန်ဇယား -
⏰ နေ့စဉ် နေ့လယ် ၃:၀၀ နာရီ
👉 Angél Alphá (AP4U): https://t.me/mirror148
⏰ နေ့စဉ် ညနေ ၆:၀၀ နာရီ
👉 မောင်သုတချန်နယ်: https://t.me/MgThuTha
ဇာတ်လမ်းကောင်းများစွာနဲ့အတူ မကြာခင် ပြန်လည်ဆုံတွေ့ကြမယ်နော်... အားလုံးပဲ Stay Tuned ပါ! ❤️
#AP4U
#Angél_Alphá@mirror148
#Khun
1 135
ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။
လက်လည်း ဆေးတယ်
ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။
ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ
အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး
အခုလို ကမ္ဘာထဲမှာကိုပဲ
တစ်ယောက်ကိုတစ်ယောက် လိုတယ် ။
-စိုင်းဝင်းမြင့်
1 135
ကဗျာစာစဉ်အမည် - အချစ်ရဲ့ပထမဆုံးစာမျက်နှာကဗျာစာစဉ် - ၈ "အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်" ဆိုတဲ့အတိုင်း အချစ်နဲ့တွေ့မှ ရင်ခုန်သံတွေဟာ ပိုပြီးအသက်ဝင်လာသလို ခံစားဖူးကြတယ်မလား။ အချစ်အတွက် တဖန်မွေးဖွားလာတဲ့ ဖူးသစ်စရင်ခုန်သံလေးတွေက ချစ်ခြင်းမေတ္တာဘာသာရပ်အတွက် အစပျိုးတဲ့ နိဒါန်းလေးပဲ မဟုတ်လား။ မတူကွဲပြားတဲ့ ခေါင်းစဉ်အသစ်လေးနဲ့ နှလုံးသားအရင်းခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...💗။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၇ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club
1 135
If I Could Live My Life Again…
ဘဝကို တစ်ဖန်ပြန်လည်နေထိုင်ခွင့်ရခဲ့မယ်ဆိုရင်…
ဒါဟာ အင်တာဗျူးတွေမှာဖြစ်စေ၊ ညဘက်နောက်ကျ စကားဝိုင်းတွေမှာဖြစ်စေ မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ — “မင်းဘဝကို တစ်ဖန်ပြန်နေထိုင်ခွင့်ရခဲ့မယ်ဆိုရင် ဘာတွေကို မတူအောင်လုပ်မလဲ?” ဆိုတဲ့မေးခွန်းမျိုးပေါ့။ တကယ်တော့ ဘဝကို ပြန်လည်နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီမေးခွန်းကို စဉ်းစားကြည့်ခြင်းက ကိုယ့်ဘဝနဲ့ ကိုယ်ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုတွေအပေါ် စိတ်ဝင်စားစရာအမြင်တစ်ခု ပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ နှစ် ၄၀ အတွေ့အကြုံနဲ့ နောက်ကြောင်းပြန်စဉ်းစားမိတဲ့ ဉာဏ်ပညာတွေကို အခြေခံပြီး ပြောင်းလဲချင်မိမယ့်အရာ အနည်းငယ်ရှိပါတယ်။
ပထမဆုံးအနေနဲ့ တခြားလူတွေက ကိုယ့်အပေါ် ဘယ်လိုထင်မလဲဆိုတာကို ပိုပြီးစိုးရိမ်ခဲ့မိမှာမဟုတ်ပါဘူး။ ငယ်ရွယ်တဲ့အချိန်မှာ လူကြိုက်များဖို့နဲ့ အများနဲ့အဆင်ပြေအောင် နေဖို့က အရမ်းအရေးကြီးတယ်လို့ ခံစားရတတ်ပါတယ်။ ဝါသနာအသစ်တွေ စမ်းကြည့်ဖို့၊ အဝတ်အစားတချို့ ဝတ်ဖို့တောင် မတူညီတဲ့လူတစ်ယောက်ဖြစ်သွားရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကြောက်လို့ တွန့်ဆုတ်ခဲ့ဖူးတာကို မှတ်မိပါတယ်။ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိခဲ့မယ်ဆိုရင် တက္ကသိုလ်မှာ “ပိုသင့်တော်တဲ့” ဘာသာရပ်တစ်ခုကို ရွေးချယ်မယ့်အစား ဒရာမာနဲ့ ပတ်သက်တဲ့ ကိုယ့်ဝါသနာကို လိုက်စားခဲ့မှာပါ။ ဘဝဆိုတာ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေအတိုင်း နေထိုင်ဖို့အတွက် အရမ်းတိုတောင်းလွန်းပါတယ်။
ဒုတိယအနေနဲ့ အခွင့်အရေးရှိပြီး တာဝန်ဝတ္တရားနည်းခဲ့တဲ့အချိန်မှာ ခရီးပိုသွားခဲ့မှာပါ။ တက္ကသိုလ်ပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံမှာ တစ်နှစ်ကြာ အင်္ဂလိပ်စာသင်ကြားဖို့ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို ချက်ချင်းစတင်တာက ပိုအရေးကြီးတယ်လို့ ထင်ခဲ့တာကြောင့် အဲဒီအခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ အခုတော့ အဲဒီဆုံးဖြတ်ချက်အတွက် နောင်တရမိပါတယ်။ အဲဒီတစ်နှစ်ကို ခရီးသွားဖို့ အသုံးချခဲ့မယ်ဆိုရင် ကမ္ဘာကြီးအကြောင်းနဲ့ ကိုယ့်ကိုယ်ကို အခုထက်အများကြီး ပိုသိလာခဲ့မယ်လို့ သေချာပေါက်ထင်ပါတယ်။
#𝐘𝐚𝐦
@primehio
1 135
ခွင့်လွတ်ပါ ...
လေထဲဆောက်ခဲ့မိတဲ့
အိမ်တွေအတွက်
တိမ်တွေကို အားနာရပါတယ် ။
-မောင်ခက်လူ
1 135
ပန်းမပွင့်တဲ့ ကမ္ဘာမှာ
ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ
သန်မာတယ်ဆိုတာလဲ
မင်းရှိမှ...။
-အောင်ချိမ့်
1 135
ကဗျာစာစဉ်အမည် - ထားရစ်လေသူကဗျာစာစဉ် - ၇ သံသရာမှာ တသက်တာမမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ ချန်ထားခဲ့တဲ့ တစ်စုံတစ်ယောက်သောသူဆိုတာ လူတိုင်းဘဝမှာ ရှိဖူးကြမှာပါ။ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ပြောပြဖြစ်မဲ့ စကားလုံးလေးတွေကိုရော ရင်ထဲမှာ သိမ်းဆည်းထားဆဲမလား။ ဒီတစ်ခါမှာတော့ အလွမ်းဓာတ်ခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...❤️🩹။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၀ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @theartofdyingalive ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club
1 135
Repost from N/a
🍚 ထမင်းဆိုင်လေး ဖွင့်မလို့ပါ
ဆိုင်နာမည်က —
「အချစ်ဟာ ငါတို့နဲ့မသက်ဆိုင်」
လမ်းက —
「မဆုံသောလမ်း」
နေရာက —
「အတူရှိခဲ့တဲ့နေရာ」
ဆန်က —
「သူစိမ်းဆန်」
ဟင်းက —
「Can I be him (ဟင်း)」
အသားက —
「ရှုံးပြီးသား」
ထိုင်ရမယ့်ဝိုင်းက —
「မောင့်မျက်ရည်ဝိုင်း」
ဘာတွေထပ်ရသေးလဲဆိုတော့ —
「နောင်တ」
လာစားလို့ရမယ့်လူတွေက —
အရံလူတို့၊ ဒုတိယလူတို့၊ အစားထိုးလူတို့။
ဖွင့်ပေးမယ့်သီချင်းက —
「ဤသို့ပြုရနဲ့ မုန်း」
လိုက်ပွဲက —
「မင်းမချစ်တဲ့လူ」
ဆိုင်ကဝန်ထမ်းတွေက ဘာလုပ်တတ်လဲဆိုရင် —
ထားမသွားအောင် တောင်းပန်တတ်ပါတယ်၊
ချန်ခဲ့ရင် နေခဲ့တတ်ပါတယ်။
မီနူးစာအုပ်ထဲမှာလည်း —
「အမှတ်တရတွေများစွာရှိပါတယ်」
ထမင်းဖိုးကို ဘာငွေကြေးနဲ့ ပေးချေရမလဲဆိုရင် —
「မငိုကြေး」နဲ့ ပေးဆောင်ရမှာပါ။「မလှည့်စားကြေး」နဲ့ ပေးချေခြင်း လက်မခံပါ။
ဖျော်ရည်တွေကတော့ —
「မျက်ရည်」နဲ့ 「သံယောဇဉ်ကော်ဖီ」
Special Menu က
「အရမ်းချစ်တယ်၊ ထားမသွားဘူး」
ကံစမ်းမဲ ပရိုမိုးရှင်းဖောက်ပေးမှာက —
「လေထဲက အိမ်လေး」
📋 လတ်တလောမှာလို့မရသေးသော Menu များ
「အဆင်ပြေအောင်နေနော်」
「ကျန်းမာရေးလည်း ဂရုစိုက်」
「နောက်လူအပေါ်မှာလည်း သိပ်ပြီး မဆိုးနဲ့ဦး」
Mistake (Khun)
#broken_heart
#Angél_Alphá@mirror148
#AP4U
1 135
ရိုးသားခြင်းဟာ
ဘဝမှာအရတော့နည်းတယ်
ရေရှည်ခံတယ်
တသက်လုံးလိပ်ပြာလုံတယ်။
-မောင်သာချို
1 135
မနက်ခင်းတစ်စ
အားလုံးကို ငါ "မ" ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ ။
မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ်
လုံးလုံးရှာမတွေ့တော့ ။
-သားဦး
1 135
အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို
မင်း ရယ်မယ်။
အလကားနေ
ဘယ်သူမှ အဝေးကို
ငေးနေမှာ မဟုတ်ဘူး။
-ခင်ဇော်မြင့်
1 135
အချစ်ဆိုတာ
ရိုးစင်းတယ် ရိုးရှင်းတယ်
တကယ့်ကို သွေးရိုးသားရိုး
ကျနော်တို့တကယ့်ကို ရိုးသားခဲ့ပါတယ် ။
စိုက်တော့ မုန်ညှင်းပဲ
စိုက်ရင်းစိုက်ရင်း
ဘိန်းခင်းဖြစ်သွားတာကတော့
ကျနော်လည်း မသိဘူး ။
-စိုင်းဝင်းမြင့်
1 135
စိတ္တဇနေ့ရက်များမနက်ခင်းတိုင်းဟာ မနက်ခင်းလို ဖြစ်မနေတော့တာ ကြာပြီ။ နေကတော့ အရှေ့ဘက်ကနေ ပုံမှန်ထွက်လာတယ်။ ငှက်တွေကလည်း သူတို့ရဲ့သီချင်းကို သူတို့ဆိုကြတယ်။ လမ်းဘေးက သစ်ပင်ဟောင်းကြီးတွေကလည်း လေတိုက်တိုင်း အရွက်တွေကို တဖြည်းဖြည်းလှုပ်ခတ်နေတုန်းပဲ။ ပြောင်းလဲသွားတာကတော့ လောကကိုကြည့်တဲ့ လူတွေရဲ့မျက်လုံးတွေ ဖြစ်နိုင်တယ်။ တစ်ခါတလေ မျက်လုံးတစ်စုံဟာ ပြတင်းပေါက်တစ်ချပ်လိုပဲ။ အပြင်ကကြည့်ရင် ဘာမှမဖြစ်သလိုနဲ့။ အထဲကိုဝင်ကြည့်မိရင်တော့ မီးမရှိတဲ့အခန်းတစ်ခန်းလိုမျိုး မှောင်ပိန်းနေတတ်တယ်။ အဲဒီလိုနေ့တွေမှာ နာရီလက်တံတွေဟာ လမ်းလျှောက်နေကြပေမယ့် ကိုယ်ကတော့ တစ်နေရာတည်းမှာ ရပ်နေသလို ခံစားရတယ်။ မနေ့ကအကြောင်းတွေကို မေ့ဖို့ကြိုးစားရင်း မနေ့ကအကြောင်းတွေနဲ့ပဲ နေ့တစ်နေ့ကုန်သွားတယ်။ မနက်စာစားပြီးပြီလားလို့ တစ်ယောက်ယောက်က မေးတဲ့အခါ... “စားပြီးပါပြီ” လို့ ဖြေလိုက်တယ်။ တကယ်တော့ စားပြီးတာက မနက်စာလား၊ ဒါမှမဟုတ် မနေ့ကကျန်ခဲ့တဲ့ အတွေးတွေလားဆိုတာ မသိတော့ဘူး။ ============== 👉 Read More 👈 ============== #Angél_Alphá@mirror148 #??? #AP4U #Alex
1 135
ဆယ်ခါပြန်ချစ်လို့မှ
တစ်ခါပြန်မတောက်သော မီးခြစ်လေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။
-ကြည်ဇော်အေး
1 135
"2 Minutes Rule"ကျွန်တော်တို့ နေ့စဉ်ဘဝမှာ "နောက်မှ လုပ်လိုက်မယ်" ဆိုတဲ့ စကားကို တစ်နေ့ ဘယ်နှစ်ခေါက်လောက် ပြောမိလဲ။ ဖုန်းထဲက မက်ဆေ့ခ်ျတွေ စာပြန်ပို့ဖို့၊ အဝတ်အစားတွေ ခေါက်ဖို့၊ စာအုပ်တစ်အုပ် ဖတ်ဖို့ကနေ အလုပ်တစ်ခု စတင်ဖို့အထိ "ခဏနေမှ..." ဆိုပြီး ရွှေ့ဆိုင်းရင်း တစ်နေကုန် ဘာမှ မပြီးပြတ်လိုက်တဲ့ နေ့တွေ ရှိကြလား??? အချိန်ဆွဲတယ်ဆိုတာ အပျင်းထူတာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းနီးပါး ရှောင်လွဲလို့မရတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမဲ့ ဒါကို အလွယ်တကူ ကျော်လွှားနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ဆိုတော့ အဲဒါက ဘာများလဲ???? ============== 👉 Read More 👈 ============== #Angél_Alphá@mirror148 #Knowledge #AP4U #Khun
1 135
လူတွေက
လူတွေကို မေ့နေတဲ့ ကာလမှာ
တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေ ဘယ်ပျော်နိုင်ပါ့မလဲ။
-လှသန်း
1 135
ဪ... မာန... မာန...🥀
ဘာမဟုတ်တဲ့ ပြဿနာလေးကို မာနစေရာ ဆုံးဖြတ်မိကြတော့....🥀
ရင်နှလုံးအစုံ အစိတ်စိတ်အမွှာမွှာ ကွဲကြေကြရုံပေါ့...🥀
Khun
#Angél_Alphá@mirror148
#broken_Heart
#AP4U_System
1 135
ည
ညချမ်းချိန်ခါ
ရွှေလသာ
ကြယ်ဝါစုံမှာ အလင်းဖြာ။
လေပြည်ဆော်သွေး
တိုက်ခတ်သေး
နွေးထွေးမှုဟာ လစ်ဟင်းကာ။
လူသားအများ
အိပ်မက်ကြား
ဆီးတားရှိလာ ကင်းဝေးရာ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
1 135
ရှေးရိုးစွဲနှင့် ခေတ်ရေစီးကြောင်းလူ့အဖွဲ့အစည်း၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် “ရှေးရိုးစွဲအစဉ်အလာ” နှင့် “ခေတ်ရေစီးကြောင်း” ဟူသော အင်အားစုနှစ်ရပ်သည် အမြဲတစေ ဒွန်တွဲလှုပ်ရှားလျက် ရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ============== 👉 Read More 👈 ============== #Angél_Alphá@mirror148 #Knowledge #AP4U #Khun
1 135
ကိုယ့်ခြေလှမ်းနဲ့ ကိုယ်လျှောက်ခြင်း
လူငယ်ဘဝဆိုတာ အိပ်မက်တွေ၊ မသေချာမှုတွေနဲ့ လှိုင်းလေထန်တတ်တဲ့ ကာလတစ်ခုပါ။
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အောင်မြင်မှုစံနှုန်းတွေ၊ လူမှုကွန်ရက်ပေါ်က သူတစ်ပါးရဲ့ လှပတဲ့ ဘဝအပိုင်းအစတွေကို ကြည့်ရင်း "ငါကော ဘာတွေဖြစ်နေပြီလဲ" ဆိုပြီး မကြာခဏ အားငယ်စိတ်ပျက်တတ်ကြပါတယ်။
တကယ်တော့ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အချိန်ဇုန် (Time Zone) တွေ ရှိကြပါတယ်။ အသက် ၂၀ ကျော်မှာ အောင်မြင်သူရှိသလို၊ အသက် ၃၀ ကျော်မှ ကိုယ်ဝါသနာပါရာကို ရှာတွေ့ပြီး တောက်ပလာသူတွေလည်း အများကြီးပါ။
သူများပြေးနေလို့ ကိုယ်လိုက်ပြေးစရာ မလိုသလို၊ သူများရပ်နေလို့လည်း ကိုယ်လိုက်ရပ်နေဖို့ မလိုပါဘူး။ အဓိကအချက်က မနေ့ကထက် ဒီနေ့ ကိုယ့်ခြေလှမ်းတစ်လှမ်း ရှေ့ရောက်နေဖို့သာ လိုပါတယ်။
လူငယ်ဘဝမှာ မှားယွင်းမှုဆိုတာ ကျရှုံးခြင်း မဟုတ်ပါဘူး။ မသိသေးတဲ့ လမ်းတစ်ခုကို စမ်းသပ်လျှောက်လှမ်းကြည့်လိုက်တဲ့ အတွေ့အကြုံသာ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျစရာတွေ၊ လမ်းပျောက်သလို ခံစားရတဲ့ နေ့ရက်တွေ ကြုံလာရတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရမှာက "ဘဝဆိုတာ ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ ခရီးစဉ်တစ်ခု ဖြစ်တယ်" ဆိုတာပါပဲ။
ကိုယ့်တန်ဖိုးကို သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းပေါ်မှာ မတည်ဆောက်ပါနဲ့။
မုန်တိုင်းထန်တဲ့နေ့တွေ ရှိသလို သာယာတဲ့ မနက်ခင်းတွေလည်း အနှေးနဲ့အမြန် လာဦးမှာပါ။ ကိုယ့်ရဲ့ ခြေလှမ်းမှန်မှန်နဲ့၊ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေသရွေ့ ဘယ်ခရီးမှ ဝေးတယ်ရယ်လို့မရှိပါဘူး။ ။
ကြိုးစားပါဦးမည်။
-Khun-
#Angél_Alphá@mirror148
#Motivation
#AP4U
