uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 422 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 330-o'rinni va Myanma mintaqasida 9 947-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 422 obunachiga ega bo‘ldi.

27 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -136 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 648 marta ko‘riladi; birinchi sutkada odatda 493 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 10 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 422
Obunachilar
-924 soatlar
-317 kun
-13630 kun
Postlar arxiv
ဒေါ်လာ ၂,၀၀၀ တန် iPhone Duo ကို ဝယ်ယူပြီးပြီးချင်းမှာပဲ မျက်နှာပြင် ကွဲအက်သွားခဲ့ အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်မှ ရှိန်းဘာ
ဒေါ်လာ ၂,၀၀၀ တန် iPhone Duo ကို ဝယ်ယူပြီးပြီးချင်းမှာပဲ မျက်နှာပြင် ကွဲအက်သွားခဲ့ အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်မှ ရှိန်းဘာစင်စကီသည် iPhone Duo ဖုန်းဝယ်ယူပြီးနောက် ၅ ကြိမ်ထက်မပိုဘဲ ဖြန့်/ခေါက် စမ်းသပ်ကြည့်စဉ် လက်ထဲ၌ပင် မျက်နှာပြင် ကွဲအက်သွားခဲ့ကြောင်း WSJ သတင်းဌာနက ဖော်ပြခဲ့သည်။
29 Okt, 06:21

တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ စပီကာများဖြင့် ဝါဒဖြန့် အသံလွှင့်မှုများ ပြုလုပ် NOM တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အ
တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ စပီကာများဖြင့် ဝါဒဖြန့် အသံလွှင့်မှုများ ပြုလုပ် NOM တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်များတင်ဆောင်ထားသည့် မိုးပျံပူပေါင်းများ ပေးပို့ခဲ့သည့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားဘက်သို့ ဦးတည်၍ စပီကာများဖြင့် အသံလွှင့်သည့် လှုပ်ရှားမှုကို တစ်ညလုံး ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမှိုက်များ ပေးပို့နေခြင်းကို ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးခဲ့ပြီးနောက်၊ တောင်ကိုရီးယား စစ်ဘက်သည် နယ်စပ်တွင် တပ်ဆင်ထားသည့် စပီကာကြီးများကို အသုံးပြု၍ ဝါဒဖြန့်မှုများ၊ ကမ္ဘာ့သတင်းများနှင့် K-pop ဂီတများကို မြောက်ကိုရီးယားဘက်သို့ ဦးတည်ကာ ပြန်လည်ထုတ်လွှင့်ခဲ့သည်။ စစ်ဘက်တာဝန်ရှိသူများနှင့် လှုပ်ရှားသူများက ထိရောက်သည့် စိတ်ဓာတ်စစ်ဆင်ရေး ပုံစံတစ်ခုအဖြစ် သတ်မှတ်ထားသော အဆိုပါ အသံလွှင့်မှုများကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ရပ်ဆိုင်းခဲ့သော်လည်း၊ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် နှစ်ဖက်စလုံးက ထိုသဘောတူညီချက်ကို ပျက်ပြယ်ကြောင်း ကြေညာခဲ့ကြသည်။
29 Okt, 06:20

ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ
ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနဏ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၈ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မစုပုံ (ခ) မကြည်ဖြူငြိမ်းထွေး (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
29 Okt, 06:13

ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ
ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနဏ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၈ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မစုပုံ (ခ) မကြည်ဖြူငြိမ်းထွေး (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
29 Okt, 06:10
29 Okt, ~06:13

ရုရှားအမျိုးသားတစ်ဦး၏ မျက်လုံးအတွင်း ၄ လကြာ ဝင်ရောက်နေသည့် အစေ့မှ အညှောက်​ေထွက်လာ ယာကူတီယာ (Yakutia) ဒေသမှ အသက် ၄၂ နှစ်အရွယ် မက်ဆင် စလက်ပ်ဆော့ဗ် (Maxim Sleptsov) သည် မျက်စိကိုက်ခဲခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် မျက်လုံးအတွင်း ရေချိန်တိုးခြင်းတို့ကြောင့် ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များက ၎င်း၏မျက်လုံးအတွင်းရှိ အစေ့ကို ဖယ်ရှားပေးခဲ့ပြီးဖြစ်၍ လက်ရှိတွင် မျက်စိထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်။
29 Okt, 06:05

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန် စစ်ဘက်ဆိုင်ရာ MQM-170 ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို အီလက်ထရွန်နစ် စစ်ဆင်ရေး နည်းပညာဖြင့် ကြားဖြတ်ဟန့်တားခဲ့ပြီး ဟော်မုဇ် ရေလက်ကြားအနောက်ဘက်ပိုင်းတွင် ဘေးကင်းစွာ ဆင်းသက်စေခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုဒရုန်းထံမှ ရရှိသည့် ပဏာမအချက်အလက်များအရ ဒရုန်း၏ ပျံသန်းမှု စတင်ခဲ့သည့်နေရာမှာ ပါရှန်ပင်လယ်ကွေ့ တောင်ဘက်ကမ်းရိုးတန်းရှိ နိုင်ငံတစ်ခုမှ ဖြစ်ကြောင်းသိရှိရသည်။
29 Okt, 05:52

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းရေးနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရ
+6
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းရေးနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ မိမိတို၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖော်ဆောင််ရွက်ရာတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို၏ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးလေးစားတန်ဖိုးထားမှုများ ရှင်သန်ခိုင်မာနေရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထိုပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို တန်ဖိုးထား၍ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများကို အပြန်အလှန်လေးစားကာ ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
29 Okt, 05:50

(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ကလပ်ကျေးရွာအုပ်စု ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
+4
(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ကလပ်ကျေးရွာအုပ်စု ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်   အောက်တိုဘာ ၂၉၊ ၂၀၂၆   နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထောင်ကလပ်ကျေးရွာအုပ်စု၊ ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။   ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ကော့ထေးကျေးရွာရပ်မိ၊ရပ်ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။   အဆိုပါကွန်ကရစ်လမ်းသစ်ကို ၂၀၂၆-၂၀၂၇ ခု ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၉၇ ဒသမ ၆၂၀ သန်းဖြင့် အရှည် ၄ ဒဿမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ Box Culvert တစ်စင်းတို့ကို ဒေါနကြယ်စင်ကုမ္ပဏီနှင့်ဇွဲကပင်မေမေကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော့ထေးကျေးရွာအဝင်လမ်းကွန်ကရစ်လမ်းသစ်သည် နိုင်ငံ တော်အစိုးရ၏ မူဝါဒ၊လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။   ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
29 Okt, 05:46

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
29 Okt, 04:17

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံသည့်လုပ်ငန်း
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံသည့်လုပ်ငန်း
29 Okt, 03:38

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီပြည်နယ်တွင်နေ့ခင်းကြောင်တောင် အချိန်၌ အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲရန် ကြိုးပမ်းသူကို အိမ်နီးနားချင်းများက အပြေးအလွှား ၀င်ရောက်ကူညီကယ်ဆယ်ခဲ့ရသည်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား လိုက်လံရှာဖွေခဲ့ရာ နာရီအနည်းငယ်အကြာတွင် ကိုယ်လုံးတီးအနေအထားဖြင့် တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
29 Okt, 03:37

ပုဏ္ဏားကျွန်းတွင်လည်း AA အကြမ်းဖက်သမားများကို နေ့မနား၊ ညမအား ချေမှုန်းလျက်ရှိ။
29 Okt, 03:28

အင်ဒိုနီးရှားတောင်ပေါ်တွင် အင်္ကျီအနွေးထည် ယူဆောင်ရန် မေ့ကျန်ခဲ့သည့် တောင်တက်သမား နှစ်ဦး အအေးလွန်ကဲသည့် ဒဏ်ခံစားခဲ့ရ ကယ်ဆယ်ရေးသမားများက ၎င်းတို့အား အရေးပေါ် ကယ်ဆယ်ရေး စောင်များဖြင့် ပတ်ခြုံပေးခဲ့ရပြီး ထမ်းစင်များဖြင့် တောင်အောက်သို့ သယ်ဆောင်ခဲ့ကြရသည်။
29 Okt, 03:08

အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ (အခြေခံပညာအဆင့်) ကျင်းပမည် အောက်တိုဘာ ၂၈၊ ၂၀၂၆ နေပြည်တော်ကောင်စီနှင့် မြန်မာအာကာ
အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ (အခြေခံပညာအဆင့်) ကျင်းပမည် အောက်တိုဘာ ၂၈၊ ၂၀၂၆ နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့ကကြီးမှူး၍ “အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲ” ကို ပြည်ထောင်စုနယ်မြေနေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁(MICC-1)၌ နိုဝင်ဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ သုံးရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲကို အခြေခံပညာမူလတန်းအဆင့်အတွက် အာကာသအိပ်မက်၊ အခြေခံပညာအလယ် တန်းအဆင့်အတွက် လူသားနှင့်အနာဂတ်အာကာသ၊ အခြေခံပညာ အထက်တန်းအဆင့်အတွက် အသုံးချလေ့လာ အာကာသနည်းပညာစသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ၊ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူး၊ စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် သိပ္ပံဆိုင်ရာစိတ်ကူး စိတ်သန်းတီထွင်ဖန်တီးမှု အနုပညာလက်ရာနှင့်ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှု၊ အမျိုးအစားပေးလိုသော သတင်းစကားနှင့် ထူးခြားမှု၊ မြန်မာအငွေ့အသက်နှင့် အာကာသနယ်ပယ်ဟန်ချက် ညီညီပေါင်းစပ်ထားရှိမှုစသည့်အချက်များအပေါ်တွင် အမှတ်ပေးသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကို လည်း Certificate များ၊ အမှတ်တရလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ အခြေခံပညာမူလတန်းအဆင့် ဆုရရှိသူများအား ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ်နှစ်သိန်းစီဖြင့်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ငွေကျပ်ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ်ခြောက်သိန်း၊ တတိယဆု ငွေကျပ်ငါးသိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင်ငွေကျပ်သုံးသိန်းစီဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများအား ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ်ကိုးသိန်း၊ တတိယဆု ငွေကျပ်ရှစ်သိန်း၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ်ငါးသိန်းစီဖြင့်လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် အခြေခံပညာမူလတန်းအဆင့်၊ နိုဝင်ဘာ ၁၁ ရက်တွင် အခြေခံပညာ အလယ်တန်း အဆင့်နှင့် နိုဝင်ဘာ ၁၂ ရက်တွင် အခြေခံပညာ အထက်တန်းအဆင့်တို့မှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား၍ နေပြည်တော်တိုင်းပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
29 Okt, 01:36

ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) က မိမိကိုယ်ကို ဘရာဇီးလ်၏ "အမှန်တကယ် ရွေးချယ်ခံရသူ သမ္မတ" ဟု အမေရိကန်ပြည်ထောင်စုမှ ထ
ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) က မိမိကိုယ်ကို ဘရာဇီးလ်၏ "အမှန်တကယ် ရွေးချယ်ခံရသူ သမ္မတ" ဟု အမေရိကန်ပြည်ထောင်စုမှ ထုတ်ပြန်ကြေညာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ လုအစ် အီနာစီယို လူးလား ဒါ ဆီးလ်ဗား (Luiz Inácio Lula da Silva) ကို မဲဆန္ဒ ၄.၄ သန်းခန့်ဖြင့် ရှုံးနိမ့်ခဲ့သည့် ဘရာဇီးလ် အထက်လွှတ်တော်အမတ် ဖလာဗီယို ဘိုလ်ဆိုနာရို က မိမိကိုယ်ကို "ဘရာဇီးလ်၏ အမှန်တကယ် ရွေးချယ်ခံရသူ သမ္မတ" ဟု သုံးနှုန်းထားသည့် စာတစ်စောင်ကို အမေရိကန်ပြည်ထောင်စုမှ ထုတ်ပြန်လိုက်သည်။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်ကို နှစ်နာရီ တိုးမြှင့်ပေးခဲ့သည့် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို အဓိကထောက်ပြကာ မဲလိမ်မဲခိုးမှုများရှိခဲ့သည်ဟု စွပ်စွဲထားပြီး၊ ယင်းအတွက် တာဝန်ရှိသူများသည် ဘရာဇီးလ်နိုင်ငံအပေါ် အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်နေသည့် ရာဇဝတ်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။ သို့သော် ထိုစွပ်စွဲချက်အတွက် မည်သည့်သက်သေအထောက်အထားကိုမျှ တင်ပြနိုင်ခြင်းမရှိသည့်အပြင် မဲပေးချိန်တိုးပေးရန် တောင်းဆိုခဲ့သည်မှာ ၎င်း၏မဲဆွယ်ရေးအဖွဲ့ အပါအဝင် နှစ်ဖက်စလုံး ဖြစ်ခဲ့သည်။ ၎င်း၏ ကိုယ်ပိုင် လစ်ဘရယ်ပါတီ (Liberal Party) ကမူ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီးဖြစ်သည်။ ဘိုလ်ဆိုနာရိုသည် ၎င်း၏နိုင်ငံကူးလက်မှတ်များကို အပ်နှံရန် တရားလွှတ်တော်ချုပ်၏ အမိန့်ကို ဖောက်ဖျက်ကာ အင်္ဂါနေ့က မိသားစုနှင့်အတူ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး အာဂျင်တီးနားနိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံ၊ မိုင်ယာမီ (Miami) သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထရမ့်အစိုးရအဖွဲ့က ၎င်းတို့မိသားစုအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့သည်။ ၎င်းသည် လာဘ်ပေးလာဘ်ယူမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် စုံစမ်းစစ်ဆေးခံနေရသူဖြစ်သော်လည်း ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားပြီး နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ခွာလာခြင်းဖြစ်သည်ဟု ဆိုကာ ပြည်ပမှနေ၍ အတိုက်အခံအဖြစ် ဦးဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့အပြင် ၎င်းထုတ်ပြန်ခဲ့သည့်စာထဲတွင် အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ (Javier Milei) ၏ "သတ္တိ၊ တရားမျှတမှုဆိုင်ရာ စံနှုန်းများနှင့် ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု" တို့အတွက်လည်းကောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ၎င်းတို့အား လက်ခံစောင့်ရှောက်ပေးခဲ့သည့် "အံ့ဩဖွယ်ရာ အမေရိကန်ပြည်သူများ" အတွက်လည်းကောင်း ကျေးဇူးတင်ရှိကြောင်းဖော်ပြထားသည်။ ဗီရှီ (Vichy) အစိုးရ၏ သေဒဏ်ပေးခြင်းခံခဲ့ရအပြီး လန်ဒန်မှနေ၍ "လွတ်မြောက်သော ပြင်သစ်” (Free France) လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ချားလ်စ် ဒီ ဂေါလ် (Charles de Gaulle) နှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကာ "ကျနော် ဘရာဇီးလ်ကနေ ထွက်ပြေးလာတာ မဟုတ်ပါဘူး၊ ဘရာဇီးလ်နိုင်ငံ ကောင်းစားရေးအတွက် ထွက်ခွာလာခဲ့တာပါ" ဟု ၎င်းက ရေးသားထားသည်။
29 Okt, 01:34

ဆရာမ ကျွန်မ ဒီလိုလေ့လာခွင့်ရတော့ ခုနကတောင် တာဝန်ရှိသူတွေကို ဒီလိုလေး ပြောဖြစ်ခဲ့တယ်။ နှစ်တိုင်းများ ဒီလိုလေ့လာခွင့်ပေးရင် သိပ်ကောင်းမှာပဲလို့။ ဘာလို့လဲဆိုတော့ ကလေးတွေအတွက် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေတယ်။ နောက်ပြီးတော့ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြတဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်း၊ နောက်ပြီးတော့ အမျိုးသားရေးလှုပ်ရှားမှုတွေ သိခွင့်ရတာ ဂုဏ်ယူဖွယ်ရာပေါ့။ အဲဒါလေးတွေကို ကလေးတွေ ထဲထဲဝင်ဝင် သိရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ကြည်းမှာလည်း ပြခန်းကြီး ခြောက်ခု၊ ရေတပ်မှာက ပြခန်းသုံးခု၊ နောက်တစ်ခါ လေတပ်မှာကသုံးခု ကလေးတွေ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုတာကိုလည်း တွေ့ရပါတယ်။ အခုလိုမျိုး ကလေးတွေကို ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ ဂုဏ်ယူဖွယ်ရာတွေ၊ ရင်နင့်ဖွယ်ရာတွေပေါ့။ အားလုံးကို ကြည့်ရှုခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာကျေးဇူးတင်မိပါတယ်။
29 Okt, 01:19

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ အောက်တိုဘာ ၂၈၊ ၂၀၂၆ သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ ဆက်လက်၍ တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။ ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့် ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်- ကျောင်းသူ တပ်မတော် စစ်သမိုင်းပြတိုက်မှာဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ အဖိုးတန်အမွေအနှစ်တွေ၊ သူရဲကောင်းတွေ၊ သူတို့ရဲ့ ရုပ်တုပုံတွေ နောက်ပြီး ပထမဆုံး သမ္မတ စီးခဲ့တဲ့ကားလိုမျိုးနဲ့ ကြည်း၊ ရေ၊ လေ ပြကွက်တွေကို လေ့လာခဲ့ရပါ တယ်။ ကြည်းမှာဆိုလို့ရှိရင် တင့်ကားတွေ၊ အမြောက်တွေ၊ ဒီလိုအကြောင်းအရာတွေ ကြည့်ခဲ့ရတယ်။ နောက်ပြီး ရေမှာဆိုရင် သင်္ဘောကြီးတွေ ပထမဆုံးစစ်သင်္ဘောပေါ့၊ အဲလိုအကြောင်းအရာတွေ ကြည့်ခဲ့ရတယ်။ နောက်ပြီး လေမှာဆိုလို့ရှိရင် စစ်လေယာဉ်တွေ အမျိုးအစားအများကြီးပေါ့၊ အဲဒါတွေကို လိုက်လံပြီး သေချာလေ့လာခဲ့ပါတယ်။ အခုလို အဖိုးတန်အမွေအနှစ်တွေကို စစ်သမိုင်းပြတိုက်မှာ လာရောက်ပြီးတော့ လေ့လာခွင့်ရတဲ့အတွက် အတိုင်းမသိဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လေ့လာခွင့်ရတဲ့အတွက် မျိုးချစ် စိတ်တွေလည်း ပိုပြီးတော့ ထက်သန်မိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး လာရောက်ဖို့အတွက် ထောက်ပံ့ပေးခဲ့တဲ့ တပ်မတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။
29 Okt, 01:18

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့်
+2
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ
29 Okt, 01:18

ဥရောပက ကနေဒါကို လက်တွဲဖြုတ် - အတွင်းပိုင်းသဘောထားကွဲလွဲမှုများကြောင့် အီးယူတွဲဖက်အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက် ဘရပ်ဆဲလ် ရုပ်သ
ဥရောပက ကနေဒါကို လက်တွဲဖြုတ် - အတွင်းပိုင်းသဘောထားကွဲလွဲမှုများကြောင့် အီးယူတွဲဖက်အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက် ဘရပ်ဆဲလ် ရုပ်သိမ်း ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဂရိနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီးနောက် ကနေဒါနိုင်ငံအား တွဲဖက်အဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးရန် မူလအဆိုပြုချက်ကို အီးယူ (EU) က တရားဝင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ပေါ်လတီကို သတင်းဌာနအရ သိရသည်။ လာမည့် ကနေဒါနိုင်ငံ၊ မွန်ထရီယယ် (Montreal) ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ထားသည့် နောက်ဆုံးထုတ်ပြန်ချက်တွင် “အဖွဲ့ဝင်အပြည့်အဝမဟုတ်သည့် အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်မှု...” ဟုသာ ခပ်ပျော့ပျော့ ဖော်ပြနိုင်ခဲ့တော့သည်။ ဝါရှင်တန် (အမေရိကန်) က ကနေဒါ၏ အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေပြီး အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပါဝင်ရန် တောင်းဆိုခြင်း၊ ကနေဒါကုန်ပစ္စည်းများအပေါ် ပို့ကုန်ခွန် ၅၀% တိုးမြှင့်ကောက်ခံခြင်းတို့ ပြုလုပ်နေချိန်တွင် ယခုလို ပျက်ပြားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က အိမ်နီးချင်းနိုင်ငံကို အကျပ်အတည်းထဲ တွန်းပို့နေသဖြင့် ကနေဒါအနေဖြင့် ဥရောပထံမှ စီးပွားရေးထွက်ပေါက်ကို မဖြစ်မနေ ရယူနိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။ ဘရပ်ဆဲလ် (အီးယူ) က ကနေဒါအား ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများ အဆိုပြုထားသည်ဟု ဆိုသော်လည်း ယင်းသို့ဖြစ်လာစေရန် ဖော်ပြရမည့် စကားလုံးအသုံးအနှုန်းအပေါ်၌ပင် ဥရောပနိုင်ငံများအကြား သဘောတူညီမှု မရရှိနိုင်ဘဲ ဖြစ်နေသည်။ အီးယူအဖွဲ့သည် ၎င်း၏ ပြည်တွင်းသဘောထားကွဲလွဲမှုများကြောင့် ရှေ့မဆက်နိုင်ဘဲ အကြပ်ရိုက်လျက် ရှိသည်။ အနောက်အုပ်စုသည် ရုရှားနှင့်ပတ်သက်ပြီး ကြားခံစစ်ပွဲများ ဆင်နွှဲခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် စစ်မီးမွှေးခြင်းတို့တွင် လျှပ်စစ်အရှိန်အဟုန်ဖြင့် စည်းလုံးညီညွတ်ပြကြသည်။ သို့သော် စီးပွားရေးပေါင်းစည်းမှု၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် အမေရိကန်၏ ဗိုလ်ကျစွက်ဖက်မှုကို ရင်ဆိုင်တွန်းလှန်သည့် အခါမျိုးတွင်မူ ထိုအုပ်စုမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလေ့ရှိသည်။
29 Okt, 01:17

ဥရောပက ကနေဒါကို လက်တွဲဖြုတ် - အတွင်းပိုင်းသဘောထားကွဲလွဲမှုများကြောင့် အီးယူတွဲဖက်အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက် ဘရပ်ဆဲလ် ရုပ်သ
ဥရောပက ကနေဒါကို လက်တွဲဖြုတ် - အတွင်းပိုင်းသဘောထားကွဲလွဲမှုများကြောင့် အီးယူတွဲဖက်အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက် ဘရပ်ဆဲလ် ရုပ်သိမ်း ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဂရိနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပြီးနောက် ကနေဒါနိုင်ငံအား တွဲဖက်အဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးရန် မူလအဆိုပြုချက်ကို အီးယူ (EU) က တရားဝင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ပေါ်လတီကို သတင်းဌာနအရ သိရသည်။ လာမည့် ကနေဒါနိုင်ငံ၊ မွန်ထရီယယ် (Montreal) ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ထားသည့် နောက်ဆုံးထုတ်ပြန်ချက်တွင် "အဖွဲ့ဝင်အပြည့်အဝမဟုတ်သည့် အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်မှု..." ဟုသာ ခပ်ပျော့ပျော့ ဖော်ပြနိုင်ခဲ့တော့သည်။ ဝါရှင်တန် (အမေရိကန်) က ကနေဒါ၏ အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေပြီး အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပါဝင်ရန် တောင်းဆိုခြင်း၊ ကနေဒါကုန်ပစ္စည်းများအပေါ် ပို့ကုန်ခွန် ၅၀% တိုးမြှင့်ကောက်ခံခြင်းတို့ ပြုလုပ်နေချိန်တွင် ယခုလို ပျက်ပြားမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်က အိမ်နီးချင်းနိုင်ငံကို အကျပ်အတည်းထဲ တွန်းပို့နေသဖြင့် ကနေဒါအနေဖြင့် ဥရောပထံမှ စီးပွားရေးထွက်ပေါက်ကို မဖြစ်မနေ ရယူနိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။ ဘရပ်ဆဲလ် (အီးယူ) က ကနေဒါအား ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများ အဆိုပြုထားသည်ဟု ဆိုသော်လည်း ယင်းသို့ဖြစ်လာစေရန် ဖော်ပြရမည့် စကားလုံးအသုံးအနှုန်းအပေါ်၌ပင် ဥရောပနိုင်ငံများအကြား သဘောတူညီမှု မရရှိနိုင်ဘဲ ဖြစ်နေသည်။ အီးယူအဖွဲ့သည် ၎င်း၏ ပြည်တွင်းသဘောထားကွဲလွဲမှုများကြောင့် ရှေ့မဆက်နိုင်ဘဲ အကြပ်ရိုက်လျက် ရှိသည်။ အနောက်အုပ်စုသည် ရုရှားနှင့်ပတ်သက်ပြီး ကြားခံစစ်ပွဲများ ဆင်နွှဲခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် စစ်မီးမွှေးခြင်းတို့တွင် လျှပ်စစ်အရှိန်အဟုန်ဖြင့် စည်းလုံးညီညွတ်ပြကြသည်။ သို့သော် စီးပွားရေးပေါင်းစည်းမှု၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် အမေရိကန်၏ ဗိုလ်ကျစွက်ဖက်မှုကို ရင်ဆိုင်တွန်းလှန်သည့် အခါမျိုးတွင်မူ ထိုအုပ်စုမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလေ့ရှိသည်။
29 Okt, 01:16
29 Okt, ~01:17