cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Kyaw Swar

Kyaw Swar49111@@@

Ko'proq ko'rsatish
Myanma309Myanma308Toif belgilanmagan
Reklama postlari
150 876
Obunachilar
+11524 soatlar
+1 3257 kunlar
+5 40630 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Repost from PAN
Photo unavailableShow in Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၂ / ၂၀၂၄ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်) ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း Webpage >>... https://positiveanglenews.com/2024/05/28/ပြည်ထောင်စုသမ္မတမြန်မ-11/ Telegram>>... https://t.me/positiveanglenews #PAN #SZ
Hammasini ko'rsatish...
👍 215 10🥰 6💩 5👻 5
Repost from PAN
07:56
Video unavailableShow in Telegram
ဆေးဝါးမှတ်ပုံတင်မရှိတဲ့ဆေးဝါးတွေကို ဈေးကွက်မှာရောင်းချနေပြီး သုံးစွဲတာတွေမပြုလုပ်ဖို့ FDA Myanmar အသိပေးထားတဲ့သတင်း ဒီကနေ့အထိ ရထားလမ်းနဲ့ ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၂ဝဝ) ကျော်အထိ ရှိလာပြီ ဖြစ်တယ် ဆိုတဲ့သတင်း မေ ၂၉ ရက်ကနေစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်မယ်ဆိုတဲ့သတင်း ရေစီးကြောင့် တိမ်းစောင်းသွားတဲ့အတွက် ကျင်သီ ယာယီတံတားကို ယာဉ်ဖြတ်သန်းခွင့်ပိတ်ထားတယ်ဆိုတဲ့ သတင်း ထိုင်းအစိုးရဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းဖို့နဲ့ ဆေး ဘက်ဆိုင်ရာ ရည်ရွယ်ချက်အပြင် သုတေသနအတွက် စိုက်ပျိုးအသုံးပြုသူတွေအတွက်ကိုသာ ပါမစ်ထုတ်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်း PAN ကို ထောက်ပံ့လိုပါက Kpay - 09425318387နဲ့ wave pay နံပါတ်ဖြစ်တဲ့ 09425318387 ကနေ ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ - #pan_broadcasting
Hammasini ko'rsatish...
👍 269💩 7 6🙏 1
လူ့တိရိစ္ဆာန် တွေ Breaking News ၂၈-၅-၂၀၂၄ ရက်နေ့ ယနေ့နံနက် ချောင်းဦးမြိုတွင် ကျောင်းအပ်ရန်သွားသည့် ကလေးငယ်များနှင့်မိဘကို ချောင်းဦး PDF အကြမ်းဖက်များမှ မိုင်းခွဲတိုက်ခိုက်သတ်ဖြတ်သည့်အတွက် ၁၄ နှစ်ရွယ် ကလေးငယ် ၁ ဦး၊ ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ ကလေး၏မိခင်နှင့် အသက် ၇၀ အရွယ် အဖိုးအို ၁ ဦး စုစုပေါင်း ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရ။ -
Hammasini ko'rsatish...
🤬 530😢 245👍 130👏 13 8🥱 7💩 4🤡 1
Repost from PAN
ကော့ကရိတ် မြ၀တီလမ်းဟောင်းမှ ကုန်ပစ္စည်း ကား များစတင်ဖြတ်သန်းသွားလာခွင့် ပေးနေကြောင်း သိရှိရ ***************** (ပြည်တွင်း) မေ ၂၈ ယနေ့ နံနက်ပိုင်းမှစ၍ ကော့ကရိတ် မြ၀တီလမ်းဟောင်းမှ ကုန်ပစ္စည်း ကား များစတင်ဖြတ်သန်းသွားလာခွင့် ပေးနေကြောင်း သိရှိရသည်။ ယမန်နေ့ကလည်း မြ၀တီသို့ ကုန်ပစ္စည်း ကား များပေးတက်ခွင့်ပြုကြောင်း သိရှိရပြီး၊ အဆိုပါလမ်းမှာ ကော့ကရိတ် မြ၀တီ တိုက်ပွဲများကြောင့် ဖြတ်သန်းသွားလာခွင့်မရှိသေးပဲ အာရှလမ်းမ အသစ်ကော လမ်းဟောင်းပါ ယာယီပိတ်ထားခဲ့ရပြီး၊ ယနေ့တွင် လမ်းဟောင်းမှ ဆင်းလာသောကုန်ပစ္စည်း ကား များအား နဘူး မြပတိုင်လမ်းပိုင်းမှ ဖြတ်သန်းလာလို့ရကြောင်း ....... Webpage >>... https://positiveanglenews.com/2024/05/28/ကော့ကရိတ်-မြ၀တီလမ်းဟောင/ Telegram>>... https://t.me/positiveanglenews #PAN #SZ
Hammasini ko'rsatish...
👍 540 27💩 6🙏 3🥱 3 2👻 1
NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ (မေလ ၂၈ ရက်နေ့ မြဝတီ၊ မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးဖြစ်ပါသည်) 👇🏿 ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲ့များရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့သတင်းများကို မြင်တွေ့မိပြီး အကြမ်းဖက်အားပေးနေသူများ သိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ - ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ PDF အချင်းချင်းသတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗွီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်း စိတ်နှလုံးထိခိုက်ဖွယ်မြင်ကွင်းဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန်ကြိုးတုပ်စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ် ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့အဖွဲ့သားများ ဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြ တိုက်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ၄င်းတို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ချို့က ခိုးယူထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ်သတ်ဖြတ်နေကြတာကို တွေ့ရ ပါတယ်။ - ဗွီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလို့မရဘဲ လူစိတ် ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရပါတယ်။ မြင်တွေ့ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများကိုလည်း အားမပေး သင့်ဘူးလို့ ထင်မြင် မိပါတယ်။ - နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလို ပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံလို့၊ အမြင်မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာရှိနေတဲ့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြလို့နေအိမ်တွေပေါ် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပါတယ်။ ကျေးရွာအတွင်းက နေအိမ် ၅၀ လုံးခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ်များပါဝင်နေပြီး လက်နက်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်ဖတ်ရှုနိုင်ပါရန်»
Hammasini ko'rsatish...
NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့

  NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ (မေလ ၂၈ ရက်နေ့ မြဝတီ၊ မြန်မာ့အလင်း သတင်းစာ...

👍 453 18🤬 17😢 15🔥 7🤡 7🥱 4🤩 3🕊 2👻 2🥰 1
Photo unavailableShow in Telegram
Breaking News 🚨🚨🚨🚨🚨🚨🚨🚨🚨🚨 📢📢📢📢📢📢📢📢📢📢 28-5-2024 သံဖြူဇရပ်မြို့နယ် ကျောင်းရွာကျေးရွာတွင် အကြမ်းဖက်KNU+PDFများ အများအပြားသည် ၂၇-၅-၂၀၂၄ ရက်နေ့မှစတင်ရောက်ရှိလာကာ ရွာသားများထွက်ပြေးတိန်းရှောင်လျှက်ရှိကြောင်းသိရှိရ။ အနင်းရဲစခန်း၊ထင်းရူး၊ကရုပ္ပိရဲစခန်းများ အထူးဂရုပြုပါ လာတိုက်တာနဲ့ဟလိုလုပ်ပါ ခုဘာလုပ်မလဲကြည့်လိုက် 🚨🚨🚨🚨🚨🚨🚨🚨🚨🚨 📢📢📢📢📢📢📢📢📢📢
Hammasini ko'rsatish...
👍 514🙏 45😱 29 10💩 7🔥 4👏 2
Photo unavailableShow in Telegram
“ဝ”ကို သွေးတိုးစမ်းတဲ့ TNLA === ကားရောင်းဖို့ မိုင်းပေါက်ကနေ ထွက်လာရာကနေ မိုင်းရယ်မြို့နယ်၊ ဝမ်ပုံကျေးရွာအထွက်မှာ TNLA ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ လားရှိုးမြို့၊ရပ်ကွက်(၁)မှာ နေထိုင်တဲ့ အိုက်ခွက်တူးဆိုတဲ့ "ဝ"လူမျိုးတစ်ဦးဟာ TNLA ရဲ့ နှိပ်စက်ရိုက်နှက်မှုဒဏ်တွေကြောင့် လက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်... - TNLA ကတော့ ရှမ်းလူမျိုးတွကို အနိုင်ကျင့်ပြလိုက်၊ "ဝ" လူမျိုးတွေကို အနိုင်ကျင့်နှိပ်စက် tတ်ဖြတ်ပြလိုက်နဲ့ ရှမ်းအဖွဲ့တွေနဲ့ UWSA"ဝ"အဖွဲ့တွေကို သွေးတိုးစမ်း စိန်ခေါ်နေတာများလား?
Hammasini ko'rsatish...
👍 489👏 59😢 18🤬 13 12🔥 8🥱 7👻 6
အားပေးထောက်ခံမှု သောက်ရမ်းရနေသော မြို့ဖျက်၊ရွာဖျက် ကောင်
Hammasini ko'rsatish...
👍 447🤬 59👏 19😱 10 7💩 7🥱 7🤡 3🤔 1
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိကျင်းပခဲ့‌တဲ့ အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ ၂၀၂၄ (Badminton Asia South East Asia(Under 17 & Under 15) REGIONAL JUNIOR CHAMPIONSHIP 2024)မှာ ရွှေတံဆိပ်ဆု ၁၂ ခု၊ ငွေတံဆိပ်ဆု ၄ ခု၊ ကြေးတံဆိပ်ဆု ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ကြတဲ့ နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲရ အားကစားသမားများရဲ့ အိမ်ပြန်ခရီးကို တာဝန်ရှိသူများ၊ ကျာင်းသား/ကျောင်းသူများ၊ မိဘ‌ဆွေမျိုးများနဲ့ ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များ...
Hammasini ko'rsatish...
👍 482 103👏 40💩 9🥱 3 1
သတင်းထူးသတင်းဦးများအတွက် Pan ကို join ထားသူငယ်ချင်းတို့ https://t.me/positiveanglenews
Hammasini ko'rsatish...
PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.

👍 294 15💩 8