803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
"ဦးကြီးတို့လဲ ငါ့တူမလိုပဲ ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ထင်မိတာပေါ့ ...ဦးကြီးတို့ သိသလောက် မောင့်မြင့်ဦးက သိပ်ရိုးသားတဲ့သူလေကွယ် ....ဒါပေမဲ့တူမကြီးလက်ထဲကစာနဲ့အတူ ဟော့ဒီဓါတ်ပုံကိုလဲ တွေ့ခဲ့ရတယ်ကွဲ့ ... ပြီး..ပြီးတော့ ...ပိတောက်စုရွာနဲ့ အနီးနားပတ်ဝန်းကျင်ရွာတွေမှာ မောင်မြင့်ဦးတို့ မိသားစုကိုမုန်းတဲ့ သူမရှိကြဘူးလေကွယ် ... မောင်မြင့်ဦးတို့မိသားစုက ငွေကြေးမပြည့်စုံပေမဲ့ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီတတ်ကြလို့ ....လူတိုင်းချစ်ကြတယ်ကွဲ့ ..ဦးကြီးတို့အထင်တော့ ... အခုဖြစ်တဲ့ကိစ္စကလဲ ... မောင်မြင့်ဦးကအားလဲနာတတ်တော့ .. မြို့ပေါ်ကမိန်းမနဲ့ မရည်ရွယ်ဘဲဖြစ်သွားကြတယ်ထင်ပါတယ်ကွယ် "
ရွာလူကြီးက ပြောပြောဆိုဆိုနဲ့ မသင်းမြကို ဓါတ်ပုံတစ်ပုံလှမ်းပေးလိုက်တယ်။ မသင်းမြက ရွာလူကြီးပေးတဲ့ ဓါတ်ပုံကိုယူကြည့်လိုက်တော့ ခဲအိုဖြစ်သူကခပ်ချောချောအမျိုးသမီးတစ်ယောက်ရဲ့ပခုံးကိုဖက်ထားတဲ့ပုံဖြစ်နေတယ်။မသင်းမြကဓါတ်ပုံကို တွေတွေကြီးစိုက်ကြည့်ကာနေမိတယ်။
''ကြည့်ရတာ ဓါတ်ပုံကိစ္စကြောင့်လင်မယားနှစ်ယောက် စကားများ ကြပုံရပြီး ... မောင်မြင့်ဦးက လက်လွန်သွားပုံရတယ်တဲ့...
မနှင်းပွင့်နဲ့ ကိုဦးလေးမှာ ထိုးကြိတ်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရတယ်တဲ့ ...ပြီးတော့ မောင်မြင့်ဦးကသူလက်လွန်သွားပြီးဆိုတာကိုသိလိုက်တော့....သူ့ကိုယ့်သူဆွဲကြိုးချသွားခဲ့တာပဲ ....ဒါက သက်ဆိုင်ရာက သုံးသပ်ချက်ပါ ..ဦးကြီးတို့သိတာကတော့ ဟော့ဒီပိတောက်စုရွာမှာရော...ဘေးရွာတွေမှာပါ ....မောင်မြင့်ဦးတို့မိသားစုကို မုန်းတဲ့သူမရှိ ဘူးဆိုတာပါပဲ....ငါတူမကြီးမယုံရင် ... အငယ်မလေးသတိရလာတဲ့အခါ မေးကြည့်ပါကွယ်..."
@@@@@@@@@@@@@@@@
အပိုင်း (၂) ဆက်ရန်
#ဧကြည်ဖြူ
မင်္ဂလာပါရှင်
#တိမ်ခိုးဝေတဲ့နွေ အမည်ရှိအခန်းဆက်ဝတ္ထုလေးကို Kpay (or ) Wave 1000 Ks ဖြင့် စာဖတ်ခပေးပြီးဖတ်ရှုလို့ရပါတယ်။
*အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ်
၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ်ရေးသားပြီး အကောင့် /p age မှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံအလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
(၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ်ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် )
Kpay
09773745413
Lai Lai win
Wave
Lae Lae win
#ဧကြည်ဖြူ
#AKyiPhyu
အဓိက ပြောချင်တာက နောက်နောင် ဝတ္ထုများကို A Kyi Phyu Page မှာပဲ တင်ပေးတော့မှာ ဖြစ်ပါကြောင်း ... ဖတ်သူများအနေဖြင့်လဲ Page ကို Follow /Like /comment /share များဖြင့် ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်
စာဖတ်သူရှိမှ ရေးဖို့အားရှိတဲ့ စာရေးသူတွေရဲ့ဘ၀လေးတွေကို အားပေးဖတ်ရှုပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်
#ဧကြည်ဖြူ
ကြီးကြီးဥကပြောပြောဆိုဆိုနဲ့ ဖူးငုံလက်ကိုဆွဲပြီး ရွာတောင်ဖျားကို ဦးတည်လျှောက်လိုက်တာမို့ ဖူးငုံပွင့်နဲ့ မသင်းမြတို့မှာ ယောင်နနနဲ့ပဲ ကြီးကြီးဥသွားရာ နောက်ကိုလိုက်ပါခဲ့ကြရတယ်။
~~~~~~
"မဥရေ... သူ..သူက ... မြင့်ဦးသမီးလေးမဟုတ်လား .."
"ကြီးဥ ....သူက ကိုမြင့်ဦးနဲ့မနှင်းပွင့်တို့ရဲ့ သမီးငယ် မဟုတ်လား "
" သူ ..သူလေးက ... မြင့်ဦးတို့ရဲ့ သမီးမဟုတ်လားဟဲ့ ...."
လမ်းတစ်ဖက်တစ်ချက်စီမှာ ပိတောက်ပင်တွေ အုပ်ဆိုင်းနေတဲ့ရွာလမ်းမမှာ ဖူးငုံတို့လျှောက်လာကြချိန် ရွာသူရွာသားတွေက ဖူးငုံကိုကြည့်ပြီး ခြေတုန်လက်တုန်အသံတုန်တုန်နဲ့ မေးကြမြန်းကြ ပြောဆိုနေကြတာကိုကြည့်ပြီးဖူးငုံမှာ အံ့သြနေမိတယ်။တကယ်ဆို ဖူးငုံပွင့်ရွာကိုပြန်မလာဖြစ်တာ တစ်နှစ်ပင်မပြည့်သေးလို့ ရွာကလူတွေ ဖူးငုံပွင့်ကိုမမှတ်မိစရာအကြောင်းလဲမရှိ။ပြီးတော့ ပိုပြီး ထူးဆန်းတာက ဖူးငုံပွင့်တို့လမ်းလျှောက်လာကြရာတစ်လျှောက်မှာ ရွာသူရွာသားတွေက ဖူးငုံပွင့်တို့နောက်ကနေ လိုက်ပါလာခဲ့ကြခြင်းဖြစ်တယ်။ရွာလူကြီးအိမ်ရှေ့ကိုရောက်တော့ ဖူးငုံတို့နောက်မှာ လူအတော်များနေပြီဖြစ်သလို ရွာလူကြီးရဲ့ ခြံဝန်းထဲမှာလဲ လူတစ်စုက ရှိနေပြီဖြစ်တယ်။
"ဟေ့ ..လူအုပ်နဲ့ပါလား ..ဘာဖြစ်လာကြတာလဲ "
"ဟို ..ဟို ...ကိုမြင့်ဦးနဲ့ မနှင်းပွင့်တို့ရဲ့သမီးအငယ်လေး ...မြို့ကပြန် ရောက်လာလို့ပါ ဥက္ကဌကြီး "
" ဟေ ..သူတို့က မြန်လှချည်လားဟ ...."
ရွာလူကြီးက တအံ့တသြနဲ့ခြံရှေ့က လူစုကိုလှမ်းပြောလိုက်တယ်။အဲ့ဒီအခါ လူအုပ်ထဲက ရွာသူအမျိုးသမီးကြီးတစ်ယောက်ထွက်လာပြီး ရွာလူကြီးနားကို သွက်သွက်လျှောက်သွားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။
" ကြည့်ရတာ....သူတို့က ... ဘာမှမသိဘဲ သင်္ကြန်ပိတ်ရက်ကိုလာလည်တာထင်တယ် ... အဲ့ဒါ ကျုပ်တို့ဘယ်လိုပြောရမှန်းမသိလို့ လူကြီးအိမ်ကို ခေါ်လာခဲ့တာပဲတော် "
"ဟေ ..ဟုတ်လား ....ဒုက္ခပါပဲ....ငါလဲ ပြောမထွက်ဘူးဟ .... အိမ်ထဲကိုခေါ်ပြီး အမောဖြေခိုင်းလိုက်ကြအုံးဟာ ..."
ရွာလူကြီးက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးမျက်စိပျက် မျက်နှာပျက်နဲ့ ပြောလိုက်တယ်။
"ကဲ ..ကဲ ....ကလေးမတို့ လာကြ ..ရွာလူကြီးအိမ်မှာ ခဏဝင်နားကြအုံး "
မသင်းမြမှာ ဧည့်သည်ပီပီ ပိတောက်စုရွာအကြောင်းကို မသိသူမို့ ရွာသူရွာသားတွေကိုကြည့်ပြီး နားမလည်နိုင်ဖြစ်နေခဲ့ရတယ်။
ဖူးငုံကတော့ ကလေးပီပီ ရွာသူရွာသားတွေကို မြင်ရတော့ပျော်ရွှင်နေခဲ့တယ်။
"ရွာမှာ အလှူရှိတာလားကြီးကြီးဥ.....အဖေတို့အမေတို့ရော ဒီမှာရောက်နေတာလား "
ဖူးငုံပွင့်မေးလိုက်ပေမဲ့ ဘယ်သူကမှမဖြေကြဘဲ မျက်နာတွေ မသိမသာလွှဲသွားကြတယ်။
"ဒီက ငါ့တူမက ..နှင်းပွင့်ရဲ့ညီမဆိုတာများလား "
"ဟုတ်ပါတယ်ရှင် ... ကျွန်မက အစ်မနှင်းပွင့်ရဲ့ညီမ ...ဖူးဖူးလေးရဲ့ အဒေါ်ပါရှင် "
ရွာလူကြီးရဲ့အမေးကို မသင်းမြက မဆိုင်းမတွဘဲပြန်ဖြေလိုက်တယ်။
"အေးကွဲ့ ငါ့တူမကြီးနဲ့ ဦးကြီးတို့ အိမ်ကြီးပေါ်တက်ပြီး ...စကားခဏလောက်သွားပြောရအောင် ကွယ် "
" ဟုတ် ... ဟုတ်ကဲ့ပါ ဦးကြီး "
ရွာလူကြီးရဲ့ စကားကြောင့်မသင်းမြမှာ စိတ်ထဲထင့်ခနဲဖြစ်သွားရပြီး အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်တယ်။
~~~~~
"ဦးကြီးပြောတာကို စိတ်အေးအေးနဲ့ နားထောင်ပါကွယ် ... အတတ်နိုင်ဆုံး စိတ်ကိုထိန်းထားပါနော် "
"ရှင် ... ဟုတ် ... ဟုတ်ကဲ့ ....ဘာ ..ဘာများလဲရှင် .. အစ်.. အစ်မတို့ ဘာများဖြစ်လို့လဲရှင် "
မသင်းမြရင်တုန်ပန်းတုန်နဲ့ ရွာလူကြီးကို ပြန်မေးလိုက်တယ်။
"ဒီ...ဒီလိုပါ ငါ့တူမကြီ ...မ..မနေ့ညက ...မောင်..မောင်မြင့်ဦးတို့မိသားစုသုံးယောက်လုံး ... သေကြောင်းကြံစည်သွားကြလို့ပါကွယ် .....အလောင်းတွေကိုတော့ သက်ဆိုင်ရာက မသယ်သွားသေးဘူး "
"ရှင် "
ရွာလူကြီးရဲ့ စကားအဆုံးမှာတော့ မသင်းမြမှာဘေးသို့ယိုင်ခနဲလဲကျသွားပြီး အသက်မဲ့သွားသူလို ကြောင်ကြောင်ကြီးနဲ့ ရွာလူကြီးကို ငေးကြည့်နေခဲ့တယ်။
" ငါ့တူမ ...ငါ့တူမကြီး သတိထားလေ ..သတိထားပါအုံး ..ငါ့တူမက စိတ်ကိုထိန်းမှပေါ့ ....တူမလေးလဲ ရှိသေးတယ် မဟုတ်လား "
ဖူးငုံပွင့်မှာ ရွာလူကြီးကအဒေါ်ဖြစ်သူကို ပြောပြနေတာကို ကြားလိုက်ရပြီးနောက် ရွာအနောက်ပိုင်းကို ဒုန်းစိုင်းပြေးချလာခဲ့မိတယ်။အသက်(၁၂)နှစ်ရှိနေပြီဖြစ်တဲ့ဖူးငုံပွင့်က သေကြောင်းကြံတယ်ဆိုတဲ့ စကားကို နားလည်သိရှိနေပြီမို့ ရွာနောက်ဖျားရှိ မိခင်ဖခင်နဲ့ အစ်ကိုကြီးရှိရာအိမ်ဆီကို မနားတမ်းပြေးလွှား လာခဲ့တယ်။
"ဟဲ့ ...ဟဲ့ လုပ်ကြပါအုံး ..လိုက်ကြပါအုံးဟဲ့ ... ကလေးကကြားသွားပြီ "
ဖူးငုံပွင့်တစ်ယောက်သည်းအူ ပြတ်မျှပြေးထွက်သွားချိန်မှာ ရွာလူကြီးရဲ့ အိမ်ခြံဝန်းထဲမှာ အသံတွေစည်စည်ညံသွားပြီး ရွာနောက်ဖျားရှိ ပိတောက်မြိုင်ခြံရှိရာကို သူ့ထက်ငါ့ ပြေးလွှားသွားကြတော့တယ်။
#တိမ်ခိုးဝေတဲ့နွေ
(အခန်းဆက် ဝတ္ထု )
အပိုင်း (၁)
*******
(နိဒါန်း )
ကြည်လင်တောက်ပတဲ့ပြာမှိုင်းမှိုင်းကောင်းကင်ပြင်ကြီးကို မြင်ခွင့်မရတဲ့နွေ .....
ပိတောက်မြိုင်မှာ ပိတောက်တွေမဝေတော့တဲ့နွေ ......
~~~~~~~~
ခရီးသည်တင်ကားအိုကြီးက ညောင်ပင်သာမြို့ငယ်လေးနဲ့တောရွာတွေကို ဆက်သွယ်ထားတဲ့ မြေလမ်းပေါ်မှာတအိအိနဲ့မောင်းနှင်လာခဲ့တယ်။ကားအိုကြီးရဲ့နောက်ထဲမှာကတော့ ဖုန်လုံးတွေက ကားထဲကိုအလုံးလိုက်အခဲလိုက်လူးကာလွန့်ကာ၀င်လာခဲ့တယ်။ကားထဲမှာလိုက်ပါလာခဲ့တဲ့ဒေသခံတွေအဖို့ကတော့ ဒီခရီးဒီလမ်းကသွားလာနေကြမို့ ပုဆိုးစုတ်တွေတဘက်ဟောင်းတွေကိုခေါင်းပေါ် ခြုံပြီး လိုက်ပါလာခဲ့ကြတယ်။အကြောင်းမသိတဲ့ တခြားနယ်သူနယ်သားတွေကတော့ ပုဆိုးမပါတဘက်မပါနဲ့ ကားပေါ်မှာမျောက်ဖြူကြီးတွေလိုဖြစ်လို့။
"ဒီခရီးဒီလမ်းကတော့ တို့တွေက သွားနေကြမို့ရိုးနေပါပြီအေ... သူဋ္ဌေးကုန်းနဲ့ မြို့သာလောက်ဆိုတော်သေး...ဟိုဘက်လက်ပံကုန်းနဲ့ပိတောက်စုအထိသာသွားရမယ်ဆိုရင် ရွာလဲရောက်ရောလူကနေပြီး အမွှေးမပါတဲ့မျောက်ဖြူကြီးလုံးလုံးဖြစ်တော့တာပဲ ...ဒါနဲ့ကလေးမတို့က မြို့ကလာတယ်ထင်ပ ... ဒီဘက်မှာမတွေ့ဖူးပါဘူး "
ရွာသူအမျိုးသမီးကြီးကပြောရင်းနဲ့ ကားဦးခေါင်းပိုင်းဘက်မှာပုပြီးဝပ်နေကြတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးမလေးတစ်ယောက်ကို လှမ်းမေးလိုက်တယ်။
"ဟုတ်ပါတယ် အဒေါ် ... ကျွန်မတို့က ပိတောက်စုကိုအလည်လာတာပါ....ပိတောက်စုမှာ ကျွန်မအစ်မကြီးက အိမ်ထောင်ကျနေတာလေ "
"ဟုတ်လား ..ပိတောက်စုဆိုရင်တော့ ညနေသုံးလေးနာရီမှရောက်မှာ..တလမ်းလုံးဖုန်ကတော့ ဘာပေါသလဲ မမေးနဲ့အေ..ဒီလို နွေရာသီများ ခရီးသွားလာရတာ မကောင်းပါဘူးအေ ပူကပူသနဲ့ "
ရွာသူ အမျိုးသမီးကြီးပြောတာလဲ မှားတော့မမှား။ ဒီဘက်က ရွာတွေကနွေရာသီဆိုရင်ပူကပူ ဖုန်ကပေါနဲ့ သွားလို့လာလို့ အဆင်မပြေလှ။သို့ပေမဲ့နွေရာသီသင်္ကြန်ပိတ်ရက်မျိုးမှာပဲ မြို့ကလူတွေကနားရက်ရှည်ရပြီး မိသားစုဆွေမျိုးတွေရှိရာကို အလည်အပတ်ပြန်ကြရတာမို့ နေပူပူဖုန်တထောင်းထောင်းအောက်ကကားအိုကြီးထဲမှာခရီး သည်တွေ ပြည့်လုနီးပါးပါလာခဲ့ကြတယ်။
"အဟွပ် ..အဟွပ် "
"ဖူးဖူး....တူမလေး ဖုန်တွေမွှန်နေပြီလား ...အပေါ်အင်္ကျီကို ခြုံထားလေတူမလေးရဲ့ ... နေကာမျက်မှန်ကိုလဲသေချာတပ်ထားအုံး "
" ဟုတ်ကဲ့ တီလေး ....ကားကလဲ နှေးလိုက်တာ ... ဖူးဖူးက အမေတို့ကိုတွေ့ချင်လှပြီ "
အဒေါ်ဖြစ်သူရဲ့ အပြောကို ဖူးငုံကပြန်ဖြေလိုက်ရင်း ကားလမ်းဘေးကို မဝံ့မရဲကြည့်လိုက်တယ်။မနေ့ညကတည်းက ရန်ကုန်ကနေရထားတစ်တန်ကားတစ်တန်နဲ့ထွက်လာခဲ့ရတဲ့ ဒီခရီးရှည်ကြီးမှာ (၁၂) နှစ်အရွယ်ပဲရှိသေးတဲ့ ဖူးငုံပွင့်အတွက် လူကခရီးပန်းနေပြီဖြစ်သလို ခွဲခွါခဲ့ရတာကြာပြီဖြစ်တဲ့ မိခင်ဖခင်နဲ့အစ်ကိုဖြစ်သူကိုလဲ တွေ့ချင်နေပြီဖြစ်တယ်။ဖူးငုံးပွင့်တို့က မိသားစုလေးယောက်ရှိကြတယ်။ ဖခင်ဖြစ်သူဦးမြင့်ဦးနဲ့မိခင်ဒေါ်နှင်းပွင့်ရယ် သားဖြစ်သူမြင့်ကျော်ဦးနဲ့ သမီးငယ်လေးဖူးငုံပွင့် အပါအဝင်မိသားစုလေးယောက် ဖြစ်ကြတယ်။ဦးမြင့်ဦးက ပိတောက်စုရွသား အညာသားစစ်စစ်ကြီး ။ဒေါ်နှင်းပွင့်က ရန်ကုန်သူ။ အညာသားကိုမြင့်ဦးတစ်ယောက် ရန်ကုန်တက်လာခိုက် ရန်ကုန်သူမနှင်းပွင့်နဲ့ အကြောင်းပါခဲ့တယ်။ကိုမြင့်ဦးနဲ့တွေ့ဆုံချိန်မှာ မနှင်းပွင့်က မိခင်ကြီးမရှိတော့ဘဲ ဖခင်ကြီးရယ်ညီမငယ်သင်းသင်းမြနဲ့အတူသားဖသုံးယောက် ဖခင်ကြီးတို့မောင်နှမတစ်စုရဲ့အမွေဆိုင်ခြံထဲမှာ နေထိုင်ခဲ့ကြတယ်။ကိုမြင့်ဦးနဲ့ အကြောင်းပါတော့ မနှင်းပွင့်က အမွေဆိုင်ခြံထဲမှာမနေဘဲ ယောကျာ်းဖြစ်သူရဲ့ ဇာတိရပ်ရွာဖြစ်တဲ့ စစ်ကိုင်းဘက်ကရွာမှာလိုက်နေခဲ့တယ်။ဒီလိုနဲ့ ကိုမြင့်ဦးနဲ့ မနှင်းပွင့်တို့မှာ သားတစ်ယောက်သမီးတစ်ယောက် ထွန်းကားလာခဲ့တယ်။မနှင်းပွင့်ရဲ့ သမီးလေးဖူးငုံပွင့်အလယ်တန်းစတက်တဲ့နှစ်မှာပဲ မနှင်းပွင့်တို့ရဲ့ဖခင်ကြီးဆုံးသွားလို့ တစ်ယောက်တည်း ကျန်ခဲ့ရှာတဲ့ ညီမငယ်ဆီမှာ သမီးငယ်ကို ထားခဲ့လိုက်ကြတယ်။တကယ်တော့ ဒေါ်နှင်းပွင့်တို့ရဲ့အစီအစဉ်က ဦးမြင့်ဦးရဲ့မိဘနှစ်ပါးလုံးလဲ ကွယ်လွန်သွားကြပြီဖြစ်လို့ ဒီတစ်နှစ်ကုန်ရင် မြို့ကိုပြောင်းဖို့စီစဉ်ထားပြီးဖြစ်တယ်။မြို့မှာက မနှင်းပွင့်တို့ရဲ့ အမွေဆိုင်ကိစ္စက မပြီးပြတ်သေးလို့ မပြောင်းရွေ့နိုင်ဘဲဖြစ်နေရခြင်းသာဖြစ်တယ်။
"ဖုန်တွေကလဲများ....ပူကလဲပူလိုက်တာ တီလေးရယ် ..ဖူးငုံတို့ငယ်ငယ်တုန်းက ...ရာသီဥတုကဒီလောက်မပူသလိုဘဲသိလား တီလေး "
ဖူးငုံပွင့်ရဲ့ စကားသံအဆုံးမှာပဲ ရွာသူ အဒေါ်ကြီးက ဝင်ပြောလိုက်ပြန်တယ်။
" အရင်ကနဲ့တော့ဘယ်တူမလဲ ကလေးမရယ် ... အဓိကက သစ်ပင်တွေမရှိတော့လို့ပေါ့ကွယ် ...သစ်တစ်ပင်ဖြစ်ဖို့မလွယ်မှန်းသိသိနဲ့ ခုတ်နေကြတာလေ ... ထင်းအတွက်ခုတ် .. ငွေအတွက်ခုတ်နဲ့ ....နောက်ဆုံးတော့ အပင်ရယ်လို့ ပြစရာအဖြစ် လမ်းဘေးကန္တာရပင်တွေပဲကျန်တယ်...ဒီတော့ မိုးမမှန်လေမမှန်နဲ့ရာသီဥတုတွေလဲ ပိုပူလာတော့တာပါပဲကွယ် "
မြယွန်းမီ ချစ်သူရဲ့လက်တစ်ဖက်ကို ဆွဲကိုင်လှုပ်ယမ်းပြီး ပြောလိုက်မိတယ်။
~~~~
" ဟယ် ...ကိုနေ ဒီလမ်းထိပ်မှာပဲ ရပ်လေ ..အိမ်ရှေ့ထိလိုက်မလို့လား .. တော်ကြာ အိမ်မှာအမေပြန်ရောက်နေလို့ တွေ့သွားမှဖြင့် "
"မတွေ့ပါဘူး ချစ်ရယ် ... ဒီအချိန်ဆို အန်တီပြန်မရောက်လောက်သေးပါဘူး ...မယုံရင်ကိုလင်းတို့ကို ဖုန်းဆက်ကြည့်လေ "
" ကိုလင်းတို့ကို ဆက်လို့ဘယ်လို့ ရမှာလဲ ကိုနေရဲ့ ...ကိုကိုတို့က ဆိုင်မှာလေ "
မြယွန်းမီ ပြောလိုက်တော့ ဟန်နေထူး မျက်နှာကိုခပ်ပုတ်ပုတ်လုပ်လိုက်ပြီး
"ဟာကွာ ...မသိတော့ဘူး ..ဘာပဲဖြစ်ဖြစ် အိမ်နားအထိလိုက်ပို့မယ် ကွာ "
" ကိုနေနော် ... ဒီနေ့ ဘာဖြစ်နေတာလဲ ..ကလေးဆိုးကြီးကျနေတာပဲ ... တော်ပြီ ဒီနေရာမှာပဲချပေးခဲ့တော့ "
မြယွန်းမီချစ်သူကို မျက်စောင်းထိုးပြီး ကားပေါ်က ဆင်းခဲ့လိုက်တယ်။
~~~~~
မြယွန်းမီ ခြံရှေ့ကိုရောက်ချိန်မှာ ခြံရှေ့မှာကားနှစ်စီးရပ်ထားတာ တွေ့လိုက်ရတာမို့ အံ့သြသွားမိတယ်။ဒီအိမ်ကိုပြောင်းလာခဲ့တာကြာပြီဖြစ်ပေမဲ့ မိခင်ကြီးက
သူ့ ဧည့်သည်တွေကို အိမ်ကိုတစ်ခါမှ ခေါ်လာခဲ့ဖူးခြင်းမရှိဘူးမဟုတ်လား။ မြယွန်းမီဖြည်ညှင်းစွာလျှောက်ပြီး အိမ်ထဲဝင်လိုက်ချိန်မှာတော့ ဧည့်ခံထဲမှာထိုင်နေတဲ့ လူကြီးတချို့ကိုကြည့်ပြီးရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရတယ်။ဧည့်ခန်းထဲမှာ ရှိနေကြတဲ့ မိခင်ကြီးနဲ့အတူ ချစ်သူဟန်နေထူးရဲ့မိဘတွေကလဲ လှမ်းကြည့်လာတာမို့ မြယွန်းမီလန့်ပြီးနောက်ကို ဆုတ်လိုက်မိတယ်။
"အမေ့ "
မြယွန်းမီးနောက်ဆုတ်လိုက်မိစဉ်မှာ ရုတ်တရက်နောက်ကိုရောက်လာသူနဲ့ ဝင်တိုက်လိုက်မိတာမို့ လန့်ဖျပ်ပြီးမော့ကြည့်လိုက်မိတယ်။
" ကို ..ကိုနေ ... ကိုနေ့မိဘတွေရောက်နေတယ်နော် ...ဘာ ..ဘာဖြစ်လို့လဲဟင် "
မြယွန်းမီထိတ်လန့်ပြီးခပ်တိုးတိုးမေးလိုက်မိတယ်။
"ဘာဖြစ်လို့ရမှာလဲ ယွန်းရဲ့ .. ကိုယ့်မိဘတွေက ... ကိုယ့်အတွက်သတို့သမီးလာတောင်းပေးတာပေါ့ "
"ရှင် "
မြယွန်းမီအံ့ဩပြီး ချစ်သူဟန်နေထူးကို မော့ကြည့်လိုက်မိတယ်။
ဟန်နေထူးက အံ့သြတုန်လှုပ်ပြီးရှက်ရွံ့သွားတဲ့ ချစ်သူရဲ့လက်ကလေးကို ခပ်တင်းတင်းဆွဲယူလိုက်ပြီး နှစ်ဖက်မိဘတွေထိုင်နေရာ ဧည့်ခန်းဆီကိုလျှောက်သွားလိုက်တယ်။နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ မယုံကြည်နိုင်ခြင်းတွေနဲ့ ပြည့်နှက်နေပေမဲ့ ပြောမပြနိုင်အောင် ကြည်နူးဝမ်းသာနေမိကြတယ်။နှစ်ယောက်သားရဲ့ ခပ်တင်းတင်းဆုပ်ကိုင်ထားကြတဲ့ လက်တွေက လူကြီးတွေရှေ့ရောက်တဲ့အထိလက်တွဲမဖြုတ်မိကြဘဲ တင်းတင်းမြဲမြဲဆုပ်ကိုင်ထားမိကြမြဲ။
======================
* ပြီးပါပြီ *
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
''ဟုတ်လား ... အန်တီကယွန်းတို့ မောင်နှမကို ... မယုံကြည်နိုင်လောက်အောင်ချစ်တာပဲနော် ...ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုအန်တီယုံကြည်လာအောင် ကိုယ်ကြိုးစားပါ့မယ် ယွန်းရယ် "
ဟန်နေထူးရင်ထဲက ကတီ စကားတွေကို ချစ်ရသူကို အကြိမ်ကြိမ်ကတိတွေ ထပ်ပေးလိုက်မိတယ်။
~~~~~
ဒေါ်မြစန္ဒာက ဧည့်ခန်းရဲ့ ဆိုဖာခုံမှာ မျက်နာထားတင်းတင်းနဲ့ ထိုင်နေခဲ့တယ်။လင်းမြတ်ဇင်နဲ့ မေမိုးစက်ကတော့ မီးဖိုခန်းဝကနေ အခြေအနေကိုမသိမသာ လှမ်းအကဲခတ်နေခဲ့ကြတယ်။
ဟန်နေထူးက ဒေါ်မြစန္ဒာရဲ့ မျက်နှာချင်းဆိုင်မှာခုံမှာ တည်ငြိမ်စွာထိုင်နေခဲ့ပြီး သူနဲ့ မြယွန်းမီရဲ့ အနာဂတ်အတွက် ခွင့်ပြုချက်ကို တောင်းခံနေခဲ့မိတယ်။ဟန်နေထူးက အိမ်ခြံအရောင်းအဝယ်စာချုပ်စာတမ်းတွေကို ဒေါ်မြစန္ဒာရှေ့မှာချပေးလိုက်ပြီး
"ယွန်းက ..အန်တီသဘောမတူရင် ကျွန်တော့်ကို လက်မခံဘူးလို့ ပြောထားလို့ ...ကျွန်တော်ကိုယ်တိုင်အန့်တီဆီမှာ ခွင့်ပြုချက်လာတောင်းတာပါ ခင်ဗျာ ... ဒီအိမ်နဲ့ဒီခြံကို ကျွန်တော့်ရဲ့ကိုယ်ပိုင်ငွေနဲ့ဝယ်ခဲ့တာပါ အန်တီ ... ရှေ့လျှောက်လဲ ယွန်းကိုစိတ်ချမ်းသာအောင်ထားဖို့ ကျွန်တော်ကတိပေးပါတယ် ... အန်တီစိတ်တိုင်းကျ ကျွန်တော့်ကိုစောင့်ကြည့်လို့ရပါတယ်ခင်ဗျာ "
ဒေါ်မြစန္ဒာက အိမ်ခြံ စာချုပ်စာတမ်းတွေကို ကောက်ယူကြည့်လိုက်ပြီး မျက်ဝန်းအိမ်ထဲကနေမျက်ရည်တွေစီးကျလာခဲ့တယ်။ပြီးတော့ ဟန်နေထူးကိုမော့ကြည့်လိုက်ပြီး
"အဲ့ဒီကောင်မလေးက အသဲမာပေမဲ့အစွဲအလမ်းကြီးပြီး သံယောဇဉ် သိပ်ကြီးတာ ... သူ့အစ်ကိုတုန်းကလဲ သူ့ခမျာအရွယ်နဲ့မလိုက်အောင်သည်းခံခဲရှာတာ ....အဲ့ဒါကြောင့် သမီးလေးယွန်းကိုထပ်ပြီးခံစားရမှာကိုစိတ်ပူမိတာပါ "
" အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ အန်တီ ..ကျွန်တော်ကတိတွေ အထပ်ထပ်ပေးနေတာထက်... ယွန်းကိုစိတ်ချမ်းချမ်းသာသာနဲ့ တစ်သက်လုံးကျွန်တော် စောင့်ရှောက်ချင်ပါတယ် "
ဒေါ်မြစန္ဒာဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်စွာနဲ့ ဟန်နေထူး ကို ငေးကြည့်နေခဲ့မိတယ်။ကလေးဘဝကတည်းက ပင်ပန်းရှာခဲ့တဲ့ သမီးဖြစ်သူကို သူစိမ်းတစ်ယောက်ဆီမှာ ထပ်ပြီးစိတ်ဆင်းရဲသောကဖြစ်မှာကိုတော့ ဒေါ်မြစန္ဒာမလိုလားပါ။
"မောင်ရင့်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ကြည့်ချင်ပါတယ်...ပြီးတော့သမီးလေးက သိပ်သံယောစဉ်ကြီးတယ် ..သူ့အဖေအမွေထားခဲ့တဲ့ အိမ်ခြံနဲ့ သမီးလေးကို တန်းဖိုးထားပြီးတောင်းရမ်မယ်ဆိုတော့ အန်တီ တကယ်ဝမ်းသာပါတယ်...ဒါပေမဲ့ ဒီကိစ္စကိုလဲ သမီးလေးနဲ့ပဲတိုင်ပင်ကြပါ...အန်တီလဲသမီးလေးနဲ့ အရင်တိုင်ပင်ဆွေးနွေးလိုက်ပါအုံးမယ် "
" ကျေး ..ကျေးဇူးတင်ပါတယ် အန်တီ ..အန်တီခွင့်ပြုမယ်ဆိုရင် ကျွန်တော့်မိဘတွေကို ခေါ်လာခဲ့ပါ့မယ်ခင်ဗျာ..."
ဒေါ်မြစန္ဒာရဲ့ နုညံ့ပျော့ပျောင်းနေတဲ့ သဘောထားကြောင့် ဟန်နေထူးဝမ်းသာပျော်ရွှင်မိသွားသလို လင်းမြတ်ဇင်နဲ့ မေမိုးစက်လဲ ပျော်ရွှင်သွားမိကြ တယ်။
~~~~~
"ဟန်နေထူးကို သမီးသိပ်ချစ်တာပဲလား ... သူ့ကိုယုံကြည်မှုရောရှိလား "
မိခင်ရဲ့ ထူးထူးဆန်းဆန်းအမေးကြောင့် မြယွန်းမီထူးဆန်းအံ့သြသွားမိပြီး ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြလိုက်မိပြီး အသံခပ်တိုးတိုးနဲ့ ပြန်ဖြေလိုက်မိတယ်။
"သူ့ကို ချစ်လို့ယုံကြည်တာလား ..ယုံကြည်လို့ချစ်မိတာလား သေချာမခွဲခြားတတ်ပေမဲ့ ...သူနဲ့ ရှိနေရင် သမီးစိတ်ထဲမှာပျော်တယ် ... နွေးထွေးလုံခြုံမှုရှိတယ်လို့ ခံစားရတယ်အမေ "
မျက်လုံးလေးတွေ နှုတ်ခမ်းလေးတွေပါပြုံးပြီးပြောနေတဲ့ သမီးဖြစ်သူကို ဒေါ်မြစန္ဒာခပ်ငေးငေးကြည့်နေခဲ့မိတယ်။
~~~~~
"ဘယ်ကိုသွားမလို့လဲ ကိုနေ "
အလုပ်ကအပြန်မှာတစ်ခုခုသွားစားမယ်လို့ပြောပြီးခေါ်လာခဲ့တဲ့သူက ကားကိုသူ့မတို့အိမ်ရှိရာလမ်းထဲကို မောင်းလာခဲ့တာမို့ မြယွန်းမီမေးလိုက်မိခြင်းဖြစ်တယ်။
"အပြင်မသွားချင်တော့ဘူးကွာ ..ယွန်းတို့အိမ်ကိုလိုက်ပြီး ... ကိုယ်တို့ကိစ္စကို အန်တီ့ကိုဖွင့်ပြောမလို့ "
အတည်ပေါက်ကြီးပြောနေတဲ့ ချစ်သူကိုကြည့်ပြီး မြယွန်းမီ မျက်လုံးလေးပြူးသွားရပြီး
" ဟယ် ..မဖြစ်ဘူးနော်ကိုနေ ...အမေက အခုမှဆရာဝန်နဲ့ ဆွေးနွေးနေလို့ တည်ငြိမ်ကာစပဲရှိသေးတာ...ယွန်းကြောင့် စိတ်တွေ ပြန်ရှုပ်ထွေးသွားလိမ့်မယ် "
စိုးရိမ်သံလေးနဲ့ပြောနေတဲ့ ချစ်သူလေးကို ဟန်နေထူး မျက်နှာညှိုးညှိုးနဲ့ကြည့်လိုက်ပြီး
"ဒါဆို ... အန်တီကသဘောမတူဘူးဆိုရင် ... ယွန်းကကိုယ့်ကိုထားခဲ့မှာလားဟင် "
" မ ..မဟုတ်တာကိုနေရယ် ... မထားခဲ့ပါဘူး ... အခုလိုပဲ အမေမသိအောင်ခိုးပြီးတွေ့မှာပေါ့ ...ပြီးတော့ အမေသဘောတူလာတဲ့ အထိကြိုးစားကြမယ်လေနော် ...ကိုနေ့ မိဘတွေကျေနပ်အောင်လဲ ယွန်းကြီးစားပါ့မယ်နော် "
" ကိုယ့်ချစ်သူက စကားတွေတောင်ပြောတတ်လာပြီပဲ ... အရင်လို တုံးတိတိသမားကြီးမဟုတ်တော့ဘူးပဲ "
"ကိုနေနော် မစနဲ့ ...စကားမပြောဘဲ နေလိုက်မှာ "
" ဟာကွာ စကားမပြောဘဲတော့ မနေပါနဲ့နော် ... ယွန်းစကားမပြောရင် ကိုယ်ကအိမ်ထိလိုက်လာပြီး မပြန်တော့ဘဲနေပစ်လိုက်မှာ "
" တော်ပါ ပေါက်ကရတွေပြောမနေနဲ့တော့ ..အိမ်နားထိလိုက်ပို့မယ်ဆိုရင်လဲပို့ပေး .."
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
(ဇာတ်သိမ်းပိုင်း )
******
"အစ်ကိုဘာတွေစိတ်ပူနေတာလဲ ... စိတ်မပူပါနဲ့ ယွန်းနဲ့ကိုထူးက ကူညီမယ်လို့ ပြောထားတာပဲ ...မိုးတော့သူတို့ကိုယုံတယ် "
နှစ်ယောက်အတူတွဲလျှောက်နေရင်းမှ စိုးရိမ်ပူပန်တဲ့ဟန်ပေါ်နေတဲ့လင်းမြတ်ဇင်ကို မေမိုးစက် သတိပေးလိုက်ရတယ်။ မေမိုးစက်က မစိုးရိမ်နဲ့လို့ပြောနေပေမဲ့ လင်းမြတ်ဇင်ကတော့ ပန်းသွေးချယ် အကြောင်းသိနေသူမို့ စိတ်ထဲမှာ စိုးရိမ်နေမိတယ်။ဒေါမြစန္ဒာနဲ့ သားအမိနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရင်ထဲကစိုးရိမ်သောကတွေက မျက်နှာမှာ အထင်းသားပေါ်လွင်နေခဲ့ကြတယ်။
"အမေရယ် ဘာတွေစိတ်ပူနေတာလဲ ...ခဏနေအုံး အမေစိတ်ပူနေတယ်ဆိုရင် ... သူ့ကိုကြည့်ပေးထားတဲ့ သမီးအသိတွေဆီမှာသွားစုံစမ်းလိုက်မယ်....သူ ခန်းမရဲ့ တံခါးဝကိုတောင်ရောက်မလာစေရပါဘူး "
မိခင်ကိုပြောပြီးတာနဲ့ မြယွန်းမီ ခန်းမအပြင်ကိုထွက်ခဲ့လိုက်တယ်။
~~~~~
"ကိုနေ ..ဟိုတစ်ယောက်အခြေအနေဘယ်လိုလဲဟင် "
ခန်းမအပြင်ထွက်ပြီး ဖုန်းပြောနေတဲ့ချစ်သူဟန်နေထူးကို မြယွန်းမီလှမ်းမေးလိုက်တယ်။မြယွန်းမီမေးလိုက်မှ ဟန်နေထူးက မြယွန်းမီရဲ့ လက်ကိုဆွဲယူလိုက်ပြီး လူအသွားအလာရှင်းတဲ့နေရာကို ခေါ်သွားလိုက်တယ်။
"ဘာ ...ဘာဖြစ်လို့လဲကိုနေ..သူ..သူဒီကိုလာနေလို့လား "
ချစ်သူရဲ့အမူအရာကို ကြည့်ပြီး မြယွန်းမီစိုးရိမ်တကြီနဲ့ မေးလိုက်မိတယ်။
ဟန်နေထူးက ချစ်သူကို ကြည့်လိုက်ပြီး သက်ပြင်းကို အရင်ချလိုက်မိတယ်။ပြီးမှ ချစ်သူရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
'' အင်း .. ဘယ်လိုပြောရမလဲ တောင်မသိဘူးယွန်းရယ်..သတင်းကောင်းသတင်းဆိုး ဘယ်လိုနာမည်တပ်ရမလဲ မသိတော့ဘူး "
" ဘာ ..ဘာဖြစ်လို့လဲ ကိုနေရဲ့...ယွန်းရင်တွေတုန်လာပြီး .. မင်္ဂလာပွဲပြီးဖို့ကလဲ လိုသေးတယ် "
မြယွန်းမီရင်တထိတ်ထိတ်နဲ့ ချစ်သူကို မေးလိုက်မိတယ်။
"မပန်းသွေးချယ် ဆုံးသွားပြီတဲ့ "
" ဘယ် ..ဘယ်လိုကိုနေ ...ဘာ...ဘာပြောလိုက်တယ် ...တ...တကယ်လား "
မြယွန်းမီမယုံကြည်နိုင်ဘဲ မေးလိုက်မိတယ်။
''ဟုတ်တယ် ယွန်း...အသ*တ်ခံရတာတဲ့ ... နောက်တစ်ယောက်နဲ့ ရှိနေတုန်း စပွန်ဆာအဘိုးကြီးရောက်လာပြီး ပြဿနာဖြစ်သွားတာတဲ့ ....ဓါ *းနဲ့ထိုးသွားတာ ပွဲချင်းပြီးပဲတဲ့ "
ဟန်နေထူးပြောနေတာကိုနားထောင်ပြီး မြယွန်းမီကြက်သီးတွေထသွားမိတယ်။ကိုယ့်မိသားစုကို စိတ်ဒုက္ခလိုက်ပေးနေသူဆိုပေမဲ့လဲ ဒီလိုသတင်းကြားလိုက်ရတော့ စိတ်ထဲမကောင်းဖြစ်သွားမိတယ်။ ကြောက်စရာကောင်းလှတဲ့ လောကကြီးရဲ့ အပြောင်းအလဲတွေကို အံ့သြမယုံကြည်နိုင်အောင်လဲဖြစ်သွားမိတယ်။
~~~~~
" အဲ့ဒီလိုကြီး ဖြစ်သွားတာလား ... စိတ်မကောင်းစရာပဲ "
မေမိုးစက်က ပြောရင်းမှ အသစ်စက်စက်ခင်ပွန်းလောင်းကို မသိမသာကြည့်လိုက်မိတယ်။
လင်းမြတ်ဇင်က ခေါင်းကိုခါယမ်းလိုက်ပြီး
"သူ့ပုံစံနဲ့ တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ ထင်မိပါတယ် ... ကိုယ်ကတော့ အမှန်တိုင်းပြောရရင် ဝမ်းသာဝမ်းနည်း ဘာခံစားချက်မှ မရှိဘူး ... မရင့်ကျက်သေးခင် အချိန်က သူ့ကိုချစ်ခဲ့မိတယ်...သူ့ ရှုပ်နေတာတွေကို သိတော့ရွံရှာစိတ်နဲ့ အဝေးကိုရှောင်ခဲ့တယ်.... ဘာသံယောဇဉ်မှ မကျန်ခဲ့သလို ဘာခံစားချက်မှလဲမရှိဘူး ...ကိုယ့်မိသားစုကို နှောင့်ယှက်မဲ့သူမရှိတော့ဘူးဆိုတော့ စိတ်ထဲပေါ့ပါးသွားတာတော့အမှန်ပဲ ... "
တည်ငြိမ်စွာပြောနေတဲ့ ခင်ပွန်းဖြစ်သူကိုကြည့်ရင်း မေမိုးစက်ရင်ထဲ အေးချမ်းသွားရတယ်။
~~~~~
"အမေနဲ့ယွန်းခွင့်ပြုမယ်ဆိုရင် ...မိုးစက်ကတော့အမေတို့နဲ့ပဲတူတူနေချင်ပါတယ် "
မေမိုးစက်က ယောက္ခမဖြစ်သူ ဒေါ်မြစန္ဒာကိုအမေလို့ ခေါ်လိုက်ပြီး သူမရဲ့ဆန္ဒကိုပြောလိုက်တယ်။ ဒီအခါ ဒေါ်မြစန္ဒာက သမီးဖြစ်သူ မြယွန်းမီကို ကြည့်လိုက်တယ်။လင်းမြတ်ဇင်နဲ့ မေမိုးစက်ကလဲ မြယွန်းမီရဲ့အဖြေကို မျှော်လင့်တကြီးနဲ့ ကြည့်နေမိကြတယ်။
မြယွန်းမီခေါင်းလေးကိုအသာငြိမ့်ပြလိုက်ပြီး
"ရပါတယ် အမေ ..သမီးခွင့်ပြုပါတယ် "
~~~~~
"ကိုယ့်ဘက်ကတော့ ယွန်းနဲ့အမြန်နီးချင်ပြီဆိုပေမဲ့ ...ယွန်းရဲ့ သဘောအတိုင်းပါပဲ ...အန်တီ့ကို ဆရာဝန်နဲ့သေချာ ဆွေးနွေးကြည့်ဖို့ရက်ချိန်းလဲရလာခဲ့ပြီ...ယွန်းတို့ စကားမမှားအောင်တော့ ပြောပါ "
" ကျေးဇူးပါ ကိုနေရယ် ...ပန်းသွေးချယ်ဆုံးသွားပြီးတော့ အမေလဲ အတော်လေးတည်ငြိမ်သွားပါတယ် ...အရင်လို နေ့မအိပ်ညမအိပ်တာတွေ မရှိတော့ဘူး ...တစ်ခုပဲ ...ယွန်းပြောထားမိတဲ့ စကားတစ်ခွန်းကြောင့် အမေမနားမနေ ငွေရှာနေတာကို ဘယ်လိုတားရမလဲ မသိဘူး "
ယွန်းသက်ပြင်းမော လေးချပြီး ပြောလိုက်မိတယ်။
ဟန်နေထူးမှာ ချစ်သူရဲ့မျက်နှာ နွမ်းနွမ်းလေးကိုကြည့်ပြီး
"ယွန်းက ဘာတွေပြောထားမိလို့လဲ ..."
" ယွန်းတို့ ရောင်းခဲ့တဲ့အိမ်နဲ့ခြံ ကိစ္စပါ ကိုနေရယ် ...အဖေထားခဲ့တဲ့အမွေမို့ ပြန်လိုချင်တယ်လို့ ပြောလိုက်မိတာပါ ...အဲ့ဒါကို အတည်သက်မှတ်ပြီး ... အလုပ်တွေ တအားကိုလုပ်နေတော့တာပဲ...."
"ဘာကို အံ့ဩနေတာလဲ သားရယ် ...သားတို့ကိစ္စကို အမေ့ဘက်က သဘောတူလိုက်တာလေ ... သားကောင်မလေးကို အိမ်ကို ထမင်းစားဖိတ်အုံး ... လူကြီးချင်းတွေ့ပြီးစကားပြောဖို့လဲ စီစဉ်ပေးလေသား "
ဟန်နေထူး အခြေအနေကို သေချာနားမလည်နိုင်သေးဘဲ ကြောင်အအနဲ့မိခင်ကြီးကို ကြည့် နေမိတယ်။
"ဟဲ့ကောင်လေး..ဘာဖြစ်နေတာလဲ ... မအေပြောတာကို ကြားရဲ့လား ...စကားပြန်ပြောအုံးလေ .."
"ဗျာ ..ဟုတ်..ဟုတ်ကဲ့ အမေ ... ကျွန်တော်တို့ကို သဘောတူလိုက်ပြီပေါ့နော် ..၀မ်းသားလိုက်တာ အမေရယ် ....အမေ့ကို ကျေးဇူးလဲတင်ပါတယ် "
ဟန်နေထူးမိခင်ရဲ့ပခုံးကို ဖက်ပြီး ကျေးဇူးတင်စကားပြောလိုက်မိတယ်။ရင်ထဲမှာတော့ ကုလားဘုရားလှည့်နေသလို ဝုန်းဒိုင်းကျဲကာပျော်ရွှင်နေမိတယ်။
" ဒါနဲ့သားကို အမေပြောထားရအုံးမယ် ... ပန်းသွေးချယ်နဲ့ လမ်းမှာ ဆုံခဲ့ရင်.. ကားကြုံတွေဘာတွေတင်မခေါ်နဲ့နော် "
" မခေါ်ပါဘူး အမေရယ် .... သူ့ပုံစံကိုသဘောမကျလို့ အစကတည်းက ဝေးဝေးရှောင်ပါတယ် ... "
" အင်း ..ပြီးရော ငါ့သားရေ ..သူက တကယ်မလွယ်တဲ့မိန်းခလေးပဲ ..ဟန်ဆောင်လဲကောင်းလွန်းတယ်...အမေလဲအသိမြန်လို့သာပေါ့ .... "
ဒေါ်ထူးထူးမော် စိုးရိမ်သံလေးနဲ့ ပြောနေချိန်မှာဟန်နေထူးကတော့ပျော်ပြီး အခန်းရှိရာဆီကို ပြေးတက်ခဲ့လိုက်တယ်။
~~~~~~ "မိချယ်ရယ် ..တစ်နေ့တစ်လေ လေးတော့ အိမ်မှာနေပါအုံးလားဟယ် ..ဒါကဘယ်ကိုသွားအုံးမလို့လဲ ...တော်ကြာ ကိုမြင့်ခိုင်ရောက်လာတော့မှာလေ ..ငါတော့ စိတ်ညစ်ပါတယ်။
" ခဏလေးပါ အမေရယ် ... မနက်ဖြန် ဟိုကောင့်မင်္ဂလာပွဲရှိတယ် ..အဲ့ဒီပွဲကို ဖျက်ဆီးပစ်ဖို့ သမီးစီစဉ်နေတာ "
ပန်းသွေးချယ်က အံကိုကြိတ်ပြီး ပြောလိုက်တယ်။
"ဘယ်ကောင့် မင်္ဂလာပွဲလဲ မိ ချယ် "
ဒေါ်သင်းသင်းကြူက နားမလည်နိုင်ဘဲ ထပ်မေးလိုက်တယ်။
"ဘယ်ကောင်ဖြစ်ရမှာလဲ အမေ..လင်းမြတ်ဇင်ပေါ့ "
" ဘာပြောတယ် လင်းမြတ်ဇင်ဟုတ်လား ...ညည်း အဲ့ဒီကိစ္စတွေ ကိုလုပ်နေတုန်းလား ..မိချယ်ရယ် ...ကိုမြင့်ခိုင်သိရင် ညည်းပြဿနာတက်မယ်နော် ...ပြီးတော် အကောင်တစ်ကောင်နဲ့ ညည်းကို တွဲသွားတာတွေ့တယ်ဆိုပြီး ကိုမြင့်ခိုင်က ပြောနေတယ်...မိချယ်နော် ညည်းသူပေးတာယူကျွေးတာစားပြီး ပေါက်ကရတွေတော့ ထပ်မလုပ်နဲ့နော် ..... တော်ကြာ သူနှင်ချနေမှ လမ်းပေါ်ထွက်နေနေရမယ် "
"ဟာ ..မသိဘူး ...ယူမယ်ဆိုလဲသက်တူရွယ်တူကိုပဲယူမယ် ... သူ လိုအဘိုးကြီးကို လူကြားထဲတွဲမသွားချင်ပါဘူး ..သူပစ္စည်းတွေကိုရော ဘယ်သူက အလကားယူထားလို့လဲ ..အယူရှိလို့အပေးရှိတာ..ဘာမှဂရုစိုက်စရာမလိုဘူး ... ကိုယ့်ဘာသာ ဘယ်သူနဲ့တွဲတွဲ ပေါ့သူခေါ်ရင်သွားနေတာပဲကို "
ပန်းသွေးချယ်ပြောပြီးတာနဲ့ စလင်းဘတ်အိတ်ကိုလွယ်ကာ ထွက်ခဲ့လိုက်တယ်။
~~~~~
" အမေရယ် ..စိတ်အေးအေးထားပါ ...သူမလာရဲပါဘူး ...အမေက မျက်နှာပျက်နေတော့ ဧည့်သည် တွေက တစ်မျိုးထင်ကုန်ပါအုံးမယ် "
သားဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အစိုးရိမ်လွန်ပြီးမျက်နှာအမူအရာ ပျက်နေတဲ့မိခင်ကို မြယွန်းမီ မနည်းသတိပေးနေရတယ်။ မြယွန်းမီကိုယ်တိုင် မင်္ဂလာပွဲကို ပန်းသွေးချယ်ရောက်လာပြီး ပွဲဖျက်လိုက်မှာစိုးရိမ်နေမိပေမဲ့ ချစ်သူဟန်နေထူးရဲ့စကားကိုယုံကြည်နေမိတာမို့ တစ်ဖက်တစ်လမ်းကတော့ စိတ်အေးနေမိတယ်။ပွဲမစခင်ကတည်းက ပွဲခန်းမထဲကိုရောက်လာတဲ့ ချစ်သူကြောင့် မြ ယွန်းမီမှာ ရင်တွေလဲခုန်ပြီး ပျော်နေမိသလို တစ်ဖက်ကလဲ ခပ်စူးစူးအကြည့်တွေနဲ့ လှမ်းလှမ်းကြည့် နေတတ်တဲ့ မိခင်ကြောင့် စိတ်မအေးနိုင်ဖြစ်နေမိတယ်။မကြာမီ အချိန်အတွင်းမှာပဲ မင်္ဂလာခန်းမထဲမှာ လူတွေတဖွဲဖွဲရောက်ရှိလာခဲ့တယ်။
@@@@@@@@@@@@@@@@
အပိုင်း (ဇာတ်သိမ်းပိုင်း) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
"ဒီမှာ မပန်းသွေးချယ်...ချစ်သူတွေ ဘဝမှာချစ်ကြတာ ဘာဆန်းလို့လဲ ... တစ်ယောက်ယောက်က ကိုယ့်ကို တတယ်ချစ်ခဲ့တယ်လို့ ထင်ခဲ့ရင်လဲ တန်ဖိုးထားမှပေါ့ရှင် ...ခုမှ လွတ်တဲ့ငါးကြီးနေတာလား.....ကိုလင်းနဲ့ ကျွန်မကနှစ်ဦးသဘောတူလက်ထပ်ထားပြီးသားပါ ... နောက်နောင် ဒီလို လာထပ် နှောင့်ယှက်နေမယ်ဆိုရင် ... သက်ဆိုင်ရာက စကားပြောပါမယ်... ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ် သတိပေးတာပါ "
မေမိုးစက်ရဲ့ စကားအဆုံးမှာတော့ ပန်းသွေးချယ်ရဲ့ မျက်နှာ ဒေါသကြောင့်နီမြန်းသွားရပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။
"နင်တို့ ၀အောင်ပျော်ထားလိုက်ပါ လင်းမြတ်ဇင် .. နင်တို့တစ်နေ့ ဝဋ်လည်စေရမယ် ... "
ပြောပြီးတာနဲ့ ပန်းသွေးချယ် ချာခနဲကျောခိုင်းလှည့်ထွက်သွားခဲ့တယ်။ပန်းသွေးချယ်ထွက်သွားတော့ လင်းမြတ်ဇင်ကချစ်သူကို ကြည့်လိုက်ပြီး
"မိုးရယ် ....မိုးကို တခြားလူတွေရှေ့မှာပေါက်ကရလျှောက်ပြောရင် ဘယ်လိုလုပ်မလဲ "
" ကိစ္စမရှိပါဘူး အစ်ကို ... သူက ဒီလိုပြောလိုက်တာတောင် ရပ်တန့်ဖို့ စိတ်ကူးမရှိတဲ့သူမျိုးပဲ...ဒီပုံအတိုင်းဆိုမလွယ်ဘူးပဲ ...အစ်ကိုနဲ့ယွန်းကို သူရန်စနေတာ...အစ်ကိုရှောင်နိုင်သမျှ လွတ်အောင်ရှောင်ပါ "
မေမိုးစက် စိတ်မောစွာနဲ့ သက်ပြင်းချလိုက်မိတယ်။
"အစ်ကိုဈေးသွားမှာမဟုတ်လား ... လာလေ မိုးစက်လဲလိုက်ခဲ့မယ် "
~~~~~~
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်ထူးထူးမော် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားရတယ်။တိုနံ့နံ့ရင်ဟိုက်ကိုယ်ကျပ်အင်္ကျီကိုဝတ်ထားပြီး ဆေးရောင်စုံခြယ်သထားတဲ့မျက်နှာကို ဖြုန်းခနဲမမှတ်မိနိုင်ဖြစ်နေမိတယ်။မှတ်မိလွယ်တဲ့ခန္ဓာကိုယ်အချို့အစားနဲ့ မျက်နှာပေါက်ကြောင့်သာပန်းသွေးချယ်ကို ဒေါ်ထူးထူးမော်မှတ်မိလိုက်ခြင်းဖြစ်တယ်။ဒေါ်ထူးထူးမော်ကတွေ့မြင်နေရပေမဲ့ ပန်းသွေးချယ်ကတော့တွေ့မြင်ပုံမရဘဲ ဘေးမှာအဖော်ပါလာတဲ့ ယောကျာ်းတစ်ယောက်နဲ့ လက်ချင်းတွဲပြီး စကားပြောနေခဲ့တယ်၊၊ စကားပြောနေရင်းကလဲ အတူပါလာတဲ့အမျိုးသားကို တစ်ခါတလေဖက်တွယ်လိုက်တာကို တွေ့နေရတယ်။လျှပ်ပေါ်လော်လီလွန်းတဲ့ အဝတ်အစားနဲ့ အပြုအမူတွေကြောင့် ဒေါ်ထူးထူးမော်
ရင်ဘတ်ကိုဖိပြီး မျက်နှာကို တစ်ဖက်ကိုလွှဲပစ်လိုက်မိတယ်၊၊
~~~~~~
"ကိုလင်းနဲ့ မိုးစက်ကို သဘောတူလိုက်ပြီဆိုတော့... ကိုယ်နဲ့ယွန်းကိစ္စရောဟင် ...ဘာပြောပြီလဲ "
ဟန်နေထူးရဲ့ အမေးကြောင့် မြယွန်းမီမျက်နှာမပျက်အောင် သတိထားလိုက်ပြီး
"အစ်ကိုနဲ့မိုးစက်ကိစ္စအလုပ်တွေ များနေလို့ ...ယွန်းတို့ကိုဘာမှမပြောသေးဘူးကိုနေ...ရှေ့အပတ်ထဲမှာပဲ မိုးစက်ရဲ့မိဘတွေဆီကို လူကြီးတွေ စကားသွားပြောကြမယ်လေ "
" ကိုယ်လဲ ဒီရက်ပိုင်းထဲမှာပဲ အမေတို့နဲ့ စကားပြောကြည့်လိုက်အုံးမယ် .. တော်ကြာအန်တီက သဘောမတူနိုင်ဘူးဆိုရင် ဒုက္ခပဲ "
မြယွန်းမီ ချစ်သူကိုဘာမှပြန်မပြောဘဲ ငေးစိုက်ကြည့်နေမိပြီး ခပ်တိုးတိုးမေးလိုက်မိတယ်။
"ကိုနေ့ကို ဟိုအမျိုးသမီးလာပတ်သက်သေးလားဟင် .."
"မပတ်သက်ပါဘူးယွန်းရယ် ... ပတ်သက်စရာအကြောင်းလဲ မရှိဘူး ... သူ့ဘက်ကမဟုတ်တာ တစ်ခုခုပြောလိုက် .လုပ်လိုက်တာနဲ့ ကိုယ့်ရှေ့နေက...သူလုပ်စရာရှိတာတွေကို လုပ်လိမ့်မယ်...."
"ဘာပဲဖြစ်ဖြစ်သတိထားပါကိုနေရယ် ... သူက ယွန်းတို့မောင်နှမကို နှောင့်ယှက်ချင်ချင်စိတ်တွေ များနေတော့ ဘာတွေကောက်ကျစ်အုံးမလဲ မသိဘူး ...အစ်ကိုနဲ့မိုးစက်ရဲ့မင်္ဂလာပွဲကိုလဲ သူသိသွားပြီးရောက်လာမှာ စိုးရိမ်မိတယ် "
"ဒါတော့ စိတ်မပူနဲ့ယွန်း ...ကိုယ်ကူညီပေးမှာပေါ့ ...ကိုလင်းတို့မင်္ဂရက်မှာ ကိုယ့်ဘော်ဒါတွေကို အကူအညီတောင်းပြီး သူ့နောက်ကိုလိုက်ကြည့်ခိုင်းလိုက်မယ် "
" ကျေးဇူးပါ ကိုနေရယ် ...အားလုံးအဆင်ပြေပြေပြီးသွားဖို့ပဲ ယွန်းလဲဆုတောင်းနေမိတယ် "
"အတူတူပါပဲ ယွန်းရယ် ..သူတို့ပြီးရင်တော့ ကိုယ်တို့အလှည့်ပေါ့နော် "
ပခုံးလေးကို ခပ်ဖွဖွဖက်ပြီး ပြောလာတဲ့ ချစ်သူကို မြယွန်းမီ ခပ်ယဲ့ယဲ့ပြုံးပြလိုက်မိတယ်။မရေရာမသေချာသေးတဲ့ သူမတို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ရင်ထဲမှာလေးလံ စိုးထိတ်နေမိတယ်။
~~~~~
"သားကိုထူး အမေနဲ့စကားခဏပြောရအောင် ...အဖေကြီးလဲထိုင်အုံး ..ရှင့်သားကိစ္စပြောမလို့ "
မိခင်ဖြစ်သူ ဒေါ်ထူးထူးမော်ရဲ့စကားကြောင့်ဟန်နေထူးနဲ့ ဖခင်ဖြစ်သူတို့ ဧည့်ခန်းဆိုဖာခုံမှာဝင်ထိုင်လိုက်ကြတယ်။
" ဘာပြောမလို့လဲမော် .. ဒီတစ်ခါရော ဘာသတင်းများလဲကွာ ....မင်းခေါ်လိုက်ရင် ကိုယ်တော့ လန့်နေပြီ "
ဦးမင်းဟန်က ဇနီးဖြစ်သူကို စကားစလိုက်တယ်။ဟန်နေထူးကတော့ ဖခင်ဘေးမှာဝင်ထိုင်လို က်ပြီးမိခင်ကို ကြည့်နေမိတယ်။
" ကျွန်မ စကားအကောင်းပြောမလို့နော်ကိုမင်းဟန် .. ရှင်မနှောင့်ယှက်စမ်းနဲ့ ."
" ဟုတ်ပါပြီကွာ ..ပြောမှာသာ ပြောစပ်ပါ "
" သားကိုပြောမလို့ ...သားနဲ့ သားကောင်မလေးရဲ့ အခြေအနေက ဘယ်လိုလဲ ... အမေတို့ဘယ်တော့လိုက်တောင်းပေးရမလဲ ပြောပါ "
" ဗျာ "
ဟန်နေထူး မယုံကြည်နိုင်စွာ မိခင်ကို ကြည့်လိုက်မိတယ်။
ဦးမင်းဟန်ကလဲ ဇနီးဖြစ်သူကို မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်တယ်။
#ရူးနေတဲ့ကြယ်
( အခန်းဆက်ဝတ္ထု )
အပိုင်း (၂၁ )
******
"မောင် ..ချယ့်ကိုစိတ်ဆိုးနေတုန်းလားဟင် .... မောင့်ကိုတောင်းပန်ချင်လို့ ချယ်ရောက်လာခဲ့တာပါ "
ပန်းသွေးချယ်က လင်းမြတ်ဇင်ရဲ့လက်မောင်းကို အတင်းဖက်တွယ်ပြီးပြောလိုက်တာမို့ ပန်းသ သွေးချယ်ရဲ့လက်ကိုလင်းမြတ်ဇင်တွန်းဖယ်ပစ်လိုက်ပြီး
" ကျွန်တော်တို့ကြားမှာ ဒါတွေပြောစရာမလိုတော့ပါဘူး မပန်း သွေးချယ် ... လာလဲမပတ်သက်ပါနဲ့တော့...ကိုယ့်လမ်းကိုယ် အေးအေးဆေးဆေးလျှောက်ကြပါစို့ "
" မောင်ရယ် ... ချယ်တောင်းပန်ပါတယ်နော်...ချယ် မောင့်ကိုပဲအမြဲ သတိရနေခဲ့တာပါ... ..ချယ် တို့နှစ်ယောက်ရဲ့အချစ်ကို အသစ်ကပြန်စကြမယ်လေ.... မောင်လဲ ချယ့်ကိုချစ်သေးတယ်မဟုတ်လား "
" ဘာလို့မဟုတ်တာတွေလာပြောနေတာလဲ....ကျွန်တော်မကြာခင် လက်ထပ်တော့မှာ ... ခင်ဗျားနဲ့ ပတ်သက်စရာအကြောင်းလဲမရှိတော့ဘူး ...ရှေ့ဆက်ပြီး လာမ
နှောင့်ယှက်ပါနဲ့တော့ ပြန်ပါတော့ "
လင်းမြတ်ဇင်စိတ်ရှုပ်သွားပြီးအော်ပစ်လိုက်တယ်။
"ဘယ်လို မောင်လက်ထပ်တော့မယ်ဟုတ်လား ...ဒီ...ဒီလိုတော့မလုပ်ပါနဲ့မောင်ရယ်...ချယ့်ကိုလဲ ငဲ့ပါအုံး ... ဒီနေ့အချိန်ထိချယ်လက်မထပ်သေးတာက မောင့်ကို မမေ့နိုင်သေးလို့ပါ "
"ဒီမှာ ပန်းသွေးချယ် ခင်ဗျားပြန်ပါတော့ ...ကျွန်တော်ဆိုင်ဖွင့်ဖို့ပြင်ဆင်ရအုံးမယ် "
"မပြန်ဘူးမောင် ... မောင့်ဘက်က ခွင့်လွှတ်တယ်လို့ပြောမှ ပြန်မှာ .."
ဇွတ်တရွတ်လူဆိုးမလေးပုံစံဖမ်းပြီးပြောနေတဲ့ ပန်းသွေးချယ်ကို လင်းမြတ်ဇင် စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်မိပြီး
"ကျုပ်အခု ဈေးသွားဝယ်ရတော့မှာ ...ခင်ဗျားဘာသာနေချင်လဲနေခဲ့လေရတယ် ...ကျွန်တော့်လူတွေလာရင်တော့ ခင်ဗျားထောင်ထဲသွားဖို့သာပြင်ထားလိုက်တော့ ''
လင်းမြတ်ဇင် ပြောပြီးတာနဲ့ သူ့လက်ကို ဖမ်းဆွဲထားတဲ့ ပန်းသွေးချယ်ကိုတွန်းထုတ်ပစ်လိုက်ပြီး ဆိုင်အပြင်ဘက်ကို ထွက်ပစ်လိုက်တယ်။လင်းမြတ်ဇင် ဆိုင်အပြင်ကိုရောက်ချိန်မှာတော့ မမျှော်လင့်ထားသူကိုတွေ့လိုက်ရတယ်၊၊
"အစ်ကို "
"မိုး "
ဒီအချိန်မှာပဲ ပန်းသွေး ချယ်ကလဲဆိုင်အပြင်ကို ထွက်လာခဲ့တာမို့ မေမိုးစက်နဲ့မျက်နှာချင်းဆိုင်ဆုံမိသွားတယ်။ မေမိုးစက်က ချစ်သူကိုတစ်လှည့် ပန်းသွေးချယ်ကိုတစ်လှည့် မျက်လုံးပြူးကြီးနဲ့ ကြည့်နေမိတယ်။
"မိုး ... အစ်ကိုရှင်းပြပါ့မယ် ... အစ်ကိုဆိုင်ဖွင့်ဖို့ရောက်လာတော့ သူ့ဘာသာနောက်ကနေ အစ်ကိုမသိအောင်လိုက်ဝင်လာတာပါ ..အစ်ကိုတို့ချိန်းထားတာမဟုတ်ဘူး "
လင်းမြတ်ဇင်က ချစ်သူရဲ့လက်ကိုဆုပ်ကိုင်ဆွဲယူပြီးတော့ ပျာပျာသလဲရှင်းပြလိုက်တယ်။ မေမိုးစက်ဘာမှမပြောပါ။ပန်းသွေးချယ်ကိုသာ သေချာစိုက်ကြည့်နေခဲ့ပြီးမှ စကားစပြောလိုက်တယ်။
"မပန်းသွေးချယ်က ..ကျွန်မရဲ့ချစ်သူကို မနက်စောစောစီးစီးဘာကိစ္စနဲ့ လာတွေ့တာလဲရှင် "
မေမိုးစက်ရဲ့အမေးကြောင့် ပန်းသွေးချယ်က လှောင်ပြုံးပြုံးလိုက်ပြီး
"မင်းရဲ့ချစ်သူဟုတ်လား ရယ်စရာကောင်းလိုက်တာ ...သူနဲ့ငါ ဘယ်လိုပတ်သက်နေလဲ မင်းသိလား ....သူကငါသဘောမတူဘဲ ဘယ်သူနဲ့မှ လက်ထပ်လို့မရဘူး "
" မပန်းသွေးချယ်သဘောမတူရင် ဟုတ်လား ...ဘာအကြောင်းပြချက်နဲ့လဲ ပြောပါအုံး ...လင်မယားတွေတောင် တရားဝင်ကွာရှင်းပြီးရင် ဝင်စွက်ဖက်ခွင့်မရှိဘူး ... ရှင်တို့အကြောင်းကို မိုးစက်အားလုံးသိပြီးသားပါ ...မပန်းသွေးချယ် အနေနဲ့ နှောင့်ယှက်ခွင့်လဲမရှိပါဘူး ... မပန်းသွေးချယ် အစ်ကို့ကို ဘာလို့လိုက်နှောင့်ယှက်နေရတာလဲ ..."
မေမိုးစက် ဒေါသကို ထိန်းချုပ်ပြီး တည်ငြိမ်စွာမေးလိုက်တယ်။
"ဒီမှာ မင်းသိထားဖို့က ..ငါကနှောင့်ယှက်နေတာမဟုတ်ဘူး ... သူကငါ့ဘ၀ကို ဖျက်ဆီးခဲ့တာ ...သူနဲ့ ငါဘယ်လောက်ထိချစ်ခဲ့ကြလဲမင်းသိလား ...သူနဲ့ ငါ့ကြားမှာ လက်ထပ်စာချုပ်မရှိပေမဲ့ ငါတို့တွေ ရာသက်ပန်ရိုးမြေကျအတူတူနေဖို့ တွေးပြီး ..အတူနေခဲ့ကြတာမင်းသိရဲ့လား "
ပန်းသွေးချယ်ရဲ့စကားကြောင့် မေမိုးစက်မျက်နှာလေး မသိမသာပျက်ယွင်းသွားပြီး လင်းမြတ်ဇင်ကို ကြည့်လိုက်မိတယ်။
လင်းမြတ်ဇင် ပန်းသွေးချယ်ကိုစူးစူးဝါးဝါးကြည့်လိုက်မိပြီး
" ဟုတ်တယ် မှန်တယ် ... ကျုပ်လဲ ယောကျာ်းပီပီသသ ခင်ဗျားကို လက်ထပ်ဖို့အထိတွေးခဲ့တယ်...ဒါပေမဲ့ ခင်ဗျားဘယ်လိုမိန်းမလဲဆိုတာ ကိုယ့်အကြောင်းကိုယ်သိမှာပါ ....ခင်ဗျားနဲ့ ဘာပတ်သက်စရာအကြောင်းမှမရှိဘူး ..ခုချက်ချင်းထွက်သွားပါ "
လင်းမြတ်ဇင်ရဲ့ဒေါသသံကြောင့် ပန်းသွေးချယ်က တစ်ချက်ရယ်လိုက်ပြီး
"မောင်ကအသစ်တွေ့တော့ ...ဒီစကားတွေ ပြောပြီးပေါ့လေ ဟုတ်လား ...မောင့် ချယ့်ကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာကိုရော သူသိရဲ့လား ..... ချယ်ခိုင်းသမျှကိုတစ်ခုမှ မငြင်းဘဲလိုက်နာခဲ့တာတွေကိုရောသူသိရဲ့လား ....သူမသိသေးရင် ချယ်ပြောပြလိုက်ရမလား "
" မင်း ...မင်းအခုချက်ချင်းထွက်သွားလိုက်တော့နော် ပန်းသွေးချယ် "
လင်းမြတ်ဇင် ဒေါသဖြစ်လွန်း၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပန်းသွေးချယ်ကို နှင်ထုတ်ပစ်လိုက်တယ်။ ဒီအချိန်မှာပဲမေမိုးစက်က လင်းမြတ်ဇင်ရဲ့ ရှေ့မှာထွက်ရပ်လိုက်ပြီး ပန်းသွေးချယ်ကိုကြည့်လိုက်တယ်။
"စိတ်ချပါ မိုးရယ် ... အစ်ကို့ကြောင့် မိုးဘယ်တော့မှ မျက်နှာမငယ်စေရပါဘူး ... အမေနဲ့တွေ့ပြီးတာနဲ့မိုးရဲ့ မိသားစုကိုသွားတွေ့ကြမယ်နော် "
"ဟုတ်ကဲ့ အစ်ကို "
လင်းမြတ်ဇင်နဲ့ မေမိုးစက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည်နူးစွာကြည့်လိုက်မိပြီး အနာဂတ်အတွက်စိတ်ကူးပုံဖော်နေမိကြတယ်။
~~~~~~~
လင်းမြတ်ဇင်ဆိုင်တံခါးသော့တွေကို ဖွင့်ပြီးဆိုင်ထဲဝင်လိုက်ချိန်မှာ ရုတ်တရက်နောက်ကနေလူတစ်ယောက်အတင်းတိုးဝင်လာပြီး ဆိုင်တံခါးကိုပြန်ပိတ်လိုက်တာကြောင့် အထိတ်တလန့်နဲ့နောက်ကို လှည့်ကြည့်လိုက်မိတယ်။ဒီအခါ ဆိုင်ထဲဝင်လာသူကိုကြည့်ပြီး လင်းမြတ်ဇင်ထိတ်လန့်သွားမိတယ်။
"မောင် "
"မင်း .. မင်း ... ဘာလာလုပ်တာလဲ ပန်းသွေးချယ်"
@@@@@@@@@@@@@@@@@
အပိုင်း (၂၁ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
အဓိက ကကိုယ့်လူကရှောင်ရှားနိုင်ဖို့ပဲ အဓိကပါ ...ကိုယ့်ဘက်ကလဲ အကျင့်သီလပျက်ပြားနေခဲ့ရင်တော့ ပန်းသွေးချယ်လိုလူမျိုးတစ်ယောက်မဟုတ်တစ်ယောက်နဲ့ ဆုံရမှာပါပဲ ... ဒါတွေအတွက် အမေ့ကိုစိတ်မပူစေချင်တော့ဘူး ... သမီးတို့ကို ယုံကြည်ပါအမေရယ် ... အမေစိတ်ပူနေတာမျိုးတွေမဖြစ်စေရပါဘူး ... သွားအိပ်တော့ နော် အမေ "
မြယွန်းမီ မိခင်ဖြစ်သူရဲ့ လက်ကိုဆွဲယူလိုက်ပြီး အိပ်ခန်းထဲကိုလိုက်ပို့ပေးလိုက်တယ်၊၊
"သမီး...ဘာပဲဖြစ်ဖြစ်ပန်းသွေး ချယ်လိုမိန်းမမျိုးကိုရှောင်နော် ... သူနဲ့ထိပ်တိုက်မတွေ့စေနဲ့ ... သူ့ကြောင့် အမေ့သားသမီးတွေထပ်ပြီး အရှက်ခွဲခံရတာမျိုးမဖြစ်စေရဘူး ...တစ်ခုခုဖြစ်ရင်အမေ့ကိုအရင်ဖွင့်ပြောနော် .."
"ဟုတ်ကဲ့ပါ အမေ .. အမေ့စကားကို သမီးနားထောင်မှာပါ "
မြယွန်းမီ မိခင်ဖြစ်သူကျေနပ်အောင်ပြန်ဖြေလိုက်ပြီး မိခင်ရဲ့ အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီးတော့ တံခါးဘောင်ကိုမှီကာငြိမ်သက်နေမိတယ်။မိခင်ဖြစ်သူရဲ့စိတ်သောကကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရချိန်မှာ ရင်ထဲမှာနာကျင်နေမိတယ်။အသက်နှစ်ဆယ်ကျော် အရွယ်လေးနဲ့ သူမတို့မောင်နှမကို ဆင်းရဲပင်ပန်းခြင်းမရှိအောင် ရုန်းကုန်ရှာဖွေကျွေးခဲ့တဲ့မိခင်ကို ရင်ထဲမှာ့ သနားလာမိတယ်။မိခင်ကြီးရဲ့ မေတ္တာတွေကိုတွေးလိုက်မိတော့မျက်လုံးအိမ်ထဲကမျက်ရည်တွေ ပေါက်ခနဲပေါက်ခနဲစီးကျလာခဲ့တယ်။
~~~~~
"လင်းမြတ်ဇင်မင်းလဲ သတိထား နော် .. ပန်းသွေးချယ်ဆိုတဲ့မိန်းမနဲ့
မင်းထပ်ပြီးပတ်သက်လို့ကတော့ ငါကိုယ်တိုင် မင်းကိုသ-တ်ပစ်မှာ သိလား ....မိယွန်းညည်းလဲ ကြပ်ကြပ်သတိထား...ဟန်နေထူးဆိုတဲ့ကောင်က ..အဲဒီဟာမနဲ့ ဘယ်လိုတွေ ပတ်သက်ထားလဲနင်သိလား...နောက်မှဒူးနဲ့မျက်ရည် သုတ်နေရမယ် ... နင်တို့နောက်ကို ငါမလိုက်နိုင်ဘူးဆိုလို့ ဒီမအေ ဘာမှမသိဘူးမထင်နဲ့နော် ...အကုန်သိတယ် "
လင်းမြတ်ဇင်နဲ့ မြယွန်းမီတို့ အလုပ်သွားခါနီးမှာ မီခင်ဖြစ်သူ ဒေါ်မြစန္ဒာ အခန်းထဲကထွက်လာပြီး ပြောလိုက်တဲ့စကားကြောင့် မောင်နှမနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။မြယွန်းမီမှာ ညတုန်းကနဲ့ ကွာခြားလွန်းလှတဲ့ မိခင်ဖြစ်သူရဲ့ အပြုအမူတွေကို တအံ့တဩ ကြည့်နေမိတယ်။လင်းမြတ်ဇင်က မိခင်ဖြစ်သူရဲ့အနားကို သွားလိုက်ပြီး
" ဟုတ်ကဲ့ပါ အမေ .. ကျွန်တော် သူ့နဲ့လုံးဝမပတ်သက်ပါဘူး ...အမေစိတ်ချလက်ချနေပါ "
" အေး ပြီးရော ..ဒီီလပြည့်မှာဟိုကောင်မလေးကို အိမ်ခေါ်လာခဲ့ "
" ဟုတ်..ဟုတ်ကဲ့အမေ "
ဒေါ်မြစန္ဒာက ပြောပြီးတာနဲ့ သူမအခန်းထဲကို ပြန်ဝင်သွားပြီး တံခါးကိုဝုန်းခနဲဆွဲပိတ်သွားခဲ့တယ်။
~~~~~~
"ယွန်းတို့ နေ့တိုင်းတွေ့နေလို့ အဆင်မပြေဘူးထင်တယ် ကိုနေရယ် ..အမေကယွန်းတို့နောက်ကို လိုက်စုံစမ်းနေပုံရတယ် ...ပြီးတော့...ဟိုအမျိုးသမီးအကြောင်းကိုလဲလိုက်စုံစမ်းနေတယ် `
" ယွန်းရယ် .. အဲ့ဒီလိုမှ အဆင်ပြေမယ်ဆိုရင်လဲ ...ကိုယ်လိုက်နာပါ့မယ် ... မိဘဆိုတော့လဲ စိတ်ပူတာကိုနားလည်ပါတယ် .. ကိုယ့်အမေလဲ ရှင်းပြရခက်တယ် ..ကိုယ်က သူများအကြောင်းတွေကိုမပြောချင်ဘူး..အခုတော့အမေ့ကြောင့်...သူများအရှုပ်ထုတ်တွေကို လိုက်ရှင်းပြရအုံးမယ် "
"စိတ်မောလိုက်တာ ကိုနေရယ် ..."
မြယွန်းမီ ကားဆိုဖာခုံကိုမှီချလိုက်ပြီး စိတ်မောလူမောနဲ့ ပြောလိုက်မိတယ်။
ဟန်နေထူးကချစ်သူကို မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး
" ဒါဆို ကိုယ်တို့ထွက်ပြေးကြမလား ယွန်း ...."
"ဟွန်း ...ပေါက်ကရတွေမပြောနဲ့နော်..."
မြယွန်းမီချစ်သူရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့တွန်းပစ်လိုက်ပြီး အံလေးကြိတ်ကာ ပြောလိုက်မိတယ်။
မျက်နှာလေးရှုံ့မဲ့သွားတဲ့ ချစ်သူကိုကြည့်ပြီး ဟန်နေထူးရယ်လိုက်မိတယ်။
" ကြောက်တတ်လိုက်တာကွာ ... စိတ်ချပါ ..အားလုံးသဘောတူအောင်ကြိုးစားပြီးမှာ ကိုယ်တို့လက်ထပ်ကြမယ်နော်....ဒါနဲ့ အန်တီ့အတွက် ဆရာဝန်နံ့ဆွေးနွေးဖို့ကိစ္စကိုရော ...ကိုလင်းနဲ့တိုင်ပင်ပြီးပြီလား..ဆရာဝန်နဲ့ချိန်းဖို့ရက်ကိုတော့ ...ယွန်းတို့ပြောတာနဲ့ ကိုယ်ချိန်းပေးလိုက်မယ် "
" ယွန်းလဲ အဲ့ဒီကိစ္စပြောမလို့ပဲ ...ဆရာဝန်နဲ့ ဆွေးနွေးဖို့ အမေ့ကို ဘယ်လိုစပြောရမလဲဟင်..ကိုနေလဲ ဝိုင်းစဉ်းစားပေးပါအုံး"
" အဲ့ဒီကိစ္စအတွက် ကိုလင်းနဲ့ပါ အားလုံးဆုံပြီး ပြောကြမယ်လေ ...ကိုယ်တို့စိတ်တိုင်းကျဆုံးဖြတ်လို့တော့ မကောင်းဘူးထင်တယ် "
မိခင်ဖြစ်သူရဲ့ ကိစ္စကိုအလေးထားပြီးပြောနေချစ်သူကို မြယွန်းမီ ကျေးဇူးတင်စိတ်နဲ့ ကြည့်နေမိတယ်။မိခင်ကြီးပြောလိုက်တဲ့စကားတွေကိုတော့ ချစ်သူကို မြယွန်းမီမပြောပြဖြစ်တော့ပါ။
~~~~
"ရပါတယ် အစ်ကိုရယ် .. အန့်တီကို မိုးလိုက်တွေ့ရဲပါတယ်...ဘာကိစ္စပဲရှိရှိ မိုးသည်းခံပါ့မယ် "
"ကျေးဇူးတင်ပါတယ် မိုးရယ် ..တကယ်တော့ အစ်ကိုက မိုးရဲ့ မိဘတွေကို အရင်လိုက် တွေ့ရမှာလေ "
" အစ်ကိုကလဲ ကျေးဇူးတင်စကားပြောပြန်ပြီလား ..ဘယ်သူကပဲ အရင်လိုက်တွေ့တွေ့ပါ အစ်ကိုရယ် ... အစ်ကို့မိဘလဲ မိုးရဲ့ မိဘပါပဲ ... မိုးရဲ့ မိဘတွေကိုလဲ အစ်ကို့ရဲ့မိဘတွေလို့သဘောထားရင်ရတာပဲလေ "
မေမိုးစက်က အပြုံးလေးနဲ့ ပြောလိုက်တော့ လင်းမြတ်ဇင်ရင်ထဲကြည်နူးဝမ်းသာသွားမိပြီး
အစ်ကိုဖြစ်သူဆီက ကြားလိုက်ရတဲ့စကားကြောင့် မြ ယွန်းမီရင်ထဲလှိုက်ခနဲ ဖြစ်သွားရသလို စိတ်ထဲမှာလဲငိုချင်သလိုလိုဖြစ်သွားမိတယ်။ချက်ချင်းပဲ မိခင်ကိုပြေးတွေ့ချင်စိတ်တွေပါ ဖြစ်လာမိတယ်။
"အခုကိုကိုပြောတဲ့ကိစ္စကို မသိချင်ယောင်ဆောင်နေအုံးနော် ..ညီမလေးစိတ်ထဲမှာ အမေ့ကိုအထင်မလွဲစေချင်လို့ပြောပြတာ ... အမေရောကိုကိုပါညီမလေးကို ချစ်ပါတယ်"
အစ်ကိုဖြစ်သူရဲ့ တိုးသဲ့သဲ့စကားသံကြောင့် မြယွန်းမီဖျတ်ခနဲမော့ကြည့်လိုက်မိတယ်။ ဒီအခါ အစ်ကိုဖြစ်သူရဲ့ တောင်းပန်သလို မျက်ဝန်းအကြည့်တွေနဲ့ အားငယ်ရိပ်တွေလွှမ်းနေတဲ့ မျက်ဝန်းတွေကိုမြင်လိုက်ရတော့ ရင်ထဲမှာစူးခနဲထိုးအောင့်သွားရတယ်။ သူမတို့ မိသားစုကြားမှာ ပန်းသွေးချယ်ဆိုတဲ့ အမျိုးသမီးပေါ်မလာခင်အထိ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အချိန်တွေကိုသတိရလိုက်မိတယ်။မိခင်ဖြစ်သူ ဆူဆူပူပူလုပ်ခဲ့တဲ့အခါတိုင်းမောင်နှမနှစ်ယောက်စည်းလုံးခဲ့တာတွေ၊သူမစားချင်တာတွေကို စိတ်ရှည်လက်ရှည်ချက်ပြုတ်ပေးခဲ့တာတွေကို မြင်ယောင်လာမိတယ်။မှတ်မှတ်ရရ သူမရှူးဖိနပ်လေးစစီးပြီး အပြင်ထွက်တဲ့နေ့က အစ်ကိုဖြစ်သူက ဖိနပ်ကြိုးကိုချည်ပေးပြီးဖိနပ်ကြိုးပြေမှာစိုးလို့ တစ်လမ်းလုံးလိုလို သူမခြေထောက်ကိုမကြာခဏကြည့်ခဲ့တာတွေကို ပြန်သတိရလိုက်မိတယ်။ပြန်တွေးလိုက်တော့ သူမဘက်ကမုန့်ဖိုးရတဲ့ငွေထဲက အစ်ကိုဖြစ်သူကိုခွဲဝေပေးခဲ့သလို အစ်ကိုဖြစ်သူဘက်ကလဲ သူမရဲ့အဝတ်အစားတွေကို မလျှော်တတ်လျှော်တတ်နဲ့လျှော်ပေးခဲ့တာတွေ၊ ခေါင်းဖြီးခေါင်းလျှော်ဖို့ပျင်းတဲ့သူမကို အမြဲလိုလို ဆံပင်တွေကိုသေချာဖြီးသင်ပေးပြီ လှလှပပလေးဖြစ်အောင် ထုံးဖွဲ့ပေးခဲ့တာတွေကို အမှတ်ရလာမိတယ်။
" ကိုကိုက အစ်မတစ်ယောက်မဟုတ်လို့ ..ညီမလေးရဲ့ကိစ္စတိုင်းကို အောက်ခြေသိမ်းလိုက်မလုပ်ပေးနိုင်ပေမဲ့ ..ညီမလေးစားဖို့ အမြဲအဆင်သင့်ဖြစ်နေအောင်ကိုကိုချက်ပြုတ်ပေးပါ့မယ် ...ညီမလေး ဘဝမှာအခက်အခဲတွေရှိလာရင်လဲကိုကိုကူပြီးဖြေရှင်းပေးပါ့မယ်..ဖြစ်ခဲ့တာတွေအတွက် ကိုကို့ကို ခွင့်လွှတ်ပေးပါနော်ညီမလေး "
မြယွန်းမီအစ်ကိုဖြစ်သူကို အပြုံးနဲ့မော့ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်မိတယ်။
"ကျေးဇူးတင်ပါတယ် ညီမလေးရယ် ...."
လင်းမြတ်ဇင်က ညီမငယ်ဖြစ်သူရဲ့ ခေါင်းကိုခပ်ပွပွပွတ်လိုက်ပြီး လှိုက်လှိုက်လှဲလှဲပြောလိုက်မိတယ်။
~~~~~
"အမေ မအိပ်သေးဘူးလားဟင် "
မြယွန်းမီတရေးနိုးပြီး သန့်စင်ခန်းသွားဖို့ အခန်းပြင်ထွက်လိုက်ချိန်မှာ ဧည့်ခန်းဆိုဖာခုံမှာ မိခင်ဖြစ်သူထိုင်နေတာကိုတွေ့လိုက်ရတာမို့ မိခင်ထိုင်နေရာဆီကို လျှောက်သွားလိုက်တယ်။
"အမေ ဘာစိတ်ပူစရာရှိလို့လဲဟင် ...အမေ့လုပ်ငန်းအတွက် ငွေတွေ ဘာတွေလိုလို့လား ...လိုတာရှိရင် သမီးကိုပြောလေအမေ"
မြယွန်းမီ စကားမမှားအောင်ပြောလိုက်ရင်း မိခင်နဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
"သမီးကို အမေပြောစရာရှိတယ် ..."
မိခင်ဖြစ်သူရဲ့ နုညံ့ပျော့ပျောင်းတဲ့ စကားသံကြောင့်မြယွန်းမီရင်တထိတ်ထိတ်နဲ့ နားထောင်နေမိတယ်။
"သမီးအစ်ကိုနဲ့ မိုးစက်ဆိုတဲ့ကောင်မလေးကို လက်ထပ်ပေးလိုက်မလားလို့ အမေစဉ်းစားနေတာ ..မင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်ကျင်းပပေးလိုက်ချင်တယ် "
မိခင်ဖြစ်သူရဲ့ စကားကြောင့် မြယွန်းမီ၀မ်းသာသွားမိတယ်။
"ဟုတ်ကဲ့ အမေ ..သမီးလဲ သဘောတူပါတယ် ... မင်္ဂလာပွဲအတွက် ငွေလိုရင်ပြောလေ ...သမီးလဲဘဏ်မှာငွေစုထားတာရှိပါတယ် ''
မြယွန်းမီ၀မ်းသာအားရ ပြောလိုက်ချိန်မှာ မိခင်ဖြစ်သူဆီက စကားသံခပ်တိုးတိုးထွက်လာခဲ့တယ်။
"သမီးကို အမေတောင်းပန်ပါတယ်နော်..သမီး မောင်ချစ်ဦးကိုလက်မခံလဲရပါတယ် .. ဒါပေမဲ့ ဟန်နေထူးဆိုတဲ့ကောင်လေးကိုတော့ သမီးလက်မထပ်ပါနဲ့နော် .. သူ့ကို အဆက်ဖြတ်လိုက်ပါ "
"ရှင် "
ကြားလိုက်ရတဲ့စကားကြောင့် မြယွန်းမီရင်ထဲ ကျောက်တုံးတစ်တုံးနဲ့ ထုရိုက်ခံလိုက်ရသလိုရင်ဘတ်ထဲ စူးအောင့်နာကျင် သွားရတယ်။
''သမီးကိုစိတ်ချမ်းသာစေချင်တယ် .... ရှေ့လျှောက်ပန်းသွေးချယ်ဆိုတဲ့ မိန်းမနဲ့ မပတ်သက်စေချင်ဘူး ... သူကသူများမိသားစုတွေကို ဖျက်ဆီးရမှပျော်ရွှင်နေတဲ့သူမျိုးပဲ ..သူ့မှာနှလုံးသားမရှိဘူး...စာနာစိတ်မရှိဘူး ..မနာလိုစိတ်နဲ့တဏှာရာဂစိတ်ပဲရှိတယ်.... သူ့ပစ်မှတ်က အိမ်ထောင်သည်ဖြစ်ဖြစ် ..ဘာဖြစ်ဖြစ်ဂရုစိုက်တဲ့သူမျိုးမဟုတ်ဘူး...သူတို့မှာအရှက်ရေသိက္ခာရောမရှိလို့...သူတို့လိုလူတွေနဲ့ဝေးဝေးရှောင်တာ အကောင်းဆုံးပဲ သမီး .. သူလိုလူမျိုးက အမေ့သားနဲ့သမီးကို လာပတ်သက်နေတာကိုအမေအရမ်းမုန်းတယ် ....ဖြစ်နိုင်ရင်အမေ့သားသမီးတွေကို သူမနှောက်ယှက်နိုင်တော့အောင် ...သူ့ကိုလူ့လောကကြီးထဲက ထွက်သွားအောင်လုပ်ပစ်လိုက်ချင်တယ် "
" အမေ "
မြယွန်းမီ မိခင်ကို အလန့်တကြားမော့ကြည့်ပြီးခေါ်လိုက်မိတယ်။
"အ..အမေရယ် ဘယ်လိုပြောလိုက်တာလဲ .. ဒီစကားကိုတခြားသူတွေရှေ့မှာမပြောပါနဲ့ အမေရယ် ... လူတွေတစ်မျိုးထင်ကုန်ပါမယ်.... ပြီးတော့ လောကကြီးမှာပန်းသွေးချယ်လိုလူမျိုးတွေ အများကြီးရှိတယ် အမေ ...
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (.၂၀)
********
"မင်းတွဲနေတဲ့ မိန်းခလေးက ဘယ်လိုမျိုးရိုးအဆင့်အတန်းလဲ
မင်းသိရဲ့လား ဟန်နေထူး .. အဲ့ဒီမိန်းခလေးရဲ့အစ်ကိုက မုဒိမ်းမှု ဖြစ်ခဲ့ဖူးတာကို မင်းသိရဲ့လား"
"ဘာ ..ဘာပြောတယ်မော် ... မင်းဒီအကြောင်းကို ဘယ်ကကြားတာလဲ ... ဒီသတင်းက တကယ်ပဲလားသား...သားသိရောသိရဲ့လား ...ဒီလိုသာဆိုရင်တော့အဖေလဲ ငါ့သားဘက်ကမပါနိုင်ဘူးနော် "
ဖခင်ဖြစ်သူကပါ ၀င်ပြောလိုက်တာမို့ ဟန်နေထူးစိတ်ညစ်စိတ်ရှုပ်သွားမိပြီး မိဘနှစ်ပါးကို ကြည့်လိုက်မိတယ်။
'' ဒီသတင်းကို ပန်းသွေးချယ်လာပြောသွားတာမဟုတ်လား... အမေဘာဖြစ်လို့ သူပြောသမျှတွေကို လိုက်ယုံနေတာလဲ ... ပန်းသွေးချယ်က ဘယ်လိုမိန်းခလေးလဲအမေသိလား ... အမေကသူများပြောတာကိုတော့ ယုံကြည်လက်ခံတယ်...သားဖြစ်တဲ့ ကျွန်တော့်ကိုတော့ မယုံကြည်နိုင်ဘူးဖြစ်နေတာလား ...အမေ့အတွက် ကျွန်တော်ကသူ့လောက်တောင် အရေးမပါဘူးလား ပြောပါအုံး....ကျွန်တော် သူများအကြောင်းကို မပြောချင်ဘူး အမေ...ပန်းသွေးချယ်ဆိုတဲ့ အမျိုးသမီးက ဘယ်လိုမိန်းမလဲဆိုတာသိချင်ရင် အမေလိုက် စုံးစမ်းကြည့်ပါ ....သူ့ရဲ့ပစ်မှတ်ကကျွန်တော်ဆိုတာကို အမေရိပ်မိတယ်မဟုတ်လား ... သူ့အကြောင်းတွေသိရလို့မှ အမေသိပ်သဘောတူနေတယ်ဆိုရင်လဲ ...ကျွန်တော့်ချစ်သူကိုထားခဲ့ပြီး ...အမေ့သဘောကျလက်ထပ်မယ် .. ဘာပဲဖြစ်ဖြစ် အဖေကတော့ ကျွန်တော့်ကိုယုံကြည်မယ်လို့ပဲ ကျွန်တော်တွေးထားခဲ့တာ .. အခုတော့ အမေတို့ကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်မိတယ် "
ဟန်နေထူး မိဘနှစ်ပါးကို ပြောပြီးတာနဲ့ အခန်းရှိရာကိုစိတ်ညစ်တ်ရှုပ်စွာထလာခဲ့လိုက်တယ်၊၊မြန်မာဆန်ဆန်ဝတ်စားဆင်ယင်တတ်သူကို ချစ်မြတ်နိုးတတ်သူမိခင်ကြီးက သူမကိုယ်တိုင်လဲ မြန်မာဆန်ဆန်သာဝတ်ဆင်လေ့ရှိသူဖြစ်ပြီး မြန်မာရိုးရာဝတ်စုံဆိုင်ကို ဖွင့်လှစ်ထားခဲ့တယ်။ပြီးတော့လဲ မြန်မာဆန်ဆန်ဝတ်စားတတ်တဲ့ မိန်းခလေးများကို သဘောကျပြီး၊သားအတွက်ပါ ချွေးမရွေးချင်နေခဲ့တဲ့စိတ်က နည်းနည်းတော့ အစွန်းရောက်နေခဲ့တာဖြစ်တယ်။
~~~~~~
မလာစဖူးဆိုင်သိမ်းချိန်မှာ ဆိုင်ထဲဝင်လာတဲ့ ညီမဖြစ်သူကိုကြည့်ပြီး လင်းမြတ်ဇင်အံ့ဩသွားမိပြီး တုန်တုန်ယင်ယင်နဲ့ မေးလိုက်မိတယ်။
"ယွန်း ညီမလေး...အိမ် ...အိမ်မှာ တစ်ခုခုဖြစ်လို့လားဟင် "
" မဖြစ်ပါဘူး .... ပြောစရာရှိလို့ လာခဲ့တာ...လမ်းလျှောက်ရင်း ပြောကြတာပေါ့ "
ညီမဖြစ်သူရဲ့စကားကြောင့် လင်းမြတ်ဇင်ရင်တထိတ်ထိတ်နဲ့လိုက်လာခဲ့မိတယ်။
"ညီမလေးလာတာ အမေရောသိလား...အမေဘာလုပ်နေလဲ ..."
"အမေတရားခွေဖွင့်ပြီး တရားနာနေတယ်....အမေ့ကိုပြောပြီး ထွက်လာတာပါ ...ကိုကိုကို့ တိုင်ပင်ချင်လို့ လာခဲ့တာပါ ...အမေ့ကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဆွေးနွေးခိုင်းကြည့်ရင် ကောင်းမလားလို့ပါ...သားသမီးတွေနဲ့ ပတ်သက်ပြီး အမေအစိုးရိမ်လွန်နေတာတွေက အမေ့ကျန်းမာရေးကိုထိခိုက်နေတယ်လို့ ထင်မိတယ် "
ညီမငယ်ရံ့ စကားကြောင့် လင်းမြတ်ဇင်ညီမဖြစ်သူကို ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်မိပြီး
" ကိုကိုလဲ ညီမလေးကိုပြောမလို့ တွေးနေတာ ကြာပြီ...ရှင်းရှင်းပြောရရင်... အမေ အဲ့ဒီလိုဖြစ်နေတာကိုတွေ့နေရတော့... အပြစ်မကင်းသလို ခံစားနေရတယ် ... ဒီကြားထဲ စိတ်ဆရာဝန်နဲ့ ပြဖို့ပြောမထွက်ခဲ့ဘူး...အမေ ဒီလိုဖြစ်ရတာက ကိုကို့ကြောင့်ပါ ...ကိုကို ထောင်ကျမှာစိုးလို့ ထွက်ပြေးခဲ့တော့အမေက နေရာအနှံ့လိုက်ရှာခဲ့တာတဲ့ ... ပြီးတော့ အမှုနိုင်ဖို့အတွက်လဲ အမေ့သိပ်ကိုပင်ပန်းခဲ့ရှာတယ်..ကိုကိုကြောက်တတ်တာ...ပင်ပန်းတဲ့ဒဏ်တွေကိုမခံနိုင်တာကိုသိနေတော့ အမှုနိုင်ဖို့အတွက် ... အမေ့ခမျာ အဲ့ဒီမိန်းမ သွားလေရာနောက်ကို မသိအောင်လျှောက်လိုက်ခဲ့တယ် ..သူရဲ့ရည်းစားတွေကိုလဲ ငွေပေးပြီးလိုက်စည်းရုံးခဲ့တယ်...အားလုံးက ကိုကို့ကြောင့် ဖြစ်ရတာပါ ..."
လင်းမြတ်ဇင် အပြစ်မကင်းသလိုပြောလိုက်တော့ မြယွန်းမီက ဦးခေါင်းကိုယ်ခပ်ဖြည်းဖြည်း ခါယမ်းလိုက်ပြီး
"ပြီးခဲ့တာတွေ မပြောပါနဲ့တော့....အမေလဲ သူ့ကိုယ်သူထိန်းနိုင်ဖို့ တရားတွေနာနေပုံရတယ်...အမေက ကိုကို့ကိုသိပ်ချစ်တော့ အရင်လိုဖြစ်မှာကိုစိုးရိမ်ထိတ်လန့်နေပုံပဲ .."
မြယွန်းမီ နာနာကျင်ကျင်လေးပြောလိုက်တော့ လင်းမြတ်ဇင် ညီမဖြစ်သူကိုကြည့်လိုက်ပြီး
"ယွန်း ညီမလေး ... အမေကကိုကို့တစ်ယောက်တည်းကို ချစ်တာ မဟုတ်ပါဘူးကွာ ...ညီမလေးကိုလဲ သိပ်ချစ်ပါတယ် ... ဒါပေမဲ့အမေက ကိုကို့ထက်ညီမလေးကပိုသတ္တိရှိတယ် ...ပိုမာကျောပြီး ကိုကို့ထက်လဲ စဉ်းစားတွေးခေါ်နိုင်တာကိုသိလို့ညိမလေးကိုစိတ်ချလက်ချလွှတ်ပေးထားခဲ့တာပါ ..အမေဘာလို့ ကိုကို့ဆိုင်ကိုတောင်မလာနိုင်ဘဲ အလုပ်တွေတအားကြိုးစားနေလဲညီမလေးသိလား "
အစ်ကိုဖြစ်သူရဲ့ စကားကြောင့် မြယွန်းမီဇဝေဇဝါနဲ့ ခေါင်းခါလိုက်မိတယ်။
လင်းမြတ်ဇင်က လမ်းတစ်လျှောက်ကို မျှော်ကြည့်လိုက်ပြီးတော့မှ ညိမဖြစ်သူကိုကြည့်လိုက်ပြီး
"အမေအလုပ်တွေ ကြိုးစားနေတယ်ဆိုတာက ...ညီမလေးပြန်လိုချင်နေတဲ့ အဖေထားခဲ့တဲ့အိမ်နဲ့ ခြံကိုဝယ်ပေးနိုင်ဖို့ ကြိုးစားနေတာတဲ့ ... အမေ့မိတ်ဆွေပွဲစားတစ်ယောက်နဲ့ ဖုန်းဆက်နေတာကို ကိုကိုကြားခဲ့တာ "
"ရှင် "
ဒေါ်ထူးထူးမော်ရဲ့ တင်းမာတဲ့အသံကြောင့် ဟန်နေထူးနဲ့ ဖခင်ဖြစ်သူမှာ ဒေါ်ထူးထူးမော်ရဲ့ရှေ့မှာ ဘာမှနားမလည်နိုင်ဘဲဝင်ထိုင်လိုက်ကြတယ်။
@@@@@@@@@@@#@@@@
အပိုင်း (၂၀) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
