အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 032
Obunachilar
+124 soatlar
-17 kun
-1230 kun
Postlar arxiv
" ဒါလဲ ဟုတ်တာပဲ ..ဒီလိုလုပ်မလားနွေ ... ဒီကိစ္စကို ကိုယ့်ဘာသာစုံစမ်းကြည့်မယ် ....နွေဝင်မပါနဲ့လေ ..ဖြစ်နိုင်ရင် နွေ့ကိုရန်ကုန် ချက်ချင်းပြန်စေချင်တာ ...ဒီမှာနေခိုင်းရတာ စိတ်မချဘူး .. ပြီးတော့ အခုတလောကိုယ့်စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ် .. ဘာမှန်းမသိတဲ့ တစ်ခုခုကိုစိုးရိမ်နေမိတယ်"
ဖူးငုံပွင့် ခက်ဝေလတ်ရဲ့ မျက်နှာကိုငေးကြည့်နေမိပြီး နှုတ်ဆိတ်နေမိတယ်။တကယ်ပဲ ခက်ဝေလတ်ပြောသလိုဘာမှန်းမသိတဲ့အဖြစ်တွေကဖူးငုံပွင့်တို့ရှေ့ကိုရောက်ရှိနေခဲ့ပြီလေ။
" ကိုခက်စုံစမ်းမယ်ဆိုရင်လဲ သတိထားပါနော် ...အဓိကက ..မငုဝါကိစ္စကိုလဲ သတိထားပါနော် ."
"အင်းပါ နွေရယ် .. ကိုယ့်အတွက် စိတ်မပူနဲ့နော် .... နွေသာတစ်ခုခုဆိုရင် .. ကိုယ့်ခိုင်းတာလို့ ပြောနော် "
စိုးရိမ်တကြီးမှာနေတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့် ငေးမောကြည့်နေမိတယ်။သူတကယ်ပဲ သူမကို အဆုံးစွန်ဆုံးထိကာကွယ်ပေးနိုင်ပါ့မလားဆိုတာကိုတော့ ဖူးငုံပွင့်လဲ မဆုံးဖြတ်နိုင်သေးပါ။ အချိန်ကပဲ ဆုံးဖြတ်ပေးပေလိမ့်မယ်။တစ်နေ့တစ်ခြား နှစ်ဦးသားကြားက သံယောဇဉ်တွေတိုးလာတာနဲ့ ပြဿနာတွေလဲ ပိုများလာတာကိုတော့ဖြင့် ခက်ဝေလတ်တစ်ယောက်မသိရှာပါပေ။
~~~~
ခက်ဝေလတ်က သူ့ရှေ့မှာထိုင်နေတဲ့ နန်းနွယ်နီကို နားမလည်နိုင်သလို မော့ကြည့်လိုက်ပြီး
"ကိုယ့်အချိန်တွေ အားနေတယ်လို နန်းနွယ်ကို ဘယ်သူပြောတာလဲ ...ကြည့်ရတာ အန်တီညိုဖြစ်မယ်ထင်တယ်...ကိုယ်အလုပ်လုပ် နေတာပါ .... နောက်လလောက်ဆိုရင် ရုံးပြန်တက်ရတော့မှာ ..ရုံးချုပ်ကတော့ ရန်ကုန်မှာပေါ့ .."
"ဘာလဲ ဒါဆိုကိုခက်ဆိုလိုချင်တဲ့ အဓိပါယ်က ..ကိုခက်အလုပ်များနေလို့.. နန်းနွယ်နဲ့အပြင်မလိုက်နိုင်ဘူးလို့ ပြောချင်တာလား ..."
နန်းနွယ်နီက နှုတ်ခမ်းလေးစူပြီး မျက်ဆန်လေးထောင့်ကပ်ကာ ပြောလိုက်တယ်။
"ဆောရီးပါ နန်းနွယ်ရေ .. မင်းနဲ့ငါက သူချင်းတွေပဲ ..ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ..အခုငါအလုပ်တွေ ကြိုးစားနေရတယ်....ဘာလို့လဲဆိုတော့ နောက်နှစ်မကုန်ခင် အိမ်ထောင်ပြုတော့မလို့လေ ... ကိုယ့်ဘဝကို ကိုယ်ပိုင်ငွေနဲ့ပဲထူထောင်ချင်လို့လေ "
ခက်ဝေလတ်ရဲ့စကားအဆုံးမှာ နန်းနွယ်နီရဲ့ မျက်နှာကွက်ခနဲ ပျက်ယွင်းသွားပြီး
"ကိုခက်က ချစ်ရမဲ့သူရှိနေပြီပေါ့လေ ..ဘာလဲ နိုင်ငံခြားမှာဆုံခဲ့ကြတာလား ..ဘယ်မြို့သူလဲ "
" အင်း ဟုတ်တယ် .. ရန်ကုန်ကပါ .. ဒါနဲ့ နန်းနွယ်ရော အိမ်ထောင်မပြုသေးဘူးလား "
"ဟင့်အင်း မပြုချင်သေးပါဘူး ..နန်းနွယ်အေးအေးဆေးဆေးပဲ နေချင်သေးလို့ လေ ...ကဲပါ ..နန်းနွယ်ပြန်လိုက်အုံးမယ်နော် "
နန်းနွယ်နီပြန်သွားတော့မှ ခက်ဝေလတ် သက်ပြင်းကိုချလိုက်မိတယ်။အလကားနေရင်း ချစ်ရသူက အထင်လွှဲမယ့်ကိစ္စကိုတော့ ခက်ဝေလတ်အားနာမနေဘဲ ငြင်းဆန်ပစ်လိုက်တယ်။ပြီးတော့ အဒေါ်ဖြစ်သူကိုလဲ စိတ်ထဲကမကျေမနပ်ဖြစ်သွားမိတယ်။
~~~~
"ဘာကိစ္စများလဲ ငါ့တူရဲ့ ..မင်းက ထူးထူးဆန်းဆန်း ...အန်တီညို့ အခန်းထဲလာတယ်ဆိုတော့... ဘာများပါလိမ့်ကွယ် "
ဒေါ်ညိုညိုမာက သူမအခန်းထဲထိ ၀င်လာတဲ့တူဖြစ်သူခက်ဝေလတ်ကိုကြည့်ပြီး တအံ့တဩ ပြောလိုက်တယ်။
ခက်ဝေလတ်က အဒေါ်ဖြစ်သူကို ဘာမှပြန်မပြောဘဲ ခုံမှာဝင်ထိုင်လိုက်ပြီးမှ လေသံအေးအေးနဲ့မေးလိုက်တယ်။
"နန်းနွယ်နီကို ကျွန်တော့်ဆီကို ဘာလို့လွှတ်လိုက်တာလဲ အန်တီညို "
ခက်ဝေလတ်ရဲ့အမေးကြောင့် ဒေါ်ညိုညိုမာရဲ့မျက်နှာတင်းသွားပြီး အသံမာမာနဲ့ ငြင်းဆိုလိုက်တယ်။
"အို ... သူ့ကို အန်တီက ဘာလို့ လွတ်ရမှာလဲ ...သူလာမေးလို့ မင်းအိမ်မှာရှိတဲ့အကြောင်းကို ပြောပြလိုက်ရုံပါ "
"ကဲပါ ထားလိုက်ပါတော့ ... နောက်ဆိုဒီလိုမလုပ်ပါနဲ့ ... ကျွန်တော့်မှာချစ်သူရှိပါတယ်အန်တီညို .. လာမဲ့နှစ်မှာ သူနဲ့လက်ထပ်ပြီး ရန်ကုန်မှာပဲနေမှာပါ "
ခက်ဝေလတ်ရဲ့ စကားကြောင့် ဒေါ်ညိုညိုမာရဲ့ မျက်နှာက ဝင်းပသွားပြီး
" ဟင် ...တကယ်လား တူလေး .. ကြည့်စမ်း ..အခုမှ ပြောရလား .. မမနဲ့ ခဲအိုကိုရော ပြောပြီးပြီလား ... ဒါနဲ့ ကောင်မလေးက ရန်ကုန်ကပေါ့ ဟုတ်လား "
ဒေါ်ညိုညိုမာက ဝမ်းသာသွားတဲ့စိတ်ကိုမထိန်းနိုင်ဘဲ တူဖြစ်သူကိုမေးလိုက်တယ်။
"အမေတို့ကို မကြာခင်ဖွင့်ပြောမှာပါ ..အခုက အလုပ်ကိစ္စလေးတွေ ရှိနေသေးလို့ပါ ...ဒါနဲ့အန်တီညို့ကို မေးရအုံးမယ် ....အန်တီညို ပိတောက်စုရွာက ဦးမြင့်ဦးဆိုတဲ့လူနဲ့ ဘယ်လိုပတ်သက်ခဲ့တာလဲ
"
"ဘာ ..ဘာပြောလိုက်တယ် ခက်ဝေလတ် ...မင်း ... မင်းဘာမေးလိုက်တာလဲ "
ခက်ဝေလတ်ရဲ့မေးသံအဆုံး မှာ ဒေါ်ညိုညိုမာတစ်ယောက် ထိုင်နေရာမှ ဝုန်းခနဲထရပ်ပြီး ပြန်မေးလိုက်တယ်။
"ပိတောက်စုရွာက ဦးမြင့်ဦးဆိုတဲ့ လူအကြောင်းကို မေးတာပါ .လွန်ခဲ့တဲ့ (၁၃)နှစ်က အန်တီနဲ့ တွဲခဲ့တဲ့ သူလေ ... "
" တော်စမ်း ကိုခက် .. မင်းဘာတွေလာမေးနေတာလဲ ..လွန်ခဲ့တဲ့ (၁၃)နှစ်ကျော်က ငါနဲ့ကိုမင်းခိုင် တွဲနေတာကို မင်းမိဘတွေအသိပဲ ..ငါ့ကို ဘာအကြောင်းတွေလာ မေးနေတာလဲ .. မင်းသွားတော့ ငါ့ အခု အိပ်ချင်နေပြီ "
ဒေါ်ညိုညိုမာ ဒေါသသံနဲ့ ပြောဆိုရင်း တူဖြစ်သူကိုမောင်းထုတ်လိုက်တယ်။
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၁၉ )
******^*^*
"လိုရင်းပဲပြောမယ်နွေ... ဒေါ်ညိုမြတို့မိသားစုက လှိုင်သာယာမြို့စွန်ဘက်မှာ အချိန်အတော်ကြာနေခဲ့ကြတယ်... သေချာတာက ဒေါ်ညိုမြနဲ့ဦးမင်းခိုင်က အဲ့ဒီအချိန်ကတည်းက တိတ်တိတ်ပုန်းညားနေခဲ့ကြတဲ့ပုံပဲ ...သိတဲ့သူတွေကို ဦးမင်းခိုင်ပုံကို ပြကြည့်ပြီးမေးကြည့်တော့ သူတို့နှစ်ယောက်ဆိုတာသေချာတယ် ''
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်အံ့ဩသွားရပြီး အထိတ်တလန့် မေးလိုက်မိတယ်။
"ဒါ ..ဒါဆို .. ကျွန်မအဖေနဲ့ ပတ်သက်ခဲ့တဲ့ကိစ္စကရော..."
" အဲ့ဒီအကြောင်းကိုတော့ ဒေါ်ညိုမြ အသိဆုံးပဲနေမှာ ... သေချာတာက ဦးအောင်ဒင်ဟာ ... ဘွားကြည်ရဲ့ခြံစောင့်ကြီးဦးအောင်မိုးဆိုတာပဲ "
နေလင်းရဲ့စကားကြောင့် ဖူးငုံပွင့် သက်ပြင်းကိုချလိုက်ပြီး
" ဟုတ်မယ်ထင်ပါတယ် ...ဦးအောင်ဒင်ရဲ့ပေါင်တစ်ဖက်မှာ ကန့်လန့်ဖြတ်အမာရွတ်ရှိနေတယ် "
"ဟုတ်လား ...ဒါဆို သေချာပြီပဲ ... ကိုယ်ဒီမှာသုံးလေးရက်လောက်စုံစမ်ပြီးတာနဲ့ ..ပြန်လာတော့မှာ.... ကိစ္စတွေက ပိုပြီးရှုပ်ထွေးလာသလို အန္တရာယ်လဲရှိနိုင်တယ်နွေ ... မင်းအဲ့ဒီမှာ ဆက်နေဖို့မသင့်တော့ဘူးနော် ''
"ကျွန်မ ဒီမှာဆက်မနေဘဲ ဘယ်လိုစုံစမ်းမလဲ...အခုက ကျွန်မမိသားစုနဲ့ ပတ်သက်တာကို ရှာလို့ကို မရသေးဘူးလေ "
" ဒီမှာနွေ... ဒီကိစ္စတွေအားလုံးကဆက်စပ်နေတာပဲ... တစ်ခုကို ဖြေရှင်းနိုင်တာနဲ့ အားလုံးအဖြေပေါ်လိမ့်မယ် .... ရှင်းရှင်းပြောရရင် ဘွားကြည်ရဲ့သေဆုံးမှုက ကြံရာပါတွေ မနည်းလောက်ဘူး..နောက်ဆုံးပြောရရင် စိုင်းနော်ကောင်မလေးကိစ္စကလဲ ... ဘွား ကြည်ကိစ္စလို အရှုပ်အထွေးကြီးပဲ .ကောင်မလေးရဲ့ မိဘတွေသေဆုံးမှုကစပြီး ပြန်လိုက်ရမလိုဖြစ်နေပြီ ...အကောင်းဆုံးကတော့ မင်းအဲ့ဒီအိမ်မှာမနေတော့နဲ့နွေ "
" ဒါတော့ ကျွန်မပဲဆုံးဖြတ်ပါ့မယ် ...ဒါပဲနော် ကိုနေလင်း "
" မင်းသတိထားနော်နွေ "
နေလင်းရဲ့ သတိပေးစကားကို လျစ်လျူရှုပြီး ဖူးငုံပွင့်ဘက်က ဖုန်းအရင်ချပစ်လိုက်တယ်။ဖုန်းချပြီးချိန်မှာတော့ အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။
~~~~~
"ကိုခက်တို့က ရန်ကုန်ဇာတိလို့ ပြောဖူးတယ်နော် ..ကိုခက်ရဲ့အဘိုးတို့လဲ ရန်ကုန်ဇာတိပဲလား "
ခက်ဝေလတ်မျက်နှာကို အကဲခတ်ကြည့်ရင်း ဖူးငုံပွင့်မေးလိုက်တယ်။
"အမေနဲ့ကိုယ်တို့ကတော့ ရန်ကုန်မွေးပေါ့...အဖေနဲ့အဘိုးကတော့ နယ်ဇာတိလို့ပြောတာကြားဖူးတယ်.....ကိုယ်တို့ငယ်ငယ်တုန်းက ဒီလိုအခြေအနေမဟုတ်ဘူးလေဆင်းရဲတယ် .. ကိုယ်ဆယ်နှစ်ကျော်လောက်မှာ အန်တီညိုက ဦးမင်းခိုင်နဲ့တွဲခဲ့ပြီး ချဲထီးရောင်းခဲ့ကြတယ်လေ .. အဲ့ဒီကနေ မိသားစုအဆင်ပြေလာတယ် .. နောက်တော့ ကိုယ့်အသက် (၁၄)နှစ်လောက်မှာ အဘိုးဘက် ကအမွေတွေရလိုက်လို့ ဒီအခြေအနေထိဖြစ်လာခဲ့တာပေါ့ ... အမွေရပြီးတော့ ဦးမင်းခိုင်ရဲ့ အဆက်အသွယ်နဲ့ဒီကိုပြောင်းလာခဲ့ကြတာလေ "
" ဪ ..အဘိုးက အသက်ကြီးမှ အမွေရတာပေါ့ "
"အင်း ..ဟုတ်တယ်နွေရဲ့ ... နယ်ဘက်က အဘိုးရဲ့ဘကြီးဆုံးသွားတော့ ...အမျိုးရင်းချာဆိုလို့ အဘိုးပဲရှိလို့ အဘိုးရလိုက်တာတဲ့ .. ဒါနဲ့ နွေရော ရန်ကုန်ဇာတိလား.. အဖေကပျောက်နေတယ်ဆိုတော့ အမေကရောဟင် ... ကျန်တဲ့မောင်နှမတွေရော ရှိသေးလား "
ခက်ဝေလတ်ရဲ့အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြန်ဖြေရမှန်းမသိဘဲ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်မိပြီး အသက်ကိုပြင်းပြင်းရှုလိုက်မိတယ်။ပြီးနောက် အံလေးကို ကြိတ်လိုက်မိပြီး
"အဖေပျောက်သွားတော့ ... အမေနဲ့ နွေရဲ့အစ်ကိုလဲ မတော်တဆမှုနဲ့ဆုံးသွားပါတယ် ... အခုတော့ နွေကအဒေါ်နဲ့ နေတာပါ "
"ဟာကွာ ..ဆောရီးပါနွေရယ် .... စိတ်မကောင်းလိုက်တာကွာ "
ခက်ဝေလတ်က ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး စိတ်မကောင်းစွာပြောလိုက်မိတယ်။
"ရပါတယ်ကိုခက်ရယ်..ဒီကိစ္စတွေက ကြာခဲ့ပါပြိ ....ခုချိန်မှာနွေသိချင်တာက .. နွေ့ရဲ့အဖေက ဘယ်ကိုရောက်သွားတာလဲ ..ဘာဖြစ်သွားတာလဲပဲ သိချင်တာပါ ..အဖေ့အကြောင်းကို မမညိုသိချင်မှလဲသိပါလိမ့်မယ်...ဒါပေမဲ့ အဖေပျောက်ဆုံးသွားချိန်မှာစုံးစမ်းလိုက်တဲ့အခါ မမညိုနဲ့တွဲရိုက်ထားတဲ့ပုံကို ရလိုက်တာပါ "
"ဒီကိစ္စကို ကိုယ်သေချာစုံစမ်းပေးပါ့မယ်ကွာ .. ဒါနဲ့ နွေ့အဖေ ပျောက်သွားတာဘယ်နှစ်ကလဲ မှတ်မိလား "
" မှတ်မိတာပေါ့ ကိုခက်ရယ် ... နွေတို့မိသားစုအတွက် ငရဲကျခဲ့တဲ့နှစ်လေ ...လွန်ခဲ့တဲ့ (၁၃)နှစ်က ဖြစ်ခဲ့တာပေါ့ ... အဲ့ဒီတုန်းက နွေတို့က နယ်မှာပဲနေခဲ့ကြတာလေ "
" လွန်ခဲ့တဲ့ (၁၃) နှစ်ဟုတ်လား..အဲ့ဒါဆိုကိုယ့်အသက် (၁၂ ) ကျော်ကပေါ့ ... အင်း ..အဲ့ဒီအချိန်ကဆိုရင် အန်တီညိုနဲ့ ဦးမင်းခိုင်တို့ တပူးတွဲတွဲရှိနေကြတဲ့အချိန်ပဲ ... ကိုယ့်အထင် နွေ့အဖေနဲ့ ပတ်သက်မှုက ရိုးရိုးမိတ်ဆွေတွေ အဆင့်ပဲဖြစ်မယ်ထင်တယ် "
ခက်ဝေလတ်က တွေးတွေးဆဆနဲ့ ပြောလိုတယ်။
"အဲ့ဒါကိုပဲ နွေလဲသိချင်တာပါ ကို ခက်ရယ် ..ဒါပေမဲ့ မမညိုကိုမေးဖို့က အဆင်မပြေဘူး ..အထူးသဖြင့် နွေကိုယ်တိုင် မေးဖို့က ပိုပြီးအဆင်မပြေဘူးလေ "
" ခြံရှင်းဖို့ဟုတ်လား ...ဘယ်သူခိုင်းတာလဲ...ဒီလောက်ခြံကျယ်ကြီးကို ဘယ်သူကခိုင်းတာလဲ..."
ခက်ဝေလတ်စိတ်တိုသွားပြီး မေးလိုက်တယ်။
"တစ်ယောက်တည်းမဟုတ်ပါဘူး ....ပိန်သေးတို့လဲပါပါတယ် "
" ကျွတ် .. ဘာတွေမှန်းလဲမသိဘူး ကွာ ..အိမ်မှာခြံစောင့်လဲမထားကြဘူး ... အရမ်းမလုပ်နဲ့နိုင်သလောက်ပဲလုပ်နော် ... ကိုယ်အပြင်သွားပြီး နေ့စားအလုပ်သမားသွားရှာလိုက်အုံးမယ်"
"မဟုတ်တာ ...အဲ့ဒီလိုလုပ်ရင်လူကြီးတွေစိတ်ဆိုးသွားလိမ့်မယ် .. နွေလုပ်နိုင်ပါတယ် .. ခြံထဲဆင်းမလာနဲ့နော်.... ပိန်သေးတို့ညှပ်စိတို့ ရိပ်မိသွားလိမ့်မယ် "
ဖူးငုံပွင့်မှာပြီးထွက်လာခဲ့တော့ ခက်ဝေလတ်တစ်ယောက်မျက်နှာပုတ်ပုတ်နဲ့ ကျန်ခဲ့တော့တယ်။
~~~~~~~
ဖူးငုံပွင့် အလုပ်လုပ်နေချိန်မှာ ဖုန်းမြည်လာတာမို့ ပိန်သေးတို့နဲ့ ခပ်ဝေးဝေးထိလျှောက်လာခဲ့ပြီး ဖုန်းကိုင်လိုက်တယ်။
"ဟယ်လို ...ကိုနေလင်းဘာသတင်းထူးလို့လဲ "
ဖူးငုံပွင့်ဖုန်းကိုကိုင်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။
"အင်း စကားပြောလို့ရရဲ့လား ...အနားမှာဘယ်သူရှိလဲ .."
"ရတယ်ပြောပါ ... ခြံထဲမှာအလုပ်လုပ်နေကြတာ"
ဖူးငုံပွင့်က တိုးတိုးပြန်ဖြေလိုက်တယ်။
"ဒေါ်ညိုညိုမာရဲ့ အကြောင်းကိုသိခဲ့ရပြီ...သူတို့နေခဲ့တဲ့ရပ်ကွက်ကလူတွေ သူ့ကိုသိတဲ့နာမည်ကမညိုမြတဲ့ .. ပုံပြပြီးရှာလိုက်တော့မှ ညိုမြမိသားစုဆိုပြီးသိကြတာ ... "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၉) ဆက်ရန်
#ဧကြည်ဖြူ
စာမူတိုသွားရင် သည်းခံပေးကြပါရှင် / စာအုပ်အ၀ယ်ထွက်နေရလို့
ဖူးငုံပွင့်တံခါးရှေ့မှာ ရပ်နေချိန်မှာပဲ တံခါကပွင့်ဟလာပြီး တံခါးဝမှာ ငုဝါကိုတွေ့လိုက်ရတယ်။ အခန်းထဲကို ဖူးပုံပွင့် မသိမသာလှမ်းကြည့်လိုက်တော့ သက်ဝေလတ်တစ်ယောက် လက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေတာကိုတွေ့လိုက်ရတယ်။ ငုဝါက နွားနို့ခွက်ကိုလှမ်းယူရင်း ဖူးငုံပွင့်လက်ထဲကို တစ်စုံတစ်ခုကို ထည့်ပေးလိုက်တာမို့ ဟန်မပျက်အောင် ယူလိုက်ပြီး ပြန်ထွက်ခဲ့လိုက်တယ်။
~~~~~
ညဆယ်နာရီကျော်။သုခမြိုင်စံအိမ်တစ်အိမ်လုံးက အိပ်ပျော်နေခဲ့ပြီ။ ပိန်သေးလဲ ခေါင်းအုံးပေါ်ကို ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားခဲ့ပြီဖြစ်တယ်။ ပိန်သေးအိပ်ပျော်သွားတော့မှ ငုဝါပေးလိုက်တဲ့စာလေးကိုဖူးငုံပွင့်ထုတ်ဖတ်လိုက်တယ်။
"ဟိုဟာရပြီးတဲ့နေ့ကစပြီး ငြိမ်နေတယ် ..အရင်လောက် အရိုက်မခံရဘူး .. သက်သေအလုံအလောက်ရပြီရင် ... သူ့နဲ့ပြဿနာတက်အောင်လုပ်လိုက်မယ် .. အဲ့ဒီအချိန်ကျရင် ရဲကိုခေါ်ပေးပါရှင် ...ကျွန်မရဲ့ဗီဒီယိုတွေကိုဖြန့်လိုက်လို့ အရှက်ကွဲရင်လဲကွဲပါစေ တော့ ...ဒီငရဲမှာဆက်ပြီး မနေနိုင်တော့ပါဘူး "
စာကတိုပေမဲ့စာထဲမှာ ငုဝါရဲ့ သတ္တိတွေကိုမြင်နေရပြီဖြစ်တယ်။ငုဝါရဲ့ဆုံးဖြတ်ချက်က ဒီ ယောကျာ်းရဲ့လက်ကအပြီးတိုင် လွတ်မြောက်အောင်ဆုံးဖြတ်ထားပြီးသားဖြစ်ပုံပင်။ဖူးငုံပွင့်စာရွက်လေးကိုလုံးချေဖျက်ဆီးလိုက်ပြီး နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်။ ဒီညတော့ ဝရံတာဆီကို ဖူးငုံပွင့်မသွားဖို့ဆုံးဖြတ်ထားပေမဲ့ စိတ်ကဘယ်လိုမှတားဆီလို့မရနိုင်ခဲ့။ဒေါ်ညိုညိုမာတို့ ပြောနေကြတဲ့ စကားတွေကိုကြားလိုက်ရတော့ရင်ထဲမှာ နေမထိထိုင်မသာ ဖြစ်လာရတယ်။ဘာအကြောင်းကြောင့်မှန်းမသိ ခက်ဝေလတ်ကို အဝေးပို့ချင်နေကြတဲ့ မိသားစုတွေ။ဒီမိသားစုကြားမှာ တစ်ယောက်တည်းလိုလိုဖြစ်နေရှာတဲ့ ချစ်သူအကြောင်းကိုတွေးလိုက်မိတော့ရင်ထဲက သံသယအစိုင်အခဲကြီးကလဲ ဝေဝါးလွင့်ပြယ်သွားခဲ့ရပြန်တယ်။ဖူးငုံပွင့်ရဲ့ ခြေလှမ်းတွေကဝရံတာဘက်ဆီကို ဦးတည်လျှောက်လှမ်းလိုက်တယ်။
~~~~~~
"တစ်ညနေလုံးမတွေ့ရလို့ စိတ်ပူနေတာ ဘာတွေလုပ်နေရတာလဲ... နေရောကောင်းရဲ့လားကွာ ..."
ခက်ဝေလတ်က စိုးရိမ်ပူပန်စွာမေးလိုက်ရင်း ဖူးငုံပွင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွလေးစမ်းလိုက်တယ်။
"နေကောင်းပါတယ်ကိုခက်ရယ် .. အလုပ်တွေများနေလို့ပါ ....ဒါနဲ့
ကိုခက်ကို မေးစရာရှိတယ်မှန်မှန်ဖြေနော် .."
"နွေ့ကို ကိုယ်ဘယ်တော့မှမညာပါဘူးကွာ စိတ်ချပါ..ဘာမေးမှာလဲ မေးလေ "
" ဒီ ..ဒီလိုပါ ....နန်းနွယ်နီကို ကို ခက်ချစ်ခဲ့တာလားဟင် "
ဖူးငုံပွင့်ရဲ့မေးခွန်းကြောင့် ခက်ဝေလတ်မှာအံ့ဩသွားရပြီး
"မဟုတ်တာကွာ ... ကိုယ်တို့ကသူငယ်ချင်းတွေပါ ....နန်းနွယ်နီက သူ့ဘာသာအိမ်ကိုလာလည်တာပါ..ရှင်းရှင်းပြောရရင် ... ကိုယ်ကလဲ အန်တီညိုမကြိုက်မှန်းသိလို့ကို နန်းနွယ်နီကိုတမင်မတားခဲ့တာ...နွေကဘာလို့မေးတာလဲဟင်...အန်တီညိုကဘာတွေပြောလိုက်လို့လဲ .."
ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်အဖြေရခက်သွားမိတယ်။သူ့မိဘတွေနဲ့သူ့အဒေါ် ပြောခဲ့တဲ့အကြောင်းတွေကို သူမ ဘယ်လိုပြန်ပြောပြရမှာတဲ့လဲ။ သိသွားခဲ့ရင်လဲ သူပဲစိတ်မကောင်းဖြစ်ရမဲ့ကိစ္စကို ဘယ်လိုပြောထွက်ပါ့မလဲ။ဖူးငုံပွင့်သက်ပြင်းချလိုက်ပြီး
"ဒီလိုပဲ မေးကြည့်လိုက်တာပါ...မနေ့ကလဲ ဘယ်သွားမယ်လို့ မှ မပြောသွားတာ "
"ဘာလဲ ဒါဆို ..ကိုယ့်ကိုသဝန်တိုလို့ မေးနေတာလား "
ခက်ဝေလတ်က ကြည်နူးစွာမေးလိုက်ရင်း ဖူးငုံပွင့်ရဲ့မျက်နှာလေးကို စူးစိုက်ပြီးကြည့်လိုက်တယ်။
ဖူးငုံပွင့်မှာ ခက်ဝေလတ်ရဲ့မျက်နှာကြည့်ရင်း ငိုချင်စိတ်ကို မနည်းပင်ထိန်းထားရတယ်။
"နောက်ဆိုရင် ညတိုင်းတွေ့ဖို့ အဆင်ပြေပါ့မလားဟင် ... တစ်ယောက်ယောက်တွေ့သွားမှာစိုးတယ်ကိုခက်ရယ် "
"စိတ်မပူပါနဲ့ကွာ ...ညဘက်မတွေ့ရတော့လဲ ... နေ့ဘက်ပဲတွေ့ကြတာပေါ့ .. ကိုယ်မပါပဲ နွေလဲအပြင်မထွက်ရဘူးနော် စိတ်ပူလို့ပါ "
" အင်းပါ ..မထွက်ပါဘူး ...ကိုခက်လဲ ဂရုစိုက်အုံး... မနေ့ကသွားတဲ့ ကိစ္စကရော ဘာတွေသိခဲ့ရသေးလဲ "
" ကိစ္စကတော့ ကိုယ်တို့ထင်တဲ့ အတိုင်းပဲ မသင်္ကာစရာတွေချည်းပဲ ...အိမ်ကိုအပိုင်သိမ်းချင်ရုံတင်တော့မဟုတ်လောက်ဘူး.... စာထဲမှာပါတဲ့ တစ်ယောက်ကိုလဲစုံစမ်းလို့ရခဲ့တယ်... ကိစ္စတွေကိုတိတိကျကျသိရဖို့ မငုဝါနဲ့ စကားပြောရမှဖြစ်မယ် ...တကယ်ပဲ မတရားနှိပ်စက်ခံနေရတာဆိုရင်တော့ ဒီကိစ္စကိုရပ်တန့်အောင်လုပ်မှာပါ ..."
"သတိလဲထားအုံးနော် ...ကိုသက်ဝေလတ်နဲ့အန်တီညိုသိသွားရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်..."
ဖူးငုံပွင့်စိုးရိမ်စိတ်နဲ့ ပြောလိုက်မိတယ်။
"ကိုယ့်အတွက်စိတ်ချပါ.... ကိုယ်က မင်းကိုပဲစိတ်ပူတာ... ကိုယ်မရှိတဲ့အချိန်တွေဆိုပိုဂရုစိုက်ပါကွာ "
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်စိတ်ပူနေမိကြပြီး မှာနေမိကြတယ်။ညဆယ့်နှစ်နာရီ ကျော်တဲ့အထိနှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေမိကြတယ်။
~~~~~
"ဒီနေ့ခြံထဲမှာအမှိုက်တွေ ရှင်းခိုင်းထားတယ်....သွားလုပ်လိုက်အုံးမယ် "
ဖူးငုံပွင့်က ဦးအောင်ဒင်ရဲ့ အခန်းထဲက လျှော်ဖို့အဝတ်တွေကိုယူရင်းကနေ ခက်ဝေလတ်ကို ခပ်တိုးတိုးကပ်ပြောလိုက်တယ်။
ဒေါ်ညိုညိုမာရဲ့အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားမိပြီးမှ အလိုက်သင့် ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့ သွားပါတယ် မမညို "
" ဘယ်အချိန်ကသွားပြီး... ဘယ်အချိန်မှပြန်ရောက်တာလဲ "
" နေ့လယ်လောက်ကသွားတာပါ .. ညနေငါးနာရီထိုးခါနီးလောက်ပြန်ရောက်ပါတယ် "
" ဟုတ်လား ..အေး ..သွားတော့ ..."
~~~~~~
"ပိန်သေး .. မနွေဘာလုပ်နေလို့လဲ ... အဘိုးကိစ္စက သူ့တာဝန်လေ .."
နွားနို့ခွက်ကိုကိုင်ပြီး အခန်းထဲဝင်လာတဲ့ ပိန်သေးကို ခက်ဝေလတ်မေးလိုက်တယ်။သူအပြင်က ပြန်ရောက်ပြီးကတည်းက တစ်ညနေ့လုံးဖူးငုံပွင့်ကို မတွေ့ရသေး။ဘိုးအေးဖြစ်သူကို ညနေစာလာပို့ပေးတော့လဲပိန်းသေးဖြစ်နေခဲ့ပြန်တယ်။တစ်ခုခုကို အကြောင်းပြပြီး ခေါ်ခိုင်းလိုက်ရင်လဲ အပြေး ရောက်လာသူကပိန်သေး။ အခုလဲ လာပို့နေကျ သူမကရောက်မလာဘဲ ပိန်းသေးပဲရောက်လာတာမို့ ခက်ဝေလတ်မေးလိုက်မိခြင်းဖြစ်တယ်။
"မနွေကို မမညိုကခိုင်းနေလို့ပါ အစ်ကိုလေး "
ပိန်သေးရဲ့စကားကြောင့် ခက်ဝေလတ်စိတ်ထဲ တင်းခနဲဖြစ်သွားရပြီး အခန်းပြင်ကိုခြေသံပြင်းပြင်းနဲ့ ထွက်ခဲ့လိုက်တယ်။
~~~~~
"ညည်းပြောတာဖြစ်နိုင်ပါ့မလား အေ "
ဒေါ်ဝေဝေမာက စိတ်ပူပြီးညီမဖြစ်သူကို ပြောလိုက်တယ်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ မမရယ် ..မမသားကဘာသားနဲ့ ထုထားတာမို့လို့လဲ ....ယောကျာ်းပဲ ကြာကြာမခံနိုင်ပါဘူး ..နန်းနွယ်နီလေးကဒီလောက်လှတာ .. ပြီးတော့ မမသားဘယ်လိုငြင်းငြင်း ...နိုင်ငံခြားကိုမသွားခင်ကတော့ နန်းနွယ်နီကိုသူချစ်နေခဲ့တာသေချာပါတယ် .. ခဲအို သဘောကရောဘယ်လိုလဲ ...."
ဒေါ်ညိုညိုမာက ခဲအိုဖြစ်သူကို မေးလိုက်တယ်။
"ငါ့သဘောကတော့ ...သူ့ကိုရန်ကုန်ပဲဖြစ်ဖြစ် .. နိုင်ငံရပ်ခြားပဲဖြစ်ဖြစ်ပို့လိုက်ချင်တာ ..."
" အမယ်လေး သူ့ကိုအဲ့ဒီလိုသွားမပြောလိုက်ပါနဲ့နော် ..ရှင့်သားအကြောင်းကို သိတယ်မဟုတ်လား ... ညိုညိုပြောတာက ဖြစ်နိုင်တယ် ....ကောင်မလေးကို ကြည့်ရတာလဲ သားကိုသဘောကျနေပုံပါပဲ ... သူ့မှာကောင်မလေးနဲ့ အလုပ်ရှုပ်နေရင် အိမ်ကိစ္စတွေကို စိတ်ဝင်စားနိုင်မှာမဟုတ်ဘူး .. နောက်ရက်ကစပြီး ...ညိုညိုပြောသလိုသာလုပ်ကြတာပေါ့ ..ပြီးတော့ သူပြန်ရောက်လာကတည်းက ရှင့်အဖေနားကိုတောင်ရှင်ကပ်လို့ရလို့လား ....ဒီလိုသာဆို ရှင့်အဖေသာတစ်ခုခုဖြစ်သွားရင်... ဟိုပျောက်နေတဲ့ ပစ္စည်းတွေက ဘယ်လိုလုပ်မလဲ ..တော်ကြာရှင့်ညီမလက်ထဲကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ ..အခုတောင်ရှင့်ညီမနဲ့ ရှင့်တူမက အိမ်နဲ့ ခြံကိုတစ်ဝက်ခွဲဖို့ပြောနေကြပြီ ...ပျောက်နေတဲ့ ပစ္စည်းတွေကြောင့်သာ လောလောဆယ် ငြိမ်နေကြတာ ...ဒီအိမ်နဲ့ ခြံကို ခွဲလိုက်တယ်ထားအုံး....သူတို့က သားအမိနှစ်ယောက်တည်းလေ ..ကျွန်မတို့က တစ်ပြုတစ်မကြီးသိတဲ့အတိုင်းပဲ ..အဲ့ဒါကြောင့် ရှင့်အဖေဘယ်နားဝှက်နိုင်သလဲ သေချာစဉ်းစားပါတော် ... ရှင်တို့က အနီးကပ်နေခဲ့တဲ့သားအဖေတွေမဟုတ်လား "
ဒေါ်ဝေဝေမာက ယောကျာ်းဖြစ်သူကို အားမလိုအားမရနဲ့ပြောလိုက်တာ။ ဒီအခါ ညီမဖြစ်သူ ဒေါ်ညိုညိုမာကပါ ဝင်ပြောလိုက်ပြန်တယ်။
" မမပြောလို့ပြောရအုံးမယ် ..ဘာပဲဖြစ်ဖြစ်ဒီအိမ်နဲ့ ဒီခြံကိုခွဲရင် ညိုလဲပါတယ်ဆိုတာကို ... ခဲအိုရဲ့ ညီမနဲ့တူမကိုပါ ပြောထားလိုက်အုံးနော် ... ဖြစ်လာမှ ကကျိုးကကြောင်လုပ်ဖို့တော့မတွေးနဲ့လို့ ပြောထားလိုက်အုံး "
" အေးပါ မိညိုရာ ...ငါသိပါတယ် မပူပါနဲ့ .. ဒါပဲမဟုတ်လား ....နင်လဲ နင့်အခန်းကိုသွားတော့ ငါအိပ်ချင်ပြီး "
ဦးမင်းလတ်က ခယ်မဖြစ်သူကို စိတ်မရှည်စွာအော်လိုက်ပြီး ဟူးခနဲသက်ပြင်းကိုချလိုက်တယ်။
~~~~~
ဖူးငုံပွင့်မှာ ဒေါ်ဝေဝေမာတို့ အခန်းရှေ့မှာ ခြေစုံရပ်ပြီးငြိမ်သက်ကာနားထောင်နေမိရာမှ အခန်းထဲက ခြေသံကြားလိုက်ရတာမို့ ခြေလှမ်းတွေကိုခပ်မြန်မြန်ပြန်ဆုတ်လိုက်ရတယ်။ ဒီလိုနဲ့ဒေါ်ညိုညိုမာ အခန်းပြင်ကိုရောက်ချိန်မှာ ဖူးငုံပွင့်ကနွားနို့ခွက်ဗန်းကို ကိုင်ပြီး စင်္ကြန်လမ်းပေါ်က လမ်းလျှောက်လာတဲ့ ပုံစံမျိုးဖြစ်နေခဲ့တယ်။
"မိနွေ .. နွားနို့လာပို့တာလား "
" ဟုတ်ကဲ့ ..မမညို "
" အေး .. အေး ..ပို့စရာရှိတာပို့ပြီး ရင် သွားတော့ "
"ဟုတ်ကဲ့ပါ မမညို "
~~~~
" ဒေါက် ..ဒေါက် "
သက်ဝေလတ်တို့ရဲ့အခန်းတံခါးကိုခေါက်လိုက်ရင်း ဖူးငုံပွင့်ရင်တွေတုန်နေမိတယ်။စပိုင်ကင်မရာလေးပေးလိုက်တာသုံးလေးရက်ရှိသွားမဲ့ ငုဝါတို့ရဲ့အခန်းက ငြိမ်သက်လွန်းနေခဲ့တယ်။ ကြားရက်တွေမှာ ငုဝါတို့အခန်းကို ဖူးငုံပွင့်မလာဘဲ ပိန်သေးကိုပဲခိုင်းခဲ့တာ။တစ်ယောက်တည်း နေ့စဉ်လုပ်ပေးနေရင် သက်ဝေလတ်ဘက်က သင်္ကာမကင်းဖြစ်မှာကို စိုးရိမ်လို့ အလှည့်ကျလုပ်ပေးနေခဲ့တာ။ခက်တာက သက်ဝေလတ်တို့အခန်းက တခြားအခန်းတွေလို သန့်ရှင်းရေးလဲ မလုပ်ပေးရ၊ အဝတ်လဲမလျှော်ပေးရတော့ ဆက်သွယ်ဖို့က ခက်ခဲနေတာ။ ဒီအိမ်မှာ ငုဝါကိုမျက်နှာချင်းဆိုင်တွေ့ရဖို့ဆိုတာ မနက်အဆာပြေစားချိန်နဲ့ ညစာစားချိန်ရယ် အလုပ်သွားအလုပ်ပြန်ချိန်ပဲရှိတာ။ အဲ့ဒီအချိန်တွေကလဲ ဘေးနားမှာသက်ဝေလတ်က အမြဲရှိနေတာမို့ မျက်ရိပ်မျက်ကဲပြဖို့ပင် မလွယ်ကူတဲ့ အခြေအနေဖြစ်နေခဲ့ရတာမဟုတ်ပါလား ။
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက် ဝတ္ထု )
အပိုင်း (၁၈)
*****
ဖူးငုံပွင့်မြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီး ကြောင်အသွားမိတယ်။ရင်ထဲမှာလဲ အမည်မဖော်နိုင်တဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခံစားလိုက်ရတယ်။ဖူးငုံပွင့်ရဲ့ ကြောင်အအ အမူအရာကိုကြည့်ပြီး ဒေါ်ခိုင်ကစိတ်တိုပြီး ထပ်အော်လိုက်တယ်။
"မိနွေ ...အဲ့ဒါ ဘာလုပ်နေတာလဲ ....ကဲဟယ် ....သွားတော့ ...ဖယ်တော့ ... နောက်ဆို ဝင်မပါနဲ့တော့ ..သွား "
ဒေါ်ခိုင်ပြောပြောဆိုဆိုနဲ့ ဖူးငုံပွင့်ခန္ဓာကိုယ်လေးကို တွန်းလိုက်တာမို့ ဖူးငုံပွင့်လဲခုတင်နဲ့ခပ်ဝေးဝေးထိရောက်လာခဲ့ပြီး အခန်းပြင် ကိုငူငူငိုင်ငိုင်နဲ့ ထွက်လာခဲ့မိတယ်။ရင်ထဲမှာတော့ ကျင်စက်နဲ့ အတို့ခံလိုက်ရသလို ကျိန်းစက်နာကျင်သွားရပြီး မျက်လုံးအိမ်ထဲမှာတော့ ဦးအောင်ဒင်ရဲ့ပေါင် တစ်ဖက်က အမာရွတ်ကြောင်းကြီးကိုမြင်ယောင်နေမိတယ်။တကယ်လို့များ ဦးအောင်ဒင်ကဦးအောင်မိုးဖြစ်ခဲ့ရင် စည်းစိမ်ချမ်းသာတွေက ဘယ်ကရလာတာလဲ။ဦးအောင်မိုးက နေလင်းတွေးထင်ယူဆထားသလိုဖြစ်နေခဲ့ပြီးလား။ ဒါဆိုရင် သူမမိဘတွေရဲ့သေဆုံးမှုကရော ဦးအောင်မိုးရဲ့လက်ချက်ပေပဲလား ။ ဒီလိုဆိုရင်ဖြင့် ခက်ဝေလတ်နဲ့ သူမရဲ့ ဇာတ်လမ်းက ဘယ်လိုရှေ့ဆက်ရမလဲ။ အကြောင်းအရာတချို့ကို ဆက်စပ်တွေးကြည့်နေရင်းနဲ့ ဖူးငုံပွင့်ရဲမျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေက ရစ်ဝဲတက်လာသလို အံကိုလဲ တင်းတင်းကြိတ်ထားလိုက်မိတယ်။
~~~~~~
ဖူးငုံပွင့် အလုပ်လုပ်ရတာစိတ်နဲ့လူမကပ်ဖြစ်နေပြီး လူကငေးတိငေးငိုင်နဲ့ဖြစ်နေခဲ့တယ်။
"တီ..တီ...တီ "
ခြံရှေ့ကကားဟွန်းတီးသံကို ကြားနေပေမဲ့ ခြံပြင်ကိုထွက်ဖို့ရာ ဖူးငုံပွင့်ရဲ့ ခြေထောက်တွေ လေးလံနေခဲ့တယ်။ ခြံရှေ့က ကားသံဟာ ခက်ဝေလတ်ရဲ့ ကားသံမှန်းသိနေတာမို့ ခြံဝဆီကိုသွားဖို့ရာ ဖူးငုံပွင့်ရဲ့ခြေလှမ်းတွေ လေးလံနေခဲ့တယ်။
~~~~
ဖူးငုံပွင့် ခြံတံခါးကိုသော့ဖွင့်ပြီးချိန်မှာပဲ ခက်ဝေလတ်က ခြံတံခါးဝမှာရပ်နေခဲ့ပြီး တံခါးတွေကို ကူပြီးဖွင့်လိုက်တယ်။တံခါးဖွင့်နေရင်းက ခက်ဝေလတ်ရဲ့ အကြည့်တွေက ဖူးငုံပွင်ဆီမှာရောက်နေခဲ့ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
"နွေ မင်းနေမကောင်းဘူးလား ...ဘာဖြစ်လို့လဲ မျက်နှာလဲ မကောင်းဘူး ...အိမ်မှာဘာပြဿနာဖြစ်လို့လဲဟင် "
ခက်ဝေလတ်ရဲ့ စိုးရိမ်တကြီး မေးသံကြောင့် ဖူးငုံပွင့် ပစ္စုပ္ပန်ကိုပြန်လည်သတိရသွားမိပြီး ခက်ဝေလတ်ရဲ့မျက်နှာကို ငေးငေးရီရီနဲ့ ကြည့်လိုက်မိတယ်။
"ဘာဖြစ်လို့လဲ ..နေမကောင်းဖြစ်နေတာလား ... ဘာဆေးသောက်ထားသေးလဲ "
" အို ... မလုပ်ပါနဲ့ ..တစ်ယောက်ယောက်မြင်သွားပါ့မယ်
ခက်ဝေလတ်က စိုးရိမ်စိတ်နဲ့ ဖူးငုံပွင့်ရဲ့ နဖူးပြင်လေးအနှံ့ကို သူ့လက်ဖဝါးနဲ့ စမ်းလိုက်တာမို့ ဖူးငုံပွင့်အလန့်တကြားတားမြစ်လိုက်ရင်း ဦးခေါင်းကို အမြန်ငုံ့ရှောင်လိုက်ရတယ်။
"အင်းပါကွာ ... ဘယ်သူမှမမြင်ပါဘူး ....နေမကောင်းရင်လဲ အခန်းထဲမှာ သွားနားနေလိုက်နော် .. အိမ်က ကားတွေပြန်လာရင် ကိုယ်ပဲ တံခါးဖွင့်ပေးလိုက်ပါ့မယ် "
" အို ..မဟုတ်တာ .. ဘယ်ဖြစ်မလဲ ...ရပါတယ် နွေနေကောင်းပါတယ်ကိုခက်ရယ် .. .ညနေရောက်လာတော့ အိပ်ချင်သလိုဖြစ်လာလို့ပါ ..."
ဖူးငုံပွင့် ပြန်ရှင်းပြလိုက်ပြီး ငြင်းဆန်လိုက်တယ်။
"နေကောင်းရင်ပြီးတာပါပဲကွာ ..စိတ်ပူလို့ပါ နေမကောင်းဖြစ်ချင်နေရင်လဲ ပြောနော်....ကိုယ့်ကိုယ်ကိုယ်လဲ ဂရုစိုက်အုံးနော် ..."
"ဟုတ် ...ဟုတ်ကဲ့ပါ "
" အဲ့ဒါဆို ...ကိုယ်ကားသွင်းလိုက်အုံးမယ် ... ဪ ..ဒါနဲ့လေ ငုဝါ တို့အိမ်ကို ကိုယ်ရောက်ခဲ့သေးတယ်...အဲ့ဒီအိမ်မှာ ဦးဗလနဲ့ဒေါ်သီလဲမရှိတော့ဘူး .. အလုပ်သမားအားလုံးက လူသစ်တွေချည်းပဲ ..သူတို့တွေကို ငုဝါအကြောင်း မေးကြည့်လိုက်တော့လဲ ငုဝါကဘယ်သူလဲလို့ ပြန်မေးကြတယ် .ထူးဆန်းတာက ဒီလောက် ခြံနဲ့အိမ်သေးသေးလေးကို ခြံစောင့်အလုပ်သမားတွေချည်းပဲသုံးလေးယောက်ရှိနေတယ်သိလား ... အိမ်ထဲမှာပဲလုပ်ငန်းလုပ်နေလို့လား ..လုပ်ငန်းလုပ်တယ်ထားပါအုံး ...ဘာပဲဖြစ်ဖြစ်ဒီအိမ်လေးလောက်အတွက်နဲ့ တူမတစ်ယောက်ကိုတခြားသူလက်ထဲထိုးထည့်ပေးရလောက်အောင် အိမ်ကတန်ဖိုးမရှိပါဘူး ..." .
ခက်ဝေလတ်က တတွတ်တွတ်ပြောနေပေမဲ့ ဖူးငုံပွင့်ခေါင်းကိုသာငြိမ့်ပြနေမိတယ်။ခက်ဝေလတ်ကားပေါ်တက်ပြီး ခြံထဲကို မောင်းဝင်သွားချိန်မှာတော့ ဖူးငုံပွင့်မျက်ဝန်းမှာစို့တက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်တွေနဲ့ ပုတ်ခတ်ဖယ်ရှားပစ်လိုက်မိတယ်။
~~~~
ခြံထဲကို ကားတွေတစ်စီးပြီး တစ်စီးမောင်းဝင်လာခဲ့ပြီး ညနေစာပြင်ဆင်ချိန်အထိ ခက်ဝေလတ်နဲ့မတွေ့အောင် ဖူးငုံပွင့်ရှောင်နေမိတယ်။ဦးအောင်ဒင်အတွက်လုပ်ပေးရမဲ့ အလုပ်တွေကိုပိန်သေးကိုပဲခိုင်းလိုက်တယ်။ ပြီးတော့ ဖူးငုံပွင့်ကမီးဖိုခန်းထဲမှာပဲအလုပ်လုပ်နေခဲ့လိုက်တယ်။
" မိနွေ ... အပေါ်ထပ်ကို လာခဲ့အုံး "
"ဟုတ်ကဲ့ မမညို"
ပြောပြီးရှေ့ကတက်သွားနှင့်တဲ့ မမညိုရဲ့နောက်ကနေ ဖူးငုံ ပွင့်နှုတ်ဆိတ်ပြီး တက်လိုက်လာခဲ့တယ်။
~~~~~.
"မိနွေ .. နေ့လယ်က ငါ့တူ အပြင်သွားသေးတာလား "
နေလင်းကသတိတွေ အကြိမ်ကြိမ်ပေးပြီး ဖုန်းချသွားခဲ့တယ်။
~~~~~
ဦးအောင်ဒင်ဆီကို နေ့ခင်း အဆာပြေစာအတွက် မုန့်တွေပို့ဖို့
ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။ဦးအောင်ဒင်ရဲ့အခန်းထဲကို ဖူးငုံပွင့် ၀င်လိုက်တော့ အခန်းထဲမှာရောက်နေတဲ့ခက်ဝေလတ်ကိုတွေ့လိုက်ရတယ်။ခက်ဝေလတ်က ဖူးငုံပွင့်ကို မြင်တော့ ကြည်ကြည်နူးနူးတစ်ချက်ပြုံးပြလိုက်တယ်။ ပြီးတော့
မှ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
" ရောက်လာတာအတော်ပဲ... အဘိုးအတွက်ဆေးသွားဝယ်မလို့ အဘိုးကို ကြည့်ပေးထားအုံးနော် "
"ဟုတ်...ဟုတ်ကဲ့ပါ ''
ဖူးငုံပွင့်ပြန်ဖြေလိုက်ရင်း ခက်ဝေလတ်ကိုစိတ်ပူပြီး ကြည့်လိုက်မိတယ်။ခက်ဝေလတ်က မျက်လုံးတစ်ဖက်မှိတ်ပြပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ ထွက်သွားတာမို့ ဖူးငုံပွင့်ရှက်စိတ်မွန်ပြီး ဦးအောင်ဒင်ကို လှမ်းကြည့်လိုက်မိတယ်။ဒီအချိန်မှာဦးအောင်ဒင်က ဖူးငုံပွင့်တို့ကိုကြည့်မနေဘဲ စားပွဲပေါ်က ဆေးလိပ်ပြာခွက်လေးကို ကြည့်နေတာကို သတိထားလိုက်မိတယ်။
~~~~~
အဆာပြောမုန့်စားပြီးတော့ ပြန်အိပ်ပျော်သွားတဲ့ ဦးအောင်ဒင်ကို ကြည့်ပြီး အမာရွတ်ကိုကြည့်ခွင့်ရဖို့ ဖူးငုံပွင့်အကြံထုတ်နေမိတယ်။ဒီအချိန်မှာ ဦးအောင်ဒင် အပေါ့အလေးသွားပါစေလို့ စိတ်ထဲကကြိတ်ပြီးဆုတောင်းနေမိတယ်။
ဒီလိုနဲ့ဦးအောင်ဒင်ရဲ့ အခန်းနားကိုဖူးငုံပွင့် မကြာမကြာလာကြည့်နေမိပြီး သိပ်မကြာခင်မှာပဲ ဦးအောင်ဒင်တစ်ယောက်နိုးလာခဲ့ ကာ စားပွဲဘေးကဘဲလ်ကိုတီးလိုက်တာမို့ ဖူးငုံပွင့်ဝမ်းသာသွားမိတယ်။ဦးအောင်ဒင်ရဲ့ အခန်းထဲကနေဘဲလ်တီးသံကြားရပြီဆိုရင် ဒါဟာ ဦးအောင်ဒင်တစ်ယောက် အပေါ့အလေးသွားချင်လို့ပဲဖြစ်တယ်။ ဒီလိုအချိန်မှာ ဦးအောင်ဒင်ရဲ့အခန်းထဲကို ဒေါ်ခိုင်နဲ့ ညှပ်စိတို့သာ သွားလေ့ရှိကြတယ်။ ဒီနေ့တော့ ဒေါ်ခိုင်နဲ့ ညှပ်စိတို့နောက် ခပ်လှမ်းလှမ်းကနေ ဖူးငုပွင့် မသိမသာလိုက်ခဲ့လိုက်တယ်။
~~~~~~~~
ဖူးငုံပွင့်က ဦးအောင်ဒင်ရဲ့ မီးပူတိုက်ပြီးသား အင်္ကျီတွေကို ယူဆောင်လာခဲ့ရင်း အခန်းထဲကို လှမ်းဝင်လိုက်တယ်။ဒေါ်ခိုင်နဲ့ ညှပ်စီကဦးအောင်ဒင်ရဲ့ ခနွာကိုယ်ပေါ်ကိုစောင်ပါးလေးတစ်ထည်ကို လွှမ်းခြုံပေးပြီးဝတ်ထားတဲ့ ဘောင်းဘီပွပွကြီးကိုလဲပေးဖို့ပြင်နေကြတယ်။ဖူးငုံပွင့်က အင်္ကျီတွေကို ဗိရိုထဲထည့်လိုက်ပြီး ဒေါ်ခိုင်တို့အနားကို ခပ်မြန်မြန်လေးလျှောက်သွားလိုက်ပြီး ဝတ်လက်စဘောင်းဘီကိုလှမ်းဆွဲလိုက်တယ်။
"ဒါက မလျှော်ရသေးဘူး ဒေါ်ကြီး ...ဘယ်လိုရောသွားလဲမသိဘူး ..မလျှော်ရသေးတာကို ပြန်ဝတ်မိလို့ အဘိုးမှာယားနာတွေပေါက်ကုန်မှ ကျွန်မအလုပ်ပြုတ်မယ်ထင်တယ် .. ဒါလေးကလျှော်ပြီးသားပါ...ဒါလေးဝတ်ပေးလို့ရတယ် ဒေါ်ကြီး "
ဖူငုံပွင့်ပြောလိုက်ရင်း ဘောင်းဘီအသစ်ကို ဒေါ်ခိုင့်လက်ထဲကိုထည့်ပေးလိုက်တယ်။ပြီးတော့ ဝတ်လက်စဘောင်းဘီကို လျင်လျင်မြန်မြန်ချွတ်လိုက်ရင်း က စောင်ပါးကိုပေါင်းလယ်လောက်ထိ ဖျက်ခနဲလှပ်ပြီးကြည့်လိုက်တယ်။ ဒီအချိန်မှာပဲ ဒေါ်ခိုင့်ဆီက အသံကျယ်ကျယ်အော်တာကို ခံလိုက်ရတယ်။
"ဟဲ့ ..ဟဲ့ကောင်မလေးရဲ့ ..စောင်ကို အပေါ် ထိဘာလို့ လှန်လိုက်ရတာလဲ ..သူဌေးကြီးမကြိုက်ဘူးဟဲ့ ..မြန်မြန်ပြန်ဖုံးလိုက်စမ်း "
@@@@@@@@@@@@#@@@@@@@@@@@#@@@
အပိုင်း (၁၈) ဆက်ရန်
#ဧကြည်ဖြူ
မခံစားနိုင်လွန်းလို့ ဒီစာတွေကိုရေးနေပေမဲ့ ကျွန်မရဲ့အဖြစ်ကိုရှက်လွန်းလို့ အဖြစ်မှန်တွေကို တစ်သက်လုံးဖုံးဖိပြီး နေသွားဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။
စာအုပ်ကလေးအဆုံးသတ်သွားချိန်မှာ ဖူးငုံပွင့်အသက်ရှုဖို့ တောင်မေ့လျော့သွားမိတယ်။အဖြစ်အပျက်တွေက မယုံကြည်နိုင်စရာတွေဖြစ်ခဲ့ပြီး ဒီအဖြစ်အပျက်တွေက ကြိုတင်ကြံစည်ထားမှုတွေပါ၀င်နေမှန်း သတိထားလိုက်မိတယ်။ငုဝါကလဲ သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်တွေကို အခုချိန်မှာ သံသယဝင်လာခဲ့ပုံပင်။ဒါကြောင့်မို့လဲ တစ်သက်လုံး သိမ်းထားဖို့ရည်ရွယ်ထားတဲ့ စာအုပ်လေးကို သူမဆီကိုအရဲစွန့်ကာပေးလိုက်ခြင်းပင်ဖြစ်လိမ့်မယ်။
ဖူးငုံပွင့်စာအုပ်လေးကိုပိတ်လိုက်ပြီး တံခါးဝကိုလျှောက်လာခဲ့မိတယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ စင်္ကြန်ထောင့်တစ်နေရာကခုံမှာထိုင်ပြီး လက်တော့သုံးနေတဲ့ ခက်ဝေလတ်ကို လှမ်းကြည့်လိုက်တယ်။ခက်ဝေလတ်ကလဲ ဖူးငုံပွင့်ရှိရာကိုလှမ်းအကြည့်မို့ နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားချိန်မှာ ခက်ဝေလတ်ကဖူးငုံပွင့်ရှိရာဆီကို လျှောက်လာခဲ့တယ်။
"ဖတ်ပြီးပြီလား "
ခက်ဝေလတ်ရဲ့ အမေးကိုဖူးငုံပွင့်ခေါင်းငြိမ့်ပြလိုက်တယ်။ခက်ဝေလတ်က ဖူးငုံပွင့်လက်ထဲက စာအုပ်လေးကို ပြန်ယူလိုက်ရင်း
"ဒီကိစ္စက မူးယစ်ဆေးတစ်မျိုးမျိုးနဲ့ လုပ်ကြံမှုပဲဖြစ်လိမ့်မယ် ... ဒီကိစ္စမှာဦးမင်းခိုင်နဲ့အတူအန်တီညိုနဲ့ကိုသက်ပါ ပါနေခဲ့တာထားပါအုံး...ကိုယ့်မိဘတွေရောပါနေတာလား ...ဒီကိစ္စကို ကိုယ်သေချာစုံစမ်းရမယ် ....မင်းကိုတော့ ဘာမှမလုပ်ဖို့တောင်းပန်ပါတယ် .."
ခက်ဝေလတ်ရဲ့စကားကို ဖူးငုံ ပွင့်ခေါင်းငြိမ့်ပြလိုက်မိတယ်။ သူမအနေနဲ့ငုဝါကို မကူချင်လို့မဟုတ်ဘဲ သူမကြောင့် ပြဿနာတွေ ပိုရှုပ်သွားမှာစိုးလို့ ဝင်မပါဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။ဖူးငုံ ပွင့်ရဲ့ကိစ္စက ဒေါ်ညိုညိုမာဆီမှာဖခင်ဖြစ်သူရဲ့အကြောင်းကိုသိရဖို့သာဖြစ်တယ်။ရှုပ်ထွေးလှတဲ့ ဒီပြဿနာတွေထဲကိုတော့ ဖူးငုံပွင့်ဝင်မပါလို့ပါ။သို့ပေမဲ့ နောက်ဆုံးအနေနဲ့တော့ ငုပါကိုဖူးငုံပွင့်ကူညီချင်မိ၏။
"တကယ်လို့ ကျွန်မပြန်တော့မယ်ဆိုရင် စာအုပ်လေးကျွန်မကို ပေးလိုက်ပါလားဟင် ... ဒီစာအုပ်ထဲမှာပါတဲ့ တစ်ယောက်သောသူဆီကို စာအုပ်လေးကို ပို့ပေးချင်လို့ပါ "
ဖူးငုံပွင့်ရဲ့ စကားကိုခက်ဝေ လတ် စဉ်းစားဟန်ပြုလိုက်ပြီးမှ
"သူဘယ်သူလဲဆိုတာကို စုံစမ်းပြီး ကိုယ်ပဲပေးလိုက်မယ် ...ဒီကိစ္စမှာ မင်းကို အန္တရာယ်တစ်မှုန်တောင်မကျရောက်စေချင်ဘူး "
ခက်ဝေလတ်က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ပြောလိုက်တယ်။
~~~~~~
"မိနွေ.. ညည်းအပေါ်ထပ်ကိုလာခဲ့အုံး "
"ဟုတ်ကဲ့ မမညို "
ဒေါ်ညိုညိုမာပြောပြီးတာနဲ့ အပေါ်ထပ်ကိုတက်သွားတာမို့ ဖူးငုံပွင့်မှာ ရင်တုန်တုန်နဲ့ပဲ အပေါ်ထပ်ကိုတက်လိုက်လာခဲ့ရတယ်။မြို့ထဲဆိုင်က ပြန်လာတာမကြာသေးတာမို့ မိသားစုညစာပင်မပြင်ဆင်ရသေးပါ။ဒေါ်ညိုညိုမာကိုကြည့်ရတာ မျက်နှာကရွှင်ရွှင်ပျပျသိပ်မရှိလှ။သူမပုံစံကတစ်ယောက်ယောက်နဲ့ပြဿနာတက်လာတဲ့ပုံစံမျိုးပေါက်နေခဲ့တယ်။
~~~~~
ဖူးငုံပွင့်အခန်းထဲရောက်ချိန်မှာ ဒေါ်ညိုညိုမာကအဝတ်အစားပင်မလဲနိုင်ဘဲ ဧည့်ခန်းထဲမှာ စိတ်ပျက်လက်ပျက်ပုံစံနဲ့ထိုင်နေတာကို တွေ့လိုက်ရတယ်။ဖူးငုံပွင့် အခန်းထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ဒေါ်ညိုညိုမာဆီက အလောတကြီးမေးသံထွက်ပေါ်လာခဲ့တယ်။
"...မိနွေ လာအုံး ... ဒီနေ့ ငါ့တူ အပြင်သွားသေးလား ...ဖုန်းဆက်တာတွေဘာတွေရောတွေ့လား "
"ဟင့်အင်း မသွားပါဘူး မမညို ... အရင်လို့ပဲ လက်တော့နဲ့ပဲ အလုပ်လုပ်နေတာပါ ...."
"ဟုတ်လား ...အဘိုးကြီး အခြေအနေဘာထူးလဲ ..စကားတွေဘာတွေပြောနိုင်ပြီလား ... ခြေလက်တွေရော လှုပ်ရှားနိုင်ပြီလား "
" စကားကောင်းကောင်းမပြောနိုင်သေးပါဘူး မမညို ..ဒါပေမဲ့ အရင်ထက်စာရင်တော့ စကားလဲနည်းနည်းပိုပီလာပြီး ပိုလဲကျန်းမာလာပါတယ်... အစားလဲ အရင်ထက်ပိုစားလာပါတယ် မမညို "
"ဟုတ်လား ... မြေးကအပြုအစုကောင်းတော့ ကျန်းမာလာတာပေါ့လေ ..ဒါနဲ့အဘိုးကြီးပါးစပ်က ပိတောက်စုရွာလို့များ ပြောသံကြားသေးလား "
"ရှင် "
ဒေါ်ညိုညိုမာရဲ့အမေးကြောင့် ဖူးငုံပွင့်ကိုယ်ထဲကသွေးတွေ အေးခဲသွားသလိုခံစားလိုက်ရတာမို့ မျက်နှာပျက်မသွားအောင် အမြန်ထိန်းလိုက်ရတယ်။
"ဟဲ့ ..မေးနေတာဖြေလေ .. အူတူတူ အတတနဲ့ဘာဖြစ်နေတာလဲ "
ဒေါ်ညိုညိုမာက စိတ်မရှည်သလို ထပ်မေးလိုက်မှဖူးငုံပွင့်ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်ရတယ်။
'ဟို ..ဟို ..မမညိုမေးတာကို သိပ်နားမလည်လို့ပါရှင် "
" ဪ ..အေ... ညည်းနဲ့ အလိုက်တာအေ .. အဘိုးကြီးက စကားပြောနိုင်လာတော့ သူ့ပါးစပ်ကနေ ပိတောက်စုရွာဆိုတဲ့အကြောင်းပြောသေးလားမေးတာ "
" ဟုတ် ...ဟုတ်ကဲ့ ... မပြောပါဘူး မမညို ... "
" အေး ..အေး မပြောလဲပြီးတာပဲ ... နောက်ရက်လဲ သူတို့မြေးအဘိုးကို စောင့်ကြည့်ထား... ကို ခက်အပေါ်ထပ်တက်တာတွေ့ရင်လဲ ဘယ်အခန်းတွေထဲဝင်လဲ မသိမသာလိုက်ကြည့်ထားကြားလား "
" ဟုတ် ... ဟုတ်ကဲ့ပါမမညို "
" အေး ..ဒါပဲ ...သွားတော့ "
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက်ဝတ္ထု )
အပိုင်း (၁၇)
********* အလှူဆိုပေမဲ့ သိပ်ကြီးကြီးကျယ်ကျယ် အလှူကြီးတော့ မဟုတ်ပါဘူး။ အလှူမှာ ဦးလေးရဲ့ သူငယ်ချင်းအသိမိတ်ဆွေတွေနဲ့ ဒေါ်ညိုညိုမာတို့မိသားစုပဲရှိတယ်။ကျွန်မလဲ အလှူမှာဝိုင်းလုပ်ပေးရင်းနဲ့ နေ့လယ်လောက်ရောက်တော့ ခေါင်းမထူချင်အောင် ဖြစ်လာခဲ့တယ်။အစားရယ်လို့ မယ်မယ်ရရမစားဘဲ အအေးတစ်ဘူးပဲသောက်ထားမိလို့များလားဆိုပြီး မုန့်အမြန်စားလိုက်ပေမဲ့ မသက်သာလို့ အိမ်ကိုပြန်ဖို့ဦးလေးကိုပြောလိုက်တယ်။ ဒါပေမဲ့ သိမ်းဆည်းလို့မပြီးသေးတာနဲ့ ဒေါ်သီနဲ့ဦးဗလက ပြန်လိုက်လို့မရသေးလို့ တစ်ယောက်တည်း ပြန်ဖို့ဖြစ်လာခဲ့တယ်။ တစ်ယောက်တည်း ပြန်ဖို့ ကအဆင်မပြေတာနဲ့ ဒေါ်ညိုညိုမာက သူ့တူကိုလိုက်ပြန်ပို့ခိုင်းခဲ့တယ်။ကိုသက်ဝေလတ်လိုက်ပို့မယ်ဆိုတော့ ကျွန်မငြင်းခဲ့ပါသေးတယ်။ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဦးလေးရောကျန်တဲ့သူတွေပါ အားလုံးအလုပ်တွေရှုပ်နေကြပြီး ကိုသက်ဝေလတ်ကလဲ ပြန်တော့မှာမို့ လမ်းကြုံလိုက်ခဲ့တယ်။ ကိုသက်ဝေလတ်က လူရှုပ်လူပွေဆိုပေမဲ့ ကျွန်မကိုစိတ်ဝင်စားဟန်လဲမပြသလို သူ့အလုပ်သမားတစ်ယောက်လိုသာ ဆက်ဆံပြောဆိုခဲ့တာမို့ ကျွန်မလဲအားနာနာနဲ့ပဲလိုက်သွားခဲ့လိုက်မိတယ်။တကယ်လို့ များ မယုံကြည်နိုင်စရာကောင်းပြီးရှက်စရာကောင်းတဲ့ ဒီလိုအဖြစ်တွေသာ ကြုံခဲ့ရမယ်မှန်းသိရင်အလှူကိုတောင် ကျွန်မသွားခဲ့မှာမဟုတ်ဘူး။
ကိုသက်ဝေလတ်နဲ့ပြန်ခဲ့တဲ့လမ်းမှာ ကျွန်မကားနောက်ခန်းကပဲ ထိုင်ပြီးလိုက်ခဲ့တယ်။ကားစီးလာတုန်းမှာ ကျွန်မရဲ့သွေးကြောတွေထဲမှာ တစ်ခါမှမဖြစ်ဘူးတဲ့ ခံစားမှုမျိုးကိုခံစားနေခဲ့ရတာကို မှတ်မိနေခဲ့တယ်။စိတ်ကပျော်နေသလိုလို ရင်တွေလဲတထိတ်ထိတ် ခုန်နေခဲ့တယ်။အဲ့ဒီနေ့က ကျွန်မ နောက်ဆုံးမှတ်မိလိုက်တာက ရှင့်ကို ပြင်းပြင်းပြပြနဲ့ လွမ်းဆွတ်နေခဲ့တယ်ဆိုတာကိုပဲ ကောင်းကောင်းသတိရတော့တယ်။အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မကိုယ်တိုင်မမှတ်မိချင်တာလား တကယ်ပဲမမှတ်မိတာလားဆိုတာကိုတော့ ကျွန်မလဲခုချိန်ထိမဝေခွဲနိုင်ခဲ့ပါဘူး။ သေချာတာကကျွန်မ ခုပြောပြမဲ့ အကြောင်းအရာတွေက ကျွန်မကိုယ်တိုင်မှတ်မိလို့ မဟုတ်ဘဲ ကျွန်မတို့အိမ်မှာ တပ်ထားတဲ့စောင့်ကြည့်ကင်မရာတွေ ထဲက ကြည့်ပြီးသိခဲ့ရတာတွေပါ။ ဒီကင်မရာတွေကလဲ တပ်ထားတာတော့သိပ်မကြာသေးပါဘူး။အိမ်မှာ နေ့ခင်းတွေဆိုရင် ကျွန်မရော ဦးလေးပါအလုပ်သွားနေရတာမို့ အိမ်ကိုစောင့်ကြည့်ဖို့ဆိုပြီး ဦးလေးကိုယ်တိုင်တပ်ထားခဲ့တာတွေပါ။ဒီအကြောင်းတွေကို ကျွန်မရင်ထဲမှာ မခံစားနိုင်လွန်းလို့ ချရေးလိုက်ရပေမဲ့ဒီစာတွေကို ရေးနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကို ရွံ့ရှာမုန်းတီးနေမိတယ်။ဖြစ်နိုင်ရင်လောကကြီးထဲကပါ ထွက်သွားချင်နေမိတယ်။ကျွန်မ ဘာတွေဖြစ်ခဲ့လဲ၊ ဘာတွေကြုံခဲ့လဲဆိုတာကို တစ်ခုမကျန်ပြောပြချင်တယ်။
ကျွန်မသတိဝင်လာပြီး ဖျတ်ခနဲလန့်နိုးလာတော့ ခေါင်းထဲက မူးဝေကိုက်ခဲတာမျိုးကိုမခံစားရတော့ဘဲ အတော်လေးသက်သာနေခဲ့ပြီ။ဒါပေမဲ့ ကျွန်မလန့်နိုးလာချိန်မှာ ကျွန်မရဲ့အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ခုတင်ပေါ်မှာကျွန်မနဲ့အတူကိုသက်ဝေလတ်ပါရှိနေခဲ့တယ်။ပြီးတော့ အခန်းဝမှာဦးလေးနဲ့ ဒေါ်ညိုညိုမာအပြင် ဒေါ်သီနဲ့ ဦးဗလပါရောက်နေခဲ့တယ်။ဘာတွေဖြစ်နေတာလဲ ဘာတွေဖြစ်ခဲ့တာလဲကို ဖြုန်းခနဲကျွန်မ သဘောမပေါက်နိုင်ပေမဲ့ ကျွန်မခုတင်ပေါ်မှာ ရောက်နေတဲ့ ကိုသက်ဝေလတ်နဲ့ အဝတ်အစားမဲ့နေတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ကျွန်မသွေးပျက်အောင်အော်ဟစ်လိုက်မိသလို ကိုသက်ဝေလတ်ကိုလဲပါးတွေအကြိမ်ကြိမ်ရိုက်လိုက်မိတယ်။ကိုသက်ဝေလတ်က ကျွန်မကိုတောင်းပန်ပြီး သူလက်ထပ်ယူ ပါ့မယ်လို့ ပြောခဲ့တယ်။ဒီစကားတွေကိုကျွန်မလက်မခံခဲ့ဘဲ ကိုသက်ဝေလတ်နဲ့ ပြဿနာတွေဖြစ်ခဲ့တယ်။ ကိုသက်ဝေလတ်က သူစမှားတာမဟုတ်ဘဲ ကျွန်မဘက်ကစလို့ မှားယွင်းခဲ့မိတာပါလို့ ပြောလို့ ကျွန်မတို့ ပြဿနာတွေ အကြီးအကျယ်ဖြစ်ကြတယ်။
နောက်ဆုံးမှာ ဦးလေးကအိမ်မှာတပ်ထားတဲ့ ကင်မရာတွေကိုဖွင့်ကြည့်ခဲ့တယ်။အဲ့ဒီမှာပဲ ကျွန်မရဲ့ အရှက်သိက္ခာတွေ ရစရာမရှိအောင်ပျက်စီးခဲ့ရတော့တယ်။ကင်မရာထဲက မှတ်တမ်းဗီဒီယိုတွေကို ကြည့်လိုက်တဲ့အခါ ကိုသက်ဝေလတ်ပြောတဲ့စကားတွေက အမှန်တွေဖြစ်နေခဲ့တယ်။ကျွန်မတို့နှစ်ယောက်အိမ်တံခါးကို ဖွင့်ပြီးဝင်လိုက်တဲ့အချိန်မှာ သူက ပြန်ဖို့ပြင်နေတာကို ကျွန်မကအိမ်ထဲကို အတင်းဆွဲခေါ်ခဲ့တယ်။ပြီးတော့ အိမ်ထဲကိုရောက်တဲ့အခါ ကျွန်မကစပြီး သူ့ကိုနမ်းခဲ့တယ်။ သူကအတင်းရုန်းပြီး ပြန်ဖို့ပြင်နေတာကို ကျွန်မကပဲအတင်းတားဆီးခဲ့တယ်။နောက်ပိုင်း အကြောင်းတွေကိုတော့ မပြောပါရစေနဲ့တော့နော်။ မှတ်တမ်းတွေကို ကြည့်ပြီးရှက်လွန်းလို့ ကျွန်မသတိလစ်မေ့မျောသွားခဲ့ရတယ်။ သေချာတာက အဲ့ဒီအဖြစ်အပျက်တွေကို ကျွန်မလုံးမမှတ်မိဘူးဆိုတာပါပဲ။ ဦးလေး ပြောပုံအရတော့ ကျွန်မအလှူမှာ အချိုရည်နဲ့အရက်မှားသောက်ခဲ့မိလို့ ဖြစ်နိုင်တယ်တဲ့လေ။အရက်က လူတစ်ယောက်ကို သတိလက်လွတ်ဖြစ်စေအောင်ဒီလောက်တောင်ဆိုးဝါးလွန်းတာလား။ကျွန်မဘ၀တစ်ခုလုံး ပျက်စီးသွားခဲ့ပါပြီ။ကျွန်မရင်ထဲက နှလုံသားကလဲဒီစာနဲ့အတူ သေဆုံးသွားခဲ့ပါပြီ။တစ်ချိန်မှာ ကျွန်မရဲ့ အဖြစ်အပျက်တွေကို ရှင့်ကိုပြောပြချင်တယ်။ပြီးတော့ ရှင့်ကိုနှုတ်ဆက်ပါတယ်။မနက်ဖြန်ဆိုရင်ကျွန်မလက်ထပ်ရတော့မယ်။ ကျွန်မရင်ထဲမှာ
ဒီပြဿနာတွေ အစပျိုးမဲ့နေ့တစ်နေ့ အကြောင်းကို မှတ်မှတ်ရရပြောရအုံးမယ်။အဲ့ဒီနေ့က ဦးလေးက ကျွန်မကိုပြောတယ်။မိဘတွပေးတားခဲ့တဲ့ ရတနာပစွည်းတွေကိုထုတ်ရောင်းပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ပါလားလို့ ပြောခဲ့တယ်။ ကျွန်မက ငြင်းဆန်လိုက်တယ်။အလုပ်ကလဲ ကြာရှည်မလုပ်ပါဘူး ဦးလေးရယ်လို့ ပြောလိုက်တယ်။သုံးလေးလ နေရင် သမီးလက်ထပ်ဖြစ်ချင်လက်ထပ်မှာလို့ဖြေခဲ့လိုက်တယ်။ ဟုတ်တယ်လေ ရှင်ပြန်လာရင် ကျွန်မကိုလက်ထပ်ခွင့်တောင်းမယ်လို့ ယုံကြည်ခဲ့တာကို။ ဦးလေးက ပြောတယ် ရှင့်ကိုသူနဲ့ မိတ်ဆက်ပေးပါတဲ့။ခက်တာက ရှင်နဲ့ကျွန်မက ချစ်သူတွေမှမဟုတ်တာ။ နောက်တော့ဦးလေးကပြောသေးတယ်။ မိဘတွေပေးခဲ့တဲ့ ရတနာတွေပစ္စည်းတွေ ဘယ်မှာသိမ်းထားလဲတဲ့။ချစ်သူကရော အဲ့ဒီအကြောင်းကိုသိလား။ ယုံကြည်ရရဲ့လားလို့ မေးခဲ့သေးတယ်။ ကျွန်မ ဘာမှပြန်မဖြေဘဲနေခဲ့လိုက်တယ်။ဦးလေးလဲ ဘာမှဆက်မမေးတော့ဘဲ့ ... နောက်သုံးရက်နေရင် သူဖွင့်ထားတဲ့တည်းခိုခန်းမှာအလှူပွဲလေးလုပ်ဖို့ရှိတာမို့ ကျွန်မနဲ့ ဒေါ်ကြီးသီရော ဦးဗလကိုပါ လိုက်ကူညီပေးဖို့ ပြောခဲ့တယ်။အဲ့ဒီမှာ အဲ့ဒီနေ့မှာပဲကျွန်မ ရဲ့ အဖြစ်ဆိုးကြီးကစတင်ခဲ့တာပါ ။
@@@@@@@@@@@@#@@@@@@@@@@
အပိုင်း ( ၁၇ ) ဆက်ရန်
#ဧကြည်ဖြူ
၁၆-၄ .၂၀၂၃
"ဟင့်အင်း မသိပါဘူး မနွေရယ် .. ပိန်သေးက ဆေးသောက်ဖို့နဲ့ အစားကျွေးဖို့ပဲ တာဝန်ယူရတာလေ .. ကျန်တာကအဝတ်အစားလဲတာကအစ ဒေါ်ကြီးခိုင်နဲ့ ညှပ်စိပဲ လုပ်တာလေ ..ညှပ်စိတော့သိမယ်ထင်တယ် "
"ဟုတ်လား ..နောက်ကြုံမှ ညှပ်စိကိုမေးကြည့်အုံးမယ် "
~~~~~
အဝတ်တွေ လျှော်ရင်း၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ညှပ်စိကို ဖူးငုံပွင့်ချောင်းနေခဲ့ပေမဲ့ ညှပ်စိက ဒေါ်ခိုင်နဲ့မလှမ်းမကမ်းမှာပဲ ရှိနေတတ်တာမို့ ဖူးငုံပွင့်စိတ်လျှော့လိုက်ရတော့တယ်။
မနက်ခင်းအလုပ်တွေပြီးလို့ ဖူးငုံပွင့်တို့နေ့လယ်စာစားပြီးကြချိန်မှာတော့ ညှပ်စိက ဖူးငုံပွင့်တို့အနားကိုရောက်လာခဲ့ပြီး
"မနွေကို အစ်ကိုလေးခေါ်နေတယ် ..အစ်ကိုလေးက အလုပ်အရေးတကြီးလုပ်ရမှာမို့ ....အဘိုးကို မနွေကစာဖတ်ပြပေးပါတဲ့ "
" အင်း ..အင်း "
ပြောပြီးတာနဲ့ ညှပ်စိက ဒေါ်ခိုင့်နားကို လှစ်ခနဲ ပြန်ပြေးသွားတာမို့ ဖူးငုံပွင့်အခန်းထဲကိုကမန်းကတန်း ပြေးဝင်ခဲ့ပြီး မျက်နှာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်တယ်။
~~~~~
"ဒီမှာပဲဖတ်နော် ... ကိုယ် အခန်းပြင်က လျှောက်လမ်းမှာရှိနေမယ် ကြားလား "
သူမမျက်နှာကို ပြုံးမြမြ စိုက်ကြည့်ပြီး အခန်းပြင်ကို ထွက်သွားတဲ့ ခက်ဝေလတ်ကြောင့် ဖူးငုံပွင့်စိတ်ထဲမှာ လုံခြုံသွားသလို ခံစားလိုက်ရတယ်။ခက်ဝေလတ်က တံခါးကို အပြင်ကပိတ်လိုက်တာနဲ့ ငုဝါပေးလိုက်တဲ့ စာအုပ်လေးကို ဖူးငုံပွင့်ဖွင့်ဖတ်လိုက်တယ်။
~~~~~~~
ကျွန်မဒီစာကို ရေးနေချိန်မှာ ကျွန်မရဲ့နှလုံးသားတွေ တစ်စစီကြွေမွပျက်စီးနေခဲ့တယ်ဆိုရင် ရှင်ယုံပါ့မလားဟင်။ ယုံပါလို့လဲ ဇွတ်မပြောချင်တော့ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်မဘ၀က မဖြူစင်တော့ဘူးလေ။ ကျွန်မက ရှင်နဲ့ မထိုက်တန်တော့ပါဘူးလေ။ ကျွန်မရဲ့ မိုက်မဲမှုတွေအတွက် ကျွန်မရဲ့ဘဝလမ်းကို ကျွန်မကိုယ်တိုင်ပဲ ရွေးချယ်ရတော့မယ် ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ရှင်တစ်ယောက်တည်းပဲရှိတယ်ဆိုတာကိုတော့ ရှင့်ကိုပြောပြချင်တယ်။ရှင်က ကျွန်မကိုချစ်တယ်လို့မပြောခဲ့ပေမဲ့ "တစ်နှစ်အတွင်း ပြန်လာခဲ့မယ်ဆိုတဲ့ ရှင့်ရဲ့စကားကြောင့် ကျွန်မရှင့်ကို ဘယ်လို စောင့်မျှော်ပြီးဘယ်လိုနေထိုင်ခဲ့လဲဆိုတာတာ စာလုံးတွေအဖြစ် ချရေးလိုက်ပါတယ်။ဒါပေမဲ့ ဒီစာရေးနေချိန်မှာတော့ ကျွန်မအဖြစ်ကကျွန်မကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲနေခဲ့ပါပြီ။
ကျွန်မမိဘတွေရဲ့ ရက်လည်ပြီးတော့ ရှင်ပြန်သွားခဲ့တယ်နော်။မိဘတွေမရှိတော့တဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အိမ်ကြီးထဲမှာ ဦးလေးရယ်ကျွန်မရယ်ထမင်းချက်အဒေါ်ကြီးဒေါ်သီနဲ့ ခြံစောင့်ကြီးဦဗလတို့ပဲ ကျန်ခဲ့ကြတယ်။ ကျွန်မလေအထီးကျန်လွန်းလို့ ရှင်နဲ့ ဖုန်းပြောချိန်တိုင်း "ရှင့်ဆီကိုလိုက်ခဲ့ချင်တယ် "လို့ အရှက်မရှိပြောချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက မိန်းမသားလေ။ရှင့်ဆီက "ချစ်တယ် " ဆိုတဲ့ စကားကို မကြားရခင်မှာ မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းရမယ် မဟုတ်လား။ဒါကြောင့် ရှင်ပြောတာကို ယုံကြည်ပြီးစောင့်နေဖို့ပဲ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။
တစ်နေ့မှာ ဦးလေးက ထူးထူးခြားခြား အမွေကိစ္စ စကားပြောလာတယ်။ဦးလေး ပြောတာက သူ့မှာငွေလိုနေလို့ ငွေနည်းနည်းလောက် ထုတ်ချေးပါတဲ့။ဦးလေးပြောတဲ့ငွေနည်းနည်းက ဘယ်လောက်လဲသိလား။သိန်းငါးရာတဲ့လေ။ဦးလေးစကားကြောင့် ကျွန်မအရမ်းအံ့ဩသွားခဲ့တယ်။ကျွန်မမှာ ဘယ်လိုလုပ်ပြီး အဲ့ဒီငွေတွေရှိမှာလဲ။ငွေသားဆိုလို့ ငွေသိန်းတစ်ရာလောက်ပဲကျန်တာလေ။ကျွန်မအလုပ်ထွက်လုပ်ဖို့ စီစဉ်နေတာလဲ ဦးလေးလဲသိတာမို့ ဦးလေးကလဲ ငွေကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတပ်မပြောတော့ပါဘူး။တစ်ခုတော့ရှိတယ်။လက်ရှိအိမ်ကိုပဲရောင်းထုတ်ရတော့မယ်လို့ ဦးလေးကပြောတယ်။ အမှန်တိုင်းပြောရရင် ဦးလေး အဲ့ဒီလိုပြောတော့ စိတ်မကောင်းဖြစ်ခဲ့မိတယ်။မိဘတွေနဲ့ နေခဲ့တဲ့အိမ်မို့ မရောင်းချင်ဘူးလေ။ ဒါပေမဲ့လဲ ဦးလေးလိုအပ်ရင်ရောင်းပါလို့ပဲ ပြောခဲ့လိုက်ပါတယ်။နောက်တော့ ဦးလေးလဲမရောင်းရက်လို့ထင်ပါတယ် အိမ်ရောင်းဖို့အကြောင်းကို မပြောတော့ဘူး ။ အဲ့ဒီလိုနဲ့ ကျွန်မအလုပ်ထွက်လုပ်တော့မဲ့ အကြောင်းကို ဦးလေးကို ပြောလိုက်တယ်။ပြောရရင် ဒီအဖြစ်ပျက်တွေက အဲ့ဒီအချိန်ကပဲစခဲ့တာထင်ပါတယ်။
တစ်နေ့မှာဦးလေးက ဒေါ်ညိုညိုမာကို အိမ်ကိုခေါ်လာခဲ့ပြီးကျွန်မနဲ့မိတ်ဆက်ပေးခဲ့တယ်။အလုပ်လုပ်ချင်ရင် ဒေါ်ညိုညိုမာဆီမှာ အကူအညီတောင်းတဲ့လေ။ အပေါင်းအသင်းမိတ်ဆွေများတဲ့ ဒေါ်ညိုညိုမာကို ကျွန်မယုံကြည်အားကိုးပြီး အလုပ်ရှာခိုင်းလိုက်တယ်။ ပြီးတော့သုခမြိုင်ရဲ့ ရုံးခန်းမှာစာရေးမ၀င်လုပ်ခဲ့တယ်။အဲ့ဒီမှာ ကိုသက်ဝေလတ်နဲ့ တွေ့ရတယ်။ ကျွန်မသူနဲ့ မိတ်ဆွေမဖြစ်ဖူးပေမဲ့ သူ့အကြောင်းတွေသိတာမို့ ဝေးဝေးကရှောင်ခဲ့ပါတယ်။သူကလဲ အလုပ်ထဲကို အမြဲမလာတာမို့ အဆင်ပြေခဲ့ပါတယ်။တကယ်လို့ များ အဲ့ဒီအချိန်ကသာ ဒီလိုပြဿနာတွေကြုံရမယ်ဆိုတာသိရင် ကျွန်မသုခမြိုင် ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့မှာမဟုတ်သလို ရှင်ထင်ချင်ရာထင်ပါစေ ရှင်ရှိနေတဲ့နေရာကိုလိုက်လာခဲ့မိမှာပဲ။
ခက်ဝေလတ်ရဲ့ စကားကြောင့် ဖူးငုံပွင့်ယောင်နနနဲ့နှုတ်ကဆွံ့အပြီးခက်ဝေလတ်ကို ကြည့်လိုက်မိတယ်။
'' ဟုတ်တယ် .. ကိုယ့်ဘ၀မှာ ဘယ်မိန်းခလေးကိုမှ ရင်မခုန်ခဲ့ဖူးဘူး .. ကိုယ်အိမ်ကိုပြန်ရောက်ရောက်ချင်းနေ့က တံခါးလာဖွင့်ပေးတဲ့မင်းကိုမြင်လိုက်ရတာနဲ့ ကိုယ့်စိတ်တွေလှုပ်ရှားခဲ့တယ် ..ဒါကြောင့်လဲ မင်းလှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေခဲ့မိတာ "
ဖူးငုံပွင့်မျက်လုံးအပြူးသားနဲ့ ခက်ဝေလတ်ကို မော့ကြည့်နေမိတယ်။ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့ မျက်နှာလေးကို စူးစိုက်ကြည့်ရင်း လေးနက်တည်ကြည်စွာ ထပ်ပြောလိုက်တယ်။
"ကိုယ် မင်းကိုချစ်တယ် ..တကယ်လို့မင်းက ကိုယ့်မိသားစုကို ဒုက္ခပေးမဲ့သူဆိုရင်တောင် ...မင်းကို ဒီအိမ်နဲ့အဝေးဆုံးကိုခေါ်သွားပြီး မင်းရဲ့အနားမှာပဲနေမယ်လို့ ကိုယ် ဆုံးဖြတ်ထားပြီးသားပါ ..ဒါပေမဲ့ အခုကိုယ်သိလိုက်ရတာက .မကြာခင် .. မင်းကို ကိုယ့်မိသားစုက အန္တရာယ်ပေးလိမ့်မယ်ထင်တယ် ..ဒီတစ်ပတ်အတွင်း မင်းအလုပ်ထွက်ပြီး ရန်ကုန်ကိုပြန်တော့ ... ကိုယ် ဒီမှာမငုဝါကိုကူညီပေးပြီးတာနဲ့ ရန်ကုန်ကို လာခဲ့မယ် .."
ခက်ဝေလတ် ပြောနေတာတွေကို ဖူးငုံပွင့်ရှက်ရွံ့ရင်ခုန်စွာနားထောင်နေမိရင်း ခေါင်းကိုခါယမ်းပစ်လိုက်တယ်။
"ဟင့်အင်း ... ကျွန်မ မပြန်ဘူး ... မမညိုက ရှင့်ကိုစောင့်ကြည့်ဖို့ ကျွန်မကိုခိုင်းထားတယ် ... သူအဲ့ဒီလိုပြောတဲ့အချိန်မှာ ရှင့်အမေလဲ ရှိတယ် "
ဖူးငုံပွင့်စိုးရိမိစိတ်နဲ့ ပြောလိုက်တော့ ခက်ဝေလတ်က ဖူးငုံ ပွင့်ရဲ့ လက်ဖဝါးတွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"အဲ့ဒီကိစ္စက အဘိုးကိစ္စကြောင့်လဲ ပါတယ် ... အဘိုးက အမွေရထားတဲ့ရတနာပစ္စည်းအချို့ကို ဝှက်ထားတယ်လို့ အဖေတို့ပြောဖူးတယ် ..သူတို့စိတ်ထင်ရတနာတွေ ဝှက်ထားတဲ့နေရာကို.. ကိုယ်သိနေ တယ်လို့ ထင်နေကြတာ ..အမွေကိစ္စတွေက တကယ်ရှုပ်တယ် ကိုယ်အဲ့ဒါတွေ စိတ်မ၀င်စားဘူး .. ကျေးဇူးရှင်အဘိုးစိတ်ချမ်းချမ်းသာသာနေစေချင်လို့... ကိုယ်ဒီကို ပြန်လာခဲ့တာ .. ကိုယ့်အတွက် မစိုးရိမ်နဲ့ ... ကိုယ်ကသူတို့ ရဲသွေးသားရင်းပါ ... ကိုယ့်ကိုတော့ အန္တရာယ်ပေးမှာမဟုတ်ပါဘူး ..ဒီတစ်ရက်နှစ်ရက်အတွင်းမှာ နွေပြန်လိုက်တော့နော် ... နွေရှိနေရင် ကိုယ်စိတ်မဖြောင့်ဘူး ..အန်တီညိုက သိပ်ကိုလည်တာ ..ကြာလာရင် နွေ့ကိုကိုယ်ချစ်နေတာကို ရိပ်မိသွားလိမ့်မယ် .. ကိုယ်ပြောတာနားထောင်ပါနော် "
ဖူးငုံပွင့် ဘာဆက်ပြောရမှန်းမသိဘဲ ခက်ဝေလတ်ကိုသာကြည့်နေမိတယ်။သူမရဲ့အဖြစ်က ကိုယ်ရင်ခုန်နေမိသူဆီက ချစ်စကားကို ကြားခွင့်ရလိုက်ပေမဲ့ ချက်ချင်းလိုပဲ အဝေးကိုထွက်သွားဖို့စကားကိုပါ ကြားလိုက်ရတာလေ ။
"ကျွန်...ကျွန်မ ပြန်ဖို့အတွက်ကို စဉ်းစားပါ့မယ် ..ဒါပေမဲ့ ဒီစာအုပ်ကိုတော့ ဖတ်ခွင့်ပြုပါကိုခက် ..ကျွန်မစခဲ့မိတဲ့ ဇာတ်လမ်း မို့ ကျွန်မသိချင်တယ်..ပြီးရင် ကို ခက်ရဲ့စကားကို ကျွန်မနားထောင်ပါ့မယ် "
ဖူးငုံပွင့်ရဲ့စကားအဆုံးမှာ သက်ဝေလတ်သက်ပြင်းမောကို ချလိုက်ပြီး
''အင်းပါ ဖတ်ရပါမယ် ..ဒါပေမဲ့ ဒီစာအုပ်ကို နွေယူသွားလို့မဖြစ်ဘူး ..တစ်ယောက်ယောက် သိသွားရင်း အရမ်းအန္တရာယ်များ တယ် ..အဲ့ဒီတော့ ဒီစာအုပ်ကို ကိုယ်ယူထားမယ် ..နေ့ခင်းကျရင် အဘိုးအခန်းထဲမှာ လာဖတ် .. ပြီးတော့ ဒီအိမ်မှာဘယ်သူ့ကိုမှ မယုံနဲ့နော် .. တစ်ခုခုထူးဆန်းတယ်ထင်တာနဲ့ ကိုယ့်ကိုပြောနော် ကြားလား "
" ဟုတ် ..ဟုတ်ကဲ့ပါ "
ခက်ဝေလတ်က သူမမျက်နှာကို သူ့လက်ဖဝါးနဲ့ အသာဆွဲမော့ယူရင်း ပြောလိုက်တာမို့ ဖူးငုံပွင့် ကမန်းကတန်း ခေါင်းငြိမ့်ပြလိုက်ရတယ်။
"ကဲ ..ကိုယ်..အရင်သွားနှင့်မယ် မင်းက နောက်မှဆင်းလာခဲ့ ...ဪ ..ပြောစရာရှိသေးတာပဲ .. ကိုယ့်အချစ်ကိုလက်ခံတယ်ဆိုရင် ...ညကျရင် လက်ဆောင်ပေးထားတဲ့အနွေးထည်ဝတ်ပြီး ဝရံတာကိုထွက်လာခဲ့နော် "
ပြောပြီးတာခက်ဝေလတ်က အပြုံးလေးနဲ့ နှုတ်ဆက်ပြီး အခန်းပြင်ကို ထွက်သွားခဲ့တယ်။ကျန်ခဲ့တဲ့ ဖူးငုံပွင့်မှာတော့ ရင်ခုန်တာရောရင်တုန်တာပါပေါင်းပြီး လူတစ်ကိုယ်လုံး ကြက်သီးတွေထကာ တုန်ယင်နေမိတယ်။
~~~~~
" မနွေ အလုပ်ထွက်မှာလားဟင် "
" ဘာဖြစ်လို့ မေးတာလဲ ပိန်သေးရဲ့ "
ပိန်သေးရဲ့ စကားကြောင့် ဖူးငုံပွင့် ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ပြန်မေးလိုက်မိတယ်။
"မနေ့ကကိစ္စလေ မနွေရဲ့..မမညိုက သိပ်လွန်တာပဲ ..ပိန်သေးဖြင့် ချက်ချင်းအလုပ်ထွက်သွားချင်တာ ..အမေတို့က လစာတွေကြိုယူထားလို့သာပေါ့ ..ပိန်သေးတော့ ဖြစ်နိုင်ရင် အမေတို့လိုဈေးတောင်းခေါင်းရွက်ပြီးသာ ရောင်းစားလိုက်ချင်တော့တယ် ...ဒီမှာလဲ နေရိပ်ထဲမှာလုပ်ရတာပဲ ရှိပါတယ်မနွေရယ် ..မိုးလင်းမိုးချုပ်နားမှမနားရတာ "
"ပိန်သေးရယ် .. အစ်မပြန်ရင် ပိန်သေးကိုပါ ခေါ်သွားချင်တယ် ..တကယ်ပြောတာ "
ပိန်သေးကို ကြည့်ပြီး ဖူးငုံပွင့်စာနာစိတ်နဲ့ ပြောလိုက်မိတယ်။
" ဒါနဲ့ ပိန်သေးကိုမေးရအုံးမယ်...အဘိုးအောင်ဒင်ကို ပြုစုပေးဖူးတယ်မဟုတ်လား ...အဲ့ဒါ ဟိုလေ ..အဘိုးခြေထောက်မှာ ဒဏ်ရာဟောင်းတွေရှိတာလားဟင်....တစ်ခါတလေ အဘိုးက ခြေထောက်ကို လက်ညှိုးထိုးပြပြီး ဘာတွေပြောမှန်းမသိလို့ "
ဖူးငုံပွင့် မုသားစကားကို ဆိုက ပိန်သေးကို မေးကြည့်လိုက်တယ်။
" ဒါနဲ့ မင်းအဲ့ဒီအိမ်ကို ရောက်နေရတဲ့ အကြောင်းအရင်းကို မပြောပြသေးဘူးနော် ..မင်းပြောပြမှ ကိုယ်လဲ ကူညီသင့်သလောက်ကူညီလို့ရမှာလေ "
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့် သက်ပြင်းကို ချလိုက်ပြီး
"ကျွန်မလဲ ကိုနေလင်းကိုပြောပြမလို့ပါပဲ ..ဒီနေ့တော့ အခြေအနေတွေနည်းနည်းရှုပ်နေလို့ စကားအကြာချည်းပြောလို့ အဆင်မပြေဘူး ... နောက်ရက်မှဖုန်းဆက်လိုက်မယ် ..ဪ ဒါနဲ့ ... အရုပ်လေးကပိုင်ရှင်ဆီရောက်ပြီလို့ ပြောလိုက်ပါအုံး ..အဆင်ပြေမပြေကိုတော့ မသိရသေးဘူးလို့ ပြောပေးပါအုံး..ဒါပဲနော် "
ဖုန်းပြောပြီးတာနဲ့ ဖူးငုံပွင့်ဝရံတာဘက်ကို ထွက်ခဲ့လိုက်တယ် ။ဝရံတာက ညအမှောင်အောက်မှာ
မှောင်မည်းတိတ်ဆိတ်နေခဲ့တယ်။ဖူးငုံပွင့် အမှောင်ထဲမှာရပ်နေပြီး ခက်ဝေလတ် အလာကိုမျှော်နေမိပေမဲ့ ခက်ဝေလတ်ရဲ့ အရိပ်အယောင်ကိုတောင်မမြင်ရ။ ဖူးငုံပွင့်ရင်ထဲ ပူလောင်လာမိတယ်။အစ်ကိုဖြစ်သူနဲ့များပြဿနာတက်နေပြီလားလို့ တွေးလိုက်မိတော့ လူက နေမထိထိုင်မသာပင်ဖြစ်လာတယ်။ဖုန်းလေးကိုထုတ်ကြည့်ပြီး
ခက်ဝေလတ်ဆီ ဖုန်းဆက်ဖို့ပြင် လိုက်တယ်။ ဒီတော့မှပဲ ခုနသူမဖုန်းပြောနေတုန်းက မက်ဆေ့ဝင်ထားတဲ့စာကိုတွေ့လိုက်ရတယ်
" ကိုယ်ဒီညအရက်သောက်မိလိုက်လို့ မင်းဆီကိုမလာတော့ဘူးနော် ..ပြီးတော့ မင်းကိုယ့်အခန်းထဲမှာ တစ်ခုခုဝှက်ထားတယ်ဆိုရင်လဲ ..တက်မယူနဲ့နော် ..အန်တီညိုကိုကြည့်ရတာ ကိုယ့်အခန်းကိုမသင်္ကာတဲ့ပုံပေါ်နေလို့ .. ကိုယ် ဒီည အပေါ်ထပ်မှာပဲအိပ်လိုက်မယ် ..မင်းတစ်ခုခုဝှက်ထားခဲ့ရင်လဲ စိတ်ချလက်ချ အိပ်လိုက်ပါ "
စာကိုဖတ်ပြီး ဖူးငုံပွင့်ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားသလို ရင်တွေလဲတသိမ့်သိမ့်ခုန်ပြီး ကြည်နူးသွားမိတယ်။ဖူးငုံပွင့်ကြုံတွေ့ရမှာကဘယ်လိုအကြောင်းအရာတွေမှန်းမသိပေမဲ့ ဆိုးဝါးတဲ့ကိစ္စတွေ မဖြစ်ဖို့စိတ်ထဲကနေ အခါခါဆုတောင်းနေမိလေတယ်။
~~~~~
ခါတိုင်းလိုမနက်ပိုင်း ကားတွေ အသီးသီးထွက်သွားကြချိန်မှာ သက်ဝေလတ်တို့ကားကို ဖူးငုံပွင့် အကဲခတ်ကြည့်လိုက်မိတယ်။ ထုံးစံအတိုင်း သက်ဝေလတ်ရဲ့ မျက်နှာက တင်းမာနေပြီး ငုဝါက ခေါင်းကို ငုံ့ထားတယ်။ဖူးပုံပွင့် သက်ပြင်းကို မသိမသာချလိုက်ပါ မိတယ်။အိမ်ထောင်သက် သုံးလေးလကို စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဖြတ်သန်းနေရတဲ့ ငုဝါကို ကြည့်ပြီးရင်ထဲမှာ ကိုယ်ချင်းစာပြီး သနားနေမိတယ်။
~~~~~~~
"ဟဲ့ ..မိနွေ ဒီကိုလာအုံး "
ဖူးငုံပွင့်ခြံတံခါးဖွင့်နေချိန်မှာ ကားပေါ်ကနေ လှမ်းခေါ်လိုက်တဲ့ ဒေါ်ညိုညိုမာရဲ့ ခေါ်သံကြောင့် ဖူးငုံပွင့်ကားနားကို အပြေးသွားလိုက်ရတယ်။
"မနေ့ညက ငုဝါကညည်းတို့ကို တစ်ခုခုခိုင်းသေးလား ... ငါ့တူ ခက်ဝေလတ်ဆီကို တစ်ခုခုပေးခိုင်းတာတို့ ဘာတို့မျိုးပေါ့အေ "
ဒေါ်ညိုညိုမာရဲ့ အမေးကြောင့် ဖူးငုံပွင့်မျက်နှာမပျက်အောင် ထိန်းလိုက်ပြီး ခေါင်းကို ခါယမ်းပြလိုက်တယ်။
"မခိုင်းပါဘူး မမညို "
" အေး ..အေး ..ပြီးရော ...ငါ့တူကိုလဲ စောင့်ကြည့်ထားအုံး ကြားလား "
ဒေါ်ညိုညိုမာ ဒီစကားကို ပြောနေချိန်မှာ ကားထဲမှာဒေါ်ဝေဝေမာလဲ ရှိနေတာမို့ ဖူးငုံပွင့်အံ့ဩသွားမိတယ်။ဘာမှန်းသေချာမသိပေမဲ့ ခက်ဝေလတ်အတွက်ပါ စိတ်ပူသလို ဖြစ်သွားမိတာအမှန်ပါပင်။
~~~~~~
အိမ်သားတွေအားလုံးထွက်သွားပြီးချိန်မှာတော့ ဒေါ်ခိုင်တို့အလစ်ကိုချောင်းပြီး ဖူးငုံပွင့် အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။ အပေါ်ထပ်တစ်ထပ်လုံးက လူသူကင်းမဲ့နေတာမို့ တိတ်ဆိတ်ငြမ်သက်နေခဲ့တယ်။ဖူးငုံပွင့် ခြေလှမ်းတွေကိုခပ်ဖွဖွလုမ်းပြီး ခက်ဝေလတ်ရဲ့ အခန်းကိုဖွင့်လိုက်တယ်။ပွင့်သွားတဲ့တံခါးကနေ ဖူးငုံပွင့်အခန်းထဲကိုဝင်လိုက်ပြီး သိမ်းထားခဲ့တဲ့ စာအုပ်လေးကိုယူဖို့လုပ်လိုက်တော့ စာအုပ်ကရှိမနေတော့။ ဖူးငုံပွင့်တစ်ကိုယ်လုံးထူပူသွားပြီး ထပ်ပြီးရှာလိုက်တယ်။သို့ပေမဲ့ စာအုပ်နဲ့တူတာဆိုလိုစာရွက်တစ်ရွက်ပင် ရှိမနေခဲ့တာမို့ ဖူးငုံပွင့်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး မျက်ဝန်းအိမ်မှာရည်တွေပါစို့တက်လာချိန်မှာ အခန်းတံခါးက ဖျတ်ခနဲပွင့်လာခဲ့တယ်။တုန်တုန်လှုပ်လှုပ်နဲ့ သူမအခန်းဝကိုကြည့်လိုက်မိတယ်။
"ဒါကိုရှာနေတာလား "
ခက်ဝေလတ်က စာအုပ်လေးကို မြှောက်ပြရင်း မေးလိုက်တာမို့ ဖူးငုံပွင့်ရင်ထဲလှိုက်ခနဲ ပျော်ရွှင်သွားမိတယ်။
"ဒီစာအုပ်က မင်းထားခဲ့တာကို ကိုယ်သိပါတယ် ... ကိုယ့်ကို ခွင့်လွှတ်ပါ စာအုပ်ကိုဖတ်ကြည့်လိုက်မိတယ်... "
"ဖတ်လိုက်တယ် ဟုတ်လား ....ဘာ ..ဘာအကြောင်းတွေလဲဟင် "
ခက်ဝေလတ်ပြောနေပုံက စိတ်ရှုပ်နေတဲ့အသွင်ပေါက်နေတာမို့ ဖူးငုံပွင့် သိချင်စိတ်နဲ့ မေးလိုက်မိတယ်။
ခက်ဝေလတ်က အမေးကို မဖြေဘဲ သူမရဲ့လက်ကိုဆုပ်ကိုင်လိုက်တာမို့ ဖူးငုံပွင့်လန့်သွားမိတယ်။
"ဒီမှာ ...ကိုယ်ပြောမယ် သေချာနားထောင်.... သူရေးထားတာတွေ ကိုဖတ်ရတာ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးနိုင်တယ်...ရှင်းရှင်းပဲပြောမယ် .. ပြဿနာကဘာမှန်းသေချာမသိပေမဲ့ ..သူ့အတွက် အသက်အန္တရာယ်ပါရှိနိုင်တဲ့ပုံပဲ ... ဒီနေ့ကစပြီး ဒီကိစ္စကိုကိုယ်တတ်နိုင်သလောက် ကူညီမှာပါ ...ဒါပေမဲ့ ကိုယ့်အတွက်တော့ အားလုံးထက် မင်းကဦးစားပေးပဲ .. "
"ရှင် "
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက် ဝတ္ထု)
အပိုင်း (၁၆)
*******
ဒေါ်ညိုညိုမာတံခါးကိုဖွင့်လိုက်ချိန်မှာ တံခါးကသော့မခတ်ထားတာမို့ ပွင့်ဟသွားခဲ့တယ်။ဒေါ်ညိုညိုမာကခြေထောက်တွေကို အသာလှမ်းလိုက်ပြီးအခန်းထဲကို၀င်ဖို့ပြင်လိုက်တယ်။
"အန်တီညိုပါလား... ကျွန်တော့်အခန်းထဲကို ဘာကိစ္စရှိလို့လဲ "
ရုတ်တရက်အနောက်က ထွက်ပေါ်လာတဲ့ မေးသံကြောင့် ဒေါ်ညိုညိုမာရဲ့ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားရတယ်။ထိတ်လန့်သွားမိတဲ့စိတ်ကို ဒေါ်ညိုညိုမာထိန်းလိုက်ရင်း
"ငါ့တူနဲ့ စကားပြောမလို့ပါကွယ် ..."
အဒေါ်ဖြစ်သူရဲ့ အပြောကြောင့် ခက်ဝေလတ်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
"ကျွန်တော်ဒီအခန်းထဲမှာမနေဘူးလေ အန်တီညိုရဲ့..မေ့နေတာလား "
" ဪ ..ဟုတ်သားပဲ ..ငါ့တူအောက်ထပ်ကိုလဲဆင်းမလာလို့...ဒီအခန်းထဲမှာ ရှိတယ်ထင်နေတာ "
ဒေါ်ညိုညိုမာရဲ့ဖြေရှင်း စကားကို နားထောင်ပြီး ခက်ဝေလက်မသိသာပြုံးလိုက်တယ်။
"ကဲပါ အန်တီညိုဘာပြောစရာရှိလို့လဲ ပြောလေ "
"ဪ ..ဒီ..ဒီလိုပါကွယ်...ငါ့တူ အိမ်မှာနေရတာ စိတ်ကျဉ်းကျပ်နေရင်... တည်းခိုးခန်းမှာပြောင်း နေမလား ....ကိုမင်းခိုင်ရဲ့ တည်းခိုခန်းမှာ အေးဆေးနေလို့ရတယ်..."
"အန်တီညိုရယ် .. ခိုင်းဖို့အလုပ်သမားတွေပါ အဆင့်သင့်ရှိတဲ့အိမ်ကိုထားခဲ့ပြီး ...တည်းခိုခန်းမှာသွားနေရအောင် ကျွန်တော်ကရူးနေလို့လားဗျာ"
ခက်ဝေလတ်ရဲ့ အပြောကြောင့် ဒေါ်ညိုညိုမာမျက်နှာကွက်ခနဲ ပျက်သွားပြီး
"အေးပါကွယ် ..အန်တီက ငါ့တူလေး ...အိမ်ထောင်သည်တွေကြားမှာ စိတ်ရှုပ်နေမှာစိုးလို့ပါကွယ် "
"ကျေးဇူးတင်ပါတယ် အန်တီညို ... ကျွန်တော်တော့ ဒီည မူးနေလို့ ဒီအခန်းထဲမှာ ခဏလှဲလိုက်အုံးမယ် ... ဒေါ်ခိုင့်ကို အဘိုးကို မကြာခဏ သွားကြည့်ခိုင်းလိုက်ပါအုံးနော် "
" အေးပါ ..အေး ..အေး "
ခက်ဝေလတ် အခန်းထဲကို ဝင်ပြီး တံခါးကို ခပ်ပြင်းပြင်းပိတ်လိုက်တယ်။
~~~~
"ပြောစမ်း ..မိန်းမယုတ်မ ... ငါ့ညီကို နင်အတို့အထောင်သွားလုပ်လိုက်တာမဟုတ်လား ...ဘာလဲ ... ငါ့ညီကို အဓိဖမ်းချင်နေတာလား "
" တော် .. တော်ပါတော့ ကိုသက်ဝေလတ်ရယ် ..လူကြားလို့လဲမကောင်းပါဘူး ..ရှင့်ညီနဲ့လဲ ငုဝါတစ်ခါမှကို စကားမပြောဖူးပါဘူး...ရှင်မတရားမစွပ်စွဲပါနဲ့ "
" ဘာကွ..မင်းဘာပြောလိုက်တယ် ကဲကွာ... "
" ဘုံး "
ငုဝါ ရဲ့ ပြန်ပြောမှုကြောင့်သက်ဝေလတ်ဒေါသထွက်သွားရပြီး ငုဝါရဲ့ကျောပြင်ကို ဘုံးခနဲကန်ပစ်လိုက်တယ်။
"မင်းကများ ငါ့ကိုပြန်ပြောရဲနေတယ်ပေါ့လေ ...ဘာလဲ နင်ကောင့်ရှိတယ်ဆိုပြီး ...ငါ့ကိုအာခံနေတာလား ဟုတ်လား..ဒီမှာ မင်းမြဲမြဲမှတ်ထားတ သုခမြိုင်စံအိမ်မှာ ငါက မြေးဦးကွ ..ငါ့ကို ဘယ်သူမှ မတွန်းလှန်ရဲဘူး ..မင်းလို တောသူမကိုချစ်လွန်းလို့ မကွာပေးတာလို့ ထင်မနေနဲ့... အချိန်တန်ရင် ကွာရှင်းမှာ ...အေး မကွာရှင်းခင်တော့ မင်းကငါ့အပိုင်မို့ ငါနေခိုင်းသလိုနေ ကလန်ကဆန်လာမလုပ်နဲ့ ကြားလား .."
"ဒေါက် ..ဒေါက် "
ဒီအချိန်မှာပဲ သက်ဝေလတ်တို့ရဲ့ အခန်းတံခါးကို ခေါက်သံ ထွက်ပေါ်လာခဲ့တယ်။
" တောက် .. ဒီကောငလာရှုပ်ပြန်ပြီလား "
သက်ဝေလတ်က တောက်တစ်ချက်ကိုခေါက်လိုက်ရင်း အခန်းတံခါးကို ဒေါသတကြီးနဲ့ဆွဲဖွင့်လိုက်တယ်။ ဒီအခါအခန်းဝမှာ ရပ်နေသူက သက်ဝေလတ်ထင်သလိုညီဖြစ်သူ ခက်ဝေလတ် မဟုတ်ဘဲ အဒေါ်ဖြစ်သူ ဒေါ်ညိုညိုမာဖြစ်နေခဲ့တယ်။
"တီညို ဘာလဲ ..ဘာကိစ္စဖြစ်ပြန်ပြီလဲ "
" ဘာကိစ္စလဲဆိုတာထက် ...ငါ့တူ အခု အိပ်လိုက်တော့နော် ... ဟို ကောင် အငယ်ကောင် ဒီည အပေါ်ထပ်မှာ လာအိပ်နေတယ်.....စိတ်လျှော့လိုက်ပါတူလေးရယ် .. တီညိုတောင်းပန်ပါ တယ် ..ခဏတော့ သည်းခံပေးပါနော် "
ဒေါ်ညိုညိုမာက တူဖြစ်သူကိုခပ်တိုးတိုးနှစ်သိမ့်လိုက်ရင်း ငုဝါကို ခပ်စိမ်းစိမ်းတစ်ချက်လှမ်းကြည့်လိုက်တယ်။ပြီးတော့မှ အခန်းရှေ့က ပြန်ထွက်ခဲ့ပြီး သူမ အခန်းဆီကို ပြန်ခဲ့လိုက်တယ်။
~~~~.~~
ဖူးငုံပွင့်ဖုန်းလေးကိုကိုင်ပြီး အိပ်ရာခြေရင်းမှာထိုင်နေမိတယ်။ ပိန်သေးကတော့ ဒေါ်ညိုညိုမာရဲ့ နိုင့်ထက်စီးနင်း အပြုအမူတွေကြောင့်ကလေးတစ်ယောက်လို ငိုပြီး မောမောနဲ့အိပ်ပျော်သွားခဲ့ပြီ။ မအိပ်နိုင်သူက ဖူးငုံပွင့်ပါ။ နေလင်းဆီကိုဖုန်းဆက်ဖို့အတွက် ပိန်သေးအိပ်ပျော်အောင်စောင့်နေခဲ့ရတယ်။
"ဟယ်လို "
"ဟယ်လို့ ..ကိုနေလင်း ..ရှင်ရန်ကုန်ရောက်နေပြီလား ... ဘာသတင်းထူးသေးလဲ "
တစ်ဖက်က နေလင်းရဲ့ထူးသံကိုကြားလိုက်ရတာနဲ့ သူမအလောတကြီးမေးလိုက်မိတယ်။
"အင်း .. ကိုယ်ရန်ကုန်ကိုရောက်နေပြီ ...သတင်းကတော့ သိပ်မထူးသေးဘူး .. ဦးအောင်မိုးရဲ့သားသမီးတွေ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က လှိုင်သာယာဘက်မှာနေခဲ့တယ်လို့ သတင်းရပေမဲ့လိုက်သွားကြည့်တော့ မသေချာပြန်ဘူး .. ဒါနဲ့ ဟိုတစ်ယောက်ကိစ္စ ရော အဆင်ပြေရဲ့လား ...အဘိုးကြီးကို သက်သေရှာတဲ့ကိစ္စကတော့ အဆင်မပြေရင်ထားလိုက်နော် ..ကိုယ့်ဘာသာစုံစမ်းပါ့မယ် ..."
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်စိတ်ပျက်အားလျော့သွားမိတယ်။ ဒီအချိန်မှာပဲ နေလင်းဆီ ကစကားသံကို ထပ်မံကြားလိုက်ရပြန်တယ်။
"ကျွန်တော် အဘိုးကိုပြုစုစောင့်ရှောက်ပေးချင်လို့ ပြန်လာတာပါအဖေ ... အဘိုးပြန်ကျန်းမာလာခဲ့ရင် ..ကျွန်တော်ရန်ကန်မှာ အလုပ်သွားလုပ်မှာပါ ... ဒါပေမဲ့အဖေတို့တိုက်ခန်းဝယ်ပေးစရာမလိုပါဘူး ... ကျွန်တော့်ပိုက်ဆံနဲ့ပဲ ၀ယ်မှာပါ .. ကျွန်တော်သွားအိပ်တော့မယ်... အဖေလဲအိပ်ပါတော့ ..ကျွန်တော့်
ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် "
ခက်ဝေလတ်က ဖခင်ကြီးကိုတောင်းပန်စကားပြောပြီး အခန်းထဲကထွက်ခဲ့လိုက်တယ်။
~~~~~~
ဒေါ်ညိုညိုမာတစ်ယောက် လှေကားထစ်တွေအတိုင်းတက်လာခဲ့ရင်း စိတ်ထဲဘ၀င်မကျသလို ဖြစ်နေမိတာမို့ သူမအခန်းရှေ့ကိုရောက်တဲ့အခါ အခန်းထဲကိုမဝင်ဖြစ်သေးဘဲ တူဖြစ်သူသက်ဝေလတ်တို့ရဲ့ အခန်းကိုနားစွင့်ကြည့်လိုက်တယ်။အထဲမှာ ရန်ဖြစ်သံလိုလို ခပ်အုပ်အုပ်ဆူသံဆဲသံကိုကြားလိုက်ရတာမို့ ဒေါ်ညိုညို မာရဲ့ ခြေထောက်တွေက သက်ဝေလတ်တို့ရဲ့ အခန်းကိုကျော်ပြီး ခက်ဝေလတ်နေခဲ့တဲ့ အခန်းတံခါးရှေ့မှာရပ်လိုက်တယ်။ ခက်ဝေ လတ်ရဲ့အခန်းရှေ့မှာ တစ်ခဏကြာအောင် ဒေါ်ညိုညိုမာရပ်လိုက်ပြီးမှ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်တယ်။
@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
