Jamadar Ba Thein
Відкрити в Telegram
8 407
Підписники
-524 години
-507 днів
-22030 день
Архів дописів
8 406
+6
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိ ပဲ့ကျမှုအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ အရေးပေါ်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ...
crd***News
#JBT
8 406
+4
လေးမျက်နှာတွင် ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးနေ။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနက သဘာဝဘေးအန္တရာယ်တုံပြန်ဆောင်ရွက်မှုအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြိုနယ်အတွင်းရှိ ရေလဲကျေးရွာ၊ ကုန်းစုကျေးရွာ၊ နင်းကြမ်းကျေးရွာ နှင့် ဝဲဒေါင့်ကျေးရွာတိုမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
crd***News
#JBT
8 406
နီပေါ-တိဘက်နယ်စပ်အနီးတွင် မြေပြိုကျမှုများကြောင့် ရေလွှမ်းမိုးမှုများဖြစ်ကာ ဖြစ်ပေါ်လာသည့် အတားအဆီးရေကန်တစ်ခုအတွင်းသို့ လာမည့်သုံးရက်အတွင်း ရေကုဗမီတာ ၃ သန်း စီးဝင်လာဖွယ် ရှိသောကြောင့်ရေကန်ပြိုကျပြီးရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားလာနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဩဂုတ်လ ၂၇ ရက်တွင် သတိပေးခဲ့ကြသည်။
အဆိုပါ ရေကန်က နီပေါနိုင်ငံရှိ ချော့ချန် ခိုလာ (Chhochen Khola) နှင့် ပူရီပူ ဆန်ပို (Purepu Tsangpo) မြစ်များဆုံရာအနီးတွင် ကြီးမားသော အတားအဆီးရေကန်တစ်ခုသဖွယ်ဖြစ်လျက်ရှိနေပြီး တရုတ်ရေ အရင်းအမြစ်ဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက် နံနက်အထိ ရေကန်အတွင်းရေကုဗမီတာ ၂ သန်းခန့် ရှိနေကာရေလျှံနေပြီဟု ခန့်မှန်းထားသည်။ အသစ်ဖွဲ့စည်းဖြစ်ပေါ်လာသော အတားအဆီးရေကန်က ကျိုးပေါက်မှုဖြစ်လာခဲ့လျှင် မြစ်အောက်ဘက်သို့ ရေများ ရုတ်တရက် မြင့်တက်လာနိုင်ပြီး မြစ်ကြောင်းစနစ်တစ်လျှောက်ရှိ ရပ်ရွာများနှင့် အခြေခံအဆောက်အအုံများကို ထိခိုက်နိုင်သည်။
ဩဂုတ်လ ၂၆ ရက်တွင်ဖြစ်ပွားခဲ့သော ရုတ်တရက်ပြင်းထန်လှသည့် ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံတွင် ဩဂုတ်လ ၂၈ ရက် နံနက်အထိ သေဆုံးသူ အနည်းဆုံး ၄၇၅ ဦးရှိပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရသည်။ တိဘက်ဒေသတွင်လည်း ရေကြီးရေလျှံမှုကြောင့် လူသုံးဦးသေဆုံးကာ ၅၅၀ ဦး ပျောက်ဆုံးနေသည်ဟု တရားဝင်သတင်းများကဆိုသည်။
crd***News
#JBT
8 406
+1
နီပေါနိုင်ငံတွင် အတားအဆီးရေကန်သစ်တစ်ခုကျိုးပေါက်ကာ ရေကြီးမှုအန္တရာယ်အသစ်များ ထပ်မံဖြစ်လာနိုင်ကြောင်း တရုတ်အာဏာပိုင်များ သတိပေး
8 406
+7
ကလေးမြို့တွင် PDF ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
၂၈-၈-၂၀၂၆ ရက်နေ့ယနေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးမြို့တွင် PDF ကျား(၄၂)ဦး၊ မ(၃)ဦး စုစုပေါင်း ၄၅ ဦးသည် လက်နက် (၂၁)လက်၊ လက်ပစ်ဗုံး(၆)လုံး၊ စကားပြောစက်(၃)လုံး၊ ကျည်အိမ်(၃၀)ခုနှင့် ကျည်မျိုးစုံ(၆၇၉)တောင်တို့ဖြင့် အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ PDF လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့။
crd***News
#JBT
8 406
မြေပြင်အခြေအနေအရလည်း ဒီဆွဲလဲအို ဘုန်းကြီးကျောင်းထိုင်ကို ၂၀၂၂ လောက်မှာ PDF တွေက ဒလန်ဆိုပြီး မီးရှို့သတ်ထားပြီး ကျောင်းကို လက်နက်ထုတ်လုပ်ရေးနဲ့ PDF စခန်းဆိုပြီး လုပ်ထားတယ်လို့ သိရတယ်။
https://t.me/MT_News_Media/97197
ဆွဲလဲအိုဟာ ဘုန်းကြီးကျောင်းစစ်သေးရဲ့လား၊ PDF စခန်းဖြစ်နေလားဆိုတာတွေကို ဆန်းစစ်ပြီး ထုတ်သမျှ ပုံတွေလိုက်ကြည့်မယ်ဆို...
၁။ ပုံတွေမှာ PDF တွေလို့ ယူဆရတဲ့ ဝေါ်ကီတော်ကီတွေ ဆောင်ထားတာမြင်ရတယ်။
၂။ PDF လိမ်သလိုမျိုး တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေ ၁၄ ဦးသာဆို၊ ဘုန်းကြီးတစ်ပါးသာပါတယ်ဆို သေချာပေါက် အလောင်းတွေ ပြန့်လာရမယ်။ အခု စပြန့်တဲ့ ငါးဦးလောက်ပါ အလောင်းပုံကလွဲရင် တခြားမမြင်ရဘူး။ အဲဒီပုံပါအလောင်းတွေကလည်း ရုပ်မပြထားဘူး။
၃။ နယ်တွေမှာ တစ်မိသားစုတစ်ယောက်နှုန်းလောက် ပြည်ပရောက်နေတဲ့ခေတ်မှာ တရားစခန်းဗုံးကြဲခံရလို့ သက်ကြီးရွယ်အိုတွေ တကယ်ပါသွားရင် ပြည်တွင်းကလူက မရေးရဲတောင် ပြည်ပရောက်နေတဲ့သူက ဝမ်းနည်းပက်လက် ရေးတတ်တယ်။ အခု အဲဒီလို ရေးတာမျိုး တစ်ပို့စ်တောင်မမြင်ရဘဲ ပျောက်နေတယ်။ ဒါဟာ ဖြစ်နိုင်တာက PDF တွေ သေတာကို တရားစခန်းဝင်သက်ကြီးရွယ်အိုလို့ လိမ်ထားလို့ ဘယ်သူမှ ဝမ်းနည်းပြရဲတဲ့ အခြေအနေရှိမနေဘူး။ ပြီးတော့ PDF တွေဘက်ကလည်း ဝမ်းနည်းကြောင်းမထုတ်လာတော့ ဒီဖြစ်စဥ်ဟာ သေချာပေါက် လိမ်ထားတာမို့ အကုန် ရေငုံနှုတ်ပိတ်နေရတဲ့ အခြေအနေ။
၄။ ပြီးတော့ ဆွဲလဲအို ဘုန်းကြီးကျောင်းထဲမှာ PDF တွေရဲ့ အာဇာနည်ဂူတွေ တည်ထားတဲ့ပုံတွေ မြင်နေရတယ်။ ဒီရွာနောက်ဆုံးအစီးခံရတာ ၂၀၂၂ ဇန်နဝါရီပဲ။ အဲဒီကာလအလွန် ဒီလေးနှစ်မှာ မြောင်ဘက်ရွာတိုင်း လက်နက်ကိုင်အင်အား အဆမတန်ကောင်းလာလို့ လွတ်မြောက်နယ်မြေလို့တောင် အော်တယ်မဟုတ်လား။
၅။ ဆွဲလဲအိုဗုံးမကြဲခင် ဆွဲလဲအိုအခြေပြု PDF ၃၀ လောက်စာရင်း တိတိကျကျထွက်လာတယ်။ ဒီစာရင်းဟာ မှားတယ်လို့ ဘယ်ဒေသခံကမှ မငြင်းထားသလို စာရင်းပေါက်နေပြီ ရှောင်ကြဆိုတာပဲ တွေ့ရတယ်။
၆။ တရားစခန်း ဗုံးကြဲတယ် ၁၄ ဦးသေတယ်ဆိုပြီး အသံလွှင့်တာကို ပြည်ပမီဒီယာတွေ ပွထနေအောင် ရေးကြပေမဲ့ သတင်းတိုင်းမှာ ခိုင်မာတဲ့ Source ပါမလာဘဲ ပြည်ပြေးသတင်းထောက်တွေ လက်ရာမတိုင်း Half Truth နဲ့ ဝါဒဖြန့်ပုံစံပဲ ရေးထားတာ တွေ့ရတယ်။
၇။ ဒီလောက်စစ်ဖြစ်၊ ဒီလောက် သတ်ဖြတ်နေတဲ့ နီပေါရွာတွေ၊ ဘုန်းကြီးရဟန်းသတ်တာကို အလွယ်တကူ လက်ခုပ်တီးနေတဲ့ ရွာတွေမှာ တရားစခန်းက လည်ပတ်နိုင်တယ်ဆိုတာဖြစ်နိုင်သလားယ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆို ဆွဲလဲအိုရွာဘုန်းကြီးကျောင်းမှာ ဒီနှစ်မှမဟုတ် အခြားနှစ်တွေရဲ့ တရားစခန်းပုံရိပ် တစ်ပုံမှ တက်မလာဘူး။
ဒါကြောင့် ဒီဆွဲလဲအိုရွာဟာလည်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ စစ်တပ်က တရားစခန်းတောင် မရှောင် ဗုံးကြဲနေပါတယ်ဆိုတဲ့ ကမ္ဘာကို လိမ်ဆင် Message ပေးတဲ့သတင်းပဲဖြစ်နေတယ်။ ကမ္ဘာကို လိမ်ပြီး သတင်းမှားတွေပေးနေသရွေ့ ဒီနိုင်ငံဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ပြည့်နေဆဲဆိုတဲ့ သတင်းအမှားပဲဆက်သိ၊ ဖြေလျှော့မှုမရှိရင် ပြည်တွင်းကျပ်တည်းမှုတွေ မရပ်ဘူး။ ပြည်တွင်းကျပ်တည်းမှုမရပ်ရင် လူငယ်တိုင်းကြောက်နေတဲ့ လက်နက်ကိုင် ဘက်အသီးသီး စစ်မှူထမ်း ပေါ်တာဆွဲနေတဲ့ ပြဿနာအတွက်လည်း အဖြေမရှိဘူး....။
crd***ဖြိုးဝေ
#JBT
8 406
မြောင် ဆွဲလဲအိုရွာကိစ္စ တရားစခန်း ဗုံးကြဲတယ်ဆိုပြီး NUG, PDF နဲ့ Exile Media တွေမှာ ပွထနေပေမဲ့ တကယ့်အခြေခံအကျဆုံး ပုံတွေ၊ စာတွေ တစ်ခုမှ မမြင်ရပါဘူး။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
8 406
+8
၂၈-၈-၂၀၂၆
အကြမ်းဖက်သမားတွေကိုချေမှုန်းပြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ အောင်ပွဲတပ်မတော်သားများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများနဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများကသောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို...
crd***News
#JBT
8 406
ကြေကွဲသံကြီးနဲ့
မကြာခင် kia တွေနဲ့ စိတ်ဓာတ်ပျက်နေတဲ့ ပဒပ်လေးတွေ ရှယ်အတီးခံရတော့မယ်...
မသေချင်ရင်ပြေးကြ...
ရှယ်ကြီးနဲ့အတီးခံရမှာ..
ထပ်ပြောမယ် ရှယ်ကြီးနဲ့ အတီးခံရမှာနော်...
ရှယ်ကြီးဆိုတာ ဘာကြီးလဲ..?🤔🤔
crd***မှိုင်းဝေ
#JBT
8 406
+3
မုံရွာမြို့၌ PDF အဖွဲ့ဝင် ၉၅ ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်
ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဇေယျာသီရိခန်းမ၌ယနေ့ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက PDF အဖွဲ့ဝင် အမျိုးသား ၈၉ ဦးနှင့် အမျိုးသမီး ၆ ဦး၊စုစုပေါင်း ၉၅ ဦးတို့ လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့ဝင်၉၅ ဦးသည် သေနတ် ၇ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအားဂုဏ်ပြုချီးမြှင့်ငွေများနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင်အခမ်းအနားတွင် တက်ရောက်လာသူများအား မနက်စာများဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို သက်ဆိုင်ရာမိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။
crd***သလ္လာရွှေမြေ
#JBT
8 406
ရွှေကူမြို့နယ်၌ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲ၍ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ
=====
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရေပျံကြီး ကူးတို့ဆိပ်အနီးသို့ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကူးတို့ဆိပ်တွင် အလုပ်လုပ်ကိုင်နေသည့် ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာနေ အရပ်သား ၄ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများကို ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စိစစ်ချက်အရ သိရသည်။
crd***News
#JBT
8 406
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ခွဲခွာ၍မရသော အပြန် အလှန်နားလည်ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်
နေပြည်တော်၊ ဩဂုတ် - ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
crd***PPIB
#JBT
8 406
+5
နီပေါနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၅၉ ဦးထိ ရှိလာပြီး ၉၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်
နီပေါနိုင်ငံ ရေကြီးရေလျှံမှု ဖြစ်ပွားရာ ဒေသများမှ ဩဂုတ် ၂၇ ရက် ညနေအထိ သေဆုံးသူ ၃၅၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားပြီး ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
လက်ရှိတွင် ဘေးဒဏ်သင့် ဒေသများ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး နိုင်ငံခြားသား ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း နီပေါ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ဆိုသည်။
ပျောက်ဆုံးသူများ၏ အချက်အလက်နှင့် ပိုင်ဆိုင်မှုများကို နီးစပ်ရာ ရဲစခန်းများတွင် လာရောက် ပြသကြရန်လည်း နီပေါ ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
crd***News
#JBT
8 406
၂၀၂၇ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစ၍ ရောင်းချမည်
=====
၂၀၂၇ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော် (ရုံးချုပ်) နှင့် ရန်ကုန် (လှိုင်မြို့နယ်ရုံးခွဲ) တို့တွင် ရောင်းချပေးသွားမည် ဖြစ်သည်။
လျှောက်လွှာတစ်စောင်လျှင် ၅၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေး ငွေသွင်းတံဆိပ်ခေါင်း ၂,၀၀၀ ကျပ် သတ်မှတ်ထားပြီး အပြာရောင် ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားတွင် မိမိဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ် ရေးသားရမည်ဖြစ်သည်။
ကျောင်းအုပ်ကြီးများသည် ကျောင်းသား/သူများ၏ လျှောက်လွှာများကို မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း အပြီးတင်သွင်းရမည်ဖြစ်ကာ သတ်မှတ်ရက် ကျော်လွန်ပါက ဖြေဆိုခွင့်ရရှိမည် မဟုတ်ပေ။
crd***News
#JBT
8 406
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅)ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အသီးသီး၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့သည့် State Visit ၊ Official Visit နိုင်ငံတကာခရီးစဉ်များ။
crd***News
#JBT
8 406
+9
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နဲ့ အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် နေမင်းနဲ့ အဆိုတော် ဖြိုးမြတ်အောင်
crd***News
#JBT
8 406
သာစည်မြို့နယ်၌ ငွေကျပ် ၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက် ည ၁၁ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ NISSAN ၁၂ ဘီး မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာ ဒေသတန်ဖိုး ငွေကျပ် ၇ ဒသမ ၉၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ ဒသမ ၂၈ သန်း ဖမ်းဆီးရမိခဲ့သည်။
ယာဉ်ပေါ်ပါသူ ထက်အောင်နှင့် တိုးတက်အောင်တို့အား စစ်ဆေးချက်အရ ယင်းဆေးပြားများကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းသူမှာ အောင်ပန်းမြို့နေ ခွန်ရဲထွဋ်(ခ)ရဲထွဋ် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေဖြင့် အရေးယူထားပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
crd***News
#JBT
8 406
ဦးပိုင်ထုတ်ရလို့ ပြုံးပျော်နေကြသော
စစ်သည်/ရဲမေများအတွက် ခံစားရေးဖွဲ့သည်
crd***ဘညွန့်
#JBT
8 406
အောင်ဆန်းကွင်းကို ပရိသတ် နှစ်သောင်းခွဲဆံ့ နိုင်ငံတကာအဆင့်မီ ကွင်းအဖြစ် အသစ်ပြန်လည် တည်ဆောက်မည်
=====
ရန်ကုန်မြို့ရှိ သမိုင်းဝင် အောင်ဆန်းကွင်းကို ပရိသတ် နှစ်သောင်းခွဲဆံ့ ကွင်းအဖြစ် အသစ်ပြန်လည် တည်ဆောက်ရန် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။
လက်ရှိကွင်းမှာ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေသဖြင့် ပြင်ဆင်ခြင်း မပြုဘဲ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ အသစ်တည်ဆောက်မည် ဖြစ်သည်။
အသစ်ဆောက်လုပ်မည့် ကွင်းပုံစံတွင် ပြေးလမ်းနှင့် ပရိသတ် သုံးထောင်ဆံ့ Indoor အားကစားရုံ ပါဝင်မည်ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည့် စနစ်များဖြင့် တည်ဆောက်မည်ဖြစ်သည်။
လက်ရှိတွင် ကွင်းဟောင်းအား ဖြိုချနေပြီဖြစ်သော်လည်း တည်ဆောက်ပြီးစီးမည့် အချိန်ကာလကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အောင်ဆန်းကွင်းသည် ၁၉၀၆ ခုနှစ်တွင် BAA Ground အဖြစ် စတင်ခဲ့ပြီး ၁၉၆၁ နှင့် ၁၉၆၉ SEAP Games ပြိုင်ပွဲများကို လက်ခံကျင်းပခဲ့သည့် သမိုင်းဝင် ကစားကွင်းဖြစ်သည်။
crd***News
#JBT
