uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 532 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 077-o'rinni va Myanma mintaqasida 10 075-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 532 obunachiga ega bo‘ldi.

18 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -276 ga, so‘nggi 24 soatda esa -19 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.29% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 9.34% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 913 marta ko‘riladi; birinchi sutkada odatda 1 171 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 16 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 19 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 532
Obunachilar
-1924 soatlar
-637 kunlar
-27630 kunlar
Postlar arxiv
ပုသိမ်သင်တန်းစခန်းများ၌ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားလျက်ရှိ မေ ၁၂၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူ
ပုသိမ်သင်တန်းစခန်းများ၌ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားလျက်ရှိ မေ ၁၂၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် လူငယ်လူရွယ်များအား အခြေခံရေကူး၊ ရေတပ်သားပညာရပ်၊ အလံအချက်ပြဆက်သွယ်ရေး ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ်များ သိရှိနားလည်၍ ရေကြောင်းသွားလာမှုဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အနာဂတ်မျိုးဆက်သစ် ရရှိစေရန် တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းများကို ဧပြီ ၂၇ ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းအသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ သင်ကြားလေ့ကျင့်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားသင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်သင်တန်းစခန်း၌ တက်ရောက်သင်ကြားလေ့ကျင့်နေသော ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား သင်တန်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး သင်တန်းသား သင်တန်းသူများ သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေ
အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲ အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး အကဲဖြတ်ချက်တစ်ခုအရ အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ယင်းတွင် ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ ဒုံးကျည်စခန်း ၃၃ ခုအနက် အနည်းဆုံး ၃၀ ခု မှာ ယခုထက်ထိ စစ်ဆင်ရေးဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းဌာန New York Times က ဖော်ပြထားသည်။ NOM

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပြိုင်ပွဲထိုးသတ်ရန်ဂျပန်သို့ထွက်ခွါ NOM၊မေ၁၂၊၂၀၂၆ ဂျပန်နိုင်ငံတိုကျိုမြို့တွင် Knock out မွေထ
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပြိုင်ပွဲထိုးသတ်ရန်ဂျပန်သို့ထွက်ခွါ NOM၊မေ၁၂၊၂၀၂၆ ဂျပန်နိုင်ငံတိုကျိုမြို့တွင် Knock out မွေထိုင်းယှဉ်ပြိုင်ရန်ဒေါက်တာမြတ်သင်းခိုင်ဦးဆောင်သောမြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည်ယနေ့ည၉နာရီကအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းဖြင့်ထိုင်းနိုင်ငံမှတစ်ဆင့်ဂျပန်နိုင်ငံသို့ထွက်ခွါသွားရာမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံမွေအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများကလေဆိပ်သို့ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ၌စူပါရေချမ်းသည်၆၃ကီလိုတန်းတွင်ထိုင်းလက်ဝှေ့ကျော်ဖြင့်လည်းကေါင်း၊စောဘဟိန်းသည်၆၃ကီလိုတန်းတွင်ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကေါင်း၊၅၁ကီလိုတန်းတွင်ဒေါင်းမိုက်သွေးသည်ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကေါင်းမေလ၁၅ရက်တွင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထိုအဖွဲ့နှင့်အတူဂျပန်နိုင်ငံတွင်တစ်နှစ်ကြာရိုးရာလက်ဝှေ့သင်ကြားပေးမည့်နည်းပြနှစ်ဦးဖြစ်သောကြယ်စင်ဖြိုးနှင့်ဟံသာဝတီသားတို့လည်းလိုက်ပါသွားကြောင်းသိရသည်။

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက်
+3
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆိုစကားသံများ မေ ၁၂၊ ၂၀၂၆

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက်
+9
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာကြိုဆို မေ ၁၂၊ ၂၀၂၆

ရန်ကုန်-မန္တလေး DEMU ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲမည် NOM၊မေ၁၂၊၂၀၂၆ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတစ်စင
ရန်ကုန်-မန္တလေး DEMU ရထားတစ်စီး ထပ်မံတိုးချဲ့ပြေးဆွဲမည် NOM၊မေ၁၂၊၂၀၂၆ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတစ်စင်း မေ ၁၅ ရက်နေ့မှ စတင်ကာ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ​​မြန်မာ့မီးရထားမှ သိရသည်။ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားလက်ရှိပြေးဆွဲနေသည့် အမှတ် ၃ (အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ ယခုအသစ်ထပ်တိုးသည့် အမှတ် ၅ (အဆန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီတွင် မန္တလေးသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ အလားတူ မန္တလေးမှ ရန်ကုန်သို့ ပြေးဆွဲမည့် အမှတ် ၄ (အစုန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ထွက်ခွာကာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးသည့် အမှတ် ၆ (အစုန်) DEMU ရထားမှာ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အသစ်များအတွက် လက်မှတ်များကို ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့ နံနက် ၀၀:၀၀ နာရီမှစတင်၍ ORTP စနစ်မှတဆင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ ကျောင်းဆရာမဟောင်း ဖြစ်သူ *ဗီရာ ဒီမီထရီယက်ဗ်နာ ဂူရီဗစ်ချ် (Vera Dmitrievna Gurevich) နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ နှစ်စဉ် စစ်အောင်ပွဲနေ့ (Victory Day) အပြီးမှာ သူပြုလုပ်လေ့ရှိတဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ပူတင်ဟာ ဗီရာ ဒီမီထရီယက်ဗ်နာကို မော်စကိုမြို့မှာ ကျင်းပတဲ့ စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့နဲ့ မြို့တော်မှာ ရက်အနည်းငယ်ကြာ အနားယူဖို့ ဖိတ်ကြားခဲ့တာပါ။ သူမအတွက် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးအစီအစဉ်တွေကိုလည်း စီစဉ်ပေးခဲ့ပြီး တနင်္လာနေ့မှာတော့ ပူတင်ကိုယ်တိုင် ဆရာမဖြစ်သူ တည်းခိုတဲ့ ဟိုတယ်ကို သွားရောက်ကြိုဆိုကာ ကရင်မလင်နန်းတော်မှာ အတူတူ ညစာသုံးဆောင်ခဲ့ကြပါတယ်။ NOM

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား   မေ ၁၁၊ ၂၀၂၆   မြန်မာ့တပ်မတော်မှအရာရှိ၊ စစ်သည်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်သော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်း (UN Peacekeeping Officer Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ PARK ROYAL ဟိုတယ်၌ ပြုလုပ်သည်။   အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများ၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   လေ့လာကြည့်ရှု   ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် အိန္ဒိယတပ်မတော်အနေဖြင့် UN Peacekeeping ဆိုင်ရာလုပ်ငန်းစဉ်များတွင် တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းများနှင့် မြန်မာ-အိန္ဒိယတပ်မတော် နှစ်ရပ်အကြား ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ် ဆိုင်ရာလေ့ကျင့်ခန်းများတွင် ပူးပေါင်းလေ့ကျင့်ခဲ့မှု မှတ်တမ်းများအား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။                              ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က အဖွင့်အမှာစကားပြောကြားသည်။   ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသူများက “Indian Army Contribution to the United Nation Peacekeeping Operations” Video Clip ကို ကြည့်ရှုကြပြီး အိန္ဒိယနိုင်ငံ Center for United Nations Peacekeeping (CUNPK)မှ သင်တန်းနည်းပြ ခေါင်းဆောင်က သင်တန်းရည်ရွယ်ချက်နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာ လေ့ကျင့်မှုများကို ရှင်းလင်းတင်ပြသည်။   ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် သင်တန်းနည်းပြ ခေါင်းဆောင်တို့က အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များ၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။   အဆိုပါသင်တန်းသည် (၉) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု သင်တန်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သင်တန်းသားအရာရှိ ၃၀ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲအခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး မေ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။         

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားရှိ ရေအောက်အင်တာနက်ကေဘယ်လ်လိုင်းများအပေါ် အခကြေးငွေကောက်ခံရန် စဉ်းစားနေ တရားမဝင်ကျူးကျော်မှုဟု
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားရှိ ရေအောက်အင်တာနက်ကေဘယ်လ်လိုင်းများအပေါ် အခကြေးငွေကောက်ခံရန် စဉ်းစားနေ တရားမဝင်ကျူးကျော်မှုဟု သတ်မှတ်ခြင်း - အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွယ်နေသော Tasnim နှင့် Fars သတင်းဌာနများ၏ ဖော်ပြချက်အရ အီရန်၏ခွင့်ပြုချက်မရှိဘဲ ပင်လယ်ကြမ်းပြင်တွင် ကေဘယ်လ်လိုင်းများ သွယ်တန်းထားခြင်းသည် 'အီရန်၏ ရေအောက်မြေပြင်ကို ကျူးကျော်သိမ်းပိုက်ထားခြင်း' ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါကေဘယ်လ်လိုင်းများမှာ လုပ်ငန်းလိုင်စင်လျှောက်ထားရန်နှင့် အခကြေးငွေပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။ အီဂျစ်စံနမူနာကို ယူခြင်း - ဤစီမံကိန်းသည် အီဂျစ်နိုင်ငံ၏ စူးအက်တူးမြောင်းမှတစ်ဆင့် ကေဘယ်လ်လိုင်းများ ဖြတ်သန်းမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၀၀ ကြား ရရှိနေသည့် ပုံစံကို အခြေခံထားခြင်း ဖြစ်သည်။ အခကြေးငွေကောက်ခံမှုပုံစံ - အဆိုပြုထားသည့် မူဘောင်အရ ပြည်ပအော်ပရေတာများသည် အီရန်ပိုင်နက်အတွင်း ကေဘယ်လ်လိုင်းများ သွယ်တန်းရန်အတွက် အခြေခံအဆောက်အအုံကြေးကို အကွာအဝေး (မီတာ) အလိုက် ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။ ထိခိုက်နိုင်သည့် ကွန်ရက်များ- အဆိုပါ FALCON၊ GBI နှင့် Gulf-TGN ကွန်ရက်များ အပါအဝင် ရေအောက်ကေဘယ်လ်လိုင်းများသည် ဥရောပနှင့် အာရှအကြား အရှေ့အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသော အင်တာနက်အသုံးပြုမှု၊ ဘဏ္ဍာရေးအရောင်းအဝယ်များနှင့် Cloud ဒေတာအချက်အလက် အများစုအတွက် အလွန်အရေးပါသော လမ်းကြောင်းများ ဖြစ်သည်။ NOM

ခရစ်တော်ရုပ်ထုဖျက်ဆီးသည့်အစ္စရေးစစ်သားထောင်သုံးပတ်သာကျ NOM လက်ဘနွန်တောင်ပိုင်းရှိအစ္စရေးတို့ကျူးကျော်သိမ်းပိုက်ထားသောနယ်မြေတွ
ခရစ်တော်ရုပ်ထုဖျက်ဆီးသည့်အစ္စရေးစစ်သားထောင်သုံးပတ်သာကျ NOM လက်ဘနွန်တောင်ပိုင်းရှိအစ္စရေးတို့ကျူးကျော်သိမ်းပိုက်ထားသောနယ်မြေတွင်ခရစ်တော်၏ရုပ်ထုကိုတူဖြင့်ထုရိုက်ဖျက်ဆီးသောအစ္စရေးစစ်သားကိုအစ္စရေးတရားရုံးကထောင်၂၁ရက်နှင့်အဆိုပါဖျက်ဆီးမှုကိုဗီဒီယိုရိုက်ပေးသောစစ်သားကိုထောင်၁၄ရက်သာချမှတ်လိုက်သည်။

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော် မှ မ
+8
တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တပ်မတော် မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်မြင်ကွင်း

🇺🇸/🇮🇷 အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထရမ့်၏မှတ်ချက်များအပေါ် တုံ့ပြန်ချက် "ကျွန်ုပ်တို့အနေဖြင့် အကြောင်းပြချက်မရှိသော တောင်းဆိုမှုများ သို့မဟုတ် လိုလားချက်များကို လုပ်ဆောင်ခဲ့ခြင်း မရှိပါ။ ကျွန်ုပ်တို့ တောင်းဆိုခဲ့သည့် တစ်ခုတည်းသောအရာမှာ အီရန်၏ တရားဝင်ရပိုင်ခွင့်များသာ ဖြစ်သည်။ ဒေသတွင်း အပစ်အခတ်ရပ်စဲရေး၊ ပါရှန်ကွေ့အတွင်း အပစ်အခတ်ရပ်စဲရေး သို့မဟုတ် နိုင်ငံခြားဘဏ်များတွင် အမေရိကန်က နှစ်ပေါင်းများစွာကြာအောင် တရားမဝင် ပိတ်ဆို့ထားသည့် အီရန်၏ ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေး စသည့် အီရန်၏ တောင်းဆိုချက်များသည် အဓိပ္ပာယ်မရှိသော တောင်းဆိုချက်များလား ဆိုသည်ကို သင်နှင့် ကျွန်ုပ်တို့၏ ပြည်သူများကသာ ဆုံးဖြတ်ရန် ချန်ထားခဲ့ပါမည်။ ဟော်မုဇ် ရေလက်ကြားမှတဆင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး အာမခံချက်ပေးရန် အီရန်၏ အဆိုပြုချက်သည် အဓိပ္ပာယ်မရှိသော တောင်းဆိုချက် ဖြစ်ပါသလား? လက်ဘနွန်နိုင်ငံ အပါအဝင် ဒေသတစ်ခုလုံးတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်ဆောက်ရန်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များကို တောင်းဆိုခြင်းသည် တာဝန်မဲ့သော တောင်းဆိုချက်ဟု ယူဆနိုင်ပါသလား? ကံမကောင်းစွာဖြင့်ပင် အမေရိကန်အုပ်စုများသည် ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) ၏ လုပ်ကြံဖန်တီးထားသော အတွေးအမြင်များ၏ လွှမ်းမိုးမှုဖြင့် ၎င်းတို့၏ တစ်ဖက်သတ်အမြင်များနှင့် အကြောင်းပြချက်မရှိသော တောင်းဆိုချက်များကိုသာ ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။" NOM

ကာတာနိုင်ငံကနေ ထွက်ခွာလာတဲ့ စင်္ကာပူအလံတင် LNG တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့
ကာတာနိုင်ငံကနေ ထွက်ခွာလာတဲ့ စင်္ကာပူအလံတင် LNG တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အီရန်နိုင်ငံက အဲ့ဒီသင်္ဘောကို နောက်ကြောင်းပြန်လှည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဆိုပါသင်္ဘောဟာ ကြိုတင်ခွင့်ပြုချက် ရယူထားခြင်း ရှိ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၁ ဦး လက်နက
+3
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် မေ ၁၁၊ ၂၀၂၆

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၀
+3
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA၊ TNLA အဖွဲ့နှင့် PDF အဖွဲ့ဝင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၄၂ ဦး၊ စုစုပေါင်း ၇၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် မေ ၁၁၊ ၂၀၂၆

နေ့စဉ်မိုးလေဝသသတင်း ================= (၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်) ======================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း(သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ # မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

သန်လျင်၌ ကလေးတစ်ဦး ရေနစ်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်မေ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးတစ်ဦး ရေန
သန်လျင်၌ ကလေးတစ်ဦး ရေနစ်သေဆုံး NOM၊မေ၁၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင်မေ၁၁ ရက် မွန်းလွဲ ၂ နာရီက ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် အမျိုးသားကလေးနှစ်ဦး ရေဆင်းကူးရာကလေးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်မြို့နယ်မီးသတ်စခန်းမှ သ‌ န္ဓေတပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်တွင် ကလေးတစ်ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ကလေးတစ်ဦးကို ညနေ ၃ နာရီ ၂၇ မိနစ် အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့သည်။ သေဆုံးသူကလေးနှင့်အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သူကလေးကို သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၃) နှစ်အရွယ်အဘို
မြင်းခြံမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၃) နှစ်အရွယ်အဘိုးအိုတစ်ဦးဒဏ်ရာရ မေ ၁၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၌ မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာနေ ဦးထီ (၈၃) နှစ်သည် မြင်းခြံမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာသို့ နွားဝယ်ရန် သွားရောက်စဉ် သက္ကယ်ကျင်းကျေးရွာ၏ အနောက်ဘက်လမ်းမပေါ်အရောက် ၎င်းအနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM

တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကို အစားထိုးရန် အနာဂတ်စစ်သည်များအဖြစ် စက်ရုပ်များကို အသုံးပြုရန်စီစဉ်နေ တောင်ကိ
တောင်ကိုရီးယားနိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကို အစားထိုးရန် အနာဂတ်စစ်သည်များအဖြစ် စက်ရုပ်များကို အသုံးပြုရန်စီစဉ်နေ တောင်ကိုရီးယားအစိုးရသည် နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုကြောင့် လျော့နည်းလာသော စစ်သည်အရေအတွက်နေရာတွင် အစားထိုးရန် ဟွန်ဒိုင်း၏ စက်ရုပ်ထုတ်လုပ်ရေးဌာနမှ စက်ရုပ်များကို အသုံးပြုနိုင်ခြင်း ရှိ မရှိ လေ့လာစူးစမ်းနေသည်။ လောလောဆယ်တွင် တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍများဖြစ်သည့် နယ်စပ်ကင်းလှည့်ခြင်း၊ ဝန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့ဝင်များကို ကူညီပံ့ပိုးပေးခြင်း စသည်တို့အပေါ်တွင်သာ အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ NOM