fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

En Thue Tech

En Thue Tech

رفتن به کانال در Telegram

သင့်အတွက် နောက်ဆုံးပေါ်ထိပ်တန်းကွန်ပြူတာနည်းပညာဆိုင်ရာသတင်းများ

نمایش بیشتر
1 359
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
-230 روز
آرشیو پست ها
Cardpocalypse၊ Albion: Epic Mage Bundle နှင့် Caravan SandWitch ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို သြဂုတ်လ ၂၇ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Card Game၊ Indie နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Cardpocalypse အပြင် Adventure၊ Fantasy နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Albion Online ရဲ့ Epic Mage Bundle ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း အရင်အပတ်က PC အတွက်ပေးခဲ့တဲ့ Caravan SandWitch ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာတော့ PC အတွက် Breathedge နဲ့ Rival Stars Horse Racing: Desktop Edition ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Cardpocalypse၊ Albion: Epic Mage Bundle နှင့် Caravan SandWitch ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic
Cardpocalypse၊ Albion: Epic Mage Bundle နှင့် Caravan SandWitch ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို သြဂုတ်လ ၂၇ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Card Game၊ Indie နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Cardpocalypse အပြင် Adventure၊ Fantasy နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ Albion Online ရဲ့ Epic Mage Bundle ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း အရင်အပတ်က PC အတွက်ပေးခဲ့တဲ့ Caravan SandWitch ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာတော့ PC အတွက် Breathedge နဲ့ Rival Stars Horse Racing: Desktop Edition ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram cha

Caravan SandWitch နှင့် Beholder: Conductor ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC
Caravan SandWitch နှင့် Beholder: Conductor ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၂ခုကို သြဂုတ်လ ၂၀ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Casual နဲ့ Indie ဂိမ်းအမျိုးအစားဖြစ်တဲ့ Caravan SandWitch ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Beholder: Conductor ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာတော့ PC အတွက် Cardpocalypse Standard Edition နဲ့ Albion: Epic Mega Bundle ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

ဂိမ်းကုမ္ပဏီများအနေဖြင့် ဂိမ်းခွေဖြန့်ချီမှုကိုရပ်ဆိုင်း၍ ဒီဂျစ်တယ်စနစ်ကိုသာ အသုံးပြုပါက ဂိမ်းတစ်ခုလျှင် ၁၀ ဒေါ်လာကျော်အထိ ချွေတာနိုင်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ AAA အဆင့် ဂိမ်းကြီးတွေကို အခွေမပါဘဲ ဒီဂျစ်တယ်စနစ်နဲ့ပဲ ရောင်းချတာဟာ ဂိမ်းထုတ်လုပ်သူတွေအတွက် ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းစေမယ့် ပုံစံမျိုး ဖြစ်လာနေပါတယ်။ GameFile ရဲ့ အစီရင်ခံစာအသစ်အရ ဂိမ်းတွေကို Disc မဟုတ်ဘဲ ဒီဂျစ်တယ်လိုင်စင်စနစ်နဲ့ပဲ ရောင်းချတဲ့အခါ ရောင်းရတဲ့ ဂိမ်းတစ်ခွေစီအတွက် ဒေါ်လာ ၁၀ ကျော် ပိုပြီး သက်သာသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဂိမ်းထုတ်လုပ်သူတွေအနေနဲ့ လက်လီဆိုင်တွေကနေတစ်ဆင့် ရောင်းချမယ့် ဂိမ်းခွေတွေ ထုတ်လုပ်ဖို့အတွက် Sony နဲ့ Microsoft တို့ဆီကို ဂိမ်းရဲ့ သတ်မှတ်ဈေးနှုန်းရဲ့ ၁၅% ကနေ ၂၀% အထိ ပေးဆောင်နေရတာဖြစ်ကြောင်း GameFile က ဖော်ပြထားပါတယ်။ ခေတ်သစ် AAA ဂိမ်းကြီးတွေအတွက်တော့ ဒါဟာ ဂိမ်းလောကတစ်ခုလုံး ဒီဂျစ်တယ် စနစ်ဘက်ကို ကူးပြောင်းဖို့ တွန်းအားပေးနေချိန်မှာ အရေးပါတဲ့ ကုန်ကျစရိတ် လျှော့ချမှုတစ်ခု ဖြစ်လာပါတယ်။ ဥပမာအားဖြင့် - ထွက်ရှိလာတော့မယ့် Grand Theft Auto VI (GTA 6) လိုမျိုး $79.99 တန်ကြေးရှိတဲ့ ဂိမ်းတစ်ခုမှာဆိုရင် အခွေထုတ်လုပ်ခ ကုန်ကျစရိတ်တင် ဒေါ်လာ ၁၂ ကနေ ၁၆ အထိ ရှိနေတာဖြစ်ပါတယ်။ ဒါဟာ ဂိမ်းထုတ်လုပ်သူတွေအတွက် အလွန်ကြီးမားတဲ့ စရိတ်သက်သာမှု ဖြစ်တာကြောင့် အကယ်၍ Microsoft နဲ့ Sony တို့ကသာ ဂိမ်းခွေ ထုတ်လုပ်တာကို ရပ်တန့်လိုက်မယ်ဆိုရင် ထုတ်လုပ်သူတွေကလည်း ဂိမ်းခွေထုတ်ပေးတာကို ရပ်ဆိုင်းသွားကြဖွယ် ရှိပါတယ်။ လက်ရှိ ဂိမ်းစက်အသုံးပြုသူတွေမှာတော့ အယူအဆ နှစ်ခု ကွဲပြားနေပါတယ်။ အချို့က Physical Disc တွေကို စွန့်လွှတ်ဖို့ ထောက်ခံနေကြသလို၊ အချို့ကလည်း မိမိကြိုက်နှစ်သက်ရာ ဝယ်ယူမှုပုံစံကို ရွေးချယ်ခွင့်ရှိသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။ Microsoft ရဲ့ ပေါက်ကြားလာတဲ့ Internal roadmap အရ Disc-to-Digital အစီအစဉ်တွေကို မကြာမီ အကောင်အထည်ဖော်တော့မယ်လို့ သဲလွန်စတွေ တွေ့ရပါတယ်။ Disc to Digital ဆိုတာဟာ Xbox ဂိမ်းစက်တွေမှာ ဒီဂျစ်တယ် သီးသန့်အသုံးပြုတဲ့ အနာဂတ်ဖြစ်လာဖို့ Microsoft က စတင်လိုက်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ ကစားသမားတွေဟာ မိမိတို့ဆီမှာရှိတဲ့ ဂိမ်းခွေကို ဂိမ်းစက်ထဲ ထည့်သွင်းရုံနဲ့ ဒီဂျစ်တယ်လိုင်စင် အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အခွေကို ဖတ်ရှုစစ်ဆေးပြီးတာနဲ့ Microsoft က သူတို့ရဲ့ သီးသန့် Key ကို အသုံးပြုပြီး ဒီဂျစ်တယ်လိုင်စင်တစ်ခု ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ ဂိမ်းခွေကို အခြားသူများထံ ငှားရမ်းတာ သို့မဟုတ် ပြန်လည်ရောင်းချတာတွေကို ပြုလုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ Sony အနေနဲ့လည်း ၂၀၂၈ ခုနှစ်လောက်မှာ ဂိမ်းအသစ်တွေအတွက် ဂိမ်းခွေ ထုတ်လုပ်မှုကို လုံးဝ အဆုံးသတ်နိုင်ဖို့ တက်ကြွစွာ ဆောင်ရွက်နေတာကြောင့် နည်းပညာလောကတစ်ခုလုံး ဒီဂျစ်တယ်စနစ်ဘက်ကို ကူးပြောင်းနေပြီဆိုတာ ပြသနေပါတယ်။ ဂိမ်းထုတ်လုပ်သူတွေအတွက်ကတော့ အခွေပြုလုပ်ရတဲ့ ကုန်ကျစရိတ်တွေ မရှိတော့တာကြောင့် ဝမ်းသာကြမှာ အသေအချာပါပဲ။ ဝန်ထမ်းအလျှော့အတင်းတွေ ကြုံတွေ့နေရတဲ့ ဂိမ်းစတူဒီယိုတွေနဲ့ ထုတ်လုပ်သူတွေအတွက်တော့ အခုလို ၁၅% မှ ၂၀% အထိ ဝင်ငွေ ရုတ်တရက် တိုးတက်လာတာဟာ သူတို့ရဲ့ပရောဂျက်တွေမှာ Developer တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ဂိမ်းကစားသူတွေအနေနဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် ပျောက်ဆုံးသွားရမှာဖြစ်တာကြောင့် ရာနှုန်းပြည့် ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းခြင်းဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ဒွန်တွဲနေတဲ့ ဓားသွားနှစ်ဖက်ပါ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ Source: Techpowerup #EnThueTech #News #Industry #Gaming Website  https://www.enthuetech.com/2026/08/publishers-will-save-usd-10-per-game-copy-by-going-digital.html  Join our Telegram channel now! https://t.me/EnThueTech

photo content

Ghost Recon Future Soldier၊ Beacon Pines၊ We Were Here Together နှင့် A Guidebook of Babel ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Ubisoft က Ghost Recon ဂိမ်းစီးရီးရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် PC Gamer တွေအတွက် လက်ဆောင်လေးတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ tactical shooter ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Ghost Recon Future Soldier ကို သြဂုတ်လ ၁၃ရက်နေ့အထိရယူခွင့်ပေးလိုက်ပါတယ်။ ဒီဂိမ်းကို Ubisoft ရဲ့ Game Launcher ဖြစ်တဲ့ Ubisoft Connect ကနေရယူနိုင်ပါတယ်။ https://www.ubisoft.com/en-gb/games/tom-clancys-ghost-recon-future-soldier Epic Games ကလည်း ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို သြဂုတ်လ ၁၃ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Exploration နဲ့ Narration ဂိမ်းအမျိုးအစားဖြစ်တဲ့ Beacon Pines အပြင် Adventure၊ Indie နဲ့ Puzzle ဂိမ်းအမျိုးအစားဖြစ်တဲ့ We Were Here Together ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Mutazione ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ PC အတွက် Beacon Pines နဲ့ We Were Here Together ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

photo content

Epic 30.07.2026.png1.31 MB

OXTO၊ Sol Cesto နှင့် Mutazione ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့
OXTO၊ Sol Cesto နှင့် Mutazione ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို သြဂုတ်လ ၆ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action၊ Rogue-Lite နဲ့ Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ OXTO အပြင် Dungeon Crawler၊ Rogue-Lite နဲ့ Turn-Based ဂိမ်းအမျိုးအစားဖြစ်တဲ့ Sol Cesto ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Mutazione ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ သြဂုတ်လ ၆ ရက်နေ့မှာတော့ PC အတွက် Beacon Pines နဲ့ We Were Here Together ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Nvidia reveals Vera CPU details.png7.92 KB

AMD Epyc Turin ထက် စွမ်းဆောင်ရည် သာလွန်ကြောင်း ကြွေးကြော်လိုက်သည့် Nvidia ၏ Vera CPU နှင့် Olympus Core များ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Nvidia က ဒီအပတ်အတွင်း သူတို့ရဲ့ လာမယ့် Vera data center CPU အကြောင်း အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ဖော် ပြသခဲ့ပါတယ်။ ဒီထဲမှာ agentic AI လုပ်ငန်းတွေအတွက် အထူးတလည် ဒီဇိုင်းဆွဲထားတဲ့ စိတ်ကြိုက် Olympus core တွေရဲ့ အဓိကအချက်အလက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီ architecture အသစ်ဟာ ပြိုင်ဘက် ထုတ်ကုန်တွေထက် ပိုမိုမြန်ဆန်တဲ့ single-core စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တယ်လို့လည်း Nvidia က ဆိုပါတယ်။ Nvidia ရဲ့ Vera Rubin ပလက်ဖောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Arm အခြေပြု Vera CPU ကို AI agent တွေအတွက် reasoning တွေ လုပ်ဆောင်ဖို့၊ tool execution တွေကို အဆင်ပြေချောမွေ့စေဖို့၊ code တွေ ရေးသားပေးဖို့နဲ့ AI အေးဂျင့်တွေအတွက် လုပ်ငန်းတာဝန်တွေကို ရေးဆွဲပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီချစ်ပ်ကို ဘက်စုံသုံး chip တစ်ခုအဖြစ် တည်ဆောက်ထားတာကြောင့် ပုံမှန် AI လုပ်ငန်းတွေထက် CPU စွမ်းအား ပိုပြီးလိုအပ်တဲ့ သိပ္ပံနည်းကျ ဒေတာလုပ်ဆောင်မှုနဲ့ reinforcement learning လိုမျိုး အလုပ်တွေကိုပါ ကိုင်တွယ်နိုင်ပါတယ်။  Vera CPU တစ်ခုစီမှာ Olympus cores ၈၈ ခု၊ physical threads ၁၇၆ ခု၊ 64KB four-way L1 instruction cache နဲ့ 164MB unified L3 cache တို့ကို compute die တစ်ခုတည်းပေါ်မှာ ပေါင်းစပ်တပ်ဆင်ထားပါတယ်။ ဒါ့အပြင် 48-instruction decode queue လည်း ပါဝင်ပါတယ်။ core ရဲ့ အလယ်ပိုင်း mid-core မှာတော့ 96KB six-way L1 data cache နဲ့ 2MB eight-way L2 cache တို့ ပါဝင်ပြီး ဒေတာပမာဏများပြားတဲ့ graph နဲ့ analytics လုပ်ငန်းစဉ်တွေအတွက် hardware graph prefetcher စနစ်ကိုပါ ထည့်သွင်းပေးထားပါတယ်။ Custom core တစ်ခုစီမှာတော့ သီးသန့် အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ အဲဒါတွေကတော့ branch prediction စနစ်ကို အကောင်းဆုံးပြင်ဆင်ထားတဲ့ wide front-end၊ အရေးကြီးတဲ့ လုပ်ငန်းစဉ်လမ်းကြောင်းတွေကို အရှိန်မြှင့်ပေးမယ့် mid-core နဲ့ ရှုပ်ထွေးတဲ့ vector တွက်ချက်မှုတွေကို အကောင်းဆုံး မွမ်းမံပေးနိုင်တဲ့ execution engine တို့ပဲ ဖြစ်ပါတယ်။ ဒီ core တွေဟာ cycle တစ်ခုမှာ instruction ၁၆ ခုအထိ ထောက်ပံ့ပေးနိုင်တဲ့ high-bandwidth instruction fetch စနစ် ပါဝင်ပြီး cycle တစ်ခုမှာ ပေါင်းစည်းထားတဲ့ instruction ၁၀ ခုအထိ စီမံပေးနိုင်တဲ့ 10-wide decode engine တစ်ခုလည်း ပါဝင်ပါတယ်။ Olympus ရဲ့ branch prediction စနစ်မှာ သီးသန့် branch pattern တွေကြောင့် လမ်းကြောင်းမှားယွင်းတွက်ချက်မိတာမျိုးကို လျှော့ချပေးနိုင်တဲ့ neural branch predictor ပါဝင်ပါတယ်။ ဒါဟာ Wide decode path နဲ့ ပေါင်းစပ်လိုက်တဲ့အခါ Agentic AI နဲ့ Reinforcement Learning လိုမျိုး latency တိုတောင်းဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေအတွက် front-end throughput ကို ပိုမိုကောင်းမွန်စေပါတယ်။ Olympus core architecture မှာ Nvidia ရဲ့ Spatial Multithreading နည်းပညာကို ပေါင်းစပ်ပေးထားတာကြောင့် စက်ရဲ့ လုပ်ဆောင်နိုင်စွမ်း အရင်းအမြစ်တွေကို လိုက်လျောညီထွေ ခွဲဝေအသုံးပြုနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် die ပေါ်ရှိ core အချင်းချင်း ချိတ်ဆက်မှုကို Bandwidth 3.4 TB/s အထိ ထောက်ပံ့ပေးနိုင်တဲ့ Scalable Coherency Fabric စနစ်၊ စုစုပေါင်း 1.2 TB/s ရရှိမယ့် SOCAMM2 LPDDR5X memory bandwidth နဲ့ မန်မိုရီပမာဏ 1.5 TB အထိကိုပါ ထောက်ပံ့ပေးထားပါတယ်။ Vera CPU ဟာ NVLink-C2C၊ PCIe 6.4 နဲ့ CXL 3.1 စနစ်တွေပေါ်မှာ 1.8 TB/s ချိတ်ဆက်မှုကို ထောက်ပံ့ပေးထားပါတယ်။ Socket တစ်ခုစီမှာ PCIe Gen 6 lanes ၁၇၆ ခုအထိ ပါဝင်ပြီး dual-socket စနစ်အထိ ချဲ့ထွင်အသုံးပြုနိုင်ပါတယ်။ Dual-socket စနစ်တွေမှာ ဖြစ်တတ်တဲ့ latency ကို လျှော့ချဖို့အတွက် Vera ဟာ socket တစ်ခုစီကို NUMA domain တစ်ခုတည်းအဖြစ် ဖော်ပြပေးတဲ့ software အခြေပြုနည်းလမ်းကို အသုံးပြုထားတာကြောင့် fragmentation မှုကို ရှောင်ရှားနိုင်ပြီး သန့်ရှင်းတဲ့ NUMA-node နှစ်ခုပါဝင်တဲ့ တည်ဆောက်ပုံစနစ်ကို ဖန်တီးပေးထားပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: TechSpot #EnThueTech #News #HPC #CPU Website  https://www.enthuetech.com/2026/07/nvidia-reveals-vera-cpu-with-custom-olympus-cores.html  Join our Telegram channel now! https://t.me/EnThueTech

photo content

Foretales ဂိမ်းကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS(EU Region) တို့အတွက် Card Game
Foretales ဂိမ်းကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS(EU Region) တို့အတွက် Card Game၊ Narration နဲ့ Strategy ဂိမ်းအမျိုးအစားဖြစ်တဲ့ Foretales ကို ဇူလိုင်လ ၃၀ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် Andriod မှာ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ PC အတွက် OTXO နဲ့ Sol Cesto ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Echo Generation: Midnight Edition၊ Luto နှင့် The Ouroboros King ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအ
Echo Generation: Midnight Edition၊ Luto နှင့် The Ouroboros King ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇူလိုင်လ ၂၃  ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action၊ RPG နဲ့  Turn-Based ဂိမ်းအမျိုးအစားဖြစ်တဲ့ Echo Generation: Midnight Edition အပြင် Adventure နဲ့ Horror ဂိမ်းအမျိုးအစားဖြစ်တဲ့ Luto ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း The Ouroboros King ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ PC အတွက် Echo Generation: Midnight Edition နဲ့ Luto ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Nova Lands၊ Tatto Tycoon နှင့် Princess Farmer ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Andro
Nova Lands၊ Tatto Tycoon နှင့် Princess Farmer ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇူလိုင်လ ၁၆  ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Indie နဲ့  Simulation ဂိမ်းအမျိုးအစားဖြစ်တဲ့ Nova Lands အပြင် Indie၊ Simulation နဲ့ Strategy ဂိမ်းအမျိုးအစားဖြစ်တဲ့ Tatto Tycoon ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Princess Farmer ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ PC အတွက် Echo Generation: Midnight Edition နဲ့ Luto ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Reshi ရဲ့ အခုဖန်တီးမှုက EA ကုမ္ပဏီရဲ့ မူရင်း source code နဲ့ ဂိမ်းအသိုက်အဝန်းရဲ့ နှစ်ပေါင်းများစွာ အဆင့်မြှင့်တင်ခဲ့တဲ့ လုပ်အားတွေအပေါ်မှာ အခြေခံထားဆဲဖြစ်ပြီး၊ သူကိုယ်တိုင်လည်း အဲဒီလူတွေကို ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့လည်း Zero Hour ဂိမ်းကြီးကို iPhone ပေါ်မှာ ဘာကြားခံ software မှမလိုဘဲ တိုက်ရိုက်ဆော့လို့ရနေတာကို မြင်တွေ့ရတာကတော့ တကယ့်ကို အံ့ဩစရာကောင်းလှတဲ့ ရလဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ စိတ်ဝင်စားလို့ စမ်းသပ်လိုသူတွေအတွက် အောက်မှာ CNC Generals ဂိမ်းရယူနိုင်မဲ့ Ammar Reshi ရဲ့ GitHub လင့်ကိုထည့်သွင်းပေးထားပါတယ်။ https://github.com/ammaarreshi/Generals-Mac-iOS-iPad  Ammaar Reshi ကတော့ သူရဲ့နောက်ထပ် ပရောဂျက်အနေနဲ့ Command & Conquer universe ထဲက ထူးထူးခြားခြား FPS ဂိမ်းတစ်ခုဖြစ်တဲ့ Command & Conquer: Renegade ဂိမ်းကို macOS/iOS ပေါ်မှာ တိုက်ရိုက်ကစားလို့ရအောင် Port လုပ်သွားမယ်လို့ဆိုပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Digital Trends and Ammar Reshi's GitHub page #EnThueTech #News #Gaming #AI Website  https://www.enthuetech.com/2026/07/google-executive-ports-cnc-generals-to-ios-and-macos-with-claude.html  Join our Telegram channel now! https://t.me/EnThueTech

Google အရာရှိတစ်ဦးမှ Claude AI ကိုအသုံးပြု၍ Command & Conquer Generals: Zero Hour ကို iPhone နှင့် Mac ပေါ်တွင် ကစားနိုင်အောင် Port လုပ်နိုင်ခဲ့ အခုနောက်ပိုင်းဂိမ်းလောကမှာ AI နည်းပညာသုံးပြီး ဂိမ်းထုတ်လုပ်တဲ့စနစ်ကြောင့် App Store တွေထဲမှာ အရည်အသွေးမကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းတွေ ပေါများနေတယ်ဆိုပြီး အပြစ်တင်ခံနေရတယ်ဆိုပေမဲ့ တစ်ခါတရံမှာလည်း ဒီနည်းပညာကြောင့် တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာတတ်ပါတယ်။ Google မှာ ထုတ်ကုန်နဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အကြီးတန်းအရာရှိတစ်ယောက်ဖြစ်တဲ့ Ammaar Reshi ဟာ Claude 3.5 Sonnet AI ကို အသုံးပြုပြီး နာမည်ကျော် Real-Time Strategy ဂိမ်းတစ်ခုဖြစ်တဲ့ Command & Conquer Generals: Zero Hour ဂိမ်းကို iPhone နဲ့ iPad ပေါ်မှာ ဆော့လို့ရအောင် Port လုပ်လိုက်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ပုံမှန် Emulator သို့မဟုတ် Cloud ကနေတဆင့် ကစားရတဲ့ပုံစံမျိုး လုံးဝ မဟုတ်ပါဘူး။ Reshi ရဲ့ GitHub စာမျက်နှာမှာ ဖော်ပြထားချက်အရ အမှန်တကယ် ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂိမ်း Engine ကို Apple ရဲ့ ARM64 processor တွေမှာ natively အလုပ်လုပ်နိုင်အောင် ပြန်လည်တည်ဆောက်ထားတာဖြစ်လို့ iPhone၊ iPad နဲ့ Mac ကွန်ပျူတာတွေပေါ်မှာ တိုက်ရိုက်ဆော့ကစားနိုင်တာ ဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ ဂိမ်းကုမ္ပဏီ EA က ထုတ်ပြန်ပေးထားတဲ့ မူရင်း GPL source code တွေနဲ့ ယခင်ကတည်းက ရှိနှင့်ပြီးသား ဂိမ်း community ရဲ့ ပြင်ဆင်မွမ်းမံမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး၊ အခုအခါမှာတော့ iOS နဲ့ iPadOS အတွက်ပါ ပြောင်းလဲတပ်ဆင်မှုကို ထပ်မံဖြည့်စွက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဂန္ထဝင်ကွန်ပျူတာဂိမ်းတစ်ခုကို iPhone ပေါ်ရောက်အောင် Claude AI က ဘယ်လိုကူညီပေးခဲ့လဲ ဒီလို ပြောင်းလဲအသုံးပြုနိုင်အောင် လုပ်ရတဲ့လုပ်ငန်းစဉ်က ကွန်ပျူတာစခရင်မှာ ဆော့တဲ့ Windows ဂိမ်းအဟောင်းကြီးတစ်ခုကို ဖုန်းစခရင်အသစ်ပေါ်မှာ အလွယ်တကူ လှမ်းဖွင့်လိုက်ရုံလောက်နဲ့တော့ မရိုးရှင်းပါဘူး။ ဂိမ်းရဲ့ မူရင်း Engine ဟာ ကွန်ပျူတာစနစ်လိုမျိုး စိတ်ကြိုက်အချက်အလက် ဝင်ရောက်ရေးသားလို့ရတဲ့ file system မျိုးကို မျှော်လင့်ထားတာဖြစ်ပြီး၊ တစ်ဖက်မှာတော့ iOS app တွေက လုံခြုံရေးအရ သီးသန့်ပိတ်ဆို့ထားတဲ့ code-signed bundle အလုံပိတ်စနစ်ထဲမှာပဲ ရှင်သန်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းထဲက Save files တွေ၊ ကူညီပေးမယ့် cache လမ်းကြောင်းတွေနဲ့ configuration ရေးသားမှုတွေကို တခြားနေရာဆီ လမ်းကြောင်းလွှဲပေးခဲ့ရပါတယ်။ သူ့အနေနဲ့ graphics pipeline ကိုလည်း အကြီးအကျယ် ပြန်ပြင်ခဲ့ရပါသေးတယ်။ Zero Hour ဂိမ်းကို ခေတ်ဟောင်း DirectX 8 API ပေါ်မှာ အခြေခံတည်ဆောက်ခဲ့တာဖြစ်ပြီး၊ Apple စက်ပစ္စည်းတွေကတော့ သီးသန့် Metal API ကို သုံးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပရောဂျက်မှာ အဲဒီပြဿနာကို DXVK နဲ့ MoltenVK စနစ်တွေကတဆင့် ကြားခံချိတ်ဆက်ပေးခဲ့ရပြီး၊ DirectX စနစ်ဟောင်းကြီးကို ကနဦးမှာ Vulkan စနစ်အဖြစ် ပြောင်းလဲကာ၊ အဲဒီကမှတဆင့် Apple ရဲ့ Metal စနစ်ဆီ ထပ်မံ translate လုပ်ပြီး လမ်းကြောင်းလွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Real-Time Strategy ဂိမ်းတွေဟာ ပုံမှန်အားဖြင့် Mouse နဲ့ကစားမှ အဆင်ပြေတာဖြစ်ပြီး၊ iPhoneနဲ့ iPad တွေမှာတော့ မောက်စ်မပါဝင်တာက အထင်အရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့် Reshi ရဲ့ ပရောဂျက်မှာ RTS ဂိမ်း ကစားဟန်နဲ့ ကိုက်ညီမယ့် touch control တွေကို ထည့်သွင်းပေးခဲ့ရပါတယ်။ အဲဒီ touch control ထဲမှာဆိုရင် စခရင်ကို နှိပ်ပြီး စစ်သည်ရွေးချယ်တာ၊ ဖိဆွဲပြီး အုပ်စုလိုက်ရွေးချယ်တာ၊ လက်ချောင်းနှစ်ချောင်းနဲ့ စခရင်ကို ရွှေ့တာ၊ လက်ချောင်းနဲ့ ချဲ့တာ၊ ချုံ့တာနဲ့ ဖိနှိပ်ပြီး အမိန့်ပေးတာ စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဂိမ်းလောကအတွက် AI ကို ပိုမိုကောင်းမွန်တဲ့နေရာမှာ အသုံးချခြင်း Command & Conquer Generals Zero Hour ဂိမ်းဟာ သူ့ခေတ်သူ့အခါက ကွန်ပျူတာပေါ်မှာ အကောင်းဆုံး RTS ဂိမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဂိမ်းကစားရတာ အလွန်မြန်ဆန်ပြီး ဆူညံပွက်လောရိုက်လှသလို အထူးသဖြင့် Generals Challenge mode ဆိုရင် ကိုယ့်ရဲ့ စစ်ဗျူဟာစွမ်းရည်ကို တကယ့်ကို စမ်းသပ်တဲ့ပွဲကြီးတစ်ပွဲလို ခံစားရစေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကွန်ပျူတာပေါ်မှာ RTS စစ်ဗျူဟာဂိမ်းတွေ ဆော့ပြီး ကြီးပြင်းလာခဲ့ရသူတွေအတွက်တော့ အခုလို AI ပရောဂျက်မျိုးက တကယ့်ကို တန်ဖိုးရှိပြီး အဖတ်တင်တဲ့ အရာမျိုး ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဂိမ်းကစားသူတွေဟာ ဂိမ်းလောကထဲ AI ဝင်ရောက်လာတာကို သဘောမကျကြပါဘူး၊ အထူးသဖြင့် လူသားတွေရဲ့ ဖန်တီးနိုင်စွမ်းကို အစားထိုးဖို့ ကြိုးစားတာမျိုး ဒါမှမဟုတ် App Store တွေထဲမှာ စိတ်ပျက်စရာ ဂိမ်းအညံ့စားတွေနဲ့ လာရောက်ပိတ်ဆို့တာမျိုးတွေကို မုန်းတီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ AI ဟာ ဘယ်လိုမှ ဆော့လို့မရနိုင်တော့မယ့် စက်ပစ္စည်းတွေပေါ်ဆီ ဂန္ထဝင်ဂိမ်းဟောင်းကြီးကို ပို့ဆောင်ပေးနိုင်ဖို့အတွက် အကောင်းဆုံး ကူညီပေးသွားခဲ့တာ ဖြစ်ပါတယ်။

photo content

I Have No Mouth, and I Must Scream၊ River City Girls 2 နှင့် Sophia the Traveler ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Ep
I Have No Mouth, and I Must Scream၊ River City Girls 2 နှင့် Sophia the Traveler ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို ဇူလိုင်လ ၉  ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Puzzle နဲ့ Retro ဂိမ်းအမျိုးအစားဖြစ်တဲ့ I Have No Mouth, and I Must Scream အပြင် Action-Adventure၊ Fighting နဲ့ RPG ဂိမ်းအမျိုးအစားဖြစ်တဲ့ River City Girls 2 ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Sophia the Traveler ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇူလိုင်လ ၉ ရက်နေ့မှာတော့ PC အတွက် Nova Lands နဲ့ Tatto Tycoon ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech

Garciaguirre et al. v. Samsung Electronics Co., Ltd. et al. တရားစွဲဆိုမှုအမှုတွင်းမှာ တရားလိုတွေဘက်က စွပ်စွဲထားတာကတော့—ဒီကုမ္ပဏီ ၃ ခုဟာ မန်မိုရီဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာတောင် DRAM ထုတ်လုပ်မှုပမာဏကို တမင်တကာ လျှော့ချပစ်ခဲ့ကြတယ်၊ ပြီးတော့ ၎င်းတို့ရဲ့ ကုန်ထုတ်လုပ်မှုအင်အားတွေကို အမြတ် ပိုရမယ့် HBM server memory ဘက်ဆီ ပြောင်းလဲအသုံးချခဲ့ကြတယ်၊ ဒါ့အပြင် ဈေးနှုန်းတွေကို ပိုပြီး မြင့်တက်လာစေဖို့အတွက် သမားရိုးကျ ဖြန့်ချိရေး လမ်းကြောင်းတွေကိုပါ ဖျက်သိမ်းပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ရဲ့ အဓိကထောက်ပြတဲ့အချက်ကတော့- တကယ်လို့သာ တရားမျှတတဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်ဆိုရင် ဈေးတက်လာတဲ့အချိန်မှာ အနည်းဆုံး ထုတ်လုပ်သူတစ်ဦးက ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ရမှာဖြစ်ပြီး အဲဒီအခါ ကျန်တဲ့သူတွေကလည်း လိုက်လုပ်ကြရမှာ ဖြစ်တယ်လို့ ထောက်ပြထားတာပါ။ ဒီအမှုက အဆင့်မြင့် DRAM နဲ့ NAND ထုတ်လုပ်မှုကဏ္ဍမှာ ဘာလို့ ထိပ်သီးကုမ္ပဏီ ၃ ခုတည်းကပဲ ဆယ်စုနှစ်ချီ လက်ဝါးကြီးအုပ်ထားနိုင်လဲဆိုတဲ့ အချက်ကိုလည်း မီးမောင်းထိုးပြနေပါတယ်။ မန်မိုရီစက်ရုံတစ်ရုံ တည်ဆောက်တဲ့အခါ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ပြီး နှစ်ပေါင်းများစွာ အချိန်ယူရတဲ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ လိုအပ်လို့ပါ။ ဒါ့အပြင် အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှု ဥပဒေတွေကြောင့်လည်း တရုတ် CXMT လို ကုမ္ပဏီတွေက အဆင့်မြင့်ဆုံး စက်ရုံသုံးပစ္စည်းတွေကို ဝယ်ခွင့်မရဘဲ ပိတ်ဆို့ခံထားရပါတယ်။ တကယ်လို့ ဒီအမှုက ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း တတိယအကြိမ်မြောက် မန်မိုရီဈေးနှုန်း အရှုပ်တော်ပုံ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်ကြားကာလတုန်းကလည်း Samsung၊ SK Hynix (ထိုစဉ်က Hynix)၊ Micron နဲ့ အခုအခါ လုပ်ငန်းရပ်ဆိုင်းသွားပြီဖြစ်တဲ့ Infineon နဲ့ Elpida တို့ရဲ့ DRAM ဌာနတွေဟာ မန်မိုရီဈေးနှုန်းတွေကို တိုင်ပင်ပြီး တမင်သတ်မှတ်ခဲ့ကြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရဖူးပါတယ်။ ထိုစဉ်က ပြစ်ဒဏ်အနေနဲ့ Samsung က အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ SK Hynix က ဒေါ်လာ ၁၅ သန်းအထိ ဒဏ်ရိုက်ခြင်း ခံခဲ့ရပါတယ်။  ဒါတင်မကသေးဘဲ ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဈေးတွေပြန်တက်တုန်းကလည်း ဒီထိပ်သီးကုမ္ပဏီ ၃ ခုဟာ ထပ်မံသံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ၂၀၁၈ ခုနှစ်က အမေရိကန်မှာ  အုပ်စုလိုက် တရားစွဲဆိုခြင်း ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သက်သေမခိုင်မာလို့ အယူခံအဆင့်မှာ ပယ်ချခံခဲ့ရသလို တရုတ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: TechSpot #EnThueTech #News #Industry #Memory Website  https://www.enthuetech.com/2026/07/memory-price-will-continue-to-rise-40-50-percent-in-q3-2026.html  Join our Telegram channel now! https://t.me/EnThueTech