uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Jamadar Ba Thein

Jamadar Ba Thein

Kanalga Telegram’da o‘tish

သတင်းမှန်ရမည်၊ မြန်ရမည်။

Ko'proq ko'rsatish
8 051
Obunachilar
+424 soatlar
-407 kun
-15530 kun
Postlar arxiv
၂၀၂၆ ခုနှစ် ဘလွန်းဒီအောဆုကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ဆွတ်ခူး လန်ဒန်၊ အောက်တိုဘာ ၂၇ ၂၀၂၆ ခုနှစ်အတွက် အမျိုးသား ဘလွန်းဒီ
+2
၂၀၂၆ ခုနှစ် ဘလွန်းဒီအောဆုကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ဆွတ်ခူး လန်ဒန်၊ အောက်တိုဘာ ၂၇ ၂၀၂၆ ခုနှစ်အတွက် အမျိုးသား ဘလွန်းဒီအော (Ballon d'Or) ဆုကို အင်္ဂလန်အသင်းခေါင်းဆောင်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း (Harry Kane) က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေ (Kylian Mbappé) နှင့် ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်းယာမားလ် (Lamine Yamal) တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့သည်။ (၇၀) ကြိမ်မြောက် ဘလွန်းဒီအောဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ London Palladium ပြဇာတ်ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟာရီကိန်းသည် ၂၀၀၁ ခုနှစ်တွင် မိုက်ကယ်အိုဝင် (Michael Owen) ဆုရရှိခဲ့ပြီးနောက် ၂၅ နှစ်အတွင်း ဘလွန်းဒီအောဆုကို ပထမဆုံး ပြန်လည်ဆွတ်ခူးနိုင်သည့် အင်္ဂလန်ကစားသမား ဖြစ်လာခဲ့သည်။ အသက် ၃၃ နှစ်အရွယ် ဟာရီကိန်းသည် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ၆၅ ပွဲကစားကာ ၇၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ crd***News #JBT

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနေပြီး ၎င်း၏အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။ crd***News #JBT

AA သူပုန်တွေ သေမသေ ၊ ငရဲ ရောက်မရောက် သူပုန်လော်ဘီတွေ သေချာကြည့်သွားကြ ၂၇-၁၀-၂၀၂၆   ရခိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာအနီးနှင့် မင်းချောင်းရွာအနီးတို့မှာ ဝပ်ကျင်းထဲခိုအောင်းနေတဲ့ AA သူပုန်တွေကို တပ်မတော်က Drop Bomb ချ ချေမှုန်းခဲ့မှုကြောင့် ခွေးသေ၊ဝက်သေ သေနေကြတဲ့ AA သူပုန်အလောင်းတွေကို ယနေ့ အောက်တိုဘာ ၂၇ရက်နေ့မှာ တွေ့ရှိရပါတယ်။ crd***Truth Waves #JBT

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါကျွတ်ပွဲတော်စုပေါင်းသန့်ရှင်း​ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၁)ကြိမ်မြ
+9
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါကျွတ်ပွဲတော်စုပေါင်းသန့်ရှင်း​                                                       ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၁)ကြိမ်မြောက် ဝါကျွတ်ပွဲတော်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်-အဘိဓမ္မာအခါတော်နေ့)ည ၁၁ နာရီခွဲတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်၏ဌာနအသီးသီးမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များစုပေါင်း၍ သန့်ရှင်းရေးကုသိုလ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ crd***News #JBT

မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို အခြားစီးပွားရေးကဏ္ဍများ နမူနာယူသင့်ကြောင်း UMFCCI ဥက္ကဋ္ဌ တိုက်တွန်း မြန်မာ့ဆန်စပါးကဏ္ဍ
မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို အခြားစီးပွားရေးကဏ္ဍများ နမူနာယူသင့်ကြောင်း UMFCCI ဥက္ကဋ္ဌ တိုက်တွန်း မြန်မာ့ဆန်စပါးကဏ္ဍရဲ့ အောင်မြင်မှုကို နမူနာယူပြီး အခြားစီးပွားရေးကဏ္ဍတွေမှာလည်း သက်ဆိုင်ရာအသင်းအဖွဲတွေအကြား စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲအစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ crd***News #JBT

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာသို့ KNPP/KNDF/PDF အကြမ်းဖက်သောင်းကျန်းသူများမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ၂၀၂၆ ခု
+9
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာသို့ KNPP/KNDF/PDF အကြမ်းဖက်သောင်းကျန်းသူများမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ သီတင်းကျွတ်လပြည်အဘိဓမ္မာနေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်နှင့်အပန်းဖြေနေရာများ၊ အထင်ကရနေရာများသို့သွားရောက်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများ၊ အပန်းဖြေလည်ပတ်ခြင်း များ ပြုလုပ်လျက်ရှိရာ နေ့လည်ပိုင်းတွင် KNPP/ KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီး ကျောင်းဝန်းအနီးနှင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ကျား ၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ - အဆိုပါဒဏ်ရာရရှိခဲ့သော ဒေသခံတိုင်းရင်းသားပြည်သူများအား လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ crd***News #JBT

ကုလသို့ စာများပေးပို့ခဲ့ကြသော မြောက်နှင့် တောင်ကိုရီးယား တင်းမာမှုများ မြင့်တက် စက်တင်ဘာ မြေမြုပ်မိုင်းဖြစ်ရပ်ကို ဆိုးလ်ကလုပ်
+6
ကုလသို့ စာများပေးပို့ခဲ့ကြသော မြောက်နှင့် တောင်ကိုရီးယား တင်းမာမှုများ မြင့်တက် စက်တင်ဘာ မြေမြုပ်မိုင်းဖြစ်ရပ်ကို ဆိုးလ်ကလုပ်ကြံပြောဆိုခဲ့သည်ဆိုသော စွပ်စွဲချက်များကို ထပ်မံပြောကြား၍ ပြုံယမ်းက ကုလသမဂ္ဂလုံခြုုံ‌‌ရေးကောင်စီထံ စာတစ်စောင်ရေးသားပေးပို့ခဲ့ကာ နယ်စပ်အနီးတွင် မြောက်ကိုရီးယား ဟောင်ဝစ်ဇာ အမြောက်ကြီးတစ်ခုကို တွေ့မြင်ခဲ့ရပြီးနောက် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကြား ယခုသီတင်းပတ်တွင် တင်းမာမှုများ မြင့်တက်နေသည်။ crd***News #JBT

ဂျော်ဒန်က ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်စခန်းတွေကို ဗုံးကျဲတိုက်ခိုက် အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ဂျော်ဒန်နိုင်ငံဟာ ပြီးခဲ့တ
ဂျော်ဒန်က ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက်စခန်းတွေကို ဗုံးကျဲတိုက်ခိုက် အောက်တိုဘာ - ၂၇ ( အင်္ဂါနေ့ ) ဂျော်ဒန်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံဘက်က အကြမ်းဖက်စခန်းတွေလို ထင်တဲ့နေရာတွေကို တနင်္လာနေ့မှာ လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်အပေါ် ဆီးရီးယားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ crd***News #JBT

သီတင်းကျွတ်လပြည့်နေ့က မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးတော်များ၌ လာရောက်ဖူးမြှော်သူများနှင့်စည်ကားများပြားခဲ့ အောက်တိုဘာ ၂၆
+7
သီတင်းကျွတ်လပြည့်နေ့က မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးတော်များ၌ လာရောက်ဖူးမြှော်သူများနှင့်စည်ကားများပြားခဲ့ အောက်တိုဘာ ၂၆ ရက်(သီတင်းကျွတ်လပြည့်-အဘိဓမ္မာအခါတော်နေ့)တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးတော်များ၌ လာရောက်ဖူးမြှော်သူ များနှင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်၊ လျောင်းတော်မူဘုရားနှင့် ရပ်တော်မူဘုရား၊ ပလနကျေးရွာအုပ်စုရှိ မဇ္ဇျိမလာဘဗောဓိ ထိုင်တော်မူဘုရားကြီး၊ မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်စေတီတော်တို့တွင် လာရောက်ဖူးမြှော်သူပိုမိုများပြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုဒ်သီ လစောင့်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်းကားများပြားခဲ့ကြောင်း သိရသည်။ crd***News #JBT

အယ်လ်နီညို (El Niño) ဆိုတာ ဘာလဲ? 🌡 အယ်လ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာခြင်းနဲ့ ဆက်စပ်တဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ကမ္ဘာတစ်ဝန်း ရာသီဥတုပုံစံတွေကို သက်ရောက်စေနိုင်ပြီး အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးခေါင်ခြင်းနဲ့ ရေလွှမ်းမိုးခြင်းတိုကို ဒေသအလိုက် ဖြစ်ပေါ်စေနိုင်ပါတယ်။ 🔹 အယ်လ်နီညို (El Niño) ဆိုတာ ဘာလဲ။ 🔹 အယ်လ်နီညို ဘယ်လိုဖြစ်ပေါ်လာသလဲ။ 🔹 အယ်လ်နီညိုက ကမ္ဘာ့ရာသီဥတုကို ဘယ်လိုသက်ရောက်စေနိုင်သလဲ။ 🔹 မြန်မာနိုင်ငံရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။ 🔹 အယ်လ်နီညိုဖြစ်စဉ်အတွင်း ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ။ crd***PPIB #JBT

အကြမ်းဖက်ပဒပ်များ ခိုအောင်းခဲ့ပြီး လက်နက်ခဲယမ်းများပါသိုလှောင် ခဲ့တဲ့ နောင်ချိုဗလီကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရန် တရားရုံး
အကြမ်းဖက်ပဒပ်များ ခိုအောင်းခဲ့ပြီး လက်နက်ခဲယမ်းများပါသိုလှောင် ခဲ့တဲ့ နောင်ချိုဗလီကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရန်  တရားရုံးက အမိန့်ချ။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ နောင်ချိုမြို့လယ်ဗလီနှင့် ဆက်စပ်သည့် မတရားအသင်းဆက်သွယ် ကူညီခဲ့သည့် အမှုမှ  ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ထိုအမှုနှင့် သက်ဆိုင်သည့် ဗလီအဆောက်အအုံကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရန် ကျောက်မဲခရိုင်တရားရုံးက အောက်တိုဘာ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။ crd***VOS #JBT

AA သူပုန်တွေကို ငရဲပြည်အရောက်ပိုပေးခဲ့တဲ့ မှတ်တမ်း ၂၆-၁၀-၂၀၂၆ စစ်တွေ၊ ငပြီကျွန်း၊ရွာမရွာအနီး ခိုအောင်းလှုပ်ရှားခဲ့တဲ့ AA သူပုန်တွေ သေဆုံးသွားအောင် တပ်မတော်က ပြင်းပြင်းထန်ထန်ချေမှုန်းခဲ့တဲ့ မှတ်တမ်းတွေပဲဖြစ်ပါတယ်။ crd***Truth Waves #JBT

ဥက္ကံမြို့အနီး လူတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး Top Phoenix အောက်တိုဘာ ၂၆/၂၀၂၆ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အိုင်ကြ
ဥက္ကံမြို့အနီး လူတစ်ဦး ရထားတိုက်ခံရ၍ သေဆုံး Top Phoenix  အောက်တိုဘာ ၂၆/၂၀၂၆ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အိုင်ကြီးကျေးရွာအုပ်စု ရွှေနားကွင်းကျေးရွာအရှေဘက်ရှိ ရထားလမ်းတွင် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀နာရီခွဲခန့်က အမျိုးသားတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။ crd***News #JBT

ပန်ကာ မပေါ်ခင်က British တွေ India မှာ အသုံးပြုခဲ့တဲ့ လူသားပန်ကာ အခုချိန်မှာတော့ လူ့အခွင့်ရေးဆိုတာကို တွင်တွင်ပြောနေတဲ့ နိုင်ငံတွေရဲ့ အတိတ် crd***VoS #JBT

အမှန်တရားတွေကို ဖုံးကွယ်ပြီး ကသမ်းကရမ်းရေးနေတဲ့ People’s Spring channel စစ်တွေ၊ ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်က ၁၀၀ကျော်သေတယ်ဆိ
အမှန်တရားတွေကို ဖုံးကွယ်ပြီး ကသမ်းကရမ်းရေးနေတဲ့ People’s Spring channel စစ်တွေ၊ ငပြီကျွန်းတိုက်ပွဲမှာ စစ်တပ်က ၁၀၀ကျော်သေတယ်ဆိုပြီး People’s Spring channel က ကသမ်းကရမ်းနဲ့ရေးနေတာကို ကြည့်မိပြီး ရီချင်ပါ့။ အဲ့ဒီတိုက်ပွဲမှာ AA သူပုန်တွေ သောက်သောက်လဲ သေသွားတာ Online ပေါ်မှာ မကြည့်ချင်မှ အဆုံး။ - တကယ်တော့ AA သူပုန်အားပေး မီဒီယာတွေလည်း သောက်သောက်လဲ တလွဲတေ ရေးနေကြတာပဲ။ People’s Spring channel က ဂျပိုးကို လိပ်ဖြစ်အောင်ရေးနေပေးမယ့် အမှန်တရားကို ဖုံးကွယ်လိုမရဘူးဆိုတာ Online ပေါ်မှာတက်လာတဲ့ AA သူပုန်တွေရဲ့အလောင်းပုံတွေက သက်သေတွေပါပဲလို့ ပြောချင်တယ်။ crd***combat news #JBT

သူပုန်တွေက နိုင်ငံတော်ထက် ချမ်းသာပြီး ပါဝါရှိနေ။ crd***News #JBT

သရက်ဘက်မှာ PDF ခေါင်းဆောင်အချင်းချင်း လုပ်ကြံသတ်ဖြတ်နေ ပြီးခဲ့တဲ့ရက်ပိုင်းက သရက်ခရိုင် PDF အဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ ဆိုသူ A5
သရက်ဘက်မှာ PDF ခေါင်းဆောင်အချင်းချင်း လုပ်ကြံသတ်ဖြတ်နေ ပြီးခဲ့တဲ့ရက်ပိုင်းက သရက်ခရိုင် PDF အဖွဲ့မှ စစ်ဆင်ရေးတာဝန်ခံ ဆိုသူ A5 ကို ခရိုင်မှူးဖြစ်တဲ့ ရန်ရှင်း က လက်ထောက်ချပြီး လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ - A5 အနေနဲ့ အမိန့်မနာခံခြင်း၊ ကိုယ်ကျိုးစီးပွားရေးကိုပဲ စိတ်ဝင်စားနေခြင်း၊ PDF ကို မထောက်ခံသူ အပြစ်မဲ့ပြည်သူ များစွာကို သတ်ဖြတ်ခြင်း၊ PDF တွေကို ၎င်းရဲ့လယ်မြေတွေမှာ အဓမ္မစေခိုင်းခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ ရှင်းထုတ်လိုက်တာလို့ သိရပါတယ်။ - အဓိကကတော့ ကိုယ်ကျိုးစီးပွားရေးလုပ်ငန်းတွေမှာ ပုခုံးချင်းတိုက် ယှဉ်လာလို့ လက်စဖြောက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဘယ်အကြမ်းဖက်သမားကမှ နိုင်ငံရေးအတွက်လုပ်နေတာမဟုတ်၊ သူတို့ ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်နေတာကို ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ crd***News #JBT

Eleven ‌ကရေးတာက ရှင်းရှင်းလေး။ လက်ရှိ ရှမ်းမြောက် လက်နက်ကိုင်တွေထဲက MNDAA ရဲ့ လုပ်ရပ်က အရမ်း ဘောင်ကျော်နေတယ်။ လယ်မြေ၊ ယာမြေတွေကို ကွန်ဖက်ထရိတ် အစိုးရပုံစံ စိတ်ကြိုက် ခွဲဝေနေတယ်။ သမိုင်းအစဉ်အလာရှိတဲ့ မြို့တွေကို တရုတ်စကားလုံးနဲ့ အမည်နာမ ပြောင်းတယ်။ ဒါတွေက ဖအေက ရွာသူကြီးမို့ သူကြီးသားက ထင်တိုင်းကြဲနေတယ် ပုံစံ ပေါက်နေတယ်။ Eleven က တိုက်တွန်းတယ်ဆိုတာကလည်း ကိုယ်တွေထောက်ပြနေသလို အစိုးရချင်း ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ကြဖို့ ဆိုတာပဲ အဓိက Highlights လုပ်ထားတယ်။ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ ဩဇာရှိတယ် ဆိုတာ သာမန် နိုင်ငံရေး သုံးသပ်သူတောင် မြင်နိုင်တဲ့ကိစ္စပဲ။ မဟုတ်ရင်...ဘာကိစ္စ တရုတ်နယ်စပ်မှာ အခြေစိုက်မလဲ။ တရုတ်ကရော နယ်စပ်တည်ငြိမ်ရေး အလေးထားပါတယ်ပြောပြီး လက်နက်ကိုင် တည်ရှိမှုကို ဘာကြောင့် လက်သင့်ခံသလဲ။ နယ်စပ်မှု ပေါက်ကွဲမှုတွေ ခဏခဏ ဖြစ်နေတာကို ဘာကြောင့် လက်သင့်ခံရသလဲ။ ဒီနေရာမှာ တချို့က လက်နက်ကိုင်တပ်တွေကို မတိုက်ရဲလို့ တရုတ်စေ့စပ်မှုနဲ့ နယ်မြေတောင်းတယ်ဆိုပြီး ထေ့ကြတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်ကို နိုင်တာ ဘယ် EAO မှ မရှိဘူး။ ၁၀၂၇ မှာလည်း ပယောဂတွေအများကြီး ပါတာ သိတယ်။ နောက်ကွယ်က လက်မဲသာ အရင်ဖယ်။ အချိန်မရွေး ပြန်တိုက်ယူလို့လည်း ရတယ်။ တခါတလေ သံတမန်ရေးကလည်း အရေးပါတယ်။ အတိတ်ကာလတုန်းက ဗကပ တွေ မြန်မာပြည်ပေါ်က ပျောက်တယ်ဆိုတာ တရုတ်ရဲ့ ပေါ်လစီ ပြောင်းသွားတာကြောင့်လည်း ပါတယ်။ တရုတ်အစိုးရသာ ရိုးသားရင် ကိုးကန့်တွေ သူ့နေရာသူပြန်၊ ခုချက်ချင်း  နယ်စပ်ကုန်သွယ်ရေးက မစနိုင်စရာ အကြောင်းမရှိဘူး။ မြန်မာ့စီးပွားရေး ကောင်းဖို့ဆိုတာ နယ်စပ်ကုန်သွယ်ရေးက အရေးပါတာ နှစ်ဖက်စလုံးက သိနေတဲ့အရာပဲ။ ကိုယ့်ဩဇာသက်ရောက်မှု ရှိနေတဲ့ လက်နက်ကိုင်တွေကို...ဒီတိုင်းလစ်လျူရှူပြီး အမေရိကန်နဲ့ ဆက်ဆံရေးထူထောင်မှ မျက်လုံးပြူး မျက်စံပြူးတာတော့ ဘယ်ကောင်းမလဲ။ ပိုဆိုးတာက...တက္ကသိုလ်တစ်ခုက ပညာရှင်ဆိုသူက ငါးစိမ်းတန်းထဲကလို လက်လွတ်စပယ် ရေးတာက တရုတ်- မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင်တာပဲ။ တကယ်လို့ ဒီပုဂ္ဂိုလ်က သာမန် Social Media သုံးသူဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ သမ္မတကြီးရဲ့ တရုတ်ခရီးစဉ်မှာ စကားပြန် လုပ်ဖူးသူဆိုတော့ တာဝန်ကြီးတယ်။ ကောက်ချက်ချမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။ ကိုယ်က အစိုးရကိုလည်း တာဝန်ခံသူ မဟုတ်ဘူးဆိုရင်တောင် ...ကိုယ့်အစိုးရ၊ ကိုယ့်နိုင်ငံကို ကာကွယ်လိုဇောနဲ့ မှတ်ချက်မပေးသင့်ဘူး။ မစ္စတာ တိန်ရွှီးကျင့်ရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စကားလုံးကလည်း အဓိပ္ပာယ်အားဖြင့် ကျယ်ပြန့်လွန်းတာ ကြောင့်လည်း ပါမယ်။ ကိုယ်တွေက တရုတ်ရင်ဆိုင်နေရတဲ့ ဝီဂါအကြောင်းလည်း မပြောပါဘူး။ ဒါတွေက ကိုယ်ပိုင်အကြောင်းပြချက်နဲ့ အခက်အခဲတွေရှိကြတာပဲ။  အဓိက မြန်မာနိုင်ငံမှာ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုရင် တဖက်တည်း အကျိုးစီးပွား မကြည့်တဲ့ ချဉ်းကပ်မှုမျိုးက ပိုပြီး အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ ငါတို့က မင်းတို့ အစိုးရကို မယုံလို့ ကြားမှာ Proxy ခံမယ်။ G tG ချင်းထက် EAO ဆီက မြေရှားသတ္တု ဝယ်တာက ပိုဈေးချိုတယ်လို့ တွက်ရင်....P t P ဆက်ဆံရေးက ဘယ်လိုမှ ကောင်းစရာ မရှိပါဘူး။ တရုတ်အစိုးရအနေနဲ့ မူဝါဒ ပြောင်းပေးဖို့ လိုပါတယ်။ မဟုတ်ရင်....မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ စာရေးဆရာတွေကို ဘယ်လောက်ပဲ ချစ်ကြည်ရေး ကိုယ်းစားပြု ဖိတ်ခေါ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးလို့ ခေါင်းစဉ်တပ်ပါစေ....ဘာမဟုတ်တဲ့ EAO တွေကြောင့် နှစ်နိုင်ငံကြားက အရေးပါတဲ့ CMEC တွေ စနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တွေ ရေးသမျှတိုင်းဟာ မျှတတဲ့ ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ဖို့ပါပဲ။ ဒါက နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ်ပါ။ crd***(နရီမိုး) #JBT

မန္တလေး သီတင်းကျွတ်လပြည့်ည