uz
Feedback
Arakan Princess Media

Arakan Princess Media

Kanalga Telegram’da o‘tish

သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။ http://arakanprincess.media/

Ko'proq ko'rsatish

📈 Telegram kanali Arakan Princess Media analitikasi

Arakan Princess Media (@arakanprincess) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 18 748 obunachidan iborat bo'lib, Yangiliklar & Media toifasida 12 016-o'rinni va Myanma mintaqasida 7 387-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 18 748 obunachiga ega bo‘ldi.

27 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 225 ga, so‘nggi 24 soatda esa 9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 12.54% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 9.00% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 2 336 marta ko‘riladi; birinchi sutkada odatda 1 676 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 10 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“သာလီစွပါ။ Arakan Princess Media က ကြိုဆိုပါရေ။ http://arakanprincess.media/”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

18 748
Obunachilar
+924 soatlar
+887 kun
+22530 kun
Postlar arxiv
photo content
+9

photo content
+9

photo content
+9

photo content
+9

၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၈) ရက်နိ၌ အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတန်းထားအနားဝန်းကျင်နန့် အိန္ဒိယဈီးဝန်းကျင်ရို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ အကြမ်းဖက် လီကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူများ သီဆုံး ဒဏ်ရာရဟိမှု၊ ကား၊ ဆိုင်ကယ် စသည့် သယ်ယူပို့ဆောင်ရီးယာဉ်များနန့် ဈီးဆိုင်များ ပျက်စီးဆုံးယှုံးမှု မှတ်တမ်းဓာတ်ပုံများ APM ၊ စပ်တမ်ဘာ ၂၉ / ၂၀၂၆ Photo - AA Info Desk

သာလီစွ မိုးထဖက်ပါ  ....                                                ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၃ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၉ ) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။   ဒေနိ မိုးထဖက်အစီအစဉ်မာ  မျိုးမြတ်  နန့် စံသိမ်းနု ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။   ဒေနိ မိုးထဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့  သတင်းတိကတော့ခါ --------   ကျောက်တော်မြို လီကြောင်းတိုက်ခိုက်ခံရမှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၄၉ ယောက်သီဆုံး၊ ၆၀ နီးပါးဒဏ်ရာရဟိခကြောင်း အာရက္ခတပ်တော် ထုတ်ပြန်ရေ ပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။    Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel  အပြင် YouTube  ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။   Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။   အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။ #APM          #  အာရက္ခမင်းသမီးသတင်းမီဒီယာ #APMFM ===============    YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ      Telegram Channel Link: https://t.me/arakanprincess

ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၃ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၉ ) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ်

ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၃ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၉ ) ရက်၊ Arakan Princess Media ၏ မိုးထဖက်သတင်းအစီအစဉ်

photo content
+2

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်၏ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှုကျုးလွန်နီခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး လူနီထူထပ်သော စျီး၊ စာသင်ကျောင်းများ၊ အရပ်သားပြည်သူလူထု၊ အိုးအိမ်တိုက်တာအဆောက်အအုံများကို အဓိကပစ်မှတ်ထားကာ လီကြောင်းမှ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်၍ အစုလိုက်အပြုံလိုက်သီဆုံးမှု ဖြစ်ပေါ်စီသည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ရိုက်တာဝန်ဟိသူများနန့် အဖွဲ့အစည်းရို့အား ထိရောက်သောလက်တုံ့ပြန်မှုများကို မနှေးမကြာ ပြုလုပ်လားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်   APM၊ စပ်တမ်ဘာ ၂၈ / ၂၀၂၆

ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၂) ရက် ၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ ( ၂၈ ) ရက်၊ Arakan Princess Media ၏ ရုပ်သံသတင်းအစီအစဉ်

သာလီစွ ညဇာဖက်ပါ  ....                                                ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၂ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၈ ) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ် တိကိုတင်ဆက်ထုတ်လွှင့်ပီးလိုက်ပါရေ။   ဒေနိ ညဇာဖက်အစီအစဉ်မာ  မေယုစံ နန့် မိခိုင်ဌေး ရို့ကသတင်းတိကိုတင်ဆက် ပီးထားကတ်စွာဖြစ်ပါရေ။   ဒေနိ ညဇာဖက်အစီအစဉ်မာ နားထောင်ကတ်ရဖို့  သတင်းတိကတော့ခါ --------   (၁) ကျောက်တော်မြို့ လီကြောင်းတိုက်ခိုက်ခံရမှုအတွင်း သီဆုံးသူ ၃၃ ယောက်နန့် ဒဏ်ရာရဟိသူ ၃၆ ယောက်အထိဟိလာကြောင်း အာရက္ခတပ်တော် ထုတ်ပြန် (သီဆုံး၊ဒဏ်ရာရအရေအတွက်နောက်ထပ်လည်း တိုးလာနိုင်ခြေဟိကြောင်း ဆို)ရေ သတင်းနန့်   (၂) အဉ္ဇနပူရက ရွာ ၂ ရွာကို စကမဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၉ ယောက်ဒဏ်ရာရရေ ပြည်တွင်းသတင်း အပါအဝင် တခြားထူးခြားရေ ပြည်ပသတင်းတိ နန့် အားကဇတ် သတင်းတိကို တင်ဆက်ပီးထားပါရေ။    Arakan Princess Media ကထုတ်လွှင့်နီရေ အစီအစဉ်တိကို Telegram Channel  အပြင် YouTube  ,Facebook ရို့မာဝင်ရောက်နားထောင်နိုင်ပြီးကေ မြီပြင်မာ လီလှိုင်းထက်ကလည်း FM Frequency 90.30 MHz က ဖမ်းယူနားထောင်နိုင်ပါရေ။   Arakan Princess Media ၏ အစီအစဉ်တိကို နိစဉ် မိုးထဖက် (၈) နာရီနန့် ညဇာဖက် (၈) နာရီမာ ပုံမှန်ထုတ်လွှင့် တင်ဆက်ပီးနီပါရေ။   အာရက္ခပြည်သူ ပြည်သားရို့အားလုံး ဖီးအန္တရာယ် ကင်းဝီးကတ်ပါစီ။ #APM          #  အာရက္ခမင်းသမီးသတင်းမီဒီယာ #APMFM ===============    YouTube Link: https://www.youtube.com/channel/UC2pqSWqtEsKY1Cxh-u-KelQ      Telegram Channel Link: https://t.me/arakanprincess

ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၂ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၈ ) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ်

ရက္ခိုင်သက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ( ၂ ) ရက်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ( ၂၈ ) ရက်၊ Arakan Princess Media ၏ ညဇာဖက်သတင်းအစီအစဉ်

photo content

တပတ်အတွင်း အာရက္ခပြည်တွင်း သတင်းအကျဉ်းချုပ် (စပ်တမ်ဘာ ၂၁ ရက်နိမှ ၂၇ ရက်နိအထိ) APM ၊စပ်တမ်ဘာ ၂၈ /၂၀၂၆ ၁။ ၂၁- ၉-၂၀၂၆ (တလင်းလာ) ဝီရဌာနီမြို့နယ်၊ တောင်းဖူးရွာကို စပ်တမ်ဘာ ၂၁ ရက်နိ၊ မိုးထစောစောက အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လီကြောင်းကနီ ဗုံးကြဲတိုက်ခိုက်ခ၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာမှ တောင်းဖူးရွာသို့ အလည်ရောက်နီသည့် ဒေါ်ဝင်းမြတ်အေး(၃၂ နှစ်) သီဆုံးလားပြီး တောင်းဖူးရွာက ဒေါ်အေးခင်သိန်း (၄၃ နှစ်)ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားသည်။ ၂။ ၂၂-၉-၂၀၂၆ (အင်္ဂါ) ရက္ခိုင်-မကွေးအစပ် (မင်းတုန်း၊ သဖန်ရောင်တိုက်ပွဲများအတွင်း မင်းတုန်းမြို့နယ်၊ ကံကြိုးရွာအနား၊ ပွိုင့် (၉၄၈) ကုန်းအနား) ၌  ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၀/၂၁) ရက်များတွင် ဖြစ်ပွားခသော တိုက်ပွဲများအထဲမှ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခသော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနန့် ရန်သူ့အလောင်းအချို့အား အာရက္ခတပ်တော်မှ စပ်တမ်ဘာ (၂၂)ရက်နိတွင် ထုတ်ပြန်သည်။ ၃။ ၂၃-၉-၂၀၂၆ (ဗုဒ္ဓဟူး) (၁) အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာကို စပ်တမ်ဘာ ၂၃ ရက်နိ၊ မိုးထစောစောတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ်၊ Y12 များဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခ၍ ဖက်ကျရွာမှ ဦးအောင်သန်းမောင် (၇၆ နှစ်)နန့် ‌‌ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဖက်ကျရွာတွင် စစ်ယှောင်နီသူ ဦးမောင်မြကြည် (၅၇နှစ်) ရို့ သီဆုံးလားသည်။ (၂) အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရသည် အာရက္ခပြည်သူလူထုများ သတင်းမှန်သိပိုင်ခွင့် အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်နန့် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပီးရန်၊ သတင်းမီဒီယာနန့် သက်ဆိုင်သည့် အငြင်းပွားချက်များကို စိစပ်ညှိနှိုင်းဖြီယှင်းပီးရန်နန့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရီးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အာရက္ခသတင်းနန့်မီဒီယာဆိုင်ရာပြဋ္ဌာန်းချက် အပိုဒ်- ၁၂ အရ “အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ” အား အဖွဲ့ဝင် ၁၅ ဦးဖြင့် စပ်တမ်ဘာ ၂၃ ရက်နိတွင် ဖွဲ့စည်းလိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ထုတ်ပြန် ကြေညာသည်။ ၄။ ၂၄-၉-၂၀၂၆ (ကြာသပတီး) ရက္ခိုင်စာရွီးဆရာ (၃) ဦး ရွီးသားပြီး အာရက္ခပြည်အတွင်း ပုံနှိပ်ထုတ်ဝီသည့် စာအုပ် (၂)အုပ်အား အာရက္ခပြည်၊ မြောက်ဦးမြို့နယ် တနီရာတွင် စပ်တမ်ဘာလ(၂၄) ရက်နိ၊ နိခင်း (၁) နာရီ၌ စာအုပ်မိတ်ဆက်ပွဲတရပ် ကျင်းပပြုလုပ်ခသည်။ ၅။ ၂၅-၉-၂၀၂၆ (သောကြာ) (၁) ကျောက်တော်မြို့နန့် အပါးဟပ်စပ်ရပ်ရွာများကို စပ်တမ်ဘာ ၂၅ ရက်နိ၊ မိုးထစောစော ၂ နာရီကျော်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်က  လီကြောင်းဗုံးကြဲတိုက်ခိုက်ခ၍ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးသန်းစိန်(၅၆နှစ်)၊ ဒေါ်ရွှေရီ (၅၆ နှစ်)၊ ကျောက်တော်မြို့နယ်၊ ပီစိရွာမှ အဘူကလမ် (၃၅နှစ်)၊ နိဒင်(မူဆလင်)ရွာမှ ဘီဘီဆာနေးယား (၁ နှစ်)၊ ဘီဘီဆာခါရာ(၈နှစ်) ၊ ဆော်လိမ်း(၁၈ နှစ်)၊ ရိုဟိမာကာတူ(၃၇ နှစ်)နန့် ဂျာဘဲလ်(၄၃ နှစ်)ရို့ ဒဏ်ရာ ရလားသည်။ (၂) အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာကို စပ်တမ်ဘာ ၂၅ ရက်၊ မိုးထစောစော ၃ နာရီ ၉ မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ်များဖြင့် ဗုံး (၃) လုံးကြဲချခ၍ ရွာဟိ စာသင်ဆောင် (၂) ဆောင် ပြိုကျပျက်စီးလားသည်။ ၆။ ၂၆-၉-၂၀၂၆ (စနီ) (၁) အာရက္ခပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နန့် ရေကျော်ရွာကို စပ်တမ်ဘာ ၂၆ ရက်နိ၊ မိုးထစောစောက ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးချတိုက်ခိုက်၍ ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်မှ ဒေါ်ခင်သီတာစန်း(၄၁ နှစ်)၊ ဦးမိုးလွင်(၄၇ နှစ်) နန့် ဒေါ်မြင့်မြင့်( ၇၄ နှစ်) ရို့ ဒဏ်ရာရလားပြီး ဘုန်းကြီးကျောင်း တကျောင်းနန့် လူနီအိမ် ၂၄ ဆောင် မီးလောင်ပျက်စီးလားသည်။ (၂) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏ ပါတီစာစောင် အတွဲ(၁) အမှတ် (၁) အား စပ်တမ်ဘာ ၂၆ ရက်နိတွင် ပထမဆုံးအကြိမ် အွန်လိုင်း AA Info Desk ပြန်ကြားရီးစာမျက်နှာမှ ထုတ်ဝီလိုက်သည်။ ၇။ ၂၇-၉-၂၀၂၆ (တလင်းဂနီ) (၁) အဉ္ဇနပူရမြို့ကို စပ်တမ်ဘာ ၂၇ ရက်နိ၊ မိုးထစောစောတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လီကြောင်းကနီ ဗုံးကြဲတိုက်ခိုက်၍ အဉ္ဇနပူရမြို့၊ စျီးဟောင်းပိုင်းရပ်ကွက်၊ ရွှေမင်းဂံရပ်မှ ဦးခင်မောင် (၅၀ နှစ်)ရို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရဟိလား​သည်။ (၂) အာရက္ခပြည်အနှံ့ မြို့ရွာများအား ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၁၇) ရက်နိမှ (၂၇) ရက်နိအထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လီကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သီဆုံးဒဏ်ရာရဟိမှုနန့် အဆောက်အအုံပျက်စီးမှုများအား အာရက္ခတပ်တော်(AA)မှ စပ်တမ်ဘာ ၂၇ ရက်နိတွင် ထုတ်ပြန်သည်။

ကျောက်တော်ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း သီဆုံးသူ ၃၃ ဦး နန့် ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးအထိဟိကြောင်း အာရက္ခတပ်တော် ထုတ်ပြန် (သီဆုံး၊ဒဏ်ရာရအရေအတွက်နောက်ထပ်လည်း တိုးလာနိုင်ခြေဟိဟု ဆို) APM ၊ စပ်တမ်ဘာ ၂၈ / ၂၀၂၆ အာရက္ခပြည်၊ ကျောက်တော်မြို့ကို ဂနိ၊ စပ်တမ်ဘာ ၂၈ ရက်နိ၌ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ  ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သီဆုံးသူ ၃၃ ဦးခန့်နန့် ထိခိုက်ဒဏ်ရာရဟိသူ ၃၆ ဦးခန့်အထိဟိကြောင်း  အာရက္ခတပ်တော် (AA) မှ သတင်းထုတ်ပြန်သည်။  ထုတ်ပြန်ချက်တွင် "အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတန်းထားအနားဝန်းကျင်နန့် အိန္ဒိယဈီးဝန်းကျင်ရို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ အကြမ်းဖက် လီကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူသီဆုံးမှုမာ လက်ဟိအချိန်၌  (၃၃) ဦးခန့်ဟိလာပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူ (၃၆) ဦးအထိ ဟိလာခပြီးဖြစ်သည်” ဟုဖော်ပြထားသည်။ သီဆုံးသည့်အရေအတွက်မာ နောက်ထပ်လည်းတိုးလာနိုင်ခြေဟိကြောင်း ဆိုသည်။ အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ လီကြောင်းအကြမ်းဖက်တိုက်ခိုက်သော ဖြစ်စဉ်များထဲတွင် မြောက်ဦး ပြည်သူ့ဆီးရုံးကြီး တိုက်ခိုက်ခံရမှုနောက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သီဆုံးမှု အများဆုံးဖြစ်စဉ်တခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ Video - AA Info Desk

+1

ကျောက်တော်နန့် ငပလီကို စကမ ဗုံးကြဲတိုက်ခိုက်ခကြောင်း အာရက္ခတပ်တော် ထုတ်ပြန် APM၊ စပ်တမ်ဘာ ၂၈ / ၂၀၂၆ အာရက္ခပြည်ဟိ ကျောက်တော်နန့် ငပလီကို စစ်ကော်မသျှင်တပ်မှ ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခကြောင်း အာရက္ခတပ်တော်(AA)မှ ဂနိ၊ စပ်တမ်ဘာ ၂၈ ရက်နိ၌ သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အတွင်း" ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၈) ရက်နိ၊ နိခင်း (၁၂) နာရီ (၁၀) မိနစ် နန့် (၁၂) နာရီ (၁၄) မိနစ်အချိန်ရို့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ ဂျက်တိုက်လီယာဉ် (၁) စီးမှ အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တန်းထားအနားဝန်းကျင်နန့် အိန္ဒိယစျီးဝန်းကျင် ရို့အား လီကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းပတ်ဝန်းကျင်ဟိ အရပ်သားပြည်သူ၊ လမ်းလားလမ်းလာပြည်သူနန့် စျီးရောင်းစျီးဝယ် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ၊ သီဆုံးသူများဟိခသည်"ဟု ဖော်ပြထားသည်။ အလားတူ နိခင်း (၁၂) နာရီ (၃၅) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီ ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်မှ ဂျက်တိုက်လီယာဉ် (၁) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခသိမ့်သည်ဟု ဆိုသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုများနန့်ပတ်သက်၍ အချက်အလက်အပြည့်အစုံကို ဆက်လက်ထုတ်ပြန်ပီးလားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ Video - AA Info Desk