uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 532 підписників, посідаючи 16 077 місце в категорії Новини і ЗМІ та 10 075 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 532 підписників.

За останніми даними від 18 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -276, а за останні 24 години на -19, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.29%. Протягом перших 24 годин після публікації контент зазвичай збирає 9.34% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 913 переглядів. Протягом першої доби публікація в середньому набирає 1 171 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 19 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 532
Підписники
-1924 години
-637 днів
-27630 день
Архів дописів
ကျိုင်းတုံမြို့တွင် ခေမာရဋ် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး ရွှေ သုံးပိသာနှင့်ငွေများ လုယက်ခံရ NOM၊မေ၁၄၊၂၀၂၆ ရှမ်းပ
ကျိုင်းတုံမြို့တွင် ခေမာရဋ် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး ရွှေ သုံးပိသာနှင့်ငွေများ လုယက်ခံရ NOM၊မေ၁၄၊၂၀၂၆ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယ​မန်နေ့မေ ၁၃ ရက်မွန်းလွဲပိုင်းက ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကာ ​​ရွှေသုံးပိသာနှင့်ငွေများ လုယက်ယူ​ဆောင်သွားသည့်ဟု နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ ကျိုင်းငမ်းဝပ်အင်းလမ်းရှိ ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် သည်အဖေါ်နှစ်ယောက်နှင့်ရွှေဆိုင်သိမ်းပြီး ​မော်​တော်ယာဉ်ဖြင့် အိမ်သို့ ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် နောက်မှပါလာသည့် ပါကျဲရိုကားပေါ်မှ လက်နက်ကိုင်ဆောင်ထားသည့် လူ ၃ ဦးက သေနတ်ဖြင့် (၃) ချက် ပစ်ခတ်ခဲ့ပြီး ဦးစိုင်းယီတစ် စီးလာသည့်ကားအားယူဆောင်ထွက်ပြေးသွားသဖြင့် ကားပေါ်တွင်ရွှေ သုံးပိသာနှင့်ငွေများပါသွား ကြောင်းသိရသည်။

မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ မေ ၁၃၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် ပိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည် တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက် ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သေ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေး မှုများဆောင်ရွက်ရာ မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် မက်မန်းမြို့၏ အနောက် တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လူနေမိုးကာ တဲ ၃ လုံးနှင့် စားဆောင်မိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိနှစ်ထပ်အိပ်စင်ပါ လူနေမိုးကာတဲ ၅ လုံး၊ ပေ ၂၀ ပတ်လည်ရှိ လူနေမိုးကာတဲ ၁၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ ဆေးစတို ၁ လုံးနှင့် ရေချိုးခန်း၊ အိမ်သာ ၁လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ မီးစက်မိုးကာတဲ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လုပ်ငန်း လုပ်ဆောင်သည့် အဆောင် ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၁၀ ပေရှိ ရေချိုးခန်းအဆောင် ၁ လုံး၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိလူနေဆောင် ၂ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင် ၁ လုံး၊ မီးစက် ၈ လုံး၊ All in One ကွန်ပျူတာ ၄၀ လုံး၊ Desktop ၁ လုံး၊ CPU ၁ လုံး၊ Laptop ၇ လုံး၊ Starlink ၈ လုံး၊ ဆိုလာအကြီး၊ အသေး ၉ ချပ်၊ ဒိုင်နမို ၂ လုံး၊ ပန်ကာ ၇ လုံး၊ Power Station 3500 W ၂ လုံးနှင့် ဝိုင်ဖိုင်စက် ၁၀ လုံးတို့ကို လည်းကောင်း၊ ထပ်မံ၍ ဆက်လက်ရှင်းလင်းရာ အဆိုပါ နေရာတစ်ဝိုက်မှ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လုပ်ငန်းလုပ်ဆောင်သည့် အဆောင် ၂ လုံး၊ ၂၀ ဦးဆံ့ လူနေတဲ ၁၅ လုံး၊ ဆိုင်ကယ် ၂ စီး၊ ရေခဲသေတ္တာ ၂ လုံး၊ Freezer ၅ လုံးနှင့် မီးစက် ၃ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတဝိုက် သံလွင် မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၇နာရီ ၃၀ မိနစ်ခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသားများကို ၁၈ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့၊ ၁၉ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့၊ ၂၁ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့နှင့် ၁၇ ဦးပါဝင်သောအဖွဲ့ တစ်ဖွဲ့တို့ဖြင့် စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အဆိုပါ အနီးတစ်ဝိုက်၌ တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၉၀ ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

photo content
+9

အမေရိကန်စစ်အခြေစိုက်စခန်းတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို မျှဝေခဲ့တဲ့ တရုတ်ဂြိုဟ်တုကုမ္ပဏီ MizarVision ကတော့ သူတို့ကုမ္ပဏီအပေါ် ခ
အမေရိကန်စစ်အခြေစိုက်စခန်းတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို မျှဝေခဲ့တဲ့ တရုတ်ဂြိုဟ်တုကုမ္ပဏီ MizarVision ကတော့ သူတို့ကုမ္ပဏီအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဘာမှဂရုမစိုက်ဘူးလို့ ပြောကြားလိုက်ပါတယ် NOM

အင်ဒိုနီးရှားတွင်အွန်လိုင်းလောင်းကစားလုပ်ဆောင်နေသောနိုင်ငံခြားသား၃၁၂ဦးဖမ်းမိ NOM အင်ဒိုနီးရှားနိုင်ငံဂျကါတာမြို့တော်တွင်တရားမ
အင်ဒိုနီးရှားတွင်အွန်လိုင်းလောင်းကစားလုပ်ဆောင်နေသောနိုင်ငံခြားသား၃၁၂ဦးဖမ်းမိ NOM အင်ဒိုနီးရှားနိုင်ငံဂျကါတာမြို့တော်တွင်တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဆိုဒ်၇၀ကိုလုပ်ဆောင်နေသောဗီယက်နမ်နိုင်ငံသား၂၀၀ကျော်အပါအဝင်တရုတ်၊ထိုင်း၊မလေးရှား၊မြန်မာနိုင်ငံသား၃၁၂ဦးကိုဖမ်းဆီးရမိကြောင်းအင်ဒိုနီးရှားရဲတပ်ဖွဲ့ကကြေညာသည်။

အင်းတော်မြို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်သောင်
+6
အင်းတော်မြို  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျောင်းအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်သောင်းကျန်းသူများ က FPV Suicide Drone များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သဖြင့် ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို (၃၀) မဂ္ဂါဝပ်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မေ ၁
+1
ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို (၃၀) မဂ္ဂါဝပ်ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် မေ ၁၃၊ ၂၀၂၆ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပုသိမ်စက်မှုစီမံကိန်းနှင့် 30 MW Solar Power Generation Project လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။ ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက (၃၀)မဂ္ဂါဝပ်၊ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ စီမံကိန်းဆိုင်ရာအခြေခံအကြောင်းအရာများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ စီမံကိန်းတည်နေရာ၊ အဆိုပြုစီမံကိန်းဆိုင်ရာအချက်အလက်များ၊ နည်းပညာဆိုင်ရာအချက်အလက်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အဆိုပြုဆိုလာစီမံကိန်း(30)MWမှ ထုတ်လုပ်ပေးနိုင်မည့် လစဉ်ဓာတ်အားအခြေအနေ၊ မဟာဓာတ်အားလိုင်းသို့ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုအခြေအနေ၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် ဆိုလာချပ်များ၊ အင်ဗာတာများ၊ Solar Tracker စနစ်များ၊ စွမ်းအင်သိမ်းဆည်းမှုစနစ် (ESS System)၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အချိန်ကာလ၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စီမံကိန်းအမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန် အတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အထွေထွေဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီး၏ လျှပ်စစ်မီးလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မှာဖြစ်သည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံသည့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ကညင်လှောင်တမံမှ (၁၀.၅)မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိရေးသည် ပြည်သူလူထု၏ အဓိကလိုအပ်ချက်များတွင်ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း စီမံကိန်းလုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ (၃၀)မဂ္ဂါဝပ်၊ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၆ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် လုပ်ငန်းပြီးစီးမည်ဖြစ်သည်။ ကနဦး(၃၀)မဂ္ဂါဝပ်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ Topographic တိုင်းတာခြင်း၊ Soil Test တိုင်းတာခြင်းများစသည့် Construction Study လုပ်ငန်းများ ဆောင်ရွက်ပြီးပါက စီမံကိန်းအကောင်အထည်ဖော်နိုင်မည့် မြေနေရာရရှိမှုအပေါ်မူတည်၍ (၉၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်မှုစွမ်းအား တိုးမြင့်လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးဝင်ရောက်လည်ပတ်ခဲ့ မေ ၁၂၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးဝင်ရောက်လည်ပတ်ခဲ့ မေ ၁၂၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးအပန်းဖြေလည်ပတ်ခဲ့ကြောင်း ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ သိရသည်။ ခရီးသွားရာသီကာလတွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားဥရောပနိုင်ငံအချို့မှ နိုင်ငံခြားသားခရီးသွားများ အများဆုံးလာရောက်လည်ပတ်ခဲ့သည်။ ပင်လယ်ပြင်သဘာဝအလှ၊ သစ်တောသစ်ပင်၊ ရှားပါးမျိုးစိတ်၊ ငါး၊ ပုစွန်ပေါက်ပွားရာ ဒီရေရောက် သစ်တောနှင့် သန္တာကျောက်တန်းများ သဘာဝအတိုင်းတည်ရှိမှုကို သဘာဝဂေဟစနစ်အား ချစ်မြတ်နိုးကြသည့် ဥရောပခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလည်ပတ်ခဲ့သည်။ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ တစ်ရက်လျှင် ခရီးသွား ၄၀ ကျော် လက်ခံပြီး ပင်လယ်အစားအစာနှင့် သဘာဝသစ်သားအိမ်များဖြင့် ဝန်ဆောင်မှုပေးထားကာ ခရီးသွားဝင်ရောက်မှုများသည် ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၈၅၀ နှင့် ကျန်သောလများ၌ အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့် ဝန်ဆောင်မှုပေးသည်။ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ နိုဝင်ဘာလမှ ဧပြီလကုန် ပိုင်းအထိ ခရီးသွားများ လည်ပတ်လေ့ရှိပြီး ပုံမှန်အားဖြင့် ဩဂုတ်လမှစ၍ ခရီးသွားလက်ခံလေ့ရှိသော် လည်း ယခုခရီးသွားရာသီ၌ ခရီးသွားပိုမိုဝင်ရောက်ခဲ့မှုကြောင့် လာမည့်ခရီးသွားရာသီကာလအတွက် ယခုမေလမှစကာ ကြိုတင်စာရင်းလက်ခံလျက်ရှိသည်။ “ကျွန်တော်တို့က ဝါးအလယ်ကျွန်းကို ဧည့်သည်အများကြီး လာဖို့မမျှော်မှန်းထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေဟစနစ် ပျက်စီးသွားမှာစိုးလို့ပါ။ တစ်ရက်ကို ခရီးသွား ၄၀ နဲ့ ၅၀ ကြားပဲလက်ခံပါတယ်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွားတွေကို သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအတိုင်း ထိန်းသိမ်းထားရှိတဲ့ မိုးသစ်တော၊ ဒီရေတော၊ ဇီဝမျိုးစုံမျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်နဲ့ ဒေသခံ ဆလုံတိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတို့ကို ပြသပါတယ်။ အထူးသဖြင့် ခရီးသွားများဟာ သဘာဝဂေဟစနစ်ကို ကြည့်ရှုခံစားချင်လို့ လာရောက်ကြတာဖြစ်တဲ့အတွက် သဘာဝကို ချစ်မြတ်နိုးတဲ့ ခရီးသွားတွေကို ကျွန်တော် တို့က ပိုပြီးလေးစားတန်ဖိုးထားပါတယ်။ ဒီလကစပြီး လာမယ့်ခရီးသွားရာသီအတွက် ကြိုတင်စာရင်း လက်ခံနေပါပြီ။ သဘာဝအလှကြွယ်ဝတဲ့ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းက ကြိုဆိုနေပါတယ်”ဟု ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ်က ပြောသည်။ လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ယခုခရီးသွားရာသီ၌ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ အများဆုံးလာရောက်အပန်းဖြေလည်ပတ်သည့် ခရီးသွားများမှာ ဂျာမနီနိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံမှဖြစ်ကာ တတိယသည် အမေရိကန်နိုင်ငံမှဖြစ်ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ယာဥ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား၁၆ ဦး ဒဏ်ရာရ NOM၊မေ၁၃၊၂၀၂၆ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရန်ကုန
ဇေယျာသီရိမြို့နယ်တွင် ယာဥ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား၁၆ ဦး ဒဏ်ရာရ NOM၊မေ၁၃၊၂၀၂၆ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့တွင် ယမန်နေ့ (မေ၁၂ရက်)နံနက် ၁၀ နာရီခွဲခန့် တွင်ယာဥ် သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ သည့်ဟု ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့တွင် ဟိုက်ဂျက်ကားနှင့် တစ်ဖက်မှလာသည့်ဖောကားတို့တိုက်မိစဉ် ဟိုက်ဂျက်ကားနောက်တွင်ပါလာသည့်လိုက်ထရပ်ကားကလည်း ဟိုက်ဂျက်ကားကိုနောက်မှ ထပ်မံဝင်တိုက်ခဲ့သည့်အတွက် ဟိုက်ဂျက်ယာဉ်ပေါ်ပါ ခရီးသည် ၁၅ဦးနှင့်လိုက်ထရပ်ယာဉ်ပေါ်ပါတစ်ဦး စုစုပေါင်း၁၆ဦးဒဏ်ရာရှိခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူအမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ကားများဖြင့် ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀) နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူဆေးရုံ ခုတင် (၃၀၀) တို့ကို ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

🇮🇷 အီရန်လေတပ်မှ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်များကို ပါကစ္စတန်နိုင်ငံက လက်ခံခိုလှုံခွင့်ပေးထားကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တ
🇮🇷 အီရန်လေတပ်မှ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်များကို ပါကစ္စတန်နိုင်ငံက လက်ခံခိုလှုံခွင့်ပေးထားကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အီရန်-အစ္စရေး "၁၂ ရက်ကြာစစ်ပွဲ" အတွင်းကတည်းက အီရန်လေယာဉ်များသည် ပါကစ္စတန်ရှိ ကရာချီမြို့တွင် အခြေစိုက်စခန်းချနေခဲ့သည်ဖြစ်ရာ အမေရိကန်သမ္မတ ထရန့်အဖွဲ့သားများက အခုမှ ရုတ်တရက် အံ့ဩတုန်လှုပ်နေကြ။ NOM

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သရက်ခရိုင်နှင့်မြိုနယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအားတွေ့ဆုံ၊ ဒေသဖွံဖြိုးရေ
+3
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သရက်ခရိုင်နှင့်မြိုနယ်ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအားတွေ့ဆုံ၊ ဒေသဖွံဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး မေ ၁၃၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီက သရက်မြို့၊ သရက်ခရိုင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြိုမိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် သရက်ခရိုင်၊ လမ်းဦးစီး ရိပ်သာသို့ ရောက်ရှိလာပြီး သရက်-အောင်လံ တံတားစီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ အင်ဂျင်နီယာမှူးကြီး ဦးမြင့်ဝင်းက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောပြီး သရက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ဒေသခံပြည်သူ(၄)ဦးက သရက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဏ္ဍအလိုက် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ယင်းနောက် သရက်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးနေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြရသည်။ ဆက်လက်ပြီး သရက်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကောက်ရိုးမှိုနှင့်ငွေနှင်းမှိုလက်တွေ့စိုက်ပျိုးပြသခြင်း၊ သရုပ်ပြမှိုခြံအားကြည့်ရှုလေ့လာခဲ့ပြီး မှိုစိုက်ပျိုးနည်းသင်တန်းသင်ကြားပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် သရက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သရက်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍမြှင့်တင်ရေး၊ ကျောင်းနေနှုန်းမြင့်မားရေး၊ အောင်ချက်မြင့်မားရေးများကို လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ရဲ့ ခရီးစဉ်ဟာ China Daily သတင်းစာ မျက်နှာဖုံးရဲ့ ဘေးဘောင်သတင်းကဏ္ဍမှာပဲ နေရာရခဲ့တယ် ဟု Bloomberg သတင်းဌာန မှ An
အမေရိကန်သမ္မတ ရဲ့ ခရီးစဉ်ဟာ China Daily သတင်းစာ မျက်နှာဖုံးရဲ့ ဘေးဘောင်သတင်းကဏ္ဍမှာပဲ နေရာရခဲ့တယ် ဟု Bloomberg သတင်းဌာန မှ Annmarie Horden ပြော NOM

🇺🇸💵 ပထမဆုံးရက်ပိုင်းအတွင်းမှာတင် ဘတ်ဂျက်ထက် ကျော်လွန်သွားတာကြောင့် အီရန်စစ်ပွဲက အမေရိကန်စီးပွားရေးကို တုန်လှုပ်စေ 📌 အီရန်စစ်ပွဲအတွက် ကနဦးဘတ်ဂျက်ကို အမေရိကန်ပင်တဂွန်စစ်ဌာနချုပ် က ဒေါ်လာ ၂၅ ဘီလီယံ ခန့်မှန်းခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၇၇ ဘီလီယံအထိ ကျော်လွန်သွားပြီဖြစ်ရာ အမေရိကန်အနေဖြင့် ကဏ္ဍစုံတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ နှစ်လကြာ ကျူးကျော်မှုအတွင်း အမေရိကန်သည် အရေးပါသော ခဲယမ်းမီးကျောက် အမြောက်အမြားကို အသုံးပြုခဲ့ရသည် - ▪️ တိုမာဟော့ခ် (Tomahawk) ဒုံးကျည် ၁,၀၀၀ ကျော် ▪️ သတ် (THAAD) ဒုံးခွင်းစနစ် ၁၉၀ မှ ၂၉၀ ကြား ▪️ ပက်ထရီးယော့ (Patriot) ဒုံးခွင်းစနစ် ၁,၀၆၀ မှ ၁,၄၃၀ ကြား 🔴 THAAD နှင့် Patriot ဒုံးကျည်များ၏ ဖြစ်ရပ်တွင်မူ ယခုစစ်ပွဲကြောင့် အမေရိကန်၏ လက်ကျန်စုစုပေါင်း ထက်ဝက်ကျော်ကို ကုန်ဆုံးစေခဲ့ပြီး ယင်းဒုံးကျည်များကို ပြန်လည်ရရှိရန် ပျမ်းမျှအားဖြင့် ၄၇ လခန့် ကြာမြင့်မည်ဖြစ်သည်။ 🔴 လက်နက်များသာမက အမေရိကန်သည် ငွေကြေးအမြောက်အမြားကိုလည်း ဆုံးရှုံးခဲ့ရသည် - ဘရောင်းတက္ကသိုလ် (Brown University) ၏ လေ့လာမှုအရ ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ကတည်းက အမေရိကန်စားသုံးသူများသည် ဓာတ်ဆီနှင့် ဒီဇယ်အတွက် ဒေါ်လာ ၃၅ ဘီလီယံခန့် ပိုမိုသုံးစွဲခဲ့ကြရသည်။ 🤥 သမ္မတ ဒေါ်နယ်ထရန့်၏ မူဝါဒများသည် အမေရိကန်စီးပွားရေးကို သိသိသာသာ ထိခိုက်ပျက်စီးစေလျက်ရှိသည် - ➡️ ငွေကြေးဖောင်းပွမှု- ယခင်အစိုးရထံမှ လွှဲပြောင်းရယူစဉ်က ၃% ရှိခဲ့ရာမှ ယခုအခါ ၃.၅% အထိ မြင့်တက်လာသည်။ ➡️ အိမ်ရာချေးငွေအတိုးနှုန်း (၃၀ နှစ်သက်တမ်း)- စစ်ပွဲမတိုင်မီ ၅.၉၈% ရှိခဲ့ရာမှ ၆.၃၇% အထိ တက်လာသည်။ ➡️ ပင်လယ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ခ- ရေတိုနှုန်းထားများ ၅၆% ထိ မြင့်တက်လာသည်။ ➡️ အစားအသောက်နှင့် အဖျော်ယမကာဈေးနှုန်း- ၇.၉% မြင့်တက်လာသည်။ ➡️ နိုက်ထရိုဂျင် မြေသြဇာဈေးနှုန်း- အမေရိကန် စိုက်ပျိုးရေးအတွက် အရေးပါသော မြေသြဇာဈေးနှုန်း ၃၀% ကျော် မြင့်တက်လာသည်။ ထရန့်၏ ဇီယွန်ဝါဒီ (အစ္စရေး) ကို အလိုကျစေမည့် အီရန်အပေါ် စစ်ပွဲသည် အမေရိကန်ဈေးကွက်ကိုသာ ထိခိုက်စေခဲ့သည်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းကိုပါ ဖရိုဖရဲ ဖြစ်စေခဲ့သည်။ 💬 "ဂျီဒီပီ (GDP) ရဲ့ ဝေစုတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ဆီဈေးနှုန်းက သိပ်အရေးမကြီးဘူးလို့ ထင်ရပေမယ့် ဒီစနစ်ထဲကနေ ဆီတွေထုတ်ပစ်လိုက်တဲ့အခါ (ပြတ်လပ်တဲ့အခါ) မှာတော့ ဒါဟာ တကယ်ကို အရေးပါလာပါပြီ" ဟု Carlyle Group မှ အကြီးတန်းသုတေသနပညာရှင် Jeffrey Currie က ပြောကြားခဲ့ပြီး နောက်ထပ် အကျပ်အတည်းတစ်ခု နီးကပ်နေပြီဖြစ်ကြောင်း သူက အသေအချာ ယုံကြည်နေသည်။ လာမည့် ဇူလိုင်လလောက်တွင် ကမ္ဘာတစ်ဝှမ်း၌ ပြင်းထန်သော (လောင်စာဆီ) ပြတ်လပ်မှုကို ကြုံတွေ့ရနိုင်ကြောင်း သူက အလေးပေး ပြောကြားခဲ့သည်။ NOM

🤬🔊 ထရန့်ဟာ အမှန်တရားကြောင့် ဒေါသထွက်နေရပြီ - အီရန်အတွက် မျှော်လင့်ချက်မရှိစေရဘူး! အီရန်က အမှန်တကယ် အသာစီးရနေတယ်လို့ အမေရိကန
🤬🔊 ထရန့်ဟာ အမှန်တရားကြောင့် ဒေါသထွက်နေရပြီ - အီရန်အတွက် မျှော်လင့်ချက်မရှိစေရဘူး! အီရန်က အမှန်တကယ် အသာစီးရနေတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြတာကြောင့် စိတ်နောက်နေတဲ့ "လိမ္မော်ရောင်လူသား" (ထရန့်) ဟာ ပေါက်ကွဲနေပါတယ်။ 💬 "သတင်းတုတွေက ရန်သူအီရန် ဟာ ငါတို့အပေါ် အသာစီးရနေတယ်လို့ ပြောနေတာဟာ လက်တွေ့ကျကျပြောရရင် 'နိုင်ငံတော်သစ္စာဖောက်မှု' ပဲ။ သူတို့ဟာ ရန်သူကို ကူညီအားပေးနေကြတာ! အီရန်မှာ သင်္ဘော ၁၅၉ စီး ရှိခဲ့တယ်။ အခုတော့ အဲ့ဒီသင်္ဘောတွေအားလုံး ပင်လယ်ကြမ်းပြင်မှာ နားခိုနေကြပြီ (နစ်မြုပ်သွားပြီ)။ သူတို့ရဲ့ ရေတပ်လည်း မရှိတော့ဘူး။ လေတပ်လည်း မရှိတော့ဘူး။ သူတို့ရဲ့ ခေါင်းဆောင်တွေလည်း ငါတို့နဲ့အတူ မရှိတော့ဘူး (သေဆုံးကုန်ပြီ)" လို့ သူက ထရု(ပ်) ဆိုရှယ်မီဒီယာ Truth Social မှာ ရေးသားခဲ့ပါတယ်။ ဒါဆိုရင် အီရန်ရေတပ်သာ မရှိတော့ဘူးဆိုရင် ဘာကြောင့် ဟော်မုဇ် ရေလက်ကြားက အခုထိ ပိတ်ထားရတာလဲ? ဘာကြောင့် အမေရိကန် စစ်သင်္ဘောတွေဟာ အီရန်ဒုံးကျည်တွေကို ရှောင်တိမ်းနေရတုန်းလဲ? ဘာကြောင့် ဆီဈေးတွေက ၄.၅၀ ဒေါ်လာအထက် ရောက်နေရတာလဲ? ထရန့်ဟာ စစ်ပွဲမှာရော သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာပါ ရှုံးနိမ့်နေပါပြီ။ "ပင်လယ်ကြမ်းပြင်မှာ နားခိုနေတဲ့" တစ်ခုတည်းသော အရာကတော့ သူ့အပေါ် ယုံကြည်ကိုးစားမှုပဲ ဖြစ်ပါတယ်။ NOM

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နိုင်ငံအနေနဲ့ လုံးဝအလျှေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရဲ့ တရုတ်နိုင်ငံခရီးစဉ် မတိုင်မီ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နိုင်ငံအနေနဲ့ လုံးဝအလျှော့ပေးမှာမဟုတ်တဲ့ အဓိကအချက် ၄ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၁။ ထိုင်ဝမ်အရေး * တရုတ်နိုင်ငံက တိုင်ဝမ်ကို ၎င်း၏ ခွဲထွက်၍မရသော နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး အထိမခံသည့် အဓိကအချက်ဖြစ်သည်။ ၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး * အနောက်နိုင်ငံများ၏ စံနှုန်းများဖြင့် တရုတ်၏ ပြည်တွင်းရေးကို ဝေဖန်စွက်ဖက်ခြင်းအား လက်မခံကြောင်း ဆိုလိုသည်။ ၃။ လျှောက်လှမ်းမည့် လမ်းစဉ်နှင့် နိုင်ငံရေးစနစ်များ * တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် လက်ရှိနိုင်ငံရေးပုံစံနှင့် လမ်းစဉ်ကို ပြောင်းလဲရန် ကြိုးပမ်းမှုများကို လက်မခံခြင်းဖြစ်သည်။ ၄။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ခွင့် * နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် တရုတ်၏ တိုးတက်မှုကို ပိတ်ဆို့တားဆီးခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ မပြုလုပ်ရန် တားမြစ်ခြင်းဖြစ်သည်။ NOM

ပုသိမ်သင်တန်းစခန်းများ၌ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားလျက်ရှိ မေ ၁၂၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူ
ပုသိမ်သင်တန်းစခန်းများ၌ သင်တန်းသား သင်တန်းသူများ လေ့ကျင့်သင်ကြားလျက်ရှိ မေ ၁၂၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် လူငယ်လူရွယ်များအား အခြေခံရေကူး၊ ရေတပ်သားပညာရပ်၊ အလံအချက်ပြဆက်သွယ်ရေး ဘာသာရပ်နှင့် လှေလှော်ရွက်တိုက်ဘာသာရပ်များ သိရှိနားလည်၍ ရေကြောင်းသွားလာမှုဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး အနာဂတ်မျိုးဆက်သစ် ရရှိစေရန် တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းများကို ဧပြီ ၂၇ ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းအသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ သင်ကြားလေ့ကျင့်နေမှုအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားသင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်သင်တန်းစခန်း၌ တက်ရောက်သင်ကြားလေ့ကျင့်နေသော ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား သင်တန်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ကြပြီး သင်တန်းသား သင်တန်းသူများ သင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေ
အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲ အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းရေး အကဲဖြတ်ချက်တစ်ခုအရ အီရန်နိုင်ငံသည် ၎င်း၏ နိုင်ငံတစ်ဝှမ်းရှိ မြေအောက်ဒုံးကျည်အခြေစိုက်စခန်းများနှင့် ပစ်လွှတ်စင် ၉၀% ကို အသုံးပြုနိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ယင်းတွင် ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ ဒုံးကျည်စခန်း ၃၃ ခုအနက် အနည်းဆုံး ၃၀ ခု မှာ ယခုထက်ထိ စစ်ဆင်ရေးဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းဌာန New York Times က ဖော်ပြထားသည်။ NOM

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပြိုင်ပွဲထိုးသတ်ရန်ဂျပန်သို့ထွက်ခွါ NOM၊မေ၁၂၊၂၀၂၆ ဂျပန်နိုင်ငံတိုကျိုမြို့တွင် Knock out မွေထ
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပြိုင်ပွဲထိုးသတ်ရန်ဂျပန်သို့ထွက်ခွါ NOM၊မေ၁၂၊၂၀၂၆ ဂျပန်နိုင်ငံတိုကျိုမြို့တွင် Knock out မွေထိုင်းယှဉ်ပြိုင်ရန်ဒေါက်တာမြတ်သင်းခိုင်ဦးဆောင်သောမြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည်ယနေ့ည၉နာရီကအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းဖြင့်ထိုင်းနိုင်ငံမှတစ်ဆင့်ဂျပန်နိုင်ငံသို့ထွက်ခွါသွားရာမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံမွေအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများကလေဆိပ်သို့ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ၌စူပါရေချမ်းသည်၆၃ကီလိုတန်းတွင်ထိုင်းလက်ဝှေ့ကျော်ဖြင့်လည်းကေါင်း၊စောဘဟိန်းသည်၆၃ကီလိုတန်းတွင်ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကေါင်း၊၅၁ကီလိုတန်းတွင်ဒေါင်းမိုက်သွေးသည်ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကေါင်းမေလ၁၅ရက်တွင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထိုအဖွဲ့နှင့်အတူဂျပန်နိုင်ငံတွင်တစ်နှစ်ကြာရိုးရာလက်ဝှေ့သင်ကြားပေးမည့်နည်းပြနှစ်ဦးဖြစ်သောကြယ်စင်ဖြိုးနှင့်ဟံသာဝတီသားတို့လည်းလိုက်ပါသွားကြောင်းသိရသည်။

မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက်
+3
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်စွာ ကြိုဆိုစကားသံများ မေ ၁၂၊ ၂၀၂၆