uz
Feedback
En Thue Tech

En Thue Tech

Kanalga Telegram’da o‘tish

သင့်အတွက် နောက်ဆုံးပေါ်ထိပ်တန်းကွန်ပြူတာနည်းပညာဆိုင်ရာသတင်းများ

Ko'proq ko'rsatish
1 366
Obunachilar
Ma'lumot yo'q24 soatlar
-37 kunlar
+1330 kunlar
Postlar arxiv
Windows 11 တွင် တစ်ကြိမ်သာ Restart ချရမည့်စနစ်ကို Microsoft မိတ်ဆက်လာဖွယ်ရှိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Microsoft ဟာ Windows 11 Insider Preview Build 26300.8687 ကို Experimental Channel တွေထံ ဖြန့်ချီလိုက်ပြီး လစဉ် Update လုပ်ရတဲ့အခါ reboot လုပ်ပေးရတဲ့အကြိမ်ရေကို လျှော့ချပေးမယ့် တစ်စုတစ်စည်းတည်းဖြစ်တဲ့ update အတွေ့အကြုံ အပါအဝင် တိုးတက်ပြောင်းလဲမှုတွေ အများအပြား ပါဝင်လာပါတယ်။ ဒီပြောင်းလဲမှုတွေဟာ Windows 11 အပေါ် သုံးစွဲသူတွေရဲ့ တိုးပွားလာတဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ Microsoft ရဲ့ Windows K2 အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။  ဒီ update မူဝါဒအသစ်အရ Microsoft ဟာ လုံခြုံရေးဆိုင်ရာ patches တွေ၊ driver အသစ်တွေ၊ bug ပြင်ဆင်ချက်တွေ၊ firmware မွမ်းမံမှုတွေနဲ့ .NET packages တွေအပါအဝင် ရနိုင်သမျှ update တွေအားလုံးကို သီးခြားစီ ထည့်သွင်းနေရမဲ့အစား single installation အဖြစ် အတူတူ ပေါင်းစည်းပေးသွားမှာပါ။ ဒီ update အစီအစဉ်အသစ်က မတူညီတဲ့ update package တွေကို ထည့်သွင်းဖို့အတွက် စက်ကို အကြိမ်ကြိမ် restart ချနေရတဲ့ အခြေအနေကို ဖယ်ရှားပေးသွားမှာမို့ တစ်ကြိမ်သာ restart ချလိုက်ရုံနဲ့ update တင်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးဆုံးစေမှာ ဖြစ်ပါတယ်။ လာမယ့် လစဉ် update စက်ဝန်းကနေ စတင်ပြီး update တွေဟာ စနစ်တကျ တစ်ခါတည်း သွင်းနိုင်ဖို့ အဆင်သင့်မဖြစ်ခင်အထိ နောက်ကွယ်မှာ အလိုအလျောက် download ဆွဲထားမှာဖြစ်လို့ လုပ်ငန်းစဉ်တစ်ခုလုံးကို စက်တစ်ခါပဲ restart ချခြင်းနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို update တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ထားတာကြောင် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ PC ကို ဗားရှင်းအသစ်ဖြစ်အောင် ထိန်းသိမ်းဖို့အတွက်တင် လစဉ် ကြုံတွေ့နေရတဲ့ မကြာခဏ restart ချရတဲ့ နှစ်ရှည်လများ အဆင်မပြေမှုကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ Microsoft က ယုံကြည်ထားပါတယ်။ ဒီမူဝါဒအသစ်ကို စတင်ကျင့်သုံးပြီးတဲ့နောက်မှာ Experimental နဲ့ Beta Channels ထဲက Windows Insider တွေဟာ အပတ်စဉ် update တွေကို ရရှိသွားမှာဖြစ်ပြီး၊ မိမိတို့ဘာသာ တိုက်ရိုက် ဗားရှင်းမြှင့်တင်လိုတဲ့ retail customers တွေကတော့ တစ်လမှာ နှစ်ကြိမ် update ရရှိမှာ ဖြစ်ပါတယ်။ စောစောစီးစီး update ယူမဲ့စနစ်ကို မရွေးချယ်ထားတဲ့ Stable Channel ထဲက သုံးစွဲသူတွေကတော့ ပုံမှန်အတိုင်း လစဉ် တစ်ကြိမ်ပဲ စက်ကို restart ချရမှာ ဖြစ်ပါတယ်။ ဒီလို တစ်စုတစ်စည်းတည်းဖြစ်တဲ့ update အတွေ့အကြုံဟာ သုံးစွဲသူတွေ သိပ်မလိုချင်တဲ့ feature အသစ်တွေကို ထပ်ထည့်နေမယ့်အစား စနစ်ရဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးခြင်းနဲ့ ကြာရှည်ဖြစ်ပွားနေတဲ့ bug တွေကို ပြင်ဆင်ပေးခြင်းအားဖြင့် သုံးစွဲသူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ Windows K2 အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ CEO Satya Nadella အဆိုအရ "ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပင်မလုပ်ဆောင်ချက်တွေနဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတွေအပေါ်မှာ အဓိကအာရုံစိုက်ပြီး အသုံးပြုသူတွေကို ပြန်လည်ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။ အခု Build 26300.8687 ထဲမှာ ပါဝင်လာတဲ့ နောက်ထပ် အဓိက လုပ်ဆောင်ချက်တစ်ခုကတော့ စာလုံးပေါင်းမှားရိုက်မိတာတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မဲ့ အဆင့်မြှင့်တင်ထားတဲ့ Search စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ search bar မှာ utlook လို့ စာလုံးပေါင်းမှားရိုက်မိရင်တောင် Windows ကနေ Outlook ကို ရှာဖွေနေတာဖြစ်နိုင်တယ်ဆိုတာကို သိရှိနားလည်ပေးမှာဖြစ်ပြီး ရှာဖွေမှုရလဒ်တွေထဲမှာ Outlook app ကို အကြံပြုပြသပေးသွားမှာဖြစ်ကြောင်း Microsoft က ရှင်းပြခဲ့ပါတယ်။ ဒီ update မှာ File Explorer၊ Taskbar၊ Windows Setup၊ Input စနစ်နဲ့ Remote Recovery Management တို့အတွက် ပြောင်းလဲမှုများစွာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် changelog ထဲမှာ အသံပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ Settings app အတွက် ပြင်ဆင်ချက်တွေ ပါဝင်လာတဲ့အပြင် Notepad နဲ့ အခြား Windows ထဲမှာ တစ်ခါတည်းပါဝင်တဲ့ core tools တွေရဲ့ စိတ်ချရမှု စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးထားပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: TechSpot #EnThueTech #News #OS #Windows Website  https://www.enthuetech.com/2026/06/windows-11-restart-microsoft.html  Join our Telegram channel now! https://t.me/EnThueTech

photo content

Microsoft will bring Windows 11 Single Update Installation.png3.98 KB

Citizen Sleeper၊ ROBOBEAT နှင့် Construction Simulator 3 ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက်
Citizen Sleeper၊ ROBOBEAT နှင့် Construction Simulator 3 ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇွန်လ ၂၅ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action၊ Narration နဲ့ RPG အမျိုးအစားဖြစ်တဲ့ Citizen Sleeper အပြင် Music၊ Rogue-Lite နဲ့ Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ ROBOBEAT ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Construction Simulator 3 ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇွန်လ ၂၅ ရက်နေ့မှာတော့ PC အတွက် RollerCoaster Tycoon 3 Complete Edition နဲ့ Voidwrought ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Citizen Sleeper၊ ROBOBEAT နှင့် Construction Simulator 3 ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက်
Citizen Sleeper၊ ROBOBEAT နှင့် Construction Simulator 3 ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇွန်လ ၂၅ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action၊ Narration နဲ့ RPG အမျိုးအစားဖြစ်တဲ့ Citizen Sleeper အပြင် Music၊ Rogue-Lite နဲ့ Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ ROBOBEAT ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Construction Simulator 3 ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇွန်လ ၂၅ ရက်နေ့မှာတော့ PC အတွက် RollerCoaster Tycoon 3 Complete Edition နဲ့ Voidwrought ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Intel အနေနဲ့ ကြိုးစားနေတာကတော့ ကွန်ပျူတာထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ရွေးချယ်စရာ ပိုများလာစေပြီး လက်တော့ပ်ရဲ့ နောက်ဆုံးရောင်းဈေးကို လျှော့ချနိုင်ဖို့အတွက် အဆင့်မြင့် codecs တွေနဲ့ memory စနစ်မျိုးစုံကို လက်ခံနိုင်မယ့် core logic အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်တွေကို နောက်ကွယ်ကနေ အပြတ်အသတ် အပြီးသတ်ပေးထားဖို့ ဖြစ်တယ်လို့ Gao က ရှင်းပြခဲ့ပါတယ်။ Gao ရဲ့ အဆိုအရ နောင်အနာဂတ်မှာ Dell၊ HP၊ Lenovo၊ Acer၊ Asus နဲ့ အခြားမိတ်ဖက် ကုမ္ပဏီကြီးတွေကနေ ဒီ Wildcat Lake အခြေခံ Firefly ဒီဇိုင်းတွေကို ထုတ်လုပ်ဖြန့်ချိသွားတော့မှာ ဖြစ်ပါတယ်။ အဲဒီအထဲက အချို့မော်ဒယ်တွေကတော့ ဈေးကွက်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး အချို့ဆိုရင် ပစ္စည်းပြတ်တဲ့အထိ ရောင်းကောင်းနေတယ်လို့ ကြားသိရကြောင်း Gao က အသေးစိတ်ကိုတော့ ထပ်မံမပြောဘဲ ဖွင့်ဟခဲ့ပါတယ်။ ဒီလိုပစ္စည်းပြတ်တဲ့အထိ ဖြစ်တာကတော့ တရုတ်နိုင်ငံတွင်းမှာပဲ ဖြစ်နိုင်ခြေများပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်တော့ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီအချို့ကို Firefly အစီအစဉ်အကြောင်း လှမ်းမေးကြည့်တဲ့အခါ ဘာမှမပြောခဲ့ကြလို့ပါပဲ။ ဒါ့အပြင် PCWorld က ကိုယ်တိုင် ကိုင်တွယ်ကြည့်ဖူးတဲ့ လျှို့ဝှက် Wildcat Lake လက်တော့ပ်တစ်ခုမှာဆိုရင် စက်ရဲ့အောက်ခြေမှာ လေဝင်ပေါက်တွေ ပါနေသေးတဲ့အပြင် ကိုယ်ထည်ကိုလည်း ပလတ်စတစ်နဲ့ပဲ လုပ်ထားတာကို မြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူကပဲ ထုတ်ထုတ် ဈေးနှုန်းသက်သာတဲ့ လက်တော့ပ်တွေကတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီး လှပဆွဲဆောင်မှု ရှိလာနေပါပြီ။ Intel ရဲ့ Project Firefly ဟာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အရည်အသွေးမြင့် လက်တော့ပ်ဆိုတာကို အာမခံပေးမယ့် တံဆိပ်အမှတ်အသားတစ်ခု ဖြစ်လာနိုင်မလားဆိုတာကတော့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်ရမှာပါ။ မိတ်ဆွေတို့နေနဲ့လည်း အခုလို မိုးထိုးနေတဲ့ ဈေးနဲ့ ဆန်းသစ်မှုမရှိတဲ့ လက်တော့ပ်အဟောင်းကြီးတွေကို နောက်ထပ်မျိုးဆက်တစ်ခုစာအထိ မြင်ချင်ကြတော့မှာမဟုတ်ပါဘူး။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: PCWorld #EnThueTech #News #Industry #Laptop Website  https://www.enthuetech.com/2026/06/windows-intel-project-firefly.html  Join our Telegram channel now! https://t.me/EnThueTech

ဒါဆိုရင် ဘာဖြစ်လို့ Wildcat Lake chip ကို သုံးရတာလဲဆိုတာနဲ့ ပတ်သက်ပြီး Intel ရဲ့ client products ဆိုင်ရာ အကြီးတန်းဒါရိုက်တာ Nish Neelalojanan က ရှင်းပြရာမှာ ဒီပရိုဆက်ဆာကို အစကတည်းက ဈေးသက်သာတဲ့ လက်တော့ပ်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ပုံစံထုတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ chip မှာ performance core ၂ ခု၊ low-power efficiency core ၄ ခုနဲ့ embedded graphics core ၂ ခု ပါဝင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ Intel ဟာ ထုတ်လုပ်မှုမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပေမဲ့ ကုန်ကျစရိတ်များစေတဲ့ "tiled" chip architecture ဗိသုကာကို အသုံးမပြုတော့ဘဲ ကုမ္ပဏီရဲ့ ကိုယ်ပိုင် 18A process နည်းပညာပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီ Wildcat Lake chip အတွက် Intel ဟာ သူတို့ရဲ့ Foveros interconnect စနစ်ကို စွန့်လွှတ်ပြီး UCIE interconnect နဲ့ အစားထိုးခဲ့သလို motherboard layer ကိုလည်း ၆ လွှာအထိ လျှော့ချပစ်ခဲ့ပါတယ်။ Neelalojanan က ကုန်ကျစရိတ် သက်သာစေဖို့အတွက် single-channel memory စနစ်ကိုတောင် သုံးနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ ါတင်မကသေးဘဲ သုံးစွဲသူတွေ လက်လှမ်းမီတဲ့ အရောင်းဈေးကွက် ဈေးနှုန်းတစ်ခု ဖြစ်လာစေဖို့အတွက် ဒေတာ အလွန်အမင်း မြန်ဆန်တဲ့Thunderbolt စနစ်ရဲ့ နောက်ဆုံးဗားရှင်းက အစိတ်အပိုင်း အချို့ကိုပါ လိုအပ်သလို ဖြတ်တောက် လျှော့ချခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။ ဒါဆိုရင် Project Firefly လက်တော့ပ်တစ်လုံးထဲမှာ ဘာတွေ ပါဝင်လာမှာလဲဆိုတော့ Wildcat Lake chip က Firefly ရဲ့ နှလုံးသားဖြစ်နေမှာ မှန်ပေမဲ့ တကယ့် reference design ကိုတော့ တရုတ်နိုင်ငံရဲ့ နည်းပညာလုပ်ငန်းစုတွေနဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တာလို့ Neelalojanan က ပြောပါတယ်။ အဲဒီတရုတ်ကုမ္ပဏီတွေဟာ စမတ်ဖုန်းလောကမှာ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး ချွေတာတဲ့နေရာမှာ အလွန်ကျွမ်းကျင်ကြတာမို့ Intel က အဲဒီနည်းလမ်းတွေကို Firefly ရဲ့ ဒီဇိုင်းပိုင်းမှာ အသုံးချခဲ့တာပါ။ Neelalojanan က ဒါကို နောင်တစ်ချိန် ကမ္ဘာတစ်ဝန်းမှာ ထပ်မံဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့အတွက် အကောင်းဆုံး "ဖော်မြူလာ" တစ်ခုလို့ တင်စားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ mainstream ကွန်ပျူတာဈေးကွက်အတွက် ပလက်ဖောင်းပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုကို စတင်ပေးလိုက်တာဖြစ်ပြီး နောင်မှာ ဒီလိုဒီဇိုင်းမျိုးစုံကို ပိုပြီး မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ Neelalojanan က ဆိုပါတယ်။ Intel ရဲ့ ဗီဒီယိုထဲမှာ Sam Gao ဟာ Intel ရဲ့ Firefly ဒီဇိုင်းနမူနာ နှစ်ခုကို ထုတ်ပြခဲ့ပြီး နှစ်ခုစလုံးက ခရမ်းနုရောင်ပေါ်မှာ "Intel Color" လို့ ကပ်ထားတာ ဖြစ်ပါတယ်။ တစ်ခုကတော့ ၁၂.၉ မီလီမီတာပဲ အထူရှိပြီး တစ်ကိုယ်လုံး သတ္တုနဲ့လုပ်ထားတဲ့အပြင် port မျိုးစုံလည်း ပါဝင်ပါတယ်။ လက်တော့ပ်အများစုမှာ ပါလေ့ရှိတဲ့ အောက်ခြေက လေဝင်လေထွက် ဇကာကွက်တွေကို ဖယ်ရှားလိုက်ပြီး ရှင်းလင်းပြောင်ချောတဲ့ သာယာလှပမှုကို ပေးစွမ်းထားတယ်လို့ Gao က ရှင်းပြပါတယ်။ ပြီးနောက် သူက အဲဒီလက်တော့ပ်ကိုယ်ထည်ကို လှုပ်ခါပြပြီး ဒါဟာ ဈေးနှုန်းသက်သာပေမဲ့ အပေါစားဆန်ဆန် ပျော့တိပျော့ဖတ်ဖြစ်မနေတဲ့ ပုံမှန် budget လက်တော့ပ်တွေထက် အများကြီး သာလွန်တဲ့အကြောင်း ပြသခဲ့ပါတယ်။ စက်ရဲ့အတွင်းပိုင်းမှာတော့ Gao ပြသခဲ့တဲ့ နမူနာဒီဇိုင်းဟာ ဂိမ်းမင်းလက်တော့ပ်အချို့မှာပဲ တွေ့ရတတ်တဲ့ copper heat piping စနစ်ကို သုံးထားပြီး ကုန်ကျစရိတ်သက်သာပြီး အအေးပေးစနစ် ပိုကောင်းအောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကေဘယ်လ်ကြိုးသွယ်တန်းမှု စနစ်တွေကိုလည်း ပိုပြီးစံနှုန်းမီအောင် လုပ်ထားလို့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Firefly လက်တော့ပ်တွေဟာ စမတ်ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ codecs တွေကို PC ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပေါင်းစပ်ပေးထားဦးမှာ ဖြစ်ပါတယ်။ နည်းပညာပိုင်းအရ အဆန်းဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲကတော့ မြင့်တက်လာတဲ့ ကွန်ပျူတာ RAM memory ဈေးနှုန်းပြဿနာကို ဖြေရှင်းဖို့အတွက် ဖုန်းတွေမှာသုံးလေ့ရှိတဲ့ memory စနစ်ကို အသုံးပြုဖို့ Intel က စဉ်းစားနေတာပဲ ဖြစ်ပါတယ်။ Intel ရဲ့ Sam Gao ဟာ "core logic module" လို့ခေါ်တဲ့ ဖုန်း memory နဲ့ တွဲဖက်ထားတဲ့ နမူနာ chip တစ်ခုကိုပါ ထုတ်ပြခဲ့ပါတယ်။ ဒါပေမဲ့ Gao ပြသခဲ့တဲ့ အဲဒီပြကွက် module ကတော့ Wildcat Lake မဟုတ်ဘဲ Panther Lake chip ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ "ကွန်ပျူတာ memory နဲ့ storage ဈေးနှုန်းတွေ အလွန်အမင်း မတက်ခင်ကတည်းက ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေက ဖုန်းလောကမှာသုံးတဲ့ memory နည်းပညာတွေကို PC ဆီ သယ်ဆောင်လာနိုင်ရင် ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်ခဲ့ကြကြောင်း၊ ဒါဟာ Intel အတွက် အလုပ်အများကြီး ပိုလုပ်ရမှာဖြစ်ပေမဲ့ အကယ်၍ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ရင် လက္ခဏာလှိုင်းညွှန်းကိန်းတွေနဲ့ interposer တွေကို ကျွန်တော်တို့ကိုယ်တိုင် သတ်မှတ်ပေးပြီး ecosystem တစ်ခုလုံးအတွက် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်" လို့ Gao က ဆိုပါတယ်။

ဈေးနှုန်းသက်သာသော်လည်း အဆင့်အတန်းမြင့်မားသည့် Windows လက်တော့ပ်များကို ပေါ်ထွက်လာစေနိုင်မည့် Intel ၏ Project Firefly ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အခုချိန်မှာ လူတိုင်းက ဈေးနှုန်းသက်သာတဲ့ လက်တော့ပ် ဆိုရင် Windows လက်တော့ပ်တွေကိုသာညွှန်းလာခဲ့ရာကနေ Apple ရဲ့ MacBook Neo ကို ညွန်းလာကြပါတယ်။ အခုအခါမှာ Windows ဘက်ကလည်း စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကနေ စိတ်ကူးစိတ်သန်းရယူထားတဲ့ "Project Firefly" နဲ့အတူ လူသုံးအများဆုံး mainstream လက်တော့ပ်ဈေးကွက်ကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီ Project Firefly ရဲ့ ရည်မှန်းချက်ကတော့ အဆင့်မြင့် high-end လက်တော့ပ်တွေမှာပဲ တွေ့ရတတ်တဲ့ တစ်ကိုယ်လုံးကို သတ္တုနဲ့ပဲ တည်ဆောက်ထားတာမျိုးနဲ့ စက်ရဲ့ အောက်ခြေမှာ လေဝင်လေထွက်ပေါက်တွေမပါဘဲ ပြောင်ချောနေတာမျိုး စတဲ့ အင်္ဂါရပ်တွေကို ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ စက်ရဲ့ အတွင်းပိုင်းမှာတော့ Intel ရဲ့ Core Series 3 အုပ်စုဝင် "Wildcat Lake" လို့ခေါ်တဲ့ chip ကို အသုံးပြုထားတာဖြစ်ပြီး ဒီကောင်ကတော့ ကွန်ပျူတာတစ်လုံးလုံးရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် စက်ရုံထုတ်လုပ်မှုစရိတ် သက်သာအောင် Intel က အခြေခံကစလို့ ပြန်လည်ဖန်တီးထားတဲ့ chip ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Intel ဟာ PC အတွက်မဟုတ်ဘဲ ဖုန်းတွေမှာသုံးတဲ့ memory chip တွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ processor module တစ်ခုကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။ တရုတ်နိုင်ငံက Intel ရဲ့ software နဲ့ client product အုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ Sam Gao ကတော့ ဒါကို "လူသုံးအများဆုံး mainstream ဈေးကွက်ကို ပုံစံသစ်နဲ့ ပြန်လည်အသက်သွင်းခြင်း" လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒီ Firefly လက်တော့ပ်တွေကို ကျောင်းသားတွေ၊ သာမန်သုံးစွဲသူတွေနဲ့ လုပ်ငန်းအသေးစား ပိုင်ရှင်တွေအတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို စိတ်ကြိုက်ကိုင်တွယ်နိုင်ဖို့ ရည်ရွယ်ပုံထုတ်ထားတာ ဖြစ်ပါတယ်။ Sam Gao က "လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့အဖွဲ့သားအချို့ စုမိကြပြီး အဆင့်မြင့် premium လက်တော့ပ်တွေအတွက် ကောင်းမွန်တဲ့ ဖော်မြူလာတစ်ခု ရှိထားပြီးပြီလို့ တွေးမိခဲ့ကြကြောင်း၊ အဲဒီမှာတင် ပုံမှန် mainstream ဒီဇိုင်းတွေက ဘာဖြစ်သွားပြီလဲ၊ ဒီဈေးကွက်ကို ရွေးချယ်စရိတ် ဘယ်လောက်သက်သာမလဲဆိုတဲ့ အချက်တင်မကဘဲ ဘယ်လိုအတွေ့အကြုံမျိုး ရမလဲဆိုတဲ့ ရှုထောင့်အသစ်ကနေ ကြည့်ရင်ကော ဘာဖြစ်မလဲလို့ စဉ်းစားခဲ့ကြကြောင်း" ပြောပြခဲ့ပါတယ်။ ဒီစနစ်က ဘယ်လောက်အထိ ပါးလွှာနိုင်မလဲ၊ ဘယ်လောက်အထိ အသံတိတ်ဆိတ်နိုင်မလဲ၊ ဘက်ထရီသက်တမ်းကော ဘယ်လောက်ခံမလဲဆိုတာတွေကို ရှုထောင့်အသစ်ကနေ ချဉ်းကပ်ပြီး mainstream လောကကို ပုံစံအသစ်နဲ့ ပြန်လည်ဖန်တီးကြဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း Intel ဟာ premium လက်တော့ပ်တွေရဲ့ စံနှုန်းသစ်အဖြစ် "Project Athena" ကို မိတ်ဆက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ အဲဒီပရောဂျက်ဟာ နာမည်ကျော် Evo အမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အရည်အသွေးမြင့် ထုတ်ကုန်တစ်ခု ဖြစ်ရုံတင်မကဘဲ လက်တော့ပ်ဒီဇိုင်နာတွေနဲ့ Intel အင်ဂျင်နီယာတွေကြား အနီးကပ်ပူးပေါင်းမှုကို ပြသတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အခု Project Firefly ကလည်း အဲဒီလို လမ်းကြောင်းအတိုင်း သွားမလားဆိုတာ မသေချာသေးပေမဲ့ သမိုင်းကြောင်းအရ ဖြစ်လာနိုင်ခြေ အများကြီး ရှိပါတယ်။ ထူးဆန်းတာတစ်ခုက Intel ဟာ ဒီ Wildcat Lake chip၊ Project Firefly နဲ့ လက်တော့ပ်ဈေးကွက်အပေါ် သက်ရောက်လာမယ့် အခြေအနေတွေကို အတတ်နိုင်ဆုံး ခပ်အေးအေးပဲ တုံ့ပြန်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ CES 2026 ပြပွဲတုန်းက Wildcat Lake စနစ်သုံး ကွန်ပျူတာတစ်လုံး ပြသခဲ့ဖူးသလို ပြီးခဲ့တဲ့ ဧပြီလမှာ ဒီ chip ကို တရားဝင် ထုတ်လုပ်ခဲ့ပေမဲ့ Core Ultra Series 3 (Panther Lake) ကိုပဲ အဓိက အမွှမ်းတင်ခဲ့တာမို့ Wildcat Lake ကိုတော့ လူသိရှင်ကြား သိပ်ပြီး မကြော်ငြာခဲ့ပါဘူး။ ဒါပေမဲ့လည်း Computex ပြပွဲမှာတော့ Intel ဘက်က သိပ်မပြောပေမဲ့ ကွန်ပျူတာထုတ်လုပ်တဲ့ လုပ်ငန်းတွေကတော့ ဒီ Wildcat Lake စနစ်သုံး စက်တွေကို ထုတ်ပြဖို့ အလွန်အားတက်သရော ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ အခုလောလောဆယ် Project Firefly အကြောင်း သိထားသမျှ အချက်အလက်အများစုကတော့ မကြာသေးခင်က Intel Technology channel က တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်။ Sam Gao ကတော့ Project Firefly ကို Apple ရဲ့ MacBook Neo ကို တန်ပြန်ဖို့ ထုတ်လုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၅ ခုနှစ် အလယ်ပိုင်းလောက်ကတည်းက memory နဲ့ storage ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာခဲ့တာဖြစ်ပြီး Intel အနေနဲ့ ဒီအခြေအနေကို စောစောစီးစီး ရိပ်မိပြီး တုံ့ပြန်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့လို့ပါ။ Sam Gao ရဲ့ အဆိုအရ Project Firefly ပရောဂျက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး သုံးလဝန်းကျင်အကြာ ဇန်နဝါရီလ CES 2026 ပြပွဲမှာတင် ဒီစနစ်သုံး လက်တော့ပ်တွေ ဈေးကွက်ထဲ စတင်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

photo content

The Ouroboros King၊ Warhammer 40,000 : Speed Freeks နှင့် Guild of Dungeoneering ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Ep
The Ouroboros King၊ Warhammer 40,000 : Speed Freeks နှင့် Guild of Dungeoneering ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇွန်လ ၁၈ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Rogue-Lite နဲ့ Turn-Based Strategy အမျိုးအစားဖြစ်တဲ့ The Ouroboros King အပြင် Action၊ Indie နဲ့ Racing ဂိမ်းcအမျိုးအစားဖြစ်တဲ့ Warhammer 40,000 : Speed Freeks ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Guild of Dungeoneering ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇွန်လ ၁၈ ရက်နေ့မှာတော့ PC အတွက် Warhammer 40K Speed Freakes ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

အထက်ပါ အကြောင်းရင်းတွေကြောင့် လူတွေဟာ Data Center အနီးမှာ မနေချင်ကြသလို၊ ဒါဟာ အနီးနားက အိမ်တွေရဲ့ ပြန်လည်ရောင်းချမယ့် ဈေးနှုန်းတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါပေမဲ့ မြို့တော်ကောင်စီကတော့ ရှေ့လာမယ့် ဆယ်စုနှစ်အတွင်းမှာ အခွန်ငွေ ဒေါ်လာ သန်း ၃၀ အပိုရရှိမှာဖြစ်လို့ ဒီဒေသအတွက် အကောင်းဘက်က ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ဒေါ်လာ ၂၀ သန်းကိုလည်း စာသင်ကျောင်းတွေအတွက် သီးသန့်ဖယ်ထားပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်စီဟာ ဒီ Data Center တည်ဆောက်မှုကို တားဆီးဖို့ သူတို့မှာ အာဏာမရှိဘူးဆိုတဲ့ အခြေအနေကိုလည်း ကောင်စီရဲ့ ဝဘ်ဆိုက် မေးခွန်းနဲ့အဖြေ ကဏ္ဍမှာ ရှင်းလင်းထားပါတယ်။ 404 Media ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မြို့တော်အစိုးရအနေနဲ့ ဒီစီမံကိန်းကို လမ်းကြောင်းပြောင်းလဲဖို့ အာဏာမရှိတာဟာ အဆိုပါမြေနေရာရဲ့ ရှိပြီးသား ဇုန်သတ်မှတ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ မြို့တော်အနေနဲ့ အဆောက်အအုံရဲ့ ပုံသဏ္ဌာန်ပိုင်းကိုသာ ကန့်သတ်နိုင်ပြီး ဘာလုပ်ငန်းသုံးမလဲဆိုတဲ့ လုပ်ဆောင်ချက်ပိုင်းကိုတော့ ကန့်သတ်လို့မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီဆောက်လုပ်ရေးကုမ္ပဏီဟာ မြို့တော်အစိုးရဆီကနေ စီမံကိန်းနဲ့ ဆောက်လုပ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုမိန့်တွေကိုတော့ မရရှိသေးပါဘူး။ မြို့တော်ကောင်စီဘက်က ကျေနပ်လောက်တဲ့ တုံ့ပြန်ဖြေရှင်းမှုမျိုး မရှိခဲ့တဲ့အတွက် ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဟာ ရှေ့နေတစ်ဦးကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိတော့ တရားရင်ဆိုင်မှုတွေက Blueprint ကုမ္ပဏီဘက်ကိုသာ အသာစီးရစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဝင်တွေဟာ လက်လျှော့မှာမဟုတ်ဘဲ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တတိယမြောက် အယူခံတရားရုံးဆီကို အယူခံလွှာ ဆက်လက်တင်သွင်းနေကြပြီ ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ မြေယာကတိကဝတ် စာချုပ်စာတမ်းတွေဟာ ဥပဒေကြောင်းအရ အလွန်အာဏာစက်ပြင်းထန်တဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဒီဒေတာစင်တာစီမံကိန်းကို ကန့်ကွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး အဲဒီစာချုပ်ကိုလည်း 404 Media ဝဘ်ဆိုက်ပေါ်မှာ မျှဝေထားပါတယ်။ အဆိုပါ တရားဝင်စာချုပ်ထဲမှာ အဲဒီမြေ ၈၇.၉၇ ဧကကို "နောင်အနာဂတ်မှာ ပန်းခြံအဖြစ် အသုံးပြုရန်အတွက် ယုံကြည်အပ်နှံမှုအဖြစ် ထိန်းသိမ်းထားရမည်" လို့ အတိအလင်း စည်းကမ်းသတ်မှတ်ထားတာကို အားလုံးက မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဂရစ်ဖင်အနေနဲ့ ဒီတရားရင်ဆိုင်မှုကို ဆက်လက်ဆွဲကိုင်ထားဖို့ ဆုံးဖြတ်ရတဲ့ အဓိကအချက်ကတော့ သူမရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပါပဲ။ သူမက "ကျွန်မက Data Center တစ်ခုတည်းကိုပဲ ကန့်ကွက်ဖို့ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး၊ ဒီမြေဟာ ပန်းခြံလုပ်ဖို့အတွက် ကတိကဝတ်စာချုပ်နဲ့ လှူဒါန်းခဲ့တာဖြစ်လို့ ကျွန်မ တိုက်ပွဲဝင်နေတာပါ" လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ တက္ကဆက်ရဲ့ မြေယာစာချုပ်ပါ ကတိကဝတ်တွေကို လေးစားလိုက်နာရမှာဖြစ်ပြီး ဒီပတ်ဝန်းကျင်ကလူထုဟာ ပန်းခြံတစ်ခုကိုပဲ ပိုင်ဆိုင်ခွင့် ရရှိသင့်တယ်လို့ ဆိုပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Tom's Hardware #EnThueTech #News #Industry Website  https://www.enthuetech.com/2026/06/citysells-donated-land-for-data-center.html  Join our Telegram channel now! https://t.me/EnThueTech

အပန်းဖြေပန်းခြံအတွက် လယ်သမားတစ်ဦး လှူခဲ့သည့် မြေကို မြို့တော်က Data Center တည်ဆောက်ရန် ပြန်လည်ရောင်းချ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၁၉၉၉ ခုနှစ်တုန်းက လယ်သမားတစ်ဦးဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ တေလာမြို့မှာရှိတဲ့ မြေဧက ၈၇ ဧကကို လူထုအပန်းဖြေပန်းခြံအဖြစ် အသုံးပြုဖို့ဆိုတဲ့ ကတိကဝတ်စာချုပ်နဲ့ မြို့တော်ဆီကို ၁၀ ဒေါ်လာတည်းနဲ့ လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ အဲဒီမြေကို Data Center တည်ဆောက်မယ့် ကုမ္ပဏီတစ်ခုဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒီအကြီးစား ဆောက်လုပ်ရေးစီမံကိန်းကို တားဆီးဖို့ ကြိုးစားနေတဲ့ အနီးအနားက ဒေသခံတွေနဲ့ တရားရင်ဆိုင်ရာမှာလည်း အဆိုပါ Data Center ကုမ္ပဏီက တရားရုံးမှာ အနိုင်ရရှိခဲ့တယ်လို့ 404 Media က ဖော်ပြထားပါတယ်။ အခုအခါမှာတော့ မကျေမနပ်ဖြစ်နေတဲ့ ဒေသခံတွေက ဒီအမှုကို အယူခံတရားရုံးအထိ ဆက်လက်တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်းကို သေချာနားလည်ဖို့ ၁၀ ဒေါ်လာတန် မြေကတိကဝတ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၉၉၉ ခုနှစ်ဆီကို ပြန်သွားကြည့်ရအောင်။ 404 Media က ဒီမြေနေရာမှာ ငယ်ငယ်ကတည်းက ဆော့ကစားခဲ့ပြီး မိမိကလေးတွေကိုလည်း ဒီမြေပေါ်မှာပဲ လွတ်လပ်စွာ ကြီးပြင်းစေခဲ့တဲ့ ဒေသခံဖြစ်သူ ပရိုမီလာ ဂရစ်ဖင် ကို မေးမြန်းခဲ့ပါတယ်။ ဂရစ်ဖင်ရဲ့ ပြောပြချက်အရ မြေပိုင်ရှင်လယ်သမားကြီး မစ္စတာ ဘလန်း ဟာ သူမရဲ့ ဖခင်နဲ့ မကြာခဏ စကားပြောလေ့ရှိပြီး တစ်ခါက "ဒီအရပ်က ကလေးတွေခမျာ ကစားစရာနေရာ မရှိရှာဘူး၊ ဒါကြောင့် သူတို့ကစားဖို့ နေရာရအောင် ဒီမြေကို ပန်းခြံလုပ်ဖို့ လှူလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်" လို့ ပြောခဲ့ဖူးကြောင်း ပြန်ပြောင်းပြောပြပါတယ်။ ၁၉၉၉ ခုနှစ် ဇူလိုင်လက ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ပြန်လည်တူးဖော်ကြည့်တဲ့အခါမှာလည်း လယ်သမားကြီးဟာ သူပြောခဲ့တဲ့အတိုင်း တကယ်ပဲ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။  ဒီဖြစ်စဉ်တစ်ခုလုံးကို အချိန်ကာလအလိုက် အကျဉ်းချုံးကြည့်မယ်ဆိုရင် ၁၉၉၉ ခုနှစ်မတိုင်ခင်မှာ လယ်သမားကြီးက အိမ်နီးနားချင်းတွေကို ကတိပေးခဲ့ပြီး၊ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ပန်းခြံအဖြစ် သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Texas Parks and Recreation Foundation ဆီကို ၁၀ ဒေါ်လာနဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ အဆိုပါအဖွဲ့က Williamson County Park Foundation ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဆီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး၊ တစ်လအကြာမှာတော့ အဲဒီအဖွဲ့က တေလာမြို့တော်အစိုးရဆီ မြေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ တေလာမြို့တော်ဟာ ဒီမြေကို တေလာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (TEDC) ဆီ ဒေါ်လာ ၁၅,၀၀၀ နဲ့ ရောင်းချခဲ့ပြီး နောက်ဆုံး ၂၀၂၅ ခုနှစ်မှာတော့ TEDC ကနေ Blueprint လို့ခေါ်တဲ့ ဒေတာစင်တာ တည်ဆောက်သူတွေဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးမှာလည်း အရှုံးအမြတ်တွေ အများကြီး ရှိနေပါတယ်။ အနှစ်ချုပ်ပြောရရင် ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အိမ်နောက်ဖေးနားမှာ Data Center ကြီး ပေါ်လာတာကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာ အလွန်အရေးပါတဲ့ မူလလှူဒါန်းစဉ်က ကတိကဝတ်စာချုပ်ကို မျက်ကွယ်ပြုလိုက်တဲ့ အခြေခံမူပိုင်းဆိုင်ရာ ပြဿနာလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း မြို့တော်ကောင်စီက ဒီမြေနေရာဟာ လုပ်ငန်းသုံးဇုန်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်လို့ ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းကို တားဆီးဖို့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ ဒီကနေ ရရှိလာမယ့် အခွန်ငွေ သန်းပေါင်းများစွာဟာ ဒေသခံတွေအတွက် ပြန်လည်အကျိုးပြုလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။ ဂရစ်ဖင်အနေနဲ့ ဒီမြေပေါ်မှာ စတုရန်းပေ ၁၃၅,၀၀၀ ကျယ်ဝန်းတဲ့ Data Center ကြီး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ၂၀၂၅ ခုနှစ်မှာ ဒေသခံလှုပ်ရှားသူတွေက လိုက်လံအသိပေးတဲ့အခါမှသာ စတင်သိရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက သူမဟာ Data Center ဆိုတာ ဘာလဲဆိုတာတောင် မသိခဲ့ပါဘူး။ သူမရဲ့ မိသားစုနဲ့အတူ အင်တာနက်မှာ ရှာဖွေကြည့်ပြီးတဲ့နောက်မှာတော့ ကိုယ့်အိမ်ရှေ့နားမှာ ဒီလိုအဆောက်အအုံကြီး လာဆောက်မယ့် အယူအဆကို လုံးဝသဘောမကျတော့ပါဘူး။ သူမအပါအဝင် ဒေသခံတွေဟာ လေထု၊ ရေထု၊ လျှပ်စစ်မီးနဲ့ ဆူညံသံတွေကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေကို စိုးရိမ်နေကြပါတယ်။ မြို့တော်ကောင်စီနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အနီးနားမှာရှိတဲ့ လူနေအိမ်တွေအတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း အာမခံထားပါတယ်။ အကာအရံတံတိုင်း ခတ်ပေးတာ၊ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးပေးတာ၊ ရေကို အလုံပိတ်စနစ်နဲ့ အအေးခံတာနဲ့ ကုမ္ပဏီပိုင် လျှပ်စစ်ဓာတ်အားခွဲရုံ သီးသန့်တည်ဆောက်တာ စတဲ့ ထိခိုက်မှုသက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို ပြောဆိုထားပါတယ်။

photo content

photo content

AMP GN 1200W Power Supply နောက်ဆုံးအနေနဲ့ Phanteks ဟာ Nexlinq စနစ်သုံး AMP GN 1200W Power Supply အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Power Supply ဟာ စက်ထဲက wattage အခြေအနေတွေနဲ့ အခြားအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ အဆင့်မြင့် PSU တစ်ခု ဖြစ်ပါတယ်။ Source: Kitguru.net and Techpowerup #EnThueTech #News #Cooling&Case Website https://www.enthuetech.com/2026/06/phanteks-ex-series-pc-case-server-case.html  Join our Telegram channel now! https://t.me/EnThueTech

Phanteks မှ EX-Series PC Case များ၊ Server Case များနှင့် X30/S25 Fan အသစ်များကို မိတ်ဆက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ နာမည်ကျော်ကွန်ပျူတာ hardware ပစ္စည်းထုတ်လုပ်သူ Phanteks ဟာ Computex ပွဲမှာကွန်ပျူတာ case နဲ့ cooling ပိုင်းတွေအတွက် ထုတ်ကုန်အသစ်အများအပြားကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီထဲမှာ ပုံစံသစ်နဲ့ လာမယ့် EX-series PC case တွေ၊ လုပ်ငန်းသုံး Server case တွေ၊ အဆင့်မြင့် fan တွေ၊ AIO Liquid Cooling တွေနဲ့ Power Supply အသစ်တွေ ပါဝင်ပါတယ်။ Phanteks EX-Series PC Cases ဒီ Phanteks ရဲ့ EX-series case တွေရဲ့ ထူးခြားချက်ကတော့ CPU ရော Graphics Card ကိုပါ တိုက်ရိုက်အအေးပေးစနစ် ပိုမိုကောင်းမွန်လာစေဖို့ လေစီးဆင်းမှုဇုန်တွေကို တစ်ခုနဲ့တစ်ခု သီးခြားစီ ခွဲထုတ်ပေးထားတဲ့ isolated airflow zones စနစ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ အဆင့်မြင့် EX6 Max မော်ဒယ်မှာဆိုရင်တော့ စက်ရဲ့ အခြေအနေတွေကို ပြသပေးမယ့် ၁၀ လက်မအရွယ် (10-inch) LCD မျက်နှာပြင်တစ်ခုအပြင် စက်ထဲမှာ တစ်ခါတည်း တပ်ဆင်ပါဝင်လာမယ့် AIO liquid coolingစနစ်ပါ ပူးတွဲပါဝင်လာမှာ ဖြစ်ပါတယ်။ လာမဲ့ စက်တင်ဘာလမှာ Phanteks EX6 ကို အမေရိကန်ဒေါ်လာ ၁၅၉.၉၉ ဒေါ်လာနဲ့ EX6 Max ကိုတော့ ၃၂၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။  Workstation နှင့် Server Case မော်ဒယ်အသစ်များ လုပ်ငန်းသုံး workstation နဲ့ server အသုံးပြုသူတွေအတွက်လည်း Enthoo Pro 2 Server V2 နဲ့ Enthoo Elite Server case မော်ဒယ်နှစ်ခုကို လာမယ့် ဇူလိုင်လဆန်းပိုင်းမှာ ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။ ၁၉၉.၉၉ ဒေါ်လာတန် Pro 2 Server V2 မှာဆိုရင် ဇကာကွက် သုံးထားတဲ့ သတ္တုကိုယ်ထည်နဲ့ လာပြီး SSI-EEB motherboard တွေ၊ dual PSU နှစ်လုံး) တပ်ဆင်နိုင်တာတွေ၊ PCI slots ၁၁ ခုနဲ့ storage အမြောက်အမြားကို ထောက်ပံ့ပေးထားပါတယ်။ တစ်ခါ ၃၄၉.၉၉ ဒေါ်လာတန် Enthoo Elite Server မော်ဒယ်မှာတော့ PCI slots ၁၂ ခုအထိ တိုးမြှင့်ပေးထားတဲ့အပြင် high-density storage စနစ်တွေနဲ့ fan အစီးပေါင်း ၂၉ လုံးအထိ တပ်ဆင်နိုင်မယ့် နေရာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် သွားလာရွှေ့ပြောင်းရ လွယ်ကူစေဖို့အတွက် ဘီးလုံးလေးတွေပါ ရွေးချယ်တပ်ဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။ Phanteks XT Series Case မော်ဒယ်အသစ်များ  Phanteks ရဲ့ XT Series ဟာ အပေါ်ဘက်မှာ 360 mm radiator တပ်ဆင်နိုင်ပြီး အကြီးစား Graphics Card တွေကို ကောင်းကောင်းဆံ့တဲ့ ကျစ်လျစ်တဲ့ ATX case အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီ case တွေမှာ S25 ARGB fan တွေကို စက်ထဲမှာ တစ်ခါတည်း အသင့်တပ်ဆင်ပေးထားပြီး မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ပထမမော်ဒယ်ဖြစ်တဲ့ XT M5 ကိုတော့ အမေရိကန်ဒေါ်လာ ၆၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး လေဝင်လေထွက် အလွန်ကောင်းမွန်တဲ့ full-mesh front panel ပါဝင်တဲ့အပြင် ၁၂၀ မီလီမီတာ fan ပေါင်း ၁၀ လုံးအထိ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယမော်ဒယ်ဖြစ်တဲ့ XT V5 ကိုလည်း ၆၉.၉၉ ဒေါ်လာနဲ့ပဲ ရောင်းချပေးထားပြီး စက်အတွင်းပိုင်းကို အလှဆင်ပြသဖို့အတွက် panoramic tempered glass ကို သုံးထားပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်ကို တိုက်ရိုက်အအေးပေးနိုင်ဖို့ case ရဲ့ အောက်ခြေမှာ fan ၃ လုံး တပ်ဆင်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။ နောက်ဆုံး အဆင့်မြင့်မော်ဒယ်ဖြစ်တဲ့ XT V5-LCD ကတော့ ၁၀၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး V5 ရဲ့ ပုံစံကိုမှ စက်ရဲ့ အခြေအနေတွေကို real-time စောင့်ကြည့်နိုင်မယ့် ၇ လက်မအရွယ် LCD မျက်နှာပြင်တစ်ခုကို Nexlinq ecosystem နဲ့ ချိတ်ဆက်ပြီး ထပ်မံဖြည့်စွက်ပေးထားတာ ဖြစ်ပါတယ် X30 နှင့် S25 Fan Series အသစ်များနှင့် Glacier One AIO များ Cooling ပိုင်းမှာတော့ ဖရိန်တစ်ခုတည်းမှာ တဆက်တည်းဖြစ်တဲ့ unified frames ပုံစံနဲ့ X30 fan series ကို ၁၂၀ မီလီမီတာ၊ ၂၄၀ မီလီမီတာနဲ့ ၃၆၀ မီလီမီတာ ဆိုပြီး ဗားရှင်းမျိုးစုံ ထုတ်လုပ်လိုက်ပါတယ်။ သူတို့မှာ ပုံမှန်လေမှုတ်ထုတ်မယ့် စနစ်အပြင် airflow ပြောင်းပြန်ဖြစ်စေတဲ့ ပုံစံတွေကိုပါ ရွေးချယ်နိုင်ပြီး အလူမီနီယံ အလှဆင်လိုင်းတွေ၊ ARGB မီးစနစ်နဲ့ ကြိုးရှုပ်ထွေးမှုမရှိစေမဲ့ single-cable စနစ်တွေ ပါဝင်လာမှာပါ။ ဒီကောင်လေးတွေကို ဒီနှစ်စတုတ္ထသုံးလပတ်မှာ ၁၉.၉၉ ဒေါ်လာကနေစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ X30 fan တွေကို သုံးထားပြီး ၆ လက်မအရွယ် (1480×720 ရုပ်ထွက်) IPS display ပါဝင်တဲ့ Glacier One 360X30-LCD AIO ရေအေးပေးစနစ်ကိုလည်း Q4 ထဲမှာပဲ ၁၇.၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Nexlinq စနစ်ကတစ်ဆင့် စိတ်ကြိုက် ပြုပြင်ဖန်တီးမှုတွေ လုပ်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ အမြန်နှုန်း 2000RPM အထိရပြီး single-frame ပုံစံနဲ့ လာမယ့် S25 fan series ကိုလည်း စက်တင်ဘာလလယ်မှာ ၇.၉၉ ဒေါ်လာကနေစပြီး ရောင်းချပေးသွားမှာဖြစ်သလို အဆိုပါ S25 fan တွေ ပါဝင်လာမယ့် Glacier One 360S25 AIO ကိုလည်း ၇၉.၉၉ ဒေါ်လာနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

photo content

NVIDIA က RTX Spark Superchip ဟာ ဒီလို AI ပိုင်းတင်မကဘဲ ဂိမ်းကစားသူတွေနဲ့ Creative သမားတွေအတွက်လည်း ဒီချစ်ပ်က အလွန်အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီပလက်ဖောင်းသစ်ဟာ 1440p Resolution မှာ 100 FPS အထက်နဲ့ AAA ဂိမ်းတွေကို ကစားနိုင် ဖြစ်ပြီး ဒါဟာ DLSS 4.5 နည်းပညာရဲ့ ရုပ်ထွက်မြှင့်တင်မှု (upscaling) နဲ့ Multi Frame Generation စနစ်တွေကြောင့် ဖြစ်လာနိုင်တာပါ။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ ကြီးမားလှတဲ့ memory pool ကြောင့် creator တွေအနေနဲ့ အကြီးစား 3D ပရောဂျက်တွေနဲ့ 12K 4:2:2 အဆင့်ရှိတဲ့ ရုပ်ထွက်အမြင့် ဗီဒီယိုတွေကို Memory မလောက်မှာ စိတ်ပူစရာမလိုဘဲ အေးဆေးကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။  RTX Spark ပလက်ဖောင်းရဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုအားကောင်းလာစေဖို့အတွက် NVIDIA ဟာ Adobe ကုမ္ပဏီနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေပြီး Photoshop နဲ့ Premiere တို့ရဲ့ Engine ကို RTX Spark ချစ်ပ်အတွက် ၁၀၀ ရာခိုင်နှုန်း GPU-accelerated ဖြစ်အောင် အောက်ခြေကနေ ပြန်လည်တည်ဆောက်နေပြီး AI လုပ်ဆောင်ချက်တွေကို ၂ ဆ ပိုမြန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI Agent တွေက Adobe ရဲ့ App တွေကို လှမ်းပြီး ထိန်းချုပ်နိုင်ဖို့ Model Context Protocol ကိုပါ ထည့်သွင်းပေးသွားမှာပါ။ လုံခြုံရေးပိုင်းမှာလည်း Microsoft နဲ့ ပူးပေါင်းပြီး OpenShell Framework နဲ့ Security Primitives အသစ်တွေကို ထည့်သွင်းထားတာကြောင့် Local AI Agent တွေဟာ အသုံးပြုသူ ခွင့်ပြုထားတဲ့ ဖိုင်နဲ့ data တွေကိုပဲ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ Build ကွန်ဖရင့်မှာ ဒီ Windows AI Agent အပြောင်းအလဲနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံချပြသွားမယ်လို့ဆိုပါတယ်။ ဒီ RTX Spark စနစ်သုံး ကွန်ပျူတာတွေဟာ လာမယ့် ၂၀၂၆ ခုနှစ်ရဲ့ ဆောင်းဦးပေါက်ကာလမှာ စတင်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ RTX Spark ဟာ NVIDIA ရဲ့ ကျောထောက်နောက်ခံပြု ပံ့ပိုးပေးမှုတွေကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်ကြီးထဲမှာ Windows on Arm အတွေ့အကြုံကို တကယ်ပဲ တစ်ခေတ်ဆန်းသွားစေမလား ဒါမှမဟုတ် အတော်လေးကောင်းမွန်တဲ့ ကွန်ပျူတာပလက်ဖောင်းတစ်ခုအဖြစ်ပဲ ကျန်ရစ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။  Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Tom's Hardware #EnThueTech #News #CPU #GPU #ARM #Windows Website https://www.enthuetech.com/2026/06/nvidia-computex-2026-rtx-spark.html  Join our Telegram channel now! https://t.me/EnThueTech

Nvidia က Computex 2026 တွင် Laptop နှင့် Desktop PC များအတွက် RTX Spark Superchip ကို မိတ်ဆက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Nvidia ဟာ Computex 2026 ပွဲမှာ Windows ကွန်ပျူတာအသုံးပြုတဲ့ပုံစံကို တစ်ခေတ်ဆန်းစေမယ့် နည်းပညာသစ်တစ်ခုကို ချပြလိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် Jensen Huang ဟာ ဒီပွဲမှာ Windows on Arm စနစ်သုံး လက်ပ်တော့တွေအတွက် RTX Spark ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ NVIDIA က ဒီစနစ်ကို "သမိုင်းတစ်လျှောက် စွမ်းဆောင်ရည် အထိရောက်ဆုံး ဖြစ်အောင် တည်ဆောက်ထားတဲ့ ပလက်ဖောင်း" လို့ ရဲရဲဝံ့ဝံ့ ကြေညာထားပြီး ကွန်ပျူတာလောကရဲ့ နောက်ထပ်မျိုးဆက်သစ်ဆီကို ဦးတည်နိုင်ဖို့အတွက် အကောင်းဆုံး Windows on Arm အတွေ့အကြုံကို ဖန်တီးဖို့ သူတို့ရဲ့ အင်အားကို အပြည့်အဝပုံအောပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ Nvidia ရဲ့ အဆိုအရ နောင်အနာဂတ်မှာ ကွန်ပျူတာကို လွန်ခဲ့တဲ့ အနှစ် ၄၀ ကလို Mouse နဲ့ Keyboard တွေ သုံးပြီး စေခိုင်းမယ့်အစား လူသားတွေ ပြောဆိုနေကျ ဘာသာစကားနဲ့ စေခိုင်းရုံနဲ့ အလုပ်လုပ်ပေးမယ့် AI Agent တွေက အဓိက နေရာယူလာတော့မှာ ဖြစ်ပါတယ်။ ဒီ AI Agent တွေဟာ အမိန့်တစ်ခု ရလိုက်တာနဲ့ မိမိဘာသာ ပန်းတိုင်သတ်မှတ်တာ၊ အလုပ်အတွက် လိုအပ်တဲ့ software tool တွေကို ဖွင့်သုံးတာ၊ လုပ်ငန်းအရည်အသွေးကို စစ်ဆေးတာနဲ့ ပိုကောင်းအောင် ပြန်ပြင်တာတွေကို အသုံးပြုသူ စက်အနီးမှာ မရှိတဲ့အချိန် ဒါမှမဟုတ် ညဘက်တွေမှာပါ အလိုအလျောက် ဆက်တိုက် လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။ ဒီလို တွေးခေါ်မြော်မြင်မှုတွေ လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ထိရောက်တဲ့ Hardware အပြင် များပြားလှတဲ့ memory ပမာဏကို လိုအပ်မှာဖြစ်ပါတယ်။ NVIDIA ဟာ သူတို့မျှော်မှန်းထားတဲ့ ကွန်ပျူတာခေတ်သစ်ရဲ့ AI reasoning တွေကို အကောင်းဆုံးမောင်းနှင်ပေးနိုင်ဖို့အတွက် လောလောဆယ် ဈေးကွက်ထဲမှာရှိတဲ့ ဘယ်ပရိုဆက်ဆာထက်မဆို ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ RTX Spark Superchip ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါတင်မကသေးဘဲ လာမဲ့ မျိုးဆက် ၃ ခုအထိ ပါဝင်တဲ့ အနာဂတ် Spark မျိုးနွယ်ဝင်ချစ်ပ်တွေရဲ့ လမ်းပြမြေပုံကိုပါ တစ်ပါတည်း ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Superchip ရဲ့ အမြင့်ဆုံးဗားရှင်းမှာဆိုရင် အားကောင်းလှတဲ့ ARM CPU core ပေါင်း ၂၀ အထိ ပါဝင်မှာဖြစ်ပြီး CUDA core ပေါင်း ၆,၁၄၄ ခု ပါဝင်တဲ့ Blackwell GPU၊ 128GB အထိရှိမယ့် LPDDR5X RAM နဲ့ တစ်စက္ကန့်ကို 300 GB အထိ အချက်အလက်စီးဆင်းနိုင်မယ့် memory bandwidth စနစ်တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ NVIDIA ရဲ့ အဆိုအရ NVLink C2C စနစ်နဲ့ အချင်းချင်း ချိတ်ဆက်ထားပြီး ကြီးမားတဲ့ memory ပါဝင်တာကြောင့် Parameter ပေါင်း ဘီလီယံ ၁၂၀ ရှိတဲ့ Frontier LLM မော်ဒယ်ကြီးတွေကို စက်ထဲမှာတင် (Local) အေးဆေး Run နိုင်မှာဖြစ်ပြီး Context Length အနေနဲ့လည်း Token ပေါင်း ၁ သန်းအထိ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။  RTX Spark စနစ်ကို Dell၊ HP၊ Lenovo၊ Asus နဲ့ MSI စတဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့် high-end laptop တွေမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး အထူးခြားဆုံးအနေနဲ့ Microsoft ရဲ့ Surface Laptop Ultra အသစ်မှာလည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ NVIDIA က ဒီမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး Tandem OLED G-Sync မျက်နှာပြင်တွေ၊ တစ်နေကုန် အသုံးခံမဲ့ ဘက်ထရီသက်တမ်း၊ အဆင့်မြင့် အလူမီနီယံကိုယ်ထည်နဲ့ ဖန်သားပြင် Touchpad အကြီးစားတွေ ပါဝင်တဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ သမိုင်းတစ်လျှောက် အဆန်းပြားဆုံး Laptop တွေကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။ NVIDIA က RTX Spark ပလက်ဖောင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည် ထိရောက်မှုဟာ "High-performance laptop တစ်လုံးရဲ့ အဓိပ္ပာယ်ကိုပါ ပြောင်းလဲပစ်လိုက်ပြီ" လို့ဆိုပါတယ်။ ဒါကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်မှာ ဝယ်ယူသူတွေအနေနဲ့ စွမ်းဆောင်ရည်ကောင်းတာကိုပဲ ရွေးရမလား ဒါမှမဟုတ် ကိုယ်ထည်ပါးပါးနဲ့ ဘက်ထရီခံတာကိုပဲ ရွေးရမလားဆိုပြီး ဗျာများနေစရာ မလိုတော့ပါဘူး။ RTX Spark PC တွေဟာ အားသွင်းကြိုး ထိုးထားထား၊ မထိုးထားထား Windows on Arm နဲ့ Apple Silicon စနစ်တွေလို တူညီတဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပေးအပ်မှာ ဖြစ်ပါတယ်။ NVIDIA ဟာ ဒီ AI အေးဂျင့်အခြေပြု Windows on Arm အတွေ့အကြုံတွေကို Laptop တွေသာမက ကျစ်လျစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Desktop ကွန်ပျူတာတွေဆီကို DGX Spark ဆိုပြီး ရောက်ရှိလာဦးမှာပါ။  NVIDIA က ဒီပလက်ဖောင်းကို စတင်မိတ်ဆက်တဲ့အချိန်မှာ စုစုပေါင်း Laptop မော်ဒယ်ပေါင်း ၃၀ ကျော်နဲ့ Desktop မော်ဒယ် ၁၀ ခုဝန်းကျင်လောက်အထိ ဈေးကွက်ထဲကို အားကောင်းကောင်းနဲ့ ဝင်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။

photo content