uz
Feedback
En Thue Tech

En Thue Tech

Kanalga Telegram’da o‘tish

သင့်အတွက် နောက်ဆုံးပေါ်ထိပ်တန်းကွန်ပြူတာနည်းပညာဆိုင်ရာသတင်းများ

Ko'proq ko'rsatish
1 359
Obunachilar
Ma'lumot yo'q24 soatlar
-27 kun
-230 kun

Ma'lumot yuklanmoqda...

Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Okt '26
Oktabr '26
+5
0 kanalda
Sentabr '26
+12
0 kanalda
Get PRO
Avgust '26
+16
0 kanalda
Get PRO
Iyul '26
+25
0 kanalda
Get PRO
Iyun '26
+9
0 kanalda
Get PRO
May '26
+28
1 kanalda
Get PRO
Aprel '26
+23
0 kanalda
Get PRO
Mart '26
+15
0 kanalda
Get PRO
Fevral '26
+10
0 kanalda
Get PRO
Yanvar '26
+33
0 kanalda
Get PRO
Dekabr '25
+114
0 kanalda
Get PRO
Noyabr '25
+78
0 kanalda
Get PRO
Oktabr '25
+29
0 kanalda
Get PRO
Sentabr '25
+19
0 kanalda
Get PRO
Avgust '25
+116
0 kanalda
Get PRO
Iyul '25
+28
0 kanalda
Get PRO
Iyun '25
+21
0 kanalda
Get PRO
May '25
+123
0 kanalda
Get PRO
Aprel '25
+62
0 kanalda
Get PRO
Mart '25
+3
0 kanalda
Get PRO
Fevral '25
+6
0 kanalda
Get PRO
Yanvar '25
+94
0 kanalda
Get PRO
Dekabr '24
+7
0 kanalda
Get PRO
Noyabr '24
+18
0 kanalda
Get PRO
Oktabr '24
+15
0 kanalda
Get PRO
Sentabr '24
+27
0 kanalda
Get PRO
Avgust '24
+73
0 kanalda
Get PRO
Iyul '24
+20
0 kanalda
Get PRO
Iyun '24
+39
0 kanalda
Get PRO
May '24
+12
0 kanalda
Get PRO
Aprel '24
+11
0 kanalda
Get PRO
Mart '24
+11
0 kanalda
Get PRO
Fevral '24
+35
0 kanalda
Get PRO
Yanvar '24
+57
0 kanalda
Get PRO
Dekabr '23
+672
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
07 Oktabr+2
06 Oktabr0
05 Oktabr+2
04 Oktabr0
03 Oktabr0
02 Oktabr0
01 Oktabr+1
Kanal postlari
Steam တွင် Ace Combat 8: Wings of Theve ဂိမ်းက ကစားသူ ၅၂,၀၀၀ ကျော်ဖြင့် စံချိန်သစ် တင်နိုင်ခဲ့ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Ace Combat 8: Wings of Theve ဂိမ်းဟာ ဂိမ်းစီးရီးတစ်ခုလုံးရဲ့ သမိုင်းမှာ PC ပလက်ဖောင်းပေါ် စတင်မိတ်ဆက်မှု အကဲသာဆုံးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ SteamDB ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလ ၂ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ဒီဂိမ်းဟာ ထွက်ရှိပြီး နောက်တစ်ရက်မှာတင် Steam မှာ ကစားသူဦးရေ ၅၂,၀၀၀ ကျော်အထိ ရောက်ရှိခဲ့တာပါ။  ဒါဟာ ၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Ace Combat 7: Skies Unknown ရဲ့ ကစားသူ ၁၃,၇၅၈ ယောက်နဲ့ ယှဉ်ရင် ၄ ဆနီးပါး ပိုများခဲ့သလို သူ့ရှေ့က Assault Horizon ရဲ့ ကစားသူ ၃,၇၉၅ ယောက်ထက်လည်း အဆမတန် ပိုများခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Steam ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်းရဆုံး ဂိမ်းစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပုံပါပဲ။ Ace Combat 7 ထွက်ပြီး ခုနစ်နှစ်ကျော်မှ Bandai Namco က ပြန်လည်အသက်သွင်းခဲ့တဲ့ လေယာဥ်ဂိမ်းစီးရီးတစ်ခုအတွက်တော့ ဒါဟာ တကယ့်ကို မဆိုးလှတဲ့ ရလဒ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Steam ပေါ်က Review တွေကတော့ အရမ်းကြီး ကောင်းတယ်လို့မဆိုနိုင်ပါဘူး။ Positive Review ပမာဏ ရာခိုင်နှုန်း ၇၈ လောက်ပဲ ရှိတာကြောင့် "Mostly Positive" အဆင့်မှာပဲ ရှိနေပါတယ်။ ကစားသူတွေအနေနဲ့ လေကြောင်းတိုက်ပွဲတွေ၊ စစ်ဆင်ရေး အမျိုးအစား စုံလင်မှု၊ ဇာတ်လမ်းပိုင်းနဲ့ နောက်ခံတေးဂီတတွေကို သဘောကျကြပေမဲ့ အဓိက အားနည်းချက်အဖြစ် ဂိမ်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ငြီးတွားနေကြပါတယ်။ အထူးသဖြင့် Frame Rate တွေဟာ မျှော်လင့်ထားသလောက် မရတာနဲ့ Multiplayer ပိုင်းပေါ် အမြင်ကွဲပြားနေကြတာပါ။  ဒါ့အပြင် ဂိမ်းကိုကြိုတင်မှာယူခဲ့သူတွေ ထပ်ဆောင်းရရှိတဲ့ Ace Combat Zero: The Belkan War ဂိမ်းနဲ့ ပတ်သက်လို့လည်း ဇဝေဇဝါ ဖြစ်ခဲ့ကြပါသေးတယ်။ အကြောင်းကတော့ မူပိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် Combat Zero: The Belkan War ကိုသီးခြားဂိမ်းတစ်ခုအဖြစ်ကစားလို့မရဘဲ Wings of Theve ဂိမ်းကို စက်ထဲမှာ ထည့်ထားမှသာ အဲဒီဂိမ်းကို DLC တစ်ခုအနေနဲ့ ဆော့လို့ရမှာမို့လို့ပါ။ Bandai Namco ဘက်ကတော့ တရားဝင် ရောင်းအားကိန်းဂဏန်းတွေကို ထုတ်ပြန်ခြင်း မရှိသေးသလို Steam ဟာ ပလက်ဖောင်း သုံးခုထဲက တစ်ခုပဲ ရှိသေးတာကြောင့် စတင်ထွက်ရှိချိန်မှာ ဘယ်လောက်ရောင်းအားကောင်းသလဲဆိုတာ တရားဝင်မသိရသေးပါဘူး။ Frame Rate ပြဿနာတွေအတွက် Patch အချို့ ထုတ်ပေးလိုက်ရင်တော့ Review ရမှတ်တွေ ပိုကောင်းလာလိမ့်မယ်လို့ ယူဆရပါတယ်။ Source: Techpowerup #EnThueTech #News #Gaming Website  https://www.enthuetech.com/2026/10/steam-ace-combat-8-wings-of-theve.html  Join our Telegram channel now! https://t.me/EnThueTech

2
Matn yo'q...
88
3
BURIED STARS၊ System Shock 2: 25th Anniversary Remaster နှင့် Bridge Constructor Studio ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄
BURIED STARS၊ System Shock 2: 25th Anniversary Remaster နှင့် Bridge Constructor Studio ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို အောက်တိုဘာလ ၈ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Narration နဲ့ Puzzle ဂိမ်းအမျိုးအစားဖြစ်တဲ့ BURIED STARS အပြင် First Person၊ Horror နဲ့ Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့ System Shock 2: 25th Anniversary Remaster ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Bridge Constructor Studio ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာတော့ PC အတွက် Out of Sight နဲ့ TerraScape ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming
148
4
Astrea: Six Sided Oracles၊ Mechabellum နှင့် Cardpocalypse ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို အောက်တိုဘာလ ၁ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure နဲ့ Card ဂိမ်းအမျိုးအစားဖြစ်တဲ့ Mechabellum အပြင် MOBA၊ RTS နဲ့ Strategy ဂိမ်းအမျိုးအစားဖြစ်တဲ့ Mechabellum ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Cardpocalypse ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ PC အတွက် BURIED STARS နဲ့ System Shock 2: 25th Anniversary Remaster ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
1
5
Matn yo'q...
202
6
Acer ၏ CEO က ၂၀၂၇ တွင် ကွန်ပျူတာဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ဟုဆို ပြိုင်ဘက်များက RAM ပြတ်လပ်မှုကို အကြောင်းပြ၍ အမြတ်ထုတ်နေဟု စွပ်စွဲ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မန်မိုရီထုတ်လုပ်တဲ့ အဓိကကုမ္ပဏီကြီးတွေရဲ့ CEO တွေက လက်ရှိ ဖြစ်ပေါ်နေတဲ့ မန်မိုရီ ပြတ်လပ်မှုဟာ ဘယ်လောက်အထိ ကြာမြင့်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ခန့်မှန်းထားကြပေမဲ့ Acer ကတော့ အကောင်းမြင်ဆုံး သုံးသပ်ချက်ကို ပေးထားပါတယ်။ Acer ရဲ့ CEO က တခြားကုမ္ပဏီတွေဟာ အမြတ်ရာခိုင်နှုန်းကို ပိုမိုလိုချင်တာကြောင့် ခန့်မှန်းချက်တွေကို အလွန်အကျွံ လုပ်ပြနေကြတာဖြစ်ပြီး၊ လာမယ့်နှစ်ကုန်ပိုင်းမှာတော့ ဒီဆိုးရွားတဲ့ အခြေအနေတွေ ကျော်လွန်သွားနိုင်တယ်လို့ ယူဆထားပါတယ်။ Acer ရဲ့ CEO ဖြစ်သူ Jason Chen က RAM ပြတ်လပ်မှုကြောင့် မြင့်တက်နေတဲ့ ကွန်ပျူတာ (PC) ဈေးနှုန်းတွေဟာ ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ပြန်လည်ကျဆင်းလာနိုင်တယ်လို့ မကြာသေးမီက DigiTimes နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်ဟာ ဒီအခြေအနေကြီးဟာ အနည်းဆုံး ၂၀၃၀ အထိ ဆက်လက်ဖြစ်ပွားနေမယ်လို့ အခြား မန်မိုရီထုတ်လုပ်သူ ကုမ္ပဏီ CEO တွေရဲ့ မူလခန့်မှန်းချက်တွေနဲ့ ဆန့်ကျင်လို့နေပါတယ်။ DRAM ဈေးနှုန်းတွေဟာ မနှစ်ကတည်းက AI ဒေတာစင်တာတွေ ဆောက်လုပ်မှုကြောင့် ဝယ်လိုအား အလွန်အမင်း မြင့်တက်လာခဲ့ပြီး ၅ ဆအထိ မြင့်မားလာခဲ့တာကြောင့် ထုတ်လုပ်သူတွေအနေနဲ့ RAM ပမာဏ အများကြီးသုံးရတဲ့ စက်ပစ္စည်းတိုင်းရဲ့ ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ကြရပါတယ်။ PC တွေ၊ စမတ်ဖုန်းတွေ၊ Graphics Card တွေနဲ့ ဂိမ်းစက်တွေအပြင် CPU နဲ့ Motherboard တွေရဲ့ ဝယ်လိုအားအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လက်ရှိ မန်မိုရီဈေးကွက်ဟာ စက်တစ်လုံးချင်းစီရဲ့ ပမာဏအလိုက် ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုနီးပါးက အခြေအနေနဲ့ အလွန်တူညီနေတာကို တွေ့ရပါတယ်။ ဒီလို ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ ဘယ်လောက်အထိ ကြာမြင့်မလဲဆိုတဲ့ အပေါ်မှာတော့ ခန့်မှန်းချက်တွေ ပုံစံအမျိုးမျိုး ကွဲပြားနေပါတယ်။ ယခုနှစ် အစောပိုင်းတုန်းက Micron ရဲ့ CEO ဖြစ်သူ Sanjay Mehrotra က ဒီအခြေအနေဟာ ၂၀၂၇ ခုနှစ်လွန်တဲ့အထိ ဆက်လက်ဖြစ်ပွားနေမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီနောက် မကြာမီမှာပဲ SK Hynix ရဲ့ CEO Kwak Noh-Jung ကလည်း ပြတ်လပ်မှုတွေဟာ ၂၀၂၇ မှာ အမြင့်ဆုံး ရောက်ရှိမှာဖြစ်ပြီး ၂၀၃၀ အထိ ကုန်ကြမ်းရရှိမှု နည်းပါးနေဦးမယ်လို့ ဆိုခဲ့ပါတယ်။ Adata ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Chen Li-bai ကတော့ အဓိက မန်မိုရီထုတ်လုပ်သူတွေရဲ့ စက်ရုံတိုးချဲ့ရေး စီမံကိန်းတွေ ရှိနေပေမဲ့လည်း ဈေးနှုန်းတက်နေတာဟာ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာအထိ ကြာမြင့်ဦးမယ်လို့ အဆိုးဆုံး ခန့်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ Acer ရဲ့ CEO ကတော့ ဒီအခြေအနေကို အခြားတစ်မျိုး မြင်ထားပါတယ်။ Chen ရဲ့ စွပ်စွဲချက်အရ အဆိုပါ ခန့်မှန်းချက်တွေဟာ ကုန်ကြမ်းရရှိနိုင်မှု အရှိတရားထက် AI ခေတ်ရေစီးကြောင်းကြောင့် ရရှိထားတဲ့ မန်မိုရီထုတ်လုပ်သူတွေရဲ့ အမြတ်အစွန်းကြီးကြီးမားမားကို ဆက်လက်ထိန်းသိမ်းထားချင်တာကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက လက်ရှိမှာ RAM နဲ့ SSD အများစုရဲ့ ထုတ်လုပ်နိုင်စွမ်းဟာ ဝယ်လိုအားကို မီနေပြီဖြစ်ပြီး၊ အခုဖြစ်နေတဲ့ ပြတ်လပ်မှုတွေဟာ အမြင့်စား အစိတ်အပိုင်းတွေဖြစ်တဲ့ အမြန်ဆုံး DDR5 Module တွေနဲ့ Nvidia ရဲ့ N1X လိုမျိုး CPU တွေမှာပဲ အကန့်အသတ်နဲ့ ဖြစ်ပေါ်နေတာလို့ အခိုင်အမာ ပြောကြားခဲ့တာပါ။ Chen ရဲ့ ခန့်မှန်းချက်အရ ယခုနှစ် နှောင်းပိုင်းမှာ PC ဈေးနှုန်းတွေဟာ ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာနိုင်ပြီး၊ ၂၀၂၇ ခုနှစ် ပထမခြမ်းမှာ ထိပ်ဆုံးကို ရောက်ရှိသွားကာ အဲဒီနောက်မှာမှ ဈေးနှုန်းတွေ စတင်လျော့ကျလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီလို ဈေးနှုန်း ပြန်ကျလာဖို့အတွက် တရုတ်နိုင်ငံက CXMT လို ထုတ်လုပ်သူတွေဆီက ရရှိလာမယ့် ဈေးသက်သာတဲ့ ကုန်ကြမ်းအသစ်တွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီး CXMT ဟာ ပင်တာဂွန်ရဲ့ အမည်မည်းစာရင်းထဲမှာ ပါဝင်နေတုန်းဆိုပေမဲ့ Apple အနေနဲ့ ကုန်ကျစရိတ် ဖိအားကို လျှော့ချဖို့အတွက် CXMT ကို ထောက်ပံ့သူအဖြစ် အသုံးပြုဖို့ စဉ်းစားနေတယ်လို့ မကြာသေးမီက သတင်းတွေမှာ ဖော်ပြထားပါတယ်။ Source: TechSpot #EnThueTech #News #Industry #Memory Website  https://www.enthuetech.com/2026/09/acer-ceo-said-pc-price-will-fall-on-2027.html  Join our Telegram channel now! https://t.me/EnThueTech
246
7
Matn yo'q...
142
8
A10 Networks အကြောင်း A10 Networks (NYSE: ATEN) သည် on-premises၊ hybrid cloud နှင့် edge ပတ်ဝန်းကျင်များ တစ်လျှောက် လုပ်ငန်းအရေးပါသော စနစ်များကို ကာကွယ်ခြင်း၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ပေးသည့် လုံခြုံရေး အက်ပလီကေးရှင်းနှင့် ကွန်ရက် solution များကို ပံ့ပိုးပေးလျက်ရှိသည့်ကုမ္ပဏီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နည်းပညာထုတ်ကုန်စုသည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ ဝန်ဆောင်မှုပေးသူများနှင့် Cloud ပလက်ဖောင်းများအား စွမ်းဆောင်ရည်၊ ယုံကြည်စိတ်ချရမှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ကာကွယ်ပေးမှုတို့ကို ပံ့ပိုးပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် AI နှင့် မျိုးဆက်သစ် Applications၏ လိုအပ်ချက်များအတွက် ၎င်းတို့၏ ကွန်ယက်များကို ပြင်ဆင်ပေးလျက်ရှိပါသည်။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။ ### A10 အမှတ်တံဆိပ်နှင့် A10 Networks တို့သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများရှိ A10 Networks, Inc. ၏ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ ဖြစ်ကြပါသည်။ အခြားသော ကုန်အမှတ်တံဆိပ်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများသာ ဖြစ်ပါသည်။ #EnThueTech  #PressRelease  #Security  #AI Website https://www.enthuetech.com/2026/09/a10-networks-launches-a10-ai-gateway.html  Join our Telegram channel now! https://t.me/EnThueTech
145
9
Smart Routing  A10 AI Gateway သည် ပုံသေသတ်မှတ်ထားသည့် Routing မူဝါဒများနှင့် ရိုးရှင်းသော တောင်းဆိုချက်များကို တိုင်းတာခြင်းများကို ကျော်လွန်၍ တောင်းဆိုချက် တစ်ခုချင်းစီ၏ ရှုပ်ထွေးမှုပမာဏနှင့် အမျိုးအစားကို အကဲဖြတ်စစ်ဆေးပေးပါသည်။ ၎င်းသည် ရိုးရှင်းသော လုပ်ငန်းဆောင်တာများကို ကုန်ကျစရိတ် ပိုမိုသက်သာသော မော်ဒယ်များထံသို့ လည်းကောင်း၊ အဆင့်မြင့် ဆင်ခြင်သုံးသပ်မှု လိုအပ်သော လုပ်ငန်းဆောင်တာများကို ပိုမိုစွမ်းဆောင်ရည်မြင့်မားသော မော်ဒယ်များထံသို့ လည်းကောင်း အလိုအလျောက် လမ်းကြောင်းခွဲဝေ ချထားပေးပါသည်။  ဗဟိုချုပ်ကိုင်မှုရှိသော ကွန်ရက်လမ်းကြောင်းနှင့် ကုန်ကျစရိတ် စီမံခန့်ခွဲမှုစနစ်  ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုအနေဖြင့် A10 AI Gateway သည် တောင်းဆိုချက်တစ်ခုချင်းစီ၏ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာဖြင့် အချိန်နှင့် တစ်ပြေးညီ ခြေရာခံပေးပါသည်။ မော်ဒယ်တစ်ခုချင်းစီ သို့မဟုတ် အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် Token အသုံးပြုနိုင်မည့် ဘတ်ဂျက်များကို လုံးဝဖြတ်တောက်မည့် ကန့်သတ်ချက်များနှင့် ကြိုတင်သတိပေးမည့် ကန့်သတ်ချက်များဖြင့် စီမံခန့်ခွဲပေးသည့်အပြင်၊ API Key သို့မဟုတ် အဖွဲ့အလိုက် တစ်မိနစ်လျှင် တောင်းဆိုနိုင်မည့် TPM/RPM ပမာဏ (TPM - တစ်မိနစ်အတွင်း အသုံးပြုနိုင်သော တိုကင် (Token) အရေအတွက်/ RPM - တစ်မိနစ်အတွင်း တောင်းဆိုနိုင်သော အကြိမ်အရေအတွက်) ကိုလည်း တိကျစွာ ထိန်းချုပ်ပေးပါသည်။ ၎င်းက AI အသုံးပြုမှု အခြေအနေနှင့် ကုန်ကျစရိတ်များကို တစ်နေရာတည်းမှ မြင်တွေ့နိုင်ပြီး၊ စနစ်တစ်ခုလုံးကို ထိရောက်စွာ ကြီးကြပ်ထိန်းသိမ်းနိုင်ပါသည်။  A10 ၏ AI လုံခြုံရေးနည်းပညာစုနှင့် ပေါင်းစပ်အသုံးပြုနိုင်မှု A10 AI Gateway သည် A10 ၏ TrojAI၊ A10 AI Firewall နှင့် ThreatX အပါအဝင် လက်ရှိ AI လုံခြုံရေး နည်းပညာစုကို ပိုမိုပြည့်စုံကောင်းမွန်လာစေရန် ဖြည့်ဆည်းပေးပါသည်။ ဤစနစ်သည် AI ကို စတင်မဖြန့်ကျက်မီ စမ်းသပ်သည့်အဆင့်နှင့် အသုံးပြုနေချိန် ကာကွယ်ပေးသည့်အဆင့်မှစ၍ ကွန်ရက် နှင့် API အလွှာများတွင် ထိန်းချုပ်မှုများအထိ AI ၏ လုပ်ငန်းစဉ်သက်တမ်းတစ်ခုလုံးအတွက် လုံခြုံရေးကို ပံ့ပိုးလျက် ရှိပါသည်။ သုံးစွဲသူ၏ ပတ်ဝန်းကျင်အတွင်း လိုက်လျောညီထွေစွာ နေရာချထားနိုင်မှု A10 AI Gateway ကို သီးခြားဆော့ဖ်ဝဲလ်အဖြစ်ဖြစ်စေ၊ ဟာ့ဒ်ဝဲလ်နှင့် ပေါင်းစပ်ထားသည့်စနစ်အနေဖြင့်ဖြစ်စေ ရရှိနိုင်ပြီး on-premises (ကိုယ်ပိုင်ဒေတာစင်တာအတွင်း)၊ Private Cloud နှင့် ကွန်ရက်မှ လုံးဝခွဲထုတ်ထားသော Air-Gapped ပတ်ဝန်းကျင်များအပါအဝင် သုံးစွဲသူ၏ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အပြည့်အဝအသုံးပြုနိုင် ပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ မော်ဒယ်များ၊ ဒေတာများနှင့် မူဝါဒများအပေါ် ထိန်းချုပ်မှုကို ဆက်လက်ထားရှိနိုင်ပြီး ဒေတာများအပေါ်စီမံပိုင်စိုးခွင့်ကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ဤအချက်မှာ Cloud ပေါ်တွင် တင်ထားသော Gateway များနှင့် Edge တွင်သာ ကန့်သတ်ထားသော Gateway များ မယှဉ်ပြိုင်နိုင်သည့် အားသာချက်တစ်ရပ်ပင် ဖြစ်ပါသည်။ ရရှိနိုင်မည့် အချိန် A10 AI Gateway ကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်ရရှိနိုင်ရန် စီစဉ်ထားပါသည်။ အမှုဆောင်အရာရှိချုပ်၏ မှတ်ချက် A10 Networks ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Dhrupad Trivedi က ”စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့ AI နည်းပညာကို အမြန်ဆုံး ပြောင်းလဲအသုံးပြုဖို့ တောင်းဆိုခံနေရသလို၊ တစ်ချိန်တည်းမှာပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဖို့လည်း လိုအပ်နေပါတယ်။ AI အသုံးပြုမှုက တာဝန်ခံအဖွဲ့တွေအနေနဲ့ ရှာဖွေ၊ ကြီးကြပ်၊ လုံခြုံအောင် လုပ်နိုင်တာထက် ပိုမြန်ပြီး ပြန့်နှံ့နေတာကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာသလို နေရာတစ်နေခုတည်းကနေ စည်းမျဉ်းတွေမသတ်မှတ်နိုင်တော့ပါဘူး။ A10 AI Gateway ကတော့ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ AI ကို ဘယ်လိုအသုံးပြုနေလဲဆိုတာကို သိမြင်နိုင်ဖို့၊ ဘယ်သူတွေက ဘယ်မော်ဒယ်တွေကို ဝင်ရောက်သုံးစွဲခွင့်ရှိတယ်ဆိုတာကို ကြီးကြပ်ပေးဖို့နဲ့ တောင်းဆိုချက်တိုင်း အတွက် သင့်တော်တဲ့ ကုန်ကျစရိတ်နဲ့ မှန်ကန်တဲ့ မော်ဒယ်ဆီကို ကိုက်ညီအောင် ချိတ်ဆက်ပေးနိုင်မဲ့ Intelligent Control Plane တစ်ခုကို ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ပေါင်းစပ်ထားတဲ့ နည်းပညာထုတ်ကုန်စုက သုံးစွဲသူတွေအတွက် AI ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့  ပြည့်စုံပြီး စီမံပိုင်စိုးခွင့်အပြည့်အဝရှိတဲ့ နည်းလမ်းတစ်ခုကို ပေးအပ်ထားပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့ မြန်ဆန်မှုရရှိဖို့ ထိန်းချုပ်နိုင်စွမ်းကို စွန့်လွှတ်စရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့ AI ကို လုံလုံခြုံခြုံ လက်ခံကျင့်သုံးနိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ ဆက်စပ်အချက်အလက်များ Solution Brief: A10 AI Gateway: The Intelligent Control Plane for All AI Operations Blog: Has Your AI Gateway Matured into an Intelligent Control Plane? Product Page: A10 AI Gateway – Take Control of Enterprise AI
98
10
သတင်းထုတ်ပြန်ချက် - A10 Networks မှ AI လုပ်ငန်းဆောင်တာအားလုံးကို စုစည်းစီမံရန်အတွက် Intelligent Control Plane တစ်ခုဖြစ်သည့် “A10 AI Gateway” ကို မိတ်ဆက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ သုံးစွဲသူများ၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်း AI ကို လုံခြုံစွာ AI အသုံးပြုနိုင်ရန် AI မော်ဒယ်များအပေါ် သိမြင်နိုင်မှု၊ ကုန်ကျစရိတ် စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ထိန်းသိမ်းမှုတို့ကို ဗဟိုမှချုပ်ကိုင်ခွင့်ပေးထား အာရှ-ပစိဖိတ်ဒေသ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် – A10 Networks (NYSE: ATEN) မှ လုပ်ငန်း အဖွဲ့အစည်းများအတွင်း AI အသုံးပြုမှုများကို ဗဟိုမှစီမံခန့်ခွဲရန် Intelligent Control Plane တစ်ခုဖြစ်သည့် A10 AI Gateway ကို ၂၀၂၆ ခုနှစ်၊ စတုတ္ထသုံးလပတ်အတွင်း စတင်ရရှိနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်ပါသည်။ A10 AI Gateway သည် အဖွဲ့အစည်းများ အသုံးပြုလျက်ရှိသော AI agent များ၊ application များနှင့် ဘာသာစကားမော်ဒယ်ကြီးများ (LLMs) အားလုံးအတွက် Routing လုပ်ခြင်း၊ ကုန်ကျစရိတ် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းခြင်းတို့ကို တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးပါသည်။ ၎င်းသည် AI အသုံးပြုမှုကို ဗဟိုမှသိမြင်နိုင်ခြင်း၊ ကုန်ကျစရိတ် အကောင်းဆုံးဖြစ်အောင် ချိန်ညှိခြင်း၊ ဝင်ရောက်အသုံးပြုခွင့်ထိန်းချုပ်ခြင်းနှင့် လုံခြုံရေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် AI ကို ပိုမိုထိရောက်လုံခြုံစွာ အသုံးပြုနိုင်ရန် ကူညီပေးပါသည်။ နောက်ခံအကြောင်းအရာ လုပ်ငန်းအဖွဲ့အစည်းများတွင် AI အသုံးပြုမှု လျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းကြီးများသည် AI အေးဂျင့်များနှင့် Generative AI စွမ်းရည်များကို စီးပွားရေးဆိုင်ရာ အက်ပလီကေးရှင်းများတွင် အလျင်အမြန်ပေါင်းစပ်လာကြပါသည်။ တစ်ချိန်တည်းတွင် AI ဝန်ဆောင်မှုပေးသူ အမျိုးမျိုးနှင့် AI မော်ဒယ် အမျိုးမျိုးကို တွဲဖက်အသုံးပြုမှု များပြားလာသဖြင့်၊ မည်သည့်မော်ဒယ်များကို အသုံးပြုနေသနည်း၊ မည်မျှ ကုန်ကျနေသနည်းနှင့် သင့်လျော်သော ကြီးကြပ်ထိန်းသိမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များ ရှိမရှိတို့ကို နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲလာပါသည်။  AI တောင်းဆိုချက်များကိုယ်တိုင်ကလည်း ရိုးရှင်းသောလုပ်ငန်းဆောင်တာမှသည် အဆင့်မြင့်ဆင်ခြင်သုံးသပ်မှု လိုအပ်သော Workload များအထိ ကျယ်ပြန့်စွာ ကွဲပြားလာပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် AI စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေနိုင်မည့်၊ နှောင့်နှေးကြန့်ကြာမှုကို လျှော့ချနိုင်မည့်၊ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချောမွေ့ထိရောက်စေနိုင်မည့်၊ AI နှင့်သက်ဆိုင်သော ကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်မည့် စီမံခန့်ခွဲမှုပလက်ဖောင်းတစ်ခု လိုအပ်လာပါသည်။ အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် A10 AI Gateway သည် လုပ်ငန်းအဖွဲ့အစည်းများ၏ AI အသုံးပြုမှုများကို စီမံခန့်ခွဲရေး ပလက်ဖောင်းတစ်ခုတည်းအတွင်း စုစည်းပေးထားပြီး၊ လုပ်ငန်းများအနေဖြင့် AI ကို ထိရောက်စွာနှင့် လုံခြုံစွာ လည်ပတ်နိုင်မည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးထားပါသည်။ ခြုံငုံသုံးသပ်ချက် A10 AI Gateway သည် Intelligent Control Plane တစ်ခုဖြစ်ပြီး အဖွဲ့အစည်းတစ်ခု အသုံးပြုလျက်ရှိသော AI Agent များ၊ Application များနှင့် ဘာသာစကားမော်ဒယ်ကြီးများ (LLMs) အားလုံးအကြား တစ်နေရာတည်းမှ Routing ပြုလုပ်ပေးခြင်း၊ ကုန်ကျစရိတ် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းခြင်းတို့ကို တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးပါသည်။ ၎င်းသည် AI အသုံးပြုမှုနှင့် ကုန်ကျစရိတ်များအားလုံးကို ဗဟိုမှ မြင်တွေ့စေနိုင်ပြီး တောင်းဆိုချက် တစ်ခုချင်းစီ၏ အကြောင်းအရာနှင့် သက်ဆိုင်ရာ အသုံးပြုမှုမူဝါဒများအပေါ် အခြေခံ၍ သင့်လျော်သော AI မော်ဒယ်ကို ရွေးချယ်ပေးပါသည်။ ဤသို့ဖြင့် အကောင်းဆုံးစွမ်းဆောင်ရည်ရရှိစေသလို ကုန်ကျစရိတ် စီမံခန့်ခွဲခြင်း၊ လုံခြုံရေး ခိုင်မာစေခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းမှုကို အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။  Developer များနှင့် အသုံးပြုသူများအနေဖြင့်လည်း ၎င်းတို့ လိုလားချက်နှင့် ကိုက်ညီသော AI မော်ဒယ်များကို အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။ အဓိကအင်္ဂါရပ်များ အသုံးပြုသူအပေါ် အခြေခံသော AI အသုံးပြုခွင့်  A10 AI Gateway သည် လက်ရှိအသုံးပြုနေသော Local Directory စနစ်များနှင့် ချိတ်ဆက်၍ အသုံးပြုသူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အလိုက် ဝင်ရောက်အသုံးပြုခွင့်နှင့် Routing မူဝါဒများကို သတ်မှတ်ပေးပါသည်။ ဥပမာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အင်ဂျင်နီယာအဖွဲ့နှင့် ဘဏ္ဍာရေးအဖွဲ့တို့အတွက် မတူညီသော AI မော်ဒယ်များ နှင့် အသုံးပြုမှုဆိုင်ရာ မူဝါဒများကို သီးခြားသတ်မှတ်ပေးနိုင်ပါသည်။
108
11
Matn yo'q...
106
12
Mindcop နှင့် Shogun Showdown ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့
Mindcop နှင့် Shogun Showdown ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို စက်တင်ဘာလ ၂၄ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure နဲ့ Indie ဂိမ်းအမျိုးအစားဖြစ်တဲ့ Mindcop အပြင် Rogue-Lite၊ Strategy နဲ့  Turn-Based ဂိမ်းအမျိုးအစားဖြစ်တဲ့ Shogun Showdown ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း PC အတွက်ပေးထားတဲ့ Mindcop ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ PC အတွက် Astrea Six Sided Oracles နဲ့ Mechabellum ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
157
13
Astral Ascent၊ Luftrausers နှင့် Alone With You ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှ
Astral Ascent၊ Luftrausers နှင့် Alone With You ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို စက်တင်ဘာလ ၁၇ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action၊ Indie နဲ့ Survival ဂိမ်းအမျိုးအစားဖြစ်တဲ့ Astral Ascent အပြင် Action ဂိမ်းအမျိုးအစားဖြစ်တဲ့ Luftrausers ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း ပြီးခဲ့တဲ့အပတ်က PC အတွက်ပေးခဲ့တဲ့ Alone With You ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ PC အတွက် Mindcop နဲ့ Shogun Showdown ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
198
14
Mini Laptop အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် Acer ၏ လက်ကိုင်ဂိမ်းစက်အသစ် DualPlay Mini  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Gigabyte ကုမ္ပဏီဟာ Valve၊ Lenovo၊ Asus၊ GPD နဲ့ Acer စတဲ့ ပြိုင်ဘက်တွေကြားထဲမှာမှ ထူးခြားတဲ့ ပုံစံမျိုး နဲ့ လက်ကိုင်ဂိမ်းစက်ဈေးကွက်ထဲကို ဖြန့်ချီသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိ handheld gaming PC အများစုဟာ Valve ရဲ့ Steam Deck ဒီဇိုင်းကို အတုယူထားကြပေမဲ့၊ တချို့ကတော့ Nintendo Switch 2 ရဲ့ Joy-Cons လိုမျိုး ထူးခြားတဲ့ ဆန်းပြားတဲ့ပုံစံတွေကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ အခုအခါမှာတော့ Acer ရဲ့ နောက်ဆုံးထွက် Concept စက်လေးဟာ ဂိမ်းကစားတာရော အလုပ်လုပ်တာကိုပါ ပေါင်းစပ်ပေးနိုင်မယ့် သေးငယ်တဲ့ 2-in-1 စက်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ IFA ပွဲမှာ Acer ဟာ သူတို့ရဲ့ လက်ကိုင်ဂိမ်းစက်အသစ်ကို မိတ်ဆက်ရင်း DualPlay Mini ဆိုတဲ့ Concept စက်လေးကိုပါ ပဏာမပြသခဲ့ပါတယ်။ ဒီစက်ဟာ handheld gaming PC တစ်ခုနဲ့ mini laptop တစ်ခုကို စက်တစ်လုံးတည်းမှာ ပေါင်းစည်းပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ တကယ်လို့ ဒီစက်သာ တရားဝင် ဈေးကွက်ထဲ ရောက်ရှိလာခဲ့ရင် Acer အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူနိုင်မယ့် အသေးငယ်ဆုံး 2-in-1 စက်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ DualPlay Mini ဟာ အပြင်ဘက် ကိုယ်ထည်မှာ Analog stick တွေနဲ့ ခလုတ်တွေ ပါဝင်တဲ့ ပုံမှန် လက်ကိုင်ဂိမ်းစက်လို အသုံးပြုနိုင်သလို၊ အဖုံးကို ဖွင့်ပြီး စခရင်ကို ၁၈၀ ဒီဂရီ လှည့်လိုက်တာနဲ့ ကီးဘုတ်ပါဝင်တဲ့ laptop တစ်လုံးအဖြစ် အလွယ်တကူ ပြောင်းလဲသွားမှာပါ။ Acer ဘက်က အသေးစိတ် specs တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ IGN ရဲ့ ဖော်ပြချက်အရတော့ ဒီစက်လေးဟာ Forza Horizon 6 ဂိမ်းကို ချောမွေ့စွာ run နိုင်ပြီး rumble တုန်ခါမှုစနစ်ကိုပါ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ ကီးဘုတ်ဟာ mouse တစ်လုံးနဲ့ WASD ခလုတ်တွေကို တွဲဖက်ပြီး First-Person Shooter ဂိမ်းတွေကို ကစားနိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ Acer ရဲ့ ဒီဇိုင်းဟာ အခြေခံအားဖြင့် GPD ရဲ့ Win Max handheld laptop တွေနဲ့ အဲဒီကုမ္ပဏီရဲ့ ၈ လက်မ 2-in-1 စက်တွေရဲ့ ရုပ်ထွက်ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ။ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Win Max 3 ဟာ AMD ရဲ့ Ryzen AI Max SoC ကို GPD ရဲ့ ၉ လက်မ laptop တွေမှာ ထည့်သွင်းပေးထားတာကြောင့် ၂၀၂၅ မော်ဒယ်နဲ့ ယှဉ်ရင် GPU စွမ်းဆောင်ရည် ၃ ဆမက ပိုမိုမြန်ဆန်လာခဲ့ပါတယ်။ Win Max ဟာ ခေါက်သိမ်းလို့ရတဲ့ Clamshell ဒီဇိုင်း၊ ကီးဘုတ်၊ joystick နဲ့ ခလုတ်တွေ ပါဝင်တာကြောင့် handheld gaming PC နဲ့ laptop ကြားက စည်းနိမိတ်ကို အမြဲတမ်း ပျောက်ကွယ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက် မော်ဒယ်မှာတော့ 60Hz LCD စခရင်ကနေ 165Hz AMOLED စခရင်ဆီ အဆင့်မြှင့်တင်ပေးလိုက်သလို၊ TDP ပမာဏကိုလည်း 15-35W ကနေ 45-110W အထိ တိုးမြှင့်လိုက်ပါတယ်။  GPD Win Max 3 မှာ ပိုပြီး သပ်ရပ်တဲ့ ရုပ်ထွက်ရရှိစေဖို့ Stick တွေနဲ့ ခလုတ်တွေကို သံလိုက်အဖုံးတွေနဲ့ ဖုံးအုပ်ထားနိုင်ပြီး၊ အစွမ်းထက် ပရိုဆက်ဆာနဲ့ 128GB အထိရှိတဲ့ Unified RAM တွေကြောင့် အဆင့်မြင့် AI Workstation တစ်ခုအ ဖြစ်ပါအသုံးပြုနိုင်ပါတယ်။ Acer ရဲ့ Prototype နဲ့ ယှဉ်လိုက်ရင် လိုအပ်နေတာဆိုလို့ GPD Pocket 4 လို ၃၆၀ ဒီဂရီ စခရင်လှည့်လို့ရတဲ့ 2-in-1 ဒီဇိုင်းမျိုး မပါဝင်တာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Acer ဟာ သမားရိုးကျလကိကိုင်ဂိမ်းစက်ပုံစံဖြစ်တဲ့ Predator Atlas 7 အသစ်ကိုလည်းမိတ်ဆက်လိုက်ပြီး Intel Arc G3 SoC၊ Memory 25GB၊ ၇ လက်မရှိတဲ့ 120Hz 1080p screen နဲ့ Thunderbolt 4 အထောက်အပံ့တွေ ပါဝင်ပါတယ်။ ဒီဂိမ်းစက်ကိုတော့ ၂၀၂၆ ခုနှစ် ရဲ့ စတုတ္ထသုံးလပတ်မှာ စတင်ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။ Source: TechSpot #EnThueTech #News #Gaming #Handheld Website  https://www.enthuetech.com/2026/09/mini-laptop-acer-dualplay-mini.html  Join our Telegram channel now! https://t.me/EnThueTech
276
15
Matn yo'q...
219
16
Alone With You နှင့် Evan's Remains ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Androi
Alone With You နှင့် Evan's Remains ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို စက်တင်ဘာလ ၁၀ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Adventure၊ Exploration နဲ့ Space ဂိမ်းအမျိုးအစားဖြစ်တဲ့ Alone With You ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Evan's Remains ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ PC အတွက် Astral Ascent နဲ့ Lufttrausers ဂိမ်းတွေကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
269
17
DLSS 5 RTX 30 GPU .png
1
18
Nvidia DLSS 5 ကို Modder များက RTX 30 Series GPU များပေါ်တွင် စမ်းသပ်နိုင်ခဲ့သော်လည်း စွမ်းဆောင်ရည်မှာ အလွန်တရာ ဆိုးရွားနေ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အခုဆိုရင် Modder တွေဟာ Nvidia ရဲ့ ပေါက်ကြားလာတဲ့ DLSS 5 ဖိုင်တွေကို အသုံးပြုပြီး အမျိုးမျိုး စမ်းသပ်နေကြပါတယ်။ လွန်ခဲ့တဲ့ အပတ်က Modder တွေဟာ DLSS 5 ကို RTX 40 Series GPUs တွေပေါ်မှာ စတင်အလုပ်လုပ်အောင် ပြုလုပ်နိုင်ခဲ့ကြတာပါ။ အခုအခါမှာတော့ Gamers တွေဟာ DLSS 5 ကို RTX 30 Series GPUs တွေပေါ်မှာပါ စမ်းသပ်မောင်းနှင်နိုင်ခဲ့တယ်ဆိုပေမဲ့ ရရှိလာတဲ့ ရလဒ်တွေကတော့ လုံးဝ စိတ်တိုင်းကျစရာ မရှိပါဘူး။ Flourek လို့ခေါ်တဲ့ Gamer တစ်ဦးဟာ X (Twitter) ပလက်ဖောင်းပေါ်မှာ သူ့ရဲ့ RTX 3080 ဂရပ်ဖစ်ကတ်နဲ့ Deep Rock Galactic ဂိမ်းကို စမ်းသပ်ပြခဲ့ပါတယ်။ DLSS 5 ကို ဖွင့်လိုက်တဲ့အခါ ဂိမ်းရဲ့ framerate ဟာ 138 FPS ရှိနေရာကနေ 4 FPS အထိ ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စွမ်းဆောင်ရည် ၉၇% ကျော်အထိ လျော့ကျသွားတာဖြစ်တာကြောင့် DLSS နည်းပညာဟာ RTX 30 Series ဂရပ်ဖစ်ကတ်တွေပေါ်မှာ မောင်းနှင်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးဆိုတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုဟာ ပေါက်ကြားလာတဲ့ မထွက်ရှိသေးမီ DLSS 5 DLL ဖိုင်ကို အသုံးပြုပြီး RTX 50 Series မဟုတ်တဲ့ တခြား GPU တွေပေါ်မှာ အလုပ်လုပ်အောင် Mod လုပ်ထားတာဖြစ်တယ်ဆိုတာကိုတော့ သတိပြုဖို့ လိုပါတယ်။ RenoDX Discord မှာလည်း အသုံးပြုသူ အတော်များများက RTX 30 Series GPUs တွေနဲ့ DLSS 5 ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အသေးစိတ် ဖော်ပြခဲ့ကြပါတယ်။ အသုံးပြုသူတစ်ဦးရဲ့ Flight Simulator 2020 ဂိမ်းစွမ်းဆောင်ရည်ဟာ 43 FPS ကနေ 13 FPS အထိ ကျဆင်းသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ RTX 3090 GPU သုံးစွဲသူ အခြားတစ်ဦးကတော့ Shadow of the Tomb Raider ဂိမ်းကို 1440p max settings နဲ့ DLSS ရဲ့ Quality mode မှာ စမ်းသပ်ခဲ့ရာ DLSS 5 ကို ဖွင့်လိုက်ချိန်မှာ စွမ်းဆောင်ရည်ဟာ 180 FPS ကနေ 42 FPS အထိ ကျဆင်းသွားခဲ့တာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီစမ်းသပ်မှုတွေအရ ရှင်းရှင်းလင်းလင်း သိလိုက်တာတစ်ခုကတော့ DLSS 5 ဟာ Nvidia ရဲ့ မျိုးဆက်ဟောင်း GPU တွေပေါ်မှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါဟာ မျိုးဆက်ဟောင်း GPU တွေရဲ့ AI စွမ်းဆောင်ရည်တွေဟာ နောက်ထွက် RTX 40/50 Series GPUs တွေထက် လျော့နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ RTX 40 နဲ့ RTX 50 Series GPUs တွေဟာ ပိုမိုမြင့်မားတဲ့ AI တွက်ချက်မှုစွမ်းအားကို ထောက်ပံ့ပေးထားပြီး FP8 precision ကိုပါ အထောက်အပံ့ပေးထားလို့ပဲ ဖြစ်ပါတယ်။ မျိုးဆက်ဟောင်း RTX GPUs တွေမှာတော့ DLSS 5 ကို ထိရောက်စွာ မောင်းနှင်နိုင်ဖို့အတွက် လိုအပ်တဲ့ AI တွက်ချက်မှုစွမ်းအား မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ Nvidia ရဲ့ ပေါက်ကြားလာခဲ့တဲ့ DLSS 5 DLL ဖိုင်ဟာ Nvidia ရဲ့ RTX 50 Series GPUs တွေကိုသာ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒါဟာ Nvidia အနေနဲ့ DLSS 5 ကို RTX 50 Series ရဲ့ သီးသန့် နည်းပညာအဖြစ် ဖန်တီးဖို့ စီစဉ်နေတာ ဖြစ်နိုင်ပြီး မျိုးဆက်ဟောင်း GPU တွေအတွက် တရားဝင် ထောက်ပံ့မှုပေးမှာ မဟုတ်ဘူးလို့လည်း အဓိပ္ပာယ်ရနေပါတယ်။ ဒီအချက်ဟာ အမှန်တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ Nvidia က DLSS 5 ကို တရားဝင် မိတ်ဆက်ပေးတဲ့အခါမှ ကျွန်တော်တို့ သိနိုင်ပါလိမ့်မယ်။ Source: OC3D #EnThueTech #News #Gaming #GPU #Software Website  https://www.enthuetech.com/2026/08/nvidia-dlss-5-modder-rtx-30-series-gpu.html  Join our Telegram channel now! https://t.me/EnThueTech
285
19
Matn yo'q...
226
20
Breathedge၊ Rival Stars Horse Racing: Desktop Edition နှင့် Down in Bermuda ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေ
Breathedge၊ Rival Stars Horse Racing: Desktop Edition နှင့် Down in Bermuda ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Epic Games က ဒီအပတ်မှာ PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို စက်တင်ဘာလ ၃ ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action နဲ့ Survival ဂိမ်းအမျိုးအစားဖြစ်တဲ့ Breathedge အပြင် Racing၊ Simulation နဲ့ Sports ဂိမ်းအမျိုးအစားဖြစ်တဲ့ Rival Stars Horse Racing: Desktop Edition ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Down in Bermuda ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် အကောင့်ထပ်မံဖွင့်စရာမလိုဘဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games Store ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ PC အတွက် Alone With You ဂိမ်းကိုပေးသွားမယ်လို့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
289