ru
Feedback
Jamadar Ba Thein

Jamadar Ba Thein

Открыть в Telegram

သတင်းမှန်ရမည်၊ မြန်ရမည်။

Больше
8 178
Подписчики
-724 часа
-507 дней
-21030 дней
Архив постов
ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို လေ့လာပြီး လက်တွေ့အသုံးချနိုင်ရန်လိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြေ
+1
ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို လေ့လာပြီး လက်တွေ့အသုံးချနိုင်ရန်လိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရန်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးပြုနိုင်ရန်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။ ထို့အပြင် ပြည်သူများက ယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ်လာစေရန် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ crd***News #JBT

အမေရိကန်ရေတပ်သား ၅,၀၀၀ ကျော် ဖူးခက်သို့ လာရောက်မည် USS George H.W. Bush လေယာဉ်တင်သင်္ဘောနှင့် USS Delbert D. Black လမ်းညွှန်ဒ
အမေရိကန်ရေတပ်သား ၅,၀၀၀ ကျော် ဖူးခက်သို့ လာရောက်မည် USS George H.W. Bush လေယာဉ်တင်သင်္ဘောနှင့် USS Delbert D. Black လမ်းညွှန်ဒုံးကျည်ပစ် ဖျက်သင်္ဘော (guided-missile destroyer) တို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်မှ ၉ ရက်အထိ ဖူးခက်၊ Wichit ရှိ ဖူးခက်ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် အစီအစဉ်ရှိ USS George H.W. Bush သင်္ဘောပေါ်တွင် ဝန်ထမ်း/ရေတပ်သား ၄,၈၀၀ ခန့်နှင့် USS Delbert D. Black သင်္ဘောပေါ်တွင် ဝန်ထမ်း/ရေတပ်သား ၃၂၀ ခန့် လိုက်ပါလာမည်ဟု ခန့်မှန်းရ ဤခရီးစဉ်သည် ထိုင်းနိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးသွားနေရာတစ်ခုဖြစ်သည့် ဖူးခက်တွင် အမေရိကန်ရေတပ်ဝန်ထမ်းများ အနားယူအပန်းဖြေနိုင်မည့် အခွင့်အရေးကို ရရှိစေမည်ဖြစ် ယခုကဲ့သို့ ဆိပ်ကမ်းဝင်ရောက်မှုမှာ စက်တင်ဘာလ ၂ ရက်မှ ၆ ရက်အထိ Laem Chabang သို့ USS Abraham Lincoln သင်္ဘော လာရောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ ထိုစဉ်ကလည်း အမေရိကန်ရေတပ်ဝန်ထမ်း ၅,၀၀၀ ကျော် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည်။

အကြမ်းဖက် ARSA နှင့် အကြမ်းဖက် AA အဖွဲ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် AA အဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း အ
အကြမ်းဖက် ARSA နှင့် အကြမ်းဖက် AA အဖွဲ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် AA အဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း အကြမ်းဖက် ARSA ထုတ်ပြန်.. crd***News #JBT

ယူကရိန်းတွဲဘက်လေယာဉ်မှူးကရုရှားကပ္ပတိန်ကိုဓားဖြင့်ထိုး ဖလိုင်းဒူဘိုင်းလေကြောင်းလိုင်း၏ ဒူဘိုင်း-တယ်လ်အဗစ်ခရီးစဉ်အတွင်းယူကရိန်းလူမျိုး တွဲဘက်လေယာဉ်မှူးက လေယာဉ်ကပ္ပတိန်ရုရှားလေယာဉ်မှူးကို လေယာဉ်မောင်းခန်းအတွင်းဓားဖြင့် အချက်များစွာထိုးပြီးလေယာဉ်ကိုမြေပြင်သို့ပျက်ကျရန်ထိုးစိုက်ဆင်းခဲ့သော်လည်း ခရီးသည်များနှင့်လေယာဉ်အဖွဲ့သားများ ကယူကရိန်းလေယာဉ်မှူးကို ဖမ်းဆီးချုပ်နှောင်ပြီးလေယာဉ်မောင်းနှင်မှုအတွေ့အကြုံရှိသည့် ခရီးသည်တစ်ဦးကဝင်ရောက်မောင်းနှင်ကါ လေယာဉ်ကိုဆော်ဒီအာရေးဗီးယားလေဆိပ်သို့ ဘေးကင်းစွာဆင်းသက်ပေးခဲ့သည်။ crd***News #JBT

ထားဝယ်ခရိုင် ရေဘေးအတွက် ဘန်ကောက်ဖျော်ဖြေပွဲကရရှိလာတဲ့ အနုပညာကြေး ကျပ်သိန်း ၁၃၀ ကို လှူဒါန်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်။ ပ
ထားဝယ်ခရိုင် ရေဘေးအတွက် ဘန်ကောက်ဖျော်ဖြေပွဲကရရှိလာတဲ့ အနုပညာကြေး ကျပ်သိန်း ၁၃၀ ကို လှူဒါန်းလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်။   ပရိသတ်ချစ်ခင်မှုအခိုင်အမာရရှိထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ထားဝယ်ခရိုင် ရေဘေး ကြုံတွေ့နေရတဲ့အတွက်ကြောင့် ဘန်ကောက်ဖျော်ဖြေပွဲကရရှိလာတဲ့ အနုပညာကြေး ကျပ်သိန်း ၁၃၀ ကို သရုပ်ဆောင် ဝင့်ယမုံနိုင်နဲ့အဖွဲ့ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။ “သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့်အဖွဲက ထားဝယ်ခရိုင်ရေဘေးသို ကိုယ်တိုင်သွားရောက် လှူဒါန်းမည် ဖြစ်ပါသောကြောင့် ဘန်ကောက်ပွဲမှ ကျနော်ရရှိသော အနုပညာကြေးမှ ကျပ် သိန်း ၁၃၀ တိတိ ထည့်ဝင်လှူဒါန်း ပါသည် (သတ်ပုံမူရင်း)”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။  သူဟာ စက်တင်ဘာ ၂၆ ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ စိုင်းစိုင်းရဲ့A Night in Bangkok ဖျော်ဖြေပွဲမှ ရရှိလာတဲ့ အနုပညာကြေးကို အခုလို မြန်မာနိုင်ငံ ထားဝယ်ခရိုင် ရေဘေးနဲ့ မြေပြိုမှုတွေကို ပါဝင်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ crd***mtnewstoday #JBT

ဥရောပလေယာဉ်ထုတ်လုပ်သူ Airbus SE သည် အင်္ဂါနေ့ (စက်တင်ဘာ ၂၉)တွင် ၎င်း၏ A350 ကုန်တင်လေယာဉ်အသစ်ကို ပထမဆုံးအကြိမ် ပျံသန်းခဲ့သည်။
ဥရောပလေယာဉ်ထုတ်လုပ်သူ Airbus SE သည် အင်္ဂါနေ့ (စက်တင်ဘာ ၂၉)တွင် ၎င်း၏ A350 ကုန်တင်လေယာဉ်အသစ်ကို ပထမဆုံးအကြိမ် ပျံသန်းခဲ့သည်။  ၎င်းလေယာဉ်ကို ချောစာထုပ် ထုပ်ပိုးမှုတစ်ခုနှင့်တူအောင် ကတ်ထူပြားအညိုရောင်ဖြင့် ဆေးသုတ်ထားသော လေယာဉ်သည် ကုမ္ပဏီအခြေစိုက်ရာ ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Airbus ၏ Toulouse စက်ရုံမှ ထွက်ခွာပျံသန်းခဲ့သည်။ A350 ကုန်တင်လေယာဉ် ထုတ်လုပ်မှုကို မူလက ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်ရန် ရည်ရွယ်ထားသော်လည်း ထောက်ပံ့ရေးကွင်းဆက် ကန့်သတ်ချက်များကြောင့် အကြိမ်ကြိမ် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။  ယခုအခါ လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် ပျံသန်းပြေးဆွဲရန် ရည်မှန်းထားသည်။ ၎င်းကုန်တင်လေယာဉ်ကို Airbus ၏ ထုတ်လုပ်မှုတွင် အကြီးဆုံးလေယာဉ်ဖြစ်သည့် A350-1000 ၏ ပလက်ဖောင်းကို အသုံးပြု၍ တည်ဆောက်ထားသည်။ ခရီးသည်တင်လေယာဉ်မှ ပြောင်းလဲထားသော ကုန်တင်လေယာဉ်မော်ဒယ်များအစား ကုန်တင်လေယာဉ်အဖြစ် အထူးတည်ဆောက်ထားသည်။ Atlas Air မှ ၂၀ အပါအဝင် အမှာစာ ၁၀၀ ကျော် ရရှိထားသည်။ ource Bloomberg  crd***LogisticsIndustryGuide #JBT

SNA အမှတ်(၅၆၅) တပ်မဟာ အမှတ်စဉ်(၁)၊ အပတ်စဉ်(၈) သင်တန်းဆင်းပွဲ ကျင်းပ။ မိုးကောင်း၊ စက်တင်ဘာ ၃၀ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်
+8
SNA အမှတ်(၅၆၅) တပ်မဟာ အမှတ်စဉ်(၁)၊ အပတ်စဉ်(၈) သင်တန်းဆင်းပွဲ ကျင်းပ။ မိုးကောင်း၊ စက်တင်ဘာ ၃၀ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာရှိ  (SNA) အမှတ်(၅၆၅) တပ်မဟာ၌ အမှတ်စဉ်(၁)၊ အပတ်စဉ်(၈) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ crd***News #JBT

■ စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တောင်းပန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တောင်းဆို ကိုရီးယာ
+2
■ စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တောင်းပန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တောင်းဆို ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သား သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှုအတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်း တောင်ကိုရီးယားက စက်တင်ဘာ ၃၀ ရက်တွင်စွပ်စွဲခဲ့ပြီး ထိုဖြစ်စဉ်အတွက် တောင်းပန်ရန် တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ ၁၉၅၃ ခုနှစ် စစ်ရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ချိန်ကစ၍ ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန် အတွင်း စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား အရာရှိ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦးမှာ ခြေထောက် ဆုံးရှုံးခဲ့သည်။ crd***News #JBT

■ Thai Airways က ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များကို အောက်တိုဘာ ၁ ရက်အထိ ထပ်မံဖျက်သိမ်း ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် ဝန
■ Thai Airways က ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များကို အောက်တိုဘာ ၁ ရက်အထိ ထပ်မံဖျက်သိမ်း ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် ဝန်ထမ်းများ အလုပ်သွားလာရန် အခက်အခဲကြုံနေသဖြင့် Thai Airways International လေကြောင်းလိုင်းက ပြည်တွင်းနှင့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်အချို့ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ထပ်မံဖျက်သိမ်းကြောင်း ကြေညာထားသည်။ စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံတကာခရီးစဉ် ငါးခု၊ စက်တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းခရီးစဉ် ခုနစ်ခုနှင့် နိုင်ငံတကာခရီးစဉ် ၂၁ ခု အပါအဝင် စုစုပေါင်းခရီးစဉ် ၂၈ ခု၊ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတကာခရီးစဉ် လေးခုတို့ကို ဖျက်သိမ်းထားသည်။ ခရီးစဉ်များ ဖျက်သိမ်းလိုက်ရသည့်အတွက် အဆင်မပြေမှုများ ဖြစ်လာခဲ့သည့်အပေါ် တောင်းပန်ပါကြောင်းလည်း လေကြောင်းလိုင်းဘက်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရေကြီးမှုကြောင့် ဝန်ထမ်းအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေသဖြင့် သုဝဏ္ဏဘူမိလေဆိပ်၏ ကုန်စည်သိုလှောင်ရုံမှ ကုန်ပစ္စည်းလက်ခံမှုကို Thai Airways က စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ တစ်ပတ်ကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။ crd***Eleven News #JBT

ငွေဆောင်တွင် ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်း ဖော်ဆောင်ရန် စီစဉ်၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဖြ
ငွေဆောင်တွင် ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်း ဖော်ဆောင်ရန် စီစဉ်၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဖြန့်ဖြူးမည် ပုသိမ်၊ စက်တင်ဘာ ၃၀ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် လျှပ်စစ်ဓာတ်အား ၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီ GCL Green Energy Technology Limited နှင့် မြန်မာနိုင်ငံသားကုမ္ပဏီ Galaxy Red Star တို့ ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါစီမံကိန်းနှင့် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ထံ ရှင်းလင်းတင်ပြခဲ့ကြခြင်းဖြစ်သည်။ စီမံကိန်းကို ငွေဆောင်မြို့ရှိ မြေလွတ်၊ မြေရိုင်း ဧက ၁,၀၀၀ ပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားပြီး နည်းပညာပိုင်းဆိုင်ရာ လေ့လာမှုနှင့် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်းအဆင့်မှစ၍ လုပ်ငန်းစဉ်များကို အဆင့်လိုက် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ဂါဇာမှာဆိုရင် လူဦးရေ အလွန်ထူထပ်တဲ့ နယ်မြေအကျဉ်းလေးထဲကို နေ့စဉ်ရက်ဆက်ပြီး အလုံးအရင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်… ဗုံးကြဲမှု အရေအတွက်၊ ထိခိုက်ပျက်စီးမှုနဲ့ တိုက်ခိုက်မှုဖြစ်ပွားတဲ့ နယ်မြေအကျယ်အဝန်းကို စုစုပေါင်းကြည့်လိုက်ရင် အတိုင်းအတာက အလွန်ကြီးမားပါတယ်.. အလားတူ ရခိုင်ဘက်မှာ ဖြစ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြန်ယှဉ်ကြည့်ပါ။ ရခိုင်ဟာ ပထဝီအနေအထားအရ နယ်မြေကျယ်ဝန်းသလို တိုက်ခိုက်မှုတွေကလည်း နေရာတိုင်းကို အလုံးအရင်းနဲ့ ဆက်တိုက်ဗုံးကြဲနေတဲ့ ပုံစံမျိုးမဟုတ်ဘဲ စစ်ရေးပစ်မှတ်လို့ သတ်မှတ်ထားတဲ့ နေရာအချို့ကို အကန့်အသတ်နဲ့ တိုက်ခိုက်တာဖြစ်ပါတယ်… တပ်မတော်အနေနဲ့ လေကြောင်းနဲ့ တိုက်ခိုက်ချေမှုန်းရာမှာလည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့နေရာကိုပဲ ပစ်ခတ်ချေမှုန်းတာဖြစ်တယ်.. ဒါကို အကြမ်းဖက်အားပေးအဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်ကို နည်းမျိုးစုံးသုံးဖြိုခွဲချင်တဲ့ ပြည်တွင်း/ပြည်ပအဖွဲ့တွေက ဂါဇာမှာ ဗုံးမိုးရွာပြီး ပြာကျနေတာကို မျက်ကွယ်ပြုပြီး စစ်ရေးပစ်မှတ်ဖြစ်လို့ အကြမ်းဖက် AA ထောက်ပို့စခန်းကို ဗုံးတစ်လုံးလောက်ကြဲတဲ့ မြန်မာ့တပ်မတော်ကို လူအခွင့်အရေးဘာညာဆိုပြီး ထိုးနှက်နေတာကြီးက တော်တော်ရုပ်ပေါက်ပါတယ်.. ဒါပေမယ့်လည်း ဒီလိုအပြောအဆိုတွေကို သိပ်ပြီးဂရုစိုက်စရာလည်း အကြောင်းမရှိပါဘူး.. ဒီကောင်တွေနဲ့လည်း ဘာကျေးဇူး ကျေးခံမှ မရှိဘူး… အကြမ်းဖက်သမားတွေကိုချေမှုန်းတာဟာ တပ်မတော်ရဲ့ အဓိကတာဝန်ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေကင်းစင်ဖို့အတွက်ဆိုရင် ယခုထက်တောင်ပြင်းပြင်းထန်ထန်ချေမှုန်းသင့်တယ်… အကြမ်းဖက်သမား ရခီး AA တွေအနေနဲ့လည်း မြန်မာ့တပ်မတော်က ဂါဇာမှာ ဗုံးကြဲသလို မကြဲဘဲ သက်ညှာစွာနဲ့ ဗုံးကြဲပေးနေတာကို မင်းတို့တွေအနေနဲ့ ကျေးဇူးသိတတ်မယ်ဆိုရင် ကျေးဇူးတောင် တင်သင့်တယ်… ကျေးဇူးပါ တပ်မတော်ကြီးလို့ ပြောစမ်းကွာ😏😏😏 crd***News #JBT

ဂါဇာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်နေတဲ့ ပမာဏနဲ့ ရခိုင်ဘက်မှာ AA အဖွဲ့တွေရှိတဲ့ နေရာတွေကို တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်
ဂါဇာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်နေတဲ့ ပမာဏနဲ့ ရခိုင်ဘက်မှာ AA အဖွဲ့တွေရှိတဲ့ နေရာတွေကို တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်တာကို ယှဉ်ကြည့်လိုက်ရင် ကွာခြားချက်က တော်တော်ကြီးပါတယ်…

ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော် လူသားချင်းစာနာမှုအကူအညီ ပေးအပ် စက်တင်ဘာ ၃၀ ရုရှားနိုင်ငံက လူသား
+1
ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော် လူသားချင်းစာနာမှုအကူအညီ ပေးအပ် စက်တင်ဘာ ၃၀ ရုရှားနိုင်ငံက လူသားချင်းစာနာမှုအကူအညီအဖြစ် နေကြာဆီ မက်ထရစ်တန် ၅၃၀ ကျော်ကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ပြန်သည်။ ရုရှားသံရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံများသို့ သွားရောက်ပြီး အဆိုပါအကူအညီများကို နိုင်ငံတစ်ဝန်းရှိ ဒေသများသို့ စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး လမ်းကြောင်းနှင့် အချိန်ဇယားများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား တိုက်ရိုက်အကူအညီများအပြင် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများမှတစ်ဆင့်လည်း မြန်မာနိုင်ငံအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။ ရုရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း နေကြာဆီ မက်ထရစ်တန် ၂၅၀ ကျော်ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ crd***News #JBT

ကန့်ဘလူ ခရိုင်ပကဖ အကြမ်းဖက်ပိုင်ချဲ ဦးဆောင်သော အကြမ်းဖက်အဖွဲ့တို့သည် ဇာဒီပြည်သူစစ် စခန်းအားဝင်ရောက် တိုက်ခိုက်ခဲ့။ အကြမ်းဖက်အဖွဲ့ဝင် ဆိတ်သိုး နေရာတွင် သေဆုံး။ ၆ဦးသေဆုံး။ လည်ပင်း ထိမှန်သူတစ်ဦး ညာရင်ဘက် ထိမှန်သူတစ်ဦး ၂ဦးစိုးရိမ်ရဟု သတင်းရ။ crd***combat news #JBT

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်မျာ
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက်  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မတူပီမြို့ (Matupi)အနီးမှ ဖြတ်ကျော်ခဲ့သော  အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram)တို့ကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (Mizoram)နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မတူပီမြို့ ၏အနီးမှ ဖြတ်ကျော်နေပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ crd***မိုး/ဇလ #JBT

■ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ ■ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို အမေရိကန်တပ်
■ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ ■ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို အမေရိကန်တပ်များက အီရတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်အခြေစိုက်စခန်းများမှ စက်တင်ဘာ ၃၀ ရက်တွင် အပြီးသတ် ထွက်ခွာတော့မည်ဖြစ်သည်။ အမေရိကန်တပ်များ ရုပ်သိမ်းမှုကို အီရန်နှင့် ၎င်း၏မဟာမိတ်များက အောင်ပွဲတစ်ရပ်အဖြစ် ကြိုဆိုနေကြပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၄,၅၀၀ သေဆုံးခဲ့သည့် အီရတ်နိုင်ငံတွင် အီရန်နှင့်မဟာမိတ်များ၏ နိုင်ငံရေးနှင့်စစ်ရေး ဩဇာလွှမ်းမိုးမှုမှာ အတော်နက်ရှိုင်းနေပြီဖြစ်သည်။ အီရတ်လုံခြုံရေး ကျွမ်းကျင်သူများက အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် အီရန်နှင့်မဟာမိတ် အဖွဲ့များအတွက် အီရတ်နိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်မည့် အခွင့်အရေး ပိုမိုရရှိစေနိုင်ကာ ၊ IS အပါအဝင် အမေရိကန်၏ အခြားရန်ဘက်အဖွဲ့များ ပြန်လည်အားကောင်းလာနိုင်သည့် အခြေအနေ ဖြစ်စေနိုင်ကြောင်း သုံးသပ်ကြသည်။ Ref: Reuters crd***Eleven News #JBT

၂၉.၉.၂၀၂၆ ရက်နေ့၊ ၀၈ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်ကန်းကြီး-ပြင်စလူကားလမ်း၊ မိုင်တိုင်အမှတ်
+3
၂၉.၉.၂၀၂၆ ရက်နေ့၊ ၀၈ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်ကန်းကြီး-ပြင်စလူကားလမ်း၊ မိုင်တိုင်အမှတ်(၂/၁)နှင့် (၂/၂)ကြားတွင် ရွေးမြစ်ရေတိုက်စားမှုကြောင့် သစ်သားပိုင်ကျောက်စီမြေကာနံရံ ပြိုကျ၍ အလျား(၁၂၀)ပေ၊ အနံ(၂၄)ပေနှင့် ကတ္တရာလမ်းပိုင်း(၆)ပေအပါ အမြင့်(၁၅)ပေခန့် လမ်းတာဘောင်ပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြိုကျခဲ့သည့်နေရာအား Timber ပိုင်ရိုက်ခြင်း၊ ဝါးကပ်ကာရံခြင်း၊ သဲအိတ်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ crd***News #JBT

မကြာခင် ကန်ပက်လက် Sold Out ပါမယ်။ crd***News #JBT
မကြာခင် ကန်ပက်လက် Sold Out ပါမယ်။ crd***News #JBT

စစ်ပြေးနေဝင်းအောင် ရက်လည်မှာ နေဝင်းအောင် မိန်းမကို ကြာကူလီမဲ့ ကြွက်ပျင်း ကျော်သက်လင်း အားတွေ့ရစဉ် crd***original post #JBT
စစ်ပြေးနေဝင်းအောင် ရက်လည်မှာ နေဝင်းအောင် မိန်းမကို ကြာကူလီမဲ့ ကြွက်ပျင်း ကျော်သက်လင်း အားတွေ့ရစဉ် crd***original post #JBT