တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish8 173
Obunachilar
-1024 soatlar
-437 kunlar
-16830 kunlar
Postlar arxiv
အီရန်နိုင်ငံမှ တပ်မတော်အား 120 မမ အမှာစာ 50 billion ဖိုးရရှိသည်။
ရုရှားတွင် တပ်မတော် ထုတ် 120 မမများ သည် မြန်မာ တပ်မတော် ဂုဏ်ဆောင်နိုင်ခဲ့သည်။
နောက်ဝမ်းသာစရာတစ်ခု ယခုတစ်ခေါက် အော်ဒါ အား ရေနံနှင့်တစ်ဝက်ငွေသားနှင့်တစ်ဝက်ပေးချေမည်ဖြစ်သည်။
လာမည့်နှစ်တွင် ကုန်သွယ်စပြီး အသုတ်ငါးသုတ်နှင့်ခွဲပို့မှာပါ ပထမ သုတ်ကတော့ ဒီနှစ်မကုန်ခင် စပို့မှာ ပါ ဆီဈေး ကျဖို့ ဒေါ်လာဈေးကျဖို့ ရှိပါတယ်။
crd.
https://t.me/privatephoehtaung
ပြီးခဲ့တဲ့ရက်ပိုင်း မောင်တော၊ ပြင်ဖြူဗုံးကြဲခံရမှုမှာ ပွဲချင်းပြီးသွားတဲ့ AA အကြီးပိုင်းကောင်လို့ သိရပါတယ်။ ဒုဗိုလ်မှူးကြီး အဆင့်ဖြစ်ပါတယ်။
သတင်းမှန်မမှန်တော့ အတိအကျ မပြောနိုင်ပါ။
https://t.me/privatephoehtaung
ဗိုလ်ချုပ်ဇော်မင်းထွန်းတူ တိုက်ပွဲမှာကျဆုံးပြီး တိုင်းပြည်အတွက် အသက်ပေးခဲ့တာ လေးစားစရာပါ။
သူတို့မိသားစုက တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်တဲ့ မိသားစုလို့ ယူဆရတယ်။
NUG ဝန်ကြီးတွေ၊ သူပုန်ခေါင်းဆောင်တွေရဲ့ သား၊တူတွေ ဘယ်နှယောက်များ ရှေ့တန်းမှာ ဝင်တိုက်လို့လဲ။ မသိနားမလည်တဲ့ လူငယ်တွေပဲ ထိုးကျွေးနေတာ။
အဲ့ဒီလိုပါပဲ တပ်မတော်က လူကြီးအချို့လဲ သူတို့ သားသမီး မိသားစုကိုတော့ တိုင်းပြည်တာဝန်ထက် အခြားအလုပ်လုပ်စေတာ၊ နိုင်ငံခြားပို့ထားတာမျိုးတော့ရှိတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းတော့ လေးစားပါတယ် အဘ။ ရှားပါးတဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။
#ဖိုးထောင်
https://t.me/privatephoehtaung/1757
#နစက_ဘာကြောင့်_UAV_Droneတွေ_အသုံးမပြုတာ_ဖြစ်နိုင်မလဲ
============================================
အနာဂတ်မှာ..ဖြစ်လာနိုင်ချေရှိတဲ့...Modern Warfare အတွက်...
နအဖအစိုးရဟာ...UAV တွေကိုဝယ်ယူဖြည့်တင်းခဲ့ကြသလို...
ပြည်တွင်းမှာ...ထုတ်လုပ်နိုင်ဖို့အထိ...Project တွေလျာခဲ့ဖူးပါတယ်...။
ဒါကြောင့်မို့လို့...(၂၀၁၂)ခုနှစ်ဝန်းကျင်တည်းက...MAF မှာ...
UAV. (ကင်းထောက်/တိုက်ခိုက်ရေး) တွေကို..ဝယ်ယူခဲ့ပြီး..
နိုင်ငံတကာစစ်လက်နက်စောင့်ကြည့်သူတွေရဲ့ ..အဆိုအရ...
မြန်မာလေတပ်မှာ...မျိုးကွဲ (၁၁)မျိုးခန့်ရှိတယ်လို့...သိရပါတယ်
အများစုက...တရုတ်နိုင်ငံထုတ် UAV တွေဖြစ်ပြီး
China Aerospace Science and Technology Corporation
(CASC)ကထုတ်တဲ့...CH-3 3/A နဲ့ Ch-4 တွေဖြစ်ပြီး...
CH-3 က..ကင်းထောက်+တိုက်ခိုက်ရေးပူးတွဲဆောင်ရွက်နိုင်ပေမယ့်...
Ch-4 ကတော့...တိုက်ခိုက်ရေးသီးသန့် အမျိုးအစားဖြစ်ပါတယ်...။
CH-3 ကို..ပါကစ္စတန်လေတပ်နဲ့...မြန်မာလေတပ်မှာပဲ...အသုံးပြုကြပြီး..
(၂၀၁၂)ခုနှစ်...နှစ်ကုန်ပိုင်းက...MAF ကိုရောက်ရှိခဲ့မယ်လို့...ယူဆရပါတယ်...။
(၂၀၁၆)ခုနှစ်က...ရခိုင်ပြည်နယ်က...ရခိုင်လက်နက်ကိုင် AA ကို...
တိုက်ခိုက်ခဲ့တဲ့..စစ်ဆင်ရေးတွေမှာအသုံးပြုခဲ့ကြတယ်လို့ကြားဖူးပါတယ်...။
နိုင်ငံတကာစစ်လက်နက် Website တွေမှာတော့...
CH-3 (ကင်းထောက်+တိုက်ခိုက်ရေး) Drone အစင်းရေ (၃၀)နဲ့
CH-4 (တိုက်ခိုက်ရေးသီးသန့်) Drone အစင်းရေ (၂၀)ခန့်...
MAF မှာရှိနိုင်တယ်လို့...ခန့်မှန်းတွက်ဆထားကြပါတယ်...။
လက်နက်အနေနဲ့...AR-1 Laser Guided တွေတပ်ဆင်နိုင်ပြီး..
CH-3 က 58 Kg နဲ့ CH-4 က 175 Kg အထိသယ်ဆောင်နိုင်ပါတယ်...။
ပျံသန်းချိန်အနေနဲ့...CH-3 က (၁၂)နာရီ နဲ့ CH-4 က (၆)နာရီပျံသန်းနိုင်ပါတယ်..။
အမြင့်ပေ (၂၀၀၀၀)ကျော်အနေ...အများဆုံးတက်ရောက်နိုင်ပြီး..
အကွာအဝေး (၁၂၅)မိုင်နီးပါး...ပျံသန်းနိုင်တယ်လို့...CASC ကဆိုထားပါတယ်...။
ဒါပေမယ့်.. နစကလက်ထက်...
၁၀၂၇ စစ်ဆင်ရေးတလျှောက်...မောင်းသူမဲ့ Drone တွေကို...
ထိထိရောက်ရောက်အသုံးမပြုခဲ့ဘူးလို့...ယူဆရပါတယ်...။
ရုရှားလုပ် Orlan -10 E အစီးရေ ရာချီပြီးဝယ်ယူဖြည့်တင်းခဲ့ပေမယ့်...
Drone မောင်းနိုင်တဲ့...ကျွမ်းကျင်ပညာရှင်လိုအပ်ချက်ရှိနေပုံရပါတယ်...။
TNLA+ Mdy pdf တို့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့...မတ္တရာတိုက်ပွဲအတွင်း...
တခြားလက်နက်တွေနဲ့အတူ...ပါကင်မဖောက်ရသေးတဲ့...Orlan -10 E
ကင်းထောက် Drone (၂)စီးသိမ်းဆည်းခံခဲ့ရတဲ့...မှတ်တမ်းရှိခဲ့ပါတယ်...။
နစကအနေနဲ့...အခုနောက်ပိုင်း...
CH-3 တွေကိုပျံသန်းနိုင်တယ်လို့...ယူဆရပြီး...Pod တွေမှာ..
Laser Guided Rocket တွေတော့...မတပ်ဆင်ဘူးလို့...ထင်ရပါတယ်....။
UAV ကင်းထောက်မှုကို...ချက်ချင်း Action ယူနိုင်ဖို့အတွက်...
ယူကရိန်း -ရုရှားစစ်ပွဲတွေမှာ...Rocket တွေတပ်ဆင်လာခဲ့ကြပြီး...
ရန်သူ့ Target တွေကို...Intercept လုပ်လာကြပါတယ်....။
ဒါပေမယ့်...နစက ဥက္ကဋ္ဌက...သဘောထားကြီးဟန်တူပါတယ်...
UAV တွေနဲ့...လေကြောင်းတိုက်ခိုက်မှုတွေ...မလုပ်ခဲ့တာတွေ့ရပါတယ်...။
နစကလေတပ်မှာ...CH-3 CH-4 အပြင်...ရုရှားလုပ် Orion -2 နဲ့
တရုတ်ထုတ် CZ-55 UAV တွေလဲရှိနိုင်တယ်လို့...ယူဆရပါတယ်...။
Drone တွေရှိထားပေမယ့်...တွင်တွင်ကျယ်ကျယ်နဲ့....
ထိထိရောက်ရောက်အသုံးမပြုခဲ့တဲ့အတွက်...တချို့စစ်ပွဲရလဒ်တွေဟာ...
အပြောင်းအလဲတွေဖြစ်လာခဲ့တာတွေ့ရပါတယ်....။ဘာ့ကြောင့်...UAV တွေကို...
တွင်တွင်ကျယ်ကျယ်မသုံးရတာလဲ..ဆိုတာတော့....စဥ်းစားစရာပါပဲ...။
နစကအနေနဲ...စစ်မျက်နှာဆိုင်ထားရတဲ့..ဒေသတွေ...
UAV တွေနဲ့...စိုးမိုးရေးလုပ်ထားနိုင်မယ်ဆိုရင်...စစ်ပွဲရလဒ်ဟာ...
ပြောင်းလဲလာမယ်ဆိုတာကို...ခန့်မှန်းတွက်ဆလို့ရပါတယ်...။
အခုဆိုရင်...စစ်အီနေတဲ့...တောင်ခမ်းစစ်မျက်နှာ...
ဝိုင်းဝန်းပိတ်ဆို့ခံနေရတဲ့...သီပေါ ခလရ (၂၃)စစ်မျက်နှာတွေသာမက....
နပခ(အမ်း).. နခခ (၅)မောင်တော ...ဒစက (စစ်တွေ)..စတဲ့...
နေရာတွေမှာ...UAV တွေနဲ့နေရာယူထားသင့်ပါတယ်...။
ဒါ့အပြင်.......ရခိုင်လက်နက်အဖွဲ့ AA ခိုးဝင်နေတဲ့...
ကမ်းရိုးတန်းတွေအတွက်...ရေတပ်သုံး Camcopter S-100 တွေနဲ့ပါ...
ဖြန့်ကျက်စိုးမိုးနိုင်ရေးကို...လုပ်ဆောင်နိုင်မယ်ဆိုရင်...တဖက်ရဲ့...
စစ်ဘောင်ကိုပါ...အတိုင်းအတာတခုအထိလျော့ချနိုင်ပါလိမ့်မယ်...။
ဒါကြောင့်မို့လို့....နစကအနေနဲ့...
ဘာကြောင့် UAV တွေမသုံးရတာလဲဆိုတဲ့..မေးခွန်းကို
ယနေ့အထိ...အဖြေရှာမရနိုင်ဖြစ်နေရဆဲပါပဲ...။
#Htoo_Maung
10.Oct.2024
https://t.me/privatephoehtaung
ဒီပဲယင်းတိုက်ပွဲတွင် ကျဆုံးသော ပဒက်များ မသာချပွဲကို မိုးထဲရေထဲ ကျင်းပနေကြောင်း သိရပါတယ်။
လောလောဆယ်ရရှိ အရေအတွက်အရ..
တင်းတိန်ယံ - ၇လောင်း
ဇေယျဝတီ ၁၀လောင်း
အုန်းတင် ၅ လောင်း
ဖုရားထွက် ၃ လောင်း
ငဝဲတော ၃ လောင်း
မန်ကျည်းစောက် ၁ လောင်း
အင်ပင် ၂ လောင်း
ပေါင်းတောင်ကူ ၁ လောင်း
ကုန်းရိုး ၂ လောင်း
အောင်စည်မြေ ၁ လောင်း
အောင်ချမ်းသာ ၂ လောင်း
ရွာရှည် ၁ လောင်း
မစိုးရိမ် ၂ လောင်း
သရက်ကျင်း ၁ လောင်း
မဲသည် ၁ လောင်း
ကံပြား ၂ လောင်း
ညောင်လှ ၃ လောင်း
မရကန် ၁၀ လောင်း
ယဥ်ကျေး ၁ လောင်း
မြို့ကြီး ၂ လောင်း
စသည့်ကျေးရွာများ၌ ရွာခံအလောင်း၊ဧည့်သည်အလောင်းများကို စည်ကားသိုက်မြိုက်စွာ ပဒက်ဖုတ်ပွဲကျင်းပနေကြောင်းသတင်းရ(တင်းတန်ယံ ၊ဇေယျဝတီနှင့် မရကန်တို့တွင် အခြားဒေသမှ အလောင်းများပါ ပါရှိဟု သတင်းရ)
ကုသဆဲအတိုအပြတ်တွေ၊သေလုဆဲဆဲတွေ မပါသေးဘူး၊ပျောက်ဆုံးနေတဲ့သူတွေ မပါသေးဘူး။စုစုပေါင်း Pdf သေဆုံး ၁၀၀ ကျော်ပါမယ်။
ကျွန်းလှမီးအိမ်ရှင်
https://t.me/privatephoehtaung
ခွေးသူပုန်တွေ မိုက်ရိုင်းပြီ
ဘားအံတွင် သန်းခေါင်စာရင်းကောက် လခရအဖွဲ့ကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာလ ၁၀ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီခန့် အချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ သန်းခေါင်စာရင်းကောက်အဖွဲ့တွေကို လုံခြုံရေး ယူပေးထားတဲ့ တပ်မတော်သားတွေ လိုက်ပါလာတဲ့ Hijet ယာဉ်ကို RPG ဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၃ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
https://t.me/privatephoehtaung
Repost from နရီမိုး
ကိုယ်ရေးခဲ့ဖူးပါတယ်။ EAO တွေဆီမှာ သန္ဓေကောင်း မရှိဘူးလို့။ ခေါင်းဆောင်နဲ့ သဘောထားဆန္ဒချင်း မတိုက်ဆိုင်တော့ရင် ရှိတဲ့ ကိုယ့်လက်အောက်ကို ခေါ်ပြီး တစင်ထောင်တတ်တာလည်း သူတို့ပဲ။ 😇😇😇
----
ဒါနဲ့ ....အင်ဒိုမှာ လုပ်တဲ့ ပွဲတောင် NCA ထိုးထားတဲ့ RCSS က အကြမ်းဖက်ကြေညာထားတဲ့ NUG တို့နဲ့ အတူတူ အစည်းအဝေး သွားတတ်သေးတယ် မဟုတ်ဘူးလား။
----
ယုံကြည်မှု ပျက်တယ်ဆိုတာ လုပ်ရပ်တွေကြောင့်ပါ မောင်တို့။ တပ်မတော် မရှိလည်း အချင်းချင်းလည်း ထပ်ကွဲမှာပဲ။ ဘာသာရေးကြောင့် ကွဲဦးမှာပဲ။ လူမျိုးရေး ကြောင့်လည်း ကွဲဦးမှာပဲ။ သ န္ဓေ မှ မကောင်းတာကိုး။
(နရီမိုး)
Repost from Ko Myo Win
မဖြစ်နိုင်တာ တောင်းဆိုမိရင်......
===========================
လားရှိုးက သတင်းပေး ၈ ဦးကို လူအများရှေ့မှာ သတ်ပြမယ်လို့ MNDAA က ကြေညာထားသတဲ့ ။ ဦးမျိုး နစက သိအောင် လူကြီးတွေဆီ တိုက်ရိုက် သတင်းပေးပြီး ကူညီကယ်ဆယ်ဖို့ တင်ပြပေးပါတဲ့ ။
ဒီလို သတင်းက လူကြီးတွေ သိပြီးသားပါ ။ ကျနော်တို့ တောင်းဆိုတာ ဖြစ်နိုင် မဖြစ်နိုင် လုပ်ပေးနိုင်တဲ့ ဘောင်ထဲက ရှိ မရှိ စဥ်းစားဖို့ အရေးကြီးပါတယ် ။
သူ့ စစ်သည်တွေကို လားရှိုးမှာ အဖမ်းခံထားရတာတောင် မကယ်နိုင်သေးတဲ့ အဖြစ်က အရှိတရားလေ ။ သတင်းပေး ၈ ဦးကို ဘယ်လိုလုပ် ကယ်နိုင်မှာလည်း တွေးကြည့်ပေါ့ဗျာ ။ ဒါကိုပဲ လိုင်းပေါ်တက်ပြီး ကယ်ပေးပါ အော်နေတာကတော့ သဘာဝမကျတဲ့ တောင်းဆိုမှုသက်သက်မျှသာ ဖြစ်ပါတယ် ။
ဒီ ၈ ဦးအဖမ်းမခံရစဥ်က လိုင်းပေါ်မှာ ဘာတွေ အော်ခဲ့ကြသလဲ... ? မင်းတို့ MNDAA တွေကို မလိုလားတဲ့ ငါတို့ပြည်သူတွေက မြေပြင်သတင်းတွေ ပေးနေတာကွ ဆိုပြီး မိမိသတင်းပေးရဲ့ တည်နေရာကို ( အကြမ်းဖျင်း) ခင်ဗျားတို့ပဲ ကိုယ်တိုင်ပြောခဲ့ကြတာ မဟုတ်ဖူးလား ဗျ ။
မိုးကုတ်လည်း ဒီအတိုင်းပဲ သီပေါ ကျောက်မဲ လာအုံးမှာ ခင်ဗျ စိတ်သာချ ။ ရန်သူ့သတင်းကို အသက်စွန့်ပြီး ပေးနေရတဲ့ ဒေသခံ တိုင်းပြည်ချစ်သူတွေကို အတိအကျမဟုတ်တောင် ဘယ်မှာနေတယ်ဆိုတာ လိုင်းပေါ်ကနေ ပြန်ပြီး သတင်းပေးနေကြတာ ဘယ်သူတွေလဲ ဗျ ။ လာရှိုးက ပြည်သူ ၈ ဦး အသတ်ခံရရင် တရားခံက လိုင်းပေါ်ကနေ အာချောင်တဲ့ သူပဲ ဗျ ။
ကျနော် ဌာနဆိုင်ရာသတင်းတွေ ၊ ပြည်သူတွေရဲ့ အခက်အခဲတွေ အတွင်းကျကျ မှန်မှန်ကန်ကန် ဖော်ထုတ် တိုင်ကြားခဲ့တာ ဆယ်နှစ်ဝန်းကျင် ရှိနေပါပြီ ။ ကျနော့်ကြောင့် ဘယ်သတင်းပေးမှ ဒုက္ခမရောက်ရလေအောင် သတိထားရေးသား တိုင်ကြားခဲ့တာ အားလုံးအသိပါပဲ ။
ဒီစာရေးရတာ အချင်းချင်း ရန်များနိုင်မှန်းသိပါတယ် ။ မိမိကိုယ် မိမိ ဆရာ့ ဆရာကြီးတွေလို့ သတ်မှတ်ထားကြတဲ့ သူအချို့နဲ့ပေါ့လေ ။
ဘယ်သူ ဘယ်အဆင့်နဲ့ ချိတ်ဆက် အလုပ်လုပ်နေကြတယ်ဆိုတာကတော့ မသိပါဘူး ။ ကျနော့်အတွေ့အကြုံအရ ပြောပြချင်ပါသေးတယ် ။ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးထံ သတင်းရောက်ရန် လမ်းကြောင်းတခုကနေ သတင်းပို့လိုက်ပါတယ် ။ ok သတင်းစီစစ်ဖို့ တာဝန်ရှိသူတယောက်နဲ့ အတည်ပြုခိုင်းတယ် ။
အဲဒီ တာဝန်ရှိတဲ့သူက မဆီမဆိုင်မေးခွန်းတွေနဲ့ ဝေ့လည်ကြောင်ပတ် မေးပြီး သတင်းအဆင့်အတန်းကို အတည်မပြုအောင် အကြံအဖန်လုပ်တယ် ။ ကဲ ခင်ဗျား ဘယ်နှယ့်လုပ်မလဲ..... ? ထပ်ခါထပ်ခါ ပြောရအောင်ကလည်း သူတို့က ဇာတ်ပွဲထဲက ရှင်ဘုရင် နဲ့ ဝန်ကြီးတွေ မဟုတ်ဖူးလေ ။
ဒီလို အခက်အခဲတွေ ရှိသလို တိုက်ရိုက်တင်ပြတိုင်တမ်းခဲ့လို့ အပြစ်ရှိသူတွေ အရေးယူခံရတဲ့ ဖြစ်စဥ်တွေလည်း အများကြီးပါပဲ ။
ကျနော်တို့က တဖက်ထဲကနေ လမ်းသွားနေရတာခြင်း တူပေမယ့် နှေးနှေးလျှောက်သူ သွက်သွက်လျှောက်သူ ဒုံးပြေးသူ ဆိုပြီး ကွာခြားနိုင်ပါတယ် ။ ရည်မှန်းချက်တူပေမယ့် မတူတဲ့ လမ်းကြောင်းတွေကနေ သွားကြရင်း နောက်ဆုံးပန်းတိုင်မှာ ပြန်ဆုံကြရမယ့် သူတွေချည်းပါပဲ ။
သို့သော် လူ့ အသက်တွေနဲ့ ရင်းနေရတဲ့ ဒီလို မြေပြင်သတင်းဇစ်မြစ် ကိစ္စရပ်ကိုဖြင့် မပြောမဖြစ်တော့လို့ ယခုလို သတိပေးလက်တို့လိုက်ရတာပါ ။ စိတ်ခံစားမှု ပြင်းလွန်းသူအချို့ဆိုရင် လာရှိုးသတင်းပေး ၈ ယောက်ကို မကယ်နိုင်ရင် နစက နဲ့ လမ်းခွဲမယ် ဘာညာ နဲ့ အထိတောင် မန့်နေတာလည်း တွေ့ရပါတယ် ။
စဥ်းစားပေါ့လေ သူ့သားသမီးအရင်းတွေတောင် မကယ်နိုင်သေးတဲ့ နစက အနေနဲ့ စွမ်းနိုင်၏ မစွမ်းနိုင်၏ ဆိုတာကိုပေါ့ ။ ပညာဆိုတာ အကြောင်းကို သိသောတဲ့ အကြောင်းရှာပြီးဖြေရှင်းနိုင်မှ ပညာရှိဗျ ။
သူ့အခြေအနေ ကိုယ့်အခြေအနေ သိထားမှသာ နားလည်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ ။ တပ် နဲ့ ပြည်သူ အမြဲကြည်ဖြူဖို့ အရေးကြီးချိန်မို့ ဆိုရှယ်မီဒီယာပေါ်ကနေ စိတ်ခံစားမှုတွေကို သတိထား တင်ပြဖို့ အကြံပြုလိုပါတယ် ။
ကိုရွှေမျိုးဝင်း
ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။
သွေးကြွေးပြန်ယူပေးပါ။
https://t.me/privatephoehtaung
သမိုင်းထဲက ဒီနေ့
နိုင်ငံခြား ရန်စမှုတစ်ခုကို တွန်းလှန်နိုင်ခဲ့တဲ့နေ့
#ဖိုးထောင်
https://t.me/privatephoehtaung
#AA_ရဲ့_Drone_တွေကို_ဘယ်သူက_အဆင့်မြှင့်ပေးနေသလဲ
========================================
အမ်း နပခ စစ်ဌာနချုပ်ကို...
စစ်ရေးအရ.. ပစ်မှတ်ထားတိုက်ခိုက်နေတဲ့...AA အဖွဲ့က..
မောင်တော နခခ (၅)ကိုလဲ...#သွေးတိုးစမ်းလျက်ရှိပါတယ်...။
စက်တင်ဘာ (၂၀)ရက်နေ့မှာ...မောင်တောက..
နခခ (၅)ကို...ပြန်လည်တိုက်ခိုက်မှုစတင်ခဲ့ပြီး...
စက်တင်ဘာ (၂၇)မှာ...အပြီးသတ်သိမ်းပိုက်မယ်လို့..
AA အဖွဲ့က.. ထုတ်ပြန်ကြေညာထားပါတယ်...။
ဒါပေမယ့်...စက်တင်ဘာ (၂၆)ရက်နေ့ကစပြီး.....
နပခစစ်ဌာနချုပ်(အမ်း)ရဲ့..ကာကင်းစခန်းတွေနဲ့...
မဲတောင်ဗျူဟာစခန်းကို..အင်အားသုံးတိုက်ခိုက်နေခဲ့ပါတယ်..။
အောက်တိုဘာ (၇)ရက်နေ့မှာ..မဲတောင်တောင်ကြောပေါ်က..
ဗျူဟာစခန်းကုန်းကို...AA အဖွဲ့ကသိမ်းပိုက်ခဲ့ကြပါတယ်...။
တိုက်ပွဲမှာ..AA အဖွဲ့နဲ့အတူ...ယော ၊ဆော ၊မင်းတုန်း နဲ့
မင်းလှ ..Pdf တွေ...#ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်...။
မဲတောင်ဗျူဟာကို...AA ကသိမ်းပြီးနောက်...
မောင်တောစစ်မျက်နှာကို..ပြန်လည်တိုက်စစ်ဆင်ဖို့အတွက်...
သွေးတိုးစမ်းတဲ့လှုပ်ရှားမှုတွေ...ပြုလုပ်နေပါတယ်...။
၁၀၂၇ ဒုတိယပိုင်းမစခင်..န
နစကဖက်က...ဂျမ်ဘာအသစ်တပ်ဆင်ခဲ့ပြီးနောက်ပိုင်း...
ရခိုင်ပြည်နယ်မှာဆိုရင် ...AA အဖွဲ့အနေနဲ့..Drone တွေကို..
စစ်မျက်နှာတွေမှာ...#ပျံသန်းဖို့မတတ်နိုင်ခဲ့တာကြာပါပြီ...။
ထူးခြားတာက...စက်တင်ဘာ (၂၈)ရက်နေ့က...ဖြစ်ပွားခဲ့တဲ့...
တောင်ကုတ်တက္ကသိုလ်အနီးတိုက်ပွဲမှာ.. ပြန်လည်အသုံးပြုလာပြီး..
တိုက်ပွဲမှတ်တမ်းတွေအရ...AA အဖွဲ့ ဟာ..မောင်တော နဲ့ ..
တောင်ကုတ်အနီးတိုက်ပွဲတွေမှာ...#အသုံးပြုခဲ့တာတွေ့ရပါတယ်...။
ဒီကနေ့...အောက်တိုဘာ (၉)ရက်နေ့တနေ့လုံး...
မောင်တော နခခ (၅)ထဲကိုဝင်ရောက်ဖို့...ကြိုးစားခဲ့ကြပါတယ်...။
နစကရဲ့ Drone Guard တွေကျော်ဖြတ်နိုင်ဖို့..AA အနေနဲ့...
#Drone_တွေကို_Upgrade_မြှင့်_အသုံးပြုလာတယ်လို့_ယူဆရပါတယ်..။
ဒါ့အပြင်...
နခခ (၅)အပြင်ဖက်နေ...လက်နက်ကြီးနဲ့တောက်လျှောက်ပစ်နေပြီး...
တချို့နေရာတွေမှာခြံစည်းရိုးအနီးဝင်လုံးဖို့အထိ...ကြိုးစားလာတဲ့အတွက်..
မိုင်းကွင်းတွေမှာ...တောက်လျှောက်မိုင်းကွဲနေတယ်လို့...သိရပါတယ်...။
ဒါကြောင့် ...AA အဖွဲ့ရဲ့လှုပ်ရှားက...စစ်ပြင်နေတယ်လို့သတ်မှတ်နိုင်ပြီး..
မကြာမီကာလအတွင်း...မောင်တောက နခခ (၅)ကို..တိုက်ခိုက်နိုင်ချေရှိပါတယ်...။
အထူးသဖြင့်...Drone Guard တွေ..#ကျော်ဖြတ်နိုင်ဖို့ကြိုးစားနေတာတွေ့ရပါတယ်...။
မြန်မာနိုင်ငံအပေါ်အမြတ်ထုတ်ဖို့နဲ့..BRI အနာဂတ်အတွက်....
တရုတ်ကွန်မြုနစ်နိုင်ငံက...#နစကကိုအချိုသပ်ထားတယ်လို့ထင်ရပြီး...
စီမံကိန်းတွေရှိနေတဲ့...ရခိုင်ပြည်နယ်မှာ..AA အဖွဲ့ရဲ့လှုပ်ရှားမှုမှန်သမျှကို...
ရေငုံနှုတ်ပိတ်နေတာကိုကြည့်ခြင်းအားဖြင့်..#မရိုးသားမှုကိုတွေ့ရပါတယ်...။
AA ဟာ..3BHA ကနေ..ထွက်ခွာသွားပြီဖြစ်တာကြောင့်..
အမေရိကန်ဖက်ကို...ယိမ်းသွားခဲ့ပြီဆိုပေမယ့်...တရုတ်အနေနဲ့...
သူ့ဆီကနေထွက်ခွာသွားတဲ့...Proxy တခုကို...ပြီးစလွယ်ထားပြီး
လွတ်လွတ်လပ်လပ်....စစ််ရေးလှုပ်ရှားခွင့်ရနေသေးတာဟာ...
စဥ်းစားရမယ့်အချက်...တချက်ဖြစ်နေပါသေးတယ်....။
ဒါဟာ...
ဘဂ်လားဒေ့ရှ် ယူနွတ်အစိုးရပေါ်လစီနဲ့လဲ...သက်ဆိုင်သလို...
အိန္ဒိယရဲ့..နေရာပေးဆက်ဆံလာတာတွေကြောင့်...AA အဖွဲ့အနေနဲ့...
နိုင်ငံရေးအကျိုးစီးပွားကို...အရင်ကထက်ပိုမိုမျှော်မှန်းနေပါတယ်...။
နောက်ဆက်တွဲအနေနဲ့...နယ်မြေစိုးမိုးနိုင်ရေးနဲ့...နိုင်ငံရေးအရ...
စကားပြောနိုင်ဖို့အတွက်..စစ်ရေးကဏ္ဍမှာ...ရခိုင်တပြည်နယ်လုံး...
အပြည့်အဝထိန်းချုပ်နိုင်ရေး...အားထည့်လာလုပ်ဆောင်လာတဲ့ပုံပါပဲ...။
ဒါကြောင့်...နစကအနေနဲ့...
ဒစက (စစ်တွေ)ကို...အသင့်အနေအထားပြင်ဆင်ထားသင့်သလို...
နခခ (၅)ထိုးစစ်ကို..#စစ်ကူပစ်ကူပေးနိုင်ဖို့အတွက်_ပြင်ဆင်ထားရပါလိမ့်မယ်...။
စကခ (၅)လက်အောက်ခံတပ်တွေကတော့...
ရခိုင်ပြည်နယ်တောင်ပိုင်းက...ဂွမြို့နယ်အနီးတိုက်ပွဲတွေကို...
အချိန်မီစစ်ကူပစ်ကူပေးနိုင်ဖို့အတွက်...ပြင်ဆင်ထားသင့်ပါတယ်...။
ဒါ့အပြင်...ဧရာဝတီတိုင်းကမ်းရိုးတန်းတချို့မှာ...
AA အဖွဲ့ရဲ့အရပ်သားအယောင်ဆောင်...စက်လှေတွေဝင်ထွက်နေတဲ့အတွက် ..
ဒေသတွင်းလုံခြုံရေးကို..ဂရုစိုက်ဆောင်ရွက်မှုတွေလိုအပ်နေပါတယ်...။
ဆိုလိုရင်းကို...ပြန်ဆက်ရရင်... AA အဖွဲ့ဟာ...နခခ (၅)ကို...
တိုက်ခိုက်ကာ...မောင်တောမြို့နယ်အကုန်လုံးကို..သိမ်းပိုက်ပြီး
ကညင်ချောင်းစီမံကိန်းနဲ့...မောင်တောနယ်စပ်ဂိတ်တွေကိုထိန်းချုပ်ဖို့...
ကြိုးစားမှုတွေပြုလုပ်နေတယ်လို့...ခန့်မှန်းရပါတယ်...။
နစကအနေနဲ့...
ခံစစ်သေကစားမှုကနေ...ဖောက်မထွက်နိုင်သ၍...
တဖက်အဖွဲ့ရဲ့...ထိုးစစ်ဆင်တိုက်ခိုက်မှုကို...
#မလွဲသာမရှောင်သာ_ကြုံတွေ့နေရဦးမှာပဲ_ဖြစ်ပါတော့တယ်...။
#Htoo_Maung
9.Oct.2024
https://t.me/privatephoehtaung
Repost from Min Chit Oo
မောင်တော၊ အမ်း တိုက်ပွဲသတင်း
==================
မောင်တောနဲ့ပက်သက်ပြီး ရန်သူ့ဒရုန်းတွေနဲ့ချနေတယ် အနီရောင်အဆင့် အပြာယောင်အဆင့်ဆိုပြီး တင်နေကြတယ်၊ ဒီနေ့ ဘယ်သူမှာလာမတိုက်သလို ဘယ်ဒရုန်းမှလည်း နခခ ၅ ထဲက drone jammer တွေကို မကျော်နိုင်ဘူး။ လေကြောင်းဗုံးကြဲမှုတွေ၊ တစ်ဖက်မှာ ARSA ဝင်တိုက်မှုတွေကြောင့် အဝေးကနေ လက်နက်ကြီးနဲ့ထုတာလောက်ပဲသူတို့လုပ်နိုင်တယ်။ အရင်လို လူအင်အား များများမသုံနိုင်တော့ဘူး၊ ငြိမ်နေတာလည်း တစ်ပတ်ကျော်ပြီ
အမ်းဘက်ကိစ္စပြောရရင် သူတို့ဟိုတစ်နေ့က ရတယ်ဆိုတဲ့ မဲတောင်နဲ့ အမ်းတိုင်းရုံးနဲ့ဆိုတာ မီတာ ၁၃၀၀၀ကျော်(၈မိုင်)ဝေးတယ်၊ တစ်ဖက်မီဒီယာတွေက အမ်းကို AA ထိုးစစ်ဆင်နေတယ်သာပြောနေတာ၊ မြေပြင်မှာက စစ်ကြောင်းတွေက တစ်နေရာပြီး တစ်နေရာလိုက်ရှင်းနေတာ၊ မဲတောင်ကို ဘယ်လောက်မှမတိုက်ရဘဲ သူတို့ရသွားတယ်ဆိုတာလည်း ကုန်းပေါ်ကသူရဲဘောကြောင်တဲ့သူတွေကြောင့်ပဲ၊ အမ်းတပ်နယ်ထဲကို သူတို့ droneတွေ ဝင်လို့မရတဲ့အတွက် အရင်နေရာတွေလိုတော့ ပေါချောင်ကောင်းရမှာမဟုတ်ဘူး၊ သတင်းကောင်းပြောရမယ်ဆိုရင်တော့ မိသားစုဝင်တွေလည်း ဘေးကင်းရာ အကုန်ရောက်သွားပါပြီ။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989ကို join ပေးထားကြပါဦး
၂၀၂၁ အာဏာထိန်းပြီး နောက်ပိုင်း ၂ ခြမ်းကွဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
၁။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP
ဥက္ကဌ ခိုင်ရဲခိုင် ဦးဆောင်သော အကြမ်းဖက်ထောက်ခံ အုပ်စုနှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ခေါင်းဆောင်သော တပ်မတော်ထောက်ခံအုပ်စု နှစ်ခုကွဲခဲ့သည်။
၂။ ကရင် အမျိုးသား အစည်းအရုံး KNU
မူလ KNU အုပ်စုမှ နယ်ဓါးမြ ဦးဆောင်၍ ကော်သူးလေတပ်မတော် KTLA ဆို၍ ခွဲထွက်ခဲ့သည်။ နှစ်ဖွဲ့လုံး အကြမ်းဖက် အားပေးကြသည်။
၃။ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU
ဥက္ကဌ ကြာခွန်ဆာ နှင့် ဒုဥက္ကဋ္ဌ ကြာဟေး တို့သည် အကြမ်းဖက်အဖွဲ့များအား ထောက်ခံသောကြောင့် တပ်မတော်နှင့်ရင်းနှီးသော အတွင်းရေးမှူး ကြာဆော်လမွန် ဦးဆောင်အုပ်စု ခွဲထွက်ခဲ့သည်။
၄။ မွန်ပြည်သစ်ပါတီ NMSP
မူလအဖွဲ့မှ အကြမ်းဖက်မည့် NMSP AD ဆိုသည့်အဖွဲ့ ခွဲထွက်ခဲ့သည်။
၅။ ကရင် BGF
တပ်မတော်လက်အောက်ခံ ကရင် BGF မှ အများစု ကရင်အမျိုးသားတပ်မတော် KNA ဟု ခွဲထွက်ကာ တပ်မတော်ကို ဆန့်ကျင်လာကြသည်။
ကျန်ခဲ့တာရှိရင် ဖြည့်စွက်မန့်ပေးပါ။
#ဖိုးထောင်
https://t.me/privatephoehtaung
ဘုန်းကြီးကား ဂိတ်ကြေးမပေးရဘူးလို့
ပရဟိတကား ဂိတ်ကြေးမပေးရဘူးလို့
တရားဥပဒေပြဌာန်းထားတာ မရှိဘူး ။
သူတို့က
သဒ္ဓါလို့ မယူရင် မပေးနဲ့
မသဒ္ဓါလို့ ယူရင် ပေး ။
ဘုန်းကြီးလည်း အခွင့်ထူးခံ မဟုတ်သလို
ပရဟိတသမားလည်း အခွင့်ထူးခံ မဟုတ်ဘူး ။
ဘာသာရေး ခေါင်းဆောင်တွေ
လူမှုရေးခေါင်းဆောင်တွေ
ပိုပြီးတောင် စည်းကမ်းစံပြ နေပြရအုံးမှာ ။
ခုတော့
ဟိုပရဟိအဖွဲ့ဆိုတဲ့ကောင်တွေက
တစ်နိုင်ငံလုံးက ပရဟိတသမားတွေကို
သိက္ခာချလိုက်သလိုပဲ ။
ပရဟိတသမားဆိုတာ ပေးဆပ်ရတာ
ပရဟိတနဲ့ပါတ်သက်ပြီး
ဘာကိုမှ / နည်းနည်းလေးမှ မရယူချင်နဲ့ ။
Credit
9.Oct.2024;Wed
https://t.me/privatephoehtaung
Repost from K S News
ဒါက ရဲတပ်ဖွဲ့ ဝင်တွေ အကူအညီ
တောင်းခံတာပါ ခင်ဗျာ။
သေချာ လုပ်ပေးပါရန် အကြံပြုတင်ပြ
အပ်ပါသည်။
https://t.me/kyawswar49111
တောင်ခမ်းမှာ ဒီညပွဲကဖို့များ
ကိုယ့်ဖက်က ပြင်ဆင်ထားပြီးသားမို့လို့ စိတ်မပူကြပါနဲ့ အမျိုးတို့
https://t.me/privatephoehtaung
စစ်ကိုင်း ယင်းမာပင်အထိ ကာဂူးစတက် တင့်/ဘန်ကာဖျက် လောင်ချာတွေ ရောက်နေပါပြီ
ရင်မောပါတယ်
https://t.me/privatephoehtaung
BreakingNews
အမ်း(နပခ)သတင်း
=========
အမ်းကို တိုက်နေတဲ့ AA နဲ့ PDF စစ်သွေးကြွအဖွဲ့တွေမှာ သံချပ်ကာ ၁စီးနဲ့ ဒိုဇာ ၁စီးပါတယ်လို့ ဒေသခံအတွင်းသတင်းအရင်းအမြစ်ထံက သိရပါတယ်
ပါလာတဲ့ ဒိုဇာနဲ့ အတားအဆီးတွေကို ဖို့ပြီး သံချပ်ကာသွားလို့ရအောင် လုပ်နေတယ်၊ သံချပ်ကာနဲ့ပဲ အဓိကနေရာတွေကို လိုက်တိုက်နေတယ်လို့လည်း သိရပါတယ်
ဒီအချိန်အထိ လက်နက်ကိုင် စစ်သွေးကြွတွေ ဝင်လာနိုင်တဲ့ လမ်းတွေ၊ တံတားတွေကို လျစ်လျူရှု့ထားတာက ယောက်ဖကို ကြက်ဥတိုက်နေသလိုပါပဲ
လေကြောင်းက ကင်းထောက်နေတာတွေ၊ ဗုံးကြဲနေတာတွေကလည်း
အတန်အသင့် ထိရောက်မှုရှိပေမဲ့ အားမရကြဘူးလို့လည်း သိရပါတယ်
ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်မှသာ လက်နက်ကိုင်တွေရဲ့ သတင်းကို ပေးနေတဲ့သူတွေအတွက် အန္တရာယ်ကင်းနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်
မေတ္တာဖြင့်
#Richard
https://t.me/privatephoehtaung
သတင်းပေး ပြည်သူတွေရဲ့ ဘဝ
9.10.2024 လားရှိူး
မြန်မာ့တပ်မတော်ကို သတင်းပေးလို့ဆိုပြီး MNDAA က ဖမ်းထားတဲ့ လူ ၈ ယောက်ကို 10.10.2024 မနက် ၁၀ နာရီ လားရှိုးမြို့တော်ခန်းမ မှာ
သတ်ပြမယ်လို့ ကြားသိရပါတယ်။
အသက်နဲ့ ရင်းပြီးပေးလာတဲ့ သတင်းတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်စေချင်ပါတယ်။
https://t.me/privatephoehtaung
+7
ရပ်စောက်မြို့နယ်တွင် ဆက်ကြေးအပြိုင်အဆိုင် ကောက်နေသည့် SSPPနှင့် RCSS တိုက်ပွဲဖြစ်ပွားခဲ့ပြီး Droneဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ရပ်စောက်မြို့နယ် ရတနာပုံ(အနောက်) ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ သံဃာ (၁) ပါးဒဏ်ရာရခဲ့ကြောင်းသိရ။
မည်သူချသည့် ဗုံးမှန်းမသိပါ။
၂၀၂၄ ၊အောက်တိုဘာ ၈
https://t.me/privatephoehtaung
